အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း။ ၁၁၇
တတိယတောင်ထိပ်အတွင်း၌...
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချန်ကျီရှင်းသည် အလွန်ပင် အေးအေးလူလူနှင့် ပျော်ရွှင်
စရာကောင်းသော အနားယူချိန်လေးကို ပိုင်ဆိုင်ခဲ့သည်။ နေ့စဉ်ရက်ဆက် ပိလော့နှင့် ကျန်အမျိုးသမီးနှစ်ဦးကို စနောက်ကျီစယ်ရုံသာမက သူ၏ ကျင့်ကြံမှုအဆင့်အတန်း တည်ငြိမ်စေရန်နှင့် ကြယ်တာရာအာရုံကြောပွင့်မှတ်များ စုစည်းရန်အတွက်သာ အာရုံစိုက်နေခဲ့သည်။
သို့သော် ကံမကောင်းသည်မှာ သူ၏ ကြယ်တာရာအာရုံကြောပွင့်မှတ်များမှာ ၅၁၀ အထိ ရောက်ရှိသွားသောအခါ တိုးတက်မှုနှုန်းမှာ လုံးဝ နှေးကွေးသွားတော့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က လက်ခံနိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားခြင်းပင်။
အကယ်၍ အာရုံကြောပွင့်မှတ်များကို အလျင်အမြန် ထပ်မံစုစည်းလိုပါက နည်းလမ်းတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ ကိုယ်ခန္ဓာကျင့်စဉ်တစ်ခုကို ကျင့်ကြံပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို မြှင့်တင်ရန်ပင်။
၎င်းအပြင် မိုချင်းယွီသည် အကြီးအကဲ ဟွေ့ရှင်း ပေးအပ်လိုက်သော မပြီးပြည့်စုံသေးသည့် ကျင့်စဉ်တစ်ခုကိုလည်း ချန်ကျီရှင်းထံသို့ လာရောက်ပေးအပ်ခဲ့သည်။ ၎င်းမှာ ကျင့်ကြံခြင်းလောကသို့ စတင်ခြေချသူများအတွက် အသက်ရှူကျင့်စဉ်တစ်ခုဖြစ်ပြီး အကယ်၍ ပြီးပြည့်စုံအောင် ဖန်တီးနိုင်ပါက ကျင့်ကြံသူတစ်ဦး၏ ရတနာကိုယ်ခန္ဓာနယ်ပယ်နှင့် ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်တို့တွင် ကျင့်ကြံမှုနှုန်းကို သုံးဆထက်မက မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ဤရက်များအတွင်း ချန်ကျီရှင်းသည် ထိုကျင့်စဉ်ကို သေချာစွာ လေ့လာရန် အချိန်ပေးခဲ့သည်။ ဤကျင့်စဉ်သာ အောင်မြင်သွားပါက ဇီဝေချန်မိသားစု၏ မျိုးဆက်သစ်တပည့်များအတွက် များစွာ အကျိုးရှိစေမည့် ကျင့်စဉ်တစ်ခု ဖြစ်ပေလိမ့်မည်။
ယနေ့တွင်မူ ကောင်းကင်ပြင်မှာ ကြည်လင်နေပြီး လေပြည်အေးလေးများက အသာအယာ တိုက်ခတ်နေသည်။ တတိယတောင်ထိပ်ရှိ မဏ္ဍပ်လေးတစ်ခုအတွင်း၌ ပိလော့၊ ရွမ်းနန်ကျူနှင့် မိုချင်းယွီတို့သည် စီတန်းကာ ထိုင်နေကြပြီး ပုံပြောကောင်းနေသော ချန်ကျီရှင်းကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
“သခင်လေး... မြန်မြန်ပြောပြပါဦး။ နောက်ဆုံးမှာ ဖန်ကျင်းလျန်ဘာဖြစ်သွားလဲဆိုတာကို”
“ဟုတ်တယ် ဟုတ်တယ်... အဲဒီ ရက်စက်တဲ့ မင်းဆိုး ယန်ကွမ်ရဲ့ ဝိညာဉ်အကြွင်းအကျန်က မုန့်ရောင်းတဲ့ ဝူတလန်ရဲ့ ကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်တာလဲ”
“အဲဒီ ဖန်ကျင်းလျန်က တကယ့်ကို စိတ်ကစားတတ်တဲ့ မိန်းမပဲ။ တကယ့်ကို မုန်းဖို့ကောင်းလိုက်တာ”
ချန်ကျီရှင်းသည် လက်ထဲမှ ဝတ်ရုံဖြူရောင် ခေါက်ယပ်တောင်ကို ဖြတ်ခနဲ အသံမြည်အောင် ပိတ်လိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
“ကဲ... ရပ်ထားတဲ့ နေရာကနေ ပြန်စကြတာပေါ့”
"ဖန်ကျင်းလျန်က မင်းက ငါ့ကို အရပ်ပုပြီး ရုပ်ဆိုးတဲ့သူဆိုပြီး အထင်သေးနေတာလား။ မင်းရဲ့ အဲဒီဖောက်ပြန်နေတဲ့ စိတ်ရိုင်းတွေကို ငါက မသိဘူးမှတ်နေလား။ အခု မင်း ရှေ့မှာရှိနေတာ ဝူတလန် မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်စမ်း"
"ပြောစမ်း... မင်းရဲ့ အဲဒီ ရှီးမန်ချင်းဆိုတဲ့ ကောင်က ငါနဲ့ယှဉ်ရင် ဘာထူးခြားလို့လဲ။ သူ့ရဲ့ အတတ်ပညာတွေက ငါ့ရဲ့ ဖိနှိပ်မှုအောက်မှာ ဘယ်လောက်တောင် ခံနိုင်ရည်ရှိမှာမို့လို့လဲ။ မင်းလို မိန်းမယုတ်မျိုးက ဒီလို နာကျင်မှုမျိုးနဲ့မှ ထိုက်တန်တာ"
“ဖန်ကျင်းလျန်က မျက်ရည်စတွေနဲ့ တုန်ရင်နေပြီး ယောကျာ်းရယ်...မိန်းမကို သတ်တော့မှာလား။ တောင်းပန်ပါတယ်။ မိန်းမ မှားသွားပါပြီ။ အရင်က ယောကျာ်းမှာ ဒီလို အရှိန်အဝါမျိုး၊ ဒီလို အစွမ်းမျိုး ရှိမှန်း မိန်းမ မသိခဲ့ရုံတင်မကဘဲ အိပ်မက်တောင် မမက်ဖူးပါဘူး"
"တကယ်တော့... အဲဒီ ရှီးမန်ချင်းဆိုတဲ့ လူယုတ်မာက ယောကျာ်းနဲ့ယှဉ်ရင် အဝေးကြီးမှာ ကျန်နေခဲ့ပါပြီ။ သူက ယောကျာ်းရဲ့ ခြေဖျားတောင် မမီပါဘူး။ ကျေးဇူးပြုပြီး... ဒီနှိမ့်ချတဲ့ ခန္ဓာကိုယ်လေးကို ယောကျာ်းစိတ်ကြိုက် ဆက်ပြီး ဆုံးမပေးပါဦးရှင်"
"ပြီးတော ယန်ကွမ်က ဟား... ဟား... ဟား ကောင်းပြီလေ။ မင်းက အဆုံးမခံချင်တယ်ဆိုမှတော့ ငါကလည်း မင်းကို နောင်နောင် အမှားမလုပ်ရဲအောင် ကောင်းကောင်းကြီး သင်ခန်းစာ ပေးရတာပေါ့။ မင်းရဲ့ ဒီခန္ဓာကိုယ်ကို ငါ့ရဲ့ စိတ်ကြိုက် ကစားစရာအဖြစ် ပြုလုပ်ပြီး ရှီးမန်ချင်းကိုလည်း မင်းရှေ့မှာတင် ခွေးတစ်ကောင်လို ဒူးထောက်ခိုင်းပြမယ်"
စကားဆုံးသည်နှင့် ပိလော့နှင့် ကျန်အမျိုးသမီးနှစ်ဦး၏ မျက်နှာများမှာ ပန်းရောင်သန်းကာ နီမြန်းသွားကြတော့သည်။
“သခင်လေး ဒီပုံပြင်တွေကို ဘယ်ကကြားလာမှန်း မသိဘူး။ တကယ့်ကို... တကယ့်ကို ရှက်စရာကောင်းလိုက်တာ”
ပိလော့က သူမ၏လက်နှစ်ဖက်ဖြင့် နားကိုပိတ်ထားသော်လည်း လက်ချောင်းလေးများကို အသာအယာဟကာ ဆက်လက်နားထောင်ချင်စိတ်ကို မအောင့်နိုင်ဖြစ်နေရှာသည်။
ရွမ်းနန်ကျူမှာမူ သူမ၏ အင်္ကျီအနားစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း နားရွက်ဖျားလေးများအထိ နီရဲနေကာ ရင်ခုန်သံများ မြန်ဆန်နေတော့သည်။ မိုချင်းယွီကတော့ အနည်းငယ် ပို၍တည်ငြိမ်သော်လည်း သူမ၏မျက်ဝန်းများမှာမူ လှုပ်ရှားသက်ဝင်နေပြီး ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ တစ်ချိန်က ရိုးသားဖြူစင်ခဲ့သော ကောင်လေးငယ်မှာ ယခုမူ အမှန်တကယ်ပင် အရွယ်ရောက်လာခဲ့သည်။
ထိုအချိန်မှာပင်...
“တတိယသခင်လေး”
ခေါင်းဆောင်းဆောင်းထားပြီး ဝတ်ရုံနက်ဝတ်ထားသော အရပ်ရှည်ရှည် ဗိုက်သားထူထူ ပုံရိပ်တစ်ခုသည် တတိယတောင်ထိပ်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။ ချန်ကျီရှင်းက မော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် စူးရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
တူကူးနီ ပြန်ရောက်လာခြင်းပင်။
“ကျန်တာကိုတော့ နောက်တစ်ခေါက်မှ ဆက်ပြောပြတော့မယ်”
ချန်ကျီရှင်းသည် အမျိုးသမီးသုံးဦးကို ပြုံးပြလိုက်ပြီးနောက် မဏ္ဍပ်ထဲမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာလာခဲ့သည်။
“နတ်ဘုရားဆွဲငင်အားကျောက်တုံး ဘယ်လောက်တောင် စုဆောင်းနိုင်ခဲ့လဲ”
ချန်ကျီရှင်းက အနားသို့ရောက်သည်နှင့် တည်ငြိမ်စွာ မေးလိုက်သည်။ ခေါင်းဆောင်းနှင့် ဝတ်ရုံနက်ဝတ်ထားသူမှာ ချန်ကျီရှင်းက ကျောက်တုံးများ စုဆောင်းဝယ်ယူရန် စေလွှတ်ထားသော တူကူးနီပင်။
“သတင်းပို့ပါတယ် သခင်လေး ဒီအတောအတွင်း ကျွန်တော်မျိုး ယန်ကျိုးတစ်ခွင် လှည့်လည်သွားလာခဲ့ပြီး နောက်ဆုံးမှာ နတ်ဘုရားဆွဲငင်အားကျောက်တုံး ပေါင်း တစ်သန်းကျော် ရရှိခဲ့ပါတယ်”
တူကူးနီသည် သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူကာ ချန်ကျီရှင်းထံသို့ ကမ်းပေးလိုက်သည်။ ချန်ကျီရှင်းက တစ်ချက်ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ ခေါင်းညိတ်လိုက်မိသည်။
“သခင်လေး... ဒီကျောက်တုံးတွေက အင်မတန် ရှားတာ။ ကျွန်တော်မျိုး အရှေ့ပင်လယ်ကနေ လာတဲ့ ကုန်သည်အဖွဲ့တစ်ဖွဲ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့လို့သာ ကျောက်တုံးပေါင်း သောင်းနဲ့ချီပြီး တစ်ပြိုင်နက် ဝယ်ယူနိုင်ခဲ့တာပါ”
တူကူးနီက ခဏနားပြီးနောက် မျက်မှောင်ကြုတ်လျက် ဆက်ပြောသည်။
“ဒါပေမဲ့ ဒီတစ်ခေါက် ဝယ်ယူပြီးတဲ့နောက်မှာတော့ ယွန်ကျိုးတစ်ခွင်မှာ ရှိသမျှ ကျောက်တုံးတွေ အကုန်ပြတ်လပ်သွားပါပြီ။ အချိန်တိုအတွင်းမှာ ထပ်ပြီး စုဆောင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ”
“အင်း... ငါ နားလည်ပြီ”
ချန်ကျီရှင်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် “ယွန်ကျိုးမှာ မရှိတော့ရင် တခြားပြည်နယ်တွေမှာ ရှာကြည့်ဦး။ တခြားပြည်နယ်တွေမှာပါ မရှိတော့ရင် အရှေ့ပင်လယ်က ဥက္ကာခဲသဲမုန်တိုင်းဇုန်ထဲအထိ သွားပြီး ရှာရလိမ့်မယ်။ ငါ အရင်က ပြောခဲ့သလိုပဲ ဒီကျောက်တုံးတွေက များလေလေ ကောင်းလေလေပဲ”
“အမိန့်တော်အတိုင်းပါ”
တူကူးနီက ဦးညွှတ်ကာ အသံနက်နက်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“အင်း... ဒီရက်ပိုင်း မင်း ပင်ပန်းသွားပြီ။ ခဏနားပြီးမှ ထပ်ထွက်တာပေါ့။ ဝိညာဉ်ကျောက်တုံးတွေ ကုန်သွားရင် မိသားစုဆီမှာ ငါ့နာမည်သုံးပြီး ထပ်လျှောက်လိုက်”
ချန်ကျီရှင်းက တူကူးနီကို ပြုံးပြလိုက်ပြီးနောက် တုံ့ဆိုင်းမနေဘဲ လျှို့ဝှက်ခန်းမဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားတော့သည်။
...
...
နောက်ထပ် ဆယ်ရက်တိုင်တိုင်...
ချန်ကျီရှင်းသည် လျှို့ဝှက်ခန်းမအတွင်း၌သာ နေထိုင်ပြီး နတ်ဘုရားဆွဲငင်အားကျောက်တုံးများမှ ဆွဲငင်အားစွမ်းအင်များကို စုပ်ယူနေခဲ့သည်။ မကြာမီမှာပင် ကျောက်တုံးပေါင်း တစ်သန်းကျော်မှ စွမ်းအင်အားလုံးကို ချန်ကျီရှင်းက အပြည့်အဝ စုပ်ယူနိုင်ခဲ့သည်။
“နောက်ဆုံးတော့ အကုန်လုံး စုပ်ယူပြီးသွားပြီ”
ချန်ကျီရှင်းသည် မျက်လုံးများကို ဖွင့်ကာ အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။ သူ၏ရှေ့တွင်မူ ကျောက်တုံးအစအနများမှာ တောင်တစ်လုံးပမာ ပုံကျနေတော့သည်။
နောက်တစ်ခဏတွင်...
ချန်ကျီရှင်းသည် လျှို့ဝှက်ခန်းမထဲမှ လှမ်းထွက်လာပြီးနောက် တတိယတောင်ထိပ်၏ နောက်ဘက်တောင်ကုန်းဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။
“နတ်ဘုရားဆွဲငင်အားကျောက်တုံး တစ်သန်းရဲ့ ဆွဲငင်အားကို စမ်းသပ်ကြည့်ရအောင်”
ချန်ကျီရှင်းသည် တောရိုင်းမြေရိုင်းတစ်ခုကို ရှာဖွေလိုက်ပြီး အဝေးရှိ တောင်ကုန်းနှင့် တောအုပ်ဆီသို့ လက်လှမ်းလိုက်သည်။
“ခပ်သိမ်းသော ရုပ်သွင်တို့အား ကောင်းကင်ဘုံ ဆွဲငင်ခြင်း”
ချန်ကျီရှင်း၏ စကားဆုံးသည်နှင့်...
ဝုန်း
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေပြင်တစ်ခုလုံးမှာ သိသိသာသာ တုန်ခါလာတော့သည်။ မရေမတွက်နိုင်သော ကျောက်ခဲများ၊ သဲပွင့်များ၊ သစ်ရွက်များနှင့် သစ်ကိုင်းများအားလုံးမှာ တုန်ယင်လာပြီးနောက် အထက်သို့ လွင့်ပျံလာကာ ကောင်းကင်ယံတွင် စုစည်းလာကြတော့သည်။
ချန်ကျီရှင်းသည် သူ၏လက်ထဲမှ ဆွဲငင်အားကို ဆက်လက်မြှင့်တင်လိုက်သည်။
၁၀ ရာခိုင်နှုန်း... ၂၀ ရာခိုင်နှုန်း... ၃၀ ရာခိုင်နှုန်း... ၅၀ ရာခိုင်နှုန်း... ၇၀ ရာခိုင်နှုန်း... ၉၀ ရာခိုင်နှုန်း….
သူ၏လက်ထဲမှ ဆွဲငင်အားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။
ဒုန်း
တစ်ခဏအတွင်းမှာပင် တောအုပ်တစ်ခုလုံးကို တိတ်ဆိတ်လှသော ဟာရီကိန်းမုန်တိုင်းကြီးတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဖြစ်သွားတော့၏။ လူတစ်ရပ်စာ မြင့်မားလှသော ကျောက်တုံးကြီးများ၊ မီတာတစ်ဆယ်ကျော် မြင့်သည့် ရှေးဟောင်းသစ်ပင်ကြီးများ၊ မြက်ခင်းပြင်များနှင့် စမ်းချောင်းရေများအပါအဝင် အရာဝတ္ထုမှန်သမျှမှာ အမြစ်မှပြုတ်ထွက်ကာ ဟင်းလင်းပြင်အတွင်းသို့ လွင့်ပျံတက်သွားကြသည်။
တကယ့်ကို ခမ်းနားထည်ဝါလှသော မြင်ကွင်းပင်။
မကြာမီမှာပင် ထိုအရာအားလုံးမှာ လေထုထဲတွင် အချင်းချင်း ပေါင်းစပ်သွားကြပြီး ကြီးမားလှသော အနက်ရောင် လုံးဝန်းသည့် အရာဝတ္ထုကြီးတစ်ခုအဖြစ် စုစည်းသွားတော့သည်။
ဘုန်း….
ချန်ကျီရှင်းက သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ကြီးမားလှသော ထိုအလုံးကြီးမှာ ချက်ချင်းဆိုသလိုပင် ပြိုကွဲသွားပြီး ကျောက်တုံးများ၊ မြေစာခဲများနှင့် သစ်ရွက်ခြောက်များအဖြစ်သို့ ပြောင်းလဲကာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ တဖျောက်ဖျောက် ပြုတ်ကျလာတော့သည်။ ထိုအရာများ မြေပြင်ပေါ်သို့ ကျရောက်သည့်အခါတွင်လည်း တွင်းကြီးများစွာ ဖြစ်ပေါ်သွားခဲ့၏။
“အခုဆိုရင် ငါ့ရဲ့ ဆွဲငင်အားဟာ ပေါင်ချိန် တစ်သန်းဝန်းကျင်လောက် ရှိနေပြီပဲ”
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် သိမြင်နားလည်မှုတစ်ခု လက်ခနဲ ပေါ်လာသည်။ ပေါင်ချိန် တစ်သန်းရှိသော ဆွဲငင်အားမှာ အားကောင်းလှသည်ဟု ထင်ရသော်လည်း ဥပမာအားဖြင့် ယခင်ဘဝက ကမ္ဘာ့အကြီးဆုံး လေယာဉ်နှစ်စီးကို အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် အင်အားမျိုး ဖြစ်သော်လည်း တောင်နှင့် သမုဒ္ဒရာများကိုပင် တုန်လှုပ်စေနိုင်သည့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူတစ်ဦးအတွက်မူ ဤသည်မှာ အထူးအဆန်း မဟုတ်လှပေ။
“ဆွဲငင်အားလမ်းစဉ်က လျှောက်လှမ်းဖို့ ဝေးလံပြီး ခက်ခဲနေပါသေးလား”
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ရင်း အရှေ့ပင်လယ်ထဲသို့ သွားရောက်နေသော ဟွာလင်ဟိုတစ်ယောက် သူ့အတွက် နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေ ပိုပြီး သယ်ဆောင်လာနိုင်ပါစေဟု မျှော်လင့်နေမိသည်။
ခဏအကြာတွင် ချန်ကျီရှင်းသည် သူ၏အတွေးများကို စုစည်းလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ မုန့်ဟယ်တုန်း တစ်ဟုန်ထိုး နာမည်ကြီးလာသည့် သတင်းများမှာ သူ၏ထံသို့ အလိုအလျောက် ရောက်ရှိလာပြီးသား ဖြစ်သည်။
ချန်ကျီရှင်းအနေဖြင့် ဤသတင်းအပေါ် အံ့သြခြင်း မရှိပေ။ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးဖြစ်သည့်အတွက် ထိုသူမှာ ထူးခြားသော ကံတရားများ ရှိနေမည်မှာ အသေအချာပင်။ ထို့ပြင် ထိုသူ၏လက်မှ လက်စွပ်ထဲတွင်လည်း ရှေးဟောင်းအင်အားကြီး ပုဂ္ဂိုလ်တစ်ဦး၏ ဝိညာဉ်အကြွင်းအကျန် ကပ်ငြိနေခြင်းပင်။ အကယ်၍ ထိုသူသာ မဟူရာအကြီးအကဲများ၏ လက်ချက်ဖြင့် အလွယ်တကူ အသတ်ခံလိုက်ရမည်ဆိုပါက ထိုအရာကမှ ပို၍ ထူးဆန်းနေပေလိမ့်မည်။
“နောက်ဆိုရင် မုန့်ဟယ်တုန်းက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆီကို သွားပြီး ကောင်းကင်လှိုင်းနတ်သမီးနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ဆယ်နှစ်တာ ကတိကဝတ်ကို ဖြည့်ဆည်းမှာ မဟုတ်ဘူးလား”
ချန်ကျီရှင်းသည် ဂိမ်းအတွင်းရှိ ဇာတ်လမ်းသွားများကို အနည်းငယ် ပြန်လည်စဉ်းစားနေမိသည်။
“ဒါဆိုရင် ရွှီဖန်ကရော ဘယ်ကို သွားမှာလဲ”
ချန်ကျီရှင်းသည် ဤမေးခွန်းကို ရက်အတော်ကြာအောင် စဉ်းစားနေခဲ့ခြင်းပင်။
သူသည် သူ့ကိုယ်သု ရွှီဖန်၏ နေရာတွင် အစားထိုး၍ စဉ်းစားကြည့်လိုက်သည်။
တကယ်လို့ ငါသာ ရွှီဖန်ဆိုရင် ငါ ဘာလုပ်လောက်မလဲ။
မကြာမီမှာပင် ချန်ကျီရှင်းသည် အဖြေတစ်ခု ရရှိခဲ့သည်။
ကျောထောက်နောက်ခံ ရှာဖွေခြင်းပင်။
သူ အလျင်အမြန် အင်အားကြီးထွားလာချိန်တွင် သူ့ကို အကာအကွယ်ပေးနိုင်လောက်အောင် သန်မာသည့် ကျောထောက်နောက်ခံတစ်ခုကို ရှာဖွေရပေလိမ့်မည်။
“မျိုးရိုးမြင့် မိသားစုကြီးတွေဆီမှာ ခိုလှုံဖို့ကတော့ မဖြစ်နိုင်သလောက်ပဲ။ ဘယ်ထာဝရရှင်သန်ခြင်း မိသားစုကမှ ရွှီဖန်လိုမျိုး မျိုးရိုးမတူတဲ့သူကို သူတို့ရဲ့ အမာခံအဖွဲ့ဝင်အဖြစ် လက်ခံမှာ မဟုတ်ဘူး”
“ဒါဆိုရင် ရွှီဖန်က ဂိုဏ်းအဖွဲ့အစည်းတစ်ခုခုကိုပဲ ရှာလိမ့်မယ်”
“ဂိုဏ်းတွေထဲမှာမှ ဇီဝေချန်မိသားစုထက် မနိမ့်ကျတဲ့အပြင် အန်းကျန်းမြို့နဲ့လည်း နီးရမယ်။ လူသူရောထွေးနေပြီး လက်ရှိမှာလည်း တပည့်သစ်တွေ ခေါ်ယူနေတဲ့ ဂိုဏ်းမျိုးဆိုရင်တော့... တခြားရွေးချယ်စရာတွေကို ဖယ်ထုတ်လိုက်ရင် တစ်ခုတည်းသော ရွေးချယ်စရာပဲ ကျန်တော့တယ်...”
“ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေပဲ”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အရောင်တောက်သွားတော့သည်။
တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ခဲ့ရင် မုန့်ဟယ်တုန်းကလည်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားနေတာပဲ။ ရွှီဖန်ကလည်း အဲဒီနေရာကိုပဲ ဦးတည်နေတာဆိုတော့ သူတို့နှစ်ယောက် ဆုံသွားဖို့က သေချာသလောက် ရှိနေပြီ။ အဲဒီမှာ သူတို့နှစ်ယောက်လုံးရဲ့ ဘုံရန်သူက ငါ ဖြစ်နေမှန်း သိသွားကြရင်တော့ ဒါက ငါ့အတွက် အဆိုးရွားဆုံး ရလဒ်ပဲ။
“ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားမယ့်ကိစ္စကတော့ နောက်ဆုတ်လို့ မရတော့ဘူးပဲ” ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
မူလက သူသည် အကြီးအကဲ ဖူရှုးကို သတ်ဖြတ်ကာ သူ၏ ကံကြမ္မာကို သိမ်းပိုက်ရန် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ သွားရန် စီစဉ်ထားခြင်းပင်။
“ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေထဲကို ဝင်မယ်။ ဖူရှုးရဲ့ ကံကြမ္မာကို သိမ်းပိုက်မယ်။ ပြီးရင် မုန့်ဟယ်တုန်းနဲ့ ရွှီဖန်တို့ကိုပါ တစ်ခါတည်း အပြတ်ရှင်းပစ်မယ်”
ချန်ကျီရှင်းသည် ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။
၎င်းအပြင် သူ မှတ်မိသလောက်ဆိုလျှင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသည် အစုအဖွဲ့ နှစ်ခုကွဲနေသည်။ တစ်ဖွဲ့မှာ နတ်ဘုရားအတွေး ကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်နာကြပြီး နတ်ဘုရားအတွေးများကို အဓိကထား ကျင့်ကြံသည့် စိတ်ဝိညာဉ်အရှင်သခင်များ ဖြစ်ကြသည်။ မုန့်ဟယ်တုန်းနှင့် ဆယ်နှစ်တာ ကတိကဝတ်ပြုထားသော လီရန်သည် ထိုနတ်ဘုရားအတွေးဂိုဏ်း၏ နတ်သမီးပင်။
အခြားတစ်ဖွဲ့မှာမူ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်စဉ်ကို လိုက်နာကြသူများ ဖြစ်သည်။ ထိုကျင့်ကြံသူများသည် ခန္ဓာကိုယ်သန်မာမှုကို မဟာတာအို၏ အခြေခံအုတ်မြစ်ဟု ယုံကြည်ကြသည်။ ဤအစုအဖွဲ့နှစ်ခုမှာ နှစ်ပေါင်းများစွာကြာအောင် တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားနေခဲ့ကြပြီး အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိနေကြသည်။
“အခု ငါ့အနေနဲ့ စိတ်စွမ်းအားတာအိုနဲ့ ပတ်သက်တဲ့ နားလည်မှုတွေ လိုအပ်နေသလို ကြယ်တာရာအာရုံကြောပွင့်မှတ်တွေကို ပိုပြီး လက်ခံနိုင်ဖို့ ခန္ဓာကိုယ် သန်မာစေမယ့် ကျင့်စဉ်လည်း လိုအပ်နေတယ်”
“ဒီတစ်ခေါက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားတာကတော့ မြှားတစ်စင်တည်းနဲ့ ငှက်တော်တော်များများကို ပစ်တာပဲ”
ဤသို့တွေးတောရင်း ချန်ကျီရှင်းသည် တုံ့ဆိုင်းမနေတော့ပေ။
...
...
သုံးရက်အကြာတွင် ချောက်လှမ်းမြစ်ထဲတွင် မျောပါနေသော လှေနက်ကလေး တစ်စင်းပေါ်၌ ကြမ်းတမ်းသော အဝတ်အထည်များကို ဝတ်ဆင်ထားပြီး သာမန်မျက်နှာပေးရှိသော လူငယ်တစ်ဦးသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ ရှိရာဘက်သို့ လှေဖြင့် ဦးတည်သွားနေတော့သည်။
ကျယ်ပြောလှသော မြစ်ရေပြင်ထက်တွင် မြူလှိုင်းများက တောင်ကုန်းများနှင့် မျှော်စင်ရိပ်များကို ထင်ဟပ်နေစေသည်။ မြစ်၏ ဝဲယာနှစ်ဖက်စလုံးတွင်မူ တောရိုင်းတိရစ္ဆာန်များ၏ အော်မြည်သံများက နှုတ်ဆက်နေသကဲ့သို့ ထွက်ပေါ်နေတော့သည်။
အခန်း။ ၁၁၈
ဘုန်း….
သောင်းကျန်းလှသော ချောက်လှမ်းမြစ်၏ စိမ်းမြမြရေပြင်သည် အောက်ဘက်သို့ တရဟောစီးဆင်းသွားပြီးနောက် မတ်စောက်သော လျှိုမြောင်များကို ဖြတ်ကျော်ကာ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ မြစ်၏ ဝဲယာတစ်ဖက်တစ်ချက်ရှိ မြင့်မားလှသော တောင်တန်းကြီးများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မိုးမခပင်များ ဖုံးလွှမ်းနေသော မြစ်ကမ်းပါးယံများဖြင့် အစားထိုးဝင်ရောက်လာခဲ့၏။
စိမ်းလန်းစိုပြည်သော သစ်ပင်ရိပ်များသည် ရေပြင်ထက်တွင် ထင်ဟပ်နေပြီး အနီးနှင့်အဝေး မြင်ကွင်းအမျိုးမျိုးက မြစ်ရေပြင်ကို စိမ်းလန်းသော အရောင်အသွေးများဖြင့် ခြယ်မှုန်းထားသည်။ တစ်ခါတစ်ရံတွင်မူ အဝါနှင့် အစိမ်းရောင် ရောယှက်နေသော သစ်ပင်ထိပ်ဖျားများကိုလည်း တွေ့မြင်ရသည်။
အသားညိုညိုနှင့် ပိန်ပိန်ပါးပါး ကိုယ်လုံးရှိသော လှေထိုးသားတစ်ဦးသည် လှေဦးတွင် မတ်တပ်ရပ်နေ၏။ သူသည် မြက်ခြောက်ဖြင့် ရက်လုပ်ထားသော ခမောက်ကို ဆောင်းထားပြီး ပြောင်လက်နေသော ဝါးလုံးရှည်ကို ကိုင်စွဲကာ ကျောက်ဆောင်များကို ထောက်ကန်ရင်း လှေ၏ ဦးတည်ရာကို ထိန်းညှိနေသည်။
ကြမ်းတမ်းသော အဝတ်အထည်များကို ဝတ်ဆင်ထားသည့် ချန်ကျီရှင်းမှာမူ လှေ၏ လှုပ်ခတ်မှုနှင့်အတူ လိုက်ပါစီးနောရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေတော့သည်။ ဤလှေပေါ်တွင် ချန်ကျီရှင်းအပြင် နောက်ထပ် လူနှစ်အုပ်စု ပါရှိနေသေး၏။
ပထမတစ်အုပ်စုမှာ လင်မယားအသစ်စက်စက် နှစ်ဦးဖြစ်ပြီး နှစ်ဦးစလုံးမှာ ကျင့်ကြံသူများ မဟုတ်ကြပေ။ ဇနီးဖြစ်သူမှာ အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး နုနယ်ချောမောလှသည်။ သူမ၏ ဝမ်းဗိုက်မှာ အနည်းငယ် ပူထွက်နေသဖြင့် ကိုယ်ဝန်ရှိနေသည်မှာ သိသာလှသည်။ ပညာရှိတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော ခင်ပွန်းဖြစ်သူမှာ သူမ၏ ဘေးတွင် တိုးတိုးလေး ကပ်ပြောကာ သူမ၏ ကျန်းမာရေးကို ဂရုတစိုက် မေးမြန်းနေရှာသည်။ သူတို့၏ စကားဝိုင်းအရ ဇနီးဖြစ်သူ ကလေးမွေးဖွားရန်အတွက် နေအိမ်သို့ ပြန်နေကြခြင်းပင်။
နောက်ထပ် အုပ်စုတစ်စုမှာမူ တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော လူကုံထံ လူငယ်တစ်ဦးနှင့် အရပ်ရှည်ရှည် ဗိုက်သားထူထူ အစေခံနှစ်ဦးတို့ ဖြစ်ကြသည်။ ထိုလူငယ်မှာ ကျင့်ကြံမှု အနည်းငယ်ရှိပုံရပြီး ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်ခန့်တွင် ရှိပေလိမ့်မည်။ သူ၏ အစေခံနှစ်ဦးမှာမူ ပုခုံးကျယ်ကျယ်နှင့် ကြွက်သားအမြောင်းမြောင်း ရှိကြသော်လည်း ခွန်အားကြီးမားခြင်းမှလွဲ၍ ထူးခြားသည့် စွမ်းရည်မရှိကြပေ။
ထိုလူကုံထံလူငယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို တစ်ချက်တစ်ချက် ခိုးကြည့်လိုက် သူ၏ အစေခံများနှင့် တီးတိုးပြောကာ ရယ်မောလိုက်နှင့် ရှိနေသည်။ သူသည် ထပ်ကြည့်လိုက်၊ ထပ်ရယ်လိုက်နှင့် ပြုမူနေတော့၏။ ချန်ကျီရှင်းမှာမူ ထိုသူများနှင့် ပတ်သက်လိုစိတ် မရှိဘဲ တိတ်ဆိတ်စွာပင် ဝိညာဉ်ကို ပြုစုပျိုးထောင်ရင်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်းသို့ မည်သို့ ဝင်ရောက်ရမည်ကိုသာ တွေးတောနေခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
လူငယ်ပညာရှိမှာမူ သူ၏ဇနီးအပေါ် ထိုလူငယ် စိုက်ကြည့်နေသည်ကို ဆက်လက် သည်းမခံနိုင်တော့ဘဲ ဝုန်းခနဲ မတ်တပ်ရပ်လိုက်ကာ ရန်လိုသော အသံဖြင့် ပြောလိုက်သည်။
“ခင်ဗျား ဒီလှေပေါ်တက်ကတည်းက ကျွန်တော့်ဇနီးကို စိုက်ကြည့်ပြီး ရယ်နေတာပဲ။ ကျွန်တော့်ဇနီးရဲ့ ဘယ်နေရာက ခင်ဗျားကို အဲဒီလောက်တောင် ရယ်ချင်အောင် လုပ်နေလို့လဲ သိပါရစေ”
လူကုံထံလူငယ်သည် ပျင်းရိပျင်းတွဲဖြင့် ခေါင်းမော့ကြည့်ကာ သူ၏ယပ်တောင်ကို ဖြတ်ခနဲ ဖြန့်လိုက်ပြီး မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်
“ဘာလဲ... မင်းမိန်းမက အရာရှိကြီးရဲ့ သမီးမို့လို့လား။ ဘယ်သူမှ ကြည့်လို့မရအောင် လုပ်နေရအောင်။ အကြည့်မခံချင်ရင် အိမ်မှာပဲ ငြိမ်ငြိမ်လေး နေပါလား အပြင်မထွက်လာနဲ့လေ”
ထိုစကားများက သူ၏နောက်ကွယ်မှ အစေခံနှစ်ဦးကို တဟားဟား ရယ်မောသွားစေတော့သည်။
“မင်း... မင်း”
လူငယ်ပညာရှိ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲတက်လာပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သည်။
“ရှူးဝမ်... ထားလိုက်ပါတော့”
နုနယ်သော အမျိုးသမီးလေးက စိုးရိမ်တကြီးဖြင့် လူငယ်ပညာရှိ၏ အင်္ကျီလက်ကို ဆွဲတားလိုက်သည်။ ထိုလူကုံထံလူငယ်မှာ အဖိုးတန်ဝတ်စုံများ ဝတ်ဆင်ထားပြီး ရက်စက်ကြမ်းကြုတ်မည့် အစေခံများလည်း ပါရှိသဖြင့် ကိုင်တွယ်ရခက်မည့်သူဖြစ်ကြောင်း သိသာလှသည်။
ဒီလောက် ကျယ်ပြောလှတဲ့ မြစ်ကြီးရဲ့ အလယ်မှာ... တကယ်လို့ တစ်ခုခုသာ အမှန်တကယ် ဖြစ်ပွားခဲ့ရင် သူတို့ဇနီးမောင်နှံက ဘာလုပ်နိုင်မှာလဲ။
လူငယ်ပညာရှိသည်လည်း သူ့ဇနီး၏ စိုးရိမ်မှုကို နားလည်သည်။ သူသည် အံတင်းတင်းကြိတ်ကာ ပြန်ထိုင်လိုက်ပြီး ထိုလူကုံထံလူငယ်နှင့် မျက်လုံးချင်းမဆုံမိစေရန် ရှောင်ဖယ်နေလိုက်တော့သည်။
သို့သော်လည်း ထိုဇနီးမောင်နှံက ပြဿနာကို ရှောင်လွှဲလိုသော်လည်း လူကုံထံလူငယ်ကမူ သူတို့ကို အလွယ်တကူ လွှတ်ပေးမည့်ပုံမပေါ်ပေ။ သူ၏ မျက်လုံးများက ကစားနေပြီး ယုတ်မာသောအပြုံးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါကြားဖူးတာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ထူးခြားတဲ့ ဆွဲဆောင်မှုရှိပြီး လောကရဲ့ အကောင်းဆုံး သာယာမှု ၁၀ မျိုးထဲက တစ်ခုပဲတဲ့။ ငါ့သူငယ်ချင်းတစ်ယောက်က အဲဒီလို ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ စမ်းကြည့်ဖူးတာ... တကယ့်ကို စွဲမက်စရာကောင်းပြီး ထူးခြားလှတယ်လို့ ပြောဖူးတယ်...”
သူက တိုးတိုးလေး ပြောတယ်ဆိုပေမဲ့ ဒီလှေကလေးက ဘယ်လောက် ကျယ်မှာမို့လို့လဲ။
“လူယုတ်မာ”
လူငယ်ပညာရှိမှာ သွေးဆူလာပြီး သူ၏ဒေါသကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ ဝုန်းခနဲ ထရပ်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“မင်းက ရိုင်းစိုင်းတဲ့ စကားတွေကို အရှက်မရှိ ပြောနေတာပဲ။ တကယ့်ကို လွန်လွန်းနေပြီ”
ဤစကားကို ကြားသောအခါ လူကုံထံလူငယ်မှာ တုန်လှုပ်ခြင်းမရှိဘဲ အနည်းငယ် ပြုံးလိုက်ရင်း “မိတ်ဆွေ... ဒီခရီးက ရှည်လျားပြီး ပျင်းဖို့ကောင်းနေတာနဲ့ မင်းရဲ့ဇနီးကို ငါ့ဆီ တစ်ရက်လောက် ခေတ္တငှားပါလား။ ဒါပေါ့... အလကားတော့ မဟုတ်ပါဘူး။ မင်းကို ရွှေပြားတစ်ရာ လက်ဆောင်ပေးပါ့မယ်”
သူက ခဏရပ်ပြီး ယပ်တောင်ကို ခါယမ်းကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။
“စိတ်ချပါ... ငါ့ရဲ့ ခရီးဆုံးကို ရောက်တာနဲ့ ငါတို့ လမ်းခွဲကြမှာပါ။ ဒီနေ့ကိစ္စကိုလည်း ဘယ်သူ့ကိုမှ ပြန်မပြောဘဲ ဘာမှမဖြစ်ခဲ့သလို နေလိုက်ရုံပေါ့”
“အဲဒီအချိန်ကျရင် မင်းက မင်းရဲ့လမ်းကို ဆက်လျှောက် ငါကလည်း ငါ့ရဲ့လမ်းကို ဆက်
လျှောက် ငါက သာယာမှုကို ရမယ် မင်းက ချမ်းသာမှုကို ရမယ်... ဘယ်သူမှ တစ်ဦးပေါ်တစ်ဦး အကြွေးမတင်တော့ဘူးပေါ့”
သူ၏စကားကို အစေခံနှစ်ဦးကလည်း ထောက်ခံကာ ရယ်မောကြသည်။
“ဟေ့... ဆင်းရဲတဲ့ ပညာရှိလေး ဘာလို့ လက်မခံရမှာလဲ။ ရွှေပြားတစ်ရာဆိုတာ ဘယ်မြို့မှာမဆို အိမ်တစ်လုံးဝယ်ပြီး မင်းရဲ့ကလေးကို ပြုစုပျိုးထောင်ဖို့ လုံလောက်တာပဲ”
“ဟဲဟဲ... ဒီနေ့ မင်းကံကောင်းလို့ ငါတို့သခင် စိတ်ကောင်းဝင်နေတာ။ မဟုတ်ရင် ရွှေပြားတစ်ရာ ဝေးလို့... မင်းကို အသေသတ်လိုက်ရင်တောင် မင်းဘာလုပ်နိုင်မှာလဲ”
ဤစကားကို ကြားရသောအခါ လူငယ်ပညာရှိ၏ နားထင်ကြောများမှာ ဒေါသကြောင့် ထောင်ထွက်လာပြီး သူက အော်ပြောလိုက်တော့သည်။
“သူခိုးထက် ဆိုးတဲ့လူယုတ်မာတွေ... မင်းတို့ ငါ့ကို ဒီလောက်တောင် စော်ကားရဲတာလား”
ထိုသို့ပြောပြီးနောက် လူငယ်ပညာရှိသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုးနှက်ရန် ရွယ်လိုက်တော့သည်။
သို့သော်လည်း အားနွဲ့လှသော ပညာရှိတစ်ဦးမှာ ကျင့်ကြံမှုရှိသည့် လူကုံထံလူငယ်ကို မယှဉ်နိုင်ပေ။ ထိုလူငယ်မှာ လက်ဖျားနှင့်ပင် တို့စရာမလိုဘဲ သူ၏သန်မာထွားကြိုင်းလှသော အစေခံနှစ်ဦးမှာ ယုတ်မာစွာပြုံးလျက် သူတို့၏လက်ဝါးကြီးများဖြင့် လူငယ်ပညာရှိကို မြေပြင်ပေါ်သို့ အလွယ်တကူပင် တွန်းလှဲလိုက်ကြသည်။ ထို့နောက် ပညာရှိ၏ပါးကို ရိုက်နှက်ရန် ပြင်လိုက်ကြ၏။
“မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ သိရဲ့လား။ ငါတို့သခင်လေးက မင်းမိန်းမကို မျက်စိကျလို့ ရွှေပြားတစ်ရာတောင် ပေးမယ်ပြောတာကို ကျေးဇူးတင်ရမယ့်အစား... မင်းက ဘာမို့လို့ ငါတို့သခင်လေးရှေ့မှာ ရိုင်းစိုင်းနေရတာလဲ”
လှေဦးမှာရပ်နေသော လှေထိုးသားကြီးမှာ ဤမြင်ကွင်းကိုကြည့်ရင်း မနေနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
“တော်ကြစမ်း မင်းတို့တွေ တကယ်ကို လွန်လွန်းနေပြီ...”
လှေထိုးသားကြီး စကားပင် မဆုံးသေးမီမှာပင်...
“အဘိုးကြီး... မင်းအလုပ်ဖြစ်တဲ့ လှေထိုးတာကိုပဲ အာရုံစိုက်စမ်းပါ။ ဒီလိုအရိုးအိုကြီးနဲ့ သူရဲကောင်းလာလုပ်ချင်တာလား။ နောက်တစ်ခွန်း ထပ်ပြောကြည့်ဦး... မင်းကို မြစ်ထဲပစ်ချပြီး ငါးစာကျွေးပစ်မယ်”
အစေခံက မျက်ခုံးပင့်လျက် လှောင်ပြောင်လိုက်သည်။
ထိုစကားကြောင့် လှေထိုးသားကြီးမှာ ချက်ချင်းပင် နောက်ဆုတ်သွားရပြီး ကြောက်လန့်တကြား တုန်တုန်ရင်ရင်ဖြင့် တစ်ခွန်းမှပင် ထပ်မပြောဝံ့တော့ပေ။ ဤသည်ကို မြင်သောအခါ အစေခံမှာ ပို၍ပင် ဘဝင်မြင့်လာတော့သည်။
“အမှန်အတိုင်းပြောရရင် ငါတို့သခင်လေးရဲ့ အဆင့်အတန်းက အရမ်းမြင့်မြတ်တာ။ ငါတို့ သခင်ကြီးက နာမည်ကျော် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ စီမံခန့်ခွဲသူတစ်ယောက်ပဲ။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆိုတာ ဘာလဲဆိုတာ မင်းတို့သိရဲ့လား။ အဲဒါ အမတအရှင်သခင်တွေ နေထိုင်တဲ့ အမတဂိုဏ်းကွ”
“ဒီတစ်ခေါက် ငါတို့သခင်လေး လှေစီးလာတာကလည်း သခင်ကြီးရဲ့နေရာကို ဆက်ခံပြီး အမတဂိုဏ်းမှာ အလုပ်လုပ်ဖို့ သွားနေတာ”
ထိုစကားများကို ကြားလိုက်ရသည့်အခါ မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော လူငယ်ပညာရှိ၏ မျက်နှာမှာ ချက်ချင်းပင် မျှော်လင့်ချက်ကင်းမဲ့သွားကာ ပြာနှမ်းသွားတော့သည်။ နုနယ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးလေး၏ မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့၏။ စောစောကပင် တရားမျှတမှုအတွက် အော်ဟစ်ခဲ့သော လှေထိုးသားကြီးမှာလည်း တုန်လှုပ်သွားပြီး သူ၏ စိတ်လိုက်မာန်ပါ ပြောဆိုခဲ့မိမှုအတွက် နောင်တရစွာဖြင့် တိုးတိုးလေး ရေရွတ်နေမိတော့သည်။
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ…
၎င်းသည် သာမန်လူသားများစွာ၏ အထက်တွင် ရပ်တည်နေသော အမတဂိုဏ်းကြီးတစ်ခုပင်။ ထိုဂိုဏ်းအတွင်းရှိ ခွေးတစ်ကောင်မှာပင် သာမန်လူသားများထက် အဆင့်အတန်း မြင့်မားလှသည်။
“စီမံခန့်ခွဲသူ ဟုတ်လား။ ငါမှတ်မိသလောက်ဆိုရင် အစေခံတွေကြားထဲမှာမှ စီမံခန့်ခွဲသူလို့ ခေါ်ကြတာ မဟုတ်ဘူးလား”
ထိုအချိန်တွင် ဇဝေဇဝါဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရှူး... ရှူး... ရှူး
ချက်ချင်းဆိုသလိုပင် အစေခံနှစ်ဦးမှာ လှေပေါ်တွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သော သာမန်လူငယ်လေးထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတော့သည်။
“သေရမှာ မကြောက်တဲ့ နောက်တစ်ယောက် ပေါ်လာပြန်ပြီလား”
ရိုင်းစိုင်းသော အစေခံသည် စိတ်မရှည်သည့် မျက်နှာပေးဖြင့် ချန်ကျီရှင်းကို ဖမ်းဆွဲရန် လက်ကို မြှောက်လိုက်သည်။ ချန်ကျီရှင်းက မျက်တောင်တစ်ခတ်မျှသာ ခတ်လိုက်၏။
ဖူး...
လက်မြှောက်လိုက်သော အစေခံမှာ ရုတ်တရက် တောင့်ခဲသွားပြီးနောက် သူ၏ ခြေထောက်မှ အထက်သို့ အငွေ့ပျံသွားတော့သည်။ နောက်ဆုံးတွင် စားပွဲပေါ်မှ ရေစက်ကို သုတ်လိုက်သကဲ့သို့ပင် သူသည် လုံးဝဥဿုံ အငွေ့ပျံပျောက်ကွယ်သွားပြီး လေထဲတွင် သွေးတစ်စက်၊ အသားတစ်စပင် မကျန်ရစ်ခဲ့ပေ။
ချန်ကျီရှင်းသည် လက်ညှိုးကို နောက်တစ်ကြိမ် ထပ်မံခါယမ်းလိုက်ရာ ကျန်ရှိနေသော အစေခံမှာလည်း သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး လေနှင့်အတူ လွင့်ပါသွားတော့သည်။ ခဏချင်းမှာပင် လှေပေါ်ရှိ လူတိုင်း၏ မျက်နှာများ အရောင်ပြောင်းကုန်ကြ၏။
“အ... အမတအရှင်သခင်လား”
လှေထိုးသားနှင့် လူငယ်ပညာရှိတို့မှာ တုန်တုန်ရင်ရင်ဖြင့် ချန်ကျီရှင်းကို ကြည့်လိုက်ကြသည်။
“အစေခံတစ်ယောက်ရဲ့ သားသမီးကတောင် ဒီလောက်အထိ မောက်မာနေကြတာလား”
ချန်ကျီရှင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ နားမလည်သည်မှာ ကျင့်ကြံခြင်းလောကရှိ သန့်စင်ရာနယ်မြေမှ အစေခံတစ်ဦးဆိုသည်မှာ ဖုန်မှုန့်တစ်စမျှသာ ဖြစ်သော်လည်း သာမန်လူသားများအတွက်မူ ထိုရာထူးမှာ အလွန်တရာ ကြီးမားလှသည်။ အစေခံတစ်ဦး လစဉ်ရရှိသော ဝိညာဉ်ကျောက်တုံးသုံးတုံးမှာပင် သာမန်လူသားလောကရှိ ရွှေပြားသုံးထောင်နှင့် ညီမျှနေသည်။
သာမန်လူများ၏ မျက်လုံးထဲ၌ အစေခံတစ်ယောက်၏ သားက အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။
ရုတ်တရက် ထိုလူကုံထံ လူငယ်လေးမှာ ပျာပျာသလဲ ဖြစ်သွားပြီး သူ၏ ပြောင်စပ်စပ် အပြုံးကို ဖျောက်ပစ်ကာ လက်အုပ်ချီ၍ ဂါရဝပြုလိုက်သည်။
“ကျွန်တော်ရဲ့ နာမည်က ရှောင်ပင်းပါ။ ကျွန်တော်ရဲ့ အဖေက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ အလုပ်လုပ်ပါတယ်။ မြင့်မြတ်တဲ့ တာအိုကျင့်ကြံသူရဲ့ ဘွဲ့နာမည်ကို သိပါရစေခင်ဗျာ”
ချန်ကျီရှင်းက ပြန်မဖြေဘဲ အတွေးတစ်ခု ဝင်လာဟန်ဖြင့် အသာအယာ မေးလိုက်သည်။
“မင်းက မင်းအဖေရဲ့ ရာထူးကို ဆက်ခံဖို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားနေတာလား”
ရှောင်ပင်းသည် ချန်ကျီရှင်း၏ အတိမ်အနက်ကို မခန့်မှန်းနိုင်သဖြင့် အမှန်အတိုင်းပင် ဖြေကြားလိုက်သည်
“မှန်ပါတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ အဖေက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာပဲ ကွယ်လွန်သွားခဲ့တာပါ။ အဲဒီက စည်းမျဉ်းအရ ဆယ်နှစ်ထက်မက အလုပ်လုပ်ခဲ့တဲ့ အစေခံတိုင်းက သူတို့ကွယ်လွန်ချိန်မှာ မိသားစုဝင်တစ်ယောက်ကို သူတို့ရဲ့ အစေခံရာထူးကို ဆက်ခံခွင့် ပေးနိုင်ပါတယ်ခင်ဗျာ”
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် “ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက မင်းရဲ့ အထောက်အထားကို ဘယ်လို စစ်ဆေးတာလဲ။ တခြားတစ်ယောက်က မင်းအဖြစ် ဟန်ဆောင်သွားရင်ရော”
ဤမေးခွန်းကို ကြားသောအခါ ရှောင်ပင်းသည် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသော်လည်း ချန်ကျီရှင်း၏ စောစောက လုပ်ရပ်ကို သတိရသဖြင့် အတင်းအကျပ် ပြုံးကာ
“ကျွန်တော် မထွက်ခွာခင်မှာ သန့်စင်ရာနယ်မြေကနေ ကွယ်လွန်သွားတဲ့ အစေခံတွေရဲ့ သားသမီးတွေဆီကို ဝင်ခွင့်အမှတ်အသားအဖြစ် စာတစ်စောင် ပို့ပေးပါတယ်။ အဲဒီစာကို သုံးပြီးတော့မှ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေထဲကို ဝင်လို့ရတာပါခင်ဗျာ”
“ဒါဆိုရင် အဲဒီ ဝင်ခွင့်အမှတ်အသားကလွဲရင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက မင်းရဲ့ အထောက်အထားကို သိပ်ပြီး အသေးစိတ် မစစ်ဆေးဘူးပေါ့။ အထဲမှာ မင်းကို မြင်ဖူးတဲ့သူရော ရှိလား”
ချန်ကျီရှင်းက မျက်ခုံးပင့်လိုက်သည်။
ရှောင်ပင်းက ရယ်မောလိုက်ရင်း “တာအိုအရှင်... အစေခံတစ်ယောက်ကို အထင်ကြီးလွန်းနေပါပြီ။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆိုတာ အင်အားကြီးဂိုဏ်းကြီးတစ်ခုပါ။ အစေခံလေး တစ်ယောက်အတွက်နဲ့ သူတို့က အချိန်ကုန်ခံပြီး အသေးစိတ် စုံစမ်းနေပါ့မလား။ ကျွန်တော် ဆိုရင်လည်း အခုမှ ပထမဆုံးအကြိမ် သွားတာပါ။ ဘယ်သူက ကျွန်တော့်ကို သိနေမှာလဲ”
ရှောင်ပင်းက ခေတ္တရပ်ပြီး မေးလိုက်သည်။
“တာအိုအရှင်ကလည်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားမလို့လားခင်ဗျာ။ ကြည့်ရတာ အရှင်က ငယ်ငယ်လေးနဲ့ အစွမ်းထက်တော့ အခု တပည့်သစ်ခေါ်တဲ့အချိန်မှာ ကောင်းကင်လှိုင်းတပည့်တစ်ယောက် ဖြစ်လာဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးပါဦးခင်ဗျာ”
ချန်ကျီရှင်းက ပြုံးလိုက်ပြီး သူ၏ အတွေးနှင့်သာ ဆိုင်သော စကားတစ်ခွန်းကို ရေရွတ်လိုက်
သည်။
“ဒါဆိုရင်... ငါက မင်းကို သတ်ပြီး မင်းရဲ့ အမှတ်အသားကို ယူသွားရင်တောင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက သိမှာမဟုတ်ဘူးပေါ့”