← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အပိုင်း(၃၄)

“မကောင်းတော့ဘူး”

“မကောင်းတော့ဘူး”

ဒါရိုက်တာလျိုက အပြေးအလွှားဝင်လာသော လူကို ကြည့်ကာ အော်သည်။

“မင်းက ဘာလုပ်နေတာလဲ။ အစည်းအဝေးပွဲ ထိုင်နေတာကို မမြင်ဘူးလား။

“မဟုတ်ဘူး မဟုတ်ဘူး ဒါရိုက်တာ ချင်တုရဲ့ ကမ်းရိုးတန်း ဂိုဏ်းခွဲမှာ _ _ _အဲ့ဒီ အဲ့ဒီဂိုဏ်းခွဲက အလုခံရတယ်။ ဓားစာခံတွေ အများကြီး ရှိနေတယ်။ ကင်းလှည့်တဲ့ အဖွဲ့ဝင်တွေကလည်း ထိပ်တိုက်ရင်ဆိုင်နေကြတယ်။

“ဘယ်လို”

ဒါရိုက်တာလျိုက ကုလားထိုင်မှ လဲကျလုနီးပါး ဖြစ်သွားသည်။

“ဘဏ်ကို လုတယ်ဟုတ်လား။ နောက်ပြီး ချင်တုမှာ”

“မင်းတို့က ဘာရပ်လုပ်နေကြတာလဲ။ မြန်မြန်လေး လူတိုင်းကို အကြောင်းကြားပြီး စုဝေးထွက်ခွာဖို့ ပြင်ဆင်လေ။ ကမ်းရိုးတန်းလမ်း ဂိုဏ်းခွဲကို မြန်မြန်သွားရမယ် မဟုတ်လား။ ဓားစာခံတွေ တစ်ခုခု ဖြစ်စေလို့ မရဘူး”

ထိုသို့ပြောပြီးနောက် သူက အရှေ့မှ မှင်သက်နေသူများကို ကြည့်ကာ အသားကုန် အော်ဟစ်လိုက်သည်။ သူ၏အဆုတ်များကပင် ကွဲထွက်လုနီးပါး ဖြစ်သွားကြသည်။

ဆုံးရှုံးမှု တစ်စုံတစ်ရာသာ ရှိလာခဲ့လျှင် ချင်မြို့တော် တစ်မြို့လုံး၏ လုံခြုံရေး ဒါရိုက်တာ တစ်ယောက် အနေနှင့် သူကသာ တာဝန်ခံရမည်ဖြစ်သည်။

“မြန်မြန် မြန်မြန်လုပ်ကြ”

“ဒီအကောင်တွေက ဘယ်ခေတ်က ရောက်လာတာလဲ။ ဘယ်လို ခေတ်မျိုးမှာမို့လို့ ဘဏ်ကို လုယက်နေရတာလဲ”

ကျိန်ဆဲသံနှင့် ဒါရိုက်တာလျိုက ရုံးခန်းထဲမှ သုန်မူန်သော မျက်နှာနှင့် ခုန်ထွက်သွားသည်။

ထိုမတော်တဆမှုကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်သည်။ သို့မဟုတ်လျှင် မီဒီယာများက သတင်းရသွားပြီး ရီပို့တင်လိုက်လျှင် ချင်တုက သေချာပေါက် ကျော်ကြားသွားပေလိမ့်မည်။ ထိုအကြောင်းအရာကို တွေးမိသော် ဒါရိုက်တာလျိုက နဖူးမှ ချွေးများကို သုတ်သည်။ သူက သေနတ်ကို ခပ်မြန်မြန် ကောက်ယူပြီး လုံခြုံရေး ဌာနထဲမှ ပြေးထွက်လိုက်သည်။

လမ်းတောက်လျောက်တွင်လည်း ဒါရိုက်တာလျိုက ကားနောက်မှ မသက်မသာဖြစ်မှုကို ခံစားနေရသည်။

“မြန်မြန် မြန်မြန်”

သူက ဒါရိုက်တာကို အသားကုန် ကုန်းအော်သည်။

“၁၃၀ ဖြစ်တော့မှာ ဒီထက်မြန်လို့ မရတော့ဘူး ဒါရိုက်တာ”

ယာဉ်မောင်း၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။ သူက ခပ်မြန်မြန် စိတ်ငြိမ်အောင် ထိန်းပြီး ပြောလိုက်၏။

“တစ်ခုခု မဖြစ်ပါစေနဲ့”

ခပ်တိုးတိုး ဆုတောင်းသံကို ကြားပြီးနောက် ဒါရိုက်တာလျိုက အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဘာမှမဖြစ်လို့ မရဘူး။

…

ဘဏ်အရှေ့တွင်_ _ _

ကွက် ကွက် ကွက်

ထိုအခြေအနေကို ကြားပြီးနောက် ပျားရည်ခွေးတူဝက်တူက အသားကုန် ကုန်းအော်သည်။ သူ၏ တစ်ကိုယ်လုံးရှိ အမွှေးများက ပေါက်ကွဲမတတ် ဖြစ်သွားသည်။ သူက ကြမ်းတမ်းစွာဖြင့် ပြေးထွက်သွားသည်။

ခရက်

သူက လုယက်သူ တစ်ယောက်၏ ပေါင်ကို ကိုက်သည်။

“အား”

အော်ဟစ်သံနှင့်အတူ လုယက်သူက ခြေထောက်နားမှ အကောင်ကို ကြည့်ပြီး ပစ္စတိုဖြင့် ချိန်သည်။

ဒိုင်း

အရေးကြီးဆုံးသော အချိန်တွင် ဆုပိုင်က အော်ဟစ်လိုက်ပြီး မြေပြင်မှ ခုန်ထွက်လာသည်။

ထို့နောက် သေနတ်ပစ်သံ ထွက်ပေါ်လာ၏။ ခေါင်းပြားတာ့ကောကလည်း သူ၏ လက်သည်းမှတဆင့် လွှင့်ထွက်သွားသည့် အပေါက်တစ်ခုနှင့် ကျောက်တုံးကို ကြည့်လိုက်သည်။

ကွက် ကွက် ကွက်

“အသက်ရှင်ရတာ ပင်ပန်းနေပြီလား”

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏အမြှီးကို မြင့်အောင် မြှောက်လိုက်ပြီး မီးခိုးရောင် လျှပ်စီးတန်း ဖြတ်ပြေးသွားသလို အရှိန်မျိုးဖြင့် ပြေးထွက်သွားသည်။

ဘန်း

ဆုပိုင်က မျက်နှာကို လက်သီးဖြင့် ထိုးသည်။ သူ၏ဦးနှောက်ကပင် မူးဝေသွား၏။ ထို့နောက် သူ၏နဖူးသို့ အနက်ရောင်ပြောင်းတစ်ခုဖြင့် ချိန်ထားကြောင်း သိလိုက်သည်။

“ဟူး”

“သေတော့”

အောက်ဘက်ရှိ လုယက်သူ အသားကုန် ကုန်းအော်လိုက်ပြီး မောင်းကို တင်သည်။

သွားပြီ

တိရိစ္ဆာန်ရုံကိုတောင် သေချာ မတည်ထောင်ရသေးဘူး။ သူ အဆုံးသတ်တော့မယ် ထင်တယ်။

ဆုပိုင်၏ စိတ်က ဗလာဖြစ်သွားသည်။ လုယက်သူက ပစ်ခတ်တော့မည့် အချိန်တွင် _ _ _ သူ၏ မျက်လုံးအတွင်းတွင် ပြုံးနေသော တပိုင်၏မျက်နှာ၊ ရှောင်းကျင်းနှင့် ပေါင်ပေါင်တို့အားလုံးကို မြင်ယောင်လာသည်။

ငါ ကတိဖျက်မိပြီ။

တိရိစ္ဆာန်တွေ အားလုံးကိုတောင် မကယ်တင်ပေးရသေးဘူး။

ဒိုင်း

သေနတ်သံက ထွက်လာသည်။ ဆုပိုင်ကိုယ်က ရုတ်ချည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဒါက အပြစ်ခံလိုက်ရတယ်ဆိုတဲ့ ခံစားချက်လား။

ဒါပေမယ့် ဘာလို့ မနာတာလဲ။

ဘန်း

ရုတ်တရက် သူ၏နဖူးကို လက်သည်းပါသည့် လက်တစ်ဖက်က ဖြတ်ရိုက်လာသည်။

ကွက် ကွက် ကွက်

“မင်းက ဘာကြည့်နေတာလဲ။ နောက်တစ်ကောင် ထွက်ပြေးသွားပြီ။ မြန်မြန်လိုက်လေ”

သေးငယ်သော မျက်ဝန်းက သူ့ကို အထင်သေးသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။ ထို့နောက် နူတ်ခမ်းက မဲ့ကျသွားပြီး အသားကုန်အော်သည်။

သူက ဆုပိုင်ကိုယ်မှ ခုန်ဆင်းသွားပြီး ထွက်ပြေးသွားသော လုယက်သူနောက်သို့ ပြေးလိုက်သည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး ထထိုင်လိုက်သည်။ ယခုလေးတင် သူ့ကို သေနတ်ဖြင့် ချိန်ခဲ့သော လုယက်သူကို ပြန်ကြည့်လိုက်၏။ ထိုသူက လက်ထဲတွင် သေနတ်ကိုင်ထားသေးသည်။ သို့သော် သူ၏ခါးနေရာကမူ ပေါက်ထွက်လျက် မြေပြင်တွင် လဲကျနေပြီ ဖြစ်သည်။

ဒါကို ခေါင်းပြားတာ့ကောက အဆုံးသတ်လိုက်တာလား။

လုယက်သူရဲ့လက်ဝါးကို ကိုက်ပစ်လိုက်တာပေါ့။

တအား လန်းတယ်။

အရာအားလုံးက ဖြတ်ကနဲ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ဘဏ်အတွင်းတွင် ဆောင့်ကြောင့်ထိုင်နေသော မည်သူကမှ ဒီလိုအခြေအနေကို မမျှော်လင့်ထားကြချေ။ ထို့အပြင် တံခါးဝတွင် ရှိနေသည့် ရဲများကပင် မတုန့်ပြန်နိုင်ခဲ့ကြချေ။ သူတို့က တုန့်ပြန်နိုင်သည့် အချိန်တွင် အော်ဟစ်သံများက ထွက်ပေါ်လာပြီ ဖြစ်သည်။

“လူငယ်လေး မင်း အဆင်ပြေရဲ့လား။ ဒဏ်ရာ ရသွားသေးလား။ မင်းက သူရဲကောင်းပဲ”

“ကျေးဇူးအများကြီး တင်ပါတယ်။ မင်းက တအားတော်တာပဲ”

“ဝူး ဝူး ငါ ကြောက်လို့ သေတော့မယ်။ ဒါပေမယ့် လူငယ်လေး မင်းက တကယ်ပဲ ချင်တုကပါနော်။ ငါတို့ ချင်တုရဲ့ ဂုဏ်ယူရာပဲ”

လူတစ်အုပ်က ဆုပိုင်ကို စစ်ဆေးပေးနေသည်။ ဒဏ်ရာရှိမရှိ မေးမြန်းနေကြသေး၏။

မြေပြင်ရှိ လုယက်သူ နှစ်ယောက်အတွက်ကမူ သူတို့က တိုက်ခိုက်နိုင်စွမ်းအား မရှိကြတော့ချေ။

တစ်ယောက်က ပျားရည်ခွေးတူဝက်တူကြောင့် ကန်းသွားသည်။ တစ်ယောက်က တိုက်ခိုက်မှုကြောင့် ကိုက်ဖြတ်ခံရသည်။ ထို့ကြောင့် သူတို့က မေ့နေကြသည်။

“ဟန် ခုံး ခုံး”

ရုတ်တရက် ဘန့်ကားအတွင်းဘက်မှ သေနတ်သံက ထွက်ပေါ်လာသည်။ ထိုအခါမှသာ တစ်ယောက်ကျန်သေးကြောင်း သတိရမိလိုက်ကြ၏။ သို့သော် အားလုံးကြည့်လိုက်သည့် အချိန်တွင်မူ_ _ _ယခုလေးတင် မြင်ခဲ့ရသည့် ထူးဆန်းသော သတ္တဝါက နောက်ဆုံးသော လုယက်သူ၏ ကော်လံအနောက်ပိုင်းကို ခပ်ကြမ်းကြမ်း ကိုက်ဆွဲထားပြီး တစ်လှမ်းချင်းစီ တရွတ်တိုက် ဆွဲလာကြောင်း မြင်လိုက်ရသည်။

ထိုသို့ဖြင့် ဆုပိုင်၏ ဘေးနားသို့ ရောက်လာသည်။

ဒိုင်း

လုယက်သူကိုမြေပြင်ပေါ်သို့ ဘုန်းကနဲ ပစ်ချလိုက်ပြီးနောက် ခေါင်းပြားတာ့ကောက လုယက်သူ၏ ခေါင်းပေါ် တက်ထိုင်လိုက်သည်။ ထို့နောက် ဆုပိုင်ကို ခေါင်းမော့လျက် တောက်ပသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။

အချိန်အတန်ကြာပြီးနောက် မည်သူကမှ မတုန့်ပြန်နိုင်ခဲ့ချေ။ ခေါင်းပြားတာ့ကောက နူတ်ခမ်းများ ကော့တက်ကာ ပြုံးလျက် ဒေါသတကြီး ဖြစ်လာပြန်သည်။

ကွက် ကွက် ကွက်

“မင်းတို့က ဘာကို ဆိုလိုတာလဲ။ ငါ့ကို မချီးကျုးဘူးလား”

“အာ”

ဆုပိုင်က ထိုစကားကြောင့် ကြောင်သွားသည်။ ထို့နောက် ဒေါသတကြီး ဖြစ်နေသော ခေါင်းပြားတာ့ကောကို ပြောသည်။

“တာ့ကော ငါ ငါက တအားကြောက်ခဲ့တာ။ မင်းက တအားတော်တာပဲ။ သူတို့အားလုံးက အမှိုက်ကောင်တွေ”

ထိုစကားကို ကြားမှသာ ခေါင်းပြားတာ့ကော၏ နူတ်ခမ်းများက မော့တက်သွားသည်။ သူက သူ၏လက်သည်းပါသော လက်ကို အသားရမ်း၏။

ဆိုလိုသည်မှာ မပြောပလောက်ပါဘူးဆိုသည့် အဓိပ္ပာယ်မျိုး ဖြစ်သည်။

ဒါက အခြေခံ လုပ်ဆောင်မှုပဲ။ အခြေခံ လုပ်ဆောင်မှု။

ဆုပိုင်က သူ၏အရှေ့မှ ဂုဏ်ယူနေသော အကောင်လေးကို ကြည့်ပြီး တွေးတောလိုက်သည်။

သူ တွေးလေလေ တစ်ခုခုက မှားလေလေပဲ။ ဒီတိရိစ္ဆာန်တွေကို ကယ်ဆယ်ပြီးတဲ့နောက်မှာ သူတို့ရဲ့ ဉာဏ်ရည်တွေက တအားမြင့်လွန်းနေတယ်။ ဒါက ပုံမှန်မဟုတ်ဘူး။

နောက်ပြီး လုယက်သူက လက်နက်အပြည့်နဲ့ သုံးယောက်တောင်။

ဒါကို ဒီလိုနဲ့ ဖြေရှင်းပြီးသွားတာလား။

“ပီးပေါ် ပီးပေါ် ပီးပေါ်”

ရုတ်တရက် အဝေးမှ အလန်းက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လက်နက်အပြည့်အဝ တပ်ဆင်ကာ သံချပ်ကာများ ဝတ်ဆင်ထားသော စစ်သားများက ဘဏ်၏ဝင်ပေါက်ကို ဝိုင်းလိုက်ကြသည်။

ဂတုံးပြောင်ပြောင်နှင့် သက်လတ်ပိုင်းလူက ဖြူဖျော့မျက်နှာဖြင့် ခုန်ထွက်လာသည်။

“ဘာဖြစ်တာလဲ ထိပ်တိုက်ရင်ဆိုင်နေတယ်ဆိုတာ ဘယ်မှာလဲ”

“ဘာလို့ အကြောက်အလန့် မရှိပဲ လူတွေ အများကြီး လာအုံနေတာလဲ။ မြန်မြန်လေး လူစုခွဲကြ”

ဒါရိုက်တာလျိုက တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် အသက်ချဲ့စက်ဖြင့် အော်သည်။

“အတွင်းမှ လုယက်သူတွေ နားထောင်စမ်း မင်းတို့ အဝိုင်းခံထားရပြီးပြီ။ ခေါင်းမာပြီး ခုခံရင် မင်းတို့ပဲ အထိခိုက်နစ်နာခံရလိမ့်မယ်။ ဓားစာခံတွေကို အမြန်ဆုံး ပြန်လွှတ်ပေးလိုက်။ ဒီလိုဆိုရင် အပြစ်ဒဏ် ပေါ့လျော့လိမ့်မယ်”

“ကယ်ကြပါ ကယ်ကြပါ”

ရုတ်တရက် အဝေးရှိ မြေပြင်မှ ခေါင်းစွပ်ဝတ်သော လူတစ်ယောက်က ခုန်ထလာသည်။ ထိုလူကို မြင်သောအခါ လူတိုင်းက မှင်သက်သွားကြ၏။ ထိုလူက ဒါရိုက်တာလျို၏ အရှေ့သို့ ချက်ချင်းပြေးဝင်သွား၏။

“ငါ ငါ အညံ့ခံပါတယ်။ အဲ့ဒီမကောင်းဆိုးဝါးကိုတော့ ငါ့ကို မကိုက်ခိုင်းပါနဲ့တော့”

“ကွက် ကွက် ကွက်”

ရုတ်တရက် လူအုပ်ထဲမှ မီးခိုးဖြူရောင် အမွှေးနှင့် သတ္တဝါတစ်ကောင်က ထွက်လာပြီး လုယက်သူ၏ခေါင်းကို ဖြန်းကနဲ ရိုက်သည်။

ထို့နောက် ထက်ရှသော လက်သည်းကို တစ်ချက်ရမ်းလိုက်ရုံနှင့် အရှေ့မှ လုယက်သူက မျက်လုံးလှန်ပြီး မေ့သွားသည်။

ဒါက ဘယ်လို အခြေအနေလဲ။ ဒါက လုယက်သူ ဟုတ်ရဲ့လား။

နောက်ပြီး ဒါက ဘာလဲ။

ဒါရိုက်တာလျိုက အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။

++++

အပိုင်း(၃၅)

“လာ လာ လာ ထိုင်ကြ”

လုံခြုံရေးအစောင့် ကောင်မလေးတစ်ယောက်က ဆုပိုင်၏ အရှေ့သို့ ရေနွေးကြမ်းတစ်ခွက်ကို ချပေးသည်။ ထို့နောက် ဆုပိုင်၏ လက်မောင်းအတွင်းမှ ကောင်ငယ်လေးကို မျက်တောင်မခတ်ပဲ တစ်ချက်ကြည့်သည်။ ထို့နောက် အဝေးကို တစ်လှမ်းချင်းစီ လျှောက်သွားသည်။ ထို့နောက် ဆုပိုင်က ပျားရည်ခွေးတူဝက်တူ၏ နဖူးလေးကို အသာပွတ်လိုက်သည်။

သူက ထိုအမျိုးသမီး၏ အကြည့်ကို ကျင့်သားရနေလေပြီ။ မည်သို့ပင်ဆိုစေ လုံခြုံရေးဌာနသို့ ရောက်နေခဲ့သည်မှာ သုံးနာရီ ကြာသွားပြီ ဖြစ်သည်။ ဌာနကြီးတစ်ခုလုံးက ရူးသွပ်လုနီးပါး ဖြစ်သွားသည်။

တာဝန်ကျ ကင်းလှည့်သူများက ခေါင်းပြားတာ့ကောကို လာရောက် ချောင်းကြည့်ရုံသာ မကသေးလေပဲ အပေါ်ထပ်မှ ဝန်ထမ်းများကလည်း လာချောင်းကြသည်။ သုံးနာရီအတောအတွင်း ဆုပိုင်အတွက် ရေနွေးကြမ်းခွက် သုံးဆယ်မက လဲပြီးလေပြီ။

ရေနွေးကြမ်းကို လာပို့သည့် အမျိုးသမီးတိုင်းက ခြားနားသည်။

စားဖိုဆောင်မှ ချက်ပြုတ်သူ ဒေါ်လေးကပင် သိချင်စိတ် ပြင်းပြစွာပင် ဆုပိုင်ကို လာထွက်ကြည့်သေးသည်။ ထို့နောက် စိုးရိမ်တကြီး သူ၏လက်ထဲမှ ကောင်ငယ်လေးက တိုဖူးစားမစား မေးမြန်းသေးသည်။

ဘယ်လောက် ဆိုးရွားလိုက်လဲ။

ကံကောင်းသည်မှာ ခေါင်းပြားတာ့ကောကလည်း ဒီနေ့တိုက်ပွဲကို အလွန်အမင်း ကျေနပ်သွားပုံ ရသည်။ သို့မဟုတ်လျှင် လုံခြုံရေးရုံးအတွင်း ရူးသွပ်သွားပါက မည်သူကမှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။

“ဟွန့်”

ခေါင်းပြားတာ့ကောက ရေနွေးကြမ်းခွက် လာပို့ပြီး လျှောက်သွားသော အမျိုးသမီးကို ကြည့်ကာ ငြီးသည်။

“အမှိုက်တွေပဲ။ တစ်ကောင်မှ ယှဉ်ချင်စိတ်ကို မရှိဘူး”

ဆုပိုင် “ … “

“ဦးလေးဆုပိုင်”

ရုတ်တရက် တံခါးဝမှ အံ့အားတကြီး အော်သံက ထွက်လာသည်။ ဆုပိုင်က မော့ကြည့်လိုက်ပြီးနောက် ခပ်မြန်မြန် ထရပ်သည်။

“ကောင်းယွဲ့ကျဲကျဲ ကျဲကျဲကို ဒုက္ခပေးမိပြီ”

ကောင်းယွဲ့က မျက်လုံးပြူးကျယ်စွာဖြင့် အရှေ့မှ လူငယ်ကို ကြည့်သည်။ ထို့နောက် အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားသည်။

“နင် နင် နင်က တကယ်ပဲ _ _ _ဘဏ်လုယက်သူတွေနဲ့”

ကောင်းယွဲ့က အံ့အားသင့်နေသည်။ မည်သည့်သာမာန်လူမှ ထိုကဲ့သို့သော အရာမျိုးကို ကြုံတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ တီဗွီ ဒရမ်မာများကပင် ထိုသို့ မရိုက်ကူးရဲချေ။

လုယက်သူ သုံးယောက်ကို ကိုယ်တိုင်လဲချသော အချက်ကို ထည့်တွေးရန် မလိုအပ်ပေ။ မည်သို့ပင် ကြည့်ကြည့် ဒါက စိတ်ကူးယဉ်ဆန်လွန်းသည်။

“အမ်း”

ဆုပိုင်က ခေါင်းငုံ့သည်။ သူက အပြုံးနှင့် ခေါင်းညိတ်ကာ ပြောသည်။

“ဟုတ်ပါတယ် ငါ့ရဲ့ အိုင်ဒီကဒ် ပါလာလား။ ဒီနေရာကနေ အိုင်ဒီကဒ် မပါပဲ ထွက်သွားလို့ မရဘူး။ ဒါကြောင့် ဒုက္ခပေးမိပြီ”

“အာ ဦးလေးဆုပိုင်”

ရုတ်တရက် ဘေးဘက်ရှိ ဘေဘီက ဆုပိုင်၏ လက်မောင်းအတွင်းမှ တိရိစ္ဆာန်လေးကို မျက်လုံးအဝိုင်းလေးဖြင့် ကြည့်သည်။

“ဒါက တိရိစ္ဆာန်အသစ်လား”

“သူ့ကို ခဏချပါလား။ သမီး ဖက်ချင်တယ်”

“မရဘူး”

ဆုပိုင်က ထိုစကား ကြားသောအခါ ခပ်မြန်မြန် ခြေလှမ်းတစ်ဝက်ကို ဆုတ်လိုက်သည်။ သူက တည်ကြည်သော မျက်နှာမျိုးဖြင့် ပြောသည်။

“ဒါက ပျားရည်ခွေးတူဝက်တူလေ။ သူက ခက်ထန်ပြီး တခြားကြမ်းတမ်းတာ။ လူကိုက်နိုင်တယ်။ ဒါကြောင့် ဘေဘီက ဒီကောင်လေးနဲ့ ဝေးဝေး နေရမယ်နော်”

“ဟွန့် လိမ်နေတာ”

ဘေဘီက နူတ်ခမ်းဆူသည်။ ထို့နောက် ပျားရည်ခွေးတူဝက်တူ၏ ကျဉ်းမြောင်းသော မျက်လုံးလေးများကို ကြည့်ကာ ဒေါသတကြီး ပြောသည်။

“ဒါက ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်ငယ်လေးပါ။ သူက ဘယ်လိုဖြစ်ပြီး ကြမ်းတမ်းနိုင်မှာလဲ။ နည်းနည်းလေး ကြည့်ရဆိုးမဲ့ ပုံစံမျိုး ရှိပေမယ့်လည်း ယဉ်ပါးမဲ့ ပုံစံပါ”

“ကွက် ကွက်”

ရုတ်တရက် ခေါင်းပြားတာ့ကောက နှစ်ကြိမ်ခန့် အော်သည်။ ထို့နောက် ဆုပိုင်၏ လက်မောင်းအတွင်းမှ ထွက်၍ ရုန်းကန်သည်။

“မကောင်းတော့ဘူး”

ဆုပိုင်က တအံ့တဩအော်ပြီး ခေါင်းပြားတာ့ကောကို ခပ်မြန်မြန် ဆွဲသည်။

ဒီအကောင်က ကလေးတွေ၊ လူကြီးတွေ နားလည်မှာ မဟုတ်ဘူး။ ဒေါသထွက်လာတာနဲ့ ဘယ်သူ့ကိုမဆို နာကျင်အောင် လုပ်မှာပဲ။

“ဝူး ဝူး ဝူး”

ပေါင်ပေါင်ကလည်း အနောက်ဘက်မှ ခုန်ထွက်လာသော လူကို မြင်သောအခါ နောက်လှည့်ပြီး ဆောင့်ကြောင့် ထိုင်သည်။ ကောင်မလေးက ပျားရည်ခွေးတူဝက်တူ၏ နဖူးလေးကို အသာတို့ထိသည်။

“ဦးလေးဆုပိုင် တွေ့လား။ သူက နာခံပါတယ်”

“ကွက် ကွက် “

“မင်း ငါ့ကို ထိရဲရင် သေချင်နေတာပဲ”

ခေါင်းပြားတာ့ကောက အလွန်ဒေါသ ထွက်သွားသည်။ သူ၏တစ်ကိုယ်လုံးမှ အမွှေးများက ထွက်သွား၏။

သွားပြီ။

ပျားရည်ခွေးတူဝက်တူ၏ အမြှီးက တဖြည်းဖြည်းချင်း မြှောက်လာကြောင်း မြင်သောအခါ ဆုပိုင်က ကောင်းယွဲ့ကို ပတ်ပြီး ဘေဘီ၏အနားသို့ သွားသည်။

ဒီကောင်က ရူးတော့မှာ။

ထို့နောက် တစ်စက္ကန့်တွင် ဆုပိုင်က အမြှီးပြန်ကျသွားပြီး အမွှေးများကို ချောမွေ့သည်အထိ အသပ်ခံနေသော ပျားရည်ခွေးတူဝက်တူကို မယုံနိုင်သလို ကြည့်သည်။ သူက မျက်လုံးကို မှေးကျင်းနေသည်။ သူက လျှာတစ်လစ်လေး ထုတ်သည်။ သူက ခွေးတစ်ကောင်လိုမျိုး ဘေဘီ၏ လက်ထဲမှ သကြားလုံးကို ယက်နေသည်။

“ဟီး ဟီး ဟီး”

“အရသာ ရှိတယ်”

“တပိုင်ကလည်း ဒါကို ကြိုက်တယ်။ နောက်ပြီး မျောက်ဘုရင်ကလည်း ကြိုက်တာပဲ။ ဟီး ဟီး နောက်ထပ် အကြိုက်တစ်မျိုးပေါ့”

ဘေဘီက ပျားရည်ခွေးတူဝက်တူကို ကြည့်ပြီး တုတ်ချောင်းပါသည့် သကြားလုံးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူက လက်ခုပ်တီးလျက် ပြောသည်။

“ဦးလေးဆုပိုင် တွေ့ တွေ့လား။ သူက အရမ်းနာခံပါတယ်”

ဆုပိုင် “…”

ခွေးတစ်ကောင် မွေးရသလို ရိုးရှင်းတာလား။ သကြားလုံး တစ်လုံးနဲ့လေ။

မင်းက ‌ခေါင်းပြားတာ့ကောနော်။ မင်းမှာ စည်းမျဉ်းတွေ ဘာတွေ မရှိတော့ဘူးလား။ မင်းရဲ့ လွှမ်မိုးမှုက ဘယ်မှာလဲ။

ကွက် ကွက် ကွက်

ပျားရည်ခွေးတူဝက်တူက သူ၏ပါးစပ်ထဲတွင် နို့နှင့် ပျားရည်ရောထားသော အရသာရှိသည့် သကြားလုံးကို စုပ်နေသည်။ သူ၏နူတ်ခမ်းထောင့်စွန်းများက ကော့တက်နေသည်။ သူက အရှေ့မှ ကောင်ငယ်သေးသေးလေးကို ကြည့်လိုက်ပြီး သဘောတကျ အော်လိုက်သည်။

“ရတယ် ရတယ် မင်းကို အနာဂတ်မှာ တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ငါ့ကိုပြော။ ငါ သူ့ကို သေတဲ့အထိ ကိုက်သတ်ပစ်မယ်”

“အနံ့က တအားမွှေးတယ်။ ပျားရည်ထက်တောင် အရသာရှိသေးတယ်”

သူက ဘေဘီ၏နောက်မှ လိုက်ပြီး ကြည့်လိုက်သည်။ ပျားရည်ခွေးတူဝက်တူ၏ နူတ်ခမ်းများက ကော့တက်နေသည်။

ဒီကောင်မလေးက မှော်စွမ်းအင်နဲ့ မွေးဖွားလာတာ။ တိရိစ္ဆာန်ရုံ တစ်ခုလုံးမှာ ဘယ်လို တိရိစ္ဆာန်မျိုးပဲ ဖြစ်ဖြစ် ဘယ်သူကမှ ဘေဘီကို မကြိုက်ပဲ မနေဘူး။

တပိုင်ကလည်း ဒီကောင်မလေးကိုပဲ စီးခိုင်းတယ်။ အခြားသူတွေဆိုရင် တွေးတောင်တွေးလို့ မရဘူး။

နောက်ပြီး ကောင်ငယ်လေး တစ်ယောက်တော့ ရှိသေးတယ်။ ကြည့်ရတာ အခုကစပြီး တိရိစ္ဆာန်ရုံထဲမှာ ဒီကလေးနှစ်ယောက်က ဘေးတိုက်လျှောက်လို့ ရပြီထင်တယ်။

“ဟယ်လို လူကြီးမင်းဆုပိုင်”

ထိုအချိန်တွင် ကတုံးဆံပင်နှင့် သက်လတ်ပိုင်းအရွယ် လူကြီးက ဒုတိယထပ်မှ ခပ်မြန်မြန် ဆင်းလာသည်။ သူကလည်း နေ့ခင်းက ဟွန်းကိုင်ပြီး အော်ခဲ့သည့် ဒါရိုက်တာလျို ဖြစ်သည်။

သူက ဆုပိုင်နှင့် စိတ်အားထက်သန်စွာ လက်ဆွဲနူတ်ဆက်သည်။ ထို့နောက် အောက်ဘက်ရှိ ပျားရည်ခွေးတူဝက်တူကို ဆက်တိုက်ကြည့်နေသည်။

အရာအားလုံးကို ဒီကောင်ငယ်လေးက ကိုင်တွယ်သွားတယ်လို့ မယုံနိုင်ဘူး။

တိုက်ခိုက်မှုက ကြီးကျယ်ရုံတင် မကသေးပဲ သက်ရောက်မှုလည်း ရှိသည်။

စုံစမ်းစစ်ဆေးမှု အပါအဝင် စောင့်ကြည့်ကင်မရာများကို စစ်ဆေးခဲ့ပြီးနောက် ပျားရည်ခွေးတူဝက်တူဟု ခေါ်သော ထိုအကောင်လေးက လုယက်သူလေးယောက်ကို နှစ်စက္ကန့်ပင် မကြာသောအချိန်တွင် အလဲထိုးလိုက်နိုင်ကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် သူတို့၏ လက်ရွေးစင် ကင်းလှည့်သူများထက်ပင် ကျွမ်းကျင်နေသေးသည်။

သို့ရာတွင်_ _ _ သူ၏အထက် ရာထူးကြီးလူများထံမှ တဆင့် တိရိစ္ဆာန်များကို ကယ်တင်နိုင်နေသည့် သတင်းများကို ရထားပြီးသား ဖြစ်သည်။ ထိုကိစ္စကို သူတို့က မည်သို့ကိုင်တွယ်သင့်ကြောင်း ‌ဆွေးနွေးနေကြ၏။ ထို့ကြောင့် သူ၏အရှေ့မှ လူငယ်ကို စကားပြောခွင့် ရရှိခြင်းကတင် သူကဲ့သို့ ဒါရိုက်တာငယ်လေးအတွက် ဂုဏ်ယူစရာ ဖြစ်နေလေပြီ။ သို့ရာတွင် အပေါ်မှ ထပ်ရလာသော သတင်းအသစ်အရ လူငယ်၏နောက်ကွယ်ရှိ အသင်းက အံ့အားသင့်စရာ ကောင်းသည်။ တိုင်းပြည်တစ်ခုလုံးကလည်း အကောင်းဆုံး တည်ဆောက်ပြီး သူ့ကို တရုတ်တွင်သာ နေရန် ကြိုးစားရမည် ဖြစ်သည်။

အတိုချုပ် ပြောရသော် ဒါရိုက်တာလျိုနှင့် အထက်မှ ရင်းနှီးသော လူများက စကားတစ်ခွန်းသာ ပြောသည်။

“ငါတို့တွေ သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားရမယ်။ မင်း ရဲခွေး မလိုချင်ဘူးလား”

ထိုစကားကြောင့် ဒါရိုက်တာလျိုက ကြောင်သွားသည်။ ရှေးခတ်ကလည်း သူတို့နှင့်အတူ တွဲလျက်တိုက်ခိုက်နိုင်သည့် တိရိစ္ဆာန်တစ်ကောင် ရှိခဲ့သည်။

“ဒါက ဖြောင့်မတ်မှန်ကန်တဲ့၊ တာဝန်သိတတ်တဲ့ လူတစ်ယောက်အတွက် ချီးမြှင့်တဲ့ တံဆိပ်ပြားပါ။ ထိန်းသိမ်းထားပါ ဒါရိုက်တာဆုပိုင်”

“ဒါကတော့ ဆုလာဒ် ယွမ်တစ်သိန်းပါ”

“ဒီနေ့ ကျေးဇူးအများကြီး တင်ပါတယ်။ မင်းကသာ မရှိခဲ့ရင် အကျိုးဆက်က တော်တော်လေး ဆိုးရွားသွားလိမ့်မယ်”

“ကျွန်တော်တို့ ထွက်သွားလို့ ရပြီလား”

ဆုပိုင်က ရွှေတံဆိပ်ပြားကို ယူသည်။ ထို့နောက် ချက်ကိုလည်း ယူလိုက်သည်။ သူက မျက်မှောင်ကျုံ့လျက် မေးလိုက်၏။

“ရပါပြီ ရပါပြီ”

“ဒါပေမယ့် အနာဂတ်မှာလည်း အဆက်အသွယ် လုပ်ကြရအောင်”

ဒါရိုက်တာလျိုက ဆုပိုင်ကို လက်ဆွဲနူတ်ဆက်ပြန်သည်။ ထို့နောက် အဓိပ္ပာယ်ပြည့် ဘာသာစကားကို ပြောသည်။

ဆုပိုင်ကမူ စိတ်ရှုပ်ထွေးသွားသည်။ သူက ကောင်းယွဲ့နှင့် သမီးဖြစ်သူတို့နှင့်အတူ လုံခြုံရေးဌာနထဲမှ ထွက်လာခဲ့လိုက်သည်။

“ဒါရိုက်တာလျိုရဲ့ စကားက တစ်ခုခုတော့ တစ်ခုခု ဖြစ်နေလို့ပဲ။ ဒါပေမယ့်_ _ _”

“ဟိုး ဟိုး တိရိစ္ဆာန်ရုံအတွက် ယွမ်သိန်းငါးဆယ် ရပြီပဲ။ ဒီလိုဆိုရင် ဥယာဉ်အသစ် ဆောက်လို့ရပြီ”

သူ၏တိုက်ရိုက်ထုတ်လွှင့်မှုမှ အံ့အားသင့်မှုအမှတ်များက ပို၍အရေးကြီးသည်။ တစ်သုတ်တည်းနှင့် ရှစ်သောင်းကျော်သွား၏။

သူက ရက်အနည်းငယ်လောက် လှုပ်ရှားလိုက်မယ်ဆိုရင် နောက်ထပ်တိရိစ္ဆာန် အပိုင်းအစတစ်မျိုးနှင့် လဲလှယ်၍ ရလောက်ပေမည်။

+++++

အပိုင်း(၃၆)

သူက ပြန်ရောက်လာသည့် အချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ဆုပိုင်က နှစ်ရက်ဆက်တိုက် အလုပ်များခဲ့သေးသည်။ ထို့အပြင် ဘဏ်လုယက်သည့် အတွေ့အကြုံကိုပင် ပြန်ရခဲ့သေးလေရာ ပြန်ရောက်ပြီးပြီချင်း အိပ်ယာ‌ပေါ်တွင် ပစ်လှဲလျက် အိပ်မောကျသွား၏။

ထို့နောက်_ _ _

“မား သမီးတို့ ဒီခွေးတူဝက်တူကို ဘယ်နေရာမှာ ထားသင့်လဲ”

ဘေဘီ၏မျက်လုံးက ပြူးကျယ်လျက် ခွေးတူဝက်တူလေးကို ချီပွေ့ရင်း တိရိစ္ဆာန်ရုံအနှံ့ လျှောက်သွားကြည့်နေလေသည်။ နောက်ဆုံးတွင်မူ ပန်ဒါ ပန်းခြံအရှေ့တွင် ရပ်သွားသည်။

“ဒါက_ _ _ “

ကောင်းယွဲ့က ငြီးငြူသည်။

ဆုပိုင်ကလည်း ပျားရည်ခွေးတူဝက်တူကို တပိုင်တို့နှင့် အတူထား၍ မရကြောင်း ပြောသွားခဲ့သေးသည်။ သူတို့ကို အတူထား၍ မရချေ။ သီးသန့်ခွဲထားရပေမည်။ ထိုအကြောင်းအရာကို တွေးပြီးနောက် ဘေးဘီကို ကြည့်သည်။ ထို့နောက် ဆုပိုင်၏ရုံးခန်းနားသို့ ‌ရောက်သွားသည်။

“ဒီကောင်လေးကို ရုံးခန်းထဲမှာပဲ ထားလိုက်ရအောင်။ ဒီလိုဆိုရင် အဆင်ပြေမှာပါ”

“ဘေဘီ သွားရအောင်။ ဒီအကောင်လေးကို ဦးလေဆုပိုင်ကိုပဲ ပေးလိုက်လေ။ သမီး အဲ့ဒီနေရာကို ‌ခေါ်သွားပေးလို့ရတယ်”

“ဟုတ်ကဲ့ ကောင်းပြီလေ”

“တပိုင် မနက်ဖြန်မှ တွေ့မယ်”

အတွင်းဘက် မြေပြင်တွင် လှဲနေသော တပိုင်ကို လက်ယမ်းနူတ်ဆက်ပြီးနောက် ထိုကောင်မလေးက ပျားရည်ခွေးတူဝက်တူလေးကို သယ်ပွေ့ကာ ဆုပိုင် ရုံးခန်းဆီသို့ လျှောက်သွားသည်။

ကောင်းယွဲ့က ဥယာဉ်တစ်ခုလုံးကို စစ်ဆေးပြီးမှသာ ဘေဘီကို ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ အပြင်ဘက်သို့ ခေါ်ထုတ်သွားလေသည်။

ဆုပိုင်ကလည်း ဒီတိရိစ္ဆာန်၏ လုံခြုံရေး ဝန်ဆောင်မှုက အလွန်လွန် အဆင့်မြင့်ကြောင်း ပြောထားပြီးသား ဖြစ်သည်။ ညဘက် တံခါးကို လော့မချခဲ့လျှင်ပင် တိရိစ္ဆာန်များက ခိုးထွက်သွားခြင်း၊ တစ်စုံတစ်ယောက်က ခိုးဝင်လာခြင်း စသော အခြေအနေများကို စိုးရိမ်ရန် မလိုအပ်ကြောင်း ပြောသွားသည်။ ထို့ကြောင့် ကောင်းယွဲ့က တံခါးကို ညင်သာစွာ ပိတ်ပြီးနောက် ကလေးကို ခေါ်သွားသည်။

သူတို့ ပြန်သွားပြီး သိပ်မကြာခင် ပန်ဒါဥယာဉ်အတွင်း အရေးကြီးသော အစည်းအဝေးပွဲတစ်ခုကို ကျင်းပသည်။

ဦးဆောင်ဦးယွဲ့ ပြုသူကမူ ပန်ဒါတပိုင် ဖြစ်သည်။

ဒီတစ်ကြိမ်တွင် တပိုင်က ကြီးမားသည့် ဝါးမျှစ်ကြီးကို ကိုင်ထားသည်။ ကျောဘက်တွင် ရှိသည့် ဒန်းတိုင်လေးကို မှီရပ်လျက် ရှိနေပြီး ‌ရှေ့ဘက်တွင်မူ မျောက်ဘုရင်က မျောက်များအားလုံးကို ဦးဆောင်ပြီး မြေပြင်တွင် ဆောင့်ကြောင့် ထိုင်နေကြသည်။ သူတို့အားလုံးက ပန်းသီးတစ်လုံးစီ ကိုင်ထားသည်။

ရွှေမြွေကမူ လမ်းပေါ်တွင် ခွေလျက် ဘယ်ပြန်ညာပြန် ယမ်းနေသည်။

“အိုး “

တပိုင်က လက်ထဲမှ မျှစ်ကြီးကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ သူ၏ရင်ဘတ်က နှိမ့်လိုက်မြင့်လိုက် ဖြစ်လာသည်။ သူက ဒေါသထွက်နေပုံ ပေါ်သည်။

ဒီနေ့ ဝင်လာတဲ့ အဲ့ဒီကောင်က သူ့ရဲ့မင်းသမီးလေးကို ခိုးသွားတယ်။

ဒီအခြေအနေကို ဘယ်လိုများ သည်းခံရမှာလဲ။

အား ဘယ်လိုမှ သည်းမခံနိုင်ဘူး။

ဘေဘီက အိမ်ပြန်တဲ့အချိန်တိုင်းလိုလို သူ့ကို နမ်းပြီးမှ ပြန်နေကြ။ ဒါပေမယ့် ဒီနေ့ ဝင်တောင်ဝင်မလာခဲ့ဘူး။

တပိုင်ကမူ ကပ်ဘေးကို ခံစားနေရပြီ ဖြစ်သည်။

ဒီနေ့ အသစ်ရောက်လာတဲ့ ကောင်ကို သင်ခန်းစာတော့ ပေးရမယ်။

ဒါမှ ဒီတိရိစ္ဆာန်ရုံထဲမှာ ဘယ်သူက နောက်ဆုံး ပြောရေးဆို‌ခွင့် ရှိသူဆိုတာကို နားလည်သွားကြမှာ။

အရှေ့မှ မျောက်ဘုရင်ကို ကြည့်လိုက်ပြီးနောက် တပိုင် သူ၏ဗိုက်ကို တစ်ချက်ပုတ်လိုက်သည်။ သူက အများကြီး တည်ငြိမ်သွား၏။

ဒီအသေကောင်မျောက်ကလည်း ဝင်လာခဲ့တဲ့အချိန်တုန်းက ဒီလိုပဲ မဟုတ်လား။ ဒါပေမယ့် ရက်အနည်းငယ် ကြာသွားတာနဲ့ သူလက်အောက်မှာပဲ အညံ့ခံသွားတာ မဟုတ်လား။

ထို့အပြင် ဒီနေ့ရောက်လာသော အကောင်က သေးငယ်လွန်းသည်။ အရုပ်လည်း ဆိုးသေး၏။

“ဝါး ဝါး ဝါး”

တပိုင်က မျောက်များအားလုံးကို ကြည့်သည်။ ထို့နောက် တိတ်တဆိတ် လှည့်သွားသည်။ သူက ကျောက်သားပုံ ဘေးဘက်သို့ သွားပြီး ဖင်ကို ကောက်လျက် သူ၏လျို့ဝှက် အခြေချစခန်းကို ဖွင့်သည်။ ထို့နောက် လက်တစ်ဆုပ် အပြည့် သကြားလုံးများ ပါလာသည်။ သူက မျောက်များထံ တစ်လှမ်းချင်း လှမ်းလာ၏။

“ကျွီ ကျွီ ကျွီ”

မျောက်ဘုရင်က အရှေ့မှ သကြားလုံး အပုံကို ကြည့်သည်။ ထို့နောက် အနောက်မှ မျောက်အုပ်ကို ကြည့်၏။ မျောက်များအားလုံး၏ မျက်ဝန်က တောက်ပလာကြောင်း တွေ့လိုက်ရသည်။

ဒါတွေက ‌တော်တော်လေးကို ချိုပြီး အရသာရှိတယ်။

မမျှော်လင့်ထားပဲ အရှေ့က ကပ်စေးနှဲတဲ့အကောင်က ခိုးပြီး အများကြီး ဝှက်ထားတာပဲ။

နောက်ပြီး အခု ထုတ်တောင်ထုတ်လာသေးတယ်။

“ကျွီ ကျွီ ကျွီ”

မျောက်တိုအဖွဲ့က နောက်ပြန်လှည့်ကာ အချင်းချင်း ဆွေးနွေးကြသည်။ မျောက်တိုဘုရင်က သကြားများကို ယူပြီး အားလုံးကို ခွဲဝေပေးသည်။

“အိုး”

“မဆိုးပါဘူး”

တပိုင်က ကျေနပ်စွာ အော်သည်။

သူက သကြားလုံးတစ်ခုကို ကောက်ဖွင့်လိုက်သည်။ ပါးစပ်ဖြင့် ကိုက်စားသည်။ ထို့နောက် ဘေးဘက်ရှိ ရွှေမြွေကိုလည်း ကောက်မလိုက်ကာ ခန္ဓာကိုယ်တွင် ရစ်ပတ်စေပြီးနောက် ပန်ဒါ ဥယာဉ်အတွင်းမှ တက်ကြွသော စိတ်ဓာတ်အပြည့်နှင့် ထွက်လာလေသည်။

ဒီည အဲ့ဒီအကောင်ကို သေချာပေါက် ဖမ်းရမယ်။

မျောက်ဘုရင်ကလည်း အနောက်မှ လိုက်လာသည်။ သူ သကြားလုံးကို အခွံ့နွာပြီး ပါးစပ်ထဲသို့ ပစ်ထည့်ကာ ခုန်ထွက်လာသည်။

တိရိစ္ဆာန်လေးများ အားလုံးက ရုံးခန်းတံခါး‌‌ရှေ့သို့ ‌ရောက်လာသည်။

မဲမှောင်သော အခန်းအတွင်း အနီရောင်အလင်း တောက်ပနေသော ထိုအကောင်လေးက တံခါးအနောက်ဘက်ရှိ ဖျာပေါ်တွင် လဲနေသည်။

“ဟစ်_ _ _ ဟစ် ဟစ် ဟစ်”

မြွေက တပိုင်ထံ လျှာကို ဆက်တိုက်ထုတ်ပြနေသည်။ ရွှေမြွေက ပန်ဒါဥယာဉ်အတွင်းသို့ တဖြည်းဖြည်းချင်း ပြန်ဆုတ်သွားသည်။

တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေက ပျင်းစရာကောင်းလွန်းတယ်။

အိုး သူ အစာ မစားရတာ ရက်အနည်းငယ်တောင် ကြာသွားပြီ။ သူ ဒန်းဆီ သွားနေတာပဲ ကောင်းပါတယ်။ မဟုတ်ရင် သူ ဗိုက်ဆာလွန်းလို့ ခေါင်းတောင်မူးနေပြီ။

ထွက်သွားသော ‌ရွှေမြွေကို ကြည့်ပြီး တပိုင်က မျက်မှောင်ကျုံ့သည်။ ထို့ကြောင့် မျောက်များကို ပြန်ကြည့်ကာ သဘောတကျ ပြန်ကြည့်သည်။

“အိုး”

ဝေါင်း

ဘန်း

သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ ထို့နောက် အရှေ့မှ တံခါးကို ကန်ဖွင့်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

ကွက် ကွက် ကွက် ကွက်

ဆုပိုင်နှင့် ပျားရည်ခွေးတူဝက်တူတို့က အိပ်ယာမှ လန့်နိုးလာကြသည်။ ထို့နောက် စိတ်ရှုပ်ထွေးစွာဖြင့် တံခါးကို ကြည့်သည်။ ထိုအခါ တံခါးဝတွင် ရပ်နေသည့် ပန်ဒါခေါင်းကြီးကို မြင်လိုက်ရသည်။ ထိုအကောင်ကြီး၏ ခေါင်းက ငုံံ့ကိုင်းလျက် အတွင်းဘက်သို့ အေးစက်စွာ ငုံံ့ကြည့်နေသည်။

ဘား

တပိုင်က ပါးစပ်ထဲမှ သကြားလုံးကို ဝါးစားလိုက်ပြီး ပလတ်စတစ်အိတ်ကို မှုတ်ထုတ်သည်။

ဝေါင်း

“ငါ့ကို လာရိုက်စမ်းပါ”

ပုံရိုက်တစ်ခုက ရုတ်တရက် ဘေးဘက်သို့ ခုန်ရှောင်သည်။ ထို့နောက် ဆုပိုင်ကလည်း အနီရောင်မျက်ဝန်းတစ်စုံကို တွေ့မိသည်။ သူ၏ မျက်လုံးက မှေးကျင်းသွားပြီးနောက် စကားပြောရန် ပြင်ဆင်လိုက်သည့် အချိန်တွင် _ _ _

ဘန်း ဘန်း ဘန်း

ပန်းသမီးများက မိုးရွာသွန်းသကဲ့သို့ တိုးဝင်လာသည်။

ခရက် ခရက်

အခန်းတစ်ခုလုံးက အရှုပ်အထွေး ဖြစ်သွားသည်။

အချိန်တန် ကြာပြီးနောက် _ _ _

စိုထိုင်းထိုင်း ဖြစ်သွားပြီး ပန်းသီးအရည် အပြည့် ပေကျံနေသည့် စောင်ကို ကြည့်နေရင်း ဆုပိုင်က အော်သည်။

“တ ပိုင် “

အိုး

တပိုင်၏ ခန္ဓာကိုယ်က တံခါးမှ ဖြတ်ကနဲ ပျောက်သွားသည်။

ဆုပိုင်၏ ဒေါသတကြီး ဖြစ်နေသော အကြည့်ကို မြင်သောအခါ သူ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် သူ၏ မင်းသမီးလေး၏မျက်နှာကို ပြန်တွေးပြီးနောက် သူက အံကိုကြိတ်သည်။

ကွက် ကွက် ကွက်

“သောက်ကျိုးနည်း”

ရုတ်တရက် အော်သံတစ်သံ ထွက်လာသည်။ အခန်းထဲမှ အနက်ရောင် အရိပ်တစ်ရိပ်က ခုန်ထွက်သွားသည်။

ဘန်း

တံခါးက ဝုန်းကနဲ ပိတ်သွားသည်။ ထို့နောက် အပြင်ဘက်မှ အော်သံများကို ကြားရသည်။

ဆုပိုင်က တံခါးကို မှင်သက်စွာ စိုက်ကြည့်နေသည်။ ထို့နောက် ခပ်မြန်မြန် အိပ်ယာပေါ်မှ ထသည်။

“သွားပြီ”

ဘာလို့ ဒီကောင်က စပြီး တိုက်ခိုက်နေကြတာလဲ။ မေးခွန်းက _ _ _ ဒီကောင်တွေက ခေါင်းပြားတာ့ကောကို နိုင်မှာတဲ့လား။

ပြောရန်ပင် မလိုအပ်လောက်အောင် တပိုင်က အင်အားကြီးပုံ ပေါ်သည်။ သို့သော် သူက ငကြောက်ဖြစ်သည်။

ထိုမျောက်များကလည်း ပေါင်းပင်များ ကဲ့သို့သာ ဖြစ်သည်။ မည်သူကမှ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ချေ။

ဒီလို အသင်းတစ်သင်းက ပျားရည်ခွေးတူဝက်တူကို စိန်ခေါ်ချင်တာတဲ့လား။

သူတို့ရဲ့ သတ္တိတွေ ဘယ်နေရာက ရလာတာလဲ။

ဆုပိုင်က ဘာကိုမှ ဂရုမစိုက်တော့ပဲ တံခါးကို ခပ်မြန်မြန်ဖွင့်ကာ ပြေးထွက်သည်။

“အိုး အိုး အိုး”

ထိုအခါ တပိုင်က ခေါင်းကို အုပ်ထားပြီး မြေပြင်တွင် ဖင်ထောင်လျက် လဲနေကြောင်း တွေ့လိုက်ရသည်။ သူက ဆက်တိုက်အော်နေသည်။

ခေါင်းပြားတာ့ကောကမူ တပိုင်၏ အရှေ့တွင် ရပ်နေသည်။ ထို့နောက် သူ၏ လက်သီးများကို ဆက်တိုက်ဆန့်ထုတ်ပြီး ပန်ဒါ၏ခေါင်းကို ခပ်ကြမ်းကြမ်း ထိုးနေသည်။

“ကွက် ကွက် ကွက်”

“မြန်မြန်ပြေး မင်း ငါ့ကို မနိုင်ဘူး”

ထိုအခြေအနေကို မြင်သောအခါ မျောက်တိုဘုရင်က မျောက်များကို ဦးဆောင်ကာ ထွက်ပြေးသွားသည်။

ဆိုးရွားလိုက်တာ။

ပန်ဒါကြီးတောင်မှ တစ်သုတ်တည်းနဲ့ မြေပြင်မှာလဲသွားတယ်။ ဒီလို အခြေအနေမျိုးမှာ ခိုးထွက်သွားတာ အကောင်းဆုံးပဲ။

မျောက်တိုဘုရင်က တပိုင်၏ ဆိုးရွားသော အခြေအနေမျိုးကို ပြန်ကြည့်ပြီး တွေးလိုက်သည်။

“ကောင်းပြီ”

ဆုပိုင်က ခပ်မြန်မြန် အပြေးသွားပြီး ခေါင်းပြားတာ့ကောကို ပြေးဖက်လိုက်ရသည်။

သို့ရာတွင် မမျှော်လင့်ထားသည်မှာ ထိုအကောင်က အဆုံးမသတ်သေးပဲ တပိုင်၏နားရွက်ကို ကိုက်လိုက်သေးသည်။

“အိုး”

“တိုက်ခိုက်မနေကြနဲ့တော့။ မင်းတို့ တိုက်ခိုက်တာကို ကျေးဇူးပြုပြီး ရပ်ပေးလို့ရမလား”

“ကောင်းပြီ ကောင်းပြီ”

ဆုပိုင်က ခေါင်းပြားတာ့ကောကို ခက်ခက်ခဲခဲ ဖြောင်းဖျလိုက်ရသည်။

ဘန်း

တပိုင်က ခုန်ထွက်လာသည်။ သူက ခေါင်းကို ပွတ်နေပြီး မာန်ဖီပြန်သည်။

“နေဦး မင်း လုပ်ရဲရင် လာစမ်းပါ”

“ငါ မင်းကို သတ်မယ်”

ထို့နောက် သူက အော်ဟစ်ကာ ပန်ဒါဥယာဉ်ထဲသို့ ဝင်ပြေးလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။

All Chapters