အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
(427) တောင်းဆိုချက်
"ဒီလူဘာတွေပြောသွားတာလဲ"ဂျိတ်သည် ဂရိတ်တိုင်းပြည်၏နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း အတွေးများတွေးနေဆဲပင်။ သူအားဖိတ်ခေါ်သော လူထူးဆန်းကြီး၏စကားများကသာ ကြီးစိုးနေသည်။"မင်းအဆင့်သင့်ပြင်ထားပါ မင်းထင်တာထက်ပိုဆိုးတဲ့ပြသနာတွေက မင်းကိုစောင့်နေပါတယ်"ထိုစကားလုံးက ဂျိတ်ကို ကောင်းစွာသော ဖိအားကိုယူလာလာကြောင်း ဂျိတ်ခံစားမိသည်။ မိမိသည် အသန်မာဆုံးတစ်ယောက်ဟု သတ်မှတ်နိုင်သော်လည်း ထိုစကားကြားသောအခါ လိုအပ်သေးကြောင်း ခံစားမိလာသည်။ထိုလူသည် ဘယ်ကလာသနည်း။အဘယ်ကြောင့်စကားပြောသနည်းကို စဥ်းစား၍မရနိုင်အောင်ဖြစ်နေသည်။ဆယ့်ငါးမိနစ်သာ ကြာမြင့်ခဲ့သော်လည်း တစ်နာရီကြာမြင့်ခဲ့သည်ဟုလည်း ခံစားမိသည်။ ဤသည်မှာ အချိန်တူညီမှုမရှိသောကြောင့်လည်း ထင့်။"ထားလိုက်တော့ အန္တရာယ်ရှိလာမှတော့ ပြေးတွေ့ရတာပေါ့ လောဆယ်စိတ်ပူမနေဘူး"ဂျိတ်လည်း ထိုကိစ္စအား မေ့ပစ်လိုက်ပြီး သမီးဆီသာသွားလိုက်လေသည်။ သမီးလေးသည် ကျောင်းတက်တော့မည်ဟု ပူဆာနေသောကြောင့် ထိုကိစ္စအား ကျန်းရွှမ်နှင့် အတူတွေ့ဆုံကာ တိုင်ပင်လိုက်လေသည်။အချိန်ခေတ္တမျှကြာသောအခါ တိုင်ပင်မှုသည် ပြီးဆုံးသွားပြီဖြစ်သည်။ တနင်္လါနေ့မှ သောကြာနေ့သည် ဂရိတ်တိုင်းပြည်၌ ကျောင်းတက်နိုင်ပြီး ကျန်သော နှစ်ရက်တွင်မူ ကျန်းရွှမ်နှင့်အတူ ပညာတက္ကသိုလ်၌ သင်ကြားမည်ဖြစ်သည်။ထိုသို့စီမံထားကြောင့် ဂျိတ်သည် သမီးဖြစ်သူအား ပြောပြရာ သမီးဖြစ်သူကလည်း သဘောတူလေသည်။ ထိုသို့ဖြင့် ကျောင်းတက်ရန် ကိစ္စသည် အထမြောက်သွားခဲ့ပြီ ဖြစ်သည်။ကျောင်းတက်မည့်ကိစ္စဖြေရှင်းပြီးသောအခါ မည်သည့်ပုံစံကျောင်းဝတ်စုံနှင့်တကွ လွယ်အိတ် စသော ကျောင်းအသုံးဆောင်ပစ္စည်းများကို ရွေးချယ်ရမည့်အခါ ရောက်လာလေသည်။ထိုကိစ္စကိုတော့ ဂျိတ်သည် ဇနီးဖြစ်သူထံလွှဲအပ်ပေးလိုက်၏။ အမေဖြစ်သူနှင့်သမီးဖြစ်သူ တိုင်ပင်ပြီးမှသာ မိမိအား ပြောပြပါက ချက်ချင်းထုတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုကာ စားဖိုဆောင်ထဲသို့ ဝင်သွားလေတော့၏။.............
"ငါတို့ဘယ်လိုလုပ်ကြမလဲ"ဆာဗေ့ဘုရင်ကြီးသည် သူ၏ရှေ့၌ရှိနေကုန်သော မှူးမတ်များအား ပြောကြားလိုက်သည်။ "ကျနော်တို့ချည်းဆိုမနိုင်နိုင်ပါဘူး"ထိုစကားကြောင့် ဆာဗေ့ဘုရင်လည်း သက်ပြင်းချလိုက်သည်။ လက်ရှိတွေ့ကြုံနေရသောပြသနာသည် မသေးငယ်ကြောင်း ခံစားမိသည်။အကြောင်းမှာ မိမိတို့မှ အပင်လုယူသွားသော ဆာဗေ့အထက်တန်းစားလူငယ်နှင့် ပတ်သက်၏။ထိုလူငယ်သည် ဂျိတ်၏လက်ချက်ကြောင့် သေလုဆဲဆဲပြင်းထန်စွာဒဏ်ရာဖြင့် သူ၏နေရပ်သို့ ပြန်ရောက်ရှိသွား၏။ သူ၏နေရပ်၌ ပြန်လည်ကောင်းမွန်လာသောအခါ သူလုပ်သောလုပ်ရပ်ကတော့ တိုင်တန်းခြင်းပင်ဖြစ်သည်။ တာနာရှာတို့ဆာဗေ့မျိုးနွယ်စုသည် လက်ထပ်ခြင်းကို ပယ်ဖျက်သည့်အပြင် အလွန်တရာအဖိုးတန်သော ရတနာအား မိမိတို့ထံမဆက်သဘဲ ဖွက်ထားပါကြောင်းနှင့် မိမိယူဆောင်လာသောအခါ မိမိအား သေအောင် လုပ်ကြံကြကြောင်းစသည်ဖြင့် ပြောဆို၏။ထိုအခါ ဆာဗေ့အထက်တန်းစားမျိုးနွယ်စုများသည် တာနာရှာတို့၏ဆာဗေ့မျိုးနွယ်အား ကြီးမားသောပြစ်ဒဏ်အနေဖြင့် တိုက်ခိုက်ဖျက်စီးရန် ကြေညာချက်ထုတ်ပြန်လိုက်လေသည်။ထိုကြေညာချက်ထုတ်ပြန်ရခြင်းသည် တာနာရှာတို့မျိုးနွယ်စုအား အချိန်ပေးသည့်သဘောဖြစ်သည်။ တစ်လ ပြင်ဆင်ခွင့်ပေးခြင်းဖြစ်ပြီး တစ်လပြည့်ပါက ဆာဗေ့များမှ လာရောက်တိုက်ခိုက်မည်ဖြစ်သည်။"အရှင် ဒီကိစ္စကို မင်းသမီးလေးကို ပြောလိုက်တာအကောင်းဆုံးပါပဲ"ထိုအကြံကို ဆာဗေ့ဘုရင်ကြီးလည်း သဘောတူရတော့၏။ ဂျိတ်သည် မိမိတို့အား ကူညီပြီးရင် ကူညီပေးသည်သာရှိသောကြောင့် အားနာပြီ အကူညီမတောင်းရန် ဆုံးဖြတ်ထားသော်လည်း မိမိတို့အတွက် အခွင့်လမ်းမရှိနေခဲ့ရာ ထိုလမ်းကိုသာ လိုက်ရန်ဆုံးဖြတ်လိုက်သည်။ထို့ကြောင့် ဆာဗေ့ဘုရင်ကြီးလည်း တာနာရှာအား ချက်ချင်းပင် ဖြစ်ကြောင်းကုန်စင်တို့ကို ပြောပြလိုက်ရတော့၏။"ငါ့တူ မင်းဘယ်မှာတုန်း "ကျယ်လောင်သောအသံကြောင့် ဂျိတ်လည်း ကြောင်သွား၏။ဦးလေးတက်သည် ဂျိတ်ရှိရာ နန်းဆောင်ထဲသို့ အပြေးလာခဲ့လေသည်။"ဦးလေးတက် ဖြေးဖြေးပြောပါ ဘာဖြစ်လာတာလဲ"ဂျိတ်သည် ပြေးလာသော ဦးလေးတက်အား ပြော၏။"ကိစ္စကြီးတစ်ခုဖြစ်သွားပြီကွဲ့.... ငါတို့ရှေးဟောင်းမျိုးနွယ်ကြီး ပြသနာတက်နေပြီ"ထိုစကားက ဂျိတ်အား မတုန်လှုပ်စေပေ။ ဂျိတ်ဂရုစိုက်သည်မှာ သူ၏ရှေးဟောင်းမျိုးနွယ်ကို မဟုတ်ပေ။ သူ၏ဦးလေးနှင့်ဖခင်ဖြစ်သူကို သာလျှင်ဖြစ်ပေသည်။ဦးလေးတက်မှ ဆက်လက်ပြော၏။ "ငါတို့ဘိုးဘေးပြန်ရောက်လာပြီ သူနဲ့အတူလိုက်သွားတဲ့ သူတွေတော့ တစ်ယောက်မှ မပါလာကြဘူး အကုန်သေကုန်တာ "ဂျိတ်သည် မိမိ၏ဦးလေးကို နားလည်လိုက်၏။မိမိ၏ဦးလေးသည် လေယာဥ်ပျံရကတည်းက စ၍အ ငြိမ်မနေ နေရာအနှံ့သွား၏။ယခုလည်း သူ၏မျိုးနွယ်စုသို့ လေယာဥ်ပျံဖြင့် တိတ်တိတ်လေး ခိုးပျံပြီး သတင်းရရှိလာသောအခါမှ မိမိထံသို့ရောက်ရှိလာခဲ့ပြန်လေသည်။"ဘာဖြစ်လို့လဲ"ဦးလေးတက်လဲ သက်ပြင်းချပြီး"ဖြစ်ကြောင်းကုန်စင်တော့ငါလဲ မသိသေးဘူး သူက မျိုးနွယ်စုကို ပြန်ရောက်ရောက်ချင်း ရထားတဲ့ဒဏ်ရာပြင်းထန်လို့ သတိလစ်နေတယ်လေ... သူ့ကို ပြန်သတိရလာအောင် ဘယ်သူမှမလုပ်နိုင်ကြသေးဘူးလေ...ဒါကြောင့်မင်းကို ကုနိုင်သလားလို့ "ဦးလေးတက်၏စကားသည် ဂျိတ်ကား ကုသနိုင်ပါက ကုသပေးစေလိုပါကြောင်း ပြောသည်ပင်ဖြစ်သည်။ထိုဘိုးဘေးသည် ဂျိတ်အတွက်တော့ မထူးခြားသော်လည်း ဦးလေးတက်နှင့် ဖခင်ဖြစ်သူတို့အတွက်မှု အရေးပါသော အဘိုးတစ်ယောက်သာဖြစ်ပေသည်။မြေးများအနေဖြင့် မိမိ၏အဘိုးနေမကောင်းသည်ကို ဒီတိုင်းမထိုင်ကြည့်ပါချေ။ ဦးလေးတက်သည် ဂျိတ်အား အသေချာနားချလေ၏။ ထိုဘိုးဘေးကို ကုသနိုင်ပါက ဂျိတ်အနေဖြင့် ရှေးဟောင်းမျိုးနွယ်၏အရေးပါသော တစ်နေရာကို အသာယာပင်ရရှိမည်ဖြစ်ကြောင်းနှင့် တခြားခြားသော ကိစ္စများလည်း ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ပြောဆို၏။ဦးလေးတက်၏စကားများကြောင့် ဂျိတ်လည်း ဆက်လက်နားမထောင်နိုင်တော့ပဲ "ကောင်းပြီ မနက်ဖြန်သွားမယ် ကုနိုင်လားမနိုင်လားက အခြေနေကြည့်ပြီးမှ သိရမယ်"ဂျိတ်၏စကားကြောင့် ဦးလေးတက်လည်း ဝမ်းသာအားရဖြင့် ပြန်သွားလေတော့၏။တာနာရှာလည်း ဦးလေးတက် ထွက်သွားပြီးသည်နှင့် ရောက်ရှိလာ၏။"အရှင်ဂျိတ် ကျမကိုကူညီပါဦး"တာနာရှာသည် သူမကြုံနေရသော အဖြစ်ပျက်အား ရှင်းပြလိုက်၏။ ထိုအခါ ဂျိတ်သည် မိမိကိုယ်ကို စိတ်ထဲမှ အပြစ်တင်မိ၏။("ငါ့လခွီးလိုပဲ အဲ့မအေဘေးလေးက မသေသွားဘူးပဲ")မိမိ၏လက်ပစ်ဗုံးကြောင့် သေမည်ဟုယူဆခဲ့သော်လည်း ထိုလူမှ မသေသည့်အပြင် ထိုကိစ္စကိုပါ အကျယ်ချဲ့လိုက်သောကြောင့် ဆာဗေ့များအနေဖြင့် နောက်ဆက်တွဲကို ကြုံနေပြီဖြစ်ကြောင်း သိလိုက်ပြီဖြစ်၏။"အရှင်ဂျိတ် ကျမကို ကူညီပါ ဒီကိစ္စကို ကူညီရင် ကျမတစ်ကိုယ်လုံးကို အရှင်ဂျိတ်ကို ပေးအပ်ဖို့အသင့်ပါပဲ"တာနာရှာသည် အရဲစွန့်ပြီး ဂျိတ်အားပြောလိုက်၏။ ထိုစကားမျိုးကို တာနာရှာအနေဖြင့် မပြောချင်သော်လည်း တခြားနည်းမရှိပြီမို့ ပြောလိုက်ခြင်းဖြစ်သည်။ထိုစကားကြောင့် ဂျိတ်လည်း တာနာရှာအကြည့်ကာ"အဲ့လိုမပြောနဲ့ ဒိီကိစ္စကို ငါကူညီမယ် မင်းအနေနဲ့ငါ့သမီးကို ရှေ့လျှောက်အနာဂတ်မှာ ကူညီရမယ်"ထိုစကားကို ကြားသောအခါ တာနာရှာ မိမိလက်ခံပါကြောင်း သစ္စာကတိပြု၏။ထိုအခါ ဂျိတ်လည်း လက်ခံလိုက်ပြီး"ကဲ ဟုတ်ပြီ ငါကူညီမယ် မင်းဘာလိုချင်တာလဲ"ဂျိတ်အနေဖြင့် တာနာရှာအတွက်လိုအပ်သော စစ်လက်နက်များ၊စစ်သည်များစသည်ဖြင့် ကူညီရန်ပြင်ဆင်ထားသည်။သို့သော်လည်း တာနာရှာပြောသောစကားကြောင့် ဆွံအသွား၏။"ကျမလိုချင်တာက ယေဂါတွေပါ"("ဟ ဘာဆိုင်လဲဟ")(ယေဂါဆိုသည်မှာ pacific rim ဇာတ်ကားထဲမှ ဧရာမစက်ရုပ်ကြီးကို ဆိုလိုသည်ဖြစ်သည်။ အနည်းဆုံး 25ထပ်တိုက်မျှ ကြီးမားသော စက်ရုပ်ကြီးများဖြစ်သည်။)ဂျိတ်သည် တာနာရှာအား အသေချာကြည့်ပြီး"ဒီဧရာမစက်ရုပ်ကြီးတွေနှင့် ဘာလုပ်မလို့လဲ ""ကျူးကျော်သူတွေကို နိမ့်နင်းချင်တာပါ"သူမ၏စကားကြောင့် ဂျိတ် မည်သို့ပြောရမည်ပင်မသိတော့ပေ။ ထိုစက်ရုပ်ကိုအသုံးပြုပြီး တိုက်ခိုက်ခြင်းသည် အပ်ရာရှိသော အနာအား ပုဆိန်နှင့် ပေါက်သည့်အလား တူနေသောကြောင့်ဖြစ်၏။နိမ့်နှင်းရန်ထက် တာနာရှာသည် ထိုစက်ရုပ်ကြီများအား စီးနင်းရန် ဆန္ဒရှိနေကြောင်း မျက်နှာကြည့်ရုံဖြင့် သိနိုင်သည်။"ငါသဘောမတူနိုင်ဘူး"ဂျိတ်၏သဘောမတူညီမှုကြောင့် တာနာရှာလည်း နောက်ထပ်သော အမျိုးမျိုးယေဂါများပြောပြန်၏။"ဒါဆို ဂျပ်ပစီ ရိန်းဂျားနှင့် ချာနိုအယ်ဖာကို ပေးပါ"(ဂျပ်ပစီရိန်းဂျားသည် နျူကလီးယားစွမ်းအင်သုံးစက်ရုပ်ဖြစ်ပြီး ချာနိုအယ်ဖာသည် အကြမ်းခံကာ ရှေးအကျဆုံးစက်ရုပ်ကြီးဖြစ်သည်။)"မပေးနိုင်ဘူး"နောက်ဆုံး တာနာရှာသည် အမျိုးမျိုးညှိနှိုင်းပြီးနောက် ပျော်ရွှင်စွာဖြင့် ပြန်သွားလေတော့၏။"ဟူး မလွယ်ပါလား"တာနာရှာ သည် ယေဂါအား မရသော်လည်း ဂမ်ဒန်(Gundam)ဟူသော အမျိုးစားကို သဘောတူညီမှုရရှိသွားသောကြောင့် ပျော်ရွှင်စွာ ပြန်သွားသည်လည်းဖြစ်သည်။
(428)ကုသပြီ
"ဝီး"မြန်ဆန်လှသောနှုန်းဖြင့် လေယာဥ်တစ်စီးသည် ကောင်းကင်ယံ၌ ပျံသန်းနေ၏။"ဦးလေးတက်ရယ် ဘာလို့ဒီb2ဗုံးကြဲယာဥ်ကြီးမှ ကြိုက်ရတာလဲ"ဂျိတ်သည် ဦးလေးအား ပြောလိုက်၏။"ဘယ်လိုလဲ ငါ့တူ ဦးလေးရွေးချယ်မှု မှန်ကန်တယ်မလား ဒီကောင်ကြီးက အကောင်လဲ တခြားလေယာဥ်ထက်သာတယ် အရွယ်စားလဲ ကြီးတယ်လေပုံစံကလဲ မိုက်တယ်လေ"ဂျိတ်သည် ဦးလေးတက်၏စကားကြောင့် ပြုံးရုံသာလျှင် တတ်နိုင်၏။ သူ၏ဦးလေး၏အကြိုက်သည် အလွန်တရာ ထူးခြားသောကြောင့်ဖြစ်သည်။မြန်ပေ့ဟူသော လေယာဥ်များစွာထဲမှ ကြီးမားပြီးကြောက်မက်ဖွယ်အဆင်းရှိသော ဗုံးကြဲယာဥ်ကြီးကို ရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုလေယာဥ်ကြီးသည် ဂရိတ်တိုင်းပြည်၌ရှိကတည်းက အဆင့်မြင့်တင်မှုများ ပြီးစီးခဲ့သည်ဖြစ်ရာ ကြီးမားသော်လည်း ပေါ့ပါးပြီး မြန်ဆန်နေပြီဖြစ်သည်။ နောက်ပြီး ဗုံးကြဲရန်အတွက်သာ သုံးနိုင်သည်မှ ပေါ့ပါးသော လက်နက်များစွာ အသစ်ထပ်မံတပ်ဆင်ထားသေး၏။ထူးခြားသောအစီရင်များအင်းကွက်များကပါ ထပ်မံမွမ်းမံထားသည်ဖြစ်ရာ ဝေဟင်တိုက်ပွဲများ စီးချင်းထိုးရာတွင်လည်း အသုံးပြုနိုင်ပြီဖြစ်သည်။ လက်ရှိအချိန်တွင် ဂျိတ်နှင့်ဦးလေးတက်တို့သည် မိမိတို့၏ရှေးဟောင်းမျိုးနွယ်စုထံသို့ ပြန်နေကြသည်ဖြစ်သည်။ လေယာဥ်ပျံ၏အမြင့်ဆုံးသော အမြန်နှုန်းကို အသုံးပြုထားသည့်အတွက်ကြောင့် နှစ်နာရီဟူသောအချိန်ကြာပါက ရောက်ရှိတော့မည်ဖြစ်သည်။"ဒါနဲ့ ဦးလေး ဆာဗေ့တွေက ဘယ်မှာရှိတာလဲ""အဲ့အရိုင်းစိုင်းတွေလား အဲ့ကောင်တွေက ရှေးဟောင်းမျိုးနွယ်စုတွေနှင့် သိပ်မဝေးဘူး ဒီကောင်တွေကို ကျင့်ကြံမှုအဆင့်သာ ငါတို့ထက်နိမ့်တာ လူအင်အားတအားများတော့ ဒီတိုင်းလွှတ်ထားရတယ်"ဦးလေးတက်၏စကားကြောင့် ဆာဗေ့များအကြောင်း ဂျိတ်နားလည်လာသည်။ ဂရိတ်တိုင်းပြည်အနီး၌ရှိနေသော ဆာဗေ့များသည် မျိုးနွယ်နိမ့်ပါးပြီး ရှေးဟောင်းမျိုးနွယ်စုနှင့် နီးသော ဆာဗေ့များသည် မျိုးရိုးမြင့်များဖြစ်ကြ၏။၎င်းတို့၏မျိုးရိုးနိမ့်မြင့်ခွဲခြားမှုသည် ၎င်းတို့၏သွေး၌စီးဆင်းနေသော ရှေးဦးဆာဗေ့သွေးပါဝင်မှူပမာဏနှင့် သက်ဆိုင်၏။ပါဝင်မှုများလေ မျိုးရိုးမြင့်လေဖြစ်ပြီး ပါဝင်နည်းလေ မျိုးရိုးနိမ့်လေဖြစ်သည်။ရှေးဟောင်းမျိုးနွယ်စုနှင့် ဆာဗေ့များသည် မှောင်မဲတောအုပ်ခေါ် ဧရာမတောအုပ်ကြီး၏နယ်မြေထဲ၌ ရှိနေသောကြောင့် စွန်ရဲအင်ပါယာနှင့်မြွေဟောက်အင်ပါယာတို့၏ ကျူးကျော်မှုကို မကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။ မကြာမီအချိန်၌ ရှေးဟောင်းမျိုးနွယ်နှင့်နီးသော ဆာဗေ့များသည် ဂရိတ်တိုင်းပြည်အနီး၌ရှိသော ဆာဗေ့တို့နှင့် စစ်ပွဲဆင်နွှဲကြမည်ဖြစ်သောကြောင့် ဂျိတ်မေးလိုက်သည်ဖြစ်သည်။ ထိုအထက်တန်းစားဆာဗေ့များသည် မည်မျှ အင်အားကောင်းသည်ကို ဂျိတ်အနေဖြင့် ကောင်းစွာမသိသော်လည်း တာနာရှာသည် မိမိထံမှ စစ်ကူယူသွားသည်ကိုတော့ ကောင်းစွာမှတ်မိသည်ဖြစ်သည်။သူမ ယူသွားသော စစ်ကူသည်လည်း သာမန်မဟုတ်ပဲ စစ်ပွဲများ၌ အလွန်အသုံးဝင်သော ဂမ်ဒန်(gundan)ခေါ် တိုက်ပွဲဝင် စက်ရုပ်ကြီးများဖြစ်ပေသည်။ ထိုသို့သော စစ်ပွဲသုံး ဂမ်ဒမ်စက်ရုပ်ကြီးငါးကောင်ကို တာနာရှာမှ ယူဆောင်သွားသည်ဖြစ်ရာ စစ်ပွဲ၏ရလာဒ်သည် မည်သို့ထွက်ပေါ်မည်ဖြစ်ကြောင်း ဂျိတ်သိနှင့်ပြီးသားဖြစ်သည်။သို့သော်လည်း ဆာဗေ့တို့၏စွမ်းရည်နှင့် ဂမ်ဒန်တို့၏ စွမ်းရည်သည် မည်မျှရှိကြောင်း သိလိုသည်မှာ အမှန်ပင်။"ငါ့တူ ငါတို့ရောက်ပြီ"ဦးလေးတက်၏စကားကြောင့် ဂျိတ်လည်း အတွေးထဲနစ်နေရာမှ ပြန်လာထလိုက်၏။ဥိီးလေးတက်သည် လေယာဥ်အား သူ၏ပိုင်ဆိုင်သော စံအိမ်နယ်မြေအတွင်း၌ ဆင်းသက်လိုက်သည်။"ဆရာသခင်တက်ပြန်လာပြီ"မြေပြင်ပေါ်၌ရှိနေသော အခြွေရံတို့သည် ထိုလေယာဥ်အား မြင်သည်နှင့် အော်ဟစ်ကုန်ကြည်။ထိုအခြွေရံများ၏စကယးပြောသံများကြောင့် ဦးလေးတက်သည် လေယာဥ်ဖြင့် လာဖူးကြောင်း ကောင်းစွာရိပ်စားမိလေသည်။လေယာဥ်ဆင်းသက်ပြီးသည်နှင့် ဂျိတ်လည်း အချိန်ဖြုန်းတီးနေခြင်းမရှိတော့ပဲ ဦးလေးတက်နှင့်အတူ အဘေးအနားယူရာ စံအိမ်သို့ တိုက်ရိုက်ပင် ဦးတည်လိုက်ကြလေသည်။ဂျိတ်လည်း ရှေးဟောင်းမျိုးနွယ်စု၏နယ်နိမိတ်ထဲသို့ ရောက်ရှိနေသောကြောင့် စနစ်ဖြင့် စစ်ဆေးလိုက်၏။ထိုအခါ ရှေးဟောင်းမျိုးနွယ်စုမှ ကျင့်ကြံမှုအဆင့်သည် စွန်ရဲအင်ပါယာနှင့် ဂိုဏ်းကြီးလေးဂိုဏ်းထက်မှ လူများထက်ပင် မြင့်ကြောင်း တွေ့ရလေ၏။ထို့ပြင် ၎င်းတို့၏လူဦးရေသည်လည်း မတိမ်းမယိမ်းပင်ဖြစ်ကြောင်း တွေ့ရလေသည်။အကြောင်းရင်းကို စစ်ဆေးသောအခါ ရှေးဟောင်းလူမျိုးများသည် ချာက္ကရာပေါကြွယ်ဝသော နေရာ၌ တည်ရှိနေသောကြောင့်ဖြစ်သည်။လက်ရှိမိမိရောက်နေသော ဖိုက်တာမျိုးနွယ်(တိုက်ခိုက်သူ)နှင့် ကျန်သောရှေးဟောင်းမျိုးနွယ်စုများ၏နယ်မြေများသည် ချာက္ကရာပေါကြွယ်ဝသောနေရာများဖြစ်ကြောင်း တွေ့လိုက်ရလေသည်။"မင်းကုနိုင်ရင် တစ်ခါတည်းကုပေးနော်"ဘိုးဘေးဆီသို့ သွားရာလမ်း၌ ဦးလေးတက်သည် ဂျိတ်အားပြော၏။"ဟုတ်ပါပြီ ဒါနဲ့ သူ့အကြောင်းသိထားရင်ပိုကောင်းတာပေါ့"ဂျိတ်၏အပြောကြောင့် ဦးလေးတက်သည်လည်း သူ၏အဘိုး သို့မဟုတ် ဂျိတ်၏အဘေးအကြောင်းကို ပြောပြလေသည်။ဘိုးဘေး၏နာမည်သည် ဇူးစ် ဖြစ်ပြီး မာစတာအဆင့်၏အထွတ်ထိပ်အဆင့် စစ်သည်တော်တစ်ယောက်ဖြစ်သည်။ သူ၏နိုးထလာသောအစွမ်းသည် မိုးကြိုးဖြစ်ပြီး ကြီးမားသောတူတစ်လက်ကို အသုံးပြုသည်ဟုဆို၏။ အသက်သည်လည်း ခြောက်ရာကျော် ရှိနေပြီဖြစ်သည်။ဦးလေးတက်၏စကားကြောင့်("ငင့် ငါ့ဘိုးဘေးက သော်တော့ မဟုတ်ပါဘူးနော်")(မှတ်ချက်=သော်သည် တူကိုကိုင်စွဲပြီးတိုက်ခိုက်တတ်သော မိုးကြိုးနတ်ဘုရားတစ်ပါး)လက်ရှိ၌ ဘိုးဘေးသည် မိမိတို့ရှေးဟောင်းမျိုးနွယ်စုသို့ ပြန်ပြီးကတည်းက အိပ်ပျော်သွားခဲ့သည်။ မည်သို့ပင် နိုးပါသော်လည်း မနိုးသည့်အပြင် သူ၏ကိုယ်ခန္ဓာ၌ရှိသော ဒဏ်ချက်များမှ သွေးများ ဆင်းလာတတ်သောကြောင့် ဖြစ်သည်။ရှေးဟောင်းမျိုးနွယ်စုထဲရှိ ကျွမ်းကျင်သော ဆေးဆရာများနှင့် ပြသပါသော်လည်း ပျောက်ကင်းခြင်းမရှိရာ ဂျိတ်ထံရောက်လာခြင်းဖြစ်သည်။ဂျိတ်လည်း မိမိရှေ့၌ ကြီးကျယ်ခမ်းနားသော စံအိမ်ကို မြင်လိုက်သည်နှင့် ထိုအိမ်ထဲ၌ရှိကြောင်း သိလိုက်သည်။ "မင်းတို့အကုန်လုံးထွက်ကြ ငါတို့ဘိုးဘေးကို ကုသမယ်"ဦးလေးတက်၏စကားကြောင့် ဘိုးဘေးအား စောင့်ကြပ်နေကြသော အစောင့်ကြပ်များက နာခံပြီး စံအိမ်ထဲမှ ထွက်ခွာသွားကြလေသည်။ဦးလေးတက်သည် မျိုးနွယ်စု၌ အဆင့်မြင့်သော ရာထူးအား ပိုင်ဆိုင်ထားသူဖြစ်ရာ ငြင်းဝံကြခြင်းမရှိပေ။"မင်းတို့ကောပဲ"ဦးလေးတက်၏နောက်ထပ်သော စကားကြောင့် ဘိုးဘေးစံအိမ်ထဲ၌ရှိသော အခြွေရံများသည်လည်း အပြင်သို့ အကုန်ထွက်ခွာသွားကြသည်။ထိုအခါ ဂျိတ်နှင့် ဦးလေးတက်တို့သာလျှင် ရှိတော့၏။အထဲသို့ဆက်လက်ဝင်သွားရာ ကြီးမားလှသော ကုတင်တစ်လုံးပေါ်တွင် လူတစ်ယောက်သည် အိပ်ပျော်နေသောအနေထားဖြင့်ရှိနေကြောင်း တွေ့ရှိလေသည်။"ဦးလေး တံခါးပိတ်ပေးပါ"စံအိမ်တံခါးပိတ်ပြီးသောအခါမှ ဂျိတ်သည် ဘိုးဘေးရှိရာသို့ သွား၏။("ဟင် သူက အဘေးလားဟ")အိုမင်းသော ရုပ်အသွင်ပြင်မရှိပဲ အသက်ငါးဆယ်ကျော် အသွင်ပြင်ရှိသည်အပြင် ကိုယ်ခန္ဓာမှာ တောင့်တင်းသန်မာနေသောကြောင့်ဖြစ်သည်။ရင်ဘတ်တွင်လည်း ကန့်လန့်ဖြတ် ဓားဒဏ်ရာတစ်ခုလည်း ရှိ၏။ သူ၏ရင်ဘတ်၌ရှိသော ထိုဒဏ်ရာမှ သွေးများ ဆက်တိုက် စီးကျနေခြင်းမရှိလျှင် ဘိုးဘေးဟုပင် ထင်မှတ်မိမည်မဟုတ်ပေ။"အဲ့ဒါ မင်းဘိုးဘေးပဲ ကူညီပါ"ဦးလေးတက်သည် ဂျိတ်အား အကူညီတောင်းကာ ဘေး၌အသာလေးငြိမ်နေလိုက်၏။ဂျိတ်လည်း ကုတင်ပေါ်၌ လဲလျောင်းနေသော မိမိ၏ဘိုးဘေးဆိုသူအားကြည့်ကာ အကြောင်းရင်းကို စစ်ဆေးတော့၏။("ဒီဒဏ်ချက်တွေက")တခြားသူများတွက် ခဲယဥ်းသော်လည်း ဂျိတ်၏မျက်စိတွင်မှု တိကျစွာပေါ်ပေါက်လာရလေသည်။ဘိုးဘေးသည် နိုးလာခြင်းမရှိပဲ အိပ်ပျော်နေသည့်အခြေနေထဲသို့ ရောက်ရှိနေရခြင်းမှာ သူ၏စိတ်ဝိညာဥ်သည် တိုက်ပွဲ ဖြစ်ပျက်နေသောကြောင့်ဖြစ်၏။ သူ၏အတွင်းစိတ်နတ်ဆိုးနှင့် ရင်ဆိုင်နေသည်ဟုဆိုလျှင် မှန်ကန်ပေလိမ့်မည်။ထိုသို့ရင်ဆိုင်ရသည့်ရလာဒ်ကြောင့် သူ၏ကိုယ်၌ ရရှိထားသော ဒဏ်ရာမှ သွေးများသည် ရပ်တန့်ခြင်းမရှိပဲ ဆက်လက်စီးနေသည်ဖြစ်သည်။"ဘိုးဘေးက အတွင်းနတ်ဆိုးနဲ့တိုက်ခိုက်နေလို့အခုလိုဖြစ်နေတာ ""ဟေ"ဦးလေးတက်လည်း ထိုစကားကြောင့် လန့်ဖြန်သွားသည်။ သူ၏တူသည် ရောက်သည်မှ မကြာသေး ဘိုးဘေး၏ထိုသို့ဖြစ်ခြင်းအကြောင်းကို သိနေသည့်အလားပြောပြလိုက်သောကြောင့်ဖြစ်သည်။"ဦးလေးပြောလို့ ကျနော်တစ်ကြိမ်ကူညီလိုက်မယ် နောက်တစ်ခါတော့မရဘူး"ဂျိတ်သည် ပြောပြောဆိုဆိုဖြင့် သူ၏လက်စွပ်မှ ပုလင်းတစ်လုံးအား ထုတ်လိုက်သည်။ ထိုပုလင်းအား အဖုံးဖွင့်သောအခါ အလွန်မွှေးသော ရနံ့ထွက်ပေါ်လာသည်။"ဒါဘာလဲ""ဒါလား နှစ်တစ်သောင်းမူလအဆီနှစ်လေ"ဂျိတ်သည် ပြောဆိုပြီးသည်နှင့် ထိုမူလအဆီနှစ်အား အိပ်ပျော်နေသော ဘိုးဘေး၏ဒဏ်ရာထဲသို့ တစ်စက်ထည့်ပေးပြီး ကျန်သောမူလအဆီနှစ်များကိုပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။ထို့နောက် သူ၏လက်ညှိုးအား အိပ်နေသောဘိုးဘေးနဖူးအား တောက်ပြီး ဂါထာတစ်ပုဒ်ဆိုလိုက်၏။ထိုနည်းဖြင့် ဂျိတ်သည် စတင်ကုသလိုက်ပြီဖြစ်သည်။
(429)လက်ဝှေ့
ထိုသို့ ဂျိတ်ရွတ်ဆိုလိုက်သည်နှင့် လဲလျောင်းနေသော အဘေး၏ကိုယ်ထဲမှ အငွေ့များ ထွက်လာလေသည်။ ထိုအငွေ့များသည် အမဲရောင်သန်းပြီး ကြောက်မက်ဖွယ်ရာရုပ်အသွင်များပါ ပါရှိနေ၏။"ဦးလေးတက် ဝေးဝေးနေ ဒါတွေက အန္တရာယ်များတယ်"ဂျိတ်၏စကားကြောင့် ဦးလေးတက်လည်း အကွာဝေးတစ်ခုထိ တိုင်အောင် နောက်သို့ဆုတ်လိုက်၏။နဂိုကတည်းက ဦးလေးတက်သည် ဘိုးဘေးအား ကုသမည်ဆိုကတည်းက အစေခံများအားနှင်ထုတ်ထားသောကြောင့် ထိုအငွေ့များမြင်မိသူထိမိသူမရှိပေ။ထိုအငွေ့များအားမြင်သည်နှင့် ဂျိတ်၏စိတ်ထဲထင့်သွား၏။ ထိုအငွေ့သက်သည် မိမိ၏ငြိမ်းချမ်းသောဘဝအား ဖျက်စီးမည့်နမိတ်အဖြစ်ဟု ခံစားနေရသောကြောင့်ဖြစ်သည်။"ဝုန်း"ကျယ်လောင်လှသော တံခါးဖွင့်သံကြောင့် ဂျိတ်နှင့် ဦးလေးတက်သည် အသံလားရာသို့ ကြည့်လိုက်သည်။"မင်းတို့ဘာလုပ်နေတာလဲ"ထိုစကားကို ဆိုသူက ဆံဖြူကောင်လေးခေါ် ဂျိတ်၏ဝမ်းကွဲပင်ဖြစ်သည်။ သူသည် ဒေါသတကြီးဖြင့် ဂျိတ်နှင့် ဦးလေးတက်အား ကြည့်နေ၏။"ဘာလုပ်ရမှာလဲ ကုပေးနေတာလေ"ဂျိတ်လည်း ကြောက်ရွံခြင်းမရှိ တည်ကြည်စွာပြန်ဖြေ၏။"ဦးလေးတက်ကို ဝိုင်းထားကြ ငါသူ့ကိုပညာပေးမယ်"ဆံဖြူလူငယ်၏အမိန့်ကြောင့် သူ၏နောက်၌ရှိနေသော စစ်သည်ငါးယောက်လည်း ဦးလေးတက်အား ဝန်းရံလိုက်၏။ဦးလေးတက်သည် တိုက်ခိုက်ရန်လှုပ်ရှားပါက ငါးယောက်လုံးသည် တစ်ချိန်တည်း၌ တန်ပြန်တိုက်ခိုက်မည်ဖြစ်သည်။("ဦးလေးတက် မလုပ်နဲ့ ကျနော်ပညာပေးလိုက်မယ်")ဂျိတ်သည် စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်သောကြောင့် ဦးလေးတက်လည်း ငြိမ်နေလိုက်၏။ဆံဖြူလူငယ်လည်း ဦးလေးတက်ငြိမ်နေကြောင်း တွေ့သောအခါ ဂျိတ်အား မထီမဲ့မြင်ပြုံးပြလျက် "ဒီနေ့တော့ မင်းဦးလေးနဲ့အဖေမရှိတော့ မင်းဘာလုပ်နိုင်သေးလဲ ငါကြည့်ချင်မိတယ်"ဆံဖြူလူငယ်သည် မြန်ဆန်သောအရှိန်ဖြင့် ဂျိတ်အနားရောက်လာပြီး လက်ဝါးဖြင့်ရိုက်၏။"ဝုန်း"လွင့်စင်သွားသူကတော့ ဂျိတ်မဟုတ်ပဲ ဆံဖြူလူငယ်သာလျှင် ဖြစ်သည်။ ဆံဖြူလူငယ်၏ရိုက်ချက်အား ဂျိတ်ထံမရောက်ခင် ဂျိတ်မှ ဥိီးအောင် ရိုက်ချလိုက်သည်လည်းဖြစ်သည်။"မအေဘေးလေး"စံအိမ်၏တံခါးထိ လွင့်စင်သွားသော ဆံဖြူလူငယ်လည်း ဒေါသတကြီးဖြင့် သူ၏စွမ်းအားကို ထုတ်ဖော်လိုက်သည်။သူ၏သေးငယ်သော ကိုယ်ခန္ဓာသည် ချက်ချင်းပင် ကြီးမားလာပြီး ဝတ်ထားသော အဝတ်စားများ ပေါက်ကွဲ လွင့်ထွက်ကုန်၏။ထိုအခါ ဆံဖြူလူငယ်၏သန်မာထွားကြိုင်းလှသော လက်မောင်းများ ခြေထောက်များက အထင်းသားထွက်ပေါ်လာလေသည်။"ဟာ..မာစတာအဆင့်နဲ့နီးနေပြီ"ထိုထွက်ပေါ်လာသော စွမ်းအားကြောင့် ဦးလေးတက်ပင် အံအားသင့်သွားရလေသည်။ အသက်သုံးဆယ် သာသာရှိသေးသော ဆံဖြူလူငယ်သည် ထိုမျှအထိအစွမ်းထက်နေမည်ဟု သူမထင်ထားသောကြောင့်ဖြစ်သည်။"ငါတို့ရှေးဟောင်းမျိုးနွယ်စုတွေရဲ့စည်းမျဥ်းအတိုင်း နှစ်ယောက်တည်း ချမယ် လုံးဝမထနိုင်သူက အရှုံး"ထိုစကားကို ဆံဖြူလူငယ် ရွတ်လိုက်သည်နှင့် ထူးခြားသော အငွေ့သက်များ လေထဲ၌ ထွက်ပေါ်လာသည်။"ကောင်းပြီ"ဂျိတ်လက်ခံလိုက်သည်နှင့် ဂျိတ်၏လက်ဖမိုး၌ အပြာရောင်အမှတ်သား ပေါ်လာလေ၏။ ("စိတ်ဝင်စားစရာပဲ")ဂျိတ်သည် ရှေးဟောင်းမျိုးနွယ်စု၏ရှေးကျသော တိုက်ပွဲဟန်ကြောင့် သဘောကျသွားသည်။ဖိုက်တာမျိုးနွယ်၏ရှေးဟောင်းတိုက်ခိုက်ပုံသည် ပါမောက္ခများ မကျေနပ်ပါက တစ်ဦးချင်း တိုက်ခိုက်သည့်စည်းမျဥ်းနှင့် တူသောကြောင့်ဖြစ်သည်။ထိုနှစ်ယောက်အား တခြားလူများက ဝင်ရောက်ဖက်စွပ်နိုင်ခြင်းမရှိကြပေ။ အကယ်၍ ထိုသို့တားမြစ်ပါက တားမြစ်သူသည် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်သော ကျိန်စာကို ခံစားရမည်ဖြစ်သည်။တိုက်ခိုက်မည့်နှစ်ယောက်လုံး၏လက်ဖမိုးများ၌ အမှတ်သားများပေါ်လာမည်ဖြစ်သည်။ တစ်ဖက်သည် အပြာရောင်ပေါ်ပါက နောက်တစ်ယောက်၌ အနီရောင်ပေါ်လာမည်ဖြစ်သည်။အနီရောင်သည် စိန်ခေါ်သောသူ၌သာလျှင် ပေါ်၏။မတူသည့်အချက်ကတော့ ဖိုက်တာမျိုးနွယ်စု၏ တိုက်ပွဲ၌ နှစ်ယောက်လုံးသည် လက်နက်သုံးခွင့်မရှိပေ။ လက်သီးခြေထောက်စသော ကိုယ်ခန္ဓာအစိတ်ပိုင်းကို အားပြုတိုက်ခိုက်ရမည်ဖြစ်သည်။"မင်းဒီနေ့တော့ မသေရုံတမယ်ပါပဲ"ဆံဖြူလူငယ်သည် ဂျိတ်အား ဝါးစားမတက် အကြည့်ဖြင့် ပြုံးကာ ဆိုလိုက်၏။ သူသည် ဂျိတ်အား ကြည့်မရဖြစ်သည်မှာ ကြာပြီဖြစ်သည်။မျိုးနွယ်စု၌ ပါရမီရှင်ဟုခေါ်သော သူ့ဦးလေး၏သားဖြစ်နေခြင်းကပင် ကြည့်မရဖြစ်စေခဲ့၏။ ထို့ပြင် ဂျိတ်သည် ယခင်အခေါက်၌ လုပ်ခဲ့သောလုပ်ရပ်က သူ့အား များစွာသောထိခိုက်မှုမဖြစ်စေခဲ့သော်လည်း အရှက်ခွဲခံရသည်ဟု ခံစားမိသောကြောင့်ဖြစ်သည်။"ကောင်းပြီ မင်းကလဲ ဒီနေ့ ဒီလိုတောင်းဆိုနေမှတော့ ငါကလဲ စိန်ခေါ်ရင် တိမ်ပေါ်ထိ တက်ပေးရတာပေါ့"ဂျိတ်ကလဲ ဆံဖြူလူငယ်အား ပြုံးပြလိုက်ပြီး နည်းစနစ်တစ်ခုဖြင့် တိုက်ခိုက်ဟန်ပြု၏။ သူ၏ညာလက်အား ဘယ်ဘက်လက်မောင်းဘက်သို့ လက်ခမောင်းခတ်ကာ စိန်ခေါ်လိုက်သည်။"ဖြောင်းဖြောင်း"လက်ခမောင်းခတ်သံက ကြားရသူအား ထူးခြားသော အမြင်ဖြစ်စေခဲ့သည်။("ဘယ်သူနိုင်မလဲ")ဦးလေးတက်သည် အတွေးများနေ၏။ တစ်ဖက်က မာစတာအဆင့်နီးနေသော ဆံဖြူလူငယ်ဖြစ်ပြီး တစ်ဖက်ကတော့ သူကိုယ်တိုင် မည်သည့်အဆင့်ရောက်မှန်းမသိရသော ဂျိတ်ဖြစ်နေသည်။ တူညီသောအချက်ကတော့ နှစ်ယောက်လုံးသည် သူ၏တူများဖြစ်သည်။("အင်း တူခြင်းတူတာတောင် စောက်ကျင့်မကောင်းတဲ့ကောင်နဲ့ ချစ်စရာကောင်းတဲ့ကောင်ဆိုပြီး ရှိနေသေးတာပဲ")"ချကုန်ကြပြီ"ဦးစွာတိုက်ခိုက်လိုက်သူကတော့ ဆံဖြူလူငယ်ဖြစ်သည်။ သူ၏အနီရောင်လက်သီးဖြင့် ဂျိတ်၏မျက်နှာအား ဦးတည်တိုက်ခိုက်လိုက်သည်။အားပါပါဖြင့် ထိုးသောကြောင့် လေခွင်းသံပင် အဝေးမှ ကောင်းစွာကြားရ၏။ထိုထိုးချက်အား ဂျိတ်မှာ ခေါင်းအားအနည်းငယ်စောင်းကာ ရှောင်၏။ထိုသို့ရှောင်သောကြောင့် လက်သီးသညိ မျက်နှာအားမထိပဲ ပွတ်သီကပ်သီလေး ရှောင်ထွက်သွားလေသည်။"ဝုန်း...ဝုန်း..ဝုန်း"ဆံဖြူလူငယ်မှ ဆက်တိုက်ဆိုသလို လက်သီးများဖြင့် ဆက်တိုက် တိုက်ခိုက်နေတော့၏။"သူ မျိုးနွယ်စုရဲ့လေဟုန်ခွင်းလက်သီးသိုင်းကို သုံးနေတာပဲ"ဦးလေးတက်သည် ဆံဖြူလူငယ်လေးသည် ထိုလက်သီးသိုင်းအား သုံးသည်ကိုမြင်သောအခါ ဂျိတ်အတွက် စိုးရိမ်ပူပန်မိသည်။ ထိုလက်သီးသိုင်းသည် မိမိတို့မျိုးနွယ်စုများကသာ သင်ကြားခွင့်ရသော သိုင်းဖြစ်ပြီး အဆက်မပြတ် တိုက်ခိုက်ပြီး ဖိအားပေးသော လက်သီးသိုင်းဖြစ်သည်။ထိုသိုင်းအား ဆံဖြူလူငယ်မှ အသုံးပြုသောအခါ ကြောက်ခမန်းလိလိ ခွန်အားများအသုံးပြုပြီး တိုက်ခိုက်နေကြောင်း ဦးလေးတက် တွေ့လိုက်ရသည်။ "သူတော်တော်လေး ကျွမ်းကျင်နေတာပဲ"ဆံဖြူလူငယ်၏ထိုးချက်များသည် မျိုးနွယ်စုမှ တခြားလူတစ်ယောက်၏ထိုးချက်ထက် လေးဆပိုပြင်းကြောင်း တွေ့ရ၏။"ဝုန်း..ဝုန်း...ဝုန်း"များစွာသော လက်သီးများ ဝင်လာမှုကြောင့် ဂျိတ်လည်း ရှောင်တိမ်းချိန်မရှိတော့ပဲ သူ၏လက်ဖျံနှစ်ဖက်ဖြင့် ကာကွယ်လိုက်၏။ထိုအခါ မျက်နှာအား ဦးတည်ထားသည့် ထိုးချက်များစွာသည် ကာကွယ်ထားသော လက်ဖျံနှစ်ချောင်းပေါ်သို့ ဆက်တိုက်ကျလာတော့သည်။"မင်းဘယ်လောက်ခံနိုင်မှာလဲ"ဆံဖြူလူငယ်သည် သူ၏ထိုးချက်အား မရှောင်ပဲ လက်ဖျံဖြင့် ကာကွယ်သော ဂျိတ်ကို ပြုံးလိုက်၏။ သူ၏ထိုးချက်များသည် ထိုသို့ကာကွယ်မှုပေါင်းရာချီကို ဆက်တိုက်ထိုးရင်း ဖျက်စီးခဲ့ဖူးသောကြောင့်ဖြစ်သည်။ သူ၏ထိုးချက်များက ပြင်းထန်သည်ဖြစ်ရာ ယခင်က ပြိုင်ဘက်များသည် ကာကွယ်သော လက်ဖျံနှစ်ချောင်းလုံး ကျိုးပဲ့ကာ အရှုံးပေးခဲ့ရသောကြောင့်ဖြစ်သည်။ဂျိတ်၏ကာကွယ်သော လက်ဖျံအား ဆက်တိုက်ထိုးလာသည်မှာ တစ်မိနစ်ရှိလာပြီဖြစ်သည်။"ဘယ်လိုဖြစ်ပြီး"ဆက်တိုက်ထိုးနေသော ဆံဖြူလူငယ် အနည်းငယ် ဆွံအသွား၏။ ယခုချိန်ဆို လက်ဖျံနှစ်ချောင်းကျိုးသည့်အသံထွက်ပေါ်လာပြီး အော်ဟစ်နေသော ဂျိတ်၏အသံကို ကြားသင့်နေပြီဖြစ်သော်လည်း မကြားရသောကြောင့်ဖြစ်သည်။ပိုပြီးကြောက်စရာကောင်းသည်ကား ကျိုးသင့်နေသော ဂျိတ်၏လက်ဖျံနှစ်ချောင်းသည် လက်ဖျံဖြင့်မတူပဲ အလွန်မာကျောလှသော အဖိုးတန်လက်နက်များနှင့် တူညီသည်ဟုခံစားမိသောကြောင့်ဖြစ်သည်။ သူ၏ထိုးချက်များကို ကျောင်ဆောင်ကြီးသဖွယ် မဖြုံပဲ အထိုးခံနေသောကြောင့် ဖြစ်သည်။"သေစမ်း သေစမ်း"ဆံဖြူလူငယ်၏ ပင့်လက်သီး ဝိုက်လက်သီး စသည်များလည်း ထွက်ပေါ်လာသည်။ထိုသို့ ထွက်လာတိုင်း ဂျိတ်သည် ရှောင်သင့်သည်ကိုရှောင်ကာ ကာသင့်သည်ကို နာကျင်မရှိပဲ ကာကွယ်၏။ခြေကန်ချက်များလည်း ထိုနည်းတူပင်။ ကန်လာပါက အသာယာပင် နောက်ဆုတ်၍ ပေါင်သို့ ပင့်ကန်ပါက ဘေးသို့ရှောင်၏။ဂျိတ်၏ထိုသို့သော လုပ်ရပ်ကြောင့် ဘေးမှကြည့်နေ သော စစ်သည်များနှင့်ဥိီးလေးတက်တို့သည် ထိုးနေသောလူနှင့် ထိုးသမျှကို ကျောက်ဆောင်ပမာ ကာနေသော လူတို့၏ပွဲကို ကြည့်နေရသည်ဟု ခံစားမိလာသည်။ "ကဲ မင်းထိုးတာ ကြာပြီဆိုတော့ တော်သင့်ပြီ ငါ့အလှည့်ပဲ"ဂျိတ်သည် ပြောဆိုရင်း ဆံဖြူလူငယ်၏ဗိုက်သို့ သူ၏ဘယ်ခြေဖြင့် လှမ်းကန်လိုက်၏။"ဖြောင်း"ရုတ်ခြည်းဆိုသလို တိုက်ခိုက်သော ကန်ချက်ကြောင့် ဆံဖြူလူငယ်လည်း အင့်ခနဲ ခံစားလိုက်ရ၏။ဂျိတ်လည်း ဆံဖြူလူငယ်မှ နောက်သို့အနည်းလွင့်သွားသောအခါ "ကဲ မင်းလည်း ပြီးပြီဆိုတော့ ငါလက်ဝှေ့ကို မြည်းကြည့်ချိန်တန်ပြီ"