← Chapters

စိတ်ပျက်ရခြင်း

Vol. 6 Ch. 568

စိတ်ပျက်ရခြင်း

Vol. 6 Ch. 568

ဆန်းလျန် ရှောင်ထွက်သွားသည်ကို တွေ့သည်နှင့် တာ့ရှားဧကရာဇ်သည် နဂိုမူလပုံစံအတိုင်း ပုံမှန် အရွယ်အစား အဖြစ် ပြန်ပြောင်းလဲ လိုက်လေသည်။ သူမျက်လုံးများက အေးစက် ခက်ထန်နေပြီး လေစီးကြောင်း တစ်ခုအသွင် ပြောင်းလဲကာ ဆန်းလျန်နောက်သို့ လိုက်ပါ သွားလေတော့သည်။

ဆန်းလျန်၏ ထွက်ခွာသွားနှုန်းမှာ အလင်း၏ မြန်နှုန်းကဲ့သို့ပင် မြန်ဆန်လေရာ တာ့ရှားဧကရာဇ်က သူ၏ဝိညာဉ် စွမ်းအားများကို အာရုံခံပြီး လိုက်လာမည် ဆိုလျှင်တောင်မှ ဆယ်မိနစ်အတွင်း ဆန်းလျန်နောက်သို့ အမီလိုက်နိုင်မည် မဟုတ်ပေ။

မိုးကုတ်စက်ဝိုင်းဆီမှ ပေါက်ကွဲသံတစ်ခု ထွက်လာပြီး ကောင်းကင်ထက်မှ တိမ်များအားလုံး ပြိုကွဲသွားလေသည်။ တာ့ရှားဧကရာဇ်သည် တိမ်များကိုဖြိုခွဲကာ ဆန်းလျန် ထွက်ခွာသွားရာ နေရာကို ခြေရာခံလိုက်ခြင်း ဖြစ်လေသည်။

ထိုအချိန်…

တာ့ရှားစစ်စခန်းတွင်တော့ ကွမ်းလုန်ကျီသည် သွေးများ အဆက်မပြတ် အန်နေလေသည်။

သတင်းကြားသည်နှင့် လေ့ကျင်းအမြန်ရောက်လာပြီး ကွမ်းလုန်ကျီကို ပြဒါးဆေး သုံးလုံးခန့် တိုက်ကျွေးလိုက်လေသည်။

လေ့ကျင်းက…

"ကျွန်မရဲ့ဆရာနဲ့မှ ဘာလို့ သွားပြီးတိုက်ခိုက်ရတာလဲ …ဆရာကွမ်းလုန်ကျီ"

"ကျင်းအယ်… ကျုပ်ဘဝတစ်လျှောက်လုံးမှာ ဘာမှ မှားခဲ့ဖူးတာမရှိပါဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ ပထမဆုံးအကြိမ် မှားခဲ့မိပြီ ထင်တယ်"

ကွမ်းလုန်ကျီက လေ့ကျင်း၏ အမေးကို စိတ်မသက်မသာဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။

လေ့ကျင်းက…

"ဘာဖြစ်လို့လဲ… ဘာလို့လဲဆိုတာ ကျွန်မကို ပြောပြပါ…"

လေ့ကျင်းမှာ အလွန်စိတ်ရှုပ်ထွေးနေရသည်။ ကွမ်းလုန်ကျီသည် ဆန်းလျန်ကို ရန်သူအဖြစ် သတ်မှတ်ခဲ့ပါက အစကတည်းက တိချိုးမြို့တော်တွင် တိုက်ခိုက်ခဲ့သင့်သည်။ ယခုတော့ အဘယ့်ကြောင့် ထိုသို့ မဟုတ်ရပါသနည်း။

ကွမ်းလုန်ကျီက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏မျက်နှာ အမူအရာမှာ အလွန်နာကျင်သည့် ဝေဒနာကို ခံစားနေရဟန် ရှိလေသည်။

“အစေ့အဆန်မအောင်တဲ့ စပါးနှံက မာနထောင်လွှား သလိုဖြစ်ခဲ့ရပြီ၊ သေခြင်းနဲ့ရှင်ခြင်း မီးအိမ်နဲ့ မင်းကြီးရဲ့ အစွမ်းတွေ ပေါင်းလိုက်ရင် ဆန်းလျန်ကို အနိုင်ရမယ်လို့ ထင်ခဲ့မိတယ်၊ ဒါပေမဲ့ သူ့ရဲ့ဝိညာဉ် စွမ်းအားတွေက အဲဒီလောက် ထက်မြက်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး၊ ဒီတစ်ခါ မင်းရဲ့ဆရာ မင်းကြီးရဲ့လက်က လွတ်အောင်ပြေး သွားနိုင်ပြီး တုန်းယီဒေသနဲ့ အရှေ့တိုင်း စစ်သည်တော်တွေကို အနိုင်ယူနိုင်မယ်ဆိုရင် သူ့အင်အားကတော့ မတွေးရဲစရာပဲ၊ ဒါပေမဲ့ ကျုပ် ကွမ်းလုန်ကျီကတော့ တာ့ရှားပြည်အတွက် အမှားပြုခဲ့မိပြီ”

တာ့ရှား တပ်မတော်၏ စွမ်းအားတစ်ခုတည်းဖြင့် ယွမ်ယန်၏ မဟာမိတ်တပ်များကို ဖယ်ရှားပစ်နိုင်မည် မဟုတ်ပါ။ ကွမ်းလုန်ကျီ၏ သေခြင်းနှင့်ရှင်ခြင်း မီးအိမ်ကြောင့်သာ ယွမ်ယန်ကို အနိုင်ရခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ကွမ်းလုန်ကျီသည် သေခြင်းနှင့်ရှင်ခြင်း မီးအိမ်ကို များစွာ အထင်ကြီး အားကိုးခဲ့မိလေသည်။

သို့သော် ဆန်းလျန်ကတော့ သေခြင်းနှင့်ရှင်ခြင်း မီးအိမ်ကိုပင် ဖျက်ဆီးပစ်လိုက်ကာ တာ့ရှားဧကရာဇ်နှင့် ကွမ်းလုန်ကျီ၏ ပူးပေါင်းတိုက်ခိုက်မှုမှ အေးအေးဆေးဆေးပင် ရှောင်တိမ်း သွားနိုင်ခဲ့သည်။

သေခြင်းနှင့်ရှင်ခြင်း မီးအိမ်ကို အသုံးပြုခဲ့သည့် အတွက် ကွမ်းလုန်ကျီမှာ ဒဏ်ရာ အပြင်းအထန် ရခဲ့ရလေသည်။

ထို့ပြင် ဆန်းလျန်သည် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းရာထူးကို မစွန့်လွှတ်သေးလေရာ ဆန်းလျန်နှင့် တာ့ရှားဧကရာဇ်၏ တိုင်ပွဲသည်လည်း မည်သည့်နည်းနှင့်မှ အသေးအဖွဲ မဟုတ်ခဲ့ပေ။

ယခုအချိန်တွင် ဆန်းလျန်က တာ့ရှားပြည်နှင့် ယင်းစန်းဒေသထက် ပိုမိုအင်အားကြီးမားသည့် တိုင်းပြည်တစ်ခု တည်ထောင်မည်ဟု ပြောခဲ့သည်မှာ ရူးမိုက်၍ပြောခြင်း မဟုတ်ကြောင်းကိုလည်း ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း နားလည် သွားခဲ့ရလေသည်။ ဆန်းလျန်တွင် ခိုင်လုံသော အကြောင်းပြချက် ရှိလေသည်။ အာဏာကို သိမ်းယူခြင်းသည် ဂုဏ်သတင်း ကြီးစေမည် ဖြစ်လေသည်။ သို့သော် တန်ခိုးစွမ်းအားများ စုစောင်းရသည့် ကျင့်စဉ်လမ်းတွင်လည်း များစွာ အထောက်အကူ ဖြစ်ပေလိမ့်မည်။

လူအများသည် တန်ခိုးစွမ်းအား မြင့်မားသည့် လူတစ်ယောက်ကို  ယုံကြည်မိပြီ ဆိုပါက တစ်စိတ်တစ်ဝှမ်းတည်းဖြင့် အင်အားတောင့်တင်းလာမည် ဖြစ်လေသည်။

ဆန်းလျန်သည် အစပိုင်းတွင် အလွန်ဂုဏ်သတင်း ကျော်ကြားသူ တစ်ယောက် မဟုတ်သော်လည်း သူ့ကိုလူအများ စုက ထိတ်လန့် ကြောက်ရွံ့ကြလေသည်။ ထို့ပြင် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းဆိုသည် ဂုဏ်ပုဒ်ကို ရယူထားသည့် အတွက် မြင့်မားသော အနေအထားတွင်လည်း ရပ်တည်နေနိုင်သူ ဖြစ်လေသည်။ ထိုအချက်များ အားလုံးသည် တိုင်းပြည်တစ်ပြည် တည်ထောင်လျှင် ဆက်နွှယ်နေမည့် အချက်များ ဖြစ်လေသည်။

ဆန်းလျန်သည် တာ့ရှားပြည်မှ မည်သည့်ကြေညာချက်မှ မပြုဘဲ ခွဲထွက်နိုင်ပြီး တာ့ရှားပြည်၏ သြဇာအာဏာများကို ဖျက်စီးပစ်နိုင်သူ ဖြစ်လေသည်။ ထိုအချက်သည် တာ့ရှား ဧကရာဇ်၏ အခြေခံ အုတ်မြစ်ကို မတည်မငြိမ်ဖြစ်မည်မှာ အသေအချာပင်။

တာ့ရှားပြည် အခြေခံအုတ်မြစ် မခိုင်မာတော့ဘူး ဆိုလျှင် အချုပ်အခြာအာဏာ ပျက်ယွင်းသွားမည်ဖြစ်ပြီး တာ့ရှား တပ်မတော်ကိုပင် ဦးဆောင်လမ်းပြနိုင်ဖို့ ခက်ခဲသွားမည် ဖြစ်လေသည်။

နောက်ဆုံးတွင် တာ့ရှားဧကရာဇ်သည် မနာခံသူများအားလုံးကို သတ်ပစ်ပေလိမ့်မည်။ ထိုအခါ ကွမ်းလုန်ကျီသည် ထိုအသတ်ခံရသူများ အားလုံးကို ရင်ဆိုင်ရဲတော့မည် မဟုတ်ပေ။ ကွမ်းလုန်ကျီ၏ရင်ထဲမှ မူလရည်ရွယ်ချက်မှာ တာ့ရှားပြည်၏ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် အတွက် အရှေ့တိုင်း စစ်သည်တော်များကို တိုက်ခိုက်ရာတွင် တာ့ရှားဧကရာဇ်ကို ကူညီလိုခြင်း ဖြစ်လေသည်။

ယခုတော့ ဆန်းလျန်ကြောင့် အရာအားလုံးသည် ပျက်စီးခြင်းသို့ ဦးတည် သွားရတော့မည်။

တာ့ရှားပြည်၏ အခြေခံအုတ်မြစ် ပြိုလဲရတော့မည့် အတွက် ကွမ်းလုန်ကျီသည် သူ့ကိုယ်သူ အပြစ်တင်မိလေသည်။

ကွမ်းလုန်ကျီ၏ရင်ထဲမှ စိတ်ပျက်ဝမ်းနည်းပြီး ကြေကွဲနေမှုများကို မည်သူ တစ်ဦးတစ်ယောက်မှ နားလည်နိုင်မည် မဟုတ်ပါ။

လေ့ကျင်းသည် ဉာဏ်ရည် ထက်မြက်သူ တစ်ယောက် ဖြစ်လေသည်။

သူမသည် နိုင်ငံခြားရေး ဝန်ကြီး၏ သမီးဖြစ်သည့်အတွက် တိုင်းရေးပြည်ရာများကို နက်နက်နဲနဲ နားလည်သူ တစ်ယောက် ဖြစ်လေသည်။ သူမသည် တာ့ရှားပြည်၏ အခက်အခဲကို နားလည်သည့်အတွက် စစ်ပွဲတွင်  တာ့ရှားပြည်ဘက်မှ စွမ်းစွမ်းတမံ ပါဝင် တိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်သည်။ သူမက တာ့ရှားပြည်ငြိမ်းချမ်းစွာ အဓွန့်ရှည် နိုင်ရန်မျှော်လင့်ခဲ့သည်။

သို့သော် မည်သူတွေ မည်မျှ မျှော်လင့်ကြပါစေ အရာအားလုံးသည် တာ့ရှားဧကရာဇ် အပေါ်တွင်သာ မူတည်လေ သည်။

သူမက သက်ပြင်း တစ်ချက်ချလိုက်ရင်း…

"ဆရာကွမ်းလုန်ကျီ၊ အခြေအနေတွေက ဒီလောက်ထိ ဖြစ်လာမှတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့တော့…”

ကွမ်းလုန်ကျီက…

"ကျင်းအယ်၊ မင်းနားလည်မှာ မဟုတ်ဘူး၊ လူတွေက တာ့ရှားဧကရာဇ်ဟာ လူတိုင်းကို သူ့လက်အောက်မှာ ဖိနှိပ် ထားချင် တယ်လို့ မှတ်ယူကြတယ်၊ ဒါပေမဲ့သူ့မှာ လူတွေ နားမလည်နိုင်တဲ့ ဗျူဟာတွေ အများကြီးရှိတယ်၊ တာ့ရှားပြည် ခေတ်အဆက်ဆက်မှာ တာ့ရှားပြည်ကို စတင်တည်ထောင်ခဲ့တဲ့ ဧကရာဇ်ပြီးရင် လက်ရှိဧကရာဇ်မင်း လောက်ရဲရင့်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး၊ မင်း ဒီအကြောင်းကို ကောင်းကောင်း သိမြင်ထားရမယ် ကျင်းအယ်၊ အထူးသဖြင့် ရဟန်းမင်းကြီး ကွယ်လွန်သွားတော့ ထျန်းယီကို တိချိုးမှာ ထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ဘူး ဆိုတာ သူသိခဲ့တယ်၊ သူလုပ်နေတဲ့ လှုပ်ရှားမှုတိုင်းကို မင်းကြီးဟာ အကုန်နားလည်နိုင်စွမ်း ရှိတယ်၊ ထျန်းယီနဲ့ ဆန်းလျန်ကို ထိန်းချုပ်ဖို့ မလွယ်ဘူး ဆိုတာလည်း သူသိတယ်၊ ဒါကြောင့် သူဟာ တာ့ရှားပြည်ရဲ့ ကြီးမြတ်မှုကို ထိန်းသိမ်းမထား နိုင်တော့ဘူးဆိုတာ သိနေခဲ့တယ်၊ ဒါပေမဲ့ မင်းရဲ့ဆရာကို ကျုပ်နဲ့ မင်းကြီးပူးပေါင်းပြီး ဆန်းလျန်ကို သုတ်သင်နိုင် ခဲ့ရင်တော့ တာ့ရှားပြည်အတွက် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာနိုင်မယ်လို့ ကျုပ်ထင်ခဲ့မိတယ်၊ ဒါပေမဲ့ မင်းရဲ့ဆရာမှာ ယင်နဲ့ယန်မီးအိမ်ကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ တန်ခိုးစွမ်းအားတွေ ရှိနေမယ်လို့ ထင်မထားခဲ့မိဘူး၊ တကယ်တော့ ထိုက်ယီထျန်းရှန်း အဆင့်ဆိုတာ အသူရာချောက်မှာ အမြင့်ဆုံး အဆင့်တစ်ခုပါပဲ၊ ကျုပ်သိသလောက် ဒီအသူရာချောက်မှာ အဲဒီအဆင့်ထိ တက်လှမ်းနိုင်တဲ့ သူဟာ သုံးယောက်နဲ့ တစ်ပိုင်းပဲ ရှိတယ်၊ နှစ်ယောက်ကတော့ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်လိုခြင်း မရှိကြဘူး၊ ကျန်တဲ့တစ်ယောက်နဲ့ တစ်ပိုင်းကတော့ ပါဝင်ပတ်သက်လာကြ လိမ့်မယ်”

ကွမ်းလုန်ကျီသည် မည်သည့်အခါမှ စကားကို မစဉ်းစားဘဲ ပြောလေ့ရှိသူ မဟုတ်ပေ။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့် လိုက်လေသည်။

“မင်းက ကောင်းကင်ဘုံက နေတစ်စင်းပါ၊ သူကတော့ မြေပြင်ထက်က နေတစ်စင်းပဲ၊ မင်းတို့ နှစ်ယောက်လုံး တစ်ပြိုင်တည်းတောက်ပဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ”

ထိုစကားများသည် ကွမ်းလုန်ကျီ၏ နှလုံးသားထဲမှ ပြောလိုက်သည့် စကားများပင် ဖြစ်လေသည်။

***

All Chapters