အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အပိုင်း(၂၈)
“ဒါဆိုရင် ဒါရိုက်တာဆုပိုင် ဒီနေ့ ဒီမှာ ရှိလား။ ဘာလို့ သူကို မတွေ့ရတာလဲ”
တုန်းယွဲ့က တုန့်ဆိုင်းသွားသည်။ ဘေးဘီကို ကြည့်သည်။ သို့သော် မည်သူ့ကိုမှ မတွေ့ရသဖြင့် မေးလိုက်သည်။
“ဒါရိုက်တာ ဆုပိုင်နဲ့ ဒီနေ့တော့ မတွေ့လောက်ဘူး ထင်တယ်။ သူ့မှာ အရေးကြီးကိစ္စတစ်ခု ရှိတယ်လို့ ပြောတာပဲ”
“ဒီမှာ မရှိဘူးလား”
“ဒါဆိုရင်လည်း ဒီနေ့ ဒီအတိုင်းပဲ ပရိုဂရမ်ကို လုပ်လိုက်ရအောင်”
တုန်းယွဲ့က သူမ၏ မိတ်ကပ်ကို တစ်ချက် ပြန်ပြင်ကြည့်သည်။ ထို့နောက် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ တစ်နေရာတွင် ရပ်လျက် ကလေးများ၏ မြင်ကွင်းကို ရိုက်ကူးစေလေသည်။
ဒီလောက် ထူးခြားတဲ့ တိရိစ္ဆာန်ရုံ_ _ _ နောက်ပြီး ဒါရိုက်တာ ဆုပိုင်ဆိုတဲ့သူက တစ်ကိုယ်ကောင်းမဆန်တဲ့သူမျိုး ဖြစ်လောက်မယ်။ မဟုတ်ရင် ဒီတိရိစ္ဆာန်ရုံက အခုလိုမျိုး သိုသိုသိပ်သိပ် နေမှာ မဟုတ်ဘူးလေ။
တုန်းယွဲ့ကလည်း ဒီလ ပရိုဂရမ်ကို ဒီတိရိစ္ဆာန်ရုံဝန်းကျင်တွင်သာ ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။ တစ်တိုင်းပြည်ကလည်း ဒီအကြောင်းအရာကို သိရန် လိုအပ်လေသည်။
ထိုကဲ့သို့သော လူမှုအသိုင်းအဝိုင်းအကြောင်း တာဝန်ယူချင်စိတ် ရှိသောသူ၊ မရေမတွက်နိုင်သော ကလေးပေါင်းများစွာကို ကယ်တင်လိုသော သူက လူကောင်းတစ်ယောက် ဖြစ်သည်။ ထို့အပြင် တစ်တိုင်းပြည်လုံးအနှံ့ စိတ်ကျရောဂါကို ခံစားနရသော ကလေးပေါင်းများစွာ ရှိသေးသည်။ ဒါက သူတို့၏ မျှော်လင့်ချက် ဖြစ်သည်။ သူတို့အသက် ပြန်လည် ဦးမော့နိုင်မည့် မျှော်လင့်ချက်တစ်ခုလည်း ဖြစ်သည်။
ဒါရိုက်တာ မည်သည့်နေရာတွင် ရှိနေသည့် ကိစ္စအတွက်ကမူ တုန်းယွဲ့က မစိုးရိမ်ပေ။ တစ်ချိန်ချိန်ဆိုလျှင် သူမနှင့် တွေ့ရပေလိမ့်မည်။ သူမကလည်း ကောင်းသော အင်တာဗျုးများကို ဖန်တီးရပေမည်။ ထိုထူးဆန်းသော လူအကြောင်းကို သိချင်စိတ် ပြင်းပြနေသည်။
ပို၍ဆိုးသည်မှာ ထိုလူ၏နောက်ကွယ်တွင် မယုံနိုင်စရာ ကောင်းသော အသင်းတစ်သင်း ရှိနေလောက်သည်။ ထိုအသင်းက အများရှေ့ ထွက်သင့်သည်။ မည်သို့ပင်ဆိုစေ လူကောင်းများကို အသိုင်းအဝိုင်းတစ်ခုလုံးက အသိအမှတ် ပြုသင့်သည်။
သူမက စိတ်ဆုံးဖြတ်ပြီးနောက် ကင်မရာကို ကြည့်ကာ ပြုံးရယ်လျက် ပြောသည်။
“ဟယ်လို ကြည့်ရှုသူမိတ်ဆွေတို့ အခု ကျွန်မတို့ ရောက်နေတာက ချင်းတုမှာပါ။ ဒီနေရာကို ကောင်းကင်ပြာ တိရိစ္ဆာန်ရုံလို့ ခေါ်တယ်။ နောက်ပြီး ဟန်ချန်းရဲ့ မြို့စွန်နားမှာ တည်ရှိတာပါ။ နေရာကတော့_ _ _”
“ကျွန်မ မိတ်ဆက်ပေးပါရစေ_ _ _”
အာဖရိကန် ဆာဗားနား_ _ _
“အား”
ဆုပိုင်က အရူးလို လျှောက်ပြေးနေရသည်။ သူ၏အနောက်တွင်လည်း လည်တိုင်မြင့်လွန်းသော သစ်ကုလားအုပ် တစ်အုပ်က လိုက်နေသည်။
“ရှက်စရာပဲ”
ဆုပိုင်က ကျိန်ဆဲသည်။ သူက ခြေထောက်ကို မြှောက်ပြီး သူ၏အရှေ့ရှိ အဝါရောင် မြက်ခင်းနယ်မြေကို လှမ်းကြည့်လိုက်ကာ ဒိုင်းဆိုင်းပြေးဆင်းသည်။ ထို့နောက် ဘေးဘက်ခြမ်းရှိ တောင်စောင်းနေရာနားသို့ ထိုးဆင်းသွားလိုက်သည်။
သူက magpie ကျီးကန်း အပိုင်းအစကို လဲလှယ်ဖို့ လုံလောက်ရုံပဲ ရှိသေးတယ်လို့ တွေးနေတာ။ ဆေးရုံက စိတ်ကျရောဂါ ခံစားနေရတဲ့ ကလေးတွေ ရောက်လာကတည်းက အံ့အားသင့်မှု အမှတ်က များပြားသွားတော့တာပဲ။ ရက်အနည်းငယ်တည်းနဲ့ တစ်သိန်းကျော်တောင် ရောက်ရှိနိုင်သေးတယ်။ အဲ့ဒီနောက် _ _ _
သူ၏ ဆိုးရွားသော စကေးကြောင့် ဖြစ်လောက်သည်။ သူက မတော်တဆ ပျားရည် ခွေးတူဝက်တူ အကောင်ကို လဲလိုက်မိသည်။
မမျှော်လင့်ထားစွာပင် တာဝန်လုပ်ရသော နေရာကလည်း အာဖိရိကန် ဆာဗားနား နေရာသို့ ရောက်လာသည်။
သေစေနိုင်သော ဆိုးရွားသည့် အချက်ကမူ _ _ _
တစ်နေ့လုံးနီးပါး ဒီပိုင်နက်နယ်မြေသို့ ရောက်ရှိနေသည့်တိုင်အောင် ပျားရည်ခွေးတူဝက်တူကို မဆိုးထားဘိ ထိုအကောင်၏ အမွှေးကိုပင် မမြင်ရသေးပေ။
ကံကောင်းသည်မှာ သူက ကျောပိုးအိတ်ဖြင့် လာသည်။ ပစ္စည်းကိရိယာ အပြည့်ပါလာ၏။ အနောက်ဘက်မှ သူ့နောက် လျှောက်လိုက်နေသော ငှက်ကုလားအုပ်များကိုပင် သူက မည်သို့ ရန်စမိကြောင်းကိုလည်း မသိပါချေ။ ဒီအတိုင်း သူ့နောက်မှ လျှောက်လိုက်နေသည်။ သူ ပြေးနေရသည်မှာ တစ်ဆယ်ကီလိုမီတာ ကျော်လာခဲ့လေသည်။
“ဟူး ဟူး ဟူး”
ဆုပိုင်က ချုံပုတ်နောက်တွင် ထိုင်ပြီး အမောတကော အသက်ရှူသည်။ မြေပြင်တွင်လည်း ငှက်ကုလားအုပ်များ နင်းခြေနေသော အသံများကို ကြားနေရသည်။ သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
သူ့ကို ရှာတွေ့သွားတာနဲ့ သူ စပြေးရတော့မှာ။
ကုန်လွန်ခဲ့သော လူမှုအသိုင်းအဝိုင်းအတွင်း ငှက်ကုလားအုပ်များက မြင့်မားသော နည်းပညာနှင့်အတူ မွေးမြူခံခဲ့ရသည်။ သို့သော် သူ၏အရှေ့မှ ငှက်ကုလား တစ်သိုက်ကမူ သိသာစွာပင် အရိုင်းဆန်သည့် ငှက်ကုလားအုပ် တစ်အုပ်များ ဖြစ်နေသည်။ သူတို့၏ အကျင့်စရိုက်ကလည်း ဆိုးနေသည်။ သူတို့က စိတ်ဆတ်လွယ်သည်။ သူတို့က အနည်းငယ် သဘောမကျရုံဖြင့် ဆုပိုင်ကို လိုက်လံတိုက်ခိုက်လေ့ ရှိကြသည်။
သူ့တွင် သားရဲဘာသာစကား ဖန်ရှင် ရှိနေသော်လည်း သူတို့နှင့် ဆက်သွယ်၍ မရချေ။
“ဟင် မရှိတော့ဘူးလား”
ရုတ်တရက် ငှက်ကုလားအုပ်ထက်မှ ဝရုန်းသုန်းကား ခြေသံများကို ကြားရသည်။ သူတို့က အဝေးသို့ ထွက်ပြေးသွားပုံ ပေါ်သည်။ ဆုပိုင်က ရင်ဘတ်ကို ပုတ်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
“နောက်ဆုံးတော့ လုံခြုံသွားပြီ။ အာဖရိကန် ပိုင်နက်နယ်မြေက အန္တရာယ်များလိုက်တာ”
ဆုပိုင်က သက်ပြင်းချပြီး ကျောပိုးအိတ်အတွင်းမှ ရေပုလင်းကို ထုတ်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် သူက ဘာကိုမှ မစမ်းမိချေ။
“သောက်ကျိုးနည်း”
“အိတ်ပျောက်သွားတာလား”
သူ၏ ကျောပိုးအိတ်က ပျောက်သွားသည်။ သူက တစ်ဆယ်ကီလိုမီတာကျော်အောင် ထွက်ပြေးလာခဲ့ပြီးလေပြီ။
“သူ ဘယ်နေရာမှာ သွားရှာရမှာလဲ”
“မဟုတ်ဘူး သေချာပေါက် ရှာရမယ်”
ဆုပိုင်က ခပ်တိုးတိုး ရေရွတ်ပြီး ခေါင်းပေါ်မှ ပူပြင်းတောက်လောင်သော နေမင်းကြီးကို မော့ကြည့်သည်။ အချိန်အရ နေ့လည်တစ်နာရီ ထိုးနေလောက်လေပြီ။
သူက မမှောင်ခင် ကျောပိုးအိတ်ကို ရှာရမှာဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက မြင်ခင်းပြင် နေရာ တစ်ခုလုံးတွင် တစ်ယောက်တည်း ရှိနေခြင်း ဖြစ်သည်။ တိရိစ္ဆာန်များက သူ၏ကျောပိုးအိတ်ကို အဝေးကြီး မသွားနိုင်ချေ။
အတွင်းတွင်လည်း ရွက်ဖျင်တဲ ပါသေးသည်။ အာဖရိကန် ကွင်းပြင်ကျယ်တွင် ညပိုင်းအပူချိန်က အလွန့်အလွန် နိမ့်သည်။ ပျားရည် ခွေးတူဝက်တူ၏ လက္ခဏာကိုလည်း မမြင်ရသေးချေ။ ထို့ကြောင့် ဒီနေရာတွင် ရက်အနည်းငယ် နေရလောက်သည်။
ကံကောင်းသည်မှာ တိရိစ္ဆာန်ရုံက လက်မှတ်များကို ကိုင်တွယ်မည့်သူကို ငှားထားပြီးသား ဖြစ်သည်။ စိတ်ကျရောဂါကို ခံစားရသည့် မိဘများကလည်း တိရိစ္ဆာန်ရုံကို ကူညီပြီး ပိတ်ပေးပေလိမ့်မည်။
“ဒီတော့ ဒီနေရာမှာ ရက်အနည်းငယ် နေလို့လဲ ပြဿနာမရှိနိုင်ဘူး”
ဆုပိုင်က မြေပြင်မှ တုတ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။ သူက နဖူးပေါ်မှ ချွေးများကို သုတ်ပြီး ယခုလေးတင် ပြေးလာခဲ့သော ဘက်သို့ ပြန်လျှောက်သွားလိုက်သည်။
{ဟား ဟား ဟား တင်ဆက်သူ ကူကယ်ရာမဲ့နေတာကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ}
{ဘယ်လိုတောင် ကံဆိုးတဲ့ အခြေအနေလဲ။ ဒါပေမယ့် အဲ့ဒီ ဖြတ်သွားတဲ့ ငှက်တစ်အုပ်က ဘယ်လိုကြီးလဲ။ တော်တော်လေးကို ကြီးတဲ့အကောင်တွေပဲ}
{ငါလည်း မသိဘူး။ တစ်ခါမှလည်း မမြင်ဖူးဘူး။ ဒါပေမယ့် ဒီနေရာက အာဖရိကန် မြက်ခင်းပြင်ကျယ် ဒေသလိုပဲ။ စာအုပ်တွေရဲ့ ပြောစကားအရ အဲ့ဒီမှာ အရမ်းကြီးတဲ့ သားရဲကြီးတွေ အများကြီး ရှိတယ်။ တင်ဆက်သူက နှစ်ကြိမ်တိုင်တိုင် အန္တရာယ်တွေ့မှာ မဟုတ်ပါဘူးနော်}
{ငါ တင်ဆက်သူ တောက်လျောက်ပြေးနေရတာကိုပဲ ကြည့်နေခဲ့ရတာ။ ငါ့ရဲ့ဗိုက်တောင်မှ သေးလာသလိုပဲ။ ဘယ်လောက်တောင် ကောင်းတဲ့ ရှိုးပွဲတစ်ခုလဲ}
{ဟား ဟား ဟား ဒီတစ်ခါ ပျားရည်ခွေးတူဝက်တူဆိုတဲ့ အပိုင်းအစ ရှာတဲ့ တာဝန်မဟုတ်လား။ ဒီအကောင်က ဘယ်လို အကောင်လဲဆိုတာကို သိလား}
{တစ်ခါမှ မကြားဖူးဘူး။ ငါက စာကြည့်တိုက်မှာ အလုပ်လုပ်တာ။ ငါ အပြန်ပြန် အလှန်လှန် ရှာခဲ့ပေမယ့် ဒီအကောင်အကြောင်း မတွေ့ဘူး}
{နောက်ပြီး နာမည်တောင် ပျားရည်ပါတယ်ဆိုတော့ ချစ်စရာလေး ဖြစ်လောက်တယ်}
…
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ကွန့်မန့်များကို ကြည့်ရင်း ဆုပိုင်က ရယ်သည်။
ချစ်စရာကောင်းတယ် ဟုတ်လား။
ပျားရည် ခွေးတူဝက်တူကို ချစ်စရာကောင်းတယ်လို့ ပြောတာကို ပထမဦးဆုံး အကြိမ် ကြားဖူးတာပဲ။ ဒါက ပျားရည် ခွေးတူဝက်တူနော်။ သူ့ရဲ့ နာမည်ပြောင်က “ခေါင်ခေါင်းပြား တာ့ကော”ပဲ။
“အဟမ်း”
ဆုပိုင်က လမ်းဆက်လျှောက်သည်။ သူက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ လှည့်ပြောသည်။
“ပျားရည် ခွေးတူဝက်တူက တော်တော်လေးကို ကြမ်းတမ်းတဲ့ တိရိစ္ဆာန်လေ။ သူက အရွယ်အစားဖြင့်တော့ ကိုးဆယ်စင်တီမီတာလောက် ရှိတယ်။ သိပ်မကြီးဘူး ဒါပေမယ်_ _ _ဒီကောင်က တော်တော်လေးကို ထူးခြားတဲ့ စိတ်နေသဘောထား ရှိတယ်။ ယုတ်ရင်းကြမ်းတမ်းပြီး ခက်ထန်တယ်။ မျိုးတုန်းပျောက်ကွယ် မသွားခင် အချိန်ကဆိုရင် ခေါင်းပြားတာကောလို့တောင် နာမည်ကြီးသေးတယ်”
ဆုပိုင်က အာဖရိကန် ဆာဗားနား နေရာကို ကြည့်နေရင်း ပြုံးရယ်ကာ ပြောသည်။
“ပျားရည် ခွေးတူဝက်တူက စစ်သည်တော် တစ်ယောက်ရဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတယ်။ သူ ပိုင်ဆိုင်ထားတဲ့ အားသားချက်တွေက ရဲရင့်တက်ကြွမှု၊ ဆုံးဖြတ်ချက် ပြတ်သားမှု_ _ _ စသဖြင့်တို့ပဲ”
“အရေးကြီးဆုံးကတော့ အိပ်စက်တဲ့အချိန်ကလွဲပြီး ဒီကောင်က တစ်ချိန်လုံးလိုလို တိုက်ခိုက်ဖို့ ဒါမှမဟုတ် တိုက်ခိုက်ဖို့ သွားတဲ့လမ်းမှာ ရှိနေတတ်တာပဲ။ အာဖရိကန် မြက်ခင်းပြင် လွင်မြေဒေသ တစ်ခုလုံးမှာ သူ မတိုက်ခိုက်ရဲတဲ့ တိရိစ္ဆာန် တစ်ကောင်မှ မရှိဘူးလို့ ပြောလို့ရတယ်”
“သူက ခြေ င်္သ့နဲ့ ရင်ဆိုင်တွေ့ရရင်တောင်မှ ပျားရည် ခွေးတူဝက်တူက မကြောက်ရုံတင် မကဘူး တိုက်ခိုက်ရဲစိတ် အပြည့်ရှိသေးတယ်”
“ဒီကောင်ကို ဘာလို့ ဒီလိုနာမည်ပေးရတာလဲ ဆိုတော့ သူက ပျားရည်စားတာကို သဘောကျတယ်။ နောက်ပြီး ပျားရည်ခွေးတူဝက်တူရဲ့ အမွှေးက တော်တော်လေးကို ကြမ်းတမ်းတယ်။ ဒီတော့ သာမာန်ပျားတွေတောင်မှ မထိုးဖောက်နိုင်လို့ ဒီနာမည်ကို ရသွားတာပဲ။ ဒါပေမယ့် ပျားရည် ခွေးတူဝက်တူရဲ့ ပုံပန်းသွင်ပြင်က မျိုးတုန်းမပျောက်ကွယ်ခင် ကာလအချိန်ကဆိုရင် ဘယ်လိုသတ္တဝါမျိုးကိုမဆို တိုက်ခိုက်ရဲတဲ့ အန္တရာယ်ကို မမှုတဲ့ သတ္တဝါလို့တောင် ခေါ်သင့်သေးတယ်”
“ကောင်းပြီ ဆက်ပြောပြမယ် …သောက်ကျိုးနည်း ငါ့အိတ်”
ဆုပိုင်က ပျားရည်ခွေးတူဝက်တူ၏ အကြောင်းကို တွေးနေရင်းမှ ရုတ်တရက် ဗဟုသုတများကို ဆက်ပေးတော့မည့် အချိန်တွင် သူက တစ်နေရာသို့ ကြည့်လိုက်မိသည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။
အရှေ့ဘက်တွင် မီးခိုးရောင်အငွေ့တစ်ငွေ့နှင့် အကောင်တစ်ကောင် ရှိနေသည်။ ထိုအကောင်က သူ၏ကျောပိုးအိတ်ကို တရွတ်တိုက်ဆွဲပြီး အဝေးသို့ ခပ်ကြမ်းကြမ်း ပြေးလွှားနေသည်။
+++++
အပိုင်း(၂၉)
“ရပ်စမ်း”
“ငါ့ရဲ့အိတ်”
ဆုပိုင်က ဒေါသတကြီး အော်ပြီး လက်ထဲတွင် ကိုင်ထားသော တုတ်နှင့်လှမ်းပစ်သည်။
ဘန်း
ထိုအကောင်လေးကို ထိမှန်ကာ လဲကျသွားပြီးနောက် ထိုသားရဲကောင်လေးက ကျောပိုးအိတ်နောက်တွင် ပုန်းနေကာ ထွက်မလာတော့ချေ။
“ကွက် ကွက် ကွက်”
“မဟုတ်ဘူး”
ဆုပိုင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက တဖြည်းဖြည်းချင်း စတင်ကာ နောက်ဆုတ်၏။
ချောင်ချောင်းကို ရှာနေတဲ့အချိန်မှာ ချောင်ချောင်းက ရောက်လာတာပဲ။ သူ အခုလေးတင် ပျားရည် ခွေးတူဝက်တူ အကြောင်းကို ပြောနေသေးတယ်။ ဒီအကောင်က သူ့ရဲ့ကျောပိုးအိတ်ကို ဆွဲပြေးသွားတာတဲ့လား။
“ဒါက အလျင်စလို မလုပ်နဲ့နော်။ အရမ်းကြီး စိတ်မလှုပ်ရှားနဲ့”
ဆုပိုင်က အမြှီးကို မြှောက်ထားပြီး သုန်မှုန်အမှု ရှိနေသော မျက်ဝန်းမျိုးဖြင့် ကြည့်လာသည့် ခွေးတူဝက်တူကို ကြည့်ပြီး လက်ကို မြှောက်ကာ အညံ့ခံသည်။ သူက ခပ်တိုးတိုး ဖြောင်းဖျသည်။
“ခေါင်းပြားတာ့ကောရယ် ဒါက ငါ့ရဲ့ကျောပိုးအိတ်ပါ။ ဒီအတိုင်း သဘောကျရင် ယူလိုက်နော်”
“ဘုရားရေ”
“ကွက် ကွက် ကွက်”
“မင်း မျိုးမစစ်ကောင် အသက်ရှင်ရတာ ပင်ပန်းနေပြီလား”
သူက ထိုသို့ ကျုံးဝါးသည့် အသံကိုသာ ကြားလိုက်ရသည်။ ထို့နောက် ပျားရည် ခွေးတူဝက်တူက ကျောပိုးအိတ်ကို ပစ်ချပြီး သုန်မှုန်သော မျက်နှာဖြင့် အရှေ့သို့ ပြေးလာလေသည်။
ဆုပိုင်က နောက်သို့လှည့်ကာ ပြေးသည်။ သူက ထိုနေရာတွင် တစ်ခဏတွင် မရပ်တန့်ရဲချေ။
ဒီကောင်က တအား ရက်စက်တယ်။ နောက်ပြီး သူက နာကျင်မှုကိုလည်း မကြောက်ဘူး။ သူ့ကို သေတဲ့အထိ ကိုက်သတ်သွားလောက်တယ်။ သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်က ဘယ်လိုနည်းနဲ့မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လူတိုင်းကလည်း အော်ရယ်နေကြသည်။
{ဒါက ပျားရည်ခွေးတူဝက်တူလား။ တင်ဆက်သူ ပြောသလို ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတာ ဟုတ်ပါ့မလား}
{တော်တော်လေးကို ပုံမှန်ပါပဲ။ ဒီလို သေးငယ်တဲ့ ခန္ဓာကိုယ်လေးက ဘယ်လောက်များ အင်အားကြီးနိုင်မှာ မို့လို့လဲ}
{ဒါပေမယ့် တင်ဆက်သူရဲ့ အမူအရာက တော်တော်လေးကို ထူးခြားတယ်။ ငါ မင်းကို ကြက်ပေါင်တစ်ချောင်း ပေးလိုက်မယ်လေ}
{ဒီတိရိစ္ဆာန်က တော်တော်လေး အင်အားကြီးမယ်လို့တော့ ခံစားရတယ်။ ယေဘုယျကျကျ ပြောရရင် ကိုယ့်ထက် အကောင်ကြီးတဲ့ သတ္တဝါတစ်ကောင်ကို မြင်တဲ့အခါ ထွက်ပြေးရမှာ မဟုတ်လား။ ဘာလို့ ရှေ့တိုးလာတာလဲ}
{သိကြတဲ့အတိုင်းပဲ။ ဒါပေမယ့် ငါ ဒီသားရဲကို မမြင်ဖူးဘူး။ ဒါပေမယ့် ဒီတိုက်ရိုက်ထုတ်လွှင့်မှု အခန်းက တော်တော်လေး နာမည်ကြီးတယ်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက အကြောင်းအရာတွေက အမြဲတမ်းပြောင်းနေတာ}
{ဒီတင်ဆက်သူက အခြားအချိန်နဲ့ အာကာသပြင်ခေတ် တစ်နေရာက မဟုတ်လား။ မဟုတ်ရင် ငါတို့ မမြင်ဖူးတဲ့ တိရိစ္ဆာန်တွေ အများကြီး ရှိိနုင်စရာ အကြောင်းမှ မရှိတာ}
{တော်ပြီ တော်ပြီ ဆွေးနွေးမနေကြနဲ့တော့။ မြန်မြန်လေး လက်ဆောင်တွေ ပေးရအောင်။ ငါ တင်ဆက်သူကို အစပ်မုန့်ချောင်း တစ်ထုပ်ပေးလိုက်မယ်။ တင်ဆက်သူ သိပ်မကြာခင် ရှုံးပါစေ}
{ငါကတော့ အစပ်မုန့်ချောင်း နှစ်ချောင်း ပေးလိုက်မယ်}
…
နှလုံးသားမဲ့သော မိတ်ဆွေများက အလောတကြီး ထွက်ပြေးသည်။ ဆုပိုင်ကို ကြည့်ပြီး အော်ရယ်နေကြသည်။ သူတို့က လောင်းကြေးပင် ထပ်နေကြသေး၏။
“ဟား ဟား ဟား”
ရုံးခန်းထဲတွင် ထိုင်နေသည့် ဟန်တုံးက အစပ်မုန့်ချောင်း အထုပ်ကို ဖွင့်ပြီး ဖန်သားပြင်အတွင်းမှ ကြောက်စရာကောင်းသည်ဆိုသော သတ္တဝါလေးကို ကြည့်ကာ အော်ရယ်သည်။
ဒီအကောင်လေးက ရက်စက်တယ် ဟုတ်လား။ ငါ ယုံပေးလိုက်မယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဘယ်သူမဆို ခန္ဓာကိုယ် အရွယ်အစား ကွာခြားချက်အရ အားလုံးကို ဆုံးဖြတ်နိုင်တယ်ဆိုတာ နားလည်နေတာပဲ။ ဒီတင်ဆက်သူက ရည်ရွယ်ချက် ရှိရှိနဲ့ ဟန်ဆောင်နေတာ ဖြစ်ရမယ်။
ထိုအကြောင်းအရာကို တွေးပြီးနောက် ဟန်တုံးက ကီးဘုတ်ကို တစ်ချက်ခေါက်ပြီး ကွန့်မန့်ကို ပေးလိုက်သည်။ ကွန့်မန့်အတွင်းတွင် ရယ်ရသော စာသားများအပြည့် ပေါ်နေသည်။
{ငါက နောက်ကွယ်က ပညာရှင်ပဲ.. တင်ဆက်သူ ဒီကောင်ကသာ မင်း ပြောသလို ရက်စက်ပြီး ခြေ င်္သ့ကိုတောင် တိုက်ခိုက်နိုင်တယ်ဆိုရင် ငါ ဇောက်ထိုးနေပြီး ခေါင်းလျှော်ပလိုက်မယ်}
သူ ပို့လိုက်တဲ့ ကွန့်မန့်ကို ကြည့်နေရင်းမှ ဟန်တုံးက သဘောတကျ ခေါင်းညိတ်သည်။
အချိန်အတန်ကြာအောင် ထိုအရေအတွက် မိတ်ဆွေများနှင့် အတူရှိလာခဲ့ပြီးနောက် သူကလည်း အလွန်ပင် ရင်းနှီးကျွမ်းဝင်လာပြီ ဖြစ်သည်။ သိပ်မကြာခင် လူတစ်အုပ်လုံးက သဘောတကျ လိုက်ခ် သွားကြသည်။
{ဟူး ဟူး ဟူး}
ဆုပိုင်က ထွက်ပြေးနေရင်း ပျားရည် ခွေးတူဝက်တူကိုလည်း မကြာခဏ လှည့်ကြည့်နေသည်။ ထို့နောက် အမောတကော အသက်ရှူသည်။ ကံကောင်းသည်မှာ တစ်ဖက်ကောင်က သူ့ထက် ကျောပိုးအိတ်ကို ပိုပြီးစိတ်ဝင်စားနေသည်။ သို့မဟုတ်လျှင် သူ့ကို မိသွားသည်နှင့် အခြေအနေက ဆိုးရွားသွားပေလိမ့်မည်။
အံ့အားသင့်မှု အမှတ်တစ်သိန်းနဲ့ လဲလှယ်ရတယ် ဆိုတဲ့အတိုင်းပဲ ခက်ခဲမှုအဆင့်က တော်တော်လေးကို မြင့်တယ်။
ပြန်လည်ကယ်ဆယ်ရေး တာဝန်က မထွက်ပေါ်လာသေးချေ။ ထိုသို့ တာဝန်မရှိသေးသည့်တိုင်အောင် သူက ထိုအကောင်ကို ပြန်မခေါ်သွားနိုင်လျှင် ဒီအပိုင်းအစက အလဟသ ဖြစ်သွားပေလိမ့်မည်။
ထိုအကြောင်းအရာကို တွေးမိသောအခါ ဆုပိုင်က တဖြည်းဖြည်းချင်း ရှေ့ပြန်တိုးသည်။ မည်သို့ပင်ဆိုစေ သူကလည်း ထိုအကောင်ကို အဝေးမှကြည့်ပြီး တာဝန်ပြီးမြောက်ရန် နည်းလမ်းတစ်ခု ရှာဖွေရပေမည်။ သို့မဟုတ်လျှင် သူက အမှတ်တစ်သိန်းကို ဆုံးရှုံးမည်သာ မကသေးလေပဲ နောက်ဆယ်ရက်ကြာသည်အထိ မည်သည့်အပိုင်းအစမှ မရနိုင်ချေ။
ဘယ်လောက်တောင် ကြီးမားတဲ့ ဆုံးရှုံးမှုလဲ။
ရုတ်တရက် အဝေးမှ ဟိန်းသံက ထွက်လာသည်။ ခေါင်းပြားတာ့ကောက ရုတ်တရက် ခေါင်းကိုမော့ပြီး အဝေးသို့ ကြည့်သည်။ သူက မှင်သက်သွားပုံပေါ်သည်။
အသက်ရှင်ရတာ ပင်ပန်းနေပြီလား။
ဘယ်လိုအကောင်က နေ့ခင်းကြောင်တောင် လာအော်နေတာလဲ။
သူက မျက်လုံးကို မှေးကျင်းလိုက်ပြီး အဝေးသို့ ထွက်ပြေးသွားသော ကောင်ကို ကြည့်သည်။ ထို့နောက် သူက အထင်သေးသလို နှုတ်ခမ်းကို ရှုံ့ပြသည်။
ပြန်လာရဲသေးတယ်လား။
ငါ အရင်ဆုံး ဒီအရှုးလို ခြေ င်္သ့ကောင်ကို ကိုင်တွယ်လိုက်မယ်။ ပြီးမှ မင်းကို လာစစ်ကြည့်မယ်။ စောင့်နေ။
“ဝေါင်း”
တစ်ကိုယ်လုံး ရွှေရောင်အမွှေး အပြည့်နှင့် ခြေ င်္သ့ကြီးတစ်ကောင်က ခမ်းနားမြင့်မြတ်သော အရှိန်အဝါအပြည့်နှင့် အဝေးမှ တဖြည်းဖြည်းချင်း လျှောက်လာသည်။ သူဟာ သူ၏ကိုယ်ပိုင် ပိုင်နက်နယ်မြေကို ကင်းလှည့်နေသလိုမျိုး အလျင်မလိုချေ။ သို့သော် …
သူက ချုံပုတ်ထဲမှ ခုန်ထွက်လာသည့် ခဏတွင် သူ့ကို သွားဖြဲကာ ကြည့်နေသော မီးခိုးရောင် ခွေးတူဝက်တူကို တွေ့လိုက်ပြီး သူ၏လှုပ်ရှားမှု တစ်ခဏခန့် တောင့်ခဲသွားသည်။
ဘာလို့ ဒီကောင်နဲ့ လာတွေ့နေတာလဲ။ ကံဆိုးလိုက်တာ။
သူက မနေနိုင်ပဲ တင်ပါးကိုပင် ခါလိုက်မိသည်။ ထိုနေရာတွင် ထိုအကောင်၏ ကိုက်ရာအမှတ် သုံးခုကပင် ရှိနေသေးသည်။ ထိုဒဏ်ရာကပင် နာလာသလို ဖြစ်လာသည်။
“ကွက် ကွက် ကွက်”
ခေါင်းပြားတာ့ကောက ကျောပိုးအိတ်ကို ပစ်ချလိုက်ပြီး နှစ်ကြိမ်ခန့် ဟိန်းသည်။ ထို့နောက် ခက်ထန်သော ပုံစံမျိုးဖြင့် ရှေ့သို့ ခုန်ဝင်သွားသည်။
ဝေါင်း
ခြေ င်္သ့ကလည်း ဟိန်းသည်။ သူက ထိုအကောင်နှင့် အချိန်အများကြီး တိုက်ခိုက်ဖူးသော်လည်း သူဟာ မျက်ခင်းပြင်ဒေသ တစ်ခုလုံးကို သိမ်းပိုက်ထားသည့် ခြေ င်္သ့ဘုရင် ဖြစ်သည်။ ထို့အပြင် ခြေ င်္သ့မအဖွဲ့ကိုလည်း တာဝန်ယူထားရသူ ဖြစ်သည်။ နောက်ဆုံးတစ်ခေါက် သူ ဒဏ်ရာရသွားသည့် အချိန်တွင် သူ၏အဆင့်အတန်းက အနည်းနှင့်အများ ထိခိုက်သွားသည်။
ဒီတစ်ကြိမ်တွင်မူ သူက သူ၏အရှက်ရမူကို ပြန်၍ဆေးကြောကာ ကလဲ့စားချေရမည်။
ခြေ င်္သ့က သူ၏လည်ဆံမွှေးကို ခါလိုက်သည်။ ထို့နောက် မာန်ဖီရင်း ရှေ့သို့ ခုန်ထွက်လာသည်။
“ကွက် ကွက် ကွက်”
ခေါင်းပြားတာ့ကောကလည်း လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နူန်းဖြင့် ခုန်ဝင်သွားသည်။ ထိုသို့ဖြင့် ခြေ င်္သ့နားသို့ ရောက်သွားသည်။
ခရက်
သူက ချက်ချင်းလိုလို ကိုက်ခဲလိုက်လေရာ သွေးများ ပန်းထွက်လာသည်။
ခြေ င်္သ့ကပင် ဟိန်းလိုက်မိသည်။ သူက ခပ်မြန်မြန် နောက်လှည့်သည်။ သို့သော် ထိုအကောင်က မြန်ဆန်လွန်းသဖြင့် ပုံရိပ်ကို မမြင်ရတော့ချေ။
ထက်ရှသော လက်သည်းတစ်ချက်က သူ၏ဖင်ကို သွေးသံရဲရဲ ဖြစ်သွားစေပြန်သည်။
ပျားရည် ခွေးတူဝက်တူ၏ အမွှေးများက ထောင်မတတ် ဖြစ်လာကြောင်း မြင်သောအခါ ထိုခြေ င်္သ့ထီးကလည်း နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။
သူက ရှေ့မှသေးငယ်သော အကောင်လေးကို ကြည့်ပြီး နှာမူတ်သည်။
“ကွက် ကွက် ကွက်”
ခေါင်းပြားတာ့ကောက သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်သည်။ ထို့နောက် အရှေ့မှ ခြေ င်္သ့ကို ခက်ထန်သော အကြည့်မျိုးဖြင့် ကြည့်သည်။
ဝေါင်း
ဟိန်းသံတစ်ချက်နှင့်အတူ ခြေ င်္သ့က နောက်လှည့်ကာ ပြေးသည်။ ထိုသို့ဖြင့် အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်
“ဘုရားရေ”
ဆုပိုင် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေမိသည်။ သူက တိုက်ကွက် အနည်းငယ်တည်းနှင့် ခြေ င်္သ့ကြီးကို မောင်းထုတ်လိုက်သည့် ပျားရည်ခွေးတူဝက်တူကို ကြည့်ပြီး သူ၏နှုတ်ခမ်းများက မဲ့ကျသွားသည်။
ဒီကောင်က အရင်က ခွေးတူဝက်တူကောင်တွေထက်တောင် ခက်ထန်သေးတယ်။
သူတောင် ဒီတာဝန်ကို ဘယ်လိုလုပ်ရတော့မှာလဲ။
ခြေ င်္သ့ကတောင် ထွက်ပြေးသွားပြီ။ သူက ဒီနေရာကို သွားရင် အသေခံသလို မဖြစ်ဘူးလား။
“ကွက် ကွက်“
ရုတ်တရက် ခေါင်းပြားတာ့ကောက မျက်မှောင်ကျုံ့ပြီး နှစ်ကြိမ်ခန့် ဟိန်းသည်။
“ဘာဖြစ်တာလဲ”
ဆုပိုင်က ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“ကျေနပ်စရာကို မကောင်းဘူး။ မဖြစ်သေးပါဘူး။ နောက်ထပ် တစ်ကောင်ကို ရှာပြီး တိုက်ခိုက်ရမယ်”
ခေါင်းပြားတာ့ကောက ကျောပိုးအိတ်ရှေ့ ရောက်သွားသည့် ဆုပိုင်ကို ခက်ထန်စွာ ကြည့်လာပြန်သည်။
ဆိုလိုသည်မှာ သိသာပြန်သည်။
မင်း ယူရဲရင် ငါ မင်းကို နောက်မှလာသတ်မယ်…
ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ သူက မြေပြင်ရှိ ကျောပိုးအိတ်ကို ကြည့်သည်။ ထို့နောက် တစ်ဖြည်းဖြည်းချင်း ဝေးကွာသွားသော ပျားရည်ခွေးတူဝက်တူနောက်သို့ လိုက်သွားသည်။
တွေ့ရရင် တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်တာက မလုံလောက်သေး။
မဟုတ်သေးဘူး။ ဒီကောင်ကို ဆက်ပြီး လုပ်ချင်တိုင်း လုပ်ခွင့်ပြုနေလို့ မရဘူး။ သူကသာ ဆက်လက်ပြီး လှုပ်ရှားမယ်ဆို တာဝန်က အဆုံးသတ်သွားလိမ့်မယ်။
“ကွက် ကွက် ကွက်”
သူက ချုံပုတ်ထဲမှ ခုန်ထွက်လိုက်သည့် ခဏတွင် သေးငယ်သော ရေကန်လေးရှေ့တွင် ရပ်နေသည့် ပျားရည်ခွေးတူဝက်တူကို မြင်လိုက်ရသည်။ ထိုအကောင်က ရေထဲသို့ ကြည့်ကာ ဟိန်းသည်။ ဆုပိုင်က ရုတ်တရက် ကြောင်သွားသည်။
ပလုံ
ရုတ်တရက် ရေထဲမှ ခက်ထန်ကာ ကြီးမားသည့် ပါးစပ်က ခုန်ထွက်လာပြီး ပျားရည်ခွေးတူဝက်တူထံ အစွယ်များဖြင့် ကိုက်ခဲလာလေသည်။
++++++
အပိုင်း(၃၀)
“ကွက် ကွက် ကွက်”
ခေါင်းပြားတာ့ကောက ခုန်ထွက်လာသော အကောင်ကြီးကို ကြည့်သည်။ သူက အမြှီးကို ယမ်းပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သည်။ သူက သွားကိုဖြဲကာ နှစ်ကြိမ်ခန့် ဟိန်းသေးသည်။ ထို့နောက် ခေါင်းကို မော့လိုက်ပြီး သေးငယ်သော မျက်ဝန်းက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
“ဘန်း”
မိချောင်းက အမြှီးကို ယမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ဘုန်းကနဲ ရောက်လာသည်။ သူက သွေးများ စိုရွှဲနေသော ပါးစပ်ကြီးကို ဖြဲလျက် မြစ်ပေါ်သို့ တစ်လှမ်းချင်းစီ တက်လာသည်။
ဒီကောင် လာပြန်ပြီ။
ထပ်ခါတလဲလဲ ရန်စခံရပြီးနောက် မည်သည့်နည်းနှင့်မဆို ထိုအကောင်ကို ထွက်ပြေးခွင့် ပြု၍မရတော့ချေ။
ဝေါင်း
သူက ခက်ထန်စွာ ဟိန်းဟောက်သည်။
မိချောင်း၏ ခပ်တိုတို ခြေလက်လေးဖက်လုံးက လေများ ဖြတ်တိုက်သွားသလို မြန်ဆန်သည့် အရှိန်နူန်းဖြင့် အရှေ့သို့ ရောက်ရှိလာသည်။
ကွက် ကွက် ကွက်
ပျားရည် ခွေးတူဝက်တူက အတော်လေး သွက်လက်ပြီး မိုက်ရူးရဲဆန်သော်လည်း သူဟာ အလွန်အမင်း ဉာဏ်ကောင်းသည်။ ထို့ကြောင့် မိချောင်းကို မယှဉ်နိုင်ကြောင်း နားလည်သည်။ ပို၍ဆိုးသည်မှာ သူ ဒီနေ့ ဒီနေရာသို့ လာရသည့် ရည်ရွယ်ချက်က သူ၏ခြေလက်များကို ဆန့်ရန်အတွက်သာ ဖြစ်သည်။ ထိုမိချောင်းက ထိုနေရာတွင် ရပ်နေပြီး ကြိတ်ချေခွင့် ပြုထားလျှင်ပင် အပြီးတိုင် ကြိတ်ခြေရန် ခက်ခဲပေလိမ့်မည်။
“ဖွတ်”
ခေါင်းပြားတာ့ကောက ဘယ်ဘက်သို့ ဖြတ်ကနဲ ခုန်လိုက်ကာ ကပ်သီးလေး ရှောင်လိုက်သည်။
ဂါး
သို့ရာတွင် မီးချောင်းကမူ ရုတ်တရက် အမြှီးကို ယမ်းလိုက်သည်။ ထိုအရာက သံမဏိကြာပွတ်တစ်ချောင်းလိုမျိုး ခက်ထန်သည့် ဝေလငါး ဆူးတောင်အဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ရိုက်ခတ်လိုက်သည်။
အော်ဟစ်သံတစ်ချက်နှင့်အတူ ပျားရည်ခွေးတူဝက်တူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက မြေပြင်ပေါ်မှ ထနိုင်ရန် ရုန်းကန်သည်။ သူ၏ မျက်လုံးကမူ ပြူးသွားပြီး မိချောင်းကိုမူ စူးရှစွာ ကြည့်သည်။
သေစမ်း မင်းက လုပ်နိုင်တယ်ပေါ့ ဟုတ်လား။
ငါ မင်းကို မတွေ့ရတာ ရက်အနည်းငယ် ကြာသေး။ မင်းက ဒီလောက်အထိ လှည့်ကွက်တွေ သုံးနိုင်သွားပြီ ဟုတ်လား။
ကွက် ကွက် ကွက်
သူက နှစ်ကြိမ်ခန့် အော်ပြီးနောက် နီရဲသော မျက်ဝန်းများဖြင့် ခုန်ထွက်သွားသည်။
“ကြမ်းတမ်းလိုက်တာ”
ချုံပုတ်ဘေးနားတွင် လှဲနေသော ဆုပိုင်က ပျားရည်ခွေးတူဝက်တူဟာ မိချောင်းနှင့် တိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။ မိချောင်းက မည်သည့်နည်းနှင့်မဆို သူ့ထက် အဆပေါင်းများစွာ ကြီးသည်။ သို့တိုင်အောင် ထိုသို့ တိုက်ခိုက်ရဲနေသေးသည်။
“လောကရဲ့ သတ္တိအရှိဆုံး တိရိစ္ဆာန်ပဲ”
ခပ်ပြတ်ပြတ် ပြောရရင် မိုက်ရှုးရဲ အဆန်ဆုံး တိရိစ္ဆာန်လို့ မခေါ်သင့်ဘူးလား။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်မှာမှ မဟုတ်တာ။
ရုတ်တရက် ပျားရည်ခွေးတူဝက်တူက ကျယ်လောင်စူးရှစွာ အော်သည်။ ဆုပိုင်က မော့ကြည့်လိုက်သောအခါ မိချောင်းက ပျားရည်ခွေးတူဝက်တူ၏ ခါးကို ကိုက်ပြီး ခက်ထန်သော ပါးစပ်အတွင်း ဆွဲဖိထားကြောင်း တွေ့လိုက်ရသည်။ ပျားရည်ခွေးတူဝက်တူ၏ အမွှေးများက ကြမ်းတမ်းသည်။ မိချောင်းက တစ်ကိုက်ကိုက်ရုံဖြင့် အသားသို့ ဖောက်မဝင်နိုင်ပေ။ ထို့ကြောင့် သူက ပျားရည်ခွေးတူဝက်တူ၏ ခန္ဓာကိုယ်ကို ပြင်းထန်သော လွှဲယမ်းအားဖြင့် စုတ်ဖြဲနိုင်ရန် ကြိုးစားနေသည်။
“ဟစ်”
ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက စိတ်ထဲတွင်လည်း လျို့ဝှက်စွာဖြင့်ပင် သက်ပြင်းချမိလေသည်။
ဒါပေမယ့် သူ့မှာ ဘာလက်နက်မှ ရှိတာမဟုတ်ဘူး။ သူ ဒီအတိုင်း သွားလိုက်ရင် သူ့ခန္ဓာကိုယ် အနေအထားအရ အစာဖြစ်သွားမယ် မဟုတ်လား။
သို့ရာတွင် ပျားရည်ခွေးတူဝက်တူကသာ သူ့ကိုယ်သူ သတ်သေသွားခဲ့လျှင် သူက ဒုက္ခရောက်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အံ့အားသင့်မှု အမှတ်က တစ်သိန်းတောင်။ အလဟသ ဖြစ်သွားတာမျိုးကို လက်သင့်ခံလို့ မဖြစ်ဘူး။
တိုက်ခိုက်မယ်။
မိချောင်းက သူ၏အမြှီးကို ယမ်းလိုက်ပြီး ရုန်းကန်နေသည့် ပျားရည် ခွေးတူဝက်တူကို ပါးစပ်ထဲတွင် ကိုက်ခဲထားနေကြောင်း မြင်သောအခါ... ထိုအကောင်က ယခုအချိန်ထိ ခက်ထန်နေသေး၏။ သူက သားဖြဲလျက် ဟိန်းဟောက်နေသေးပြီး သူ၏စူးရှသော လက်ကြီးများဖြင့် မီးချောင်း၏ မာကြောသော အသားကို ထိုးဖောက်ရန် ကြိုးစားနေသေးသည်။ သို့ရာတွင် မိချောင်း၏ အရေပြားကို သူ၏သေးငယ်သော လက်ချောင်းလေးများဖြင့် ကုပ်နေခြင်းက စိတ်ကူးယဉ် ဆန်နေခြင်း ဖြစ်ရပေမည်။
မဟုတ်သေးဘူး။ မိချောင်းက ဒီအကောင်ကို ရေထဲကို ဆွဲခေါ်သွားပြီး ဒီအကောင်ကို ရေနစ်သေအောင် လုပ်လိမ့်မယ်။
ဆုပိုင်က မျက်မှောင်ကျုံ့လိုက်သည်။ သူက မြေပြင်မှ တဖြည်းဖြည်းချင်း ထပြီး ရှေ့သို့ခုန်ထွက်သွားသည်။
{ငါ့အမေက ငါ့ကိုမေးတယ်။ ငါ ဘာလို့ ကီးဘုတ်ပေါ်မှာ ဒူးထောက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်နေရာတာလဲတဲ့... ငါ ငါ့အမေကို ပြောလိုက်တယ်။ ငါ့အမေက ငါ့ရဲ့ဘေးနားမှာ ဒူးထောက်နေပြီ}
{ဒါက အမှန်တကယ် မဟုတ်ဘူးလို့ ဘယ်သူငါ့ကို လာပြောမလဲ}
{တင်ဆက်သူ ပြောတာ မှန်လောက်တယ်။ အခုမှပဲ ဒီကောင်ဘယ်လောက်ထိ ကြမ်းတမ်းခက်ထန်လဲ ဆိုတာကို တွေ့လိုက်ရတော့တယ်။ သူက ခြေ င်္သ့ကို ခြောက်ထုတ်နိုင်ရုံတင် မကပဲ မိချောင်းကိုတောင် ပြဿနာသွားရှာနေတယ်}
{ငါ ကျောင်းယီထျန်း အယုံသွင်းခံလိုက်ရပြီ။ သူက ငါ့တို့မူကြိုက ကလေးတွေထက်တောင် အင်အားကြီးသေးတယ်}
{ငါ အခုမှ သတိရသွားတယ်။ ခေါင်းဆောင်တစ်ယောက်က ဒီပျားရည် ခွေးတူဝက်တူကသာ ခြေင်္သ့ကို နိုင်ရင် ဇောက်ထိုးနေပြီး ခေါင်းလျှော်မယ်လို့ ပြောလိုက်သလိုပဲ။ အဲ့ဒီတစ်ယောက် ဘယ်ရောက်သွားလဲ}
{တင်ဆက်သူ သတိထား။ ဒါက မိချောင်းနော်။ ဒေတာတွေအရ ဒီကောင်က ပြိုင်ဘက်ကင်းလုနီးပါးပဲ။ သူ့ကို ဘယ်သူမှ မနိုင်ဘူး}
{တာ့ကောက လုပ်နိုင်မှာပါ။ သူ့ကို သတ်ဖို့ ကြိုးစားကြည့်ပါလား}
{တင်ဆက်သူ ကြိုးစားထား}
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိတ်သတ်ပေါင်းများစွာက အော်ဟစ် အားပေးနေကြသည်။
ဆုပိုင်၏ အစောပိုင်း ညွှန်ကြားချက်က ရှင်းလင်းပြတ်သားပြီး အချက်ကျသော်လည်း မည်သူကမှ ထိုအကောင်ကို မမြင်ဖူးကြပေ။ ထို့ကြောင့် ကြားပင် မကြားဖူးကြချေ။ ထို့ကြောင့် ယုံကြည့်ရန် ခက်ခဲသည်။ ထို့ကြောင့် ဟာသအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ ယခုလို မြင်ကွင်းမျိုးကို မြင်လိုက်ရမှသာ သူတို့အားလုံးက လက်ခံယုံကြည်သွားကြသည်။ မည်သို့ပင်ဆိုစေ ထိုအကောင်က ခြေင်္သ့ကိုပင် သတ်နိုင်သည်၊ မိချောင်းကိုပင် ရန်စသေး၏။ ထို့နောက် လူတိုင်းက ယုံသွားသည်။ ထိုအကောင်က အလွန့်အလွန် မိုက်ရူးရဲဆန်သည်။
“ဟူး”
မိချောင်းအနားသို့ နီးကပ်သထက် နီးကပ်သွားကြောင်း မြင်သောအခါ ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ ထိတ်လန့်မှုကြောင့် သူ၏နဖူးတွင် ချွေးစေးများ ချွဲလာသည်။ ထိုအရာများက ပါးပေါ် တောက်လျောက်စီးကျလာနေသည်။
“သွားပြီ”
စိတ်ထဲမှ ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ဆုပိုင်က အရှိန်နူန်းကို ရုတ်ချည်းထိုးမြင့်လိုက်သည်။ ထို့နောက် သူက မြေပြင်ပေါ်တွင် ကျနေသည့် မိချောင်းအမြှီးကို ကောက်ကိုက်လိုက်ကာ ခါးအားကို ခပ်ကြမ်းကြမ်း သုံးပြီး လွှဲယမ်းပစ်လိုက်သည်။
ကံကောင်းသည်မှာ အရှေ့ရှိ မိချောင်းက သိပ်မကြီးချေ။ အလွန်ကြီးမားသော မိချောင်းကြီးသာ ဖြစ်မည်ဆိုလျှင် ဆုပိုင်သည်ပင် မပင် မနိုင်လိမ့်မည် မဟုတ်ချေ။
ထိုသို့ လွှဲယမ်းခံလိုက်ရသောအခါ မြေပြင်မှ မိချောင်းက စိတ်ရှုပ်ထွေးသော မျက်နှာမျိုးဖြင့် လှည့်ကြည့်လာသည်။ သူ၏ပါးစပ်ထဲမှ ပျားရည်ခွေးတူဝက်တူကလည်း ပြုတ်ကျသွားသည်။
သူက မျက်လုံးပြူးနေသည်။ ထို့နောက် သူ၏အရှေ့တွင် သုန်မှုန်သော မျက်နှာမျိုးဖြင့် ရပ်နေသော မျက်နှာမျိုးဖြင့် ရပ်နေသော လူသားကို ကြည့်လိုက်သည်။
“ကွက် ကွက် ကွက်”
ဆုပိုင်ကလည်း မြေပြင်ပေါ်သို့ ကျပြီးနောက် ချက်ချင်း ထရပ်လာသော ပျားရည်ခွေးတူဝက်တူကို ကြည့်သည်။ ထိုအကောင်က အော်ပြီး မိချောင်းဆီ ထပ်သွားချင်နေသေးသည်။ သူ၏နှုတ်ခမ်းများက လိမ်တွန့်သွားရ၏။
မင်းက တကယ်ကို ရက်စက်တယ်။
နောက်ဆုံး ကယ်ဆယ်ခံရပြီးတာတောင် သူက ထွက်မပြေးသေးပဲ ထပ်သွားရဲသေးတယ်။ သေချာစွာပင် ဆုပိုင်က သူ့အတွက် ထိုးဝင်သွားပြီး ထိုပျားရည်ခွေးတူဝက်တူကို အမြှီးမှ ဆွဲရသည်။
“ကလစ် ကလစ် ကလစ်”
မိချောင်းက သူ့ဆီ ခုန်ဝင်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အပေါ်နှင့်အောက် မေးရိုးများ၏ တဂတ်ဂတ် ရိုက်သံက နီးသထက် နီးလာသည်။
“သွားရအောင်”
ဆုပိုင်က အသားကုန်အော်သည်။ ထို့နောက် ပျားရည်ခွေးတူဝက်တူ၏ ခန္ဓာကိုယ်ကို အသားကုန် ကောက်ပွေ့ပြီး ခပ်မြန်မြန် ထွက်ပြေးသည်။
“ကွက် ကွက် ကွက်”
“ကောင်လေး နေဦး”
“ကွက် ကွက် ကွက်”
“ငါ့ကို ချပေး။ ငါ မင်းကို ဒီနေ့မသတ်ဘူး။ ဟုတ်ပြီလား ငါ့ကို ချပေး”
ပျားရည်ခွေးတူဝက်တူက သူ့ကို တရွတ်တိုက်ဆွဲသွားသော မြင်ကွင်းကို ကြည့်ပြီး မကျေမနပ် ဖြစ်လာသည်။ သူက ခေါင်းကိုမော့ပြီး သွားဖြဲကာ မိချောင်းထံ ခုန်ဝင်ချင်သေးသည်။ သူက မိချောင်းကိုလည်း ခက်ထန်စွာ အော်ဟစ်နေသေးသည်။
ဆုပိုင်က နောက်လှည့်ကြည့်ကာ ထွက်ပြေးသည်။ ထို့နောက် မြေပြင်တွင် တွေ့ရသည့် ကျောပိုးအိတ်ကို ကောက်မပြီး အသားကုန်ပြေးသည်။
“ဝေါင်း”
“ကွက် ကွက် “
“အမှိုက်လိုကောင် လာစမ်းပါ”
“မင်းမှာ ညီအစ်ကို ရှိတယ် ဟုတ်ပြီလား။ အော်မနေနဲ့။ မင်းကို ဒီနေ့ မျက်နှာသာ ပေးလိုက်မယ်။ နောက်တစ်ရက်မှ မင်းကို လာပြီး သင်ခန်းစာပေးမယ်”
ဆုပိုင်က ရွေးချယ်စရာ မရှိပဲ ဝိုင်းအော်ပေးလိုက်ရသည်။ ရန်စခံရသည့် မိချောင်း၏ မျက်လုံးများက နီရဲသွား၏။ သူက ပျားရည်ခွေးတူဝက်တူနှင့် တိရိစ္ဆာန်ဘာသာစကားကို သုံးကာ ခပ်မြန်မြန် ဆက်သွယ်လိုက်သည်။
“မဟုတ်ဘူး ငါ ဒီနေ့ပဲ ဒီကောင်ကို ကိုင်တွယ်ချင်တယ်”
ဆိုးဆိုးရွားရွား အငြင်းခံလိုက်ရတာပဲ။
“နောက်တစ်နေ့မှ လုပ်ပါ။ ငါ ကူညီပေးမယ်။ ကြည့် ဒီကောင်က ကြောက်လွန်းလို့ ပြန်ပြေးသွားပြီ ဟုတ်လား။ သူ မလိုက်တော့ဘူးလေ”
ဆုပိုင်က မြေပြင်တွင် ထိုင်ချလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ကာ ဆုတ်သွားသော မိချောင်းကြီးကို ကြည့်ပြီး သူက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
နောက်ဆုံးတော့ လွတ်မြောက်သွားပြီ။
ဒါက တစ်သိန်းတန် တာဝန်ဖြစ်ပြီး အလွန်လဲ ခက်ခဲခဲ့သည်။ သို့ရာတွင် သူ၏အရှေ့ရှိ ပျားရည်ခွေးတူဝက်တူ၏ ကိုယ်ပေါ်ရှိ အမွှေးများက လုံလောက်အောင် မာကြောလွန်းသည်။ မိချောင်းက ကိုက်ခဲခြင်းကို ခံရသည့်တိုင်အောင် မည်သည့်ဒဏ်ရာမှ မရှိချေ။ ကြည့်ရတာ ထိုအကောင်က ယခုလောက်ထိ ထောင်လွှားနေသည်မှာ အကြောငးပြချက် ရှိပုံပေါ်သည်။
“ကွက် ကွက် ကွက်”
“မင်းက ဘာကို ကြည့်နေတာလဲ။ ဘာဖြစ်လို့လဲ။ ဘာတွေလာပြောနေတာလဲ”
ရုတ်တရက် အရှေ့မှ ပျားရည်ခွေးတူဝက်တူက ခေါင်းကို ရုတ်ချည်း လှည့်လာပြီး ဆုပိုင်ကို ကြည့်သည်။ ထို့နောက် မာန်ဖီလာပြန်သည်။
ဆုပိုင်ကလည်း သူ၏အရှေ့တွင် ထိုင်နေသော ခေါင်းပြားတာ့ကောကို မှင်သက်စွာ စိုက်ကြည့်သည်။ မကောင်းသော ခံစားချက်က မြင့်တက်လာသည်။ သူ ဒီအကောင်ကို တိရိစ္ဆာန်ရုံကို ခေါ်သွားလို့ ဖြစ်ပါ့မလား။
ဒီအကောင်ကို ခေါ်သွားရင် တလောကလုံးက ပြောင်းပြန်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
+++++
43 01
အပိုင်း(၄၃)
{ငါ ဒေါသထွက်လိုက်တာ။ ဘယ်လိုများ ဒီလောက် ရက်စက်တဲ့လူမျိုးက ရှိနေရတာလဲ}
{ဒီအဖွားကြီးက တောရိုင်းကြောင်တွေကို ဒီလို အကြောင်းပြချက်ကြောင့် ထိန်းသိမ်းထားတယ်လို့ မမျှော်လင့်ထားမိဘူး။ ဒါက တကယ်ကို _ _ _ }
{ဒီ စီးဘတ်ကြောင်လေး ဘာမှတော့ မဖြစ်ပါစေနဲ့။ ငါ့မှာသာ ကြောင်ရှိရင် _ _ _ ငါ သေချာပေါက် ကောင်းကောင်း ဆက်ဆံပြီး မိသားစုဝင် တစ်ယောက်လို သဘောထားမှာပါ}
{ဒီစီးဘတ်ကြောင်လေးရဲ့ ဆန္ဒက ပြည့်မြောက်သွားပြီ။ ဒါပေမယ့် ကျေးဇူးပြုပြီး မသေလိုက်ပါနဲ့။ ကျေးဇူးပြုပြီး မသေလိုက်ပါနဲ့}
{လူသားတို့၊ တိရိစ္ဆာန်တို့ကြားက ဆက်ဆံရေးက ဒီလိုကို။ ဒါက တကယ်ကို_ _ _ ငါ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်တောင်မှ အရူးလို အော်ငိုနေမိတယ်}
{ဒီလို မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ အဓိက ရည်ရွယ်ချက်က _ _ _ }
…
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မိတ်ဆွေများ အားလုံးက စီးဘတ်ကြောင်လေး သေခံနီး အခြေအနေကို မြင်လိုက်ရသည့်အခါ သူတို့၏ နှလုံးသားက တင်းကြပ်လာကြသည်။ သူတို့အားလုံးကလည်း ထိုကြောင်လေးအတွက် အားပေးစကားများ ပြောနေကြလေသည်။
အခုလေးတင် မြင်လိုက်ရသည့် ကြောင်လေး၏မျက်ဝန်းထဲမှ အကြည့်က လူတိုင်း၏နှလုံးသားကို နာကျင်စေသည်။
“ဝူး ဝူး ဝူး”
ဟန်တုန်းက စားပွဲပေါ်တွင် ထိုင်နေသည်။ သူ၏မျက်လုံးက မျက်ရည်များ ပြည့်နေ၏။ သူက ကျယ်လောင်စွာ အော်ငိုမိသည်။
သူ အိမ်က ထွက်လာသည်မှာ နှစ်နှစ်ကြာသွားပြီ ဖြစ်သည်။ နေရာဝေးလွန်းသောကြောင့် အချိန်အတန်ကြာသည်အထိ ပြန်မလည်ခဲ့ချေ။ သူ၏မိခင်က အိုနေလေပြီ။ သူမ၏ ဘဝအခြေအနေကိုလည်း မသိနိုင်သေးချေ။
“ဝူး ဝူး ကြီးကြပ်သူ”
သူက ဖုန်းကို ဆွဲထုတ်ပြီး သူ၏ကြီးကြပ်သူထံ တိုက်ရိုက်ခေါ်ကာ တရှုံ့ရှုံ့ငိုကာ ပြောလိုက်သည်။
“ငါ မနက်ဖြန်အတွက် ခွင့်တိုင်ချင်တယ်။ ငါ အိမ်ပြန်ရမယ်”
“ဝူး ဝူး ဝူး ရပါတယ်”
တစ်ဖက်မှလည်း ငိုသံက ထွက်လာသည်။ ကြီးကြပ်သူကလည်း ဩရှသော အသံနှင့် တုန့်ပြန်၏။
“ငါတို့ မနက်ဖြန် အတူတူ သွားကြတာပေါ့ ဝူး ဝူး ဝူး_ _ _ အိမ်ပြန်ပြီး တစ်ချက် ကြည့်ရမယ့်အချိန်ပဲ”
“တစ်ခုခု မဖြစ်ပါစေနဲ့”
ဆုပိုင်ကမူ တွေးတောနေသည်။ သူက လက်ထဲတွင် စီးဘတ်ကြောင်လေးကို ပွေ့ဖက်လျက် ရွာအတွင်းမှ ပြေးထွက်ခဲ့ခြင်း ဖြစ်သည်။
“တင် စီးဘတ်ကြောင် ကယ်ဆယ်ရေး အပိုင်းအစတာဝန်က ပြီးမြောက်သွားပါပြီ”
“တင် မူလနေရာကို ပြန်လည်သွားရောက်နိုင်ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အလိုအလျောက် ပိတ်သွားပါလိမ့်မယ်”
“စီးဘတ်ကြောင် ကယ်ဆယ်ရေး အောင်မြင်ခဲ့ပါတယ်။ အမြန်နူန်း ၁မှတ် တိုးတက်သွားပါတယ်”
ထိုအချိန်တွင် သူ၏စိတ်အတွင်း စနစ်၏အသံက ထွက်လာသည်။ ထို့နောက် ဆုပိုင်က ကြီးမားသော မြင်ကွင်းကြီးကို မြင်လိုက်ရသည်။ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် သူဟာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ ဝင်ပေါက်တွင် ဖြစ်သည်။
မြှောင်
ကြောင်လေးက နာကျင်သော အသံဖြင့် အော်သည်။
“သေစမ်း မနက်အစောပိုင်း ရောက်တော့မယ်။ ဘာကားမှ ရှိမှာမဟုတ်ဘူး”
ဆုပိုင်က အချိန်ကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ရေရွတ်သည်။
စနစ်ကလည်း သူ့ကို ဒီလိုအခြေအနေမျိုးတွင် ပြန်ပို့မည်ဟု မမျှော်လင့်ထားမိချေ။
သူ ဘယ်လိုလုပ်ရမလဲ။
အစစ်အမှန်လောကတွင် တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။ ထို့ကြောင့် တိကုနယ်ပယ်ကလည်း မတည်ရှိတော့ချေ။
ဒါဆိုရင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ကြောင်ကို ဘယ်လို ကယ်ရမှာလဲ။ သူ ဘယ်လိုကုရမှာလဲ။
“ဆေးရုံကိုပဲ သွားရမှာပဲ”
လေသံတိုးတိုးနှင့် ဆုပိုင်က တိရိစ္ဆာန်ရုံအတွင်းသို့ ဝင်ပြေးသွားသည်။
“တပိုင်”
သူဟာ ပန်ဒါဥယာဉ်၏ ဂိတ်တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းသို့ ဝင်ကာ တပိုင်၏နားရွက်ကို ဆောင့်ဆွဲပြီး ခေါ်လိုက်သည်။
“မြန်မြန် မြန်မြန် အခြေအနေက အလျင်လိုနေတယ်။ မြန်မြန်လေး ထွက်လာ။ မြန်မြန်လေး သွားရအောင်”
တရွတ်တိုက် အဆွဲခံရသည့် တပိုင်က စိတ်ရှုပ်ထွေးနေသည်။ သူက အပြင်သို့ တလန့်တကြား ထွက်လာရ၏။
43 02
“မြန်မြန်ဝင် မြန်မြန်ဝင် မြန်မြန် မြန်မြန်”
တပိုင်၏နဖူးတွင် ကြိုးကို ချည်ပြီးနောက် ဆုပိုင်က သုံးဘီးပေါ် တက်ထိုင်ကာ အော်သည်။
“ဝါးမျှစ်တွေ လုံလောက်စေရမယ်”
“အိုး”
“ငါ မင်းကို စောစော ပြောထားမယ်။ ငြိမ်ငြိမ်ထိုင်”
ထိုစကားကို ကြားသောအခါ တပိုင်၏ ကိုယ်လုံးက တုန်ယင်သွားပြီး ထိုသုံးဘီးကို သယ်လျက် လမ်းတောက်လျောက် ပြေးသည်။
“ကွက် ကွက်ကွက်”
ဆူညံသံကြောင့် နိုးလာသော မျောက်တိုဘုရင်ကလည်း ဆုပိုင်၏ အလျင်လိုနေသော အမူအရာကို မြင်သောအခါ တခြားသော မျောက်များကို ခပ်မြန်မြန် အော်ပြီး နောက်မှလိုက်ထွက်လာသည်။
မျောက်တိုတစ်အုပ်ကလည်း ထွက်ပြီးခါစသာ ရှိသေးသည်။ ရွှေမြွေကလည်း ဂိတ်ဝမှ တွားသွားလျက် ထွက်လာသည်။ သူကလည်း အနံ့နောက် လိုက်၏။
ကွက် ကွက် ကွက်
ပျားရည်ခွေးဝူဝက်တူကလည်း ဗိုက်ကိုပွတ်ပြီး ပြေးထွက်သွားသော တိရိစ္ဆာန်များကို အေးစက်စွာ ကြည့်သည်။ ထို့နောက် နှုတ်ခမ်းများက ကော့တက်သွားကာ အော်သည်။
“မင်းတို့ တစ်ခုခု စားဖို့ သွားရှာတာ ဖြစ်ရမယ်”
သေစမ်း သူ့ကိုတောင် မခေါ်ပဲ သွားတာလား။
ထိုသို့ဖြင့် သူက နောက်မှပြေးလိုက်သွားသည်။
…
မနက်ငါးနာရီ_ _ _
လမ်းက လူသူရှင်းလင်းနေသည်။ ဖြတ်သွားဖြတ်လာ အနည်းငယ်သာ ရှိသည်။ သန့်ရှင်းရေးသမားများကလည်း လမ်းတစ်လမ်းလုံးကို ဖှုန်တစ်စပင် မရှိအောင် ရှင်းလင်းထားသည်။
ရောင်စုံအလံများနှင့် သေးငယ်သော သုံးဘီးလေးက မြန်ဆန်သော အရှိန်နူန်းဖြင့် လမ်းကို ဖြတ်ပြေးသွားသည်။
“ဟန်နီ_ _ _ ငါ တစ်ညလုံး ဘားမှာ ကနေခဲ့တာ တအားအိပ်ချင်နေပြီ”
BMWတစ်စီး၏ ဘေးခုံတွင် ထိုင်နေသော အမျိုးသမီးက ဝေးဝါးသော မျက်ဝန်းမျိုးဖြင့် ပြောသည်။
“ဆက်ထိန်းထားဦး။ နောက်ကျတဲ့အထိ နေမနေနဲ့လို့ ပြောသားပဲ။ ငါလည်း ပင်ပန်းနေတာပဲ။ လမ်းပေါ်မှာ လူနည်းနည်းပဲ ရှိတယ်။ ဒါကြောင့် မြန်မြန်မောင်းလို့ ရလောက်တယ်။ ခဏလောက် ထိန်းထားပါ။ ခဏနေ အိမ်ပြန်ရောက်တော့မှာပါ”
ကားမောင်းသူ နေရာမှ အမျိုးသားက လှည့်ပြောသည်။ သူက သန်း၍ အနည်းငယ် ပင်ပန်းသည့် ပုံစံမျိုးဖြင့် ပြောသည်။
“အိုး “
ရုတ်တရက် အနောက်ဘက်မှ အော်သံ ထွက်လာသည်။ ဘေးဘက်မှ အမျိုးသမီးက စိတ်လှုပ်ရှားသွားပြီး ချက်ချင်းလိုလို နိုးသွားသည်။
“မိုးကြိုးပစ်တာလား။ ဘာဖြစ်တာလဲ”
“ငါ သောက်ကျိုးနည်း”
လူငယ်က အဖြူအမည်း ဝက်ဝံကြီးတစ်ကောင်က လူတစ်ယောက်ကို သုံးဘီးပေါ် တင်ဆွဲကာ သူ့ ၏ဘေးမှ ခပ်မြန်မြန် ကျော်ဖြတ်သွားသည့် မြင်ကွင်းကို ကြည့်သည်။
ပို၍ဆိုးသည်မှာ ထိုသုံးဘီးအနောက်မှ သေးငယ်သော အကောင်လေးများက ဆက်တိုက်လိမ့်တက်သွားသေးပြီး တဝှီး ဝှီး မြည်သံအနှင့်အတူခတစ်ခုနှင့်အတူ ဖြတ်သွားသေးသည်။
“ဒါက ဘာတွေလဲ”
“ငါ ဘယ်လိုသိမှာလဲ။ ငါမှ မမြင်ဖူးတာ”
လူငယ်က ရွေရွတ်သည်။ ထို့နောက် သူက အရှိန်နူန်းမြင့်ပြီး လိုက်သည်။
“ထူးဆန်းတယ်_ _ _ ဒီသုံးဘီးက ဘာလဲ။ အရမ်းလန်းနေတာလား”
“ဟေး သူငယ်ချင်း မင်းတို့ ဘာလုပ်ကြမလို့လဲ”
ဆုပိုင်က raccoon ကြောင်လေး၏ အမွှေးကို ပွတ်သပ်ပေးနေပြီး တပိုင်ကို အမြန်သွားခိုင်းသည်။ ရုတ်တရက် ဘေးဘက်တွင် ကားက အရှိန်နူန်းမြင့်လျက် လိုက်လာသည်။ ထို့နောက် အနားသို့ ရောက်သောအခါ အရှိန်ကို နှေးချသွားပြီး ဘေးကပ်လျက် လိုက်သည်။ ကားပြတင်းပေါက်က နိမ့်ကျသွားပြီး လူငယ်က တပိုင်ကို ကြည့်ကာ အံ့အားတကြီး မေးသည်။
“တပိုင် မြန်မြန်”
ဆုပိုင်က သူ့ကို တစ်ချက်ကြည့်ပြီး တပိုင်ကို အလျင်စလို သွားခိုင်းသည်။
ယခုက ကြောင်လေး၏ သေရေးရှင်ရေး အခြေအနေဖြစ်သည်။ ကြောင်လေး၏ အခြေအနေကို သေချာမသိနိုင်သေးလေရာ ထိုလူများကို ကိုင်တွယ်လိုခြင်း မရှိချေ။
“အိုး”
တပိုင်က ကားကို ဘေးဘက်သို့ လှည့်လျက် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် မာန်ဖီရင်း ဟိန်းဟောက်သည်။ သူ၏ အစွယ်များကိုပင် ဖြဲပြသည်။
“ဟစ် ဟစ်”
လူငယ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက ဘရိတ်ကို ခပ်မြန်မြန် နင်းသည်။
ကြောက်စရာကောင်းလိုက်တာ။ ဒီကောင်က အစစ်ကြီးလား။
43 03
ထိုသို့ဖြင့် သုံးဘီးက ဘေးဘက်မှ ကျော်ဖြတ်မောင်းသွားကြောင်း မြင်လိုက်ရသောအခါ ကားထဲတွင် ထိုင်နေသည့် လူငယ်၏ နဖူးတွင် ချွေးစေးများ စို့လာသည်။ သူက ခပ်တိုးတိုး ရေရွတ်သည်။
သူက ဆေးရုံဝင်ပေါက်သို့ ရောက်သွားချိန်တွင် လူတစ်အုပ်က နောက်မှလိုက်လာနေပြီ ဖြစ်သည်။ အားလုံးကလည်း သူတို့၏ ကားကြီးကြီးကို ပြန်ပို့ကြမည့် တက္ကစီများ ဖြစ်သည်။ သူတို့က ဆုပိုင်၏ သုံးဘီးကို မြင်လိုက်သဖြင့် အခြေအနေကို သိချင်လေရာ လိုက်လာကြခြင်း ဖြစ်သည်။
ဒီလို ဝရုန်းသုန်းကား ဖြစ်စေတဲ့အတွက် လူတိုင်းကို အပြစ်တင်လို့တော့ မရဘူး။
ပြောရလျှင် ယခုလို အခြေအနေမျိုးကိုလည်း မည်သူကမှ မမြင်ဖူးပါချေ။ တိရိစ္ဆာန်က သုံးဘီးကို ဆွဲနေသည့်အပြင် အမျိုးမျိုးသော မျက်နှာထားများကိုလည်း လုပ်ပြသေးသည်။
“ဟူး”
ဆုပိုင်က သုံးဘီးပေါ်မှ မြန်ဆန်သော ခြေလှမ်းများဖြင့် ခုန်ထွက်လိုက်ပြီး ကြောင်လေးကို ပွေ့ပိုက်လျက် အရေးပေါ် အဆောက်အဦးထဲသို့ ဝင်ပြေးသွားသည်။
“အိုး”
တပိုင်က အော်သည်။ သူက နဖူးမှကြိုးကို ခပ်မြန်မြန် ဖြည်၏။
“ငါ့ရဲ့မျှစ်တွေက ဘယ်မှာလဲ”
“ဘုရားရေ ဒီလောက် အဝေးကြီးလာခဲ့ပြီးတာတောင် ငါ့ကို လိမ်တာတော့ မဟုတ်ပါဘူးနော်”
“အိုး”
“ဆုပိုင် မပြေးနဲ့ ငါ့ရဲ့မျှစ်”
“ငါ့ရဲ့မျှစ်တွေ”
ပန်ဒါကြီးက အမောတကော အသက်ရှူနေရင်း ခုန်ပေါက်ကာ တည်ငြိမ်သော မျက်နှာထားနှင့် အရေးပေါ်ခန်းထဲသို့ လိုက်ဝင်လာသည်။
++++++