အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
အပိုင်း(၂၂)
“အိုး”
ဆုပိုင်က ခက်ထန်သော မျက်နှာမျိုးနှင့် မြေပြင်တွင် လှဲနေသော တပိုင်ကို ကြည့်သည်။ ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးသွားရန် ကြိုးစားသည်။
မမျှော်လင့်ထားစွာပင် တပိုင်က အသားကုန် ကုန်းအော်သည်။ ထို့နောက် သူ၏ အနောက်ဘက်မှ မျောက်ဝံတစ်အုပ်ထံ ခုန်ဝင်သွားသည်။
“ကျွီ ကျွီ ”
မျောက်ဝံဘုရင်ကလည်း ချက်ချင်းဆိုသလို ဒေါသပေါက်ကွဲသည်။ ထို့နောက် ဝိုင်းဖြစ်လာသော အခြေအနေကမူ ဆုပိုင်၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည်။
ပန်ဒါတစ်ကောင်က မျောက်တိုတစ်အုပ်နှင့် တိုက်ခိုက်နေသည်။
ဒါက …
ပန်ဒါ ဥယာဉ်အတွင်း ပတ်ပြေးနေသော နှစ်ဖွဲ့ကို ကြည့်နေရင်း ဆုပိုင်က ခပ်မြန်မြန် သွားတားသည်။
ဒါက ဘယ်လို အခြေအနေလဲ။
ဒီသတ္တဝါ နှစ်ကောင်ကြားမှာ ငြိမ်းချမ်းရေး ရအောင် ယူနိုင်ဖို့ ဖြစ်နိုင်ပါဦးမလား။ ဘာလို့ သူတို့က တွေ့တာနဲ့ ချက်ချင်းတိုက်ခိုက်နေကြတာလဲ။
“မတိုက်ခိုက်ကြနဲ့တော့”
ဆုပိုင်က ကျယ်လောင်စွာ အော်ဟစ်သည်။ မျောက်တိုဘုရင်က ကြောင်အသွားပြီး ချက်ချင်းလိုလို ရပ်သည်။
“အိုး”
သို့ရာတွင် တပိုင်က မရပ်ချေ။ သူက အော်ဟစ်ပြီး ခုန်ဝင်လာပြန်သည်။
ဘန်း ဘန်း ဘန်း
သူက မျောက်တိုဘုရင်၏ ဖင်ကို ခပ်ကြမ်းကြမ်း ရိုက်ချသည်။ ထို့နောက် မျောက်တိုဘုရင်ပေါ်တွင် ဂုဏ်ယူသော မျက်နှာထားမျိုးဖြင့် တက်ထိုင်သည်။
ဟွန့်
မင်းက ငါ့ရဲ့ပိုက်နက် နယ်မြေကို လာခိုးရတယ် ဟုတ်လား။ အခု ဘယ်သူက အင်အားကြီးလဲ မြင်ပြီလား။
“ကျွီ ကျွီ “
မျောက်တိုဘုရင် ဒေါသထွက်သွားသည်။ သူက မျက်မှော်ကိုကြုတ်ကာ အသားကုန်အော်သည်။ သူက ရုန်းကန်လိုသည်။ သို့သော် …
ဘာလို့ သူ့ရဲ့ကိုယ်ပေါ်က အကောင်က ဒီလောက်ထိ လေးလံလွန်းနေရတာလဲ။ သူ အသက်တောင် ရှူလို့ မရတော့ဘူး။
“တပိုင် ထလိုက်ဦး”
ဆုပိုင်က မျက်မှောင်ကြုတ်ပြီး တပိုင်ကို စိုက်ကြည့်ကာ လက်ယမ်းပြသည်။
“အိုး”
မမျှော်လင့်ထားစွာပင် ထိုအကောင်က အေးစက်သော မျက်နှာနှင့် နှာမူတ်ပြီး မျက်နှာလှည့်သွားသည်။
“သန့်ရှင်းဖို့ကတော့ ခက်တော့မှာပဲ”
ဆုပိုင်က ငြီးငြူပြီး အနားသို့ လျှောက်သွားသည်။ သူက မြေပြင်ရှိ ဝါးမျှစ်နှစ်ချောင်းကို ကောက်ကိုင်လိုက်ကာ ထွက်သွားရန် ကြံစည်သည်။
တကယ်ကို…
ဟေး
ရုတ်တရက် သူ၏ပေါင်က အဖက်ခံရသည်။ ငုံ့ကြည့်လိုက်သောအခါ သနားစဖွယ် မျက်နှာလေး လုပ်ပြနေသော မျက်နှာလေးကို မြင်လိုက်ရသဖြင့် ဆုပိုင်က ဒေါသမထွက်ဝံ့တော့ချေ။
ဒီကောင်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပဲ။
“ကျွီ ကျွီ”
“အိုး”
ရုတ်တရက် နောက်ဘက်မှ မျောက်တိုဘုရင်ကလည်း ခုန်ထွက်လာသည်။ သူက တပိုင်၏ ခေါင်းပေါ် တက်ထိုင်လိုက်ပြန်သည်။ သူ၏လက်သီးကို မြှောက်လျက် ပန်ဒါ၏ခေါင်းကို ဆက်တိုက်ထိုးသည်။
တပိုင်က အော်သည်။ ထို့နောက် တစ်ဖန်လိမ့်လိုက်ပြီး မျောက်တိုဘုရင်ပေါ် တက်ဖိလိုက်ပြန်သည်။
“အရူးတွေပဲ”
မျောက်မွှေးတစ်သုတ်ခန့် ဆွဲဆုတ်ပြီးနောက် မျောက်တိုဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဝူး”
အသံက တိုးသထက်တိုးသွားသည်။ သနားစဖွယ်ပင် ဖြစ်သွားသေး၏။
ငါ့ကို ပန်ဒါတစ်ကောင်က အမွှေးဆွဲနုတ်ရင်း ငါက ငိုလိုက်ရတာပါလား။
ဆုပိုင်၏ နူတ်ခမ်းများက ကော့တက်သွားသည်။ သူက တပိုင်ကို ကောက်ပွေ့လိုက်သည်။ ကြည့်ရတာ ဒီနှစ်ကောင်ကို အတူထားလို့ မရဘူးထင်တယ်။ သူတို့က သဘာဝရန်သူတွေပဲ။
သူ မျောက်ဥယာဉ်ပဲ ဖန်တီးတည်ဆောက်လိုက်သင့်လား။
သို့သော် သူ့တွင် ရန်ပုံငွေ တစ်သန်းသာ ကျန်တော့သည်။ ထို့ကြောင့် မျောက်ဥယာဉ် တည်ဆောက်ရန် မလုံလောက်ပါချေ။ ပို၍ဆိုးသည်မှာ ထိုမျောက်များက သစ်ပင်ပေါ် ကုန်းတက်ချင်သည့် အဖွဲ့ဖြစ်သည်။ ဥယာဉ်၏ ကျန်သောအခြေအနေအရ သူတို့ကို ထိန်းချုပ်ရန် မဖြစ်နိုင်လောက်ချေ။
“တင် တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာအနေနဲ့ တိရစ္ဆာန်တွေကို စီမံနိုင်စွမ်းအား မရှိလို့ ဘယ်ဖြစ်ပါ့မလဲ”
“စနစ်က အသစ်ထုတ်လွှတ်လိုက်တဲ့ တာဝန် .. သူတို့နှစ်ကောင်ကို မတိုက်ခိုက်အောင် ဖျောင်းဖျပါ။ ဆုလာဒ်.. ဆုလာဒ်အရုပ် အချို့”
“ဒီလိုတာဝန်လည်း ရှိသေးတာလား”
ဆုပိုင်က နားထောင်ပြီးနောက် စနစ်မှ ထုတ်ပြလာသည့် တာဝန်ကို ကြည့်နေပြီးနောက် နပန်းလုံးနေကြသည့် နှစ်ကောင်ကို ပြန်ကြည့်သည်။ သူ၏ နူတ်ခမ်းများက ကော့တက်သွားသည်။
“မဟုတ်သေးဘူး”
တစ်ခဏခန့် ရပ်တန့်ပြီးနောက် ဆုပိုင်က စနစ်၏ဇယားကို စစ်ကြည့်လိုက်သည်။ သူပြန်ရောက်လာပြီးနောက် မျောက်များကို ဒီနေရာသို့ ခေါ်လာနေသဖြင့် အံ့အားသင့်မှုအမှတ်ကို စစ်ကြည့်၍ မရချေ။
“လုံလောက်သွားပြီလား”
ကံကောင်းသည်မှာ အံ့အားသင့်မှုအမှတ် တစ်သိန်းတစ်သောင်း ဖြစ်သွားလေသည်။ ဆိုလိုသည်မှာ သူဟာ တိရိစ္ဆာန်ဘာသာစကား ဖန်ရှင်ကို ဝယ်နိုင်သွားလေပြီ။
ဒါဆိုရင် အနောက်ပိုင်းမှာ စီမံခန့်ခွဲဖို့ ပိုလွယ်သွားမှာပဲ။
“တိရိစ္ဆာန်ဘာသာစကား ဖန်ရှင်ကို အသုံးပြုချင်ပါသလား”
“သုံးလိုက်”
ဆုပိုင်ကလည်း သူ၏ခေါင်းအတွင်း တဝီဝီမြည်သံများကို ကြားလိုက်ရသည်။ ထို့နောက် ဆူညံသောအသံက နားထဲသို့ တိုက်ရိုက်တိုးဝင်လာသည်။
“အား မင်းက ငါ့ဖင်ကို ထိရဲတယ်ဟုတ်လား”
“မင်း ဒီနေရာကို ထပ်လာရဲရင် နေဦး ငါ မင်းကို သေတဲ့အထိ ရိုက်မယ်”
တပိုင်နှင့် မျောက်တိုဘုရင်တို့က နပန်းလုံးရင်း အော်ဟစ်နေကြခြင်း ဖြစ်သည်။
သို့ရာတွင် ထိုနှစ်ယောက်က တိုက်ခိုက်နေရုံသာ ဖြစ်သည်။ အမွှေးများ ကျွတ်သော မျောက်တိုဘုရင်၏ အခြေအနေကလွဲပြီး သူတို့နှစ်ယောက်၏ လက်သည်းများတွင် မည်သည့်သွေးစများ မရှိပါချေ။ သူတို့က လက်သည်းများကိုလည်း မသုံးကြချေ။
ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်က သဘောတကျ ခေါင်းညိတ်လိုက်သည်။
ရှု့ထောင့်တစ်ခုမှ ကြည့်သော် ထိုတိရိစ္ဆာန်များက အချင်းချင်း ဆိုးရွားသည့် အခြေအနေအထိ ထိခိုက်အောင် မလုပ်ကြပါချေ။ သူတို့က နိုင်လိုမင်းထက် ပြုမူရင်း အုပ်စိုးလိုစိတ်သာ ရှိလောက်သည်။
မည့်သည့်လူသားက ဝင်ရောက်လာစေကာမူ၊ သူတို့အနီးအနားရှိ အဖော်များက မည်သို့ ပြောင်းလဲသွားစေကာမူ သူတို့က ကြမ်းတမ်းစွာ ပြုမူလိမ့်မည် မဟုတ်ချေ။
သို့ရာတွင် ထိုနှစ်ယောက်က ဆက်လက်ပြီး ငြင်းခုံနေလျှင်မူ အဆင်မပြေတော့ချေ။
“ရပ်တော့”
ဆုပိုင်က ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက် ထိုနှစ်ကောင်နားသို့ တဖြည်းဖြည်းချင်း လျှောက်သွားပြီး နားရွက်မှ ဆွဲကာ ခွာလိုက်သည်။
“နေဦး”
“ဖြန်း ဖြန်း ဖြန်း”
ဆုပိုင်က ကြောင်သွားသည်။ ထို့နှစ်ကောင်က အလွန်နာခံသွားလေသည်။
“အခုက စပြီး ဒီနေရာက မျောက်တိုတွေအတွက်ပဲ။ ဒီနေရာတွေကတော့ မင်းအတွက်ပဲ နားလည်လား”
ဒန်းကို အလယ်နေရာထားပြီး ဆုပိုင်က တပိုင် ခေါင်းကို တစ်ချက်တို့လျက် အေးစက်သော မျက်နှာနှင့် ပြောသည်။
“ဒီမျောက်တိုက မင်းနဲ့ ရက်အနည်းငယ်လောက်ပဲ နေမှာ။ အဲ့ဒီနောက်ပိုင်းမှာ မျောက်ဥယာဉ် ရလာလိမ့်မယ်။ အဲ့ဒါ တည်ဆောက်ပြီးတာနဲ့ သူထွက်သွားလိမ့်မယ်။ ဒီအတောအတွင်းမှာ မင်းတို့ တိုက်ခိုက်တာကို တားမြစ်တယ်”
“မင်းတို့ ထပ်ပြီး တိုက်ခိုက်ရဲရင် ဒီဝါးမြစ်တွေ အားလုံးကို အလယ်က ခုတ်ပစ်မယ်”
“အိုး”
“မတိုက်ခိုက်တော့ဘူး”
တပိုင်က ခေါင်းကို ငုံ့သွားသည်။ သူက သနားစရာ ပုံစံလေးနှင့် ခပ်တိုးတိုး အော်သည်။
“မင်းလည်း နားလည်လား”
ဆုပိုင်က မျောက်တိုဘုရင်ကို ပြန်ကြည့်သည်။
“ကျွီ ကျွီ ကျွီ”
“အင်း”
မျောက်တိုဘုရင်က ခေါင်းကို ဆက်တိုက်ညိတ်သည်။
သားရဲ ဘာသာစကားဖန်ရှင်က အလွန်အသုံးဝင်သည်။ အလွန်သုံးရလဲ အဆင်ပြေသည်။ ထိုနှစ်ကောင်က ပြောသော အသံတိုင်းက လူသားဘာသာစကားအဖြစ် ဆုပိုင်၏ နားအတွင်းသို့ ရောက်လာသည်။ ထို့အပြင် လေသံကပင် ကွာခြားသေးသည်။
တပိုင်၏ အသံက အနည်းငယ် ကြမ်းရှသည်။ မျောက်တို၏အသံကမူ ဆယ်ကျော်သက် အသံမျိုး ဖြစ်သည်။
“ပိုင်တကော ငါ အနာဂတ်ကျရင် ဒန်းပေါ်မှာ စီးလို့ရတယ် မဟုတ်လား”
ရုတ်တရက် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်၏ အသံက ထွက်လာသည်။ ဆုပိုင်က ကြောင်သွားသည်။ ဆုပိုင်က ခေါင်းလှည့်ကြည့်လိုက်သောအခါ တပိုင်၏ဘေးနားတွင် ရပ်နေသော ရွှေရောင်မြွေကြီးကို တွေ့လိုက်ရသည်။ သူက မယုံကြည်နိုင်သော မျက်ဝန်းမျိုးဖြင့် တွေ့လိုက်ရသည်။
သောက်ကျိုးနည်း ဒီမြွေက အမလား။
ပြောင်းလဲသွားပြီးတဲ့နောက်မှာ မျောက်မှာတောင်မှ သူ့ရဲ့အသံက မိန်းမငယ်လေး တစ်ယောက်ရဲ့ အသံဖြစ်နေသေးတာလား။
“အိုး”
တပိုင်က ရွှေမြွေကို သူ၏လက်ထဲတွင် ပွေ့ကိုင်လိုက်ပြီး သူ၏လည်ပင်းကို ရစ်ပတ်စေသည်။ ထို့နောက် မျောက်တိုတစ်အုပ်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး ဒန်းပေါ်တွင် ပျော်ရွှင်စွာ တက်ထိုင်နေလေသည်။
ပန်ဒါနှင့် ရွှေမြွေကြားမှာ ချစ်ခြင်းတရားကို မြင်ရသောအခါ ဆုပိုင်က သူ၏မျက်ခုံးကိုပင် လက်နှင့်ဖိနှိပ်နေမိလေသည်။
တစ်ခုခုတော့ မှားနေပြီ။
ဒီပန်ဒါအိုကြီးက လူသားတွေရဲ့ အဝတ်တွေကို ဆွဲဖြဲရတာ သဘောကျရုံ မကသေးပဲ ထူးခြားတဲ့ အရသာခံနိုင်စွမ်းအား ရှိနေသေးတာပဲ။
“ဟစ်”
ထိုသို့တွေးတောပြီးနောက် ဆုပိုင်၏ အကြည့်က ထူးဆန်းသထက် ထူးဆန်းသွားသည်။ နောက်ပိုင်းဆိုလျှင် တပိုင်ကို အမျိုးသမီး ခရီးသွားဧည့်သည်များနှင့် ဝေးဝေးထားမှ ရပေတော့မည်။
တကယ်လို့ တစ်ယောက်ယောက်ရဲ့ အဝတ်ကို ဆွဲချွတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
“တင် hostရဲ့ တာဝန်က ပြီးမြောက်သွားပါပြီ။ မျောက်တွေအားလုံးကလည်း အရုပ်တွေ ရရှိသွားပါပြီ”
“ဒါက အရုပ်လား”
ဆုပိုင်က သူ၏အရှေ့တွင် သေသပ်စွာ ထားထားသည့် ကလေးစီးသုံးဘီးလေးများကို ကြည့်သည်။
မမျှော်လင့်ထားပဲ စနစ်က ကောက်ကျစ်တာပဲ။
“ဗျူ့”
သူက ထိုသို့အော်လိုက်ပြီးပြီးချင်း အချိန်ကို ပြန်ကြည့်လိုက်သည်။ အချိန်က မနက်ခြောက်နာရီ ဖြစ်နေလေပြီ။
ဆုပိုင်က ငြိမ်းချမ်းမှု ရသွားသည့် နှစ်ဖွဲ့ကို ကြည့်သည်။ ထို့နောက် နောက်ပြန်လှည့်ကာ ရုံးခန်းသို့ထဲ ပြန်ဝင်သွားသည်။ နာရီအနည်းငယ် အချိန်ရသေးသဖြင့် သူက ပြန်အိပ်ရပေမည်။
သို့ရာတွင် _ _ _
တိရိစ္ဆာန်ရုံ တစ်ခုလုံးကမူ သူ့ဘာသာသူ အလုပ်များနေပုံ ပေါ်သည်။ ထို့အပြင် သူတစ်ယောက်တည်း မစီမံနိုင်တော့လျှင်လည်း လူနှစ်ယောက်ခန့်တော့ဖြင့် ငှားရမ်းရပေမည်။
အနည်းဆုံး ဦးစီးတစ်ယောက် လိုအပ်သည်။
“အိုး”
ဆုပိုင် ထွက်သွားပြီး သိပ်မကြာခင် နောက်ထပ် အော်ဟစ်သံ တစ်သံက ထွက်လာသည်။
“ကျွီ ကျွီ ကျွီ”
တပိုင်က သုံးဘီးများ ပတ်စီးနေသော မျောက်တိုတစ်ဖွဲ့ကို ကြည့်သည်။ သူ၏ ကြီးမားသော မျက်လုံးကြီးများက လန်တက်သွားသည်။ ထို့နောက် သူက အော်ဟစ်လိုက်ပြီး မျောက်တိုတစ်ကောင်ကို သုံးဘီးပေါ်မှ ဆွဲချသည်။ ထို့နောက် ထိုသုံးဘီးများအားလုံးကို ပန်ဒါဥယာဉ် အပြင်ဘက်သို့ တရွတ်တိုက်ဆွဲထုတ်သွားလိုက်လေသည်။
အပိုင်း(၂၃)
ချင်မြို့တော်…
ကွမ်းရှန်းမြို့…
“လောင်လီ မင်း မနက်စောစော ဘာလုပ်နေတာလဲ”
တံခါးဝတွင် နေပူဆာလှုံနေသော လူအိုကြီးတစ်ယောက် ဘေးဘက်ရှိ ခြံဝန်းထဲမှ စက်ဘီးလေးကို တွန်းထုတ်လာသော လူကြီးတစ်ယောက်ကို လှမ်းကြည့်ရင်း ပြုံးရယ်ကာ ပြောလိုက်သည်။
“အဖိုးကြီးချင်”
လောင်လီက သူ၏စက်ဘီးကို တွန်းလာရင်း အိမ်တံခါးဝရှိ အဖိုးကြီးကို လှမ်းကြည့်ကာ နှုတ်ဆက်သည်။
“ရှောင်ကျောင်း ငါရဲ့နာမည်က ဦးလေးချင်ပါ”
စက်ဘီးအနောက်တွင် ထိုင်နေသာသူက အသက်ခြောက်နှစ်အရွယ် ရှိသည့် ကောင်ငယ်လေး ဖြစ်သည်။ ကောင်ငယ်လေး၏ အမူအရာက အနည်းငယ် ခက်ထိုင်းထိုင်း ဖြစ်နေသည်။
ဦးလေးချင်ကို မော့ကြည့်ပြီးနောက် သူက ခေါငးကိုသာ ခပ်မြန်မြန် ညိတ်သွားသည်။ ထို့နောက် သူ၏ကိုယ်က တုန်ယင်သွားသည်။ မျက်နှာကလည်း ဖြူဖျောနေ၏။ သူက လက်ချောင်းများကိုသာ ဆိတ်နေသည်။
ထိုကောင်ငယ်လေးက အတန်ငယ် ထိတ်လန့်နေပုံရသည်။
“အိုး ဒီကလေးကတော့”
လောင်လီက ကလေးကို ငုံ့ကြည့်ပြီး သက်ပြင်းချသည်။
“သွားတော့ သွားတော့ လမ်းမှာ ဂရုစိုက်ဦး”
လောင်ချင်က လက်ယမ်းပြသည်။ သူက စိုးရိမ်တကြီး မေးမြန်းသေး၏။
“မင်း ဘာလို့ နည်းနည်းလောက် ထပ်မစောင့်တာလဲ။ မင်းရဲ့ကလေးကို အဲ့ဒီကို မောင်းပို့ခိုင်းလို့ ရတာပဲ။ ဒီနေရာက ဟန်ကျိုးနဲ့ ဝေးတယ်လေ”
“မလိုတော့ဘူး”
လောင်လီက မတ်တပ်ထရပ်သည်။ ထို့နောက် စက်ဘီးပေါ် တက်လိုက်ပြီးနောက် အနောက်ဘက်ရှိ မြေးကို ပြောသည်။
“ရှောင်ကျောင်း အဖိုးကို ဖက်ထားနော်။ ငြိမ်ငြိမ် ထိုင်”
“သွားမယ်”
သူက ခေါင်းသာညိတ်ပြီးနောက် ရွာ၏လမ်းမှတဆင့် စက်ဘီးကို ဒုန်းဆိုင်း ထိုးဆင်းသွားသည်။
“အိုး ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ ကလေးလဲ”
“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကျရောဂါကို ခံစားနေရတာလဲ”
အဖိုးကြီးချင်ကမူ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရင်း ခေါင်းကိုခါကာ သက်ပြင်းချနေသည်။
“ရှောင်ကျောင်း အေးလား”
“ဒီနေ့ တိရိစ္ဆာန်ရုံကို ခေါ်သွားပြီး တိရိစ္ဆာန်လေးကို ကြည့်ခိုင်းမယ်နော်။ သားလေး တီဗွီက တိရိစ္ဆာန်တွေကို ကြည့်ရတာ သဘောကျတယ် မဟုတ်လား”
“အဖိုးက ဒီနေ့ သားကို တိရိစ္ဆာန်လေးကို ကြည့်ခိုင်းမယ်။ နောက်ပြီး အရသာရှိတဲ့ အစားအစာတွေကိုလည်း ခေါ်ကျွေးဦးမယ်။ အဆင်ပြေလား”
လောင်လီက သူ၏ အင်အားအများကြီး စိုက်ထုတ်ပြီး စက်ဘီးကို နင်းနေရသည်။ သူ၏နဖူးတွင် ချွေးများ စိုရွှဲလာသည်။ လမ်းတောက်လျှောက်တွင် လောင်လီက သူ၏မြေးကို ဆက်တိုင်စကားပြောနေသည်။ သို့သော် ထိုကလေးကမူ ခေါင်းသာ ငုံံ့နေပြီး မည်သည့်စကားမှ ဆိုမလာချေ။
သူ၏ သားနှင့်ချွေးမက ကားတိုက်မှုတွင် သေဆုံးသွားချိန်ကတည်းက သူဟာ မြေးဖြစ်သူနှင့်သာ နှစ်ယောက်တည်း နေလာခဲ့ခြင်း ဖြစ်သည်။ သူက နေ့တိုင်းလိုလို ထောက်ပံ့ကြေး ရရှိသည့်တိုင်အောင် …
မိဘများ၏ သေဆုံးမှုက ထိုကလေးအပေါ် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်သွားစေခဲ့သောကြောင့် ဖြစ်လောက်သည်။ ရှောင်ကျောင်းက အသက်လေးနှစ်အရွယ်ကတည်းက အလွန်ပင် ပြင်းထန်သည့် စိတ်မကျန်းမာမှု ဝေဒနာကို ခံစားနေရသည်။ ထိုအရာက စိတ်ကျရောဂါ ဖြစ်သည်။
ဆေးစရိတ်က အလွန်ဈေးကြီးလွန်းသည်။ ထိုအရာက လောင်လီအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံသာ မကသေးလေပဲ သူဟာ ကလေးကို တောက်လျောက် စောင့်ကြည့်ပေးနေရသေးလေသည်။ စိတ်ကျရောဂါ ခံစားနေရသော ကလေးများက ပုံမှန်အတိုင်း ကျောင်းသို့ မသွားနိုင်ချေ။ အိမ်တွင်သာ နေတိုင်းလိုလို နေနေသည်။
ပို၍ဆိုးသည်မှာ ထိုကလေးက စကားလည်း မပြောချေ။ ထို့ကြောင့် လောင်လီက ပို၍ စိတ်ဓာတ်ကျရသည်။ သူမမြင်နိုင်ချိန် ထိုကလေးက ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်လိုက်မည့် အခြေအနေကို အလွန့်အလွန် စိုးရိမ်နေရသည်။
အသက်ခြောက်နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်အတွက်... ဒီလိုဆိုရင် သူ့ရဲ့ဘဝကို ဘယ်လိုများ ဆက်ပြီး နေထိုင်မှာတဲ့လဲ။
...
ကံကောင်းတိုက်ဆိုင်သည်မှာ သူ၏မြေးဖြစ်သူက တီဗွီရှေ့တွင် ရပ်ကြည့်ရင်း အတွင်းမှ စက်ရုပ်တိရိစ္ဆာန်များကို သဘောတကျ ကြည့်နေသော မြင်ကွင်းကို မြင်ခဲ့ရသည်။ ထိုအချိန်က မြေးဖြစ်သူ၏ မျက်ဝန်းက အလွန်တောက်ပနေလေသည်။
“ဟား ဟား ခွေး”
မရယ်မပြုံးသည်မှာ ကြာခဲ့ပြီဖြစ်သော ကလေးက ထိုအချိန်တွင် ရယ်ခဲ့သည်။ သူ မရယ်မပြုံးသည်မှာ အချိန်အတန်ကြာအောင် ဖြစ်သည့်အတွက် သူ၏အပြုံးက ကြောက်စရာကောင်းနေသော်လည်း လောင်လီကမူ ပျော်ရွှင်စိတ်လှုပ်ရှားသဖြင့် ငိုမိသေးသည်။
နောက်ဆုံးတော့ မျှော်လင့်ချက် ရှိလာပြီပဲ။
ထိုအချိန်က စတင်ပြီး ကလေးဖြစ်သူအတွက် ဆေးစရိတ်အပြင် လောင်လီက ပိုက်ဆံဆက်တိုက် စုခဲ့သည်။ တစ်နည်းအားဖြင့် နေ့တိုင်းလိုလို အရက်များ သွားခိုးပြီး ပြန်လည်ရောင်းချခဲ့သည်။ ထိုသို့ဖြင့် သူ၏ကလေးဖြစ်သူကို တစ်ပတ်တစ်ကြိမ် တိရိစ္ဆာန်ရုံသို့ ပို့ခဲ့သေးသည်။
သိပ်မကြာခင်က ကြားထားသော သတင်းအရ ဟန်ချန်းရှိ ချင်တျန်းတိရိစ္ဆာန်ရုံတွင် ကြောက်စရာကောင်းသော တိရိစ္ဆာန်များ အသစ်တစ်သုတ် ရောက်လာသည်ဟု ဆိုသည်။ ထို့ကြောင့် ထိုကလေးကိုလည်း နှစ်နာရီစာ ဝေးကွာသော ခရီးကို ကျော်ဖြတ်လျက် လိုက်ပို့ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
ထိုကလေး ပြုံးမည်ဆိုလျှင်ပင် သူက ကျေနပ်လေသည်။ သူက ကျေနပ်သည်ဟု ခံစားရ၏။ သူမြေးဖြစ်သူ ပြုံးနိုင်သမျှ တစ်ရက်တွင် သူ၏စိတ်ကျရောဂါက ပျောက်ကွယ်သွားမည်ဟု ယူဆသည်။
သူ၏အသက်က တစ်နေ့ထက်တစ်နေ့ ဆိုးယုတ်လာသော မြင်ကွင်းကို ကြည့်နေရင်း…
သားတစ်ယောက် သေဆုံးသွားခြင်းက သူ၏ဆံပင်မွှေးကို ဖြူသွားစေသည်။ ထိုအဖိုးကြီးက မြေးဖြစ်သူကိုလည်း စိတ်မချနိုင်သေးချေ။ ထို့ကြောင့် သူက ကွယ်လွန်ခဲ့သော် ထိုကောင်ငယ်လေးက ဒီအတိုင်း ကျန်ရစ်ခဲ့မည်ဆိုလျှင် သူ၏အခြေအနေက ပို၍ဆိုးရွားပေလိမ့်မည်။ မိဘမဲ့ကျောင်းသို့ ရောက်သွားမည်ဆိုလျှင်ပင် သူ၏အနာဂတ်က မကောင်းမွန်နိုင်ချေ။
ပြဿနာကမူ တောင်တန်းကြီးတမျှ ကြီးမားနေသည်။ ထို့ကြောင့် နေ့တိုင်းလိုလို တွေးတောမိနေရင်း သူ၏နှလုံးသားက လေးလံလာရသလို အသက်ရှူရခက်လာတတ်သည်။
ထိုသို့ဖြင့် ဟန်ချန်း၏မြို့စွန်သို့ ရောက်ရှိသွားသည့် လောင်လီက စက်ဘီးကို ဘေးဘက်သို့ ရပ်နားပြီးနောက် ကလေးကို ချီကာ မြေပြင်တွင် ရပ်ရန် အကူအညီပေးသည်။
ထို့ကြောင့် သူ ကြိုတင်ကြည့်ထားခဲ့သော မြေပုံအတိုင်း လျှောက်သွားပြီးနောက် ချင်ထျန်းတိရိစ္ဆာန်ရုံသို့ ရောက်သွားသည်။
သို့သော် ...
သူက တိရိစ္ဆာန်ရုံ၏ ဝင်ပေါက်သို့ ရောက်သောအခါ တံခါးက ပိတ်ထားကြောင်း မြင်ရသည်။ ထို့ကြောင့် လောင်လီက လက်ထဲတွင် ကျစ်ကျစ်ပါအောင် ကိုင်ထားသည့် ဒင်္ဂါးပြားကို ပြန်ငုံ့ကြည့်လိုက်သည်။
ပိတ်ထားတယ်။
သူက နှစ်နာရီတောင် စက်ဘီးစီးပြီး မြေးဖြစ်သူနဲ့ ဒီရောက်လာတာ။ ဒါပေမယ့် ဒီနေရာက ပိတ်ထားတယ်။ သူက ဒီကောင်လေးကိုလည်း ကတိပေးထားပြီးသား။ ဒါပေမယ့် ဒီနေရာက ...
လောင်လီက မြေးဖြစ်သူကို ပြုံးပြပြီး ထိုင်းမှိုင်းသော မျက်ဝန်းများကို ကြည့်ကာ ရေရွတ်သည်။
“မကြောက်နဲ့နော် တံခါးက မကြာခင် ပွင့်သွားလိမ့်မယ်။ အဖိုးက သကြားလုံး အရင်ဝယ်ကျွေးရမလား”
ဘေးဘက်ရှိ သေးငယ်သော ဆိုင်ငယ်လေးသို့ လျှောက်ဝင်သွားပြီးနောက် လောင်လီက ချင်ထျန်းတိရိစ္ဆာန်ရုံသို့ လက်ညိုးထိုးကာ မေးလိုက်သည်။
“ဟယ်လို တစ်ခုလောက် မေးပါရစေ။ ဘာလို့ ဒီတိရိစ္ဆာန်ရုံက ဒီနေ့မဖွင့်တာလဲ”
“ရှင်က ဒီတိရိစ္ဆာန်ရုံအကြောင်း ပြောနေတာလား”
ထိုသူဌေးမက မြေးအဖိုးနှစ်ယောက်ကို ကြည့်ပြီး ထူးဆန်းသော အပြုံးမျိုးဖြင့် ပြောသည်။
“ကျွန်မ ကြားထားတဲ့အတိုင်းဆိုရင် အဲ့ဒီသူဌေးက ဥပဒေအရ စည်းမျဉ်းကို ဖောက်ဖျက်လို့ အကျဉ်းချခံထားရတယ်လေ အား”
“ ဒီတိရိစ္ဆာန်ရုံက ဘယ်တော့ဖွင့်မလဲဆိုတာတော့ မသိပါဘူး။ မဖွင့်တော့တာလဲ ဖြစ်နိုင်တာပဲ”
“နောက်ပြီး သူရဲ့စီးပွားရေးကလည်း ပျက်စီးသွားပြီ။ ကျွန်မသိထားတဲ့အတိုင်းဆိုရင် ရှင်တို့ အခြားတစ်ဖက်ခြမ်းက တိရိစ္ဆာန်ရုံကို သွားသင့်တယ်”
“အဖမ်းခံရတယ် ဟုတ်လား”
လောင်လီက ရပ်တန့်သွားသည်။ သူ၏နှုတ်ခမ်းများက မဲ့ကျသွားလေသည်။
အခု သူ့ရဲ့မြေးကို ပြန်ခေါ်သွားရမှာလား။ ဒါမှမဟုတ် လေးနာရီလောက်ဝေးတဲ့ ချန်းချန်က တိရိစ္ဆာန်ရုံကို သွားရမှာလား။
တစ်ခဏခန့်ကြာပြီးနောက် လောင်လီက ဒုက္ခများသွားပုံ ပေါ်သည်။
“ရှင်က တိရိစ္ဆာန်ရုံ ရှာနေတာလား။ လမ်းတစ်ဖက်ခြမ်းမှာ တစ်ခုရှိတယ်လေ။ ကျွန်မကြားထားတဲ့အတိုင်းဆို အခုတလော နာမည်ကြီးနေတာပဲ။ လူအများကြီး သွားကြတယ်”
“ဟန်ကျိုးမှာ တိရိစ္ဆာန်ရုံ နှစ်ခုပဲ ရှိတာ။ ဒါပေမယ့် တစ်ဖက်က တိရိစ္ဆာန်ရုံက ပိုသေးပြီး တိရိစ္ဆာန်က ပိုနည်းတယ်။ အမျိုးအစား မစုံလောက်ဘူး”
သူဌေးမက အရှေ့မှ လူအိုကြီးကို ကြည့်သည်။ နောက်မှ ပုံမှန်မဟုတ်သော ပုံစံနှင့် ကလေးကိုလည်း ကြည့်လိုက်ပြီး စာနာသနားသွားလေသည်။
“ဒါပေမယ့် ဒီတိရိစ္ဆာန်ရုံကို အခုတလော လူတော်တော်များများ သွားနေကြတာဆိုတော့ ကလေးကို ခေါ်သွားလိုက်တာ အဆင်ပြေမှာပါ”
“ကျေးဇူးတင်ပါတယ်”
လောင်လီက ကလေးကို ခပ်မြန်မြန် ချီပွေ့လိုက်သည်။ ထို့နောက် လမ်းကူးလိုက်ပြီး တစ်ဖက်ခြမ်းရှိ တိရိစ္ဆာန်သို့ သွားသည်။
ယိုယွင်းပျက်စီးနေသော တံခါးကို မြင်သောအခါ သူက တုန့်ဆိုင်းသွားသည်။
“တံခါးတောင်မှ ဒီလောက်ထိ အိုဟောင်းနေတာ။ အထဲက တိရိစ္ဆာန်တွေက ကောင်းမွန်နိုင်ပါ့မလား”
နောက်ပြီး သူ့ရဲ့ကလေးကိုလည်း အများကြီး အားထုတ်ပြီး ခေါ်လာရတာဆိုတော့...
“ရှောင်ကျောင်း မင်း ဒီထဲကို ဝင်ချင်လား”
သူက မြေးဖြစ်သူ၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ရပ်ပြီး ကလေး၏ ကော်လံများကို သပ်ရပ်အောင် လုပ်ပေးလျက် ပြုံးကာ မေးသည်။
ရှောင်ကျောင်းက တံခါးကို ကျော်ကာ မော့ကြည့်သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားသည်။ ထို့နောက် မျက်နှာက ဖြူဖျော့နေသည်။
“အိုး ဒီတစ်ခုကိုပဲ သွားရတော့မယ် ထင်တယ်။ အခုအချိန်မှ ချန်းချန်ကို သွားမယ်ဆိုလည်း မှီတော့မှာ မဟုတ်ဘူး”
လောင်လီက ရင်နာသွားသည်။ သူက ကလေးကို လက်မှတ်ရုံထဲသို့ ခေါ်သွားလိုက်ရသည်။
ထိုနေရာတွင် ဖျော့တော့သော မျက်နှာနှင့် လူတစ်ယောက်က ထိုင်နေသည်။ သူက ခေါင်းငုံံ့လျက် ဖုန်းကစားနေ၏။
“ကောင်ငယ်လေး အသက်ခြောက်နှစ်အောက် ကလေးတွေက လက်မှတ်ဝယ်ဖို့ လိုလား”
“အာ”
ဆုပိုင်က ထိုမြေးဖိုးနှစ်ယောက်ကို မော့ကြည့်ပြီး ပြုံးလျက်ပြောသည်။
“အသက်ခြောက်နှစ်အောက် ကလေးတွေက လက်မှတ်ဝယ်စရာ မလိုပါဘူး။ တစ်စောင်ပဲ ဝယ်ရုံပဲ ရပါတယ်”
“ဒါဆိုလည်း တစ်စောင်ပေးပါ”
ထိုစကားကို ကြားသောအခါ လောင်လီကလည်း ဒီအခြေအနေကလည်း ကောင်းမွန်သည်ဟု ထင်သည်။ လက်မှတ်တစ်စောင်ခသာ ပေးရသဖြင့် နောက်ပိုင်းမှသာ ကလေးကို အရသာရှိသော စားစရာများ ဝယ်ကျွေးမည်ဟု ဆုံးဖြတ်လိုက်၏။
“နည်းနည်း နည်းနည်း”
သူက ကလေးကို အထဲသို့ ခေါ်သွားနေသည့်အချိန်တွင် ရုတ်တရက် အဖြူအမည်း ဝက်ဝံကြီးတစ်ကောင်ပေါ်တွင် တက်စီးနေသည့် ကောင်မငယ်လေးတစ်ယောက်က အနောက်ဘက်မှ သုံးဘီးများကို တက်နင်းလာသည့် မျောက်တစ်အုပ်ဖြင့် ပျော်ပါးနေကြောင်း မြင်လိုက်ရသည်။
သူမ၏ အနောက်ဘက်တွင် ကလေးတစ်အုပ်က လောင်လီကို ကျော်ဖြတ်လျက် ဝင်ပြေးသွားသေးလေသည်။ သူတို့က ပျော်ရွှင်စွာဖြင့် ဆော့ကစားနေပုံ ရသည်။
အပိုင်း(၂၄)
“ဒါက …”
လိုက်ဖမ်းနေသော ကလေးတစ်အုပ်ကို ကြည့်ရင်း လောင်လီက ထိုနေရာတွင် မှင်သက်စွာ ရပ်နေမိသည်။
“ဒါက တိရိစ္ဆာန်ရုံလား။ ဘာလို့ ကစားကွင်းနဲ့ တူနေတာလဲ”
“ရှောင်ကျောင်း အဖိုးက သားကိုခေါ်ပြီး တိရိစ္ဆာန်တွေကို သွားကြည့်မယ်နော်”
သူက မြေးဖြစ်သူကို ငုံ့ကြည့်လိုက်သောအခါ ထိုကောင်ငယ်လေးက သုံးဘီးများ စီးနေသော မျောက်များကိုသာ ကြည့်နေကြောင်း တွေ့လိုက်ရသည်။
သူ၏ မျက်ဝန်းများက တောက်ပကာ ကြည်လင်လာသည်။
“ငါ သွားချင်တယ်”
“ သား ဘာပြောလိုက်တာလဲ”
လောင်လီက ထိုကလေးကို ရှေ့သို့ ဆွဲပို့သွားတော့မည့် အချိန်တွင် သူ မကြားရသည့်မှာ ကြာပြီဖြစ်သော အသံကို ကြားလိုက်ရသည်။
“သားက ဒီကလေးတွေနဲ့ သွားဆော့ချင်တာလား”
လောင်လီ၏ အသံက တုန်ယင်သွားသည်။ ထိုကောင်ငယ်လေးနှင့် ပက်သက်သည့် ယခုလို အခြေအနေမျိုးကိုလည်း မမြင်ဖူးချေ။ ဒါက ...
“ကျွီ ကျွီ ကျွီ”
ရုတ်တရက် အနီရောင်သုံးဘီးကို နင်းလာသည့် မျောက်တိုတစ်ကောင်က ဘေးဘက်တွင် ရပ်သွားသည်။ သူက သုံးဘီးပေါ်မှ ခုန်ဆင်းလာပြီး ထိုကောင်ငယ်လေးကို ဆွဲကာ ပြေးသွားသည်။
“ဟေး ရှောင်ကျောင်း”
လောင်လီက အံဩသွားပြီး နောက်မှ အသည်းအသန်လိုက်သည်။
“အဖိုးကြီး လိုက်စရာမလိုဘူး။ ဒီကလေးတွေက လုံခြုံပါတယ်”
ရုတ်တရက် လက်မှတ်ရောင်းသော ကောင်ငယ်လေးက ဘေးဘက်သို့ ရောက်လာပြီး ပြုံးကာ ပြောသည်။
“ကျွန်တော်က ဆုပိုင်ပါ။ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာပေါ့။ ဒါက ခင်ဗျားရဲ့ မြေးလား”
“အရာအားလုံး အဆင်ပြေရဲ့လား”
လောင်လီက ထိုလူငယ်၏ နွေးထွေးသော အပြုံးကို ကြည့်ရင်း ဆော့ကစားနေကြသည့် ကလေးများကို ကြည့်ကာ စိတ်အေးသွားသည်။
“ဒါပေမယ့် ငါ့ရဲ့မြေးက နည်းနည်းလေး ခြားနားတယ်။ သူက စိတ်ကျရောဂါကို ခံစားနေရတာလေ။ ဒါကြောင့် စိုးရိမ်မိတာပါ”
“ကြည့် သူပျော်နေတာ မဟုတ်လား”
လောင်လီက ဆုပိုင်၏ အကြည့်အတိုင်း လိုက်ကြည့်သောအခါ သူ၏အသက်ရှူသံကပင် ပြောင်းလဲသွားသည်။
“ရှောင်ကျောင်း... “
သူ့ရဲ့မြေးက ရယ်နေတယ်။
ဟုတ်တယ် သူက အနောက်က မျောက်တွေနဲ့အတူ သုံးဘီးစီးနေတာ။
ဘယ်လောက်တောင် ကြာသွားပြီလဲ။ နှစ်နှစ်လား။
ပထမဦးဆုံးအကြိမ် ဒီကောင်ငယ်လေးက ပျော်ပျော်ရွှင်ရွှင် ပြုံးရယ်နေတာကို ပြန်မြင်ရတာပဲ။
သူရဲ့မျက်ဝန်းတွေကလည်း အသက်စွမ်းအင် ပြန်ပြည့်လာပြီ။
“ဟုတ်တယ် ဟုတ်တယ်”
လောင်လီက မျက်ရည်များကို သုတ်သည်။ သူက မြေးဖြစ်ရှိဖြစ်ရာ မြက်ခင်းနားသို့ လျှောက်သွားလိုက်၏။
“ဟား ဟား ဟား”
ရှောင်ကျောင်း၏မျက်နှာပေါ် နေရောင်က ဆင်းကျလာသည်။ သူ၏ သေသပ်သော သွားများက တောက်ပလာသည်။ လောင်လီက ဘေးဘက်တွင် ရပ်ပြီး ငိုနေမိလေသည်။
ဒေါက်တာတွေရဲ့ ပြောစကားအရ စိတ်ကျရောဂါ ခံစားနေရတဲ့ ကလေးတွေက များများပြုံးရယ်ဖို့ လိုအပ်တယ်။ သူတို့က ပြုံးရယ်တာနဲ့ ဒီရောဂါက တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မယ်။ ဆေးတောင် မလိုအပ်ဘူးတဲ့။
မမျှော်လင့်ထားစွာပင် ရှောင်ကျောင်းက တိရိစ္ဆာန်ရုံအတွင်းတွင် ပြုံးရယ်နေလေသည်။
ထို့အပြင် ပျော်ရွှင်စွာ ပြုံးရယ်နေခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် နတ်ဘုရား ကျေးဇူးတင်ပါတယ်”
လောင်လီ၏ နှလုံးသားက ရုတ်တရက် တည်ငြိမ်သွားသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ဘေးဘက်ရှိ ကျောက်သားကို ကိုင်ကာ တဖြည်းဖြည်းချင်း ထိုင်ချသည်။
“ဟင် နင့်ရဲ့နာမည်က ဘာလဲ”
တပိုင်ကို စီးနင်းနေသည့် ကလေးမလေးက ဘုရင်မတစ်ပါးလိုမျိုး မရေမတွက်နိုင်သော ကလေးပေါင်းများစွာ ခြံရံလျက် ရောက်ရှိလာသည်။ သူက ရှောင်ကျောင်း၏ အနီးသို့ ရောက်သွားပြီး လက်ဆန့်ထုတ်ကာ ပြုံးရယ်လျက် ပြောသည်။
“နင် တပိုင်ကို ထိတွေ့ချင်လား။ သူက တအားနာခံပါတယ်”
“ငါ ငါ့ရဲ့နာမည်က ရှောင်ကျောင်းပါ...ငါ သူ့ကို ထိလို့ရလား”
“ရတာပေါ့ တပိုင်က နာခံတယ်။ သူ့ကို ထိခိုင်းလိုက်လေ”
ထိုကလေးက သူ၏သေးငယ်သော လက်လေးကို ထုတ်လိုက်ပြီး တပိုင်၏ခေါင်းကို အသာပုတ်သည်။ ထို့နောက် ပြန်ငုံ့ကာ ခပ်တိုးတိုး ပြောသည်။
“အိုး”
တပိုင်က ကျောပေါ်ရှိ ကောင်မလေးကို တစ်ချက်ကြည့်ပြီးနောက် မြေပြင်ပေါ်တွင် နာခံစွာပင် လှဲလိုက်သည်။
“နူးညံ့နေတာပဲ”
ရှောင်ကျောင်းက လက်ဆန့်ထွက်လာပြီး တပိုင်၏ခေါင်းကို ပွတ်နေသည်။ သူက တအံ့တဩ ပြောသည်။
“ဒါက တီဗွီက မြင်ရတာနဲ့ မတူဘူး”
“ဟေး တပိုင်က အစစ်အမှန်သားရဲလေ။ နောက်ပြီး ဒီမျောက်တွေရောပဲ။ အာ နင် မျောက်တွေနောက်ကို လိုက်ဖမ်းချင်လား”
သူ၏ရှေ့မှ ချိုမြိန်စွာ ပြုံးနေသော ကောင်မလေးကို ကြည့်ပြီး ရှောင်ကျောင်း သဘောတကျ ခေါင်းညိတ်သည်။
“အိုး အိုး တပိုင် သူတို့အနောက်ကို လိုက်”
“မြန်မြန်လေး ကြည့်”
“အရှေ့မှမျောက်က နင့်ကို ဖင်ခါပြနေတာ”
“မြန်မြန်လာ တပိုင် ကြိုးစားထား”
ထိုကလေးနှစ်ယောက်က ပန်ဒါကြီးပေါ်တွင် တက်ထိုင်နေသည်။ ထို့နောက် အရှေ့မှထွက်ပြေးနေသော မျောက်များနောက်သို့ ပြေးလိုက်နေသည်။
ထိုသို့ဖြင့် ဘေးဘက်မှ ကလေးတစ်အုပ်ကလည်း နောက်မှပတ်လိုက်လာပြီး ပျော်ရွှင်စွာ ရယ်မောနေကြသည်။
“ဟိုး”
လောင်လီက မြေးဖြစ်သူ၏ ပုံစံကို ကြည့်ပြီး သဘောတကျ သက်ပြင်းချသည်။
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”
သူ၏မျက်လုံးထဲတွင် မျက်ရည်များ ရှိနေသေးသည်။ သူက ဘေးဘက်မှ လူငယ်ကို ဂါဝရပြုလိုက်သည်။
“ဒီတိရိစ္ဆာန်ရုံအတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“တစ်ရက်မှာ ငါ့ရဲ့မြေးက အခြားကလေးတွေနဲ့အတူ ဒီလိုဆော့ကစားနိုင်တယ်လို့ မတွေးဖူးဘူး။ ကျေးဇူးအများကြီး တင်ပါတယ်”
“ဒီလိုလုပ်စရာ မလိုပါဘူး”
ဆုပိုင်က ပြုံးရယ်လိုက်ပြီး ထိုအဖိုးကြီးကို ပြန်လည်ထူမော့ပေးသည်။ ထို့နောက် ခပ်တိုးတိုး ပြောသည်။
“အနာဂတ်မှာ အပတ်တိုင်း ဒီကလေးကို ခေါ်ပြီး အလကားလာလို့ ရပါတယ်။ အခု ဒီမှာ တိရိစ္ဆာန်တော်တော်လေး နည်းနေသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ အများကြီး ရောက်လာလိမ့်မယ်”
တိရိစ္ဆာန် ဘာသာစကား၏ အကူအညီကြောင့် ဆုပိုင် အနေဖြင့် ထိုအကောင်များကိုလည်း အမိန့်များ ပေးနိုင်နေပြီ ဖြစ်သည်။
နောက်ပြီး...
နေ့တိုင်းလိုလို ပို၍များပြားသည့် လူများက ရောက်ရှိလာကြသည်။ သို့ရာတွင် ဇီဝဗေဒနယ်ပယ်ကို လေ့လာသောသူများ မရောက်လာသေးချေ။ ထိုအခြေအနေက ဆုပိုင်က စိုးရိမ်စေသည်။
အစိုးရကသာ အင်အားသုံးပြီး ဝင်ရောက်စွက်ဖက်လာခဲ့လျှင် သို့မဟုတ် သူ့အား ထိုတိရိစ္ဆာန်များကို တိုင်းပြည်အတွက် လှူဒါန်းခိုင်းလျှင် သူက ဒုက္ခရောက်ပေလိမ့်မည်။
တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေက စွန့်ပစ်ခံထားရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်တိုင်အောင် အစိုးရက အင်အားသုံးပြီး ဝင်ရောက် စွက်ဖက်လာလိုခဲ့လျှင်လည်း ...
“ဟစ် ဟစ် ဟစ် “
ရုတ်တရက် ဘေးဘက်ရှိ မြက်ခင်းထဲမှ ရွှေမြွေကြီးက တွားသွားလျက် ရောက်ရှိလာသည်။ ဆုပိုင်က ငုံံ့ကိုင်းပြီး ကောက်ပွေ့လိုက်၏။ ထို့နောက် ထိုအကောင်၏ခေါင်းလေးကို အသာထိတွေ့နေလိုက်သည်။
“ဒါက ... ဒါရိုက်တာဆု”
အဖိုးကြီးလီက အရှေ့မှ သတ္တဝါကို ကြည့်ပြီး ကြောက်လန့်မှုအချို့ဖြင့် ပြောသည်။
“မင်းရဲ့ တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေက စက်ရုပ်တိရိစ္ဆာန် မဟုတ်ဘူးနော်”
“ဟား ဟား ဟုတ်တယ်။ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန် အစစ်အမှန်တွေပဲ။ မယုံရင် ထိတွေ့ကြည့်ပါလား”
“အာ”
သူ၏အရှေ့မှ ဆန့်ထွက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော မြွေ၏ခေါင်းကို ကြည့်နေပြီးနောက် သူက ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။
“ဒါတွေအားလုံးက အစစ်တွေလား”
မအံ့ဩတော့ပါဘူး။
သူ၏မြေးဖြစ်သူ စတင်ဖျားနာတဲ့အချိန်က လောင်လီကလည်း စာကြည့်တိုက်အတွင်းမှ အချက်အလက်များစွာကို ရှာဖွေစစ်ဆေးခဲ့ဖူးသည်။ ရှေးခေတ်ကာလ အတောအတွင်း တိရိစ္ဆာန်များမှတဆင့် စိတ်ကျရောဂါကို အောင်မြင်စွာ ကုသနိုင်သည့် ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည်။ သို့သော် အခုအခြေအနေက မမျှော်လင့်ထားစွာပင် အမှန်တကယ် ဖြစ်လာလေသည်။
ရှောင်ကျောင်း၏ တာဝန်ယူဒေါက်တာကလည်း တိရိစ္ဆာန်များကသာ မျိုးတုန်းပျောက်ကွယ်ခြင်း မရှိခဲ့လျှင် ရှောင်ကျောင်းကဲ့သို့ ခြောက်နှစ်အရွယ် ကလေးက စိတ်ကျရောဂါမှ ပြန်လည်သက်သာသွားနိုင်ခြေ အလွန်မြင့်ကြောင်း ပြောပြခဲ့ဖူးလေသည်။
ကံဆိုးသည်မှာ...
တိရိစ္ဆာန်တိုင်းက မျိုးတုန်းပျောက်ကွယ်သွားသည်။
ဒီကောင်ငယ်လေး ပထမဦးဆုံးအကြိမ် တွေ့တဲ့အချိန်မှာတောင် အခြားကလေးတွေနဲ့ ရယ်မောဆော့ကစားနိုင်တာ မအံ့ဩတော့ပါဘူး။
ဒါက အစစ်အမှန် တိရိစ္ဆာန်ကပဲ လုပ်ပေးနိုင်တာကို။
“ဒါရိုက်တာဆု ငါ ငါ့မှာ မကောင်းမွန်တဲ့ တောင်းဆိုမှုတစ်ခုတော့ ရှိပါတယ်။ မင်း သဘောတူပေးနိုင်မလား”
“အိုး”
ဆုပိုင်က သူ့ကို လှည့်ကြည့်သည်။ ထို့နောက် ပြုံးရယ်ကာ ပြောသည်။
“ပြောပါ”
“ဒါက ... ဆေးရုံမှာ ငါ့ရဲ့မြေးလိုမျိုး ကလေးတွေ အများကြီးရှိတယ်။ သူတို့အားလုံးက အသက်ဆယ်နှစ်အောက်တွေပါ။ သူတို့က တော်တော်လေး သနားစရာကောင်းပါတယ်။ ဒါကြောင့် ရှောင်ကျောင်းရဲ့ အခြေအနေအရ ငါ သူတို့ကို ပြန်ပြောပြလိုက်ရင် သူတို့ ဒီနေရာကို လာကြမှာပဲ။ အဲ့ဒီအခါ သူတို့ရဲ့အခြေအနေပေါ် အများကြီး ကူညီပေးနိုင်လိမ့်မယ်”
လူအိုကြီးက တုန့်ဆိုင်းစွာပြောသည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက စိတ်ကျရောဂါ ခံစားနေရသည့် လူနာများ ဖြစ်သည်။ လူတိုင်းကလည်း ရှောင်ကျောင်းကဲ့သို့ သိသာစွာ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဒါက တိရိစ္ဆာန်ရုံဖြစ်ဖြစ်သည်။ ထို့ကြောင့် အချိန်ကျလာသည့်အခါ ...
“ဟား ဟား ရပါတယ်။ ဒီအတိုင်း လာခိုင်းလိုက်။ ဆေးရုံကို ပြောပြီး ငါ့ကို ဆက်သွယ်ခိုင်းလိုက်ပါ။ စိတ်ကျရောဂါနဲ့ လာတဲ့ကလေးတွေ အားလုံးက အလကား ဝင်ရောက်ခွင့် ရှိမယ်”
ဆုပိုင်က ပြုံးရယ်ရင်း ပြောလိုက်သည်။
သူကလည်း သူ၏မူရင်းဆန္ဒကို မမေ့သေးပါချေ။ ထိုကြောင့် တိရိစ္ဆာန်ရုံက ပိုက်ဆံရှာနိုင်ခြင်း ရှိမရှိက အရေးမကြီးချေ။ ထိုလူများကလည်း ပြန်လည်ပေါ်ထွက်လာသည့် တိရိစ္ဆာန်များကို လက်ခံပေးပြီး တိရိစ္ဆာန်များဟာ လူသားများ၏ မိတ်ဆွေဖြစ်ကြောင်း ယုံကြည့်လက်ခံနိုင်လျှင် သူ၏ပန်းတိုင်က အောင်မြင်မည် ဖြစ်သည်။
သို့ရာတွင် ထိုကလေးများက စိတ်ကျရောဂါ ခံစားနေရခြင်း ဖြစ်သည်။ သူတို့ကိုသာ ကုသပေးနိုင်ခဲ့လျှင် သက်ရောက်မှုက ပို၍ပြင်းထန်သွားလာလိမ့်မည်။ ထိုအချိန် ကျလာသည့်အခါ အံ့အားသင့်မှုအမှတ်များကို ရရှိနိုင်ရုံ မကသေးလေပဲ နောက်ပိုင်း တိရိစ္ဆာန်အပိုင်းအစ များစွာကိုလည်း လဲလှယ်နိုင်ပေလိမ့်မည်။