← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

၂၉၃

ရွှပ်... ရွှပ်... ရွှပ်

ဖောက်... ဖောက်

ဝူး... ဝူး

အနက်ရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် စိုက်ခင်းထဲတွင် ငုံ့လျက် ပေါင်းမြက်များရှင်းလင်းခြင်းနှင့် မြေဆွခြင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ စက်ရုပ်တစ်ရုပ်ကဲ့သို့ တိကျစွာ လုပ်ဆောင်နေသည်။ သူ၏ ခံနိုင်ရည်စွမ်းအားမှာ အကန့်အသတ်မရှိသကဲ့သို့ နားနေခြင်းမျိုးလည်း အလျဉ်းမရှိပေ။

သူ၏ ရုပ်သွင်မှာ အနည်းငယ် ထူးဆန်းနေပြီး ဆံပင်၊ မုတ်ဆိတ်နှင့် မျက်ခုံးများ မရှိကြပေ။ ပြောင်သလင်းခါနေသော ဦးခေါင်းနှင့် လည်ပင်းကြားရှိ အရေပြားပေါ်တွင် ရှုပ်ထွေးလှသော အနက်ရောင်လိုင်းများစွာမှာ အဝတ်အစားများအောက်ရှိ မမြင်ရသော နေရာများအထိပင် ပျံ့နှံ့နေသည်။

စိုက်ခင်းအတွင်း အလုပ်များကို အပြီးသတ်ပြီးနောက် သူသည် မီးခိုးရောင် ဝတ်စုံဝတ် လူငယ်တစ်ဦး၏ နောက်ကွယ်သို့ တိတ်ဆိတ်စွာ လျှောက်လှမ်းသွားပြီး မလှုပ်မယှက် ရပ်တန့်နေလိုက်သည်။

လုံယီသည် သူ၏ရှေ့မှ လတ်လတ်ဆတ်ဆတ် မြေဆွထားပြီး ပေါင်းမြက်များ ကင်းစင်နေသော စိုက်ခင်းကို ကြည့်လိုက်သည်။ အတန်းလိုက် စိုက်ပျိုးထားသော နှစ်ပေခန့် မြင့်သည့် စိမ်းလန်းစိုပြည်သော ဝိညာဉ်ဆန်ပင်ကလေးများမှာ သန်စွမ်းစွာ ပေါက်ရောက်နေကြသဖြင့် သူသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

“အလုပ်မှာလည်း ကြိုးစားတယ်။ ပင်ပန်းတယ်ဆိုပြီး ညည်းညူတာမျိုးလည်း မရှိဘူး။ ဒီ မွေးရာပါ ဝိညာဉ်အလောင်းသာ ငါ့ရဲ့ အရင်ဘဝက ကမ္ဘာမှာရှိရင်တော့ ထိပ်တန်း အလုပ်သမားတစ်ယောက် ဖြစ်မှာပဲ။ တကယ်လို့သာ လူတိုင်း ဒါကို သုံးနိုင်ရင်တော့ လက်လုပ်လက်စား အလုပ်သမားတွေအားလုံး အလုပ်ပြုတ်ကုန်ကြမှာပဲ”

“ဒါပေမဲ့ ဒီဘဝမှာလည်း အဲ့ဒါထက် မနိမ့်ပါဘူး။ လယ်ယာလုပ်ငန်းမှာလည်း ကူညီပေးတယ်။ ထူးကဲယင်ကျင့်စဉ်ကျင့်ကြံရာမှာလည်း အထောက်အကူပြုတယ်။ တိုက်ပွဲဖြစ်ရင်လည်း သူ့သခင်ရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်ပေးတယ်...”

အလောင်းထိန်းချုပ်ခြင်းဂိုဏ်းကို တည်ထောင်သူမှာ တကယ့်ပါရမီရှင်တစ်ဦးဖြစ်ကြောင်း လုံယီ ဝန်ခံရပေလိမ့်မည်။

ထို့နောက် သူသည် စိုက်ခင်းဆီသို့ အကြည့်လွှဲလိုက်ပြီး စိတ်ကိုစုစည်းကာ ထူးကဲယင်ကျင့်စဉ်ကို တိတ်ဆိတ်စွာ ကျင့်ကြံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်များဖြင့် ကျွမ်းကျင်စွာ လက်ကွက်ဗျူဟာများကို ဖော်ဆောင်ကာ ဂါထာမန္တန်များကို တိုးတိုးလေး ရွတ်ဆို လိုက်သည်။

သူ၏ ယင်သွေးကြောထဲတွင် သိုလှောင်ထားသော ဝိညာဉ်စွမ်းအားများမှာ စုပ်ထုတ်စက်ဖြင့် စုပ်ထုတ်လိုက်သကဲ့သို့ ထွက်ပေါ်လာပြီး လက်ချောင်းထိပ်များဆီသို့ စီးဆင်းသွားကာ အသုံးပြုတော့မည့် မှော်အတတ်နှင့်အတူ ချောမွေ့စွာ ပျံ့လွင့်သွားတော့သည်။

“မိုးခေါ်အတတ်”

ရှေးဦးစွာ လန်းဆန်းသော လေပြေတစ်ချက်က ဝေ့ဝဲကာ တိုက်ခတ်သွားသည်။

ထို့နောက် စိုက်ခင်း၏အထက်တွင် ဖြူဖျော့သော တိမ်တိုက်တစ်ခု ပေါ်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတိမ်တိုက်သည် နူးညံ့သော မိုးဖွဲများအဖြစ် ပြောင်းလဲကာ ရွာသွန်းဖြိုးလာတော့သည်။ လေတိုက်နှုန်းကြောင့် လွင့်စင်လာသော မိုးရေစက်အချို့မှာ လုံယီ၏မျက်နှာပေါ်သို့ ကျရောက်လာရာ အေးမြသွားပြီး ထူးဆန်းသည်မှာ ထိုမိုးရေစက်များ၌ ချိုမြိန်သော အရသာအငွေ့အသက် အနည်းငယ် ပါဝင်နေခြင်းပင်။

ဒီမိုးခေါ်အတတ်ကရတဲ့ မိုးရေထဲမှာ ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ ဝိညာဉ်စွမ်းအားတွေ ပါနေတာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေက မိုးရေနဲ့အတူ ရောနှောသွားတာလား...

လုံယီက ခန့်မှန်းမိလိုက်သည်။

သူသည် သူ့ရှေ့ရှိ ဝိညာဉ်စိုက်ခင်းကို ကြည့်ရှုလိုက်ရာ ဝိညာဉ်ဆန်နှံများမှာ အောင်မြင်ဖြစ်ထွန်းနေပြီး ဆန်စေ့တစ်စေ့ချင်းစီမှာ ကလေးငယ်တစ်ဦး၏ သွားကလေးများနှင့်ပင် တူညီနေသည်။ ၎င်းမှာ စိုက်ပျိုးပြီး တစ်လကျော်ကာလအတွင်း ရရှိလာသော ရလဒ်ပင်။

မဆိုးဘူး... တကယ်ကို မဆိုးဘူး။ အနည်းဆုံးတော့ ဒီတစ်ခေါက် သုံးလပတ် အရည်အချင်းစစ်ဆေးမှုမှာ ငါ နောက်ကျကျန်ရစ်ခဲ့မှာ မဟုတ်တော့ဘူး။

နောက်ထပ် ဆယ်ရက်အကြာတွင် လုံယီသည် ဂိုဏ်းအတွင်းသို့ ရောက်ရှိသည်မှာ သုံးလပြည့်မြောက်တော့မည် ဖြစ်သည်။ ထိုကာလအတွင်း ဝင်ရောက်လာသော ပြင်ပစည်းတပည့်များအားလုံးသည် စုပေါင်း၍ အလုံးစုံ အရည်အချင်းစစ်ဆေးမှုကို ခံယူကြရမည် ဖြစ်သည်။ အဆင့်နိမ့်ကျသူများအတွက် အပြစ်ပေးခြင်းမျိုး မရှိသော်လည်း ထိပ်ဆုံး၌ ရှိသူများမှာမူ တန်ဖိုးရှိသော ဆုလာဘ်များကို ရရှိကြမည် ဖြစ်သည်။

အတိတ်ဘဝက ပျင်းရိခဲ့သော လုံယီတစ်ယောက် ယခုဘဝတွင်မူ အထောက်အကူပြုစွမ်းအားရှိနေခြင်းကြောင့် ထူးချွန်သော တပည့်တစ်ဦးဖြစ်လာရန် မျှော်လင့်နေမိသည်။ လယ်ယာအလုပ်များနှင့် ပိုးမွှားနှိမ်နင်းရေးများ ပြီးဆုံးပြီးနောက် လုံယီသည် လုံအာကို ခေါ်ဆောင်ကာ ဝူကျိုနယ်မြေမှ တပည့်တောင်ထိပ်ဆီသို့ ပြန်လာခဲ့သည်။

လမ်းခုလတ်သို့ ရောက်ရှိသောအခါ...

ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်၌ ပြင်းထန်သော လေများ ဝှေ့ယမ်းတိုက်ခတ်လာပြီး အပူချိန်မှာလည်း သိသိသာသာ ထိုးကျသွားခဲ့သည်။ လုံယီသည် လှုပ်ခတ်မှု ဖြစ်ပေါ်ရာဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်မိသည်။ အဝေးတစ်နေရာရှိ မိုးထိအောင် မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် ဝိညာဉ်စွမ်းအားများ စုစည်းနေသော အရောင်မှိန်မှိန် ရေဝဲကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နေရသည်။ ထိုရေဝဲကြီးသည် သက်တံရောင်ကဲ့သို့ လင်းလက်ကာ တောက်ပနေပြီး တောင်ပေါ်ရှိ ကြီးမားသော ဟင်းလင်းပြင်ကြီးတစ်ခုအတွင်းသို့ တစ်ရှိန်ထိုး စီးဝင်နေတော့သည်။

“ဟားဟားဟားဟားဟား”

ရှူထုတ်သံ အကြိမ်အနည်းငယ်အကြာတွင် ဟိန်းဟောက်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဂိုဏ်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

“ချီပင်လယ် လှိုင်းထန်ကာ ဝိညာဉ်မိုးဖြိုးဖျန်း၊ တာအိုအားအခြေတည်၍ သက်တံရောင်ခြည် လင်းလက်ပေပြီ။ တစ်နေ့သောအခါ သာမန်ရုပ်ခန္ဓာကို စွန့်ခွာ၍၊ ဤအချိန်မှစကာ မသေမျိုးလမ်းစဉ်ထက်၌ တိမ်လွှာသဲပြင်ကို နင်းလျှောက်တော့အံ့”

ထိုကဗျာကို ရွတ်ဆိုနေသော အသံမှာ ကြည်လင်ပြတ်သားသော အမျိုးသားအသံဖြစ်ပြီး ဖော်ပြမတတ်အောင် လွတ်လပ်ပေါ့ပါး၍ ကြည်နူးဝမ်းမြောက်ဖွယ် အသံနေအထားမျိုး ဖြစ်သည်။

ထိုသို့သော ဆူညံလှုပ်ခတ်မှုမှာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းတစ်ခုလုံး၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွားခဲ့သည်။ ဤအချိန်၌ လမ်းခုလတ်ရှိ လုံယီကဲ့သို့သော တပည့်များဖြစ်စေ၊ လိုဏ်ဂူများအတွင်း ကျင့်ကြံနေသူများဖြစ်စေ...

အားလုံးသည် သူတို့၏ လုပ်ဆောင်ချက်များကို ခေတ္တရပ်နားကာ အဝေးရှိ မြင့်မားသော တောင်ထိပ်ဆီသို့ အားကျကာ မနာလိုမှု အပြည့်ဖြင့် ငေးမောကြည့်ရှုနေကြတော့သည်။

“ဟိုတောင်က ဝမ်တောက်တောင်ထိပ်ပဲ။ စီနီယာအစ်ကိုတစ်ယောက် အခြေခံတည်ဆောက်

ခြင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ”

“အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီဆိုရင် အသက်တမ်းက နှစ်ပေါင်း သုံးရာအထိ ရှည်ကြာသွားပြီ။ လူသားတွေကြားမှာတော့ သက်ရှိနတ်မင်းကြီး ဖြစ်သွားသလို ချီကျင့်ကြံသူတွေကြားမှာလည်း အားလုံးက လေးစားရတဲ့ ကျင့်ကြံသူကြီး ဖြစ်သွားပြီပေါ့”

“အသံကို နားထောင်ရသလောက်တော့ လူငယ်စီနီယာတစ်ယောက်ပဲ ဖြစ်ရမယ်။ နောင်တစ်ချိန်မှာ ဂိုဏ်းချုပ်ဖြစ်လာမယ့်သူလည်း ဖြစ်နိုင်သလို အရင်းအမြစ်တွေလည်း အများကြီး ရရှိတော့မှာ။ တကယ့်ကို တစ်ဟုန်ထိုး တိုးတက်သွားတာပဲ”

ရှုး... ရှုး... ရှုး

ကောင်းကင်ထက်ရှိ မြင်ကွင်းမှာလည်း အလွန်ပင် စည်ကားနေတော့သည်။ ပျံသန်းနိုင်သော မှော်လက်နက် အမျိုးမျိုးမှာ ကောင်းကင်အလယ်တွင် ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်၌ ဝိညာဉ်စွမ်းအား လှိုင်းများကို ဂယက်ထစေကာ အလင်းတန်းများမှာ အရပ်မျက်နှာအနှံ့ ဝေဖြာနေသည်။

အကြီးအကဲအချို့မှာ အပြာရောင်ရှိသော မြက်ဖျာစုတ်များပေါ်တွင် ရပ်လျက် ဝေ့ဝဲကာ ပျံသန်းနေကြသည်။ နှေးကွေးပုံရသော်လည်း အမှန်တကယ်တွင်မူ အလွန်လျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။

အမျိုးသမီးကျင့်ကြံသူ တစ်ဦးမှာမူ အချင်း လေးငါးကိုက်ခန့်ရှိသော ကြီးမားလှသည့် ဆေးဖိုကြီးပေါ်တွင် ထိုင်နေသည်။ ထိုဆေးဖိုကြီးမှာ ရွှေနီရောင် တောက်ပနေပြီး နဂါးနှင့် ဖီးနစ်ငှက်ကဲ့သို့သော နတ်ဘုရားသတ္တဝါများ၏ ပုံရိပ်များကို သက်ဝင်လှုပ်ရှားစွာ ထွင်းထုထားသည်။ ဆေးဖိုအောက်တွင် ပြင်းထန်သော မီးတောက်များ လောင်မြိုက်နေပုံရပြီး ပူပြင်းလှသော အပူရှိန်ကို အဝေးမှပင် ခံစားသိရှိနိုင်သည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာမူ သူ၏ခြေထောက်ထက် အနည်းငယ်မျှသာ ပိုကြီးသော ပေသီးတွက်ခုံပေါ်တွင် နင်းလျက် ပျံသန်းနေသည်။

တစ်ခဏချင်းတွင် ပြုတ်ကျသွားမလားဟု စိုးရိမ်ရလောက်အောင်ပင် သူ၏နောက်ကွယ်၌ ထင်ရှားသော အနက်ရောင် အခိုးအငွေ့တန်း နှစ်ခု ချန်ရစ်ခဲ့သည်။ အခြားတစ်ဦးမှာမူ မည်သူမည်ဝါမှန်း ခွဲခြားမရနိုင်သော သက်တံရောင် လူသားပုံသဏ္ဌာန် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားတော့သည်။

အလောင်းထိန်းချုပ်ခြင်းဂိုဏ်းအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူကြီးတစ်ဦး အသစ်ပေါ်ထွက်လာခြင်းမှာ ကြီးကျယ်သော ဖြစ်ရပ်တစ်ခုဖြစ်ပြီး အမှန်တကယ်ပင် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ အခါသမယဖြစ်ရာ ကာလရှည်ကြာစွာ အောင်းအောင်းနေထိုင်ခဲ့ကြသော အကြီးအကဲများကိုပင် လှုပ်ခတ်သွားစေခဲ့သည်။

မကြာမီမှာပင် ဂိုဏ်းတော်မှ အခြေခံတည်ဆောက်ခြင်းအဆင့်သစ် ပေါ်ထွန်းလာမှုကို ဂုဏ်ပြုသောအားဖြင့် တပည့်အားလုံးကို တစ်ရက် အနားပေးကြောင်း ကြေညာခဲ့သည်။ လက်တွေ့တွင်မူ ဤကြေညာချက်မှာ ထူးခြားမှု သိပ်မရှိလှပေ။ ကျင့်ကြံရန် လိုအပ်သူများမှာ ဆက်လက်ကျင့်ကြံနေကြပြီး တာဝန်ရှိသူများမှာလည်း သူတို့၏ အလုပ်များကို အပြီးသတ်ရဦးမည်သာ ဖြစ်သည်။ သို့သော် ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်၏ အဆင့်အတန်းမှာ ချီသန့်စင်ခြင်းအဆင့်နှင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားကြောင်း ထင်ရှားလှသည်။

တပည့်တောင်ထိပ်ရှိ တပည့်သစ်များမှာလည်း စိတ်လှုပ်ရှားနေကြပြီး ထိုဂုဏ်သတင်းကို ဝေမျှနေကြသည်။

“အခြေခံတည်ဆောက်ခြင်းအဆင့် အဲ့ဒီအဆင့်ကို ရောက်ပြီဆိုတာနဲ့ သူ့ရဲ့ မိသားစုက ဒေသတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီပေါ့”

စိုက်ခင်းများ ပြန်လည်ရယူစဉ်က စောင့်ရှောက်သူကို လာဘ်ထိုးခဲ့သည့် မျက်နှာဝိုင်းဝိုင်းနှင့် ဝတုတ်တုတ်ကောင်လေးက အားကျတကြီး ရေရွတ်လိုက်သည်။

“ဒေသတစ်ခုကို လွှမ်းမိုးနိုင်တာက ဘာမှမဟုတ်သေးဘူး။ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူကြီးတစ်ယောက်ဆိုတာ ငါတို့ဂိုဏ်းမှာ အနည်းဆုံး အကြီးအကဲတစ်ယောက်ပဲ။ နောင်မှာ သူက သူ့မိသားစုဝင်တွေကို ဆက်ပြီး ထောက်ပံ့ပေးနိုင်မှာဆိုတော့ မိသားစုရဲ့ နှစ်

ပေါင်းရာချီ သာယာဝပြောဖို့ဆိုတာ ပြဿနာမဟုတ်တော့ဘူး”

ဝမ်ဝမ်ပိုင်က နှာခေါင်းရှုံ့လျက် ပြန်တုံ့ပြန်လိုက်သည်။

ထိုဝတုတ်တုတ်ကောင်လေးမှာ ဝမ်ဝမ်ပိုင်၏ စကားကို စိတ်မဆိုးဘဲ ဆက်ပြောသည်။

“ဟေး... အခြေခံတည်ဆောက်ခြင်းအဆင့်ကတောင် ဒီလောက်ဆိုရင် ရွှေရောင်ဝိညာဉအမြုတေအဆင့်ကို ရောက်ရင် ဘယ်လိုနေမလဲ”

“ရွှေရောင်ဝိညာဉ်အမြုတေ အရှင်သခင်အဆင့်ကိုတော့ စိတ်တောင်မကူးနဲ့ဦး။ ငါကြားဖူးတာကတော့ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှာ နောက်ဆုံး ရွှေရောင်ဝိညာဉ်အမြုတေ အရှင်သခင် ပေါ်ထွက်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ရာကပဲ။ အခုလောလောဆယ်မှာတော့ ဂိုဏ်းချုပ်

ဖြစ်တဲ့ အလောင်းသုံးကောင် တာအိုဆရာတစ်ယောက်ပဲ အဲ့ဒီအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိတော့တာ” ဟု ရုံရွှယ်ကျန့်က ခေါင်းခါရင်း ပြောလိုက်သည်။

ရွှေရောင်ဝိညာဉ်အမြုတေ အရှင်သခင် တစ်ဦးစီသည် ဂိုဏ်း၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားနှင့် အကြီးမားဆုံးသော အခြေခံအုတ်မြစ်ကို ကိုယ်စားပြုသည်။

“ရွှေရောင်ဝိညာဉ်အမြုတေ အဆင့်ကို ရောက်ရင် အသက်ရှစ်ရာအထိ နေရမှာ။ တိုင်းနိုင်ငံတွေ တစ်ခုပြီးတစ်ခု ပျက်သုဉ်းသွားတာကိုတောင် ဘာမှမဖြစ်သလို ကြည့်နေနိုင်မှာပဲ”

အမြဲတမ်း အေးစက်နေတတ်သော ယို့ချင်းယီပင်လျှင် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။

ထိုစကားကို ကြားသောအခါ အားလုံး၏ မျက်နှာတွင် တောင့်တမှုများ ပေါ်ထွက်လာတော့သည်။ လုံယီမှာမူ တိတ်ဆိတ်နေသော်လည်း သူ၏ စိုးရိမ်ပူပန်မှုမှာ အခြားသူများနှင့် ကွဲပြားနေသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်က တကယ်ကို ကြောက်စရာကောင်းတာပဲ။ ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် သူတို့သာ ငါ့ကို ပစ်မှတ်ထားလာရင် ငါ့မှာ ပြန်တိုက်ဖို့ အခွင့်အရေး မရှိသလို ထွက်ပြေးဖို့တောင် ခဲယဉ်းလိမ့်မယ်။

မြစ်ကြီးတွေ ဒါမှမဟုတ် အိုင်ကြီးတွေလိုမျိုး ထူးခြားတဲ့ မြေပြင်အနေအထားမျိုးနဲ့ မကြုံရင်တော့ပေါ့။ ဒါပေမဲ့ သူတို့ရဲ့ ပထမဆုံး တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့နဲ့ အသက်ရှင်ဖို့ လိုလိမ့်

မယ်။ ငါ့မှာရှိတဲ့ မီးဒဏ်ခံနိုင်ခြင်းနဲ့ လေငြိမ်သက်စေခြင်းပါရမီတွေကြောင့် မီးဓာတ်နဲ့ လေဓာတ် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေကို ရင်ဆိုင်ရရင်တော့ အသက်ရှင်ဖို့ အခွင့်အရေး အနည်းငယ် ပိုများနိုင်မှာပေါ့...

လုံယီသည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူကြီးများကို သူ၏ အနာဂတ် ရန်သူများအဖြစ် သတ်မှတ်ကာ သူတို့နှင့် ရင်ဆိုင်ရပါက မည်သို့ တုံ့ပြန်ရမည်ကို စိတ်ကူးဖြင့် လေ့ကျင့်နေတော့သည်။ လက်ရှိတွင် သူသည် ချီသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်ကောင်း ယှဉ်ပြိုင်နိုင်လိမ့်မည်။ သို့သော် အခြေခံတည်ဆောက်ခြင်းနှင့် ချီသန့်စင်ခြင်း အဆင့်ကြားတွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားသော ကွာဟချက် ရှိနေဆဲပင်။

ဆက်ပြီးတော့ လေ့ကျင့်ရဦးမယ်။ ကိုယ်ခံပညာကျင့်စဉ်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်

လိုက်ရင် ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာမလားဆိုတာ ကြည့်ရမှာပဲ။

လုံယီက ဆင်ခြင်သုံးသပ်နေတော့သည်။

၂၉၄

နွေဦးသစ်တပည့်များအတွက် သတ်မှတ်ထားသော သုံးလတာကာလက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ပြီဖြစ်သည်။

နံနက်စောစောအချိန် တပည့်တောင်ထိပ်၏ တောင်ခြေရင်းတွင် အလွန်ပင် ဆူညံလှုပ်ခတ်နေတော့သည်။

“ကျွန်တော့်ကို နောက်ထပ် ရက်အနည်းငယ်လောက်ပဲ အချိန်ပေးပါဦး။ ချီအာရုံခံစားမှုကို မုချရရှိအောင် ကျင့်ကြံပါ့မယ်။ နောက်ထပ် နှစ်ရက်လောက်ပါပဲ တောင်းပန်ပါတယ်ခင်ဗျာ”

“ဒါက မတရားဘူး။ ကျွန်တော်တို့အားလုံးက ဝိညာဉ်စွမ်းအား မလုံလောက်တဲ့ တောင်ခြေမှာ နေခဲ့ရတာ။ တချို့ကျတော့လည်း တောင်ခါးပန်းနဲ့ တောင်ထိပ်မှာ နေခွင့်ရကြတယ်။ ဒါက မမျှတဘူး ကျွန်တော် လက်မခံနိုင်ဘူး”

“ကျွန်တော် ဒီအတိုင်းသာ အိမ်ပြန်သွားရင် အဖေက ကျွန်တော့်ကို ရိုက်သတ်လိမ့်မယ်။ စီနီယာအစ်ကိုကြီးကျွမ်း... ကျွန်တော့်အသက်ကို ချမ်းသာပေးလို့ မရဘူးလားဟင်”

အသက် ၂၀ အောက် လူငယ်တစ်ဆယ်ခန့်ရှိပြီး အချို့က အသနားခံနေကြကာ အချို့ကမူ မျက်နှာပျက်ပျက်ဖြင့် တိတ်ဆိတ်နေကြကာ အချို့မှာမူ မြေပြင်ပေါ်တွင် လူးလိမ့်ကာ အော်ဟစ်ငိုယိုနေကြတော့သည်။

သူတို့၏ ရှေ့တွင်မူ နက်ပြာရောင် ဝတ်စုံဝတ်ထားသော အသားမရှိသလောက် ပိန်လှီကာ ဖြူဖျော့ထိတ်လန့်ဖွယ်ကောင်းသော မျက်နှာထားနှင့် အဘိုးအိုတစ်ဦး ရပ်နေသည်။ ထိုအဘိုးအို၏ နောက်ကွယ်တွင်မူ ခေါင်း၌ အနီရောင် ပတ်တီးများ စည်းထားကာ သန်မာထွားကြိုင်း၍ ချီနှင့် သွေးစွမ်းအား ပြည့်ဝနေသော လူသန်ကြီးများ တန်းစီရပ်နေကြပြီး အားလုံး၏ မျက်နှာတွင် ဂရုမစိုက်သည့် အမူအရာများသာ ရှိနေကြသည်။

စီနီယာအစ်ကိုကြီးကျွမ်းဟု ခေါ်ဝေါ်ကြသော ထိုအဘိုးအိုသည် ဤသနားစဖွယ် မြင်ကွင်းကို မြင်တွေ့ရသော်လည်း တုန်လှုပ်ခြင်းမရှိဘဲ အေးစက်စွာ ပြောလိုက်သည်။

“နိုင်ငံမှာ ဥပဒေရှိသလို ဂိုဏ်းမှာလည်း စည်းကမ်းရှိတယ်။ မင်းတို့ကို ရက်ပေါင်း ကိုးဆယ်

တိတိ အချိန်ပေးခဲ့ပြီးပြီ။ မင်းတို့ဘက်က အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့တာ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး”

“ဒီနေ့မှာတော့ မင်းတို့ တောင်ပေါ်ကနေ မဖြစ်မနေ ဆင်းကြရမယ်”

“ငါ မင်းတို့ကို ဂရုမစိုက်ဘူးလို့တော့ မပြောနဲ့ဦး။ ဒီစစ်သည်တော်တွေကို ဥပဒေထိန်းသိမ်းရေးခန်းမကနေ မင်းတို့ရဲ့ အိတ်တွေကို သယ်ပေးဖို့ ငါ အပင်ပန်းခံပြီး တောင်းဆိုပေးထားတာ။ အဲ့ဒီလိုသာ မဟုတ်ရင် တပည့်တောင်ထိပ်ကနေ ဂိုဏ်းအပြင်ဘက်ရောက်အောင် မင်းတို့ ပစ္စည်းတွေကို ကိုယ်တိုင်သယ်ရင်းနဲ့တင် မောသေသွားကြလိမ့်မယ်”

“စီနီယာအစ်ကိုကြီးဝေ... ကျွန်တော်တို့အတွက် အသနားခံပေးပါဦး”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

သူတို့၏ ဘေးတွင်မူ ဤတပည့်သစ်များ၏ လမ်းညွှန်ဖြစ်သူ ဝေကျန်းရပ်နေသော်လည်း သူ၏ မျက်နှာအမူအရာမှာ မကောင်းလှဘဲ နှုတ်ကို တင်းတင်းစိလျက် စကားတစ်လုံးမျှ မဟပေ။ ပြင်းထန်လှသော ဂိုဏ်းစည်းကမ်းများရှေ့တွင် သာမန်တပည့်တစ်ဦးဖြစ်သော သူသည် ဘာမျှ တတ်နိုင်စွမ်း မရှိချေ။

သူတို့သည် တစ်နေ့တာ၏ ထက်ဝက်ခန့်အထိ တွန့်ဆုတ်နေခဲ့ကြသည်။ ချီအာရုံခံစားမှုကို မရရှိခဲ့သူများသည် နောက်ဆုံးတွင် သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ပုံပင်။ သူတို့သည် အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ ပြင်ပစည်းတပည့် ဝတ်စုံများကို ချွတ်လိုက်ကြပြီး မူလက ပါလာခဲ့သော အဝတ်အစားများကို ပြန်လည်လဲလှယ်ကာ ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။

“အစ်ကိုဝမ်... လမ်းခရီးမှာ ဂရုစိုက်ပါဦး”

“သခင်လေးမာ... စိတ်ကို လျှော့ထားပါဗျာ။ ကျွန်တော် ပညာစုံလို့ ပြန်လာတဲ့အခါ ကျိန်းသေပေါက် အတူတူ သောက်စားမူးယစ်ပြီး ပျော်ပါးကြတာပေါ့”

“အင်း... အစ်ကိုလျူ ကျွန်တော့်အတွက်တော့ ဒီဘဝမှာ မျှော်လင့်ချက် မရှိတော့ပါဘူး။ အစ်ကို့ရဲ့ မသေမျိုးအတတ်တွေ အောင်မြင်မယ့်အချိန်ကိုပဲ စောင့်နေပါ့မယ်။ အဲ့ဒီအခါကျရင် ကျွန်တော့်ရဲ့ နောင်လာနောက်သားတွေကို စောင့်ရှောက်ပေးနိုင်မလားပေါ့ ဟားဟား”

ဤရှုံးနိမ့်ခဲ့သူများသည် ပြင်ပစည်းတွင် ဆက်လက်နေထိုင်ခွင့် မရှိတော့သော်လည်း အတူတကွ ကုန်ဆုံးခဲ့သည့် အချိန်ကာလအတွင်း တစ်ဦးနှင့်တစ်ဦး အနည်းနှင့်အများဆိုသလို သံယောဇဉ်ဖြစ်ကာ မိတ်ဆွေဖွဲ့ခဲ့ကြသည်။ မိတ်ဆွေအပေါင်းအသင်းများက လာရောက်နှုတ်ဆက်ကြပြီး အားပေးစကားများနှင့်အတူ ရိုးသားဖြူစင်သော ဆုတောင်းမေတ္တာများကို ပေးသနားခဲ့ကြသည်။

သို့သော် ချွင်းချက်အနေဖြင့် လူတစ်ယောက်သာ ကျန်ရှိနေခဲ့သည်။

စူးယွီသည် ထောင့်တစ်နေရာတွင် တစ်ကိုယ်တည်းရပ်နေပြီး ချစ်ခင်ရသူတစ်ဦးကို ဆုံးရှုံးလိုက်ရသကဲ့သို့ ပူဆွေးသောကရောက်နေရှာသည်။ ကျင်းမြို့တော် မသေမျိုးရှာဖွေရေးခန်းမမှ အတူလာခဲ့သည့် သိကျွမ်းသူများအပါအဝင် မည်သူကမျှ သူ့ကို စကားမပြောလိုကြပေ။ သူ၏ရင်ထဲတွင် နက်ရှိုင်းသော ရှုံးနိမ့်မှုဝေဒနာ ခံစားနေရပြီး ထိုမှတစ်ဆင့် ပြင်းထန်သော အာဃာတတရားများအဖြစ် ပြောင်းလဲသွားတော့သည်။

“ငါ့ကို တောင်ပေါ်ကနေ နှင်ချတယ်။ လူကို အကဲဖြတ်မှားတဲ့ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း... မင်းတို့ တစ်နေ့ နောင်တရစေရမယ်”

လုံယီ... ဒါတွေအားလုံးက သူ့ကြောင့်ပဲ။ သူသာ ကူညီချင်စိတ်ရှိရင် ငါ ဒီလိုအခြေအနေမျိုး ရောက်ပါ့မလား။

သူ့ရဲ့လိုဏ်ဂူကို ရက်အနည်းငယ်လောက် ပေးသုံးရတာ သူု့အတွက် ဘာအရေးလဲ။ သူ့အတွက်က အသေးအဖွဲလေးဖြစ်ပေမဲ့ ငါ့အတွက်ကတော့ တစ်ဘဝလုံးနဲ့ဆိုင်တဲ့ ကိစ္စပဲဟာကို….

စူးယွီသည် အမုန်းတရားများ ပြည့်နှက်နေသော အကြည့်ဖြင့် တောင်ထိပ်ဆီသို့ လှည့်ကြည့်လိုက်သည်။ သို့သော် သူ မမြင်လိုက်ရသည်မှာ တောင်ထိပ်ပေါ်တွင် ပုံရိပ်တစ်ခုရှိနေပြီး ထိုပုံရိပ်ကလည်း သူ့ကို ပြန်လည်ကြည့်ရှုနေခြင်းပင်။

လုံယီ၏ အမြင်အာရုံမှာ သာမန်လူများထက် များစွာသာလွန်သဖြင့် တောင်ခြေတွင် ဖြစ်ပျက်သမျှကို အထင်းသား မြင်တွေ့နေရသည်။ စူးယွီ၏ မျက်နှာအမူအရာကိုပင် အသေးစိတ် မြင်နိုင်စွမ်းရှိသည်။ သို့သော် သူ၏ စိတ်နှလုံးမှာမူ တုန်လှုပ်ခြင်း မရှိပေ။

အကယ်၍ တစ်ဖက်လူသာ ပြုမူနေထိုင်တတ်ပြီး ကျေးဇူးတရားကို အနည်းငယ်မျှ သိတတ်

မည်ဆိုလျှင် လုံယီအနေဖြင့် အတိတ်က စေတနာအချို့ကို ထောက်ထားပြီး လာရောက်နှုတ်ဆက်မိကောင်း နှုတ်ဆက်မိပေလိမ့်မည်။ သို့သော် ကံဆိုးစွာပင် မြွေကိုက်ခံရဖူးသော လယ်သမားတစ်ဦးသည် ထိုမြွေကို ဒုတိယအကြိမ် အခွင့်အရေး ပေးတော့မည် မဟုတ်ချေ။

မသေမျိုးလမ်းစဉ်သည် အလွန်ပင် ဘေးအန္တရာယ်များလှရာ စူးယွီကဲ့သို့သောသူမျိုးသည် သာမန်လူသားတို့၏လောကသို့သာ ပြန်သွားသင့်သည်။ သို့မဟုတ်ပါက သူ၏ စိတ်နေစိတ်ထားဖြင့် တစ်နေ့တွင် မည်သည့်ခြေရာလက်ရာမျှမကျန်ဘဲ အသက်ပျောက်သွားနိုင်သည်မှာ ပြောရန်ပင် ခက်ခဲလှသည်။

တောင်ပေါ်ရှိ အခြားသော တပည့်သစ်များသည်လည်း ရှုံးနိမ့်သူတစ်စု ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း သူတို့၏ရင်ထဲတွင် စိတ်မသက်မသာဖြစ်မှုလှိုင်းကလေးများ ရိုက်ခတ်သွားကြသည်။ မသေမျိုးလမ်းစဉ်သည် ရက်စက်ကြမ်းကြုတ်သည်။ သူတို့သည် ဂိုဏ်းမှ နှင်ထုတ်ခြင်းမခံရသေးသော်လည်း အကယ်၍ ဆက်လက်တိုးတက်အောင် မစွမ်းဆောင်နိုင်ပါက အဆုံးသတ်တွင် အလားတူကံကြမ္မာမျိုးနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။

...

စူးယွီနှင့် ရှုံးနိမ့်သူတစ်စုသည် စစ်သည်တော်များ၏ အထုပ်အပိုးကူညီသယ်ဆောင်မှုဖြင့် မကြာမီမှာပင် အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ တောင်တန်းကြီးများအပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဟောင်းနွမ်းဆွေးမြည့်နေသော မြင်းလှည်းအချို့က တိတ်ဆိတ်စွာ ရပ်နားထားကြသည်။ နွမ်းပါးလှသော လှည်းမောင်းသမားများသည် ပျင်းရိငြီးငွေ့စွာဖြင့် သမ်းဝေနေကြပြီး နှာခေါင်းနှိုက်နေကြသည်။

“ကျင်းမြို့တော်ကို သွားမှာလား”

စူးယွီက ရှေ့သို့တိုးကာ မေးမြန်းလိုက်သည်။

လှည်းမောင်းသမားသည် သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီး စူးယွီ၏ ကြမ်းတမ်းသော အဝတ်အစားများကို မြင်သောအခါ နှာခေါင်းရှုံ့သည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။

“သွားမှာပါ ဒါပေမဲ့ ငွေကြေးကတော့ နည်းနည်းများလိမ့်မယ်။ မင်း ပေးနိုင်ပါ့မလား”

“လူကို အထင်မသေးနဲ့”

စူးယွီက ဒေါသထွက်သွားသည်။

“မင်းလို အသိဉာဏ်မရှိတဲ့ လှည်းမောင်းသမားက ငါ ငွေမပေးနိုင်ဘူးလို့ ဘယ်လိုလုပ် သိနိုင်မှာလဲ”

“အို... မင်းက သိပ်သိတာပဲပေါ့”

သတ်လတ်ပိုင်းအရွယ် လှည်းမောင်းသမားက လှောင်ပြောင်လိုက်သည်။

“ငါတို့လှည်းက ပုံမှန်ဆိုရင် အနီးဆုံးဖြစ်တဲ့ ဟယ်မြို့တော်ကိုပဲ သွားတာ။ တစ်ခေါက်ကို ငွေတုံး သုံးဆယ်ကျတယ်။ မင်းက ကျင်းမြို့တော်အထိ တိုက်ရိုက်သွားချင်ရင် နောက်ထပ် မြို့သုံးမြို့ကို ဖြတ်ရဦးမယ်။ ဈေးနှုန်းကို မင်းဘာသာမင်း တွက်ကြည့်ပေတော့”

လှည်းမောင်းသမား၏ စကားကို ကြားလိုက်ရသောအခါ စူးယွီ၏ မျက်နှာအမူအရာမှာ မသိမသာ ပျက်ယွင်းသွားတော့သည်။ သူ အမှန်တကယ်ပင် ငွေမပေးနိုင်သည်မှာ ထင်ရှားနေသည်။

“သူသာ တကယ်သိတတ်မယ်ဆိုရင် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းကနေ နှင်ထုတ်ခံရပါ့မလားဗျာ”

အခြားလှည်းမောင်းသမားတစ်ဦးက ဝင်ရောက်လှောင်ပြောင်လိုက်သည်။

လှည်းမောင်းသမားများအားလုံးက ဝိုင်းဝန်းရယ်မောလိုက်ကြသဖြင့် စူးယွီ၏ မျက်နှာမှာ ပို၍ပင် မည်းသွားတော့သည်။ ထိုအချိန်တွင် အပြာရောင် ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ရှေ့သို့လှမ်းလာပြီး စူးယွီအတွက် အခြေအနေကို ဝင်ရောက်ဖြေရှင်းပေးလိုက်သည်။

“မင်းတို့အားလုံး စီးပွားရေးလုပ်ချင်ကြတာ မဟုတ်ဘူးလား ငါတို့က စိတ်ဓာတ်ကျနေရတဲ့ကြားထဲ ဘာအတင်းအဖျင်းမှ မကြားချင်ဘူး”

“ကျွန်တော်တို့ အဆင်မပြေဖြစ်နေချိန်မှာ ခင်ဗျားတို့က ထပ်ပြီး နှိပ်ကွပ်နေဦးမယ်ဆိုရင်တော့ ခင်ဗျားတို့မြင်းလှည်းတွေကို စီးမယ့်အစား ဒီထက်ပိုကြာအောင် စောင့်ရရင်တောင် စောင့်လိုက်ပါ့မယ်”

ထိုလူငယ်သည် ဂိုဏ်းထဲသို့ မဝင်ရောက်မီက ဝတ်ဆင်ခဲ့သော ပိုးထည်ဝတ်စုံကို ပြန်လည်

လဲလှယ်ဝတ်ဆင်ထားပြီး သူ၏ဆံပင်ထုံးတွင်လည်း ကျောက်စိမ်းဆံထိုးတစ်ချောင်းကို ဆင်မြန်းထားရာ ကြွယ်ဝသောမိသားစုမှ ဆင်းသက်လာသူပီပီ ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

သူ၏ တင်းမာသော လေသံကို ကြားလိုက်ရသောအခါ လှည်းမောင်းသမားများသည်လည်း ငွေကြေးနှင့် အငြိုးအတေး မထားလိုကြသဖြင့် ချက်ချင်းပင် တောင်းပန်စကား ဆိုကြတော့သည်။

“ဟေး... သခင်လေး စိတ်မဆိုးပါနဲ့ဗျာ။ အဘိုးကြီးနွီက လူကြမ်းကြီးမို့လို့ စကားပြောရင် အဆင်အခြင် မရှိတာပါ”

“ဟုတ်ပါ့ ဟုတ်ပါ့... အဘိုးကြီးနွီ သခင်လေးကို မြန်မြန်တောင်းပန်လိုက်စမ်း”

စူးယွီနှင့် ဦးစွာ စကားများခဲ့သော လှည်းမောင်းသမားသည် မလိုလားသော်လည်း ရှေ့သို့တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တိုးလာကာ စူးယွီကို ဝတ်ကျေတမ်းကျေ တောင်းပန်လိုက်ရသည်။

“ကျွန်တော့်ပါးစပ်က မကောင်းလို့ပါ သခင်လေးရယ် သခင်လေးက စိတ်သဘောထားကြီးပါတယ် ကျွန်တော့်လို လူကြမ်းတစ်ယောက်ရဲ့ စကားကို စိတ်ထဲမထားပါနဲ့ဗျာ”

“ဟွန်း”

စူးယွီက နှာခေါင်းရှုံ့လျက် အေးစက်စွာ တုံ့ပြန်လိုက်သော်လည်း မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး လှည်းမောင်းသမား၏ တောင်းပန်မှုကို လက်မခံလိုသည့် အမူအရာ ပြလိုက်သည်။

လှည်းမောင်းသမား၏ မျက်လုံးထဲတွင် စိတ်ပျက်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ ထိုလူငယ်က ဒီလောက်အထိ ခေါင်းမာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ကဲ... ထားလိုက်ကြပါတော့ ဒီနေ့အတွက် မြင်းလှည်းခအားလုံးကို ကျွန်တော်ပဲ ကျခံပါ့မယ်” အပြာရောင်ဝတ်စုံဝတ် လူငယ်က အခြေအနေကို ဆက်လက်ထိန်းညှိပေးလိုက်သည်။

“သခင်လေးက တကယ့်ကို ရက်ရောတာပဲဗျာ”

လှည်းမောင်းသမားများမှာ အလွန်ပင် ဝမ်းသာသွားကြသည်။

“ကျေးဇူးတင်ပါတယ် သခင်လေးရန်”

“ညီအစ်ကိုရန်... မင်းကတော့ တကယ့်ကို သူရဲကောင်းပီသတာပဲ”

တောင်ပေါ်မှ နှင်ထုတ်ခံရသော အခြားတပည့်ဖော်များကလည်း ကျေးဇူးတင်စကား ပြောကြသည်။ တစ်နေ့လုံး စိတ်မသက်မသာ ဖြစ်နေကြရသော်လည်း ယခုမှပင် အနည်းငယ် စိတ်သက်သာရာ ရသွားကြတော့သည်။

ထိုလူငယ်၏အမည်မှာ ရန်ဖေးဖုန်းဖြစ်ပြီး ချမ်းသာသော ကုန်သည်မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ထိုနေရာရှိ လူအများစုမှာ သူနှင့် စကားပြောဖူးခြင်း သို့မဟုတ် ဆက်ဆံဖူးခြင်း ရှိကြသည်။

“သြော်... ဒါက အသေးအဖွဲကိစ္စပါဗျာ။ ကျွန်တော်တို့ ဒီနေ့ စိတ်ပျက်နေရပေမဲ့ နောင်တစ်ချိန်မှာ ဘယ်လို အခွင့်အရေးမျိုးတွေနဲ့ ထပ်ကြုံရဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ အားလုံး စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံကြပါ”

ရန်ဖေးဖုန်းက အားလုံးကို အားပေးစကား ပြောလိုက်သည်။

“ကျင့်ကြံသူတစ်ယောက်ဖြစ်ရတာ ကောင်းပေမဲ့ အချိန်အတော်ကြာ တစ်ကိုယ်တည်း အထီးကျန်မှုဒဏ်ကို ခံရသလို အဆုံးမရှိတဲ့ တိုက်ပွဲတွေနဲ့လည်း ရင်ဆိုင်ရတာပဲ။ တစ်နေ့မှာ တောတောင်ထဲမှာတင် အသက်ပျောက်သွားမလားဆိုတာ ဘယ်သူသိမှာလဲ။ အိမ်ပြန်ပြီး လှပတဲ့ ဇနီးမယား၊ သားသမီးတွေနဲ့ ပျော်ပျော်ပါးပါး နေထိုင်ရတာလောက် ဘာကများ ယှဉ်နိုင်မှာလဲဗျာ”

ရန်ဖေးဖုန်းက သွားဖြူဖြူလေးများ ပေါ်သည်အထိ အားရပါးရ ရယ်မောလိုက်ရာ သူသည် အလွန်ပင် အကောင်းမြင်တတ်သူဖြစ်ကြောင်း သိသာလှသည်။

“ဟားဟား... ညီအစ်ကိုရန် ပြောတာ မှန်လိုက်လေဗျာ”

“ကျွန်တော့်အိမ်မှာလည်း စိုက်ပျိုးလို့ကောင်းတဲ့ လယ်မြေဧက တစ်ရာလောက် ရှိတာပဲ။ ရွာပြန်ပြီး သူဌေးလုပ်နေတာလည်း မဆိုးပါဘူး။ ဝတုတ်တုတ် သားလေးတွေ မွေးပြီး တစ်နေ့ကျရင် ဂိုဏ်းထဲကို ပြန်ပို့ရတာပေါ့”

အခြားသူများသည်လည်း လူငယ်၏စကားကြောင့် စိတ်သက်သာရာ ရသွားကြပြီး ခေါင်းညိတ်၍ ထောက်ခံကြတော့သည်။ သူတို့၏ စိတ်မကောင်းဖြစ်မှုများမှာလည်း သိသိသာသာ လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။

စူးယွီ၏ မျက်နှာပေါ်တွင်မူ အထင်သေးသော အရိပ်အယောင် အနည်းငယ် ပေါ်လာသော်လည်း သူက ပြန်လည်ငြင်းခုံရန် ပျင်းရိနေပုံပင်။

“ညီအစ်ကိုစူး... ကျွန်တော်နဲ့အတူ မြင်းလှည်းစီးမလား”

ရန်ဖေးဖုန်းက စူးယွီကို တက်ကြွစွာ ဖိတ်ခေါ်လိုက်သဖြင့် စူးယွီမှာ အနည်းငယ် အံ့အားသင့်သွားရသည်။

All Chapters