← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅) အကျိုးအမြတ် ပိုမိုရရှိနိုင်သည့် လျို့ဝှက်ချက်ကို မျှဝေခြင်း

အဘယ်ကြောင့်ဆိုသော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အကြံပြုချက်သည် သစ်သားနှင့်ကျောက်တုံးများ ပိုမိုရရှိမည်ဟုသာ ဆိုလိုခြင်းမဟုတ်ဘဲ အခြားအရာများလည်း ပါဝင်နေသည်ဟု ထင်ရသောကြောင့်ပင်။

သူတို့၏ဆွေးနွေးမှုကို ကြည့်ရင်း ရှောင်းယီ တွန့်ဆုတ်နေမိ၏။ သီးနှံအထွက်နှုန်း ပိုများရခြင်း၏ လျှို့ဝှက်ချက်ကို လူတိုင်းကို ပြောသက့် မပြောသင့် သူ စဉ်းစားနေမိသည်။

ထိုအချိန်တွင် စနစ်၏အသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

“မတူညီသောကျွန်းများတွင် သူတို့၏ကိုယ်ပိုင်ထူးခြားသောပစ္စည်းများကို ပြန်လည်ဖြည့်တင်းနိုင်သည်။”

“ဒါက အထူးပြုဘာသာရပ်တစ်ခုလိုလား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်ပါတယ်။”

“တစ်နည်းဆိုရရင် အခြားကျွန်းတစ်ခုမှာ အထူးတဲ့ပစ္စည်းတစ်ခုခုကို ပြန်လည်ဖြည့်တင်းပေးထားရင် အခြားကျွန်းတွေမှာ အဲ့ဒီပစ္စည်းတွေကို ပြန်လည်ဖြည့်တင်းမှုမရှိတော့ဘူးပေါ့ အဲ့လိုလား။”

ရှောင်းယီက ဆက်လက်မေးမြန်းလိုက်၏။

“မဟုတ်ပါဘူး။ ပြန်လည်ဖြည့်တင်းမှုက ကျပန်းဖြစ်ပါတယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“နားလည်ပြီ။”

ကျွန်းများ ပိုမိုများပြားလာပြီး အရင်းအမြစ်စွာ အသစ်ပြန်လည်ဖြစ်ပေါ်လာပါက လူတိုင်းသည် အမျိုးအစားစုံလင်သော ပစ္စည်းအသစ်များကို မကြာမီရရှိလာမည်ဖြစ်သည်။

သို့သော် မိမိ၏ကျွန်းရှိ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းမှုကိုသာ စောင့်နေမည်ဆိုပါက အချိန်အကြာကြီး စောင့်ဆိုင်းရနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည်လည်း နှေးကွေးသွားပေလိမ့်မည်။

ထိုအချက်ကို စဉ်းစားမိသောအခါ ရှောင်းယီသည် အများသုံးချန်နယ်၌ ချက်ချင်းပင် မက်ဆေ့ချ်တစ်ခု တင်လိုက်တော့လေသည်။

“လူတိုင်းပဲ ကျုပ်က ယီရန်ပင်းပါ။ အခု အခမဲ့သတင်းတစ်ခု မျှဝေပေးပါ့မယ်။ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့အတွက် ကျေးဇူးပြုပြီး အာရုံစိုက်ပေးကြပါ။”

“အားးး ယီရန်ပင်း သူဌေး ပြောတော့မယ်။ လူတိုင်းပဲ တိတ်တိတ်နေကြပါ။”

“ဟုတ်တယ်။ ပြီးတော့ အဲ့ဒါက အခမဲ့ပဲ။ သူဌေးကြီးရဲ့ စိတ်ဓာတ်က အရမ်းမြင့်မြတ်တယ်။”

“အပေါ်ကလူ မင်းပါးစပ်ကို ပိတ်ထားစမ်းပါ။”

“နင်လည်း တိတ်တိတ်နေဟဲ့။”

ရှောင်းယီသည် သူတို့၏စကားကြားဖြတ်မှုကို လျစ်လျူရှုပြီး ဆက်လက်၍ စာတင်လိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အကြံပြုချက်ထဲက ကျွန်းကြီးလေလေ၊ ပိုမိုရရှိလေလေဆိုတာက သစ်သားနဲ့ကျောက်တုံးတွေ ပိုရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။”

ရှောင်းယီ၏စကားကို ကြားသောအခါ တိလင်းထျန်းရှား ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားခဲ့၏။ ဒါက မျက်နှာကို ပေါ်တင် ဖြတ်ရိုက်လိုက်ခြင်းပင်။

သူက ပိုကျယ်သည့်ဧရိယာတစ်ခုဟာ သစ်သားနှင့် ကျောက်တုံးများကို အသစ်ပြန်လည်ဖြစ်ပေါ်စေသည်ဟု ပြောပြီးသည်နှင့် ရှောင်းယီက ချက်ချင်းပင် ထိုစကားကို ငြင်းပယ်ခဲ့သည်။

“ဟမ့် ဒါဆို အဲ့ဒီပိုရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။”

တိလင်းထျန်းရှားက မယုံသင်္ကာဖြင့် မေးလိုက်သည်။ ရှောင်းယီသည် သူ၏မေးခွန်းကို လုံးဝအလေးမထားဘဲ ဆက်၍ရှင်းပြလိုက်၏။

“သစ်ပင်နဲ့ကျောက်တုံးတွေက အခြေခံပစ္စည်းတွေ သက်သက်ပဲ။ သူတို့ကို မထိဘူးဆိုရင် အခြေခံအကျ‌ဆုံး ဆင့်ကဲဖြစ်စဉ်အတိုင်း ဖြစ်လာလိမ့်မယ်။ ကျွန်းဧရိယာကြီးလေလေ ဖွံ့ဖြိုးမှုနှုန်းမြန်လေလေပဲ။ ဥပမာ သစ်ပင်တွေက သစ်တောဖြစ်လာမယ်၊ ပြီးရင် သစ်တောထဲက အပင်နဲ့ သတ္တဝါတချို့ ထပ်ပြီး ဖွံ့ဖြိုးလာလိမ့်မယ်။”

“အာ...ဒီလိုလည်း ဖြစ်နိုင်သေးတာလား။”

“ဒါဆို သူဌေးကြီးက ဒီလိုနည်းနဲ့ ကျားသား ရခဲ့တာပေါ့ ဟုတ်လား။”

“ဖြတ်မပြောစမ်းနဲ့။ သူဌေးကြီးပြောတာ သေချာနားထောင်ကွ။ ဒါတွေအားလုံးက သူ့ရဲ့အတွေ့အကြုံတွေပဲ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“အဲ့ဒီမှာ အန္တရာယ်နဲ့ အခွင့်အလမ်းနှစ်ခုလုံးရှိတယ်။ မင်းက လုံလောက်အောင် မသန်မာဘူးဆိုရင် ကျွန်းရဲ့ဖွံ့ဖြိုးတိုးတင်မှုကို မင်းကိုယ်တိုင်ဝင်စွက်ဖက်ရလိမ့်မယ်။ ဥပမာ သစ်ပင်တစ်ချို့ကို ခုတ်လှဲပစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးအောင်လုပ်ရမယ်။ မဟုတ်ရင် ဆင့်ကဲဖြစ်စဉ် အဆင့်မြင့်လာလေ အန္တရာယ်များလေပဲ။”

“တကယ်လို့ ကျားတစ်ကောင် ဖြစ်ပေါ်လာရင် မင်းက သူ့ကိုစားမှာလား။ ဒါမှမဟုတ် သူက မင်းကိုစားမလားဆိုတာ စဉ်းစားရမယ်။”

“လူတိုင်းပဲ ဒီကိစ္စကို ဘယ်လိုချိန်ညှိမလဲဆိုတာ စဉ်းစားကြည့်ကြပါ။”

ရှောင်းယီက သူ့စကားကို အဆုံးသတ်လိုက်သည်။ သူက တောင်တန်းနှင့် မြစ်များကို လူများ ဝင်ရောက်စွက်ဖက်နိုင်သည်ဆိုသောအချက်ကိုမူ မပြောပြခဲ့ပေ။

လူတိုင်းကို ကိုယ်တိုင် ရှာဖွေစူးစမ်းခွင့်ပေးရမည်ဖြစ်သည်။ အရာအားလုံးကို ဖော်ပြပစ်လိုက်ရင် စိတ်ဝင်စားမှု နည်းသွားပေလိမ့်မည်။

တိလင်းထျန်းရှားသည် ရှောင်းယီ၏စကားကို နားထောင်ပြီးနောက် တုန်လှုပ်သွားခဲ့၏။

သူသည် ရှောင်းယီလက်ထဲက ကျားသားကို အခြားကျွန်းမှရခဲ့ခြင်းဖြစ်သည်ဟုသာ အမြဲထင်နေခဲ့ခြင်းဖြစ်သည်။ သူ၏ကိုယ်ပိုင်ကျွန်းက ရသည်ဟု လုံးဝမထင်ခဲ့မိပေ။

“ဒါဆို သူ့ကျွန်းရဲ့ ဆင့်ကဲဖြစ်စဉ်က အရမ်းမြင့်နေပြီပဲ။”

တိလင်းထျန်းရှားက တိတ်တဆိတ် တွေးလိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူ့လက်များကိုပင် ဖြတ်ပစ်ချင်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူ၏ကျွန်းဧရိယာသည်လည်း မသေးသလို နေ့တိုင်း သစ်ပင်နှင့် ကျောက်တုံးများကို အသစ်ပြန်လည်ဖြည့်တင်းပေးနေခဲ့သော်လည်း သူက အားစိုက်ပြီး ခုတ်လှဲပစ်နေခဲ့သောကြောင့်ပင်။

သူဟာ နေ့တိုင်း ပင်ပန်းနွမ်းနယ်နေရုံသာမက သူ့ကျွန်း၏ဖွံ့ဖြိုးတိုးတင်မှုကိုပါ နှောင့်နှေးစေခဲ့သည်။

“ယီရန်ပင်းက ဒါကိုသိနေတယ်ဆိုရင် ဘာလို့အစတည်းက မပြောတာလဲ။”

တိလင်းထျန်းရှား လူအုပ်ထဲ၌ ဒေါသတကြီး အော်ဟစ်တော့လေသည်။

ရှောင်းယီသည် တိလင်းထျန်းရှားကို လုံးဝဂရုမစိုက်ဘဲ သူ့ပရိသတ်များကသာ ပြန်ပြောပေးခဲ့ကြ၏။

“ဘယ်သူက ဖြည့်ဖြည်းချင်း မစဉ်းစားမိတာလဲ။ သူဌေးတိလင်း ခင်ဗျားက အရမ်းအာဏာရှင်ဆန်လွန်းနေပြီ။”

“ဟုတ်တယ် ယီရန်ပင်းသူဌေးကြီး သတင်းအချက်အလက်တွေကို အလကားပြောပြနေတာတောင် မင်းက မကျေနပ်သေးဘူးလား။ ဒီလိုဆို ယီရန်ပင်း သူဌေး နောက်ကျရင် ဘာမှမပြောပြသင့်တော့ဘူး။ သူကိုယ်တိုင် စဥ်းစားပါစေ။”

“ဟုတ်တယ်၊ တိလင်းထျန်းရှားက အမြော်အမြင်ရှိပြီး သဘောထားကြီးတဲ့သူလို့ ငါထင်ခဲ့တာ။ တကယ်တော့ သူက တွေ့ရာမြင်ရာ ကိုက်တတ်တဲ့ ခွေးရူးတစ်ကောင်ပဲ။”

“မင်း ဘယ်သူ့ကိုပြောနေတာလဲကွ။”

တိလင်းထျန်းရှားမှာ ဒေါသများ ပေါက်ကွဲထွက်တော့မတတ်ပင်။

သို့သော် ထိုလူက ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

“မင်းကိုပြောတာလေ...ဘာဖြစ်လဲကွ။”

မည်သို့ပင်ဆိုစေကာမူ သူသည် သူ၏အမည်အရင်း မသုံးထားသောကြောင့် သူ့ကို ရှာဖွေတွေ့ရှိသွားမည်ကို မစိုးရိမ်ပေ။

“မင်းကိုငါမှတ်ထားတယ်။ မင်း ငါနဲ့ မတွေ့မိအောင် ဆုတောင်းထား။ မဟုတ်ရင် မင်းသေရမယ်။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

“အာ ငါအရမ်းကြောက်တာပဲ။ မင်းမှာသတ္တိရှိရင် လာခဲ့လေ။ ငါကျွန်းပေါ်မှာ စောင့်နေမယ်။”

ထိုလူက တိလင်းထျန်းရှား၏ဒေါသကို ထပ်ဆွလိုက်၏။ တိလင်းထျန်းရှားသည်လည်း သူ့ကိုရှာဖွေရန် မဖြစ်နိုင်ဘူးဆိုသည်ကို သိသောကြောင့် အရာအားလုံးကိုလျစ်လျူရှုလိုက်တော့လေသည်။

ထိုအချိန်တွင် လင်းအင်ပါယာ၏တပ်ဖွဲ့ဝင်များစွာသည် အဖွဲ့ထဲမှ နုတ်ထွက်သွားခဲ့ကြလေသည်။ သူတို့၏အတွင်းရေးအဖွဲ့သည် ခဏအတွင်း လူဆယ်ဂဏန်းကျော် ဆုံးရှုံးသွားခဲ့၏။

ထိုအချိန်တွင် ရှောင်းယီသည် အဖွဲ့အတွင်း အငြင်းပွားမှုများကို မသိခဲ့ပေ။ သူသည် ဧည့်ခန်းထဲသို့သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အကြံပြုချက်များအား လူတိုင်းကို ပြောပြနေခဲ့သည်။

“တကယ်ပဲ နောက်ထပ်ပေါင်းစည်းမှုတွေ ရှိနေသေးတယ်။”

အန်ယွဲ့က စိတ်လှုပ်ရှားစွာပြောလိုက်၏။

“ရှောင်းယီ ငါ လှေပေါ်မှာ အနားယူလို့ရမလား။”

လှေပေါ်တွင် လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိသောကြောင့် သူသည် ထိုနေရာ၌ လီယန်ကိုရှာဖွေရန်အတွက် မက်ဆေ့ချ်များကို အချိန်မရွေးပို့နိုင်ပေသည်။

“ရပါတယ် သွားပါ။ ကောင်းကောင်းလည်း အနားယူပါဦး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

အန်ယွဲ့က ထိုသို့ပြောပြီးသည်နှင့် အနွေးထည်နှစ်ထည်ကို ထပ်ဝတ်ကာ ပင်လယ်ကမ်းခြေရှိ လှေဆီသို့ ပြေးသွားတော့လေသည်။

“ကျွန်မလည်းလိုက်မယ်။”

အန်းရန်သည်လည်း ချက်ချင်းလိုက်ပြေးလိုက်သွားခဲ့၏။ ထိုအခါ အန်ယွဲ့က ရပ်လိုက်ပြီး ခေါင်းလှည့်ကာ ပြတ်ပြတ်သားသားပြောလိုက်သည်။

“မဟုတ်ဘူး။ မင်းအိမ်ထဲမှာပဲ ငါ့ရဲ့သတင်းကိုစောင့်နေ။”

ရှောင်းယီက အကူညီမဲ့စွာဖြင့် ခေါင်းခါပြီး ပြောလိုက်သည်။

“မင်းနဲ့ ဆုဝမ်က ငါ့အခန်းထဲမှာ အနားယူလိုက်ပါ။ ငါက မင်းတို့အခန်းကို သွားလိုက်မယ်။”

ရှောင်းယီ၏အခန်းတွင်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိသောကြောင့် အန်းရန်သည် လီယန်ကိုရှာဖွေရန် မက်ဆေ့ချ်ပို့နိုင်မည်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်။”

အန်းရန်က ပြောလိုက်သည်။

ရှောင်းယီက လက်ခါပြလိုက်ပြီး အရှေ့ဘက်အိပ်ခန်းသို့သွားကာ အနားယူရန် အသင့်ပြင်လိုက်တော့လေသည်။ သူ ဒီနေ့တစ်နေ့လုံး အလုပ်လုပ်ထားရရာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူ ယနေ့ ကိုယ်လက်လှုပ်ရှားမှု အများစုကို ပြုလုပ်ခဲ့ရခြင်းပင်။

ရှောင်းယီအိပ်ရာပေါ်လဲလိုက်ပြီး မကြာမီ တံခါးအား အလျင်အမြန်ခေါက်နေသောသံကို ကြားလိုက်ရ၏။

“ဒေါက် ဒေါက် ဒေါက်။”

ရှောင်းယီ ထပြီး တံခါးဖွင့်လိုက်သောအခါ အန်းရန်သည် အလွန်စိတ်လှုပ်ရှားနေသောမျက်နှာဖြင့် အပြင်တွင်ရပ်နေပြီး ရှောင်းယီကို မြင်သောအခါ ရုတ်တရက်ဒူးထောက်ချလိုက်တော့လေသည်။

အန်ယွဲ့သည်လည်း ခန္ဓာကိုယ်တစ်ခုလုံး နှင်းများစွာ ကပ်နေလျက် ပြေးဝင်လာပြီး မျက်နှာတွင်လည်း အညိုရောင်အစက်များရှိနေကာ လမ်းတွင် လဲကျလာခဲ့ပုံရ၏။

ရှောင်းယီကိုမြင်သောအခါ အန်ယွဲ့သည်လည်း ဒူးထောက်ချလိုက်တော့လေသည်။

“ဘာလုပ်နေတာလဲ။ မြန်မြန်ထ။”

ရှောင်းယီသည် ရှေ့သို့ချက်ချင်းလျှောက်သွားပြီး သူတို့ကို မတ်တတ်ရပ်စေလိုက်သည်။

“ငါ့အမေကို ရှာတွေ့ပြီ။ ဒါပေမယ့် အခုအခြေအနေက အရမ်းဆိုးနေတယ်။ အဖျားရှိနေပြီး အအေးဒဏ်ကို ကာကွယ်ဖို့ ပစ္စည်းတွေလည်း မရှိဘူး။ ကျေးဇူးပြုပြီး အဲဒီလျှပ်စစ်စောင်ကို ပြန်ဖြုတ်ပြီး အမေ့ကိုပေးပေးပါ။”

အန်းရန်က ရှိုက်သံဖြင့် ပြောလိုက်သည်။

အခန်း (၁၄၆) ကျုပ်ရဲ့ ယောက္ခမကြီး၊ ဖာဂါနာမြင်း

“ကျေးဇူးပြုပြီး S အဆင့် အစားအစာတွေ ထောက်ပံ့ပြီး သူမကိုကယ်တင်ပေးပါ။”

အန်ယွဲ့သည်လည်း မျက်ရည်များ ရစ်ဝဲနေသည့်မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“နှစ်ယောက်စလုံး မြန်မြန်ထကြပါ။ အဒေါ်ကို ကျုပ် သေချာပေါက် ကယ်တင်ပေးမှာပါ။”

ရှောင်းယီက ချက်ချင်းပြောလိုက်သည်။

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ လျှောက်သွားလိုက်ပြီး စနစ်သိုလှောင်ခန်းထဲမှ ကိုယ်ကျပ်ဝတ်စုံတစ်စုံကို ထုတ်ယူကာ ပြောလိုက်သည်။

“လျှပ်စစ်စောင်က ခဏပဲ အသုံးပြုလို့ရတာ။ ဒါက ပိုပြီးစိတ်ချရတယ်။”

“ဒါက ကိုယ်ကျပ်ဝတ်စုံအသစ်လား။”

အန်းရန်က အံ့အားသင့်စွာမေးသည်။

“ဟုတ်တယ်။ ခုနှစ်စုံပဲရှိတယ်လို့ ငါ တစ်ခါမှ မပြောဖူးဘူးလေ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် လီယန်ကို မိတ်ဆွေအဖြစ်ထည့်ကာ လဲလှယ်မှုတစ်ခုကို စတင်လိုက်တော့သည်။

“အန်တီ ကျုပ်က ရှောင်းယီပါ။ အခု ရန်ရန်နဲ့ ဦးလေးအန်းတို့က ကျုပ်နဲ့အတူ ရှိနေပါတယ်။ အန်တီ ဒီဝတ်စုံကို အခုချက်ချင်း ဝတ်လိုက်ပါ။ ခဏနေရင် အစားအစာတချို့ ပို့ပေးလိုက်ပါ့မယ်။”

ရှောင်းယီက ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့ရင်း ပြောလိုက်သည်။

ဗီဒီယိုထဲတွင် လီယန်၏နှုတ်ခမ်းများသည် အနည်းငယ်ပင် အပြာရောင်သန်းနေပြီး ကွဲအက်နေကာ အနွေးထည်နှင့်ပတ်ထားသော ခန္ဓာကိုယ်မှာလည်း တုန်ယင်နေ၏။

“အမေ မြန်မြန်ဝတ်လိုက်ပါ။ အနွေးထည်ကို ချွတ်လိုက်တော့။”

အန်းရန်က တိုက်တွန်းလိုက်သည်။ လီယန်သည် ထိုပါးလွှာသော ကိုယ်ကျပ်ဝတ်စုံကိုကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။

“ဒါ...ဒါက အမေ့ကို တကယ်ပဲ နွေးစေမှာလား။”

“အမေ ဒါက SS အဆင့်ဝတ်စုံပဲ။ မြန်မြန်ဝတ်လိုက်ပါ။ အနွေးထည်ထက် အများကြီးပိုနွေးတယ်။”

အန်းရန်က ရှင်းပြလိုက်သည်။

သူမသည် လဲလှယ်မှုအတွင်း ဤဝတ်စုံ၏အဆင့်ကို သတိမထားခဲ့မိပေ။ ယခုကြားလိုက်ရသောအခါ သူမအံ့အားသင့်သွားခဲ့လေသည်။

ဤမျှ အဆင့်မြင့်မားသောပစ္စည်းမျိုးကို သူမတစ်ခါမျှမမြင်ဖူးခဲ့ပေ။

“အမေ အံ့အားသင့်မနေနဲ့။ မြန်မြန်ဝတ်လိုက်ပါတော့။”

အန်းရန်က အလောတကြီး ပြောလိုက်၏။

“ငါ ဒါကို ဝတ်လိုက်ရင် မင်းတို့ကရော ဘယ်လိုလုပ်ကြမှာလဲ။”

လီယန်က မေးလိုက်သည်။ ထိုအခါ အန်းရန်က ချက်ချင်း ပြန်ပြောလိုက်လေသည်။

“အမေ သမီးတို့မှာ အပိုရှိသေးတယ်။ ပြီးတော့ သမီးတို့က အိမ်ထဲမှာနေနေရတာ၊ အရမ်းနွေးတယ်။ အမေ အမြန်ဝတ်လိုက်ပါ။”

အန်းရန်သည် ညဝတ်အင်္ကျီတစ်ထည်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ထားပြီး အနောက်၌ အိမ်နံရံများရှိနေသည်ကို မြင်လိုက်ရသောအခါ လီယန်သည် မတွန့်ဆုတ်တော့ဘဲ သူမ၏အနွေးထည်ကိုချွတ်ပြီး ဝတ်စုံကိုမြန်မြန်ဝတ်ဆင်လိုက်တော့သည်။

ဝတ်စုံကို ဝတ်ဆင်လိုက်သည့်နှင့် ချမ်းစိမ့်နေသောအအေးဓာတ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

လီယန် အံ့ဩ၍မဆုံးခင်မှာပင် ရှောင်းယီက နောက်ထပ်လဲလှယ်မှုတစ်ခု ထပ်ပို့လာခဲ့သည်။

“[ရေသန့်] (S အဆင့်) ၅၀၀ မီလီ၊ [အုန်းရည်] (S အဆင့်) ၂၀၀ မီလီ - အခမဲ့လဲလှယ်ခြင်း။”

S အဆင့်ရေသန့်နှင့် အုန်းရည်ကို ကြည့်ရင်း လီယန်သည် ဤလဲလှယ်မှုသည် အစစ်အမှန်ဖြစ်ကြောင်း မယုံကြည်နိုင် ဖြစ်သွားခဲ့လေသည်။

သူမ ယခင်ရှိခဲ့သောနယ်မြေတွင် အစားအစာအဆင့်များကို ဆွေးနွေးကြပြီး ဤအဆင့်မြင့်အစားအစာများ မည်မျှအစွမ်းထက်သည်ကို သူမသိပေသည်။

ထို့အပြင် အများသုံးချန်နယ်ရှိ ဆွေးနွေးမှုများမှာ C အဆင့်ပစ္စည်းများသာဖြစ်ပြီး စားပြီးနောက် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုသည် အလွန်ထင်ရှားသည်ဟုလည်း ဆိုကြသည်။

ယခု သူမရှေ့တွင်ရှိနေသည့်အရာမှာ S အဆင့်ရေသန့်နှင့် အစားအစာများဖြစ်ပြီး လုံးဝကို မယုံနိုင်စရာပင်။

“အန်တီ လဲလှယ်မှုကိုလက်ခံလိုက်ပါ။ အဲ့ဒါက အရမ်းအေးနေပြီ။ မသောက်တော့နဲ့။ အန်းရန် မင်း အန်တီကို ကျားရိုးဟင်းချိုချက်ပြီး အသားများများထည့်ပေးလိုက်ပါ။”

ရှောင်းယီက စီစဉ်ပေးလိုက်သည်။ အန်းရန်က ခေါင်းငြိမ့်ပြီး မတ်တပ်ထရပ်လိုက်စဉ် ဆုဝမ်က ပြန်ဖိထားလိုက်၏။

“ငါသွားလိုက်မယ်။”

“အင်း...ကျေးဇူးတင်ပါတယ်။”

အန်းရန်က ကျေးဇူးတင်သောအကြည့်ဖြင့် ပြောလိုက်သည်။

ဆုဝမ်သည်လည်း သူတို့မိသားစုမှာ မကြာသေးမီကမှ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အချိန်အနည်းငယ် အတူရှိရှိလိုကြောင်း နားလည်ပေသည်။

“ဟုတ်ပြီ။ အမေ လဲလှယ်မှုကို အရင်လက်ခံလိုက်ပါ။ ရှောင်းယီက အခုအရမ်းအံ့ဩဖို့ကောင်းနေပြီ။ သူ့ဆီမှာ ဒီလိုမျိုးပစ္စည်းတွေ အများကြီးရှိသေးတယ်။”

အန်းရန်က ထပ်ပြောလိုက်သည်။

“ဟုတ်ပါတယ် အန်တီ လက်ခံလိုက်ပါ။ ဟင်းချိုပူပူလေး သောက်ပြီးရင် ဒါတွေကိုလည်း သောက်လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

လီယန်သည် သူမ အိပ်မက်မက်နေသည်ဟု ခံစားနေရပြီး လဲလှယ်မှုကို အတည်ပြုလိုက်၏။ ထို့နောက် သူမ၏ရိုးရှင်းသော သစ်သားတဲလေးထဲတွင် ပလတ်စတစ်ပုလင်းနှစ်လုံးပေါ်လာခဲ့သည်။ ၎င်းမှာ ရေသန့်တစ်ပုလင်းနှင့် အုန်းရည်တစ်ပုလင်းဖြစ်ပေသည်။

ဆုဝမ်သည် သုမ၏အလုပ်ကို လျင်မြန်စွာ လုပ်ဆောင်ပြီးနောက် ဟင်းချိုထဲတွင် ပြောင်းဖူးအနည်းငယ်ပါသော ကျားရိုးဟင်းချိုတစ်ခွက်ကို ယူဆောင်လာခဲ့၏။

ထို့နောက်ညရှောင်းယီက ချက်ချင်းပင် ပို့ပေးလိုက်လေသည်။

“[ကျားရိုးဟင်းချို] (B အဆင့်) ၅၀၀ ဂရမ်၊ [ပြောင်းဖူး] (S အဆင့်) ၂၀၀ ဂရမ် - အခမဲ့လဲလှယ်မှုခြင်း။”

“အမေ မြန်မြန်လက်ခံပြီး ဟင်းချိုကို သောက်လိုက်ပါနော်။”

အန်းရန်က ဘေးမှတိုက်တွန်းလိုက်၏။ ထို့နောက် ရှောင်းယီက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“အစာစားတဲ့အခါ ဝတ်စုံရဲ့ ဇစ်ကို ဖွင့်ထားရမယ်။ ဒါပေမယ့် အန်တီရဲ့ သစ်သားတဲက နေရာပေါင်းစုံကနေ လေဝင်နေတယ်။ ဒီလိုချွတ်လိုက်ရင် အေးခဲသွားလိမ့်မယ်။”

“[ရွက်ဖျင်တဲ] ၁၊ [အမွေးစောင်] ၃၊ [အသေးစားတည်နေရာပြစက်] (SS အဆင့်) – [သစ်သားတဲ ] ၁။”

တဲများကို ယွမ်နွန်တို့ ရောက်လာသည့်အခါတုန်းက ယူလာခဲ့ခြင်းဖြစ်ပေသည်။ ရှောင်းယီသည် ထိုအရာများကို ကြည့်ပင်မကြည့်ဘဲ ဂိုဒေါင်၏ မလှမ်းမကမ်း၌ ပစ်ထားခဲ့သည်။ သူ လွှင့်မပစ်မိခဲ့သည်မှာ ကံကောင်းသည်။ အခုအချိန်တွင် အသုံးတည့်လာခဲ့ပြီဖြစ်သည်။

အိမ်များကို မကြာသေးမီကရောင်းလိုက်၍သာ မဟုတ်လျှင် လီယန်ကို တိုက်ရိုက်ပို့ပေးနိုင်မည်ဖြစ်သည်။

လီယန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပင် လဲလှယ်မှုကို သဘောတူလိုက်၏။ သူမကိုယ်တိုင် ပြုလုပ်ထားသော သစ်သားတဲမှာ ပျောက်ကွယ်သွားပြီး အတွင်းတွင် အမွှေးစောင်သုံးထည်ပါသော တဲတစ်လုံးနှင့် အစားထိုးသွားခဲ့သည်။

နောက်ဆုံးတွင် လီယန်သည် တစ်ကိုယ်လုံးကို အမွှေးစောင်သုံးထည်ဖြင့် ပတ်လိုက်ပြီး ကိုယ်ကျပ်ဝတ်စုံ၏ ဦးထပ်ဇစ်ကိုဖွင့်ကာ B အဆင့်ကျားရိုးဟင်းချိုကို စတင်သောက်သုံးလိုက်တော့လေသည်။

ကျားရိုးဟင်းချိုတစ်ခွက်သောက်ပြီးနောက် မူလက အားနည်းနေသော လီယန်သည် ချက်ချင်းပင် အားအင်များ ပြည့်ဖြိုးလာသည်ကို ခံစားလိုက်ရ၏။

“အဆင့်သတ်မှတ်ထားတဲ့ အစားအစာတွေက တကယ် စွမ်းအားကြီးတာပဲ။”

လီယန် အံ့ဩသွားခဲ့သည်။

ကျားရိုးဟင်းချိုနှင့် ပြောင်းဖူးကို စားလိုက်ပြီးနောက် လီယန်သည် ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်ရပြီး အန်းရန်၏တောင်းဆိုချက်အရ S အဆင့်ရေသန့်နှင့် အုန်းရည်ကို သောက်လိုက်တော့လေသည်။

လီယန် အရာအားလုံး စားသောက်ပြီးသည်ကို မြင်သောအခါ ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“အခု ပြဿနာမရှိတော့ပါဘူး။ ဦးလေးအန်း၊ အန်းရန် မင်းတို့ အန်တီနဲ့ ဒီမှာစကားပြောလိုက်ကြပါဦး။”

ထိုသို့ပြောပြီးနောက် ရှောင်းယီက ဆုဝမ်ကို အိပ်ခန်းအပြင်သို့ တွန်းထုတ်သွားခဲ့သည်။

မိသားစုများကြားတွင် ပြောစရာများစွာရှိပြီး သူတို့အတွက် အပြင်လူများရှိနေခြင်းက စိတ်ကသိကအောင့် ဖြစ်စေပေလိမ့်မည်။

“ကျုပ် ဒီည ဦးလေးအန်းရဲ့ အခန်းမှာ အိပ်လိုက်မယ်။”

ရှောင်းယီက ပြောလိုက်၏။

ဆုဝမ်သည် ရှောင်းယီကို လှမ်းကြည့်ပြီး တွန့်‌ဆုတ်သွားသော်လည်း ဘာမှမပြောခဲ့ပေ။ တကယ်တမ်းတွင် သူမသည် ရှောင်းယီကို အရှေ့ဘက်ရှိ အိပ်ခန်း၌ အနားယူစေချင်ပေသည်။

ရှောင်းယီသည် ဘေးတစ်ဖက်ရှိ အိပ်ခန်းသို့ လျှောက်သွားပြီးနောက် အိပ်ရာပေါ်တွင် လှဲချလိုက်၏။ အချိန်တစ်ခုကြာအောင် လူးလိမ့်လှုပ်ရှားပြီးနောက် သူ အိပ်ချင်စိတ်မရှိတော့ပေ။

“နေ့သစ်ရောက်ပြီဆိုတော့ လက်မှတ်ထိုးဝင်ရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ်- ဖာဂါနာမြင်း (SSS အဆင့်) ၁။”

“ဖာဂါနာမြင်း (SSS အဆင့်)- ရှည်လျားသောခြေလက်များ၊ ပါးလွှာသောအသားအရည်၊ ကောင်းမွန်သော အမွှေးများ၊ ပေါ့ပါးခြေလှမ်းများဖြင့် အလွန်းအားကောင်းသန်မာ‌သည်။ အလွန်လျင်မြန်ဖျတ်လတ်ခြင်း။ ခံနိုင်ရည်စွမ်းမြင့်မားပြီး အခြေအနေမျိုးစုံတွင် အသုံးပြုနိုင်သည်။”

ရှောင်းယီ ဆုလာဘ်ကို စိုက်ကြည့်လိုက်၏။

“စနစ် မင်း ငါ့ကို လာနောက်နေတာလား။ ငါ အရင်က မြင်းလှည်းထုတ်လုပ်မှုပုံစံ ရခဲ့တာကို အသုံးမဝင်ဘူးလို့ပြောခဲ့လို့ အခု မြင့်တစ်ကောက် ယူလာပေးတာပေါ့ ဟုတ်လား။”

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် ဖာဂါနာမြင်းကို မထုတ်ယူဘဲ စနစ်သိုလှောင်ခန်းတွင်သာ အရင်ထားထားလိုက်သည်။ ထို့နောက် လူးရင်းလှိမ့်ရင်းဖြင့် ရှောင်းယီ တဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့တော့သည်။

ရှောင်းယီ၏အိပ်ခန်းထဲတွင်မူ အန်ယွဲ့တို့ မိသားစုသုံးဦးမှာ စိတ်လှုပ်ရှားစွာ စကားပြောနေကြလေသည်။

“မင်းတို့နှစ်ယောက် ရှောင်းယီနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ။”

လီယန်သည် သူမ၏ခင်ပွန်းနှင့် သမီးဖြစ်သူတို့ ရှောင်းယီနှင့် မည်သို့တွေ့ဆုံခဲ့သည် အလွန်သိချင်နေ၏။ ထိုအခါ အန်ယွဲ့က ရယ်မောလိုက်မိသည်။

“အဲ့ကောင်လေးက အများသုံးချန်နယ်မှာ ရန်ရန်ကိုရှာဖို့ အော်ဟစ်နေတာလေ။ အဲ့ဒါကို ငါတွေ့တော့ သူကို ဆက်သွယ်လိုက်တယ်။ သူဖြစ်နေမယ်လို့တော့ မထင်ထားခဲ့မိဘူး။”

“သူက လူကောင်းလေးပါ။ အခု မင်း သူ့ကို ပြန်တွေ့ပြီဆိုတော့ သေချာဖမ်းဆုတ်ထားရမယ်နော်။”

လီယန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ ထိုအခါ အန်းရန်က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“သမီးက သူ့ကိုဖမ်းချင်ခဲ့ပေမယ့် သူကထွက်သွားခဲ့တယ်လေ။”

“ရန်ရန်...ငါ သူ့ကို သင်ခန်းစာ ပေးပြီးပါပြီ။ သူကိုယ်တိုင်လည်း သူမှားတယ်ဆိုတာကို သိသွားပြီ။ မင်းက သူ့နှလုံးသားထဲမှာ ရှိနေတုန်းပဲ။ မဟုတ်ရင် သူ မင်းကို ဆက်ရှာနေမှာမဟုတ်ဘူး။”

အန်ယွဲ့က ပြောလိုက်သည်။

“သူ့နှလုံးသားထဲမှာ သမီးရှိတာကို သမီးသိပါတယ်။”

အန်းရန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

“အန်းရန်နဲ့ ငါက ဒုတိယပတ်မှ အဆက်အသွယ်ရခဲ့တာ။”

အန်ယွဲ့က ထပ်ပြောလိုက်သည်။ လီယန်က ခေါင်းငြိမ့်လိုက်ပြီး အသေးစားတည်နေရာပြစက်ကို ကိုင်ကာ မေးလိုက်သည်။

“ဒါဆို ဒီပစ္စည်းကနေတစ်ဆင့် နင်တို့ အချင်းချင်းတွေ့ပြီး အတူတူစုမိခဲ့ကြတာပေါ့။”

အခန်း (၁၄၇) ခရီးက အရမ်းဝေးလွန်းတယ်၊ သစ်သားလှေလေးကို ဖျက်ဆီးပစ်လိုက်

“ဟုတ်တယ်။”

အန်ယွဲ့က ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ပိုအရေးကြီးတာက ရှောင်းယီရဲ့ ရွက်သင်္ဘောပဲ။”

“ရွက်သင်္ဘောလား။”

လီယန်က အံ့အားသင့်စွာ မေးလိုက်သည်။

“ဒီနေရာမှာ ရွက်သင်္ဘောတစ်စင်း ဘယ်လိုရှိနိုင်မှာလဲ။”

“ရှောင်းယီဘယ်လိုရခဲ့တယ်ဆိုတာကို ဘယ်သူမှမသိဘူး။ ဒါပေမယ့် အဲ့ဒီရွက်သင်္ဘောက အရမ်းမြန်တယ်။ အခြေအနေသင့်ရင် မနက်ဖြန် မင်းနဲ့ အကွာအဝေးကို စစ်ကြည့်ပြီး မင်းကိုလာခေါ်မယ်။”

အန်ယွဲ့က ပြောလိုက်သည်။ လီယန်က ခေါင်းခါပြီး ပြောလိုက်သည်။

“လက်ရှိအပူချိန်အရ ရေခဲသွားနိုင်ချေ ၉၀% လောက်ရှိတယ်။ အဲ့ဒါကြောင့် စောင့်ကြည့်ရအောင်။ အခုထွက်လာလိုက်ရင် ပင်လယ်ထဲမှာတင် ခဲသွားမယ်ထင်တယ်။”

“ကောင်းပြီ။ ဒါက အခြေအနေပေါ် မူတည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ အဆက်အသွယ်ရသွားပြီဆိုတော့ အရာအားလုံးလွယ်ကူသွားမှာပါ။”

အန်ယွဲ့က ပြန်ဖြေလိုက်သည်။

“အမေ ကောင်းကောင်းအနားယူလိုက်ပါဦး။”

ထို့နောက် အန်းရန်က ဗီဒီယိုခေါ်ဆိုမှုကို ရပ်တန့်လိုက်တော့သည်။

“ဒီညတော့ ဧည့်ခန်းမှာပဲ အိပ်လိုက်တော့မယ်။”

အန်ယွဲ့က သက်ပြင်းရှည်ကြီး ချကာပြောရင်း ထရပ်လိုက်သည်။

“အဖေဒီမှာပဲ အိပ်လိုက်ပါ။ သမီ ဆုဝမ်နဲ့ သွားအိပ်လိုက်မယ်။”

အန်းရန်က ပြောရင်း အပြင်ထွက်သွားခဲ့၏။ သူမ ဆုဝမ်နှင့် မအိပ်လျှင် တစ်ယောက်ယောက်က ဆုဝမ်နှင့် အိပ်သွားမည်ကို စိုးရိမ်မိပေသည်။

အန်ယွဲ့က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

“ကောင်းပြီ စောစောအနားယူပါ။”

ထို့နောက် အန်းရန်သည် အရှေ့ဘက်ရှိ အိပ်ခန်းတံခါးကို တိတ်တဆိတ်ဖွင့်လိုက်ပြီး အိပ်ရာပေါ်တွင် ဆုဝမ်တစ်ယောက်တည်းရှိနေသည်ကို တွေ့လိုက်ရသောအခါမှသာ စိတ်သက်သာရာရကာ ဖြည်းဖြည်းချင်း လှဲချလိုက်တော့သည်။

“နင်ပြန်လာမယ်ဆိုတာ ငါသိသားပဲ။ ငါခိုးသွားမှာကို ကြောက်နေတာမလား။”

ဆုဝမ်က ရုတ်တရက်ပြောလိုက်၏။

“ဟမ့် ငါက ကြောက်စရာလား။ ငါက အဖေ့အတွက် အိပ်စရာနေရာ ချန်ထားပေးချင်ရုံပဲ။”

အန်းရန်က ဇွတ်ငြင်းလိုက်သည်။

“ဖင်ပိတ်ငြင်းနေတာပဲ။”

ဆုဝမ်က ပြုံးကာ ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ နင်ခိုးသွားမှာကိုကြောက်တယ်။ နင့်မှာက ရာဇဝတ်မှုမှတ်တမ်းရှိတယ်လေ။”

“မဟုတ်တာ။ အရင်တုန်းက တကယ်ကို ဘာမှမဖြစ်ခဲ့ဘူး။”

အန်းရန်က ရှင်းပြလိုက်၏။

“ငါနားမထောင်ဘူး၊ ငါမကြားဘူး။”

ဆုဝမ်က သူ၏နားကို တမင်ပိတ်ပြီး ပြောလိုက်သည်။ ထိုအခါ အန်းရန်သည် ချက်ချင်းပင် သူမ၏လက်ကို ဆန့်တန်းလိုက်ပြီး ဆုဝမ်ကို ကလိထိုးတော့သည်။

မိန်းကလေးနှစ်ယောက်သည် ခဏကြာအောင် ရယ်မောကာ ကစားလိုက်ကြပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်ကြသည်။

“အနာဂတ်က ဘယ်လိုဖြစ်လာမယ်လို့ နင်ထင်လဲသ။”

ဆုဝမ်က တိုးတိုးလေး မေးလိုက်၏။ အန်းရန်က ခေါင်းခါပြလိုက်သည်။

“ငါမသိဘူး။ ဒါပေမယ့် ငါတို့အမြဲတမ်းအတူရှိနေကြမှာပဲလေ ဟုတ်တယ်မလား။”

“အင်း”

ဆုဝမ်က ခေါင်းငြိမ့်ပြလိုက်သည်။

နောက်နေ့မနက်၌ ရှောင်းယီသည် ရှားရှားပါးပါး အိပ်ရာထဲတွင် ခုနစ်နာရီကျော်သည်အထိ အိပ်ပျော်နေခဲ့၏။ ထို့နောက် အိပ်ရာထ၊ မျက်နှာသစ်ကာ တံခါးဖွင့်၍ ထွက်လာခဲ့လိုက်တော့လေသည်။

“ဟူးးး အရမ်းအေးတာပဲ။”

ရှောင်းယီက ပါးစပ်ထဲမှ အခိုးအငွေ့များကို မှုတ်ထုတ်ရင်း ပြောလိုက်၏။

ထိုစဉ် ယွမ်နွန်သည် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ရင်း အပြင်မှ ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ သူ၏လက်ထဲတွင်လည်း ဆလတ်ရွက်၊ သခွားသီးနှင့် ခရမ်းချဉ်သီးအနည်းငယ်ကို ကိုင်ဆောင်ထားခဲ့သည်။ သို့သော်လည်း ထိုဟင်းသီးဟင်းရွက်များက အာဟာရချို့တဲ့နေပုံရ၏။

“ဒါကို ကြည့်ဦး။ နောက်နှစ်ရက်လောက်လိုက်စောင့်ရင် ပိုကောင်းမှာကို။”

ယွမ်နွန်က ရှောင်းယီကိုကြည့်ပြီး ပြောလိုက်သည်။

“ဖန်လုံအိမ်ကိုဖယ်လိုက်တော့ ကောင်းကောင်းမကြီးထွားတော့ဘူး။”

“ဟီးဟီး ဒါက အဆင်ပြေပါတယ်။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

“ငါ့ခြေထောက်ကြီးကို အဆင်ပြေတာလား။”

ယွမ်နွန်က စိတ်တိုတိုဖြင့် ပြောလိုက်ပြီး ရိတ်သိမ်းထားသော ဟင်းသီးဟင်းရွက်များကို မီးဖိုချောင်သို့ ပို့လိုက်တော့လေသည်။

ရှောင်းယီက ကောင်းကင်ကို မော့ကြည့်လိုက်၏။ နှင်းပွင့်များသည် မနေ့ကလောက် မများတော့သော်လည်း ဆက်လက်ကျဆင်းနေဆဲပင်။

“အပူချိန် အနှုတ် ၁၈ ဒီဂရီစင်တီဂရိတ်၊ ဆက်လက် ကျဆင်းနေဆဲ...။”

စနစ်က အသိပေးလာခဲ့သည်။

“အရမ်းအေးနေတာ အံ့ဩစရာမရှိတော့ဘူး။”

ရှောင်းယီသည် သူ၏ အနွေးထည်အင်္ကျီကို တင်းတင်းကြပ်ကြပ် ဝတ်လိုက်ပြီး သူ့အိပ်ခန်းသို့ ပြန်ဝင်သွားကာ ကိုယ်ကြပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်လေသည်။

အန်ယွဲ့သည်လည်း သူ့အခန်းထဲတွင် မရှိတော့ပေ။ အန်းရန်သည်မူ လီယန်နှင့် စကားပြောနေခဲ့သည်။ ရှောင်းယီရောက်လာသည်ကို မြင်သောအခါ အန်းရန်က ချက်ချင်းထရပ်လိုက်၏။

“ဆက်ပြောပါ။ ငါက အဝတ်လဲဖို့ ဝင်လာရုံပါပဲ။”

ရှောင်းယီက ထိုသို့ပြောပြီး သူ၏ကိုယ်ကျပ်ဝတ်စုံကို ကောက်ယူကာ ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။

“သမီးတို့ ဘယ်အဆင့်ရောက်နေကြပြီလဲ။ အဝတ်လဲတာတောင် မရှောင်တော့ဘူး။”

လီယန်က ပြုံးကာ မေးလိုက်သည်။

“အမေက ဘယ်ကိုသွားချင်နေတာလဲ။ အခန်းထဲမှာ သီးသန့်ရေချိုးခန်းရှိတယ်။”

အန်းရန်က ဆူပူလိုက်၏။ ထိုစဉ် ရှောင်းယီသည် ကိုယ်ကျပ်ဝတ်စုံကို အလျင်အမြန်ဝတ်ဆင်ပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။

“ဒါနဲ့ ရှောင်းယီ အမေ့မှာ ကိုယ်ကျပ်ဝတ်စုံကို အားသွင်းစရာ နေရာမရှိဘူး။ ဒီကိုယ်ကျပ်ဝတ်စုံက ၁၂ နာရီပဲသုံးလို့ရတယ်။”

အန်းရန်က အားတုံ့အားနာဖြင့် ပြောလိုက်သည်။

သူမသည် မူလကတည်းက ရှောင်းယီကို အခက်အခဲများစွာဖြစ်စေခဲ့ပြီး ယခုအခါတွင်လည်း သူမအတွက် နောက်ထပ်တောင်းဆိုမှုများ ထပ်မံပြုလုပ်ရပြန်သည့်အခါ သူမက ပြောမထွက်နိုင်သော်လည်း အမေ့အတွက်ဖြစ်သောကြောင့် ထပ်ပြောလိုက်ရသည်။

ထိုအခါ ရှောင်းယီက သူမ၏ခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး ပြောလိုက်သည်။

“ငါ အဲ့ဒါကိုမေ့သွားတယ်။ အန်တီ နေ့ခင်းဘက်တွေမှာ အပြင်ထွက်ဖို့ရှိလား။”

“ဖြစ်နိုင်ရင်တော့ ပစ္စည်းသေတ္တာတချို့ ရှာကြည့်ချင်တယ်။”

လီယန်က ပြန်ဖြေလိုက်၏။

“ဒါပေမယ့် ငါ အတင်းအကျပ်မလုပ်ပါဘူး။ ငါ အပြင်မထွက်ရလည်း ရပါတယ်။ မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ပါ။”

“အန်တီ...အန်တီက အရမ်းအားနာလွန်းနေပါပြီ။ အန်တီက လုံးဝ တန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး။ အန်းရန်လည်း ဒီမှာက ရေနဲ့အစားအစာ အများကြီးရှိတယ်ဆိုတာ သိပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အန်တီ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားချင်တယ်ဆိုရင်တော့ ထွက်လို့ရပါတယ်။”

ထို့နောက် ရှောင်းယီသည် ကိုယ်ကျပ်ဝတ်စုံနောက်တစ်စုံကို ထုတ်ယူပြီး လီယန်ထံသို့ ပို့ပေးလိုက်၏။ ဤတစ်ကြိမ်တော့ အန်းရန်က အံ့ဩထိတ်လန့်သွားခဲ့သည်။

“နင့်မှာ ကိုယ်ကျပ်ဝတ်စုံ ဘယ်နှစ်စုံတောင်ရှိနေတာလဲ။”

“သိပ်မများပါဘူး။ ၁၂ စုံတည်းပါ။ အန်တီ ဒီနှစ်စုံကို တစ်လှည့်စီးဝတ်ပြီး အပြင်ထွက်လို့ရတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သုံးပြုပြီးရင် အားသွင်းဖို့အတွက် ပြန်ပို့ပေးဖို့လည်း မမေ့နဲ့ဦးနော်။”

၁၂ စုံက သိပ်မများဘူးဟုတ်လား။ ဒါက လူစကားရော ဟုတ်ရဲ့လား။

လီယန်သည် မနေ့က ညသန်းခေါင်ကတည်းက ယခုအချိန်ထိ အကြိမ်မည်မျှ အံ့အားသင့်နေခဲ့ရသလဲဆိုသည်ကိုပင် မရေတွက်နိုင်တော့ပေ။

“ကျေးဇူးတင်ပါတယ် ရှောင်းယီ။”

လီယန်က သူ၏ထိတ်လန့်မှုများကို ထိန်းချုပ်ရင်း ပြောလိုက်သည်။

“အန်တီ ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး။ နောက်ကျရင် ကျုပ်တို့အတွက် အဝတ်အစားတွေ ချုပ်ပေးဖို့ အန်တီရဲ့ အကူအညီလိုနေသေးတယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ဟုတ်သားပဲ အန်တီ ဘယ်မှာရှိလဲဆိုတာ ကြည့်ပြီးပြီလား။”

ထိုအခါ အန်းရန်သည် မြေပုံစာမျက်နှာသို့ပြောင်းပြီး ပြောလိုက်သည်။

“ကြည့်ဦး။ ခြောက်ထောင်ကီလိုမီတာတောင်ဝေးတယ်။”

ရှောင်းယီက မျက်မှောင်ကျုံ့လိုက်ပြီး ထိုအကွာအဝေးကိုကြည့်ကာ ပြောလိုက်၏။

“ဆုံးဖြတ်ချက်မချခင် ငါ ပင်လယ်ရဲ့အခြေအနေကို အရင်သွားကြည့်လိုက်ဦးမယ်။”

အဆုံးတွင် ကီလိုမီတာ ၆၀၀၀ သည် ရွက်သင်္ဘောဖြင့်သွားလျှင်ပင် အနည်းဆုံး နာရီ ၂၀ ကြာမည်ဖြစ်ပြီး နာရီ ၂၀ အတွင်း ပင်လယ်က လုံးဝအေးခဲသွားမည်လားဆိုသည်ကို မည်သူမျှမသိနိုင်ပေ။

ရှောင်းယီသည် ခြံဝင်းထဲမှထွက်လာပြီး တံတိုင်းကို ဖြတ်ကျော်သွားခဲ့သည်။ မိုးကောင်းကင်နှင့် မြေပြင်မှာ အဖြူရောင်များဖြင့် ပြန့်ကျဲနေ၏။

ပင်စည်များသာ ကျန်ရှိတော့သော သစ်ပင်ငယ်များကို ဖြတ်ကျော်လာပြီးနောက် အဝေးရှိ ပင်လယ်သည်လည်း အဖြူရောင်အစပ်အပျောက်များ ဖြစ်နေခဲ့လေပြီ။

ကမ်းစပ်သို့ရောက်သောအခါ ရှောင်းယီသည် ပင်လယ်ပြင်ပေါ်တွင် ရေခဲပြင်များ မျောနေသည်ကို မြင်တွေ့လိုက်ရသည်။

“ဘယ်လောက်မှတောင်မကြာသေးဘူး။ ရေတွေက ခဲနေပြီလား။”

ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်သည်။

“ပင်လယ်က မကြာခင် ခဲသွားတော့မယ်ထင်တယ်။”

လီယန်ကို ယခုချက်ချင်း သွားခေါ်ရန်မှာ မဖြစ်နိုင်တော့ပေ။ ရှောင်းယီ သက်ပြင်းချလိုက်ပြီး သစ်သားလှေလေးကို ကမ်းစပ်မှ ကုန်းပေါ်သို့ ဆွဲတင်လိုက်တော့သည်။

ရှောင်းယီသည် ဂိုဒေါင်ထဲမှ လွှစက်ကိုယူပြီး ၎င်းကို တိုက်ရိုက်ဖြတ်တောက်လိုက်ကာ လှေခန်းနေရာကိုသာ ချန်ထားခဲ့လိုက်၏။

ရှောင်းယီ လှေကိုယ်ထည်ကို ဖျက်စီးနေစဉ် လှေခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သတိပေးချက်များ ထုတ်ပေးနေခဲ့သည်။

“သစ်သားလှေငယ် ပျက်စီးနေပါသည်။ အချိန်မီပြုပြင်ပါ။”

ကုန်းပေါ်တွင် ပျက်စီးသွားသောကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က နစ်မြုပ်မည်ဟုတော့ အသိမပေးခဲ့ပေ။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ပြုပြင်ရေးသတိပေးချက်ကို လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်သည်။

အန်ယွဲ့သည် မနေ့ညက အလိုအလျောက်ငါးဖမ်းကွန်ဖြင့် ဖမ်းမိထားသော ပင်လယ်ငါးများကို ကောက်ယူနေစဉ် ရှောင်ယီ၏လှုပ်ရှားမှုကို မြင်လိုက်ရပြီး ရှုပ်ထွေးစွာမေးလိုက်သည်။

“မင်းဘာလုပ်နေတာလဲ။ ဒီလှေက အကောင်းကြီးကို ဘာလုပ်မလို့လဲ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျုပ်တို့အိမ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုတည်းရှိတာက အရမ်းနည်းနေသေးတယ်။ လိုအပ်ရင် စစ်ကြည့်လို့ရအောင် ဒါကိုဧည့်ခန်းထဲမှာ ထားလိုက်မယ်ဆိုရင် အရမ်းအဆင်ပြေသွားပြီလေ။”

အန်ယွဲ့၏မျက်လုံးများ တောက်ပသွားခဲ့သည်။

ဟုတ်ပါသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရွှေ့ပြောင်း၍မရသော်လည်း လှေကိုမူ အိမ်ထဲသို့ ဆွဲသွင်း၍ရပေသည်။

ထို့အပြင် အန်ယွဲ့သည် ဤအရာကို အများဆုံးလိုအပ်နေသူဖြစ်ပြီး ရှောင်းယီ၏အိပ်ခန်းထဲတွင် အမြဲနေ၍မဖြစ်ပေ။

“ဒါကိုဘယ်လိုစဉ်းစားမိသွားတာလဲ။ အရမ်းကောင်းတယ်။”

အန်ယွဲ့က သူ့ကို လက်မထောင်ပြလိုက်၏။

“ဟားဟား ရုတ်တရက်စိတ်ကူးပေါက်လာတာပါ။”

ရှောင်းယီက ရယ်မောရင်း ပြန်ဖြေလိုက်ကာ ကျန်ရှိနေသော ၁ စတုရန်းမီတာခန့်ကျယ်သည့် လှေအခန်းကို ပြန်ရွှေ့လိုက်တော့သည်။

All Chapters