← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အပိုင်း(၄၀)

“ဒီနေရာလား”

ညလယ်အချိန် ဖြစ်သဖြင့် လရောင်က ဆုပိုင်၏ အရိပ်ကို ရှည်ထွက်သွားစေသည်။ ဆုပိုင် ပထမဦးဆုံး ရွေးနိုင်သော အရာက ချီဟွားမောင် အပိုင်းအစ တာဝန်ဖြစ်သည်။

သို့ရာတွင် မမျှော်လင့်ထားသည်မှာ ထိုတာဝန်က သူ့အား မြို့တစ်မြို့သို့ ပို့လိုက်သည်။ သို့သော် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများကို ကြည့်ရုံနှင့် ဒါဟာ ရှေးခတ်ကာလမှ ကိုယ်ပိုင်အိမ်များနှင့် တူကြောင်း သိလိုက်ရသည်။

ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိသော အိုဟောင်းသော တိုင်များနှင့် အမိုးအိမ်များ၊ သေးငယ်သော ခြံဝန်းလေးများကို မြင်နိုင်သည်။

သူ၏ အနီးစပ်ဆုံး အိမ်ရှိရာ ခြံဝန်းအတွင်းတွင်မူ စိုက်ပျိုးထားသည့် စားပင်များစွာကို မြင်ရသည်။

{ရက်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ တင်ဆက်သူ နောက်ဆုံးတော့ ပြန်လည်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြီပေါ့။ ဒါပေမယ့် ဒီနေရာက _ _ _ }

{ဟစ် ဘာလို့ အရင်ခေတ်က အုတ်အိမ်တွေနဲ့ တူနေတာလဲ။ ငါ မှတ်မိတာ မှန်နေမယ်ဆိုရင် ငါ့ရဲ့အိမ်မှာလည်း ဓာတ်ပုံတွေ ရှိသေးတယ်။ ငါ့အဖိုးရဲ့ ဦးလေးခေတ်ကပေါ့။ ငါ့ ယောက္ခမရဲ့ အဖေက ဒီလိုအိမ်မျိုးမှာနေခဲ့ဖူးတယ်။ ဒါက ရှေးခေတ်အချိန်ကထက်တောင် အိုဟောင်းနေသေးတယ်}

{တင်ဆက်သူ ဒီလိုနေရာကို ဘယ်နေရာကတောင် သွားရှာထားတာလဲ။ တအား ဆွဲဆောင်မှု ပြင်းတယ်။ နောက်ပြီး ဒီလိုသေးငယ်တဲ့ လယ်သမား အိမ်လေးတွေအပြင် အိမ်ရှေ့မှာ စားပင်သီးပင်တွေကိုလည်း စိုက်ထားသေးတယ်။ တော်တော်လေးကို နေချင်စရာကောင်းသေးတဲ့ ဘဝလေးပဲ}

{ဟုတ်တယ်။ ဒီလိုအိမ်တွေမှာ ကြောင်နှစ်ကောင်၊ ခွေးနှစ်ကောင်လောက်တော့ မွေးဖွားတတ်လိုကြတယ်။ ကျွတ် ကျွတ် ကျွတ် တကယ်ကို မနာလို ကြီးစရာပါပဲ}

{အိုး ဟုတ်သားပဲ။ ကြောင် မပြောနဲ့ ငါ့ရဲ့ရှေ့မှာ ကြွက်တစ်ကောင် ရှိနေရင်တောင်မှ ငါသူ့ကို ဖက်ဖို့စောင့်နိုင်တော့မှာ မဟုတ်ဘူး}

{အပေါ်ထပ်က တစ်ယောက် ငါ မင်းကို သတိပေးပါရစေ။ ငါက စာကြည့်တိုက်မှာ ခဏခဏ စာသွားဖတ်နေကြဆိုတော့ ကြွက်တွေက အပေါက်ဖောက်ရတာကို ကြိုက်တယ်လို့ သိရတယ်။ ဒီတော့ သတိထားပါ}

{အာ ဟား ဟား ဟား သူက အမျိုးသားထင်တယ်။ သူသာ အပေါက်ဖောက်ခံရရင် ဘယ်နေရာကို ဖောက်ခံရလောက်လဲ}

…

သိပ်မကြာခင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ကွန့်မန့်က ပို၍ပင်‌ ကောက်ကွေးသွားသည်။ ဆုပိုင်က တစ်ချက်ကြည့်ပြီး ပြုံးရယ်နေ၏။ ထို့နောက် အရှေ့သို့ ဆက်သွားသည်။

“ဝု ဝု ဝု”

ရုတ်တရက် အဝေးတစ်နေရာရှိ တံခါးအတွင်းမှ ကြမ်းတမ်းခက်ထန်သော ခွေးနက်တစ်ကောင်က ခုန်ထွက်လာပြီး ဆုပိုင်ကို ဟောင်သည်။

“ဟင် ငါ ကြောက်လို့သေတော့မယ်”

ဆုပိုင်က ခွေးကို ပြုံးပြရယ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။

“အိုး”

အနက်ရောင်ခွေးလေးက အမြှီးကို ခြေထောက်ကြား ညှပ်ပြီး နောက်ဆုတ်သွားသည်။

“တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက မိတ်ဆွေတွေ မင်းတို့ အနာဂတ်မှာ ဒီလိုတိရိစ္ဆာန်မျိုးကို ‌တွေ့ရရင် ဆောင့်ကြောင့်လေး ထိုင်ပြီး ငါလုပ်သလို ကျောက်တုံးလေး ကောက်ယူချင်သလို ဟန်ဆောင်လိုက်။ ဒီလိုဆိုရင် သူက ကြောက်ပြီး ထွက်ပြေးသွားလိမ့်မယ်။ ဒါပေမယ့် ဒါက အခွင့်အရေး ရှိမှပါ။ အလွယ်တကူတော့ မစမ်းကြည့်သင့်ဘူး”

ဆုပိုင်က ကြင်နာစွာဖြင့် သတိပေးသည်။ သို့သော်

{အား ဟား ဟား ချီကုန်ကုန်က ကြွားနေတာ။ အဲ့ဒီမှာ တကယ်ရှိတာလား}

{ငါ အခုလေးတင် ဆောင့်ကြောင့်ထိုင်လိုက်တာ။ ငါ့ရဲ့အိမ်က စက်ရုပ်ခွေးက ကွဲကြေသွားတယ်။ ကြည့်ရတာ တကယ်အသုံးဝင်တဲ့ပုံပဲ}

{ငါ့ဆီမှာလည်း ကျောက်တုံး အများကြီး ရှိပါတယ်။ ဒါပေမယ့် ခွေးက ဘယ်မှာလဲ။ ခွေးက ဘယ်မှာလဲ}

…

လူတစ်အုပ်က ခါးသီးစွာ ရယ်နေကြပြီး ဆုပိုင်ကို စနေကြသည်။ ဒီနေ့ခေတ် အသိုင်းအဝိုင်းတွင် တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားပြီးသား ဖြစ်သည်။ ထို့ကြောင့် မည်သည့်ခွေးမှ မရှိတော့ပါချေ။

“အား ကောင်းပြီလေ။ ငါ့တို့ရဲ့ ဒီနေ့တာဝန်က ဒီစီးဘတ်ကြောင်ကို ကယ်တင်ဖို့ပဲ။ စီးဘတ်ကြောင်ဆိုတာက အမဲနဲ့ မီးခိုရောင် အစည်းကြားတွေပါတယ်။ ဝမ်းဗိုက်ကတော့ ဖြူတယ်။ စီးဘတ်ကြောင်တွေက ရှေးခေတ် တရုတ်နိုင်ငံမှာ အရေအတွက် အများဆုံး ကြောင်မျိုးနွယ်ပေါ့”

ဆုပိုင်က ကို့ရိုကားယား ဖြစ်သလို ပြုံးလိုက်ပြီး သူရဲ့တာဝန်အကြောင်းကို ရှင်းပြလိုက်သည်။

“စီးဘတ်ကြောင်တွေက သဘာဝအလျောက် နေထိုင်ကြတာ။ ပုံမှန်အားဖြင့် မွေးရလွယ်ပါတယ်။ နောက်ပြီး သူတို့က ပြင်းထန်တဲ့ ကြွက်ဖမ်းနိုင်စွမ်းရည်လည်း ရှိသေးတယ်။ ဒါပေမယ့် ဒီလိုကြောင်မျိုးတွေက ပတ်ဝန်းကျင် အပြောင်းအလဲကို တော်တော်လေး အထိမခံ ဖြစ်တယ်။ ဒါကြောင့် ပိုင်ရှင် ပြောင်းသွားတဲ့အခါ ကြောင်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ်”

“အရွယ်ရောက်ပြီး စီးဘတ်ကြောင်တွေက လူသားတွေနဲ့ အများကြီး မဆော့ချင်ကြတော့ဘူး။ ဒါပေမယ့် စီးဘတ်ကြောင်တွေက သူတို့ရဲ့ သခင်ကိုတော့ တော်တော်လေး သစ္စာရှိတယ်။ နောက်ပြီး မျိုးရိုးကောင်းတယ်။ သူက လမ်းလျှောက်ပြီး ထိုသို့ပြောနေလိုက်သည်။ ဆုပိုင်က ရွာ၏အလယ်သို့ ခပ်မြန်မြန် ရောက်သွား၏။

သိပ်မဝေးသော နေရာတွင်လည်း အိမ်တစ်အိမ်၏ရှေ့ မြေကွက်လပ်ကို မြင်ရသည်။ လူအိုကြီးများက အတူထိုင်ကာ အိမ်တွင်းရေးရာ အကြောင်းအရာများကို ပြောနေကြသည်။

“လူအိုကြီး”

ဆုပိုင်က အနားသို့ လျှောက်သွားပြီး လူအိုကြီးတစ်အုပ်ကို ပြုံးကြည့်ကာ မေးလိုက်သည်။

“ဒီနေရာမှာ ကြောင်မွေးထားတဲ့ အိမ်များ မရှိဘူးလား”

“ကောင်လေး မင်းက ဘာလုပ်ချင်လို့လဲ”

“အဖြူရောင် ချွေးစိုခံရှပ်ကို ဝတ်ထားပြီး လက်ထဲတွင် ကောက်ရိုးယပ်တောင်လေးကို ကိုင်ထားသည့် လူက ခေါင်းမော့ပြီး ထူးဆန်းသော မျက်နှာလေးဖြင့် မေးသည်။

“အား ကျွန်တော်က စီးဘတ်ကြောင် မွေးချင်တာပါ။ တကယ်လို့ ဒီရွာမှာ တကောင်လောက် ရှိမလားလို့ သိချင်လို့ပါ။ အခုတလော ကျွန်တော်တို့ရဲ့အိမ်က ကြွက်တွေ တော်တော်လေးကို ဆိုးနေတာလေ”

ဆုပိုင်က တစ်ခဏခန့် တွေးတောပြီးနောက် အကြောင်းပြချက်ကို ရှာလိုက်သည်။

ခေါင်းပြားတာ့ကော၏ တာဝန်တွင် ဆုပိုင်က တာဝန်တိုင်းက ကယ်ဆယ်သည့် တာဝန် မဟုတ်ကြောင်း နားလည်ထားသည်။ ဒီတစ်ကြိမ်တွင်လည်း ထိုစီးဘတ်ကြောင်က ကယ်ဆယ်သည့် တာဝန် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ယခင်အတိတ်ကာလတွင် ကြောင်မွေးသော အိမ်က အလွန်များပြားပေသည်။ ထို့အပြင် ဒီတာဝန်ရှိသော နေရာက ရွာဖြစ်နေသည်။ ထို့ကြောင့် တောရိုင်းကြောင် အများကြီး မရှိလောက်ချေ။

“ဆို‌တော့ ဒီလိုကိုး”

လူအိုကြီးက မျက်မှောင်ကျုံ့ပြီး ခေါင်းညိတ်သည်။

“အမျိုးသမီးမာရဲ့ အိမ်မှာ ကြောင်တွေ အများကြီး ရှိတယ် မဟုတ်လား။ ကောင်လေး မင်း အဲ့ဒီကို သွားမေးကြည့်ကြည့်လေ”

အခြားတစ်ဖက်ခြမ်းတွင် ထိုင်နေသာ အဖွားအိုကြီးက ပြုံးလျက်ပြောသည်။

“ဒါပေမယ့် အမျိုးသမီးမာက စိတ်သဘောထား ဆိုးတယ်။ မင်းကို ကြောင် မရောင်းလောက်ဘူး။ တို့တွေ ရွာမှာ ကြောင်တအားနည်းတာကို။ စီးဘတ်ကြောင်ဆိုရင် ပိုဆိုးသေးတယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေက ပါရှန်းကြောင်တွေလောက်ကိုပဲ မွေးချင်ကြတော့တာကို။ တို့လို အဖွားကြီးတွေက ဒီအကြောင်းအရာတွေကို နားမလည်ပါဘူး။ ကောင်လေး မင်း ဘာလို့ အဖွားမာရဲ့အိမ်ကို သွားပြီး တစ်ချက် မကြည့်ကြည့်တာလဲ”

“မပြောနဲ့ဦး။ အဖွားမာက တစ်ချိန်လုံး အပြင်ဘက်က တောရိုင်းကြောင်တွေကို ခေါ်ခေါ်လာတာ မဟုတ်လား။ သူမက ဘာရောဂါ ဖြစ်နေမှန်း မသိပါဘူး”

“အခုတလော အပြင်ထွက်တာကိုလည်း မတွေ့ရဘူး။ ဒါပေမယ့် သူမက တော်တော်လေး ဆင်းရဲတယ်။ ခင်ပွန်းဖြစ်သူ သေသွားပြီးတဲ့နောက်မှာ ကလေးတွေကလည်း ပြန်လာမကြည့်ကြဘူးလေ။ အဖွားကြီးတစ်ယောက်တည်းကိုပဲ အိမ်မှာထားထားတာ သနားစရာပဲ”

“ကောင်းပြီ ကောင်းပြီ ပြောမနေနဲ့တော့”

နောက်ပိုင်းတွင် အရင်ဦးဆုံး မေးမြန်းခဲ့သည့် အဖိုးကြီးက ဆူပူလိုက်သည်။ ထို့နောက် ဆုပိုင်ကို လှည့်ကြည့်သည်။

“ကောင်လေး အမျိုးသမီးမာရဲ့ အိမ်က ရွာအဆုံးနားမှာ ရှိတယ်။ မင်း အဆုံးထိ တောက်လျောက် လျှောက်သွားလိုက်။ သူမရဲ့အိမ်တံခါးမှာ သစ်သားဘေစင်လေး ရှိတယ်။ အဲ့တာ သူမရဲ့အိမ်ပဲ”

“ဒါပေမယ့် မင်း တကယ်ပဲ ကြောင်လိုချင်တာ ဆိုရင်တော့ ပိုက်ဆံလေး နည်းနည်းတော့ ပေးခဲ့လိုက်ပါ။ ဒီအဖွားကြီးက တစ်ယောက်တည်းနေတာ။ သနားဖို့လည်း ကောင်းတယ်။ သူမကို နေ့တိုင်း အဖော်ပြုပေးမယ့် ကြောင်တွေပဲ ရှိရှာတာ”

“ဟုတ်ကဲ့ပါ ပြဿနာ မရှိပါဘူး”

ဆုပိုင်က ကော့တက်စွာ ပြုံးရင်း ကြည့်လိုက်သည်။

ထိုလူကြီးများ ပြောသော စကားအရ ထိုအဖွားကြီးက ကြောင်အများကြီး မွေးထားလောက်သည်။ သို့သော် နေထိုင်မှုဘဝ ဝန်းကျင်အခြေအနေက မကောင်းလောက်ချေ။

ထိုအကြောင်းအရာကို တွေးမိသော် ဆုပိုင်က ရွာသားများကိုလည်း လက်ယမ်းနူတ်ဆက်ပြီးနောက် လရောင်၏ အကူအညီနှင့်အတူ အတွင်းသို့ ဝင်လိုက်သည်။

ငါးမိနစ်လောက် ဆက်လျှောက်ပြီးနောက် ရွာ၏အဆုံးသို့ ရောက်သွားသည်။

သိပ်မဝေးသော နေရာတွင် ရှင်းလင်းသော မြေကွက်တစ်ခုအတွင်း အထီးကျန်စွာ တည်ရှိနေသည့် ခြံဝန်းတစ်ခုကို တွေ့ရသည်။ ဘေးဘက်ခြမ်းတွင်လည်း ကျောက်တုံးစင်လေး တစ်ခုရှိသည်။ ထိုနေရာတွင် အပြာရောင် တောက်ပြောင်နေသည့် သစ်သားဘေစင်တစ်ခုကို တင်ထားသည်။

ဆုပိုင်က သစ်သားဘေစင်အနားသို့ လျှောက်သွားလိုက်သောအခါ‌ ခေါင်းကို ငုံ့ပြီး တစ်ချက်ကြည့်ကြည့်သည်။ အတွင်းထဲတွင် ချေမွထားပုံရသော ပေါင်မုန့်များ ရှိနေသည်။ ပုံသဏ္ဌာန်အရ အနည်းငယ် ချဉ်လောက်လေပြီ။ ဒါက ကြောင်စာကျွေးထားခြင်း ဖြစ်လောက်သည်။

သူက တစ်ဖက်လှည့်ပြီး သစ်သားတံခါးကို ကြည့်သည်။ အပေါ်မှ အနက်ရောင် အမာသားများကပင် ကွာကျနေပြီ ဖြစ်သည်။ တံခါးကို ချည်ထားသော သံမဏိကြိုးကလည်း သံချေးတက်နေပြီ ဖြစ်သည်။

ကျွီ

ဆုပိုင်က ငြင်သာစွာ တွန်းလိုက်သည်။ တံခါးက သော့မခတ်ထားသဖြင့် တိုက်ရိုက်ပင် ပွင့်သွားသည်။ သူ့ရှေ့မှ နောက်ပိုင်း မြင်လိုက်ရသော မြင်ကွင်းကမူ ဆုပိုင်၏ နှလုံးသားကို တင်းကြပ်သွားစေသည်။ အတွင်းတွင် အမှိုက်များ ပြည့်နေသည်။ အမျိုးမျိုးသော အိမ်သုံးအမှိုက်များက ပုံနေသည်။

ပလတ်စတစ်ဘူးများ၊ သံမဏိအဖုံးများ_ _ _ အတိုချုပ် ပြောရသော် ရှေးခေတ်အချိန်ကာလက အမှိုက်ပုံတွင် တွေ့နိုင်သည့် အမှိုက်အမျိုးမျိုးက အဖွားကြီး၏ ခြံဝန်းအတွင်း ပြည့်နေသည်။ ဘေးဘက်ခြမ်းတွင်မူ လူလမ်းလျှောက်နိုင်ရန်အတွက် သေးငယ်သည့် လမ်းကြောင်းလေးကို ချန်ထားပေးလေသည်။

ညှီစို့နံ့ဟောင်သည့် အနံ့က သူ၏မျက်နှာကို လာရိုက်ခတ်သည်။ ဆုပိုင်က မျက်မှောင်ကျုံ့လိုက်မိသည်။

မြှောင် မြှောင် မြှောင်

သူက ခြံဝင်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် နှစ်ဖက်လုံးမှ အိမ်မွေးကြောင် အော်သံများက ထွက်လာသည်။ ပိန်လှီနေကာ ရှုပ်ပွနေသော အမွှေးများနှင့် ကြောင်လေးများက သူ့အား ထရပ်လျက် ကြည့်လာကြသည်။ ကြီးမားလုံးဝန်းသော မျက်လုံးကြီးများက ဆုပိုင်က သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်သည်။

အဟွတ် အဟွတ်

ထိုအချိန်တွင် အခန်းထဲမှ ချောင်းဆိုးသံကို ကြားရသည်။

“ရွာသူကြီး ရွာသူကြီးလား”

“ငါ နှစ်ရက်နေရင် အမှိုက်တွေကို ရှင်းပေးပါ့မယ်”

“ငါ_ _ _ဘန်း”

ထို့နောက် ပြိုလဲကျသံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် ဆုပိုင်၏ မျက်နှာအမူအယာက ပြောင်းလဲသွားပြီး အတွင်းသို့ အလျင်စလို ပြေးဝင်လိုက်သည်။

+++++

အပိုင်း(၄၁)

မြှောင် မြှောင် မြှောင်

အသံကို ကြားရပြီးနောက် အမှိုက်ပုံအတွင်းမှ ကြောင်တစ်အုပ်က အိမ်အတွင်းသို့ (00:10 ) မြန်ဆန်သော အရှိန်နူန်းဖြင့် ပြေးဝင်သွားသည်။ ဆုပိုင်ကလည်း နောက်မှ ခပ်မြန်မြန် လိုက်သည်။

မြေပြင်က မြေသားသာ ဖြစ်သည်။ မီးခိုးရောင်ဆံပင် အဖွားအိုကြီးက မြေပြင်တွင် ပုံလျက်သား လဲနေသည်။ သူမက ထရပ်ရန် ရုန်းကန်နေပုံပေါ်သည်။

ကြောင်များက အဖွားကြီး၏ အဝတ်များကို ကိုက်ဆွဲလျက် ဆွဲထူပေးရန် ကြိုးစားသည်။ သို့သော် _ _ _

ကြောင်လေး၏အားက အဖွားကြီးကို ထူမပေးရန် ခက်ခဲလွန်းနေသည်။

ဆုပိုင်က ခပ်မြန်မြန် ပြေးသွားပြီး ပွေ့ထူပေးလိုက်သည်။ ထို့နောက် အခန်းထဲရှိ မီးကို ဖွင့်သည်။

“မင်းက_ _ _ “

အဖွားကြီးက ယိုယွင်းနေသော သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ပြီး အရှေ့မှ လူငယ်ကို ကြည့်ကာ မျက်မှောင်ကျုံ့ရင်း မေးသည်။

“ဘာတွေဖြစ်နေတာလဲ”

“အဖွားကြီး”

ဆုပိုင်က ငြင်သာစွာ ခေါ်ပြီး မြေပြင်ရှိ ကြောင်လေးများကို ကြည့်သည်။ ထို့နောက် ပြုံးလျက်ပြောသည်။

“ကျွန်တော် စီးဘတ်ကြောင်ကို လာရှာတာပါ။ ဒါပေမယ့် ကျွန်တော် မသိတာက_ _ _ “

“မင်းက ကြောင်ကို ဘာလို့ လာရှာတာလဲ။ ဒီမှာ တောရိုင်းကြောင်တွေပဲ ရှိတယ်။ မင်း သူတို့ကို ရှင်အောင် မွေးနိုင်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားပြီးနောက် အမျိုးသမီးမာ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူမ၏လေသံက အေးစက်လာသည်။ သူမခေါ်လာသည့် ကြောင်တိုင်းက မည်သူမှ မလိုချင်သည့် တောရိုင်းကြောင်များ ဖြစ်ပြီး အများစုက ဒုတ္ခိတဖြစ်လုနီးပါး အနှိပ်စက် ခံထားရသေးသည်။

ဒါကို ဒီနေ့ခေတ် လူငယ်တွေက ဘယ်လိုများ မွေးမှာလဲ။

မဖြစ်နိုင်ဘူး သေချာပေါက် ရွာသူကြီးက သွားရှာထားတာပဲ ဖြစ်ရမယ်။

“မင်းကို ရွာသူကြီးက ရှာလာတာလား”

“ဒီကြောင်တွေ_ _ _ ငါ သူတို့ကို အမြန်ဆုံး ကိုင်တွယ်ပါ့မယ်။ မင်း ငါ့ကို ထပ်ပြီး တွန်းအားပေးမနေပါနဲ့တော့။ ဒီအဖွားကြီးက ရက်အနည်းငယ်လောက် အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး။ အဲ့ဒီနောက် ဒီကြောင်တွေ_ _ _ “

ထိုသို့ပြောပြီးနောက် အမျိုးသမီးမာက တစ်စုံတစ်ရာကို သတိရသွားသလို မျက်ရည်များကို သုတ်သည်။

“ဒီအဖွားကြီးက အိုပြီး ကျန်းမာရေးလည်း မကောင်းပါဘူး။ ဒါပေမယ့် ဒီကြောင်တွေကိုတော့ ဘယ်သူမှ ဂရိုစိုက်ပေးမှာ မဟုတ်ဘူး။ ကောင်လေး ကျေးဇူးပြုပြီး သွားပါတော့။ ငါ ဒီကောင်တွေကို ခေါ်ထားပါ့မယ်။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးပါဘူး”

“အဖွား အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်တော်က ဒီကြောင်တွေကို တကယ်ပဲ ခေါ်သွားချင်စိတ် ရှိတာပါ။ အဖွားက အသက်ကြီးနေပြီလေ။ ကြောင်မွေးဖို့က_ _ _ “

“ထွက်သွားတော့”

ထိုအဖွားမာက လက်ကို ယမ်းသည်။ ထို့နောက် နံရံကို မှီရင်း သစ်သားတုတ်၏ အကူအညီဖြင့် အိမ်ထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားသည်။

“ဟူး”

ဆုပိုက် လေးလံသော သက်ပြင်းကို ချသည်။ ထို့နောက် အတွင်းသို့ ဝင်သွားသော အဖွားကြီးကို ကြည့်ပြီး အံကိုကြိတ်ကာ တဖြည်းဖြည်းချင်း ဆုတ်ခွာလိုက်သည်။

သူက ရွာဝင်ပေါက်သို့ ရောက်သွားသောအခါ တက္ကဆီငှားသည်။

“ဆရာ ကျွန်တော်ကို အကြီးဆုံး စူပါမားကတ်ကို ပို့ပေးပါ”

…

ဆုပိုင် ထွက်သွားပြီး သိပ်မကြာခင် အချိန်တွင် _ _ _

မဲမှောင်သော အခန်းတွင် ခပ်တိုးတိုး ရှိုက်ငိုသံက ထွက်ပေါ်လာသည်။

အမျိုသမီးမာက ကုတင်ဘေးနားတွင် ထိုင်နေသည်။ သူမ လက်ထဲတွင် အိုဟောင်းသော ဓာတ်ပုံတစ်ပုံက ရှိနေ၏။ သူမက ဓာတ်ပုံကို သူမ၏ခြောက်ကပ်ကာ အရေတွန့်နေသည့် လက်ဝါးဖြင့် သုတ်သည်။

“ငါ သိပ်မကြာခင် နင့်ကို လာပြီး အဖော်ပြုပေးနိုင်တော့မှာ”

“ငါတို့ရဲ့ဘဝမှာ အများကြီး ခံစားခဲ့ရပြီးပြီ။ ဒါပေမယ့် အဆုံးသတ်မှာတော့_ _ _ ငါတို့ မသေခင်အချိန်အထိ ဒီကြောင်တွေကို ဂရုစိုက်နိုင်ပါ့မလားဆိုတာကို မသေချာပါဘူး”

“ဒါပေမယ့် ဒီလောက်ပါပဲ။ ငါ သေသွားပြီးတဲ့နောက်မှာ ဒီကြောင်လေးတွေ နေရာကောင်း ရောက်နိုင်ပါ့မလားဆိုတာကို မသိနိုင်ဘူး”

မြှောင်

ရုတ်တရက် မီးခိုးရောင်နှင့် အနက်ရောင် ရောယှက်ထားသော ကြောင်လေးတစ်ကောင်က အိပ်ယာပေါ်သို့ ကုန်းတက်လာသည်။ ထို့နောက် အိပ်ယာဘေးတွင် ထိုင်နေသော အဖွားကြီးအား သူ၏အသိဉာဏ်အပြည့်ရှိသော မျက်ဝန်းမျိုးဖြင့် ကြည့်လာသည်။ အဖွားကြီးကလည်း ဓာတ်ပုံကိုကြည့်ပြီး ငိုချနေကြောင်း မြင်သောအခါ ထိုကြောင်လေးက မြန်ဆန်သော ခြေလှမ်းမျိုးဖြင့် ခုန်ထွက်လာသည်။ သူက ခြံဝင်းထဲသို့ ရောက်လာပြီး အခြားသော ကြောင်တိုင်းကို ခေါ်သည်။

လရောင်အောက်တွင် ကြောင်တစ်အုပ်က လမ်းပေါ်သို့ စတင်ကာ ထွက်ခွာသည်။

အမျိုးသမီးမာက အချိန်တစ်ခု ကြာအောင် ငိုနေသည်။ ထို့နောက် ထိုဓာတ်ပုံကို ချပြီး အိပ်ယာပေါ်တွင် ချကာ ခပ်တိုးတိုး ရွေရွတ်သည်။

“မီ မီ ကြောင်လေး မီ မီ ကြောင်လေး။ လာ လာ လာ စားရအောင်”

“ချန်းအာ ချန်းအာ တစ်ကိုက်လောက် စားလိုက်ပါဦး။ တစ်ကိုက်တည်းပါ”

“ဘယ်လောက်တောင် လိမ္မာလိုက်သလဲ။ ချန်းအာလေးက တော်လိုက်တာ”

ရုတ်တရက် အပြင်ဘက်မှ ကျယ်လောင်သော ဆူညံသံကို ကြားလိုက်ရသည်။ အမျိုးသမီးမာက ခုတင်အစွန်းကို ကိုင်ပြီး တဖြည်းဖြည်းထသည်။ ထို့နောက် အပြင်ဘက်သို့ ကြည့်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယခုလေးတင် တွေ့ခဲ့ရသော လူငယ်ကောင်လေးကို တွေ့လိုက်ရသည်။ သူက လက်အိတ်ဖြူတစ်စုံကို ဝတ်ဆင်ထား၏။ ထို့နောက် အပြင်ဘက်မှ ပစ္စည်းများကို တံခါးအတွင်းသို့ ရွှေ့နေသည်။

“အဟမ်း”

အမျိုးသမီးမာက ချောင်းထပ်ဆိုးရင်း ထရပ်လိုက်သည်။ သူက ခြံဝန်းထဲတွင် ရပ်လျက် သူမ၏အရှေ့မှ အလုပ်များနေသော လူငယ်ကို ကြည့်ကာ မနေနိုင်ပဲ မေးလိုက်မိသည်။

“ကောင်လေး မင်း ဘာလို့ ပြန်လာတာလဲ။ နောက်ပြီး မင်းက _ _ _ “

“ဟား ဟား “

ဆုပိုင်က ရယ်ပြီး အသစ်စက်စက် ယူလာသည့် စောင်ကို ပွေ့ပိုက်လျက် ပြောလိုက်သည်။

“အဖွား ကျွန်တော် ပစ္စည်းအချို့ ဝယ်လာတယ်။ ဒါက အပြင်ဘက်မှာလည်း ကြောင်စာတွေ အများကြီး ပါပါသေးတယ်။ ခဏလေး ကျွန်တော် ခြံဝန်းကို သန့်ရှင်းရေး လုပ်လိုက်မယ်”

“ကြောင်တွေအတွက် အသိုက်ကောင်းတစ်ခုကို တည်ဆောက်ပေးဖို့ လိုအပ်တယ်။ ဒါမှ အချိန်ကျလာတဲ့အခါ အစာကြွေးဖို့ လွယ်မှာလေ”

အရှေ့မှ အဖွားကြီးက ကြောင်များကို ပေးချင်စိတ် မရှိခဲ့ချေ။ ထို့ကြောင့် ဆုပိုင်ကလည်း ဘာမှမတတ်နိုင်တော့ချေ။ သို့သော် အဖွားကြီး၏ နေထိုင်မှုဝန်းကျင်ကို မြင်တွေ့ရပြီးနောက် ဆုပိုင်က ရင်နာရသည်။

ဒီလောက် သနားစရာကောင်းပြီး ဆင်းရဲတဲ့ အဖွားကြီးက ကြောင်တွေ အများကြီးကို ဘယ်လိုကျွေးမွေးနေသလဲ ဆိုတာကို တွေးတောင် မတွေးမိနိုင်ဘူး”

သူမတစ်ယောက်တည်းတောင် ရှင်သန်နေထိုင်ဖို့ ခက်ခဲနေတာ။ နောက်ပြီး ခြံဝန်းထဲမှာ ပေါ်နေတဲ့ အမှိုက်တွေကို ကြည့်ရုံနဲ့တင် သူမရဲ့ပိုက်ဆံ အရင်းအမြစ်ကို သိနိုင်တယ်။

ဆုပိုင်က သူ၏ကျောပိုးအိတ်ထဲမှ ပစ္စည်းတိုင်းကို မြို့ထဲတွင် ရောင်းချပြီးနောက် နေ့စဉ် အသုံးအဆောင်ပစ္စည်းများ အားလုံးကို လဲလှယ်ခဲ့ခြင်း ဖြစ်သည်။

ဒီတာဝန်က ကျရှုံးသွားလျှင်ပင် သူက ထိုအဖွားကြီးနှင့် ထိုအိမ်ခြေရာမဲ့ တောရိုင်းကြောင်များအတွက် တစ်စုံတစ်ရာတော့ လုပ်ပေးနိုင်မည် ဖြစ်သည်။

{ဝူး ဝူး ဝူး}

{ဒီကြောင်တွေက သနားဖို့ ကောင်းလိုက်တာ။ အဖွားကြီးကလည်း သနားဖို့‌ ကောင်းတာပဲ}

{တကယ်မုန်းဖို့ကောင်းတယ်။ မင်းတို မကြားလိုက်ဘူးလား။ ဒီအဖွားကြီးမှာ ကလေးတွေ ရှိတယ်တဲ့။ ဒါပေမယ့် ဘယ်လိုများ မသိတတ်တဲ့ ကလေးတွေ ဖြစ်နေရတာလဲ}

{ဟုတ်တယ် ငါ့အမေရဲ့ ဘဝကလည်း ဒီလိုပဲ။ သူမက သူမရဲ့အမေကို ကြည့်တောင် မကြည့်ခဲ့ဘူးလေ။ သူမက တိရိစ္ဆာန်တစ်ကောင်လိုပဲ}

{သေလိုက်ပါတော့။ ငါတို့သာဆိုရင် ဒီလိုလူမျိုးကို ထောင်ချပြီးပြီ}

{တင်ဆက်သူ တကယ်တော်ပါတယ်။ စီးဘတ်ကြောင်ကို မရှာနိုင်ပေမယ့်လည်း ဒီအဖွားကြီးကို ကူညီပေးနိုင်တာကတင် ငါ့အမြင်တော့ ဒီကြောင်ကို ကယ်ဆယ်တာထက် ပိုပြီးတောင် ခံစားရပါသေးတယ်}

{ငါလည်း ဒီအဖွားကြီးကို ကူညီထောက်ပံ့ပေးချင်တယ် တင်ဆက်သူ ဆက်သွယ်ရမယ့် အချက်အလက်တွေ ချန်ထားပေးခဲ့ပါလား}

…

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူတစ်ဖွဲ့က ဆုပိုင်ထက်ပင် အံ့အားသင့်နေကြသေးသည်။

ယနေ့ သူတို့၏လက်ရှိ လူမှုအသိုင်အဝိုင်းတွင် ဒီလိုကြင်နာမှုမျိုးက မမြင်နိုင်လောက်နီးပါးလောက် ဖြစ်နေလေပြီ။ သို့သော် ရှေးခတ်အချိန်ကာလတွင်မူ ယခုလို သနားစရာကောင်းသော လူအိုကြီးများ ရှိကြောင်း မသိခဲ့ချေ။

မြှောင်

ရုတ်တရက် ခြံဝန်းအပြင်ဘက်မှ ကြောင်သံများက ဆက်တိုက်ထွက်လာသည်။

ဘန်း

တံခါးအပြင်ဘက်မှ သေးငယ်သော ကြောင်လေးတစ်ကောင်က ခုန်ဝင်လာသည်။ သူက နံရံကို ခပ်ကြမ်းကြမ်း ထိမှန်သွားပြီးနောက် မြေပြင်ပေါ်သို့ ထိမှန်သွားကာ ဆက်တိုက်အော်ဟစ်နေသည်။

“သေချင်နေတာပဲ”

ထို့နောက် အပြင်ဘက်မှ အော်ဟစ်သံ ထွက်လာသည်။ နီရဲသော မျက်နှာနှင့် သန်သန်မာမာ အမျိုးသားတစ်ယောက်က ခမ်းနားစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်နှင့်အတူ ဝင်လာသည်။

“ကျွန်မ ရှင့်ကိုပြောမယ်”

အမျိုးသမီးက ဝင်လာပြီးပြီးချင်း အမျိုးသမီးမာ၏ ဝိဉာဉ်ကို လက်ညိုးထိုးကာ အော်သည်။

“ဒီကြောင်တွေ ကျွန်မတို့အိမ်ကို ထပ်လာမယ်ဆိုရင် အားလုံးကို ရိုက်သတ်ပစ်မယ်”

“ကျွန်မအဝတ်က ကုပ်ရာတွေကို ကြည့်စမ်း။ ကျွန်မ ဒါကို ယွမ်တစ်ထောင်တောင် ပေးပြီး ဝယ်ထားရတာ။ ဘယ်လောက် အဖိုးတန်လဲ”

“ဟမ့် အဖွားကြီး နေ့တိုင်း ဒီကြောင်တွေကိုပဲ ထိန်းသိမ်းထားဖို့ သိတယ်။ ဒီ ပုတ်သိုးနေတဲ့ ကြောင်တွေကို ဘာလုပ်မလို့လဲ။ ကျွန်မက ရှင့်ကို ကျွန်မတို့နဲ့အတူ ခေါ်မထားဘူးလို့ မပြောနဲ့နော်။ ဒီလိုကြောင်မျိုးတွေကိုတောင် မခေါ်ထားစေချင်ဘူး”

“တော်ပြီ”

သက်လတ်ပိုင်းလူက အေးစက်စွာ အော်သည်။

ထို့အပြင် အမျိုးသမီးမာကို ကြည့်ပြီး အေးစက်သော မျက်နှာနှင့် ပြောသည်။

“အမေ ဒီကြောင်တွေကို ထပ်ပြီး မခေါ်ခိုင်းပါနဲ့တော့။ ငါက တစ်နေ့လုံး အလုပ်များနေတာ။ ဂရုစိုက်ဖို့ အချိန်ရှိတာ မဟုတ်ဘူး”

“နောက်ပြီး တအားစိတ်ရှုပ်ဖို့ ကောင်းတယ်။ ဒီခြံဝန်းထဲက အနေအထားကို ကြည့်ပါဦး။ ဒီလအတွက် ထောက်ပံ့ကြေးကို ပေးထားပြီးသား မဟုတ်လား။ ဘာလို့ ဒီတောရိုင်းကြောင်တွေကို ကောက်ယူမွေးစားနေတာလဲ”

“သွားပြီ ပြန်ရအောင်”

သူက ထိုသို့ ပြောပြီးနောက်တွင် ထိုအမျိုးသားက ဘေးဘက်ရှိ အမျိုးသမီးကို ကောက်ဆွဲပြီး ထွက်သွားရန် ကြံစည်သည်။

“နေဦး”

ရုတ်တရက် အိမ်အတွင်းဘက်မှ အသံတစ်သံ ထွက်လာသည်။ ဆုပိုင်က ပျက်ယွင်းသော မျက်နှာနှင့် ခုန်ထွက်လာသည်။ ထို့နောက် အရှေ့မှ လူနှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ခပ်မြန်မြန် လျှောက်ကာ မြေပြင်ပေါ်ရှိ စီးဘတ်ကြောင်ကို ကောက်ပွေ့လိုက်သည်။

+++++

အပိုင်း(၄၂)

မြောင်

Raccoon ကြောင်လေးက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လာသည်။ ထို့နောက် ဆုပိုင်ကို သူ၏ အရည်လဲ့နေသော ကြီးမားတောက်ပေသော မျက်ဝန်းမျိုးဖြင့် ကြည့်ကာ နာကျင်သော မျက်နှာထားမျိုး ဖြစ်လာသည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ကြောင်လေးကို ဘေးဘက်ရှိ ကူရှင်လေးပေါ်သို့ တင်ပေးလိုက်သည်။

အမျိုးသားက သူဆီ ခပ်မြန်မြန် လျှောက်လာသည်။ သူ၏မျက်ဝန်းက စူးရှနေသည်။

“မင်းက ဒီအဖွားကြီးရဲ့ သားလား”

“မင်းက ဘာကောင်လဲ။ မင်းကို ဘယ်သူက လာခိုင်းလို့လဲ”

ထိုအမျိုးသားက အရှေ့ရှိ လူငယ်ကို နီရဲနေသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။

“ငါက ဒီအတိုင်း ဖြတ်သွားဖြတ်လာပါ”

“ဒါပေမယ့် တိရိစ္ဆာန်တိုင်းက အသက်ရှိတယ်။ မင်း ဒီလိုလုပ်တဲ့အတွက် အပြစ်မကင်းစိတ်ကို မခံစားရဘူးလား”

“နောက်ပြီး ဒီအဖွားကြီးက ဒီမှာ တစ်ယောက်တည်း နေတယ်။ မင်း မျက်လုံးဖွင့်ပြီး သေချာကြည့်စမ်း။ ဒီခြံဝန်း တစ်ခုလုံးက _ _ _ ဒါ သူမရဲ့ နေထိုင်မှု ဘဝပုံစံပဲ”

ဆုပိုင်က ထိုသို့ပြောသည်။ ထို့နောက် ထိုလူ၏လက်ကို ဆောင့်ဆွဲလိုက်ကာ အိမ်ထဲသို့ ဆွဲခေါ်သွားပြီး မဲတူးနေသော ပေါင်မုန့်နှင့် စားပွဲပေါ်မှ အပိုင်းအစများကို ပြသည်။

“မင်းက ကလေးတစ်ယောက် ဆိုရင်တောင်မှ သူမကို ဒီလိုအစားအစာမျိုး ကျွေးသင့်လား”

“အာ”

“ပြောစမ်းပါ။ ဒီကြောင်တွေက မင်းကို ဘာလို့ လာခေါ်တယ် ထင်တယ်။ အဖွားကြီးက မင်းကို လွမ်းနေတာကြောင့် မဟုတ်ရင် သူတို့က မင်းကို ဘာကြောင့် ခေါ်မယ်ထင်လဲ။ ကြောင်တွေက အရမ်းကျေးဇူး သိတတ်တဲ့သူတွေ။ မင်းက ဘာကောင်လဲ”

သက်လတ်ပိုင်းလူက မှင်သက်သွားသည်။

စားပွဲပေါ်မှ တစ်ဝက်သာ စားထားသော ပေါင်မုန့်တွင် မှိုများ တက်နေလေပြီ။ စားပွဲပေါ်တွင် ရှိသော အမှုန်အမွှားများကလည်း ရှုပ်ပွနေ၏။ သိသာစွာပင် ရက်ပေါင်းများစွာ စားသောက်ခဲ့ခြင်း ဖြစ်လောက်သည်။ အိမ်တစ်အိမ်လုံးကလည်း ရှုပ်ပွနေသည်။ စားပွဲများ၊ ကုလားထိုင်များကလည်း ယိုယွင်းနေလေသည်။ နံရံများပေါ်တွင်လည်း လူလက်သည်းရာ ကုပ်ရာများ ရှိလေသည်။

“မဖြစ်နိုင်ဘူး”

သက်လတ်ပိုင်းလူက ရေရွတ်သည်။ ထို့နောက် သူ၏မျက်နှာက နီရဲသွားပြီး အော်သည်။

“ငါက ဂရုမစိုက်ဘူး ဟုတ်လား။ သူမက နေ့တိုင်းလိုလို ကြောင်တွေ အများကြီး ပေးထားတာ။ ဘယ်လိုများ ဂရုစိုက်ရမှာလဲ”

“နောက်ပြီး ငါက လစဉ်တိုင်း ယွမ်၁၅၀၀ ထောက်ပံ့ကြေး ပေးထားပြီးသား။ ဒီကြောင်တွေကိုပါ ငါက ဘယ်လိုဂရုစိုက်နိုင်မှာလဲ”

“ဖြန်း”

ဆုပိုင်က သူ့ကို ဖြတ်ရိုက်လိုက်သည်။ ထို့နောက် ပိန်ကပ်နေသော ကြောင်တစ်အုပ်ကို ကြည့်ကာ ဒေါသတကြီး အော်သည်။

“ဒီကြောင်တွေကို သေချာကြည့်။ နောက်ပြီး သူတို့စားတဲ့ အစားအစာတွေက အိမ်ရှေ့တံခါး ဘေစင်ထဲမှာ ရှိနေတဲ့ ပေါင်မုန့်ခြမ်းတွေပဲ။ ဒီအဖွားကြီးမှာ ပိုက်ဆံရှိရင် ဒီလို ဖြစ်နေမလား”

“နောက်ပြီး သူ အဖွားကြီးကသာ ပိုက်ဆံရှိနေရင် အဖွားကြီးက အမှိုက်တွေ ကောက်နေမှာလား”

“ခြံဝန်းထဲက အမှိုက်တွေက တစ်နေ့တည်း ကောက်ထားတယ် ထင်လား”

“တော်တော့ တော်ပါတော့”

အဖွားကြီးမာ၏ ခန္ဓာကိုယ်က တစ်ချက် ယိုင်သွားသည်။ ဆုပိုင်က အပြေးသွားကာ သူမကို ထိန်းပေးကာ ဘေးဘက်ရှိ ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းသည်။

“အဖွားကြီး…”

“မဟုတ်သေးဘူး”

သက်လတ်ပိုင်းလူက အနောက်သို့ ပြန်လျှောက်သွားပြီး တောက်ပစွာ ဝတ်ဆင်ထားသော အမျိုးသမီးကို ကြည့်ကာ နီရဲသော မျက်ဝန်းမျိုးဖြင့် ကြည့်ကာ ပြောသည်။

“ငါ့ အမေရဲ့ ထောက်ပံ့ကြေးက ဘယ်မှာလဲ။ နောက်ပြီး မင်းက ဘာလို့ ဒီလို ဝတ်စားထားတာလဲ။ ‌နောက်ပြီး ကြောင်တွေ အများကြီး မွေးထားတယ်လို့ ပြောလို့မရဘူး။ ကြောင်တွေ မွေးထားရင်တောင်မှ အဲ့ဒီပိုက်ဆံက သုံးကုန်သွားစရာ အကြောင်းမရှိဘူး”

“ကွမ်းချန်”

အဖွားကြီးမာက ခေါင်းကို မော့သည်။ သူမက တုန်ယင်စွာ အထဲသို့ ဝင်သွားပြီး သူမ၏လက်မောင်းအတွင်း ညှပ်လာသည့် စာအုပ်တစ်အုပ်ကို သားဖြစ်သူ၏ လက်ထဲသို့ ထိုးထည့်လိုက်ကာ ရိုးသားစွာ ပြောသည်။

“မားကလေ မင်း ငယ်ငယ်က ကျန်းမာရေးမကောင်းပြီး အားနည်းတဲ့ အချိန်မှာ တစ်ရက်လုံး မစားနိုင်တာကို မှတ်မိပြီးတော့ မင်းအဖေက ကြောင်တစ်ကောင် ခေါ်လာခဲ့တယ်”

“အဲ့ဒီနောက် မင်းတို့က အတူတူ စားသောက်ကြတာပဲ။ ကြောင်လေးက တစ်ကိုက်ကိုက်ရင် မင်းက တစ်ကိုက်ကိုက်တယ်”

“မင်းကို များများ ပိုစားစေဖို့အတွက် ငါတို့က ကြောင်လေးကို အများကြီး ပိုကျွေးရတယ်။ အဆုံးမှာတော့ မင်းက ကျန်းမာရေး ကောင်းလာတယ်။ ကြောင်လေးက အစားများပြီး သေသွားတယ်”

“အိုး”

အဖွားကြီးမာက အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ခြံဝန်းထဲရှိ ကြောင်ရိုင်းများကို ကြည့်ကာ ပြောသည်။

“မင်းက ဒီလောက် ကြီးလာပြီ။ ဒီလောက် ကောင်းကောင်း ကြီးပျင်းလာတာက ကြောင်လေးတွေကို ကျေးဇူးတင်ရမှာပဲ။ ဒါပေမယ့် မားက ကြောင်တွေပေါ် အကြွေးတင်တယ်လို့ ခံစားလာရတယ်။ ဒါကြောင့် နောက်ပြီး မားရဲ့ ဦးနှောက်ကလည်း ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ နေ့တိုင်း ညတိုင်းလိုလို မကြာခဏ မှိတ်လိုက်တဲ့ အချိန်တိုင်း မင်းက ကြောင်လေးစားတာကို ထိုင်ကြည့်နေတဲ့ မြင်ကွင်းကိုပဲ မြင်နေရတယ်”

“မားက ဒီ ထောက်ပံ့ကြေးကိုလည်း မလိုပါဘူး။ သားတို့က ကလေးတွေလည်း ပျိုးထောင်ရသေးတယ်၊ အလုပ်လည်း များတယ်ဆိုတာကို လက်ခံပါတယ်။ ဒါကြောင့် မားက ဒါတွေကို ကောက်ပြီး ရှင်သန်နေထိုင်ခဲ့တာပါ”

“မား ပစ္စည်းတွေကို ကောက်ပြီး ရတဲ့ငွေတိုင်းကိုလည်း စုထားပါတယ်။ နောက်ပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ အားလုံးကိုလည်း ရောင်းချထားပြီး ရတဲ့ငွေတွေ အားလုံးကို ထည့်ပေါင်းထားတယ်။ ဒီနေ့ မား ဒါကို ပေးလိုက်မယ်”

“အခုက စပြီး ဒီနေရာကို မလာပါနဲ့တော့”

အဖွားကြီးက သားဖြစ်သူက ဘဏ်စာအုပ်ပေးသည်။ ထို့နောက် တုန်ယီစွာ ရပ်ပြီး အတွင်းသို့ တစ်လှမ်းချင်းစီ ဝင်သွားသည်။

“မြှောင်”

ခြံဝန်းထဲရှိ ကြောင်တိုင်းက တံခါးပေါ် တစ်ကောင်ပြီးတစ်ကောင် ခုန်တက်သွားသည်။ ထို့နောက် အမွှေးများကို ထောင်လျက် ကွမ့်ချန်းကို ပြန်ကြည့်ကာ ‌ဒေါသတကြီး မာန်ဖီသည်။

“ဒါက ဒါက ဘာလို့ ဒီလိုဖြစ်တာလဲ။ ဘာလို့ ဒီလို ဖြစ်တာလဲ”

ကွမ့်ချန်းက စာအုပ်ကို တဖြည်းဖြည်းချင်း ဖွင့်သည်။ အတွင်းတွင် ယွမ်တစ်သောင်း ရှိနေသည်။ သို့သော် ပို့ထားသော မှတ်တမ်းများအရ _ _ _

“မတ်လ ၁၄ရက်နေ့ ၁၂၄.၄ယွမ်”

“မတ်လ ၁၆ရက်နေ့ ၅၄.၁ယွမ်”

“မတ်လ ၂၅ရက်နေ့ ၁၉.၈ယွမ်”

“မတ်လ ၂၉ရက်နေ့ ၇၇.၆ယွမ်”

_ _ _

အများဆုံး ပမာဏက ၁၅၀ပင် မကျော်ချေ။ အနည်းဆုံး ပမာဏဆိုလျှင် ၁၀ယွမ် ဝန်းကျင်ခန့်သာ ရှိသေးသည်။ အဖွားကြီးက ယွမ်တစ်သောင်းရရန် အများကြီး ကြိုးစားခဲ့ရပုံပေါ်သည်။

“ဒါက_ _ _”

ကွမ့်ချန်းက တစ်စုံတစ်ရာကို သတိရသွားပြီး နောက်သို့လှည့်ကြည့်ကာ ထိုအမျိုးသမီးကို ကြည့်သည်။

“မင်း မဟုတ်လား မင်း အမေ့ရဲ့ ထောက်ပံ့ကြေးတွေကို ယူလိုက်တာ မဟုတ်လား။ ဒီအဝတ်တွေကို ဘယ်လိုဝယ်တာလဲ”

“နောက်ပြီး မင်း အခုတလော အလုပ်လုပ်တာ မဟုတ်ဘူး။ ဒီယွမ်တစ်ထောင်တန် အဝတ်တွေကို ဝယ်ဖို့ ဘယ်က ပိုက်ဆံတွေ ရတာလဲ”

“ငါ့ကို ပြောစမ်း”

ထိုမိန်းမ၏ မျက်နှာအမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် ရုတ်တရက် အသက်ပြင်းပြင်း ရှူကာ ပြောသည်။

“ဟုတ်တယ် ကျွန်မ ယူလိုက်တာ။ ဒီအဖွားကြီးက ပိုက်ဆံ အများကြီး ဘယ်လို သုံးနိုင်မှာလဲ။ နောက်ပြီး အဝတ်ဝယ်လိုက်တာ ဘာဖြစ်လဲ”

“ဒါက ယွမ်တစ်ထောင်တန် အဝတ်ပဲ။ နောက်ပြီး ကျွန်မက_ _ _ “

လက်ဝါးတစ်ချက်က ထိုအမျိုးသမီးကို သတိလစ်သွားစေသည်။ သူမက သူမမျက်နှာ သူမ လက်အုပ်ပြီး အရှေ့မှ အမျိုးသားကို မယုံကြည်နိုင်သလို ကြည့်သည်။

“ကွမ့်ချန် နင် ငါ့ကို ရိုက်ရဲတယ်။ ရိုက်ရဲတယ်။ ကွာရှင်းမယ်။ အခုကစပြီး နင် အဲ့ဒီမျိုးမစစ်တွေနဲ့ နင့်အမေ နောက်ကိုပဲ လိုက်တော့”

“မနက်ဖြန် ကွာရှင်းမှာ”

ကွမ့်ချန်ကလည်း အော်သည်။ ထို့နောက် တစ်ဖက်သို့ ပြန်လှည့်ပြီး အိမ်ထဲသို့ ဝင်သွားသည်။

ပလုံ

သူက အမျိုးသမီးမာ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

ဖြန်း ဖြန်း ဖြန်း

သူက သူ့လက်သူ သုံးကာ သူ့ပါးသူ ရိုက်သည်။

“မား သားမှားပါတယ်။ မား _ _ _ ဒီနေ့ သားက မားကို ပြန်ခေါ်သွားမယ်။ ဒီကြောင်တွေ ဒီသားက သူတို့ကို ဆက်မွေးပါ့မယ်။ အခုကစပြီး အမေ့ရဲ့သားက အမေ့ကို ဘယ်တော့မှ တစ်ယောက်တည်း မထားတော့ပါဘူး”

“မား ဝူး ဝူး ဝူး_ _ _ သား မသိခဲ့ဘူး“

“သားက ( 7:10 )ပါ။ အမေ ဒီလို ရှင်သန်နေရမှန်း မသိခဲ့ဘူး”

“ သား မှားပါတယ်မား။ သားမှားပါတယ်_ _ _”

“မြန်မြန် ထပြီး မင်းရဲ့ဇနီးနောက်ကို လိုက်သွားပါ။ မားက တစ်ယောက်တည်းပဲ အဆင်ပြေပါတယ်။ ဒါပေမယ့် အခုက စပြီး ဒီနေရာကို မလာတာ အကောင်းဆုံးပဲ။ မင်းက သီးသန့်နေသင့်ပါတယ်”

အမျိုးသမီးမာက လက်ဆန့်ထုတ်ပြီး ခပ်တိုးတိုး ပြောသည်။

“ငါက အိုနေပါပြီ။ အများကြီးလည်း ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ကြောင်လေးတွေ အပေါ်တော့ တတ်နိုင်သလောက် စောက်ရှောက်ပေးပါ”

“မား သား မနက်ဖြန် ဒီမိန်းမနဲ့ ကွာရှင်းမှာ။ မနက်ဖြန်ပဲ ကွာရှင်းမယ်။ သား သိပြီ။ မားက သားကို တစ်ဘဝလုံး စောက်ရှောက်ပေးခဲ့တာပဲ မဟုတ်ဘူးလား။ ဒီလို အသက်ကြီးမှ မသိတတ်တဲ့ သားမျိုးကို အပြစ်တင်သင့်တာ ဝူး ဝူး”

ကွမ့်ချန်းက အမျိုးသမီး၏ ဒူးခေါင်းပေါ် သို့ လဲချကာ ငိုသည်။

“ဟူး”

ဆုပိုင်က ရှေ့မှမြင်ကွင်းကို ကြည့်သည်။ ထို့နောက် အိမ်ထဲမှ တဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။ ခြံဝန်းထဲသို့ ဖျာပေါ်သို့ ရောက်သွားသောအခါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည့် ကြောင်လေးကို ကောက်ပွေ့လိုက်သည်။ သူက နောက်သို့ ပြန်လှည့်ကြည့်သည်။ ထို့နောက် ခြံဝန်းထိပ်သို့ တစ်လှမ်းချင်းစီ ထွက်ခွာသည်။

မြှောင်

ကြောင်လေးက သူ၏မျက်လုံးကို ခက်ခက်ခဲခဲ ဖွင့်ရရှာသည်။ ထို့နောက် အရှေ့မှ အမျိုးသားကို ကြည့်ပြီး ခပ်တိုးတိုး အော်သည်။

သူက နူတ်ခမ်းက သွေးများ စိမ့်လာသည်။

ဆုပိုင်က အမျိုးသမီးမာနှင့် သားဖြစ်သူ၏ အခြေအနေကို ကြည့်သည်။ သူကလည်း ကြောင်လေး၏ နူတ်ခမ်းထောင့်စွန်းက အသာကော့တက်နေကြောင်း မြင်နေရသည်။

ယခုမှ စတင်ပြီး ထိုအမျိုးသမီး၏ ဘဝက ကောင်းမွန်သွားပေလိမ့်မည်။

အရမ်းကောင်းတယ်။

ထို့နောက် သူ၏ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ ထို့နောက် သူ၏ခေါင်းက တဖြည်းဖြည်းချင်း ပြုတ်ကျသွားသည်။

“နည်းနည်းလောက် ထိန်းထားပါဦး”

ဆုပိုင်က စီးဘတ်ကြောင်လေး၏ ခေါင်းကို အသာပုတ်ပြီး အော်သည်။ သူက ပွေ့ဖက်ရင်း ရွာအပြင်ဘက်သို့ ပြေးထွက်သွားသည်။

All Chapters