← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အပိုင်း(၂၅)

“ဟား ဟား”

“တပိုင် ငါ နင့်ကို တအားချစ်တယ်”

“ငါ့ကို မရပ်နဲ့တော့ ဟီးဟီး မရပ်နဲ့တော့”

ကောင်းယွဲ့က တိရိစ္ဆာန်ရုံဝင်ပေါက်မှ ဝင်လာသည့်အချိန်တွင် အဝေးရှိပန်ဒါကြီးကို မြင်လိုက်ရသည်။ ပန်ဒါကြီး၏ လက်မောင်းအတွင်းတွင်မူ သူမ၏ ဘေဘီက ရှိနေသည်။ သူမက အလုပ်မှ ဆင်းကာစ ဖြစ်သည်။ သမီးဖြစ်သူ၏ တောက်ပသော အပြုံးကို မြင်သောအခါ အမောပြေသွားသည်။ သူမကလည်း ဒီရက်များ အတောအတွင်း သူမ၏ကလေးအတွက် မူကြိုမှ ခွင့်ယူပေးထားခြင်း ဖြစ်သည်။

ဆေးရုံရှိ လူများနှင့် ဆွေးနွေးပြီးနောက် ကလေး၏ အခြေအနေက စတင်ကာ လက္ခဏာပြလာပြီဖြစ်သည်။ လက်များကပင် တစ်ခါတစ်ရံ ခံစားချက် ပျောက်ဆုံးနေတတ်သည်။ သူမက ညဘက်အိပ်ပျော်သွားသော အချိန်တွင် ကောင်းယွဲ့က ဘေးနားတွင် နေပြီး တစ်ချိန်လုံး စမ်းကြည့်ပေးနေခဲ့သည်။ လက်မောင်းမှ ကြွက်သားများကို ထိကိုင်ကြည့်ရင်း လျို့ဝှက်ကာ နေရင်းငိုခဲ့ရသည့် နေ့ရက်များလည်း မနည်းတော့ချေ။

ALSရောဂါက ကြွက်သားများ တုန်ယင်မှုမှ စတင်ပြီး လျင်မြန်စွာ ဆိုးရွားလာတတ်သည်။

ယခုက စတင်ပြီး အိပ်ယာခုတင်ပေါ်တွင် စတင်ကာ လှဲနေရတော့မည့် ကလေးဖြစ်သူအကြောင်း တွေးမိသော် သူမ၏မျက်နှာက ဖြူဖျော့လာသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲ အမျိုးမျိုးသော ကုသသော နည်းလမ်းများကို အသုံးပြုကာ ကုသရတော့မည် ဖြစ်သည်။ သူမ၏ကိုယ်တွင်လည်း ဆီးပိုက်၊ အစာပြွန်ပိုက် စသဖြင့် ပိုက်အမျိုးမျိုးကို တပ်ရတော့မည် ဖြစ်သည်။ ကောင်းယွဲ့၏ နှလုံးသားကလည်း အပ်ဖြင့်ထိုးစိုက်သလို နာကျင်လာသည်။

ကလေးက ငါးနှစ်သာ ရှိနေသေးသည်။ ယခုလိုမျိုး ထာဝရ မနေသွားနိုင်ချေ။ ထိုသို့ဆိုလျှင်လည်း ရှင်သန်နေထိုင်ရခြင်းက အဓိပ္ပာယ် မရှိသေးပါချေ။

“မား မား”

ကလေးက ကောင်းယွဲ့ကို တွေ့သွားပြီး တပိုင်ကိုယ်ပေါ်မှ ခုန်ဆင်းလာကာ လက်နှစ်ဖက် ဆန့်တန်းလျက် မိခင်၏ရင်ခွင်အတွင်းသို့ ပစ်ဝင်သည်။

“ဒီနေ့ တပိုင်က ဘေဘီနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆော့နေတာ။ ဘေဘီက တပိုင်ကို မျှစ်တွေတောင် ကျွေးခဲ့သေးတယ်”

“တော်လိုက်တာ”

ကောင်းယွဲ့က ကလေး၏နှာခေါင်းလေးကို အသာဖိညစ်လိုက်သည်။ ထို့နောက် ပြုံး၍ပွေ့ချီလိုက်၏။

“ဦးလေးဆုပိုင်ကို နှုတ်ဆက်လိုက်”

“အချိန်ကျပြီလား။ ဘေဘီ မနက်ဖြန် လာဦးမလား”

ကလေးကလည်း ထွက်သွားရမည့်ဆိုသော အကြောင်းအရာကို ကြားသောအခါ နှုတ်ခမ်းဆူသည်။

“မနက်ဖြန် မဟုတ်ဘူး။ မနက်ဖြန် ဆေးရုံသွားရမယ်လေ။ မေ့သွားပြီလား”

“ကောင်းပြီ”

ကလေးက နှုတ်ခမ်းဆူသည်။ ထို့နောက် မျက်မှောင်ကျုံ့ကာ ခေါင်းညိတ်သည်။

“တပိုင်”

သူက တပိုင်ကို လက်ယမ်းနှုတ်ဆက်သည်။

“လိမ်လိမ်မာမာ နေရမယ်နော်။ ဘေဘီက သဘက်ခါမှ လာတွေ့မှာ”

“ဦးလေးဆုပိုင် နှုတ်ဆက်ပါတယ်။ ဘေဘီ အိမ်ပြန်တော့မယ်”

“ဟား ဟား နှုတ်ဆက်ပါတယ် ကောင်မလေးရယ်”

ဆုပိုင်က ဘေးဘက်တွင် ရပ်လျက် ထိုကောင်မလေးကို လက်ယမ်းနှုတ်ဆက်နေလိုက်သည်။ ထို့နှစ်ယောက် ပျောက်ကွယ်သွားသောအချိန်တွင် တံခါးကိုလည်း ပိတ်လိုက်သည်။

ယခုတလော ထိုကောင်ငယ်လေးက ပထမဦးဆုံး လာပြီး နောက်ဆုံးမှ ပြန်သောသူ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆုပိုင်က သူနှင့်အတူပင် နေ့လည်စာ စားရသေးသည်။

ထိုသို့ဖြင့် ထိုကောင်ငယ်လေးဟာလည်း တပိုင်၏ သဘောအကျဆုံး ဘုရင်မ ဖြစ်လာသည်။ မည်သူကမှ သူ၏ကိုယ်ပေါ် တက်စီး၍ မရချေ။ ဘယ်သူကမှလည်း သူ၏ခေါင်းပေါ် တက်ထိုင်စီးပြီး ဟိုဟိုဒီဒီ အမိန့်ပေး၍ မရချေ။ ဘေဘီကမူ ချွင်းချက်ဖြစ်သည်။

ရှုပ်ပွနေသော ဥယာဉ်ကို ကြည့်ရင်း ဆုပိုင်က ခေါင်းကိုအုပ်ရင်း ခပ်တိုးတိုး ရေရွတ်သည်။

“စနစ် ပန်းခြံကို စရှင်းလိုက်တော့”

“တင် ပန်းခြံကို စရှင်းနေပါပြီ။ အံ့အားသင့်မှုအမှတ် သုံးရာကို အလိုအလျောက် ပြန်ဖြည့်ပြီးသွားပါပြီ”

ပန်းခြံတစ်ခုလုံး အနှံ့ အဖြူရောင်မီးခိုးများ ထွက်လာပြီး ချက်ချင်းဆိုသလို ပန်းခြံတစ်ခုလုံးက ရှင်းလင်းသွားသည်။ ဖုန်တစ်စပင် မရှိတော့ချေ။

ဆုပိုင်က စနစ်၏ဇယားကို လှမ်းကြည့်လိုက်သည်။

ရက်အနည်းငယ် အသုံးပြုနေပြီးနောက် သိပ်မကြာခင် ငှက်အပိုင်းအစနှင့် လဲလှယ်နိုင်တော့မည် ဖြစ်ကြောင်း သိလိုက်သည်။

သို့ရာတွင် ဆုပိုင်က အံ့အားသင့်မှုအမှတ် သန်းကျော်သော ဒိုင်နိုဆော အပိုင်းအစကို မြင်သောအခါ လောဘကြီးလာသည်။

အတိတ်တွင် ထိုကဲ့သို့သော သတ္တဝါမျိုးက မြေကမ္ဘာခေတ်တွင်ပင် မျိုးတုန်းပျောက်ကွယ်နေပြီးသား ဖြစ်သည်။ ရုပ်ကြွင်းများမှ လွဲပြီး အစစ်အမှန် ဒိုင်နိုဆောကို မည်သူကမှ မမြင်ဖူးကြချေ။ ဆုပိုင်ကိုယ်တိုင်ကလည်း ထျန်နိုဆောရက်နှင့် တောအုပ် အန်နာဂွန်ဒါများကို မြင်ရမည့် အခြေအနေကိုပင် မမျှော်လင့်မိထားချေ။ ထိုကောင်များကလည်း မတည်ရှိပဲ မျိုးတုန်းပျောက်ကွယ်သွားသည်မှာ နှစ်ရာစု ကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော် စနစ်ထဲတွင်မူ ရီဖရက်ရှ်လုပ်၍ ပေါ်လာသည်။

“ဒါက ဒါက အံ့အားသင့်မှုအမှတ် လုံလောက်မယ်ဆိုရင် ... အနာဂတ်တွင် လူအများ လာရောက်ကြည့်ရှု့နိုင်ရန် ဒိုင်နိုင်ဆောကျွန်းတစ်ခု တည်ဆောက်ရပေမည်။

ကြီးမားတဲ့ ထျန်နိုဆောရက်တွေ၊ ပတ်ထာရိုဆောတွေ …ဆုပိုင်က တွေးကြည့်ရုံနှင့်တင် စိတ်လှုပ်ရှားလာသည်။

သို့သော် သူ၏အရှေ့တွင် စတင်ကာစ ပန်းခြံတစ်ခုကသာ ရှိသည်။ သူက တည်ငြိမ်စွာဖြင့် ဆက်လက်ကစားနိုင်သေးသည်။ အံ့အားသင့်မှုအမှတ်များက များသထက်များလာပြီး နောက်ဆုံးတွင် သူ၏အင်အားကလည်း တိုးသထက် တိုးလာပေလိမ့်မည်။ ဒီနည်းအားဖြင့် တာဝန်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပေလိမ့်မည်။

ရွှေမြွေကို ကယ်တင်ပြီးနောက် မျောက်တိုများကို ကယ်တင်ခဲ့သည့် အချိန်က သူကပင် သေလုနီးပါး ဖြစ်ခဲ့သေးသည်။ နောက်ပိုင်း ထျန်နိုဆောရက်ကဲ့သို့သော သတ္တဝါမျိုးကို ကယ်တင်ရသည့်အခါ အန္တရာယ်က များများ များနိုင်ကြောင်း တွေးကြည့်ရုံနှင့်ပင် ခက်ခဲသည်။

“ဟူး”

“ခရီးက ရှည်ပါသေးတယ်”

ဆုပိုင်က သက်ပြင်းချသည်။ ထို့နောက် ထိုတိရိစ္ဆာန်တိုင်းကို ပန်ဒါဥယာဉ်ထဲသို့ မောင်းထည့်သည်။

“ဒုန်း ဒုန်း ဒုန်း”

တပိုင်က မြေပြင်ရှိ ဝါးမျှစ်များကို ကောက်ယူလိုက်သည်။ ထို့နောက် သူရဲကောင်းဆန်သော ပုံစံမျိုးဖြင့် စတင်ကာ ကြိတ်ဝါးပြန်သည်။

ပန်ဒါဥယာဉ်အတွင်းရှိ တောင်းကြီးထဲမှ သစ်သီးများကို ထုတ်ယူကာ မျောက်များက စစားနေကြပြီ ဖြစ်သည်။

မြွေကမူ ဆုပိုင်၏ ခြေရင်းတွင် အထီးကျန်စွာ နေပြီး သူ့ကို သနားစဖွယ်ကောင်းသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။

“အာ”

ဆုပိုင်ကလည်း ထိုအကောင်ကို ကြည့်ရင်း ရှက်ရွံ့စွာ ခေါင်းကုပ်သည်။

ဆစ်က သမင်၏ အလောင်းကို စားပြီးသွားလေပြီ။ ထို့ကြောင့် နောက်ထပ် တာဝန်အပိုင်းအစ တစ်ခုကို ရရှိရန် နှစ်ရက်ခန့် အချိန်လိုအပ်လောက်သည်။

“တကယ်ကို ခေါင်းကိုက်စရာပဲ”

ဒီတစ်လောကလုံးတွင် မည်သည့်တိရိစ္ဆာန်အသားမှ မရှိပါချေ။ ပို၍များပြားသော သားရဲများကိုလည်း အနာဂတ်တွင် ပြန်လည် ရှင်သန်အောင် လုပ်နိုင်လျှင် အသားက ပြဿနာကြီး ဖြစ်လာနိုင်သေးသည်။

သူက နေ့တိုင်းလိုလို တာဝန်များ လုပ်ပြီး ထိုမြွေကို ပျိုးထောင်နိုင်နေသေးလျှင်ပင် နောက်ပိုင်း ကျားတစ်အုပ်ကို မွေးမြူသောအခါ ဒုက္ခရောက်နိုင်သည်။ ထိုနည်းလမ်းက မည်သို့ပင်တွေးတွေး စစ်မှန်ခြင်း မရှိချေ။

“ကြည့်ရတာ‌ နောက်ပိုင်း ရီဖရှက်ရှ် လုပ်သွားတဲ့အခါ မွေးလို့ရမယ့် တိရိစ္ဆာန်တွေ ကြည့်ရမယ်။ အဲ့ဒီလိုမှ မဟုတ်ရင် အနာဂတ်မှာ တိရိစ္ဆာန်တွေ မွေးရင်းနဲ့ မောပန်းနွမ်းနယ်သွားလောက်တယ်”

ဆုပိုင်က ရေရွတ်သည်။ ထို့နောက် သဘောတကျ ရှိနေကြသော တိရိစ္ဆာန်တစ်အုပ်ကို ကြည့်ရင်း သူက ပြုံးလိုက်သည်။ သူက ခေါင်းညိတ်ကာ ရုံးခန်းထဲသို့ သွားလိုက်သည်။

အလုပ်များသော နေ့တစ်ရက်က အဆုံးသတ်သွားလေသည်။ သူ့ အနေဖြင့် အနားယူရန် အချိန်ရောက်လာသည်။

“အိုး”

“သောက်ကျိုးနည်း ဘာတွေအရသာ ရှိလို့လား”

ဆုပိုင် ထွက်သွားပြီး သိပ်မကြာခင် တပိုင်က သူ၏မျှစ်များကို ပစ်ချပြီး ဝါးခြင်းတောင်းနားသို့ သွားကာ အဝါရောင် သစ်သီးတစ်လုံးကို ကောက်ယူကာ ကိုက်စားကြည့်သည်။

“ထွီ”

သူက ချဉ်စုတ်သော အရသာကြောင့် ထွေးထုတ်လိုက်သည်။

“ဒီကောင်တွေက အစားအသောက်ကို ဘယ်လိုပျော်မွေ့မလဲ ဆိုတာကို နားမလည်ဘူးပဲ။ ဒီလောက် ချဉ်စုတ်နေတဲ့အရာလေ။ ဒါကို စားလို့ရလို့လား”

သူ၏အရှေ့မှ မျောက်များကို အထင်သေးသော အကြည့်မျိုးဖြင့် ကြည့်ပြီးနောက် တပိုင်က ဝါးတောအနောက်ဘက်ရှိ ကျောက်တုံးနေရာနားသို့ လျှောက်သွားလိုက်သည်။

ဒီသောက်ကျိုးနည်း အရူးလို မျောက်တွေကို သူ့ရဲ့မျှစ်တွေ စားခွင့်ပြုလို့ မရဘူး။ အဲ့ဒီလိုမှ မဟုတ်ရင်... လာလုကြလိမ့်မယ်။

ဒီလောက် အရသာရှိတဲ့အရာ သူပဲ စားနိုင်တယ်။

…

ချင်တု

ကလေးသူငယ် စိတ်ကျန်းမာရေး ဌာန ပြန်လည်အားမွေး ကုသခြင်း ဆေးရုံ

“ဘာ တကယ်ပြောနေတာလား”

ပါမောက္ခ ကျိုးကျွင်းက အရှေ့မှ လောင်လီဆိုသော သူကို နီရဲသော မျက်နှာနှင့် ကြည့်လိုက်သည်။ သူက မယုံကြည်နိုင်သလို ပြောလိုက်သည်။

“ဒီတိရိစ္ဆာန်ရုံထဲမှာ တကယ်ပဲ အစစ်အမှန်တိရိစ္ဆာန်တွေ ရှိနေတာလား။ နောက်ပြီး တစ်ကောင်ထက်တောင် ပိုနေသေးတယ် ဟုတ်လား”

“ဟုတ်ပါတယ်”

လောင်လီက သူ၏မြေးဖြစ်သူကို ဖက်ရင်း နူးညံ့စွာ ပြုံးနေသည်။

“ဟုတ်တယ် ရှောင်ကျောင်းရဲ့ အခြေအနေကိုပဲ ကြည့်လေ။ ပိုပြီး ကောင်းမွန်လာတယ် မဟုတ်လား”

“ဟုတ်တယ် အများကြီး ကောင်းမွန်လာတယ်။ သူက တစိမ်းတွေကို မကြောက်တော့ဘူး။ နောက်ပြီး သူ့ရဲ့မျက်လုံးက ပြန်လည် တောက်ပလာပြီ။ သိပ်မကြာခင် သူ သက်သာသွားလိမ့်မယ်”

ပါမောက္ခကျိုးက မျက်မှောင်ကျုံ့ပြီး ဩရှသည့် လေသံဖြင့် ပြောသည်။

“ငါ မင်းကို မေးတော့မလို့ပဲ။ မင်း နောက်ဆုံး ချက်ကပ်လုပ်သွားတာ တစ်ပတ်တောင် မကြာသေးပါဘူး။ ဒီအတောအတွင်း ဘာတွေဖြစ်သွားတာလဲ။ နောက်ပြီး သူ့ရဲ့အခြေအနေတွေက ဒီလောက်ထိ မြန်မြန် တိုးတက်လာတယ်”

“ဟုတ်တယ် ဒါက တိရိစ္ဆာန်ရုံထဲမှာ တစ်ရက်နေခဲ့လို့ပဲလေ”

ပါမောက္ခကျိုးက အံ့အားသင့်သွားသည်မှာ အံ့ဩစရာ မရှိတော့ချေ။ အမှန်တိုင်းဆိုရသော် ...

တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီးသား ဖြစ်သည်။ ယခုအခါတွင်မူ တိရိစ္ဆာန်များကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ ပို၍ဆိုးသည်မှာ ကလေး၏ အခြေအနေကလည်း တိရိစ္ဆာန်များနှင့် တစ်ရက်ခန့် ကစားလိုက်ရုံဖြင့် အလွန့်အလွန် ကောင်းမွန်လာသည်။

တကယ်ကို မယုံကြည်နိုင်ဘူး။

သို့ရာတွင် ရှောင်ကျောင်းက သူ၏အရှေ့တွင် သိသိသာသာ ကောင်းမွန်လာသဖြင့် သက်သေပြနေပြီးသား ဖြစ်သည်။ ဒါက အမှားအယွင်း မဖြစ်နိုင်ချေ။

“လောင်လီ ဒီလိုလုပ်ရအောင်။ ငါ ငါ့ရဲ့ကလေးနှစ်ယောက်ကို မနက်ဖြန် တိရိစ္ဆာန်ရုံဆီ ခေါ်သွားပြီး စမ်းသပ်ကြည့်မယ်။ တကယ်လို့ အလုပ်ဖြစ်ရင်... “

“ငါတို့ရဲ့ ဆေးရုံက ကုသမှုနည်းလမ်း တစ်ခုကို ဆွဲပြီး အကြံအစည် တစ်ခုချလို့ တိရိစ္ဆာန်ရုံက ပိုင်ရှင်နဲ့ တိုင်ပင်ရလိမ့်မည်။ ဒီလိုဆိုရင် လူပေါင်းများစွာကို ကယ်တင်နိုင်မှာပဲ”

တစ်ခဏခန့် ဆွေးနွေးပြီးနောက် ပါမောက္ခကျိုးက အရှေ့မှ လောင်လီကို ကြည့်သည်။ သူက တောက်ပသော မျက်ဝန်းမျိုးဖြင့် ထိုသို့စကားကို ပြောလိုက်သည်။

+++++

အပိုင်း (၂၆)

“ဟယ်လို ကြည့်ရှု့သူ မိတ်ဆွေတို့”

OL ယူနီဖောင်းကို သေသပ်စွာ ဝတ်ဆင်ထားသော သတင်းထောက် အမျိုးသမီးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံဝင်ပေါက်တွင် ရပ်လျက် သူမအရှေ့ဘက်ရှိ ကင်မရာကို နှုတ်ဆက်လိုက်သည်။

“ငါတို့က အချစ် ပရောဂျက်ပရိုဂရမ်ကလေ”

“ဒီနေ့ ငါတို့က အထူးအခမ်းအနား အနေနဲ့ စိတ်ကျရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ အမျိုးမျိုးသော အသိုင်းအဝိုင်းက ကလေးငယ်တွေနဲ့ ပက်သက်တဲ့ အစီအစဉ်တစ်ခုကို တင်ဆက်သွားမှာပါ”

“သူတို့က သူတို့ရဲ့စိတ်ကျရောဂါကြောင့် မူကြိုလည်း သွားလို့မရနိုင်သလို အခန်းထဲမှာ တစ်ချိန်လုံး နေနေကြရတယ်။ နောက်ပိုင်း တစ်ရက်လုံး ကျောင်းစာကို မလေ့လာနိုင်တဲ့ အခြေအနေမျိုးတွေတောင် ရှိတယ်”

“သူတို့ရဲ့ နှလုံးသားက ပိတ်နေတာ။ အပြင်လူတွေနဲ့လည်း ဆက်သွယ်နိုင်စွမ်းအား မရှိတော့ဘူးလေ”

သူမက ထိုသို့ပြောနေရင်းမှ သတင်းထောက် အမျိုးသမီး၏ မျက်ဝန်းက မျက်ရည်များ စိုလာသည်။ သူမအသံကပင် တုန်လာ၏။

“အရင်ရှိုးမှာ ပါခဲ့တဲ့ မိန်းကလေး သုန့်သုန့်ကို မှတ်မိသေးတယ် မဟုတ်လား။ ကံဆိုးစွာနဲ့ ဒီအပတ် မနေ့ည တင်္နလာနေ့ ညနက်ပိုင်းမှ သုန့်သု့န်က မိသားစုဝင်တွေ အိပ်ပျော်နေတဲ့အချိန်မှာ အဆောက်အဦးပေါ်က ခုန်ချသွားခဲ့တယ်”

“ဟူး”

“ဒီနေ့ ငါတို့တွေ ဒီတိရိစ္ဆာန်ရုံကို ရောက်နေတာ”

“ပြောကြတာက ဒီတိရိစ္ဆာန်က အဲ့ဒီသတ္တဝါတွေက စိတ်ကျရောဂါကို ခံစားနေခဲ့ရတဲ့၊ သူတို့ရဲ့ နှလုံးသား တံခါးကို ပိတ်ထားတဲ့ ကလေးငယ်တွေကို မြန်မြန်သက်သာလာအောင် ကူညီပေးနိုင်တယ်တဲ့”

“ချင်တုက ကလေးသူငယ် ကျန်းမာရေး ထိန်းသိမ်းစောက်ရှောက်ရေး စင်တာက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ ရေရှည် စာချုပ်ချုပ်ဆိုထားတယ်။ ဒီထူးခြားတဲ့ ကလေးတွေကို ပြန်လည်သက်သာလာအောင်၊ အမြန်ဆုံး ပုံမှန်ဘဝနဲ့ နေနိုင်အောင် ကူညီပေးဖို့ အကြံအစည်တစ်ခုကို ချခဲ့တယ်”

“ငါက ဒီအချစ်ချန်နယ်ရဲ့ အဓိက တာဝန်ရှိသူ တုန်းယွဲ့ပါ။ နောက်ပြီး ဒီတိရိစ္ဆာန်တွေဆိုတာက အမှန်ပဲ တည်ရှိတာလား။ စိတ်ကျရောဂါ ခံစားရတယ်ဆိုတာက ကုသဆေး မရှိတဲ့ ရောဂါတစ်မျိုးပဲ။ ဒီနေ့ခေတ်မှာ အခုချိန်အထိပေါ့။ ဒါကို ဖြေဆေးမတွေ့သေးဘူး။ ဒါပေမယ့် ဒီတိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေက ကုသပေးနိုင်တယ်လို့ ပြောတယ်။ ဒါကြောင့် ဒီတုန်းယွဲ့က အားလုံးကို ဒီတိရိစ္ဆာန်ရုံထဲ အလည်အပတ် ခေါ်သွားပေးမှာပါ”

သူတို့၏ အချစ်ပရောဂျက် ပရိုဂရမ်က လောကတွင် ဆင်းရဲပင်ပန်း ခံစားနေရသူများကို ကူညီကာကွယ်ပေးပြီး လိုအပ်သည့် နေရာများတွင် ထောက်ပံ့ပေးသည့် တိုက်ရိုက်ထုတ်လွှင့်သော ပရိုဂရမ် တစ်ခုဖြစ်သည်။

သိပ်မကြာခင်က လူငယ်တစ်ဦးကလည်း စိတ်ကျရောဂါ ခံစားနေရသော ကလေးများအကြောင်း ရီပို့ယူခဲ့ကြသေးသည်။

သူတို့ကိုယ်သူတို့ ပိတ်လှောင်ထားပြီး ထောင်အတွင်းတွင် အကျဉ်းချထားသလိုမျိုး နေထိုင်ကြရသည့် ထိုကလေးတစ်အုပ်က အပြင်ဘက်ရှိ ကောင်းကင်ပြာကိုလည်း မမြင်နိုင်ချေ။ အခြားသော ကလေးများကဲ့သို့ မူကြိုတွင်လည်း မကစားနိုင်ချေ။ သူတို့ကို ဓာတ်ပုံရိုက်လျှင်ပင် ထိုကလေးများက ကြောက်တတ်လေသည်။ ထို့အပြင် သူတို့ကလည်း ကိုယ့်ကိုယ်ကို သတ်သေသွားသည့် ကလေးများ၏ ပမာဏ နည်းပါးသည်။ သို့သော် ...

နောက်တစ်ခေါက် ချင်တု ကလေးသူငယ် ကုသရေးစင်တာသို့ ထပ်သွားခဲ့ချိန်က ဆေးရုံတစ်ခုလုံးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံအကြောင်း ဆွေးနွေးနေမှု အကြောင်းအရာကို ကြားခဲ့ရသည်။

စိတ်ကျရောဂါ ခံစားနေရသည့် ကလေးတိုင်းလိုလို ယခင် အနေအထားနှင့် ခြားနားကာ တိုးတက်လာကြောင်း ရီပို့တင်နေကြသည်။ သူတို့က အနည်းငယ် ခပ်ထိုင်းထိုင်း ဖြစ်နေကြသေးသည်။ သို့တိုင်အောင် သူတို့၏မျက်ဝန်းက တောက်ပလာလေ ဖြစ်သည်။

ထို့ကြောင့် ‌မေးခွန်းပေါင်း များစွာနှင့်အတူ တုန်းယွဲ့က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံသို့ ပရိုဂရမ်ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့ကလည်း ဒါက ချဲ့ကားခြင်း ဟုတ်မဟုတ်၊ အမှန်တကယ် သက်ရောက်မှု ရှိမရှိ သိလိုသည်။ ဒီနည်းအားဖြင့် အမှန်တကယ် လုပ်နိုင်ခဲ့လျှင် စိတ်ကျရောဂါကို ခံစားနေရသော ကလေးများအတွက် အလွန်ကောင်းမွန်ပြီး အစားထိုး မရနိုင်သော ကဏ္ဍမျိုးဖြင့် ကူညီနိုင်ပေလိမ့်မည်။ ဈေးကြီးသော ဆေးများအစားပင် ဝယ်ယူနိုင်သေးသည်။

{ကောင်းကင်ပြာ တိရိစ္ဆာန်ရုံဟုတ်လား။ တကယ်ကြီးလား။ ဒါက ဆေးရုံက လှည့်စားထားတာ မဟုတ်လား}

{ဒီနေ့ခေတ် ဆေးရုံတွေဆီကနေ အမှန်တရားတွေ မကြားရတော့ဘူး ထင်ပါတယ်}

{ဒါပေမယ့် ဒီကလေးတွေကတော့ တော်တော်လေးတော့ ခြားနားသွားတယ်}

{မဟုတ်ဘူး ဆိုရင်လည်း ဒီတိရိစ္ဆာန်ရုံကို တရားစွဲကြတာပေါ့။ စိတ်ကျရောဂါ ခံစားရတဲ့ ကလေးတွေကို သုံးပြီး အခုလို နာမည်ကြီးအောင် လုပ်တဲ့အတွက် မုန်းတီးခံရဖို့ ထိုက်တန်တယ်}

{ဟုတ်တယ်။ စက်ရုပ် တိရိစ္ဆာန်တွေက သစ်သားတုံးတွေလိုပဲ။ သူတို့က စိတ်ကျရောဂါ ခံစားနေရတဲ့ ကလေးတွေအပေါ် ဘယ်လိုများ သက်ရောက်မှု ရှိနိုင်မှာလဲ။ ငါတော့ နားမလည်နိုင်ဘူး}

{အစိုးရကလည်း ဒီကိစ္စကို တစ်ခုခု လုပ်ပြီး ပိတ်သိမ်းပေးဖို့ မျှော်လင့်တယ်}

…

ရှိုးကို ကြည့်နေကြသော ကြည့်ရှုသူများ အားလုံးက ကွန့်မန့်များ တစ်ခုပြီး တစ်ခု ချန်ထားရစ်ခဲ့ကြသည်။ သူတို့အားလုံးက နားမလည်နိုင်ကြောင်း မှတ်ချက်ချကြသည်။

မည်သို့ပင်ဆိုစေ အခုတလော သတင်းများကို ကြည့်ခဲ့ကြသော လူအများစုက ကလေးရှိသော မိဘများ ဖြစ်သည်။ သူတို့က တိရိစ္ဆာန်များနှင့် ရင်းနှီးရုံသာ မကသေးလေပဲ ကလေးတိုင်းနှင့် အနည်းဆုံး တစ်ခေါက်တော့ဖြင့် ရောက်ဖူးကြလေသည်။ ထို့ကြောင့် စက်ရုပ် တိရိစ္ဆာန်များက မည်သို့သော ပုံသဏ္ဌာန်ရှိကြောင်း နားလည်နေကြသည်။ ထိုသစ်သားတုံးကဲ့သို့ တိရိစ္ဆာန်များက ကလေးငယ်များ၏ စိတ်ကျရောဂါကို မကုသပေးနိုင်ချေ။

ထိုစကားကို ကြားသောအခါ လူတိုင်းလိုလို ခေါင်းခါကြပြီး လှောင်ကြသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“ကောင်းပြီလေ။ အတွင်းကို ဝင်ကြည့်ရင် အခြေအနေကို သိရမှာပေါ့”

တုန်းယွဲ့က တိရိစ္ဆာန်၏ ဝင်ပေါက်နားသို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ သူမက ကင်မရာကို လှည့်ကြည့်ကာ ပြောသည်။

“ကျွန်မတို့ရဲ့ အချစ်ပရောဂျက်က အမှန်တိုင်း ပြောရဲပြီး အမှန်တိုင်း လုပ်ဆောင်ရဲတဲ့ ပရိုဂရမ်တစ်ခုပဲ။ အမှန်တိုင်းပြောတဲ့ ပရိုဂရမ်လို့လဲ ဆိုလို့ရတယ်။ ဒီတိရိစ္ဆာန်ရုံကသာ လိမ်ညာရဲရင် အဲ့ဒီနောက်... ကျွန်မတို့က လိုအပ်တဲ့ စီစဉ်မှုတွေ လုပ်ပြီး ဌာနအသီးသီးကို အကြောင်းကြားပြီး ဒီတိရိစ္ဆာန်ရုံကို ပိတ်သိမ်းခိုင်းမယ်။ ဒါရိုက်တာကတောင်မှ တရားဝင် တာဝန်ယူရမယ်”

“ဘာလို့လဲ”

ရုတ်တရက် ဘေးဘက်မှ အမျိုးသားတစ်ယောက် လျှောက်လာသည်။ ထို့နောက် ဒေါသတကြီး ဖြစ်နေပုံရသော ပါးကို အသားကုန်ဖောင်းထားသည့် ချိုမြိန်ဖွယ်ကောင်းသည့် ချစ်စရာ ကောင်မလေးကိုလည်း မြင်ရသည်။

“ဦလေးဆုပိုင်ရဲ့ တိရိစ္ဆာန်ရုံက ဒီလောက်ကောင်းတာ။ ဘာလို့ ပိတ်သိမ်းရမှာလဲ”

“နင်တို့က လူဆိုးတွေ။ နင်တို့ကို ဒီနေရာက မကြိုဆိုဘူး”

တုန်းယွဲ့က မင်းသမီးဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်မလေးကို ကြည့်သည်။ ထိုကောင်မလေးကို ဆံပင်လေးကို ချောမွေ့ ပြောင်ရှင်းသော ပုံစံမျိုးဖြင့် နှစ်ဖက်ခွဲစည်းထားသည်။ သူမ၏ ပုံစံလေးက ချစ်စရာလေး ဖြစ်သည်။ ထို့ကြောင့် သူမက ဆောင့်ကျောက်ထိုင်လိုက်ရင်း မေးကြည့်လိုက်သည်။

“ကောင်မလေးက ဒီတိရိစ္ဆာန်ရုံက ဒီလောက်ထိ ကောင်းမှန်း ဘယ်လိုသိတာလဲ”

“ဟွန့် ဒါပေါ့ ဘေဘီက ဒီနေရာကို နေ့တိုင်းလာနေကြလေ။ ဒီထဲက တိရိစ္ဆာန်တိုင်းက ဘေဘီရဲ့ မိတ်ဆွေတွေ။ သူတို့က အရမ်းနာခံတာ”

“နင်တို့ ဒီလိုပြောခွင့်မရှိဘူး”

“သတိထား ငါ တပိုင်ကို ပြောပြီး နင်တို့ကို ရိုက်နှက်ခိုင်းလိုက်မှာ”

ကောင်မလေးက မျက်မှောင်ကြုတ်သည်။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရှေ့မှလူများကို စိုက်ကြည့်သည်။ ထို့နောက် အတွင်းသို့ ပြေးဝင်သွားသည်။

ငါတို့ သူတို့ကို တိရိစ္ဆာန်ကို ဖျက်ဆီးခွင့် မပြုနိုင်ဘူး။ သူတို့ကို သေချာပေါက် တားရမယ်။

“တပိုင် သတင်းဆိုးပဲ။ လူဆိုးတွေ လာနေကြပြီ”

“တပိုင်”

တုန်းယွဲ့က မြေပြင်က မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် တိရိစ္ဆာန်ရုံ ဝင်ပေါက်သို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားသည်။

“ဟိုး ဟိုး ဟိုး”

“အိုး လား လား လား”

“မြန်မြန်”

တိရိစ္ဆာန်ရုံဝင်ပေါက်မှ လက်မှတ်ဂိတ်သို့ ရောက်သွားသည့်အချိန်တွင် အတွင်းမှ ဝင်ပေါက်မှ အော်ဟစ်သံကို ကြားရသည်။ တုန်းယွဲ့က‌ ကြောင်သွားသည်။

ဒါက သူ အရင်ရောက်ဖူးတဲ့ တိရိစ္ဆာန်ရုံနဲ့ ခြားနားနေသလိုပဲ။ ဒီတိရိစ္ဆာန်ရုံက တကယ်ပဲ ခြားနားမှုတွေ ရှိနေတာလား။

သံသယအပြည့်နှင့် တုန်းယွဲ့က လက်မှတ်ပြတင်းပေါက်နားသို့ လျှောက်သွားသည်။ ထိုနေရာတွင် အသက်သုံးဆယ်အရွယ်ခန့် ရှိမည့် အမျိုးသမီးတစ်ယောက်က ထိုင်နေသည်။

“ဟယ်လို လက်မှတ်ဝယ်ချင်လို့ပါ”

ကောင်းယွဲ့က ရှေ့ဘက်မှ သတင်းထောက်ကို ကြည့်ပြီး မျက်မှောင်အသာကြုတ်သည်။

“ဘာလို့ သတင်းထောက်တွေ ရောက်လာတာလဲ”

ဘေဘီကို ဂရုစိုက်နိုင်ရန် အလို့ငှာ ကောင်းယွဲ့က လွန်ခဲ့တဲ့နှစ်ရက်ခန့်ကတည်းက အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်။ မူလကမူ သူမက တိရိစ္ဆာန်ရုံကို နေ့တိုင်းလာကာ သမီးဖြစ်သူနှင့် ဆော့ကစားချင်ခဲ့သည်။ သို့သော် ဆုပိုင်က ဦးစီးသူ လိုအပ်နေမည်ဟု မထင်ထားမိချေ။ ထို့ကြောင့် ကောင်းယွဲ့က လျှောက်ခဲ့ခြင်း ဖြစ်သည်။

ဒီနည်းအတိုင်းဆိုလျှင် သူမက သမီးဖြစ်သူနှင့် အချိန်ဖြုန်းနိုင်ရုံသာ မကသေးလေပဲ ပိုက်ဆံလည်း ရဦးမည် ဖြစ်သည်။

“ရှင်က...”

“အိုး တို့တွေ့က အချစ်ပရောဂျက်ဆိုတဲ့ ပရိုဂရမ်အသင်းတစ်ခုကပါ။ ဒီတိရိစ္ဆာန်ရုံက ဆေးရုံနဲ့ ပူးပေါင်းပြီး စိတ်ကျရောဂါ ခံစားနေရတဲ့ ကလေးတွေကို ကုသပေးတယ်ဆိုတဲ့ သတင်းကြားထားလို့ လာခဲ့တာပါ”

ဘန်း

ရုတ်တရက် ခြံဝန်းအနောက်ဘက်ရှိ လက်မှတ်အရောင်း ကောင်တာ အခန်းတံခါးက ခပ်ကြမ်းကြမ်း တွန်းဖွင့်ခံရသည်။

“မား သူတို့ကို လက်မှတ်တွေ မရောင်းနဲ့။ သူတို့က လူဆိုးတွေ။ သူတို့က ဦးလေးဆုပိုင်ရဲ့ တိရိစ္ဆာန်ရုံကို ပိတ်ခိုင်းမယ်လို့ ပြောနေကြတာ”

“တပိုင် သူတို့က အရမ်းရက်စက်တဲ့သူတွေ သူတို့ကို မောင်းထုတ်လိုက်”

“အိုး”

အတွင်းမှ လက်မှတ်ပြတင်းပေါက် ဘေးဘက် လျှောက်လမ်းနားတွင် အဖြူအမည်း တိရိစ္ဆာန်တစ်ကောင်က ရုတ်တရက် ခုန်ထွက်လာသည်။ ထို့နောက် မာန်ဖီပြီး တုန်းယွဲ့တို့ကို ကြည့်လာသည်။

သို့ရာတွင် ထိုကောင်မလေးကမူ ဝက်ဝံကဲ့သို့သော တိရိစ္ဆာန်ကြီး၏ ကျောပေါ်တွင် တက်ထိုင်နေခဲ့ခြင်း ဖြစ်သည်။ သူမက နှုတ်ခမ်းလေးကို ဆူပြီး လက်သီးလေးကို မြှောက်လျက် သူတို့ကို ကြည့်လာသည်။

“ဘာတွေဖြစ်နေတာလဲ။ လူတွေက စက်ရုပ် တိရိစ္ဆာန်တွေအပေါ် တက်စီးနိုင်သွားတာလား”

++++++

အပိုင်း(၂၇)

“ဘေဘီ”

“အဲ့ဒီလို မလုပ်ရဘူးလေ”

ကောင်းယွဲ့က အရှေ့မှလူများကို လက်မှတ်များကို ပေးသည်။ ထို့နောက် မျက်မှောင်ကျုံ့ပြီး ကလေးကို ခပ်တိုးတိုး ဆိုသည်။

“ဒါပေမယ့် မား သူတို့က လူဆိုးတွေလေ။ တိရိစ္ဆာန်ရုံက ဒီလောက်ကောင်းတာ။ တပိုင်က အဘိုးကျိုးနဲ့ အခြားသူတွေကိုတောင် ကူညီပြီး သူတို့ရောဂါကို ကုပေးသေးတယ်”

“ဟွန့် သူများကို လူဆိုးတွေလို့ လိုက်ပြောနေတာ။ သူတို့က ဘယ်လောက်ဆိုးလဲ”

“တပိုင် သူတို့ကို လစ်လျူရှုလိုက်တော့ သွားမယ်”

ကြီးမားသည့် အဖြူရောင် ခေါင်းကြီးကို အသာပွတ်သပ်ပြီးနောက် ဘေဘီက ဘုရင်မတစ်ပါးလို တုန်းယွဲ့တို့ကို စိုက်ကြည့်ကာ ချာကနဲ လှည့်သွားပြီး တိရိစ္ဆာန်ရုံအတွင်းသို့ ဝင်ပြေးသွားသည်။

“ဒါက တိရိစ္ဆာန်လား”

တုန်းယွဲ့က ထိုသတ္တဝါ၏ အနောက်ဘက်ကို ကြည့်နေပြီး သူမ၏ပါးစပ်က အဟောင်းသား ပွင့်သွားသည်။ သူမက ရေရွတ်လိုက်သည်။

“စက်ရုပ် တိရိစ္ဆာန်နဲ့ မတူဘူးပဲ”

“ဟား ဟား ရှင် အထဲဝင်ပြီး ကြည့်လိုက်ပါ ကြည့်။ ဒါပေမယ့် ပန်းခြံထဲက တိရိစ္ဆာန်တွေကို အလောတကြီးနဲ့ သွားမထိတွေ့နဲ့နော်။ သူတို့က ကလေးတွေကိုတော့ ရန်မလိုဘူး။ ဒါပေမယ့် လူကြီးဆိုရင်တော့ မပြောတတ်ဘူးလေ။ သတိတော့ထားပေါ့”

ကောင်းယွဲ့က ပြုံးပြီး တစ်ဖက်သို့ လှည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။

နောက်ပြီး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ပါမောက္ခကျိုးကို ကူညီပြီး ကလေးတွေကို စိတ်ကျရောဂါကို ကူညီပေးနေတာက အမှန်ပဲ။ ဒီနေ့ ဒီနေရာကို လာတဲ့ကလေးတွေ အများကြီး ရှိတယ်။ ရှင် ကြည့်ကြည့်ပေါ့”

“ဒါပေမယ့် အမှန်တရားကို မသိသေးပဲ ကြိုတင်အနှစ်ချုပ်တာမျိုး မလုပ်ဖို့တော့ မျှော်လင့်တယ်”

အနောက်ဘက်မှ ကောင်းယွဲ့၏ အသံက ဆက်ထွက်လာသေးသည်။

“ဒါက”

တုန်းယွဲ့၏ မျက်နှာက နီရဲသွားသည်။ သူမက အသက်ပြင်းပြင်း ရှူပြီး အတွင်းသို့ တဖြည်းဖြည်းချင်း ဝင်သွားသည်။ လုပ်ဖော်ကိုင်ဖက်များကလည်း လိုက်ပါလာကြသည်။ သူတို့က တံခါးကို ဖြတ်ဝင်လိုက်သည့် အချိန်တွင် _ _ _

သိပ်မဝေးသော နေရာရှိ မြက်ခင်းပြင်တွင် မိဘတစ်အုပ်က ထိုင်ကာ စကားပြောနေကြောင်း မြင်ရသည်။ တိရိစ္ဆာန်ရုံတစ်ခုလုံးတွင် ရှိသော ကလေးများ အားလုံးက အမွှေးနီများနှင့် မျောက်များနှင့်အတူ ပတ်ပြေးကာ ဆော့နေကြသည်။ ခေါင်းဆောင်ကမူ ယခုလေးတင် မြင်လိုက်ရသည့် သားရဲကြီးကို စီးထားသည့် ကောင်မလေးဖြစ်သည်။

“အိုး အိုး အားလုံးပဲ ငါ့အနောက်ကို လိုက်ခဲ့ကြ။ ဒီမျောက်ဘုရင်ကို လွတ်မြောက်သွားခွင့် ပြုလို့ မရဘူး။ မျောက်ဘုရင်ကို ဖမ်းမိတဲ့သူက တပိုင်ကို စီးခွင့်ရမယ်”

ထိုကောင်မလေးက အော်သည်။ သူမက လက်နှစ်ဖက်လုံးကို မြှောက်ပြီး တောက်လျှောက်ပြေးသွားလေသည်။ နောက်မှ ကလေးတစ်အုပ်ကလည်း လိုက်လာသည်။ သူတို့က အော်ဟစ်ကာ ပြေးလာကြသည်။

“ဟား ဟား ဝမ်းသာစရာပဲ။ ဒါက နင့်ရဲ့ကလေး မဟုတ်လား။ သူ သက်သာတာ တော်တော်မြန်လာတာပဲနော်။ ဒီနေရာကို လာတာ နှစ်ကြိမ်ပဲ ရှိသေးတယ် မဟုတ်လား။ သူ အခု မျောက်ဘုရင်နောက်ကိုတောင် လိုက်ပြီး ဆော့နေပြီ”

“ဟုတ်တယ် ဒါက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ ဒါရိုက်တာ ဆုပိုင်ကိုပဲ ကျေးဇူးတင်ရတော့မှာပဲ။ သူတို့ကြောင့်သာ မဟုတ်ရင် ကလေးတွေက ဒီလောက်ထိ မြန်မြန် ကောင်းလာမှာ မဟုတ်ဘူးလေ”

မြက်ခင်းဘေးနားရှိ ကျောက်တုံးခုံစောင်းလေးပေါ်တွင် ထိုင်ကာ စကားပြောနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးမိဘ နှစ်ယောက်ကို တွေ့ရသည်။ သူတို့က ကလေးများကို ကြည့်ပြီး ပျော်ရွှင်နေပုံပေါ်သည်။

“ဟယ်လို”

“အာ ဒါက သတင်းထောက် တုန်းယွဲ့ မဟုတ်လား”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ခပ်မြန်မြန် ထပြီး နှုတ်ဆက်သည်။

“အရင်တစ်ခေါက် ရှင် ကျွန်မ ကလေးကို ဆေးရုံမှာ အင်တာဗျူးသေးတယ် မဟုတ်လား။ ကျွန်မကလေး ရဲ့ နာမည်က မာန်မာန်ပါ”

“အိုး ကျွန်မ မှတ်မိပြီ။ ရှင့်ရဲ့ကလေးက အဲ့ဒီအိပ်ယာမှာပဲ ပိတ်လှောင်ခံနေရတဲ့ ကောင်မလေး မဟုတ်လား”

တုန်းယွဲ့က ခပ်မြန်မြန်ပြောသည်။

“ဟုတ်တယ်”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက သက်ပြင်းချသည်။ ထို့နောက် အဝေးသို့ လက်ညိုးထိုးပြ၏။ ထို့နောက် လက်ရမ်းပြလိုက်ရင်း ပြောသည်။

“မာန်မာန် လာ မားနဲ့လာကစားပါဦး”

သိပ်မကြာခင် ချိုမြိန်ဖွယ်ကောင်းသော ကောင်မလေးက ရောက်လာသည်။ သူမက ပန်းရောင် အားကစားဝတ်စုံလေးကို ဝတ်ပြီး ပြုံးကာ ပြေးလာ၏။ သို့ရာတွင် တုန်းယွဲ့တို့ကို မြင်သောအခါ အမူအရာက အနည်းငယ် ပြောင်းသွား၏။

“ဒါက မာန်မာန်လား”

တုန်းယွဲ့က ရှေ့မှ နာခံကျိုးနွံ့သော ကောင်မလေးကို ကြည့်ပြီး မျက်လုံးပြူးသွားသည်။ သူမက တစ်ခဏခန့် ကြောင်သွားသည်။

သူမ၏ မှတ်ဉာဏ်များသာ မှန်ကန်မည်ဆိုလျှင် ထိုကောင်မလေးက ဆိုးရွားသော စိတ်ကျရောဂါကို ခံစားနေရခြင်း ဖြစ်သည်။ သူမကို တစ်ချိန်လုံး စောင့်ကြည့်နေရုံသာ မကသေးလေပဲ ညဘက်ဆိုလျှင်လည်း အိပ်ယာတွင် ကြိုးတုပ်ထားရသည်။

သို့သော် တစ်ပတ်သာ ရှိသေးသည်။ ယခုလောက် လျင်မြန်ပြောင်းလဲသွားလေသည်။

“သတင်းထောက် တုန်းယွဲ့ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို လာပြီး အင်တာဗျူးတာလား”

မာန်မာန်၏ မိခင်က ကလေးမလေး၏ ခေါင်းကို အသာပွတ်လျက် ပြောသည်။

“တို့တွေရဲ့ ကလေးက အမြန်ဆုံး သက်သာတာ မဟုတ်ဘူးနော်။ တကယ့် အမြန်ဆုံး သက်သာတဲ့သူတွေက စမ်းသပ်ခံရပြီးပြီ။ သူတို့ရဲ့ စိတ်ကျန်းမာရေး အခြေအနေက ပုံမှန်ပြန်ဖြစ်သွားပြီလေ”

“ဒါရိုက်တာ ဆုပိုင်ကိုပဲ ကျေးဇူးတင်ရတော့မယ်”

“ဟုတ်တယ် ဟုတ်တယ်”

ဘေးဘက်ရှိ အမျိုးသမီးကလည်း ဝင်ပြောသည်။

“ကလေးတွေက တိရိစ္ဆာန်တွေနဲ့ ဘယ်လောက်ပျော်ပျော်ရွှင်ရွှင် ကစားနေတာလဲ ဆိုတာကို ကြည့်ပါဦး။ ဒါပေမယ့် ဒါရိုက်တာ ဆုပိုင်က တန်ကြေးအားလုံးကို မပေးချေခိုင်းတာက ကောင်းမွန်တဲ့ အချက်အလက်ပဲ။ ဘာပဲဖြစ်ဖြစ် သူတို့က ကလေးတွေလေ။ နောက်ပြီး တစ်ဖက်က အစစ်အမှန် တိရိစ္ဆာန်တွေ ဖြစ်နေသေးတယ်။ ဒဏ်ရာရသွားတို့၊ တစ်ခုခုများ ဖြစ်သွားခဲ့ရင် တို့တွေ ဘယ်လိုလျော်နိုင်မှာလဲ”

“ဒါရိုက်တာ ဆုပိုင်က သူတို့တွေကို သနားစရာကောင်းတယ်လို့ မြင်ရုံသာ မကသေးပဲ တို့တွေရဲ့ ကလေးတွေကိုတောင် တိရိစ္ဆာန်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားခိုင်းသေးတယ်”

“ဒါက အစစ်အမှန် တိရိစ္ဆာန်တွေလား”

တုန်းယွဲ့က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

“ဒါက အစစ်အမှန် တိရိစ္ဆာန်တွေလား”

“ကျွီ”

ရုတ်တရက် မျောက်တိုတစ်ကောင်က အော်သည်။ ထို့နောက် ဘေးဘက်ရှိ ကင်မရာပေါ် တက်နင်းလာပြီး လက်သည်းများကို ဆန့်ထုတ်ကာ ခေါင်းကိုကုပ်သည်။ သူက အဝေးရှိ ကလေးများဘက်သို့ ပြန်ကြည့်ပြီး လျှာ်ထုတ်ပြသော မျက်နှာထားမျိုး လုပ်ပြသည်။ ထို့နောက် ပတ်ပြေးသွားသည်။

“ငါ ဒေါသထွက်လိုက်တာ။ ဒီမျောက်ဘုရင်က မျက်နှာအမျိုးမျိုး လုပ်ပြီး ငါတို့ကို လှောင်နေတာ”

“လာ လာ ပေါင်ပေါင် ကျဲကျဲနောက် လိုက်ပြီး တပိုင်ပေါ်တက်ကြ”

“မျောက်ဘုရင်ကို လိုက်မှီသွားရင် ငါ ရယ်စရာကောင်းတဲ့ မျက်နှာလုပ်ပြီး သူ့ကို ခြောက်ဦးမယ်”

“မား သမီး ဘေဘီနဲ့အတူ သွားကစားတော့မယ်”

မာန်မာန်က သူမကို ဖြတ်ပြေးသွားသော ကလေးများကို ကြည့်ပြီးနောက် ထွက်ပြေးသွားပြီ။

ထိုမြင်ကွင်းကို မြင်သောအခါ တုန်းယွဲ့က အယုံသွင်းခံလိုက်ရပြီ ဖြစ်သည်။

ဒီတိရိစ္ဆာန်ရုံရဲ့ တိရိစ္ဆာန်များက အစစ်အမှန် ဖြစ်နေရုံသာ မကသေးလေပဲ ကလေးများကလည်း ထိုကဲ့သို့သော တိရိစ္ဆာန်မျိုး မမြင်ဖူးကြသည့်အခါ သူမတို့အတွက် သေစေနိုင်လောက်အောင် ဆွဲဆောင်မှု ရှိသွားသည်။

တိရိစ္ဆာန် သေးသေးလေးတွေထက် ပိုပြီး ဆွဲ‌ဆောင်မှု ပြင်းတာ ရှိပါ့ဦးမလား။

“ငါ သိပြီ ဒီလိုဖြစ်နေတာကို”

တုန်းယွဲ့က ခံစားချက် ပြောသည်။

“ဒါဆိုရင် ဆေးရုံနဲ့ ပူးပေါင်းဖို့အတွက် ဒီတိရိစ္ဆာန်ရုံက ဘယ်လောက်ထိ ကောက်ခံလဲ”

မည်သို့ပင်ဆိုစေ သူတို့က အစစ်အမှန် တိရိစ္ဆာန်များ ဖြစ်သည်။ လက်မှတ်က ဈေးမပေါနိုင်ချေ။ သက်ရောက်မှုကလည်း အလွန်ကောင်းမွန်နေလေရာ ဆေးဝါးပညာထက် သာလွန်သော ကဏ္ဍတွင် ပါဝင်နေသေးသည်။

“အား”

မာန်မာန်၏ အမေက သက်ပြင်းချသည်။

“ဘာလို့လဲ ဈေးအရမ်းကြီးနေလို့လား။ ဈေးအရမ်းကြီးနေရင် ကျွန်မတို့ရဲ့ လက်ရှိပရောဂျက်ကလည်း လူတိုင်းအတွက် ကူညီဖို့ ဆန္ဒရှိပါတယ်”

“မဟုတ်ဘူး မဟုတ်ဘူး သတင်းထောက်တုန်းယွဲ့”

မာန်မာန်၏ အမေနှင့် အခြားသော အမျိုးသမီးတို့က တုန်းယွဲ့ကို ကြည့်ပြီး ရယ်သည်။ သူတို့က ရှက်ရွံ့နေသလို ပုံစံမျိုးဖြင့် ပြောသည်။

“ဒီအတွက်ကြောင့်ပဲ တို့တွေ မသက်မသာ ဖြစ်နေရတာလေ။ ဒါရိုက်တာ ဆုပိုင်က တစ်ပြားမှ မယူတဲ့အပြင် ကလေးတွေ အားလုံးအတွက် နေ့လည်စာတောင် ပြင်ဆင်ပေးသေးတယ်။ တိရိစ္ဆာန်တွေနဲ့အတူတူ စားသောက်ခိုင်းတယ်လေ”

“နောက်ပြီး တို့တွေရဲ့ မိသားစုအခြေအနေကိုလည်း သိနေတာပဲ။ ကလေးက စပြီး ကျန်းမာရေး မကောင်းကတည်းက နေ့စဉ်နဲ့အမျှ စောက်ရှောက်ပြုစုပေးနေရတာ မဟုတ်ဘူးလား။ မာန်မာန့်အဖေရဲ့ ဝင်ငွေကလည်း တစ်မိသားစုလုံးရဲ့ စရိတ်ကိုတောင် ကာမိတာ မဟုတ်ဘူး။ နောက်ပြီး ကလေးရဲ့ ဆေးဝါးစရိတ်ကိုလည်း ပေးရသေးတယ် မဟုတ်လား”

“ဝူး”

ထိုသို့ပြောပြီး မာန်မာန်၏ မိခင်က ငိုသည်။

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကိုပဲ ကျေးဇူးတင်ရတော့မယ်။ ဒါရိုက်တာ ဆုပိုင်ကြောင့်သာ မဟုတ်ရင် တို့တွေရဲ့ မိသားစုက ဆက်ရှင်ဖို့တောင် မဖြစ်နိုင်တော့ပါဘူး”

“ကလေးတွေရဲ့ လက်မှတ်စရိတ်ကို မပေးနိုင်ရုံတင် မကပဲ ကလေးရဲ့ အခြေအနေကလည်း ကောင်းသထက် ကောင်းလာတယ်။ သူက အနာဂတ်မှာ တိရိစ္ဆာန်တွေ အများကြီး ပေါ်လာမယ်လို့ ပြောတယ်။ ဒါရိုက်တာ ဆုပိုင်က တို့မိသားစုရဲ့ အသက်ကယ်တင်ရှင်ပါပဲ”

“ဟုတ်တယ် တို့တွေ မိသားစုအခြေအနေကလည်း အတူတူပဲ။ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကသာ ကလေးရဲ့ ကျန်းမာရေးကို မကုပေးနိုင်ရင် တို့တွေရဲ့မိသားစုက ဒုက္ခရောက်တော့မှာ။ ရှင်သန်နိုင်ဖို့တောင် မဖြစ်နိုင်လောက်ဘူး”

ဘေးဘက်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကလည်း ငိုသည်။ သူမက ကျေးဇူးတင်စိတ် အပြည့်နှင့် ပြောသည်။

“တို့တွေ အကောင်းဆုံး ကြိုးစားပြီး ဒီတိရိစ္ဆာန်လေးတွေကို ကူညီပေးရမယ်။ သူတို့တွေအတွက် တတ်နိုင်တဲ့ စားစရာလေးတွေကို ယူလာပေးရမယ်။ ဘာပဲဖြစ်ဖြစ် ဒါက ဈေးပေါတယ်လေ”

“ဒါက …”

တုန်းယွဲ့က ခေါင်းမော့ပြီး တစ်ချက်ကြည့်သည်။ ထို့နောက် မျက်တောင်ခတ်၏။ သူမက မငိုမိအောင် ထိန်းနေရသည်။

ဆေးရုံတွင်လည်း အလားတူ မိသားစုပေါင်းများစွာကို မြင်ခဲ့ရသည်။ တုန်းယွဲ့ ကိုယ်တိုင်လည်း ဒါရိုက်တာဆုပိုင်က မည်သို့သော လူမျိုးဖြစ်ကြောင်း မသိသေးချေ။ သို့သော် သူဟာ ထိုမျှထိ ရင်းနှီးပေးထားကတည်းက လူကောင်းတစ်ယောက် ဖြစ်ကြောင်း နားလည်နေလေသည်။

All Chapters