← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈) အများသုံး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၊ ဆောင်းရာသီမှာလည်း ဆင့်ကဲဖြစ်စဉ်က ရပ်တန့်မသွားဘူး

အိမ်ထဲတွင်မူ ဆုဝမ်သည် ရှောင်းယီ လှေခန်းတစ်ခုအား ရွှေ့လာနေသည်ကိုမြင်ပြီး မေးလိုက်သည်။

“လှေကိုဘာလို့ ဖျက်ဆီးလိုက်တာလဲ။”

“ဧည့်ခန်းထဲမှာ လူတိုင်းသုံးလို့ရအောင် အများသုံးကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ထားမယ်လေ။ ဒါဆို ပိုပြီး အဆင်ပြေသွားတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

အိပ်ခန်းထဲမှ အန်းရန်သည်လည်း ဧည့်ခန်းမှ အသံများကို ကြားလိုက်ရပြီး အပြင်သို့ ထွက်လာခဲ့လိုက်သည်။ ထို့နောက် သူမသည် ဆုဝမ်နှင့်အတူ တီဗီ၏အရှေ့ဘက်ထောင့်တွင် နေရာလွတ်တစ်ခု လုပ်ပေးလိုက်လေသည်။

ရှောင်းယီက လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါသော လှေခန်းကို ထိုနေရာတွင် နေရာချလိုက်၏။ ဤလက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အန်းရန်အပါအဝင် လူတိုင်း အားလုံးအသုံးပြုနိုင်ရန် သတ်မှတ်ထားလိုက်ပြီးနောက် အလွန်အဆင်ပြေသွားခဲ့ပေသည်။

အန်းရန်သည် ချက်ချင်းပင် ထိုလက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ လီယန်ကို မိတ်ဆွေအဖြစ် ပေါင်းထည့်လိုက်တော့သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဘာလို့ထပ်ပြောင်းလိုက်တာလဲ။”

လီယန်က အံ့အားသင့်စွာ မေးလိုက်သည်။

“ဒါက ရှောင်းယီရဲ့ လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါ။ သူက လှေခန်းကို ဧည့်ခန်းထဲ တစ်ခါတည်းရွှေ့ထည့်လိုက်တာလေ။ ဒါက သမီးတို့ရဲ့ ဧည့်ခန်းပဲ။ ကျယ်တယ်မလား။”

အန်းရန်က ရှင်းပြလိုက်၏။ လီယန်က ရှုပ်ထွေးနေသည့်ပုံရသည်။

“လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုတာ ဘာလဲ။”

အန်းရန်သည် သူမ၏အမေကို ရှောင်းယီ၏ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖန်တီးမှုနှင့် အခြေခံအသိပညာအချို့ကို ရှင်းပြလိုက်ရသည်။ လီယန်သည်မူ အံ့အားသင့်စွာ နားထောင်နေမိလေသည်။

“ရှောင်းယီက မင်းကို ဒါတွေအားလုံးပြောပြခဲ့တာလား။”

“ဒါပေါ့။”

အန်းရန်က သူမကိုယ်တိုင် သိထားသကဲ့သို့ ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။

“ရှောင်းယီက ဒီလောက်အများကြီး ဘယ်လိုသိတာလဲ။”

လီယန်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ရှောင်းယီက သမီးတို့ရဲ့မိတ်ဆွေနဲ့ ရဲဖော်ရဲဘက်ဖြစ်ပြီး စိတ်အေးလက်အေးနဲ့ နောက်ကျောပေးထားနိုင်တဲ့သူပဲ။”

အန်းရန်က ပြန်ဖြေလိုက်သည်။ လီယန် ခေါင်းငြိမ့်လိုက်၏။ သူမအနေဖြင့် အချို့အရာများကို အတင်းအကျပ် မေးမြန်း၍မရကြောင်း နားလည်သွားခဲ့သည်။

“ကောင်းပြီ သမီးလည်းအလုပ်သွားလုပ်တော့လေ။ အမေလည်း အပြင်ထွက်ပြီး ပစ္စည်းသေတ္တာတွေရှာကြည့်ဦးမယ်။”

လီယန်က ပြောလိုက်သည်။

“အမေ နေမကောင်းတာကို အနားယူလိုက်ပါဦး။ ဒီမှာ သမီး ဂရုစိုက်ပေးလို့ရပါတယ်။”

အန်းရန်က တိုက်တွန်းလိုက်၏။

“စိတ်မပူပါနဲ့။ မနေ့က သမီးပေးထားတဲ့ အဆင့်မြင့်အစားအစာတွေ အများကြီးစားထားလို့ အခု အမေ့ကိုယ်ထဲမှာ ခွန်အားတွေ အပြည့်ပဲ။”

လီယန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ဒါဆို အမေဂရုစိုက်ပါ။ သမီး အလုပ်သွားလုပ်တော့မယ်။”

အန်းရန်က ပြောလိုက်သည်။

နှစ်ဦးသား စကားပြောခြင်းပြီးဆုံးသွားပြီးနောက် အန်းရန်သည် လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏စာမျက်နှာကို အများသုံးချန်နယ်သို့ ပြန်ပြောင်းလိုက်ကာ မီးဖိုချောင်သို့သွားပြီး ဆုဝမ်နှင့်အတူ မနက်စာအတွက် ပြင်ဆင်လိုက်လေသည်။

ရှောင်းယီသည် နှင်းများကို ဆန့်ကျင်ရင်း တံတိုင်းအပြင်ဘက်သို့ ထွက်သွားခဲ့ပြီး နောက်ဘက် တောင်ကုန်းပေါ်သို့ တက်လိုက်သောအခါ ကျွန်းတစ်ခုလုံးကို မြင်လိုက်ရလေသည်။

“ဟမ် ဆောင်းရာသီမှာတောင် အသစ်ပြန်လည်ဖြစ်ပေါ်မှုတွေက ရပ်မသွားဘူးလား။”

ရှောင်းယီ အံ့ဩသွားခဲ့၏။

စနေနေ့တွင် ရှောင်းယီ၏ကျွန်းသည် ချက်ချင်းပင် ဆယ်ဆကြီးမားလာခဲ့ပြီး သီအိုရီအရ နေရာလွတ်များစွာ ရှိသင့်ပေသည်။ သို့သော် ယခုအခါတွင် နေရာ၏ ၈၀% ခန့်တွင် သစ်ပင်ပင်စည်များ ထူထပ်စွာ ပေါက်ရောက်နေပြီဖြစ်သည်။

နေရာတစ်ခုတွင် ကျောက်တုံးကြီးများ အများအပြား ဖြစ်ပေါ်လာခဲ့ပြီး ဝင်ရောက်စွက်ဖက်မှုမရှိပါက ထိုနေရာတွင်လည်း တောင်တစ်ခု ဖြစ်လာနိုင်ပေသည်။

အစိမ်းရောင်များ ထွက်ပေါ်နေသော နေရာအတော်များများလည်း ရှိနေသေးပေသည်။ ရှောင်းယီ အနီးကပ်ကြည့်လိုက်သောအခါ ထင်းရှူးပင်၊ ဆိုက်ပရက်စ်ပင်နှင့် ဝါးပင်မျညး ပေါက်ရောက်နေခြင်းဖြစ်သည်ကို တွေ့လိုက်ရလေသည်။

“ရှောင်းယီ ထမင်းစားမယ်”

ဆုဝမ်က တောင်ခြေသို့ရောက်လာပြီး အပေါ်သို့ အော်ခေါ်လိုက်၏။

“အိုကေ ငါ အခု ဆင်းလာခဲ့မယ်။”

ရှောင်းယီက တုံ့ပြန်ပြီး တောင်အောက်သို့ ဆင်းလာခဲ့လိုက်သည်။

တောင်ခြေသို့ရောက်သည်နှင့် လှပသော အမွှေးအတောင်များဖြင့် တောက်ပြောင်နေသော ရစ်ငှက်တစ်ကောင် သူ့ဘေးမှ ပျံထွက်သွားခဲ့၏။ သို့သော်လည်း အနည်းငယ်ပျံသန်းပြီးနောက် ပြန်ပြုတ်ကျသွားခဲ့သည်။

ရှောင်းယီ၏မျက်လုံးများ တောက်ပသွားခဲ့၏။

“မင်းကိုယ်တိုင် တံခါးဝကိုရောင်လာမှတော့ ငါက မကြိုဆိုလို့ဘယ်ဖြစ်ပါ့မလဲ။”

အအေးဒဏ်က ရစ်ငှက်၏ ဖျတ်လတ်မှုကို ထိခိုက်စေခဲ့ခြင်း သို့မဟုတ် ရှောင်းယီက အလွန်မြန်ဆန်စွာရွေ့လျားသွားခြင်းကြောင့် ရစ်ငှက်လေးမှာ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ရှောင်းယီသည် ခြေနှစ်လှမ်းသာလှမ်းလိုက်ပြီး ရစ်ငှက်ကို လွယ်ကူစွာ ဖမ်းမိသွားခဲ့သည်။

“ရှောင်းယီ ဒီလိုအေးစိမ့်နေတဲ့ နေ့မျိုးမှာတောင် နင်က အကျိုးအမြတ်ရနိုင်သေးတာပဲလား။”

ရှောင်းယီလက်ထဲမှ ရစ်ငှက်ကိုမြင်သောအခါ ဆုဝမ် အံ့ဩသွားခဲ့၏။

“ဟားဟားဟား...။ သူ့ဘာသာ တံခါးဝအထိ အရောက်ပို့လာတာပဲလေ။ နှစ်ရက်လောက် ဘာမှမစားရလို့ အားမရှိတော့ဘူးထင်တယ်။”

ရှောင်းယီက ရယ်မောကာ ပြန်ဖြေလိုက်သည်။

နှစ်ယောက်သား ခြံဝင်းထဲသို့ ပြန်ရောက်လာသောအခါ ယွမ်နွန်က ရှောင်းယီလက်ထဲမှ ရစ်ငှက်ကိုကြည့်ပြီး ပြုံးကာပြောလိုက်သည်။

“အရှေ့မြောက်ပိုင်းရဲ့ ဆောင်းရာသီတိုင်းမှာ ရစ်ငှက်တွေကို ငါမြင်ဖူးတယ်။ အဲ့ကောင်တွေက တော်တော်လေး ဖမ်းရခက်တယ်။ မင်းက လက်ဗလာနဲ့ ဖမ်းမိလာမယ်လို့ မထင်ထားဘူး။”

“ဒီမှာ အပူချိန်က အရမ်းမြန်မြန်ကျသွားတော့ ရစ်ငှက်က အသားမကျသေးပုံပဲ။ သူ့ဘာသာသူ ရောက်လာတယ်လေ။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒီနေ့နေ့လည်စာအတွက် ကြက်သားစားကြမယ်။”

ထို့နောက် အန်းရန်က ရှောင်ယီလက်ထဲမှ ရစ်ငှက်ကိုယူပြီး ကြိုးတုတ်ထားလိုက်သည်။ ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း ဝမ်ချိုင်းတို့အတူ လျှောက်ဝင်လာပြီး ပြောလိုက်သည်။

“ပင်လယ်ရေက ခဲလုနီးပါးဖြစ်နေပြီ။ ပင်လယ်သတ္တဝါတွေ တိုက်ခိုက်မှုရှိဦးမလားဆိုတာ ငါအမြဲသိချင်နေခဲ့တာ။ နောက်ဆုံးတော့ ဒီနေ့တွေ့လိုက်ရပြီ။”

“ဘယ်လိုပင်လယ်သတ္တဝါတွေလဲ။”

ရှောင်းယီက စူးစမ်းလိုက်သည်။

“ပင်လယ်ဖျံတွေပဲ။ ငါ ပင်လယ်ဖျံခုနှစ်ကောင် ဖြေရှင်းခဲ့တယ်။ ဒါပေမယ့် မဖမ်းနိုင်ခဲ့ဘူး။ ငါလှုပ်ရှားလိုက်တာနဲ့ သူတို့က ထွက်ပြေးသွားတာပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“နောက်လှိုင်းတစ်ခုကတော့ သာမန်ပင်လယ်ငါးတွေပါပဲ။”

“ဒီလောက်အေးနေတာတောင် ငါတို့ရဲ့အုတ်မြစ်ကျောက်တွေကို မပြတ်တမ်းတိုက်ခိုက်နေသေးတာဆိုတော့ တကယ်ကိုကြိုးစားနေကြတာပဲ။ “

အန်ယွဲ့က နောက်ပြောင်လိုဟန်ဖြင့် ပြောလိုက်သည်။

“မနေ့ညက ဖမ်းမိတဲ့ပင်လယ်ငါးတွေလည်း နည်းသွားတယ်။ နှစ်ထောင်ကျော်ပဲ ဖမ်းမိခဲ့တယ်။”

“ကောင်းပြီ။ ထမင်းစားပြီးရင် သွားကြည့်လိုက်မယ်။ အဆင့်မြင့်ပင်လယ်ငါးတွေချည်းပဲဆိုရင် နှစ်ထောင်ကျော်က လုံလောက်ပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

လူတိုင်းအတွက် မနက်စာမှာ ဆန်ပြုတ်၊ ကြက်ဥပြုတ်၊ ပြောင်းဖူးနှင့် နွားနို့တို့ဖြစ်သည်။ ဆန်ပြုတ်မှလွဲ၍ အခြားအစားအစာအားလုံးမှာ A အဆင့်နှင့်အထက်ဖြစ်ပေသည်။

“ဒါနဲ့ အန်တီကို ပို့ပေးဖို့မမေ့နဲ့ဦးနော်။”

ရှောင်းယီက သတိပေးလိုက်သည်။

“အင်း”

အန်းရန်က ပြန်ဖြေလိုက်ပြီး မနက်စာကို ပြင်ဆင်ကာ လီယန်ထံသို့ ပို့ပေးလိုက်လေသည်။

“ခုနက ငါ ပင်လယ်ရဲ့အခြေအနေကို ကြည့်ခဲ့တယ်။ အခုအချိန်မှာ ခရီးထွက်ဖို့မသင့်တော်ဘူး။ အန်တီကို ဒီကိုခေါ်လာဖို့က နောက်ဆုတ်ရဦးမယ်။”

ရှောင်းယီက ပြောလိုက်၏။ အန်ယွဲ့က ခေါင်းငြိမ့်လိုက်သည်။

“ငါနားလည်ပါတယ်။ ငါကမ်းခြေကိုကြည့်နေတာ အချိန်အတော်ကြာပြီ။ ရေခဲပြင်တွေ အများကြီးပေါ်နေပြီ။ သူမနဲ့ အဆက်အသွယ်ရတာနဲ့တင် ငါ ကျေနပ်နေပါပြီ။ မင်းရဲ့ပံ့ပိုးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ သူမက ငါလာခေါ်တဲ့အချိန်ထိ စောင့်နိုင်မယ်လို့ ငါယုံကြည်တယ်။”

“အဖေပြောတာမှန်တယ်။ ငါတို့စောင့်နိုင်ပါတယ်။ အခုအချိန် အပြင်ထွက်တာက အရမ်းအန္တရာယ်များတယ်။”

အန်းရန်ကလည်း ဝင်လာပြီး ပြောလိုက်သည်။

လမ်းတစ်ဝက်၌ ရေများအားလုံး အေးခဲသွားခဲ့လျှင် မည်သည့်အရာများ ဖြစ်လာမည်ကို ဘုရားသာသိပေလိမ့်မည်။

ထို့ပြင် သူတို့သည် လီယန်အတွက် သင်္ဘောဖြင့် ထွက်ခွာခဲ့လျင် နောက်ထပ်ပြဿနာတစ်ခုကိုလည်း လျစ်လျူရှုထား၍ မရနိုင်ပေ။

ထိုအရာမှာ ရွက်သင်္ဘော၏ ခံနိုင်ရည်ဖြစ်သည်။ ရွက်လှေ၏ ခံနိုင်ရည်မှာ ၁၀၀၀၀ ကီလိုမီတာသာဖြစ်ပြီး လီယန်ဆီသို့ အသွားပြန်လုပ်မည်ဆိုလျှင် ၁၂၀၀၀ ကီလိုမီတာရှိပေသည်။

အားပြည့်အောင်သွင်းထားလျှင်ပင် လီယန်ကို ခေါ်လာခဲ့ပြီးနောက် ကျွန်းနှင့် ကီလိုမီတာနှစ်ထောင်အကွာသို့သာ ပြန်လာနိုင်မည်ဖြစ်သည်။

နောက်ဆုံး ကီလိုမီတာနှစ်ထောင်အား မည်ကဲ့သို့ သွားရမည်ဆိုသည်ကို ရေရှည်စီမံချက်ချရန် လိုအပ်နေသေး၏။

“ကောင်းပါပြီ။ မင်းနားလည်ရင် အဆင်ပြေပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

လူတိုင်း မနက်စာစားပြီးနောက် သူတို့၏အလုပ်များကို ဆက်လက် လုပ်ဆောင်လိုက်ကြ၏။ ရှောင်းယီသည်မူ သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာပြီး အများသုံးချန်နယ်ကို စစ်ကြည့်လိုက်သည်။

“ဒီနေ့ ပစ္စည်းသေတ္တာဖမ်းဖို့ အပြင်ထွက်တဲ့သူရှိလား။”

“ငါ့ချီးကို...အပြင်ထွက်ရမှာလား။ အခုချိန်မှာ အရမ်းအေးနေပြီ။ အနွေးထည်တစ်ထည်နဲ့တောင် မလုံလောက်တော့ဘူး။ နှစ်ထပ်ဝတ်ရင်တော့ ဖြစ်နိုင်လိမ့်မယ်။ ဒါပေမယ့် အနွေးထည်နှစ်ထပ်ဝတ်ထားရင် လုံးဝမလှုပ်ရှားနိုင်တော့ဘူး။”

“ဟုတ်တယ် နည်းနည်းလေးဝတ်ရင်လည်း အပြင်မထွက်နိုင်၊ များများဝတ်ရင်လည်း မလှုပ်ရှားနိုင်ဘူး။”

“ကံကောင်းတာက အရင်က ရေနဲ့အစားအစာ အနည်းငယ်စုထားခဲ့လို့ပေါ့။ ကိုယ့်တဲထဲမှာ ကိုယ်နေပြီး အိမ်တွင်းပုန်းပဲလုပ်တော့မယ်။”

“ညီအစ်ကို မင်းက အရမ်းအမျှော်အမြင်ကြီးတာပဲ။ ငါတော့ နောင်တရနေရပြီ။ အခု ရေနဲ့အစားအစာက ဈေးတွေတက်နေပြီ။”

“ဒီလောက်အေးနေတာတောင် ပင်လယ်သတ္တဝါတွေက ငါတို့ရဲ့အုတ်မြစ်ကျောက်တွေကို မရပ်မနားတိုက်ခိုက်နေတုန်းပဲ။ သူတို့က အအေး မကြောက်ကြဘူးလား။”

အခန်း (၁၄၉) အာတိတ်ပုစွန်

“မင်း ဘာမှမသိပါဘူးကွာ။ ငါတို့အရင်ကမ္ဘာတုန်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းအနီးက ရေခဲပြင်တွေမှာတောင် ပင်လယ်သတ္တဝါတွေ နည်းနည်းရှိနေသေးတယ်။”

“ဟုတ်တယ် အဲ့ဒါကြောင့် ဘယ်ရာသီဖြစ်ဖြစ် ကမ္ဘာကြီးက ငါတို့ကိုဖြေရှင်းဖို့ အမြဲတမ်းလှုပ်ရှားနေတဲ့သတ္တဝါတွေကို ရှာနိုင်တယ်။”

“လူသားတွေရဲ့လှုပ်ရှားမှု အပူချိန်အတိုင်းအတာကိုကျ ထည့်မစဉ်းစားကြဘူးလားမသိဘူး။”

“မင်းက အိပ်မက်မက်နေတာပဲ။ ငါတို့ကိုသာ ထည့်စဉ်းစားပေးရင် ဒုတိယတစ်ပတ်တုန်းက ဒီလောက်ပူမှာမဟုတ်ဘူး။”

“ဟေး လူတိုင်းပဲ ကျုပ်အခုလေးတင် အပြင်က ပြန်လာတာ။ ပင်လယ်ထဲမှာ ရေခဲပြင်ကြီးတွေတောင် ဖြစ်နေပြီ။ အချိန်နည်းနည်းလောက်ကြာရင် ရေခဲပေါ်ကနေ ပစ္စည်းသေတ္တာတွေကို တိုက်ရိုက်ဆွဲယူလို့ရမယ်ထင်တယ်။”

“မင်းက တကယ့်သူရဲကောင်းပဲ။ အပြင်တောင်ထွက်ရဲတယ်။”

“အဟုတ်ပဲ။ ပစ္စည်းသေတ္တာ ဖမ်းမိခဲ့သေးလား။”

“ကျုပ် အနွေးထည်သုံးထည် ထပ်ဝတ်ပြီးမှပဲ အပြင်ထွက်ရဲတာ။ မဖမ်းနိုင်ခဲ့ပါဘူး။ ဒီနေ့ ပစ္စည်းသေတ္တာသုံးလုံးစလုံးက ကျုပ်နဲ့ဝေးနေတယ်။”

အများသုံးချန်နယ်တွင် လူတွေငြင်းခုန် စနောက်နေစဉ် လီယန်မှာမူ သူမ၏ကျွန်း၏ ကမ်းရိုးတန်းတစ်လျှောက်၌ ပစ္စည်းသေတ္တာဖမ်းနေပြီဖြစ်သည်။

ရှောင်ယီပေးထားသော ကိုယ်ကျပ်ဝတ်စုံကြောင့် လီယန်သည် အေးသည်ဟုမခံစားရဘဲ ဝတ်စုံကလည်း ကိုယ်ခန္ဓာလှုပ်ရှားမှုကို မထိခိုက်စေပေ။ ယခင်က ပစ္စည်းသေတ္တာ ဖမ်းရသလိုပင်။

“ဒီရေခဲပြင်ကြီးတွေက ဒီပစ္စည်းသေတ္တာသုံးလုံးကို မပိတ်ဆို့ထားလို့ တော်သေးတယ်။”

လီယန်က အနည်းငယ်စောင့်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အန်းရန်တို့နှင့် အဆက်အသွယ်ရပြီးနောက် သူမကံကောင်းလာခဲ့ပြီး ဤပစ္စည်းသေတ္တာသုံးလုံးကို အလွယ်တကူဖမ်းမိခဲ့သည်။

အားလုံးကို ဖွင့်ကြည့်သောအခါ လီယန်သည် အုတ်မြစ်ကျောက်ငါးခု၊ ထုတ်လုပ်မှုပုံစံတစ်ခု၊ အဖြူရောင်ပိုးဥအချို့နှင့် အခြေခံပစ္စည်းများကို တွေ့ရှိခဲ့ပြီး ရေနှင့်အစားအစာတော့ မပါဝင်ခဲ့ပေ။

အဖြူရောင်ပိုးဥများကိုကြည့်ပြီး လီယန်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူမသည် အသက်ရှိသတ္တဝါကို ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်ပေသည်။

အနီးကပ် သေချာကြည့်လိုက်ပြီးနောက် လီယန်က အံ့ဩသွားခဲ့၏။

“ဒါက ပိုးဥတွေလား။”

ထို့နောက် သူမသည် ချက်ချင်းပင် ထိုပိုးဥများကို ရွက်ဖျင်တဲထဲသို့ ပြန်ယူသွားလိုကါ၏။ သူမတွင် ရှောင်းယီကဲ့သို့ စနစ်၏သတိပေးချက် မရှိသောကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင်သာ စစ်ဆေးရမည်ဖြစ်သည်။

အကယ်၍ ပိုးဥဖြစ်နေခဲ့လျှင် ဤကဲ့သို့ အအေးလွန်ကဲသော ရာသီဥတု၌ မကြာခင် သေဆုံးသွားပေလိမ့်မည်။

ပိုးဥများကို နောက်တစ်နှစ်အထိ သိုလှောင်ထားလိုပါက ရေခဲသေတ္တာထဲတွင်သာ ထားရမည်ဖြစ်သည်။ ရေခဲခြင်းက သူတို့ကိုသေဆုံးစေနိုင်၏။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ရောက်သောအခါ လီယန်သည် သူမ၏လက်ထဲရှိအရာအားလုံးကို ရှောင်းယီထံသို့ ပေးပို့လိုက်တော့သည်။

“[အုတ်မြစ်ကျောက်] ၅၊ [ပိုးကောင်ဥ] (S အဆင့်) ၁၀၊ [ပိုးအိမ် ထုတ်လုပ်မှုပုံစံ] (S အဆင့်) ၁၊ [ကြေး] ၃၊... - အခမဲ့လဲလှယ်ခြင်း။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြသထားသော အရာများကိုကြည့်ပြီး လီယန်၏မျက်လုံးများ တောက်ပလာခဲ့သည်။ သူမသည် အဆင့်သတ်မှတ်ထားသောပစ္စည်းများကို အရင်က တစ်ခါမျှ မရခဲ့ဖူးပေ။ သို့သော် ဒီတစ်ကြိမ်တွင် S အဆင့်ပစ္စည်းမှား နှစ်မျိုးတောင်ရှိနေခဲ့၏။

“ငါ့ရဲ့ကံကြမ္မာက တကယ်ပဲ ပြောင်းလဲသွားပြီလား။”

သူမ တီးတိုး ရေရွတ်လိုက်မိသည်။

ထိုအချိန်တွင် ရှောင်းယီသည် ရေနှင့်အစားအစာများကို ရောင်းချနေစဉ် ရုတ်တရက် သူ၏သီးသန့်ချန်နယ်မှ အသံမြည်လာခဲ့သည်။

သီးသန့်ချန်နယ်သို့ ပြောင်းလိုက်သောအခါ ရှောင်းယီသည် လီယန်၏ လဲလှယ်မှုကို မြင်လိုက်ရပြီး အံ့အားသင့်သွားခဲ့၏။

“အန်တီ ဒါတွေက အန်တီ အခုမှ ဖမ်းလာတဲ့ပစ္စည်းတွေလား။”

“ဟုတ်တယ်။ အရင်ကပစ္စည်းသေတ္တာထဲကရထားတဲ့ အရာတွေအားလုံးက သုံးပြီးသွားပြီ။”

လီယန်က ပြန်ဖြေလိုက်သည်။

သူမ အရင်က ရရှိထားသော အခြေခံပစ္စည်းများအားလုံးကို ရေနှင့်အစားအစာဖြင့် လဲလှယ်ခဲ့ပေသည်။

ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။ လီယန်က ဆက်ပြောလိုက်သည်။

“ပိုးဥတွေကို ကောင်းကောင်း ထိန်းသိမ်းပြီး ရေခဲသေတ္တာထဲမှာ ထားရမယ်။ အခု အန်တီ့မှာ ပိုးကောင်မွေးနိုင်တဲ့ အခြေအနေမရှိဘူး။ မင်းဆီမှာပဲ အရင်ထားလိုက်မယ်။ ပိုးဥရှိရင် ပိုးချည်မျှင်လုပ်လို့ရတယ်။”

“နားလည်ပြီ။ ကျုပ် သေချာသိမ်းထားလိုက်ပါ့မယ်။ အန်တီ ရောက်လာတဲ့အခါကိမှ ကိုယ်တိုင် ကိုင်တွယ်လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

လဲလှယ်မှုကိုလက်ခံပြီးနောက် ရှောင်းယီသည် လီယန်၏ကံကောင်းမှုကို အံ့အားသင့်နေမိ၏။ တစ်နေ့တည်းတွင် S အဆင့်ပစ္စည်းနှစ်မျိုး ပါလာခဲ့ခြင်းဖြစ်ပေသည်။

ပိုးဥများကို အန်းရန်ထံပေးကာ ရေခဲသေတ္တာထဲသို့ ထည့်ထားရန် ပြောလိုက်ပြီးနောက် ရှောင်းယီသည် ပိုးအိမ်ထုတ်လုပ်မှုပုံစံကို ကြည့်လိုက်သည်။

“[ပိုးအိမ်ထုတ်လုပ်မှုပုံစံ] (S အဆင့်)- အုတ် ၅၀၊ သစ် ၂၀၊ ကြေး ၁၀၊ သံ ၁၀၊ ပလတ်စတစ် ၁၅၊ ဖန် ၅။”

အရင်းအမြစ်များလုံလောက်သောကြောင့် ရှောင်းယီသည် ချက်ချင်းထုတ်လုပ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ထုတ်လုပ်မှုအခန်းထဲမှ ထုတ်မယူသေးဘဲ ထားထားလိုက်သည်။

“ဝုတ် ဝုတ် ဝုတ်”

ထိုအချိန်တွင် ဝမ်ချိုင်က အပြင်ဘက်မှ ပြေးဝင်လာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။”

ရှောင်းယီက မျက်မှောင်ကျုံ့လိုက်၏။ ထို့နောက် ဝမ်ချိုင်က နှစ်ခါထပ်ဟောင်ပြီး အပြင်သို့ ပြေးထွက်သွားခဲ့သည်။ ရှောင်းယီသည်လည်း ဘေးနားမှ ထန်ဓားကိုကောက်ယူပြီး လိုက်သွားလိုက်သည်။

ကျန်းယွင်ထျန်း ပြဿနာတစ်ခုနှင့် ကြုံနေပုံရသည်။

မကြာမီ ရှောင်းယီသည် ဝမ်ချိုင်နှင့်အတူ ကျန်းယွင်ထျန်းဆီသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ ကျန်းယွင်ထျန်းသည် သံလှံဖြင့် ပင်လယ်ထဲသို့ ဆက်တိုက်ထိုးစိုက်နေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။”

ရှောင်းယီက မေးလိုက်၏။

“ဒီတစ်ခါ အုတ်မြစ်ကျောက်ကို တိုက်ခိုက်တဲ့ ပင်လယ်သတ္တဝါတွေ အရမ်းများနေတယ်။ အရွယ်အစားလည်း သေးတယ်။ ပုရွက်ဆိတ်တွေလိုပဲ။ ဓားနဲ့ တစ်ခါတလေပဲသတ်နိုင်တယ်။ ဒါပေမယ့် ဒီမှာက အကောင်တစ်သောင်းလောက်ရှိနေတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီက သေချာစိုက်ကြည့်လိုက်သောအခါ ထိုအုတ်မြစ်ကျောက်ဘေးတွင် ကိုယ်ခန္ဓာဖြူဖွေးနေသော ပုစွန်ဆိတ်ကလေးများ ထူထပ်စွာရှိနေသည်ကို တွေ့လိုက်ရလေသည်။

“အာတိတ်ပုစွန် (A အဆင့်)- အရေအတွက်များပြားသည်။ အလင်းထုတ်လွှတ်နိုင်သောအင်္ဂါများ ပါရှိသည်။ စိမ်းဝါရောင်အလင်းကို အနည်းငယ်ထုတ်လွှတ်နိုင်သည်။ ပရိုတင်းဓာတ်အလွန်ကြွယ်ဝပြီး အာဟာရတန်ဖိုးမြင့်မားသည်။”

ဤပုစွန်ဆိတ်များသည် A အဆင့်သတ္တဝါများဖြစ်သော်လည်း အရွယ်အစားသေးငယ်ပြီး တိုက်ခိုက်မှု ခွန်အားမှာ မကောင်းလှပေ။ အဓိကပြဿနာမှာ အရေအတွက်အရမ်းများနေခြင်းဖြစ်သည်။ ၎င်းတို့မှာ အုတ်မြစ်ကျောက်များပေါ်‌၌ ပြွတ်သိပ်စွာ ရှိနေခြင်းပင်။

“နောက်ထပ် အဆင့်မြင့်ပါဝင်ပစ္စည်းတစ်ခုရလာမယ်လို့ မထင်ထားဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီကို အမြန်သွားပြီး ငါးဖမ်းပိုက်အဟောင်းကို အကွက်စိပ်တဲ့ ငါးဖမ်းပိုက်ဖြစ်အောင် ပေါင်းစပ်လိုက်။ ငါးဖမ်းပိုက်နဲ့ဖမ်းရင် ပိုမြန်လိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

အရင်က ပစ္စည်းသေတ္တာဖမ်းရန်သုံးသော ငါးဖမ်းပိုက်က အကွက်ကျဲပေသည်။ ဤပုစွန်များကိုဖမ်းရန် ၎င်းကို အသုံးပြုလျှင် အားလုံး ပိုက်ကြားထဲက လွတ်ထွက်သွားပေလိမ့်မည်။

အာတိတ်ပုစွန်များသည် အလျား ၆ စင်တီမီတာခန့်သာရှိ၏။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ အနီးရှိ အလတ်စားရွက်လှေသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး ထုတ်လုပ်မှုစာမျက်နှာတွင် သာမန်ငါးဖမ်းပိုက်နှစ်ခုကို အပေါက် ၃ စင်တီမီတာရှိသည့် ငါးဖမ်းပိုက်အဖြစ် ပေါင်းစပ်ပြီး ထုတ်ယူလာခဲ့သည်။

“ရပြီ”

ကျန်းယွင်ထျန်းက ပြေးလာခဲ့၏။

ထို့နောက် နှစ်ယောက်သား အတူတကွ အုတ်မြစ်ကျောက် ပတ်လည်ရှိ ပုစွန်အားလုံးကို ဖမ်းလိုက်သည်။

သူတို့နှစ်ဦး၏ လုပ်ဆောင်မှုကိုမြင်သောအခါ ဝမ်ချိုင်သည် မီးဖိုချောင်သို့ပြေးသွားပြီး ရေဇလုံကြီးတစ်လုံးကို ဆွဲယူလာခဲ့၏။

ရှောင်းယီနှင့်ကျန်းယွင်ထျန်းတို့သည် သူတို့ ဖမ်းမိလာသောပုစွန်များကို ရေဇလုံထဲသို့ထည့်ပြီးနောက် ပုစွန်များက ဇလုံထဲတွင်ခုန်ပေါက်နေကြသည်။

လေးကြိမ်တိုင်တိုင် ဖမ်းဆီးပြီးနောက် အနီးအနားရှိပုစွန်အားလုံးကို ဖမ်းမိခဲ့ပြီး ရေဇလုံကြီးမှာ တစ်ခုလုံးနီးပါး ပြည့်သွားခဲ့လေသည်။

“၅၀ကီလိုဂရမ်လောက် ရှိလိမ့်မယ်။”

ကျန်းယွင်ထျန်းက အံ့အားသင့်စွာပြောလိုက်၏။

“ရရှိသောပစ္စည်းများ- အာတိတ်ပုစွန် (A အဆင့်) ၅၃.၆ ကီလိုဂရမ်။”

“စုစုပေါင်း ၅၃.၆ ကီလိုဂရမ်ရှိတယ်။ အားလုံးက A အဆင့်ပါဝင်ပစ္စည်းတွေချည်းပဲ။”

ရှောင်းယီက စနစ်၏သတိပေးချက်ကိုကြည့်ရင်း ပြောလိုက်သည်။

“အာ....ဒီသေးသေးလေးတွေက A အဆင့်လား။ အဲ့ဒါကြောင့် ပင်လယ်ထဲမှာ ဒီလောက်မြန်နေတာကိုး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဒါတွေကို အရင်ပြန်သယ်သွားရမယ်။”

ရှောင်းယီသည် ၅၀ကီလိုဂရမ်လေးသော ပုစွန်များကို အလွယ်တကူဆွဲမပြီး ပြန်လှည့်သွားခဲ့လိုက်သည်။

မီးဖိုချောင်သို့ရောက်သောအခါ ရှောင်းယီက ပြောလိုက်၏။

“ဒီပုစွန်တွေကို စားနိုင်သလောက်ပဲ ပြင်ဆင်လိုက်။ ကျန်တာတွေကိုအရင်မွေးထားပြီး အပြင်ဘက်မှာ ထားလိုက်ပါ။ မီးဖိုချောင်က အရမ်းပူတော့ သူတို့အတွက် အဆင်မပြေဘူး။”

ဆုဝမ်က ရှောင်းယီ၏စကားကိုကြားသောအခါ ပြုံးလိုက်သည်။

“ငါတို့က အပြင်ဘက်က အအေးဒဏ်ကိုကြောက်တယ်။ သူတို့ကတော့ အိမ်ထဲမှာ ပူမှာကို ကြောက်ကြတယ်။ သဘာဝတရားက တကယ်ကို အံ့သြစရာပဲ။”

ထိုအခါ ရှောင်းယီက အနည်းငယ်ခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်သည်။

“ဟုတ်တယ်။ ဒါက သဘာဝတရားလား ဒါမှမဟုတ် ကမ္ဘာ့စည်းမျဉ်းတွေက နောက်ကွယ်ကနေ ဖရိုဖရဲဖြစ်အောင် လုပ်နေတာလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။”

အခန်း (၁၅၀) အုတ်မြစ်ကျောက်များ အဆက်မပြတ် ဖျက်ဆီးခံရခြင်း

ထို့နောက် ရှောင်းယီ အပြင်ထွက်သွားပြီး မွေးမြူရေးခန်းကို ဖြတ်သန်းသွားစဉ် ဖာဂါနာမြင်းမှာ စနစ်သိုလှောင်ခန်းတွင် ရှိနေသေးသည်ကို ရုတ်တရက် သတိရသွားခဲ့၏။

ထို့ကြောင့် သူသည် ဖာဂါနာမြင်းကို မွေးမြူရေးခန်းထဲသို့ထည့်ကာ S အဆင့် မြက်အချို့ ထည့်ပေးလိုက်သည်။

တော်တယ်။

ဖာဂါနာမြင်းသည် ဤနေရာ၏အခြေအနေများကို ကျေနပ်ဟန်ရှိပြီး ပျော်ရွှင်စွာဖြင့် မြက်များကို စားသောက်တော့လေသည်။

အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားကာ မြင်းလှည်းကို ထုတ်လုပ်လိုက်ပြီး အများသုံးချန်နယ်ကို ကြည့်လိုက်သည်။

“ဘာတွေဖြစ်နေတာဘာလဲ။ ငါ့ကျွန်းရဲ့ အုတ်မြစ်ကျောက်တစ်ခု ပျက်စီးသွားပြီ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က တိုက်ခိုက်ခံရကြောင်း သတိပေးနေတယ်။ တိုက်ခိုက်ခံရတဲ့နေရာက အရင်ဖျက်ဆီးခံရတဲ့ အုတ်မြစ်ကျောက်ဘေးမှာပဲ။”

“ဟမ်...။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အရင်က ပင်လယ်သတ္တဝါတွေက အုတ်မြစ်ကျောက်တစ်ခုကို ဖျက်ဆီးပြီးတာနဲ့ ထွက်သွားကြတာ မဟုတ်ဘူးလား။”

“ငါလည်း အခုပင်လယ်သတ္တဝါတွေ တိုက်ခိုက်တာခံရတယ်။ တစ်ခုပျက်စီးပြီးသွားတော့ ထွက်သွားတာပဲ။ မင်းကျွန်းရဲ့အုတ်မြစ်ကျောက်က ပိုမွှေးလို့များလား။”

“ငါ့ဖျင်ကြီးကို မွှေးရမှာလား။ ငါလည်း ဒီလိုမဖြစ်ချင်ဘူးကွ။ အခု ဒုတိယမြောက်အုတ်မြစ်ကျောက်က ဆက်ပြီး တိုက်တိုက်ခိုက်ခံနေရတယ်။”

“ဒါဆို မင်းဒီမှာ ဘာလုပ်နေတာလဲ။ အပြင်ထွက်ပြီး တိုက်ခိုက်လေ။ အဲ့ဒါတွေ တတိတိကိုက်စားတာကို စောင့်မ‌နဲ့။ မင်းက ရေထဲကျသွားမှ တိုက်ခိုက်မှာလား။”

“အပြင်မှာ အရမ်းအေးတယ်။ ငါ မထွက်နိုင်ဘူး။”

“ဒါဆို ဒီတစ်ခုဖျက်ဆီးပြီးရင် ထွက်သွားဖို့ပဲ ဆုတောင်းပြီး စောင့်နေလိုက်တော့ပေါ့။”

ရှောင်းယီသည် သူတို့၏စကားများကို အံ့အားသင့်စွာကြည့်ရင်း ပြောလိုက်သည်။

“ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုစည်းမျဉ်းတွေ ပြောင်းလဲသွားပြီလား။ မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ သတိပေးချက်မရှိခဲ့ပါဘူး။”

ရှောင်းယီအံ့အားသင့်နေစဉ် ထိုသူသည် အများသုံးချန်နယ်တွင် ထပ်မံအော်ဟစ်လာကြပြန်သည်။

“သေစမ်း.. ဘာတွေဖြစ်နေတာဘာလဲ။ အုတ်မြစ်ကျောက်နှစ်ခု ဆက်တိုက်ဖျက်ဆီးခံလိုက်ရတယ်။ ဒါတောင် အဲ့ဒါက မရပ်သေးဘူး။”

“မင်းတကယ်ပဲ ထိုင်စောင့်နေတာလား။ ညီအစ်ကို မင်း ဒီလိုသာ ထိုင်စောင့်နေရင် အေးခဲသွားတော့မှာနော်။”

“ဒီတစ်ခုဖျက်ဆီးပြီးရင် ရပ်သွားမလားဆိုတာ ခဏလောက် ဆက်စောင့်ကြည့်ပါဦး။”

“အပေါ်ကအဘိုးကြီး ခင်ဗျားက တော်တော်အကြံပက်စက်တာပဲ။ တွန့်ဆုတ်မနေနဲ့ဟ။ သံလှံယူပြီး သွားတိုက်ခိုက်တော့။”

“မစောင့်နိုင်တော့ဘူး။ ငါ့လက်ထဲမှာ အုတ်မြစ်ကျောက် ငါးခုပဲရှိတယ်။ အခုကျွန်းမှာ ၆ စတုရန်းပဲကျန်တော့တယ်။ ငါတိုက်ခိုက်ရမယ်။”

“ကံကောင်းပါစေ။”

“ပင်လယ်သတ္တဝါ တိုက်ခိုက်မှုယန္တရားက တကယ် ပြောင်းသွားပြီနဲ့တူတယ်။”

ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့ထိုင်ပြီး ပြောလိုက်ကာ လီယန်ထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

“အန်တီ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို သတိထားပါ။ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုယန္တရားက ပြောင်းသွားပြီလို့ သံသယရှိနေတယ်။ အခုဆိုရင် အုတ်မြစ်ကျောက်တစ်ခုကို ဖျက်ဆီးပြီးတာနဲ့ သူတို့ထွက်သွားမှာမဟုတ်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

လီယန်က အချိန်မီ မတုန့်ပြန်နိုင်သေးပေ။ သူမ အပြင်မှာရှိနေခြင်း ဖြစ်ပေမည်။

ရှောင်းယီသည် အများသုံးချန်နယ်သို့ပြန်သွားလိုက်၏။ သူ ထိုလူ၏အခြေအနေကိုသိလိုနေခဲ့သည်။

မိနစ်ဆယ်ခန့်အကြာတွင် ထိုလူက အများသုံးချန်နယ်တွင် အော်ဟစ်လာခဲ့သည်။

“ကယ်ကြပါဦး။ ဒါက ပင်လယ်သတ္တဝါအုပ်စုကြီးတစ်ခုပဲ။ ငါမသတ်နိုင်တော့ဘူး။”

“ဘာ...အုပ်စုလိုက်ကြီးလား။ ဘာတွေလဲ။”

“အဲ့ဒါက ကျုပ်တို့ အရင်ကစားခဲ့ဖူးတဲ့ပုစွန်တွေလိုပဲ။ သူတို့ရဲ့ခန္ဓာကိုယ်က ပိုပြီးကြည်လင်တယ်။”

“ပင်လယ်ထဲက ပုစွန်ဆိတ်လေးတွေက အုတ်မြစ်ကျောက်ကိုဖျက်နိုင်တာလား။”

“ပုရွက်ဆိတ်အများကြီးနဲ့ဆိုရင် ဆင်ကိုတောင် သတ်ပစ်နိုင်တယ်။ အရေအတွက်သာ အလုံအလောက်ရှိရင် အရမ်းဖြစ်နိုင်ခြေရှိတယ်။”

“အမှန်ပဲ။ အရွယ်အစားကလည်း သေးတော့ တိုက်ခိုက်ဖို့ မလွယ်ဘူး။”

“ဒါကလည်း အာတိတ်ပုစွန်တွေပဲလား။”

ရှောင်းယီက အများသုံးချန်နယ်ရှိ စကားပြောခန်းကိုကြည့်ရင်း ရေရွတ်လိုက်သည်။

“ကူညီကြပါဦး။ သူတို့က နောက်ထပ်အုတ်မြစ်ကျောက်တစ်ခုကို ဖျက်ဆီးလိုက်ပြန်ပြီ။ ဒီလိုဆက်သွားနေရင် ကျုပ်ရဲ့ကျွန်းက မကြာခင်ပျောက်သွားတော့မယ်။”

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် အများသုံးချန်နယ်တွင် ပြောလိုက်သည်။

“အကွက်စိပ်တဲ့ ငါးဖမ်းပိုက်ကိုသုံးပြီး အဲ့ဒီပုစွန်တွေကို ဖမ်းလို့ရတယ်။ သူတို့ရဲ့ အုတ်မြစ်ကျောက်တိုက်ခိုက်မှုပြဿနာကိုဖြေရှင်းနိုင်တဲ့အပြင် ကိုယ့်အတွက်လည်း အစားအစာတိုးစေလိမ့်မယ်။”

“သူဌေးကြီးယီရန်ပင်း ပြောနေပြီ။ အပေါ်ကညီအစ်ကို လုပ်လိုက်တော့။”

“ဒါပေမယ့် ငါ့မှာ အကွက်စိပ်တဲ့ငါးဖမ်းပိုက်မရှိဘူး။ သူဌေးကြီး ကျုပ်ကိုငှားလို့ရမလား။ အုတ်မြစ်ကျောက်တစ်ခု ပေးပါ့မယ်။”

ထိုသူက ချက်ချင်းပြောလိုက်သည်။

“ရပါတယ်”

ရှောင်းယီက ပြောလိုက်ပြီး အပေါက် ၃ စင်တီမီတာရှိသော ငါးဖမ်းပိုက်အသစ်ကို ငှားရမ်းသည့်စာမျက်နှာတွင် ချိတ်ဆွဲကာ ဆက်ပြောလိုက်၏။

“ကျုပ်ခန့်မှန်းထားတဲ့အတိုင်းဆိုရင် အဲ့ဒါက အာတိတ်ပုစွန်တွေဖြစ်လိမ့်မယ်။ ပရိုတင်းမြင့်မားတဲ့ ပင်လယ်သတ္တဝါတွေက မင်းရဲ့အုတ်မြစ်ကျောက်ကို တိုက်ခိုက်နေတာပဲ။”

ထိုသူသည် ရှောင်းယီ ချိတ်ဆွဲထားသော ငါးဖမ်းပိုက်ကို ချက်ချင်းငှားရမ်းပြီး အာတိတ်ပုစွန်များကို စတင်ဖမ်းဆီးတော့လေသည်။

မိနစ်နှစ်ဆယ်ခန့်အကြာတွင် ထိုသူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်ရောက်လာပြီး ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် သူဌေးကြီး။ ငါးဖမ်းပိုက်ကို ပြန်အပ်ပြီးပါပြီ။ ဒီတစ်ခါ အများကြီးရလိုက်တယ်။ [အာတိတ်ပုစွန်] (C အဆင့်) ၂ ကီလိုဂရမ်။”

“သောက်ကျိုးနည်း။ C အဆင့်အစားအစာဟ။ အမြတ်ကြီးရလိုက်တာပဲ။”

“ဟုတ်တယ်။ အုတ်မြစ်ကျောက်တစ်ခုတည်းနဲ့ အန္တရာယ်ကို ဖြေရှင်းပြီး C အဆင့်ပါဝင်ပစ္စည်းတွေ အများကြီးရလိုက်တယ်။”

“မနာလိုလိုက်တာ။ ငါ့ကျွန်းကိုလည်း လာတိုက်ခိုက်ကြစမ်းပါကွာ။”

“သူဌေးကြီး။ ကျေးဇူးပြုပြီး C အဆင့် အာတိတ်ပုစွန် အချို့ယူလိုက်ပါ။ ငါးဖမ်းပိုက်ပေးတဲ့ကျေးဇူးကို ပြန်ဆပ်ချင်တယ်။ @ယီရန်ပင်း။”

ရှောင်းယီသည် အများသုံးချန်နယ်၌ သူ့ကို @ လုပ်ထားသည်ကိုမြင်သောအခါ ပြောလိုက်သည်။

“မလိုပါဘူး။ ငါတို့က သာမန်ကုန်သွယ်ရေးတစ်ခု လုပ်ခဲ့ရုံပါပဲ။ အုတ်မြစ်ကျောက်လည်း ရပြီးပါပြီ။”

“သူဌေးကြီးက တကယ့်ကို ကြီးကျယ်မြင့်မြတ်တာပဲ။”

“ဒါက ဘယ်လိုလေထုကြီးလဲ။ သူဌေးကြီးတွေက B အဆင့်အစားအစာတွေကို အပြင်ထုတ်ပြီး ရောင်းချနေတာ မင်းမတွေ့ဘူးလား။ သူက ဒီ C အဆင့်အစားအစာကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။”

“ဘာ....။ တစ်စုံတစ်ယောက်က B အဆင့်အစားအစာတွေကို ရောင်းချနေတာလား။ ဘယ်သူဒီလောက်တောင် ရူးမိုက်တာလဲ။ ကိုယ့်ဟာကိုယ်မစားဘူးလား။”

“မင်းက လူသစ်ဆိုတာ ငါတစ်ချက်ကြည့်လိုက်တာနဲ့ သိလိုက်ပြီ။”

“ငါလည်းအသစ်ပဲ။ B အဆင့်အစားအစာရောင်းတဲ့သူက ဘယ်သူလဲ။ ဒီလောက်တောင် ရူးမိုက်ရလား။”

“တော်လိုက်စမ်း။ မင်းတို့တောသားတွေက ကမ္ဘာကြီးကို မမြင်ဖူးဘူး။ မနေ့က သူဌေးကြီးက B အဆင့် ကျားအသား၊ ဝက်ဝံအသားတွေ အများကြီးထုတ်ရောင်းခဲ့တယ်။ လူတွေအများကြီးလည်း ဝယ်ထားကြတယ်။”

“အာ... အရမ်းအံ့သြစရာကောင်းတာပဲ။ သူဌေးမှာ နောက်ထပ်ရှိသေးလား။ ကျုပ်လည်း ဝယ်ချင်တယ်။”

“အခုတော့ကုန်သွားပြီထင်တယ်။ သူဌေးကြီး ထပ်ထုတ်ပေးတဲ့အထိ စောင့်လိုက်ပါ။”

“ကျုပ်လည်း အခြားနယ်မြေတစ်ခုကပဲ။ မင်းတို့နဲ့ပူးပေါင်းလိုက်တဲ့အခါ ဈေးကွက်မှာ ရေနဲ့အစားအစာရောင်းနေတာတွေ့လိုက်ရတော့ ယုံတောင် မယုံနိုင်ခဲ့ဘူး။”

“သာမန်ရေနဲ့ အစားအစာတွေကို သူဌေးကြီးက အမြဲရောင်းပေးနေတာပဲ၊ မင်းမှာအရင်းအမြစ်တွေရှိရင် ဘယ်အချိန်မဆို လဲလှယ်လို့ရတယ်။”

ရှောင်းယီနှင့် နည်မြေတူညီသော အသက်ရှင်ကျန်ရစ်သူများသည် အကြောင်းပြချက်မရှိဘဲ သာလွန်မှုကို ခံစားလိုက်ကြရ၏။ အခြားနယ်ပယ်များတွင် ရှောင်းယီကဲ့သို့ ရေနှင့်အစားအစာများ ရောင်းချသူမရှိပေ။

ထို့ကြောင့် အခြားနယ်မြေများမှ အသက်ရှင်သူများစွာသည် ရေငတ်ခြင်း၊ အစာငတ်ခြင်းဖြင့် သေဆုံးနေကြရလေသည်။

ပစ္စည်းသေတ္တာဖွင့်ခြင်း၏ ကျပန်းသဘောသဘာဝကြောင့် လူတိုင်း၏ အသက်ရှင်သန်နိုင်မှုအခွင့်အလမ်းသည်လည်း ကျပန်းဖြစ်လာခဲ့လေသည်။

လူများစွာသည် နှစ်ရက်၊ သုံးရက်ကြာသည်အထိ ရေနှင့်အစားအစာများ မရနိုင်ဘဲ အခြေခံပစ္စည်းများကိုသာ ရနိုင်ခဲ့ကြပြီး ဈေးကွက်တွင် ထိုအခြေခံပစ္စည်းများကို မည်သူမျှမဝယ်ပါက ရေငတ်ခြင်း၊ အစာငတ်ခြင်းဖြင့် ဖြည်းဖြည်းချင်းသေဆုံးရမည်ဖြစ်သည်။

“မင်းတို့ ဒီလို သူဌေးကြီးနဲ့ နယ်မြေတစ်ခုတည်းမှာ ရှိနေရတာ အရမ်းပျော်စရာကောင်းတာပဲ။ အစကတည်းက သူဌေးကြီးနဲ့ နယ်မြေတစ်ခုတည်းမှာရှိခဲ့ရင် ငါ့အမေသေခဲ့ရမှာမဟုတ်ဘူး။”

“ဟုတ်တယ်။ ငါ့အဖိုးလည်း သေခဲ့ရမှာမဟုတ်ဘူး။”

“မင်းတို့အားလုံး ဆွေမျိုးမိတ်ဆွေတွေနဲ့ တွေ့ပြီးကြပြီပေါ့။ ပျော်စရာကောင်းလိုက်တာ။”

“ဒါကို ပျော်စရာကောင်းတယ်လို့ ခေါ်တာလား။ ဆွေမျိုးတွေကို ရှာတွေ့ခဲ့ပေမယ့် သူတို့ဖြည်းဖြည်းချင်းသေဆုံးသွားတာကို ကြည့်ရုံပဲကြည့်နေရပြီး ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ဒီလိုခံစားချက်မျိုးက အနာကျင်ရဆုံးပဲ။”

All Chapters