← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

(424)နောက်ထပ်သော သိုင်းဝိညာဥ်

ဂျိတ်၏မထင်မှတ်စရာကောင်းသော ရုတ်ခြည်းအပြုမှုကြောင့် လူတိုင်း ဆွံအသွားကြ၏။"မအေဘေး"ထိုစကားဆိုသူကတော့ တခြားသူမဟုတ် ဂျိတ်၏ထုရိုက်ခြင်းခံရသောကြောင့် မြို့ရိုးထိတိုင်အောင် လွင့်သွားရသော ကျူးဖုန်သာဖြစ်သည်။ထိုသို့ဖြစ်လာသည်နှင့် လူတိုင်းသည် ဝေးရာသို့ ရှောင်တိမ်း၏။ အဆင့်မြင့်လူနှစ်ယောက်၏တိုက်ပွဲကြောင့် သေရမည်စိုးသောကြောင့် ဖြစ်သည်။"မင်းက အသင်္ချေသိုင်းဝိညာဥ်နန်းဆောင်ကို မကြောက်ဘူးလား""ငါဆိုတဲ့ကောင်က ဘယ်သူကိုမှကြောက်လာတာမဟုတ်ဘူး အဲ့တော့ မင်းရဲ့နန်းဆောင်ကိုလည်း ငါကကြောက်စရာလား."ဂျိတ်၏စကားကြောင့် ကျန့်လန်တစ်ယောက် ရင်ထဲထိရှသွား၏။ အင်အားကြီးသော သိုင်းဝိညာဥ်နန်းဆောင်ပင် မကြောက်တတ်သော ဂျိတ်အား သူ၏ရင်ထဲ၌ လေးစားမှုပုံရိပ်အဖြစ် ထားရှိလိုက်တော့၏။"ပြီးတော့ အဖွဲ့ဝင်ဖြစ်တဲ့မင်းတောင် သူများပစ္စည်းတွေလုယူနေတာဆိုတော့ မင်းအဖွဲ့ကလည်း ဓားပြအဖွဲ့ပဲနေမှာပါ"ဂျိတ်၏ဆက်လက်ပြောဆိုသော စကားများကြောင့် ကျူးဖုန်တစ်ယောက် ထိန်းသိမ်းမရအောင် ဒေါသထွက်လာလေတော့၏။"သေစမ်း"အသံနှင့်အတူ ကျူးဖုန်သည် ဂျိတ်အား တိုက်ခိုက်လိုက်သည်။ ဂျိတ်ကလည်း တိုက်ခိုက်မှု့အား တူဖြင့် ပိတ်ထားလိုက်သည်။"ဒါကြောင့် မင်းက ဇောင်းကြွနေတာကိုး လျှပ်စီးတူဂိုဏ်းဝင်ပဲ"ကျူးဖုန်၏စကားကို ဂျိတ်မှ ဂရုပင်မစိုက်"ငါ ဘယ်အဖွဲ့ဝင်ဖြစ်ဖြစ် သေချာတာက မင်းကို ပညာပေးကိုပေးရမယ်"တူမှ လျှပ်စီးများထွက်ပေါ်စေပြီး ကျုးဖုန်အား တိုက်ခိုက်လိုက်သည်။ ကျူးဖုန်သည်လည်း လျှပ်စီးများမြင်သည်နှင့် နောက်သို့ ပြန်ဆုတ်ကာ "ဒုတိယစွမ်းရည် အကာကွယ်"ကျူးဖုန်သည် သူ၏တစ်ကိုယ်လုံးအား မာကျောအောင် ဖုံးလွှမ်းပြီးသည်နှင့် ဂျိတ်အား ထပ်မံတိုက်ခိုက်သည်။"ဝုန်း...ဝုန်း"အဆင့်87ရှိသော သိုင်းဝိညာဥ်ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် သူ၏သာမန်ထိုးချက်များသည်ပင် ကြောက်ခမန်းလိလိဖြစ်စေခဲ့သည်။ ဂျိတ်လည်း ထိုထိုးချက်များအား တူဖြင့် အသာယာပင် ကာကွယ်လိုက်၏။ ကျူးဖုန်သည် ဒုတိယစွမ်းရည်ကြောင့် လျှပ်စီးအား ကြောက်စရာမလိုတော့ကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို့ကြောင့် ဂျိတ်အားကြောက်နေခြင်းမရှိပဲ ယခုလို ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဖြစ်သည်။("သားရဲသိုင်းဝိညာဥ်ပိုင်တဲ့လူတွေက တခြားလူတွေထက် ကိုယ်ခန္ဓာမှာ ပိုပြီး သန်မာကြံခိုင်တာပဲ")ကျူးဖုန်၏ပြင်းပြင်းထန်ထန်တိုက်ခိုက်ဟန်ကို ကြည့်ကာ ဂျိတ်မှတ်ချက်ချလိုက်၏။ ထို့နောက် ဂျိတ်သည် ကျူးဖုန်၏ တိုက်ခိုက်မှုအား ခေတ္တမျှ အတူလိုက်ကစားပေးလိုက်၏။လူများအမြင်၌ ကျူးဖုန်၏တိုက်ခိုက်မှုကြောင့် ဂျိတ်သည် အသည်းသန် ကာကွယ်နေဟန်ပေါက်၏။"ရပြီ ဒီလောက်ဆို"ဂျိတ်သည် ပျင်းရိလာသောကြောင့် ကာကွယ်နေရာမှ တန်ပြန်တိုက်ခိုက်လိုက်၏။ "ဝုန်း"ဂျိတ်၏တစ်ချက်သော တန်ပြန်တိုက်ခိုက်မှုကြောင့် ကျူးဖုန်သည် လွင့်စင်သွားရပြန်၏။"ဒီမအေဘေးကတော့"ဂျိတ်၏တူသည် သူ၏အမာကျောဆုံးဖြစ်သည်ဟု သူ၏လက်သီးအား ကျိုးပဲ့စေပြီးလျှင် နောက်သို့ ထပ်မံလွင့်စင်စေခဲ့သည်ဖြစ်သည်။"ဒီနေ့ မင်းမသေရင် ငါကျူးဖုန်မဟုတ်တော့ဘူး"ကျူးဖုန်သည် ဒေါသတကြီးဖြင့် ဂျိတ်အား အော်ပြောပြီးလျှင် သူ၏အစွမ်းများ အားကုန်ထုတ်သုံးတော့၏။ဂျိတ်ထံတွင်ရှိသော နဂါးခေါင်းခွံဝိညာဥ်ရိုးနှင့် ဂျိတ်၏ရန်စသောအပြုမှုများက ကျူးဖုန်အား အားကုန်ထုတ်သုံးကာ တိုက်ခိုက်စေသလို ဖြစ်စေခဲ့၏။"တတိယစွမ်းရည် ပဥ္စမစွမ်းရည် ဆဌမ စွမ်းရည်"ကျူးဖုန်သည် စွမ်းရည်သုံးခုအား တစ်ပြိုင်တည်း အသုံးချလိုက်၏။တတိယစွမ်းရည် သူနှင့်နီးစပ်သော လူများထံမှ ဝိညာဥ်စွမ်းအင်များ စုပ်ယူလိုက်သည်ဖြစ်ရာ သူ၏ဝိညာဥ်စွမ်းအင်မှာ ပိုမိုတိုးပွားလာတော့၏။ငါးခုမြောက်စွမ်းရည်မှာ သွေးဓားမြေခွေးနှင့်ပင် ဆင်တူ၏။ သွေးဓားမြေခွေးသည် သွေးအား လက်နက်အဖြစ်အသုံးပြုသည်ဖြစ်ပြီး ကျူးဖုန်ကတော့ သူနှင့် နီးသော နေရာများမှ သွေးများအား သူ၏ကိုယ်ခန္ဓာထဲသို့ စုပ်ယူပြီး ကိုယ်ခန္ဓာသန်မာမှူအား နောက်တစ်ဆင့်သို့ မြင့်တင်ပေးလိုက်သည်ဖြစ်သည်။ထိုသို့မြင့်တင်မှုသည် တိုက်ခိုက်နေရင်း သွေးများစုပ်ယူကာ ဆင့်ကာဆင့်ကာ တိုးမြှင့်နိုင်သည်ဖြစ်သည်။နောက်တစ်ခုကတော့ မိမိ၏ပြိုင်ဘက်ရန်သူအား အသံလှိုင်းဖြင့် တိုက်ခိုက်ပြီး ရန်သူ၏ တိုက်ခိုက်ရေး30%ထိလျော့ချပစ်ခြင်းပင် ဖြစ်သည်။ထိုသို့သော စွမ်းရည်သုံးခုပေါင်းစပ်သောအခါ ကျူးဖုန်သည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သွား၏။ထိုစွမ်းရည်များနှင့် ဂျိတ်အား တိုက်ခိုက်သောအခါ သူ၏တိုက်ခိုက်ရည်သည် နောက်အဆင့်အထိ မြင့်တက်သွားလေတော့၏။("သူရဲ့မောက်မာမူက သူ့ရဲ့စွမ်းရည်မှာ ရှိတာဆိုတော့လဲ မောက်မာရဲတာမဆန်းပါဘူး")ဝိညာဥ်စွမ်းအားတိုးပွားလာမှုနှင့် ဘေးတွင်ရှိနေသော သွေးများကြောင့် ကျူးဖုန်သည် လက်ရှိ၌ သတ်ဖြတ်ရေးစက်ရုပ်သဖွယ် ဖြစ်နေပြီဖြစ်သည်။ မကုန်ဆုံးနိုင်သော စွမ်းရည်များဖြင့် ပြည့်ဝနေသော လူသတ်စက်ကြီးဟုလည်း တင်စားနိုင်၏။တခြားသော သူများသာ ကျူးဖုန်နှင့် တိုက်ခိုက်ရပါက မလွယ်ကူနိုင်ပေ။ တိုးလာသော ဝိညာဥ်စွမ်းရည်ကြောင့် ကျူးဖုန်သည် သိုင်းကွက်များကို ခဏခဏ သုံးစွဲနိုင်မည်ဖြစ်ပြီး သွေးများကြောင့် သူ၏သန်မာမှူသည် ပြိုင်ဘက်ဘက် အပြတ်သတ်အသာစီးရရှိနေမည်ဖြစ်သည်။ရန်သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို 30%ထိ လျော့ချပစ်နိုင်သော စွမ်းရည်ကလည်း ကျူးဖုန်အား ကြောက်မက်ဖွယ်ကောင်းသော ရန်သူအဖြစ်တည်ရှိစေသည်ဖြစ်သည်။ ထိုသို့သော စွမ်းရည်များကြောင့် အသင်္ချေသိုင်းဝိညာဥ်အဖွဲ့၌ နေရာတစ်ခု ကျူးဖုန်ရရှိထားသည်ဖြစ်သည်။"သေစမ်း..သေစမ်း"ဝိညာဥ်စွမ်းရည်သုံးခုကြောင့် ပိုမိုသန်မာလာသော ကျူးဖုန်သည် သူ၏အားထားရသော မဟူရာဆင်မင်းလက်သီးဖြင့် ဂျိတ်အား ဆက်တိုက်ဆိုသလို တိုက်စစ်ချည်းဆင်တော့၏။ "ဝုန်း...ဝုန်း....ဝုန်း"သူ၏ထိုးချက်များက အရင်ကထက် ပိုမိုပြင်းထန်လာပြီး မြန်ဆန်လာသည်ဖြစ်ရာ ဂျိတ်ကလည်း ပိုမိုမြန်ဆန်စွာဖြင့် ရှောင်တိမ်းကာကွယ်ရ၏။"သူတို့က လူမဟုတ်တော့ဘူး "အရိပ်များနှင့် အဆက်မပြတ်မည်သော တိုက်ပွဲဖြစ်ရာ နေရာအား ကျန့်လန်သည် ကြည့်နေရင်းရေ ရွတ်မိသည်။လူလူခြင်းတိုက်သည်က သားရဲအုပ်စုနှင့် တိုက်ခိုက်သည်ထက်ပင် ပိုမိုကြောက်စရာကောင်းနေသောသည်ဖြစ်၏။"ဟားဟား မင်းစိတ်ဓာတ်ကျအားငယ်ပြီး သေချင်နေပြီမလား"ကျူးဖုန်သည်အဆက်မပြတ်တိုက်ခိုက်ရင်း ဂျိတ်အား လှောင်ပြောင်လိုက်သည်။ ယခင်က သူတိုက်ခိုက်ခဲ့သော သူများသည် ထိုသုံးမျိုးပေါင်းစပ်သော တိုက်ကွက်ဖြင့် တွေ့တိုင်း ရှုံးနိမ့်သေဆုံးသွားကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဂျိတ်သည်လည်း မိမိ၏တိုက်ကွက်နှင့်တွေ့သောအခါ မကြာမီအချိန်၌ အရှုံးပေးရတော့မည်ဖြစ်ကြောင်း ထင်နေခြင်းဖြစ်သည်။သို့သော်လည်း သူမသိသည်ကား သူတိုက်ခိုက်နေသောသူသည် ဂျိတ်ဖြစ်သည်ဆိုသည်ကိုပင်။ ဂျိတ်သည် သူ့ထက်ပင် အလွန်တရာမာကျောသော ခန္ဓာအား ပိုင်ဆိုင်ထားသလို နှစ်တစ်ရာနှစ်တစ်ထောင်မက တိုက်ခိုက်နိုင်သည်ဖြစ်သည်။နောက်ပြီး ကျူးဖုန်၏30%လျော့ချသော တိုက်ကွက်သည် ဂျိတ်အပေါ် မည်သို့မျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဂျိတ်၏တကယ့်စွမ်းအင်သည် အလွန်တရာကျယ်ပြန့်သည်ဖြစ်ရာ ထိုတိုက်ကွက်သည် သက်ရောက်ခြင်းမရှိတော့သည်ဖြစ်၏။"ဒီလောက် စကားများတဲ့မင်းကို ဒီလိုပညာပေးတယ်ကွာ"ဂျိတ်သည် သူ၏တူနီကြီးအား ကိုင်ပြီး"လေဟုန်ခွင်း တူရိုက်ချက် 24ကွက်မြောက် "ဂျိတ်သည် တစ်ဆင့်ချင်းသွားရသော တူသိုင်းကွက်မှ 24ကွက်မြောက်ကို အတင်းယူငင်အသုံးပြုပြီး ကျူးဖုန်အား တိုက်ခိုက်လိုက်၏။"ဝရော"တစ်ချက်တည်းသော ပြင်းအားတန်ချိန်သိန်းချီပါဝင်သော တူရိုက်ချက်ကြောင့် ကျူးဖုန် လန့်ဖြတ်သွား၏။ဂျိတ်သည် မထင်မှတ်ပဲ တိုက်ခိုက်လိုက်သည်ဖြစ်သလို အဖြစ်ပျက်သည် မြန်ဆန်သောကြောင့် ကျူးဖုန်သည် ကာကွယ်နိုင်ခြင်းမရှိပဲ သူ၏ကိုယ်ခန္ဓာအား တူရိုက်ချက် ကျဆင်းလာသည်ကို ခံယူလိုက်လေသည်။"ဝေါ"များပြားပြီး ပြင်းအားပါသော တူရိုက်ချက် ကြောင့်သူ၏နောက်ရှိမြို့ရိုးထိ တိုင်အောင် ထပ်မံလွင့်စင်သွားရပြန်သည်။ သူအမြဲဂုဏ်ယူရသော ကိုယ်ခန္ဓာမာကျောမှုသည် တိုဟူးတုံးပမာ ပဲ့ကြွေပြီး သူ၏တစ်ကိုယ်လုံးရှိ အရိုးများ ကျေမွသွားရလေသည်။"ဒီမအေဘေး ""မင်းပြောနေတာ သုံးကြိမ်ရှိနေပြီ"ဂျိတ်သည် ကျူးဖုန်အား ကြည့်ကာ ဖုန်အသာယာပင်ခါလိုက်သေး၏။"ခုနှစ်ကွင်းမြောက်စွမ်းရည် ရှစ်ကွင်းမြောက်စွမ်းရည်နိုးထစမ်း"တစ်ကိုယ်လုံးကျိုးပဲ့နေသော ကျူးဖုန်သည် နောက်ထပ်သော ဝိညာဥ်ကွင်းစွမ်းရည်များ ထပ်မံသုံးစွဲလိုက်သည်။ထိုအခါ ကျူးဖုန်၏ကျိုးပဲ့နေသော ကိုယ်ခန္ဓာပြန်လည်ကောင်းမွန်လာ၏။နောက်ပြီး ကျူးဖုန်၏ကိုယ်ခန္ဓာသည် ပိုမိုကြီးမားလာပြီး သားရဲအသွင်ပင် ပြောင်းလဲသွားလေသည်။"ဂါး"ယခုအခါ ဆယ်ပေမျှမြင့်မားသော သားရဲသည် ဂျိတ်အား မာန်ဖီနေ၏။ထိုသားရဲဦးခေါင်းသည် အစွယ်ရှည်ထွက်နေသော တောဝက်ခေါင်းဖြစ်ပြီး သူ၏တစ်ကိုယ်လုံးသည် ဧရာမလင်းနို့အသွင်ဖြင့် တည်ရှိ၏။"တော်တော်လေး ရွံစရာပဲ မြန်မြန်လက်စသတ်ရမယ်"ဂျိတ်သည် ကျူးဖုန်အား ကြည့်ကာ သူ၏တူအား ရုတ်သိမ်းပြီး နောက်ထပ်သော သိုင်းဝိညာဥ်အား ထုတ်လိုက်၏။ ထိုအခါ ဂျိတ်၏ခေါင်းပေါ်၌ ကြီးမားသော လက်နက်တစ်ခုပေါ်လာလေ၏။ "အမြွှာသိုင်းဝိညာဥ်"ကျန့်လန်တစ်ယောက် သူ၏ရင်ဘတ်အား လက်ဖြင့်ဖိကာ မနည်းအသက်ရူလိုက်ရ၏။ ရှားပါးသော အမြွှာသိုင်းဝိညာဥ်ပညာရှင်အား မြင်လိုက်ရသောကြောင့်ဖြစ်သလို ပေါ်လာသော သိုင်းဝိညာဥ်လက်နက်အမျိုးစားကြောင့်ဖြစ်၏။

(425)သိုင်းအဆင့်ပျက်စီးခြင်း

ဂျိတ်နှင့် ကျူးဖုန်တိုက်ခိုက်မှုအား ကြည့်နေကြသော လူတိုင်း အလွန်ထိတ်လန့်နေကြလေ၏။ သူတို့၏ဘဝ၌ တစ်ခါမှ မကြုံဖူးသော ဖြစ်ရပ်ကို လက်ငင်းကြုံတွေ့ရသောကြောင့်ဖြစ်သည်။သိုင်းဝိညာဥ်အဆင့်ထိပ်သီးနှစ်ယောက်သည် အသေကျေတိုက်ခိုက်နေကြသောကြောင့်ဖြစ်သည်။နောက်ပြီး သူတို့ရင်သပ်ရှုမောထပ်ဖြစ်ရသည့်အကြောင်းမှာ ဂျိတ်သည် အမြွှာသိုင်းဝိညာဥ်ပိုင်ရှင်ဖြစ်ကြောင်း မျက်မြင်တွေ့ကြုံလိုက်ရသောကြောင့်ဖြစ်သည်။"ဒါက ဘာကြီးလဲ ငါထင်တာမမှားဘူးမလား""သေချာကြည့်ကြစမ်း ဒါက ဝက်ခုတ်ဓားသိုင်းဝိညာဥ်ကြီးပဲ"ဂျိတ်၏ဒုတိယမြောက်သိုင်းဝိညာဥ်ကို မြင်သူတိုင်း အထူးဆန်းဖြစ်နေကြ၏။ထိုသိုင်းဝိညာဥ်သည် မမှားကြောင်း ဂျိတ်ကိုယ်တိုင် အသိဆုံးဖြစ်၏။ ဟုတ်ပေသည်ထိုသိုင်းဝိညာဥ်သည် ဝက်သတ်ဓားသိုင်းဝိညာဥ် သာလျှင်ဖြစ်ပေသည်။ထိုသိုင်းဝိညာဥ်သည် အဆင့်နိမ့်ပြီးသုံးမရသော သိုင်းဝိညာဥ်များ၌ပင် တော်တော်လေး နာမည်ကျော်သည်အထိ ထင်ရှားသော သိုင်းဝိညာဥ်ဖြစ်ပေသည်။သို့သော် မည်မျှပင် အဆင့်နိမ့်ကျနေသော သိုင်းဝိညာဥ်ဖြစ်ပါစေ အသုံးဝင်သောနေရာရှိကြောင်း သူတို့မသိကြပေ။ နိမ့်ကျသည်ဟု ယူဆထားသော ငွေပြာမြက်သည်ပင် အသုံးချတတ်သောလူလက်ထဲရောက်ပါက လူသတ်လက်နက်ဖြစ်နိုင်သည် မဟုတ်ပါလား။နောက်ပြီး ထိုသိုင်းဝိညာဥ်ကိုမှ ဂျိတ်ရွေးချယ်ရခြင်း၏အကြောင်းရင်းရှိပေသည်။ ဝက်သတ်ဓားသိုင်းဝိညာဥ်သည် ဝက်နှင့်ပတ်သက်သော သိုင်းဝိညာဥ်များအပေါ် အသာစီးနိုင်စွမ်းရှိသောကြောင့်ဖြစ်၏။ခုနှစ်ကွင်းမြောက်အစွမ်းသုံးထားသော ကျူးဖုန်သည် လက်ရှိ၌ ဝက်လင်းနို့မိစ္ဆာကြီးအသွင်ပြောင်းလဲနေပြီး ရှစ်ကွင်းမြောက်စွမ်းရည်ကိုပါ ဆက်တိုက်ဆိုသလို သုံးထားသည်ဖြစ်ရာ ရှစ်ကွင်းမြောက်စွမ်းရည်ပါ ထွက်ပေါ်လာတော့၏။ထိုစွမ်းရည်မှာ နယ်မြေစက်ကွင်းသာဖြစ်ပေသည်။ ထိုနယ်မြေစက်ကွင်းအား လင်းနို့နယ်မြေဟုလည်း ခေါ်၏။ထိုနယ်မြေစက်ကွင်း၌ ရှိကုန်သော သူ၏ရန်သူတိုင်းသည် ဝိညာဥ်ကွင်းစွမ်းရည်အသုံးပြုခွင့် ဆုံးရှုံးရမည်ဖြစ်ပြီး လက်ရှိကိုယ်ခန္ဓာခွန်အားလည်း 40%လျော့ကျသွားရမည်ဖြစ်သည်။ အာရုံငါးပါးလည်း 35%နှောင့်ယှက်ခံရမည်ဖြစ်သည်။ ထိုနယ်မြေထွက်ပေါ်လာသည်နှင့် ဂျိတ်သည် ကျူးဖုန်နှင့် နီးကပ်နေသောကြောင့် ချက်ချင်းပင် နယ်မြေ၏သက်ရောက်မှုကို ခံစားလိုက်ရပါသည်။("သတိပေးချက် သင်သည် ရန်သူ၏နယ်မြေစက်ကွင်းထဲသို့ သက်ရောက်နေသောကြောင့် ဝိညာဥ်ကွင်းစွမ်းရည်သုံးခွင့် အားနည်းသွားပါသည်")ထိုသတိပေးချက်ကြောင့် ဂျိတ်ပင် အံ့အားသင့်ရ၏။("ဒီကောင်က ဘာလားဟ")ကျူးဖုန်သည် လောဘကြီးသော သူဖြစ်သော်လည်း သူရရှိထားသော သိုင်းဝိညာဥ်ကွင်းစွမ်းရည်များသည် တော်တော်ပင် ကြောက်စရာကောင်းကြောင်း ဂျိတ်အနေဖြင့် ဝန်ခံရမည်ဖြစ်သည်။တခြားသူများဆိုပါက ကျူးဖုန်၏အမဲလိုက်ကွင်း၌ သားကောင်ဖြစ်သွားမည်ဖြစ်သော်လည်း ဂျိတ်အနေဖြင့် ကြောက်စရာမလိုအပ်နေပေ။ဂျိတ်သည် သိုင်းဝိညာဥ်လောကမှ လူမဟုတ်သောကြောင့် ဂျိတ်သာ ဆန္ဒရှိပါက သိုင်းဝိညာဥ်ကွင်းမှ ထွက်ပေါ်သော အစွမ်းများ သက်ရောက်မှုရှိမည် မဟုတ်ပေ။"ဂီး"ကျူးဖုန်သည် ကြောက်မက်ဖွယ်ရာအသံပေးပြီး ဂျိတ်အား တိုက်ခိုက်လိုက်သည်။လက်ရှိ၌ ဂျိတ်သည် ဝက်ခုတ်ဓားသိုင်းဝိညာဥ်အား လက်နက်အသွင်ပြောင်းလဲပြီး ကိုင်ဆောင်ထားပြီဖြစ်သည်။ ဝိညာဥ်ကွင်းစွမ်းရည် သုံးနိုင်သော်လည်း မသုံးပေ။ ထိုသိုင်းဝိညာဥ်ကိုသာအသုံးပြုပြီး အနိုင်ယူရန် ဆုံးဖြတ်ထားပြီးသောကြောင့်ဖြစ်သည်။အသွင်ပြောင်းထားသော ကျူးဖုန်သည် ယခင်ကထက် တိုက်ခိုက်ရေးမှာ အလွန်မင်းတိုးတက်ကြောက်စရာကောင်းလာသည်ဖြစ်သည်။ ကျူးဖုန်သည် သူ၏တောဝက်အစွယ်ဖြင့် ဂျိတ်၏သေမင်းသေကွက်နေရာများသို့သာလျှင် ဦးတည်တိုက်ခိုက်၏။ဂျိတ်ကလည်း သူ၏ဝက်ခုတ်ဓားဖြင့် ပြန်လည်ခုခံ၏။ လင်းနို့တောင်ပံများဖြင့် ဂျိတ်အား တိုက်ခိုက်သလို တောဝက်စွယ်ဖြင့်လည်း ထိုး၏။ဝက်ခုတ်ဓားသည် တောဝက်အစွယ်ဖြင့် ထိသောအခါ သူ၏အစွမ်းပြသလေသည်။ ထိုအစွမ်းသည် ကျူးဖုန်၏ တိုက်ခိုက်ရေးနှင့် တခြားသော စွမ်းရည်များကို တစ်မိနစ်လျှင် 2%လျော့ချပေးသည် ဖြစ်သည်။အသွင်ပြောင်းစဥ်၌ ကျူးဖုန်သည် တောရိုင်းသတ္တဝါများ၏ဗီဇအတိုင်း အကြမ်းပတမ်းတိုက်ခိုက်မှုမျိုးပုံစံဖြင့်သာ တိုက်ခိုက်သည်ဆိုသော်လည်း အလွန်တရာပင် အစွမ်းထက်ကြောင်း ဂျိတ်ခံစားမိသည်။အချက်များစွာ ဝက်ခုတ်ဓားဖြင့် ခုခံကာကွယ်ပြီးနောက် ကျူးဖုန်၏အားနည်းချက်တစ်ခုကို ဂျိတ်သည် ရှာတွေ့သည်နှင့် ချက်ချင်းပင် ခုတ်လိုက်သည်။"ဂီး"ထိုခုတ်ချက်ကြောင့် ကျူးဖုန်သည် မိမိဒဏ်ရာရသွားကြောင်း သိရှိလိုက်သဖြင့် ဒေါသလည်းထွက်သလို ကြောက်လန့်တုန်လှုပ်သွား၏။ သူမသိသည်မှာ ဂျိတ်ကိုင်ဆောင်ထားသော ဝက်ခုတ်ဓားသည် ဝက်ကို ပိုင်းဖြတ်သောအခါ ဝက်၏မည်သည့်အကာကွယ်အတားဆီးဖြစ်စေ အသာယာပင် ပိုင်းဖြတ်နိုင်သည်ဆိုသည်ပင်ဖြစ်သည်။ကျူးဖုန်သည် တခြားသောလက်နက်များဖြင့်တိုက်ခိုက်ပါက ထိခိုက်ရန်မပြောနှင့် နာကျင်မှုပင် ဖြစ်မည်မဟုတ်သော်လည်း ဝက်ခုတ်ဓားနှင့် တွေ့ပါက ထိမိသည်နှင့်ပင် နာကျင်မှုရရှိနိုင်သည်ဖြစ်သည်။"သေဖို့ပြင်ထား"ဂျိတ်သည် ကျူးဖုန်နာကျင်သွားကြောင်း တွေ့သည်နှင့် နားချိန်မပေးပဲ ဆက်တိုက်ဆိုသလို တိုက်ခိုက်သည်။ ဂျိတ်၏တန်ပြန်တိုက်စစ်ဆင်မှုကြောင့် ကျူးဖုန်လည်း ပြန်လည်ကာကွယ်ရပြန်သည်။တစ်မိနစ်လျှင်2%ကျဆင်းစေမှုကြောင့် ကျုးဖုန်သည် မည်မျှပင်သန်မာပါသော်လည်း တစ်မိနစ်ကုန်ဆုံးသွားတိုင်း သူ၏အားအင်များသည် ဆက်တိုက်ဆိုသလို လျော့ကျလာလေ၏။"ဂီး"ကျူးဖုန် နာကျင်စွာအော်ဟစ်လိုက်ရပြန်သည်။ ဂျိတ်၏ဝက်ခုတ်ဓားကြောင့် သူ၏တောဝက်အစွယ်များသည် ထက်ပိုင်းပြတ်အခုတ်ခံလိုက်ရသည်ဖြစ်သည်။နောက်ပြီး ဆက်တိုက်ဓားခုတ်ချက်ကြောင့် ကျူးဖုန်၏တစ်ကိုယ်လုံး ပြတ်ရှရာများ ဖြစ်ပေါ်လာလေသည်။ဂျိတ်၏ဝက်ခုတ်ဓားသည် သူ့အပေါ် ကောင်းကောင်းကြီး ဒုက္ခပေးကြောင်း ကျူးဖုန်သိသောအခါ ကောင်းကင်ပေါ်သို့ ပျံတက်ရန်ကြံ၏။"မင်းကြံတာ ငါမသိဘူး ထင်နေလား"ကျူးဖုန်ပျံတက် တော့မည်ဖြစ်သောကြောင့် ဂျိတ်သည် ချက်ချင်းပင် သိုင်းကွက်တစ်ကွက်အား အသုံးပြုလိုက်သည်။"အဆုံးစွန်သော တစ်ချက်တည်းသော ဖြတ်တောက်မှု"ဝက်သားခုတ်ရာ၌ တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်စေသော ဓားခုတ်ချက် ဟန်မျိုးရှိသော ဓားသိုင်းကွက်အား အသုံးပြုလိုက်၏။"ရွှမ်း"ထိုဓားချက်ကြောင့် ကျူးဖုန်၏လင်းနို့တောင်ပံများသည် နှစ်ခြမ်းပြတ်တောက်သွားပြီး ပျံနိုင်စွမ်းမရှိတော့ပေ။"အား"ကျူးဖုန်သည် ထိုဓားချက်ကြောင့် သားရဲအသွင်မှ မူလလူသားအသွင်သို့ ပြန်လည်ပြောင်းလဲသွား၏။ကျူးဖုန်မူလ လူအသွင်ပြောင်းသည်နှင့် ဂျိတ်လည်း ဝက်ခုတ်ဓားအား သိမ်းလိုက်ပြီး တူကို ထုတ်ကာ ထုရိုက်တော့၏။"မင်းလိုကောင်ကများ ငါ့ကို ဓားပြတိုက်ချင်သေးတယ်ပေါ့လေ"ဂျိတ်သည် ပြောရင်းဆိုရင်း ကျူးဖုန်အား တူဖြင့် မျက်နှာချည်းသာ ထုရိုက်၏။ထိုထုရိုက်မှုကြောင့် ကျူးဖုန်သည် နာကျင်နေရ၏။" အိမ်မက်ဆိုးမရဏကျီးကန်းဧကရာဇ်နဲ့အဆိပ်နက်မြွေနဂါးရဲ့ ဝိညာဥ်ကွင်းတွေနှင့် ဝိညာဥ်ရိုးလဲ ရပြီးသားကို ထပ်လိုချင်သေးတယ်ပေါ့လေ""ဘာ"ဂျိတ်ပြောလိုက်သောစကားကြောင့် ကျူးဖုန်လည်း ကြောက်စိတ် ဝင်သွားတော့၏။ အလွန်တရာပင် ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲတပ်မှူးနှစ်ကောင်သည် မည်မျှစွမ်းကြောင်း ကျူးဖုန်သိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ဖြင့် ရင်ဆိုင်တိုက်ခိုက်ဖူးသောကြောင့် ဖြစ်သည်။တစ်ကောင်ချင်းချပါက နိုင်နိုင်သော်လည်း နှစ်ကောင်လုံးနှင့်ချပါက သေရမည်ဖြစ်ကြောင်း သူကိုယ်တိုင် တပ်အပ်ကြုံဖူးသောကြောင့်ဖြစ်သည်။ထိုမျှကြမ်းသော သားရဲနှစ်ကောင်အားမိမိအား ထုနေသော လူမှ သတ်ဖြတ်ခဲ့သည်လား။အစောပိုင်း၌ မဲတူးလောင်ကျွမ်းပြီးသေဆုံးနေသော သားရဲနှစ်ကောင်သည် ထိုနှစ်ကောင်ဖြစ်နိုင်ကြောင်း စဥ်းစားမိလာသည်။ ထိုနှစ်ကောင်ကိုပင် သတ်ခဲ့သော အစွမ်းကြီးသော သူကို မိမိသည် သတ်ဖြတ်ရန် ကြိုးစားမိခဲ့ကြောင်း တွေးမိသောအခါ တုန်လှုပ်လာလေသည်။ ("လခွီးပဲ ဒီလိုမှန်းသိရင် သူ့ဆီက ဓားပြမတိုက်ခဲ့ပါဘူးကွာ")ကျူးဖုန်သည် အသိတရားဝင်ပြီ ဖြစ်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။"ကဲ မင်းရဲ့သိုင်းဝိညဥ်အဆင့်ကို ဖျက်စီးပစ်မယ်"ဂျိတ်၏စကားကြားသည်နှင့် ကျူးဖုန်သည် ရင်ထဲ၌ အလွန်ပင် ကြောက်ရွံတုန်လှုပ်လာခဲ့ပြီဖြစ်သည်။ထိုစကားအား ဂျိတ်ပြောဆိုပြီးသည်နှင့် သူ၏လျှပ်စီးတူကို ကျူးဖုန်၏ရင်ဝသို့ ရိုက်ချလိုက်သည်။"အား"ကျူးဖုန် နာကျင်စွာအော်ဟစ်လိုက်ရလေသည်။ တူရိုက်ချက်အပြင် တူမှ ထွက်ပေါ်လာသော လျှပ်စီးများသည် ကျူးဖုန်၏သိုင်းအဆင့်အား ဖျက်စီးလိုက်၏။ထို့ကြောင့် ကျူးဖုန်၏အဆင့်80ကျော် သိုင်းအဆင့်ကြီးသည် ဂျိတ်၏လက်ချက်ကြောင့် ပျက်စီးသွားခဲ့ရလေပြီဖြစ်သည်။

(426)လူထူးဆန်း

"ဟာ သွားပြီ"တိုက်ပွဲအား ကြည့်ရှု့နေသူတိုင်း လန့်ဖြတ်သွားကြသည်။ ဂျိတ်သည် ကျူးဖုန်၏သိုင်းအဆင့်အား ပျက်စီးလိုက်သောကြောင့်ဖြစ်သည်။သိုင်းအဆင့်ပျက်စီးသွားသောကြောင့် ဝမ်းနည်းဖွယ်အော်သံကြီးသည် ကျူးဖုန်ထံမှ ထွက်ပေါ်လာလေသည်။"မင်း သေရမယ် မင်းကို အသင်္ချေသိုင်းဝိညာဥ်နန်းဆောင်က အလွတ်ပေးမှာမဟုတ်ဘူး"ကျူးဖုန်၏စကားကို တခြားသောသူသာဆို ကြောက်ရွံမည်ဖြစ်သော်လည်း ဂျိတ်ကတော့ ဂရုပင်မစိုက်ပေ။"ကြိုက်သလိုပြော ငါ့ကောင် ဂရုမစိုက်လို့ကို မင်းရဲ့ကျင့်ကြံမှုအဆင့်ကို ဖျက်စီးတာ ဆက်ပြီး နားညှီးရင် သတ်ပစ်မယ်"ဂျိတ်၏တိုက်ရိုက်ခြိမ်းခြောက်လိုက်သောအခါ ကျူးဖုန်သည် ဂျိတ်အားကြည့်ပြီး မိုးမွန်အောင် ဆဲပါတော့၏။ကျူးဖုန်သည် သူ၏အလွန်ဝင့်ကြွားအားထားရသော ကျင့်ကြံမှုအဆင့် ပျက်စီးသွားသောအခါ ရူးသလို ဖြစ်သွားကယ ဂျိတ်၏စကားများ မကြားတော့ပဲ ဂျိတ်အား ဆဲရေးခြင်းလည်း ဖြစ်သည်။"ရှုပ်တယ်"ဂျိတ်သည် သူ၏မိုးမွန်အောင် ဆဲနေမှုကြောင့် လက်ထဲ၌ရှိသော တူဖြင့် ရိုက်ခွဲလိုက်လေသည်။"ဖြောင်း"ထိုရိုက်ချက်ကြောင့် ကျူးဖုန်၏ခေါင်းသည် ဖရဲသီးတစ်လုံး အစိတ်အမွှာမွှာဖြစ်သွားသည့်နှယ် ကွဲကာ သေဆုံးသွားတော့၏။"ဟာ"အစွမ်းထက်သည့် အဆင့်80ကျော်ရှိသော သိုင်းသူတော်စင်ကြီးသည် ဂျိတ်၏လက်ချက်ကြောင့် ဆိုးဝါးစွာသေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ လူတိုင်းကြောက်ရွံတုန်လှုပ်သွားကြ၏။ပိုပြီးတုန်လှုပ်နေသူကတော့ ကျူးဖုန်အား တမင်သွေးထိုးလှုံဆော်စေခဲ့သော လူငယ်သာဖြစ်၏။ ကျုးဖုန်သေဆုံးပြီးနောက် နောက်အလှည့်သည် သူဖြစ်ကြောင်း ခံစားရသောကြောင့် ထွက်ပြေးလေ၏။သူပြေးသော်လည်းမလွတ်တော့ပေ။ ဂျိတ်၏ တူသည် သူထံသို့ ပျံသန်းလာပြီး ကြေမွစေခဲ့သောကြောင့်ဖြစ်သည်။ထိုလူငယ်သေဆုံးသွားသောအခါ ဂျိတ်သည် သူ၏တူအား မိမိထံပြန်လာရန် ဆွဲယူလိုက်ပြီး"ထန်ဟောက်ရေ ငါတို့ပြန်ကြရအောင်"ဂျိတ်သည် ထန်ဟောက်အားခေါ်ပြီး ကောင်းကင်ထက်သို့ တူဖြင့် ပျံသန်းသွားလိုက်တော့၏။ လူသူဝေးသောနေရာရောက်သောအခါ လေဟာနယ်အား ဆွဲဖြဲပြီး မိမိ၏စစ်သည်တော်ကုန်းမြေသို့ ပြန်လည်ခေါ်ဆောင်လာခဲ့လိုက်လေသည်။ထန်ဟောက်သည် မိမိရောက်ရှိရာနေရာကို ကြည့်ရှုရာ ဂရိတ်တိုင်းပြည်၏နန်းတော်ထဲသို့ ရောက်ရှိနေကြောင်း တွေ့ရလေသည်။"ဆရာ အဲ့လိုလုပ်တော့""မင်းစိတ်ပူမနေနဲ့ လောဆယ်အရေးကြီးတာ မင်းအနားယူ "ဂျိတ်သည် ထန်ဟောက်အား ပြောလိုက်ပြီး အယ်မလီလေး ထံသို့သွားလိုက်လေသည်။ ဂျိတ်အနေဖြင့် သိုင်းဝိညာဥ်ကမ္ဘာ၌ ဖြစ်ပျက်နေသည်များကို စိတ်ပူမနေပေ။ ထန်ဟောက်၏တောင်းဆိုမှုနှင့် စစ်သူကြီး၏တောင်းဆိုချက်ကြောင့်သာ မဟုတ်လျှင် တိုက်ပွဲအားတိုက်ခိုက်ပင် ပြုလုပ်မည်မဟုတ်ပေ။နောက်ပြီး ကိုကိစ္စများသည် အေးအေးဆေးဆေးဖြေရှင်း၍ ရသောကြောင့်ဖြစ်သည်။ထို့ကြောင့် ထန်ဟောက်လည်း ဂျိတ်စကားအား နားထောင်ပြီး အနားယူရန် ထွက်ခွာသွားတော့သည်။ဂျိတ်သည် ထိုသို့အသာယာပင် ထွက်သွားသော်လည်း သိုင်းဝိညာဥ်ကမ္ဘာ၌ မသာယာသူများကား ရှိကြပေသည်။ ထိုသူများမှာ ကျူးဖုန်၏သေဆုံးမှုကြောင့် ဒေါသထွက်နေကြသော အသင်္ချေသိုင်းဝိညာဥ်နန်းဆောင်နှင့် သားရဲတပ်မှူးများသေဆုံးသွားသောကြောင့် ဒေါသထွက်နေသော ကြယ်လသစ်တောဘုရင်ကျားရဲ တို့ပင်ဖြစ်လေသည်။"ဂျိတ်...ဂျိတ်..မင်းဘယ်မှာလဲ"မိမိအား အရေးတကြီးအော်ခေါ်နေသူကို ကြည့်လိုက်ရာ လှံနတ်ဆိုးဖြစ်နေကြောင်းတွေ့၏။"ဘာဖြစ်လာတာလဲ""မင်းဘယ်လိုလူခေါ်လာတာလဲ သူကလူမဟုတ်ဘူးကွ နတ်ဆိုးကြီးနတ်ဆိုး"လှံနတ်ဆိုးသည် မိမိအားပြောဆိုရာ၌ တုန်လှုပ်နေကြောင်း ဂျိတ်သတိထားမိ၏။ထိုအခါ အဘယ်ကြောင့် လှံနတ်ဆိုးလိုလူမှပင် နတ်ဆိုးခေါ်ရသည်အထိ တုန်လှုပ်နေကြောင်း ပြန်စဥ်းစားကြည့်၏။သူ၏နဖူးတွင်လည်း ချွေးစေးများ ပြန်နေကြောင်း တွေ့ရသည်။ဂျိတ်လည်း ယခင်က လှံနတ်ဆိုးသည် မိမိထက်တော်သော လှံပညာရှင်အား စိန်ခေါ်လိုကြောင်း ပြောသောကြောင့် ဂျိတ်သည် စနစ်ထဲမှ နေ၍ လှံနဲ့ပတ်သက်သော တစ်ယောက်ကို ကြုံရာကျပန်းဆင့်ခေါ်ကာ တိုက်ခိုက်စေခဲ့ကြောင်း ပြန်လည်သတိရလာ၏။"ဘာလဲ သူက ခင်ဗျားကို ဘာလုပ်လိုက်လို့လဲ ပညာပေးလိုက်လို့လား""ပညာပေးရုံပဲဆို ငါအခုလိုဖြစ်နေမလားဟ ဂျိတ်ရ ဒီကောင်က လူမဆန်ဘူးကွာ ငါ့ကိုတိုက်ခိုက်တဲ့အခါ အသေ သတ်ဖို့လုပ်တာကွ ပြီးတော့ သိုင်းကျင့်ဝတ်လဲမရှိဘူး ငါ့ငယ်ပါကို လှံနဲ့ခဏခဏထိုးတာကွ ငါအရှောင်မြန်လို့ပေါ့ကွာ"ထိုအခါမှ မိမိဆင့်ခေါ်ခဲ့သော လှံနဲ့သူအကြောင်းကို စနစ်မှ ပြန်လည်ဖတ်ရှူလိုက်သည်။အမည်...လှံနတ်ဘုရားအားသာချက်... တိုက်ခိုက်ရာ၌ ရပ်တန့်၍မရခြင်း အားနည်းချက်...စကားပြောဆိုဆက်ဆံရေးညံဖျင်းသည်။လက်နက်....မဟာသွေးဆာခြင်းလှံဘီလူး

တိုက်ပွဲ၌အနိုင်ရရှိရန် ရှိသမျှသော နည်းမျိုးစုံအသုံးပြုတိုက်ခိုက် သတ်ဖြတ်တတ်သူဖြစ်သည်။ထိုအခါမှ လှံနတ်ဆိုးကြောက်ရွံ့နေရခြင်းကို သူသိလိုက်ရပြီဖြစ်သည်။သူ၏တိုက်ခိုက်ပုံနှင့် နတ်ဘုရားအဆင့်ထိရှိသော လှံအား ကိုင်စွဲထားသော လှံနတ်ဘုရားတစ်ပါးနှင့် တိုက်ခိုက်ရသောကြောင့် လှံနတ်ဆိုးသည် ယခုလိုဖြစ်လာကြောင်းသည် မိမိ၏အမှားဖြစ်ကြောင်းတွေ့ရသောအခါ အားနာမိ၏။"ကျနော်ပြောပေးပါမယ် သူ့ကို နောက်ဆိုဒီလိုမတိုက်ခိုက်စေရပါဘူး"ဂျိတ်၏ချော့မော့ပြောပြီး တက်ကီလာအရက်နှစ်ပုလင်းပေးလိုက်သောအခါမှ လှံနတ်ဆိုး၏ကိစ္စမှ ပြီးစီးသွားလေတော့၏။"ဟူး....အဖေများ ငါ့ကိုထားပြီး အမေ့ကိုကောရှာတွေ့ပါ့မလား"ဂျိတ်သည် တိမ်များကို ကြည့်ပြီး တွေးမိ၏။ အာသာသည် မီးနတ်ဘုရားအဆင့်ရောက်သောအခါ မိန်းမဖြစ်သူအား ရှာရန်ထွက်သွားသည်မှာ ယခုဆိုလျှင် အချိန်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်လေသည်။အဖေဖြစ်သူ အန္တရာယ်ရှိမရှိသိနိုင်ရန်အတွက်လည်းဂျိတ်သည် ဖခင်ဖြစ်သူထံ သူ၏စိတ်ဝိညာဥ်အမျှင်လေးအား ထည့်ပေးလိုက်သည်ဖြစ်သည်။"ငါ့သမီးလေး ဘာများလုပ်နေလဲ သွားကြည့်ဦးမှ"အတွေးများအား ရပ်ထားလိုက်ပြီး ဂျိတ်သည် သမီးလေးရှိရာထံသို့သွားလိုက်၏။သမီးလေးရှိရာနန်းဆောင်သို့ရောက်သောအခါ ကျန်းရွှမ်၏စာသင်သံကို ကြားလိုက်ရလေသည်။ "ရန်သူကိုလည်းသိ၊ မိမိကိုယ်ကိုလည်းသိရင် တိုက်ပွဲပေါင်း တစ်ရာတိုက်လည်း အန္တရာယ်မရှိနိုင်ဘူး။"ကျန်းရွှမ်သည် သမီးလေးအား ဆွန်ဇူး၏စစ်သေင်္နကဗျူဟာကျမ်းမှ ဆိုပြနေကြောင်း တွေ့လိုက်ရ၏။သမီးလေးမှာ အလွန်ညဏ်ကောင်းသည်ဖြစ်ရာ တစ်ခေါက်ကြားရုံဖြင့် တစ်လုံးမျှအမှားယွင်းမရှိ ပြန်လည်ရွတ်ပြနိုင်ကြောင်း တွေ့ရသည်။("အင်း တော်တော် တော်တဲ့ငါ့သမီးလေးပဲ")ဂျိတ်သည် သမီးလေးအား ကြည့်ရင်း မိမိ၏အရင်ဘဝမှ ဖြစ်စဥ်အား တွေးမိ၏။ ထိုအရွယ်၌ မိမိသည် စာသင်ရန်ဝေးစွ စကားပင် ကောင်းကောင်းမပြောနိုင်သေးကြောင်း သတိရမိသွားလေသည်။ထိုအခါ၌ ဂျိတ်သည် အလွန်တရားအားကောင်းလွန်းသော အငွေ့သက်အား ခံစားမိ၏။ထိုအငွေ့သက်အား မိမိကသာ ခံစားမိကြောင်းလည်း သဘောပေါက်လိုက်၏။ အဘယ်ကြောင့်ဆိုသော် စနစ်ရှိသည့် ကျန်းရွှမ်သည် မည်သို့မျှမဖြစ်သောကြောင့်ပင်။"ဘာကြီးလဲ"ချက်ချင်းပင် စနစ်အစွမ်းသုံးကာ ကြည့်ရှုလိုက်၏။("သတိပေးချက် အလွန်တရာအစွမ်းကြီးမားသော ပုဂ္ဂိုလ်၏အငွေ့သက်ပါ သင့်နှင့်အတူ စကားပြောလိုကြောင်း သတင်းစကားပေးခြင်းပါ ")စနစ်၏သတိပေးချက်နှင့် မိမိအားတွေ့ရန်ပြောသောစကားကို ဂျိတ်ကြားလိုက်ရ၏။ထိုအခါ ဂျိတ်သည် ထိုစကား၏တည်နေရာအတိုင်း သွားရန်လေဟာနယ်အား ဆွဲဖြဲပြီး ဝင်ရောက်သွားလိုက်လေသည်။ဂျိတ်သည် ထူးဆန်းသောနေရာတစ်ခုသို့ရောက်သွားကြောင်း တွေ့လိုက်ရလေသည်။ထိုနေရာသည် တောင်ကုန်းလေးတစ်ခုဖြစ်ပြီး လေတဖြူးဖြူးတိုက်ခတ်နေသည်။ မိမိရောက်နေရာသည် ထိုတောင်ကုန်းလေး၏တစ်ခုတည်းသော သစ်ပင်ကြီး၏အရိပ်အောက်၌ဖြစ်ကြောင်း တွေ့ရလေသည်။"ဂျိတ်လာပါ ဒီမှာထိုင်ပါ"ဂျိတ်သည် မိမိအားခေါ်သူကို ကြည့်ရာ ထိုသစ်ပင်အောက်၌ ဝါးထိုင်ခုံဖြင့်ထိုင်နေသောလူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုလူသည် အသက်ငါးဆယ်အရွယ်ခန့်ရှိပြီး တည်ကြည်ခန့်ညား၏။ထိုလူသည် သာမန်အတိုင်း ရိုးရှင်းစွာထိုင်နေသည်ဖြစ်သော်လည်း ထိုလူထံမှ မိမိအတွက် ကြောက်မက်ဖွယ်ရာ အန္တရာယ်အငွေ့သက်ကို ခံစားမိသည်။ထို့ကြောင့် ထိုလူအား ဂျိတ်သည် သတိထားအကဲထတ်နေ၏။ စနစ်ရပြီးအစွမ်းထက်လာသော မိမိအတွက် ထိုသို့ခံစားမိစေသော ပထမဆုံးလူဖြစ်သောကြောင့်ဖြစ်၏။သူ၏ဝါးထိုင်ခုံဘေးတွင်လည်း မိမိထိုင်ရန်အတွက် ဝါးထိုင်ခုံလေးရှိကြောင်းတွေ့ရပြီး သူ၏ဖိတ်ခေါ်မှုကြောင့် ဂျိတ်လည်း ထိုနေရာသို့ ထိုင်လိုက်လေသည်။"အခုလို ရုတ်ခြည်းဖိတ်ခေါ်လိုက်ရလို့ အားနားပါတယ်ဗျာ...ပြီးတော့ ကျနော်ရဲ့လုပ်ရပ်ကြောင့် တောင်းပန်ပါတယ်.. "တွေ့တွေ့ချင်း တောင်းပန်နေသော သူတစ်ယောက်ကြောင့် ဂျိတ်လည်း မိမိသည် လူထူးဆန်းနှင့်တွေ့နေကြောင်း ခံစားမိ၏။

All Chapters