အခန်း (၄၆-၄၈)
Vol. 4 Ch. 46-48
46 01
အပိုင်း(၄၆)
“အားလုံးပဲ အခုချက်ချင်းပဲ ထွက်ခွာပြီး အကောင်းဆုံး ခွဲစိပ်ခန်းကို ပေးလိုက်ကြရအောင်။ ဒုတိယအဖွဲ့က သူနာပြုတွေ အားလုံး ဝင်သွားကြ။ သူတို့မှာ အကောင်းဆုံး ကျွမ်းကျင်အဆင့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြတယ်”
“ငါတို့လည်း စောင့်ကြည့်အခန်းကနေ ကြည့်ရှုနေပေးမယ်။ ဒါက ပထမဦးဆုံး တိရိစ္ဆာန်တွေနဲ့ ပက်သက်တဲ့ ခွဲစိပ်ကုသမှုပဲ။ ငါတို့ရဲ့ဆေးရုံက ကံကောင်းပြီး ပိုင်ဆိုင်ခွင့်ရလိုက်တယ်။ ဒါကို သေချာပေါက် ဖမ်းဆုပ်ရမယ်။ တိရိစ္ဆာန်တွေအားလုံးကို ပြန်လည် ကယ်ဆယ်ပြီးသွားတဲ့အခါ ငါတို့ဆေးရုံကလည်း တတ်နိုင်သမျှ အမြန်ဆုံး တိကုဌာနတစ်ခုကို ထူထောင်ရမယ်”
ပါမောက္ခပိုင်က ခွဲစိပ်ခန်းတံခါးဝတွင် ရပ်လျက် တာဝန်များကို ခပ်မြန်မြန် ခွဲဝေပေးသည်။
အဝေးဘက်ရှိ လျှောက်လမ်းတွင် လူများ ပြည့်နေလေပြီ။ လူအုပ်၏ အရှေ့တွင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ၏ တိရိစ္ဆာန်အဖွဲ့က လှဲနေကြသည်။
ဆုပိုင်က အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက တည်ငြိမ်သော မျက်နှာနှင့် ခွဲစိပ်ခန်း တံခါးဝသို့ ရောက်လာသည်။
သူက ခွဲစိပ်ကုတင်ပေါ်တွင် လှဲနေသော သေးငယ်သည့် ကြောင်လေးကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူသည်။
“ခေါင်းပြားတာ့ကော သူတို့ကို ကြည့်နေပါ။ သူတို့က ပြဿနာမရှာစေနဲ့”
သူက ပျားရည်ခွေးတူဝက်တူကို ပြောပြီးနောက် နောက်ပြန်လှည့်ကာ ခွဲခန်းထဲသို့ ဝင်သွားလိုက်သည်။
ဘန်း
ခွဲခန်း၏ လေးလံလွန်းသော တံခါးတစ်ချပ်လုံးက ပိတ်သွားသောအခါ အနီရောင်မီးက လင်းသွားသည်။
လျှောက်လမ်းတစ်လုံးက ငြိမ်သက်နေသည်။ လူတိုင်းက လက်အချင်းချင်းကို ဖိပွတ်လျက် ခွဲစိပ်ခန်း၏ တံခါးကိုသာ စိုက်ကြည့်နေကြသည်။
“ငါတို့သေချာပေါက် အောင်မြင်ရမယ်”
လူထု၏စိတ်အတွင်း ထိုအတွေးကသာ တစ်ချိန်လုံး ပေါ်ထွက်နေသည်။
တုန်းယွဲ့က ခွဲစိပ်ခန်းတံခါးဝတွင် ရပ်လျက် ကင်မရာကို ကြည့်ကာ ပြောသည်။
“ကြည့်ရှုသူ မိတ်ဆွေတို့ အခု ဒါရိုက်တာဆုပိုင်က ခွဲခန်းထဲကို ဝင်သွားပြီ။ ဒါက ကမ္ဘာ့ပထမဦးဆုံး တိရိစ္ဆာန်ခွဲစိပ်မှု တစ်ခုပဲ။ ဒါက တရားဝင် စတင်တော့မယ်”
“ဒီမှာလဲ ရှိနေတဲ့လ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက တိရိစ္ဆာန် အားလုံးကို မြင်ကြတယ် မဟုတ်လား။ သူတို့အားလုံးက စိုးရိမ်နေကြတယ်”
“သူတို့ရဲ့ မိတ်ဆွေအသစ်ကို ကယ်ဆယ်နိုင်ခြင်း ရှိမရှိဆိုတဲ့ အကြောင်းအရာကို အားလုံးပဲ ဆုတောင်းပြီး စောင့်ဆိုင်းနေကြရအောင်။ ငါကတော့ ဒီစီးဘတ်ကြောင်လေး ရှင်သန်ဖို့ မျှော်လင့်တယ်”
“ငါတို့တွေ အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ။ ဘယ်လို တိရိစ္ဆာန်ကိုမှ ငါ့တို့ကို ချန်ထားပြီး ထွက်ခွာသွားခွင့် ပြုလို့ မရဘူး”
“ကြိုးစားထား”
…
ခွဲစိပ်ခန်းထဲတွင်
ထိုအချိန်တွင် ဒုတိယအဖွဲ့ သူနာပြုခေါင်းဆောင်၏ နဖူးတွင် ချွေးများ ကျဆင်းလာပြီ ဖြစ်သည်။ ဒါက မေ့ဆေးမပါသော ခွဲစိပ်မှု ဖြစ်သည်။
သွေးပမာဏကို ထိန်းချုပ်ဖို့ နည်းလမ်းလည်း မရှိပါချေ။ ထို့အပြင် သူ၏အရှေ့မှ တိရိစ္ဆာန်လေးက သေးငယ်သေးသည်။ ထို့အပြင် ဆက်သွယ်၍လည်း မရနိုင်။
ထို့ကြောင့် ခွဲစိပ်မှုက အလွန့်လွန် ခက်ခဲကြောင်း ပြသနေသည်။
“စမယ်”
ဆုပိုင်က တစ်ချက် ငြီးငြူပြီးနောက် ဘေးဘက်ရှိ ထက်ရှသော ခွဲစိပ်ဆရာဝန်သုံး ဓားငယ်လေးကို ကောက်ကိုင်လိုက်သည်။
“နာခံနော်။ မလှုပ်နဲ့”
ဆုပိုင်က လှဲနေသော ကြောင်လေးကို ခပ်တိုးတိုး ပြောလိုက်သည်။
“မြှောင်”
“ငါက နာခံပါတယ်”
ကံကောင်းသည်မှာ ထို raccoon ကြောင်လေးက ခပ်တိုးတိုးနှင့် တုန့်ပြန်လေသည်။
ဆုပိုင်ကလည်း အများကြီး စိတ်အေးသွားရသည်။
ထို့နောက် သူက ဓားလေးကို တဖြည်းဖြည်းချင်း စထုတ်သည်။ ထက်ရှသော ဓားသွားထိပ်က ကြောင်လေး၏ ကြောင်လေး၏ အမွှေးကို ဆွဲဖြဲသည့်အခါ သွေးများက ပန်းထွက်လာသည်။
“တော်လိုက်တာ”
ထိန်းချုပ်ခန်းထဲမှ စောင့်ကြည့်နေသော ပါမောက္ခပိုင်ကလည်း ဆုပိုင်၏ တည်ငြိမ်လွန်းသော ပုံပန်းသွင်ပြင်ကို ကြည့်ပြီး လေးစားမိသွားသည်။
“တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာဆိုတဲ့အတိုင်းပဲ။ သူက တိရိစ္ဆာန်တွေနဲ့ ကောင်းကောင်း ပူးပေါင်းနိုင်တယ်”
“ဒီကောင်လေးက လှုပ်တောင်မလှုပ်ဘူး။ ဒဏ်ရာကလည်း သေးငယ်လို့ သွေးထွက်တဲ့ ပမာဏက များမှာမဟုတ်ဘူး။ ဒီခွဲစိပ်မှု အောင်မြင်လောက်မှာပါ”
သူတို့တွင်လည်း မည့်သည့် တိရိစ္ဆာန်ကို ခွဲစိပ်မှု အတွေ့အကြုံမျှ မရှိသော်လည်း _ _ _
သူတို့အားလုံးကလည်း အတွေ့အကြုံရှိ ခွဲစိပ်ကျွမ်းကျင်ပညာရှင်များ ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့၏ တစ်ဘဝလုံး မရေမတွက်နိုင်သည့် ခွဲစိပ်မှုများကို ပြုခဲ့ဖူးကြသည်။
အရှေ့မှ အခြေအနေကို မြင်သောအခါ အားလုံးက သဘောကျ ခေါင်းညိတ်မိကြသည်။
တအား တည်ငြိမ်တယ်။
_ _ _
ပို၍ဆိုးသည်မှာ ထိုအထူးလူနာက မေ့ဆေးမပါသည့်တိုင်အောင် အသံတစ်စပင် မထွက်ပဲ အလွန့်အလွန် ပူးပေါင်းပေးနိုင်သည်။
“အောင်မြင်ပြီ”
46 02
ရုတ်တရက် အနောက်ဘက်မှ ဒေါက်တာတစ်ယောက်က အော်သည်။ လူတိုင်းက တည်ငြိမ်စွာဖြင့် ကြည့်နေကြသည့်အခိုက် ဆုပိုင်က ထိုစီးဘတ်ကြောင်လေး၏ ခန္ဓာကိုယ်အတွင်းမှ သွေးပမာဏကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားအောင် စစ်ထုတ်ထားသည့် ကျူ့လေးကို ကိုင်ထားကြောင်း မြင်လိုက်ရသည်။ ထို့နောက် ဒဏ်ရာမှ ချုပ်ရိုးကို ချုပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။
“ကောင်းပြီ ကောင်းပြီ”
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်။ ဒါက အလုပ်ဖြစ်သွားတယ်။ ပထမဦးဆုံး စီးဘတ်ကြောင်လေးက ငါတို့ရဲ့ ဆေးရုံမှာ ကယ်ဆယ်လိုက်နိုင်ပြီ”
“ဟုတ်တယ် ပါမောက္ခပိုင် ငါ့တို့ရဲ့ ဟန်ချန်းပြည်သူ့ဆေးရုံကတော့ ကျော်ကြားပြီပဲ”
ခွဲစိပ်ပါမောက္ခ တစ်အုပ်က အချင်းချင်း ဖက်ရင်း စိတ်လှုပ်ရှားစွာ အော်နေကြသည်။ ဒီခွဲစိပ်မှုက သူတို့ဘာသာ လုပ်ရသော အခြေအနေထက်ပင် အံ့ဩစရာကောင်းသေးသည်။
ကောင်းကင်ပြာ တိရိစ္ဆာန်ရုံတွင် တိရိစ္ဆာန်ပေါင်းများစွာ ရှိနှင့်နေပြီ ဖြစ်သည်။ အနာဂတ်တွင် ပို၍များပြားသော အခြေအနေများ ရှိလာနိုင်သည်။
ထို့နောက် _ _ _
တိရိစ္ဆာန်များထံမှ ရရှိမည့် ဆေးဝါးများကလည်း ထိုဆရာဝန်တိုင်းအတွက် ကောင်းချီးတစ်မျိုးပဲ ဖြစ်သည်။
တရုတ်ရိုးရာ တိုင်းရင်းဆေးများကို ပြန်လည် အသုံးပြုနိုင်တော့မည် ဖြစ်သည်။
သူ၏အရှေ့မှ လူငယ်ကြောင့်သာ အရာအားလုံးကို လုပ်နိုင်လာခြင်း ဖြစ်သည်။ လူမှုအသိုင်းအဝိုင်းအတွင်းသို့ တိရိစ္ဆာန်များဆိုသည့် မျှော်လင့်ချက်ကို ယူဆောင်လာပေးသူလည်း ဖြစ်သည်။
ဘန်း
အပြင်ဘက်ရှိ အနီရောင်မီးလေးက အစိမ်းရောင်ပြောင်းသွားသည်။ လူတိုင်းကလည်း တံခါးကို စိုက်ကြည့်နေကြသည်။
ကျွီ
ခန်းမတံခါးက တဖြည်းဖြည်းချင်း ပွင့်သွားသည်။
ဆုပိုင်က raccoon ကြောင်လေးကို သယ်ပွေ့လျက် အပြင်ဘက်တွင် စောင့်နေသော လူအုပ်ကို လေးနက်စွာ ဂါရဝပြုသည်။
“အားလုံးပဲ ကျေးဇူး အများကြီး တင်ပါတယ်။ ဒီခွဲစိတ်မှုက အောင်မြင်သွားပါပြီ။ ဒီစီးဘတ်ကြောင်လေးက မင်းတို့နဲ့ သိပ်မကြာခင်မှာ တွေ့နိုင်မှာပါ”
“ဝိုး”
အားလုံက အော်ဟစ်ကြသည်။
“တကယ် အလုပ်ဖြစ်သွားတာပဲ။ ငါ့ရဲ့နှလုံးသားထဲက ကြီးမားတဲ့ ကျောက်တုံးကြီးက ကျသွားပြီ”
“တိရိစ္ဆာန်တစ်ကောင်ကို ကယ်ဆယ်တဲ့ မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရတယ်။ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလိုက်သလဲ”
“သေစမ်း ငါ ဒီကြောင်လေးအကြောင်း ဆက်တိုက် ဆုတောင်းပေးနေတာနဲ့ မေ့တော့မလို့။ အောက်မှာ ငါဖွင့်ထားတဲ့ ပန်ကိတ်ဆိုင် ရှိသေးတာပဲ”
အေပရွန်ဝတ်ထားသော ဆိုင်ပိုင်ရှင်က အလန့်တကြား အော်ပြီး အောက်ဘက်သို့ ခပ်မြန်မြန် ပြေးဆင်းသွားသည်။ ထိုအခြေအနေက လူတိုင်းကို ရယ်မိသွားစေသည်။
“ကြည့်ရှုသူ မိတ်ဆွေတို့ အားလုံးလည်း ကျွန်မတို့တွေနဲ့အတူ ဒီစီးဘတ်ကြောင်လေးကို ကယ်တင်နိုင်ခဲ့တဲ့ မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီ။ အားလုံးကိုပဲ ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်”
“ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟန်ချန်းပြည်သူ့ဆေးရုံက လူတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်။ ဒါရိုက်တာဆုပိုင်ကို ကျေးဇူးတင်တယ်”
“ဒါက ဒါက ဒီပရိုဂရမ်ရဲ့ အဆုံးသတ်ပဲ”
“ကျွန်မက တုန်းယွဲ့ပါ။ မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်မတို့ ဟန်ချန်းက မိသားစုတိုင်းမှာ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေး တစ်ကောင်စီ ရှိနေမယ်လို့ မျှော်လင့်တယ်”
“တိရိစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေတွေလေ။ နောက်ပရိုဂရမ်မှာ ထပ်ပြီး တွေ့ကြရအောင်”
တုန်းယွဲ့က ပြော၍ပြီးသွားသည့်နောက်တွင် မိုက်ခရိုဖုန်းကို ချက်ချင်းပိတ်ပြီး အသက်ပြင်းပြင်း ရှူသည်။
ဆုပိုက် ဆေးရုံတံခါးမှ ထွက်သွားကြောင်း မြင်သောအခါ သူမက ခပ်မြန်မြန် လိုက်သွားမိသည်။
“ဒါရိုက်တာဆုပိုင်”
“ဟင်”
ဆုပိုင်က နောက်လှည့်ကြည့်ပြီး သူမကို ခေါင်းသာညိတ်ပြသည်။
“ဒီစီးဘတ်ကြောင်လေး ပြီးရင် ဘယ်လိုတိရိစ္ဆာန်မျိုးလေးကို ဆက်ပြီး ကယ်ဆယ်ဦးမလဲလို့ သိချင်လို့ပါ။ ကျွန်မတို့ကို ကြိုတင်ပြောပြပေးနိုင်မလား”
ဆုပိုင်က လက်မောင်းထဲမှ အကောင်လေး၏ နဖူးကို အသာပွတ်သပ်နေရင်း ပြုံးလိုက်သည်။
“တအားကြီးတဲ့ အကောင်ပေါ့။ အိမ်လောက်ကြီးတယ်။ အဲ့ဒီလို သတ္တဝါလို့ မှတ်ထားရင် ရပါတယ်”
“အချိန်ကျလာတဲ့အခါ မင်းတို့အားလုံး သိရမှာပါ”
“တပိုင်”
ဆုပိုင်က ပန်ဒါကြီး၏ နဖူးကို အသာပွတ်ပြီး အပြင်ဘက်သို့ ထွက်သွားသည်။
ထို့နောက် အရှေ့ဘက်ရှိ သုံးဘီးကို ဆွဲသည်။
“အိုး”
“လူလိမ် ဘယ်မှာလဲ ငါ့ရဲ့မျှစ် ငါ့ရဲ့ဝါး။ မင်းက ငါ့ကို ပြန်ဆွဲခေါ်ချင်သေးတာလား”
ထိုစကားကို ကြားသောအခါ တပိုင်က မျက်လုံးပြူးသွားပြီး ဆုပိုင်ကို စိုက်ကြည့်သည်။
“သကြားဆယ်လုံး ထပ်ထည့်ပေးမယ်”
ဆုပိုင်က အနားသို့ ငုံ့ကိုင်းပြီး ခပ်တိုးတိုး ပြောသည်။
“ဟင်”
တပိုင်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထို့နောက် ခေါင်းပြန်လှည့်ကာ အထင်တသေး ကြည့်၏။
46 03
“မင်းက ငါ့ကို သကြားလုံး ဆယ်လုံးနဲ့ လာဘ်ထိုးချင်တာလား။ ငါ့ကို အရူးလို့ ထင်နေတာလား”
“ဒါဆိုရင် ခေါင်းပြားတာ့ကော ငါ မင်းကိုပဲ လွှတ်ထား_ _ _”
ဆုပိုင်၏ နှုတ်ခမ်းများက ကော့တက်သွားပြီး ဘေးဘက်ရှိ ပျားရည်ခွေးတူဝက်တူကို ကြည့်သည်။
ကွက် ကွက် ကွက်
ဖြန်း
ထိုစကားကို ကြားသောအခါ ခေါင်းပြားတာ့ကောက သူ၏လက်သည်းပါသော လက်ဝါးကြီးကို ဆန့်ထုတ်ပြီး တပိုင်၏ ဖင်ကို ခပ်ကြမ်းကြမ်း ရိုက်သည်။ ထို့နောက် ခက်ထန်စွာ အော်သည်။
တပိုင်က ခေါင်းကိုငုံ့သွားပြီး သုံးဘီးနားသို့ လျှောက်သွားကာ သူ၏ခေါင်းကို ငုံ့လျက် အတွင်းသို့ ဝင်၏။
“လာ လာ လာ ရှောင်ကျင်း”
“မင်းလည်း လာ”
ဆုပိုင်က ပျားရည်ခွေးတူဝက်တူနှင့် ရွှေမြွေတို့ကို ပွေ့တင်လိုက်သည်။ သူကိုယ်တိုင်ကလည်း ဝင်ထိုင်သည်။
“မင်းတို့ကတော့ ကိုယ့်ဘာသာကိုယ် ပြန်လာလိုက်ကြတော့”
မျောက်တိုဘုရင်ကို ပြောပြီးနောက် ဆုပိုင်က တပိုင်၏ဖင်ကို တစ်ချက်ပွတ်လိုက်သည်။ ထို့နောက် ပြုံးလျက် ပြောသည်။
“ပြန်ရောက်တဲ့အခါ ငါ မင်းကို ဝါးမျှစ်ဆယ်ချောင်း ဝယ်ပေးမယ် ဟုတ်ပြီလား။ မြန်မြန်လေး သွားပါတော့”
“မင်းမြန်မြန်သွားမှ ဖြစ်တော့မယ်။ သိပ်မကြာခင် မင်းသမီးက ရောက်လာတော့မှာ”
“အိုး”
တပိုင်က အော်သည်။ ထို့နောက် သုံးဘီးကို ဆွဲပြီး ခပ်မြန်မြန် ပြေးထွက်သွားလေသည်။
++++++
47 01
အပိုင်း(၄၇)
“မြှောင် မြှောင် မြှောင်”
“ဟီး ဟီး တပိုင် ဘယ်လောက်ချစ်စရာကောင်းလဲ ကြည့်ပါဦး။ နင်ကတော့ တော်တော်ဝတယ်”
ဘေဘီက ပြုံးလျက် ပြောသည်။ သူမက လက်ထဲတွင် ချစ်စရာကောင်းသော စီးဘတ်ကြောင်လေးကို ပွေ့ထားပြီး ပန်ဒါကြီးကို မှီနေသည်။
“အိုး”
ခရက်
ထိုစကားကို ကြားသောအခါ တပိုင်က အော်ဟစ်သည်။ သူက မကျေနပ်မှုကို ဖြေသိမ့်ရန်အတွက် ဝါးမျှစ်ကို ခပ်ကြမ်းကြမ်း ကိုက်ချလိုက်သည်။
ငါ ဘာလုပ်နိုင်မှာလဲ။
ငါက အသားလဲ မစားဘူးလေ။ အရွက်ပဲ စားတာ ဟုတ်ပြီလား။ နောက်ပြီး သူ စားသမျှကလည်း အလေးချိန် တက်စေတယ် ထင်တယ်။ မျိုးရိုးဗီဇက တအားကောင်းနေတာကို။ ဘယ်တတ်နိုင်မှာလဲ။ ဒါကလည်း သူလုပ်နိုင်တာမှ မဟုတ်တာ”
“ဦးလေးဆုပိုင် ဒီကောင်လေးက ဒီနေ့ ပြေးတောင်ပြေးနိုင်နေပြီ။ ဒဏ်ရာက တော်တော်လေး သက်သာသွားပြီ ထင်တယ်”
မြက်ခင်းပြင်ပေါ်တွင် ထိုင်ကာ ကစားနေသည့် ဘေဘီကို ကြည့်နေသည့် ဆုပိုင်က အနားသို့ သွားပြီး ခေါင်းလေးကို ပုတ်လိုက်သည်။
“ကောင်းပြီလေ သမီး ဒီကလေးလေးကို ပြန်ခေါ်သွားပြီး အတူအိပ်ချင်လား”
“တကယ်လား”
ဘေဘီ၏ မျက်လုံးက ပြူးကျယ်သွားသည်။
ထို့နောက် နှုတ်ခမ်းက ကော့တက်စွာ ပြုံးသည်။ ထို့နောက် မေး၏။
“တကယ် ဒီကောင်လေးကို တကယ် ပြန်ခေါ်သွားလို့ ရတာလား”
“ဦလေးဆုပိုင် တကယ်ပြောနေတာလား”
“ရတာပေါ့။ ဒါပေမယ့် ညဘက်မှာတော့ ချီထားပြီး မအိပ်နဲ့”
ဆုပိုင်က raccoonကြောင်လေး၏ ခေါင်းလေးကို ကြည့်ပြီး ပြောသည်။
“မဟုတ်ဘူး မဟုတ်ဘူး ဘေဘီက အိပ်တဲ့အချိန်မှာ တအားနာခံပါတယ်။ သူ့ကို မဖိမိစေရပါဘူး”
“ဟုတ်တယ်မဟုတ်လား စီးဘတ်လေး”
“ဟူး ဟူး ဘေဘီက အိပ်ယာဝင်တဲ့အခါ ဒီကောင်လေးကို ဘေးဘက်မှာ ချထားပါ့မယ်။ နောက်နေ့မှာ ပြန်လာပို့မယ်လေ”
ဆုပိုင်ကလည်း ဘေဘီက စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေကြောင်း မြင်သောအခါ ပျော်ရွှင်သွားသည်။ ထိုကောင်မလေးက တိရိစ္ဆာန်များနှင့် အရင်းနှီးဆုံးမိတ်ဆွေ တစ်ယောက်အဖြစ် မွေးဖွားလာခြင်း ဖြစ်သည်။ တိရိစ္ဆာန်ရုံထဲ တိရိစ္ဆာန်တိုင်းက သူမနှင့် အလိုအလျောက်ပင် နီးကပ်ချင်ကြသည်။
“အိုး”
“ငါလည်း လိုက်လို့ရလား”
တပိုင်က ပါးစပ်ထဲမှ ဝါးမျှစ်ကို ပစ်ချပြီး ဆုပိုင်ကို ကြည့်ကာ မေးသည်။
“မင်း ဘယ်လိုထင်လဲ”
ဆုပိုင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်နှင့်တင် တပိုင်က နားလည်သွားသည်။
“ဘေဘီ”
ရုတ်တရက် အဝေးမှ ကောင်းယွဲ့၏ တအံ့တဩ အော်သံကို ကြားလိုက်ရသည်။ ဆုပိုင်က ခပ်မြန်မြန် ကြည့်လိုက်သည်။
ထိုအခါ ဘေဘီက မြေပြင်ပေါ်တွင် ပက်လက်လဲနေကြောင်း မြင်လိုက်ရသည်။ ကြောင်လေးက သူမ၏ပါးကို ဆက်တိုက်ယက်ပေးနေသည်။
သူက အလျင်စလို သွားကာ ကြည့်လိုက်သောအခါ ကောင်မလေး၏မျက်နှာက ဖြူဖျော့နေပြီး နဖူးတွင် ချွေးများစို့နေကြောင်း တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ နေမကောင်းဘူးလား”
ဆုပိုင်က ကလေးမလေးကို ခပ်မြန်မြန် ကောက်ပွေ့လိုက်ပြီး လက်ဆန့်ထုတ်ကာ နဖူးကို စမ်းသည်။ ထို့နောက် စိုးရိမ်တကြီး မေးသည်။
“ဘေဘီ ဘေဘီ ဘယ်လိုနေလဲ။ ဘယ်နေရာက မသက်မသာ ဖြစ်တာလဲ”
သို့ရာတွင် ကလေးမလေးက မျက်မှောင်ကြုတ်နေပြီး နာကျင်မှုအပြည့်နှင့် မေ့မျောနေပုံ ရသည်။
“ဘာဖြစ်တာလဲ”
ကောင်းယွဲ့က ကလေးကို ယူသည်။ ထို့နောက် လက်မောင်းထဲတွင် ပွေ့ဖက်ထားပြီး နှစ်သိမ့်ပေးသည်။
“ဘေဘီက အရမ်းကို ထူးဆန်းတဲ့ ရောဂါတစ်မျိုး ဖြစ်နေတာ”
47 02
ဆုပိုင်၏ ရိုးသားသော မျက်ဝန်းများကို မြင်သောအခါ ကောင်းယွဲ့က အချိန်အတန်ကြာ တွေးတောလိုက်သည်။ ထို့နောက် ခေါင်းကိုမော့ကာ ရှင်းပြလိုက်သည်။
“ဒီကလေးမလေးရဲ့ သက်တမ်းက သိပ်မကြာတော့မှာ စိုးရိမ်ရတယ်။ နောက်ပြီး အခြား နည်းလမ်းလည်း မရှိဘူး”
“ဝူး ဝူး ဝူး _ _ _ငါ ဆေးရုံတွေ အားလုံးကို သွားကြည့်ပြီးပြီ။ ဘာကုသနည်းမှ မရှိဘူး။ ငါလည်း အခြေအနေတွေကို မထိန်းချုပ်နိုင်ဘူး။ ငါ ဒီအတိုင်းပဲ စောင့်ကြည့်နေရတယ်”
“ဘာလို့ ဘာလို့ ငါ့အလှည့်ကျမှ ဒီလိုလာဖြစ်တာလဲ။ ဘာလို့ ငါ မဖြစ်ရတာလဲ”
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ သူမ၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်ပြီးနောက် တည်ငြိမ်သော လေသံနှင့် ပြောသည်။
“ဒါက ဘယ်လိုရောဂါလဲ။ ဘာလို့ ဖြေဆေးမရှိတာလဲ။ ငါ ချင်တုအစိုးရကို ဆက်သွယ်ပေးမယ်။ သူတို့ကတော့ တိုင်းပြည်က အာဏာအမြင့်ဆုံး ဒေါက်တာတွေနဲ့ ဆက်သွယ်နိုင်မှာပါ။ ဒီလိုကျွမ်းကျင်ပညာရှင်တွေဆီကနေ အကူအညီ ယူနိုင်မယ်။ ကလေးကို ဆက်ပြီး စစ်ဆေးခိုင်းလို့ ရတာပဲ”
“အသုံးမဝင်နိုင်ဘူး”
ကောင်းယွဲ့က ဝမ်းနည်းစွာ ပြောသည်။ သူမက မျက်ရည်များကို သုတ်လျက် တရှုံ့ရှုံ့ငိုနေရင်း ပြောသည်။
“ဘေဘီက အာရုံကြောအားနည်းနေတဲ့ ရောဂါဖြစ်နေတာ။ ALSလို့လည်း သိကြတယ်။ ဒီလောကမှ ဘာကုသနည်းလမ်းမှလည်း မရှိဘူး။ ဒါကြောင့် ဘယ်သူ့ကိုပဲ သွားရှာရှာ အသုံးမဝင်ဘူး”
“ALS ဟုတ်လား”
ဆုပိုင်၏ နှုတ်ခမ်းက တွန့်သွားသည်။
ထိုအရာဟာ ရှေးခတ်ကာလတွင် အလွန်နာမည်ကြီးသည်။ ထိုအချိန်ကာလကဆိုလျှင် ရေခဲပုံးစိန်ခေါ်မှုက အလွန်ကျော်ကြားခဲ့သေးသည်။
သို့ရာတွင် လူတိုင်းကမူ ဒါကို အပျော်သဘောဖြင့်သာ ကြည့်ကြသည်။ ထိုရောဂါဟာ မည်မျှ ကြောက်စရာကောင်းကြောင်း မသိကြချေ။
လူတစ်ယောက်၏ ဦးနှောက်များက သက်ရောက်ခံရသောအခါ ခြေလက်များက မလှုပ်နိုင်တော့ချေ။ တစ်ကိုယ်လုံးတွင် မျက်လုံးများကသာ လှုပ်နိုင်ပေလိမ့်မည်။ ထိုအခါ ထိုရောဂါက မည်မျှ ကြောက်စရာကောင်းကြောင်း သိနိုင်သည်။
ထိုရောဂါရှိသွားသည်နှင့် ခြေလက်မှ ကြွက်သားများ အားလုံးက ကျုံ့ကာ အကြောသေသွားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ဝမ်းဗိုက်ရှိ ကြွက်သွားများကပင် အလားတူ ဖြစ်သွားပေမည်။ ထို့ကြောင့် စားသောက်ရန်လည်း မဖြစ်နိုင်တော့ချေ။ နောက်ပိုင်းတွင် သေသည်အထိ ပြင်းထန်သည့် ဝေဒနာကို ခံစားရရန် ဖြစ်လာသည်။
ဒီလောက်ငယ်တဲ့ ကောင်မလေးမှာ ဘာလို့ ဒီလိုရောဂါမျိုးက ဖြစ်လာရတာလဲ။
နောက်ပြီး ရိုးရိုးရှင်းရှင်းကို _ _ _
“ကောင်းပြီလေ”
လက်မောင်းထဲတွင် ပွေ့ထားသော ကလေးကို ကြည့်နေရင်း ဆုပိုင်၏ မျက်ဝန်းများက ပြောင်းလဲလာသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ဖြူဖျော့သော မျက်နှာလေးကို ပွတ်သပ်သည်။ ထို့နောက် ကောင်မလေးက သတိရလာရင်း ဆုပိုင်ကို ကြည့်သည်။
“ဦးလေး ဆုပိုင် ဒီည ငါ့ကို ရှောင်းလီဟွားနဲ့ အိပ်ခိုင်းနော်။ ဦးလေး စကားကို ပြန်မရုတ်ရဘူးနော်”
“ဘေဘီက ဒီည သတိမမေ့တော့ပါဘူး။ ဒီကြောင်လေးကို သေချာ ဂရုစိုက်ပါ့မယ်”
အရှေ့မှ ကလေးမလေးကို ကြည့်နေသည့် ဆုပိုင်က ဘေးဘက်သို့ ခေါင်းပြန်လှည့်လိုက်သည်။ ထိုသို့ဖြင့် ကျလာခါနီး မျက်ရည်များကို ထိန်းသိမ်းလိုက်၏။
“ကောင်းပြီလေ။ ဒီစီးဘတ်ကြောင်လေးက မင်းနဲ့အတူ လိုက်သွားလိမ့်မယ်။ နောက်ပြီး ဒီကြောင်လေးကလည်း ဘေဘီကို စောင့်ကြည့်ပေးနေလိမ့်မယ်။ အဆင်ပြေမှာပါ”
ဆုပိုင်က ထိုကြောင်လေးကို ကလေးမလေး၏ လက်မောင်းထဲသို့ ထည့်ပေးလိုက်ရင်း ပြုံးလျက် ပြောသည်။
“စီးဘတ်ကြောင်လေး မင်းလည်း ညဖက်ကျရင် သူ့ကို ဂရုစိုက်ရမယ်နော်”
“ဟီး ဟီး ဦးလေးဆုပိုင် ဘေဘီကပဲ သူ့ကို ဂရုစိုက်မှာပါ”
“ကောင်းပြီ ကောင်းပြီ ကောင်းယွဲ့ကျဲကျဲ အရင်ပြန်လိုက်ပါတော့။ ကျန်တာတွေကို ငါ ဆက်လုပ်လိုက်မယ်”
ဆုပိုင်က ထိုနှစ်ယောက်ကို လက်ယမ်းပြလိုက်သည်။ တဖြည်းဖြည်းချင်း တိရိစ္ဆာန်ရုံဝင်ပေါက်မှ ပျောက်ကွယ်သွားသည့် ကောင်မလေးကို ကြည့်နေပြီး နောက်သို့ပြန်လှည့်ကာ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။
“စနစ် ALSရောဂါကို ကုသတဲ့ နည်းလမ်းရှိလား”
“host ရောဂါတွေကို တိုက်ရိုက်ကုသနိုင်တဲ့ ဆေးတွေကို မောလ်ထဲမှာ တိုက်ရိုက် ရီဖရက်ရှ် လုပ်နိုင်မှာ မဟုတ်ပါဘူး”
“ရီဖရက်ရှ်လုပ်လို့ မရဘူးလား”
47 03
ဆုပိုင်က လက်ထောက်၍ ထိုင်ပြီး သုန်မှုန်သွားသည်။
ဒါဆိုရင် ဒီကောင်မလေး တဖြည်းဖြည်းချင်း သေဆုံးမှုဆီ လျှောက်သွားမှာကို ကြည့်နေရမှာလား။
မဟုတ်သေးဘူး သိပ်မကြာသေးဘူး ဆိုပေမယ့်လည်း ဒီကောင်မလေးက ဆုပိုင်ရဲ့ တိရိစ္ဆာန်ရုံက မိသားစုဝင်လို ဖြစ်နေပြီလေ။
သူ့ရဲ့မိဘတွေ သေသွားပြီးကတည်းက သူ့တစ်ယောက်တည်း ဖြစ်နေခဲ့တာ။ တိရိစ္ဆာန်ရုံမှာ နေ့စဉ်နေတဲ့ ကာလအတောအတွင်း ဒီချစ်စရာကောင်းတဲ့ ကောင်မလေးကြောင့်သာ တိရိစ္ဆာန်တွေက ဒီလောက်ထိ နာခံနေကြတာ။ ကလေးတွေ အားလုံးကလည်း သူမလေးကြောင့် ပျော်ရွှင်နေကြတာပဲ။
ကောင်မလေးက နတ်သမီးတစ်ပါးလို ဖြစ်နေတာကို ဘယ်လိုကြောင့်များ ဒီလိုရောဂါ ဖြစ်လာရတာလဲ။
“host ဒီရောဂါကို ကုသပေးနိုင်တဲ့ သတ္တဝါတစ်မျိုးတော့ ရှိတယ်”
ရုတ်တရက် စနစ်၏အသံက ထွက်လာသည်။ ဆုပိုင်က ကြောင်သွားသည်။
“ဘာသတ္တဝါလဲ”
“ဩစတြေးလျ ဘန်နီယုန်ပဲ။ ဒီသတ္တဝါက တော်တော်လေး ရှားတယ်။ hostကသာ လဲချင်ရင် အံ့အားသင့်မှု အမှတ် ၂ဆနဲ့ လဲရလိမ့်မယ်”
စနစ်က ပြောပြီးကာစသာ ရှိသေးသည်။ ဇယားတွင် စာတစ်ကြောင်းက ထွက်ပေါ်လာသည်။
“တင် စနစ်တာဝန်တစ်ခု ထွက်လာပါပြီ.. ALSဖြစ်နေတဲ့ ချစ်စရာကောင်မလေးကို ကယ်တင်ပါ”
“တင် hostက ဒီကောင်မလေး မသေခင် ဩစတြေးလျ ဘန်နီအပိုင်းအစ တာဝန်ကို လဲလှယ်ရယူပြီး ဒီတာဝန်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ရပါလိမ့်မယ်”
“ဒီတာဝန်ရဲ့ ဆုလာဒ်ကတော့_ _ _ သဘာဝနှလုံးသား( အရွက်စား တိရိစ္ဆာန်တိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နိုင်စွမ်း) ကိုရရှိမှာပါ”
“ဒီတာဝန်ကျရှုံးတဲ့အခါ ဘာအပြစ်ဒဏ်မှ မရှိပါဘူး”
“အံ့အားသင့်မှုအမှတ် နှစ်သန်း(၂ဆ)ကို သုံးပြီး ဩစတြေးလျ ယုန်အပိုင်းအစနဲ့ လဲလှယ်နိုင်ပါတယ်”
“hostက လဲလှယ်ဖို့ ဆုံးဖြတ်သည်ဖြစ်စေ မဆုံးဖြတ်သည်ဖြစ်စေ တစ်ကြိမ်ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ဆင့်မှာ ဩစတြေးလျ ဘန်နီအပိုင်းအစက အလိုအလျောက် ရီဖရက်ရှ် ဖြစ်သွားမှာပါ။ ဒါပေမယ့် မလဲလှယ်ခဲ့တာနဲ့ ဒီသတ္တဝါက ဘယ်တော့မှ ပြန်လည် ကယ်တင်နိုင်တော့မှာ မဟုတ်ပါဘူး”
“ဒါကြောင့် host အနေနဲ့ သေချာပေါက် စဉ်းစားစဉ်ချင်ပါ”
“ဩစတြေးလျ ဘန်နီဟုတ်လား”
ဆုပိုင်က အသက်ပြင်းရှူပြီး အံကြိတ်လိုက်သည်။
ဒါက ဒီအတိုင်း အံ့အားသင့်မှု အမှတ် ၂သန်းပဲ မဟုတ်လား။ သူ့မှာ အာရှဆင် အပိုင်းအစလည်း ရှိသေးတယ်။ သူက ဒါကို မကယ်တောင် မကယ်ရသေးဘူး။ နောက်ပြီး အခြားလဲလှယ်လို့ ရတဲ့အပိုင်းအစ နှစ်မျိုးလည်း ရှိသေးတယ်”
ဒီအပိုင်းအစ တာဝန်တွေကို လုပ်ပြီးသွားတဲ့နောက်မှာ အံ့အားသင့်မှု အမှတ်တွေ အများကြီး ရမှာပဲ။
တိရိစ္ဆာန်ကို ပြန်လည် တည်ဆောက်ပြီးသွားတဲ့အခါ လာရောက်ကြည့်ရှုသူတွေရဲ့ အရေအတွက်က မြင့်မားသွားလိမ့်မယ်။ အံ့အားသင့်ဖွယ် ကောင်းတဲ့နူန်းနဲ့ မြင့်တက်သွားလိမ့်မယ်။ အဲ့ဒီအခါ ၂သန်းက ဘာမှမပြောပလောက်တော့ဘူး။
“စနစ် ဩစတြေးလျား ယုန်အပိုင်းအစကို နောက်ပိုင်း ရီဖရက်ရှ်လုပ်ရင် ထည့်သွင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီ”
ဆုပိုင်က လေးနက်သော လေသံဖြင့် ပြောသည်။
“တန်ကြေးက ဘာပဲဖြစ်ဖြစ် ကောင်မလေးကိုတော့ ကယ်ရမယ်”
++++
48 01
အပိုင်း(၄၈)
ထိုညတွင်_ _ _
ဆုပိုင်က အရာအားလုံးကို သင့်တော်သလို စီစဉ်ပြီးနောက် အာရှဆင် အပိုင်းအစ တာဝန်ကို စတင်လိုက်သည်။
ထိုတာဝန်က ပြီးမြောက်သွားပြီးလျှင် တိရိစ္ဆာန်ရုံထဲတွင် တိရိစ္ဆာန်မျိုးနွယ် ခြောက်မျိုး ရှိလာမည် ဖြစ်သည်။ နေရာရွေ့ပြောင်းရန်အတွက် နောက်ထပ် လေးမျိုးသာ လိုတော့မည်ဖြစ်သည်။
သို့ရာတွင် ချင်တုအစိုးရကလည်း နေရာကြီးကို ကြိုတင်ပေးထားပြီးသား ဖြစ်သည်။
ဒါဆိုရင် ကြိုဆောက်လို့ ရလောက်တယ်။
မည်သို့ပင်ဆိုစေ စနစ်က အေးအေးဆေးဆေး စောင့်နိုင်သည်။ ထိုကိစ္စကိုမူ လျို့ဝှက်ထားရမည် ဖြစ်၏။
“တင် အာရှဆင် အပိုင်းအစတာဝန် စတင်ပြီ…”
“တိုက်ရိုက်ထုတ်လွှင့်မှုက စတင်ပါပြီ”
ဇီး ဇီး ဇီး ဇီး ဇီး
အရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားသည်။ ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး မျက်လုံးကို ပြန်ဖွင့်သည်။
“ဟင်”
အရှေ့ဘက်ရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် သူက သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။
ဒီတစ်ကြိမ်ကတော့ ပုံမှန်ပဲ။ သူက မြစ်ငယ်လေးရဲ့ အစွန်နားမှာ ရပ်နေတာ။
သိပ်သည်းစွာ ဝိုင်းနေသော မိုးသစ်တောအုပ် ဝန်းကျင်အတွင်း စိမ်းလန်းစိုပြေသည့် မြက်ခင်းလွှင်ပြင်ကိုလည်း မြင်ရသည်။
ဆုပိုင်က ကျော်ပိုးအိတ်ထဲမှ ဒူးလေးကို တဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ ကျောပိုးအိတ်ကို လွယ်ပြီး ဂရုတစိုက် လျှောက်လာခဲ့လိုက်သည်။
နောက်ဆုံးတော့ တောထဲမှာ ရှင်သန်နေထိုင်နိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်လာနိုင်ခဲ့ပြီ။ တလောကလုံးရှိ တိရိစ္ဆာန်တိုင်းက အချိန်တန်ကြာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် တောတွင်းတွင် ကိုယ့်ကိုယ်ကို ခုခံရန် အသုံးပြုရမည့် လက်နက်များ အားလုံးကလည်း ဆုတ်ယုတ်ခဲ့လေပြီ။
ဆုပိုင်က ထိုအကြောင်းအရာကို ကောင်းကောင်းနားလည်သည်။ ဒီအာရှဆင် တာဝန်ကလည်း လူသားများနှင့် ကိုင်တွယ်ရပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဆင်များက အစာကွင်းဆက်၏ ထိပ်ဆုံးမှဖြစ်သည်။ သူတို့၏ အရွယ်အစားကြောင့် သိသာစရာပင် သဘာဝရန်သူ မရှိချေ။ ဆင်များက အဖွဲ့လိုက်နေသည်။ တိုက်ခိုက်သည်နှင့် ကြမ်းတမ်းစွာ ခုခံလေ့ရှိသည်။ အတိတ်တွင် မြေကမ္ဘာခေတ်မှ ခြင်္သေ့များပင် ဖြစ်စေ၊ ကျားများပင် ဖြစ်စေ ဆင်တစ်ကောင်ကို တိုက်ခိုက်သည့် အခြေအနေမျိုး ရှိတတ်သည်။
_ _ _
သို့သော် အသင်းထဲမှ အအိုဆုံး ဆင်ကသာ တိုက်ခိုက်ခံရတတ်သည်။ ရှေးခေတ်ကတည်းက ဆင်များ၏ အကြီးမားဆုံး ရန်သူက လူသားများ ဖြစ်ခဲ့သည်။
ဆင်စွယ်၏ တည်ရှိမှုကြောင့် လူများက ဆင်များကို အလုံးအရင်းနှင့် အမဲလိုက်လေ့ရှိကြသည်။
အချို့သော အစိုးရများကလည်း အမှောင်ဈေးကွက်မှ ဆင်စွယ်များ၏ တန်ကြေးကို ဖိနှိပ်ရန် အလို့ငှာ တရားဝင်အမဲလိုက် အသင်းများကိုပင် တည်ထောင်ခဲ့သည်။ အချိန်တစ်ခု ကြာအောင် အမဲလိုက်ခံရပြီးနောက် ဆင်တစ်မျိုးနွယ်လုံးက ရှင်းလင်းပစ်ခံခဲ့ရခြင်း ဖြစ်သည်။
တိုင်းပြည်ပေါင်းများစွာကလည်း ဆင်စွယ်နှင့် ပက်သက်သည့် ပစ္စည်းများကို ဘန်းထားသည့်တိုင်အောင် လူပေါင်းများစွာ ရင်းနှီးပြီး လှုပ်ရှားနေကြသေးသည်။
အကျော်ကြားဆုံး တစ်ခုကမူ တစ်ကြိမ်သောအခါက မြေကမ္ဘာခေတ်တွင် တိုင်းပြည်တစ်ပြည်က ဆင်ဘုရင်ဘွဲ့နှင့် ခမ်းနားသော ဆင်တစ်ကောင်ကို ချီးမြှင့်လက်ခံရရှိခဲ့သည်။ တစ်လပင် မကြာသောအချိန်တွင် ထိုဆင်ဘုရင်ကို တောထဲတွင် ရှာတွေ့ခဲ့သည်။ သို့သော် အလောင်းအဖြစ်နှင့် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ကြီးမားတုတ်ခိုင်သော ဆင်စွယ်နှစ်ချောင်းကိုမူ အရှင်လတ်လတ် ဆွဲဖြတ်ခံခဲ့ရ၏။ မြင်ကွင်းက ခြောက်ခြားဖွယ်ကောင်းသည်။
ထိုအခြေအနေကပင် အမဲလိုက်သူများက မည်မျှ ရက်စက်ကြောင်း၊ အစိုးရက အမိန့်များကိုပင် ထည့်တွက်ခြင်း မရှိကြောင်း မြင်နိုင်လေသည်။
“ဟူး”
ဆုပိုင်က သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး မြစ်တောက်လျောက် ဆင်းသွားလိုက်သည်။
အပူပိုင်းဒေသ မိုးသစ်တောထဲတွင် မြစ်နားဝန်းကျင်တွင် ရှိနေမည့် ဆင်များကို မြင်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဆင်များက မြစ်များနှင့် ခွဲခြား၍ မရနိုင်ချေ။
ပလုံ
ရုတ်တရက် ရေများ ပွက်ထလာပြီးနောက် ရေထဲမှ ငွေဖြူရောင် ငါးကြီးတစ်ကောင်က ထထွက်လာသည်။
“ဖက်ခ် ငါ လန့်လိုသေတော့မယ်”
48 02
ဆုပိုင်၏ တင်းကြပ်နေသော သွေးကြောများ အားလုံးက ပြေလျော့သွားသည်။ သူက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
သူ၏လက်ရှိ တည်နေရာက တရုတ်နိုင်ငံအနီးမှ မိုးသစ်တော တစ်ခု ဖြစ်လောက်သည်။ ထို့ကြောင့် အမေဇုန်တောက်လျောက် ရှိသော မိုးသစ်တောများလောက် အန္တရာယ်မများနိုင်သော်လည်း တောထဲတွင် နေထိုင်သော တိရိစ္ဆာန်များစွာ ရှိနေသေးသည်။
ထိုနေရာတွင် ကြေက်မက်ဖွယ်ကောင်းသည့် သားရဲများ ရှိသလို အဆိပ်ပြင်း ပိုးကောင်များလည်း ရှိကြသည်။ ထို့ကြောင့် အရာအားလုံးကို ထည့်တွက်ပြီး စဉ်းစားဆင်ခြင်ကာ သတိထားရန် လိုအပ်သည်။
{တင်ဆက်သူက ဘယ်နေရာကို ရောက်နေတာလဲ။ ဘာလို့ ဒီနေရာက အပူပိုင်းဒေသ မိုးသစ်တောနဲ့ တူနေတာလဲ}
{အာရှဆင် အပိုင်းအစက ကားထက်တောင် ကြီးတဲ့ အရွယ်အစားမျိုး ရှိပြီး နှာခေါင်းတအားရှည်တဲ့ တိရိစ္ဆာန်မျိုး မဟုတ်လား}
{ငါ ဒီအကြောင်း ကြားဖူးသလိုပဲ။ အရမ်းကို ယဉ်ပါးတဲ့ သားရဲမျိုးလို့ ပြောကြတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး}
{အခု မြင်လိုက်ရတာက ဘာငါးလဲ။ စာကြည့်တိုက်မှုး ဘယ်ရောက်သွားလဲ။ @စာကြည့်တိုက်မှုး}
{ငါ မသိဘူး။ ငါ အပူပိုင်း မိုးသစ်တောအကြောင်း စာအုပ်ရှာတွေ့လို့ ဖတ်နေကာစပဲ ရှိသေးတယ်။ တင်ဆက်သူ ဒီနေ့ရောက်နေတဲ့ နေရာက အပူပိုင်း မိုးသစ်တောပဲ။ နောက်ပြီး အဲ့ဒီနေရာက ရှေးခတ်အချိန်ကတည်းက တအား အန္တရာယ်များတယ်}
{တင်ဆက်သူ ဒါဆိုရင် ဂရုစိုက်ဦး}
ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်နှင့်အမျှ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းတွင် လူပေါင်းများစွာက ရောက်ရှိလာသည်။ အရေအတွက်က တစ်သိန်း ဖြစ်သွား၏။
သို့ရာတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ လေထုအခြေအနေကမူ အလွန်ပျော်ပါးဖွယ်ကောင်းသည်။ အားလုံးက ဆုပိုင်၏ ကင်မရာနောက်သို့ တိတ်တဆိတ်သာ လိုက်ကာစောင့်ကြည့်ကြရင်း လျို့ဝှက်ဆန်းကြယ်သည့် နေရာကို လေ့လာနေကြသည်။
မည်သို့ပင်ဆိုစေ လူသားများအတွက် ထိုကဲ့သို့ အပူပိုင်းဒေသ မိုးသစ်တောမျိုးကို ဝင်ရောက်အခြေချရန် ခက်ခဲလေသည်။
“ဝူး ဝူး ဝူး”
ရုတ်တရက် တောအနက်ပိုင်းမှ သနားစဖွယ် အော်သံက ထွက်လာသည်။ ဆုပိုင်က မျက်မှောင်ကျုံ့ပြီး မြစ်ကို တစ်ချက်ကြည့်သည်။ သို့သော် မည့်သည့်ဆင်ကိုမှ မတွေ့ရချေ။
“မိတ်ဆွေတို့ တင်ဆက်သူက ဆင်ကိုတောင် မတွေ့သေးဘူး။ အခြား တိရိစ္ဆာန်လေး တစ်ကောင်ကောင်များ ဒဏ်ရာရနေမလားလို့ တောထဲကို သွားကြည့်ရအောင်”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို နူတ်ဆက်ပြီးနောက် ဆုပိုင်က အသံအရင်းအမြစ် ရှိရာဘက်သို့ ပြေးသွားသည်။ အာရှဆင်တာဝန် ဖြစ်နေသော်လည်း အခြားတိရိစ္ဆာန် တစ်ကောင်ကောင်သာ အန္တရာယ် ရှိနေခဲ့လျှင် သူက ကယ်ဆယ်ရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ တိရိစ္ဆာန်တိုင်းက အသက်ရှိသည် ဖြစ်သည်။ ပို၍ဆိုးသည်မှာ မိုးတောအုပ်ထဲတွင် ရှိသမျှ တိရိစ္ဆာန်အများစုက ရှားပါး တိရိစ္ဆာန်များ ဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း အဖိုးတန်သည်။
“ဝူး”
မြေပြင်က အလွန်စိုစွတ်နေသည်။ အမျိုးမျိုး ပုံသဏ္ဌာန်ရှိသည့် သိပ်သည်းသော သေဆုံးပြီးသား သစ်ပင်ကြီးများက တောအနှံ့ ပျံ့ကျဲနေသည်။ အပေါ်တွင်လည်း အစိမ်းရောင်မှိုများက ထူထပ်စွာ ရှိနေသေးသည်။
ခေါင်းပေါ်သို့ ကျလာသော ရေစက်များကို သုတ်တင်ပြီးနောက် ဆုပိုင်က မြေပြင်တွင် လဲကျနေသော ကြီးမားသော သစ်ပင်ကြီးပေါ် ကုန်းတက်လိုက်သည့်အခိုက် အဝေးတစ်နေရာတွင် ခပ်တိမ်တိမ် ကန်လေးတစ်ခုကို တွေ့လိုက်ရသည်။
ထို့နောက်_ _ _
ကန်ဘေးတွင် အရိုးများက ရှုပ်ထွေးသော ပုံသဏ္ဌာန်မျိုးဖြင့် အပုံလိုက် ဖြစ်နေသည်။ ဆုပိုင်က တစ်ခဏခန့် ရပ်တန့်သွား၏။ ထို့နောက် ခပ်မြန်မြန် ခေါင်းငုံ့ကာ သစ်ပင်နောက်တွင် ပုန်းလိုက်သည်။
ထို့နောက် တစ်ချက်ကြည့်လိုက်ပြီးနောက် အရှေ့ရှိ ကန်က အချို့သော သတ္တဝါအချို့၏ အမဲလိုက်ကွင်းပြင် ဖြစ်သွားမည့် အခြေအနေကို စိုးရိမ်နေသေးသည်။ သို့မဟုတ်လျှင် ဘေးတွင် တိရိစ္ဆာန်အရိုးပေါင်းများစွာက ပုံနေရန် မဖြစ်သင့်ချေ။ ထိုအရိုးများထဲတွင် ကြီးမားသော သားရဲကြီးများ၏ အရိုးများကို တွေ့ရသည်။
ဒါက မိချောင်း ဖြစ်နိုင်လား။
မဖြစ်နိုင်လောက်ဘူး။ မြစ်က သိပ်မဝေးတဲ့ နေရာမှာမှ မဟုတ်တာ။ မိချောင်းတွေက ဒီနေရာမှာ စောင့်နေစရာ အကြောင်းပြချက်ကို မရှိဘူး။
ပို၍ဆိုးသည်မှာ ယေဘုယျ ကျကျ တွေးရသော် ထိုမျှတိမ်သော ကန်လေးက ရေရှင်ဖြစ်သည်။ ထို့ကြောင့် တိရိစ္ဆာန်ငယ်လေးများကသာ လာရောက်သောက်ကြသည်။
“ဝူး”
48 03
ထိုအခိုက် နောက်ထပ် အော်သံက ထွက်လာသည်။ အသံက ကန်နောက်ဘက် သိပ်မဝေးသော နေရာရှိ သစ်ပင်နောက်ဘက်မှ ဖြစ်သည်။ ထိုအချိန်တွင် ဆုပိုင်က တိရိစ္ဆာန်ဘာသာစကား ဖန်ရှင်ကို သုံးလိုက်သဖြင့် နားလည်သွားသည်။
“မနာကျင်ပါနဲ့ မနာကျင်ပါနဲ့ အား”
ကလေးဆန်တဲ့ အသံလေးပဲ။
ဒါက
“ဟင်”
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဆုပိုင်၏မျက်နှာက ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သွားသည်။ သူက ကျောဘက်မှ ဒူးလေးကို တဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး သစ်ပင်ကြီး၏ တစ်ဖက်ခြမ်းသို့ တဖြည်းဖြည်းချင်း ကုန်းတက်သွားလိုက်သည်။ တစ်ချက်ကြည့်လိုက်သောအခါ အရှေ့ဘက်ရှိ နောက်ထပ်ကြီးမားသော သစ်ပင်ကြီးက အလွန့်အလွန် မြင့်သောကြောင့် တက်ရန် မဖြစ်နိုင်သဖြင့် လက်လျော့လိုက်ရသည်။
“ဟစ်”
ရုတ်တရက် သစ်ပင်အနောက်ဘက်မှ အစိမ်းရောင်နွယ်ပင်တစ်ချောင်းက ရုတ်ချည်းထွက်ပေါ်လာသည်။ ထိုနွယ်ပင်တွင် သွေးများ စိုရွှဲနေသည်။
ဂုလု ဂုလု ဂုလု
ထိုနွယ်ပင်က အသက်ရှိနေပုံရသည်။ ရေကန်ထဲသို့ ထိုးစိုက်သွားပြီး သစ်ကိုင်းများကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထို့နောက် သွေးများအားလုံးကို စုပ်ထုတ်သည်။
ထို့နောက် ဆွစ်ကနဲ မြည်သံနှင့်အတူ နွယ်ပင်က ပြန်ရုတ်သွားသည်။
“မဖြစ်နိုင်ဘူး”
“သောက်ကျိုးနည်း ကံဆိုးလွန်းတာလား။ ဒါက ဒါက _ _ _ “
ဆုပိုင်က ငြီးငြူသည်။ ထို့နောက် ထိုအရာဟာ မည်သည့်အရာဖြစ်ကြောင်း သိလိုက်သည်။
ထိုအတိုင်းသာ ဖြစ်နေခဲ့လျှင် ဒူးလေးကလည်း အသုံးမဝင်ချေ။
သူက ဒူးလေးကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ဓားမြှောင်ကိုသာ ဆွဲထုတ်လိုက်၏။ သူက အောက်သို့ ငုံ့ကိုင်းချပြီးနောက် သူ၏အရှေ့ဘက် သစ်ပင်အနောက်နားသို့ ဂရုတစိုက် လှုပ်ရှားသွားလိုက်လေသည်။