← Chapters

အခန်း (၁၀၁၉-၁၀၁၂၀)

Vol. 85 Ch. 1019-1020

အခန်း (၁၀၁၉-၁၀၁၂၀)

Vol. 85 Ch. 1019-1020

အခန်း ၁၀၁၉ -

မငြိမ်မသက်မှုများ ... ။

“ အပ်ချုပ်သမားက ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ။ ”

အင်မော်တယ် တားမြစ်ဇုန်တွင် မိုချင်းချောင်တစ်ယောက် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။

“ အဲဒီအဘိုးကြီးက အရမ်း လျှို့ဝှက်ဆန်းကြယ်တယ် အမြဲတမ်း အရိပ်ထဲ ပုန်းနေတာမို့ အတိအကျတော့ မသိနိုင်ပါဘူး ရှေးခေတ်ဂိုဏ်းကြီးတွေဖြစ်တဲ့ ...

... လျှို့ဝှက်ကောင်းကင် အင်မော်တယ်ဂိုဏ်း၊ ယင်မိစ္ဆာတောင်တန်းနဲ့ ... အဝါရောင်စမ်းရေ မိစ္ဆာ တောင်တန်းတို့က ဒီအဘိုးကြီးနဲ့ ပူးပေါင်း ဆောင်ရွက်ကြပါတယ် ... ။ ”

လီကျုံးက ပြန်ဖြေ၏။ မိုချင်းချောင်မှ လေးနက်စွာစဉ်းစားသည်။ ဤနတ်ဆိုးဂိုဏ်း သုံးခုသည် ရှေးခေတ်တွင် အသန်မာဆုံး အင်အားစုကြီးများပေပင်။

“ အခုလည်း အရှေ့ပိုင်းကြယ်လွင်ပြင်ရဲ့ ကြယ်ဘီလူးကြီးတွေဖြစ်တဲ့ ကောင်းကင်ကိုးပါး နန်းတော်၊ နှလုံးသားပြခန်း၊ ကြယ်မြစ်ဂိုဏ်းနဲ့ ထိုက်ရီတာအိုဂိုဏ်းတွေလည်း သူနဲ့ ပူးပေါင်းထားပါတယ် ...

... အဲဒီအင်အားစုလေးခုဟာ ယနေ့ခေတ်ရဲ့အထူးချွန်ဆုံး မျိုးဆက်တွေဖြစ်ပြီး ရှေးခေတ်မျိုးဆက်ဟောင်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ”

“ ဒါဆို မင်း ... လူတချို့ အဲဒီကို ခေါ်သွားသင့်တယ်။ ”

ထိုစကားကြောင့် လီကျုံးမှ အံ့အားသင့်သွားပြီး၊

“ မိန်းကလေးမို၊ စုရီကို တခြားတစ်ယောက်ယောက်က သတ်မှာကို စိုးရိမ်နေလား။ ”

-ဟု ပြန်မေးလိုက်၏။

“ ဒီတိုက်ပွဲဖြစ်လာရင် ... လူတချို့က ရှုပ်ထွေးမှုကို အခွင့်ကောင်းယူမယ် လူတချို့က အကူအညီပေးဖို့ ပြင်ဆင်ကြလိမ့်မယ် ...

... ဒါကြောင့် ငါတို့က ဒုတိယ နည်းလမ်းကိုရွေးချယ်ပြီး အကူအညီလိုအပ်တဲ့ အချိန်မှာ မတ်တပ်ရပ်ပေးဖို့ ရွေးချယ်ပါ။ ”

“ နားလည်ပါပြီ။ ”

လီကျုံးမှ ခေါင်းညိတ်လိုက်၏။

“ အဲဒီစုမျိုးရိုးနာမည်နဲ့ လူအတွက် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ အရေးမကြီးဘူး ...

... အရေးကြီးတာက သူ့ကိုသတ်ပြီး ဝင်စားခြင်းဥပဒေကို အခြားသူတွေ ယူသွားတာ လုံးဝခွင့်မပြုသင့်ဘူး။ ”

တစ်ချိန်တည်းမှာပင် ရှေးဟောင်း ဖူမျိုးနွယ်သည်လည်း ထွက်ပေါ်လာသော သတင်းများကြောင့် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့၏။

အထူးသဖြင့် ဖူတုံလီပေပင်။ သူသည် ဖူမျိုးရိုး၏ တိုက်ရိုက်မျိုးဆက်ဖြစ်ကာ ဒုတိယ မြောက်ပါရမီရှင်ပေပင်၊။ ပထမပါရမီရှင်မှာ သူ့အစ်ကိုဖြစ်၏။

မိုချင်းချောင်ကဲ့သို့ပင် ဖူမျိုးရိုးသည် အင်မော်တယ်မျိုးရိုး၏ သားစဉ်မြေးဆက်များ ဖြစ်လေသည်။

ထို့ကြောင့် ဝင်စားခြင်းဥပဒေကို စိတ်ဝင်စားလာပြီး ဤတိုက်ပွဲအပေါ် အနီးကပ် စောင့်ကြည့်ရန် ပြင်ဆင်နေခြင်းပေပင်။

ခရမ်းရောင်တိမ်တောင်၏ တိုက်ပွဲသတင်း ပျံ့နှံ့သွားသည်နှင့်အမျှ အရှေ့ပိုင်းကြယ်လွင်ပြင် အနှံ့ လှိုင်းလုံးကြီးများ ဆူညံနေတော့သည်။

ထိုက်ရီတောင်ဂိုဏ်း၏ မှောင်မိုက်သော အခန်းတစ်ခုထဲတွင် တျန်ကျောက်သည် ဓားကို ညင်သာစွာသုတ်နေ၏။

အပြင်ဘက်တွင် ကမ္ဘာကြီးသည် ရှုပ်ထွေးနေသော်လည်း သူ စိတ်မဝင်စားချေ။ ဤတစ်ကြိမ်တွင် စုရီနှင့် အငြိုးအတေးကို လုံးဝဖြေရှင်းရန် ဆုံးဖြတ်ထားပြီးဖြစ်ချေပြီ။

ကောင်းကင်ကိုးပါးနန်းတော်တွင်လည်း ထိုနည်းလည်းကောင်းပေပင်။ ရန်ထောင်လင်က တောင်နောက်ဘက် တားမြစ်နယ်မြေအတွင်း၌ လွင့်မျောနေသော ဓားတစ်လက်ရှေ့တွင် အချိန်ကြာမြင့်စွာရပ်နေသည်။

ကောင်းကင်ကိုးပါးနန်းတော်သို့ ဝင်ရောက်လိုသော လူတိုင်းသည် မဟာတာအို ကျိန်ဆိုချက်ကို ဤဓားရှေ့၌ပြုလုပ်ရန် လိုအပ်ချေ၏။

သို့သော် သူမှတပါး မည်သူမျှ ဤဓားကို မမြင်ဖူးချေ။ ၎င်းသည် တောင်နောက်ဘက်၏ တားမြစ်နယ်မြေတွင် နှစ်ပေါင်းများစွာ တံဆိပ်ခတ်ထားခဲ့ခြင်းဖြစ်၏။

“ ကလန့် ... ။ ”

ရန်ထောင်လင်သည် ဓားထံသို့ လက်လှမ်းလိုက်သည်နှင့် ကြည်လင်သော ဓားမြည်သံ ထွက်ပေါ်လာခဲ့သည်။

ပျက်စီးနေသော တံခါးဝရှေ့တွင် အမျိုးသားတစ်ယောက် လက်များနောက်ပို့ပြီး ကောင်းကင်ပေါ် ငေးကြည့်နေသည်။

ဤသည်မှာ ကြယ်မြစ်ဂိုဏ်း၏ တောင်တံခါးပေပင်။ အမျိုးသားသည် တံငါသည် အမည်ရသော ဂိုဏ်းချုပ်ဖြစ်၏။

“ ကွမ်ကျူး ... ဒီဘဝမှာ ငါအလေးစားဆုံးလူက မင်းဖြစ်သလို၊ အမုန်းဆုံး လူကလည်း မင်းပဲ။ ”

တံငါသည်သည် ပြိုကျနေသော ထိုတံခါးရှေ့တွင် အချိန်အတော်ကြာတိတ်ဆိတ် နေပြီးနောက် သက်ပြင်းချကာ ညည်းတွား ရေရွတ်လိုက်တော့သည်။

ထိုနည်းလည်းကောင်းပေပင်။ နှလုံးသားပြခန်းတွင်လည်း ပန်းချီဆရာသည် ဝိုင်မော့သောက်လျက် တစ်ယောက်တည်း တိတ်ဆိတ်စွာ ပုံတူပန်းချီဆွဲနေ၏။

ယင်းသည် ကျောက်စိမ်းရောင် ဝတ်ရုံများ လွင့်ဝဲလျက် လက်နှစ်ဖက်နောက်ပို့ထားသော လူငယ်တစ်ယောက်ပုံပေပင်။

တစ်ချိန်တည်းမှာပင် ပြင်ပ ကမ္ဘာကြီးတွင်လည်း ခရမ်းရောင်တိမ်တောင် စိန်ခေါ်ပွဲသတင်းသည် ကြယ်လွင်ကြီးအနှံ့တွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။

ကြယ်နယ်ပယ်အသီးသီးနှင့် မရေမတွက်နိုင်သော ကမ္ဘာများမှ ကျင့်ကြံသူ အများစုသည် ဤတိုက်ပွဲကို စိတ်ဝင်တစား အပြင်းအထန် ဆွေးနွေးလာကြသည်။

“ ခေတ်တွေ ပြောင်းသွားပြီ ရှေးဟောင်း တာအိုကာကွယ်သူ မျိုးနွယ်စုတွေက မိုးဦးကျ မှိုတွေလို ပေါ်ထွက်လာနေတယ် ...

... ဒီလောကကြီးက ကောင်းကင်ဘုံ နယ်ပယ်ကို တက်လှမ်းနိုင်တဲ့ ကျင့်ကြံသူတွေရဲ့ လက်ထဲ ရောက်သွားပါပြီ ...

... ဒါကြောင့် လောကသခင်ကွမ်ကျိုး အတွက် မျှော်လင့်ချက်မရှိတော့ဘူး ဒူးထောက် မလား ... သေမလား။ ”

အဖိုးကြီးတစ်ဦးမှ ရေရွတ်လိုက်သည်။ ဤမျှကျယ်ပြောလှသော ကြယ်ပင်လယ်တွင် အမှန်ပင် နယ်ပယ်ဘုရင်မျှသာဖြစ်သည့် လောကသခင်အတွက် နေရာမရှိတော့ချေ။

လူတိုင်း၏ နှလုံးသားထဲတွင် လောကသခင်သည် တစ်ချိန်ကကောင်းကင်နှင့် ကြယ်လွင်ပြင်တစ်ခုလုံးကို တုန်ဟည်းစေသော တုနှိုင်းမဲ့ ဒဏ္ဍာရီတစ်ခုဖြစ်၏။

ယခုမူ မကြာသေးမီနှစ်များအတွင်း ကောင်းကင်တာအိုသည် ကြီးမားလှသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့၏။

သေလွန်ဝိညာဉ်များ၊ နိုးထလာသူများနှင့် ထိုရှေးဟောင်း မျိုးနွယ်စုများဖြစ်စေ၊ ယခုခေတ် အထွတ်အထိပ် ဂိုဏ်းများဖြစ်စေ အားလုံးသည် လောကသခင်ကို ဆူးတစ်ချောင်းသဖွယ် မြင်လာကြကုန်သည်။

တစ်ချိန်တည်းမှာပင် ဤစိန်ခေါ်တိုက်ပွဲနှင့် ပတ်သတ်သော ဝေဖန်မှုများသည် ဆက်လက် မြင့်တက်နေဆဲဖြစ်၏။

“ ဒီလိုစိန်ခေါ်ပွဲမျိုးတွေက တရားမျှတမှုလုံးဝမရှိပါဘူး နတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်တစ်စုက နယ်ပယ်ဘုရင်တစ်ပါးကို စိန်ခေါ်နေတာ ... ဟာသပဲ။ ”

အချို့သော လူငယ်မျိုးဆက်များသည် ဒေါသတကြီးဖြင့် စုရီဘက်မှရပ်တည်လာကာ ကျယ်ကျယ်လောင်လောင် ပြောဆိုလာ၏။

လူငယ်များ၏ သဘာဝအရ စိတ်အားထက်သန်နေကြပြီး တရားမျှတမှုကို လိုလားချေပြီ။ သူတို့အမြင်တွင် ဤတိုက်ပွဲသည် လောကသခင်အတွက် မတရားမှုဖြစ်နေ၏။

အချိန်များ ကုန်လွန်လာနေပြီး ခရမ်းရောင်တိမ်တောင်သည် လူတိုင်းအတွက် အစောင့်ကြည့်ခံရဆုံးအရပ်ကြီး ဖြစ်လာခဲ့သည်။ ခြွင်းချက်မရှိ ကြယ်စုအသီးသီးထံပါးဆီမှ ကျင့်ကြံသူများ စုရုံးလာကြ၏။

ခုနစ်ရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ထိုခုနစ်ရက်အတွင်း စုရီသည် ဘုံကျောင်းမှ ထွက်မလာခဲ့ချေ။

“ ကြီးကျယ်တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံလာခဲ့ရင် တည်တည်ငြိမ်ငြိမ်ဖြေရှင်းရမယ် ဆိုကြပေမယ့် သခင်စုကတော့ လုံးဝ တည်ငြိမ်လွန်းပါတယ်။ ”

လီပေ့ရှန်က ပွက်ပွက်ဆူနေသော ဝက်စွပ်ပြုတ်ကိုခပ်သောက်ကာ မှတ်ချက်ပေး လိုက်တော့၏။ အသားအပိုင်းအစနှင့် ဟင်းသီး ဟင်းရွက်များမှာ ဟင်းရည်ထဲမျောနေချေပြီ။

“ စိတ်ဝိညာဉ်က ပြင်ပအရာတွေကို တွယ်ဖက်မှုမရှိတဲ့အခါ ... မင်းရဲ့နှလုံးသားက ဘာကိုမှ မတုန်လှုပ်တော့ဘူး ... အဲဒီအချိန် ဘယ်လိုဒုက္ခမျိုးလာပါစေ လေပြေလေးပါပဲ။ ”

စုရီက ဝက်သားကို တူဖြင့် ခပ်စားကာ ပြောကြားလိုက်သည်။ လီပေ့ရှန်မှ ထိုစကားကို ခဏတာမျှ တွေးတောဆင်ခြင်ပြီးနောက် တုန့်ဆိုင်းစွာဖြင့်၊

“ တကယ်လို့ ရှုံးသွားခဲ့ရင် ဘာလုပ်ရမလဲဆိုတာ တွေးကြည့်ထားလား။ ”

-ဟု မေးမြန်းလိုက်၏။

“ မတွေးဖူးဘူး။ ”

စုရီက ခေါင်းခါပြ၏။ ထို့နောက် တူကိုချလိုက်ပြီး ဝိုင်အိုးကိုထုတ်သောက်ကာ၊

“ ဓားသမား တစ်ယောက်အနေနဲ့ တိုက်ပွဲမစခင်တည်းက ရှုံးနိမ့်ခြင်းအကြောင်းကို စတွေးနေပြီဆိုရင် ... မင်းရဲ့ယုံကြည်ချက်ကို ဆုံးရှုံးသွားပြီပဲ ငါ့ဘဝမှာ အဲဒီလိုမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ ”

-ဟု ရှင်းပြလိုက်သည်။ လီပေ့ရှန်မှ မျက်ခုံးပင့်လိုက်၏။

“ ဒီအဖိုးကြီးဘဝမှာ ဓားသမားတွေ အများကြီးတွေ့ဖူးပါတယ် ဒါပေမဲ့သခင်စုသာ တကယ့်ကို ထူးခြားတယ်။ ”

“ အမြင့်ကိုရောက်လေ အေးချမ်းလေပဲ ... ဒါပေမယ့် မင်းမှာ ပြိုင်ဘက် မရှိတော့ရင်လည်း အထီးကျန်မှုကို ခံစားရစေတယ်။ ”

စုရီက မတ်တပ်ထရပ်လိုက်ပြီး အဝတ်အစားပေါ်ရှိ သစ်ရွက်ခြောက်များကို ခါထုတ်လိုက်ကာ၊

“ ဒါပေမဲ့ အခုတော့ တစ်ကမ္ဘာလုံးက ငါ့ရန်သူဖြစ်ကုန်ပြီ တကယ့်ကိုစိတ်လှုပ်ရှားစရာ အချိန်အခါပါပဲ ... ။ ”

-ဟု ဆိုလိုက်၏။ သည့်နောက် ဘုံကျောင်းတံခါးဆီသို့ လျှောက်လှမ်းသွားပြီး၊

“ ငါ့အတွက် ဝေလေးကို ကောင်းကောင်းစောင့်ရှောက်ပေးပါ ပြန်လာရင် ငါတို့အဖိုးကြီးဝေကို သွားရှာကြမယ်။ ”

-ဟု မှာကြားလိုက်တော့သည်။

လီပေ့ရှန်က စုရီပုံရိပ် ပျောက်ကွယ်သွားသည်အထိ ငေးမောကာ သက်ပြင်းချလိုက်၏။

“ ကျင့်ကြံမှုအရဆိုရင် ငါက သခင်စုထက် အများကြီးသာလွန်တယ် ဒါပေမယ့် တည်ငြိမ်မှု မှာတော့ ငါသူ့ထက်အများကြီးနိမ့်ကျတယ်။ ”

“ ဒါတော့အမှန်ပဲ သခင်လေးက ပေါ့ပေါ့ပါးပါးနေတတ်ပေမယ့် သူ့အတွေးတွေက အမြဲတမ်းပြတ်သားနေတယ်။ ”

ထို့နောက်တွင် ဝေရှန်းနှင့် လီပေ့ရှန်တို့နှစ်ဦးသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားကာ သက်ပြင်းချ လိုက်တော့သည်။

ခရမ်းရောင်တိမ်တောင်သည် ပေတစ်သောင်း မြင့်မားလှပြီး ပုံသဏ္ဌာန်သည် ကောင်းကင်သို့ ပျံတက်နေသော နဂါးတစ်ကောင်နှင့်တူ၏။

တောင်ထိပ်သည် တစ်နှစ်ပတ်လုံး ခရမ်းရောင်တိမ်တိုက်များ ဖုံးလွှမ်းနေသဖြင့် ထိုအမည်ကိုရရှိထားခြင်းပေပင်။

ယနေ့တွင် ခရမ်းရောင်တိမ်တောင်ကို ဗဟိုပြု၍ ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် မြစ်ပြင်များပေါ်တွင် လူအများအပြား စုဝေးနေကြတော့သည်။

၎င်းတို့သည် ကြယ်လွင်ပြင် အနှံ့အပြားမှ ရောက်ရှိလာကြသော ကျင့်ကြံသူများ ဖြစ်၏။ သူတို့ထဲမှ မည်သူမဆို အင်အားစုအတွင်း အဆင့်မြင့်ခေါင်းဆောင်များဖြစ်သည်။

သို့သော် ယခုအခါတွင် သူတို့ကဲ့သို့ ပုဂ္ဂိုလ်များသည် လူအုပ်ကြားထဲတွင် သာမန် လှိုင်းတံပိုးလေးများကဲ့သို့သာ ရပ်တည် နေနိုင်ကြတော့၏။

အမှန်တကယ်တွင် လူအများအတွက် မျက်စိကျစရာကောင်းသူများမှာ နတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများပင် ဖြစ်သည်။

ထိုနတ်ဝိညာဉ်အဆင့် ကျားမမရွေး လူတိုင်းသည် နတ်ဘုရားအလင်းတန်းများဖြင့် ဝန်းရံလျက် ခရမ်းရောင်တိမ်တောင်အနီးတွင် နတ်ဘုရားများကဲ့သို့ နေရာယူထားကြ၏။

“ ငါသာ ခရမ်းရောင်တိမ်တောင်ကို မလာခဲ့ရင် ... ဒီလောကမှာ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ဒီလောက်တောင်များနေပြီ ဆိုတာ ယုံနိုင်မှာ မဟုတ်ဘူး။ ”

“ သူတို့ထဲမှာ အရင်တည်းက ချိပ်ပိတ်ခံထားရတဲ့ ပြန်လည်နိုးထလာတဲ့ လူတွေလည်း အများကြီးပါတယ်။ ”

လူအများသည် တအံ့တသြ ဆွေးနွေးနေကြပြီး ထိုမျှကြောက်မက်ဖွယ်ရာ ကောင်းသည့် သေလွန်ဝိညာဉ်များကို ငေးမောကြည့်ကုန်၏။

ထိုသေလွန်ဝိညာည်များတွင် ရှေးဟောင်း မျိုးနွယ်များဖြစ်သည့် ပုံရိပ်ယောင်အင်မော်တယ် ဓားခန်းမ၊ ကြက်သွေးရောင်မြို့တော်ဂိုဏ်းနှင့် အနန္တဝိညာဉ် အင်မော်တယ်တောင်တန်းတို့မှာ အထင်ရှားဆုံးပေပင်။

သူတို့နှင့်အတူ ရင်ပေါင်တန်းနိုင်သည်မှာ ယနေ့ခတ် ရှေးဟောင်း ကာကွယ်သူ မျိုးနွယ်စု (၆)ခု၏ နတ်ဝိညာဉ်အဆင့် တက်လှမ်း ထားနိုင်သူများဖြစ်သည်။

ကျိုးမျိုးနွယ်မှ ကျိုးဟန်ရှန်းနှင့် ကျုံးမျိုးနွယ်မှ ကျုံးထျန်းချွမ်တို့သည်လည်း လူအုပ်ကြားထဲတွင် ရှိနေ၏။

သူတို့ထဲမှ တစ်ဦးချင်းစီသည် မကြာသေးမီက နတ်ဝိညာဉ်အဆင့် တက်လှမ်း ထားနိုင်သည့် အဖိုးကြီးများပေပင်။

“ ဝှစ် ... ။ ”

ထိုစဉ် အဝေးဆီမှ အလင်းတန်းများ လင်းလက်လာပြီး နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ များစွာ ထပ်မံရောက်ရှိလာချေပြီ။

အဆုံးတွင် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအရေအတွက်မှာ တစ်ရာနီးပါးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ခရမ်းရောင်တိမ်တောင်တခွင် ရောင်ဝါများသည် ဒီရေကဲ့သို့ ပွက်ပွက်ဆူနေပြီး နတ်အလင်းများ တောက်ပနေတော့၏။

ထိုအဆင့် ကျင့်ကြံသူများဆီမှ ထွက်ပေါ်လာသော ရောင်ဝါတစ်ခုတည်းနှင့်ပင် ပတ်ဝန်းကျင်ကို အေးခဲလာစေသည်။

“ ကောင်းကင်ဘုံနယ်ပယ် ကျင့်ကြံသူ တစ်ရာနီးပါး ... ဒါဟာ ဓမ္မအဆုံးသတ်ခေတ် နောက်ပိုင်းမှာ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ မြင်ကွင်းကြီးပဲ။ ”

မရေမတွက်နိုင်သော လူများသည် အံ့အားသင့်ကုန်ပြီး ယနေ့အထွတ်အထိပ်သည် နယ်ပယ်ဘုရင်များ မဟုတ်တော့ကြောင်း နားလည်လာကုန်တော့၏။

“ ငါတို့မြင်နေရတာက ရေခဲတောင်ရဲ့ အဖျားလေးပဲရှိသေးတယ် အမှောင်ထဲမှာ ဒီလို ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက် ပုန်းအောင်းနေမလဲ မသိဘူး။ ”

တုံ့ယွီအဆင့် ပုဂ္ဂိုလ်တစ်ဦးသည် မနာလိုသောအကြည့်များဖြင့် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ဘုံနယ်ပယ်သို့ တက်လှမ်းနိုင်သူ အရေအတွက်သည် ကြယ်လွင်ပြင်ကြီးတွင် သည့်ထက်ပို၍ များပြားလာပေတော့မည်။

ထိုအချိန်တွင် လူတိုင်း၏အကြည့်များမှာ ယနေ့အတွက် အဓိကဇာတ်ဆောင်ဖြစ်သော ရန်ထောင်လင်၊ တံငါသည်၊ ပန်းချီဆရာနှင့် တျန်ကျောက်တို့ထံ ရောက်ရှိသွားသည်။

သူတို့လေးဦးသည် ပတ်ဝန်းကျင်ကို လျစ်လျူရှုလျက် အချို့သည်ကျောက်တုံးပေါ် ထိုင်နေကြပြီး အချို့သည်မတ်တပ်ရပ်နေ၏။

တစ်ဦးချင်းစီသည် နတ်အလင်းများ ဝန်းရံလျက် နတ်ဝိညာဉ်အဆင့် ဥပဒေများစွာ ရစ်ဝဲနေတော့သည်။ ထိုမြင်ကွင်းမျိုးသည် အင်မော်တယ်များ အနားယူနေသည့်အလား ထင်မှားစေချေပြီ။

***

အခန်း ၁၀၂၀ -

ငါကတော့ မင်းတို့ကို စိတ်ပျက်နေပြီ ... ။

“ ဒီလူစိန်ခေါ်မှုကို လက်ခံဝံ့ပါ့မလား။ ”

ပန်းချီဆရာက ကျောက်တုံးပေါ်တွင် ထိုင်လျက်ဖြင့် ကျန်လူများထံပြုံးကာမေး၏။ အချိန်အားဖြင့် နေမွန်းတည့်ချိန် ကျော်နေချေပြီ။

“ သူ လာပါလိမ့်မယ်။ ”

တျန်ကျောက်မှ သံသယမရှိ ပြန်ဖြေသည်။

“ သူ့ရဲ့ နှလုံးသားက ဓားလိုပဲ... ဘယ်အရာနဲ့မှတားဆီးမရသလို၊ ဘယ်အရာမှ မနှောင့်ယှက်နိုင်ဘူး ... ဒါကြောင့်လည်း ဒီကြယ်တာရာ ကောင်းကင်ကြီးရဲ့ ...

... ကြယ်စုအသီးသီးဟာ နှစ်ပေါင်းများစွာကြာအောင် သူ့ဓားအောက်မှာ ငြိမ်ဝပ်ခဲ့ရတာမဟုတ်လား။ ”

ရန်ထောင်လင်မှလည်း တိုးညှင်းစွာ ဆိုလိုက်သည်။ တံငါသည်သည် အဝေးဆီသို့ ငေးမောနေရာမှ သက်ပြင်းချလျက်၊

“ ဟုတ်တယ်... ဒီလောကမှာ အသက်နဲ့သေခြင်းကို မကြောက်ဘဲ ဂုဏ်သိက္ခာ အပေါ် တန်ဖိုးထားနိုင်တဲ့သူဆိုလို့ ... ဒီလူပဲ ရှိလိမ့်မယ်။”

-ဟု ဖြည့်စွက်လိုက်၏။

သူတို့သည် တစ်ဖက်လူနှင် နှစ်ပေါင်းများစွာရန်သူများဖြစ်ပြီး လျှော့တွက်၍ မရသော ပြိုင်ဘက်တစ်ဦး ဖြစ်ကြောင်းကို နားလည်ထား၏။

“ ဟိုမှာ တစ်ယောက်ယောက်လာနေပြီ။ ”

သူတို့ စကားပြောနေစဉ်မှာပင် လူအုပ်ကြီးထံမှ အာမေဍိတ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံများသည် ပို၍ပို၍ ကျယ်လောင်လာပြီး လေထုထဲ ပွက်ပွက်ဆူ လာတော့သည်။

ရန်ထောင်လင်၊ ပန်းချီဆရာ၊ တံငါသည်နှင့် တျန်ကျောက်တို့သည် အဝေးဆီသို့ မျှော်ကြည့် လိုက်၏။

အဝေးတွင် ပုံရိပ်တစ်ရိပ်သည် လျင်မြန်စွာချဉ်းကပ်လာနေ၏။ ဤသည်မှာ လောကသခင်ဝင်စားသူ ဖြစ်လေသည်။

ကျောက်စိမ်းရောင် ဝတ်ရုံစသည် လေထုအလယ်လွင့်မျောလျက် လက်နှစ်ဖက် နောက်ပစ်ကာ ကောင်းကင်တွင် တစ်လှမ်းချင်း တည်ငြိမ်စွာ လျှောက်လှမ်းလာနေ၏။

မရေမတွက်နိုင်သော အကြည့်များမှာ သူ့ထံသို့ စုပြုံကျရောက်နေသည်။ သေလွန် ဝိညာဉ်များပင် ချွင်းချက် ကျက်သရေတွင် နစ်မျောကုန်တော့၏။

“ လူတစ်ယောက် သေသွားရင် ... အရာအားလုံးအချည်းနှီးပါပဲ ... ငါသာသူဆိုရင် နတ်ဝိညာဉ်နယ်ပယ်ကိုရောက်မှ လူတိုင်းကို စိန်ခေါ်သတ်ပစ်မိမယ်။ ”

“ သူ့လိုလူမျိုးကိုတော့ သတ္တိရှိတယ်လို့ ခေါ်လို့မရတော့ဘူး ... မိုက်ရူးရဲဆန်တယ်လို့သာ သတ်မှတ်နိုင်ပါတယ်။ ”

ရှေးဟောင်း မျိုးနွယ်စုတစ်ခုမှ သေလွန်ဝိညာဉ်မျာသည် လူငယ်တစ်ယောက်၏ ကြီးစိုးလွန်းသော အမူအရာကြောင့် မကျေမနပ် စကားဆိုကုန်ကြတော့သည်။

တာအို ကာကွယ်သူ မျိုးနွယ်စု(၆)ခုမှ အကြီးအကဲအချို့သည် ထိုစကားကြားသော အခါ ထူးဆန်းစွာ ပြန်ကြည့်လာ၏။

ဤသို့သော ဝေဖန်ချက်မျိုးသည် အခြားသူများအတွက် မှန်ကန်နိုင်သော်လည်း လောကသခင်အပေါ် အကျုံးမဝင်ချေ။

လောကသခင်ဟူသည် ကြယ်လွင်ပြင်အတွင်း၌ မြောက်များစွာသော စိန်ခေါ်ပွဲများကိုဆင်နွှဲပြီး ဂုဏ်ကျက်သရေကို တည်ဆောက်ထားသူဖြစ်သည်။

အကယ်၍ ထိုသူသည်သာ ယခုပြောကြားနေသကဲ့သို့ သည်းခံပြီး အချိန်ကို စောင့်နေခဲ့မည်ဆိုသော ဒဏ္ဍာရီဆန်လွန်းသည့် ဂုဏ်သတင်းမျိုး ရရှိနိုင်မည်မဟုတ်ချေ။

“ ကြည့်စမ်း ... ဒီလူတွေအားလုံး ... ငါ့ရန်သူတွေလား ... ဘယ်လောက် ဝမ်းသာစရာ ကောင်းလိုက်လဲ။ ”

စုရီက မြေပြင်မှ လူအုပ်ကိုငုံ့ကြည့်လျက် ပြုံးကာရေရွတ်လိုက်လေသည်။ သူ့အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း လူအုပ်ကို ကောင်းစွာကြားစေ၏။

ထို့ကြောင့် သေလွန်ဝိညာဉ်များမှာ မျက်ခုံးပင့်ကုန်သည်။ မည်သူသည် ရန်သူများကို မြင်ကာ ပျှော်ရွှင်နိုင်မည်နည်း။

“ ကမ္ဘာကြီးတစ်ခုလုံး ... ရန်သူ ဖြစ်ကုန်တာကို ပျော်စရာတဲ့လား ဟားဟားဟား ငါ့အမြင်မှာတော့ ဒီနေ့ဟာ မင်းအတွက် အချည်းနှီးဖြစ်မယ့် ပျော်ရွှင်မှုပဲ ဖြစ်လိမ့်မယ်။ ”

ရုတ်တရက် အေးစက်စက်အသံဖြင့် လှောင်ပြောင်လာသောကြောင့် စုရီအကြည့်များ ကျရောက်သွားတော့၏။ ဤသည်မှာ တာအို ကာကွယ်သူ ကျိုးမျိုးနွယ်စုမှ ကျိုးဟန်ရှန်း ပေပင်။

ကျိုးဟန်ရှန်းက မုန်းတီးနေသောအသွင်ဖြင့် စုရီထံ စိုက်ကြည့်နေပြီး၊

“ ဒီမှာသေချာကြည့်စမ်း ... နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေတင် တစ်ရာထက်မနည်း ရှိနေကြတယ် ...

... ပြီးတော့ အမှောင်ထဲမှာ မင်းကို စောင့်ကြည့်နေတဲ့သူတွေ ဘယ်လောက်အထိ ရှိနေဦးမလဲမသိနိုင်ဘူး ... မင်းတကယ်ပဲ ပျော်နေနိုင်သေးတာလား။ ”

-ဟု ထပ်မံအော်ဟစ်လိုက်၏။

လွန်ခဲ့သောလများအတွင်း နတ်ဘုရား ပန်းပဲရုံတိုက်ပွဲတွင် စုရီသည် ကျိုးမျိုးနွယ်စုမှ အရေးပါသော ပုဂ္ဂိုလ်များကို သတ်ဖြတ်ခဲ့သည်။ သူ့အနေဖြင့် ဤအညှိုးအတေးကို မေ့နိုင်စရာ အကြောင်းမရှိချေ။

“ မင်း ... စကားပြောချင်ရင် ဘာလို့ ခရမ်းရောင်တိမ်တောင်ကို တစ်ခေါက်လောက် လိုက်လာပြီး မပြောရတာလဲ။ ”

စုရီက ပြုံးလျက် တုန့်ပြန် ပြောကြားလိုက်၏။ ကျိုးဟန်ရှန်းမှ အေးစက်စွာ နှာခေါင်းရှုံ့ပြကာ၊

“ မင်း အသက်ရှင်အောင် အရင် ကြိုးစားလိုက်ပါဦး။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

စုရီက လှောင်ပြုံးဖြင့် ရယ်မောလိုက်ပြီး သူ့ကိုဂရုမစိုက်တော့ဘဲ ဆက်၍လျှောက်လှမ်း သွားတော့၏။

ကျိုးဟန်ရှန်းတစ်ယောက် မျက်နှာ သိသိသာသာပျက်ယွင်းသွားသည်။ ဤတစ်ကြိမ် စကားစစ်ထိုးပွဲတွင် သူ ရှုံးနိမ့်သွားကြောင်း မြင်သာနေချေပြီ။

“ တာအိုကွမ်ကျိုး ခဏနေပါဦး။ ”

ထိုစဉ် မြင့်မားသော ခေါင်းပေါင်းကို ဆောင်းထားသော အဖိုးအိုတစ်ဦးလှမ်းထွက်လာ တော့၏။ စုရီမှ လှည့်ကြည့်သည်။ ဤသည်မှာ ကျုံးမျိုးနွယ်၏ ဘိုးဘေးကျုံးထျန်းချွမ်ပေပင်။

သူသည်လည်း ယနေ့တွင် လူအများ၏အာရုံစိုက်ခံသော နတ်ဝိညာဉ် အဆင့် တက်လှမ်းထားနိုင်သူဖြစ်၏။

ယနေ့ခေတ် နတ်ဝိညာဉ်အဆင့်သို့ ပထမဆုံးသော တက်လှမ်းထားနိုင်သူအဖြစ် ကောလာဟလထွက်ပေါ်ခဲ့ဖူးသည်။

“ ငါတို့အင်မော်တယ်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ နောက်ခြောက်လအတွင်းမှာ မင်းသာအညံခံမယ်ဆိုရင် အသက်ချမ်းသာခွင့် ပေးမယ်။ ”

ထိုစကားကြောင့် စုရီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး၊

“ ဒီနေ့ ငါတောင်ထိပ်မှာ ရှိနေတယ် မင်းလိုချင်တဲ့ ဖြေကို ကိုယ်တိုင်လာယူနိုင်တယ်။ ”

-ဟု ဆိုကာ တောင်ထိပ်ပေါ် ဆက်လျှောက်သွားတော့၏။

ဤမြင်ကွင်းက လူငယ်မျိုးဆက်များကို စိတ်လှုပ်ရှားမှုများ ပေးစွမ်းနေသည်။ စုရီသည် ပြတ်သားပြီး ရဲရင့်ချေ၏။ သူ့ရန်သူများအပေါ် လုံးဝကြီးစိုးနေချေပြီ။

လူအုပ်အတွင်းမှ လှောင်ပြုံးများဖြင့် အကြည့်ခံရသော ကျုံးထျန်းချွမ်တစ်ယောက် မျက်နှာနီရဲလျက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊

“ ဟားဟားဟား ... ကောင်းပြီ မင်းရဲ့နောက်ဆုံးစကားကို မပြောနိုင်ခင် ဒီနေ့ အသက်ရှင်လျက် ထွက်လာနိုင်မလားတိုတာ အရင်ကြည့်ရအောင်။ ”

-ဟု တုန့်ပြန်လိုက်၏။ သို့သော် စုရီသည်သူ့စကားကို ဂရုမစိုက်တော့ချေ။

ကောင်းကင်သည် ကြည်လင်နေပြီး လေထုအတွင်းတွင် ခရမ်းရောင်တိမ်တိုက်များ ပြည့်နှက်နေသည်။ ရန်ထောင်လင်၊ တံငါသည်၊ ပန်းချီဆရာနှင့် တျန်ကျောက်သည် သွေးများ ပွက်ပွက်ဆူလျက် စုရီကိုစိုက်ကြည့်နေ၏။

“ ဒီနေ့တိုက်ပွဲက တကယ်ပဲ ရှက်စရာကောင်းပါတယ် မင်း ရောက်လာတော့ ငါ့ကိုပိုပြီးတော့တောင် ရှက်ရွံ့စေတယ်။ ”

တျန်ကျောက်မှ အဝေးမှ လျှောက်လှမ်းလာသော စုရီထံမော့ကြည့်ကာ သက်ပြင်းချလျက်ပြောကြားလိုက်သည်။

သူတို့ကဲ့သို့ နတ်ဝိညာဉ်အဆင့် အဖိုးကြီးလေးဦးသည် တစ်ဖက်လူကိုစိန်ခေါ်ခဲ့ သည်မှာ အမှန်ပင် ဂုဏ်သိက္ခာမဲ့လှ၏။

“ အတိတ်က အာဃာတတွေကို ဖြေရှင်းကြဖို့ပဲ ဘာလို့ ဂုဏ်သိက္ခာအကြောင်း ပြောနေရတာလဲ ... ။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် တုန့်ပြန်၏။ ထို့နောက် ခရမ်းရောင်တိမ်တောင်ထိပ်ကြီးနှင့် ပေတစ်ရာအကွာတွင် ရပ်လိုက်သည်။ တျန်ကျောက်မှ ခေါင်းညိတ်၏။

“ ဒါ အမှန်ပါပဲ။ ”

“ အခုအချိန်ကစပြီး ဒီတိုက်ပွဲထဲကို ဝင်ရောက်စွက်ဖက်တဲ့သူ ဘယ်သူကိုမဆိုငါတို့ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”

ရန်ထောင်လင်က ပတ်ဝန်းကျင်မှ လူအုပ်ကြီးထံဝေ့ကြည့်ကာ ကြေငြာလိုက်၏။ သူ့အသံသည် ကောင်းကင်နှင့် မြေကြီးကြား အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေချေပြီ။

သေလွန်ဝိညာဉ်များနှင့် နိုးထလာသော ရှေးဟောင်းမျိုးနွယ်စုဝင်များအပါအဝင် တာအို ကာကွယ်သူမျိုးနွယ်စု (၆)ခုသည်လည်း တိတ်ဆိတ်နေခဲ့၏။

ဤလူလေးဦးသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းချေပြီ။ ဓမ္မအဆုံးခေတ်၌သာ ဆိုပါက ပထမတန်းစားပါရမီရှင်များဖြစ်၏။

တံငါသည်က သူ့လက်ဝါးကို ဖြန့်ပြလိုက်ရာ ကျောက်စိမ်းပြားတစ်ချပ် ပေါ်လာသည်။ သူက စုရီထံ မော့ကြည့်လျက်၊

“ အပ်ချုပ်သမားက မင်းသာနိုင်ခဲ့ရင် ဒီကျောက်စိမ်းပြားကိုပေးလိုက်ဖို့ မှာထားတယ် ဒီထဲမှာ မင်းသိချင်နေတဲ့ အဖြေတွေပါတယ်။ ”

“ ဒါဆိုရင် ခဏလောက် သိမ်းထားပေးပါဦး။ ”

စုရီက ခေါင်းညိတ်ပြ၏။

“ ကွမ်ကျူး ... တိုက်ပွဲမစခင် မင်းရဲ့ပုံတူကို ဆွဲခွင့်ပြုနိုင်မလား။ ”

ပန်းချီဆရာမှ ပြုံးလျက် ဝံပုလွေမွှေး စုတ်တံကိုထုတ်ယူကာ တိမ်ပင်လယ်အတွင်းရှိ စုရီပုံတူကို ရေးဆွဲတော့၏။ စုရီတစ်ယောက် မျက်ခုံးပင့်သွားသည်။

“ မင်းလည်း အရင်အတိုင်းပါပဲ ... ။ ”

“ ဟားဟားဟား ... ငါတို့တွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက အချင်းချင်း လေးစားရတဲ့ ရန်သူတွေပဲ မဟုတ်လား။ ”

ပန်းချီဆရာမှ ရယ်သည်။ စုရီက ခေါင်းခါ၏။

“ ဒါပေမဲ့ အခုတော့ ... မင်းတို့က အပ်ချုပ်သမားနဲ့ပေါင်းပြီး ဒီလိုရွံစရာပြိုင်ပွဲမျိုး ပြုလုပ်လာကြတယ် အမှန်အတိုင်းပြောရရင် ဒီသတင်းကြားတည်းက ငါမင်းတို့အပေါ်မှာ စိတ်ပျက်သွားပြီ။ ”

တျန်ကျောက်မှ သက်ပြင်းချသည်။ တံငါသည်နှင့် ရန်ထောင်လင်မှာမူ တိတ်ဆိတ် နေ၏။ ပန်းချီဆရာက ရယ်မောလျက်၊

“ ဟားဟားဟား သေတော့မယ့် လူတစ်ယောက်က ငါတို့ကိုစိတ်ပျက်နေတယ် ဆိုတာ ... တကယ် ရယ်စရာပဲ။ ”

-ဟု တုန့်ပြန်လေသည်။

အဆုံးတွင် စုရီသည် စကားစစ်ထိုးရန် ပျင်းရိသွားပြီး တိုက်ခိုက်ရန် တိုက်ရိုက်စိန်ခေါ် လိုက်တော့၏။

“ မင်းစကားအရမ်းများတယ် လာတိုက်ရအောင်။ ”

***

All Chapters