← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အပိုင်း(၃၇)

တရုတ်ပြည်_ _ _

အာဏာအမြင့်ဆုံး တိရိစ္ဆာန် သုတေသန ဌာန

ငါးလွှာရှိ အစည်းအဝေးခန်းထဲတွင် မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးတစ်အုပ်က ရှည်လျားသော အစည်းအဝေးစားပွဲကြီးတွင် ထိုင်နေကြသည်။ အရှေ့ဘက်ရှိ ကြီးမားသော ဖန်သားပြင်ကြီးတွင် ရီပို့တစ်ခုကို ပြသနေသည်။

“ဟီး ဟီး”

“ဟား ဟား တပိုင်လာ”

“ရှောင်ကျင်း မင်းက တအားအေးစက်တာပဲ”

ကလေး၏ အော်ရယ်သံက ထွက်လာသည်။

သို့ရာတွင် အစည်းအဝေးခန်းကမူ တိတ်ဆိတ်နေသည်။ လူအိုကြီးများ အားလုံးက သူတို့၏မျက်မှန်ကို တွန်းတင်လိုက်ရင်း ပုံထဲတွင်ပေါ်လာသည့် တိရိစ္ဆာန်များကို မျက်မှောင်ကျုံ့လျက် ကြည့်နေသည်။ သိပ်မကြာခင် ထိုမြင်ကွင်းက အဆုံးသတ်သွားသည်။

“ဟူး”

သက်ပြင်းချသံက ထွက်လာသည်။

ခေါင်းဆောင်နေရာတွင် ထိုင်နေသော ပိန်ပါးသော လူအိုကြီးက သူ၏ထူထဲသော မျက်မှန်ကို တွန်းတင်လိုက်ရင်း လူတိုင်း၏အရှေ့သို့ တဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။

“အဟွတ် အဟွတ်”

ချောင်းအသာဟန့်ပြီးနောက် အိုမင်းသော အသံက ထွက်လာသည်။

“ဒီမှာ ရှိနေတဲ့ အနိမ့်ဆုံးအဆင့်က ဇီဝဗေဒနယ်ပယ်ရဲ့ ပါမောက္ခတွေပဲ။ စုံစမ်းစစ်ဆေးမှုတွေ အများကြီး လုပ်ပြီးတဲ့နောက်မှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှာ ပေါ်ထွက်လာတဲ့ အဲ့ဒီတိရိစ္ဆာန်အမျိုးအစား သုံးမျိုးလုံးက အစစ်အမှန်တွေ ဆိုတာကို သိလိုက်ရတယ်။ အရေးကြီးဆုံး အချက်က ပန်ဒါကြီးလို့ ခေါ်တဲ့ သတ္တဝါက အမှန်တကယ် တည်ရှိတယ်”

“ဒဏ္ဍာရီထဲက သံမဏိဇာသားရဲဆိုတာတင် မဟုတ်သေးဘူး”

“စီချွမ်စံအိမ် မှတ်တမ်းတွေအရ ဒီသတ္တဝါက တကယ်ကို မြေကမ္ဘာခေတ်မှာ ရှိခဲ့တယ်။ ဒါပေမယ့် ဒုတိယမြောက် သဘာဝကပ်ဘေး ဆိုက်ရောက်လာ‌တော့ အားလုံးက ဖျက်ဆီးခံခဲ့ရတာပဲ”

“ဒါပေမယ့် အားလုံးကလည်း လူ့အသိုင်းအဝိုင်း အတွင်းမှာ တိရိစ္ဆာန်တွေကို ပြန်လည်ကယ်တင်ရေး ကဏ္ဍအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ကြမယ်လို့ ယုံကြည်တယ်”

“ငါတို့က နှစ်ထောင်ပေါင်းများစွာ သုတေသန ဆက်တိုက်လုပ်နေခဲ့တယ်။ ငါတို့က ဒီသက်ရှိသတ္တဝါတွေကို ဖန်တီးဖို့ ဘယ်လိုနည်းလမ်းကိုမဆို မတုန့်ဆိုင်းပဲ သုံးခဲ့ကြတယ်။ အားလုံးက ကြမ်းတမ်းတဲ့ စိတ်နေသဘောထားရှိတဲ့ အကောင်ကြီးတွေ ဖြစ်တာကြောင့် ကြောင်တောင်တောင်နိုင်တဲ့ မကောင်းဆိုးဝါးတွေ၊ အသွေးအသားတွေကိုတောင် စားကြသေးတယ်။ နောက်ပြီး ဓာတုဗေဒဓာတ် များလွန်းအားကြီးတဲ့ သတ္တဝါတွေ ဖြစ်လွန်းနေလို့ ဘယ်လိုနည်းနဲ့မှ အစစ်အမှန် တိရိစ္ဆာန်တွေ မဖြစ်လာနိုင်ကြဘူး”

“ဒီနေ့ခေတ်မှာ အဖွဲ့သစ်တစ်ခုက တိရိစ္ဆာန်တွေကို ပြန်လည်ကယ်တင်နိုင်တဲ့ နည်းပညာတစ်ခုကို ဖွံ့ဖြိုးလိုက်နိုင်တယ်”

“ဒါက သမိုင်းကဏ္ဍတစ်ခုကို ဖွင့်လှစ်နိုင်တဲ့ လုပ်နိုင်စွမ်းအား တစ်ခုပဲ”

“ဒီအကြောင်းပြချက်ကြောင့် ငါက လူတိုင်းကို ဒီနေရာကို ဆင့်ခေါ်ပြီး ကြေငြာချင်ခဲ့တာပဲ”

ထိုလူအိုကြီးက ထိုနေရာတွင် စကားကို အဆုံးသတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသည်။ သူက ဒီနေ့ရက်ကို စောင့်နေခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် သူ၏သက်တမ်းကာလ အတောအတွင်း ထိုနေ့ရက်ကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ခဲ့မိချေ။

“တိရိစ္ဆာန် ကာကွယ်စောက်ရှောက်ရေး ဥပဒေကို ပြန်လည် အကောင်အထည်ဖော်မယ်။ နောက်ပြီး ချက်ချင်း အသက်ဝင်စေမယ်။ ဒါ့အပြင် တိရိစ္ဆာန် ကာကွယ်ရေးဌာနကို ဒီနေ့က စတင်ပြီး တည်ထောင်မယ်”

ကလပ် ကလပ် ကလပ်

အားလုံးက လက်ခုပ်တီးကြသည်။ အားလုံးက မတ်တပ်ထရပ်ကြပြီး တစ်ယောက်ချင်းစီတိုင်း၏ မျက်ဝန်းက နီရဲလာကြသည်။ သူတို့က မျက်ရည်များကပင် လျှံကျမတတ် ဖြစ်လာသည်။

“ဒါပေမယ့် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနောက်က အသင်းက လျို့ဝှက်ဆန်းကြယ်လွန်းတယ်။ ဒီတော့ နည်းပညာတွေကို ထုတ်ပြမှာ မဟုတ်ဘူး။ ငါတို့ကလည်း တွန်းအားပေးလို့ မရဘူး။ ဒါပေမယ့် တိရိစ္ဆာန် ကာကွယ်ရေး ဌာနကတော့ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ ညှိနိူင်းရလိမ့်မယ်။ သူတို့က မွေးမြူလို့ ရတဲ့ တိရိစ္ဆာန် အသစ်တွေကို ဖွံ့ဖြိုးထုတ်လွှတ် လိုက်နိုင်တာနဲ့ လူမှုအသိုင်းအဝိုင်းဆီကိုလည်း ထောက်ပံ့ပေးဖို့ မျှော်လင့်ရမယ်”

“မဆိုးပါဘူး”

“ဒင်ရှန်းကွမ်း”

ဒုတိယတန်းတွင် ထိုင်နေသည့် မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသမီးက အာဏာပြင်းသော လေသံမျိုးဖြင့် ပြောလာသည်။

“တိရိစ္ဆာန်ကယ်ဆယ်ရေးက အစစ်အမှန် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကို ပြိုင်ဘက်ကင်း ကူညီနိုင်တယ် ဆိုတာကို အားလုံး နားလည်ကြမယ် ထင်ပါတယ်။ စားလို့ရတဲ့ အသားတွေ မကဘူး ဆေးအဖြစ် ပြန်လည် ဖန်တီးမှုအတွက်ပဲ အဖြစ်၊ ခရီးသွားလာမှုအတွက်ပဲ အဖြစ် သူတို့ရဲ့ အသက်တိုင်းက လူသားတွေနဲ့ အရမ်းကို ကြီးမားတဲ့ ကဏ္ဍတစ်ခုအ ဖြစ် ရင်းရင်းနှီးနှီး ချည်နှောင်လျက်သား ရှိနေတယ်”

“ဒါပေမယ့်”

“ကျွန်မ ကြိုတင်ပြီး ကမ်းလှမ်းထားချင်တာက အစားအသောက်အတွက် မွေးမြူတဲ့ တိရိစ္ဆာန်တွေက လွဲပြီး အခြား ဘယ်တိရိစ္ဆာန်ကို မဆို_ _ _ အနာဂတ်မှာ ပေါ်လာတဲ့ ဘယ်တိရိစ္ဆာန်ကိုမဆို သတ်ဖြတ်တာ၊ ဖျက်ဆီးတာမျိုး တွေ့ရတာနဲ့ လူသတ်သူတွေ ကျူးလွန်တဲ့ ပုဒ်မအတိုင်း အရေးယူခံရမယ်။ ဒီနှစ်ခုကို တူညီတဲ့ ပြစ်မှုအဖြစ် သတ်မှတ်တယ်”

“ကျွန်မတို့ သူတို့ကို ဆုံးရှုံးထားတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဒီတော့ တူညီတဲ့ အမှားတွေ ထပ်ဖြစ်စေလို့ မရဘူး”

“ဟုတ်တယ်”

ရှန်းကွမ်းရုံက ခေါင်းကို ညိတ်ကာ လူတိုင်းကို ကြည့်ကာ တဖြည်းဖြည်းချင်း ဆက်ပြောသည်။

“ကောင်းပြီ။ နောက်ဆုံး တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေဆီ ထပ်ထည့်ချင်တဲ့ အချက်က ဒါတွေပါပဲ။ လူတိုင်းကလည်း တရုတ်နိုင်ငံမှာ တိရိစ္ဆာန်တွေ မရှိပဲ နေခဲ့ရတဲ့ မှောင်မိုက်တဲ့ နေ့ရက်တွေ အများကြီးကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်လို့ ဒီအခြေအနေကို ကျေးဇူးတင်ပြီး ဖမ်းဆုပ်ကာကွယ်ပေးမယ်လို့ မျှော်လင့်တယ်”

“နောက်ပြီး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ဒါရိုက်တာပြောတဲ့ စကားတစ်ခု ရှိတယ်။ အဲ့ဒီစကားတစ်ခွန်းက သိပ်နားထောင်ကောင်းတယ်”

“တိရိစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေတွေလေ။ မွေးမြူလို့ရတဲ့ တိရိစ္ဆာန်တွေနဲ့ အထောက်အပံ့အဖြစ် ထောက်ပံ့ပေးနိုင်တဲ့ တိရိစ္ဆာန်တွေကလွဲပြီး အဲ့ဒီတိရိစ္ဆာန်တွေအားလုံး အမဲလိုက်ခံရတာမျိုး၊ သတ်ခံရတာမျိုး ဖြစ်လာတာနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ်”

“အဲ့ဒီ‌နောက် ကျွန်မတို့တွေ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ဆက်သွယ်သင့်ပြီ မဟုတ်လား”

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို အချိန်တစ်ခု ကြာတဲ့အထိ မဆက်သွယ်နဲ့ဦး”

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှာ သာမာန်တိရိစ္ဆာန်တွေ၊ အန္တရာယ်များတဲ့ တိရိစ္ဆာန်တွေ ပေါ်လာတဲ့အထိ အချိန် နည်းနည်း ထပ်စောင့်လိုက်ရအောင်။ အစားအစာတွေအတွက် တိရိစ္ဆာန်တွေကို မွေးမြူတဲ့အခါမှာ ဒီလူတွေကို ဆက်သွယ်ရလိမ့်မယ်”

ရှန်းကွမ်းရုံက နောက်တစ်ခေါက် တွေးတောပြီး ဆက်ပြောသည်။

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာရဲ့ ပြောစကားအရ သူတို့ရဲ့အသင်းက တိရိစ္ဆာန်အမျိုးမျိုးကို ဖွံ့ဖြိုးတိုးတက်နိုင်အောင် ကြိုးစားနေကြတယ်။ အဲ့ဒီအထဲမှာ အသားစား တိရိစ္ဆာန်တွေလည်း ပါတယ်။ သူတို့အားလုံးက အသားကို လိုတယ်။ ကျွန်မအထင် သူတို့နောက်ကွယ်က အသင်းကလည်း ဒီတိရိစ္ဆာန်တွေအတွက် လိုအပ်တဲ့ အစာအရင်းအမြစ် တိရိစ္ဆာန်တွေကိုလည်း အရင်ဆုံး ထုတ်ဖော်လာလိမ့်မယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် တိရိစ္ဆာန်ရုံထဲမှာ တိရိစ္ဆာန်တွေ ပိုပြီးများပြားလာတဲ့အခါ လိုအပ်တဲ့ အသားပမာဏက မြင့်တက်သွားမှာပဲ”

“အဲ့ဒီနောက် တစ်ဖန်ထပ်ပြီး သူတို့ကို ကျွန်မတို့ရဲ့ ကြင်နာမှုကို ပြသရမယ်။ တွန်းအားပေးလို့လည်း မရဘူး။ ချင်တု အစိုးရဌာနကလည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ဆက်သွယ်ပြီး ကာကွယ်ပေးဖို့ ပြင်ဆင်ရမယ်”

“သူတို့ဆီမှာ တိရိစ္ဆာန်အမျိုးအစား ဆယ်မျိုးကျော်လာတာနဲ့ လီရှန်းရှုခင်းကြည့် နေရာအောက်က နယ်မြေကို အဲ့ဒီတိရိစ္ဆာန်တွေ ရှင်သန်နေထိုင်ဖို့အတွက် သူ့တို့ဆီ လွှဲပေးရမယ်”

မည်သူကမှ ဆုပိုင်ကို မဆက်သွယ်လာသေးသော်လည်း တရုတ်တပြည်လုံးက ကောင်းကင်ပြာ တိရိစ္ဆာန်တွေကို အနီးကပ်စောင့်ကြည့်နေကြသည်ဟု ဆို၍ရသည်။

နေ့ရက်ပေါင်းများစွာ ဆက်တိုက်ကာကွယ်ပြီးမှသာ တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေကို ပြန်လည် အကောင်အထည် ဖော်သည်။ တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေက ပြန်လည် အသက်သွင်းခံလိုက်ရပြီ ဖြစ်သည်။

လူတိုင်းကလည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို စောင့်ကြည့်နေကြသည်။ တိရိစ္ဆာန်အရေအတွက် မြောက်များလာမည့် ပမာဏကို စောင့်ကြည့်နေကြသည်။

တိရိစ္ဆာန် အရေအတွက် များပြားလာသည်နှင့် အမျှ သူ၏နောက်ကွယ်မှ အသင်းက စတင်ကာ ရင့်ကျတ်လာသည်ဟု ဆို၍ရသည်။ ထို့နောက် _ _ _

တစ်လောကလုံးတွင်လည်း တိရိစ္ဆာန်များကို ပြန်လည်မြင်တွေ့ ရပေလိမ့်မည်။

...

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ _ _ _

ပန်ဒါပန်းခြံ အရှေ့ရှိ မြက်ခင်းပြင်ထဲတွင်

“အောင်း အောင်း”

“အောင်း အောင်း”

တပိုင်က ကျောက်တုံး ခုံစောင်းလေးပေါ်တွင် ဖင်ထောင်လျက် လှဲအိပ်နေသည်။ သူက ဆက်တိုက် ငြီးငြူနေသည်။

သိပ်မဝေးသော နေရာတွင် မျောက်တိုတစ်အုပ်က အဝတ်အိတ်များကို သယ်လျက် ရှိနေသည်။ သူတို့က တပိုင်ကိုလည်း မကြာခဏဆိုသလို လှည့်ကြည့်နေကြသည်။

ထို့နောက် ခေါင်းကို ပြန်ငုံံ့ကာ အမှိုက်များကို ပြန်ရှင်းကြသည်။

ဒီဥယာဉ်မှ ဒါရိုက်တာက် သေမိန့်တစ်ခု ထုတ်ထားသည်။ အမှိုက်အခုနှစ်ဆယ် မရှာနိုင်သော မည်သူကမှမဆို ဒီနေ့မှ စတင်ပြီး သစ်သီးရလိမ့်မည် မဟုတ်ချေ။

ဒါက မျောက်ရဲ့အသက်ကိုတောင် ခြိမ်းခြောက်နေသလို ဖြစ်နေပြီ မဟုတ်ဘူးလား။

မျောက်ဘုရင်ကလည်း အမှိုက်များကို ခပ်မြန်မြန် ယူပြီး အမှိုက်အိတ်ထဲသို့ ထည့်သည်။ အနည်းငယ် ထပ်စုဆောင်းလိုက်လျှင် လုံလောက်ပြီ ဖြစ်သည်။ သို့ရာတွင် ပန်ဒါတပိုင်ကမူ အခြေအနေ အလွန်ဆိုးနေသည်။

“ဖြန်း ဖြန်း ဖြန်း “

ဆုပိုင်က သူ၏ဖိနပ်ပါးကို ကိုင်ပြီး တပိုင်၏ ဖင်ကို ရိုက်သည်။

“မင်းတို့ ဆက်ပြီး တိုက်ခိုက်ကြဦးမှာလား”

“မတိုက်ခိုက်တော့ဘူးလား”

“အိုး”

“မတိုက်တော့ပါဘူး မတိုက်ခိုက်တော့ပါဘူး”

တပိုင်က သူ၏ဖင်ကို အုပ်လျက် ပက်လက်လှန်လှဲလိုက်သည်။ ထို့နောက် ဆုပိုင်ကို မျက်ရည်များနှင့် ကြည့်သည်။

ငါက မင်းရဲ့ချစ်စရာကောင်းတဲ့ ဘေဘီလေး မဟုတ်ဘူးလား။

“မင်း_ _ _”

ဆုပိုင်က ထိုအကောင်၏ သနားစရာကောင်းသော မျက်နှာကို ကြည့်ပြီး နူတ်ခမ်းများ ကော့တက်သွားသည်။

ဒီကောင်က တကယ့်ကို အစစ်အမှန် သရုပ်ဆောင်ပဲ။ နောက်ပြီး သူရိုက်နေတဲ့ ဖိနပ်က ပလတ်စတစ် ဖိနပ်ပါး မဟုတ်ဘူးလား။ မင်းရဲ့ အမွှေးက ဘယ်လောက်ထူလဲ။ မင်းရဲ့အမွှေးက ဘယ်လောက်ထူလဲဆိုတာကို သိရောသိရဲ့လား။

သို့ရာတွင် သူအနေ့ဖြင့် ဒီတစ်ကြိမ်တွင် သင်ခန်းစာ ရရန် မျှော်လင့်သည်။

မည်သို့ပင်ဆိုစေ ရုံးခန်းတစ်ခုလုံးကို သန့်ရှင်းရန် လိုအပ်လာသည်။ ပို၍ဆိုးသည်မှာ ရုံးခန်းက စနစ်၏ သန့်ရှင်းပေးသော ဝန်းကျင်အတောအတွင်းတွင် မပါဝင်ပေ။ ထို့ကြောင့် သူကိုယ်တိုင် သန့်ရှင်းရမည် ဖြစ်သည်။

ပန်ဒါဥယာဉ်ကသာ ပျက်စီးသွားခဲ့လျှင် စနစ်က အလိုအလျောက် ပြန်ပြင်ပေးနိုင်သည်။ ထိုသို့သာ မဟုတ်လျှင် ဆုပိုင်က ရူးသွပ်သွားလောက်သည်။

ဒီကောင်က ပျားရည်ခွေးတူဝက်တူနဲ့ တိုက်ခိုက်တာ ပန်ဒါဥယာဉ်တစ်ခုလုံး အရှုပ်အထွေး ဖြစ်သွားရုံမကဘူး။ တိရိစ္ဆာန်ရုံ တစ်ခုလုံးလည်း ဗြောင်းဆန်သွားတယ်။ မြက်တွေတောင်မှ အရှင်းခံလိုက်ရသေးတယ်။

“ကောင်းပြီ ကောင်းပြီ ဟန်ဆောင်မနေနဲ့တော့။ မြန်မြန်သွားတော့”

ဆုပိုင်က ဖိနပ်ပါးကို ကောက်ဝတ်လိုက်ပြီး ဒေါသတကြီး ပြောသည်။

“အိုး”

တပိုင်က ချက်ချင်းလိုလို မြေပြင်‌ပေါ်မှ ခုန်ထပြီး သိပ်မဝေးသော နေရာတွင် ရပ်နေသည့် ဘေဘီထံ ဖြတ်ပြေးသွားလေသည်။

ဒီဘေဘီက အရမ်းသနားစရာ ကောင်းတာပဲ။ ဘေဘီက နှစ်သိမ့်ခံရဖို့ လိုအပ်နေပြီ။

+++++

အပိုင်း(၃၈)

မနက်အစောပိုင်း_ _ _

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ_ _ _

တပိုင်က သူ၏ဖင်ကို ပွတ်ရင်း သိပ်မဝေးသော နေရာမှ မျောက်တစ်အုပ်ကို ကြည့်သည်။ စိတ်ထဲတွင်လည်း ခပ်ကြမ်းကြမ်း လှောင်ပြောင်နေသည်။

ထို့နောက် မြေပြင်မှ တဖြည်းဖြည်းချင်း ထပြီး ရေကန်နားသို့ သွားနေသည်။ သူက ခေါင်းကို ငုံ့ကာ ရေသောက်သည်။

ထို့နောက် ပန်ဒါဥယာဉ်၏ တံခါးကို ပြန်ဖွင့်ကာ အလွန်လန်းသော ခြေလှမ်းများဖြင့် လမ်းလျှောက်ထွက်လာသည်။

ဟွန့် သစ္စာမရှိတဲ့ မျောက်တစ်အုပ်။

အဲ့ဒီ သောက်ကျိုးနည်း အကျဉ်းတန်တဲ့အကောင်က ဘာတွေများ တော်နေလို့လဲ။

ဘေးဘီကို ကြည့်လိုက်ပြီးနောက် မည်သည့် ပျားရည်ခွေးတူဝက်တူကိုမှ မမြင်ရသည့်အခါမှသာ တပိုင်က ဝင်ပေါက်နားသိသို့ ဂရုတစိုက် ကပ်သွားလိုက်သည်။

ဘန်း ဘန်း ဘန်း

လက်မှတ်ရုံတံခါးကို ညင်သာစွာ တွင်းဖွင့်လိုက်ပြီးနောက် တပိုင်၏မျက်နှာတွင် ကောက်ကျစ်သော အကြည့်က ပေါ်လာသည်။

“အိုး”

“ဝါးမျှစ်တွေက ဘယ်မှာလဲ”

ခရက်

ရုတ်တရက် လက်မှတ်ပြတင်းပေါက် အပြင်မှ တောက်ပသော အလင်းက ထွက်လာသည်။ တပိုင်က မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်သည်။

ထိုအခါ အနက်ရောင် ယူနီဖောင်းကို ဝတ်ထားသော ယူနီဖောင်းက ပြတင်းပေါက် အပြင်ဘက်တွင် ရပ်ပြီး ရက်စက်သော အကြည့်မျိုးဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။

“ဒါက ပန်ဒါကြီးလား။ တအား ချစ်ဖို့ကောင်းတာပဲ”

ဒါရိုက်တာလျိုက ပြတင်းပေါက် အပြင်ဘက်တွင် ရပ်ပြီး အတွင်းသို့ လက်ယမ်းပြသည်။

“မြို့တော်ဝန်ဝမ် ဒါက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံပါ။ ဒါပေမယ့်_ _ _ ကျွန်တော်တို့ ရောက်တာ နည်းနည်း စောသွားတယ် ထင်တယ်”

“ရပါတယ်”

Suit နှင့် နက်ကထိုင် ဝတ်ထားသော သက်လတ်ပိုင်းလူက ပြုံးပြပြီး လက်ရမ်းပြသည်။ ထို့နောက် လက်မှတ်အခန်းအတွင်းမှ ပန်ဒါကိုသာ ပြင်းပြစွာ စိုက်ကြည့်နေလေသည်။

“တကယ့်ကို အစစ်အမှန် တိရိစ္ဆာန်ပဲ။ အရမ်းကို အသိဉာဏ် မြင့်လွန်းတယ်”

သူ၏မျက်ဝန်းတစ်စုံမှတဆင့် ထိုအကောင်လေးဟာ အနည်းငယ် ကြောက်နေကြောင်း မြင်နိုင်သည်။

“ဟေး”

သူက သူ၏မျက်နှာကို ပြတင်းပေါက်နားကပ်ပြီး လက်ယမ်းပြသည်။

အတွင်းရှိ ထိုအကောင်ကြီးက မြန်ဆန်သော ခြေလှမ်းကျဲများနှင့် ဝင်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖြောင့်မတ်စွာ ရပ်ကာ စားပွဲပေါ်တွင် ခေါင်းမှီလိုက်ပြီး သူတို့ကို သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် လက်သည်းလေးကို ဆန့်ထုတ်လာသည်။

“ဘာကို ဆိုလိုတာလဲ”

မြို့တော်ဝန်ဝမ်က သူ့ရှေ့ဖြန့်ထားသော လက်ဝါးကို ကြည့်ပြီး တု့န်ဆိုင်းသွားသည်။ ထို့နောက် ရယ်သည်။

“ကြည့်ရတာ ဒီကောင်က အစာတောင်းနေတာ ထင်တယ်”

“ရှောင်းလျို မင်း ကားပေါ်မှာ အဆာပြေမုန့်တွေ သယ်လာတယ် မဟုတ်လား။ ဒီကောင်လေး စားမလား ကြည့်ရအောင်”

ဒါရိုက်တာလျိုက ခပ်မြန်မြန် ပြန်ပြေးသွားသည်။ ထို့နောက် သူ့သမီးအတွက် ဝယ်လာသော အဆာပြေမုန့် တစ်အိတ်ကို သယ်ထုတ်လာသည်။

“ဒါက တပိုင် မစားလောက်ဘူး”

မြို့တော်ဝန်ဝမ်က အဆာပြေမုန့်ကို ဖွင့်ကာ အတွင်းသို့ ပေးတော့မည့်အချိန်တွင် ကောင်မလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ချစ်စရာကောင်မလေးတစ်ယောက်ကို ဦးဆောင်ခေါ်လာသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

“ရှင်တို့ လက်မှတ်ဝယ်ရမယ်”

ပေါင်ပေါင်မှ သူတို့ကို ရယ်ပြသည်။ ရှေ့မှ ကျားသွားလေးကဲ့သို့ သေးငယ်သည့် သွားလေးနှစ်ချောင်းက တောက်ပြောင်လာသည်။ သူမလေးက အလွန်ချစ်စရာကောင်းသည်။

“တပိုင်”

ပေါင်ပေါင်က အတွင်းသို့ လှမ်းအော်လိုက်သည်။ ထိုတစ်ခဏတွင် တံခါးက ပွင့်သွား၏။ ပြည့်ဝန်း လုံးဝန်းသော ပုံရိပ်တစ်ခုက ခုန်ထွက်လာသည်။ သူ၏ အမွှေးများ ပြည့်နေသော ခေါင်းက ထိုကလေး၏ အဝတ်ကို ဆက်တိုက် ပွတ်သပ်သည်။

“ဒါက မြန်မြန်လေး ဓာတ်ပုံရိုက်လိုက်။ တိရိစ္ဆာန်နဲ့ လူသားတွေက ဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ ရှိနေနိုင်တယ်”

မြို့တော်ဝန်ဝမ်၏ အနားရှိ လက်ထောက်က ကင်မရာသမားကို ခပ်မြန်မြန် ပြောပြီး ထိုမြင်ကွင်းကို ဓာတ်ပုံရိုက်ခိုင်းသည်။

ယခုလို သတင်းအချက်အလက်မျိုးက အလွန်ရှားပါးလေသည်။

ယခုလို အဖိုးတန်သော ပုံရိပ်မျိုးကို ပြတိုက်အတွင်းတွင် ထည့်ထားသင့်လေသည်။ သူတို့ အရှေ့ရှိ ပန်ဒါကြီးကို မဆိုထားဘိ မည်သူကမှလည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မမြင်ဖူးကြချေ။

“ကောင်းယွဲ့ကျဲကျဲ ရောက်လာပြီလား”

ဆုပိုင်က မျက်လုံးကို ပွတ်သပ်ရင်း တံခါးဝသို့ ရောက်လာသည်။ ထို့နောက် သူက ကောင်းယွဲ့ကို နူတ်ဆက်ပြီးနောက် မျက်မှောင်ကျုံ့ကာ အရှေ့ဘက်ရှိ လူတစ်အုပ်ကို ကြည့်သည်။

“ဒါရိုက်တာလျိုလား”

“အိုး ဒါရိုက်တာ ဆုပိုင်”

ဒါရိုက်တာလျိုက မုန့်များကို မြေပြင်ပေါ်သို့ ခပ်မြန်မြန် ချပြီး ဆုပိုင်ကို ခပ်မြန်မြန် နူတ်ဆက်သည်။

“ဒါက ငါတို့မြို့တော်ရဲ့ မြို့တော်ဝန်လေ။ သူက ဒီနေ့ ငါတို့ရဲ့ တိရိစ္ဆာန်ရုံကို အထူးတလည် လာပြီး စစ်ဆေးတာ”

“ဆုပိုင် မင်းက တကယ် တော်တဲ့သူပါ”

အချင်းချင်း မိတ်ဆက်ကြပြီးနောက် ဒါရိုက်တာလျိုက ဆုပိုင်၏နားနား ခပ်တိုးတိုး ပြောသည်။

“အိုး ဟယ်လို”

“ဝင်လာခဲ့ပါ”

“ကောင်းယွဲ့ကျဲကျဲ သူတို့ကို လက်မှတ်တွေ ပေးလိုက်ပါဦ”

လူတိုင်းကလည်း လက်မှတ်တစ်ခုစီ ရရှိပြီးနောက် ဆုပိုင်၏နောက်မှလိုက်ကာ မြက်ခင်းပြင်တွင် ရှိသော ကျောက်တုံးစားပွဲလေးထံ ဝင်လာပြီး ထိုင်ကြသည်။

“လူငယ်လေး မင်းရဲ့နောက်ကွယ်က အသင်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်”

မြို့တော်ဝန်ဝမ်က ဆုပိုင်၏လက်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ပြီး ခံစားချက် အပြည့်ဖြင့် ပြောသည်။

လက်ရှိအချိန်မှာ အစိုးရ ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းစိုးရိမ်နေကြတာ။ အခု ငါတို့ရဲ့ တိရိစ္ဆာန်ရုံမှာ တိရိစ္ဆာန်အကောင်ရေ ဘယ်လောက်များများ ရှိနေပြီလဲ”

“အခုတော့ အမျိုးအစား လေးမျိုးတည်းပါ”

“ဒါဆိုရင်_ _ _ အနာဂတ်မှာ ပိုပြီးများပြားတဲ့ တိရိစ္ဆာန်တွေ ရလာတဲ့အခါ ဒီနေရာက ကျဉ်းလွန်းမနေဘူးလား”

ထိုစကားကို ပြောသောအခါ ဆုပိုင်က နာကျင်သွားသည်။

စနစ်က သန်းငါးဆယ် ထောက်ပံ့ထားသေးသည်။ မူလကမူ သူက နောက်ထပ် နေရာတစ်ခု ဆောက်ချင်ခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် စနစ်က တိုက်ရိုက်ပင် ပယ်ချခဲ့သည်။ ဒီနေရာက ကျဉ်းလွန်း၏။ ထို့ကြောင့် နောက်ထပ်ဥယာဉ်တစ်ခု တည်ဆောက်ရန် မသင့်တော်တော့ချေ။

ပို၍ဆိုးသည်မှာ ထိုဥယာဉ်တိုင်းက နေရာအကျယ်ကြီး လိုအပ်လေသည်။ အသေးငယ်ဆုံး မျောက်ဥယာဉ်ကပင် လက်ရှိတိရိစ္ဆာန်ရုံထက် ကြီးနေ၏။

သို့ရာတွင် သူက တိရိစ္ဆာန်ရုံကို ချဲ့ချင်လျှင်လည်း အနားအနီးနားတွင် ရှိသည့် နယ်မြေများက လွတ်နေသည့်တိုင်အောင် ဆုပိုင်သည် ထိုမျှအထိ ပိုက်ဆံအများကြီး မရှိပါချေ။ ထို့ကြောင့် နယ်မြေ မချဲ့ထွင်နိုင်သေးချေ။

ထိုအကြောင်းပြချက်ကြောင့် ဆုပိုင်ကလည်း သူရရှိထားသည့် အံ့အားသင့်မှုအမှတ်ကို မသုံးနိုင်သေးခြင်း ဖြစ်သည်။

ယခုအခါ ထိုတိရိစ္ဆာန်များနှင့် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံတစ်ခုလုံးက ပြည့်ကျပ်နေလေပြီ။ လူအရေအတွက် ငါးရာကျော်လျှင်ပင် ဒီနေရာတွင် အုံနေတတ်၏။ တိရိစ္ဆာန် ပိုများလာသည့်အခါ နေရာက မလုံလောက်နိုင်တော့ချေ။

“ဟုတ်တယ်”

ဆုပိုင်က ခေါင်းကိုက်မှုနှင့်အတူ ငြီးငြူလိုက်သည်။

“ဟား ဟား ဒီစာရွက်ကို တစ်ချက်ကြည့်ပါဦး”

မြို့တော်ဝန်ဝန်က ဘေးဘက်ရှိ လက်ထောက်ကို တစ်ချက်ကြည့်သည်။ ထိုအခါ လက်ထောက်က ချက်ချင်းဆိုသလို ကြိုတင်ရေးဆွဲပြီးသား စာချုပ်ကို စားပွဲပေါ်သို့ တင်ပြလိုက်သည်။

“ဟင်”

ဆုပိုင်က တစ်ချက်ယူပြီး ကြည့်လိုက်သည်။

ထို့နောက် သူ၏မျက်ဝန်းက တောက်ပသွားသည်။

ဒါက နယ်မြေစာချုပ် ဖြစ်သည်။ ကြောင်တောာင်တောင်နိုင်သော ကိစ္စကမူ ကန့်သတ်ချက် မပါဝင်နေခြင်း ဖြစ်သည်။

“ဒါက ဘာကို ဆိုလိုတာလဲ”

“ငါက ချင်တုအစိုးရကိုယ်စား ဒီစာချုပ်ကို လက်မှတ်ထိုးပေးမှာ။ မင်းလည်း ချင်တုက ရှေးခေတ်ချိန်ကတည်းက တိရိစ္ဆာန်အများကြီးကို ပိုင်ဆိုင်ခဲ့တဲ့နေရာဆိုတာ သိနေမှာပဲ။ ဒါပေမယ့်_ _ _”

“ဒါပေမယ့် အား လီရှန်းတောင် အရှေ့ဘက်က နယ်မြေကို တွေ့လား။ ဒါက လီရှန်းတောင်နဲ့ တအားနီးတယ်လေ။ အဲ့ဒီရှုခင်း တည်နေရာနားမှာ မြစ်တွေလည်း ရှိတယ်။ မြက်ခင်းနယ်မြေတွေလည်း ရှိတယ်။ ဒီတော့ သဘာဝ အခြေအနေအရ တိရိစ္ဆာန်တွေ ရှင်သန်နေထိုင်ဖို့ လုံလောက်တယ်လို့ ပြောလို့ရနိုင်တယ်”

မြို့တော်ဝန်ဝန်က တောက်ပသော မျက်ဝန်းမျိုးဖြင့် ပြောသည်။

“နောက်ပြီး အစိုးရရဲ့ ဆက်တိုက်ဆွေးနွေး ဆုံးဖြတ်မှု ပြီးသွားတဲ့နောက်မှာ ဒီနေရာကို မင်းအတွက် လွပ်လွပ်လပ်လပ် အသုံးပြုဖို့ ဆုံးဖြတ်ပေးလိုက်တယ်။ နေရာက ကန့်သတ်ချက် မရှိဘူး”

“ဥပမာ အနေနဲ့ မင်းမှာ တိရိစ္ဆာန်အမျိုးအစား ဆယ်မျိုးပြည့်သွားရင် စိုက်ပျိုးယာခင်းမြေ အရွယ်အစားရှိတဲ့ နေရာကြီးကို မင်းက ဆောက်လုပ်နိုင်တယ်။ အမျိုးအစား ငါးဆယ်ပြည့်သွားရင် သေးငယ်တဲ့ မြက်ခင်းလွင်ပြင်နယ်မြေလေးကို ဆောက်လုပ်နိုင်ပြီ။ မရေမတွက်နိုင်တဲ့ တိရိစ္ဆာန်တွေကို ပိုင်ဆိုင်နိုင်မယ်ဆိုရင်တော့ ဒီတောင်တန်း တစ်ခုလုံးက မင်းအတွက်ပဲ”

“ဒါပေမယ့် ချင်တုအစိုးရမှာ တောင်းဆိုချက် တစ်ခုပဲရှိတယ်”

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ချင်တုဆီကနေ အဝေးကို ရွှေ့သွားလို့ မရဘူး။ အနာဂတ်မှာ မင်းရဲ့ တိရိစ္ဆာန်ရုံကြီးက ဘယ်လိုပဲ ကြီးလာ ကြီးလာ အစိုးရက မင်းကို သေချာပေါက် ကျေနပ်အောင် လုပ်ပေးမယ်။ လီရှန်းတောင်က မလုံလောက်ရင် ငါတို့မှာ ချင်းလင်တောင်လဲ ရှိနေသေးတယ်။ တိရိစ္ဆာန်တွေ လုံလောက်အောင် ရှိနေသမျှ နေရာက ပြဿနာမရှိဘူး”

ထိုသို့ပြော၍ ပြီးသွားသည့်နောက် မြို့တော်ဝန်ဝန်က အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် အရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။

ဒါက သူတို့ပေးနိုင်တဲ့ အကောင်းဆုံး အခြေအနေ ဖြစ်နေသော်လည်း အလားတူစွာပင် ထိုတိရိစ္ဆာန်များကသာ လီရှန်းရှုခင်းတည်နေရာတွင် ပေါ်ထွက်လာပါက ချင်တုစီးပွားရေး တစ်ခုလုံးက မြင့်တက်သွားမည် ဖြစ်သည်။ ထို့ကြောင့် မရေမတွက်နိုင်သော လူပေါင်းများစွာဖြင့် မဖြေရှင်းနိုင်သည့် ပြဿနာကိုလည်း ဖြေရှင်းနိုင်ဦးမည် ဖြစ်သည်။ ထို့အပြင် _ _ _

ချင်တုက တရုတ်ပြည်တပြည်လုံး၏ အစစ်အမှန် သားရဲ တိရစ္ဆာန်များ ရှိရာ မြို့တော်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ တစ်ကမ္ဘာလုံးတွင် ပထမဦးဆုံး နေရာတစ်ခု ဖြစ်သွားနိုင်သည်။

( 8:32 ) က‌ သေးငယ်သော်လည်း သူက ထိုမြင်ကွင်းအကြောင်း တွေးမိတိုင်း အချိန်တိုင်းလိုလို မြို့တော်ဝန်ဝမ်၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာရသည်။

သို့ရာတွင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက အဝေးသို့ ရွှေ့ပြောင်းလိုသည့် ဆန္ဒပြလာလျှင်မူ အခြားသော စီရင်စုများနှင့် မြို့များကလည်း ‌သေချာပေါက် ကမ်းလှမ်းလာပေလိမ့်မည်။ သူတို့ကလည်း ယခု သူတို့ဘက်က ပေးနိုင်သော ပမာဏထက် ပိုများသော အကျိုးအမြတ်မျကို ထုတ်ပေးနိုင်လောက်သည်။

“ဒါပဲလား”

ဆုပိုင်က စာချုပ်ကို ပြန်ကြည့်သည်။ ထို့နောက် ကျောက်တုံးအောက်ဘက်တွင် ရှိသည့် ရွှေမြွေကို ငုံံ့ကိုင်းကာ ပွေ့ချီလိုက်ရင်း ပြုံးကာ ပြောသည်။

“ရပါတယ် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ချင်တုကနေ မရွှေ့သွားပါဘူး။ ဒါပေမယ့် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ဘယ်လိုလုပ်မလဲ။ အစိုးရက စီမံခန့်ခွဲမှုတွေကို ဝင်ပါမှာတော့ မဟုတ်ဘူးမလား”

“ဒီအတွက်နဲ့ ပက်သက်ပြီး မစိုးရိမ်ပါနဲ့။ အစိုးရက ဘယ်တော့မှ ဝင်မပါပါဘူး။ ဌာနတွေ အားလုံးကလည်း ပူးပေါင်းပေးမှာပါ”

“နောက်ပိုင်းမှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက လီချန်းမှာ တည်ဆောက်ပြီးတာနဲ့ အစိုးရက သွားလာရေး အဆင်ပြေဖို့ ဘက်စ်ကား တိုက်ရိုက်လမ်းကြောင်းတွေ၊ ရထားလမ်းတွေကို ဖောက်ပေးဦးမှာပါ။ နောက်ပိုင်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကိုလည်း အလကား ကြေငြာပေးဦးမှာပါ။ ဒီလိုနဲ့ တရုတ်နိုင်ငံ ဒါမှမဟုတ် တကမ္ဘာလုံးမှာ အကြီးဆုံး အစစ်အမှန် တောရိုင်း တိရိစ္ဆာန်နယ်မြေကြီးအဖြစ် ပြောင်းလဲပေးမှာပါ”

မြို့တော်ဝန်၏ စကားများကို နားထောင်ရင်း ဆုပိုင်က ဘောပင်ကို ကောက်ကိုင်လိုက်ကာ တဖြည်းဖြည်းချင်း လက်မှတ်ထိုးလိုက်သည်။

++++

အပိုင်း(၃၉)

မြို့တော်ဝန်ဝမ်နှင့် အခြားသော သူများကို လိုက်ပို့ပြီးနောက် ဆုပိုင်က ရုံးခန်းထဲတွင် ထိုင်ကာ အတွေးနက်သွားသည်။

ဒါက win win အခြေအနေပဲ။

ဒါပေမယ့် ပြဿနာတစ်ခု ရှိနေသေးသည်။

သူက အကန့်အသတ်မဲ့သည့် တိရိစ္ဆာန်များကို ကယ်ဆယ်နိုင်သည်။ သူက တာဝန်ကို ပြီးမြောက် အောင်မြင်သမျှ အတိတ်မှ ဒိုင်နိုင်ဆောများကိုပင် ကယ်ဆယ်နိုင်လေသည်။ သို့သော် လီချန်းရှုခင်းကြည့်နေရာတွင် ထိုတိရိစ္ဆာန်များ အားလုံးကို လွှတ်ထားခြင်းက မဖြစ်နိုင်သေးချေ။

မည်သို့ပင်ဆိုစေ ဒိုင်နိုဆောနှင့် အခြားသော မဟာသားရဲကြီးများကို တူညီသော ပန်းတိုင်တစ်ခုအတွင်း ထည့်ထားလျက် သာမာန် တိရိစ္ဆာန်များနှင့် အတူထား၍ မရချေ။ ထိုသို့ဆိုလျှင် သိပ်မကြာခင် ထိုတိရိစ္ဆာန်များက စားသောက်ခံရပေလိမ့်မည်။

ပို၍ဆိုးသည်မှာ အနာဂတ်တွင် ရေနေသတ္တဝါများက ရောက်လာပေလိမ့်မည်။ ကြီးမားသည့် ငါးပြတိုက်ကြီးကိုလည်း တည်ဆောက်ရန် လိုအပ်နေသေးသည်။ ငါးပြတိုက်က နယ်မြေအများကြီး လိုအပ်နေလေသည်။

သို့ရာတွင် အစိုးရကသာ မရေမတွက်နိုင်သော နယ်မြေပေါင်းများစွာကို ပေးရန်ဆန္ဒရှိစေမူ ဆုပိုင်ကလည်း အလက်လွတ်ခံလိမ့်မည် မဟုတ်ချေ။

“ဟူး”

သူက သက်ပြင်းရှည်ကြီးကို ချသည်။

“အခု အရေးတကြီး လုပ်ရမယ့် တာဝန်နှစ်ခု ရှိတယ်။ ငါတို့တွေ တိရိစ္ဆာန်အမျိုးအစား ဆယ်မျိုးပြည့်အောင် လုပ်ရမယ်။ အဲ့ဒီနောက် တိရိစ္ဆာန်ရုံအသစ်တစ်ခုကို တည်ဆောက်ရမယ်။ အဲ့ဒီနောက်မှာ မွေးမြူလို့ရတဲ့ တိရိစ္ဆာန်တွေကိုလည်း ရီဖက်ရှ်ဖြစ်လာဖို့ မျှော်လင့်ရတာပဲ။ အဲ့ဒီလိုမှ မဟုတ်ရင် ပျားရည်ခွေးတူဝက်တူတွေနဲ့ ရွှေမြွေတွေက သိပ်မကြာခင် ငတ်ပြီး သေသွားလိမ့်မယ်”

ငြီးငြူသံ တစ်ချက်နှင့် ဆုပိုင်က စနစ်၏ဇယားကို ကြည့်ပြီး စစ်ဆေးကြည့်သည်။

နတ်ဘုရားအဆင့် တိရိစ္ဆာန်ရုံစနစ်

Host.. ဆုပိုင်

ခွန်အား.. ၉ ( အရပ်ပုပြီး အားနည်းတယ်”

အမြန်နူန်း.. ၈ (အပျင်းကင်ဆာ နောက်ဆုံးအဆင့်)

စိတ်စွမ်းအား..၁၄ (တိုးတက်လာတဲ့ ဦးနှောက်)

အံ့အားသင့်မှု အမှတ်.. ၁၃၃၃၄၃

{လက်ရှိ တိရိစ္ဆာန်ရုံရဲ့ နယ်မြေက စတုရန်းမီတာ နှစ်ထောင်ဝန်းကျင်ရှိပါတယ်။

လက်ရှိတိရိစ္ဆာန်.. ၄ကောင်}

ပြန်လည်ကယ်တင် တာဝန်အချို့လုပ်ဆောင်ပြီးနောက် ဆုပိုင်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အများကြီး တိုးတက်လာတယ်။ အထူးသဖြင့် ပျားရည်ခွေးတူဝက်တူ၏ တာဝန်ကို လုပ်ဆောင်ခဲ့ပြီးနောက် သူက နှစ်မှတ်ပင် ထပ်ရသေးသည်။ ဆုပိုင်ကသာ ထိုအခြေအနေကို ပြန်လည် ကြုံတွေ့ရမည်ဆိုလျှင် သူ့အနေဖြင့် ပို၍လွယ်သူသွားလောက်သည်။

ဒါတောင် တာဝန်က လေးခုပဲ လုပ်ရသေးတယ်။ နောက်ပိုင်း တစ်ထောင်ကျော် လုပ်ပြီးသွားခဲ့ရင် ဘယ်လိုဖြစ်မှာလဲ။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်းမှုအားက _ _ _ “ဟစ် အခုတောင်မှ တော်တော်လေး ကြောက်ဖို့ကောင်းနေပြီ”

အံ့အားသင့်မှု အမှတ်များက တစ်သိန်းသုံးသောင်းအထိ ရရှိသွားသည်။

ဆုပိုင်က အစိုးရအား သဘောတူခဲ့သည့် အဓိက အချက်ကမူ အံ့အားသင့်မှု အမှတ်များကို များများလိုချင်ခြင်း ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု မရှိသော အခြေအနေမျိုးတွင် လက်ရှိကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှ ရနိုင်သော အမှတ်က တပတ်လျှင် တစ်သိန်းဖြစ်သည်။

တိရိစ္ဆာန် အပိုင်းအစများက ပို၍များပြားသော အမှတ်များကို လိုအပ်လာပေလိမ့်မည်။ ယခုအခြေအနေနူန်းအရ အလွန်အမင်း နှေးကွေးလွန်းနေသေးသည်။

ပို၍ကြီးမားသော ဥယာဉ်ရှိမည်ဆိုလျှင် လာရောက်လည်ပတ်သူကလည်း ပို၍များပြားနိုင်သည်။ ထိုအခါ ရရှိမည့် အံ့အားသင့်မှုအမှတ်၏ အရေအတွက်က ပို၍များပြား၍ ပို၍မြန်ဆန်နိုင်သေးသည်။ တိရိစ္ဆာန်များကို ကယ်ဆယ်သည့် အရှိန်နူန်းကလည်း ပိုမြန်သွားပေလိမ့်မည်။

ထိုအခြေအနေက ဆုပိုင် အလောတကြီး လိုအပ်နေသည့် အခြေအနေ ဖြစ်သည်။

တိရိစ္ဆာန်များ အားလုံးကို အမြန်ဆုံး ကယ်ဆယ်ရမည် ဖြစ်သည်။ ထို့နောက် ဒိုင်နိုဆောပန်းခြံကို တဖြည်းဖြည်းချင်း တည်ဆောက်ရမည် ဖြစ်သည်။ နောက်ပိုင်းဆိုလျှင်လည်း သူ ယခင်က ရီဖရက်ရှ် မရသေးသော တိရိစ္ဆာန်အသစ်များကို ရရှိရန် မျှော်လင့်သည်။

ဆုပိုင်က မောလ်အတွင်းသို့ ဝင်ရောက်ပြီး ကြည့်လိုက်သည့်အချိန်တွင် စာရင်းက တစ်ဖန်ပြန်လည် အားလုံးက ရီဖရက်ရှ် ဖြစ်သွားကြောင်း မြင်လိုက်ရသည်။ သို့သော် သူကိုယ်တိုင်ကမူ ဆွံ့အနေသေးသည်။

{တိရိစ္ဆာန်အပိုင်းအစ မောလ်}

ဂေါ်ဇီလာအပိုင်းအစ (အီးပစ် အပိုင်းအစ ဆယ်ပိုင်း စုဆောင်းရရှိပြီးမှ တာဝန်ကို အသက်သွင်းနိုင်ပါမယ်) အံအားသင့်မှု အမှတ် တစ်ဘီလီယံနဲ့ လဲလှယ်နိုင်ပါတယ်။

MOAအပိုင်းအစ ..အံအားသင့်မှုအမှတ် တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ပန်းကယ်ကျားဖြူ .. အံအားသင့်မှုအမှတ် နှစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်။

အာရှဆင် .. အံအားသင့်မှုအမှတ် တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်။

စစ်ဘားရီးယန်း ဟက်စကီး .. အံအားသင့်မှုအမှတ် ငါးသောင်းနဲ့ လဲလှယ်နိုင်ပါတယ်။(သတိထား)

ချီဝါးမောင် အပိုင်းအစ .. အံအားသင့်မှုအမှတ် တစ်သောင်းနဲ့ လဲလှယ်နိုင်ပါတယ်။

…

ဆုပိုင်ကို အံ့ဩစေသော ကိစ္စက ဂေါ်ဇီလာ အပိုင်းအစက ကြီးလာခြင်း ဖြစ်သည်။ ဈေးက မှင်သက်ဖွယ်ကောင်းသော်လည်း အခြားစကားဖြင့် ဆိုရသော် ဒီမောလ်တစ်ခုလုံးတွင် တိရိစ္ဆာန်တိုင်းကို လဲလှယ်၍ ရလောက်သည်။

ထို့အပြင် မကောင်းဆိုးဝါးကဲ့သို့ သတ္တဝါမျိုး၏ အပိုင်းအစကပင် ပါလာသေးသည်။

သို့သော် ဒါက အနာဂတ်၏ ကိစ္စဖြစ်သည်။ လက်ရှိ ပထမဦးဆုံး လုပ်ရမည့် ကိစ္စကမူ တိရိစ္ဆာန်များ၏ အရေအတွက်ကို အမြန်ဆုံး မြှင့်တင်ရန် ဖြစ်သည်။

ရက်စက်သော အခြေအနေကို အမြန်ဆုံး တွေ့ကြုံပြီးနောက် ဆုပိုင်က စီးဘတ်ကြောင် အပိုင်းအစကို အရင် လဲလှယ်လိုက်သည်။ ထို့နောက် မောလ်က တစ်ဖန်ပြန်လည် ရီဖရက်ရှ် ဖြစ်သွားသည်။ အပိုင်းအစ အသစ်များ ထပ်ပေါ်လာ၏။ အားလုံးက အနည်းဆုံး အံ့အားသင့်မှု အမှတ် တစ်သိန်းခန့်ရှိမှ လဲလှယ်နိုင်မည့် အပိုင်းအစများ ဖြစ်နေသည်။

လက်ရှိအခြေအနေအရ အရွက်စားသော အပင်များကိုသာ လဲလှယ်ရန် လိုအပ်နေသဖြင့် ဆုပိုင်က အာရှဆင် အပိုင်းအစကို လဲလှယ်လိုက်သည်။

ထိုဆင်က အလွန်ယဉ်ပါးသော သားရဲဖြစ်သည်။ ထို့အပြင် အလွန်လည်း ကြီးသေး၏။ လက်ရှိ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံထဲတွင် ရှိသမျှထဲ အကြီးဆုံး တိရိစ္ဆာန်ကြီး ဖြစ်လောက်သည်။ ထို့အပြင် ကလေးများကလည်း သဘောကျပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဆင်များနှင့် ဆော့ကစား၍ရသည့် လုပ်ဆောင်မှုပေါင်းများစွာ ရှိလေသည်။

အပိုင်းအစ နှစ်မျိုးကို လဲလှယ်ပြီးနောက် တစ်ဖန်ပြန်လည် ရီဖရက်ရှ် ဖြစ်သွားသည်။ ဒီတစ်ကြိမ်တွင် အနည်းဆုံး အမှတ်ငါးသောင်းခန့်ရှိမှ လဲလှယ်နိုင်မည် ဖြစ်သည်။ ဆုပိုင် စနစ်၏ ဇယားကို ပိတ်လိုက်သည်။ ထို့နောက် ရုံးခန်းထဲမှ ထွက်ပြီး လာရောက်သူများကို ကြိုဆိုလေသည်။

“အိုး “

သူက ရုံးခန်းထဲမှ ထွက်လိုက်သည့် အချိန်တွင် တပိုင်က တိရိစ္ဆာန်ရုံအတွင်း ပတ်ပြေးနေကြောင်း တွေ့လိုက်ရသည်။ နောက်မှလိုက်နေသော ကောင်ကမူ မျက်လုံးများ အစိမ်းရောင် ပြောင်းမတတ် ဖြစ်နေသော ခေါင်းပြားတာ့ကော ဖြစ်သည်။

“ကွက် ကွက် ကွက် “

“မပြေးနဲ့”

သို့ရာတွင် ခေါင်းပြားတာ့ကောက ရက်အနည်းငယ်ကြာအောင် အစာမစားရချေ။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အများကြီး ဆုတ်ယုတ်နေလေရာ သူ၏လိုက်ဖမ်းခြင်း အရှိန်နူန်းက ပြတ်ပြတ်သားသား ထိုးကျသွားသည်။

ဝေါင်း

“လာစမ်းပါ”

တပိုင်က မကြာခဏဆိုသလို နောက်လှည့်ကြည့်သည်။ ထို့နောက် အနောက်မှ အကောင်ကို ကြည့်ကာ အော်သည်။

သူက ရက်အနည်းငယ် လေ့လာဆင်ခြင်ခဲ့ပြီးနောက် တပိုင်က ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုအကောင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အများကြီး လျော့ကနေလေရာ သူ့ကို မယှဉ်နိုင်တော့ချေ။

ဒီနေ့ပဲ။

ငါ တပိုင်က ငါ့ရဲ့အာဏာကို ပြန်အရယူမယ်။

“ကွက် ကွက် ကွက်”

ခေါင်းပြားတာ့ကောက သူ၏အရှေ့ဘက်မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေသော ပန်ဒါကြီးကို ကြည့်သည်။

ထို့နောက် လျှာတစ်လစ်ကို ထုတ်လိုက်ပြီး သူ၏ဒေါသက ငယ်ထိပ်ဆောင့်တက်သွားသည်။

“အား သည်းမခံနိုင်ဘူး”

သူ၏ခွန်အားတိုင်းကို သုံးမိလိုက်သည့်အခါ ခေါင်းပြားတာ့ကော၏ အခြေအနေက ရုတ်ချည်းဆိုသလို ထိုးတက်သွားသည်။

“အိုး”

တပိုင်က ထိုအခြေအနေကို မြင်သောအခါ ထူးဆန်းသော အသံမျိုုးဖြင့် အော်သည်။ ထို့နောက် ချက်ချင်းထလိုက်ပြီး ထွက်ပြေးပြန်သည်။

“ဒီနှစ်ကောင်ကတော့”

ဆုပိုင်က ခေါင်းကိုငုံ့ကာ သူ၏နဖူးကို ပွတ်သည်။ ထိုနောက် ခပ်တိုးတိုး ဆဲရေးလိုက်ပြီးနောက် ခေါင်းပြားတာ့ကော အနောက်သို့ ပြေးလိုက်ရသည်။

“ဝေါင်း”

သူက နောက်မှ အလျင်စလို လိုက်သည်။ အဝေးရှိ တပိုင်က ရပ်တန့်သွားကြောင်း မြင်လိုက်ရပြန်သည်။ အနောက်ဘက်တွင်လည်း မျောက်တိုတစ်အုပ်က ရပ်နေသည်။ သူက အရှေ့မှ ပျားရည်ခွေးတူဝက်တူကို အေးစက်သော မျက်ဝန်းမျိုးဖြင့် ကြည့်နေသည်။

တပိုင်က ကြမ်းတမ်းသော ပုံသဏ္ဌာန်မျိုးဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ တုတ်ခိုင်လုံးဝိုင်းသော ခေါင်းကြီးကို အသာခါကာ ပျားရည်ခွေးတူဝက်တူထံ ခုန်ဝင်လာသည်။

ဘန်း

တိရိစ္ဆာန်နှစ်ကောင်က ထိပ်တိုက်ရင်ဆိုင်ကြသည်။

အစာမစားရသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်တဲ့ ပျားရည်ခွေးတူဝက်တူက သိသာစွာပင် တပိုင်ကို မယှဉ်နိုင်ချေ။ ထိုသို့ဖြင့် တစ်ချက်တည်းနှင့် လွှင့်သွားသည်။

“အိုး”

တပိုင်က သူ၏ဝက်ဝံလက်ကို မြှောက်သည်။ ထို့နောက် ပျားရည်ခွေးတူဝက်တူ၏ ခေါင်းလေးကို ဖိထားပြီး ခေါင်းကို မော့ကာ ထူးဆန်းသော အသံမျိုးဖြင့် အော်သည်။

“မင်းအခု လက်ခံမှာလား လက်မခံဘူးလား”

“အနာဂတ်မှာ ဘယ်သူက ခေါင်းဆောင်ဖြစ်မှာလဲ။ မင်း ငါ့ကို ရိုက်ရဲလား”

သူက ပျားရည်ခွေးတူဝက်တူကို ကြည့်ကာ နှစ်ကြိမ်ခန့် ‌အော်သည်။ နောက်ဆုံးတွင် သူ စောင့်ဆိုင်းနေသည့် အခွင့်အရေးက ရောက်ရှိလာပြီ ဖြစ်သည်။ သူ၏ အဆင့်အတန်းကို ပြန်လည် ရယူရမည် ဖြစ်သည်။

“မင်း ငါ့ရဲ့မင်းသမီးလေးကို ထပ်ပြီး မရှာရဘူး။ နားလည်လား”

ပျားရည်ခွေးတူဝက်တူက မြေပြင်တွင် အဖိခံထားရသည်။ သူက ဘာစကားမှ မပြောပေ။ သို့သော် မျက်ဝန်းကမူ အေးစက်လာသည်။

ဖြန်း

တပိုင်က မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီး ဒေါသတကြီး အော်သည်။

“ဘာလဲ လက်မခံသေးဘူးလား။ မင်းမှာ စွမ်းရည်ရှိရင်_ _ _”

“ဂါး”

ရုတ်တရက် အောက်ဘက်ရှိ ပျားရည်ခွေးတူဝက်တူက ရုတ်ချည်း ခုန်ထလာသည်။ ထို့နောက် သူ၏ဝမ်းဗိုက်အောက်မှ ချောထွက်သွားပြီးနောက် ကြီးမား ဖြူဖွေးကာ လုံးဝန်းသည့် အမြှီးပေါက်ရာ တင်ပါးကြီးကို ကိုက်သည်။

“အိုး”

“တအားနာတယ် ငါ့ကို ကူညီကြပါ”

တပိုင်က အသားကုန် အော်သည်။ မြေပြင်တွင် မောက်ခုံလေး လှဲသွားပြီးနောက် ဆက်တိုက် လိမ့်နေသည်။

“တပိုင်”

အဝေးမှ ဘေဘီ၏ အသံက ထွက်လာသည်။ တပိုင် ချက်ချင်း ထရပ်လိုက်ပြီး ကောင်မလေးကို ကြည့်သည်။

“ဝူး ဝူး”

သူက နောက်သို့ ပြန်လှည့်ပြီး သူ၏အသားများ ပြည့်ဖောင်းနေသော လက်ကြီးဖြင့် ပျားရည်ခွေးတူဝက်တူကို ထိုးကာ အော်သည်။

“ဒီကောင် ငါ့ကို ရိုက်တယ်”

“ဟဟ”

ဆုပိုင်က အနားသို့သွားပြီး လှောင်သည်။ ထို့နောက် စီးထားသော ဖိနပ်ပါးကို ချွတ်လိုက်သည်။

“မင်းတို့နှစ်ကောင် လာစမ်း”

သူက ဖြူဖွေးနေသော ပန်ဒါကြီး၏ နားရွက်ကို ကောက်ဆွဲလိုက်သည်။ ထို့နောက် မြက်ခင်းပေါ်တွင် ရှိသော ကျောက်တုံးခုံစောင်လေးနားသို့ သွားသည်။

တော်တော်လေးကို အာဏာပြချင်နေတာပဲ ဟုတ်လား။

သူ တိရိစ္ဆာန်တွေကို မြန်မြန် စုစည်းပြီး ဥယာဉ်ကို ကြီးအောင် လုပ်မှ ဖြစ်တော့မှာပါ။ ဒီနှစ်ကောင်ကို မခွဲထားနိုင်ရင် သူ နေ့ရက်ကောင်းတွေကို ပိုင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူး။

All Chapters