အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
(421)ဝင်ပါပြီ
သွေးဓားမြေခွေး၏သေဆုံးခြင်းက သားရဲအုပ်အား ခေတ္တမျှ တုံဆိုင်း ရပ်တန့်သွားစေ၏။သို့သော်လည်း ထိုသားရဲနှစ်ကောင်ရောက်လာသည်နှင့် ဆက်လက်သွားရန် တုံ့ဆိုင်းနေသည့် သားရဲများသည် စိတ်တက်ကြွလာပြီး ဖျက်စီးသတ်ဖြတ်ရန် အပြင်းနှင်လာကြ၏။"ကဲ ကျန့်လန် မင်းဘယ်လိုလုပ်မလဲ" ဂျိတ်သည် ကျန့်လန်အား မေးလိုက်ရင်း သူ၏လက်ညိုးအား ထိုးလိုက်၏။ ထိုအခါ ကျန့်လန်သည် ရုတ်ခြည်းဆိုသလို သူ၏ကိုယ်အတွင်း၌ ကုန်ဆုံးနေသော ဝိညာဥ်စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးလာကြောင်း တွေ့လိုက်ရ၏။"ကျေးဇူးပါ သခင်ဂျိတ်"ပြောဆိုရင်း ကျန့်လန်သည် သူ၏လက်အောက်ခံတပ်သားအား အမိန့်ပေးလိုက်၏။"တိုက်ကြ"ထိုသို့ပြောလိုက်သည်နှင့်မြို့ရိုးဂိတ်တံခါးကြီးလည်း ပွင့်သွား၏။ ထိုအခါမှ အထဲမှ တိုက်ရန်အသင့်ဖြစ်နေကြသော စစ်သည်များ၊ကျောင်းသားများနှင့် မိသားစုကြီးများ လူများက သိုင်းဝိညာဥ်များဖော်ထုတ်ပြီး လက်နက်များကို စွဲကိုင်ကာ ပြေးလာသော သားရဲများထံ ပြေးဝင်သွားကြ၏။ယခုမှ ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲက စတင်ခဲ့ပြီဖြစ်သည်။ လူနှင့်သားရဲများ တိုက်ခိုက်ကြသောအခါ သေဆုံးမှုများ ဖြစ်ပေါ်လာတော့၏။သားရဲများကုတ်ဖြတ်စားသောက်မှုကြောင့် လူများသေကြေရသလို၊ လူများသတ်ဖြတ်မှုကြောင့် သားရဲများလည်း သေကြေရလေသည်။"မီးမှော်အစီရင်ပြန်စတင်"ကျီးကန်းအော်သံကြောင့် ရပ်သွားရသော အစီရင်သည် ယခုတစ်ခါပြန်လည်အသက်ဝင်လာပြီး သားရဲများအား တိုက်ခိုက်လိုက်၏။နယ်စပ်မြို့ရိုးအပြင်ဘက်၌ သွေးပျက်ဖွယ်ရာများ ဆင်တိုက်ဆိုသလိုဖြစ်ပေါ်နေ၏။ မြို့ရိုးအနီး၌ လူနှင့်သားရဲများတိုက်ခိုက်နေကြသလို နောက်၌ရှိနေသော သားရဲများအား မီးမှော်အစီရင်ဖြင့် တိုက်ခိုက်လေကြ၏။ဂျိတ်လည်း ကျန့်လန်၏အစီစဥ်အား ကြည့်ရှုလိုက်၏။ ကျန့်လန်သည် အတော်ပင် တိကျစေ့စပ်ကြောင်း တွေ့ရှိရ၏။တိုက်ခိုက်ရေးသိုင်းဝိညာဥ်ပိုင်ဆိုင်သူများအား ရှေ့တန်း၌ တိုက်ခိုက်စေပြီး ထိန်းချုပ်နိုင်စွမ်းရှိသော သိုင်းဝိညာဥ်ပိုင်ဆိုင်သူများအား အလယ်နေရာ၌ ထား၏။ ထိုသူများအား အချိန်မရွေး ဝိညာဥ်စွမ်းအင်ပြန့်ဖြည့်တင်းပေးနိုင်ရန် ထောက်ပံရေးသိုင်းဝိညာဥ်ပိုင်ဆိုင်သူများအား မြို့ရိုးပေါ်၌ နေစေပြီး အားဖြည့်စေ၏။တိုက်ခိုက်ပုံအား သိပြီဖြစ်သောကြောင့်မီးမှော်အစီရင်အား မည်သို့ဖွဲ့စည်းထားကြောင်း သိလိုသောကြောင့် ဆက်ကြည့်လိုက်၏။တွေ့ပါပြီ။ မီးမှော်အစီရင်သည် ထူးခြားသော ဝိညာဥ်အစီရင်များရေးထိုးထားသော ဝင်္ဂပါ ပြားဖြစ်ကြောင်း တွေ့ရ၏။ထို့အစီရင်ထဲသို့ များစွာသော စစ်သည်တော်များက ၎င်းတို့၏ ဝိညာဥ်စွမ်းအင်များအဆက်မပြတ်ထည့်သွင်းနေကြောင်းတွေ့ရ၏။ ထိုသို့ထည့်သွင်းပေးသောအခါ ဝင်္ဂပါပြားမှ အသက်ဝင်လာပြီး ကောင်းကင်ပေါ်၌ မီးမှော်အစီရင်အဖြစ် ဖြစ်တည်ပြီး သားရဲများအား တိုက်ခိုက်သည်ဖြစ်သည်။သားရဲအုပ်ကြီးသည် မြေကြီးပေါ်မှသာလာသည်မဟုတ်ပဲ လေထဲမှလည်း လာ၏။လေထဲ၌ များစွာသော သားရဲများသည် ပျံသန်းပြီး မြို့ရိုးပေါ်မှ စစ်သည်များအား သတ်ဖြတ်ပြီးမြို့ထဲဝင်ရန်ကြံ၏။ထိုသို့သော သားရဲများအား မီးမှော်အစီရင်သည် အကောင်းဆုံးခုခံတိုက်ခိုက်ခြင်းဖြစ်သည်။မီးမှော်အစီရင်၏ တိုက်ခိုက်မှုကြောင့် ပျံသန်းနိုင်သော သားရဲများသည် နောက်တန်း၌သာ ငြိမ်ပြီး အခြေနေကြည့်ရှုကြ၏။"အား "ကျီးကန်းအော်သံက ပြန်လည်ထွက်ပေါ်လာ၏။ ထိုအသံသည် အစောပိုင်း၌ ထွက်ပေါ်လာသော အသံထက် အနည်းငယ်ပြင်း၏။ထိုအသံထွက်ပေါ်လာသည်နှင့် မီးအစီရင်သည် ပြန်လည် ရပ်တန့်သွားရရုံသာမက ဝင်္ဂပါအစီရင်ပြားသည်လည်း အက် သွားရလေ၏။ထိုသို့အက်သွားသောကြောင့် မီးမှော်အစီရင်အား အသုံးပြု၍ မရတော့သလို ဝိညာဥ်စွမ်းအင်ဖြည့်ပေးရသော စစ်သည်များလည်း တန်ပြန်သက်ရောက်မှူဒဏ်ကို ခံစားလိုက်ကြရ၏။ "ပြသနာတက်ပြီ"ကျန့်လန်သည် ထိုကျီးကန်းအော်သံကြောင့် ဝင်္ဂပါပြားအက်ကြောင်းထသွားကြောင်း သိသည်နှင့် ဇောချွေးပြန်သွား၏။ မီးမှော်အစီရင်ပါလျှင်တောင် သားရဲများအား အနိုင်နိုင်တိုက်ခိုက် ရသည်ဖြစ်ရာ မပါပါက လုံးဝရှုံးနိမ့်နိုင်ကြောင်း ကောင်းစွာနားလည်၏။"အား....အား"နောက်ထပ်သော ကျီးကန်းအော်သံထွက်ပေါ်လာသည်နှင့် သွေးပျက်ဖွယ်ကောင်းသော ဖြစ်ရပ်စတင်လာတော့၏။ နောက်ထပ်သောအော်သံသည် မီးမှော်အစီရင်ဖန်တီးသော ဝင်္ဂပါပြားအား တိုက်ခိုက်သည်မဟုတ်ပဲ လူများ၏စိတ်ကို ဖြစ်၏။ ထို့သို့တိုက်ခိုက်မှုကြောင့် သားရဲနှင့်တိုက်ခိုက်နေကြသော လူများ သိစိတ်လွတ်သွားပြီး တိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။ထိုအခါ သားရဲများသည် လူများအား အလွယ်တကူ သတ်ဖြတ်စားသောက်ကြလေတော့၏။ ကျီးကန်းအော်သံကြောင့် သားရဲနှင့်လူသားကြားတိုက်ပွဲသည် တစ်ဖက်စောင်းနှင်း ပြောင်းလဲသွားတော့၏။"ပြေးပြဟေ့ပြေးကြ"တိုက်ခိုက်နေသောလူများ စစ်သည်တော်များသည် ဆက်လက်တိုက်ခိုက်ဝံခြင်းမရှိတော့ပဲ မြို့ထဲသို့ ပြန်လည် ပြေးဝင်လာကြတော့၏။ မပြေးနိုင်သောသူကတော့ သားရဲများစားသောက်မှုနှင့် နင်းခြေမှုတ်ို့ကြောင့် သေဆုံးကြရလေတော့၏။မီးမှော်အစီရင်မရှိတော့သောကြောင့် ပျံသန်းနိုင်သော သားရဲများလည်း သွေးဆာသော အမူရာများဖြင့် မြန်ဆန်စွာပျံသန်းလာကြ၏။"ဆရာ ကူတော့လေ"ထိုအခါ ထန်ဟောက်မှ ဂျိတ်အားပြောလိုက်၏။ ဂျိတ်ကလည်း"ခုနှစ်ကွင်းမြောက်စွမ်းရည် ကောင်းကင်တူဖြင့် ထုခြေခြင်း"ထိုသို့ရွတ်ဆိုလိုက်သည်နှင့် ဂျိတ်၏လက်ထဲ၌ လျှပ်စီးတဖြတ်ဖြတ်တောက်ပနေသော အနီရောင်တူကြီးက ရောက်ရှိလာသည်။ ထို့အပြင် ဂျိတ်၏နောက်တွင်လည်း ဧရာမပုံရိပ်ကြီးတစ်ခုကလည်း အနီရောင်တူကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်လျက်သား တည်ရှိနေလေ၏။ ထိုလူကြီးအား အနီရောင် ဝိညာဥ်ကွင်းက ဝန်းရံထား၏။"ဒါ..ဒါက ခုနှစ်ကွင်းမြောက်စွမ်းရည်ပဲပြီးတော့ အနီရောင်ကြီး "ကျန့်လန်တစ်ယောက် ရင်သပ်ရှုမောစွာ ကြည့်လိုက်၏။ သူအနေဖြင့် ထိုအဆင့်သို့ရောက်ရန် လိုသေးသည်ဖြစ်ပြီး ထိုအဆင့်ကိုရောက်ရှိရန်လည်း အမြဲတောင့်တနေသည်ဖြစ်ရာ သူ၏ရှေ့၌ လက်တွေ့မြင်လိုက်ရခြင်းက ငေးမောစေခဲ့သည်ဖြစ်သည်။နောက်ပြီး ရှားပါးလွန်းလှသော နှစ်တစ်သိန်းတန် ဝိညာဥ်ကွင်းအား ပထမဆုံး မြင်လိုက်ရသည်လည်းဖြစ်၏။"ဘာကြီးလဲဟ...""ငါတို့ဖက်မှာ သိုင်းဧကရာဇ်အဆင့်ရှိတယ်ကွ"ထိုပုံရိပ်သည် မည်သို့သော ဝိညာဥ်ကွင်းကို အသုံးပြုမှ ထွက်လာသည်ကို သိကြသော လူများကတော့ ဝမ်းသာအားရပျော်ရွှင်လိုက်ကြ၏။"ဟ...အနီနီရောင်...."မြို့ထဲ၌ရှိနေသော စစ်သည်များဆိုလျှင် အံသြလွန်းသောကြောင့် ကြက်သေသေနေကြ၏။ မြို့ထဲ၌နေထိုင်ကြသော မြို့သူမြို့သားတချို့သော သူများဆို ထိုင်ကာ အရိုသေပြုရှိခိုးကြလေ၏။မြို့ရိုးပေါ်မှနေ၍ ကောင်းကင်ယံ၌ အနီရောင်တူကြီးအား စွဲကိုင်ထားသော ဧရာမလူသားပုံရိပ်ကို သားရဲများ မြင်သောအခါ အနည်းငယ်ရှိန်သွားကြ၏။ သို့သော်လည်း မြို့ထဲဝင်ရောက်ရန် ပြေးလာနေကြဆဲပင်။"သေပေတော့"ဂျိတ်သည် တူကို ကိုင်ကာ ရှေ့သို့ ထုချဟန်ပြုလိုက်၏။ ထိုအခါ သူ၏နောက်၌ရှိနေသော ဧရာမလူသားသည်လည်း သူ၏တူအား အောက်၌ရှိနေသော သားရဲတို့အပေါ် ထုချပစ်လိုက်၏။"ဝုန်း"ပြင်းထန်လှသော ထုရိုက်ချက်ကြောင့် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာလေတော့၏။"ဗြောင်း"တူရိုက်ချက်ကြောင့် အောက်၌ရှိနေသော သားရဲများ၏ကိုယ်ခန္ဓာများမှာ လုံးဝပြားချပ်ပေါက်ကွဲကာ သေဆုံးသွားကြလေ၏။"ငါတို့ရှင်ပြီဟေ့"မြို့ထဲ ပြန်လည်ပြေးလာသော စစ်သည်များသည် ဂျိတ်၏လုပ်ရပ်ကြောင့် အသက်ရှင်သန်ရာ ရရှိသွားကြလေ၏။ထိုအခိုက်၌ ဂျိတ်သည် မထင်မှတ်သော အပြုမှူလုပ်လိုက်၏။ ဤသည်ကတော့ သူ၏နောက်၌ရှိနေသော ဧရာမလူသားပုံရိပ်သည် နောက်ထပ်သော တူအား ထုတ်လိုက်ပြီး လက်တစ်ဖက်လျှင် တူတစ်လက်ကိုင်စွဲလိုက်သည်ဖြစ်သည်။"ခြောက်ကွင်းမြောက်စွမ်းရည် မိုးကြိုးအဟုန်တို့ကျဆင်းခြင်း"ထိုစွမ်းရည်အသုံးပြုပြီး တူနှစ်လက်လုံးအား သားရဲများထံ လွှဲချလိုက်သည်။"ဝေါ...... ဂျုန်းးးးးးး"မိုးခြိမ်းသံများညံနေသော အနီရောင်တူကြီးနှစ်လက်သည် သားရဲများထံ ထပ်မံ ကျဆင်းလာလေ၏။ သားရဲများအနေဖြင့် ပြေးရန်ကြံသော်လည်း ထွက်ပြေး၍မရနိုင်ပဲရှိ၏။မိုးကြိုးများဦးစွာထိမှန်ထားသောကြောင့် သားရဲများအနေဖြင့် မပြေးနိုင်တော့ပဲ အကြောဆွဲကာ တုံ့ဆိုင်းနေကြရသည်ဖြစ်သည်။ ထိုအချိန်၌ ကောင်းကင်မှ ပြုတ်ကျလာသော အနီရောင်တူကြီးနှစ်လက်အား ရှောင်တိမ်းနိုင်ခြင်းမရှိတော့ပဲ သေကြရလေတော့၏။ခရမ်းချဥ်သီးအား ထုနှင့်ထုသည့်အခါ အရည်များဖြာထွက်သည့်ပမာ မြေပြင်ပေါ်၌ သားရဲများ၏ပြားနေသော ကိုယ်ခန္ဓာများနှင့် သွေးများက နီရဲဖြာထွက်နေလေတော့၏။"အသင်လူသား ဒီထက် မလွန်လာနဲ့နော်"သားရဲအုပ်၏နောက်၌ရှိနေသော အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်မှ အော်ဟစ်ပြောဆိုလိုက်၏။သူသည် ဒေါသထွက်နေ၏။ ဂျိတ်၏ရိုက်ချက်အောက်၌ သေကြရသောသားရဲများသည် အစောပိုင်း၌ သေသောသားရဲများထက် အဆများစွာပိုသေသောကြောင့် ဖြစ်သည်။သူ၏အသံသြောသြောကြီးကြောင့် လူသားများ ထိတ်လန့်သွားကြ၏။ ဤကျီးကန်းသည် စကားပြောတတ်သောကြောင့်ဖြစ်၏။ စကားပြောတတ်သော သားရဲများ အင်မတန်အစွမ်းထက်ကြသောကြောင့်ဖြစ်၏။သူ၏စကားအား ဂျိတ်ကမဖက်ပင် မလုပ်ပဲ နောက်ထပ် ထပ်ထုရန် ဟန်ပြင်လိုက်၏။"တိုက်စမ်း အဲ့ကောင်ကို"ချက်ချင်းဆိုသလိုပင် အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်နှင့် အဆိပ်နက်မြွေနဂါးတို့သည် ဂျိတ်အား တိုက်ခိုက်လိုက်ကြတော့၏။ ဤသို့ဖြင့် သားရဲအုပ်ကြီးအား ဦးဆောင်သော သားရဲနှစ်ကောင်သည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့ပြီဖြစ်သည်။
(422)အနိုင်ရသူ
"ခြောက်ကွင်းမြောက်ဝိညာဥ်ကွင်းစွမ်းရည် လျှပ်စီးဘုရင်အသွင်ယူခြင်း"ဂျိတ်သည် ထိုသို့ ရွတ်ဆိုအသုံးပြုလိုက်သည်နှင့် သူ၏ကိုယ်အား အမဲရောင် ဝိညာဥ်ကွင်းက ဖုံးလွှမ်းသွားသည်။ ထိုသို့ဖုံးလွှမ်းပြီးသည်နှင့် ချက်ချင်းပင် ဂျိတ်အား လျှပ်စီးနတ်ဘုရား၏ချပ်ဝတ်တန်ဆာများ ဖုံးလွှမ်းသွား၏။"တိုက်ကြတာပေါ့"ဂျိတ်သည် လျှပ်စီးများလက်နေသော တူကြီးကို ကိုင်ဆောင်ပြီး တိုက်ခိုက်ရန် မြို့ရိုးမှ ခုန်ထွက်လိုက်ကြ၏။ထိုသို့ခုန်ထွက်ပြီး အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်နှင့် အဆိပ်နက်မြွေနဂါးအား ရင်ဆိုင်တိုက်ခိုက်လိုက်ကြ၏။"ဝုန်း"တိုက်ခိုက်အား အလွန်ပြင်းထန်သည်ဖြစ်ရာ သူတို့နှင့် အနီး၌ ရှိနေသော သားရဲများမှာ မြေကြီး၌ ပြားပြားဝပ်နေနိုင်ရုံသာ တတ်နိုင်သလို လူများလည်း မြို့ထဲသို့ ပြန်လည်ပြေးဝင်ကြရလေ၏။ဂျိတ်နှင့်သားရဲနှစ်ကောင်၏ တိုက်ပွဲသည် မြို့ရိုးနှင့် ဝေးသည်ဖြစ်သော်လည်း လူတိုင်းသည် တိုက်ပွဲ၏ဖိအားကို ကောင်းစွာ ခံစားလိုက်ကြရ၏။"မဖြစ်နိုင်တာ..."ကျန့်လန်သည် ထိုတိုက်ပွဲအား ရင်သပ်ရှု့မောစွာကြည့်နေသည်။ အလွန်နာမည်ကြီး ကြမ်းပေ့သူသော သားရဲနှစ်ကောင်ကို ဂျိတ်မှ တစ်ယောက်တည်းဖြင့် ရင်ဆိုင်နေသောကြောင့် ဖြစ်သည်။ လေထဲ၌ အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်၏နှုတ်သီးထိုးချက်၊လက်သည်းကုတ်ချက်များနှင့် အဆိပ်နက်မြွေနဂါး၏ကိုင်ချက်အား ဂျိတ်သည် သူ၏လျှပ်စီးများလက်နေသော တူဖြင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနေသည်။"သေစမ်း"ကျီးကန်းသည် သူ၏ကျွမ်းကျင်လှသော စိတ်ဝိညာဥ်တိုက်ခိုက်ခြင်းဖြင့် ဂျိတ်အား တိုက်ခိုက်၏။သို့သော်လည်း သူ၏တိုက်ခိုက်မှုသည် အရာမထင်ကြောင်းတွေ့ရသောအခါ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ရပ်တန့်လိုက်လေ၏။"ထန်..."ကျီးကန်း၏လက်သည်းကုတ်ချက်များနှင့် နဂါး၏လက်သည်းများက ဂျိတ်အား ထိပါသော်လည်း ဒဏ်ရာမဖြစ်စေခဲ့ပေ။ ဂျိတ်ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာ၌သာလျှင် ရပ်တန့်သွားကြရလေ၏။တောင်အား အပိုင်းပိုင်းဖြတ်နိုင်သော သားရဲနှစ်ကောင်၏လက်သည်းချက်များသည် ဂျိတ်၏ချပ်ဝတ်တန်ဆာကိုမှု အစင်းရာထင်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။"ဒီလူသားက လိပ်ခွံဝတ်ပြီးတိုက်နေတာဟ""ဝုန်း....ဝုန်း....ဝုန်း......"တစ်မိနစ်အတွင်း ထောင်ချီသော တူရိုက်ချက်များကြောင့် မြေပြင်၌ လူများသည် တူရိုက်ချက်သံများကို အဆက်မပြတ်ကြားနေကြရလေသည်။ဂျိတ်၏တူရိုက်ချက်ကြောင့် သားရဲနှစ်ကောင်သည် သေခြင်းထိခိုက်နာကျင်မှု ကြီးစွာမဖြစ်သော်လည်း တူ၌ပါသော လျှပ်စီးကြောင့် နှစ်ကောင်လုံးသည် စပ်ဖျင်းဖျင်းဝေဒနာကို ခံစားကြရလေသည်။ ထိုသို့ခံစားရလေ သူတို့အတွက် ဒေါသထွက်ရလေဖြစ်သည်။ ထို့ကြောင့် ဂျိတ်အား နှစ်ကောင်လုံး ဝန်းရံပြီးသည်နှင့်"လူသား သေပေတော့"အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်မှ သူ၏တိုက်ကွက်ကို သုံးလိုက်လေ၏။ "ထောင်ချီသော ကျီးအုပ်တိုက်ခိုက်ခြင်း"ထိုတိုက်ကွက်သုံးလိုက်သည်နှင့် သူ၏တောင်ပံမှ ကျွတ်ထွက်လာသော ကျီးကန်းအတောင်ပံအမွှေးများသည် ချက်ချင်းပင် လူဦးခေါင်းပမာဏရှိသော ကျီးကန်းအုပ်ထောင်ချီပြောင်းလဲသွားကာ ဂျိတ်အား အမဲလိုက်သတ်ဖြတ်ရန် ပြေးဝင်လာကြလေ၏။ထိုတစ်ချိန်တည်း၌ပင် အဆိပ်နက်မြွေနဂါးသည်လည်း သူ၏တိုက်ကွက်ကို သုံးလိုက်သည် ။"အဆိပ်ပြင်းမြွေဒေါသ"ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းသော မြွေဆိပ်များအား ဂျိတ်ထံသို့ မြန်ဆန်သော အရှိန်ဟုန်ဖြင့် မှုတ်ထုတ်လိုက်လေသည်။ထောင်ချီသော ကျီးကန်းအုပ်နှင့် မြွေဆိပ်များသည် ဂျိတ်ထံ ဝင်ရောက်လာလေ၏။ ထိုအခါ ဂျိတ်၏ညာလက်မောင်း၌ လျှပ်စီးနဂါးဦးခေါင်းခွံ ပေါ်လာပြီး"နယ်မြေထွက်ပေါ်လာစေ"ထိုသို့ဂျိတ် ရွတ်ဆိုလိုက်သည်နှင့် ဂျိတ်အား ဗဟိုပြုသော ကြီးမားသော လျှပ်စီးနယ်မြေကြီး ထွက်ပေါ်လာလေသည်။"ဟာ....နယ်မြေတစ်ခုနှင့် ရှားပါးလှတဲ့ ဝိညာဥ်ရိုး"ကျန့်လန်သည် ဂျိတ်အား ကြည့်ရင်း တုန်လှုပ်နေသည်။ ယနေ့၌ ကြုံတွေ့ရသော မြင်ကွင်းများသည် သူ၏ဘဝတစ်လျှောက်၌ မြင်တွေ့ခဲ့ရသည်ထက်ပင် များပြားနေသည် လက်ခံလိုက်ရသည်။လျှပ်စီးနယ်မြေသည် ဂျိတ်အားတိုက်ခိုက်လိုက်သော အဆိပ်နက်မြွေနဂါး၏မြွေဆိပ်များနှင့် ကျီးကန်းအုပ်ကြီးအား လွှမ်းခြုံလိုက်၏။အပြာရောင်လျှပ်စီးနယ်မြေထွက်ပေါ်လာသည်နှင့် ဂျိတ်သည် လျှပ်စီးနယ်မြေ၏အရှင်သခင်ဖြစ်လာပြီး လျှပ်စီးနယ်မြေအတွင်းရှိသမျှသောအရာအားလုံးသည် သူ၏စေလိုရာအတိုင်း ဖြစ်လာရသည်ဖြစ်သည်။ "ပျက်ပြယ်စေ"ဂျိတ်မှ ထိုသို့တွေးလိုက်သည်နှင့် လျှပ်စီးနယ်မြေအတွင်း၌ ရှိနေသော အဆိပ်များနှင့် ကျီးကန်းများသည် လျှပ်စီးများကြောင့် အငွေ့အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားရလေသည်။"ငါတို့ပြန်ဆုတ်ကြရအောင်"အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်မှ အဆိပ်နက်မြွေနဂါးအား ပြောလိုက်၏။ ထိုလူသည် နယ်မြေပိုင်ဆိုင်မည်ဟု အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်မှ မထင်ထားခဲ့သောကြောင့်ဖြစ်သည်။ နယ်မြေပိုင်ဆိုင်သောလူအား တိုက်ခိုက်ရခြင်းသည် ရေထဲ၌ ရှိသော ငါးအား ရေထဲ၌ လိုက်ဖမ်းရသလို အလွန်ပင်ခက်ခဲလှသောကြောင့်ဖြစ်သည်။"ကောင်းပြီ"အဆိပ်နက်မြွေနဂါးလည်း ချက်ချင်းပင် သဘောတူပြီး ပြန်ဆုတ်ရန်ကြံ၏။"လာချင်တိုင်းလာပြီး ထွက်သွားရအောင် မင်းအမေအိမ်များ မှတ်နေလား"လျှပ်စီးများ ဝန်းရံနေသော ဂျိတ်သည် ထိုသားရဲနှစ်ကောင်းအား လက်ညိုးထိုးပြီး ပြောလိုက်သည်။"မင်းကတစ်ယောက်တည်း ငါတို့ကနှစ်ယောက်နော် ဖမ်းမိမယ်ထင်နေတာလား"အဆိပ်နက်မြွေနဂါးသည် ဂျိတ်အားလှောင်လိုက်၏။အဆိပ်နက်မြွေနဂါးအနေဖြင့် ထိုသို့ပြောရဲရခြင်းမှာ သူတို့သည် ဂျိတ်၏လျှပ်စီးနယ်မြေ၏ အပြင်၌ ရှိနေသည်ဖြစ်သလို အလွန်ပင်မြန်ဆန်အောင် ပြေးနိုင်စွမ်းရှိနေသောကြောင့် ဖြစ်၏။ "ဒါဆိုတော့လဲ ပြပေးရတာပေါ့"ဂျိတ်သည် အဆိပ်နက်မြွေနဂါးအား ကြည့်ပြီး "ပဥ္စမမြောက် ဝိညာဥ်ကွင်းစွမ်း တည်နေရာရွေ့ခြင်း..စတုတ္ထမြောက်ဝိညာဥ်ကွင်းစွမ်းရည် လျှပ်စီးနဂါးဖျက်စီးခြင်း နှင့် ဝိညာဥ်ရိုးအစွမ်း နယ်မြေချဲ့ထွင်ခြင်း"ချက်ချင်းပင် ဂျိတ်သည် ဝိညာဥ်ကွင်းနှစ်ခုနှင့် ဝိညာဥ်ရိုးအစွမ်းကို အသုံးပြုလိုက်သည်။ ထိုအခါ ဂျိတ်သည် လက်ရှိရှိနေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။"ပြေးတော့"အဆိပ်နက်မြွေနဂါးသည် မကောင်းသောအငွေ့သက်ချက်ချင်းရလိုက်ပြီး ပြေးရန်ပြောပြီး မိမိကိုယ်တိုင် ပြေးရန်ကြံသော်လည်း နောက်ကျသွားလေ၏။အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်နှင့် အဆိပ်နက်မြွေနဂါးကြားထဲသို့ ဂျိတ်သည် ချက်ချင်းရောက်ရှိလာပြီး လျှပ်စီးနယ်မြေအား ချက်ချင်းပင် ဖြန့်ကျက်လိုက်သည်။ ထိုအခါ လျှပ်စီးနယ်မြေသည် ဂျိတ်၏ယခင်ရှိသော ဧရိယာထက် နှစ်ဆကြီးမားသွားပြီး ထိုသားရဲနှစ်ကောင်အား ဖုံးလွှမ်းလိုက်၏။"လခွမ်းသွားပြီ"အဆိပ်နက်မြွေနဂါး လန့်ဖြတ်သွား၏။ လျှပ်စီးနယ်မြေထဲရောက်သွားသောအခါ မိမိ၏အမြန်နှုန်းသည် လေးဆမျှအထိ လျော့ကျသွားကြောင်း တွေ့ရသလို တိုက်ခိုက်လှုပ်ရှားရန်လည်း ခက်ခဲလာကြောင်း တွေ့လိုက်ရလေသည်။ "ဂါး"လျှပ်စီးနယ်မြေထဲ၌ရှိနေသော လျှပ်စီးများစွာသည် ချက်ချင်းပင် အပြာရောင်နဂါးများအသွင်သို့ ပြောင်းလဲသွားပြီး အဆိပ်နက်မြွေနဂါး နှင့် အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်အား တိုက်ခိုက်လိုက်ကြ၏။"တော်တော်လေး မာကျောတာပဲ"အပြာရောင်နဂါးများသည် ထိုနှစ်ကောင်အား ထိခိုက်ရန် ခဲယဥ်းကြောင်း ဂျိတ်တွေ့ရသောအခါ သူ၏တူအား အကျနကိုင်လိုက်ကာ"ချုပ်ထားစမ်း"ထိုအခါ သားရဲနှစ်ကောင်အား တိုက်ခိုက်နေသော အပြာရောင်နဂါးများသည် အပြာရောင်လျှပ်စီး ကြိုးများအသွင်ပြောင်းလဲသွားကာ သားရဲနှစ်ကောင်အား လှုပ်ရှားနိူင်ခြင်းမရှိရန် ချုပ်နှောင်ထားလိုက်ကြလေ၏။"ကဲ သေလိုက်တော့"လျှပ်စီးနယ်မြေသည် ဂျိတ်၏တိုက်ခိုက်နှုန်း၊အမြန်နှုန်းနှင့် လျှပ်စီးစွမ်းရည်များအား ဆတိုးထပ်ကိန်းအထိ မြင့်တင်ပေးကာ ရန်သူများအား ဖိနှိပ်နိုင်စွမ်းရှိ၏။ ထိုနယ်မြေ၌ ဂျိတ်သည် တူကိုင်ပြီး သားရဲနှစ်ကောင်အား တိုက်ခိုက်လိုက်သောအခါ "ဝုန်း..ဝုန်း...ဝုန်း"စက္ကန့်ဝက်အတွင်း၌ ထောင်သောင်းချီသော တူရျုက်ချက်များသည် သားရဲနှစ်ကောင်ပေါ်သို့ ကျရောင်လာလေတော့၏။"အား"အားပြင်းပြီးတိကျမြန်ဆန်လှသော ဂျိတ်၏တူရိုက်ချက်များကြောင့် သားရဲနှစ်ကောင်သည် အော်ဟစ်ရုံမှ တစ်ပါး အလူးလဲ ခံကြရလေတော့၏။"ဒါလူတောင်မဟုတ်တော့ဘူး"ကျန့်လန်သည် မိမိမြင်နေရသောမြင်ကွင်းကြောင့် ကြောင်ပြီး ရပ်ကြည့်နေမိသည်။ တိုက်ပွဲ၌ အနိုင်ရသူသည် မည်သူဖြစ်ကြောင်း သိသာထင်ရှားနေပြီဖြစ်သည်။
(423)ပညာပေး
"ဒီလိုပြီးသွားပြီလားဟ"ကျန့်လန်တစ်ယောက် မိမိသည် အိမ်မက်မက်နေသည်ဟုပင် ထင်မြင်မိသည်။ နာမည်ဆိုးနှင့်ကျော်ကြားပြီးကြောက်မက်ဖွယ်ကောင်းလှသော အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်နှင့် အဆိပ်နက်မြွေနဂါးတို့သည် ယခုကဲ့သို့ အဆုံးသတ်သွားသောကြောင့် ဖြစ်၏။တပ်မှူးအဆင့် သားရဲနှစ်ကောင် ဇာတ်သိမ်းသွားသည်နှင့် ကျန်ရစ်သော သားရဲများစွာသည် ဆက်လက်တိုက်ခိုက်နိုင်ခြင်းမရှိတော့ပဲ တောအုပ်ထဲသို့ ပြန်လည်ထွက်ပြေးသွားကြတော့၏။ဤသို့ဖြင့် သားရဲအုပ်ကြီးသည် ပြိုကွဲ ပျောက်ကွယ်သွားခဲ့သည်။"ဘုတ်"မြေကြီးပေါ်သို့ သားရဲနှစ်ကောင်၏ တစ်ကိုယ်လုံးသည် မဲတူးနေသော အနေထားဖြင့် ပြုတ်ကျလာ၏။လျှပ်စီးများစွာနှင့် တူထုရိုက်ဒဏ်များကြောင့် သားရဲနှစ်ကောင်မှာ မူလရုပ်ပင် မပေါ်တော့ချေ။ထိုနှစ်ကောင်သည် သေဆုံးသွားသည်ဖြစ်သောကြောင့် ဝိညာဥ်ကွင်းနှစ်ခုလည်း ထွက်ပေါ်လာလေ၏။"အလို ကြောက်စရာစွမ်းအင်နှင့်ပြည့်နှက်နေတဲ့ ဝိညာဥ်ကွင်းနှစ်ခုပါလား"သားရဲနှစ်ကောင်ပေါ်၌ လွင့်မောနေသော နှစ်တစ်သိန်းပြည့်ခါနီးပါး နှစ်သောင်းချီသက်တမ်းရှိသော အမဲရောင်တောက်တောက် ဝိညာဥ်ကွင်းနှစ်ကွင်း တည်ရှိနေ၏။"ဟာ ဝိညာဥ်ရိုးတွေကောဟ"အလွန်တရာပင်ရှားပါးပေ့ဟူသော ဝိညာဥ်ရိုးနှစ်ခုသည်လည်း တပ်မှူးအဆင့် သားရဲနှစ်ကောင်၏ကိုယ်ထဲမှ ထွက်ပေါ်လာလေသည်။ "ကျီးကန်းဦးခေါင်းခွံနဲ့ မြွေနဂါးအမြုတေပါတဲ့ လက်သည်းပါလား"ဂျိတ်သည် သားရဲနှစ်ကောင်၏အထက်နှစ်ပေအကွာလေထဲ၌ တည်ငြိမ်စွာ ရှိနေသော ဝိညာဥ်ရိုးနှစ်ခုအား ကြည့်ရှုကာ အကဲဖြတ်လိုက်သည်။လက်ရှိ၌ ဂျိတ်သည် သူ၏မူလအသွင်သို့ ပြန်လည် ပြောင်းလဲ သွားပြီး သိုင်းဝိညာဥ်နှင့် နယ်မြေများကိုလည်း ရုတ်သိမ်းပြီးဖြစ်သည်။("ဒါတွေက ထန်ဟောက်အတွက် နောက်ကျရင် လိုအပ်လာလိမ့်မယ်")ဝိညာဥ်ကွင်းနှစ်ခုနှင့် ဝိညာဥ်ရိုးနှစ်ခုအား ဂျိတ်မှ သိမ်းရန်အပြု"ရပ်လိုက်စမ်း"ကျယ်လောင်လှသောအသံကြောင့် ဂျိတ်သည် စိတ်နှောင့်ယှက်ဖြစ်သွားပြီး အသံလားရာနေရာသို့ ကြည့်လိုက်၏။"ဟင် ဘယ်သူလဲ"ကျန့်လန်သည် မြို့ရိုးပေါ်မှကြည့်ရာ အသံပြုလာရာ လူသည် လေထဲမှ မြန်ဆန်စွာ ပျံသန်းလာကြောင်း လူများစွာ တွေ့လိုက်ကြရလေသည်။သူ၏ကျော၌ လင်းနို့အတောင်ပံကြီး တစ်စုံရှိပြီး ထိုအတောင်ပံဖြင့် ပျံသန်းနေခြင်းဖြစ်ကြောင်း ဂျိတ်တွေ့လိုက်ရလေသည်။ထိုလူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ထိုလူသည် ဂျိတ်၏အနားသို့ရောက်သောအခါ သူ၏တောင်ပံအား ရုတ်သိမ်းလိုက်ပြီး သားရဲနှစ်ကောင်အထက်၌ ရှိနေသော ဝိညာဥ်ကွင်းများနှင့် ဝိညာဥ်ရိုးများအား တပ်မက်စွာ ကြည့်နေကြောင်း ဂျိတ်သတိထားမိသည်။"ဘေးဖယ်နေလိုက်တော့ ဒါတွေက ငါယူလိုက်မယ်"ဂျိတ်အား မထီမဲ့မြင်ပြုကာ ဂျိတ်ပိုင်သည့်အရာများအား သိမ်းရန်ကြံ၏။ "ဟေ့လူ ဒါမျိုးလုပ်လို့မရဘူး ဒီသားရဲတွေကို သူသတ်ဖြတ်ထားတာ ဖြစ်တဲ့အတွက် သူပိုင်ပါတယ်"ကျန့်လန်သည် မြို့ရိုးပေါ်မှ ဆင်းလာပြီး အဆိုပါလူအား ရှင်းပြ၏။ တကယ့်စည်းမျဥ်းသည်လည်း တိုက်ပွဲ၌ သားရဲအားသတ်ဖြတ်သောသူသည်သာ ထိုသားရဲအား ပိုင်ဆိုင်နိုင်သည်ဖြစ်ရာ ယခုလို လုပ်ရပ်က စည်းမျဥ်းချိုးဖောက်ရာ ကျသလို ဖြစ်သောကြောင့် ကျန့်လန်မှ ဝင်တားရခြင်းဖြစ်သည်။ထိုအခါ အဆိုပါလူဝသည် စိတ်တိုလာပြီး"မင်းဘယ်သူလဲ""ငါလား ဒီမြို့ကို ကာကွယ်ပေးနေတဲ့ စစ်သူကြီးကျန့်လန်ပဲ""ဟားဟားဟား...စစ်သူကြီးကများငါ့ကို မရိုမသေလုပ်ရဲတယ်"အဆိုပါလူသည် ကျန့်လန့်အား ရယ်မောလိုက်ပြီး သူ၏တံဆိပ်ပြားထုတ်ပြကာ "ငါကျူးဖုန်က အသင်္ချေသိုင်းဝိညာဥ်နန်းဆောင်အဖွဲ့ကပဲ မင်းဝင်တားချင်တာလား ငါ့ကို မင်းတို့ဘုရင်က ဖိတ်ထားတာနော်"ထိုလူသည် ကျန့်လန်အား ပြသလာသော တံဆိပ်ကြောင့် ကျန့်လန်လည်း အနည်းငယ် ထိတ်လန့်သွားရလေ၏။ ထိုလူပြသသော တံဆိပ်သည် အလွန်ပင် အင်အားကြီးမားသော နာမည်ကြီးအဖွဲ့ဖြစ်သောကြောင့်ဖြစ်သည်။ နောက်ပြီး ဘုရင်မှ အသိမှတ်ပြုကြောင်း တံဆိပ်၌ အမှတ်သားပြုလုပ်ထား၏။"သခင်ဂျိတ် သူကတကယ်ပဲ ဘုရင်က စေလွှတ်လိုက်တဲ့သူပဲ "ကျန့်လန်၏စကားကြောင့် ဂျိတ်လည်း ထိုလူအား ကြည့်လိုက်ပြီး "ဒါတွေ မင်းယူမယ်ဆိုရင် ဒီမြို့ကို ကာကွယ်ပေးမှာလား""ဒါပေါ့ ဒီမြို့ကို ကာကွယ်ဖို့ ငါလာတာပဲကို ကာကွယ်ပေးမှာပေါ့"ကျူးဖုန်သည် ဂျိတ်အား ဝင့်ကြွားစွာပြောဆိုလိုက်၏။ "ကောင်းပြီ ဒါဆို ခင်ဗျားယူလိုက်ပါ ပြီးရင်ဒီမြို့ကို ကာကွယ်ပေးပါ"ဂျိတ်သည် ထိုလူနှင့် ဆက်လက်စကားပြောရန် လွန်စွာပျင်းရိသည်ဖြစ်ရာ ပေးပြီးသည်နှင့် ထန်ဟောက်ဖြင့် မြို့မှ ထွက်လာရန် ဆုံးဖြတ်လိုက်၏။ထိုဝိညာဥ်ကွင်းနှင့် ဝိညာဥ်ရိုးများသည် သူ့အတွက် ရှားပါးနေသည်မဟုတ်ရာ ပေးပစ်ရန် ဝန်မလေးခြင်းလည်းဖြစ်သည်။ဂျိတ်မှ ရှောင်ဖယ်သွားသည်နှင့် ကျူးဖုန်သည်လည်း ထိုဝိညာဥ်ကွင်းနှင့် ဝိညာဥ်ရိုးများအား အသာယာပင် သိမ်းလိုက်လေ၏။ထိုမြင်ကွင်းကို ကြည့်ပြီး ကျန့်လန်သည် ဂျိတ်ဖက်မှနေ၍ ဒေါသထွက်ရလေသည်။ သို့သော်လည်း ဂျိတ်သည် မည်သို့မျှ ပြန်လည်တုံပြန်နေခြင်းမရှိရာ ဒီအတိုင်းသား ငြိမ်သက်လိုက်ရလေ၏။"အရှင် ကျူးဖုန် သူ့ညာဖက်လက်မှာ နဂါးခေါင်းဝိညာဥ်ရိုးရှိတာ ကျနော်မြင်လိုက်တယ်"မြို့ရိုးထဲမှနေ၍ အသက်နှစ်ဆယ်ကျော် လူတစ်ယောက်သည် လူတစ်အုပ်အား ခြံရံကာ လာရင်းပြောလိုက်၏။နဂါးခေါင်းဝိညာဥ်ရိုးဟုဆိုသည်နှင့် ကျူးဖုန်၏ မျက်လုံးများ လောဘများ ဖုံးလွှမ်းသွားလေသည်။သိထားရမည်ကား ဝိညာဥ်ရိုးသည် အလွန်တရာရှားပါး၏။ ရှားပါးသော ဝိညာဥ်ရိုးများထဲတွင် နဂါးနှင့် ပတ်သက်သော ဝိညာဥ်ရိုးသည် ပို၍ပင် ရှားပါးလေ၏။ထို့ကြောင့် နဂါးခေါင်းခွံဝိညာဥ်ရိုးဟု ကြားသည်နှင့် ကျူးဖုန်တစ်ယောက် လောဘစိတ်ဖြစ်လာသည်ဖြစ်သည်။"ဟေ့ကောင် ရပ်စမ်း"ထိုအသံကြောင့် ဂျိတ်လည်း ကျူးဖုန်ရှိရာသို့ ပြန်လှည့်ပြီး"ဘာလဲ""မင်းမှာ နဂါးခေါင်းခွံဝိညာဥ်ရိုးရှိတယ်ဆို""ဟုတ်တယ်လေ ဒါလား"ဂျိတ်သည် ညာလက်ဖက်တွင်တပ်ထားသော နဂါးခေါင်းခွံဝိညာဥ်ရိုးအား ပြသလိုက်၏။("ဟာ အပြာရောင်လျှပ်စီးနဂါးခေါင်းခွံပဲ")မြင်သည်နှင့် လောဘစိတ်အား ရှိရင်းထက် ပိုမိုတိုးပွားသွားလာလေ၏။ လျှပ်စီးအစွမ်းပါသော နဂါးခေါင်းခွံဝိညာဥ်ရိုးသည် တစ်သန်းတွင်တစ်ခု ဖြစ်တောင့်ဖြစ်ခဲ အရာဖြစ်သောကြောင့်ဖြစ်သည်။ ရအောင်ယူမည်ဟု ကျူးဖုန် ဆုံးဖြတ်လိုက်ပြီး"အေးဟုတ်တယ် အဲ့ဒါကို ငါ့ဆီပေးလိုက်"ထိုစကားကြောင့် ကျန့်လန်သည် ဒေါသထွက်သွားလေ၏။ ထိုသို့သော အပြုမှုသည် အလွန်တရာရိုင်းသောကြောင့်ဖြစ်သည်။ ဝိညာဥ်ရိုးယူခြင်းခံရသောသူသည် အလွန်တရာအားနည်းသွားရရုံတင်မကပဲ သိုင်းဝိညာဥ်အဆင့်များပါ ကျဆင်းသွားနိုင်သောကြောင့်ဖြစ်သည်။"ဘာလဲ မင်းမပေးချင်တာလား ငါတောင်းရင်ပေးရတယ်ကွ"ကျူးဖုန်သည် သူ၏သိုင်းဝိညာဥ်အဆင့်ကို ပြသ၏။ထိုအခါ အနက်ရောင်ဝိညာဥ်ကွင်းများ ထွက်ပေါ်လာပြီး ရှစ်ကွင်းရှိကြောင်း လူတိုင်းတွေ့လိုက်ရ၏။"ဟာ သူက သူတော်စင်အဆင့်ပဲ"လူတိုင်း အံသြကြရ၏။ထိုအဆင့်သည် စွေ့တိုင်းပြည်၌ မရှိသောကြောင့်ဖြစ်သည်။ ("သိုင်းဝိညာဥ်အဆင့် 87 ဒါကြောင့် ဒီကောင် မြောက်ကြွနေတာကိုး")ဂျိတ်သည် သူ၏သိုင်းအဆင့်မှာ သိလိုက်သောအခါ သူ၏ရန်လိုသည့်အကြောင်းရင်းကို သိလိုက်ရ၏။"ဟားဟား သူဘာမှမတတ်နိုင်ဘူး"ထိုသို့ရယ်မောလိုက်သူကတော့ ဂျိတ်ထံတွင် ဝိညာဥ်ရိုးရှိကြောင်း သတင်းပေးလိုက်သော လူရွယ်ပင်ဖြစ်သည်။ သူသည် ဂျိတ်အား အညှိးတေးထားရခြင်းမှာ တိုက်ပွဲ၌ သူ၏လူများ ကျဆုံးစဥ်၌ ဂျိတ်သည် လာရောက်မကူညီသောကြောင့်ဖြစ်သည်။ အစကတည်း၌ ဂျိတ်သာ ပါဝင်တိုက်ခိုက်ခဲ့ပါကသူ၏လူများ စတေးရန်မလိုကြောင်း အထင်ရောက်နေသည်လည်းပါ၏။ဂျိတ်ကူညီ၍ တိုက်ပွဲပြီးဆုံးရသည်ကိုလည်း သူ စောစောစီးစီး တိုက်ပွဲအတွင်း၌ မတိုက်ခိုက်သောကြောင့် သူ၏လူများ ကျဆုံးရသည်ဟု ထင်မှတ်ယူဆပြီး ကျူးဖုန်ရောက်လာသောအခါ အငှားလက်ဖြင့် ထိခိုက်အောင် ပြုလုပ်သည်ဖြစ်သည်။("ဟူး.... ငါလျော့ပေးတော့လဲ ဒီကောင်တွေက ရောင့်တက်ပြန်ရော")ဂျိတ်သည် သက်ပြင်းတစ်ချက်ချပြီး ကျူးဖုန်အနားသို့ တစ်လမ်းခြင်းလျှောက်သွား၏။ကျူးဖုန်ကလည်း ဂျိတ်သည် သူ့အားကြောက်၍ သူ၏ဝိညာဥ်ရိုးလာပေးသည်ထင်ကာ စောင့်၏။ဂျိတ်သည် ကျူးဖုန်အနားသို့ ရောက်သည်နှင့် သူ၏တူနီကြီးအား ချက်ချင်းပင် ထုတ်ကာ ထုပစ်လိုက်၏။"ဝုန်း"ဂျိတ်၏ မထင်မှတ်သောအပြုမှုကြောင့် ကျူးဖုန်အနေဖြင့် ကာကွယ်ချိန်မရပဲ မြို့ရိုးအထိ လွင့်စင်သွားရလေ၏။"မအေဘေး လျော့ပေးရင် ရောင့်တက်လာတာပဲ မင်းကို ဒီနေ့ငါပညာပေးမှရမယ်"ဂျိတ်သည် သူ၏တူအား ပခုံး၌ တင်ပြီး လွင့်ထွက်သွားသော ကျူးဖုန်အား ကြည့်ကာ ပြောလိုက်၏။