← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း ၁၄၂ အိမ်များရောင်းချခြင်း၊ တိလင်းထျန်းရှားက ကျောက်တုံးအိမ်ကို လိုချင်နေတယ်

တိလင်းထျန်းရှားက ပစ္စည်းများစွာထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသောအခါ ထိုလူ အမှန်တကယ်စိတ်လှုပ်ရှားသွား၏။ သူကိုယ်တိုင်က အနွေးထည်သုံးထည်နှင့် စောင်နှစ်ထည်ကို ရထားပြီးသားဖြစ်သည်။

တိလင်းထျန်းရှားမှ ပေးသော တဲ၊ အနွေးထည်၊ စောင်တို့ကိုပါ ထည့်ပေါင်းလိုက်လျှင် ဤဆောင်းရာသီ၌ ရှင်သန်နိုင်ပေလိမ့်မည်။

ထိုအုတ်မြစ်ကျောက်အပိုများကို အသုံးပြု၍ အခြားသူဌေးကြီးများထံမှ အခြားပစ္စည်းများကိုလည်း ထပ်မံလဲလှယ်ရယူနိုင်ပေသည်။

ထိုအတွေးဖြင့် ထိုလူသည် အံတင်းတင်းကြိတ်ကာ တိလင်းထျန်းရှားနှင့် သီးသန့်စကားပြောလိုက်သည်။

“တိလင်းအင်ပါယာသခင် ခင်ဗျားသာ အစားအစာထပ်ပေးနိုင်ရင် ကျုပ် လဲပေးမယ်။”

ထိုလူက ပြောလိုက်၏။

တိလင်းထျန်းရှားက သူ့စာကိုဖတ်လိုက်ရပြီးနောက် မျက်မှောင်အနည်းငယ်ကျုံ့သွားသော်လည်း သစ်သားအိမ်ငယ်လေးကို အလွန်လိုချင်နေခဲ့ပေသည်။

“ပင်လယ်ငါး ၁၀ ကီလိုဂရမ်ထပ်ပေးမယ်။ နောက်ထပ် မရတော့ဘူး။”

“သဘောတူပါတယ်။”

ထိုလူက ချက်ချင်းပြောလိုက်သည်။

တိလင်းထျန်းရှားသည် သူ၏ကုန်စာရင်းထဲမှ အုတ်မြစ်ကျောက်များကို ချက်ချင်း ထုတ်ယူလိုက်၏။ ထိုအုတ်မြစ်ကျောက်များအားလုံးက အဖွဲ့အစည်းမှ ရှာဖွေရရှိထားသော အရင်းအမြစ်များဖြစ်သည်။ ယခုလတ်တလော ကျွန်းကို ချဲ့ထွင်ထားသည်များက သူ နေ့စဉ်ရိတ်သိမ်းထားသော အုတ်မြစ်ကျောက်များဖြစ်သည်။

ထို့အပြင် ပင်လယ်ငါး ၁၀ကီလိုဂရမ်ကို ဈေးကွက်မှ ပစ္စည်းများနှင့် လဲလှယ်ပြီး သူ စောစောက ကတိပေးထားသော ပစ္စည်းများနှင့်အတူ ရောင်းဝယ်ရေးတောင်းဆိုမှုတစ်ခုပြုလုပ်လိုက်တော့သည်။

တစ်ဖက်လူကလည်း ချက်ချင်းသဘောတူလိုက်သည်။

ထို့နောက် တိလင်းထျန်းရှား၏တဲငယ်လေးသည် သစ်သားအိမ်ငယ်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး အမြင့်နှင့်ဧရိယာ ပိုမိုကျယ်ပြန့်လာသည်ကို မြင်တွေ့လိုက်ရပြီးနောက် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

“ဟေး ခုနက အိမ်ရှိခဲ့တဲ့သူဌေး။ မင်း တကယ်ပဲအိမ်မရောင်းဘူးလား၊ ရောင်းလိုက်ပြီလား။”

“အင်း ငါအခုရောင်းလိုက်ပြီးပြီ။ ငါ့လက်ထဲမှာ အုတ်မြစ်ကျောက်သိပ်မရှိတော့ဘူး။ လင်းအင်ပါယာရဲ့သူဌေးက အုတ်မြစ်ကျောက်တွေ အများကြီးပေးခဲ့တယ်လေ။ အဲ့ဒါတွေကို လာမယ့်တစ်ပတ်အတွက် သုံးလို့ရတယ်။”

“ကိုယ့်အိမ်မှာကိုယ်မနေဘဲ ရောင်းလိုက်တယ်ဆိုတော့...ညီအစ်ကို မင်းကတော့ တကယ့်ကောင်ပဲ။

“ကျုပ်သာဆိုရင် သေချာပေါက် ရောင်းမှာမဟုတ်ဘူး။ ဒါပေမယ့် ဒါက သူများအကြောင်းဆိုတော့ ဘာမှပြောလို့တော့မရဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်းမှ မတူတာ။ ကိုယ်လိုမျိုးပဲတွေး‌ပေးဖို့ တခြားလူတွေကို လိုက်ပြီးတောင်းဆိုနေလို့မရဘူး။”

ရှောင်းယီက သူတို့အိမ်ရောင်းသည့်အကြောင်း အမှန်အကန် ဆွေးနွေးနေသည်ကို မြင်သောအခါ သူ့အိမ်တံခါးနား၌ ယွမ်နွန်တို့အတွက် အိမ်သုံးလုံးဆောက်ထားသည်ကို ရုတ်တရက် သတိရသွားခဲ့သည်။

သူတို့ကို အဲဒီမှာထားရင်လည်း နေရာယူတယ်ဆိုတော့ အခုအခွင့်အရေးကို အသုံးချပြီး အမြတ်အစွန်း ရှာလိုက်ရမလား။

ထိုအကြောင်း တွေးမိသောအခါ ရှောင်းယီသည် ချက်ချင်းပင် အများသုံးချန်နယ်၌ ပြောလိုက်သည်။

“ခင်ဗျားတို့လက်ထဲမှာ အဆင့်မြင့်ပစ္စည်းတွေရှိလား။ ရှိရင် ကျုပ်နဲ့ သီးသန့်စကားပြောလို့ရတယ်။ အုတ်မြစ်ကျောက်နဲ့ဆိုရင် အိမ်လည်း ရောင်းပေးနိုင်တယ်။”

“ဝှက်သဖက်ခ်...။ ငါ အရမ်းယဉ်ကျေးတယ်နော်။ ‘ဝှက်သဖက်ခ်’ လို့ပဲ ပြောနိုင်တော့တယ်။”

“သူဌေးကြီးပြောလိုက်တိုင်း ငါ့အသားတွေတောင် ဆတ်ဆတ်တုန်တယ်။”

“မင်းက အေးလို့တုန်နေတာကွ။”

“သူဌေးကြီးက တကယ်အိမ်ရောင်းမှာလား။ ညီအစ်ကိုရေ... နည်းနည်းဈေးချိုပေးလို့ရမလား။”

တိလင်းထျန်းရှားသည်လည်း အဖွဲ့ထဲတွင် ရှောင်းယီ ပို့လိုက်သောစာကို မြင်လိုက်ရပြီး တစ်ကိုယ်တည်း တွေးလိုက်မိ၏။

“သူ့လက်ထဲမှာ အိမ်အပိုတွေ ရှိနေတာလား။ တိုက်ပွဲအသေအပျောက်ကြောင့် အပိုပစ္စည်းတွေ အများကြီးရနိုင်ခဲ့ပုံပဲ။”

ရှောင်းယီ အရင်က ဈေးကွက်တွင် စောင်များရောင်းချခဲ့စဥ်က တိလင်းထျန်းရှားသည်လည်း သုံးစုံဝယ်ထားခဲ့ပေသည်။

ယခု သူက အိမ်များပါ ရောင်းချနေပြန်၏။ အရင်က B အဆင့်ကျားအသားရောင်းခြင်းနှင့် တွဲ၍စဉ်းစားကြည့်လိုက်လျှင် တိုက်ပွဲအတွင်း အသေအပျောက်ရှိခဲ့သည်ကို အလွယ်တကူတွေးမိနိုင်ပေသည်။

“ချင်းလုံ မင်း အခုချက်ချင်း ယီရန်ပင်းနဲ့ သီးသန့်ဆက်သွယ်ပြီး သူ့မှာ သစ်သားအိမ်တွေ ရှိ၊မရှိ သွားကြည့်လိုက်။”

တိလင်းထျန်းရှားက သူ၏သီးသန့်ချန်နယ်မှ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

တိလင်းချင်းလုံက တုံ့ပြန်လိုက်သည်။

တိလင်းထျန်းရှား အမိန့်ပေးလိုက်သည့်အချိန်မှာပင် ရှောင်းယီသည် သီးသန့်ချန်နယ်၌ ပေးပို့လာသည့် စာများကြောင့် သေလောက်အောင် စိတ်ညစ်နေရပြီဖြစ်သည်။

ထိုလူများသည် ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ သီးသန့်ဆက်သွယ်ပြီး ဘယ်လိုအိမ်မျိုးလဲ၊ ဈေးဘယ်လောက်လဲ စသဖြင့် မေးမြန်းနေကြ၏။

ရှောင်းယီသည် သူစိမ်းများအတွက် သီးသန့်စာတိုပေးပို့သည့် လုပ်ဆောင်ချက်ကို ပိတ်လိုက်ပြီး အများသုံးချန်နယ်တွင် ပြောလိုက်သည်။

“လောလောဆယ် ကျုပ်ဆီမှာ သစ်သားအိမ်ငယ်နှစ်လုံးနဲ့ ကျောက်တုံးအိမ်တစ်လုံးရှိတယ်။ လဲလှယ်ချင်တယ်ဆိုရင် အုတ်မြစ်ကျောက်နဲ့ S အဆင့်နဲ့အထက်ပစ္စည်းတွေကို သေချာပေါက် ပြင်ဆင်ထားရမယ်။ မဟုတ်ရင် တယောက်ရဲ့အချိန်ကို တစ်ယောက် မဖြုန်းတီးမိအောင် ကျုပ်ကို သီးသန့်စာတွေ မပို့ကြပါနဲ့။”

“သစ်သားအိမ်တင်မကဘဲ ကျောက်တုံးအိမ်တောင်ရှိသေးတာလား။”

“ငါဆို တဲတောင်မမြင်ဖူးသေးဘူး။ သူဌေးက ကျောက်တုံးအိမ်ကိုတောင် ဖယ်ရှားပစ်တော့မှာလား။”

“သူဌေးကြီးကတော့ တကယ့်ကို သူဌေးကြီးပါပဲ။ တကယ်အံ့အားသင့်စရာပဲ။”

“ငါ ဘယ်တော့မှ သူဌေးတွေနဲ့ ရင်ဘောင်တန်းနိုင်မှာလဲ။”

“မင်းအတွက် ဒီဘဝမှာတော့ မဖြစ်နိုင်ဘူး။ နောက်ဘဝပေါ့။”

“အိုး နောက်ဘဝက အရမ်းဝေးလွန်းတယ်။ လာမယ့်တစ်ပတ်အကြောင်းကိုပဲ တွေးကြည့်စမ်းပါ။ ဒီမနက် မိုးလင်းရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဘာတွေသတိပေးဦးမလဲမသိဘူး။”

“ဟုတ်တယ်။ နောက်ထပ်အခက်အခဲတွေ မတိုးတော့ဖို့မျှော်လင့်တယ်။ ငါ မထိန်းနိုင်တော့ဘူး။”

မဝယ်နိုင်သူများက စိတ်ဝင်စားစရာကဲ့သို့ ကြည့်ရုံသာ တတ်နိုင်ခဲ့ကြပြီး အနည်းငယ် သက်ပြင်းချကာ မသိနိုင်သေးသောအနာဂတ်အတွက် စိုးရိမ်နေကြသည်။

အများသုံးချန်နယ်တွင် ရှောင်းယီပို့လိုက်သောစာကိုမြင်သောအခါ တိလင်းထျန်းရှား၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။

“သူက တကယ်ပဲအိမ်သုံးလုံးတောင် ရောင်းချင်တာလား။ ကျောက်တုံးအိမ်တောင် ရှိတယ်။ ကျောက်တုံးအိမ်က သစ်သားအိမ်ထက် ပိုအဆင့်မြင့်မှာသေချာတယ်။”

သူက တွေးလိုက်မိ၏။

“ကျောက်တုံးအိမ်ထဲမှာမီးဖိုတာက သစ်သားအိမ်ထက် ပိုစိတ်ချရတယ်။”

“မဖြစ်ဘူး။ ဒီကျောက်တုံးအိမ်ကို ငါရအောင်ယူရမယ်။”

တိလင်းထျန်းရှားက ချက်ချင်းဆုံးဖြတ်လိုက်တော့သည်။

ထို့နောက် တိလင်းချင်းလုံကို သီးသန့်ချန်နယ်တွင်ရှာပြီး ချက်ချင်းအမိန့်ပေးလိုက်၏။

“ချင်းလုံ မင်း ငါကို အဲ့ဒီကျောက်တုံးအိမ်ကို ရအောင်လုပ်ပေးစမ်း။”

“ဟုတ်ကဲ့”

တိလင်းချင်းလုံက တုံ့ပြန်လိုက်သည်။

ရှောင်းယီသည် ထိုစာကို တင်စာပို့ပြီးသည်နှင့် သူ၏သီးသန့်ချန်နယ်၌ သူစိမ်းများအတွက် စကားပြောခွင့်ကို သတ်မှတ်လိုက်တော့သည်။

S အဆင့်ပစ္စည်းရှိမှသာ သီးသန့်စကားပြောလို့ရမည်ဖြစ်ပြီး ကျန်သည့်အရာများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က တားဆီးထားမည်ဖြစ်သည်။

မကြာခင်မှာပင် သူစိမ်းတစ်ယောက်က သီးသန့်စကားပြောရန် တောင်းဆိုလာခဲ့သည်။

ရှောင်းယီက သီးသန့်စကားပြောခန်းကို ဖွင့်ကြည့်လိုက်သောအခါ တိလင်းချင်းလုံဆိုသည့်နာမည်ကို တွေ့လိုက်ရလေသည်။

“လင်းအင်ပါယာရဲ့ အဖွဲ့ဝင်ပါလား။ ဒါဆိုရင်တော့ ဈေးတင်ရမယ်။”

ရှောင်းယီက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

“မင်္ဂလာပါ ယီရန်ပင်းသူဌေး...ကျုပ် ကျောက်တုံးအိမ်ဝယ်ချင်ပါတယ်။ ခင်ဗျား ဘယ်လိုလဲလှယ်ချင်လဲ။ ကျုပ်ဆီမှာ ဒါရှိတယ် - [မြေဆီလွှာ] (S အဆင့်) ၂။”

ရှောင်းယီက အနည်းငယ် စဉ်းစားလိုက်သည်။

“ဒီမြေဆီလွှာက အဆင်ပြေတယ်။ ဒါပေမယ့် အရမ်းနည်းလွန်းတယ်။ ကျောက်တုံးအိမ်အတွက် အနည်းဆုံး S အဆင့်မြေဆီလွှာ ၂၅ ယူနစ် လိုချင်တယ်။”

“ဒါက အရမ်းများလွန်းတယ်။ S အဆင့်မြေဆီလွှာက အလွယ်တကူရနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ ဒါကိုရဖို့ အခွင့်အလမ်းက အရမ်းနည်းလွန်းတယ်။ အဲ့လောက်အများကြီး မရနိုင်ဘူး။”

တိလင်းချင်းလုံက ချက်ချင်းပြန်ဖြေလိုက်သည်။

“မင်းတို့ အင်ပါယာမှာ လူတွေအများကြီးရှိပါတယ်။ ရနိုင်ခြေနည်းရင်တောင် စုနိုင်မယ်လို့ငါထင်တယ်။ မေးကြည့်လိုက်လေ။”

ရှောင်းယီက ပြောလိုက်၏။

“ဒါဆို ကျုပ် ပတ်ပြီး မေးကြည့်လိုက်မယ်။”

တိလင်းချင်းလုံက ပြန်ဖြေလိုက်၏။

ရှောင်းယီနှင့် စကားပြောဆိုခြင်းကို အဆုံးသတ်ပြီးနောက် တိလင်းချင်းလုံသည် ရှောင်းယီ၏တောင်းဆိုမှုကို တိလင်းထျန်းရှားဆီသို့ အစီရင်ခံလိုက်သည်။

“အရမ်းများလွန်းတယ်။ မဖြစ်နိုင်ဘူး။”

တိလင်းထျန်းရှား၏ ပထမဆုံးတုံ့ပြန်မှုက ငြင်းဆိုခြင်းဖြစ်သည်။

“ဒါပေမယ့် သူက အရမ်းပြတ်သားတယ်။ ဒီကျောက်တုံးအိမ်ကိုရောင်းဖို့ အလျင်လိုပုံမရဘူး။”

တိလင်းချင်းလုံက ပြောလိုက်၏။

“မုန်းစရာကောင်းလိုက်တာ။”

တိလင်းထျန်းရှားက မကျေမနပ် ပြောလိုက်သည်။

“ငါတို့ အဖွဲ့ထဲမှာ S အဆင့်မြေဆီလွှာဘယ်လောက်လောက် စုလို့ရနိုင်လဲ။”

“လက်ရှိစာရင်းမှာ ၁၀ ယူနစ်ရှိပါတယ်။ ဒါပေမယ့် လူတိုင်းမှာ ထပ်ရှိသေးရဲ့လားဆိုတာတော့ ကျုပ်လည်းမသိပါဘူး။”

တိလင်းချင်းလုံက ပြန်ဖြေလိုက်သည်။

“ဒါဆို အဲ့ဒါတွေနဲ့ ညှိနှိုင်းကြည့်လိုက်။ တကယ်လို့ အဆင်မပြေရင် အုတ်မြစ်ကျောက် နည်းနည်းထပ်ပေးပေါင်းမယ်။”

“ဟုတ်ကဲ့”

တိလင်းချင်းလုံက ပြန်ဖြေလိုက်သည်။ ထို့နောက် ရှောင်းယီနှင့် သီးသန့်စကား ပြန်ပြောလိုက်၏။

“သူဌေး ကျုပ်တို့အဖွဲ့ထဲမှာ S အဆင့်မြေဆီလွှာ ၄ ယူနစ်ပဲရှိပါတယ်။ ၂၅ ယူနစ်ဆိုတာ မဖြစ်နိုင်ဘူး။”

တိလင်းချင်းလုံက ပြောလိုက်သည်။ ရှောင်းယီက သူပြောသည့်အရေအတွက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်၏။

“မင်းတို့က လုံးဝ အလဲအလှယ် မလုပ်ချင်ဘူးလို့ ငါထင်တယ်။ ဒါဆိုရင်တော့ မေ့လိုက်တော့။”

“မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့ သူဌေး။”

တိလင်းချင်းလုံက ချက်ချင်းပြောလိုက်သည်။

“ကျုပ် အမှန်တိုင်းပြောရရင် ကျုပ်တို့အဖွဲ့ထဲမှာ S အဆင့်မြေဆီလွှာ ၈ ယူနစ်ပဲရှိပါတယ်။ ဒါပေမယ့် နောက်ထပ် အုတ်မြစ်ကျောက်တွေ ထပ်တိုးပေးနိုင်ပါတယ်။”

ရှောင်းယီက အနည်းငယ် စဉ်းစားကြည့်လိုက်၏။

“S အဆင့်မြေဆီလွှာက အရမ်းနည်းနေသေးတယ်။ မင်း သစ်သားအိမ်တစ်လုံး ဝယ်သင့်တယ်။”

“မလုပ်ပါနဲ့။ ကျုပ် နောက်တစ်ခါ ထပ်မေးပြီး S အဆင့်မြေဆီလွှာရှိသေးလားဆိုတာ ကြည့်လိုက်ပါ့မယ်။”

တိလင်းချင်းလုံက ရှောင်းယီကို တားဆီးရန် အကြောင်းပြချက်တစ်ခုကို ရှာဖွေလိုက်ရတော့လေသည်။

အခန်း ၁၄၃ - S အဆင့်မြေဆီလွှာတွေ အဆင့်သင့်ဖြစ်လုနီးပါးဖြစ်နေပြီ

ရှောင်းယီက ဤအိမ်သုံးလုံးအား ရောင်း၍ရ၊မရဆိုသည်ကို အမှန်တကယ် ဂရုမစိုက်ပေ။ သူ၏ဆန္ဒနှင့် ကိုက်ညီသော ဖောက်သည်များက ကောင်းမွန်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် စောင့်မျှော်နေကြသည်။

ခဏအကြာတွင် တိလင်းချင်းလုံက နောက်ထပ် သီးသန့်စာတစ်စောင် ပေးပို့လာခဲ့၏။

“သူဌေး ကျုပ်တို့ ဒီမှာနောက်ထပ် ၂ ယူနစ်စုဆောင်းပြီးပါပြီ။ ဒါက အကန့်အသတ်ပါ။ အကယ်၍ ခင်ဗျား လက်မခံသေးဘူးဆိုရင် ကျုပ်တို့စိတ်လျှော့လိုက်ရပါတော့မယ်။”

တိလင်းချင်းလုံက စာပို့လိုက်သည်။ ထိုအခါ ရှောင်းယီ အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

“S အဆင့်မြေဆီလွှာ ၁၀ ယူနစ်ပဲရှိတယ်ဆိုရင် အုတ်မြစ်ကျောက် ၂၀၀ ထပ်ပေါင်းရမယ်။ သဘောတူရင်ရောင်းမယ်။ မတူရင်တော့ မေ့ပစ်လိုက်ပါ။”

“ခဏစောင့်ပေးပါဦး၊ ကျုပ် အထက်လူကြီးနဲ့ တိုင်ပင်ရဦးမယ်။ ဒီပစ္စည်းတွေက အရမ်းများလွန်းတယ်။”

တိလင်းချင်းလုံက ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် ရှောင်းယီ၏ တောင်းဆိုချက်အား တိလင်းထျန်းရှားဆီသို့ ချက်ချင်း လွှဲပြောင်းပေးလိုက်တော့လေသည်။

တိလင်းထျန်းရှား သူ့စာရင်းထဲက အုတ်မြစ်ကျောက်များကိုကြည့်လိုက်သောအခါ ၈၉ ခုသာ ကျန်ရှိတော့သည်။

“သေသင့်တယ်။ တော်တော်လောဘကြီးပြီး မတင်းတိမ်နိုင်ဘူး။ ဈေးကို အမြင့်ကြီးတောင်းနေတာပဲ။”

တိလင်းထျန်းရှားက ကျိန်ဆဲလိုက်၏။

“ဥက္ကဌ ကျုပ်တို့ လဲလှယ်ဦးမှာလား။”

တိလင်းချင်းလုံက မေးလိုက်သည်။

“ဝယ်မယ်။”

တိလင်းထျန်းရှားက သူ၏အံကြိတ်လိုက်၏။

“ငါ့နာမည်နဲ့ အဖွဲ့က လူတွေဆီက ချေးလိုက်။ အခု ငါ့ကို အုတ်မြစ်ကျောက် ချေးမယ်ဆိုရင် နှစ်ပတ်နေရင် နှစ်ဆပြန်ပေးမယ်။ ပြီးကတော့ အဖွဲ့အစည်းထဲက ရေနဲ့အစားအစာကို ၂၀% လျှော့ဈေးနဲ့ ထောက်ပံ့ပေးမယ်လို့ပြောလိုက်။”

တိလင်းချင်းလုံက အနည်းငယ် ကြောင်အသွားခဲ့ပြီး နောက် “ဟုတ်ကဲ့” ဟု ပြန်ပြောလိုက်သည်။ ထို့နောက် လင်းအင်ပါယာ၏ ဂရုထဲ၌ သတင်းတစ်ခု ထုတ်ပြန်လိုက်တော့သည်။

“ကျုပ်တို့ ဥက္ကဌက တိလင်းထျန်းရှားက ဒီနေ့ ကျုပ်တို့ လုပ်ဖော်ကိုင်ဖက်အားလုံးဆီက အုတ်မြစ်ကျောက် ချေးချင်ပါတယ်။ နောက်နှစ်ပတ်အကြာမှာ နှစ်ဆပြန်ဆပ်ပေးပါ့ပြီး အဖွဲ့အစည်းထဲက ရေနဲ့အစားအစာကိုလည်း ၂၀% လျှော့ပေးပါ့မယ်။”

“အာ...ဥက္ကဌမှာ အုတ်မြစ်ကျောက်တွေ အများကြီး လိုနေလို့လား။”

“အဖွဲ့အစည်းထဲက ရေနဲ့အစားအစာကို ၂၀% လျှော့ပေးတယ်ဆိုတာကတော့ တကယ်လက်တွေ့ကျပါတယ်။”

နှစ်ပတ်အတွင်း နှစ်ဆပြန်ပေးမည်ဆိုခြင်းက လူတိုင်းကို သိပ်မဆွဲဆောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ပတ်ကြာသည်အထိ သူတို့ ဘေးကင်းစွာရှင်သန်နိုင်လိမ့်မည်ဟု မည်သူမျှ အာမ မခံနိုင်သောကြောင့်ပင်။

သို့သော် ရေနှင့်အစားအစာများသည်မူ လာမည့်တစ်ပတ်အတွက် သေချာပေါက် အရေးအကြီးဆုံးနှင့် အရှားပါးဆုံးပစ္စည်းများဖြစ်ပေသည်။

ထို့ကြောင့် တိလင်းထျန်းရှားကို အုတ်မြစ်ကျောက်များ ချေးငှားရန်အတွက် လူတချို့က အမှန်တကယ်ပင် ရွေးချယ်ခဲ့ကြ၏။

လူများ ပိုမိုများပြားလာသည်နှင့်အမျှညအရာအားလုံးကို ကိုင်တွယ်ရသည်မှာလည်း ပိုမိုလွယ်ကူလာခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်က လူတိုင်း အုတ်မြစ်ကျောက် အများအပြား ရိတ်သိမ်းရရှိခဲ့ကြပြီး လူတိုင်း တစ်ခုစီထုတ်ပေးလိုက်ခြင်းက သူတို့၏ အသက်ရှင်သန်နိုင်မှုကို သိပ်မထိခိုက်စေပေ။ သို့သော် ၂၀% လျှော့ဈေးနှင့် ဝယ်ယူ၍ရမည်ဖြစ်၏။

ဤသည်မှာ ရိုးရှင်းသော တွက်ချက်မှုတစ်ခုဖြစ်ပြီး လူတိုင်းတွက်ချက်နိုင်ပေသည်။

မကြာခင်မှာပင် တိလင်းချင်းလုံသည် အုတ်မြစ်ကျောက် လုံလောက်အောင် ရှာဖွေနိုင်ခဲ့ပြီး ဂရုထဲတွင် ပြောလိုက်သည်။

“ကောင်းပြီ အုတ်မြစ်ကျောက်တွေ လုံလောက်သွားပါပြီ။ ကျန်တာတွေကို ပြန်ယူလိုက်ကြပါ။”

“ဟင် မဟုတ်ဘူးလေ။ အရေအတွက်က အကန့်အသတ်ရှိတာလား။”

“ငါ နည်းနည်းတွန့်ဆုတ်သွားလို့ ၂၀% လျှော့ဈေးနဲ့ လွဲသွားရပြီ။ သိန်းထောင်ချီဆုံးရှုံးသလို ခံစားလိုက်ရတယ်။”

“ကံမကောင်းစွာပဲ ဘယ်သူမှမငြင်းနိုင်ဘူး။ အရင်းအမြစ်တွေက ရျားပါးနေပြီ။ ၂၀% လျှော့ဈေးနဲ့ဆိုရင် လာမယ့်တစ်ပတ်အတွက် အများကြီး ပိုလွယ်သွားလိမ့်မယ်။”

လူတချို့က ငွေချေးရမည့်အရေးကို လက်လွတ်သွားသဖြင့် ရင်ထုမနာ ဖြစ်နေစဉ်၌ တိလင်းချင်းလုံက ရှောင်းယီဆီသို့ လဲလှယ်မှုတစ်ခု စတင်လိုက်ပြီဖြစ်သည်။

“[အုတ်မြစ်ကျောက်]၂၀၀၊ [မြေဆီလွှာ] (S အဆင့်) ၁၀ - [ကျောက်တုံးအိမ်] ၁။”

တိလင်းချင်းလုံက အုတ်မြစ်ကျောက် ၂၀၀ ရအောင် လုပ်နိုင်ခဲ့သည်ကို မြင်သောအခါ ရှောင်းယီ သူ့စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိ၏။

“ငါတောင်းတဲ့ဈေးက အရမ်းနည်းလွန်းသွားပြီလား။”

သို့သော် သူနှင့် သဘောတူထားပြီးသားဖြစ်၍ ပြန်ပြောင်း၍ မရတော့ချေ။

ရှောင်းယီက သဘောတူရန် ခလုပ်ကို နှိပ်လိုက်ပြီးနောက် ရောင်းဝယ်မှု အောင်မြင်သွားတော့သည်။

“ရရှိသောပစ္စည်းများ- [အုတ်မြစ်ကျောက်] ၂၀၀၊ [မြေဆီလွှာ] (S အဆင့်) ၁၀။”

ထို့နောက် လယ်ယာအိမ်ဝင်း၏ ဝင်ပေါက်တွင်ရှိသော ကျောက်တုံးအိမ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

တိလင်းချင်းလုံသည် ထိုကျောက်တုံးအိမ်ကို ရရှိလာသည့်အခါ စိတ်ထဲ၌ လောဘလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး သူ့အတွက် ပိုင်ဆိုင်ချင်လာခဲ့သည်။

သို့သော် နောက်ပိုင်းတွင် တွေ့ဆုံရန် အခွင့်အရေးရှိနိုင်သည်ကို တွေးမိလိုက်ပြီးနောက် တိလင်းအင်ပါယာ၏ တပ်ဖွဲ့များအား သူ အနိုင်ယူနိုင်မည် မဟုတ်ဟု ထင်မိလိုက်သောကြောင့် ထိုကျောက်တုံးအိမ်ကို တိလင်းထျန်းရှားဆီသို့ ရိုးသားစွာ ပို့ဆောင်လိုက်တော့သည်။

“[ကျောက်တုံးအိမ်] ၁ - အခမဲ့လဲလှယ်ခြင်း။”

တိလင်းထျန်းရှားသည် တိလင်းချင်းလုံ၏ လဲလှယ်မှုကို မြင်သည်နှင့် ချက်ချင်းသဘောတူလိုက်ပြီး သူ့သစ်သားအိမ်ကို တိလင်းချင်းလုံဆီသို့ လဲလှယ်ပေးလိုက်လေသည်။

“[သစ်သားအိမ်ငယ်] ၁ - အခမဲ့လဲလှယ်ခြင်း။ မင်းရဲ့သစ္စာစောင့်သိမှုကို ငါမြင်တယ်။ အခုကစပြီး ခန်းမသုံးခုကို မင်းတာဝန်ယူရမယ်။”

တိလင်းထျန်းရှားက ပြောလိုက်၏။

ယခင်က တိလင်းအင်ပါယာတွင် ခန်းမသခင်လေးယောက်ရှိခဲ့သော်လည်း ရှောင်းယီက ခန်းမသခင် ရွှမ်းဝူကို ကန်ထုတ်ကာ သတ်ပစ်လိုက်သောကြောင့် ခန်းမသုံးခုသာ ကျန်ရှိတော့လေသည်။

တိလင်းချင်းလုံက တိလင်းထျန်းရှား ပြန်၍လဲလှယ်ပေးလိုက်သည့် ပစ္စည်းများကိုမြင်သောအခါ ချက်ချင်းပင် ဝမ်းသာသွားပြီူ သူ၏ဆုံးဖြတ်ချက်သည် အလွန်မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ခံစားလိုက်ရသည်။

ဤနည်းဖြင့် သူသည် တိလင်းထျန်းရှား၏ ကျေးဇူးတင်မှုကို ရရုံသာမကဘဲ သစ်သားအိမ်ငယ်တစ်လုံးကိုလည်း ရရှိခဲ့ပြီး အကြီးအကဲအဖြစ် ရာထူးတိုးသွားခဲ့လေသည်။

တစ်ချက်ခုတ်၊ သုံးချက်ပြတ်...။

“ဥက္ကဌကို ကျေးဇူးတင်ပါတယ်။ တိလင်းအင်ပါယာအတွက် ကျုပ် အသက်ရှုမရပ်မချင်း အစွမ်းကုန် ကြိုးစားပါ့မယ်။”

တိလင်းချင်းလုံက ချက်ချင်းပင် သူ၏ သစ္စာစောင့်သိမှုကို ‌ဖော်ပြလိုက်၏။

“အင်း ကောင်းကောင်းလုပ်ဆောင်ပါ။ နောက်ပိုင်းအတွင် စင်မြင့်ကြီးတွေ ရှိနေသေးတယ်။”

တိလင်းထျန်းရှားက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ယခုလေးတင် နေရာချလိုက်သော သစ်သားအိမ်ထက်ကြီးသည် ကျောက်တုံးအိမ်ကြီးကို ကြည့်နေသောကြောင်ပင်။

ကျောက်တုံးအိမ်တစ်ခုလုံးကို ကျောက်တုံး ၉၀% ဖြင့် ဆောက်ထားသောကြောင့် အတွင်း၌ မီးဖိုခြင်းအတွက် လုံးဝပြဿနာမရှိပေ။ ထို့ပြင် သစ်သားအိမ်ထက် အများကြီး ပိုမိုခိုင်ခံ့ပုံရသည်။

“မရှုံးဘူး။ တကယ်ကို မရှုံးဘူးပဲ။”

တိလင်းထျန်းရှားက ကျေနပ်စွာပြောလိုက်သည်။

အစပိုင်းတွင် တိလင်းထျန်းရှားသည် ရှောင်းယီက သူ့ကိုလှည့်စားသည်ဟု ခံစားရခဲ့သော်လည်း ဤကျောက်တုံးအိမ်၏ ပြီးပြည့်စုံသည့်ပုံစံကို မြင်လိုက်ရပြီးနောက် ရှောင်းယီက အလွန်ကြင်နာလွန်းသည်ဟုပင် သူ ထင်မိသွားခဲ့သည်။

ရှောင်းယီသည် သဘာဝအတိုင်း တိလင်းထျန်းရှား၏ အတွေးများကို မသိခဲ့ပေ။ တိလင်းထျန်းရှား၏ အတွေးများကို စဉ်းစားရန် အချိန်လည်းမရှိပေ။ အဘယ်ကြောင့်ဆိုသော အခြားလူတစ်ယောက်က သူ့ဆီသို့ သီးသန့်စာပို့လာခဲ့သောကြောင့်ပင်။

“သူဌေး ကျုပ်မှာ [မြေဆီလွှာ] (S အဆင့်) ၆ ခုရှိတယ်။ သစ်သားအိမ်နဲ့ လဲလို့ရမလား။”

ရှောင်းယီ အံ့အားသင့်သွားခဲ့၏။

ဘာလို့ ဒီည S အဆင့်မြေဆီလွှာတွေချည်း ဖြစ်နေတာလဲ။ ရေလွှမ်းနေလို့လား။

“ရတယ်။ ဒါပေမယ့် S အဆင့်မြေဆီလွှာ ၆ ယူနစ်ပဲဆိုရင်တော့ မလုံလောက်ဘူး။ အုတ်မြစ်ကျောက် ဒါမှမဟုတ် တခြား S အဆင့်ပစ္စည်းတွေ ထပ်ပေါင်းပေးရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

တစ်ဖက်လူက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလာခဲ့သည်။

“ကျုပ်ဆီမှာ အုတ်မြစ်ကျောက် ၁၃ ခုပဲရှိတယ်။ အဲ့ဒါနဲ့ ရနိုင်မလား။”

ရှောင်းယီလည်း အနည်းငယ် စဉ်းစားလိုက်မိသည်။ လက်ရှိ ခြံဝင်းထဲက ပန်းခြံတွင် မြေဆီလွှာများ မဖြည့်ရသေးပေ။ S အဆင့်မြေဆီလွှာက သူ အရေးတကြီးလိုအပ်နေသော အရာဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ရက်စောဖြည့်လျှင် တစ်ရက်စောကာ စိုက်ပျိုး၍ရသောကြောင့်ပင်။

“ငါ့မှာ အကြံတစ်ခုရှိတယ်။ အဆင်ပြေမပြေ ကြည့်လိုက်ပေါ့။ အဆင်ပြေရင်ငါတို့လဲလှယ်မယ်။ မပြေရင်တော့ မေ့လိုက်တော့။”

ရှောင်းယီက ပြောလိုက်သည်။

“သူဌေး ကျေးဇူးပြပြီး ပြောပါ။”

“မင်းက S အဆင့်မြေဆီလွှာ ၆ ယူနစ်နဲ့ သစ်သားအိမ်ကို နှစ်ပတ်အသုံးပြုခွင့်နဲ့ လဲလှယ်လိုက်။ ပြီးရင် အုတ်မြစ်ကျောက် ၂၀ စုပြီးတာနဲ့ သစ်သားအိမ်ကို မင်းဆီ လဲပေးမယ်။ ဘယ်လိုလဲ။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီ၏ စကားကိုကြားသောခါ တစ်ဖက်လူက ခဏတာ တိတ်ဆိတ်သွားခဲ့၏။

“ကောင်းပြီလေ။ သူဌေးရဲ့ ကိုယ်ကျင့်တရားကို ကျုပ်ယုံတယ်။ သဘောတူတယ်။”

ရှောင်းယီသည် တစ်ခါတလေ အမြတ်ထုတ်တတ်သော်လည်း အနည်းဆုံးတော့ ရိုးသားပြီး ယုံကြည်စိတ်ချရပေသည်။ မည်သူ့ကိုမျှ မလှည့်စားခဲ့ဖူးပေ။

ယခင် လဲလှယ်မှုတချို့ မတိုင်ခင်က ရှောင်းယီသည် လူများကို အုတ်မြစ်ကျောက်များ ချန်ထားရန်နှင့် ရောင်းချသည့်ပစ္စည်းများ၏ ချို့ယွင်းချက်များကို အထူးသတိပေးတတ်ပြီး ၎င်းက ထိုသူဌေးအပေါ် အထင်ကြီးမှု အမှတ်များစွာ ရရှိစေခဲ့သည်။

“[သစ်သားအိမ်ငယ်] နှစ်ပတ်အသုံးပြုခွင့် - [မြေဆီလွှာ] (S အဆင့်) ၆။”

တစ်ဖက်လူက ချက်ချင်းပင် သဘောတူလိုက်ပြီး ရှောင်းယီ၏လက်ထဲတွင် S အဆင့်မြေဆီလွှာ ၆ ယူနစ် ထပ်ရှိလာခဲ့၏။ ယခင်က ၂၀ ယူနစ်နှင့် ပေါင်းလိုက်လျှင် ပန်းခြံကိုဖြည့်တင်းရန် ၅ ယူနစ်သာ လိုတော့လေသည်။

“ဒီအိမ်သုံးလုံးနဲ့ ပန်းခြံကို အပြည့်ဖြည့်ဖို့ S အဆင့်မြေဆီလွှာ အလုံအလောက် စုဆောင်းနိုင်မယ်ထင်တယ်။”

ရှောင်းယီ စိတ်ထဲမှာ တွေးလိုက်မိ၏။

“ဒီဒီ...သူစိမ်းတစ်ယောက်က သီးသန့်စကားပြောဖို့ တောင်းဆိုနေပါတယ်။”

ရှောင်းယီ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။

“တကယ် ရောက်လာပြီလား။”

တဖျပ်ဖျပ်လင်းလက်နေသော သီးသန့်စကားပြောခွင့် တောင်းဆိုမှုကို ဖွင့်လိုက်သောအခါ ရှောင်းယီ၏မျက်နှာမှာ အရင်ဆုံး စိတ်ပျက်သွားခဲ့သော်လည်း ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

“ဒါက သူဌေးလိုချင်တဲ့ပစ္စည်းမျိုးလား...။”

အခန်း (၁၄၄) S အဆင့် ကန်စွန်းဥနှင့် အကြံပြုချက် အသစ်များ

“ဒါက သူဌေးလိုချင်တဲ့ ပစ္စည်းမျိုးလား [ကန်စွန်းဥ] (S အဆင့်) ၁။ အရင်က နှစ်ဥရှိခဲ့တာ။ ကျုပ် တစ်ဥစားလိုက်ပြီ။”

ရှောင်းယီသည် S အဆင့်မြေဆီလွှာ မဟုတ်သည်ကို မြင်လိုက်ရသောအခါ အနည်းငယ်စိတ်ပျက်သွားသော်လည်း အခြား S အဆင့် အစားအစာပေါ်လာသည်ကို မြင်သောအခါ ထပ်မံ၍ စိတ်လှုပ်ရှားသွား၏။

အထူးသဖြင့် ဤ S အဆင့် အစားအစာသည် ကန်စွန်းဥဖြစ်ပြီး ဥကို အပင်အဖြစ် ပြန်လည်စိုက်ပျိုးရန် အသုံးပြုနိုင်ပေသည်။

“လိုချင်တယ်။ ဒါပေမယ့် S အဆင့် ကန်စွန်းဥ တစ်ဥထဲနဲ့တော့ မလုံလောက်ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

“အရင်ဆုံး ငှားရမ်းဖို့ အကြံပြုချင်တယ်။ မင်း အုတ်မြစ်ကျောက် ၃၀ စုမိရင် သစ်သားအိမ်လေးကို ရောင်းပေးမယ်။ ဒါပေမယ့် ငါ မင်းကို ၃ ပတ်ပဲ အချိန်ပေးနိုင်မယ်။ ၃ ပတ်အတွင်း အုတ်မြစ်ကျောက် ၃၀ မပြည့်ရင် အိမ်ကို ပြန်သိမ်းမယ်။ ကိုယ့်ဘာသာ စဉ်းစားကြည့်လိုက်ပါ။”

တစ်ဖက်လူမှာ ခဏကြာအောင် တိတ်ဆိတ်သွားထဲ့ပြီး စဉ်းစားနေပုံရကာ နောက်တစ်မိနစ်အကြာတွင် ပြန်ဖြေလာခဲ့သည်။

“ကောင်းပြီ၊ သဘောတူတယ်။”

အကြောင်းမှာ သူတွင် လောလောဆယ် သုကိုယ်တိုင် တည်ဆောက်ထားသော ရိုးရိုးသစ်သားတဲလေးသာရှိပြီး လေများ နေရာတိုင်းမှ ယိုစိမ့်နေသောကြောင့် သစ်သားအိမ်လေးတစ်လုံး ရှိထားခြင်းက ဤဆောင်းရာသီကို ဖြတ်သန်းရာ၌ အများကြီး ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

တစ်ဖက်လူထံမှ သဘောတူညီမှုရသည်နှင့် ရှောင်းယီသည် S အဆင့် ကန်စွန်းဥနှင့် ၃ ပတ်ငှားရမ်းခကို လဲလှယ်ရန် လုပ်ဆောင်လိုက်တော့သည်။

“ဒီကန်စွန်းဥက အပင်ပေါ်လာပြီဆိုရင် ကျယ်ကျယ်ပြန့်ပြန့် မျိုးပွားနိုင်တယ်။ အထွက်နှုန်းမြင့်ပြီး အရသာလည်းရှိတယ်။”

ရှောင်းယီသည် သူ့လက်ထဲရှိ ကန်စွန်းဥကို ကြည့်ရင်း ဝမ်သာအားရပြောကာ အပြင်သို့ ထွက်လာလိုက်လေသည်။

“ဦးလေးယွမ် ကျုပ် ရလာတဲ့ပစ္စည်းကို ကြည့်ကြည့်။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီ၏ လက်ထဲရှိ ကန်စွန်းဥကို မြင်သောအခါ ယွမ်နွန်သည် ချက်ချင်းပင် ပျော်ရွှင်စွာ ပြေးလာပြီး ပြောလိုက်၏။

“ဒါ ကန်စွန်းဥပဲ။ အရမ်းကောင်းတယ်။ နောက်ထပ် အစားအစာတစ်မျိုး ထပ်ရပြီ။”

“ဒါကို မျိုးစေ့အဖြစ် အသုံးပြုသင့်တယ် ဟုတ်တယ်မဟုတ်လား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်တယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် အခုချိန်မှာ အပြင်မှာ စိုက်ပျိုးဖို့ နည်းလမ်းမရှိဘူး။ တစ်ပတ်လောက်စောင့်ရင် ပျက်စီးသွားလောက်မလားပဲ။”

ထိုအခါ ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ကျုပ်တို့ခြံထဲက ပန်းခြံထဲမှာ နေရာရှိတယ်လေ။ အဲ့မှာပဲ စိုက်လိုက်ပါ။”

“ဘာလဲ ဒီကန်စွန်းဥက S အဆင့်လို့ ဆိုလိုတာလား။”

ယွမ်နွန်က အံ့ဩထိတ်လန့်စွာ ပြောလိုက်၏။ အကြောင်းမှာ ပန်းခြံထဲ၌ S အဆင့် မြေဆီလွှာများဖြင့် ပြည့်နေသောကြောင့်ပင်။

ရှောင်းယီက ခေါင်းငြိမ့်ပြပြီး ရှင်းပြလိုက်သည်။

“အိမ်နဲ့ လဲထားတာ။”

“အပြင်က အိမ်သုံးလုံးကို ရောင်းပြီးသွားပြီလား။”

အန်ယွဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြပြီး ဖြေလိုက်သည်။

“ကျုပ်တို့အတွက် အသုံးမဝင်တော့ဘူးလေ။ အဲ့ဒါကြောင့် ပစ္စည်းကောင်းတွေနဲ့ လဲလိုက်တာ။”

ကျန်သည့်သူများအားလုံးလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

“ဒါပေမယ့် ပန်းခြံထဲမှာ မြေဆီလွှာ သိပ်မရှိသေးဘူး။”

ယွမ်နွန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။

“ကျုပ် မြေဆီလွှာ ၄၀ စတုရန်းမီတာ လဲလှယ်ထားတယ်။ ကျန်တဲ့ ၁၀ စတုရန်းမီတာကိုတော့ ခဏလှပ်ထားလိုက်ပါ။”

ရှောင်းယီက ဖြေသည်။

“အဲ့ဒါကို ကျုပ် အခုလေးနင် အိမ်နဲ့ ပြန်ဝယ်ထားတာ။”

ယွမ်နွန်က ခေါင်းငြိမ့်လိုက်သည်။

“ငါ့ကိုပေး။ ငါအခု သွားစိုက်လိုက်မယ်။”

ရှောင်းယီသည် သူလဲလှယ်ခဲ့သော S အဆင့် မြေဆီလွှာများနှင့် ကန်စွန်းဥအားလုံးကို ယွမ်နွန်ထံသို့ လွှဲပြောင်းပေးလိုက်တော့လေသည်။

ယွမ်နွန်သည် ထိုပစ္စည်းများကို ယူဆောင်ကာ အပြင်သို့ တိုက်ရိုက်ထွက်သွားခဲ့၏။ အချိန်မှာ ည ၁၀ နာရီဖြစ်နေပြီဖြစ်သော်လည်း လုံးဝလျစ်လျူရှုထားခဲ့လေသည်။

အခြားသူများသည်မူ ဧည့်ခန်းထဲတွင် ပေါ့ပေါ့ပါးပါးတီဗီကို ထိုင်ကြည့်နေခဲ့ကြသည်။ သူတို့အားလုံးသည် ဤနေ့ကုန်ဆုံးရန်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အကြံပြုချက်အသစ်များအတွက် စောင့်ဆိုင်းနေကြခြင်းပင်။

“ဒီတစ်ပတ်အတွင်း ဘယ်သူမှ ထုတ်ပယ်ခံရမှာမဟုတ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား။”

ဆုဝမ်က မေးလိုက်သည်။

“မသေချာဘူး။ ရှောင်းယီဆီမှာတော့ စိတ်ချရပါတယ်။ အခြားအသက်ရှင်ကျန်ရစ်သူတွေက ကမ်းခြေပေါ်က ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ပင်လယ်သတ္တဝါတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အများစုက သေဆုံးကြလိမ့်မယ်။ လူတိုင်းက အဆင့်မြင့် အစားအစာစားတွေ မစားနိုင်ကြသလို ရှောင်းယီပေးတဲ့ ကိုက်ကျပ်ဝတ်စုံတွေလည်း မရှိကြဘူးလေ။”

ကျန်းယွင်ထျန်းက ခေါင်းခါပြီး ပြောလိုက်သည်။

ရှောင်းယီ ပထမနေ့တွင် ကြုံတွေ့ခဲ့ရသော ပင်လယ်သတ္တဝါများကဲ့သို့ပင် အရမ်းအစွမ်းထက်သော ငါးမန်းများလည်း ရှိပေသည်။ ၎င်းတို့မှာ သာမန်အဆင့်သာဖြစ်သော်လည်း သာမန်လူများအနေဖြင့် ကိုက်တွယ်ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။

အန်းရန် ကြုံတွေ့ခဲ့ရသည့် ကမ်းခြေပေါ်သို့ အစာခြေအက်ဆစ်များ ပက်ဖျန်းနိုင်သော ဂျယ်လီငါးများကဲ့သို့သော သတ္တဝါများလည်း ရှိ၏။ သတိမထားမိပါက သေချာပေါက် သေဆုံးသွားနိုင်ပေသည်။ ထိုအချိန်က ဝမ်ချိုင် အန်းရန်ကို ဆွဲထုတ်ပေးခဲ့သည်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။

အန်းရန်သည် သူမ၏ခြေထောက်အောက်တွင် လဲလျောင်းနေသော ဝမ်ချိုင်ကို ကြည့်ပြီး ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

“ဟုတ်တယ်။ အပတ်နိုင်း ထုတ်ပယ်မှုတွေရှိလိမ့်မယ်။ ဒါပေမယ့် ဒီတစ်ပတ်တော့ နည်းနိုင်တယ်။ ဒါပေမယ့် ဒီနေ့ပြီးရင် ငါတို့နဲ့ ပေါင်းစည်းလာမယ့် နယ်မြေတွေ ရှိဦးမလားမသိဘူး။”

ရှောင်းယီက ပြောလိုက်သည်။

ဒုတိယပတ်၏ အဆုံးသတ်တွင် မတူညီသော နယ်မြေများကို ပေါင်းစည်းခဲ့၏။ ရှောင်းယီသည် ဤတစ်ပတ်လည်း ပေါင်းစည်းမည်ဟု မျှော်လင့်ထားခဲ့ပြီး အန်းရန်၏မိခင်ကို ရှာဖွေတွေ့ရှိနိုင်လျှင် အကောင်းဆုံးပင်။

သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ တစ်စုံတည်းသော အဝတ်အစားများကို ဝတ်ဆင်ထားခဲ့ရသည်မှာ အချိန်ကြာပြီဖြစ်ပြီး ရက်ကန်းစက်နှင့် ချည်မျှင်စက်ကို အသုံးပြုရန် လူလိုအပ်နေပြီဖြစ်သည်။

“ဖြစ်သင့်တယ်။”

အန်းယွဲ့က ပြောလိုက်သည်။ သူ၏စိတ်ထဲတွင် ပေါင်းစည်းမှုရှိရမည်ဟု အလွန်မျှော်လင့်နေပြီး လီယန်ကို ရှာဖွေတွေ့ရှိရန် အလားအလာမှာလည်း ပိုများလာမည်ဖြစ်သည်။

ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာခဲ့၏။ အများသုံးချန်နယ်၌ လူအများစုသည် အိမ်ဝယ်ရန် အခြေအနေများကို လျှော့ချပေးရန်အတွက် ရှောင်ယီအား တောင်းဆိုနေကြဆဲပင်။

“လူကြီးမင်းတို့ ကျုပ် စိတ်မကောင်းပါဘူး။ အိမ်သုံးလုံးစလုံး ရောင်းပြီးသွားပါပြီ။ နောက်ထပ်ရှိလာခဲ့ရင် အချိန်မီထုတ်ပြန်ပေးပါ့မယ်။ ဒါပေါ့...ခင်ဗျားတို့လက်ထဲမှာ ပစ္စည်းကောင်းတွေရှိရင် စျေးနှုန်းညှိနှိုင်းအတွက် ကျုပ်ကို သီးသန့်ဆက်သွယ်နိုင်ပါတယ်။”

ရှောင်းယီသည် အများသုံးချန်နယ်တွင် မက်ဆေ့ချ်တစ်ခု တင်လိုက်သည်။

“အဲ့လောက်မြန်မြန် ရောင်းပြီးသွားပြီလား။”

“ဒီကမ္ဘာတုန်းက အိမ်ဝယ်ရတာက ဘာလို့ ထီထိုးသလို ခံစားနေရတာလဲ။”

“S အဆင့် ပစ္စည်းတွေရှိတဲ့သူတွေ ဒီလောက်များလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်နေတဲ့သူတွေ အများကြီးရှိပုံပဲ။”

“အိမ်ရှိတဲ့သူတွေကို တကယ်အားကျတယ်။ ငါ အရင်ကမ္ဘာတုန်း အိမ်မဝယ်နိုင်ခဲ့ဘူး။ ဒီမှာရောက်လာတော့လည်း အိမ်မဝယ်နိုင်သေးဘူး။”

“ဒီကမ္ဘာကြီးက ဘယ်လိုသောက်အဓိပ္ပါယ်မှန်းကို မသိတော့ဘူး။”

လူတိုင်း၏ ညည်းညူမှုများကြားတွင် အချိန်က ဖြည်းညှင်းစွာ ကုန်လွန်သွားခဲ့ပြီး ညသန်းခေါင်အချိန်သို့ ရောက်ရှိလာခဲ့သည်။

“ဒီဒီဒီ....”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသံမြည်လာပြီး အိပ်ငိုက်နေသူများအားလုံး လန့်နိုးလာခဲ့ကြ၏။

[တတိယပတ်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆောင်းရာသီအတွက် ရေနှင့်အစားအစာတွေ လုံလောက်အောင် ပြင်ဆင်ပြီးပြီလား။]

[အပူပေးပစ္စည်း ကောင်းကောင်းမရှိရင် ကိုယ့်နေရာထဲမှာပဲ နေပြီး အပြင်မထွက်တာ အကောင်းဆုံးပဲနော်။]

[မိတ်ဆွေအသစ်တွေ ရောက်ရှိလာပြီဖြစ်သလို မသိသေးတဲ့ အန္တရာယ်တွေလည်း လမ်းမှာရောက်နေပါပြီ။]

[အအေးဒဏ်ကို မခံနိုင်ရင်တောင် ရပ်နေလို့မရဘူး။ လူတိုင်းပဲ အားတင်းထားကြပါ။”

[ကိုယ့်ကျွန်းကိုယ် ချဲ့ထွင်ဖို့ ကြိုးစားကြဖို့ လူတိုင်းကို သတိပေးချင်ပါတယ်။ အကျိုအမြတ်တွေ ပိုရမယ်လာမှာပါ။ တချို့လူတွေက ချိုမြိန်မှုကို ခံစားဖူးသွားပြီလို့ ထင်ပါတယ်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အသံ ပြီးဆုံးသွားပြီးနောက် ရှောင်းယီ မြေပြင်ကို လှမ်းကြည့်လိုက်သောအခါ စနစ်က အသိပေးလာခဲ့သည်။

“ပင်လယ်ရေတိုက်စားမှု ပြီးဆုံးသွားပါပြီ။ အုတ်မြစ်ကျောက် ၆ ခု ပျောက်ဆုံးသွားပါတယ်။ ကျန်ရှိသည့်ဧရိယာ ၃၁၆၀၉ စတုရန်းမီတာ။”

“တကယ်ပဲ...တိုက်စားမှုကိုတောင် လူဦးရေအလိုက် တွက်ချက်ထားတာပဲ။”

ရှောင်းယီက ရေရွတ်လိုက်သည်။ အခြားသူများသည် တစ်ပတ်လျှင် အုတ်မြစ်ကျောက်တစ်ခုစီသာ တိုက်စားခံကြရသော်လည်း သူ့မှာတော့ ၆ ခုဖြစ်နေခဲ့လေသည်။

ထိုအချိန်၌ အများသုံးချန်နယ်တွင် ဆွေးနွေးမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။

“နောက်ဆုံးတော့ရောက်လာပြီ။ ငါ ဒီတစ်ပတ်ရဲ့ အကြံပြုချက်ကို စောင့်နေခဲ့တာ။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရေနဲ့အစားအစာကို အထူးဖော်ပြထားတယ်။ နောက်တစ်ပတ်က တကယ်အရေးကြီးတယ်ဆိုတာ ထင်ရှားနေပြီ။”

“ဟုတ်တယ်။ ပြီးတော့ အရမ်းလည်း အေးလိမ့်မယ်။ လူတိုင်းကို အပြင်မထွက်ဖို့တောင် အကြံပြုထားသေးတယ်။”

“အခြားနယ်မြေက လူတွေနဲ့လည်း ပေါင်းစည်းသွားလိမ့်မယ်။ မိတ်ဆွေအသစ်တွေ တစ်ခုခုပြောပေးလို့ရမလား။”

“ကျွန်တော်က မိတ်ဆွေအသစ်ထင်တယ်။ ဒီမှာရှိတဲ့ အိုင်ဒီ တော်တော်များများကို ကျုပ် အရင်က မမြင်ဖူးဘူး။”

“ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်...။”

“လမ်းမှာရှိနေတဲ့ မသိသေးတဲ့အန္တရာယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။”

“ငါလည်း နားမလည်ဘူး။ ဒါပေမယ့် လမ်းမှာရှိနေတယ်ဆိုတော့ အခု မရောက်လာသေးဘူး။ တစ်လှမ်းချင်းစီပဲ လျှောက်ရမယ်။”

“ကျွန်းကိုချဲ့ထွင်ရင် ဘယ်လို အကျိုးအမြတ်တွေ ထပ်ရလာဦးမှာလဲ။ ရှင်းပြနိုင်တဲ့ သူဌေးကြီးတစ်ယောက်လောက်ရှိလား။”

ထိုအချိန်တွင် တိလင်းထျန်းရှား ပေါ်လာပြီး သူ၏အတွေ့အကြုံကို မျှဝေလိုက်၏။

“သစ်ပင်နဲ့ကျောက်တုံးတွေ အများကြီးထပ်ဖြည့်ပေးလိမ့်မယ်။”

“အဲ့ဒါက အမြတ်ပိုရတာလား။”

လူအချို့က အနည်းငယ် ရှုပ်ထွေးသွားခဲ့ကြသည်။

All Chapters