← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

၂၉၇

အေးမြသော စွမ်းအင်များကို အဆက်မပြတ် ဝါးမြိုနေရင်း လင်းယုန်ငှက်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးထွားလာသည်။ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ ၎င်း၏ အရွယ်အစားမှာ မူလထက် သုံးပုံတစ်ပုံခန့် ပိုမိုကြီးမားလာပြီး အတောင်ပံများမှာလည်း ယခင်ကထက် ပိုမိုတောက်ပ လင်းလက်နေတော့သည်။

ယခင်က ဝေဝါးခဲ့သော အမွှေးအမျှင် ပုံသဏ္ဌာန်များနှင့် ခြေသည်းများပေါ်ရှိ အရေးအကြောင်းများမှာလည်း ယခုအခါ အထင်းသား ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ လုံယီအပေါ် သက်ရောက်မှုရှိလာရာ သူ၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာပြီး စိတ်အာရုံမှာလည်း ပိုမိုထက်မြက်လာကာ အာရုံငါးပါးမှာလည်း သိသိသာသာ စူးရှလာတော့သည်။ မြင့်မားလာသော ဝိညာဉ်အာရုံ၏ လွှမ်းမိုးမှုကြောင့် သူ၏ ခန္ဓာကိုယ်အတွင်း စစ်မှန်သောခွန်အားလည်ပတ်မှုနှုန်းမှာပင် အနည်းငယ် မြန်ဆန်လာခဲ့သည်။

အရင်က ကိုယ်ခံပညာ လေ့ကျင့်တာက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပဲ သန်မာစေတာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု မှော်အတတ်ကို လေ့ကျင့်ကြည့်တော့မှ ဒါက ဝိညာဉ်အာရုံကို မြှင့်တင်ပေးတာပဲ။ အရင်က မိုးခေါ်အတတ်က အဆင့်နိမ့်လွန်းလို့ အကျိုးသက်ရောက်မှုက မသိသာခဲ့တာ ဖြစ်နိုင်တယ်။ ရုပ်ခန္ဓာက စိတ်ဝိညာဉ်ကို ထောက်ပံ့ပေးသလို၊ စိတ်ဝိညာဉ်ကလည်း ရုပ်ခန္ဓာကို ပြန်ပြီး အကျိုးပြုနိုင်တာပဲ။ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုနေတာပဲ။

ကိုယ်ခံပညာရှင်တစ်ယောက်ရဲ့ လမ်းစဉ်မှာ ရှာဖွေစရာတွေက အများကြီး ကျန်နေသေးတာပဲ။

လုံယီသည် သူ လျှောက်လှမ်းရမည့် လမ်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ထိုလမ်းစဉ်မှာ ဝေဝါးနေဆဲဖြစ်ပြီး အနာဂတ်မှာလည်း မသေချာသေးပေ။ သို့သော်လည်း သူ၏ စွမ်းရည်ပြမျက်နှာပြင်ရှိနေသရွေ့ ဤလမ်းစဉ်ကို ပိုမိုသန့်စင်အောင် ပြုလုပ်ပြီး ဆက်လက်လျှောက်လှမ်းရန် သူ ယုံကြည်ချက် အပြည့်ရှိနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်တာကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝေကျန်း၏ ဦးဆောင်မှုဖြင့် တပည့်သစ် တစ်ရာကျော်၏ သုံးလပတ် အရည်အချင်းစစ်ဆေးမှုမှာ စတင်တော့မည် ဖြစ်သည်။ တပည့်သစ်များအတွက် စစ်ဆေးမှုကို အဓိကအားဖြင့် ကဏ္ဍလေးခုဖြင့် ခွဲခြားထားကာ စိုက်ခင်းထွက်နှုန်း၊ ဝိညာဉ်စွမ်းအား စစ်ဆေးမှု၊ ဝိညာဉ်အလောင်း ထိန်းချုပ်မှုနှင့် မှော်အတတ် ကျွမ်းကျင်မှုပင်။

ဝိညာဉ်စွမ်းအား စစ်ဆေးမှုမှာ စုစုပေါင်းရမှတ်၏ ၄၀ ရာခိုင်နှုန်းရှိပြီး ကျန်ကဏ္ဍ သုံးခုမှာမူ တစ်ခုလျှင် ၂၀ ရာခိုင်နှုန်းစီ အချိုးကျ သတ်မှတ်ထားသည်။ ၎င်းစစ်ဆေးမှုများကို ဖေးရှီတောင်ထိပ်ရှိ ဥပဒေထိန်းသိမ်းရေးခန်းမမှ စောင့်ရှောက်သူများက တိုက်ရိုက်ကြီးကြပ်၍ အမှတ်ပေးကြမည် ဖြစ်သည်။

စိုက်ပျိုးရေး ထွက်နှုန်းစစ်ဆေးမှုကို ဦးစွာပထမ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ၎င်းကို တပည့်များ၏ လက်တွေ့လုပ်ဆောင်မှုအပေါ် မူတည်၍ စီစဉ်ရမည်ဖြစ်သည်။

လုံယီကဲ့သို့သော ဝိညာဉ်အမြစ်ပါရမီအားနည်းသူများကို စိုက်ပျိုးရေးတာဝန် ပေးအပ်ထားသဖြင့် သူတို့အတွက် စိုက်ခင်းထွက်နှုန်းကို အဓိကစစ်ဆေးမည်ဖြစ်သည်။ အကဲဖြတ်

စောင့်ရှောက်သူ တစ်ဦးတည်းကသာ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး သက်ဆိုင်ရာတပည့် ကိုယ်တိုင်ရှိနေရန် မလိုပေ။ တစ်ဖက်တွင်မူ အခြားတာဝန်များပေးအပ်ခြင်းခံရသော ယို့ချင်းယီနှင့် ဝမ်ဝမ်ပိုင်တို့မှာမူ အခြားကဏ္ဍများကိုသာ စစ်ဆေးခံရမည်ဖြစ်သည်။

ကျန်ရှိသော စစ်ဆေးမှုသုံးခုတွင်မူ တပည့်အားလုံး တန်းတူညီတူ ရှိကြသည်။ တပည့်အားလုံးကို တစ်နေရာတည်းတွင် စုဝေးစေကာ တစ်ဦးချင်းစီ လက်တွေ့စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။

ဝိညာဉ်စွမ်းအား စစ်ဆေးမှုသည် တပည့်များ၏ ကျင့်ကြံခြင်းအဆင့်ကို တိုင်းတာခြင်းပင်။ သုံးလတာကာလအတွင်း ဝိညာဉ်စွမ်းအား မည်မျှအထိ စုပ်ယူနိုင်ခဲ့သည်ကို စစ်ဆေးခြင်းဖြစ်ရာ ပါရမီထူးချွန်သူများအတွက် အလွန်အားသာချက်ရှိသည်။

ဝိညာဉ်အလောင်း ထိန်းချုပ်မှုက မိမိ၏ ဝိညာဉ်အလောင်းနှင့် မည်မျှအထိ စည်းချက်ညီညီ ပေါင်းစပ်နိုင်သည်ကို စစ်ဆေးခြင်းဖြစ်သည်။ ပေါင်းစပ်မှုအားကောင်းလေ ဝိညာဉ်အလောင်းမှာ ပိုမိုသန်မာလာလေဖြစ်ပြီး အနာဂတ်တွင် ကျင့်ကြံသူ၏ အားနည်းသော ရုပ်ခန္ဓာကို အနီးကပ်ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသားများအတွက် ၎င်းမှာ အသက်တမျှ အရေးကြီးသည်။

မှော်အတတ် ကျွမ်းကျင်မှုသည် ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းက ပထမဦးစားပေးဖြစ်သော်လည်း ရန်သူကို ရင်ဆိုင်ရန်အတွက် မှော်အတတ်မှာ မရှိမဖြစ်လိုအပ်သည်။ တပည့်အများစုမှာ မိုးခေါ်အတတ်တစ်ခုတည်းကိုသာ သင်ယူထားကြရသဖြင့် ဤကဏ္ဍတွင် ၎င်းကျင့်စဉ်ကိုသာ စစ်ဆေးမည်ဖြစ်သည်။

“စောင့်ရှောက်သူခန်.. ဒီတစ်သုတ်မှာ ကျွန်တော်ဦးဆောင်ခဲ့တဲ့ တပည့် ၁၆၈ ယောက်ထဲက ၁၃ ယောက်ကတော့ ဝိညာဉ်စွမ်းအားကို အာရုံမခံနိုင်လို့ ဂိုဏ်းကနေ အနှင်ခံလိုက်ရပါပြီ။ ကျန်တဲ့ ၁၅၅ ယောက်ကတော့ ပြင်ပစည်းမှာ ဆက်ရှိနေပါတယ်။ သူတို့စိုက်ပျိုးတဲ့ ဝိညာဉ်စိုက်ခင်းတွေကတော့ က ၅ ကနေ ခ ၉ ဇုန်တွေအတွင်းမှာ ရှိနေတာပါ။ အခု ဒါကတော့ က ၅ ဇုန်ပါပဲ...”

နက်ပြာရောင် ဝတ်စုံဝတ်ထားပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် မျက်လုံးမှေးမှေးရှိသော အမျိုးသားတပည့်တစ်ဦးက ရှေ့ဆုံးမှနေ၍ ရှင်းလင်းပြောကြားနေခြင်းပင်။

ဝေကျန်းသည် လုံယီနှင့် ယို့ချင်းယီတို့၏ တပည့်အသုတ်ကို ဦးဆောင်ရသူပီပီ ယခုအခါ ဝိညာဉ်စိုက်ခင်းများကြားရှိ လမ်းကလေးအတိုင်း လျှောက်လှမ်းနေသည်။ လမ်း၏ဝဲယာတစ်ချက်စီတွင် စိမ်းလန်းစိုပြည်နေသော ဝိညာဉ်စပါးခင်းကြီးများမှာ ရနံ့သင်းပျံ့နေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

ဝေကျန်း၏ နောက်ကွယ်တွင်မူ အသက်အရွယ်အမျိုးမျိုးရှိသော အမျိုးသားလေးဦး လိုက်ပါလာကြသည်။ ရှေ့ဆုံးမှ လိုက်ပါလာသူမှာ အသက်လေးဆယ်ဝန်းကျင်ခန့်ရှိပြီး အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ စောင့်ရှောက်သူဝတ်စုံဖြစ်သော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ပိန်ပိန်ပါးပါးနှင့် မျက်နှာဖြူဖြူလျော်လျော်ရှိကာ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သာမန်ထက်ထူးခြားသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

သူ၏ဘေးတွင်မူ နက်ပြာရောင် ဝတ်စုံဝတ်ထားသော လူငယ်သုံးဦး ရှိနေသည်။ တစ်ဦးက စာရွက်စာတမ်းများကို ကိုင်ထားပြီး နောက်တစ်ဦးက ကျောက်စိမ်းဖြူမှတ်တမ်းကို ပိုက်ထားကာ ကျန်တစ်ဦးကမူ ငန်းဥပုံသဏ္ဌာန်ရှိသော ကြည်လင်သည့် ကျောက်တုံးတစ်တုံးကို တင်းတင်းဆုပ်ကိုင်ထားသည်။

သူတို့သည် စိုက်ခင်းတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ စာရွက်စာတမ်းကို ကိုင်ထားသော ကျင့်ကြံသူလူငယ်က တစ်ချက်ကြည့်လိုက်ပြီးနောက် “ဇုန် က ၆ လူဇီယွမ် ... သူစိုက်ထားတဲ့ စိုက်ခင်းက ဒီမှာပါ” ဟု ပြောလိုက်သည်။

သူတို့ရှေ့ရှိ ဝိညာဉ်စိုက်ခင်းမှာ တစ်ဧကခန့် ကျယ်ဝန်းပြီး ဝိညာဉ်စပါးပင်များမှာ သုံးပေမှ လေးပေခန့်အထိ မြင့်မားနေကာ စပါးနှံများမှာလည်း အောင်မြင်ဖြစ်ထွန်းနေသည်။ နောက်လအနည်းငယ်အတွင်း ရိတ်သိမ်းချိန်ရောက်ပါက အထွက်နှုန်းကောင်းမည့် အနေအထားမျိုး ဖြစ်သည်။

ဝေကျန်းကလည်း ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ကာ “ဒီလူဇီယွမ်ကို ကျွန်တော်သိပါတယ်။ သူ့ရဲ့ ဝိညာဉ်အမြစ်ပါရမီက အဆင့်နိမ့်အဆင့်ဆိုပေမဲ့ အလယ်အလတ်အဆင့်နဲ့ သိပ်မဝေးပါဘူး။ ဒါ့အပြင် သူက အရမ်းဇွဲရှိပြီး တာဝန်ကျေပွန်တဲ့သူပါ။ နောင်တစ်ချိန်မှာ သူ့ရဲ့အောင်မြင်မှုက အလယ်အလတ်အဆင့်ရှိသူတွေထက်တောင် နိမ့်ကျမှာမဟုတ်ဘူး” ဟု ချီးကျူးစကားပြောလိုက်သည်။

သို့သော်လည်း အနီရောင်ဝတ်စုံဝတ် စောင့်ရှောက်သူခန်ကမူ ပတ်ဝန်းကျင်ကို လှည့်ပတ်

ကြည့်ရှုကာ စပါးနှံအချို့ကို ဆွဲနှုတ်စစ်ဆေးရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ဝိညာဉ်စပါးပင်တွေ သိသိသာသာ ပျောက်ဆုံးနေတဲ့ နေရာတော်တော်များများကို ငါတွေ့တယ်။ အပင်တွေက ကြီးထွားမှုမကောင်းလို့ အတင်းဆွဲနှုတ်ပစ်ထားတာလား ဒီလိုနှုတ်ထားတဲ့ အပင်အရေအတွက်က မနည်းဘူး။ အနည်းဆုံး ဆယ်ဂဏန်း၊ ရာဂဏန်းလောက်တောင် ရှိနိုင်တယ်။ ဒါကြောင့် ဒီစိုက်ခင်းက နဂိုထွက်ရမယ့်နှုန်းထက် သိသိသာသာ လျော့သွားလိမ့်မယ်"

စောင့်ရှောက်သူခန်က ခေါင်းခါလိုက်ပြီး “ဒီလိုမျိုး လှည့်စားတာက ဘာမှထူးမှာမဟုတ်ဘူး။ ဒါပေမဲ့ အပင်အများစုက ကြီးထွားမှုကောင်းတာကို ထောက်ထားပြီးတော့ အလယ်အလတ်အဆင့်ပဲ သတ်မှတ်ပေးလိုက်မယ်” ဟု ဆုံးဖြတ်လိုက်တော့သည်။

ဝေကျန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ အပြုံးများမှာ ရုတ်တရက် တောင့်ခဲသွားတော့သည်။ သို့သော်လည်း စောင့်ရှောက်သူခန်၏ နောက်ကွယ်မှ လူငယ်များမှာမူ သူတို့၏ တာဝန်အသီးသီးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြသည်။

စာရွက်စာတမ်းကို ကိုင်ထားသော တပည့်သည် သူ၏ ရင်ဘတ်အိတ်ကပ်ထဲမှ အနက်ရောင် စုတ်တံတစ်ချောင်းကို ထုတ်ယူကာ စာအုပ်ငယ်ထဲရှိ အမည်တစ်ခု၏ ဘေးတွင် အလယ်အလတ်ဟု စာလုံးကြီးကြီး ရေးသားလိုက်သည်။ ကျောက်စိမ်းဖြူမှတ်တမ်းကို ကိုင်ထားသူကမူ ဝိညာဉ်စွမ်းအား အနည်းငယ်ကို လည်ပတ်စေလိုက်ရာ လူဇီယွမ်၏ အမည်မှာ မှတ်တမ်းပေါ်တွင် လင်းလက်လာသည်။ သူသည် သူ၏လက်ချောင်းကို ကလောင်တံသဖွယ် အသုံးပြု၍ အမည်ဘေးတွင် အလယ်အလတ်ဟုပင် ရေးထိုးလိုက်ပြန်သည်။ ဤကျောက်စိမ်းဖြူမှတ်တမ်းမှာ ယနေ့ခေတ် နည်းည်းပညာကဲ့သို့ပင် အသုံးပြု၍ရပုံပင်။

ငန်းဥပုံသဏ္ဌာန်ရှိသော ကြည်လင်သည့် ကျောက်တုံးကို ကိုင်ထားသူကမူ ကျောက်တုံးကို သူ၏ ရင်ဘတ်ရှေ့တွင် နေရာချလိုက်ရာ အဖြူရောင် အလင်းတစ်ချက် လင်းလက်သွားသည်။ ထိုကျောက်တုံး၏ အလယ်ဗဟိုတွင် ဝိညာဉ်စိုက်ခင်း၏ ပုံရိပ်ငယ်ကလေးတစ်ခု ပေါ်ထွက်လာပြီး ဓာတ်ပုံသက်သေအဖြစ် သိမ်းဆည်းလိုက်သည်။

“နောက်တစ်နေရာကို ဆက်သွားကြစို့”

စောင့်ရှောက်သူခန်က အေးစက်စွာ ပြောလိုက်သည်။

“နားလည်ပါပြီခင်ဗျာ"

ဝေကျန်းသည် ပြန်လည်ငြင်းဆန်ရန် မဝံ့ရဲသဖြင့် အဖွဲ့ကို ဦးဆောင်ကာ နောက်ထပ် တပည့်တစ်ဦး၏ ဝိညာဉ်စိုက်ခင်းရှိရာသို့ ဆက်လက်ထွက်ခွာခဲ့ရသည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ မကျေမနပ် ရေရွတ်နေမိတော့သည်။

ဒီလူကြီးခုံက တကယ့်ကို တင်းကျပ်လွန်းတာပဲ။ ကြီးထွားမှုမကောင်းတဲ့ အပင်အချို့ကို နှုတ်

ပစ်တာ ဘာအရေးကြီးလို့လဲ။ ဒါက တကယ့်ကို အသေးအဖွဲလေးကို အပြစ်ရှာနေတာပဲ။

ဒါက ငါ့ရဲ့ အကျိုးဆောင်မှုရမှတ်ကို ထိခိုက်စေတယ်။ ဒီတပည့်အသုတ်ရဲ့ အမှတ်တွေ ကောင်းလေလေ ငါ့ရဲ့ အကျိုးဆောင်မှုရမှတ်တွေ များလေလေပဲဟာကို။

ဒါမှမဟုတ် ငါက စီနီယာအကြီးအကဲချန်ကို ဆရာအဖြစ် မရွေးချယ်ခဲ့လို့ ငါ့ကို တမင်သက်သက် အကျပ်ကိုင်ဖို့ လူလွှတ်လိုက်တာလား အဲ့ဒီလူကြီးက သဘောထားကြီးတယ်လို့ နာမည်ကြီးတာတော့ ကြားဖူးပါတယ်...

နောက်ထပ် စိုက်ခင်းအချို့သို့ ရောက်သောအခါတွင်လည်း စောင့်ရှောက်သူခန်သည် အမှတ်ပေးခြင်းနှင့် အကဲဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေသဖြင့် ဝေကျန်း၏ မျက်နှာမှာ ပို၍ပင် မှောင်မှောင်မည်းမည်း ဖြစ်လာတော့သည်။

“ဝိညာဉ်စပါးတွေက ကြီးထွားမှု မညီမညာဖြစ်နေတယ်။ ဒါက မိုးခေါ်အတတ်ကို စနစ်တကျ အသုံးမပြုနိုင်တာကို ပြနေတာပဲ။ အနိမ့်ဆုံးအဆင့်"

“ဟင်း... ဘာလို့ ပိုးမွှားတွေ ဒီလောက်တောင် များနေရတာလဲ။ ပေါင်းပင်တွေလည်း အများကြီးပဲ။ အလယ်အလတ်”

“ထွက်နှုန်းကတော့ သာမန်ပါပဲ။ ထူးထူးခြားခြား ကောင်းတာလည်း မဟုတ်သလို ညံ့တာလည်း မဟုတ်ဘူး။ အလယ်အလတ်"

စိုက်ခင်းအားလုံးနီးပါးကို အမှတ်ပေးပြီးချိန်တွင် အမြင့်ဆုံးအဆင့် တစ်ခုမျှ မရှိသည့်အပြင် အထက်အဆင့်ပင် အလွန်ရှားပါးသည်။ ဝေကျန်းမှာ အလွန်အမင်း မကျေမနပ် ဖြစ်နေသဖြင့် စကားပင် သိပ်မပြောချင်တော့ချေ။

၂၉၈

စောင့်ရှောက်သူခန်ကမူ ဝေကျန်း၏ မကျေမနပ်ဖြစ်နေမှုကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင် မေးမြန်းလိုက်သည်။

“အားလုံး ပြီးပြီလား”

“နေပါဦး... ကျွန်တော် ကြည့်လိုက်ပါဦးမယ်။ ဟော... တစ်ခု ကျန်သေးတယ်ဗျ” စာရွက်စာတမ်းကို ကိုင်ထားသော တပည့်က ဝေခွဲမရဖြစ်စွာဖြင့် ရေရွတ်လိုက်သည်။

“ဒါပေမဲ့ အဲ့ဒီနေရာက... ဝူကျိုဇုန်မှာ ဖြစ်နေတယ်ဗျ"

“ဝူကျိုဇုန်”

စောင့်ရှောက်သူခန်၏ မျက်နှာမှာ ရုတ်တရက် မှောင်ကျသွားတော့သည်။

“ဒါက အဓိပ္ပာယ်မရှိလိုက်တာ”

“ဒီဝူကျိုဇုန်ဆိုတာ စီနီယာအကြီးအကဲဝမ် ပိုးမွှားတွေ မွေးမြူခဲ့တဲ့ နေရာပဲ။ အဲ့ဒီက ပိုးမွှားအချို့က အရမ်းအန္တရာယ်များလွန်းလို့ ဂိုဏ်းရဲ့ တကယ့်အမွေဆက်ခံသူတွေတောင် မပတ်သက်ချင်ကြတဲ့ နေရာမျိုး။ ဒါကို အခုမှဝင်တဲ့ တပည့်သစ်တစ်ယောက်ကို တာဝန်ပေးတယ်ဆိုတာ တကယ့်ကို ရူးကြောင်ကြောင်နိုင်လွန်းတယ်”

“ဒါဆို... ကျွန်တော်တို့ သွားကြည့်ကြဦးမလားခင်ဗျာ”

စောင့်ရှောက်သူခန်၏ တင်းမာသော အမူအရာကြောင့် တပည့်ဖြစ်သူက ကြောက်ကြောက်လန့်လန့်ဖြင့် မေးမြန်းလိုက်သည်။

“သွားရမှာပေါ့ ဘာလို့ မသွားရမှာလဲ”

စောင့်ရှောက်သူခန်က ဝေကျန်းကို အေးစက်သော အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ရာ ဝေကျန်းမှာ တစ်ကိုယ်လုံး စိမ့်တက်သွားတော့သည်။

သွားပြီ... သွားပြီ။ ဒီလူကြီးခုံသာ ဒီကိစ္စကို အထက်ကို တိုင်လိုက်ရင် ဂိုဏ်းက ငါ့ကို တာဝန်ယူခိုင်းတော့မှာပဲ...

ဝေကျန်းသည် စိတ်မသက်မသာဖြင့် စောင့်ရှောက်သူခန်နှင့် အဖွဲ့ကို ရှေ့မှ ဦးဆောင်ခေါ်သွားရတော့သည်။

နာရီဝက်ခန့် လမ်းလျှောက်ပြီး တောင်တစ်လုံးကို ကျော်ဖြတ်ပြီးနောက် ဝူဇုန်၏ စိုက်ခင်းများဆီသို့ ရောက်ရှိလာကြရာ သူတို့၏ ခြေထောက်များမှာ အတန်ငယ် ညောင်းညာနေကြပြီ ဖြစ်သည်။ ဝူကျိုဇုန်မှာ ဝူဇုန်၏ အစွန်ဆုံးနေရာတွင် ရှိနေခြင်းပင်။

သို့သော်လည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားသောအခါ လူတိုင်းမှာ မျက်လုံးအပြူးသားဖြင့် မှင်တက်သွားကြရတော့သည်။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“သူက ဝိညာဉ်စပါးခင်းကြီးကို အောင်အောင်မြင်မြင် စိုက်နိုင်ခဲ့တာလား သူ ဘယ်လိုလုပ်လိုက်တာလဲ”

“ဒီနေရာမှာ ပိုးမွှားအန္တရာယ်တွေ မရှိတော့တာများလား...”

စောင့်ရှောက်သူခန်နှင့် ဝေကျန်းတို့အဖွဲ့၏ ရှေ့တွင် တစ်ဧကခန့် ကျယ်ဝန်းသော စိုက်ခင်းကြီးတစ်ခု ရှိနေသည်။ နှစ်ပေခန့် မြင့်မားသော ဝိညာဉ်စပါးပင်များသည် စိမ်းလန်းစိုပြည်လျက် လေအဝေ့တွင် ယိမ်းနွဲ့နေကြပြီး သင်းပျံ့သော စပါးရနံ့များကို ထုတ်လွှတ်နေကြသည်။

စောင့်ရှောက်သူခန်သည် စိုက်ခင်းအနီးသို့ လျှောက်လှမ်းသွားစဉ် သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားရသည်။

“ဒီစိုက်ခင်းထဲမှာ ပိုးမွှားအသေကောင်တွေ ဒီလောက်တောင် များနေတာလား... ဟူး... ဒီလူငယ်ကတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ”

မြေဆီလွှာမျက်နှာပြင်ပေါ်တွင် ကိုယ်ထည်နှစ်ပိုင်းပြတ်နေသော အဝါရောင်ကင်းခြေများ၊ အခွံများ ကြေမွနေသော ရွှေရောင်ပိုးတောင်အာများနှင့် လက်သီးဆုပ်ထက်ပင် ကြီးမားကာ ဆူးမွှေးများ ဖုံးလွှမ်းနေသော ပင့်ကူအသေကောင်များကို တွေ့ရှိရသည်။ ၎င်းတို့၏ ခြောက်သွေ့နေမှု အခြေအနေအရ ဤပိုးမွှားများသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းကမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိသာလှရာ စောင့်ရှောက်သူခန်ကို ပိုမိုအံ့အားသင့်စေတော့သည်။

“ဒီစိုက်ခင်းကို ပြုစုတဲ့ တပည့်မှာ ထူးခြားတာမျိုး ရှိလို့လား”

သူက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

“သူ့မှာ အဆင့်နိမ့် ဝိညာဉ်အမြစ်ပါရမီပဲ ရှိတာပါ။ ကျင်းမြို့တော်က လာတာ။ ထူးခြားတာဆိုလို့... သူ့ရဲ့ ကိုယ်ခံပညာကျင့်စဉ်က တော်တော်လေး မြင့်ပုံပဲ။ အရင်က သံမဏိအလောင်းတစ်ခုနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပြီး ရှုံးနိမ့်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်”

“သံမဏိအလောင်းကို ယှဉ်နိုင်တယ်ဟုတ်လား ဒါက သာမန်ကိုယ်ခံပညာရှင်တစ်ယောက် ထိပ်တန်းအဆင့်ရှိသူတစ်ယောက်တောင် လုပ်နိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ဒီအရွယ်နဲ့ ဒီလောက်အစွမ်းထက်တယ်ဆိုရင် သူက ကိုယ်ခံပညာလောကရဲ့ ပါရမီရှင်ပဲ”

စောင့်ရှောက်သူခန်က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

ကိုယ်ခံပညာ၏ အမြင့်ဆုံးအဆင့်မှာ မသေမျိုးလမ်းစဉ်ထက် များစွာနိမ့်ကျသော်လည်း ၎င်းသည် လူအများစု လက်လှမ်းမီပြီး ကျင့်ကြံနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် စောင့်ရှောက်သူခန် ကိုယ်တိုင် ကိုယ်ခံပညာ မကျင့်ကြံသော်လည်း ၎င်း၏ အနုစိတ်ကွဲပြားမှုများကိုမူ ကောင်းစွာနားလည်ထားသည်။

သူသည် စိုက်ခင်းအတွင်းရှိ ဝိညာဉ်စပါးပင်များကို ကြည့်ရှုရင်း ဆန်းစစ်ချက်ထုတ်ပြန်လိုက်

သည်။

“ဒီဝိညာဉ်စပါးပင်တွေက တခြားသူတွေရဲ့ အပင်တွေထက် အရပ်ပုနေပေမဲ့ စပါးစေ့တွေကတော့ ထူးထူးခြားခြား အောင်မြင်ဖြစ်ထွန်းနေသလို အရောင်ကလည်း ပိုပြီး တောက်ပတယ်။ ဒါက သူ မိုးခေါ်အတတ်ကို အတော်လေး အားထုတ်ခဲ့တယ်ဆိုတာ ပြနေတာပဲ"

“ဒါ့အပြင်... ဝူကျိုဇုန်ရဲ့ စံနှုန်းကို ကဇုန် ဒါမှမဟုတ် ခဇုန်တွေနဲ့ ဘယ်လိုလုပ် သွားယှဉ်လို့ရမလဲ။ ဒါကြောင့် သူ့ကို ကအလယ်အလတ်အဆင့်လို့ သတ်မှတ်လိုက်မယ်"

ထိုစကားကို ကြားလိုက်ရသောအခါ အခြားသူများမှာ အံ့အားသင့်သွားကြသည်။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ တရားမဝင်သော စည်းကမ်းချက်များအရ ကအဆင့် သတ်မှတ်ခံရသူ အများစုမှာ ကအဆင့်နိမ့်အဆင့်သာ ရတတ်ကြပြီး ကအထက်အဆင့်မှာ အလွန်ပင် ရှားပါးလှသည်။ ထို့ကြောင့် ကအလယ်အလတ်ဆိုသည်မှာ ပေးနိုင်သမျှ အမြင့်ဆုံး အကဲဖြတ်မှုပင်။ ဖြစ်သည်။ သို့သော်လည်း စောင့်ရှောက်သူခန်သည် အဓိကစစ်ဆေးရေးမှူးဖြစ်ပြီး သူ၏ ဆုံးဖြတ်ချက်မှာ အတည်ဖြစ်ရာ မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။

ဝေကျန်းသည် ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချလိုက်မိသည်။ စောင့်ရှောက်သူခန်သည် ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးထားခြင်းမျိုး မဟုတ်ဘဲ စံနှုန်းသတ်မှတ်ချက် အလွန်မြင့်မားလွန်းခြင်းသာ။

စောင့်ရှောက်သူခန်နှင့် အဖွဲ့သည် စိုက်ခင်းထွက်နှုန်းကို အကဲဖြတ်နေစဉ်မှာပင်...

လုံယီ၊ ယို့ချင်းယီနှင့် အခြားသော တပည့်အားလုံးတို့သည် သူတို့၏ ဝိညာဉ်အလောင်းများနှင့်အတူ တပည့်တောင်ထိပ်ပေါ်ရှိ ကွင်းပြင်ကျယ်ကြီးတွင် စုဝေးနေကြပြီဖြစ်သည်။ သူတို့သည် အခြားသော စစ်ဆေးရေးမှူးတစ်ဦး အရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းပက်။

မကြာမီတွင် ဝိညာဉ်စွမ်းအား ကျင့်ကြံမှု၊ မှော်အတတ် ပြသမှုနှင့် ဝိညာဉ်အလောင်း ထိန်းချုပ်မှု တို့ကို တစ်ပေါင်းတည်း အကဲဖြတ် စစ်ဆေးတော့မည် ဖြစ်သည်။

လူအုပ်ကြီးထဲတွင် စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ မျှော်လင့်ချက်များလည်း ပြည့်နှက်နေပြီး အချို့မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အိမ်သာသို့ပင် ခဏခဏ သွားနေကြရသည်။ လုံယီအဖို့မူ ဤမြင်ကွင်းမှာ သူ၏ အတိတ်ဘဝက ကျောင်းစာမေးပွဲဖြေဆိုရသည့် အခြေအနေနှင့် ဆင်တူနေသဖြင့် ချစ်စရာကောင်းသည်ဟုပင် ထင်မှတ်နေမိသည်။

“ဒီတစ်ခေါက် ဘယ်သူ ပထမရမယ်လို့ မင်းထင်လဲ”

တစ်ဦးက တိုးတိုးလေး မေးလိုက်သည်။

“ဒါကတော့ ရှင်းနေတာပဲလေ။ ယို့ချင်းယီနဲ့ ဝမ်ဝမ်ပိုင်တို့ နှစ်ယောက်ထဲက တစ်ယောက်ပဲ ဖြစ်မှာပေါ့။ သူတို့နှစ်ယောက်လုံးက အဆင့်မြင့် ဝိညာဉ်အမြစ်ပါရမီရှင်တွေပဲဟာ။ ငါတို့လို သာမန်လူတွေနဲ့ အဆင့်ချင်း လုံးဝမတူဘူး"

“ဒါလည်း မသေချာသေးပါဘူး။ ရုံရွှယ်ကျန့်က နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားတယ်လို့ နာမည်ကြီးတာပဲ။ သူ့ရဲ့ပါရမီက သူတို့ထက် အနည်းငယ်ပဲ နိမ့်တာ။ ထိပ်တန်း အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပါရမီ ရှိတာလေ"

“ထိပ်ဆုံး ၁၀ ယောက်ထဲဝင်ရင် ဆုတွေရမယ်လို့ ကြားတယ်။ ဒီတစ်ခေါက် ဘာဆုတွေပေးမလဲ မသိဘူး။ ငါတို့က ပထမရဖို့ မလိုပါဘူး။ ထိပ်ဆုံး ၁၀ ယောက်ထဲ ပါရင်ကို ကျေနပ်ပါပြီ ဟားဟား"

ထိုသို့ ပြောဆိုနေကြသည်ကို ကြားသောအခါ ယို့ချင်းယီမှာ မည်သည့်အမူအရာမျှ မပြဘဲ တည်ငြိမ်နေသော်လည်း ရုံရွှယ်ကျန့်မှာမူ ယခင်ကထက် ပိုမို တည်ကြည်လေးနက်သွားသည်။ ဝမ်ဝမ်ပိုင် တစ်ဦးတည်းသာလျှင် နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားကာ ထိုချီးကျူးစကားများကို သဘောကျနေပုံပင်။

သူ့ဘေးနားရှိ မြှောက်ပင့်လိုသူတစ်ဦးကလည်း ထောက်ခံလိုက်သည်။

“ဒီအကဲဖြတ်ပွဲမှာ အစ်ကိုကြီးဝမ်က ပထမနေရာကို ကျိန်းသေပေါက် ရမှာပါ။ ယို့ချင်းယီက အနည်းငယ် ခြိမ်းခြောက်နိုင်တာကလွဲရင် ကျန်တဲ့သူတွေကိုတော့ စိုးရိမ်စရာလို့တောင် မမြင်မိဘူး"

“ဟုတ်တာပေါ့။ အစ်ကိုကြီးဝမ်မှာက ပါရမီကော ထင်ရှားတဲ့ မိသားစုနောက်ခံကော ရှိတာပဲ။ ဒီပြိုင်ပွဲမှာ ပထမရဖို့ဆိုတာ အေးဆေးပါပဲ မဟုတ်ဘူးလား”

နောက်တစ်ဦးကလည်း ဝင်ရောက်မြှောက်ပင့်လိုက်ပြန်သည်။

ဝမ်ဝမ်ပိုင်က မထီမဲ့မြင်ပြုသည့်ဟန်ဖြင့် လက်ယမ်းပြလိုက်သော်လည်း သူ၏ ဝမ်းသာအားရဖြစ်နေသော နှုတ်ခမ်းထောင့်စွန်းများကိုမူ ဖုံးကွယ်ထားရန် ခဲယဉ်းလှသည်။

“ဒီအကဲဖြတ်ပွဲမှာ ရလဒ်က အရမ်းကြီး ဆိုးမနေရင် ရပါပြီ။ ငါကတော့ ရမှတ်တွေကို သိပ်ပြီး ဂရုမစိုက်ပါဘူး။ မသေမျိုးလမ်းစဉ်ဆိုတာ ရှည်လျားလွန်းတယ်။ ရေတိုအကျိုးအမြတ်အတွက် ပြိုင်ဆိုင်နေဖို့ မလိုပါဘူး"

ခဏအကြာတွင် ဆံပင်ဖြူအနည်းငယ် ရောနှောနေသော အနီရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ရောက်ရှိလာသည်။ သူ၏ဘေးတွင် စောင့်ရှောက်သူခန်ဘက်ကဲ့သို့ပင် စာရွက်စာတမ်းကိုင်ဆောင်ထားသူ၊ ကျောက်စိမ်းဖြူမှတ်တမ်းကိုင်ဆောင်ထားသူနှင့် ကြည်လင်သော ကျောက်တုံးကိုင်ဆောင်ထားသူ တပည့်လူငယ် သုံးဦး ပါဝင်လာသည်။

အနီရောင်ဝတ်စုံဝတ် အဘိုးအိုက တည်ကြည်လေးနက်စွာဖြင့် “ငါကတော့ ဥပဒေထိန်းသိမ်းရေးခန်းမက စောင့်ရှောက်သူ ဝမ်ဖုန်းပဲ။ ဒီနေ့ မင်းတို့ရဲ့ တာဝန်တွေကို စစ်ဆေးဖို့ လာခဲ့တာ။ ရမှတ်အကောင်းဆုံး ထိပ်တန်းစာရင်းဝင်တွေကတော့ ဂိုဏ်းရဲ့ ဆုလာဘ်တွေကို ရရှိကြလိမ့်မယ်"

သူသည် အချိန်ဆွဲမနေဘဲ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ လူတိုင်း၏ရှေ့တွင် ကျောက်စိမ်းပြားကြီး တစ်ပြား ပေါ်ထွက်လာသည်။ ထိုကျောက်စိမ်းပြားမှာ လူတစ်ရပ်ခန့် မြင့်မားပြီး နို့နှစ်ရောင်သန်းကာ ချောမွေ့ပြောင်လက်နေသည်။ အလယ်ဗဟို အပေါ်ပိုင်းတွင်မူ လက်ဝါးပုံစံ တံဆိပ်ခတ်နှိပ်ထားသော အမှတ်အသားတစ်ခု ပါရှိသည်။

“ရှေ့ကို ထွက်လာခဲ့ကြ။ အဲ့ဒီလက်ဝါးပုံစံပေါ်မှာ မင်းတို့လက်ကို တင်ပြီး ဝိညာဉ်စွမ်းအားတွေကို အကုန်အစင် ထည့်သွင်းလိုက်ကြ။ ဘာမှ ချန်မထားနဲ့”

စောင့်ရှောက်သူဝမ်က အမိန့်ပေးလိုက်သည်။

“စစ်ဆေးပြီးရင်တော့ ဝိညာဉ်စွမ်းအားတွေ အမြန်ဆုံး ပြန်လည်ပြည့်ဖြိုးစေဖို့ ချီစုပ်ယူခြင်းဆေးလုံးတစ်လုံးစီ ထုတ်ပေးမယ်"

သူ့ဘေးရှိ တပည့်ဖြစ်သူက စာရွက်စာတမ်းမှ အမည်များကို စတင်ခေါ်ယူတော့သည်။

“သိုက်ရှန့် ... အဆင့်နိမ့် ဝိညာဉ်အမြစ်ပါရမီ"

သိုက်ရှန့်ဆိုသူ ရှေ့သို့ ထွက်လာသည်။ သူကား စိုက်ခင်းများ ခွဲဝေစဉ်က စောင့်ရှောက်သူကို လာဘ်ထိုးခဲ့သည့် ဝဝဖိုင့်ဖိုင့် လူငယ်ပင်။ ထိုလူငယ်သည် လက်ဝါးပုံစံပေါ်သို့ သူ၏လက်ကို တင်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ထူးကဲယင်ကျင့်စဉ်ကို စတင်လည်ပတ်စေလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားအားလုံးသည် ညာဘက်လက်မောင်းမှတစ်ဆင့် ကျောက်စိမ်းပြားထဲသို့ စီးဝင်သွားရာ လက်ဝါးပေါ်တွင် မှိန်ဖျော့ဖျော့ အနက်ရောင်အလင်းတန်းလေး တစ်ခုကို အားလုံးက မြင်တွေ့လိုက်ရသည်။

စက္ကန့်အနည်းငယ်အကြာတွင် ကျောက်စိမ်းပြားကြီးမှာ နို့နှစ်ရောင်မှ ပန်းနုရောင်သို့ ပြောင်းလဲသွားပြီးနောက် မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။ စောင့်ရှောက်သူဝမ်က ၎င်းကို မြင်

သောအခါ အေးစက်စွာဖြင့် “အထက်အဆင့်” ဟု ဆုံးဖြတ်ချက် ပေးလိုက်သည်။

ဝဝဖိုင့်ဖိုင့်လူငယ်သည် ထိုရလဒ်ကို ကြားသောအခါ စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပင်။ သူ၏နောက်တွင် အခြားသူအချို့ ဆက်လက်စစ်ဆေးခံကြသော်လည်း မည်သူမျှ အလယ်အလတ်သို့မဟုတ် အဆင့်နိမ့်အဆင့်ထက် ပိုမရကြဘဲ သူ၏အမှတ်ကိုပင် မမှီကြချေ။ ၎င်းကို မြင်သောအခါမှ ထိုလူငယ်မှာ ပြန်ပြုံးနိုင်တော့သည်။

All Chapters