← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

55 01

အပိုင်း(၅၅)

“ဘာတွေဖြစ်နေတာလဲ”

ဆုပိုင်က တိရိစ္ဆာန်ထဲသို့ ရောက်လာခါစသာ ရှိသေးသည်။ အဝေးရှိ လူအများနေထိုင်သော နေရာမှ သိပ်သည်းစွာ တက်လာသည့် မီးတောက်များကို တွေ့လိုက်ရသည်။ သူက မျက်မှောင်ကြုတ်ပြီး တိရိစ္ဆာန်ရုံတံခါးကို ဖွင့်လျက် အတွင်းသို့ လျှောက်ဝင်ရန် ပြင်ကြသည်။

“မြန်မြန်လေး ကယ်ကြပါ”

“ငါ ကြားထားတဲ့အတိုင်းဆိုရင် တတိယထပ် အိပ်ခန်းထဲမှာ ကလေးနှစ်ယောက် ပိတ်မိနေတာ။ မီးသတ်ကားကလည်း ဝင်လို့မရဘူး။ ငါတော့ စိုးရိမ်လို့ သေတော့မယ်”

“မြန်မြန်သွား မြန်မြန်သွား အဲ့ဒီကားတွေကို ဝိုင်းမရအောင်”

ဆုပိုင် ထိုလူနှစ်ယောက်ကို အလောတကြီး ကျော်ဖြတ်သွားသည်။ ဆုပိုင်က ထိုအသံကိုကြားလိုက်ချိန်တွင် ကြောင်အသွားသည်။

“ဟေး ခဏနေပါဦး”

သူက ထိုနှစ်ယောက်ကို ခပ်မြန်မြန်တားပြီး မေးသည်။

“အဲ့ဒီက မီးလောင်နေတာလား”

“ဟုတ်တယ် ခြောက်နှစ်အရွယ် ကလေးနှစ်ယောက်က အိပ်ခန်းထဲမှာ ပိတ်မိနေတာလေ။ ငါ ကြားထားတဲ့ အတိုင်းဆိုရင် ဘေးခန်းက ဂိတ်စ်ပိုက်က ပေါက်သွားပြီ”

လူအိုကြီးကလည်း အော်ပြောသည်။

“ငါတို့မီးသတ်ကား လာဖို့ စောင့်လိုက်ရပေမယ့် မမျှော်လင့်ထားပဲ လမ်းမှာပိတ်နေတဲ့ ကားတွေက ရှုပ်ထွေးလွန်းနေ ကားမဝင်နိုင်ဘူး ဖြစ်နေတယ်”

“မဟုတ်ဘူး အားလုံးပဲ ဒီကားတွေကို ရှင်းဖို့ ကူညီပေးကြရမယ်။ ငါ မှီပါ့မလား မသိတော့ပါဘူး”

“မြန်မြန်လေး စကားပြောမနေနဲ့တော့”

အခြာလူအိုကြီး တစ်ယောက်က သူ့ကို ဆွဲခေါ်သွားသည်။ သူတို့နှစ်ယောက်က ရက်ကွက်ရှိရာဘက်သို့ အလျင်အမြန် ပြေးသည်။

“ဟင်း မီးလောင်နေတာတဲ့လား”

ဆုပိုင်က အော်ငြီးသည်။ ထို့‌နောက် တိရိစ္ဆာန်ရုံထဲ ခပ်မြန်မြန် ဝင်ပြေးသွားသည်။

မီးသတ်ကားက ဝင်၍မရ‌နိုင်ချေ။ သုံးလွှာတွင်သာ ဆိုလျှင် ဆင်များက ကူညီပေးနိုင်လောက်သည်။

သူက မျက်မှောင်ကြုတ်နေရင်း ဆင်အုပ်ဆီသို့ သွားသည်။ ထို့နောက် ဆင်ခေါင်းဆောင်နှင့် ဆွေးနွေးပြီးနောက် သူတို့က တိရိစ္ဆာန်ရုံထဲမှ အသည်းအသန် ထွက်လာခဲ့သည်။

ခြောက်နှစ်အရွယ် ကလေးနှစ်ယောက်_ _ _

သူက အနီအနားတွင် နေထိုင်သူ ဖြစ်သည်။ ဆုပိုင်ကလည်း ထိုကလေးနှစ်ယောက်ကို သိလောက်သည်။ တိရိစ္ဆာန်ရုံထဲတွင် အစစ်အမှန် တိရိစ္ဆာန်များ ပေါ်လာခဲ့ကတည်းက အနီးအနားရှိ ရပ်ကွက်တိုင်းများက ကလေးတိုင်းက ဒီနေရာသို့ လာနေကြ ဖြစ်သည်။ ပို၍ဆိုးသည်မှာ သက်ရှိလူနှစ်ယောက် ဖြစ်သည်။ သူတို့ကို လစ်လျူရှုရန် မဖြစ်နိုင်ချေ။

_ _ _

“ကူညီကြပါ”

“ထပ်ပြီး ရှိနေသေးတာလား”

ခေါင်းဆောင်က လူတစ်ဖွဲ့ကို ဦးဆောင်လျက် ဘေးဘက်ရှိ ကားများကို ဆက်တိုက်တွန်းနေ၍ နဖူး ချွေးများကို သုတ်ကာ မော့ကြည့်သည်။

“အရမ်းနောက်ကျနေပြီ မြန်မြန်လေး ရေပိုက်ကို ပြင်ဆင်တော့။ မီးကို အရင်ဆုံး ငြိမ်းပြီးမှ ကလေးတွေကို ထုတ်လို့ရမလား ဆိုတာကို ကြည့်ရမယ်။ ကားက ဝင်လို့မှ မရတာ”

ယခုလို အခြေအနေမျိုးက ပထမဦးဆုံးအကြိမ် ကြုံရသောအခါ အကောင်းဆုံး လုပ်ဆောင်ရမည့် နည်းလမ်းက လှေကားသုံးပြီး အကာအကွယ် စည်းရိုးကို ကျော်ဖြတ်လျက် ထွက်ခြင်း ဖြစ်သည်။ ကလေးနှစ်ယောက်ကို အပြင်သို့ ထုတ်ပြီးနောက် မီးကိုလည်း တစ်ခါတည်း ငြိမ်းရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ အတွင်းရှိ အခြေအနေကို မည်သူကမှ မပြောနိုင်သေးချေ။

တစ်စုံတစ်ယောက်ကသာ တံခါးကို ဖွင့်ပြီး အတွင်းသို့ မဝင်နိုင်လျှင် ဒုက္ခပိုများပေလိမ့်မည်။

“သေစမ်း”

ကယ်ဆယ်ရေးဝင်များက လမ်းကို ပိတ်နေသော ကားများကို ကြည့်ရင်း ကျိန်ဆဲကြသည်။ ထို့နောက် ရေပိုက်များကို စတင်ကာ ပြင်ဆင်ကြသည်။

ဘုန်း

ရုတ်တရက် အဆောက်အဦးအတွင်းမှ နောက်ထပ် ပေါက်ကွဲသံတစ်သံ ထွက်လာသည်။

ဝုန်း ဝုန်း ဝုန်း

“ကျဲကျဲ ကျဲကျဲ ထပါဦး”

“မဟုတ်ဘူး ကလေးတစ်ယောက် သတိမေ့သွားပြီ”

အပေါ်မှ အော်ငိုသံက ထွက်လာသည်။ ထို့‌နောက် ပြတင်းပေါက် ဘောင်နားတွင် လျောကျသွားသော လက်တစ်ဖက်ကို မြင်လိုက်ရသည်။

အားလုံး၏ မျက်နှာက ပြောင်းလဲသွားသည်။

“အဟွတ် အဟွတ်”

ထိုအချိန်တွင် အတွင်းသို့ ဝင်သွားကာစ လုံခြုံရေးခေါင်းဆောင်က သွေးများ စိုရွှဲလျက် အပြင်သို့ ပြန်ပြေးထွက်လာသည်။ သူက ကျယ်လောင်စွာ အော်သည်။

55 02

“မဟုတ်ဘူး မီးက မီးဖိုခန်းကိုတောင် လောင်ကျွမ်းနေပြီ။ အတွင်းမှာ လူတွေရှိနေတယ်။ ဒါပေမယ့် ဂတ်စ်ပိုက်ကလည်း အလယ်မှာ ခံနေသေးတယ်”

“ဧည့်သည့်တစ်ခုလုံးက ပြိုကျသွားပြီ။ ငါ ဝင်လို့မရဘူး။ မီးခိုးက တအားထူတယ် အဟွတ် အဟွတ်”

“အသင်းဖော် အားလုံးပဲ လှုပ်ရှားကြရအောင်”

ထိုစကားကို ကြားသောအခါ လုံခြုံရေးတပ်ဖွဲ့မှ ခေါင်းဆောင်က အသက်ပြင်းပြင်း ရှူပြီး လူတိုင်းကို ဂါရဝပြုသည်။ သူက တည်ငြိမ်သော မျက်နှာထားနှင့် ပြောသည်။

“အားလုံးပဲ အပေါ်တက်ကြ။ ငါတို့ ဒီကလေးနှစ်ယောက်ကို ကယ်ရမယ်”

“အား အား အား ရှောင်မန်၊ ရှောင်ဝူ”

ရုတ်တရက် အဝေးမှ စူးရှသော အော်သံက ထွက်လာသည်။ ထို့နောက် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က အသည်းအသန် ပြေးလာသည်။

ပလုံ

သူမက မီးသတ်တပ်ဖွဲ့ဝင်များ၏ အရှေ့တွင် ဒူးထောက်ကျသွားသည်။

“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကလေးကို ကယ်ပေးပါ”

“အို့ အို အို ကျေးဇူးပြုပြီး”

“သူက ခြောက်နှစ်ပဲ ရှိပါသေးတယ်။ ကျေးဇူးပြုပြီး ကလေးကို ကယ်ပေးပါ”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ဩရှသော ပုံစံမျိုးဖြင့် အသားကုန် ငိုနေသည်။ သူမက လက်နှစ်ဖက်ကလုံးကို ကျစ်ကျစ်ပါအောင် စုနေပြီး ထိုခေါင်းဆောင်၏ ခြေထောက်ကို ဖက်နေသည်။

“ရှောင်ဝူ မားလေ ရှောင်ဝူ”

“ဝူး ဝူး ဝူး ကျဲကျဲ ကျဲကျဲကို ထူလို့မရတော့ဘူး မား။ နောက်ပြီး တအားပူတယ်”

“အား မားက ဒီမှာလေ ရှောင်ဝူ မားကို စောင့်နေနော်။ မား ချက်ချင်းလာခဲ့မယ်”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကလည်း သမီးဖြစ်သူက လဲကျသွားကြောင်း ကြားသောအခါ သူမ ခံစားချက်များက ပိုလဲကျသွားသည်။

သူမက ငြီးငြူပြီး မြေပြင်မှ ကုန်းထသည်။ ထို့နောက် လှေကားပေါ်သို့ ပြေးတက်သည်။

“နေဦး အစ်မကြီး”

“မင်း ဝင်သွားလို့ မရဘူး”

“မြန်မြန်လာ ဒီအမျိုးသမီးကို ဆွဲချလိုက်ကြ။ ကျန်တဲ့လူတွေအားလုံး ငါတို့နောက်ကို လိုက်ခဲ့ကြ”

စကားပြောပြီးနောက် ခေါင်းဆောင်က အမျိုးသမီးကို ချက်ချင်း ပြန်ဆွဲခေါ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ယမ်းပြီး ကျန်သော သူများအားလုံးကို ခေါ်လျက် လှေကားပေါ်သို့ နောက်လှည့်မကြည့်ပဲ ထိုးတက်သွားသည်။

“အိုး ရှောင်းရုံ ငါ သေချာပေါက် မင်းကို ကယ်နိုင်မှာပါ”

လူတိုင်းကလည်း မြေပြင်ပေါ်တွင် ပုံလျက်သား လဲကျနေသည့် အမျိုးသမီးကို ကြည့်ပြီး မကြည့်ရက်တော့သဖြင့် မျက်နှာလွှဲလိုက်ကြလေသည်။

သူတို့အားလုံးကလည်း မိဘများ ဖြစ်သည်။ ယခုလို မြင်ကွင်းမျိုးကို မြင်ရသောအခါ မည်သူကမှ တောင့်မခံနိုင်ကြချေ။

“သေစမ်း ဒီရပ်ကွက်မှာ ခုကစပြီး ဘယ်ကောင်မဆို သူတို့ရဲ့မြင်း ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် လမ်းပေါ် ရပ်ရဲတာနဲ့ ငါ ရိုက်ခွဲပြမယ်”

“ဟုတ်တယ် ဘာမှ ဂရုစိုက်စရာ မလိုဘူး။ တစ်ခုခု မဖြစ်ခဲ့ရင်တော့ အဆင်ပြေတာပေါ့။ အခုလိုမျိုး ဒီကလေးနှစ်ယောက် တစ်ခုခုသာ ဖြစ်သွားခဲ့ရင်တော့ အဲ့ဒီမှာ ရပ်ခဲ့တဲ့ ကားပိုင်ရှင်တိုင်းက လူသတ်သမားတွေပဲ”

“တော်တော်လေးကို မုန်းဖို့ကောင်းတာပဲ။ မီးသတ်ကားက လာပြီး ဝင်လို့မရဘူး။ ဝင်လို့သာ ရခဲ့မယ်ဆိုရင် ဒီအခြေအနေက ပိုတောင် အဆင်ပြေနေဦးမယ်”

တုတ်ကောင်နှင့် လူအိုကြီးက မြေပြင်ပေါ်တွင် ထိုင်လျက် အသားကုန် ကုန်းအော်သည်။

“ဟုတ်တယ်”

မီးသတ်ကားက ဝင်နိုင်ခဲ့လျှင် မီးသတ်ကားက ကယ်ပြီးတာ ကြာလောက်ပြီ။

ဘာလို့ ဒီလို ဖြစ်နေရမှာလဲ။

ဒီကလေးနှစ်ယောက်ကို မကယ်နိုင်ခဲ့ပဲ မီးသတ်သမားတွေတောင် တစ်ခုခု ပြန်ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဘယ်သူကမှ အကျိုးဆက်ကို ဆက်မတွေးရဲတော့ချေ။

ဘန်း

သုံးလွှာ

သူက တံခါးကို ဆောင့်ကန်ဖွင့်သည်။ အနီရောင် သံမဏိ တံခါးကြီးက မီးများနှင့် လောင်ကျွမ်းနေပြီ ဖြစ်သည်။

ဘုန်း

ရုတ်တရက် မီးညွှန့်များက တိုက်ရိုက်ဝင်တိုးလာသည်။

“အကိုသုံး”

ခေါင်းဆောင်က တအံ့တဩအော်ပြီး တံခါးဝမှ အသင်းဖော်ကို ခပ်မြန်မြန် ပြန်ဆွဲဆုတ်စေသည်။

“ဒီကိုလာ ဒီကိုလာ ဒါကို မြန်မြန်မလိုက်”

55 03

“မမျှော်လင့်ထားပဲ မီးက‌ ဒီလောက်ထိ လောင်နေတယ်။ ဒီနံရံဘားတိုင်ကသာ ပျော့ခွေသွားခဲ့ရင် အဆောက်အဦး တစ်ခုလုံးကပါ ပြိုကျသွားမှာပဲ”

“မြန်မြန် မြန်မြန် မီးကို ငြိမ်းဖို့ ပြင်ဆင်ကြ”

“သွားမယ်”

အော်သံများနှင့်အတူ ထိုအဖွဲ့ဝင် ခေါင်းဆောင်က ရေပိုက်ကြီးကို သယ်လျက် အရှေ့မှ မီးများကို ငြိမ်းသတ်ရန် ကြိုးစားသည်။

“မဟုတ်ဘူး ခေါင်းဆောင် ငါ ဝင်ပါရစေ။ ဒါက မြင့်လွန်းတယ်။ မီးက ဝုန်းကနဲ ထွက်လာတာနဲ့ ကလေးတွေက မွန်းပြီး သေသွားလိမ့်မယ်”

“ငါလည်း သိတယ်”

အသင်းဖော်နှစ်ယောက်၏ အော်သံကို နားထောင်နေရင်း ဘေးဘက်မှ ခေါင်းဆောင်က ခပ်ကြမ်းကြမ်း အော်လိုက်သည်။ သူက အံကို ကြိတ်သည်။

ထို့နောက် လက်ထဲမှ ရေပိုက်ကို ကိုင်ပြီး ထိုလူများကို ဘေးဘက်သို့ ဆောင့်တွန်းလိုက်သည်။ ထို့နောက် လူတိုင်းကို လေးနက်သော လေသံမျိုးနှင့် ပြောသည်။

“ငါတို့တွေက တာဝန်အရ ဒီလူတွေကို ကယ်ရမှာပဲ”

“မြန်မြန်လေး မီးကို ငြိမ်းဖို့ ကြိုးစားကြ။ ငါ ကလေးကို ဝင်ကယ်မယ်”

ထိုသို့ပြောပြီးနောက် သူက မီးပင်လယ်ထဲသို့ ခုန်ဝင်သွားသည်။

“ခေါင်းဆောင်”

လူတိုင်းက နီရဲသော မျက်လုံးများဖြင့် အော်ကြသည်။ သူတို့က ရေပိုက်များကို လက်မောင်းဖြင့် ဖက်လျက် အရှေ့မှ မီးများကို ငြိမ်းသတ်ရန် ကြိုးစားကြသည်။

သို့သော် ဒီရပ်ကွက် တစ်ခုလုံးက အိမ်ဟောင်းများ ဖြစ်နေသည်။ မျက်နှာတစ်ခုလုံးဟာ သစ်သားများဖြင့် လုပ်ထားသည်။ အချို့သော ဝါယာကြိုးများက လောင်ကျွမ်းလာသည့်အပြင် အပြာရောင် လိုင်းကြောင်းကပင် လောက်ကျွမ်းနေပြီ ဖြစ်သည်။

“အားလုံးပဲ သတိထားကြ”

“ခေါင်းဆောင်အတွက် ဆုတ်လို့ရအောင် လမ်းဖောက်ထားရမယ်”

ဧည့်ခန်းထောင့်နေရာနားသို့ လွှင့်ထွက်သွားသည့် ခေါင်းဆောင်ကို မြင်နေရသူတိုင်းကလည်း သူရှိရာ နေရာသို့ ကူညီကာ ရေများ ပက်ဖြန်းပေးကြသည်။ ထို့နောက် ထိုခေါင်းဆောင်က တစ်လှမ်းချင်းစီ ဝင်သည်။

“ဝူး ဝူး”

ထိုအခိုက် အဆောက်အဦး အပြင်ဘက်မှ သားရဲတစ်ကောင်၏ အော်ဟစ်သံက ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အာရုံအပြည့်အဝ စိုက်နေပြီး ထိတ်လန့်မှု မြင့်နေသော မီးသတ်သမားများ အားလုံးက ဘာကိုမှ မစိုးရိမ်နိုင်တော့ချေ။

+++++

56 01

အပိုင်း(၅၆)

“ဒါက ဘာအသံလဲ”

လူတိုင်းက အသံကို ကြားလိုက်ပြီးနောက် မနေနိုင်ပဲ လှည့်ကြည့်မိကြသည်။

ထိုအခိုက် ရှေ့ဆုံးတွင် ရပ်နေသည့် လူငယ်တစ်ယောက်အပြင် နောက်မှ ကားထက်ပင် ကြီးသော တိရိစ္ဆာန်အုပ်ကို တွေ့လိုက်ရသည်။

ထိုအကောင်လေးများ၏ ရှည်လျားသော နှာမောင်းများက ကွေးနေပြီး မီးလောင်နေသော နေရာသို့ လူငယ်၏ နောက်မှ လိုက်ကာ လျှောက်လာနေကြသည်။

“ဒါက ဒါရိုက်တာ ဆုပိုင် မဟုတ်လား”

“ဒါက အသစ် ကယ်ဆယ်ထားပြီးတဲ့ တိရိစ္ဆာန်တွေပေါ့။ ကြီးလိုက်တာ”

“မဟုတ်ဘူး ဒါရိုက်တာဆုပိုင်က လူလာကယ်တာ။ အဲ့ဒီ သတ္တဝါရဲ့အမြင့်ကို ကြည့်။ နောက်ပြီး တော်တော်လေးကို ရှည်နေတဲ့ နှာခေါင်းလည်း ရှိသေးတယ်။ ဒီတော့ တတိယထပ်ကို ရောက်နိုင်မှာပဲ”

ထိုစကား ထွက်လာပြီးပြီးချင်း လူတိုင်းက အပြေးအလွှား နှုတ်ဆက်ကြသည်။

“အားလုံးပဲ မစိုးရိမ်ကြပါနဲ့”

ဆုပိုင်က ခေါင်းမော့ပြီး သုံးလွှာ၏ အမြင့်ကို ကြည့်ကာ အနည်းငယ် စိုးရိမ်သွားသည်။ အမြင့်က အတော်မြင့်သည်။ ဆင်များကပင် မမြင်နိုင်လောက်ချေ။ သို့ရာတွင် လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုကားများကို ဖယ်ရှားပြီးချိန်မှ ဆိုလျှင် နောက်ကျသွားပေလိမ့်မည်။ ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင် တစ်ယောက်လည်း ကြမ်းပြင်ပေါ်တွင် မေ့လဲနေလေပြီ။ သိသာစွာပင် လှေကားမှ တက်ရန် ကယ်ဆယ်ဖို့က မဖြစ်နိုင်ချေ။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး နောက်ပြန်လှည့်ကြည့်ကာ အံကြိတ်လိုက်သည်။

“အားလုံးပဲ လမ်းဖယ်ပေးကြ။ ငါ အပေါ်တက်မယ်”

ဆုပိုင်က ဆင်အဖွဲ့၏ခေါင်းဆောင်ကို လက်ယမ်းပြလိုက်သည်။

ထူထပ်သော ဆင်နှာမောင်းကြီးက သူ့ကို ရစ်ပတ်ကာ မတင်လျက် ရှေ့သို့ တဖြည်းဖြည်းချင်း ပို့ပေးသည်။

“ဒါရိုက်တာဆုပိုင် ဒါက အန္တရာယ်များလွန်းတယ်”

“ဟုတ်တယ် ဟုတ်တယ်။ ဒီလိုမျိုးတော့ မလုပ်ပါနဲ့။ နောက်ပြီး အကာအကွယ်ဘောင်ကိုလည်း ဖွင့်လို့မရနိုင်ဘူး”

“ပြန်ဆင်းလာခဲ့ပါ။ အခြားနည်းလမ်းကို သုံးရအောင်”

ဆုပိုင်က သူ၏ တုန်ယင်နေသော လက်များကို ကြည့်ပြီး တဖြည်းဖြည်းချင် ဆန့်ထုတ်လိုက်သည်။ အခြားသောသူများကမူ စိတ်လှုပ်ရှားစွာ အော်နေကြသည်။

“ကျေးဇူးအများကြီး တင်ပါတယ်”

“ကျေးဇူးတင်ပါတယ် ငါ ဒူးထောက်ပြီး ဂါရဝပြုပါတယ်။ ကျေးဇူးပြုပြီး ကလေးကို ကယ်ပေးပါ”

“ရှောင်းဝူ ရှောင်းဝူက အရမ်းနာခံပါတယ်။ ရှောင်းဝူ လိမ်လိမ်မာမာနေနော်။ ဦလေးက လာကယ်လိမ့်မယ်”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပြတင်းပေါက် အပြင်ဘက်သို့ ရောက်သွားသည့် ဆုပိုင်ကို ကြည့်ပြီး မြေပြင်တွင် ဒူးထောက်က အော်ငိုနေသည်။

“ကောင်လေး မကြောက်နဲ့နော်”

ဆုပိုင်က အရှေ့မှ ကောင်လေးကို ကြည့်သည်။ ထို့နောက် အကာအကွယ် အလွှာကို လက်နှစ်ဖက်လုံးဖြင့် ထိလိုက်သည်။

“ဦးလေးဆုပိုင် ကျွန်တော် မကြောက်ဘူး”

မမျှော်လင့်ထားစွာပင် ရှေ့မှကောင်လေးက သူ့ကို ကြည့်နေသည်။

ဆင်အုပ်ကို ကယ်တင်ပြီးနောက် ဆုပိုင်၏ခွန်အားက နှစ်မှတ်ခန့် တိုးတက်လာသည်။

ထိုအချိန်တွင် မာကြောလွန်းသော ဘောင်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်လိုက်ပြီးနောက် သူ၏လက်မှ ခွန်အားကို တဖြည်းဖြည်းချင်း မြှင့်တင်လိုက်သည်။

ဂျွတ် ဂျွတ် ဂျွတ်

အိုး

“ပွင့်သွားပြီ ပွင့်သွားပြီ”

လူတိုင်းကလည်း မြင်လိုက်ရသည်။ အလန့်တကြားပင် အော်မိလိုက်သေးသည်။ မမျှော်လင့်ထားစွာပင် အလွန်ပိန်ပါးသည်ဟု ထင်ရသော ဆုပိုင်က မှင်သက်ဖွယ်ကောင်းသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။ ဒါက ပြတင်း အပြင်ဘက်ရှိ အကာအရံ ဖြစ်သည်။ ထိုအကာအရံကို ဆွဲခွာကာ သေးငယ်သော အဟကြား တစ်ခုဖန်တီးပြီးနောက် ဆုပိုင်က လက်ကို ပြန်ဆန့်ထုတ်ရင်း ထိုကောင်ငယ်လေးထံ လက်ပေးသည်။

“လာ မြန်မြန် ထွက်လာခဲ့”

“ဦးလေးဆုပိုင် ကျွန်တော့ရဲ့ ကျဲကျဲ”

“မစိုးရိမ်နဲ့ ဦးလေးက ကျဲကျဲကိုလည်း ကယ်ပေးမယ်”

သူက ကောင်ငယ်လေးကို ကောက်မလိုက်ပြီး ဘေးဘက်ရှိ ဆင်မလေး ရှိရာဘက်သို့ ပစ်ပေးလိုက်သည်။

“ဝူး”

ဟီသံတစ်ချက်နှင့်အတူ ထိုဆင်နှာမောင်းက ကောင်ငယ်လေးကို ရစ်ပတ်လိုက်ပြီး မြေပြင်ပေါ်သို့ လုံခြုံစွာ ချသည်။

“ဝူး ဝူး ရှောင်ဝူ ဒါက မင်းရဲ့မားပါ။ ရှောင်ဝူ ငါ့ရဲ့ ရှောင်ဝူလေး”

အမျိုးသမီးက သူ့၏သားကို ဖက်ပြီး မြေပြင်ပေါ်တွင် ပြိုလဲကျသွား‌အောင် ငိုနေသည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် မျက်လုံးက မှေးကျင်းသွားပြန်ပြီး ဆင်အုပ်၏ ခေါင်းဆောင်ကို ကြည့်ပြန်သည်။

“ဒီမာစောင့်နေ ငါ အထဲကိုပြန်ပြီး ကလေးမလေးကို ပြန်ထုတ်ပေးမယ်”

ထိုသို့ပြောပြီးနောက် ဆုပိုင်က လက်နှစ်ဖက်လုံးဖြင့် အကာအကွယ်ဘောင်ကို ကိုက်ကာ အတွင်းသို့ ဝင်သွားသည်။

“အဟွတ်”

56 02

တစ်ခန်းလုံးက သိပ်သည်းသော အနက်ရောင်မီးခိုးများဖြင့် ပြည့်နေသည်။ မီးခိုးများက ခါးအထိ လိမ့်တက်နေသည်။

ဆုပိုင်က မြေပြင်တွင် ဆောင့်ကြောင့် ထိုက်လိုက်ပြီး လက်နှစ်ဖက်လုံးဖြင့် ဟိုစမ်းဒီစမ်း လိုက်စမ်းပြီးမှသာ ကလေးမလေး၏ ခြေထောက်ကို စမ်းမိသည်။ ထို့နောက် ကလေးကို သူ့ဘက်ကို ဆွဲလိုက်သည်။

သူက အသက်ကိုအောင့်ထားပြီး နောက်သို့လှည့်ကာ မတ်တပ်ထရပ်သည်။ ထို့နောက် ကလေးကို မပြီး အပြင်သို့ ပြတင်းပေါက် ဘောင်နားသို့ ပြန်သွားသည်။

“ထွက်လာပြီ ထွက်လာပြီ”

“ကျေးဇူးတင်ပါတယ် ဘုရားရေ”

“သူရဲကောင်း တကယ့်ကို သူရဲကောင်းပဲ”

ကလေးမကို ကိုင်ထားသည့် လက်က ဆန့်ထုတ်လာကြောင်း မြင်သောအခါ လူတိုင်းကလည်း သက်ပြင်းရှည်ကြီးကို ချလိုက်ကြသည်။ သူ၏နှလုံးသားထဲမှ ကြီးမားသော ကျောက်တုံးကြီးက မြေပြင်ပေါ်သို့ ကျသွားသည်။

ဝူး

ဆင်ခေါင်းဆောင်ကလည်း ကလေးမလေးကို ရစ်ပတ်လိုက်ပြီး မြေပြင်ပေါ်သို့ လုံခြုံစွာ ချပေးသည်။ ထို့နောက် နောက်ပြန်လှည့်ကြည့်ကာ ဆုပိုင်ကို သယ်ချရန် ကြံစည်သည်။

ဘုန်း

သို့ရာတွင် ထိုအခိုက် တစ်ခန်းလုံးအနှံ့ ဟိန်းသံကြီးက ထွက်လာသည်။ ကြီးမားသော သက်ရောက်မှုက ဆုပိုင်က အနီးအနားရှိ ပြတင်းပေါက်သို့ လွှင့်ထွက်သွားစေသည်။

ဘုန်း

သိပ်သည်းသော အပြာရောင်မီးတောက်က တိုးဝင်လာသည်။ ဆုပိုင်က ဘေးဘက်သို့ ခပ်မြန်မြန် လွှင့်ထွက်သွား၏။

ဂတ်စ်က ပေါက်သွားလေပြီ။ ပြတင်းပေါက် တစ်ခုလုံးက အပြာရောင်မီးတောက်များဖြင့် ပြည့်သွားသည်။

ဘန်း

တံခါးက ရုတ်တရက် တွန်းဖွင့်ခံရပြီး မီးသတ်သမား တစ်ယောက်က ဝင်လာသည်။ သူက ဝင်လာသည့် တစ်ခဏတွင် သစ်သားဘောင်တံခါးက ကျိုးကြေကျသွားသည်။

ထိုခေါင်းဆောင်နှင့် ဆုပိုင်တို့က အခန်းအတွင်းတွင် ပိတ်မိသွားသည်။ ထို့နောက် မီးဖိုခန်းဘက်သို့ သွားသော နံရံကလည်း လွှင့်ထွက်သွားသည်။ မီးတောက်များအားလုံးက မြေပြင်ပေါ်တွင် ပြန့်ကျဲကုန်သည်။

“ခေါင်းဆောင် ခေါင်းဆောင်”

အိပ်ခန်းတံခါး အပြင်ဘက်မှ အဖွဲ့ဝင်များကလည်း ရေပိုက်များဖြင့် မြေပြင်ကို ဖြန်းနေပြီး အော်ဟစ်သည်။ သို့သော် အခြေအနေက နောက်ကျသွားပြီ ဖြစ်သည်။

တစ်ခန်းလုံးက ဂတ်စ်များဖြင့် ပြည့်နေပြီ ဖြစ်သည်။

ထိုအရည်ငွေ့ ဂတ်စ်များက ပေါက်ကွဲလွယ်သည်။ ရေကို သုံးပြီး မီးကို ငြိမ်းနိုင်သော်လည်း သက်ရောက်မှုကမူ အလွန်အလွန် လျော့ပါးသည်။

တစ်ခန်းလုံးတွင် မီးတောက်များ ပြည့်နှက်နေကြောင်း မြင်သောအခါ အားလုံးက စိုးရိမ်စိတ် ကြီးသွားကြသည်။

“အား ခေါင်းဆောင်”

“ထွက်သွား”

“တအား နောက်ကျသွားပြီ”

“မြန်မြန် ထွက်သွား။ အိပ်ခန်းက ပြိုကျတော့မယ်။ မီးဖိုခန်းက ဝန်များတဲ့ နံရံတွေ ရှိနေတာ။ မြန်မြန်လေး အမိန့်ကို နာခံကြစမ်း”

ဆုပိုင်က အော်ဟစ်နေသော သူ၏အရှေ့မှ မီးသတ်သမားကို ကြည့်ပြီး ဘေးဘက်သို့ ရှောင်ရန် ခပ်မြန်မြန် ပြေးထွက်သွားသည်။

“ဝူး”

ရုတ်တရက် ပြတင်းပေါက် အပြင်ဘက်မှ အော်သံက ထွက်လာသည်။ အောက်ဘက်ရှိ လူတိုင်းကလည်း ကြောင်အသွားကြ၏။ သူတို့ကလည်း ဒလကြမ်း ပြေးထွက်သွားသည့် ဆင်အုပ်ကို တွေ့လိုက်ရသည်။

ဘန်း

ဆင်အုပ်ထဲမှ ခေါင်းဆောင်က မီးသတ်ကားနှင့် ဆက်သွယ်ထားသည့် ရေပိုက်ကို သူ၏နှာမောင်းဖြင့် ဆွဲသွားသည်။ ထိုသို့ဖြင့် ရေများက ပန်းထွက်လာ၏။ ဆင်များအားလုံးက အတူစုစည်းလိုက်ကြပြီး ထိုရေများအားလုံးကို နှာမောင်းထဲသို့ စုပ်ယူလိုက်ကြသည်။

ဆယ်စက္ကန့်ခန့်သာ ကြာသည်။ ဆင်များအားလုံးက ရေများအားလုံးကို စုပ်ယူပြီး ပြန်လည် ထွက်သွားကြပြီ ဖြစ်သည်။

ဝူး

သူတို့အားလုံက‌ အော်သည်။ ထို့နောက် ဆင်နှာမောင်းများက အပေါ်သို့ မြှောက်သွားပြီး အဖြူရောင်ရေများက တတိယထပ် အိပ်ခန်းအတွင်းသို့ ပြတင်းပေါက်မှ တဆင့် ဝင်ရောက်သွားသည်။

“ဟား ဟား ဟား မဆိုးပါဘူး”

ဆုပိုင်ကလည်း ထိုအခြေအနေကို မြင်သောအခါ ရယ်သည်။

ပြောရမယ်ဆိုရင် သူက စနစ်နဲ့ အတူလာတာ။ နောက်ပြီး စနစ်နဲ့အတူ ကယ်ထုတ်လာခဲ့သမျှ တိရိစ္ဆာန်တိုင်းက ဉာဏ်ရည်တအားမြင့်တယ်။ ဒါဆိုရင် သူတို့က ဒီနေရာမှာ ဘယ်လိုများ သယ်နိုင်မှာလဲ။

ထိုဆင်တစ်ကောင်ချင်းစီတိုင်းက ရေ ရှစ်လီတာ၊ ကိုးလီတာအထိ သယ်နိုင်သည်။

ထိုနေရာတွင် ဆင်ဆယ်ကောင်ကျော် ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် မီးတောက်များက မျက်တောင်တစ်ခတ် အချိန်အတွင်း ဖိနှိပ်ခံရသည်။

“မြန်မြန်ဆင်း”

ဆုပိုင်က ထိုမီးသတ်သမားကို ပြတင်းပေါက်နားသို့ ခေါ်ပြီး ပြတင်းပေါက်နားမှ တွန်းချသည်။

“သူ့ကိုသယ်သွားလိုက်”

သူက ဆင်များထံ လှမ်းအော်လိုက်သည်။ ထိုသို့ဖြင့် ချက်ချင်းဆိုသလို ဆင်နှာမောင်း ဆယ်ခုကျော်ခန့်က ထွက်လာသည်။

“မင်း အရင်ဆင်း ငါ နောက်ဆုံးမှ ဆင်းမယ်”

ထိုခေါင်းဆောင်ကမူ အရှေ့မှ လူငယ်ကို ကြည့်သည်။ သူက လက်ကို ပြန်ဆန့်ထုတ်ပြီး အဝတ်ကို လှမ်းဆွဲသည်။

“သွားရအောင်”

ဆုပိုင်ကလည်း သူ့ကို အားသုံးပြီး တွန်းချလိုက်သည်။

56 03

သူက တဖြည်းဖြည်းချင်း အောက်သို့ ကျသွားကြောင်း မြင်မှသာ ဆုပိုင်က ထပြီး ပြတင်းပေါက်နားသို့ ပြန်ခုန်လိုက်သည်။

“ဝူး”

“ဆင်းလာခဲ့ ငါတို့ မင်းကို ဖမ်းမယ်”

ဆင်များအားလုံးက ခေါင်းမော့ကာ အော်ကြသည်။

ဆုပိုင်က ရုတ်တရက် ခုန်လိုက်ပြီး လက်မောင်းနှစ်ဖက်လုံး ဖွင့်ကာ ကြိုဆိုလိုက်သည်။ ဆုပိုင်က ဆင်နှာမောင်းဖြင့် လေထဲသို့ မြှောက်မတင်ခံလိုက်ရကြောင်း မြင်လိုက်ရသောအခါ လူအုပ်ကလည်း အလွန်အလွန် စိတ်လှုပ်ရှားသွားကြသည်။

++++

57 01

အပိုင်း (၅၇)

ဟိုး ဟိုး ဟိုး

လူတစ်ယောက်ကလည်း အရှေ့မှ ဆင်တစ်အုပ်ကို ကြည့်ရင်း အော်ငိုကြသည်။

“အဆင်ပြေတာပေါ့။ တော်သေးတယ်။ ဒီလို တိရိစ္ဆာန်ကောင်းတွေ ရှိလို့”

တုတ်ကောက်နှင့် လူအိုကြီးကလည်း သူ၏မျက်ဝန်းထောင့်စွန်းမှ စီးကျသော မျက်ရည်များကို သုတ်သည်။ သူက မနေနိုင်ပဲ ရေရွတ်လိုက်သည်။

ယခုလိုမျိုး အချိန်ကောင်းမျိုးကို သူတို့၏မျိုးဆက်က မပိုင်ဆိုင်နိုင်ခဲ့ကြပါချေ။ သို့သော် ဒီနေရာများကမူ ဒီလို တိရိစ္ဆာန်များကို ပြန်လည် ပိုင်ဆိုင်လိုက်သည့်အတွက် ဝမ်းသာစရာပင် ဖြစ်သည်။ အရာအားလုံးကလည်း အရှေ့မှ လူငယ်ကြောင့် ဖြစ်သည်။

“ပီးပေါ် ပီးပေါ် ပီးပေါ်”

ရပ်ကွပ်ထိပ်မှ ဥဩသံက ထွက်လာသည်။ ထို့နောက် ခေါင်းဆောင်၊ ဒါရိုက်တာလျိုတို့က‌ ရောက်လာကြပြီလေ။

အထက်မှ ရှုပ်ထွေးနေသော အဆောက်အဦး၏ အခြေအနေကို ကြည့်ပြီး သူက စိုးရိမ်တကြီး လှမ်းမေးသည်။

“တစ်ယောက်ယောက် ဒဏ်ရာရသွားသေးလား။ မီးက ဘယ်လိုလဲ”

“ဝူး”

ရုတ်တရက် ဘေးဘက်မှ ဆင်နှာမောင်းက သူ၏တင်ပါးကို တစ်ချက်တွန်းလိုက်ပြီး ဘေးဘက်သို့ တွန့်းပို့သည်။

“ဒါက _ _ _”

ထိုအခါမှသာ ဒါရိုက်တာလျိုလည်း ဒီနေရာတွင် အလွန်ကြီးသော ဆင်များ ရှိကြောင်း‌ တွေ့လိုက်ရသည်။

ထိုသတ္တဝါမျိုးကို စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်။ အတော်ယဉ်ပါးသော အကျင့်စရိုက်ရှိပြီး လူသားများ၏ မိတ်ဆွေကောင်း ဖြစ်သည်။

“ဒါရိုက်တာဆုပိုင် ဒါက ဒါက မင်းတို့ တိရိစ္ဆာန်ရုံက အသင့်ကယ်ဆယ်ထားနိုင်တဲ့ တိရိစ္ဆာန်လား။ ဒါပေမယ့် ဘာလို့ ဒီရပ်ကွက်ကို လာတာလဲ”

ဆုပိုင်ကို အရှေ့မှ လူများဝိုင်းနေကြောင်း တွေ့လိုက်သောအခါ မနေနိုင်ပဲ မေးလိုက်သည်။

“ဒါရိုက်တာ ဒါရိုက်တာဆုပိုင်ကို ကျေးဇူးတင်ရမယ်”

“ဟုတ်တယ် ဟုတ်တယ် ဒါရိုက်တာဆုပိုင်ကြောင့်သာ မဟုတ်ရင် ဒီကလေးနှစ်ယောက်က အရင်လတ်လတ် မီးရှို့ခံရတော့မှာ။ ဒီဆင်တွေက နတ်ဘုရားက ပို့လိုက်တဲ့ သံတမန်တွေလိုပဲ။ တအား အဆင်ပြေသွားစေတယ်။ သူတို့က ဒီကလေးနှစ်ယောက်ကို ကယ်တင်ပေးရုံတင် မဟုတ်ပဲ မီးကိုလည်း ငြိမ်းပေးသေးတာ”

“ဒီတိရိစ္ဆာန်တွေက လူတွေထက်တောင် အများကြီး အင်အားကြီးမားနေသေးတယ်။ အခုလို အခြေအနေက ဘယ်လောက်အန္တရာယ် များလိုက်သလဲ။ ဒါပေမယ့် ဒီဆင်တွေက တုန့်ဆိုင်းတာမျိုးကို မင်းတို့ မြင်ခဲ့ကြလား”

လူတစ်အုပ်က တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး အကြောင်းအရာများကို ပြောပြသည်။

လုံခြုံရေး ဌာနမှ လူတိုင်းကလည်း ဆင်များကို ကြည့်သည်။ သူတို့၏ မျက်ဝန်းများက တောက်ပနေသည်။

ဒါရိုက်တာ ပြောသည့်အတိုင်းဆိုလျှင် အနှေးနှင့်အမြန် ဆိုသလို ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ရဲခွေးကဲ့သို့သော တိရိစ္ဆာန်မျိုးကို ကယ်ဆယ်ပေးနိုင်ပေလိမ့်မည်။ ထို့နောက် သူတို့ကလည်း သူတို့၏နောက်ကျောကို စိတ်ချနိုင်မည့် သတ္တဝါမျိုးကို ကယ်ဆင်နိုင်မည် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်”

ဒါရိုက်တာလျိုက ဆုပိုင်၏လက်ကို ကိုင်ပြီး ဆက်တိုက် လှုပ်ခါနေသည်။

နှစ်ကြိမ်တောင်_ _ _

အရင်တစ်ခါက ဘဏ်ဓားပြတိုက်တဲ့ ကိစ္စမှာလည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက တိရိစ္ဆာန်က ကယ်တင်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဆိုးရွားတဲ့ မမြင်ရက်တဲ့ အကျိုးဆက်တွေ မဖြစ်လာခဲ့ဘူး။ ဒီတစ်ကြိမ်မှာလည်း အလားတူပဲ။

အသက်နှစ်သက်

ဘယ်လောက်တောင် လုပ်နိုင်စွမ်းအားရှိတဲ့ တိုးတက်မှုလဲ။

“ဟန်ကျိုးက လူတိုင်းရဲ့ကိုယ်စား ငါက မင်းကို ထပ်ပြီး ကျေးဇူးတင်ချင်ပါတယ်”

“ကျေးဇူးတင်ပါတယ်”

ရုတ်တရက် ဒါရိုက်တာလျိုက ခပ်မတ်မတ် ရပ်သည်။ ထို့နောက် တည်ငြိမ်သော မျက်နှာနှင့် လက်ကို မြှောက်ပြီး ထိုဆင်များ အားလုံးကို အလေးပြုသည်။

ဝူး

အနောက်မှာ ရပ်နေသော လူတိုင်းကလည်း လေးလံသော မျက်နှာနှင့် အလေးပြုကြသည်။

“ဖြောင်း ဖြောင်း ဖြောင်း”

လူတိုင်းက မျက်ရည်များကို သုတ်ရင်း လက်ခုပ်တီးကြသည်။

“ဟူး”

57 02

ဆုပိုင်လည်း ထိုအခါမှသာ အသက်ပြင်းပြင်း ရှူနိုင်သည်။ သူက ဘေးဘက်ရှိ ဆင်များကို ပုတ်လိုက်ပြီး လူတိုင်းကို လက်ယမ်းနှုတ်ဆက်သည်။

“ဒါက ဘာရယ်မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေပဲလေ။ အချင်းချင်း ကူညီရမှာပေါ့”

“သွားရအောင်”

သူက အော်သည်။

ဆင်ခေါင်းဆောင်က ဆုပိုင်ကို ကျောပေါ် သယ်ပွေ့သည်။ ထို့နောက် ခေါင်းပြန်လှည့်ကာ ဝူးဟု အော်ပြီးနောက် ရပ်ကွက်မှ ခပ်အေးအေး ထွက်သွားသည်။

နောက်မှလူတိုင်းကလည်း အနားအထိ လိုက်ပို့ကြသည်။ ထွက်သွားသော ဆင်များကို ကြည့်ပြီး သူတို့က အချိန်အတန်ကြာသည်အထိ မထွက်ခွာမိကြချေ။

တိရိစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေ။

သူတို့က အချင်းချင်း ကူညီရတယ်။

ထိုစကားလုံးများက သူတို့၏ နားထဲတွင် ဟိန်းထွက်နေသည်။ ထို့နောက် တည်ငြိမ်စွာ ခေါင်းညိတ်ကြသည်။

အနာဂတ်တွင် တိရိစ္ဆာန်များအားလုံး အသက်ပြန်ရှင်လာခဲ့သော် သူတို့ကလည်း မိတ်ဆွေများကဲ့သို့ ဆက်ဆံရပေမည်။

…

တိရိစ္ဆာန်ရုံသို့ ပြန်ရောက်သွားပြီးနောက် ဆုပိုင်က ဆင်များကို သင့်တော်သော နေရာတွင် ချထားပေးလိုက်သည်။ ထို့နောက် မြက်ခင်းပြင်ဒေသသို့ သွားပြီး စနစ်၏ဇယားကို ကြည့်လိုက်သည်။

နတ်ဘုရားအဆင့် တိရိစ္ဆာန်ရုံစနစ်

ခွန်အား ..၁၁ (သန်မာသော ခန္ဓာကိုယ်)

အရှိန်နူန်း .. ၈(အပျင်းကင်ဆာ နောက်ဆုံးအဆင့်)

စိတ်စွမ်းအား ..၁၄( ဖွံ့ဖြိုးတိုးတက်လာတဲ့စိတ်)

အံ့အားသင့်မှုအမှတ် .. ၆၅၃၂၁၂

{လက်ရှိ တိရိစ္ဆာန်ရုံ နယ်မြေ M2၊ လက်ရှိ တိရိစ္ဆာန် မျိုးစိတ်: ၆}

{တိရိစ္ဆာန် အပိုင်းအစမောလ်}

ဆင်ကြီးမျိုး အပိုင်းအစ .. အံအားသင့်မှုအမှတ် တစ်သန်း

ကုလားအုပ် အပိုင်းအစ .. အံအားသင့်မှုအမှတ် တစ်သိန်းခွဲ

အာဖရိကန် ခြေ‌ေင်္သ့ အပိုင်းအစ .. အံအားသင့်မှုအမှတ် တစ်သိန်း

သစ်ကုလားအုပ် အပိုင်းအစ .. အံအားသင့်မှုအမှတ် တစ်သိန်း

မြွေပါ အပိုင်းအစ .. အံအားသင့်မှုအမှတ် ငါးသောင်း

ဝက်ပေါက် အကောင်၂၀ .. တစ်ကောင်စီကို အံအားသင့်မှုအမှတ် သုံးသောင်းနဲ့ လဲလှယ်နိုင်ပါတယ်။

…

“ဟင်”

ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး အောက်ဆုံးတွင် ပေါ်လာသော ဝက်ပေါက်များကို ကြည့်ကာ အတွေးနက်သွားသည်။ ယခုအခါ သူ့တွင် အံ့အားသင့်မှု အမှတ် ခြောက်သိန်းခွဲ ရှိသည်။ ထိုသားပေါက်တိုင်းကို ယူ၍ရသည်။

ဝက်များက လျင်လျင်မြန်မြန် ကြီးသည်။

သိပ်မကြာခင် ဝက်အကောင်ကျော် ငါးရာ ဖြစ်သွားနိုင်သည်။

ပို၍ဆိုးသည်မှာ ဝက်မွေးရန် အသင့်တော်ဆုံး နယ်မြေကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ယခင်ကတည်းကလည်း ဝက်များသိုလှောင်ရန် နေရာရှိပြီးသား ဖြစ်သည်။ ရှေးခေတ်တရုတ်ပြည် အကျယ်ပြန့်ဆုံး ဝက်မွေးသော နေရာကြီး တစ်ခုအဖြစ်ပင် ပြောင်းလဲလို့ ရလောက်သေးသည်။

အရေအတွက်က ထိုမျှ များပြားနိုင်သည့် အကြောင်းပြချက်ကမူ ထိုလန်ဒရေ့ဝက်များက မျိုးပွားနူန်း မြန်ဆန်ခြင်း ဖြစ်သည်။ သူတို့က ကြီးပျင်းသည့် သက်တမ်းတိုတောင်းပြီး အသားများသည်။

“ဘယ်လိုလုပ်ရမလဲ”

ဆုပိုင်က ဆုံးဖြတ်ချက် ချရန် ခက်ခဲသွားသည်။

အကြောင်းမူကား သူ့တွင် ရွေးချယ်ရန် အခွင့်အရေး တစ်ခုသာ ရှိသည်။ ထို့အပြင် ဝက်အကောင်နှစ်ဆယ်၏ အမျိုးအစားကိုလည်း မသိနိုင်သေးချေ။

အားလုံးက အထီးတွေပဲဆိုရင် ပျော်စရာကောင်းတော့မှာပဲ။

ဒီလိုဆိုရင် နောက်ပိုင်းတွေ ဆက်မဖြစ်နိုင်တော့ဘူးပေါ့။

57 03

သို့ရာတွင် အံ့အားသင့်မှု အမှတ်ကို အသုံးပြုပြီးဆိုလျှင် နောက်တစ်ကြိမ်ဆိုလျှင် ဩစတြေးလျ ဘန်နီကို အမှတ်နှစ်သန်းသုံးကာ လဲလှယ်ရတော့မည် ဖြစ်သည်။

“ပြောင်းတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ငါးကောင်ဆက်တိုက် ရမယ်ဆိုရင်တောင်မှ အကျိုးအမြတ်က ရနေဦးမှာပဲ။ မျိုးစိတ်တော့ တူမနေလောက်ပါဘူး”

ဆုပိုင်က တွေးတောကြည့်သည်။ ထို့နောက် စနစ်ကို ထိန်းချုပ်ပြီး အကောင်နှစ်ဆယ်လုံးကို တိုက်ရိုက်ခေါ်လိုက်သည်။

“ဟင်း”

“ဟင်း”

ချစ်စရာကောင်းသော ကောင်ငယ်လေးများက သူ၏ရှေ့ရှိ မြက်ခင်းပြင်ပေါ်သို့ ကျလာသည်။ ထို့နောက် နှာတမှုတ်မှုတ် လုပ်နေပြီး မြက်ခင်းပြင်ပေါ်တွင် ရှေ့လျှောက်နောက်လျှောက်ကာ လုပ်နေကြသည်။

“အထီးတွေလား၊ အမတွေလား”

ဆုပိုင်က မျက်မှောင်ကြုတ်ပြီး တစ်ကောင်ချင်းစီ ကောက်ပွေ့ကာ ကြည့်ကြည့်သည်။

“အမ”

“ဒါလည်း အမပဲ”

“အမ”

“အမ”

အချိန်အတန်ကြာပြီးနောက် ဆုပိုင်က အဝေးသို့ ပြေးသွားသော ဝက်ကို ကြည့်ကာ မျက်နှာက ဖြူဖျော့သွားသည်။ နောက်ကလိုက်ရသည်။

“၁၉ကောင်လုံး အမတွေကြီးပဲ”

“ဒါက ဘာလုပ်ရမလဲ။ နောက်ဆုံးတစ်ကောင်ကသာ အမဆိုရင် သူ ဘယ်လိုများ လုပ်ရတော့မလဲ”

ပန်ဒါကြီးက အဆင်ပြေနိုင်လား။

သူက နောက်လှည့်ကြည့်ပြီး အဝေးမှ ပန်ဒါကို ကြည့်သည်။

မျှစ်များကို ဝါးနေသော တပိုင်က ရုတ်တရက် အံ့ဩသွားသည်။ သူက ဆုပိုင်ကို မှင်သက်စွာ ကြည့်ပြီး အဝေးသို့ ထွက်ပြေးကာ ကျောက်တုံးနောက်တွင် သွားပုန်းသည်။

ဆိုးလိုက်တာ။

ဒါက ဘယ်လိုကြီးလဲ။

“ကွက် ကွက် ကွက်”

ရုတ်တရက် ပျားရည်ခွေးတူဝက်တူက ခပ်မြန်မြန် ပြေးလာသည်။

“မလုပ်နဲ့”

ဆုပိုင်က ခပ်မြန်မြန် အော်လိုက်သည်။ ထို့နောက် နောက်ဆုံးဝက်ကို ကောက်ပွေ့လိုက်၏။

သူက ခေါင်းပြားတာ့ကောကိုလည်း ခက်ထန်စွာ ကြည့်လိုက်သေးသည်။

“ဒါက မင်းရဲ့စားစရာတွေပဲ။ ဒီအကောင်တွေကို မွေးထားဖို့ လိုအပ်တယ်။ မင်း အခု အကုန်စားလိုက်ရင် အနာဂတ်ကျရင် ငတ်နေမှာပေါ့”

“စားစရာ ဟုတ်လား”

“စားစရာကို မွေးရမယ်”

ခွေးတူဝက်တူက လည်တိုင်ကို ကျုံ့သည်။ ထို့နောက် ရှေ့မှ ဝက်တစ်အုပ်ကို ကြည့်ပြီး ထူးထူးဆန်းဆန်း ခေါင်းငုံ့လိုက်သည်။

“အခုက စပြီး မင်း ဒီဝက်တွေကို ကြည့်ဖို့ တာဝန်ယူထားရမယ်။ သူတို့ တစ်ခုခု ဖြစ်သွားတာနဲ့ စားစရာ ရှိတော့မှာ မဟုတ်ဘူး”

“ကွက် ကွက် ကွက်”

“ဘယ်သူက ငါ့ဝက်ကို ခိုးရဲလဲ။ အသက်ရှင်ရတာ ပင်ပန်းနေလို့ပဲ ဖြစ်မယ်”

ခေါင်းပြားတာ့ကောက လည်ပင်းကို တစ်ချက်ကုပ်ရင်း အော်သည်။

“ဒါက အထီးဖြစ်ရမယ်”

ဆိုပိုင်က ရေရွတ်ပြီး ထိုဝက်ကို လှန်ကြည့်သည်။

“ဟား ဟား အထီးပဲ”

သူက အော်ရယ်ပြီး အရှေ့မှ ဝက်လေးကို မြေပြင်ပေါ်သို့ ပြန်ချပေးသည်။

57 04

နောက်ဆုံးတွင် အသားစား တိရိစ္ဆာန်များကို ကျွေးမွေးနိုင်မည့် အခြေအနေကို ဖြေရှင်းပြီးသွားလေပြီ။ ထိုဝက်များ ကြီးရန် အချိန်အတန်ကြာ ယူရနိုင်သည့်တိုင်အောင်_ _ _

ထိုကလေးများတွင် ဖြစ်တတ်သည့် ရောဂါကို ကာကွယ်နိုင်သမျှ အခြားမျိုးစိတ်များ အားလုံးကလည်း ထွက်ပေါ်လာပေလိမ့်မည်။

အရာအားလုံးက သိပ်မကြာခင် အဆင်ပြေသွားပေလိမ့်မည်။

All Chapters