အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အပိုင်း(၁၉)
“ငါ ဘယ်လိုလုပ်ရမလဲ”
ဆုပိုင်က ချုံပုတ်များ အနောက်တွင် ပုန်းလျက် ခြေထောက်တွင် ချည်ထားသော ဓားမြှောင်ကို ဆွဲထုတ်ယူလိုက်သည်။ သူ၏နဖူးတွင် ချွေးစေးများ ပျံလာလေသည်။
မမျှော်လင့်ထားပဲ ဒီတစ်ကြိမ် တာဝန်က အရမ်းကို အန္တရာယ် များလွန်းနေတယ်။
နောက်ပြီး ဒါက ကျူးကျော်လာသူ ဖြစ်နေတယ်။ အတိတ်တွင် ထိုကဲ့သို့သော ကျူးကျော်သူများ၏ လက်အတွင်း သေခဲ့သော မရေမတွက်နိုင်အောင် မြားပြားသည့် တိရိစ္ဆာန်များ ရှိသည်။
ထိုတစ်ဖွဲ့က လူသားဆန်မှု အကြောင်းအရာကို မသိချေ။ သူတို့က ရက်စက်စွာ သတ်ရုံသာ မကသေးလေပဲ ထိုတိရိစ္ဆာန်များကို ရောင်းချသည်။ တရားမဝင် တိရိစ္ဆာန်ရုံများအတွင်းသို့ တိရိစ္ဆာန်ပေါင်း များစွာကို ထောက်ပံ့ပေးတတ်သေးသည်။
သေးငယ်သော အကျိုးအမြတ်အတွက်နှင့် သူတို့က တိရိစ္ဆာန်ဟာ မည်မျှ ရှားပါးကြောင်း မသိချေ။ ဒါကြောင့် ဂရုမစိုက်ကြချေ။ နောက်ဆုံးတစ်ကောင်တည်းသာ ကျန်လျှင်ပင် အကျိုးအမြတ် လုံလောက်သမျှ တစ်ဖွဲ့လုံးက သားသတ်သမား၏ ဓားကို မြှောက်ရန် တုံ့ဆိုင်းနေကြမည် မဟုတ်ချေ။
“စိတ်အေးအေးထား ဆုပိုင်။ မင်း စိတ်အေးအေး ထားရမယ်”
လေးလံသော အသံနှင့် ခပ်တိုးတိုး ရေရွတ်ပြီးနောက် ဆုပိုင်က ချုံပုတ်အနောက်ဘက်ရှိ သစ်ပင်ရှိရာသို့ ခပ်ဖြည်းဖြည်း ရွှေ့သွားလိုက်သည်။
ထိုလူတစ်ဖွဲ့က မျောက်တိုများကို လာဖမ်းခြင်း မဟုတ်ရန် မျှော်လင့်မိ၏။ အကယ်၍ သူတို့က မျောက်တိုများအတွက် လာရောက်ခြင်းသာ ဆိုလျှင် အခွင့်အရေး ရှိပေလိမ့်မည်။
မျောက်တိုများ၏ အလောင်းများက တန်ကြေးမဲ့သည်။ ထို့ကြောင့် ကျုးကျော်သူများကလည်း အရှင်ဖမ်းချင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ထိုမျောက်တိုများကို ဆပ်ကပ်အတွက် ရောင်းချခြင်း ဖြစ်စေ၊ စားပွဲပေါ်တွင် တည်ခင်းရန်အတွက် ဖြစ်စေ အသက်ရှိ မျောက်တိုက ပို၍ တန်ကြေးမြင့်ပေလိမ့်မည်။
မြေကမ္ဘာခေတ်တွင်ဆိုလျှင် အခြားတိုင်းပြည်ရှိ အဆင့်အတန်းမြင့် အနောက်ပိုင်း စားသောက်ဆိုင်ကြီးများတွင် လူသားများအတွက် မျောက်အရှင်များ၏ ဦးနှောက်များကို ရရှိနိုင်သည်ဆိုသော ကောလဟာလမျိုးကိုပင် ကြားဖူးသေးသည်။
နှလုံးသားမဲ့လိုက်တဲ့ လူတွေပဲ။
“ကျွီ ကျွီ”
ရုတ်တရက် အဝေးရှိ မျောက်တိုအဖွဲ့ထံမှ ထိတ်လန့်သော အသံက ထွက်လာသည်။ ဆုပိုင် နှလုံးသားက အခုန်နူန်း မြန်ဆန်သွားသည်။ သေချာပေါက်ပင် ထိုတစ်ဖွဲ့က မျောက်တိုများအတွက် ရောက်လာခြင်း ဖြစ်သည်။
ဆုပိုင်က ချုံပုတ်များထဲမှ ဂရုတစိုက် ကုန်းထွက်လိုက်သည်။ ထို့နောက် တစ်ဖန်ငုံ့ကိုင်းလိုက်ပြီး အသံရှိရာဘက်သို့ တဖြည်းဖြည်းချင်း ရွှေ့သွားသည်။
“ဟား ဟား ဟား”
အဝေးမှ ရယ်သံကို ကြားရသည်။ ဆုပိုင်က သစ်ပင်နောက်တွင် ပုန်းပြီး အသက်ပြင်းပြင်း ရှူကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ခေါင်းကိုမော့လိုက်ကာ ကြည့်လိုက်သည်။
အရှေ့တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ရှိနေသည်။ သူက ရုပ်ဖျက်ရန်အတွက် အသုံးပြုသော အစိမ်းရောင် ယူနီဖောင်း တစ်ခုကို ဝတ်ဆင်ထားသည်။ သူ၏ သုန်မှုန်သော မျက်ဝန်း၊ မြင့်မားသော နှာတံအရ သူဟာ ရုရှားလူမျိုး ဖြစ်လောက်သည်။
_ _ _
ထိုသန်မာသောလူ၏ လက်ထဲတွင် ကြီးမားသော ပိုက်ကွန်တစ်ခုကို တရွတ်တိုက် ဆွဲလာသည်။ အတွင်းတွင်လည်း မျောက်တိုပေါင်းများစွာ ရုန်းကန်နေကြသည်။
ထိုမျောက်များထဲတွင် ဆုပိုင်နောက် လိုက်ခဲ့သည့် မျောက်ဘုရင်ပင် ပါသေးသည်။
“ကျွီ ကျွီ”
မျောက်ဘုရင်က ထိုအချိန်တွင် အနည်းငယ် ထိတ်လန့်နေသည့်တိုင်အောင် ဒေါသက ပို၍ပိုသည်။ ထို့ကြောင့် သူက အံ့ကြိတ်ကာ ပိုက်ကွန်ကို ကိုက်ဖြတ်သည်။
ဘန်း
ထိုအခြေအနေကို မြင်သည့် သန်မာသည့် ရုရှားလူမျိုးက မျောက်ဘုရင်၏ ခန္ဓာကိုယ်ကို သူ၏မြင့်မားသော လည်သာဖိနပ်ဖြင့် တက်နင်းလိုက်ပြီး ခပ်တင်းတင်း ကြိတ်ခြေသည်။
“ကျွီ ကျွီ ကျွီ”
စူးရှသော အော်သံက ထွက်လာသည်။
ဆုပိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက ထိုမြင်ကွင်းကြောင့် မျက်မှောင်ကျုံ့လိုက်မိ၏။
ဒီမျောက်တိုလေးကို ဘယ်လိုကယ်ရမှာလဲ။
ကျုးကျော်လာသူမှာ သေနတ်ရှိတယ်။ သူ့မှာ ဓားမြှောင်ပဲရှိတာ။
အင်အားချင်း ကွာခြားချက်က သိသာလွန်းနေသည်။ ပို၍ဆိုးသည်မှာ ထိုလူက တစ်ယောက်တည်း မဟုတ်ချေ။ အနည်းဆုံး အသင်းတစ်ခုတော့ဖြင့် ပါဝင်လိမ့်မည်။ ထိုအသင်းတွင် အနည်းဆုံး လူသုံးယောက် ရှိနိုင်သည်။ နောက်နှစ်ယောက်က ပေါ်မလာသေးတာ ဖြစ်လောက်မည်။
“ဟူး”
အသက်ပြင်းပြင်း ရှူပြီးနောက် ဆုပိုင်က ကြမ်းပြင်ပေါ်တွင် တိတ်တဆိတ် လှဲချလိုက်ကာ အရှေ့မှ ပိုက်ကွန်ကြိုးကို ကိုင်လျက် ရပ်နေသော လူသန်မာကြီးကို ကြည့်သည်။ ထိုလူက မျောက်တိုများကို ဆက်တိုက်နှိပ်စက်နေ၏။ ဘေးဘက်တွင်လည်း အလောင်းနှစ်လောင်းက ပိုလာသည်။
{အား အား ငါ ဒေါသထွက်လို့ သေတော့မယ်။ ဒါက ဘယ်နေရာလဲ။ ငါ အဲ့ဒီရုရှားအမျိုးသားကို သွားပြီးသတ်ချင်နေပြီ}
{မျောက်တိုတွေက သနားစရာ ကောင်းလွန်းတယ်။ သားရဲလိုကောင်}
{တင်ဆက်သူက စီစဉ်ထားတဲ့ ပရိုဂရမ်ဖြစ်လောက်ပေမယ့်လည်း ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ဒီကောင်တွေကို ချက်ချင်း ထသတ်ချင်နေပြီ}
{မျောက်တိုတွေက ဘယ်လိုများ သူတို့ကို ရန်စမိခဲ့လို့လဲ။ သူတို့က လူသားတွေတောင် မဟုတ်ပါဘူး။ ဒါပေမယ့် အားနည်းတဲ့ တိရိစ္ဆာန်တွေကို ဒီလောက်ထိ ပစ်မှတ်ထားဖို့ လိုအပ်နေလို့လား}
{တင်ဆက်သူ အလောတကြီး မလုပ်နဲ့။ ဒါက ရီဟာဇယ်လုပ်ထားတဲ့ ပရိုဂရမ်လည်း မဟုတ်ဘူးနော်။ တင်ဆက်သူက ဘာကြောင့် ဒီလိုလုပ်နေမှန်း မသိပေမယ့်လည်း ဒါပေမယ့် တင်ဆက်သူ ကြိုးစားထား။ မျောက်တိုတွေကိုလည်း ရအောင် ကယ်ပေးပါ}
{ဟုတ်တယ် ဟုတ်တယ် အရင်တစ်ခေါက်က ရွှေမြွေကိုတောင် ကယ်နိုင်သေးတာပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်က ပိုပြီး ခက်နေမယ်လို့ ထင်မထားဘူး}
{ငါ့ရဲ့ လက်ဝါးတောင် ချွေးစေးတွေ ချွဲနေပြီ။ ငါ့ရဲ့နှလုံးသားကလည်း လည်ပင်း ကနေ ခုန်ထွက်တော့မယ်}
…
ကွန့်မန့်တွင် လူတိုင်းက ရှေ့မှ မျောက်တိုကို နှိပ်စက်နေသည့် ကြမ်းတမ်းလွန်းသည့် မြင်ကွင်းကို ကြည့်နေပြီး အားလုံးက အသားကုန် အော်ဟစ်နေကြသည်။
ဘန်း
“သားရဲ”
ဟန်တုံးက စားပွဲကို ဖြန်းကနဲ ရိုက်ချလိုက်သည်။ သူ၏မျက်နှာက နီရဲနေသည်။ သူက အသားကုန် ကုန်းအော်၏။ ထိုမြင်ကွင်းက သည်းမခံနိုင်လောက်အောင် ပြင်းထန်လွန်းသဖြင့် သူကပင် မုန်းတီးလွန်းမှုဖြင့် အံကြိတ်နေမိသည်။
ယခုလိုမျိုး အသက်ရှိသော တိရိစ္ဆာန်တစ်ကောင်က ဒီလောကအတွက် အဖိုးတန်သော တည်ရှိမှု တစ်ခု ဖြစ်လေသည်။ သို့သော် ထိုရုရှားကမူ ရက်စက်လွန်းနေသည်။
“မဟုတ်ဘူး ငါ ဒီရှိုးကို အဓိက စာမျက်နှာပေါ် ပို့ပေးရမယ်”
ဟန်တုံးက အံကြိတ်လိုက်ရင်း ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှတ်မှုအခန်းကို အဓိက စာမျက်နှာ၏ ဘန်နာနားတွင် ချိတ်ဆွဲပေးလိုက်သည်။
“မျောက်တိုတွေကို ကယ်တင်ပါ။ တင်ဆက်သူ ကြိုးစားထား”
ဒါက တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုမျှသာ သိနေသည့်တိုင်အောင်၊ ဒါဟာ အတုအယောင် ပရိုဂရမ် ဖြစ်ကောင်း ဖြစ်နေနိုင်သည့်တိုင်အောင် _ _ _ အတုအယောင်ဆိုလျှင်ပင် အနည်းဆုံး ယခုလောက်အထိ သာမာန်ဆန်ပြီး သနားညှာတာဖွယ်ကောင်းလွန်းသည့် အခြေအနေမျိုးကို မြင်တွေ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူက သူ၏ကိုယ်ပိုင်လုံခြုံရေးကိုပင် ဂရုမထားပဲ ထိုရုရှား ကျူးကျော်သူကို ဖိနှိပ်ရန် ခုန်ထွက်သွားရင်း မျောက်တိုကို ကယ်ဆယ်မည် ဖြစ်သည်။
မျိုးတုန်းအောင် သတ်ဖြတ်ခြင်း နည်းလမ်းမျိုးက သာမာန်ကပ်ဘေးဆိုက်ရောက်ခြင်းထက်ပင် ပိုပြီး ကူကယ်ရာမဲ့စေသည်။
သက်ရှိတစ်ယောက်ကို ဒီလောက်ထိ နှိပ်စက်လိုက်ရင် ဘယ်လို အကျိုးအမြတ်များ ရရှိနိုင်မှာမို့လို့လဲ။
“တစ်ယောက်ယောက် ရှိသေးတာလား”
ဟန်တုံးက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ လျှောက်ဝင်လာသည့် ရုရှားအမျိုးသား နှစ်ယောက်ကို ကြည့်ပြီး မျက်လုံးက ပြူးသွားသည်။
“ဟူး ဟူး ဟူး”
ဆုပိုင်က သစ်ပင်ကြီးနောက်တွင် အမောတကော အသက်ရှူနေရင်း အရှေ့မှ ထပ်ဝင်လာနေသည့် ရုရှားအမျိုးသားနှစ်ယောက်ကို ကြည့်သည်။ ထိုသို့ဖြင့် အနောက်ဘက်တွင်လည်း ပို၍များပြားသည့် မျောက်တိုများကိုလည်း တရွတ်တိုက် အဆွဲခံလာရသည်။ ထိုသို့ဖြင့် ကျူးကျော်သူက သုံးယောက် ဖြစ်နိုင်သည်။
ထို့အပြင် သူတို့သုံးယောက်လုံး၏ ကျွမ်းကျင်သော ပုံပန်းသွင်ပြင်ကို အကဲခတ်ရုံနှင့် ယခုလိုမျိုး လာရောက်ဖမ်းဆီးခြင်းက ပထမဦးဆုံးအကြိမ် မဟုတ်နိုင်ချေ။
“ဟင်”
ရုတ်တရက် သန်မာသော ရုရှားအမျိုးသားက ကျောပိုးအိတ်ကို ဖွင့်လိုက်ပြီး အတွင်းမှ ရွက်ဖျင်တဲကို တစ်ခုကို ထုတ်သည်။ သူက နေရာတွင်ပင် ရွက်ဖျင်တဲ ဆောက်နေလေသည်။
“ဒီနေရာမှာ အိပ်ချင်တာလား။ ဖမ်းမိထားတဲ့ မျောက်တိုတွေ အရေအတွက်က မလုံလောက်ဘူးလား”
ဆုပိုင်က ခပ်တိုးတိုး ရေရွတ်သည်။
ထိုသို့သာဆိုလျှင် ညအချိန် ရောက်လာသောအခါ သူက မျောက်တိုများကို ကယ်ဆယ်နိုင်သည့် အခွင့်အရေး ရှိပေလိမ့်မည်။
သန်မာသော လူက ရွက်ဖျင်တဲ သုံးခုလုံကို တဖြည်းဖြည်းချင်း တည်ဆောက်နေသော မြင်ကွင်းကို ကြည့်နေရင်း ဆုပိုင်က မြေပြင်တွင် လှုပ်ရှားမှုမဲ့စွာ လှဲနေလိုက်သည်။ သူက နေဝင်သွားသည်အထိ တိတ်တဆိတ်စောင့်နေခဲ့ခြင်း ဖြစ်သည်။
ညပိုင်းအတောအတွင်း အခြေအနေအရ အပူချိန်ဟာ အလွန်နိမ့်၏။ ဆုပိုင်၏ နှုတ်ခမ်းများက ခရမ်းရောင်သန်းလာသည်။ သို့တိုင်အောင် သူက မြေပြင်တွင် လှဲနေပြီး မလှုပ်ရှားခဲ့ပေ။
နောက်ဆုံးတွင် …
ငါးနာရီအကြာ စောင့်ဆိုင်းပြီးနောက် ကျူးကျော်သူ သုံးယောက်လုံးက ပိုက်ကွန်များအားလုံး၏ ကြိုးကို တင်းကြပ်စွာ ချည်ထားကြသည်။ အတွင်းတွင် မျောက်တိုများအားလုံးက အထပ်ထပ် အချုပ်ခံထားရသည်။ ထို့နောက် သူတို့က ရွက်ဖျင်တဲ အတွင်းသို့ ဝင်ပြီး အမောတကော အသက်ရှူကြသည်။
“ဟစ် ဟစ် ဟစ်”
ဆုပိုင်၏ ခန္ဓာကိုယ်က အေးစက်လွန်းသည့် အပူချိန်ကြောင့် တောင့်တင်းလွန်းနေပြီ ဖြစ်သည်။ သူက မြေပြင်တွင် လှဲနေရင်း သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခါကြည့်သည်။ ထို့နောက်ခန္ဓာကိုယ်ကို အနွေးဓာတ် ရယူရန် ကြိုးစားသည်။
နောက်ထပ် နာရီဝက်ခန့်ထိ စောင့်ဆိုင်းပြီးနောက် ကျူးကျော်သူ သုံးယောက်က အိပ်မောကျသွားကြောင်း သေချာမှသာ မျောက်တိုများကို သူက ကယ်တင်ပေးနိုင်မည် ဖြစ်သည်။
“ဟူး”
ဆုပိုင်က လက်ဆန့်ထုတ်ရင်း ပါးကို တစ်ချက်ရိုက်သည်။ အေးစက်သော ခံစားချက် မရတော့မှသာ ရှေ့သို့ ဂရုတစိုက် တွားသွားလိုက်သည်။
“ကျွီ ကျွီ ကျွီ”
တစ်နေ့လုံး နှိပ်စက်ခံရပြီးနောက် မျောက်ဘုရင်ကလည်း မှေးမှိန်နေသော တောအဝေး တစ်နေရာသို့သာ စိုက်ကြည့်နေဖြစ်လေသည်။ ယခင်တစ်ခေါက် မျောက်ဘုရင်က ယခုလို အဖမ်းခံရပြီးနောက် တစ်ကြိမ်သော်မှ ပြန်မရောက်မလာခဲ့ချေ။ ထိုလူတစ်ဖွဲ့က သူတို့ကို မည်သည့်အတွက်ကြောင့် မကြာခဏ လာဖမ်းနေကြောင်း သူကိုယ်တိုင်လည်း နားမလည်နိုင်ချေ။
ရုတ်တရက် အဝေးတစ်နေရာရှိ မြေပြင်ပေါ်တွင် အနက်ရောင် အရိပ်တစ်ရိပ်က ပေါ်လာသည်။ ထိုအရိပ်က သူတို့ထံ တွားသွား၍ လာနေသည်။
မျောက်ဘုရင်၏ မျက်ဝန်းက တောက်ပသွားသည်။ သူက မြေပြင်ပေါ်မှ ဘန်းကနဲခုန်ကာ ထထိုင်လိုက်၏။ ပိုက်ကွန်၏ ကြိုးကို လက်နှစ်ဖက်လုံးဖြင့် ခပ်တင်းတင်း ကိုင်ရင်း အဝေးမှ တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့် အရိပ်ကို စိုက်ကြည့်နေသည်။
ဒီလူက နေ့ခင်းက သူတို့နဲ့အတူ ကစားနေခဲ့တဲ့သူ မဟုတ်လား။ သူ့တို့ကို လာကယ်တာလား။
++++++
အပိုင်း(၂၀)
“ရှူး”
ဆုပိုင်က မြေပြင်မှ တဖြည်းဖြည်းချင်း ထရပ်ရင်း သူ၏နှုတ်ခမ်းရှေ့တွင် လက်ညိုးတင်လျက် သူ၏အရှေ့မှ မျောက်ဝံကို အသံမထုတ်ရန် အချက်ပြလိုက်သည်။ သူ ဒီနေရာသို့ မလာခင်ကအထိ ဆုပိုင်က စိုးရိမ်ခဲ့ရသေးသည်။ မည်သို့ပင်ဆိုစေ မျောက်တိုများက တောရိုင်းတိရိစ္ဆာန်များ ဖြစ်သည်။ သူတို့၏ အသိဉာဏ်က မနှိမ့်သည့်တိုင်အောင် သူ၏ညွှန်ကြားမှုအတိုင်း အပြည့်အဝ နာခံပါ့မလားဟု မသေချာပေ။ သို့သော်_ _ _
ကံကောင်းသည်မှာ မျောက်ဘုရင်က ဆုပိုင်လုပ်ပြသည့် ဟန်အမူအယာကို နားလည်သည်။ သူက အသံမထွက်ရုံသာ မကသေးလေပဲ ဘေးဘက်ရှိ မျောက်တိုင်း၏ မသက်မသာ ဖြစ်နေသော ငြီးငြူသံကိုပင် ဖိနှိပ်ခိုင်းလေသည်။
“ကောင်းပြီ”
ဆုပိုင်က လက်မထောင်ပြသည်။ ထို့နောက် ခေါင်းလှည့်ပြီး ဘေးဘက်ရှိ ရွက်ဖျင်တဲ သုံးခုကို ကြည့်သည်။ သူက ဟောက်သံကို ကြားရသည်။ သူတို့အားလုံးက နှစ်ခြိုက်စွာ အိပ်မောကျလေသည်။
ဆုပိုင်က သူ၏ခြေထောက်ဘောင်းဘီနားမှ ဓားမြှောင်ကို တဖြည်းဖြည်းချင်း ဆွဲနုတ်လိုက်ပြီး ပိုက်ကွန်ကြိုးနားသို့ ကပ်သွားသည်။
“လိမ်လိမ်မာမာနေ။ ခဏနေရင် အဲ့ဒီဘက်ကို ပြေးသွားနော်”
သူက သူ့ကိုယ်သူ လက်ညိုးထိုးပြပြီးနောက် အဝေးရှိ တောစုများကို ပြန်လည်ထိုးပြသည်။ ထို့နောက် မျောက်ဘုရင်နဖူးမှ သွေးများကို သုတ်ပြီး ခပ်တိုးတိုးပြောသည်။
ရုတ်တရက် မျောက်ဘုရင်က ဆုပိုင်၏လက်ဖဝါးကို လှမ်းကိုင်သည်။ အသိဉာဏ်ပြည့်ဝလွန်းသော မျက်ဝန်းတစ်စုံနှင့် သူ့အား ကြည့်ကာ တည်ငြိမ်စွာ ခေါင်းညိတ်ပြလာသည်။
“ကျွီ”
ဓားမြှောင်က ပိုက်ကွန်ကြိုးကို လှီးဖြတ်သောအခါ ထွက်ပေါ်လာသည့်အသံက တိတ်ဆိတ်သော ညအတွင်း စူးရှသော အသံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဒါက အလုပ်မဖြစ်ဘူး။
ဆုပိုင်က အောက်ကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ ထို့နောက် ပိုက်ကွန်၏ကြိုးကို ဆက်မဖြတ်တော့ပဲ ရပ်တန့်လိုက်သည်။
ထိုမျောက်တိုများ၏ ပါးစပ်တွင် သွေးများ စိုရွှဲနေသည်မှဦ အံ့ဩစရာမရှိချေ။ ပိုက်ကွန်ကြိုးက သတ္တုသား ပါဝင်နေလေသည်။ ကြိုးနှင့် သတ္တုသားကို ရောယှက်ကာ အသုံးပြုထားသည့် ပိုက်ကွန်ဖြစ်သည့်အလျောက် ကိုက်ဖြတ်ရန် ခက်ခဲသည်။
ဓားမြှောင်က သတ္တုကို ဖျက်နိုင်သော်လည်း အသံက အလွန်ကျယ်သည်။ ထိုလူများ နိုးသွားနိုင်သည်။
“ဟူး”
ဆုပိုင်က အံကြိတ်လိုက်ပြီး သူ၏ ဂျာကင်ကို ချွတ်လိုက်သည်။ အေးစက်သည့် လေက သူ့ကို ဝင်တိုးလာသည်။ ဆုပိုင်က တုန်ယင်သွားရ၏။
သူက ကုတ်အင်္ကျီကို ကြိုးပိုက်ကွန်နားတွင် ရစ်ပတ်လိုက်ပြီး စတင်ကာ လှီးဖြတ်သည်။
သို့ရာတွင် ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများ၏ အရေအတွက်က ငါးသောင်းအထိ ရောက်ရှိသွားပြီ ဖြစ်သည်။ လူတိုင်းကလည်း ရှေ့မှမြင်ကွင်းကို ဂရုတစိုက် ကြည့်နေကြသည်။ သူတို့၏ နှလုံးသားက တင်းကြပ်နေကြသည်။
ထိုအချိန်တွင် ဆုပိုင်၏မျက်လုံးက အလွန်တည်ငြိမ်နေလျက် အာရုံအပြည့် စိုက်ထားသည်။ လူတိုင်းကလည်း အသက်ရှူအောင့်လျက် အသားကုန် ခုန်လှုပ်နေသော နှလုံးသားနှင့်အတူ စောင့်ကြည့်နေကြရသည်။
{သေစမ်း သေချာပေါက် အောင်မြင်ရမယ်။ ဒီမျောက်တွေက သနားစရာကောင်းလွန်းတယ်}
{ဟုတ်တယ် တင်ဆက်သူ။ ဒါပေမယ့် hostရဲ့ နူတ်ခမ်းတွေတောင်မှ အအေးကြောင့် ခရမ်းရောင် ပြောင်းနေပြီ။ သောက်ကျိုးနည်း ဒါက ဘယ်လိုတိုက်ရိုက်ထုတ်လွှင့်မှုလဲ။ ငါ့ရဲ့ မျက်လုံးထဲတောင် သဲဝင်သွားသလိုပဲ}
{လာစမ်းပါ ကြိုးစားထား တင်ဆက်သူ}
{ဒီမျောက်တွေက တအားကို နာခံပါတယ်။ တင်ဆက်သူက သူတို့ကို ကယ်နေမှန်းသိတော့ တိတ်နေကြတယ်လေ။ သူတို့က တအား အသိဉာဏ်ရှိတာပဲ}
{ငါ ဆက်မထိန်းနိုင်တော့ဘူး။ ဒီ တင်ဆက်သူက ဘယ်နေရာကလဲ။ ဒီတိုက်ရိုက်ထုတ်လွှင့်မှု အခန်းက တအားကို ကောင်းမွန်လွန်းနေတယ်}
{သေချာပေါက် ကြိုတင် ရီဟာဇယ် မလုပ်ထားမှာ သေချာတယ်။ မဟုတ်ရင် ဒီလောက်အထိ ခံစားရစရာ အကြောင်းမရှိဘူး}
{အရမ်းကို ထိတ်လန့်သဲဖို ဆန်လွန်းပါတယ်။ ကြိုးစားထား တင်ဆက်သူ}
လူတိုင်းက ဆုပိုင်အတွက် ဆက်လက်ပြီး အားပေးနေကြသည်။
ထိုအခိုက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ လူသောင်းပေါင်းများစွာ၏ နှလုံးသားက ဆုပိုင်နှင့်အတူ ချည်နှောင်ထားသည်။ ထိုမျောက်တစ်အုပ်ကို ကယ်တင်နိုင်ခြင်း ရှိမရှိက သူ့အပေါ် မူတည်နေသည်။
ဘန်း
ရုတ်တရက် ခပ်ထိုင်းထိုင်း အသံတစ်ခုက ထွက်လာသည်။ ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ နောက်ဆုံးတွင် ပိုက်ကွန်ကြိုးကို ဖျက်နိုင်သွားလေသည်။
မျောက်ဘုရင်ကို တစ်ချက် လက်ယမ်းပြပြီးနောက် ကြိုးကို မ ပေးလိုက်လျက် ထိုမျောက်တိုအဖွဲ့ ချောချောမွေ့မွေ့ ထွက်နိုင်အောင် ကူညီပေးသည်။
မျောက်တိုတစ်အုပ်က အောင်မြင်စွာ ထွက်လာနိုင်ကြောင်း မြင်သောအခါ ဆုပိုင်က ထိုမျောက်တိုတစ်အုပ်ကို ဦးဆောင်လျက် ကြိုးအနောက်ဘက်သို့ တဖြည်းဖြည်းချင်း သွားသည်။
ရုတ်တရက် သူ၏အနောက်ဘက်ရှိ ရွက်ဖျင်တဲ့၏ ဇစ်က ပွင့်လာသံကို ကြားရသည်။
“မကောင်းတော့ဘူး သွားရအောင်”
ဆုပိုင်က အများကြီး ဂရုမစိုက်နိုင်တော့ချေ။ သူက မြေပြင်သို့ ကျသွားသော အဝတ်ကိုပင် မကောက်နိုင်တော့ချေ။ သူက ထိုမျောက်တိုများကို လက်ယမ်းပြပြီး တောထဲသို့ ခပ်မြန်မြန်ပြေးသည်။
ဒိုင်း
သေနတ်သံ တစ်သံက ထွက်လာသည်။
“ကျွီ ကျွီ ကျွီ”
မျောက်တိုတစ်ကောင်က ရပ်တန့်သွားသည်။ သူက သူ၏ရင်ဘတ်ရှိ အပေါက်မှ ထွက်လာသော သွေးကို တဖြည်းဖြည်းချင်း ငုံ့ကြည့်သည်။ လက်က ဆက်တိုက်ယမ်းနေလျက် အမူအယာမျိုးဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
“သွားရအောင်”
ဆုပိုင်က အော်လေသည်။ သူက ရှေ့သို့ ငုံ့ကိုင်းလိုက်ပြီး အသားကုန်ပြေးသည်။
ကျူးကျော်သူ သုံးယောက်ကလည်း တစ်စုံတစ်ယောက်ဟာ မျောက်တိုများကို လာကယ်ကြောင်း သိလောက်သည်။ ထို့ကြောင့် သူတို့ကို မိသွားမည်ဆိုလျှင်ပင် ထိုလူအုပ်၏ ရက်စက်ကြမ်းတမ်းမှုအရ အသက်ရှင်နိုင်မည် မဟုတ်ချေ။
“ကျွီ ကျွီ ကျွီ”
ရုတ်တရက် အရှေ့မှ မျောက်တိုဘုရင်က ရပ်တန့်လိုက်သည်။ သူက ဆုပိုင်ထံ လက်ယမ်းပြသည်။ သူ၏ ခန္ဓာကိုယ်က တောင် စမ်းချောင်းအနီးအနားသို့ ပျောက်ကွယ်သွားလေသည်။
“တိုက်ခိုက်”
ထိုအကောင်က သူ့ကို လမ်းပြနေခြင်း ဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် ဆုပိုင်ကလည်း နောက်မှ အလျင်စလို ပြေးလိုက်လိုက်သည်။ သူကလည်း မရပ်တန့်ခဲ့ချေ။
နောက်မှ သေနတ်သံများက ဆက်တိုက်ထွက်ပေါ်နေသည်။ ဆုပိုင်ကလည်း သူ၏နားထဲ ဆက်တိုက်တွန်းဝင်နေသည့် လျင်မြန်လွန်းသည့် လေအေးဖြတ်တိုက်မှုကို ခံစားနေရသည်။
ဒါက ကျည်ဆံဖြစ်သည်။ သူ့ကို ထိလုနီးပါးပင် ဖြစ်သွား၏။
တစ်ခဏခန့် ကြာသည်အထိ ဆုပိုင်၏မျက်နှာက ဖြူဖျော့နေသေးသည်။ သူ၏ပါးပြင်တောက်လျောက် အေးစက်လွန်းသော ချွေးများက စီးကျလာသည်။
ကျူးကျော်သူက ရူးသွပ်သွားပုံပေါ်သည်။ သူက သူ၏အသက်ကို ဂရုမစိုက်တော့ပဲ ဆက်တိုက်ပစ်ခတ်နေလေသည်။
“ကျွီ ကျွီ ကျွီ”
ရုတ်တရက် နောက်ဘက်မှ မျောက်ဝံပေါင်းများစွာက အော်ဟစ်ကြသည်။ ဆုပိုင်က ဘေးကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။ ထိုအခါ ရှေ့မှဦးဆောင်နေသော မျောက်ဝံဘုရင်ထံ နှစ်ကြိမ်မြောက် အော်ဟစ်လိုက်သည့် မျောက်ဝံအချို့ကို မြင်လိုက်ရသည်။ ထို့နောက် ထိုသို့အော်ဟစ်ပြီးနောက် ထိုမျောက်ဝံများက နောက်သို့ လှည့်ပြေးလာပြီး ဩရှသည့်အသံများ လုပ်လျက် ဆုပိုင်တို့နှင့် ဆန့်ကျင့်ဘက်သို့ ပြေးသွားလေသည်။
“ဒါက_ _ _ “
ဆုပိုင်က မျက်လုံးပြူးသွားသည်။ သူက ရှေ့မှမြင်ကွင်းကို မယုံနိုင်သလို ကြည့်သည်။
ထိုမျောက်တိုများက ရည်ရွယ်ချက်ရှိရှိနှင့် သူတို့၏တည်နေရာကို ခေါ်ပြပြီး နောက်မှလိုက်ဖမ်းသူများကို အယောင်ပြကာ မြှားခေါ်သွားခြင်းဖြစ်သည်။
“သေစမ်း”
ဆုပိုင်၏ မျက်လုံးများက နီရဲသွားသည်။ သူက အံကိုကြိတ်သည်။ သူ၏ခေါင်းကို တစ်ဖက်ပြန်လှည့်ပြီး ရှေ့သို့အလောတကြီး ပြေးသည်။
ယခုအနေအထားအရ မျောက်တိုများကို ကယ်တင်ရန် လုံအပ်ရုံသာ မကသေးလေပဲ ထိုကျုးကျော်သူများကိုလည်း သင်ခန်းစာတစ်ခု ပေးရပေမည်။
“ကျွီ ကျွီ ကျွီ”
မျောက်ဝံက ဂူတစ်ဂူ၏ အရှေ့တွင် ရပ်နေသည်။ သူက အတွင်းသို့ ညွှန်ပြပြီး ဆုပိုင်ကို ဆက်တိုက် အော်ပြောနေသည်။
“သွားရအောင်”
ဆုပိုင်က အံကိုကြိတ်လိုက်သည်။ အတွင်းသို့ ငုံ့ကိုင်းကာ ဝင်လိုက်သည်။ အတွင်းက အလွန်မှောင်နေသည်။ သူ၏လက်ချောင်းကိုပင် မမြင်ရချေ။ ကျောက်တုံးနံရံကိုသာ ထိတွေ့ရင်း ရှေ့သို့ဆက်သွားနေရခြင်းဖြစ်သည်။
“ကျွီ ကျွီ ကျွီ”
မျောက်ဝံဘုရင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ဆုပိုင်က တစ်ဖက်ခြမ်းသို့ ဆွဲခေါ်သွားသည်။ ထိုနေရာက လူတစ်ယောက်စာ ကွက်တိဆန့်သော ဂူပေါက်လေးဖြစ်သည်။
“ကျွီ ကျွီ ကျွီ”
အကြိမ်အနည်းငယ် အော်ဟစ်ပြီးနောက် မျောက်ဝံဘုရင်က နောက်သို့လှည့်ကာ အပြင်သို့ ပြန်ပြေးထွက်သွားပြန်သည်။
“ငါက ဒီမှာပုန်းနေရင် သူတို့က ဘယ်လိုလုပ်မလဲ”
ဆုပိုင်၏ မျက်နှာအမူအယာက ပြောင်းလဲသွားသည်။ သူက ခပ်မြန်မြန်ထသည်။ သူက မျောက်တိုများကို ကယ်တင်ချင်ခြင်းဖြစ်သည်။ မျောက်တိုများက သူ့ကို ကယ်တင်၍ မဖြစ်နိုင်ချေ။
ဒီတာဝန် ကျရှုံးသွားခဲ့သော် ထိုမျောက်တိုတစ်အုပ်က မည်သည့်နည်းနှင့်မှ ရှင်သန်နိုင်တော့မည် မဟုတ်ချေ။
“ဟူး”
ဆုပိုင်က လေအေးများကို ရှိုက်ထုတ်လိုက်သည်။ သူက တစ်ဖန်ငုံ့ကိုင်းပြီး နံရံကို ထိတွေ့လျက် ဝင်ပေါက်ထံ ပြန်သွားသည်။
ဒိုင်း
ရုတ်တရက် သေနတ်သံက ထွက်ပေါ်လာသည်။ မျောက်တိုတစ်အုပ်ကလည်း ရောက်လာ၏။
သူတို့က မထွက်ပြေးနိုင်ခင် ကျူးကျော်သူက သူတို့ကို ဖမ်းမိသွားသည်။
“အတွင်းကိုဝင်”
ဆုပိုင်က အော်လိုက်သည်။ သူက မျောက်တိုများကို အတွင်းသို့ မောင်းထည့်လိုက်ပြီး တောင်နံရံနားတွင် ရှိသည့် တွင်းပေါက်တစ်ခုထံ အယောင်ပြ မြှားသွားလိုက်သည်။
ကလစ် ကလစ်
မြေပြင်ပေါ်သို့ နင်းလျှောက် ထွက်ပေါ်လာတတ်သည့် လည်သာဖိနပ်သံက ထွက်ပေါ်လာသည်။ ဆုပိုင်က မျောက်တိုဘုရင်၏ ခေါင်းကို ဖိချထားလိုက်ပြီး အမွှေးများကို ချောမွေ့သွားအောင် ပွတ်သပ်ပေးသည်။ မျောက်ဝံဘုရင်ကလည်း တုန်ယင်နေကြောင်း သူကလည်း ခံစားမိလေသည်။
ဆုပိုင်၏ အတွေးကို ခံစားမိသလိုမျိုး မျောက်တိုဘုရင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။
ဂူအဝမှတဆင့် ဝင်ရောက်လာသော အလင်းက တဖြတ်ဖြတ်လက်နေပြီး ဆုပိုင်က မျောက်တိုဘုရင်ကို ဖက်ထားပြီး နောက်သို့ဆုတ်သည်။
သူ၏အရှေ့တွင် မဲမှောင်နေသည့် ပြောင်းတိုသေနတ်တစ်လက်က ပေါ်လာသည်။ ဖြတ်လျှောက်လာသော လည်သာဖိနပ်ကို မြင်နေရသည့် ဆုပိုင်က အံကိုကြိတ်လိုက်ပြီး ဓားမြှောင်ကို ဆွဲထုတ်လျက် တဖြည်းဖြည်းချင်း ရှေ့သို့ ကုန်းလိုက်သည်။
“ကျွီ ကျွီ ကျွီ”
ရုတ်တရက် မျောက်တိုဘုရင်က အော်သည်။ သူက မြေပြင်မှ ခုန်ထွက်လိုက်ပြီး အရှေ့မှဆိုးယုတ်သော အမျိုးသား၏ခေါင်းကို ခပ်တင်းတင်း ကောက်ဖက်လိုက်သည်။ ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်က မြေပြင်ပေါ်မှ ခုန်ထပြီး ခုန်အုပ်လိုက်သည်။
++++++
အပိုင်း(၂၁)
“အား”
“ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး”
ဆုပိုင်က ထိုလူသန်မာကြီး၏ လက်ထဲမှ ပြောင်းတိုသေနတ်ကို ဖမ်းလုလိုက်ပြီး သူ၏ဓားမြှောင်ကို သုံးလျက် တိုက်ခိုက်သူ၏ လည်ပင်းကို ခပ်တင်းတင်း ဖိထားလိုက်သည်။
သူက တစ်ဖက်သူ ပြောနေသည့် ဘာသာစကားကို နားမလည်သည့်တိုင်အောင် ဓားမြှောင်ထံမှ အေးစက်မှုအရ ထိုရုရှားအမျိုးသားက တုန်ယင်သွားလေသည်။
“မျောက်တိုဘုရင် ဆင်းလာတော့”
ထိုလူသန်မာကြီး၏ ဆံပင်ကို ဆက်တိုက်ဆုပ်ဖြဲနေသည့် မျောက်တိုဘုရင်က တွန့်ဆုတ်စွာဖြင့် အောက်သို့ ဆင်းလာသည်။
“ထွီ”
ဆုပိုင်၏ မျက်လုံးက မှေးကျင်းသွားသည်။ ထိုလူသန်မာကြီး၏ ပေါင်းကို ထက်ရှသော ဓားဖြင့် တစ်ချက်ထိုးစိုက်လိုက်သောအခါ သွေးများက ပန်းထွက်လာသည်။
“အား”
အော်သံက ထွက်လာသည်။
ဓာတ်မီးကို ကောက်ယူလိုက်ပြီးနောက် ရှေ့မှထိုလူ၏ မျက်နှာကို ဂရုတစိုက်ကြည့်လိုက်သည်။ ထို့နောက် ဆုပိုင်က ငုံ့ကိုင်းလိုက်ပြီး လူ၏အဝတ်တိုင်းကို ဆွဲချွတ်သည်။
“ဟွန့်”
“သွားရအောင်”
မြေပြင်တွဲ လှဲကာ အော်ဟစ်နေသည့် ထိုကျူးကျော်သူကို ကြည့်နေသည့်အချိန်တွင် ဆုပိုင်ထံတွင် မည်သည့် သနားညှာတာသည့် ခံစားချက်ကိုမှ မခံစားရချေ။ သူက ကြင်နာလွန်းသည်ဟုပင် ခံစားရသေးသည်။ ထိုလူက မျောက်တိုပေါင်းများစွာကို ပစ်သတ်ခဲ့သည်။ သူကမူ ပေါင်ကို ဓားဖြင့်သာ ထိုးထားခဲ့၏။ ဒါက ဈေးပေါလွန်းနေသေးသည်။
သို့ရာတွင် အပြင်ဘက်တွင်လည်း နောက်ထပ် ကျူးကျော်သူနှစ်ယောက် ရှိနေသေးသည်။ သူတို့တွင်လည်း ပြောငးတိုသေနတ်များ ပါသည်။ ဒီနေ့ သူက ထိုကျုးကျော်သူများကို သင်ခန်းစာ ပေးမည်ဖြစ်သည်။ သူတို့က မည်သည့်နည်းနှင့်မျှ ပြန်လာပြီး မကျူးကျော်နိုင်တော့အောင် လုပ်ရပေမည်။
“ကျွီ ကျွီ ကျွီ”
မျောက်တိုဘုရင်က ဆုပိုင်၏ အရှေ့တွင် ရပ်နေသည်။ သူက ခပ်ပြင်းပြင်း နှာမှုတ်လိုက်ပြီးနောက် လက်ချောင်းတို့ကို ဆန့်တန်းကာ တစ်နေရာသို့ ညွှန်ပြသည်။
ဒိုင်း
ရုတ်တရက် အဝေးမှ သေနတ်သံတစ်သံ ထွက်ပေါ်လာသည်။ ဆုပိုင်က ခပ်မြန်မြန် လိုက်သွားသည်။
အဝေးမှကြည့်သော် နောက်ထပ် ကျူးကျော်သူတစ်ယောက်က ပြောင်းတိုသေနတ်ကို ကိုင်ထားပြီး သစ်ပင်အနှံ့ထွက်ပြေးနေသည့် မျောက်တိုများကို ပစ်ခတ်နေကြောင်း မြင်ရသည်။
ဒိုင်း
သေနတ်သံက ထပ်ထွက်လာသည်။ ကျူးကျော်သူက မြေပြင်သို့ လဲကျသွားပြီး သူက သူ့ပေါင်ကို အုပ်ကိုင်ထားရင်း ငြီးငြူနေသည်။ ဆုပိုင်က အနားသို့ ပြေးလျှေက်သွားသည်။ ဘေးဘက်ရှိ မျောက်တိုဘုရင်က ချက်ချင်း ခုန်ဝင်လာသည်။ သူက နာခံစွာဖြင့် ဘေးဘက်သို့ ကျသွားသည့် ပြောင်းတိုသေနတ်ကို ကောက်ကိုင်ကာ အဝေးသို့ ပစ်လိုက်သည်။
“ကျစ်”
နှုတ်ဆက်လိုက်သလိုကြီး သစ်ပင်ပေါ်ရှိ မျောက်တိုတိုင်းက အောက်ဘက်သို့ ခုန်ဆင်းလာပြီး ထိုကျူးကျော်သူ၏ အဝတ်များ၊ အသာအရေများကို ရူးသွပ်စွာဖြင့် ဆုတ်ဖြဲကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ကျူးကျော်သူ၏ တစ်ကိုယ်လုံးက အဝတ်ဗလာ ဖြစ်သွားသည်။
“ဝူး ဝါး ဝူး ဝါး ဝူး ဝါး”
သူက စကားဆက်ပြောသည်။ သို့သော် ဆုပိုင်က နားမလည်ချေ။ သူ၏နှုတ်ခမ်းများက ကော့တက်သွားသည်။ ထို့နောက် ပြောင်းတိုသေနတ်ကို ကိုင်ပြီး တစ်ဖက်သူ၏ အနားသို့ လျှောက်သွားလိုက်သည်။
ဘန်း
ကျုးကျော်သူ၏ ခေါင်းတည့်တည့် သေနတ်ဖင်ဖြင့် ဆောင့်ရိုက်လိုက်ပြီး ထိုလူကို မေ့သွားစေလိုက်သည်။
ထို့အပြင် နောက်ဆုံးကျူးကျော်သူ တစ်ယောက် ကျန်သေးသည်။ ထိုကျူးကျော်သူကို သုတ်သင်ပြီးသည်နှင့် ဒီနေ့၏တာဝန်က ပြီးမြောက်သွားလေပြီ။
မျောက်တိုအချို့ သေသွားသည့်တိုင်အောင် ဆုပိုင်က မပေါ်လာခဲ့လျှင် အားလုံးက မျိုးတုန်းပျောက်ကွယ်သွားသည်အထိ အန္တရာယ်များလေသည်။
ထို့အပြင် သူတို့ကို စောင့်ကြိုနေမည်မှာ တစ်သက်တာ ကျွန်ပြုခံရခြင်း သို့မဟုတ် စားပွဲပေါ်ရှိ စားစရာများအဖြစ် ပြောင်းလဲခံရခြင်း ဖြစ်သည်။ မည်သည့်နည်းက ဖြစ်လာစေကာမူ ယခုအခြေအနေထက် အလွန့်အလွန် ဆိုးရွားပေလိမ့်မည်။
“ဝူး ဝါး ဝူး ဝါး ဝူး ဝါး”
နောက်မှ အော်သံတစ်သံက ထွက်လာသည်။ ဆုပိုင်က ခေါင်းကို ခပ်မြန်မြန် လှည့်လိုက်သည်။ မမျှော်ထားစွာပင် နောက်ဆုံးကြီးကြပ်သူက သူ့ထံ သေနတ်ကို ချိန်ထားသည် ဖြစ်သည်။
{သောက်ကျိုးနည်း ဒါက ဘယ်လို တင်ဆက်မှုမျိုးလဲ။ တင်ဆက်သူရေ မြန်မြန်လေး ဂရုစိုက်ပေးလို့ ရမလား}
{လုံးဝကို ရင်နာစေလောက်တဲ့ မြင်ကွင်းမျိုးပဲ။ ငါ့ကို မေးမြန်းမယ်ဆိုရင် ဒီကျူးကျော်သူ သုံးယောက်ကို သတ်ပစ်သင့်တယ်လို့ ထင်တယ်။ သူတို့က မုန်းတီးစရာ ကောင်းလွန်းတယ်}
{အခု ငါ နားလည်ပြီ။ နောက်ဆုံးတော့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ကြိုတင် ရီဟာဇယ် မလုပ်ထားဘူးဆိုတာကို လုံးဝ နားလည်သွားပြီ။ လုံးဝ အစစ်အမှန် ဆန်လွန်းတယ်။ အခု မြင်နေရတဲ့ သေနတ်ကို ကြည့်စမ်းပါဦး။ ဘယ်လိုနည်းနဲ့မှ သေနတ်က အတုမဟုတ်ဘူး။ နောက်ပြီး တင်ဆက်သူက ဘာလုပ်ချင်တာလဲ။ သူရဲ့နောက်ခံက ဘာလဲ။ }
{နောက်ခံကို စိုးရိမ်မနေနဲ့။ ဒီကျူးကျော်သူတွေကတော့ သေရမယ်။ တစ်မိသားစုလုံး အသတ်ခံရတဲ့ သေဆုံးမှုနဲ့ သေသင့်တာ}
{ဟုတ်တယ်။ မျောက်တိုတွေက သက်ရှိမဟုတ်လို့လား။ လူတွေက တိရစ္ဆာန်တွေရဲ့ သေရေးရှင်ရေးကို ဆန္ဒရှိသလောက် ဆုံးဖြတ်နိုင်တယ်လို့ တွေးရတာလဲ}
{တင်ဆက်သူ ဘယ်လိုလုပ်မလဲ။ သူ သေတော့မသေလောက်ပါဘူးနော်}
{ကျေးဇူးပြုပြီး မသေပါနဲ့}
…
ထိုသို့ နှစ်ဖက်က ထိပ်တိုက်တွေ့ဆုံနေသည့် အချိန်တွင် ကြည့်ရှုသူများ၏ နှလုံးသားကလည်း လည်ပင်းတွင် တစ်နေကြသည်။ မြင်ကွင်းက ထိတ်လန့်သဲဖို ဆန်လွန်းသည်။
သို့ရာတွင် ဆုပိုင်က ကျူးကျော်သူ နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့ကြောင်း မြင်ရချိန်တွင်မူ သူတို့၏ နှလုံးသားက တည်ငြိမ်သွားကြသည်။
သေနတ်ရှေ့မှာတောင် အညံ့ခံလို့ မရဘူး။
လူတိုင်းက စိတ်ထဲတွင် အော်ဟစ်နေကြသည်။
ရုတ်တရက် မြင်နေရသော ဖန်သားပြင်က မျောက်ဘုရင်က ဘေးဘက်သို့ မြန်ဆန်သော ခြေလှမ်းဖြင့် တိတ်တဆိတ် ရွှေ့သွားကြောင်း တွေ့လိုက်ရသည်။ ထို့နောက် ဖြတ်ကနဲ ဖြတ်သွားသော ပုံရိပ်တစ်ခုနှင့်အတူ …
သေနတ်သံက ထွက်လာသည်။
လူတိုင်းက လက်နှစ်ဖက်လုံးကို ဖိကိုင်လျက် မျက်လုံး အပြူးသားနှင့် တအံ့တဩ ကြည့်လိုက်မိကြသည်။
အကြောင်းမူကား ဆုပိုင်အနောက်ဘက် သစ်ပင်ထဲမှ မီးခိုးဖြူများက မြှောက်တက်လာကြောင်း မြင်လိုက်ရ၍ ဖြစ်သည်။ အားလုံးကလည်း စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။
ကျေးဇူးတင်စရာ ကောင်းတာက လွတ်သွားတယ်။
“ကျွီ ကျွီ ကျွီ”
မျောက်တို တစ်အုပ်က သွားဖြဲကာ မာန်ဖီနေကြပြီး ရှေ့သို့ ရှုးသွပ်စွာ ခုန်ပြေးသွားကြသည်။ သူတို့က ချက်ချင်းဆိုသလိုပင် ကျူးကျော်သူကို မြေသို့ ဆွဲလှဲချပစ်လိုက်ကြသည်။
“အား”
အော်ဟစ်သံက ကျယ်လောင်စွာ ထွက်လာသည်။ မျောက်တိုများက ရှုးသွပ်သွားပုံပေါ်သည်။ သူတို့၏ ထက်ရှသော လက်သည်းများက ထိုကျူးကျော်သူ၏ အဝတ်များကို ဆက်တိုက်ဆွဲဖြဲနေကြသည်။ ထိုသို့ဖြင့် အရေပြားပေါ်တွင် အစင်းရာများက ထွက်ပေါ်လာကြသည်။
“တော်လောက်ပြီ”
ဆုပိုင်က အော်ဟစ်လိုက်ပြီးနောက် နောက်ဆုံးသော ကျူးကျော်သူထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။
ဒိုင်း
ပေါင်သို့ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ပြီးနောက် ဆုပိုင်၏မျက်လုံးက အနည်းငယ် မှေးကျင်းသွားသည်။ သူက ပစ္စည်းများ အားလုံးကို သယ်ယူသည်။ ထိုကျူးကျော်သူ သုံးယောက်ကို ဒီအတိုင်း ထား၍မရချေ။ သူတို့ကို သင့်တော်သော အပြစ်ပေးမှုမျိုး ပြုရပေမည်။
အချိန်အတန်ကြာပြီးနောက်…
ဆုပိုင်က ရှေဆုံးသို့ လျှောက်သည်။ အနောက်ဘက်တွင် ကျုးကျော်သူ သုံးယောက်ကို ပိုက်ကွန်များအတွင်းသို့ ထည့်ကာ တရွတ်တိုက်ဆွဲလာသည့် မျောက်တိုတစ်အုပ်ကို မြင်ရမည် ဖြစ်သည်။ သူတို့က တောအတွင်းမှ လျှောက်ထွက်လာကြသည်။
“ဆက်မတွန်းနဲ့တော့”
“နောက်ထပ် ဘယ်တော့မှ ကျူးကျော်ဖို့ မကြိုးစားနဲ့”
ထိုတောအစွန်းနားတွင် သွေးနီရောင် ဘုတ်ပြားတစ်ခုရှိသည်။ ဆုပိုင်က ထိုသုံးယောက်၏ သေနတ်များကို ထိုနေရာသို့ ပစ်ထုတ်လိုက်သည်။ ပိုက်ကွန်ဖြင့် တရွတ်တိုက် အဆွဲခံရသည့် ကိုယ်လုံးတီးနှင့် ကျူးကျော်သူ သုံးယောက်ကလည်း ထိုဆိုင်းပုဒ်၏ အရှေ့သို့ အပစ်ခံရသည်။
သိပ်မကြာခင် မှောင်လာမည်ဖြစ်သည်။ ဒီနေရာတွင်ပင် မကျူးကျော်ရ ဆိုသော ဆိုင်းပုဒ်ရှိနေကတည်းက ညဘက်တွင် ကင်းလှည့်သူများ၊ မနက်ပိုင်းတွင် ကင်းလှည့်သူများ ရှိပေလိမ့်မည်။
“ဥပဒေအရ အပြစ်ပေးခံရမယ့် အချိန်ကိုပဲ စောင့်နေလိုက်တော့”
လေသံတိုးတိုးနှင့်အတူ ဆုပိုင်က မျောက်တိုတစ်အုပ်ကို ဦးဆောင်ပြီး တောထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ယခုအချိန်အထိ ဆိုလျှင် မျောက်တို အကောင်နှစ်ဆယ်ပင် မကျန်တော့ချေ။ ကျုးကျော်သူက သုံးယောက်သာ ဖြစ်သည်။ သို့သော် မျောက်တို ဆယ်ကောင်ထက်မနည်း သေသွားရသည်။
ဆုပိုင်က ထိုသုံးယောက်ကို မသတ်ခဲ့သော်လည်း သူတို့၏ ပေါင်များကို သူက သေနတ်ဖြင့် ပစ်ခဲ့သေးသည်။
ထို့ကြောင့် အနာဂတ်တွင် မတ်တပ်ရပ်ရန် ခက်ခဲသွားမည် ဖြစ်သည်။ ထို့ကြောင့် ဆက်လက် ကျူးကျော်ရန်ပင် ပို၍ ခက်ခဲသေးသည်။
“တင် hostက မျောက်တို အပိုင်းအစ တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီအတွက် ဂုဏ်ယူပါတယ်”
“တင် hostက မျောက်တိုအဖွဲ့ကို အောင်မြင်စွာ ကယ်တင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ စိတ်စွမ်းအား တစ်မှတ် ရရှိပါတယ်”
“ပြန်လည် ထွက်ခွာမှု စတင်ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပိတ်သိမ်းသွားပါလိမ့်မယ်”
အရှေ့ဆီ ဖန်သားပြင်က ပြောင်းလဲသွားသည်။ ဆုပိုင်က အိပ်ယာပေါ်တွင် ထိုင်နေလျက် အမောတကော အသက်ရှူနေရသည်။ သူ၏မျက်နှာတွင်လည်း ကြီးမားသော ချွေးစေးလုံးကြီးများက စီးကျနေ၏။ ပြန်ပြောင်း တွေးကြည့်သော် ဒီညက အလွန့်အလွန် အန္တရာယ်များခဲ့သည်။
တိရိစ္ဆာန်များကို မျိုးတုန်းပျောက်ကွယ်သွားခြင်းက ဇီဝဗေဒဖြစ်စဉ် အရပင်ဖြစ်စေ၊ ရှင်သန်နေထိုင်မှု ဝန်းကျင်ကြောင့်ပင် ဖြစ်စေ ဖြစ်နိုင်သည့်တိုင်အောင် လူသားများနှင့်လည်း သက်ဆိုင်သေးသည်။
“ကြည့်ရတာ အနာဂတ်မှာ တိရိစ္ဆာန်တွေကို ပြန်လည်ကယ်တင်ရင်းနဲ့ ဒီလိုကျူးကျော်သူတွေကို ရင်ဆိုင်ရဖို့ ဖြစ်နိုင်ချေ ပိုများလောက်တယ်”
ဆုပိုင်က ငြီးငြူနေသည်။ သူကလည်း သူ၏အရှေ့တွင် ရပ်နေသော မျောက်တိုတစ်အုပ်ကို ကြည့်ပြီး ရယ်လိုက်မိသည်။
အန္တရာယ် အလွန်များခဲ့သည့်တိုင်အောင် တန်သည်ဟု ခံစားရသည်။ ဒါက မျောက်တိုတစ်အုပ် ဖြစ်သည်။ ဆင့်ကဲ့မျိုးပွားမှုများ ဖြစ်လာခဲ့ပြီးနောက် အရေအတွက်က ပိုများသွားပေလိမ့်မည်။
“သွားရအောင်”
သူက လက်တစ်ချက်ယမ်းလိုက်ပြီး မျောက်တိုတစ်အုပ်ကို အခန်းထဲမှ ခေါ်ထုတ်ကာ ပန်ဒါဥယာဉ်ထံ သွားသည်။
ယခုအခါ စနစ်၏ ရန်ပုံငွေက မျောက်ဥယာဉ် တည်ဆောက်ရန် မလုံလောက်တော့ချေ။ ထို့ကြောင့် သူတို့ကို ယာယီအားဖြင့် ပန်ဒါဥယာဉ်တွင် ထားရမည်ဖြစ်သည်။
သို့သော် _ _ _
သူက ထိုမျောက်တိုတစ်အုပ်ကို ကယ်တင်နိုင်ခဲ့ရုံသာမကသေးလေပဲ ကျူးကျော်သူ၏ တည်းအတွင်းမှ စီကာ သမင်အလောင်းကိုပင် ရခဲ့သေးသည်။ ထို့ကြောင့် ထိုရွှေမြွေကိုလည်း ကျွေးမွေးနိုင်ပြီ ဖြစ်သည်။
“အိုး”
တပိုင်က ဒန်းပေါ်တွင် လွှဲယမ်း၍ ထိုင်နေသည်။ ဆုပိုင်က မျောက်တိုတစ်အုပ်နှင့် ဝင်လာကြောင်း မြင်သောအခါ သူက အော်ဟစ်လိုက်ပြီး ဒန်းပေါ်မှ ခုန်ဆင်းလိုက်သည်။
ထို့နောက် ခပ်မြန်မြန် ပြန်ထသည်။ တပိုင်က မြေပြင်ပေါ် လှဲနေသာ ရွှေမြွေကို တစ်ချက် လှမ်းပုတ်လိုက်ကာ ပြောသည်။
“မြန်မြန် တစ်ယောက်ယောက်က ပိုင်နက်ကို ကျူးကျော်လာပြန်ပြီ”
“မုန်းဖို့ကောင်းလိုက်တာ”