အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အပိုင်း(၃၁)
{ဒီကောင်က တအား ကြမ်းတမ်းတယ်}
{ကောင်းခြင်း၊ဆိုးခြင်း မဝေခွဲတတ်ဘူး ထင်ပါတယ်။ သူက ခွေးရူးလိုပဲ။ ဘာကိုမြင်မြင် ကိုက်ချင်နေတာ}
{ငါဟာ တောက်လျောက်ရယ်နေမိတဲ့ အတွက်တော့ ခွင့်လွှတ်ပေးပါ။ တော်တော်လေးကို ရယ်ရတယ်။ host ရဲ့ ယူကျုံးမရ ဖြစ်နေတဲ့အကြည့်ကို ကြည့်ပါဦး}
{တင်ဆက်သူ.. ငါ မင်းကို ကယ်ခဲ့တာလေ။ ခေါင်းပြားတာ့ကောရေ
ခေါင်းပြားတာ့ကော .. အိုး စကားအရင် ပြောရအောင်။ ကျေးဇူးပဲ }
{ဟား ဟား ဟား ငါ တင်ဆက်သူအတွက် စိတ်မကောင်းဘူး}
{ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် တင်ဆက်သူက တိရိစ္ဆာန်တွေနဲ့ ပြောဆိုဆက်သွယ်ိနုင်တာလား။ ဘာလို့ ခေါင်းပြားတာ့ကောက တင်ဆက်သူပြောတဲ့ စကားတွေကို နားလည်တယ်လို့ ခံစားနေတာလဲ}
…
ရေမိတ်ဆွေ တစ်ချို့က ကျယ်လောင်စွာ အော်ရယ်နေကြသည်။ မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသော ထိုနှစ်ယောက်ကို ကြည့်ပြီး သူတို့က သဘောတကျ ဖြစ်နေကြသည်။ အထူးသဖြင့် ဆုပိုင်က သူ၏မျက်နှာတွင် ယူကျုံးမရ ဖြစ်နေသော မျက်နှာထားမျိုးကို ပြသနေလေသည်။ ထိုအခြေအနေက လူအများကို ပို၍ရယ်မိစေသည်။
အချိန်က သိပ်မကြာမှီ မှောင်တော့မည် ဖြစ်သည်။ သို့သော် စနစ်ကလည်း တာဝန်ဟာ ပြီးမြောက်ကြောင်း မပြောသေးချေ။ ထို့ကြောင့် ဆုပိုင်က စိတ်ဓာတ်ကျသွားသည်။
ဒါက အံ့အားသင့်မှုအမှတ် တစ်သိန်းတန် တာဝန်နော်။ ဒီလောက် မလွယ်ဘူးပဲ။
“အား”
ဆုပိုင်က သက်ပြင်းချသည်။ သူက ကျောပိုးအိတ်ကို ရှေ့သို့ တိတ်တဆိတ် ယူလိုက်ပြီး ရွက်ဖျင်တဲကို ထုတ်သည်။
“တာ့ကောရေ ဒီနေရာမှာပဲ နေရအောင်”
ဆုပိုင်က ဘေးဘက်ရှိ ပျားရည်ခွေးတူဝက်တူကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရွက်ဖျင်တဲကို စတင်ကာ တည်ဆောက်နေ၏။ မယုံနိုင်စရာ ကောင်းနေသည်မှာ ဒီတစ်ကြိမ်တွင် တစ်ဖက်က အပြည့်အဝ ပူးပေါင်းပေးသည်။ သို့မဟုတ်လျှင် _ _ _
ဒီလို ပိုင်နက်နယ်မြေမျိုးတွင် တိရိစ္ဆာန်များ၏ သတ်ဖြတ်ချင်းကို မခံရလျှင်ပင် အေးခဲလွန်း၍ သေသွားနိုင်ပေသည်။ ရွက်ဖျင်တဲကို တည်ဆောက်ပြီးနောက် ဆုပိုင်က အရှေ့တွင် မီးပုံလေး ဖိုလိုက်သည်။ ထို့နောက် သေးငယ်သည့် ဒယ်ပြားလေးကို ထုတ်သည်။
သူက ကျွမ်းကျင်စွာဖြင့် ဆီအချို့ကို ထည့်သည်။ ထို့နောက် အသင့်ပြင်ဆင်ထားသော အသားအတုကို တင်လိုက်သည်။
ဆစ် ဆစ် ဆစ် ဆစ်
အသားရနံ့က ထွက်လာသည်။ မြေပြင်တွင် လှဲနေသော ပျားရည်ခွေးတူဝက်တူက ချက်ချင်းလိုလို ခုန်ထလာပြီး ဖင်ကို လိမ်တွန့်လျက် ဆုပိုင်၏ဘေးနားသို့ ရောက်လာသည်။
ကျွတ်
ဒယ်ပြားပေါ်ရှိ အသားကို သူက ချက်ချင်းလိုလို လှမ်းယူကိုက်စားလိုက်သည်။
ဖွီ
အနည်းငယ်ဝါးပြီးနောက် သူက မြေပြင်ပေါ်သို့ ထွေးထုတ်သည်။ ထို့နောက် သူက ဆုပိုင်ကို သေးငယ်သော မျက်ဝန်းတစ်စုံဖြင့် ဒေါသထွက်နေသော မျက်နှာထားမျိုးဖြင့် ကြည့်လာသည်။
သောက်ကျိုးနည်း ဒါက ဘာလဲ။ ပုတ်သိုးနေတဲ့ အသားကမှ ဒီထက်ပိုပြီး အရသာရှိဦးမယ်။
“သေစမ်း မင်းက ငါ့ရဲ့တာ့ကောပဲ ဟုတ်ပြီလား”
ဆုပိုင်ကလည်း ငိုချင်နေလေပြီ။ ကောင်းမွန်စွာ ချက်ပြုတ်ထားသော အသားအတုက အန်ချင်စိတ်ပင် ဖြစ်စေသေးသည်။ သူ မနည်းအောင့်အီးကာ မြိုချလိုက်ရသည်။
အနံ့က အရသာရှိသော်လည်း ထိုအသားအတု၏ အရသာက ပုံမှန်သာ ဖြစ်သည်။
သို့ရာတွင် ဂျေးများနေ၍ မရချေ။ ပျားရည်ခွေးတူဝက်တူက မစားလျှင်လည်း သူက စားရပေမည်။
ဆုပိုင်က ခေါင်းပြားတာ့ကော၏ ကိုယ်ပေါ်မှ အမွှေးများက ပေါက်ကွဲလုနီးပါး ဖြစ်လာကြောင်း မြင်လိုက်ရသောအခါ အပြုံးမျက်နှာနှင့် ပြောလိုက်သည်။
နောက်တာပါ နောက်တာပါ_ _ _နောက်ထပ်တစ်ကိုက်လောက်တော့ ကိုက်လိုက်ဦးမယ်။ ပြီးရင် သိမ်းလိုက်တော့မယ်နော်။
သူက ခေါင်းကိုမော့ကာ မြေပြင်တွက် ပြန်လှဲသွားပြီး မှေးကျင်းသော မျက်ဝန်းမျိုးဖြင့် စိုက်ကြည့်လာသည့် ပျားရည်ခွေးတူဝက်တူကို ကြည့်ရင်း ရယ်လိုက်သည်။
ဒီအကောင်က တော်တော်လေးကို ဒေါသကြီးတာပဲ။ ခဏနေရင် တိရိစ္ဆာန်ရုံကို ခေါ်သွားတဲ့အခါ ဒီအကောင်ရဲ့ ဒေါသကို ထိန်းဖို့ နေ့တိုင်းလိုလို ခရေပွင့် ရေနွေးကြမ်းကို တိုက်ရတော့မယ် ထင်တယ်။
ပို၍ဆိုးသည်မှာ ပျားရည်ခွေးတူဝက်တူ၏ အမူအကျင့်အရ တိရိစ္ဆာန်ရုံထဲတွင်သာ ပိတ်ထားရပေလိမ့်မည်။ သို့မဟုတ်လျှင် တိရိစ္ဆာန်အတွင်း လျှောက်ပြေးပြီး တိုက်ခိုက်နေပါက မည်သူကမှ သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
အထူးသဖြင့် ရွှေမြွေဖြစ်သည်။ ပျားရည် ခွေးတူဝက်တူကလည်း မြွေသားကို စားရခြင်းအား သဘောကျလေသည်။ ထို့ကြောင့် တွေးကြည့်ရုံနှင့်တင် ဆုပိုင်က ခေါင်းကြိမ်းသွားသည်။
ငါသာ စောစောသိခဲ့ရင် ပျားရည်ခွေးတူဝက်တူကို အရင် မလဲသေးပါဘူး။ နောက်ပြီး တာဝန်ကိုလည်း လက်လျော့လို့ မရဘူး။ ဘာပဲဖြစ်ဖြစ် တာဝန်က ပြီးမြောက်သွားပြီလေ။
အကိုက်အနည်းငယ် ကိုက်ပြီးနောက် ဆုပိုင်က ရွက်ဖျင်တဲထဲသို့ တိုးဝင်လိုက်သည်။ ထို့နောက် မြေပြင်တွင် ကွေးလျက် အိပ်မောကျသွားသော ပျားရည်ခွေးတူဝက်တူကို ပြန်ကြည့်သည်။ ဆုပိုင်က ခေါင်းမော့လိုက်ပြီး တစ်နေရာသို့ တစ်ချက်ကြည့်သည်။ သူက ဇစ်ကို ကိုင်ထားရင်း မှင်သက်သွားသည်။
အဝေးတွင် အစိမ်းရောင်မျက်ဝန်းတစ်စုံက ရှိနေသည်။ ထိုမျက်ဝန်းတစ်စုံက နီးသထက် နီးလာပြီး သူတို့ထံ ချဉ်းကပ်လာသည်။
“သေစမ်း”
ဆုပိုင်က ခေါင်းကုပ်ကာ ကြိမ်ဆဲသည်။
သူ မေ့သွားတာ။ ဒါက အာဖရိကန်ဆာဗားနားပဲ။ မရေမတွက်နိုင်တဲ့ သားရဲတိရိစ္ဆာန်တွေ ရှိနေတာ။ အသားရနံ့ကြောင့် သူတို့ရောက်လာကြတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့်_ _ _
မျက်ဝန်းစိမ်းနဲ့က ဘယ်လိုတိရိစ္ဆာန်လဲ။
“ဟီး ဟီး ဟီး ဟီး ဟီး”
နက်ရှိုင်းလွန်းသော ဟိန်းသံများက ထွက်လာသည်။
ဆုပိုင်က ရွက်ဖျင်တဲအတွင်းမှာ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် တဖြည်းဖြည်းချင်း သူတို့ကို ဝိုင်းလာသော သားရဲများကို တည်ငြိမ်စွာ ကြည့်သည်။
မှိတ်တုတ်မှိတ်တုတ် လင်းနေသော မီးတောက်မှတစ်ဆင့် ထိုအကောင်များဟာ အာဖရိကန်ခွေးရိုင်းတစ်အုပ် ဖြစ်ကြောင်း သိလိုက်သည်။
သူတို့၏ကိုယ်ရှိ အမွှေးများက ညစ်ထေးနေပြီး ရှုပ်ထွေးနေသည်။ ကြီးမားလုံးဝိုင်းသည့် နားရွက်ကြီးများကလည်း ခေါင်းပေါ်တည့်တည့် ထောင်နေသလို ဖြစ်နေလေရာ မျက်စိဖမ်းစားလွန်းနေသည်။
သို့ရာတွင် သူတို့၏ ပုံပန်းသွင်ပြင်ကို အကဲဖြတ်ရုံနှင့် ကိုင်တွယ်ရ မလွယ်ကူနိုင်ချေ။
“သွားပြီ”
ဆုပိုင်က သူတို့ကို ဝိုင်းထားသည့် အာဖရိကန်မြေခွေး ဆယ်ကောင်ကို ကြည့်လိုက်ပြီး သူ၏တစ်ကိုယ်လုံးရှိ အမွှေးများက ထောင်ချင်သွားသည်။ အာဖရိကန် ခွေးရိုင်းများက အတိတ်မြေကမ္ဘာခေတ်တွင် အန္တရာယ်ပေးနိုင်သော သတ္တဝါများ ဖြစ်သည်။ အခက်ခဲဆုံး ကိစ္စကမူ ထိုတိရိစ္ဆာန်များက အဖွဲ့လိုက် လှုပ်ရှားတတ်သည်။ သူတို့က အနည်းဆုံး ဆယ့်နှစ်ကောင်ခန့် ရှိသည့် အဖွဲ့မျိုးဖြင့် သားကောင်ကို အမဲလိုက်လေ့ရှိသည်။ ထိုသားကောင် အသက်ရှင်နေသေးချိန်တွင်ပင် အရှင်လတ်လတ် စားသောက်ခြင်းအား သဘောကျသည်။
ငါက အခု တစ်ယောက်တည်း။ ငါ့ရဲ့လက်နက်က ဓားမြှောင်။
ပျားရည်ခွေးတူဝက်တူကို ထပ်ဖြည့်ထည့်လျှင်ပင် အာဖရိကန်ခွေးရိုင်းတစ်အုပ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ဟေး ဟီး
အမြှီးရှည်ရှည်နှင့် ခွေးရိုင်းကောင်က ခေါင်းဆောင်ဖြစ်ပုံရသည်။ သူက ရှေ့ဆုံးမှ ဦးဆောင်လာသည်။ ထိုခေါင်းဆောင်ခွေးရိုင်းက ခပ်တိုးတိုး အူလိုက်သည်။ သူက တိုက်ခိုက်ရန် အမိန့်ပေးလိုက်သလိုပဲ။ အခြားသော ခွေးရိုင်းတိုင်းက တဲကို ဂရုတစိုက် ဝိုင်းလာကြသည်။
သူက သူ၏လျှာကို ဆန့်ထုတ်လိုက်သည့်အချိန်တွင် ငါးညှီရနံ့ရသော တံတွေးများက အောက်သို့ စီးကျလာသည်။
ဝေါင်း
ဟိန်းသံကို ကြားသောအခါ ခွေးရိုင်းခေါင်းဆောင်၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ကွေးသွားလေပြီး အမြှီးက ဖြောင့်တန်းသွားလေသည်။
“ကွက် ကွက် ကွက်”
ရုတ်တရက် ဆုပိုင်၏ တဲအပြင်ဘက်မှ အသံတစ်သံ ထွက်လာသည်။
ပျားရည်ခွေးတူဝက်တူက သေးငယ်သော မျက်ဝန်းများဖြင့် ကြည့်ရင်း ဆုပိုင်၏ဘေးသို့ တစ်လှမ်းချင်းစီ လျှောက်လာသည်။ ထို့နောက် ခွေးရိုင်းခေါင်းဆောင်ထံ အစွယ်ကို ဖြဲကြည့်သည်။
ခွေးရိုင်းခေါင်းဆောင်ကလည်း ပျားရည်ခွေးတူဝက်တူကို အချိန်အတန်ကြာ ကြည့်နေသည်။ သူကမျက်ဝန်းထဲရှိ အလင်းကပင် ပြောင်းလဲသွားသည်။ အချိန်အတန်ကြာပြီးမှသာ_ _ _
အိုး
ခွေးရိုင်းခေါင်းဆောင်က ခေါင်းကိုမော့ပြီး အူသည်။ ထို့နောက် နောက်ပြန်လှည့်ကာ ပြေးသွားသည်။
ဆုပိုင်ကလည်း သူ၏ရင်ဘတ်ကို ပုတ်လိုက်မိကာ အမောတကော အသက်ရှူနေရသည်။
တကယ်ကို ထိတ်လန့်သဲဖိုဆန်တဲ့ မြင်ကွင်းမျိုးပဲ။
အာဖရိကန်ခွေးရိုင်းများက ပျားရည်ခွေးတူဝက်တူများနှင့် ယှဉ်လျှင်ပင် ပြိုင်ဘက်မကင်းနိုင်ကြောင်း သိလိုက်ရသည်။ ပျားရည်ခွေးတူဝက်တူ၏ ကြမ်းတမ်းသော အမွှေးများနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံအရ တိုက်ခိုက်လျှင်ပင် ထိုပျားရည်ခွေးတူဝက်တူကို ထိုခွေးရိုင်းများက ထိခိုက်အောင် လုပ်ရန်ခက်ခဲလေသည်။
ထို့အပြင် ခွေးတူဝက်တူကလည်း ခေါင်းကို ခပ်မြန်မြန်လှည့်ကာ ခြေလှမ်းများက ခပ်မြန်မြန်သုံးပြီး တိုက်ခိုက်နိုင်သည့် သားရဲမျိုးဖြစ်သည်။ ထို့ကြောင့် လည်ကုပ်ကို အကိုက်ခံရလျှင်ပင် နောက်သို့ လှည့်ကာ တိုက်ခိုက်နိုင်သေးသည်။
ထိုအကြောင်းပြချက်ကြောင့်လည်း သားရဲတိရိစ္ဆာန် အများစုက ပျားရည်ခွေးတူဝက်တူများကို မြင်လျှင် တွန့်ဆုတ်သွားကြခြင်း ဖြစ်သည်။
သို့ရာတွင် အာဖရိကန်ခွေးရိုင်းများ၏ ချောင်းမြောင်းတိုက်ခိုက်ခံရပြီးနောက် ဆုပိုင်က ဆက်လက်ပြီး မအိပ်ရဲတော့ချေ။ သူက တဲထဲတွင် ထိုင်ပြီး အာရုံတက်ချိန်ထိ စောင့်သည်။
အခုတော့ ငါ နားလည်သွားပြီ။
ပျားရည်ခွေးတူဝက်တူ အပိုင်းအစနဲ့ ပက်သက်တဲ့ တာဝန်က အချို့သတ္တဝါတွေဆီကနေ ဒီကောင့်ကို ကယ်ဖို့မဟုတ်ဘူး။ သူ့ကို ကယ်ဖို့ပဲ။
“မနက်ဖြန်မှာတော့ ချောချောမွေ့မွေ့ သွားနိုင်မယ်လို့ မျှော်လင့်တာပဲ”
သူက သက်ပြင်းချသည်။ ထို့နောက် လင်းထိန်လာတော့မည့် ကောင်းကင်ကို ကြည့်လိုက်ပြီး ဆုပိုင်က တစ်ခဏခန့် အိပ်လိုက်သေးသည်။ ထို့နောက် ပြန်ထလိုက်ပြီး ရွက်ဖျင်တဲကို သိမ်းရန်ကြံစည်လိုက်သည်။
“ဟင်”
ရွက်ဖျင်တဲထဲမှ ထွက်လာသည့်အချိန်တွင် ဟိုဟိုဒီဒီကို ရှာကြည့်သော်လည်း ခေါင်းပြားတာ့ကောကို မတွေ့ရပြန်ချေ။
ဆုပိုင်၏ အမူအယာက ပြောင်းလဲသွားသည်။ သို့သော် သူက ဂရုစိုက်မနေပါချေ။ သူက ရွက်ဖျင်တဲထဲသို့ ပြန်ဝင်လာလိုက်ပြီး ဓားမြှောင်ကို ကောက်ကိုင်လိုက်ကာ အပြင်သို့ စတင်ကာ ပြေးထွက်ခဲ့လိုက်လေသည်။
သူ တိုက်ခိုက်ဖို့ သွားတာမှ မဟုတ်ရင် ဘာဖြစ်နိုင်မှာလဲ။
ကွက် ကွက် ကွက်
မိနစ်အနည်းငယ်ခန့် ပြေးလွှားပြီးနောက် ပျားရည်ခွေးတူဝက်တူ၏ ဒေါသဖြစ်နေသော အသံကို သိပ်မဝေးသော ချုံပုတ်များ၏ အနောက်မှ ကြားလိုက်ရသည်။
သွားပြီ။
ဒီမနက်လေးမှာတင် ဘယ်လိုသားရဲမျိုးနဲ့ တိုက်ခိုက်နေပြန်တာလဲ။
ဆုပိုင်က ချုံပုတ်ထဲသို့ ခုန်ဝင်သွားကာစ ရှိသေးသည်။ သူ၏အရှေ့မှ မြင့်မားလွန်းသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ပြီး တောင့်ခဲသွားသည်။
ထိုသို့ဖြင့် တက်တက်ကြွကြွဖြင့် နောက်ဆုတ်လိုက်သည်။
လတ်စသတ်တော့ ခါးလောက်တုတ်တဲ့ မြွေဟောက်ဘုရင်ပဲ။
ထိုအချိန်တွင် ထိုမြွေဟောက်ဘုရင်က ခေါင်းကိုမြင့်အောင် မြှောက်ပြီး ခေါင်းပြားခွေးတူဝက်တူကို စိုက်ကြည့်နေလေသည်။
+++++
အပိုင်း(၃၂)
“ဟစ် ဟစ် ဟစ်”
ညိုမှောင်နေသော မြွေကြီးက လျှာကို ဆက်တိုက်ထုတ်နေသည်။ မြွေဟောက်ဘုရင်၏ ထိုကြွက်သားများ တင်းကြပ်ကာ ကျုံ့လာသည်။ သို့သော် ပျားရည်ခွေးတူဝက်တူကို ကြည့်နေသည့် သူ၏အကြည့်ကမူ အများကြီး တည်ငြိမ်နေသည်။ သို့သော် သူက ပျားရည်ခွေးတူဝက်တူကို အသင့်တိုက်ခိုက်မည့် ပုံသဏ္ဌာန်မျိုး ရှိသည်။ တစ်ဖက်မှ ပျားရည်ခွေးတူဝက်တူကမူ အများကြီး တည်ငြိမ်သည်။ သူက ခပ်ရေးရေး ပုံသဏ္ဌာန်မျိုး ရှိနေသေးပြီး ခေါင်းကိုသာ အသာမော့လျက် ရှေ့မှမြွေဟောက်ကို မကြာခဏ ကြည့်နေသည်။
ဆုပိုင်ကလည်း ဂရုတစိုက် ရေပြီး ဘေးဘက်သို့ ခြေဖျားထောက်ကာ သွားလိုက်သည်။
သူ ဒီလိုတိုက်ပွဲမျိုးကို ဝင်ပါလို့ မရဘူး။ ဒါက မြွေဟောက်ဘုရင်လေ။ သူ့ရဲ့အဆိပ်က ထိပ်တန်းအမျိုးအစား နှစ်မျိုးထဲမှာ ပါတယ်။
အဆိပ်ပြင်းမြွေတွေအတွက် ထုံထိုင်းစေတဲ့ သက်ရောက်မှုဆိုတဲ့ ပုံမှန်သက်ရောက်မှု ပါနေရုံတင် မကသေးပဲ ချင်ချင်းလိုလို လဲပြိုကျပြီး သေဆုံးသွားနိုင်တဲ့ ဓာတ်မျိုးတောင် ရှိသေးသည်။
တစ်ချက် အကိုက်ခံလိုက်ရုံနှင့် နာရီဝက်အတွင်း ဖြေဆေးသာ မတွေ့လျှင် သေချာပေါက် သေရပေလိမ့်မည်။
ယခုအခါ သူတွေ့နေရသည်မှာ အတိတ်မြေကမ္ဘာခေတ်တွင်ပင် မြွေဟောက်ဘုရင်၏ အဆိပ်က တန်ကြေးကြီးသည်။ ရွှေရေဟုပင် လူသိများသေး၏။ ထိုအဆိပ်က ကင်ဆာရောဂါကို ကုသရာတွင်လည်း အသုံးဝင်သည်။
သို့သော် ကံဆိုးသည်မှာ ဒီတာဝန်က ပျားရည်ခွေးတူဝက်တူ၏ တာဝန်ဖြစ်နေသည်။ ထို့ကြောင့် မြွေဟောက်ဘုရင်ကို ခေါ်သွား၍ မရနိုင်ချေ။
နောက်ပြီး ပျားရည်ခွေးတူဝက်တူက ကျွမ်းကျင်တဲ့ မြွေအမဲလိုက်သူပဲ။
သူ၏ခန္ဓာကိုယ်က မြွေဆိပ်ပြီးသော ပုံသဏ္ဌာန်မျိုးဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိပ်က မည်မျှ ပြင်းထန်စေကာမူ သူက နှစ်နာရီကြာလျှင် အောင်မြင်စွာဖြင့် ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် အိပ်စက်ပြီးသော် မည့်သည့် ပြဿနာမှ မရှိနိုင်တော့ချေ။
ကွက် ကွက် ကွက်
သူ၏အရှေ့မှ ဟိန်းသံက ထွက်လာသည်။ ဆုပိုင်က ချက်ချင်းလိုလို သိလိုက်သည်။
ပျားရည်ခွေးတူဝက်တူက စတင်ကာ ရှေ့တန်းမှ တိုက်ခိုက်နေပြီ ဖြစ်သည်။ သူက ရှောင်ရှားခြင်းပင် မပြုပေ။ သူက မြွေ၏ခန္ဓာကိုယ်ကို ကိုက်ခဲထားသည်။ မြွေ၏ခေါင်းက သူ့ကို ကိုက်ခဲနေသည့် အခြေအနေကို ဂရုစိုက်ခြင်း မရှိချေ။
“ဆုတ်ဖြဲ”
သူက လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး မြွေ၏ကိုယ်ပေါ် ဖိချလိုက်သည်။ ထို့နောက် မြွေဟောက်ဘုရင်၏ ကြေးခွံ့များကို ခပ်ကြမ်းကြမ်း ဆုတ်ဖြဲသည်။
“ဟစ်”
မြွေဟောက်ဘုရင် နာကျင်စွာ နှာမှုတ်သည်။ သူက ထွက်ပြေးရန် ကြံစည်သည်။
သို့ရာတွင် ပျားရည်ခွေးတူဝက်တူက ထောင်ချောက်ထဲ ဝင်လာအောင် လှုပ်ရှားနေခြင်း ဖြစ်သည်။ ထို့ကြောင့် မြွေ၏ခေါင်းကို တိုက်ရိုက်ပင် သူ၏ထက်ရှသော သွားများဖြင့် ကိုက်ခဲလိုက်သည်။
ခရက်
အရိုးများ ကျိုးသံက ထွက်လာသည်။
မြွေဟောက်ဘုရင်၏ ကိုယ်က ဆက်တိုက်ဆိုသလို ကွေးတက်သွားသည်။ သူက ပြန်ဆန့်သွား၏။ သူက သေသွားလေပြီ။
ဂါး
ဆုပိုင်က အလျင်စလို ပြေးသွားသည်။ ပျားရည်ခွေးတူဝက်တူက ဆုပိုင်ကို ဝေးဝါးသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။ ထို့နောက် သူ၏လည်တံသည် မြေပြင်ရှိ အလောင်းကို ကြည့်သည်။ ထို့နောက် လဲကျသွားသည်။ သို့သော် ထိုအချိန်တွင် _ _ _
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှေ့မှ ကြည့်နေသော လူများကမူ ခြောက်ခြားဖွယ်ကောင်းလွန်းသော တိုက်ပွဲမျိုးကြောင့် အသက်ပင် ကောင်းကောင်း မရှူရဲချေ။
ခေါင်းပြားတာ့ကော မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ဆူပွက်သွားသည်။
{သွားပြီ ခေါင်းပြားတာ့ကောက သူ့ကိုယ်သူ သတ်သေလိုက်ပြီ}
{ငါ ဒီမြွေအကြောင်းကို ကျောင်းမှာ သင်ဖူးသလိုပဲ။ ဒါက မြွေဟောက်ဘုရင် ဖြစ်လောက်မယ်။ နောက်ပြီး သားရဲတွေ မျိုးမတုန်းခင်ကဆို အဆိပ်အပြင်းဆုံးမြွေထဲမှာ ပါဝင်သေးတယ်}
{ခံစားချက် မကောင်းတော့ဘူး။ ငါ တစ်ညလုံး စောင့်ကြည့်နေခဲ့တာ ဒီလို ရလဒ်မျိုးကို မျှော်လင့်ထားတာမှ မဟုတ်ပဲ။ အခု ပျားရည်ခွေးတူဝက်တူလို တိရိစ္ဆာန်မျိုးတွေက မျိုးတုန်းလုနီးပါး ဖြစ်လာရတဲ့ အကြောင်းပြချက်ကို နားလည်သွားပြီ။}
{တော်တော်လေးကို မိုက်ရူးရဲဆန်လွန်းတယ်။ သေချာ ကြည့်ကြည့်ရအောင်။ သူက သူ့ကိုယ်သူ မြွေဆိပ်ပြီးမယ်လို့ ထင်နေတာလား}
{ငါ တအား ဒေါသထွက်နေပြီ။ တင်ဆက်သူကလည်း အရမ်းဝမ်းနည်းနေမှာ။ ဘာပဲဖြစ်ဖြစ် ဒါက ပျားရည်ခွေးတူဝက်တူ အပိုင်းအစ တာဝန်လေ။ အခု ခေါင်းပြားတာ့ကောက သေသွားတော့ သူဘယ်လိုလုပ်ရမလဲ}
မြေပြင်တွင် လဲကျသွားသော ပျားရည်ခွေးတူဝက်တူကို ကြည့်နေသည့် ဆုပိုင်က သူ၏မျက်ခုံးကိုသာ ဖိနှိပ်နေမိသည်။ ထို့နောက် ဘေးဘက်သို့ သူ၏ခန္ဓာကိုယ်ကို ဆွဲသွားလိုက်သည်။ ထို့နောက် ကွန့်မန့်ကဏ္ဍ ကြည့်ပြီး ပြုံးရယ်ကာ ရှင်းပြသည်။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ခေါင်းပြားတာ့ကောက မသေပါဘူး”
“သူ့ကို ဂရုစိုက်ကြည့်ဦး။ သူက အသက်ပုံမှန် ရှူနေတယ် မဟုတ်လား။ ဒီအတိုင်း မေ့သွားတာ”
“ဒီကောင်ရဲ့ အင်အားအကြီးဆုံး စွမ်းအားတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်က အဆိပ်ပြီးတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်နေတာပဲ။ ဒါကြောင့် လက်ဆေးဇလုံလောက်ထိ များတဲ့ မြွေဆိပ်တွေ ခန္ဓာကိုယ်ထဲ ဝင်သွားမယ်ဆိုရင်တောင်မှ မသေနိုင်ဘူး”
“အားလုံးပဲ စိတ်အေးအေး ထားကြပါ။ မင်းတို့ နားလည်သွားလိမ့်မယ်။ ခေါင်းပြားတာ့ကောက မြွေဆိပ် နည်းနည်းလေးပဲ ဝင်သွားတာ။ နောက်ပြီး အဲ့ဒီမြွေဆိပ်က နည်းနည်းလေးတော့ ပြင်းထန်တယ် ဆိုပေမယ့်လည်း နည်းနည်းလောက် အိပ်လိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်။ လူတိုင်း သူ့ကို မူးနေတယ်လို့ပဲ သတ်မှတ်လို့ ရပါတယ်။ ဒီတော့ အများဆုံး နှစ်နာရီကြာပြီးရင် ကောင်းသွားမှာပဲ”
ထိုစကားများ ထွက်လာပြီးနောက် မြေပြင်ရှိ ပျားရည်ခွေးတူဝက်တူကို မျက်လုံးပြူးကျယ်ကာ ကြည့်ကြသည်။ တစ်ဖက်အကောင်၏ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ သူက ပုံမှန်အသက်ရှူနေသည်။ ထိုအခါမှသာ အားလုံးက စိတ်အေးသွားကြသည်။
ခေါင်းပြားတာ့ကောက တိုက်ခိုက်ရာတွင် အလွန်ပင်ကြမ်းတမ်းသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မိတ်ဆွေများကမူ ထိုအကောင်ကို သဘောကျကြသည်။
မည်သို့ပင်ဆိုစေ တိရိစ္ဆာန်များက အချိန်အတန်ကြာအောင် မျိုးတုန်းပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ သူတို့နှင့် ပက်သက်သည့် အချက်အလက်ပေါင်းများစွာက ဖျက်ဆီးခံလိုက်ရပြီး လေပြီ။
လူတိုင်းကလည်း ယခုလိုမျိုး သားရဲကို ပထမဦးဆုံးအကြိမ် မြင်တွေ့ရပြီးအခိုက် သဘာဝ၏မှော်စွမ်းအင် တစ်မျိုးကို ပြန်လည်တွေ့ကြုံရသလို ပြန်ခံစားကြရသည်။ အတိတ်က မြေကမ္ဘာခေတ်တွင် ထိုသို့ထူးဆန်းသော သတ္တဝါမျိုး ရှိခဲ့ကြောင်း တွေးတောကြည့်ကာ သဘောတကျ ဖြစ်လာရသည်။
ဒါပေမယ့် ဒါက မျိုးတုန်းပျောက်ကွယ်သွားပြီးပြီ။ ထိုအကြောင်းအရာကို တွေးမိသော် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိတ်သတ်များ အားလုံးက ခေါင်းကို ခါနေကြသည်။
ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် ကွန့်မန့်များကို ရေးသွားကြသည်။
“တိရိစ္ဆာန်တွေကသာ မျိုးမတုန်းသေးရင် ဘယ်လောက်ကောင်းမလဲ”
ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်က အသာပြုံးလိုက်ပြီး ကင်မရာကို ဇွန်းချဲ့လိုက်သည်။ ထို့နောက် သူ့ကို အနီးကပ်ရိုက်ပြရင်း အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။ သူ ဆုံးဖြတ်လိုက်ပြီ။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံအကြောင်း ထုတ်ပြောတော့မယ်။
မည်သို့ပင်ဆိုစေ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို လာကြည့်နိုင်သော လူများကလည်း စနစ်က ရွေးချယ်ထားပြီး တိရိစ္ဆာန်များကို အထူးတလည် စိတ်ဝင်စားသော သူများ ဖြစ်နေလေသည်။
“ဟယ်လို အားလုံးပဲ တိုက်ရိုက်ထုတ်လွှင့်မှု အကြိမ်အနည်းငယ် လုပ်ပြီးသွားတဲ့နောက်မှာ ဒီတင်ဆက်သူက ကိုယ့်ကိုယ်ကို သေချာမိတ်ဆက်ဖို့ ဆုံးဖြတ်လိုက်ပြီ”
“တင်ဆက်သူရဲ့ နာမည်က ဆုပိုင်ပါ။ သူက ဟန်ချန်း ချင်တုကပါ”
“လက်ရှိအချိန်မှာ သူက ဟန်ချန်းမှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံလို့ ခေါ်တဲ့ တိရိစ္ဆာန်တစ်ခုကို စီမံခန့်ခွဲနေပါတယ်”
“မင်းတို့တွေ အစစ်အမှန် တိရိစ္ဆာန်တွေကို အနီးကပ်မြင်ချင်တယ်၊ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ချင်တယ်ဆိုရင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို လုပ်ခဲ့ကြပါ။ အရင်တစ်ခေါက်က တွေ့ခဲ့တဲ့ ရွှေမြွေပဲ ဖြစ်ဖြစ်၊ မျောက်တိုတစ်အုပ်ပဲ ဖြစ်ဖြစ်၊ ခေါင်းပြားတာ့ကောကိုပဲ ဖြစ်ဖြစ် အားလုံးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံထဲမှာ ရှိနေပါတယ်။ လူတိုင်းကလည်း အမှန်တကယ် လာရောက်ပြီး ကြည့်ရှုနိုင်ပါတယ်။ နောက်ပြီး ထိတွေ့နိုင်ပြီး အတူတကွ ပျော်ပါးနိုင်ပါသေးတယ်”
ဆုပိုင်က ထိုသို့ပြောပြီး ပြီးသွားသည့် အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက အေးခဲသွားသလိုမျိုး ရပ်တန့်သွားလေသည်။ မည်သည့်ကွန့်မန့်မျှပင် မရှိတော့ချေ။ သို့သော် စက္ကန့်အနည်းငယ် ကြာပြီးနောက်_ _ _ ဘုန်း
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ပေါက်ကွဲသွားသည်။ အကြောင်းမူကား ကွန့်မန့်များက သိပ်သည်းလွန်းသဖြင့် ဖန်သားပြင်ကိုပင် မမြင်နိုင်တော့သောကြောင့် ဖြစ်သည်။
{ ဘုရားရေ }
{ငါ ဒီတိရိစ္ဆာန်ရုံအကြောင်း ကြားဖူးတယ်။ သိပ်မကြာခင်က တီဗွီမှာ ရီပို့တက်လာသလိုပဲ။ ပြောကြတာက ဒီတိရိစ္ဆာန်ရုံ ဒါရိုက်တာရဲ့ နောက်ကွယ်အသင်းက အစစ်အမှန် တိရိစ္ဆာန်တွေကို အောင်မြင်စွာနဲ့ ပြန်လည် ကယ်ဆယ်လိုက်နိုင်ပြီတဲ့လေ။ မမျှော်လင့်ထားပဲ တကယ်ဖြစ်နေတာ}
{ဟုတ်တယ် ဟုတ်တယ် ငါလည်း ရီပို့ဒ်တွေ တွေ့လိုက်တယ်။ စိတ်ကျရောဂါကို ခံစားနေရတဲ့ ကလေးတွေကိုတောင် ပျောက်ကင်းတဲ့အထိ ကုသနိုင်ခဲ့တယ်လို့ ကြားတယ်။ မမျှော်လင့်ထားပဲ တင်ဆက်သူ ဖြစ်နေတာကိုး}
{ဘုရားရေ ငါ အပြစ်မကင်းသလို ခံစားလာရပြီ။ ငါက ချင်းတုကပါ။ ဒါပေမယ့် ဒီသတင်းအကြောင်း မသိဘူး}
{အား တင်ဆက်သူ ပြောတဲ့စကားကသာ မှန်ကန်ရင် ငါ တကယ်ပဲ မြွေနဲ့ဆော့ကစားနိုင်မှာလား}
{အပေါ်က တာ့ကော ဆေးရုံက ဆင်းလာပြီလား။ မင်းရဲ့မိန်းမ အရင်တစ်ခေါက် တိုက်ခိုက်တာက မကြမ်းတမ်းဘူး ထင်တယ်}
{ပြောမနေနဲ့တော့။ ငါ အခုပဲ လက်မှတ်သွားဖြတ်နေပြီ။ တင်ဆက်သူ ပြောတာ မှန်မှန်မှားမှား တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကို လာနေကြသူ ဖြစ်တဲ့အလျောက် သူ့ကို သေချာပေါက် ထောက်ပံ့ပေးရမယ်}
…
“ဟား ဟား ဟား အားလုံးပဲ ကြိုဆိုပါတယ်။ ဒါပေမယ့် လက်ရှိကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှာ ရှိနေတဲ့ တိရိစ္ဆာန်တွေက တော်တော်လေး ရှားပါးသေးတာဖြစ်လို့ အားလုံးလဲ ကိုင်တွယ်ထိတွေ့တဲ့အခါ ဂရုတစိုက် ရှိပေးဖို့၊ သူတို့လေးတွေကို စောက်ရှောက် ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်”
ဆုပိုင်က ပေါပါးစွာ ပြုံးလိုက်ပြီးနောက် မြေပြင်ရှိ ပျားရည်ခွေးတူဝက်ထံ ကင်မရာကို ပြန်ချိန်လိုက်သည်။
ဂါး
ထို့နောက် ရှည်လျားသော ညည်းသံက ထွက်လာသည်။ ခေါင်းပြားတာ့ကောက နူတ်ခမ်းထောင့်မှ သွားရည်များကို ယက်ပြီး မျက်လုံးဖွင့်လိုက်သည်။
ကွက် ကွက် ကွက်
“ဘုရားရေ ဘာလို့ ဒီတစ်ကြိမ် မြွေဆိပ်က နည်းနည်းပျင်းနေရတာလဲ။ ငါ နည်းနည်းတောင် မူးသွားတယ်”
သူက ဆုပိုင်ထံ လက်သည်းကို ဆန့်ထုတ်သည်။ ထို့နောက် ပြန်လှဲသွားပြန်၏။ ထို့နောက် တစ်ဖန် ပြန်အိပ်ပျော်သွားပြန်သည်။
ဆုပိုင် ”…”
အချိန်အတန်ကြာပြီးနောက် နေက ထွက်ပေါ်လာသည်။ အပူချိန်ကလည်း မြင့်တက်လာ၏။ ဆုပိုင်က မြေပြင်တွင် ထိုင်နေပြီး သူ့အရှေ့တွင် စားသောက်စရာများကို အသားကုန်စားသောက်နေသော ခေါင်းပြားတာ့ကောကို ကြည့်သည်။
ဒါက အစစ်အမှန်အသားလား။
ငါ ဒီလောကကို ရောက်တာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါပေမယ့် အစစ်အမှန်အသားကို တစ်ခါမှ မစားရသေးဘူး။
နောက်တစ်ကြိမ် တိရိစ္ဆာန်တွေကို ထိန်းသိမ်းတဲ့အခါ လတ်လတ်ဆတ်ဆတ် ဖြစ်အောင် ထိန်းသိမ်းရမယ်။ သူ ဆုပိုင်လည်း အသားစားချင်တယ်။
+++
အပိုင်း(၃၃)
“တင် ဂုဏ်ယူပါတယ် hostက ပျားရည်ခွေးတူဝက်တူ အပိုင်းအစ တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်ပါပြီ”
“တင် ဂုဏ်ယူပါတယ် hostက ပျားရည်ခွေးတူဝက်တူကို အောင်မြင်စွာ ကယ်ဆယ်လိုက်နိုင်တဲ့အတွက် အားနှစ်မှတ် တိုးတက်သွားပါတယ်”
“တင် host ရဲ့လောကကို ပြန်လည် သွားရောက်နိုင်ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကလည်း ပိတ်သိမ်းသွားမှာပါ”
“ရေတွက်ချိန်”
ဝေါင်း
ကြည့်
ဆုပိုင်က နောက်သို့လှည့်ကြည့်လိုက်သည့်အခါ သူတို့၏နောက်ဘက်မှ လိုက်မှီလုနီးပါး ဖြစ်နေသော တောလိုက်ကျားသစ်ကြီးကို ကြည့်ရင်း ကြမ်းတမ်းသော ပုံစံ၊ သေရမည်ကို မကြောက်သော သဏ္ဌာန်မျိုးဖြင့် မာန်ဖီနေသည့် ပျားရည်ခွေးတူဝက်တူကို လက်တစ်ဖက်က ဆွဲကာ ထွက်ပြေးနေရသည်။ ထို့နောက် စနစ်က သူ့ကို ပြန်ပို့ပေးမည့်အချိန်ကို စောင့်လိုက်သည်။
ပင်ပန်းလိုက်တာ။
တစ်ရက်တည်းနဲ့_ _ _
သူ ပျားရည်ခွေးတူဝက်တူ_ _ _ ခေါင်းပြားတာ့ကောနောက်ကို လိုက်တာ တစ်ရက်တည်းပါ။ ဒါပေမယ့် အာဖရိကန်တောရိုင်း ပျားအသိုက်ထဲကလည်း ဆွဲထုတ်ရတယ်။ တောလိုက်ကျားသစ်ဆီကလည်း ဆွဲပြေးရတယ်။ သူကသာ လျင်လျင်မြန်မြန် တုန့်ပြန်ပြီး မပြေးနိုင်ခဲ့ရင် သူသေသွားမှာပဲ။ နောက်ပြီး ဒါက တစ်ရက်တည်းပါ။ ဒီခေါင်းပြားတာ့ကောက တော်တော်လေးကို ဆိုးရွားတာပဲ။ သူက တောခွေးရိုင်းတစ်အုပ်ကိုလည်း သွားပြီးရန်စသေးတယ်။ သူ့ရဲ့ဖင်ကိုတောင်မှ အကိုက်ခံရတော့မလို့။
နောက်ပြီး ကြံ့တွေကိုလည်း လိုက်ဖမ်းသေးတယ်။ အဲ့ဒီနောက် သူတို့နောက်ကို ပြန်လိုက်တဲ့ ကြံ့က ကီလိုမီတာနှစ်ဆယ်တောင် ရှိတာ။
ဆုပိုင်က သစ်ပင်တစ်ပင်ပေါ် တက်ပြီး ငှက်အသိုက်ကို သွားတိုးသောအချိန်တွင် ငှက်၏နူတ်သီးက ကန်းတော့မလို ဖြစ်သွားသည်။ နောက်ဆုံးတွင် တောလိုက်ကျားသစ်နှင့်ဆုံးသည်။ သူက သူ၏အင်အားကို ပြချင်နေ၏။
သို့ရာတွင် သေရေးရှင်ရေး ကိစ္စများကို ကြုံတွေ့ပြီးနောက် ဆုပိုင်က ထိုအကောင်ကို အပြီးတိုင် ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ အနည်းဆုံး သူတို့က ပုံမှန်အတိုင်း စကားပြောဆို၍ ရသွားသည်။
ဒီကောင့်ကိုသာ တိရိစ္ဆာန်ရုံကို ပြန်ခေါ်သွားခဲ့ရင် တိရိစ္ဆာန်ရုံက ပြောင်းပြန်လှန်သွားလောက်သည်။ ဆုပိုင်၏ အကြံအရ ထိုတိရိစ္ဆာန်များကို လှောင်အိမ်အတွင်း မသိမ်းထားချင်ပေ။ သူတို့ကို လွတ်လွတ်လပ်လပ် လွှတ်ပေးထားချင်သည်။
တိရိစ္ဆာန်တွေကို ကန့်သတ်ထားတာနဲ့ သတ်ဖြတ်တာက ဘာများကွာခြားတော့မှာလဲ။ ဒါက သဘာဝအလိုက် လှုပ်ရှားနိုင်စွမ်းအားကို ဆုံးရှုံးသွားစေနိုင်တာပဲလေ။
စနစ်ကလည်း အနာဂတ်မှာ ဒီတိရိစ္ဆာန်တွေကို ထိန်းချုပ်နိုင်တဲ့စွမ်းအင်မျိုးကို သူ့ကိုပေးစွမ်းဖို့ မျှော်လင့်တယ်။ ဒီလိုဆိုရင် ပိုကြီးတဲ့ တိရိစ္ဆာန်တွေကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ရင်တောင်မှ ကြောက်လန့်ဖို့ လိုအပ်တော့မှာ မဟုတ်ဘူး။ မည်သို့ပင်ဆိုစေ လူသားအင်အားက အကန့်အသတ် ရှိသည်။ ထရိန်နိုဆောရက်ကဲ့သို့သော အပိုင်းအစမျိုးကို သူက အောင်မြင်ခဲ့လျှင် ထို့နောက် စနစ်၏ အကူအညီ မရှိပါက သူကသာ အရင်သေရလောက်သည်။
ဝေါင်း
ရုတ်တရက် ပုံရိပ်တစ်ခုက ခပ်မြန်မြန် ဖြတ်ပြေးသွားသည်။ တောလိုက်ကျားသစ်က ရှင်းလင်းသော မြေပြင်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။
ဘာဖြစ်သွားတာလဲ။ ငါ လိုက်နေတဲ့နှစ်ကောင် ဘယ်ရောက်သွားတာလဲ။
_ _ _
“အား ဟား နောက်ဆုံးတော့ ပြန်ရောက်ပြီ”
လက်မောင်းထဲတွင် ပျားရည်ခွေးတူဝက်တူကို ကိုင်ထားသည့် ဆုပိုင်က မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထိုအခါ သူ၏အရှေ့မှ သူ့ကို အရူးလိုကြည့်နေသော လူတစ်အုပ်ကို တွေ့ရသည်။
ဒါက_ _ _
သူက ဘေးဘီကို ကြည့်လိုက်သည်။ သူ၏ အရှေ့ပြတင်းပေါက် အနောက်တွင်လည်း လူအချို့ကို တွေ့ရသည်။ ထို့အပြင် ယူနီဖောင်းဝတ်ကာ ထိုင်နေသည့် ငယ်ရွယ်သည့် အမျိုးသမီးများကိုလည်း တွေ့ရသည်။
“တင်း တုန် ကျေးဇူးပြုပြီး ဘဏ်ပြေစာတွေကို ကိုင်တွယ်ဖို့အတွက် နံပါတ်၁၃၅က ပြတင်းပေါက် နံပါတ်၃ကို သွားပေးပါ”
“တကယ်ကို ဘဏ်လား”
“စနစ် ဘာဖြစ်တာလဲ။ ဘာလို့ ငါတို့က တိရိစ္ဆာန်ရုံထဲကို မရောက်တာလဲ”
ဆုပိုင်က စိတ်ထဲတွင် စနစ်ကို အော်ဟစ်နေသည်။ သူက ကျောပိုးအိတ်ကို ဖွင့်ပြီး ပျားရည်ခွေးတူဝက်တူကို ထိုးထည့်သည်။
ကွက် ကွက် ကွက်
“ကွက် ကွက် ကွက် လုပ်မနေနဲ့ မြန်မြန်ဝင်”
ဆုပိုင်က ဘေးဘက်ရှိ လူများကို ပြုံးပြလိုက်သည်။ သူက ကျောပိုးအိတ်ကို အလျင်စလို ပြန်ဆွဲမလိုက်ပြီး သူ၏နေရာမှ ထကာ အပြင်သို့ ခပ်မြန်မြန် ထွက်သည်။
ဒါက ဘဏ်။ ခေါင်းပြားတာ့ကောကို အပြင်ထွက်လာစေလို့ မရဘူး။ တစ်ခုခု ဖြစ်သွားခဲ့ရင် အဆုံးသတ်သွားလိမ့်မယ်။
ဟမ်
ရုတ်တရက် သူက ဘဏ်၏တံခါးဝသို့ ရောက်သွားသည့်အချိန်တွင် မျက်နှာဖုံးနှင့် လူသန်မာကြီးပေါင်းများစွာက ဝင်လာသည်။ ဆုပိုင်က အံ့ဩသွားသည်။
ဘာလို့ ဘဏ်မှာ ပိုက်ဆံလာထုတ်တဲ့ လူတွေက နေ့ခင်းကြောင်တောင် ဒီလိုကြီးတွေ ဝတ်ထားကြတာလဲ။ ဒါက သရုပ်ဆောင် ကျင့်တာလား။
သို့သော် သူက မတုန့်ပြန်နိုင်သေးခင် လူသန်မာကြီးတစ်ယောက်က ဆုပိုင်က အတွင်းသို့ ထိုးထည့်ပြီး မှန်တံခါးကို ပိတ်သည်။ သူ၏ပေါင်ထဲမှ ပစ္စတိုကလည်း ထွက်လာသည်။ ထို့နောက် မျက်နှာကျတ်သို့ ချိန်ရွယ်ကာ ပစ်ခတ်သည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းက အာရုံစိုက်လာသည်။
ဘန်း
ဘေးဘက်ခြမ်းရှိ ကြံရာပါတစ်ယောက်က တံခါးဝနားတွင် ထိုင်နေသည့် လုံခြုံရေးအစောင့်ကို လက်သီးဖြင့်ထိုးကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
“မလှုပ်နဲ့ ငါတို့က ဓားပြတိုက်နေတာ”
“လှုပ်တဲ့အကောင်တိုင်း သေရမယ်”
“အားလုံးပဲ မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေလိုက်ကြ။ လက်တွေကို ခေါင်းပေါ်တင်ထား မြန်မြန် ”
ဟုန် ခုန် ခုန်
ထိုသို့ဖြင့် သေနတ်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။
“အား ကယ်ကြပါ”
“ငါ့ကို မသတ်ပါနဲ့ ငါ ထိုင်ပါ့မယ် ထိုင်ပါ့မယ်”
“ဘုရားရေ”
ဘဏ်တစ်ခုလုံးက ဝရုန်သုန်းကား ဖြစ်သွားသည်။ သို့သော် လူတိုင်းက ခေါင်းကိုလက်များတင်လျက် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေလိုက်ကြသည်။
ဟမ်း
ခရက်
ကြီးမားသော ပြောင်းတိုတစ်လက်က ဘဏ်ကောင်တာ ဖန်သားပြင်ကို ထိမှန်သွားပြီး အက်ကွဲသံကို ထွက်ပေါ်လာစေသည်။
နောက်မှ လိုက်လာသော လူနှစ်ယောက်ကလည်း ကျောပိုးအိတ်ထဲမှ အိတ်များကို ခပ်မြန်မြန် ထုတ်ပြီး ဘဏ်ကောင်တာ အတွင်းသို့ ဝင်ရောက်သွားသည်။
“ပိုက်ဆံ ဘယ်မှာလဲ”
“အထဲ အထဲ အထဲမှာပါ”
ဒိုင်း
ဘဏ်ဝန်ထမ်း၏ မျက်နှာက ဖြူဖျော့နေသည်။ သူမကလည်း ကောင်တာအောက်မှ အကြမ်းပတမ်း ဆွဲထုတ်ခံရသည်။
ဒီမှာ ရှာတွေ့ပြီ။
ရုတ်တရက် ဘေးဘက်ရှိ ကောင်တာမှ လုယက်သူက အောက်ဘက်ရှိ saveကို ထုတ်ပြီး အလျင်စလို လက်ယမ်းပြသည်။
ထောက်
ဆုပိုင်က ဓားစာခံများကို စောင့်ကြပ်နေသော ဘေးနားရှိ လုယက်သူနားတွင် ဆောင့်ကြောင့်ထိုင်နေခြင်း ဖြစ်သည်။
“တင် စနစ်၏တာဝန်.. ပျားရည်ခွေးတူဝက်တူကို သုံးပြီး ဓားစာခံတွေကို လုယက်သူတွေက အန္တရာယ်ရှိအောင် မလုပ်နိုင်အောင် ကာကွယ်ပေးပါ။ သူတို့ကို ပိုက်ဆံခိုးခွင့် မပြုရပါဘူး။ တလောကလုံးကိုလည်း တိရိစ္ဆာန်တွေက ကြီးမားတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်နိုင်ကြောင်း သက်သေပြပေးပါ”
“တာဝန်အတွက် ဆုလာဒ်အဖြစ် ရန်ပုံငွေ သန်းငါးဆယ်ကို ရရှိပါမယ်”
“တာဝန်ကျရှုံးမှုအတွက် အပြစ်ပေးမှု.. ပျားရည်ခွေးတူဝက်တူ ပြန်ယူပါမယ်။ လဝက်အတွင်း ဘာအပိုင်းအစ တာဝန်ကိုမှ မလုပ်ရပါဘူး”
“တာဝန်ဖော်ပြချက်.. ကြောက်တာလား။ မတည်ရှိဘူး။ ခေါင်းပြားတာ့ကောက သူ့ရဲ့မျက်လုံးထဲမှာ အကြောက်ဆိုတာ မပိုင်ဆိုင်ထားဘူး။ လုယက်သူတွေလောက်ကို ထည့်မပြောနဲ့တော့”
ဘုရားရေ စနစ်ရေ အရမ်းကြီး အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။ ခေါင်းပြားတာ့ကောရဲ့ အစွမ်းက သာလွန်တာ မှန်ပါတယ်။ ဒါပေမယ့် ဒါက ဘဏ်လုယက်သူနော်။ သူ့ရဲ့လက်ထဲမှာ သေနတ်ရှိနေတယ်။ တစ်ချက်နဲ့တင် ခေါင်းပြားတာ့ကောက ဘုရားဆီ ရောက်သွားလိမ့်မယ်။
နောက်ပြီး လုယက်သူကို တားဖို့ဟုတ်လား။
“ဟင်”
ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ ခေါင်းကို တဖြည်းဖြည်းချင်း မြှောက်ကာ အကဲခတ်ကြည့်သည်။
ဘဏ်ထဲတွင် လုယက်သူ လေးယောက်ရှိသည်။ တစ်ယောက်က ပိုက်ဆံယူနေသော သူများကို စောင့်ကြပ်ကာကွယ်ပေးနေသည်။ အခြားတစ်ယောက်ကမူ ဘဏ်ဝန်ထမ်းကို စောင့်ကြည့်နေသည်။ အခြားနှစ်ယောက်ကမူ ပိုက်ဆံများကို ရူးသွပ်စွာ ယူနေကြ၏။
သူတို့ ဝင်ရောက်လာပြီးသည်မှာ တစ်မိနစ်သာ ကြာသေးသည်။
ဒီလုယက်သူတွေက သုံးမိနစ်အတွင်း ထွက်သွားလိမ့်မယ်။
သို့သော် ထိုသတင်းပျံ့သွားခဲ့လျှင် _ _ _
သူတို့က သတင်းမပျံ့စေရန် အလို့ငှာ အနားရှိလူများကို ချက်ချင်းပစ်သတ်ပေလိမ့်မည်။
ပီးပေါ် ပီးပေါ် ပီးပေါ်
ရုတ်တရက် ဘဏ်တံခါး အပြင်ဘက်ရှိ ဥဩသံက ထွက်လာသည်။ တာဝန်ကျသောသူများက တံခါးကို မြန်မြန်ဖွင့်လာပြီး ဘဏ်အတွင်းသို့ သေနတ်များဖြင့် ချိန်ကာ စကားပြောရန် ကြံစည်သည်။
ဒိုင်း
သေနတ်သံ တစ်ချက် ထွက်လာသည်။ ဓားစာခံများကို စောင့်ကြပ်နေသော လုယက်သူက ဆုပိုင်ကို လှမ်းဆွဲလိုက်ပြီး တံခါးအပြင်ဘက်သို့ ထွက်လာကာ အပြင်ဘက်သို့ သေနတ်တစ်ချက် ပစ်သည်။ ထို့နောက် ဆုပိုင်ခေါင်းကို ချိန်သည်။
သူက အေးစက်သော လေသံဖြင့် အော်သည်။
“နောက်ဆုတ် နောက်ဆုတ် ဒါမှမဟုတ်ရင် ငါ ဒီအကောင်ကို အရင်သတ်လိုက်မယ်”
“ကောင်းပြီ ကောင်းပြီ ဟန်ဆောင်မနေနဲ့။ အပြင်ဘက်မှာ ပစ္စတို သုံးလက်ပဲ ရှိတာ။ တိုက်ခိုက်ရအောင် ဘာမှကြောက်စရာ မရှိဘူး”
“တစ်ခဏနေရင် ငါတို့အဝိုင်းခံရလိမ့်မယ်။ ထွက်ပြေးချင်ရင်တောင် ပြေးနိုင်တော့မှာ မဟုတ်ဘူး”
“နောက်ဆုတ်ကြ”
ဆုပိုင်ကို တရွတ်တိုက်ဆွဲသွားသော လုယက်သူက တံခါးဆီသို့ စတင်ကာ ရွေ့သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ဆုပိုင်၏ အနောက်တွင် ပုန်းကွယ်နေသည်။ ခေါင်းကသာ ပေါ်နေသည်။
ဒိုင်း
ကင်းလှည့်ကား၏ လေကာပြင်နေရာက သေနတ်သံကြောင့် ကွဲအက်သွားသည်။ လုယက်သူ လေးယောက်က တဖြည်းဖြည်းချင်း နောက်သို့ဆုတ်ပြီး အဝေးရှိ ဗင့်ကားသို့ သွားနေကြသည်။
“ဂါး ဂါး ဂါး”
ရုတ်တရက် အရှေ့ရှိ လူငယ်၏ ကျောပိုးအိတ်အတွင်းမှ အော်သံက ထွက်လာသည်။ သူက ဆက်တိုက်အော်နေ၏။
“ဆုတ်ဖြဲ”
ထို့နောက် မဲမှောင်ပြီး ထက်ရှသော လက်သည်းတစ်ဖက်က ထွက်လာသည်။ ထို့နောက် ဖြူဖြူဖွေးဖွေး ခေါင်းလေးက ပေါ်လာသည်။
ခေါင်းပြားတာ့ကောက ဘေးဘီကို ကြည့်သည်။ ထို့နောက် သူသည်လည်း စိတ်ရှုပ်ထွေးနေသည်။
ဒါက ဘာဖြစ်တာလဲ။
ထို့နောက် ဆုပိုင်နောက်တွင် ရပ်နေသော လုယက်သူက ကြောင်အသွားသည်။ သူက ခေါင်းပြားတာ့ကောကို ကြည့်ပြီး အလိုအလျောက်ပင် လက်ကိုဆန့်ထုတ်လိုက်ကာ နဖူးကို ရိုက်လိုက်သည်။
ဘန်း
ထို့နောက် ရှင်းလင်းပြတ်သားသော အသံက ထွက်လာသည်။ လုယက်သူကလည်း ဒေါသတကြီး ဟိန်းသံကို ကြားလိုက်ရသည်။
“ကွက် ကွက် ကွက်”
ကျောပိုးအိတ် တစ်ခုလုံးက ပေါက်ကွဲသွားသည်။ အနက်ရောင် အရိပ်တစ်ခုက ခပ်မြန်မြန် ခုန်ထွက်လာပြီး ထိုလုယက်သူ၏ ခေါင်းပေါ် တက်သည်။
ခရက်
ထို့နောက် ထက်ရှသော အစွယ်များက အောက်သို့ ကိုက်ချသည်။
“အား ငါ့မျက်လုံး”
လုယက်သူက သူ့မျက်လုံးသူ အုပ်ပြီး ပစ္စတိုကို မြှောက်လိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်က တစ်ဖက်သို့ လှည့်ပြီး လုယက်သူ၏ လက်မောင်းကို ချုပ်ကိုင်လျက် ရှေ့သို့တွန်းကာ ဒူးဖြင့်တိုက်လိုက်သည်။ ထို့နောက် ဘန်းကနဲ မြည်သံနှင့်အတူ လုယက်သူက မြေပြင်ပေါ်သို့ လှဲကျသည်။
“ခေါင်းပြားတာ့ကော လာ”
အော်သံတစ်ချက်နှင့်အတူ ဆုပိုင်က ကြမ်းပြင်မှ ပစ္စတိုကို ကောက်ကိုင်လိုက်ပြီး အခြား လုယက်သူ သုံးယောက်ထံ ပြန်ချိန်လိုက်သည်။