← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အပိုင်း(၁၆)

“ဟ ဟ ဒါပေါ့ ဒါက အစစ်အမှန် တိရိစ္ဆာန်တွေလေ”

လူတိုင်းက ဆုပိုင်၏အဖြေကို စောင့်နေသည့်အချိန်တွင် အနောက်ဘက်မှ ကလေးတစ်ယောက်၏ အသံက ထွက်လာသည်။

ထိုကလေးက ပန်ဒါကြီးပေါ်တွင် စီးနေခြင်း ဖြစ်သည်။ နောက်မှ သိချင်စိတ်ပြင်းပြသော ကလေးတစ်အုပ်က နောက်ကနေ လိုက်ပါနေကြသည်။ သူတို့ကလည်း ဒီခံစားချက်ကို ပျော်မွေ့နေပုံရသည်။

ထိုကလေးက တပိုင် နားရွက်ကို အသာထိတွေ့လျက် သဘောတကျ ပြောသည်။

“ဦးလေးကလည်း ဒီပန်ဒါကြီးက နောက်ထပ် နာမည်တစ်ခုဖြစ်တဲ့ သံမဏိဇာသားရဲဆိုတဲ့ နာမည်ရှိတဲ့အကြောင်း ပြောပြထားပြီးသားလေ။ ဒါက အစစ်အမှန်သားရဲပေါ့။ တပိုင်ဆီ လာကြည့်ပါလား။ တပိုင် သူတို့ကို နှုတ်ဆက်လိုက်ဦး”

“အား ဝူး”

တပိုင်က ခေါင်းကိုမော့သည်။ အရှေ့မှလူများထံ ဟိန်းပြလိုက်ပြီး ဘေးဘက်ရှိ ‌ရွှေမြွေကို တစ်ချက်ကြည့်လိုက်သည်။ သူက ကလေးတစ်အုပ်နှင့်အတူ မြက်ခင်း ရှိရာဘက်သို့ ပြေးသွားပြန်သည်။ ထိုသို့ဖြင့် စတင်ကာ ပျော်ပါးကြသည်။

“ဟား ဟား ဟား”

“ဘေဘီ ငါ တပိုင်ကို ထိလို့ရလား”

“ဟုတ်တယ် ဘေဘီ။ ငါ့မှာ သကြားလုံးရှိတယ်လေ။ တပိုင်ကို ငါ့ကို ဖက်ခိုင်းပေးပါ”

ကလေးများက တပိုင်၏အနားတွင် ရယ်မောလျက် ဝိုင်းနေကြသည်။ ထိုကလေးများ အားလုံးက ဆော့ကစား ပျော်ပါးနေကြသည်။ ကျန်သောသူများကမူ ဆုပိုင်ကိုသာ တည်ငြိမ်စွာ ကြည့်နေကြသည်။

သံမဏိဇာသားရဲ ဟုတ်လား။

ဒါက ဘာလဲ။

ထိုကလေးများ၏ စကားလုံးဟာ မကွဲပြားသော်လည်း ယခုလေးတင် မြင်လိုက်ရသည့် ပန်ဒါကြီး၏ပုံစံအရ မည်သည့်နည်းနှင့်မဆို ဉာဏ်ရည်မြင့်သော တိရိစ္ဆာန်မျိုး ဖြစ်ကြောင်း မြင်နိုင်သည်။

သက်ရှိ ရွှေမြွေကလည်း ကလေးများ၏ ဘေးဘီတွင် ကာရန်သည့် ပုံစံမျိုးဖြင့် ဝိုင်းထားပေးသည်။ တစ်နည်းအားဖြင့် ကလေးများက ချော်လဲသည့် အခြေအနေမျိုး၊ ပြုတ်ကျသော အခြေအနေမျိုး ဖြစ်နေလျှင် သူက အပြေးသွားကာ အောက်မှခံ၍ ကယ်ဆယ်ပေးဦးမည် ဖြစ်သည်။

ဘယ်လိုပဲကြည်ကြည့် ဒါက ခပ်ထိုင်းထိုင်း စက်ရုပ်တိရိစ္ဆာန်တွေ လုပ်နိုင်တဲ့ အခြေအနေမျိုး မဟုတ်တာ သိသာနေတာပဲ။

ဒါပေမယ့် အစစ်အမှန် တိရိစ္ဆာန်ဆိုရင်လည်း ဒီသတင်းက အံ့ဩစရာ ကောင်းလွန်းသွားပြီ။

“သံမဏိဇာသားရဲ ဟုတ်လား...”

လူအုပ်ကြီးက တစ်ချက် ‌ရေရွတ်ကြည့်သည်။ သူက ခေါင်းကိုမော့လိုက်ပြီးနောက် မြေပြင်တွင် လိမ့်နေသော သတ္တဝါကြီးကို မယုံနိုင်သလို ကြည့်သည်။

“ဒါက ဒါက ဒဏ္ဍာရီထဲက သတ္တဝါ ဖြစ်နေတာပဲ။ နတ်ဘုရားချီယို့ရဲ့ စီးတော်သားရဲလား”

“ဒီလို သတ္တဝါမျိုးက မြေကမ္ဘာခေတ်မှာ တစ်ကြိမ်ရှိခဲ့ဖူးတာလား”

“ဘာ ဒဏ္ဍာရီထဲက သားရဲဟုတ်လား”

“နတ် နတ်ဘုရားချီယို့ရဲ့ စီးတော်သားရဲဟုတ်လား”

“ခင်ဗျားက ပါမောက္ခဆိုတော့ နားလည်ပါတယ်။ ဒါပေမယ့်လည်း ...”

လူအများက မြေပြင်တွင် လိမ့်နေသော ပေါတောတော ပန်ဒါကို ကြည့်သည်။ ထို့နောက် သူ၏ဗိုက်ကို ပွတ်နေသော ကလေးတစ်အုပ်ကို ကြည့်သည်။

တစ်ခဏခန့်ကြာအောင် မယုံကြည်နိုင်တော့ချေ။

ဒါက တကယ်ပဲ မဟာနတ်ဘုရားချီယို့ရဲ့ စီးတော်သားရဲ ဖြစ်ပါ့မလား”

“သူက ချစ်ဖို့ကောင်းလွန်းမနေဘူးလား”

“ဟား ဟား ဟုတ်တယ်”

ဆုပိုင်က တစ်ခဏခန့်တွေးတောကြည့်ပြီး ခေါင်းမော့ကာ ရယ်သည်။

“ လူအုပ်ကြီးပြောတာ မှန်ပါတယ်။ ဒီပန်ဒါကြီးက သံမဏိဇာသားရဲလို့ ခေါ်တယ်။ သူက မဟာနတ်ဘုရား ချီယို့ရဲ့ စီးတော်သားရဲ ဖြစ်ခဲ့တဲ့ သားရဲမျိုးဆက်ပါပဲ။ ဒါပေမယ့် ...”

“ဒီတိရိစ္ဆာန်ရဲ့ ရှင်သန်နေထိုင်မှု ဝန်းကျင်က ခြားနားတယ်လေ။ သူတို့ မျိုးတုန်းပျောက်ကွယ်သွားခြင်း မရှိချင် အချိန်က ဒီပန်ဒါတွေရဲ့ အရေအတွက်က တအားကို နည်းပါးပြီး ရှားပါးတဲ့မျိုးနွယ်စိတ်ပဲ”

“အားလုံးပဲ ကြည့်ကြည့်ကြပါ”

ဆုပိုင်က သူ၏လက်ကို ဆန့်ထုတ်ပြီး လူတိုင်းကြားအောင် အော်ပြောသည်။

“ကောင်းကင်ပြာတိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေ အားလုံးက အစစ်အမှန်တွေပါပဲ”

“ဒီတော့ ကျေးဇူးပြုပြီး သူတို့ကိုလည်း ဝိုင်းပြီး ထိန်းသိမ်းစောက်‌ရှောက်ပေးကြပါ။ မဝေးတော့တဲ့ အနာဂတ်မှာ ပိုပြီးများပြားတဲ့ တိရိစ္ဆာန်တွေ ပေါ်ထွက်လာတော့မှာပါ။ ကြောက်စရာကောင်းတဲ့ သားရဲတွေတောင် ပေါ်ထွက်လာနိုင်ပါတယ်။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကလည်း ဟန်ချက်ညီတဲ့ သဘာဝဆန်တဲ့ သဘာဝနေထိုင်မှုဝန်းကျင် တစ်ခုကို ဖန်တီးပေးမှာပဲ ဖြစ်ပါတယ်”

“အနှေးနဲ့အမြန်ဆိုသလို တစ်ရက်မှာတော့ မျိုးတုန်းပျောက်ကွယ်သွားတဲ့ တိရိစ္ဆာန်တွေတိုင်းက ကောင်းကင်ပြာတိရိစ္ဆာန်ရုံထဲတွင် ပြန်ပေါ်လာမှာပါ။ အားလုံးပဲ ကြည့်ရှုဖို့ စောင့်ဆိုင်းပေးကြပါ”

“ဝိုး”

သူက ပြော၍ပြီးသွားသည့်အချိန်တွင် ပန်ဒါဥယာဉ်အပြင်ဘက်ရှိ လူအုပ်က စိတ်လှုပ်ရှားသွားကြသည်။

ကလေးများနှင့် ဆော့ကစားနေသော အကောင်ကို မယုံကြည်နိုင်သလို ကြည့်ကြသည်။ ထိုအကောင်များက အစစ်အမှန်သားရဲများ ဖြစ်နေလေသည်။

အချိန်အတန်ကြာအောင် မျိုးတုန်းပျောက်ကွယ်သွားပြီးနောက် အစစ်အမှန် တိရိစ္ဆာန်များက ပြန်လည် ပေါ်ထွက်လာလေပြီ။

“ဒါက ...”

“ဒါက ...”

“ငါ အရင်ပြန်တော့မယ်”

ဇီဝဗေဒဆိုင်ရာ သုတေသနပညာရှင် ပါမောက္ခက စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီးနောက် နောက်လှည့်ပြေးသွားသည်။

ဒီသတင်းက မှင်သက်ဖွယ် ကောင်းလွန်းသည်။

တိရိစ္ဆာန်များကို ပြန်လည် ကယ်တင်နိုင်ခြင်းနှင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံနောက်တွင်ရှိမည့် မြင့်မားသော နည်းပညာကို ပိုင်ဆိုင်ထားသော ထိုအဖွဲ့အစည်းက ခေတ်ပေါင်းများစွာ ကြာအောင် မလုပ်နိုင်ခဲ့သည့် အခြေအနေတစ်ခုကို ပြန်လည် လုပ်ဆောင်နိုင်ပေလိမ့်မည်။

မည်သူကမှလည်း ပြန်လည်ထွက်ပေါ်လာသည့် ထိုတိရိစ္ဆာန်များက ဆုပိုင်နှင့် မသက်ဆိုင်ဟု မယုံကြည်ကြပါချေ။

လောကတွင် မရေမတွက်နိုင်သော လူပေါင်းများစွာ ရှိသည်။ သူတို့အာလုံးက ဒီအကြောင်းအရာကို မူတည်ကာ လေ့လာနေကြ၏။ မည်သည့်တိုင်းပြည်က ဖြစ်စေ၊ မည်သည့်နိုင်ငံက ဇီဝ‌‌ဗေဒ ပညာရှင်များဖြစ်စေ အားလုံးကလည်း မျိုးတုန်းပျောက်ကွယ်သွားသော တိရိစ္ဆာန်များကို ပြန်လည်ကယ်တင်နိုင်ရန် ဇီဝဗေဒနည်းပညာများကို အသုံးပြုနေကြခြင်း ဖြစ်သည်။

တစ်ကမ္ဘာလုံးအနှံ့ လူတိုင်းက ထိုသို့ကြိုးစားပြီး မြောက်မြားလွန်းသည့် ရန်ပုံငွေများကို ထည့်သွင်းကာ ရင်းနှီးမြှပ်နှံထားသည့်တိုင်အောင် မည်သူကမှ မအောင်မြင်ကြ‌သေးချေ။

သို့သော် ထိုကဲ့သို့သော နည်းပညာကို ကျွမ်းကျင်သွားပြီဆိုလျှင်မူ တိရိစ္ဆာန်ကို ပြန်လည်ရှင်သန်အောင် လုပ်နိုင်ပေလိမ့်မည်။ ထိုနောက် အဆုံးအစမရှိသည့် ကြွယ်ဝခြင်းမျိုးကို ပိုင်ဆိုင်လာမည် ဖြစ်သည်။

လူသားများ၏ စားသောက်မှုဖြစ်စေ၊ ဝန်းကျင်ဖြစ်စေ၊ ဖျော်ဖြေနယ်ပယ်တွင် ဖြစ်စေ ထိုတိရိစ္ဆာန်များ ပေါ်ထွက်လာသည်နှင့်အမျှ တလောကလုံးကို ကြောက်မက်ဖွယ်ကောင်းသည့် ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ရတော့မည် ဖြစ်သည်။

“ကောင်းပါပြီ”

ဆုပိုင်ကလည်း လက်တစ်ချက် ရမ်းလိုက်ပြီး ထိုတစ်ဖွဲ့လုံးကို ကြည့်လိုက်သည်။ ထိုတစ်ဖွဲ့လုံးက ပျော်ရွှင်နေကြပုံပေါ်သည်။

ကြည့်ရတာ ဒီနေ့ရရှိမဲ့ အံ့အားသင့်မှုအမှတ်က များမဲ့ပုံစံပဲ။

နောက်ပြီး မနက်ဖြန်က စတင်ပြီး ဟန်မြို့ကလူတွေအားလုံးက ကောင်းကင်ပြာတိရိစ္ဆာန်ရုံကိုလာပြီး တိရိစ္ဆာန်တွေကို ကြည့်ကြမှာတောင် စိုးရိမ်ရသေးတယ်။ သိပ်မကြာခင်မှာတောင် အမျိုးမျိုးသော သုတေသနပညာရှင်တွေနဲ့ အစိုးရအရာရှိတွေတောင် ရောက်လာနိုင်သေးတယ်။

တီဗွီဌာနမှာလည်း ပေါ်ထွက်လာနိုင်သေးတာပဲ။

အထူးသဖြင့် ထိုကလေးပေါင်းများစွာက ပန်ဒါကြီးကို ထိတွေ့နိုင်နေကတည်းက သတင်းပျံ့မည့်နူန်းက နှေးကွေးတော့မည် မဟုတ်ချေ။

“ဝူး”

ဆေးရုံလျှောက်လမ်းတွင် ကောင်းယွဲ့က ‌မြေပြင်ပေါ်တွင် ‌ဆောင့်ကြောင့်ထိုင်ပြီး တရှုံ့ရှုံ့ငိုနေသည်။

“ဘာလို့လဲ”

ဒီနှစ် အစပိုင်းကတည်းက ကလေးရဲ့ ခန္ဓာကိုယ်က ဆိုးရွားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတယ်။

ဒါပေမယ့် ဆေးရုံက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့် အချိန်မှပဲ ...

သူမတွင် မကောင်းသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် ကလေးကို ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင် အပ်ထားခဲ့ပြီး ထိုနေရာမှပိုင်ရှင်ကလည်း လူကောင်းဖြစ်မည့်ပုံ ပေါ်သောကြောင့် စိတ်ချစွာ ထားရစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ဦးနှောက်နဲ့ အာရုံကြော အားနည်းမှုရောဂါ”

အမျိုးမျိုးသော ဆေးရုံများက ပညာရှင်များ ဆွေးနွေးတိုင်ပင်ပြီးနောက် သူမသမီးဖြစ်သူ၏ အခြေအနေကို နောက်ဆုံးတွင် အတည်ပြုလိုက်နိုင်သည်။ ယနေ့ခေတ် လူမှုအသိုင်းအဝိုင်းအတွင်း ကယ်ဆယ်နိုင်နူန်း အမြင့်ဆုံးရာဂါကို ခံစားနေရခြင်း ဖြစ်သည်။

ခန္ဓာကိုယ်မှ ကြွက်သားများက အချိန်ကြာလာသည်နှင့်အမျှ ကျုံ့လာပေလိမ့်မည်။ လက်များကိုပင် လှုပ်ရန် ခက်ခဲလာပေလိမ့်မည်။ ထို့နောက် ခြေထောက်ကပင် မလှုပ်နိုင်တော့ပဲ အိပ်ယာထဲလှဲရပေလိမ့်မည်။

“ဟိုး ကလေးက ဒီလောက်ငယ်သေးတယ်။ ဘာလို့ လဲ”

“ဘာကြောင့်လဲ”

ကောင်းယွဲ့က တစ်လှမ်းချင်းစီ ထသည်။ သူမက နံရံကို မှီကိုင်ပြီး တစ်လှမ်းချင်းစီ လျှောက်ရ၏။

သူမက လှဲကျ၍ မရချေ။ ထိုကလေးက ငယ်သေးသည်။ ကုသမှုမရှိသော်လည်း အနာဂတ်တွင် အိပ်ယာထဲတွင် လှဲနေရလျှင်ပင် သူမက သမီးဖြစ်သူ၏အနားတွင် ရှိနေရမည် ဖြစ်သည်။

ဒီကလေးမလေး အချစ်ဆုံးက တိရိစ္ဆာန်တွေပဲ။ ဒီနေ့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာ တော်တော်လေးတော့ ပျော်ပါးနိုင်မှာပါ။

ထိုအကြောင်းအရာကို တွေးမိသော် ကောင်းယွဲ့က သူမ၏မျက်ရည်များကို သုတ်ပြီး ဆေးရုံအပြင်ဘက်သို့ ရှောင်ထွက်လာခဲ့လိုက်သည်။

အချိန်တောင် တော်‌တော်ကြာသွားပြီ။ ကလေးက လွမ်းနေတော့မယ်။

တက္ကဆီဖြင့် ကောင်းကင်ပြာတိရိစ္ဆာန်ရုံသို့ တောက်လျောက် စီးလာသည့် တလျှောက်တွင် ကောင်းယွဲ့က စိုးရိမ်နေသည်။ သူမက ဥယာဉ်ထဲကို အလျင်စလို ဝင်လိုက်သည်။

အဝေးမှကြည့်ရုံနှင့်တင် သူမသမီးဖြစ်သူ ရယ်သံကို ကြားနေရသည်။

“အိုး အိုး အိုး တပိုင် မြန်မြန်လေး”

အနီး‌ရောက်သွားသော အချိန်တွင် တပိုင်က မြက်ခင်းပြင်‌ပေါ်တွင် ပြတ်ပြေးနေပြီး နောက်မှ ကလေးပေါင်းများစွာ လိုက်နေကြောင်း မြင်လိုက်ရမည် ဖြစ်သည်။ သူတို့၏ အနောက်တွင်လည်း အဖြူအမည်း တိရိစ္ဆာန်လေး တစ်ကောင်က လိုက်နေသည်။

“သတိထား”

ရုတ်တရက် ကောင်းယွဲ့က စိုးရိမ်သွားသည်။

ကလေးမလေးက ခပ်မြန်မြန် ပြေးနေသည်။ သူမက ခြေချော်သွားပြီး ရှေ့သို့ ဟက်ထိုးလဲကျသည်။

“ဟစ် ဟစ် ဟစ်”

ရုတ်တရက် အနီးအနားရှိ မြက်ခင်းထဲမှ ကြီးမားသော ရွှေမြွေကြီးတစ်ကောင်က ခုန်ထွက်လာကာ ဘေဘီ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

“ဟီး ဟီး ဟီး”

ထိုမြွေ၏ ကိုယ်က ပိတ်ဆို့ပေးလိုက်သောကြောင့် ကလေးလေးက နာကျင်မှုကို မခံစားရချေ။

သူက မြွေ၏လည်ပင်းအထိပင် ကုန်းတက်သွားသေးသည်။

ထို့နောက် ပြုံးကာ ‌ရှေ့သို့ ထပ်ပြေးသွားပြန်သည်။

“ဘာတွေဖြစ်နေတာလဲ”

ကောင်းယွဲ့ကလည်း သူမ၏သမီးဖြစ်သူ ထိုမျှအထိ ပျော်ရွှင်နေသော မြင်ကွင်းကို မမြင်ဖူးပါချေ။

အရှေ့မှ တိရိစ္ဆာန်နှစ်ကောင်က ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော်လည်း မည်သို့ပင်ကြည့်ကြည့် က‌လေးများကို ကာကွယ်ပေးနေကြောင်း မြင်နိုင်သည်။ မြွေကပင် ကလေးများကို လဲကျသည့်အချိန်တွင် ဖမ်းထိန်းပေးတတ်သည်။ ထို့ကြောင့် ထိခိုက်အောင် လုပ်လိုစိတ် မရှိကြောင်း မြင်နိုင်သည်။

ကောင်းကင်ပြာတိရိစ္ဆာန်ရုံက ဘာတွေဖြစ်နေတာလဲ။

+++++++

အပိုင်း(၁၇)

“ဟူး...”

ဆုပိုင်က ခရီးသွား နောက်ဆုံးတစ်သုတ်ကို ပြန်လည် လိုက်ပို့ပြီးနောက် မြေပြင်ပေါ်တွင်ထိုင်ချကာ အမောတကော အသက်ရှူလိုက်သည်။

သူ၏‌ဘေးဖက်တွင်လည်း တပိုင်က မြေပြင်ပေါ်တွင် လဲနေသည်။ သူ၏ လျှာကပင် ပါးစပ်ထဲမှ ထွက်နေသည်။ သူက အလွန်မောပန်းနေပုံ ပေါ်သည်။

“ဒီတိုင်း ဆက်သွားလို့တော့ မရဘူး”

ဆုပိုင်က ပက်လက်လှန် အိပ်လိုက်သည်။

သူ၏ခေါင်းကို ရွှေ‌မြွေ၏ကိုယ်ပေါ် တင်ထားပြီး ရေရွတ်နေလိုက်သည်။

ဒီနေ့ ခရီးသွားဧည့်သည် နှစ်ရာထက်မနည်း လာခဲ့ကြသည်။ သူတို့ကအများကြီး ပင်ပန်းသွားရလေပြီ။ မနက်ဖြန် လူပိုများလာလျှင် သူတစ်ယောက်တည်း အားလုံးကို ကြိုဆိုဧည့်ခံနေ၍ မရတော့ပေ။

ပို၍ဆိုးသည်မှာ တိရိစ္တာန်ကနည်းသည်။ တပိုင်နှင့်ရှောင်ကျင်းကို မှီခိုရုံဆိုလျှင် အနှေးနှင့်အမြန် မောပန်းပြီး သေသွားပေလိမ့်မည်။

သို့သော် တပိုင်နှင့်ရှောင်ကျင်းတို့၏ ပုံစံအရ သူတို့က ကလေးများနှင့် ဆော့ကစားရခြင်းကို သဘောကြပုံပေါ်သည်။

တပိုင်ဆိုရင် ခွေးလိုပဲ။ ကလေးထက်တောင် ပိုပျော်နေသေးတယ်။

ထိုအကြောင်းကို တွေးပြီးသော် ဆုပိုင်က စနစ်၏ဇယားကို ခပ်မြန်မြန် စစ်ကြည့်လိုက်သည်။

ဒီနေ့တော့ အမှတ်တစ်သောင်းကျော် သွားလောက်မှာပါ။

ဒီလိုဆိုရင် အရင်ဆုံး မျောက်တိုကိုလဲရမယ်။ ဒါမှပဲ ဒီည အောင်အောင်မြင်မြင်နဲ့ ကယ်ဆယ်ပြီး မနက်ဖြန်ဆိုရင် ကစားစရာ တိရိစ္ဆာန်တွေ ပိုများသွားမှာ။

ဒါကအ‌ရေကြီးဆုံး ပြဿနာပဲ။

ထို့အပြင် ပို၍အရေကြီးသော ပြဿနာတစ်ခု ရှိနေသေးသည်။ တပိုင်က ဝါးမျှစ်များကို စား၍ရသည်။ ရွှေမြွေကမူ မစားနိုင်ချေ။ သူက အသားစားတိရိစ္ဆာန် ဖြစ်သည်။ ‌ဈေးကွက်တွင်လည်း ဉာဏ်ရည်မြင့် နည်းပညာဖြင့် ဖန်တီးထားသော အသားအတုများ ရှိသည်။ သို့သော် ထိုကဲ့သို့သော အသားမျိုးက သူ၏ ခန္ဓာကိုယ်အတွက် မကောင်းချေ။ ထို့အပြင် မည်သည့်အာဟာရကိုမှလည်း ရရှိစေလိမ့်မည် မဟုတ်ချေ။

ရွှေမြွေ၏ ကုန်ဆုံးသွားသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို ပြန်ဖြည့်ပေးနိုင်မည် မဟုတ်ချေ။ ထို့အတိုင်း ဆက်ဖြစ်နေခဲ့လျှင် ရွှေမြွေက ဆာလောင်ပြီး သေသွားရပေလိမ့်မည်။

“စနစ် မောလ်ထဲမှာ တိရိစ္ဆာန်တွေအတွက် စားစရာရောင်းချပေးတာမျိုး မရှိဘူးလား”

“ host မော်လ်ထဲမှာ ဘာကိုမဆို ရောင်းချပေးနိုင်ပါတယ်။ ဒါက ကျပန်း ရီဖရက်ရှ် ဖြစ်သွားမှာပါ။”

“ host အ‌နေနဲ့ အပိုင်းအစ တာဝန်သွားလုပ်နေချိန် အတောအတွင်းမှာလည်း အသားတွေရနိုင်ပါသေးတယ်။”

“လက်ရှိ အခြေအနေအရ အပိုင်းအစနှင့် ပတ်သက်ပြီး သယ်ထုတ်လာခဲ့တဲ့ အသားတွေကလွဲလို့ အခြား သက်ရှိတိရိစ္ဆာန်တွေကို ခေါ်ထုတ်လာလို့ မ‌ရပါဘူး။”

စနစ်၏အသံက ထပ်ထွက်လာသည်။ ဆုပိုင်က မျက်မှောင်ကြုတ်သည်။

အခြား စကားဖြင့်ဆိုရသော် ...

တိရိစ္ဆာန်အပိုင်းအစ တာဝန်အတောအတွင်းတွင် အခြားသောတိရိစ္ဆန်များနှင့် ကြုံတွေ့ခဲ့လျှင်ပင် ... ဥပမာအားဖြင့် ယခင်တစ်ခေါက်က တွေ့ခဲ့သော ဖားပြုတ်ကြီးကဲ့သို့သော အကောင်မျိုးကို တွေ့လျှင်ပင် အပြင်သို့ ခေါ်ထုတ်လာနိုင်ရန် မရနိုင်ချေ။ သို့သော် သူတို့ကို သတ်ပြီး အသားယူမည်ဆိုလျှင်မူ သယ်ထုတ်လာ၍ ရနိုင်လေသည်။

“ကောင်းသားပဲ......ဒါပေမယ့် ငါက တိရိစ္ဆာန်တွေကို ကယ်တင်ဖို့လေ။ တိရိစ္ဆာန် တွေကို သတ်နေမယ်ဆိုရင် ငါ့ရဲ့မူရင်း ရည်ရွယ်ချက်နဲ့ ဆန့်ကျင်သွေဖယ်သလို ဖြစ်မနေဘူးလား”

“ host ဒါက သဘာဝရဲ့နိယာမပဲ။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံက အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ အနှေးနဲ့အမြန် ဒီလိုနိယာမမျိုးက လည်ပတ်လာမှာပဲ။ အားနည်းတဲ့သူက အစားခံရမှာပဲ။ အဲဒီလိုမှမဟုတ်ရင် တိရိစ္ဆာန်တွေအားလုံး မျိုးတုန်း ပျောက်ကွယ်သွားတော့မှာပေါ့”

“မဆိုးပါးဘူး”

“ဆုပိုင်က တွေးသည်။ စနစ်ကပြောသော စကားကလည်း မှန်ကန်သည်။ အရာအားလုံးက သဘာဝအလျောက် ဟန်ချက်ညီရန် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

တိရိစ္ဆာန်အမျိုးအစား တစ်မျိုးတည်းက အရေအတွက် များလွန်းနေခဲ့လျှင် အခြားအမျိုးအစား တစ်မျိုးက မျိုးတုန်းပျောက်ကွယ် သွားရပေလိမ့်မည်။ အလားတူပင် ဟန်ချက်ညီနေရန် အချင်းချင်း စားသုံးကာ အမဲလိုက်သော ဖြစ်ရပ်မျိုးက ရှိနေရန် လိုအပ်သည်။

ထိုသို့ သူတို့အချင်းချင်း ထိန်းချုပ်နေမှသာ ဟန်ချက်ညီမှုက ပေါ်လာထွက်လာလေပြီး ရေရှည်တည်မြဲနိုင်မည် ဖြစ်သည်။

လောကတွင် တိရိစ္ဆာန် အများကြီး မရှိသေးသော်လည်း ဝန်းကျင်ကမူ ကောင်းကောင်း ကာကွယ်စောက်ရှောက်ထားခံရသည်။

တောအုပ်များ၊ တောင်တန်းများ၊ စမ်းချောင်းများ၊ မြစ်များ... မ‌ရေမတွက်နိုင်အောင် လှပသော သဘာဝရှုခင်းများ ရှိနေသေးသည်။ အနှေးနှင့်အမြန် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက တိရိစ္ဆာန်အမြောက်အမြား ရှိသော ကြီးမားသည့် ရှုခင်းကြည့် ခရီးသွားလည်ပတ်ရန် နေရာကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

အချိန်အတန်ကြာ တွေးတောနေပြီးနောက် ဆုပိုင်က ဇယားကို ပြန်ကြည့်လိုက်သည်။

နတ်ဘုရားအဆင့် တိရိစ္ဆာန်ရုံစနစ်

Host: ဆုပိုင်

ခွန်အား : ၆ (အရပ်ပုပြီး အားနည်းတယ်)

အမြန်နူန်း : ၈ (အပျင်းကင်ဆာ နောက်ဆုံးအဆင့်)

စိတ်စွမ်းအား : ၁၃ ( ဖွံ့ဖြိုးတိုးတက်လာတဲ့ ဦးနှောက်)

လက်ရှိ တိရိစ္ဆာန်ရုံရဲ့ နယ်မြေက စတုရန်းမီတာ နှစ်ထောင်ပါ။ လက်ရှိ ရှိနေတဲ့ တိရိစ္ဆာန်: ပန်ဒါကြီး တစ်ကောင်၊ ရွှေမြွေတစ်ကောင်

အံ့အားသင့်မှု အမှတ် : ၁၀၂၀၀

တိရိစ္ဆာန် အပိုင်းအစ : မရှိ

အံ့အားသင့်မှု အမှတ်က ‌မျောက်တို အပိုင်းအစများနှင့် လဲလှယ်ရန် လုံလောက်သွားပြီ ဖြစ်သည်။

ဒါပေမယ့် ပထမဦးဆုံး ရီဖရက်ရှ် ဖြစ်သွားတဲ့အခါ ဘယ်လို အခြေအနေမျိုးပေါ်လာမလဲ မသိသေးဘူး။

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး အံ့အားသင့်မှု အမှတ်တစ်သောင်းကို သုံးလိုက်ကာ မျောက်တိုအပိုင်းအစနှင့် လဲလှယ်လိုက်သည်။ သေချာစွာပင် မော်လ်မှ ပစ္စည်းများက ရီဖရက်ရှက် ပြန်ဖြစ်သွားသည်။ {တိရိစ္ဆာန်အပိုင်းအစ အလဲအလှယ်မောလ်}

ထရန်နိုစောရက် အပိုင်းအစများ : အံ့အားသင့်မှုအမှတ် တစ်သန်းသုံးပြီး လဲလှယ်နိုင်ပါတယ်။

ဧရာမဆင် အပိုင်းအစ : အံ့အားသင့်မှု အမှတ်တစ်သန်းနှင့် လဲလှယ်နိုင်ပါတယ်။

တောအာဏာဂွန်ဒါ အပိုင်းအစ : အံ့အားသင့်မှု အမှတ်တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ကြံ့ အပိုင်းအစများ : အံ့အားသင့်မှု အမှတ်တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

မီကျောင်းအပိုင်းအစ : အံ့အားသင့်မှု အမှတ်တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ပျားခွေးတူဝက်တူ အပိုင်းအစ : အံ့အားသင့်မှု အမှတ်တစ်သိန်းနှင့် လဲလှယ်နိုင်ပါတယ်။

ကျီးကန်းအပိုင်းအစများ : အံ့အားသင့်မှု အမှတ်တစ်သောင်းနှင့်လဲလှယ်နိုင်ပါတယ်။

“သားရဲ ဘာသာစကား ဖန်ရှင် : အံ့အားသင့်မှု အမှတ်တစ်သိန်းနှင့် လဲလှယ်နိုင်ပါတယ်။(အထူးစွမ်းရည်ဖြစ်ပြီး လဲလှယ်ပြီးတဲ့ နောက်ပိုင်းမှာ မောလ်က ရီဖရက်ရှက် ဖြစ်သွားမှာမဟုတ်ပါဘူး)”

“သေစမ်း နောက်ဆုံးတော့ ရီဖရက်ရှက်ဖြစ်သွားပြီ”

ဆုပိုင်ကစိတ်လှုပ်ရှားစွာအော်သည်။

ထိုတိရိစ္ဆာန်ဘာသာစကား ဖန်ရှင်က စနစ်ကြောင့် ရည်ရွယ်ချက်ရှိရှိ ထုတ်ပေးခြင်း ဖြစ်ရပေမည်။

သို့သော် အံ့အားသင့်မှု အမှတ်တစ်သိန်းပင်လိုအပ် လိုအပ်နေလေရာ အနည်းငယ်ခက်ခဲသည်။

“ထားလိုက်ပါတော့ တံတားဆီ ရောက်တဲ့အထိ လှေကိုဆက်စီးသွားရမှာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အံ့အားသင့်မှု အမှတ်တစ်သိန်းနဲ့ သားရဲဘာသာ စကားဖန်ရှင်ကို ရအောင်ယူရမယ်”

“သားရဲဘာသားစကားဖန်ရှင်ကို ရတာနဲ့ တိရိစ္ဆာန် ရုံထဲက တိရိစ္ဆာန် တွေကိုကိုင်တွယ်တာပဲ ဖြစ်ဖြစ်၊ သူတို့ကို တာဝန်တွေပေးတာပဲ ဖြစ်ဖြစ် အဆင်ပြေသွားပြီ။ ဒါကအကျိုးကျေးဇူးရှိလာမှာပဲ။ နောက်ပိုင်း တာဝန်တွေကို လုပ်တဲ့အချိန်မှာတောင် အကူအညီဖြစ်လောက်သေးတယ်”

“ဟူး”

သူက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ထို့နောက် မျောက်တိုအပိုင်းအစကို ကြည့်လိုက်သည်။

အချိန်ကို ကြည့်လိုက်သောအခါ မှောင်လာပြီ ဖြစ်ကြောင်းတွေ့လိုက်ရသည်။

တိရိစ္ဆာန်ရုံထဲတွင် လုံခြုံရေးစနစ်ကို တပ်ဆင်ပြီးသောကြောင့် ဆုပိုင်အနေဖြင့် ဘာကိုမှ စိုးရိမ်ရန်မလိုအပ်တော့ချေ။

“ဒီတာဝန်ကဘယ်လိုမျိုး ဖြစ်မလဲလို့ သိချင်မိတယ်”

ဆုပိုင်က ညဉ်းညူလိုက်ပြီး ကုတင်အောက်မှ ခရီးဆောင်အိတ်ကိုဆွဲသည်။ အတွင်းတွင် သူ အွန်လိုင်းမှဝယ်ထားသော တောတွင်းရှင်သန် နေထိုင်နိုင်မည့် ပစ္စည်းမျိုးစုံပါသည်။

တောင်တက်ဖိနပ်ပင်ဖြစ်စေ၊ ထက်ရှသော အမဲလိုက်ဓားပင်ဖြစ်စေ အရာအားလုံးဖြစ်လေသည်။ သူ‌ဌေးကလည်း သူ့ကိုလက်ဆောင် အဖြစ် တောထဲတွင် မီးမွှေးနိုင်မည့် ပစ္စည်းများကိုပင် ပေးထားသေးသည်။

ဘေးဖက်တွင် ချိတ်ထားသော သစ်သားတုတ်နှစ်ချောင်းကို ကြည့်လိုက်ပြီးနောက် ဆုပိုင်၏နှုတ်ခမ်းများက ကော့တတ်သွားသည်။

ဒါက တကယ်ပဲ တောထဲမှာ မီးမွှေးရတဲ့ပစ္စည်းဆိုတာ သေချာလို့လား။ ဒီတိုင်း သစ်သားကိုပွတ်ပြီး မွှေးရုံပဲ မဟုတ်ဘူးလား။

တောင်တက်ဝတ်စုံတစ်စုံကို ဝတ်ဆင်ပြီးနောက် ဆုပိုင်က ပစ္စည်များအားလုံးကို ထိုဝတ်စုံအတွင်းရှိ အမျိုးမျိုးသော အိတ်ကပ်လေးများထဲ ထိုးထည့်သည်။

စနစ်က ကျောပိုးအိပ်တွေ ယူခွင့်ပြုလားတော့ မသိဘူး။ အဲ့ဒီလိုဆိုရင်တော့ သူတဲထိုးပြီး နေဖို့အတွက် သယ်သွားလို့ ရလောက်တယ်။

ထိုအချိန်တွင် သူက မျောက်တိုများကို ကိုင်တွယ်ရမည် ဖြစ်သည်။ သူတို့က မျောက်တိုဖြစ်နေသမျှ တောအတွင်းတွင် ဖြစ်လိမ့်မည်။

“ဟေး”

ဆုပိုင်က ဓားမြှောင်ကို ဘောင်းဘီခြေထောက်အတွင်းသို့ ထိုးထည့်လိုက်ပြီး စစ်ကြည့်လိုက်သည်။ မည်သည့်အရာမှ မကျန်ခဲ့ကြောင်း မြင်ရမှသာ စနစ်ကို ပြောလိုက်၏။

“တင် မျောက်တိုအပိုင်းအစ တာဝန် စတင်ပါပြီ”

“ရေတွက်ပြီ”

“တစ်ဆယ်”

“ကိုး”

“ရှစ်”

...

“ဝုန်း”

သူ၏မျက်လုံးက ဝေဝါးသွားသည်။ ဆုပိုင်ကလည်း အမြင့်တစ်နေရာမှ ပြုတ်ကျလိုက်သလို ခံစားလိုက်ရသည်။ ထို့နောက် သူက တဖြောင့်တည်း ပြန်ထိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ယိုင်ထိုးနေပြီး ရှေ့ကို မှင်သက်စွာ ကြည့်နေမိသည်။ နေရောင်က သူ့အပေါ် တောက်ပစွာ ဖြာကျနေသည်။ ထို့နောက်_ _ _

“ဟစ်”

သူက ငုံ့ကြည့်လိုက်သောအခါ သူဟာ သစ်ကိုင်းပေါ်တွင် ထိုင်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ သစ်ကိုင်းက မီတာတစ်ဆယ်ကျော် မြင့်နေသည်။

“ကြောင်တောင်တောင် နိုင်လိုက်တာ”

စနစ်ကို ပြောဆိုပြီးနောက် ဆုပိုင်က သစ်ကိုင်းကို ဂရုတစိုက် ဖက်ပြီး ကြီးမားသော အဓိက သစ်ခေါင်းပေါက်ထံ ရွှေ့သွားလိုက်သည်။ တိတ်ဆိတ်မှုကသာ ကြီးစိုးလာ၏။ မည်သည့်မျောက်တိုမှကိုလည်း မမြင်ရချေ။

ထိုပင်စည်ကြီးက မီတာနှစ်ဆယ်ကျော် အဝေးရှိနေသည်။ ဆုပိုက်က လက်ကို ဆန့်တန်းပြီး ခပ်ပြင်းပြင်း လှမ်းဖက်လိုက်ရသည်။

ယခုအခါ သူက တဖြည်းဖြည်းချင်း လျှောဆင်းရတော့မည် ဖြစ်သည်။ သို့မဟုတ်လျှင် သစ်ပင်ပေါ်တွင်သာ ထိုင်နေခြင်းက အန္တရာယ်များလွန်းနေသည်။

အရင်ဆုံး မျောက်တိုရဲ့ သဲလွန်စကို လိုက်ရှာရမယ်။

“ဒီတစ်ကြိမ် ဘယ်လိုအန္တရာယ်ကို တွေ့ရမှာများလဲ”

ဆုပိုင်က ရေရွတ်နေသည်။ သူက ပင်စည်ကြီးကို ဖက်နေပြီး အောက်သို့ တဖြည်းဖြည်းချင်း လျှောဆင်းသည်။

ဘန်း

ရုတ်တရက် သူ၏ ခေါင်းထိပ်သို့ ပြင်းထန်သည့် တစ်စုံတစ်ရာက ကျသွားပြီး ဆုပိုင်က ကြောင်သွားသည်။ သူက မော့ကြည့်လိုက်သည်။

ဘန်း ဘန်း ဘန်း

လိမ္မော်ကြီးလောက် ကြီးသော အသီးများက မိုးရွာသလို ဆက်တိုက်ပြုတ်ကျလာကြောင်း တွေ့လိုက်ရလေသည်။

+++++++

အပိုင်း(၁၈)

{ဟား ဟား ဟား ဒါက ဒီညရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလား}

{တိုက်ရိုက် ထုတ်လွှင့်မှုထဲမှာ မျောက်တွေ ပါလာတာပဲ။ ဒါပေမယ့် တင်ဆက်သူ ဒါက ဘယ်လိုအမျိုးအစားလဲ}

{သေစမ်း ဒီနေရာက ရှုခင်းက ဘာမှတော့ ပြောစရာ မရှိဘူး။ သုခံဘုံလိုပဲ။ နေ့အချိန်ပဲ ရှိနေသေးတာတောင်မှ တော်တော်လေးကို နေထိုင်လို့ကောင်းတဲ့ ပုံစံမျိုး ဖြစ်နေတာပဲ}

{စကားပြောမနေနဲ့တော့။ ငါ နှစ်ရက်လုံးလုံး စောင့်နေတာ။ တင်ဆက်သူ နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်ပြန်ပြီ။ ငါ စိတ်လှုပ်ရှားလို့ သေတော့မယ်}

{သတိထား မျောက်တွေ လာနေပြီ}

{တင်ဆက်သူက နောက်ဆုံးတော့ အွန်လိုင်းတက်လာပြီပဲ။ ငါတို့ ညီအစ်ကိုတွေအားလုံး စုစည်းနေကြပြီ။ တင်ဆက်သူနဲ့ မျောက်တွေ ဘာပြောမလဲ ဆိုတာကို စောင့်ကြည့်ကြရအောင်။ အားလုံးပဲ အသင့်ပြင်ထားကြ}

…

ဆုပိုင်က သစ်ပင်ပေါ်မှ ကြောင်တောင်တောင် ပုံစံမျိုးဖြင့် ဆင်းလာသော အချိန်တွင် စနစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုက တစ်ချိန်တည်းလိုလို စတင်ပြီ ဖြစ်သည်။ သို့သော် နာမည်ကမူ မျောက်တိုအပိုင်းအစ တာဝန်အဖြစ် ပြောင်းသွားသည်။

ဟန်တုံးကလည်း နှစ်ရက်လုံးလုံး နောက်ကွယ်မှ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူကလည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ အချက်အလက်များမှ တဆင့် ဆက်သွယ်၍ မရနိုင်သေးချေ။ ထို့ကြောင့် ကွန်ပျူတာရှေ့တွင် နေ့တိုင်းလိုလို စောင့်နေခဲ့ရသည်။ ကံကောင်းသည်မှာ နောက်ဆုံးတွင် တစ်ဖက်က ပြန်လည် တိုက်ရိုက်ထုတ်လွှတ်လာပြီ ဖြစ်သည်။

“ငါ ငါ့ရဲ့ကြီးကြပ်သူဆီ သွားပြီး တင်ပြရမယ်။ ဒီညတော့ ကောင်းကောင်း လုပ်ဆောင်ရမယ်”

ဟန်တုံးက အော်ဟစ်လိုက်သည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းသို့ လှည့်ဝင်လိုက်၏။

“ဟင်း လူတွေက ဘာလို့ ဒီလောက်ထိ များနေရတာလဲ”

ဖန်သားပြင် ထိပ်ပိုင်းတွင် ဆက်တိုက်မြင့်တက်လာနေသော ကြည့်ရှုသူ အရေအတွက်ကို ကြည့်နေပြီး သူက တအံ့တဩ အော်လိုက်သည်။ သူ မှတ်မိတာမှန်မယ်ဆိုရင် ပထမဦးဆုံးနေ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အချိန်က တစ်သောင်းတောင် မကျော်ဘူး မဟုတ်လား။ ဒါပေမယ့် ဒုတိယတစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်တော့ သုံးသောင်းအထိ တိုက်ရိုက်ခုန်တက်သွားတယ်ပေါ့။

ထို့အပြင် ယခုဒေတာက အချိန်နှင့် တပြေးညီ ပေါ်ထွက်လာနေသော ဒေတာ ဖြစ်သည်။ အပြီးသတ်ဒေတာ မဟုတ်သေးချေ။ ပို၍ဆိုးသည်မှာ အခြေအနေပေါ် မူတည်ကာ ကြည့်ရှုရမည်ဆိုလျှင် လူအရေအတွက်က ထပ်မံမြှင့်တက်လာရန် ရှိနေသေးသည်။

“ဘန်း ဘန်း ဘန်း

ဆုပိုင်က လက်နှစ်ဖက်လုံးဖြင့် ပင်စည်ကြီးကို ဖက်ထားသည်။ ခေါင်းကို အောက်သို့ ခပ်တင်းတင်း ငုံ့ထားရ၏။ မျောက်တစ်အုပ်က သူ့ကို သစ်သီးဖြင့် ကောက်ပေါက်နေခြင်း ဖြစ်သည်။

တစ်ခဏခန့် ကြာပြီးနောက် ဆုပိုင်က သူ၏နဖူးတွင် ဘုသီးကြီးများ ထလာကြောင်း ခံစားလိုက်ရသည်။

“မြန်မြန် ဆင်းရမယ်။ ကံကောင်းလို့ ဒါက သစ်သီးတွေ ဖြစ်နေတယ်။ ကျောက်တုံးသာဆိုရင် ငါတော့ မြေပြင်မှာ လဲနေလောက်ပြီ”

ဆုပိုင်က လက်နှစ်ဖက်လုံးကို သုံးပြီး အောက်ဘက်သို့ ခပ်မြန်မြန် ထိုးဆင်းသည်။

“ကျွီ ကျွီ ကျွီ”

မျောက်တိုတစ်အုပ်က သစ်ကိုင်းများပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး မျက်လုံးပြူးနှင့် အောက်ဘက်မှ လူကို ကြည့်နေကြသည်။ သူတို့က နဖူးကိုလည်း ဆက်တိုက်ကုပ်နေသည်။

ဒီလောက်ကြီးတဲ့ မျောက်ကြီး ဘာလို့မမြင်ဖူးတာလဲ။

နောက်ပြီး အမွှေးတောင် မပါဘူး။

ထိုမျောက်တိုတစ်အုပ်က မြေပြင်သို့ ဆင်းသက်သွားသော ဆုပိုင်ကို ကြည့်ပြီး တစ်ကောင်ပြီးတစ်ကောင် ခုန်ဆင်းလာကြကာ ပိုပြီး မျက်နှာချင်းဆိုင်တွင် ရှိနေသည့် ပိုပြီးကြီးမားသည့် သစ်ပင်ပေါ်သို့ ခုန်တက်လိုက်ကြသည်။

“ဘန်း ဘန်း ဘန်း “

သစ်သီးများက မိုးရွာသလို ထပ်ကျလာပြန်သည်။

“မင်းတို့ မပြီးသေးဘူးလား။ ငါ မင်းတို့ကို လာကယ်တာနော်”

ဆုပိုင်က မြေပြင်တွင် လဲနေရင်း သစ်သီးများကို ကောက်ကာ ပြန်ပစ်သည်။

“ကျွီ”

မျောက်တိုတစ်ကောင်က မရှောင်နိုင်သေးခင် ဆုပိုင်ပစ်သော သစ်သီးဖြင့် ကွက်တိ အမှန်ခံလိုက်ရသည်။ သူ၏မျက်လုံးက ကြက်ခြေခတ် ပုံသဏ္ဍာန် ဖြစ်သွားပြီး သစ်ကိုင်းပေါ်တွင် ကြောင်တောင်တောင်ဖြင့် ဆက်ထိုင်နေသည်။

“ဝေါင်း”

ရုတ်တရက် သိပ်မဝေးသော တောအုပ်အတွင်းမှ ဟိန်းသံက ထွက်လာသည်။

“ကျွီ ကျွီ ကျွီ”

ထိုအသံကို ကြားသောအခါ မျောက်တိုတစ်အုပ်က ခပ်မြန်မြန် ထရပ်လိုက်ကြပြီး‌‌ အော်သံဘက်သို့ ပြေးသွားလိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ”

ဆုပိုင်ကလည်း ငုံ့ကိုင်းကာ မြေပြင်မှ သစ်သီးအချို့ကို ကောက်ယူလိုက်ပြီး ဂရုတစိုက် လိုက်သွားလိုက်သည်။

အော်သံက စစ်မှန်လွန်းသည့် တိရိစ္ဆာန်ကြီးတစ်ကောင် ကပ်လာခြင်း ဖြစ်ရပေမည်။ ထိုအကြောင်းအရာကို တွေးမိသော် ဆုပိုင်က အရှိန်နူန်းကို မြှင့်လိုက်သည်။ မျောက်တိုင်းက သစ်ပင်ပေါ်တွင် ရှိနေ၍ သူတို့ကို ကယ်တင်ရန် ခက်ခဲသည်။

“ကျွီ”

ဆုပိုင်ကလည်း သူ၏အရှေ့ဘက်ရှိ ကြီးမားသော သစ်ပင်ကြီး အနောက်ဘက်မှ တစ်စုံတစ်ရာကို ခုန်ရှောင်သလို ဆင်းသက်လာသည့် မျောက်တိုကြီးတစ်ကောင်၏ စူးရှသော အော်ဟစ်သံကို ကြားလိုက်ရသည်။

“အာ”

ထို့နောက် လက်ထဲတွင် အခွံမာ သစ်သီးများကဲ့သို့သော အသီးကို ကိုင်ထားသည့် မျောက်တစ်အုပ်ကို မြင်လိုက်ရသည်။ ဆုပိုင်က ချက်ချင်းဆိုသလို ရပ်လိုက်၏။

“ကျွီ ကျွီ ကျွီ”

တစ်ကိုယ်လုံး မီးများ‌ တောက်လောင်နေသလို အမွှေးများ ဖွာထွက်နေသည့် ကြီးမားသည့် မျောက်တိုကြီးတစ်ကောင်ကိုလည်း တွေ့လိုက်ရသည်။ ထိုအကောင်ကြီးက အခြားသော မျောက်တိုများ၏ နှစ်ဆခန့် ကြီးသည်။

သူ၏လက်ထဲတွင်လည်း ဖရဲသီးအရွယ်အစားခန့် ကြီးသော သစ်သီးတစ်လုံးကို ကိုင်ထားသည်။ သူ၏မျက်လုံးက မှေးကျင်းသွားပြီး ဆုပိုင်ကို မရင်းနှီးသော ပုံစံမျိုးဖြင့် ကြည့်သည်။

“မျောက်ဘုရင်လား”

“နားလည်မှုလွဲတာပါ နားလည်မှု လွဲတာပါ”

အရှေ့မှ မျောက်တစ်အုပ်ကို ကြည့်နေပြီး ဆုပိုင်၏ နှလုံးသားက တုန်ယင်သွားသည်။

မင်းတို့ ဆေးစားမှားတာပဲ။ ငါ မင်းတို့ကို ရန်စမိလို့လား။

မင်းတို့ အဲ့လောက်ကြီးတဲ့ ဖရဲသီးကြီးလို အသီးကြီးကို ကိုင်ပြီး သူ့ခေါင်းကြီးကိုသာ ပစ်မယ်ဆိုရင် သူရှင်နိုင်ပါ့မလား။

“ကျွီ”

ရုတ်တရက် အရှေ့ရှိ မျောက်တိုဘုရင်က အံကြိတ်ပြီး အော်လေသည်။

လက်ထဲမှ ဖရဲသီးကို လက်ထဲ နှစ်ဖက်လုံးဖြင့် ကိုင်ကာ မြှောက်လိုက်သည်။

“ငါ ဖာ့ခ် လူကြီးမင်းရေ ကျေးဇူးပြုပြီး ရပ်ပါ”

ဆုပိုင်က အော်ဟစ်လိုက်ပြီး လက်ထဲမှ အခွံမာသစ်သီးများကိုသာ ခပ်မြန်မြန် ကောက်ကိုင်ကာ လှမ်းပစ်လိုက်ရသည်။

ဘန်း ဘန်း

ထို့နောက် ခပ်ထိုင်းထိုင်း အသံတစ်သံ ထွက်ပေါ်လာသည်။

မျောက်ဘုရင်က ပစ်လိုက်သော သစ်သီးက သူ၏ခေါင်းပေါ်သို့ တိုက်ရိုက်ကျလာသည်။ သို့သော် အပိုင်းအစ တစ်ခုမျှသာ ကျလာခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် သူ၏မျက်လုံးကမူ လန်ထွက်သွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားသည်။

ကျွီ

ထို့နောက် စူးရှသော အော်သံနှင့်အတူ မျောက်ဘုရင်က မျက်ဝန်းမီးတောက်မတတ် ပုံစံမျိုးဖြင့် ထရပ်လာသည်။

သူ့ရဲ့မိန်းမတွေ ရှေ့မှာ သူ့ကို ဘယ်လိုများ ဆက်ဆံရဲတာလဲ။

သူက မြင့်မြတ်တဲ့ မျောက်ဘုရင်နော်။ အနာဂတ်မှာ မျောက်မလေးတွေက သူ့ကို ဘယ်လိုမြင်ကြမလဲ။

သူ၏ရင်ဘတ်က နိမ့်လိုက်၊ မြင်လိုက် ဖြစ်လာသည်။ မျောက်ဘုရင်က ရင်ဘတ်ကို တဒုန်းဒုန်းထုပြီး ဘေးဘက်ရှိ လက်နက်ဖြစ်သည့် အသီးတစ်လုံးကို ကောက်ဆွဲပြန်သည်။

ကြမ်းတမ်းခက်ထန်သော အကြည့်မျိုးနှင့် သူက ဆုပိုင်ကို ကောက်ပစ်သည်။

“ကြမ်းတမ်းလိုက်တာ”

ဆုပိုင်က တအံ့တဩ အော်ပြီး ခပ်မြန်မြန် ရှောင်သည်။ သူ၏လက်ထဲမှ နောက်ဆုံးသော သစ်သီးနှစ်လုံးကို ကောက်ပစ်ကာ ထိုသစ်သီးကို ခွဲလိုက်ရပြန်သည်။

သူက ခံဘက်ကပဲ။ ဒီမျောက်က အသိဉာဏ်ရှိလွန်းနေတယ်။

“ကျွီ”

စူးရှသော အော်သံက ထွက်ပေါ်လာပြန်သည်။ ဆုပိုင်၏ နှုတ်ခမ်းများက ကော့တက်သွားသည်။ သူက ထပ်မံ အပစ်ခံလိုက်ရပြန်လေသည်။

ဘာလို့ သူပစ်တိုင်းက ကွက်တိကျနေတာလဲ။ ဒီမျောက်ဘုရင်က ကံဆိုးတာများလား။

မျောက်ဘုရင်က မြေပြင်ပေါ်သို့ ပြုတ်ကျအောင် ပစ်လိုက်ပြီးနောက် ဆုပိုင်က ငုံ့ကိုင်းကာ သစ်သီးတစ်လုံးကို ပြန်ကောက်သည်။

“ဝုန်း”

ရုတ်တရက် မျောက်ဘုရင်က တုန်ယင်စွာဖြင့် ထရပ်လာသည်။ သူ၏မျက်နှာက နီရဲသည်မှာ သွေးများ စိမ့်ထွက်မတတ် ထင်ရသည်။

ဒါက လန်းတယ်။

“ကျွီ”

“သူ့ကို ကိုင်တွယ်လိုက်”

မျောက်ဘုရင်က ရုတ်တရပ် တဖြောင့်တည်း ထရပ်သည်။ သူ၏လက်ဝါးကို ဆန့်တန်းပြီး အရှေ့မှ မုန်းတီးဖွယ်ကောင်းသော ကောင်ကို လက်ညိုးထိုးသည်။ မျောက်ဘုရင်က အော်သည်။

“သောက်ကျိုးနည်း”

ဆုပိုင်က တစ်ချက်ကြည့်လိုက်သောအခါ ရှိနေကြသော မျောက်တိုတိုင်းက သဘောတူညီမှု ယူထားပြီးသလို ဖြစ်သွားကြသည်။ တစ်ချိန်တည်းတွင်ပင် သူတို့က သူတို့၏လက်နက် သစ်သီးများကို မြှောက်ကာ သူ့ထံ အော်ဟစ်လျက် ကောက်ပေါက်လာကြသည်။

ဘန်း ဘန်း ဘန်း

မရေမတွက်နိုင်သော သစ်သီးပေါင်းများစွာက သူ၏ခေါင်းကို လာထိသည်။ ဆုပိုင်ကလည်း မူးဝေသွားရသည်။ ရှေ့မှ မျောက်ပေါင်းများစွာက သူ့ဆီခုန်ဝင်လာမတတ် ကြိုးစားနေကြောင်း မြင်လိုက်ရသည်။

သူက ဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ နောက်လှည့်ကာ ပြေးသည်။

တကယ်ပဲ သူ့ရဲ့တာဝန်က ဘာလဲ။

ဒါက လှည့်စားခံရတာလား။

တာဝန်က ဘာမှတိုးတက်မှု မရှိဘူး။ နောက်ပြီး သူက ဒီမျောက်ဝံတွေကြောင့် သေရတော့မှာ ထင်တယ်။

သူ့ကိုယ်သူပဲ အရင်ကယ်သင့်ပြီ ထင်တယ်။

ဆုပိုင်က နောက်မှလိုက်ဖမ်းနေသော မျောက်တစ်အုပ်ကို ကြည့်နေပြီး သူ၏မျက်နှာက ပျက်ယွင်းလာသည်။ ဒီမျောက်တစ်အုပ်ကို မနိုင်ဘူး။ ဒီသတင်း ပြန့်သွားခဲ့ရင် တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာ သိက္ခာက ရှိပါဦးမလား။

ကျွီ ကျွီ ကျွီ

ရုတ်တရက် အနောက်ဘက်မှ ကျယ်လောင်သည့် အော်သံက ထွက်လာသည်။ ဆုပိုင်က နောက်လှည့်ကြည့်လိုက်ရင်း အရှေ့သို့ အရှိန်နူန်းမြင့်ကာ ပြေးသည်။

မျောက်ဝံက ရူးသွပ်မတတ် ဖြစ်သွားသည်။ သူက ဘောလုံးတစ်လုံးစာ အရွယ်အစားခန့် ရှိမည့် ကျောက်တုံးကြီးတစ်တုံးကို ကောက်ယူလိုက်ပြီး‌ နောက်မှလိုက်လာသည်။

“ဒါကတော့ လွန်သွားပြီ”

ရုတ်တရက် အဝေးမှ သေနတ်ပစ်သံက ပေါ်ထွက်လာသည်။ ဆုပိုင်နှင့် မျောက်တိုတစ်ဖွဲ့က ကြောင်အသွားသည်။

“ဟူး”

မျောက်တိုတစ်ကောင်က သစ်ပင်သစ်ခေါင်းပေါက် တစ်ခုမှ ပြုတ်ကျလာသည်။ သူ၏ရင်ဘတ်မှ သွေးများ စိုရွှဲနေသည်။ သူ၏ဗိုက်တစ်ခုလုံးက ကျည်ဆန်ကြောင့် ပွင့်ထွက်သွားပြီ ဖြစ်သည်။ ထိုသို့ဖြင့် သွေးသံရဲရဲ ဖြစ်နေသည်။

“ပိုင်နက်ကျူးကျော်သူလား။ ဒီတစ်ကြိမ် တာဝန်က ဒါလား”

ဆုပိုင်၏စိတ်က ဗလာဖြစ်သွားသည်။ သူက ခပ်မြန်မြန် တုံ့ပြန်လိုက်ပြီးနောက် ဘေးဘက်ရှိ ခြုံပုတ်သို့ တိုးဝင်လိုက်သည်။

“ကျွီ ကျွီ ကျွီ”

နောက်ဘက်ရှိ မျောက်များကလည်း သူတို့နှင့် မျိုးတူသော မျောက်တစ်ကောင်၏ အလောင်းကို ကြည့်နေပြီး ကြောက်လန့်တကြား အဝေးသို့ စပြေးကြလေသည်။

All Chapters