← Chapters

ကမ္ဘာကလေးစားရတဲ့လောကရဲ့ရတနာ

Vol. 6 Ch. 571

ကမ္ဘာကလေးစားရတဲ့လောကရဲ့ရတနာ

Vol. 6 Ch. 571

နှင်းများသည် သာမန်နှင်းများနှင့် မတူပါ။

ထိုနှင်းများသည် ဆန်းလျန်၏ တာအိုကျင့်စဉ်လမ်းကို ကိုယ်စားပြုလေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအား သိပ်သည်းမှုများဖြင့် ဖွဲ့စည်းထားသည့် နှင်းများ ဖြစ်လေသည်။

ဆန်းလျန်သည် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ပြီးသူ တစ်ယောက် ဖြစ်သည့် အတွက် ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်၏ တန်ခိုးစွမ်းအား ရှစ်ခုကို အခြေပြုပြီး သန်းနှင့်ချီသည့် တန်ခိုးစွမ်းအားများကို ဖန်ဆင်းကာ တာ့ရှားဧကရာဇ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ထိုအခွင့်အရေးကို စောင့်နေသည်မှာ အလွန်ကြာပြီ ဖြစ်လေသည်။

တာ့ရှားဧကရာဇ်သည် သူ၏ မိစ္ဆာဓားကောက်ကြီးကို ဆွဲထုတ်လိုက်သည်နှင့် သူ့ကို မည်သည့်အရာကမှ တားဆီး နိုင်မည်မဟုတ်ပေ။ ထိုမိစ္ဆာ ဓားကောက်ကြီးသည် တာ့ရှားဧကရာဇ်ကို ပြန်လည် တည်ဆောက် ပေးနိုင်သည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။ ဆန်းလျန်သည် ယခင်က တိုက်ပွဲများကဲ့သို့ တိုက်ခိုက်ပါကအချိန် အလွန်ကြာနေပြီး ထိခိုက်မှုလည်း များမည် ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်သည် အချိန်မဆွဲ လိုတော့သည့် အတွက် တာ့ရှားဧကရာဇ် မိစ္ဆာ ဓားကောက်ကြီးကို ဆွဲထုတ် လာအောင်ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်…

မိုးနှင့်မြေမှ ပူဆွေးနေသည့် ဝိညာဉ်များ၏ အော်ဟစ်သံများ ထွက်ပေါ်ာလေသည်။

သူတို့နှစ်ယောက်၏တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသည့် အပြစ်မဲ့ ဝိညာဉ်များသည် ကမ္ဘာမြေပေါ်သို့ ထွက်ပေါ်လာပြီး သေခြင်းမြစ်ကမ်းတွင် စုရုံးရောက်ရှိ လာကြလေသည်။

ဆန်းလျန်သည် လေထဲတွင် မလှုပ်မယှက် မတ်တတ်ရပ်နေပြီး သူ၏နတ်ဘုရား စိတ်အာရုံထဲတွင် မိန်းမပျို တစ်ယောက်၏ ပုံရိပ် ပေါ်လာလေသည်။ မိန်းမပျိုသည် ဆံပင် အနက်ရောင်ရှိပြီး အသားအရေက ဆီးနှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူ နေလေသည်။

သူမသည် ဖိနပ်မပါဘဲ ခြေဗလာဖြင့် ပုလ္လင်ထက်တွင် မတ်တတ်ရပ်နေပြီး သူမ၏လက်ထဲတွင် ပလွေတစ်ချောင်းကို ကိုင်ထားလေသည်။ ကျောက်စိမ်းသားကဲ့သို့ လှပလွန်းသည့် သူမလက်ချောင်းများ တစ်ချက် လှုပ်ရှားသွားပြီး သူမသည် ပလွေကို စတင်တီးမှုတ်လေသည်။

ပလွေသံ ထွက်ပေါ်လာသည့်အခါ သေဆုံးပြီးသည့် ဝိညာဉ်များသည် သေခြင်းမြစ်ကမ်း နံဘေးသို့ စုရုံးရောက်ရှိ လာကြလေသည်။

"မိုးကောင်းကင်အောက်မှာ လူတစ်ယောက်ရဲ့ နှစ်ပေါင်းတစ်ရက်ဆိုတဲ့ သက်တမ်းဟာ ဘာကြာလို့လဲ၊ ဘဝဆိုတာ အိပ်မက်တစ်ခုလိုပါပဲ၊ တည်မြဲတဲ့အရာ ဘာတစ်ခုမှ မရှိပါဘူး"

မိန်းမပျိုကို ဝန်းရံထားသည့် စစ်သည်တော်များက သီချင်းတစ်ပုဒ်ကို ဆိုနေကြပြီး ကခုန်မြူးတူး နေကြလေသည်။

ဂီတသံနှင့်အတူ မရေမတွက်နိုင်အောင် များပြားလှစွာသော ဝိညာဉ်များသည် လေထဲတွင် ပျံဝဲနေကြပြီး သေခြင်း မြစ်ကမ်းတွင်လည်း စုပြုံလျက် ရှိကြလေသည်။

တာ့ရှားဧကရာဇ်၏ မျက်လုံးများသည် နေရောင်ခြည်ကဲ့သို့ လင်းလက်တောက်ပ နေလေသည်။ မျက်ဝန်းများဆီမှ ရွှေရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာ ဓားကောက်ကြီးသည် လေထံသို့ ပျံတက်သွားလေသည်။

ဓားသွားဆီမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် လောကတစ်ခုလုံးကို ဖျက်ဆီးတော့မည့် အလား အရှိန်ပြင်းစွာ ထွက်ပေါ်လျက် ရှိလေသည်။

ဓားသွားမှ စွမ်းအားများသည် ဆန်းလျန် ဖန်ဆင်းထားသည့် နှင်းပွင့်များကို တစ်ခုချင်း ခုတ်ဖြတ်ပစ်လိုက်ပြီး တန်ခိုး စွမ်းအားလှိုင်းလုံးများသည် ဒီရေလှိုင်းများ အလား ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်း သွားလေသည်။

ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် လေထဲတွင် ထွက်ပေါ်လာပြီး လရောင်ကဲ့သို့ တောက်ပ ထွန်းလင်း နေလေသည်။

သေခြင်းမြစ်ကမ်းမှ တစ္ဆေများသည်လည်း မပျက်စီးနိုင်သည့် ကြိုးများကဲ့သို့ မဆုတ်မနစ်ဖြင့် ရပ်နေကြလေသည်။

တာ့ရှားဧကရာဇ်သည် မိစ္ဆာဓားကောက်ကြီးကို မနားတမ်း ခုတ်လွှဲနေပြီး ဆန်းလျန် ထွက်ပေါ် လာစေရန် ကြိုးစားနေလေသည်။

တာ့ရှားဧကရာဇ်က….

"မင်းက မက်မွန်ပင်နဲ့ ချယ်ရီပင်ကို အစားထိုးပြီး ကျုပ်ကို လှည့်စားလို့ ရမယ်လို့ ထင်နေလား"

ထိုအချိန်ခဏလေးမှာပင် ဆန်းလျန်သည် တာ့ရှားဧကရာဇ်၏ ထက်မြက်သည့် ဝိညာဉ်စွမ်းအား များကို အလွန်မှ လေးစားမိလိုက်လေသည်။ အစဉ်အဆက် အသုံးဝင်ခဲ့သည့် "မက်မွန်ပင်နှင့် ချယ်ရီပင်ကို အစားထိုးခြင်း" နည်းလမ်းသည် တာ့ရှားဧကရာဇ်ကို မည်သို့မှ အရူးလုပ်နိုင်မည် မဟုတ်ပေ။

မိစ္ဆာဓားကောက်ကြီးက ဆန်းလျန် ထွက်ပေါ်လာစေရန် အတွက် အဆက်မပြတ် ဖိအား ပေးနေသော်လည်း ဆန်းလျန်သည် လေထဲတွင် ဆက်လက် ရပ်တန့်နေဆဲ ဖြစ်လေသည်။ သူ၏ စိတ်အာရုံများသည် ပုလ္လင်ထက်မှ မှော်ဆရာမလေး ကိုဖြတ်သန်းသွားလေသည်။

ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် လရောင်ကဲ့သို့ တောက်ပနေပြီး အလင်းရောင်များသည် မှိုပွင့်သဏ္ဌာန် ဖြာကျနေလေသည်။ သူ၏ တန်ခိုးစွမ်းအားများကြောင့် သေခြင်းမြစ်ကမ်းသည် တုန်လှုပ်သွားပြီး ဝိညာဉ်များ၏ မရေမတွက် နိုင်သော အော်ဟစ်သံများကို ကြားရလေသည်။

ဆန်းလျန်သည် ဝိညာဉ်များ၏ စွမ်းအားများ မြင့်တက်လာသည်ကို ခံစားလိုက်မိသည်နှင့် ထိုနေရာမှ ချက်ချင်း ထွက်ခွာ လာခဲ့လေသည်။

ဆန်းလျန် ထွက်ခွာသွားသည်ကို ရိပ်မိလိုက်သည်နှင့် တာ့ရှား ဧကရာဇ်ကလည်း ဆန်းလျန်နောက်သို့ လိုက်ရန် ပြင်လိုက်လေသည်။

ထိုအချိန်…

မှော်ဆရာမလေး၏ စကားသံသည် သူ့နားထဲသို့ ဝင်ရောက် လာလေသည်။

“တာ့ရှားဧကရာဇ်… ရှင်ရှေ့ကို ဆက်သွားမယ်ဆိုရင် သွေးနီရောင် ပင်လယ်ပဲ ရှိတော့တယ်”

တာ့ရှားဧကရာဇ်သည် ထိုမိန်းကလေး၏ အသံကို ကြားရသည့်အခါ မုန်းတီးစွာဖြင့် ဒေါသ ထွက်သွားသည့်တိုင် ဆန်းလျန်နောက်သို့ လိုက်ရန် လက်လျှော့ လိုက်လေသည်။

ထိုအချိန်တွင်…

မှော်ဆရာမလေးကို ဝန်းရံ ကခုန်နေကြသည့် စစ်သည်တော်များသည် လဲပြိုသွားပြီး သူတို့၏ ခန္ဓာကိုယ်မှ မီးခိုးများ ထွက်ပေါ်လာပြီး အငွေ့ပျံ သွားကြလေသည်။ ထိုသူများမှာ သေဆုံးသွားကြပြီး ဝိညာဉ်များမှာလည်း ပျက်စီးသွားကြပြီ ဖြစ်လေသည်။

စောစောက မှော်ဆရာ မိန်းမပျိုလှည့်စားခဲ့သည့် ပလွေသံသည် သာမန်မျှ မဟုတ်ကြောင်း ထင်ရှားလေသည်။

ဆန်းလျန်သည် တောစပ်တွင် ရောက်နေပြီး တောစပ်ကို ဖြတ်ကျော်လိုက်လျှင် သွေးနီရောင် ပင်လယ်ကို ရောက်ရှိတော့မည် ဖြစ်လေသည်။ သူသည် တာ့ရှား ဧကရာဇ်အား သွေးနီရောင် ပင်လယ်သို့ ခေါ်သွားချင်မိသော်လည်း ယခုတော့ မဖြစ်နိုင်တော့ပေ။

ပုလေမှုတ်နေသည့် မှော်ဆရာမသည် မည်သူဖြစ်သည်ကို ဆန်းလျန် ကောင်းကောင်း သိလေသည်။

သူမသည် "ချန်ယွင်" ပင်ဖြစ်လေသည်။

ဆန်းလျန်သည် သူ၏ရုပ်ခန္ဓာကို ဆုံးရှုံးထားခဲ့ပြီ ဖြစ်သော်လည်း သူ၏ သွေးသား အနှစ်သာရများနှင့် တန်ခိုး စွမ်းအား များသည် မူလဝိညာဉ်ခန္ဓာနှင့် ပေါင်းစပ်နေခဲ့လေသည်။

ရဟန်းမင်းကြီးည် ကွယ်လွန်သွားသည် ဖြစ်သည့်တိုင် ဆန်းလျန်ကို လှည့်စားရန် အတွက် လှည့်ကွက်များကို ချန်ထားခဲ့လေသည်။ ဆန်းလျန်သည် အကြင်နာ တရားကင်းမဲ့သူ တစ်ယောက်သာ ဖြစ်လျှင် ချန်ယွင်ကို ချက်ချင်းပင် သတ်ပစ်လိုက်မိမည် ဖြစ်လေသည်။ ချန်ယွင်သည် တာ့ရှားဧကရာဇ်၏ ဘက်တော်သား ဖြစ်သည့်တွက် ချန်ယွင်ကို သုတ်သင် ပစ်လိုက်ခြင်းဖြင့် တာ့ရှား ဧကရာဇ်ကို အနိုင်ယူရန် ပိုမိုလွယ်ကူမည် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်သည် အကြင်နာတရား ကင်းမဲ့သူ တစ်ယောက် မဟုတ်ပါ။

ထို့ပြင် သူသည် သွေးနီရောင် ပင်လယ်သို့ ရောက်သည့်အခါ သူပြုလုပ်ရန်စီစဉ်ထားသည့် မရဏဓားကိုလည်း အပြီး သတ်ပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ ချန်ယွင်ကို အသက်ရှင်လျက် ချန်ထားခဲ့ပြီး တာ့ရှားဧကရာဇ်ကို နှိမ်နင်းနိုင်မည့် အခြားသောအခွင့်အရေးများ ပေါ်လာဦးမည် ဖြစ်လေသည်။

သွေးနီရောင်ပင်လယ်…

သွေးနီရောင်ပင်လယ်ကို ဖြတ်တိုက် လာသည့်လေမှ ဆားငံရနံ့နှင့် အတူ သွေးနံ့များပါ ပါလာလေသည်။ သို့သော် ထိုရနံ့များသည် စက်စုပ်စရာ မကောင်းလှပါ။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က သူသည် သွေးနီရောင် ပင်လယ်ကို ဖြတ်ကာ ရှီးလျန်ပြည်တွင် လူအဖြစ်ပြန်ဝင်စား ခဲ့လေသည်။ ယခုလည်း သွေးနီရောင် ပင်လယ်သို့ ပြန်လည်ရောက်ရှိ လာခဲ့ပြန်လေသည်။ ထို့ပြင် ဆရာဘိုးဘိုး ယွမ်ချင်းသည်လည်း သွေးနီရောင် ပင်လယ်နှင့် ဆက်စပ်ပတ်သက်မှုရှိသည်ဟု ထင်ရလေသည်။ ထိုအတွေးက သူ့ခေါင်းထဲသို့ ဝင်ရောက် လာသည်နှင့် စိတ်ထဲတွင် ထူးဆန်းသလို ခံစားနေမိလေသည်။

"ကမ္ဘာကလေးစားရတဲ့ လောကရဲ့ရတနာ တိကျန်ဗောဓိသကျကို ကိုးကွယ်ပါတယ်…. ၊ နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့…"

ဆန်းလျန်သည် ဗုဒ္ဓဘာသာကျမ်းစာရွတ်ဆိုသံကို ကြားလိုက်ရလေသည်။

ထိုအသံကိုကြားသည်နှင့် ဆန်းလျန်ဆီမှ ရွှေရောင်ကျမ်းစာ တစ်ခု ပျံဝဲထွက်ခွာသွားပြီး ဆန်းလျန်ရှေ့တွင် ရွှေရောင် အလင်းတန်းများ လင်းလက်လာပြီး ရွှေရောင် စေတီတော် တစ်ဆူတည်ရှိနေည့် တောင်တစ်တောင်သည် ဆန်းလျန်ရှေ့တွင် ပေါ်လာလေသည်။

ထိုတောင်ကြီးမှာ မြေပြင်ထက်တွင် တည်ရှိနေသည့် တောင်တစ်တောင် မဟုတ်ပါ။ လေထဲတွင် ပျံသန်း မျောလွင့်နေသည့် တောင်တစ်တောင် ဖြစ်လေသည်။ တောင်ထိပ်တွင် ရောင်စုံတိမ်တိုက်များ ဖုံးလွှမ်းနေပြီး ရောင်စဉ်အလင်းတန်းများ ဖျာလင်း နေလေသည်။ မြင်တွေ့ရသည်မှာ အလွန်မှ ခမ်းနားလှလေသည်။

ဆန်းလျန်ဆီမှ ပျံသန်း ထွက်ခွာသွားသည့် ကျမ်းစာမှ တာ့ကြွယ် ကျောင်းတော်မှ ဆရာတော် ပေးအပ်ခဲ့သည့် မဟာယာနကျမ်းစာ ဖြစ်လေသည်။

ထိုကျမ်းစာမှာ ဆန်းလျန်ကို သိပ်ပြီး အထောက်အကူ မပြုလှသော်လည်း သွေးနီရောင် ပင်လယ်ထဲတွင်တော့ ထိုကျမ်းစာသည် ထူးဆန်း အံ့သြဖွယ်ရာ ဖြစ်နေတော့သည်။

***

All Chapters