← Chapters

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အပိုင်း(၄၃)

{ငါ ဒေါသထွက်လိုက်တာ။ ဘယ်လိုများ ဒီလောက် ရက်စက်တဲ့လူမျိုးက ရှိနေရတာလဲ}

{ဒီအဖွားကြီးက တောရိုင်းကြောင်တွေကို ဒီလို အကြောင်းပြချက်ကြောင့် ထိန်းသိမ်းထားတယ်လို့ မမျှော်လင့်ထားမိဘူး။ ဒါက တကယ်ကို _ _ _ }

{ဒီ စီးဘတ်ကြောင်လေး ဘာမှတော့ မဖြစ်ပါစေနဲ့။ ငါ့မှာသာ ကြောင်ရှိရင် _ _ _ ငါ သေချာပေါက် ကောင်းကောင်း ဆက်ဆံပြီး မိသားစုဝင် တစ်ယောက်လို သဘောထားမှာပါ}

{ဒီစီးဘတ်ကြောင်လေးရဲ့ ဆန္ဒက ပြည့်မြောက်သွားပြီ။ ဒါပေမယ့် ကျေးဇူးပြုပြီး မသေလိုက်ပါနဲ့။ ကျေးဇူးပြုပြီး မသေလိုက်ပါနဲ့}

{လူသားတို့၊ တိရိစ္ဆာန်တို့ကြားက ဆက်ဆံရေးက ဒီလိုကို။ ဒါက တကယ်ကို_ _ _ ငါ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်တောင်မှ အရူးလို အော်ငိုနေမိတယ်}

{ဒီလို မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ အဓိက ရည်ရွယ်ချက်က _ _ _ }

…

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မိတ်ဆွေများ အားလုံးက စီးဘတ်ကြောင်လေး သေနိုင်သည့် အခြေအနေကို မြင်လိုက်ရသည့်အခါ သူတို့၏ နှလုံးသားက တင်းကြပ်လာကြသည်။ သူတို့အားလုံးကလည်း ထိုကြောင်လေးအတွက် အားပေးစကားများ ပြောနေကြလေသည်။

အခုလေးတင် မြင်လိုက်ရသည့် ကြောင်လေး၏မျက်ဝန်းထဲမှ အကြည့်က လူတိုင်း၏နှလုံးသားကို နာကျင်စေသည်။

“ဝူး ဝူး ဝူး”

ဟန်တုန်းက စားပွဲပေါ်တွင် ထိုင်နေသည်။ သူ၏မျက်လုံးက မျက်ရည်များ ပြည့်နေ၏။ သူက ကျယ်လောင်စွာ အော်ငိုမိသည်။

သူ အိမ်က ထွက်လာသည်မှာ နှစ်နှစ်ကြာသွားပြီ ဖြစ်သည်။ နေရာဝေးလွန်းသောကြောင့် အချိန်အတန်ကြာသည်အထိ ပြန်မလည်ခဲ့ချေ။ သူ၏မိခင်က အိုနေလေပြီ။ သူမ၏ ဘဝအခြေအနေကိုလည်း မသိနိုင်သေးချေ။

“ဝူး ဝူး ကြီးကြပ်သူ”

သူက ဖုန်းကို ဆွဲထုတ်ပြီး သူ၏ကြီးကြပ်သူထံ တိုက်ရိုက်ခေါ်ကာ တရှုံ့ရှုံ့ငိုကာ ပြောလိုက်သည်။

“ငါ မနက်ဖြန်အတွက် ခွင့်တိုင်ချင်တယ်။ ငါ အိမ်ပြန်ရမယ်”

“ဝူး ဝူး ဝူး ရပါတယ်”

တစ်ဖက်မှလည်း ငိုသံက ထွက်လာသည်။ ကြီးကြပ်သူကလည်း ဩရှသော အသံနှင့် တုန့်ပြန်၏။

“ငါတို့ မနက်ဖြန် အတူတူ သွားကြတာပေါ့ ဝူး ဝူး ဝူး_ _ _ အိမ်ပြန်ပြီး တစ်ချက် ကြည့်ရမယ့်အချိန်ပဲ”

“တစ်ခုခု မဖြစ်ပါစေနဲ့”

ဆုပိုင်ကမူ တွေးတောနေသည်။ သူက လက်ထဲတွင် စီးဘတ်ကြောင်လေးကို ပွေ့ဖက်လျက် ရွာအတွင်းမှ ပြေးထွက်ခဲ့ခြင်း ဖြစ်သည်။

“တင် စီးဘတ်ကြောင် ကယ်ဆယ်ရေး အပိုင်းအစတာဝန်က ပြီးမြောက်သွားပါပြီ”

“တင် မူလနေရာကို ပြန်လည်သွားရောက်နိုင်ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အလိုအလျောက် ပိတ်သွားပါလိမ့်မယ်”

“စီးဘတ်ကြောင် ကယ်ဆယ်ရေး အောင်မြင်ခဲ့ပါတယ်။ အမြန်နူန်း ၁မှတ် တိုးတက်သွားပါတယ်”

ထိုအချိန်တွင် သူ၏စိတ်အတွင်း စနစ်၏အသံက ထွက်လာသည်။ ထို့နောက် ဆုပိုင်က ကြီးမားသော မြင်ကွင်းကြီးကို မြင်လိုက်ရသည်။ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် သူဟာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ ဝင်ပေါက်တွင် ဖြစ်သည်။

မြှောင်

ကြောင်လေးက နာကျင်သော အသံဖြင့် အော်သည်။

“သေစမ်း မနက်အစောပိုင်း ရောက်တော့မယ်။ ဘာကားမှ ရှိမှာမဟုတ်ဘူး”

ဆုပိုင်က အချိန်ကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ ရေရွတ်သည်။

စနစ်ကလည်း သူ့ကို ဒီလိုအခြေအနေမျိုးတွင် ပြန်ပို့မည်ဟု မမျှော်လင့်ထားမိချေ။

သူ ဘယ်လိုလုပ်ရမလဲ။

အစစ်အမှန်လောကတွင် တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။ ထို့ကြောင့် တိကုနယ်ပယ်ကလည်း မတည်ရှိတော့ချေ။

ဒါဆိုရင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ကြောင်ကို ဘယ်လို ကယ်ရမှာလဲ။ သူ ဘယ်လိုကုရမှာလဲ။

“ဆေးရုံကိုပဲ သွားရမှာပဲ”

လေသံတိုးတိုးနှင့် ဆုပိုင်က တိရိစ္ဆာန်ရုံအတွင်းသို့ ဝင်ပြေးသွားသည်။

“တပိုင်”

သူဟာ ပန်ဒါဥယာဉ်၏ ဂိတ်တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းသို့ ဝင်ကာ တပိုင်၏နားရွက်ကို ဆောင့်ဆွဲပြီး ခေါ်လိုက်သည်။

“မြန်မြန် မြန်မြန် အခြေအနေက အလျင်လိုနေတယ်။ မြန်မြန်လေး ထွက်လာ။ မြန်မြန်လေး သွားရအောင်”

တရွတ်တိုက် အဆွဲခံရသည့် တပိုင်က စိတ်ရှုပ်ထွေးနေသည်။ သူက အပြင်သို့ တလန့်တကြား ထွက်လာရ၏။

“မြန်မြန်ဝင် မြန်မြန်ဝင် မြန်မြန် မြန်မြန်”

တပိုင်၏နဖူးတွင် ကြိုးကို ချည်ပြီးနောက် ဆုပိုင်က သုံးဘီးပေါ် တက်ထိုင်ကာ အော်သည်။

“ဝါးမျှစ်တွေ လုံလောက်စေရမယ်”

“အိုး”

“ငါ မင်းကို စောစော ပြောထားမယ်။ ငြိမ်ငြိမ်ထိုင်”

ထိုစကားကို ကြားသောအခါ တပိုင်၏ ကိုယ်လုံးက တုန်ယင်သွားပြီး ထိုသုံးဘီးကို သယ်လျက် လမ်းတောက်လျောက် ပြေးသည်။

“ကွက် ကွက်ကွက်”

ဆူညံသံကြောင့် နိုးလာသော မျောက်တိုဘုရင်ကလည်း ဆုပိုင်၏ အလျင်လိုနေသော အမူအယာကို မြင်သောအခါ တခြားသော မျောက်များကို ခပ်မြန်မြန် အော်ပြီး နောက်မှလိုက်ထွက်လာသည်။

မျောက်တိုတစ်အုပ်ကလည်း ထွက်ပြီးခါစသာ ရှိသေးသည်။ ရွှေမြွေကလည်း ဂိတ်ဝမှ တွားသွားလျက် ထွက်လာသည်။ သူကလည်း အနံ့နောက် လိုက်၏။

ကွက် ကွက် ကွက်

ပျားရည်ခွေးဝူဝက်တူကလည်း ဗိုက်ကိုပွတ်ပြီး ပြေးထွက်သွားသော တိရိစ္ဆာန်များကို အေးစက်စွာ ကြည့်သည်။ ထို့နောက် နူတ်ခမ်းများက ကော့တက်သွားကာ အော်သည်။

“မင်းတို့ တစ်ခုခု စားဖို့ သွားရှာတာ ဖြစ်ရမယ်”

သေစမ်း သူ့ကိုတောင် မခေါ်ပဲ သွားတာလား။

ထိုသို့ဖြင့် သူက နောက်မှပြေးလိုက်သွားသည်။

…

မနက်ငါးနာရီ_ _ _

လမ်းက လူသူရှင်းလင်းနေသည်။ ဖြတ်သွားဖြတ်လာ အနည်းငယ်သာ ရှိသည်။ သန့်ရှင်းရေးသမားများကလည်း လမ်းတစ်လမ်းလုံးကို ဖှုန်တစ်စပင် မရှိအောင် ရှင်းလင်းထားသည်။

ရောင်စုံအလံများနှင့် သေးငယ်သော သုံးဘီးလေးက မြန်ဆန်သော အရှိန်နူန်းဖြင့် လမ်းကို ဖြတ်ပြေးသွားသည်။

“ဟန်နီ_ _ _ ငါ တစ်ညလုံး ဘားမှာ ကနေခဲ့တာ တအားအိပ်ချင်နေပြီ”

BMWတစ်စီး၏ ဘေးခုံတွင် ထိုင်နေသော အမျိုးသမီးက ဝေးဝါးသော မျက်ဝန်းမျိုးဖြင့် ပြောသည်။

“ဆက်ထိန်းထားဦး။ နောက်ကျတဲ့အထိ နေမနေနဲ့လို့ ပြောသားပဲ။ ငါလည်း ပင်ပန်းနေတာပဲ။ လမ်းပေါ်မှာ လူနည်းနည်းပဲ ရှိတယ်။ ဒါကြောင့် မြန်မြန်မောင်းလို့ ရလောက်တယ်။ ခဏလောက် ထိန်းထားပါ။ ခဏနေ အိမ်ပြန်ရောက်တော့မှာပါ”

ကားမောင်းသူ နေရာမှ အမျိုးသားက လှည့်ပြောသည်။ သူက သန်း၍ အနည်းငယ် ပင်ပန်းသည့် ပုံစံမျိုးဖြင့် ပြောသည်။

“အိုး “

ရုတ်တရက် အနောက်ဘက်မှ အော်သံ ထွက်လာသည်။ ဘေးဘက်မှ အမျိုးသမီးက စိတ်လှုပ်ရှားသွားပြီး ချက်ချင်းလိုလို နိုးသွားသည်။

“မိုးကြိုးပစ်တာလား။ ဘာဖြစ်တာလဲ”

“ငါ သောက်ကျိုးနည်း”

လူငယ်က အဖြူအမည်း ဝက်ဝံကြီးတစ်ကောင်က လူတစ်ယောက်ကို သုံးဘီးပေါ် တင်ဆွဲကာ သူ့ ၏ဘေးမှ ခပ်မြန်မြန် ကျော်ဖြတ်သွားသည့် မြင်ကွင်းကို ကြည့်သည်။

ပို၍ဆိုးသည်မှာ ထိုသုံးဘီးအနောက်မှ သေးငယ်သော အကောင်လေးများက ဆက်တိုက်လိမ့်တက်သွားသေးပြီး (5:43 ) တစ်ခုနှင့်အတူ ဖြတ်သွားသေးသည်။

“ဒါက ဘာတွေလဲ”

“ငါ ဘယ်လိုသိမှာလဲ။ ငါမှ မမြင်ဖူးတာ”

လူငယ်က ရွေရွတ်သည်။ ထို့နောက် သူက အရှိန်နူန်းမြင့်ပြီး လိုက်သည်။

“ထူးဆန်းတယ်_ _ _ ဒီသုံးဘီးက ဘာလဲ။ အရမ်းလန်းနေတာလား”

“ဟေး သူငယ်ချင်း မင်းတို့ ဘာလုပ်ကြမလို့လဲ”

ဆုပိုင်က raccoon ကြောင်လေး၏ အမွှေးကို ပွတ်သပ်ပေးနေပြီး တပိုင်ကို အမြန်သွားခိုင်းသည်။ ရုတ်တရက် ဘေးဘက်တွင် ကားက အရှိန်နူန်းမြင့်လျက် လိုက်လာသည်။ ထို့နောက် အနားသို့ ရောက်သောအခါ အရှိန်ကို နှေးချသွားပြီး ဘေးကပ်လျက် လိုက်သည်။ ကားပြတင်းပေါက်က နိမ့်ကျသွားပြီး လူငယ်က တပိုင်ကို ကြည့်ကာ အံ့အားတကြီး မေးသည်။

“တပိုင် မြန်မြန်”

ဆုပိုင်က သူ့ကို တစ်ချက်ကြည့်ပြီး တပိုင်ကို အလျင်စလို သွားခိုင်းသည်။

ယခုက ကြောင်လေး၏ သေရေးရှင်ရေး အခြေအနေဖြစ်သည်။ ကြောင်လေး၏ အခြေအနေကို သေချာမသိလေရာ ထိုလူများကို ကိုင်တွယ်လိုခြင်း မရှိချေ။

“အိုး”

တပိုင်က ကားကို ဘေးဘက်သို့ လှည့်လျက် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် မာန်ဖီရင်း ဟိန်းဟောက်သည်။ သူ၏ အစွယ်များကိုပင် ဖြဲပြသည်။

“ဟစ် ဟစ်”

လူငယ်၏ မျက်နှာအမူအယာက ပြောင်းလဲသွားသည်။ သူက ဘရိတ်ကို ခပ်မြန်မြန် နင်းသည်။

ကြောက်စရာကောင်းလိုက်တာ။ ဒီကောင်က အစစ်ကြီးလား။

ထိုသို့ဖြင့် သုံးဘီးက ဘေးဘက်မှ ကျော်ဖြတ်မောင်းသွားကြောင်း မြင်လိုက်ရသောအခါ ကားထဲတွင် ထိုင်နေသည့် လူငယ်၏ နဖူးတွင် ချွေးစေးများ စို့လာသည်။ သူက ခပ်တိုးတိုး ရေရွတ်သည်။

သူက ဆေးရုံဝင်ပေါက်သို့ ရောက်သွားချိန်တွင် လူတစ်အုပ်က နောက်မှလိုက်လာနေပြီ ဖြစ်သည်။ အားလုံးကလည်း သူတို့၏ ကားကြီးကြီးကို ပြန်ပို့ကြမည့် တက္ကစီများ ဖြစ်သည်။ သူတို့က ဆုပိုင်၏ သုံးဘီးကို မြင်လိုက်သဖြင့် အခြေအနေကို သိချင်လေရာ လိုက်လာကြခြင်း ဖြစ်သည်။

ဒီလို ဝရုန်းသုန်းကား ဖြစ်စေတဲ့အတွက် လူတိုင်းကို အပြစ်တင်လို့တော့ မရဘူး။

ပြောရလျှင် ယခုလို အခြေအနေမျိုးကိုလည်း မည်သူကမှ မမြင်ဖူးပါချေ။ တိရိစ္ဆာန်က သုံးဘီးကို ဆွဲနေသည့်အပြင် အမျိုးမျိုးသော မျက်နှာထားများကိုလည်း လုပ်ပြသေးသည်။

“ဟူး”

ဆုပိုင်က သုံးဘီးပေါ်မှ မြန်ဆန်သော ခြေလှမ်းများဖြင့် ခုန်ထွက်လိုက်ပြီး ကြောင်လေးကို ပွေ့ပိုက်လျက် အရေးပေါ် အဆောက်အဦးထဲသို့ ဝင်ပြေးသွားသည်။

“အိုး”

တပိုင်က အော်သည်။ သူက နဖူးမှကြိုးကို ခပ်မြန်မြန် ဖြည်၏။

“ငါ့ရဲ့မျှစ်တွေက ဘယ်မှာလဲ”

“ဘုရားရေ ဒီလောက် အဝေးကြီးလာခဲ့ပြီးတာတောင် ငါ့ကို လိမ်တာတော့ မဟုတ်ပါဘူးနော်”

“အိုး”

“ဆုပိုင် မပြေးနဲ့ ငါ့ရဲ့မျှစ်”

“ငါ့ရဲ့မျှစ်တွေ”

ပန်ဒါကြီးက အမောတကော အသက်ရှူနေရင်း ခုန်ပေါက်ကာ တည်ငြိမ်သော မျက်နှာထားနှင့် အရေးပေါ်ခန်းထဲသို့ လိုက်ဝင်လာသည်။

+++++

အပိုင်း(၄၄)

ဒေါက်တာဟွားက သူ၏ပန်းကန်ထဲမှ ဆန်ပြုတ်များကို တစ်ချက်တည်းနှင့် အဆုံးသတ်လိုက်ပြီးနောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ အနားယူနေသည်။

ခုံစောင်းပေါ်မှ ( 00:18 )များ အားလုံးကို ရှင်းလင်းပြီးနောက် သူက ဒီနေ့အလုပ်ကို စတင်တော့မည် ဖြစ်သည်။ သူက ဟန်ချန်းအများပိုင် ဆေးရုံ၏ အရေးပေါ် ခွဲစိပ်ဌာနမှ တာဝန်ကျ ဆရာဝန် ဖြစ်သည်။

သူက နေ့တိုင်းလိုလို တစ်နာရီ စော‌စောလာသည်။ ထို့နောက် မနက်စာ စားသည်။ ထို့နောက် အသင့်ပြင်၏။ ထို့နောက် အပြင်ဘက်မှ ဆွေးနွေးညှိနိူင်းကောင်တာကိုလည်း လူနာများကို ဝင်ခိုင်းရန် အကြောင်းကြားသည်။

“ ရှောင်းလျို လူနာကို ဝင်ခိုင်းလိုက်တော့”

ရှောင်းလျို “ “

အချိန်အတန်ကြာအောင် နေသည်တိုင်အောင် မည်သည့်တုန့်ပြန်မှုမှ မလာချေ။

ဒေါက်တာဟွားက မျက်မှောင်ကျုံ့လိုက်သည်။

“ဒီကောင်မလေးက ဖုန်းဆော့နေပြန်ပြီ ထင်တယ်”

သူမက အထွန့်တက်လိုက်ပြီး ကုလားထိုင်မှ ထရပ်သည်။ ဌာန၏ တံခါးဝသို့ ရောက်လာပြီး အပြင်ဘက်သို့ တစ်ချက်ကြည့်သည်။

လျှောက်လမ်းတစ်ခုလုံးက လူရှင်းနေသည်။ လူနာတစ်ယောက်မှ မရှိပေ။

“ဘာတွေဖြစ်နေတာလဲ”

ဒေါက်တာဟွားက စိတ်ရှုပ်သွားသည်။

မနက်တိုင်းလိုလို မနက်စာ စားပြီးတိုင်းလိုလို လူနားတန်းရှည်ကြီးက အပြင်ဘက်တွင် ရှိနေတတ်သည်။ ဒီနေ့တွင်မူ တစ်ယောက်မှ ရှိမနေချေ။

တာဝန်ကျသော နပ်စ်မနှင့် အစောင့်များကပင် ပျောက်နေသည်။

“ခရက် ခရက်”

ရုတ်တရက် လျှောက်လမ်းတစ်ဖက်ထောင့် အစွန်းနားမှ အလျင်စလို လှမ်းလာသော ခြေလှမ်းသံများကို ကြားလိုက်သည်။ ထို့နောက် အပြေးလာသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏အနောက်တွင်လည်း မရေမတွက်နိုင်အောင် မြောက်များသည့် လူပေါင်းများစွာပါသည်။ အားလုံးက လူနာများ၊ သူနာပြုများ ဖြစ်သည်။

“ဘာ ဘာဖြစ်တာလဲ”

ဒေါက်တာဟွားက တုန်ယင်စွာ မေးသည်။

“ဒါက ဆေးပညာဆိုင်ရှာ မတော်တဆမှုလား။ ဘာလို့ လူတွေအများကြီးရောက်လာတာလဲ”

“မင်းက ဆရာဝန်လား”

“အာ ဟုတ်ပါတယ်။ ငါက ဆရာဝန်ပါ”

“ဒါဆိုရင်လည်း မြန်မြန်လေး ကြည့်ပေးပါ။ ဒါက အရေးပေါ်ပဲ”

“မြန်မြန်လေး ကြည့်ပေးလိုက်ပါတော့”

ဆုပိုင်က ဆရာဝန်ကို အတွင်းသို့ တရွတ်တိုက်ဆွဲခေါ်သွားပြီး အလျင်စလို ဝင်သည်။

“မရဘူး မင်း အရင်ဆုံး တန်းစီရမယ်။ နေရာကျော်လို့ မရဘူး”

ဒေါက်တာဟွားက ထိုအခါမှသာ စိတ်အေးသွားသည်။ ထို့နောက် မျက်မှောင်ကျုံ့ပြီး ပြောသည်။

“အားလုံးက နံပါတ်ပြားတွေ ရရမယ်။ မင်းမှာ နံပါတ်ပြား ရှိလား”

ထိုလူက မဖြေနိုင်သေးခင် နောက်မှလူအုပ်က အော်ကြသည်။

“ဘယ်သူမှာမှ နံပါတ်ပြား မရှိဘူး။ သူက နံပါတ်တစ်ပဲ။ ကျေးဇူးပြုပြီး သူ့ကို အရင်ကြည့်ပေးလိုက်ပါ။ သူက သနားစရာကောင်းလွန်းတယ်”

“ဟုတ်တယ် ဟုတ်တယ် ငါ နံပါတ်ပြားကို ဆွဲဖြဲလိုက်ပြီ။ သူ့ကို အရင်ကြည့်ပေးပါ”

“ အချိန်က တင်းကြပ်နေတာ။ နည်းနည်းလေးတောင် ကြန့်ကြာလို့ မရဘူး။ ဒါက ကိစ္စကြီးပဲ”

“ဒါဆိုရင်လည်း ဝင်လာခဲ့တော့”

ဒေါက်တာဟွားက အရှေ့မှလူငယ်ကို ထူးဆန်းသလို ကြည့်ပြီး မျက်မှောင်ကျုံ့နေသည်။

အခြေအနေကို အကဲခတ်နေပုံအရ ထိုလူငယ်က ဖျားနာနေပုံမရချေ။

“မင်းက ဘာဖြစ်လို့လဲ”

ကုလားထိုင်တွင် ထိုင်ပြီးနောက် ဒေါက်တာဟွားက မျက်မှန်ကို ပင့်တက်လျက် ဘောပင်ကို ကောက်ကိုက်၍ မေးသည်။

“ဒေါက်တာ ဒီရောဂါကို ကုနိုင်မလားလို့ ကြည့်ပေးပါလား”

ရုတ်တရက် အရှေ့မှ လူငယ်က သေးငယ်သော အဖြူအနက် တိရိစ္ဆာန်လေးက စားပွဲပေါ်သို့ တင်ပြီး ရိုးသားသော လေသံဖြင့် ပြောသည်။

“ဒါက စီးဘတ်ကြောင်ပါ။ အတွင်းပိုင်းမှာ ဒဏ်ရာရထားတယ်။ ဒေါက်တာ ကျေးဇူးပြုပြီး ကုပေးနိုင်မလားလို့ ကြည့်ပေးပါဦး”

ဒေါက်တာဟွားက စားပွဲပေါ်မှ ကြောင်ကို ကြည့်ပြီး ကြောင်သွားသည်။

ဘာကို ဆိုလိုတာလဲ။

ဒါလေးကို ကုပေးရမယ်။

မဟုတ်သေးဘူး။ သူက ဒီပညာမှ မတတ်တာ။

နောက်ပြီး ဒီလူငယ်က ဘာပြောလိုက်တာလဲ။ အရှေ့က ကြောင်က အစစ်အမှန်သားရဲလား။

ဘုရားရေ အစစ်အမှန် ဟုတ်လား။

ဒေါက်တာဟွားက ထိုင်ခုံမှ ထရပ်သည်။ ထို့နောက် ကြောင်လေးကို ထိကြည့်သည်။ ထိုကြောင်လေး၏ အသွေးအသားနှင့် အမွှေးများက နူးညံ့လွန်းနေသည်။

မြှောင်

“ဒါက _ _ _ “

အော်သံကို နားထောင်ပြီးနောက် ဒေါက်တာဟွား၏ မျက်နှာက နီရဲသွားသည်။ တစ်ကိုယ်လုံးကပင် နီရဲသွားသည်။ ဒါက အစစ်ပဲ။

ယခုတလော တိရိစ္ဆာန်အစစ်များ ပေါ်ပေါက်လာသည်ဆိုသော သတင်းများက ပေါ်ပေါက်လာသည်။ ချင်တု၏ ကြီးမားသော ဆေးရုံကြီးကပင် တိရိစ္ဆာန်ရုံတစ်ခုနှင့် ပူးပေါင်းကာ စိတ်ကျရောဂါကို ကုသခဲ့သေးသည်။

ထို့ကြောင့် ဆေးပညာအသိုင်းအဝိုင်းမှ ဝန်ထမ်းတစ်ယောက်အနေနှင့် ထိုသတင်းကို သိလေသည်။

များပြားလှသော အဖိုးတန် ဆေးဝါးများနှင့် ပစ္စည်းများကို တိရိစ္ဆာန်များထံမှသာ ယူနိုင်သည်။

“ငါ ငါ တိရိစ္ဆာန်တွေကို ကုသတဲ့ ဆေးပညာကို သင်ဖူးတာ မဟုတ်ဘူး။ ငါ အရင်ဆုံး ကြည့်ကြည့်မယ်”

ဒေါက်တာဟွားက နားကြပ်ကို ကောက်ကိုင်ပြီး စီးဘတ်ကြောင်လေး၏ ဝမ်းဗိုက်နားကို ကပ်သည်။ သူက ဂရုတစိုက် နားထောင်ပြီးနောက် မျက်မှောင်ကျုံ့ကာ ပြောသည်။

“ခန္ဓာကိုယ် အတွင်းပိုင်းက သွေး အနည်းငယ် ယိုစိမ့်နေတာ ဖြစ်လောက်မယ်။ ဒါပေမယ့် ဒီကောင်လေးရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို မသိတော့_ _ _ နောက်ပြီး လူသားတွေက အသုံးပြုတဲ့ ဆေးဝါးတွေကိုလည်း ဒီကြောင်လေးကို သုံးနိုင်မလား ဆိုတာကို မသေချာဘူး။ ဒါကြောင့်_ _ _”

“အခြား နည်းလမ်း မရှိတော့ဘူးလား”

ဆုပိုင်က ခပ်မြန်မြန်မေးသည်။

နောက်ဆုံးမှာ ဒီကောင်လေးကို ရလာခဲ့တာ။ သူက တစ်ခုခု ဖြစ်သွားလို့ မရဘူး။ ဒါက လောကရဲ့နောက်ဆုံးသော ကြောင်ပဲ။ အဖိုးတန်လွန်းတော့ တိုင်းတာလို့တောင် မရဘူး။

“ခဏနေဦး ငါ ဆေးရုံရဲ့ ခွဲစိပ်ပါမောက္ခကို ချက်ချင်းဆက်သွယ်လိုက်မယ်”

“သူ့ကို ဆက်သွယ်မနေနဲ့တော့။ ငါ တစ်ချက်ကြည့်ကြည့်မယ်”

ဒေါက်တာဟွားက ဖုန်းကို ကောက်ကိုင်လိုက်သည့် အချိန်တွင် အဖြူရောင်ကုတ်များနှင့် အသက်ကြီးနေသော ဒေါက်တာများက ရောက်လာသည်။ သူတို့က အဖွဲ့လိုက် ရောက်လာကြခြင်း ဖြစ်သည်။

“မင်းက ဒါရိုက်တာဆုလား”

ပါမောက္ခချင်းတုကျိုးက ငါတို့ကို ဖုန်းခေါ်ပြီးပြီ။ ဒါပေမယ့် ငါ့တို့အားလုံးက ခွဲစိပ်နယ်ပယ် အသိုင်းအဝိုင်းက ကျွမ်းကျင်ပညာရှင်တွေ ဆိုပေမယ့်လည်း တိရိစ္ဆာန်တွေကို ကုသတဲ့နေရာမှာ ဘာအတွေ့အကြုံမှ ရှိတာမဟုတ်ဘူး။ ဘာကို ကြိုမသိနိုင်ဘူး။ ဒါကြောင့် ငါတို့ အကောင်းဆုံးတော့ ကြိုးစားပါ့မယ်။ မစိုးရိမ်ပါနဲ့”

ခေါင်းဆောင် ဖြစ်ဟန်တူသည့် မီးခိုးရောင်ဆံပင်နှင့် ယောက်ျားဆန်သော ထိုလူအိုကြီးက တည်ငြိမ်စွာပြောသည်။ သူက ခေါင်းကို ငုံ့ပြီး စားပွဲပေါ်တွင် လှဲနေသော ကြောင်လေးကို ဂရုတစိုက် ကြည့်သည်။

“ခန္ဓာကိုယ် အတွင်းပိုင်းက သွေးယိုစိမ့်နေတာ။ ဒါပေမယ့် အတွင်းအင်္ဂါတွေ ထိခိုက်ဒဏ်ရာ ရထားခြင်း ရှိမရှိဆိုတာကို မသိနိုင်သေးဘူး။ ဒီတော့ အမြန်ဆုံး စစ်ဆေးကြည့်မှ ဖြစ်မယ်။ ဒီကိုလာ”

ထိုလူအိုကြီးက အပြင်ဘက်သို့ လှမ်းအော်သည်။

“သူနာပြုတွေ အားလုံးကို ဝင်လာခိုင်းလိုက်။ လူနာကို MRIဆီကို တွန်းသွားလိုက်တော့။ ရလဒ်ကို မိနစ်၂၀အတွင်း ရမှဖြစ်မယ်”

သူနာပြု အမြောက်အများက ဝင်လာကြသည်။ သူတို့က ထိုကြောင်လေးကို လက်နှစ်ဖက်ဖြင့် အသာတကြည် ပွေ့သယ်ယူလျက် အရေးပေါ်ကုတင်ပေါ် တင်သည်။ ထို့နောက် ထိုအရေးပေါ်ကုတင်ကိုလည်း ခပ်မြန်မြန် တွန်းသွားလိုက်သည်။

“အားလုံးပဲ လမ်းဖယ်ပေးကြပါ လမ်းဖယ်ပေးကြပါ”

“ကိုယ်တွင်းအင်္ဂါတွေသာ ပျက်စီးထိခိုက်သွားခဲ့ရင်_ _ _ကယ်ဆယ်နိုင်ခြေ မရှိတော့ဘူးလား”

ဆုပိုင်က ပါမောက္ခတစ်ယောက်ကို လှမ်းဆွဲ၍ မေးသည်။

“ငါ မသိသေးဘူး။ ကိုယ်တွင်း အင်္ဂါတွေကသာ ပျက်စီးသွားခဲ့ရင် _ _ _ တစ်ခုတည်းသော ဖြစ်နိုင်ချေက ခွဲစိပ်တာပဲ။ ဒါပေမယ့် အခု ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာက တိရိစ္ဆာန်တွေကို ခွဲစိပ်တဲ့အခါ ငါတို့မှာ ဘာအတွေ့အကြုံမှ ရှိမနေတာပဲ။ ဒါကြောင့် ခန္ဓာကိုယ် အတွင်းပိုင်းက အခြေအနေကိုလည်း ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး သွေးပြောင်းတာတွေကအစ ပြဿနာပဲ”

“ဟူး”

ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချသည်။ ယခု အရာအားလုံးက ကံကြမ္မာကိုသာ မှီခိုထားရတော့ပေမည်။

ဒီကောင်လေး ဘာမှ မဖြစ်ပါစေနဲ့။

မတတ်နိုင်ဘူးလေ။ ဒီလောက် ချစ်စရာကောင်းတဲ့ ကြောင်လေး။ ဒါက တစ်ကောင်တည်းသော နောက်ဆုံးကြောင်ပဲ။

“ဒေါက်တာ ငါတို့ ဒီကောင်လေးကို ရအောင်ကယ်ရမယ်”

“ဟုတ်တယ်”

ထိုစကားကို ကြားသောအခါ အပြင်ဘက်တွင် စောင့်နေသော လူနာများက ပြောကြသည်။

“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ငါတို့လည်း အလားတူပဲ ခံစားရပါတယ်။ ဒီတိရိစ္ဆာန်ရဲ့ တန်ကြေးကို ငါတို့နားလည်ပါတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားပြီး ကယ်မှာပါ”

“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ နေရာတစ်ခုထိုင်ပြီး ထိုင်နေကြပါ။ တံခါးမှာ ပြုံမနေကြပါနဲ့။ ရလဒ်က အမြန်ဆုံး ထွက်လာပါလိမ့်မယ်။ အဲ့ဒီနောက် ငါတို့ရဲ့ ပါမောက္ခအိုကြီးတွေ အားလုံးက ပေါင်းပြီး အသုံးပြုပြီး ရနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေမှာပါ”

လူအိုကြီးက ပြောသည်။ သူက လေးနက်တည်ကြည်စွာ ဆိုလိုက်ခြင်း ဖြစ်သည်။

သူက ထိုတိုင်း၏ စိတ်အခြေအနေကို နားလည်သည်။ ထိုကလေးကို ပထမဦးဆုံး အကြိမ်မြင်ရသည့်အချိန်တွင်လည်း သူကလည်း ဆွဲဆောင်ခံရသည်။

မယုံနိုင်စရာကောင်းသည်မှာ လွန်ခဲ့သော နှစ်တစ်သောင်းကျော်ခန့်က မျိုးတုန်းပျောက်ကွယ်သွားပြီဟု ယူဆရသော တိရိစ္ဆာန်များက ပေါ်ပေါက်လာသည်။

လူသားအသက်က မည်သို့ဖြစ်နေစေကာမူ သူတို့၏ ဆေးဝါးပညာ ကျွမ်းကျင်မှုက မရေမတွက်နိုင်အောင် တိုးတကလာခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် အသက်မကုန်ဆုံးသမျှ ကယ်ဆယ်၍ ရသည်။

ထို့ကြောင့် ထိုတိရိစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်သွားသောကြောင့် အဖိုးတန်ဆေးဝါးများ ပျောက်ကွယ်သွားရုံသာ မကသေးလေပဲ ကုသ၍ မရနိုင်သော ရောဂါပေါင်းများစွာကလည်း ပေါ်လာသည်။ ထိုကိစ္စများအတွက်ကမူ ဖြေဆေးမရှိပါချေ။

“အိုး”

ရုတ်တရက် လျှောက်လမ်းအပြင်ဘက်မှ အော်သံက ထွက်လာသည်။ ဆုပိုင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

“သွားပြီ”

သူ ဒီကြောင်နဲ့ အလုပ်များလွန်းနေလို့ တပိုင်ကို မေ့သွားတာပဲ။

ဒီအကောင်က ဆေးရုံထဲမှာတော့ ပြဿနာ လာမရှာလောက်ပါဘူးနော်။

+++++

45 01

အပိုင်း(၄၅)

“တပိုင်”

ဆုပိုင်က ဆေးရုံထဲမှ အလျင်စလို ပြေးထွက်သွားပြီး အသံကြားရာဘက်သို့ ပြေးဆင်းသွားသည်။

အဝေးမှ ကြည့်လျှင် ပထမထပ် စာရင်းသွင်းခန်းမနားတွင် ဝိုင်းနေသည့် လူတစ်အုပ်ကို မြင်ရသည်။ သူတို့က အတွင်းရှိ အော်နေသော တစ်စုံတစ်ရာကို ကြည့်နေပုံရသည်။

“သူဌေး နောက်ထပ် တစ်ကိုက်လောက် ကိုက်ပြီး စားကြည့်ပါဦး။ ငါ ဆယ်ခု ဝယ်လိုက်မယ်။ ဒီကောင်လေးက တော်တော်ချစ်ဖို့ကောင်းတာပဲ။ အဲ့ဒီလိုပဲ လုပ်ရအောင်။ မင်း စားသမျှ အကုန် ငါဝယ်ကျွေးမယ်”

“မင်းက ဝယ်စရာမလိုပါဘူး။ ငါက ပေးမှာပါ။ ငါ ဒီကောင်လေးကို သိတယ်။ သူက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ငါ့သား သဘောကျတဲ့ တပိုင်လေ။ ဒါနဲ့ သူက ဘာလို့ ‌ဆေးရုံကို လာတာလဲ”

သူက လူအုပ်ကို တိုးဝင်ပြီး အတွင်းသို့ လျှောက်သွားလိုက်သည်။

ထိုအခါ တပိုင်က မြေပြင်တွင် သဘောတကျ လှဲနေကြောင်း မြင်လိုက်ရသည်။ သူ၏ရှေ့တွင် ကြီးမားသော ပန်းကန်လုံးကြီး ရှိနေသည်။ အတွင်းတွင် ပူပူလုံးလုံး ပန်ကိတ်များနှင့် သစ်သီးများကို တွေ့ရသည်။ ထို့နောက် ဘေးဘက်ရှိ ဆိုင်ပိုင်ရှင်က ပြုံးပြီး ပန်ကိတ်များကို လုပ်နေသည်။

“အိုး”

“ဘာလို့ ဝါးမျှစ်တွေ မရှိတာလဲ”

တပိုင်က တစ်ကိုက်ကိုက်ကြည့်ပြီး မျက်မှောင်ကြုတ်သည်။ အရသာက မဆိုးသော်လည်း သူအချစ်ရဆုံး ဝါးမျှစ်ကိုမူ မယှဉ်နိုင်ပါချေ။

သူက မကောင်းသော မှတ်ချက်သာ ပေးလိုသည်။

“တပိုင်”

ဆုပိုင်က သူ့ကို နားရွက်မှ ကောက်မလိုက်သည်။ ထို့နောက် လူတိုင်းကို တောင်းပန်သလို ပြုံးပြီး အပေါ်ဘက်သို့ ခပ်မြန်မြန် တက်ခဲ့သည်။

“ဟေး ဒါက ဒါရိုက်တာ ဆုပိုင် မဟုတ်လား။ သူက ဘာလို့ ‌ဆေးရုံကို ရောက်နေတာလဲ”

“ဟား ဟား တိရိစ္ဆာန်တစ်ကောင် ကျန်းမာရေး မကောင်းတာလို့ ကြားတာပဲ။ ဒါကြောင့် တစ်ချက်လာကြည့်တာပါ”

“အာ တိရိစ္ဆာန်က ကျန်းမာရေး မကောင်းတာလား။ ဘယ်အကောင်လေးက ဖြစ်တာလဲ။ အရေးကြီးလား။ ငါ့ရဲ့ အသိကျွမ်းဟောင်း တစ်ယောက်ဆီ ဆက်သွယ်ပေးရမလား။ ငါ့ရဲ့ ယောက်ဖက ဒီက ဒင်းလေ။ ငါ သူ့ကို မေးကြည့်ပေးမယ်။ ဒါက အပန်းကြီးတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒီကောင်လေးတွေ အားလုံးက ရတနာတွေပဲ မဟုတ်လား။ သူတို့က တစ်ခုခု ဖြစ်လို့ ဘယ်ရမလဲ”

လူကြီးတစ်ယောက်က ဖုန်းကို ခပ်မြန်မြန် ကောက်ကိုင်ပြီး ဆက်သွယ်ရန် ကြံစည်သည်။ ထို့အချိန်တွင် အပြင်ဘက်ရှိ လူများက တစ်ယောက်ပြီးတစ်ယောက် အသိဝင်လာကြသည်။

“ဒါက ကောင်းကင်ပြာ တိရိစ္ဆာန်က ဒါရိုက်တာပဲ။ နောက်ပြီး ဒါက ပန်ဒါကြီးပေါ့။ ဒါကြောင့် ရင်းနှီးတယ်လို့ ခံစားနေရတာကိုး။ ရီပို့တွေထဲမှာထက်တောင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေသေးတယ်”

“သတင်းတွေက ကောလဟာလတွေ လျှောက်ပြောနေတယ်လို့ ထင်တယ်။ မမျှောင်လင့်ထားပဲ တကယ်ဖြစ်နေတာပဲ။ ဟုတ်တယ် ငါတို့ အဲ့ဒီတိရိစ္ဆာန်ရုံကို သွားရမယ်။ တိရိစ္ဆာန်တစ်ကောင် ကျန်းမာရေး မကောင်းတဲ့အခါ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ။ မြန်မြန်လေး လမ်းဖယ်ပေးပြီး ဒါရိုက်တာ ဆုပိုင်ကို ဝင်ခိုင်းလိုက်ပါ”

လူတစ်ဖွဲ့က ဘေးဘက်သို့ ခပ်မြန်မြန် ဖယ်ပေးပြီး နေရာဖယ်ပေးကြသည်။

“အချိန်ရှိတဲ့အခါ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို လာကြပါ။ အားလုံးပဲ ကြိုဆိုပါတယ်”

ဆုပိုင်က ပြုံးရယ်ပြီး တပိုင်ကို ဆွဲခေါ်ကာ ခပ်မြန်မြန် ပြန်တက်သွားသည်။

“ဘယ်တိရိစ္ဆာန်လေး ဖျားနာတာလဲ မသိဘူး။ ဒါက ငါတို့ ဟန်ကျိုးရဲ့ မျှော်လင့်ချက်လေ။ ငါတို့ အသိအကျွမ်းတွေကို ဆက်သွယ်ပြီး ကူညီခိုင်းလိုက်ရအောင်”

“ဟုတ်တယ် ဟုတ်တယ် တစ်ခုခု ဖြစ်လို့ မရဘူး။ ငါ့ရဲ့ ယောက္ခရဲ့ မိတ်ဆွေကလည်း ချင်းတုတက္ကသိုလ်က ဇီဝဗေဒနယ်ပယ်ရဲ့ ပါမောက္ခတစ်ယောက်ထင်တယ်။ ငါ သူ့ကို မေးကြည့်လိုက်မယ်”

“ငါလည်း ခေါ်ကြည့်မယ်။ မိတ်ဆွေတစ်ယောက်ယောက်ကများ တိရိစ္ဆာန်တွေကို ကုသနိုင်မလားဆိုတာကို သိရအောင်လို့လေ”

ဆုပိုင်ထွက်သွားပြီးနောက် ထိုလူတစ်အုပ်က ဖုန်းထုတ်ကာ ဆက်စပ်သူများကို အသီးသီး ရှာဖွေကြသည်။

ရုတ်တရက် လူတိုင်းက လှုပ်ရှားနေကြသည်။

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်ငယ်လေးများ ဖျားနာသည်ဆိုသော သတင်းက ခပ်မြန်မြန် ပျံ့သွားပြီး တစ်မြို့လုံးက သိသွားကြသည်။

နာရီဝက်ခန့် ကြာပြီးနောက် လူတိုင်းက သတင်းရသွားသည်။ သတင်းထောက်များပင် ဖြစ်စေ၊ အစိုးရဌာနမှ လူများဖြစ်စေ ဟန်ကျိုးဆေးရုံသို့ အလောတကြီး လာကြသည်။

ဆေးရုံခန်းမတစ်ခုလုံးကလည်း လူများ ပြည့်ကျပ်နေသည်။ သူတို့ကလည်း မည်သည့်တိရိစ္ဆာန်က ဖျားနာနေကြောင်း သိချင်စိတ် ပြင်းပြစွာဖြင့် စစ်ဆေးနေကြ၏။

_ _ _

“ကြည့်ရှုသူ မိတ်ဆွေတို့”

45 02

အချစ်ပရောဂျက် ချန်နယ်မှ တုန်းယွဲ့က ဟန်ချန်း ပြည်သူ့ဆေးရုံသို့ အသဲအသန် ပြေးလာသည်။ သူမက ကင်မရာရှေ့တွင် ရပ်ရင်း တည်ငြိမ်သော မျက်နှာထားနှင့် ပြောသည်။

“အခုလေးတင် ဆေးရုံရဲ့ ထိပ်တန်းစီမံခန့်ခွဲမှု လူတွေနဲ့ ဆက်သွယ်ထားပြီးပါပြီ။ ဒီတစ်ကြိမ် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ကျန်းမာရေး မကောင်းဘူးလို့ ယူဆရတဲ့ တိရိစ္ဆာန်လေးက ချီဟွားမောင်လို့ ခေါ်တဲ့ ဒါရိုက်တာဆုအသင်းက အသစ်ရှာဖွေတွေ့ရှိထားတဲ့ ကြောင်လေးပါပဲ”

ဒီတိရိစ္ဆာန်နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ကျွန်မတို့တွေ အားလုံး မှတ်တမ်းတွေထဲမှာ ဖတ်ဖူးကြမှာပါ”

“ရှေးခေတ်အချိန်ကာလက ဆိုပေမယ့် ဒီစီးဘတ်ကြောင်က အိမ်မွေး တိရိစ္ဆာန်ဆိုရင်တောင်မှ အခုကာလမှာတော့ တိုင်းတာလို့ မရအောင် အဖိုးတန်နေပါပြီ”

“နောက်ပြီး ဒီကြောင်က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံတွင် ပထမဦးဆုံး ပေါ်လာတာပါ။ ဒီကြောင်က အရေအတွက်များလာတာနဲ့အမျှ အိမ်တိုင်းအိမ်တိုင်းမှာ မွေးမြူလို့ရတဲ့ ပမာဏထိဖြစ်လာနိုင်ပါသေးတယ်”

“ဒီလိုကြောင်မျိုးက အလုံးအရင်းနဲ့ သားဖောက်လို့ ရနိုင်သေးတယ်။ အိမ်ကိုလည်း ခေါ်ပြီး အတူနေလို့ ရတယ်”

ထိုစကားကို ပြောပြီးနောက် တုန်းယွဲ့က ရပ်တန့်သွားသည်။ သူမက အသက်ပြင်းပြင်း ရှူသည်။

“လူတိုင်းလည်း မျှော်လင့်နေကြတယ် မဟုတ်လား။ ကျွန်မတို့က စီးဘတ်ကြောင်တွေကို လိုအပ်တယ်။ ကျွန်မတို့ အသိုင်းအဝိုင်းက တိရိစ္ဆာန်တွေကို လိုအပ်တယ်”

“ဒီတိရိစ္ဆာန်ငယ်လေးတွေက အောင်အောင်မြင်မြင်နဲ့ မကယ်တင်နိုင်ခဲ့ရင် ဒါရိုက်တာဆုပိုင်ကလည်း နောက်ပိုင်း ကြောင်လို တိရိစ္ဆာန်မျိုး မရနိုင်တော့ဘူးလို့ ပြောထားတယ်_ _ _”

“ဒီစီးဘတ်ကြောင်လေးအတွက်က သာမာန်လူတွေ မွေးထားနိုင်တဲ့ ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ တိရိစ္ဆာန်လေးပဲ။ ဒီတော့ အားလုံးလဲ ဝိုင်းပြီး အားပေးကြရအောင်”

“စီးဘတ်ကြောင်လေး ကြိုးစားထား”

“ကွက် ကွက် ကွက်”

“ကွက် ကွက် ကွက်”

“ဟစ် ဟစ် ဟစ်”

တုန်းယွဲ့က သတင်းပို့နေချိန်တွင် တိရိစ္ဆာန်တစ်အုပ်က ဆေးရုံတံခါးဝသို့ ရောက်လာသည်။

မျောက်တိုဘုရင်က အနံ့ခံရင်း မျက်နှာကြက်ရှိ တိုင်ကို လှမ်းဖက်လိုက်ကာ ဒုတိယထပ်သို့ ခုန်တက်သွားသည်။

ခေါင်းပြားတာ့ကောက ထိုအခြေအနေကို မြင်သောအခါ အော်ဟစ်ရင်း ခုန်ကာလိုက်တက်သည်။ နောက်မှလည်း လူတစ်အုပ်က လိုက်လာကြသည်။

ရွှေမြွေကလည်း တုန်းယွဲ့၏ခြေထောက်နားသို့ ကျော်ဖြတ်ပြီး တိုင်ကို တွယ်တက်သွားသည်။

“ဒါ ဒါတွေက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက တိရိစ္ဆာန်လေးတွေပဲ။ သူတို့ကလည်း သူတို့ရဲ့ အပေါင်းအဖော်က ကျန်းမာရေး မကောင်းဘူးဆိုတာကို သိလို့ ချက်ချင်းရောက်လာကြတာ ထင်တယ်”

တုန်းယွဲ့က မျက်ရည်အပြည့်နှင့် ပြောသည်။

ခန်းမတွင် ရပ်နေသော လူတိုင်းကလည်း တိုင်မှတဆင့် ဒုတိယထပ်ကို တက်သွားသော တိရိစ္ဆာန်တိုင်းကို ကြည့်ကာ ဆွံ့အသွားသည်။

“ဒါက တိရိစ္ဆာန်အသိုင်းအဝိုင်းလား”

“သူတို့မှာတောင် ချစ်ခြင်းတရား ရှိတာပဲ”

ဆေးရုံ ဒုတိယထပ်_ _ _

“ပါမောက္ခပိုင် စမ်းသပ်ရလဒ်အတွက် ထွက်လာပါပြီ။ ဒီအကောင်ငယ်လေးရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းက သွေးယိုစိမ့်နေတာပါ။ ကံကောင်းတာက ကိုယ်တွင်းအင်္ဂါတွေက ဒဏ်ရာမရထားဘူး။ ဒါပေမယ့် သွေးကိုတော့ အမြန်ဆုံး ကိုင်တွယ်ဖို့ လိုအပ်လိမ့်မယ်”

“ဒါပေမယ့် အတွင်းပိုင်းတည်ဆောက်ပုံကိုတော့ ရှင်းရှင်းလင်းလင်း မသိကြဘူး မဟုတ်လား”

“ငါ့ကို ပြောစမ်း။ ငါတို့ ခွဲစိပ်သင့်လား။ ဆေးနဲ့ပဲ ကုသသင့်လား”

ပါမောက္ခပိုင်က ရုံးခန်းထဲရှိလူများကို ကြည့်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောသည်။ တစ်ခဏခန့် ကြသည်အထိ လူတိုင်းက တိတ်ဆိတ်သွားသည်။

45 03

ယခု ရင်ဆိုင်ကြုံတွေ့နေရခြင်းကသာ လူသားခန္ဓာကိုယ်ဆိုလျှင် သူတို့က ထိုနည်းလမ်း နှစ်မျိုးကို သုံးပြီး ကိုင်တွယ်၍ ရသည်။ သို့သော် ဒါက သေးငယ်သော တိရိစ္ဆာန်လေး ဖြစ်နေပြီး အလားတူသော ကုသမှုမျိုးလဲ မရှိခဲ့ဖူးချေ။

ထို့အပြင် ဆေးဝါးများက သက်ရောက်မှု ရှိမရှိဆိုသော အချက်ကပင် မသေချာသေးချေ။

ခွဲစိပ်ရန် အတွက်ကလည်း ကျရှုံးသွားသည်နှင့် ထိုတိရိစ္ဆာန်လေးက သေသွားမည် ဖြစ်သည်။ ထို့နောက် မည်သူကမှ ထိုတာဝန်ကို လက်မခံနိုင်ချေ။

ဒါက လောက၏ တစ်ဦးတည်းသော ကြောင်လေးဖြစ်သည်။

အာမခံချက် မရှိသည့်အခါ မည်သူကမှ မလုပ်ရဲချေ။

“ကောင်းပြီ”

ရုတ်တရက် ဆုပိုက် မတ်တပ်ထရပ်ပြီး အော်သည်။ တည်ငြိမ်သော မျက်နှာထားနှင့် သူက လူတိုင်းကို အော်သည်။

“ငါ့မှာ အကြံရှိတယ်။ အားလုံးပဲ ခွဲစိတ်ခန်းကို အမြန်ဆုံး ပြင်ဆင်ပေးပါ။ ငါ ဒီခွဲစိတ်မှုကို ကိုယ်တိုင်လုပ်မယ်”

ထိုစကား ထွက်လာသည်နှင့် လူတိုင်းက သူ့ကို မျက်လုံးပြူးသွားပြီး သူ့ကို ကြည့်သည်။

“မစိုးရိမ်ပါနဲ့။ ထပ်ပြီး ‌ဆွေးနွေးကြရအောင်။ ဒီကိစ္စက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒါရိုက်တာဆုပိုင် အလျင်စလို မလုပ်ပါနဲ့”

ပါမောက္ခပိုင်က သူ့ကို ဖြောင်းဖြသည်။ သူတို့အားလုံးကလည်း ဆုပိုင်ဟာ ဘာမှမလုပ်နိုင်ကြောင်း မြင်ရချိန်တွင် အလွန်လွန် စိုးရိမ်နေမည်ဟု ယူဆသည်။ သူတို့ဟာ အချိန်ကြာလာသည်နှင့် အမျှ ကြောင်လေးက မထိန်းနိုင်ပဲ သေနေမည့် အခြေအနေကို စိုးရိမ်သဖြင့် ထိုသို့ ဆုံးဖြတ်ချက် ချလိုက်သည်ဟု ယူဆကြသည်။

ထို့ကြောင့် သူက ကိုယ်တိုင်ကိုင်တွယ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ကိစ္စကမူ

“မင်းက တိရိစ္ဆာန်ရုံတစ်ခုရဲ့ ဒါရိုက်တာ ဟုတ်ပါတယ်။ ဒါပေမယ့် တိရိစ္ဆာန်တွေကို ကုသနိုင်လို့လား”

“မစိုးရိမ်ပါနဲ့ ဒီကြောင်လေးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ အပိုင်လို့ ဆုံးဖြတ်ထားပြီးသား။ ဒီတော့ ငါ့က အဆုံးထိ တာဝန်ယူမယ်။ အနှောက်အယှက် ပေးရတဲ့အတွက်တော့ စိတ်မကောင်းပါဘူး”

ဆုပိုင်က ယခုလေးတင် မောလ်တွင် ရီဖရက်ရှ် ဖြစ်လာသည့် ဂျူနီယာအဆင့် တိကုစွမ်းရည်ဆိုသော ဖန်ရှင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

All Chapters