← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

(430)ငြင်းပယ်ခြင်း

စကားပြောပြီးသည်နှင့် ဂျိတ်သည် စတင်တိုက်ခိုက်လိုက်သည်။ ဂျိတ်၏တိုက်ခိုက်သော ဟန်ကြောင့် ဆံဖြူလူငယ်လည်း ခံလိုက်ရ၏။"ဝေါ့"ဂျိတ်၏အားပါပြီးမြန်ဆန်လှသော ဒူးပျံတိုက်ကွက်သည် ဆံဖြူငယ်၏ရင်ဝအား ပြင်းထန်စွာ ဆောင့်လိုက်သလို ဖြစ်စေခဲ့ရာ ဆံဖြူလူငယ် သွေးအန်ထုတ်လိုက်ရ၏။ဂျိတ်ကတော့ ဆံဖြူလူငယ်အား သနားညှာတာမည့်ဟန်မရှိသလို ဆက်တိုက်ဆိုသလို တိုက်ခိုက်လေတော့သည်။ လက်သီးများချည်း ဆက်တိုက်မလာသလို ခြေထောက်ချည်းလည်း မလာပေ။ လက်သီးဖြင့်ထိုးသလို တစ်ချက်တစ်ချက်၌ ခြေထောက်ဖြင့်ကန်ခြင်းလည်းလုပ်၏။တစ်ခါတစ်ခါ ပြင်းထန်သော ထိုးချက်မပါသည့် ဂျက်လက်သီးဖြင့်လည်း အဟန့်ဖြစ်စေပြန်၏။ဂျိတ်၏တိုက်ခိုက်ဟန်သည် ဆံဖြူလူငယ်၏လွတ်သော နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းပင်ဖြစ်သည်။မျက်နှာကိုပါက ကိုယ်အောက်ပိုင်းကို တိုက်ခိုက်၏။ အောက်ပိုင်းကိုကာပါက မျက်နှာကို ပစ်မှတ်ထားသည်ဖြစ်သည်။"ဖြောင်း ဖြောင်း"ဂျိတ်၏ထိုးချက်များက ဆံဖြူလူငယ်အား ကောင်းစွာဒုက္ခပေးလေတော့သည်။"ဘယ်လိုတိုက်ခိုက်နေတာလဲ"ဦးလေးတက်သည် ဂျိတ်၏တိုက်ခိုက်ဟန်ကြောင့် မင်သက်စွာကြည့်နေ၏။ သူ၏အနား၌ရှိနေသော စစ်သည်ငါးယောက်လည်း ထိုနည်းအတိုင်းပင်။ဂျိတ်၏တိုက်ခိုက်ဟန်အား တစ်ခါမှ မမြင်ဖူးသောကြောင့်ဖြစ်၏။ဂျိတ်၏ဘယ်ညာလက်သီးများကိုမှ ဖြောင့်လက်သီး၊ပင့်လက်သီး၊ဝိုက်လက်သီးစသည်ဖြင့် မျိုးစုံသလို ခြေထောက်ဖြင့်ကန်ရာတွင်လည်း ထောက်ကန်ခြင်းနှင့် ဒူးပျံများလည်း သုံး၏။ တစ်ခါတစ်ခါ လက်သီးတိုက်ခိုက်ပြီးသောအခါ တံတောင်ဖြင့်လည်း ထပ်ဗျင်း၏။ထိုသို့သော တိုက်ခိုက်များကြောင့် ဆံဖြူလူငယ်သည် ဂျိတ်အား တိုက်ခိုက်ရန်ထက် မိမိအား မထိရန်သာ ကာနေရသည့်အဖြစ်သို့ ရောက်ရှိသွားလေတော့၏။ထိုသို့ကာကွယ်ပါသော်လည်း ဂျိတ်၏တိုက်ခိုက်မှုတစ်ချက်စီတိုင်းသည် သူ့အား နာကျင်မှုကို ကောင်းကောင်းကြီးပေးစွမ်းနေသည်ဖြစ်ရာ ကာကွယ်ရန်ပင် ခက်ခဲလှ၏။အထိုးခံရသော အကန်ခံရသော နေရာတိုင်းသည်လည်း အရှိုးရာများ အညိုမဲများ စွဲကုန်၏။ငါးမိနစ်မျှကြာသောအခါ ဆံဖြူလူငယ်၏မျက်နှာသည် လူရုပ်ပင်မပေါက်နေတော့ပေ။"ဝီး"ဂျိတ်၏အရှိန်ဟုန်ပါသည့်ဒူးပျံတိုက်ခိုက်မှုသည် နောက်တစ်ကြိမ်ထပ်လာပြန်၏။ ထိုအခါ သတိထားနေသော ဆံဖြူလူငယ်သည် ထိုတိုက်ကွက်ကိုတော့ ကြိုတင်ခန့်မှန်းထားသည့်အလား ရှောင်တိမ်းနိုင်၏။ထိုသို့ရှောင်တိမ်းလိုက်သောအခါ ဂျိတ်လည်း ဆံဖြူလူငယ်၏မျက်နှာအား ထပ်မံတိုက်ခိုက်၏။ ထိုတိုက်ခိုက်မှုကြောင့် မျက်နှာအား ကာသောအခါ ဂျိတ်သည် ကာကွယ်ရန် လစ်ဟာနေသော ဆံဖြူလူငယ်၏ခြေသလုံးအား အားပါးတရကန်လေတော့၏။အားပါပြီး ဆက်တိုက်ဆိုသလို ကန်ချက်ကြောင့် ဆံဖြူလူငယ်သည် ခြေသလုံးထိခိုက်သွားပြီး ရှောင်တိမ်းရန် ဟန်ချက်ပျက် ခက်ခဲသွားလေသည်။ထိုအခါ ဂျိတ်သည် မထင်မှတ်သောအကွက်အား ထုတ်သုံးလိုက်လေသည်။ သူသည် ဆံဖြူလူငယ်အနားသို့ မြန်ဆန်စွာသွားပြီးလျှင် သူ၏လက်နှစ်ဖက်ဖြင့် ဆံဖြူလူငယ်မလွတ်ထွက်သွားစေရန် သူ၏ကိုယ်အား ဖက်ကာ ချုပ်လိုက်၏။ရုတ်ခြည်းချုပ်မှုကြောင့် ဆံဖြူလူငယ်လည်း ကြောင်အသွား၏။သို့သော်လည်း ချက်ချင်းပင် သတိဝင်ကာ လွတ်ရန်ကြိုးစား၏။ဂျိတ်၏ချုပ်ထားမှုသည် သံမဏိကြိုးတစ်ချောင်းပမာ မြဲနေရာ မရုန်းလွတ်ထွက်နိုင်ပေ။"ရော့ဒါကိုစား"ဂျိတ်သည် သူ၏ခေါင်းအား မော့ကာ ဆံဖြူလူငယ်၏နဖူးကိုအားပါးတရဆောင့်ချပစ်၏။ဟုတ်ပေသည်။ ဂျိတ်ထုတ်သုံးလိုက်သောအကွက်သည် လက်ဝှေ့ပညာရပ်ထဲတွင်ပါသော ခေါင်းဖြင့် တိုက်ခိုက်ခြင်းပင်ဖြစ်သည်။"ဖြောင်း"ထိုတိုက်ကွက်ကြောင့် ဆံဖြူလူငယ်၏နဖူးမှာ ဟက်တက်ကွဲသွားအပြင် သွေးများ ဖြာကျလောတော့၏။"ဘုတ်"ပြင်းထန်လှသော ခေါင်းတိုက်ချက်ကြောင့် ဆံဖြးလူငယ်မှာ ထိုနေရာ၌ပင် တုံးခနဲ မေ့လဲသွားလေတော့၏။"ပြီးပြီ"မိမိလက်မှာ အပြာရောင်အမှတ်သားပျောက်ကွယ်သွားသောကြောင့် ပွဲပြီးပြီဖြစ်ကြောင်း ဂျိတ်သိလိုက်သည်။"သခင်လေး"စစ်သည်ငါးယောက်လည်း ဆံဖြူလူငယ်မေ့လဲသွားသောအခါ ဦးလေးတက်ကိုပင် သတိမရတော့ပဲ ဆံဖြူလူငယ်ထံသို့ ပြေးသွားကြလေသည်။"ဒီကောင်သေပြီလား""သေတော့မသေဘူး ဒါပေမဲ့တစ်ရက်လောက်တော့ သတိမေ့နေမှာပါ"ဂျိတ်၏ရက်စက်ပြီးပြင်းထန်လှသော ခေါင်းတိုက်ကွက်ကြောင့် ဆံဖြူလူငယ်သည် ထပ်မံတောင့်ခံနိုင်စွမ်းမရှိတော့ပဲ ချက်ချင်းလဲကျသွားရသည်ဖြစ်သည်။ဂျိတ်၏တိုက်ခိုက်မှုသည် ဦးခေါင်းအား တိုက်ရိုက်ထိခိုက်စေသည်ရာ ထိုသို့လဲကျသွားသည်ပင် မဆန်းလှပေ။"မင်းသေချင်တာလား"စစ်သည်ငါးယောက်သည် မိမိတို့သခင်လေး မေ့လဲသွားမှုကြောင့် ဂျိတ်ဖက်သို့ လှည့်လာကြ၏။သူတို့၏အကြည့်များတွင် သတ်ဖြတ်လိုစိတ်များပါဝင်နေကြောင်း ဂျိတ်အာရုံခံမိသည်။ ထိုသူတို့၏အပြုမှုများကြောင့် ဦးလေးတက်လည်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။"မင်းတို့က ငါ့စံအိမ်ထဲမှာ ဒီလိုလုပ်ရဲနေကြပြီပေါ့လေ"ထိုအသံထွက်ပေါ်လာသည်နှင့် ကြားရသောတုန်လှုပ်သွားကြ၏။ ထိုအသံထွက်ပေါ်လာသည်နှင့် မိမိတို့အပေါ် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများခံစားလိုက်ကြရသောကြောင့် ဖြစ်သည်။"ဘယ်လိုဖြစ်"သတ်ဖြတ်ရန်ပြင်နေသော စစ်သည်ငါးယောက်အပေါ်၌ သက်ရောက်မှုက ပို၍ပင် များ၏။သက်ရောက်လာသော ဖိအားကြောင့် မိမိတို့၏အရိုးများပင် ကျိုးကြေတော့မည်ဟုပင် ခံစားမိလာသည်။ဂျိတ်နှင့်ဦးလေးတက်တို့အပေါ်၌ ဖိအားသည် သက်ရောက်ရုံဆိုသည်မှသာ သက်ရောက်သောကြောင့် ထိုသို့မဖြစ်ပေ။"ကျနော်တို့မှားသွားပါတယ် ခွင့်လွတ်ပေးပါ မျိုးနွယ်စုအရှင်"စစ်သည်ငါးယောက်သည် တုံးအနေခြင်းမရှိရာ ထိုသို့ဖိအားပေးနိုင်သူမှာ မည်သူဖြစ်ကြောင်း သိသောကြောင့် ချက်ချင်းပင် တောင်းပန်ကြလေ၏။"ဟိုဆံဖြူကိုခေါ်သွား အခုချက်ချင်း "ထိုစကားကြောင့် စစ်သည်ငါးယောက်လည်း မေ့နေသော ဆံဖြူလူငယ်အား ပွေ့ကာ စံအိမ်ထဲမှ ထွက်ခွာသွားကြလေသည်။ထိုသို့ပြောနိုင်သောလူသည် တခြားမဟုတ် မိမိ၏အဘေးဖြသ်ကြောင်း ဂျိတ်သိပြီးသားဖြစ်သည်။ ထိုအဘေးသည် မိမိတို့နှစ်ယောက်တိုက်ခိုက်စဥ်ကတည်းက နိုးနေနှင့်ပြီးသားဖြစ်ကြောင်း ဂျိတ်မှ လွှဲ၍ကျန်သောသူများ မသိကြပေ။"သူဘယ်သူလဲ မြေးလေးတက်"ဦးလေးတက်နှင့်ရုပ်ရည်အတိမ်းမယိမ်းလူက ထိုသို့ခေါ်သည်ကို ဂျိတ်ကြားရသောအခါ ရယ်ချင်စိတ်အား မနည်းထိန်းထားရ၏။ခေါ်ခံရသော ဦးလေးတက်ကတော့ မည်သို့မျှ မနေပဲ"သူ အာသာရဲ့သားပါ ဂျိတ်လို့ခေါ်တယ် အဘိုး အခုလိုနိူးလာအောင်လဲ သူပဲ ကုသပေးတာပါ"ထိုသို့ပြောသောအခါ ဂျိတ်အပေါ်သို့ သူ၏အကြည့်များက ယခင်ကထက် ပိုမိုစူးရှလာသည်ဟု ဂျိတ်ခံစားမိသည်။ထိုအကြည့်များသာ တစ်ခြားသူထံကျရောက်ပါက စိတ်တုန်လှုပ်ခြောက်ခြားပြီး လဲကျသွားနိုင်၏။ဂျိတ်ကတော့ ထိုအဘေး၏အကြည့်များကိုကြောက်လန့်နေခြင်းမရှိ ပြန်လည်ကာပင် တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။"သိပ်ကောင်းကွာ သိပ်ကောင်း"သူ၏ဝမ်းသာအားရအော်သံကြီးက စံအိမ်အတွင်း ပျံနှံနေသည်။ သူသည် ဂျိတ်ကိုကြည့်လေ ပိုပြီး အားရလေဖြစ်သည်။သူ၏မြေးများဖြစ်သော တက်နှင့် အာသာပင် သူ၏အကြည့်ကြောင့် တုန်လှုပ်သွားတတ်သော်လည်း မြစ်ဖြစ်သူ ဂျိတ်ဆိုသူကတော့ ကြောက်လန့်ခြင်းမရှိ သူ့ကိုပင် ပြန်လည်စိုက်ကြည့်နေသောကြောင့်ဖြစ်သည်။အစောပိုင်း၌ ဂျိတ်၏တိုက်ခိုက်မှုများက ဂျိတ်၏ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ကြောင်းပြသ သလို သူ့အားပြန်ကြည့်ရဲသည်က သူမတူသော စိတ်ပိုင်းဆိုင်ရာ သန်မာမှုရှိကြောင်း ဘိုးဘေးအနေဖြင့် ခံစားမိသည်။"ကောင်းတယ် ကောင်းတယ် မင်းငါ့ကိုပါ နိူးလာအောင်ကုပေးတယ် ဆိုမှတော့ ငါထက်နှစ်ဆင့်ပဲ နိမ့်တဲ့ ရာထူးပေးတယ်""ငြင်းပါတယ်"ဘိုးဘေးပြောသည်နှင့် ဂျိတ်သည် တန်းပင် ငြင်းပယ်လိုက်သည်။ဂျိတ်၏အပြုမှုကြောင့် ဦးလေးတက်လည်း ကြောင်အသွားလေတော့၏။

(431) သတင်းရပြီ

"မင်းဘာပြောတယ်"ဘိုးဘေးသည် သူကြားလိုက်သောစကားကြောင့် အံအားသင့်သွား၏။ သူသည် ဖိုက်တာမျိုးနွယ်စု၏အရှင်သခင်ဖြစ်ပြီး သူ၏စကားကို ငြင်းပယ်ဝံသူရှား၏။လက်ရှိ၌ ဂျိတ်သည် သူ၏စကားအား ငြင်းပယ်လိုက်သောကြောင့်ဖြစ်သည်။"မင်းငြင်းလိုက်တာလား""ဟုတ်တယ် ကျနော်ငြင်းလိုက်တာ"ဂျိတ်သည် သူ၏ငြင်းပယ်သောစကား ဘိုးဘေးမကြားမည်စိုးသောကြောင့် တစ်လုံးချင်းစီ ကျယ်ကျယ်လောင်လောင်ပြော၏။"တော်တော် ငါနားမလေးဘူး မင်းပြောတာ ငါကြားတယ်"ဘိုးဘေးသည် ဂျိတ်၏ ငြင်းပယ်သောစကားကြောင့် အနည်းငယ် စိတ်ဓာတ်ကျသွား၏။ဂျိတ်၏တန်းငြင်းသောစကားကြောင့် ဦးလေးတက်လည်း ကြောင်တောင်တောင်ဖြစ်နေ၏။("ဂျိတ်မင်း ရူးနေလား")သူ၏စိတ်ထဲ၌ ဂျိတ်အား အပြစ်တင်နေမိ၏။ ဘိုးလေးကမ်းလှမ်းသော ရာထူးသည် သေးသေးမွှားမွှားမဟုတ်ပေ။ ဂရိတ်တိုင်းပြည်၏နယ်မြေထက်ပိုမိုကြီးမားသော ရှေးဟောင်းမျိုးနွယ်စု၏နယ်မြေနှင့် အစွမ်းထက် ခွန်အားကြီးသော လူမျိုးများအား ကိုယ်တိုင်ကိုယ်ကျ အုပ်စိုးစေခိုင်းနိုင်သော ရာထူးအား ချက်ချင်းပင် ငြင်းပယ်လိုက်သောကြောင့်ဖြစ်သည်။"ဂုဏ်ယူပါတယ် ဘိုးဘေး နောက်တစ်ဆင့်ကို ရောက်ရှိသွားတဲ့အတွက်ပါ"ဂျိတ်၏ဂုဏ်ပြုသော စကားကြောင့် ဦးလေးတက်လည်း ဘိုးဘေးအား ကြည့်ကာ တုန်လှုပ်သွား၏။"အ..အဆင့်တက်သွားတယ်ဆိုတော့ "သူသည် ဘိုးဘေး၏အဆင့်သည် မာစတာအဆင့်အထွတ်ထိပ်၌ ရှိကြောင်း သိပြီးသားဖြစ်သည်။ အဆင့်တက်သွားသည်ဆိုပါက ဂရန်းမာစတာ အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်၏။ဂရန်းမာစတာအဆင့်သည် ရောက်ရှိရန် ခက်ခဲပြီး ဦးလေးတက် စိတ်ကူးယဥ်ခဲ့ရသော အဆင့်လည်းဖြစ်ပေသည်။"ကံကောင်းသွားလို့ပါ"ဘိုးဘေးသည် ထိုသို့ပြောသော်လည်း သူ၏မျက်နှာက ပြုံးဖြဲနေ၏။ "ဘိုးဘေးလည်း နေကောင်းသွားတယ်ဆိုမှတော့ ကျနော်ပြန်တော့မယ်နော်"ဂျိတ်သည် ဘိုးဘေးအား နှုတ်ဆက်စကားဆိုပြီး ပြန်ရန်အလုပ်"နေဦး မြစ်လေးရဲ့ မျိုးနွယ်စုထဲမှာ ငါဘိုးဘေးက ပထမဆုံးအနေနဲ့ ဂရမ်းမာစတာအဆင့်ရောက်တာ ဂုဏ်ပြုပွဲလုပ်မှာလေ ဒါကြောင့် နေပါဦး"မိမိ၏ပေးသော ရာထူးအား ငြင်းပယ်ပြီး ပြန်ရန်သာ လုပ်နေသော မြစ်လေးဖြစ်သူ ဂျိတ်အား မနည်းတားထားရ၏။("အပိုတွေ သူ့မြေးဖြစ်တဲ့ အာသာက ဂရန်းမာစတာအဆင့်မကလို့ နတ်ဘုရားအဆင့်ရောက်သွားပြီ")ဂျိတ်သည် စိတ်ထဲ၌သာ ပြောပြီး ပြင်ပ၌မူ ငြင်းနေဆဲ ဖြစ်သည်။ဂျိတ်၏အပြုမှုကြောင့် ဘိုးဘေးသည် မြစ်ဖြစ်သူဂျိတ်သည် သူပေးသောရာထူးလည်း စိတ်မဝင်စားသလို ပြန်ရန်သာအတင်းလုပ်နေ၏။ အကျိုးကြောင်း သိလို၍ မြေးဖြစ်သူတက်အား စိတ်ဖြင့် ဆက်သွယ်မေးမြန်းရာ အကြောင်းရာကို သိရှိလေတော့၏။တက်လည်း ဘိုးဘေးအား လိုရင်းတိုရှင်း အကျဥ်းချုပ်ရှင်းပြလေ၏။သူ၏မြေးဖြစ်သူအာသာ၏သား ဂျိတ်သည် အပြင်လောက၌ ဂရိတ်တိုင်းပြည်ကို အုပ်စိုးသောဘုရင်ဖြစ်သည့်အပြင် ချစ်စရာကောင်းသောသမီးလေးလည်း ရှိကြောင်း သိလိုက်ရ၏။ သူ၏ကြွယ်ဝမှုသည် မိမိတို့ရှေးဟောင်းမျိုးနွယ်စုနီးနီးထိပင် ရှိကြောင်းနှင့် ထိုတိုင်းပြည်၏အင်အားသည် မိမိတို့မျိုးနွယ်စုထက် မလျော့ကျနိုင်ကြောင်း ကြားမိရသောအခါ ဘိုးဘေးသည် ဂျိတ်အား စိတ်ဝင်စားဟန် ဖြစ်လာ၏။မိမိ၏အတင်းတောင်းပန်သော စကားကြောင့်သာမဟုတ်လျှင် ဂျိတ်သည် ယခုလို လာရောက်ပြီးကုသမည်မဟုတ်ကြောင်းပါ ရှင်းပြလိုက်၏။ထိုအခါမှ ဘိုးဘေးသည် သဘောပေါက်သွားပြီး ခေါင်းငြိမ့်ကာ"ဒါဆိုလည်း မြစ်လေး ငါမင်းကို မတားတော့ဘူး "ဘိုးဘေးသည် ဂျိတ်အား ဆက်လက်တားနေခြင်းမရှိတော့ပဲ လွတ်ပေးလိုက်တော့၏။ဂျိတ်လည်း ဂုဏ်ပြုပွဲအတွက် ဝမ်းမြောက်ပါကြောင်း ဆိုပြီး စံအိမ်ထဲမှ ထွက်ခွာလာခဲ့လိုက်သည်။လာစဥ်က ဦးလေးတက်နှင့် လာခဲ့သည်ဆိုသော်လည်း အပြန်၌ သူတစ်ယောက်တည်းသာ ပြန်တော့မည်ဖြစ်သည်။ဦးလေးတက်သည် ယခုမှ သက်သာလာသော ဘိုးဘေးအနီး၌ ရက်အနည်းငယ်နေဦးမည်ဖြစ်ကြောင်း ဂျိတ်အား စိတ်ချင်းဆက်သွယ်ပြောလိုက်၏။ထိုစကားသည် အလှသဘောဖြင့် ပြောခြင်းသာဖြစ်ပြီး ဘိုးဘေးမရှိချိန်၌ မျိုးနွယ်စုအတွင်း ဖြစ်ပျက်သွားသည်များ တင်ပြရမည်ဖြစ်သောကြောင့် ကျန်နေခြင်းဖြစ်ကြောင်း ဂျိတ်ကောင်းကောင်းကြီး သဘောပေါက်၏။"မင်းပြန်မယ်ဆိုတော့ ငါ့လေယာဥ်မင်းစီး...""မလိုဘူး ဦးလေးတက် ကျနော်လဲ တစ်စီးပါတယ်"စံအိမ်အပြင်သို့ ရောက်သောအခါ ဂျိတ်သည် သူ၏လက်စွပ်အား တစ်ချက်ပွတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ဝှေ့ယမ်းလိုက်သည်။"လခွီးမှ"ဦးလေးတက်ဆဲ မိသွား၏။ သူသည် ဂျိတ်၏လေယာဥ်ဆိုသော အရာကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ကောင်းကင်ယံ၌ ပျံသန်းနေသော လေယာဥ်သည် သူ၏ကြီးပေ့ဟူသော ဗုံးကြဲယာဥ်ထက်ကြီးမားနေသောကြောင့်ဖြစ်သည်။"ငလူးဘာကြီးတုန်း"မြစ်ဖြစ်သူပြန်မည်ဆိုသောကြောင့် လိုက်ပို့ပြီး ရင်းနှီးယူမည်ဟူသော ဘိုးဘေးလည်း ကောင်းကင်၌ ပျံသန်းနေသော လေယာဥ်ကို ကြည့်ကာ ဆဲမိပြန်သည်။ဂျိတ်၏လေယာဥ်သည် ကြီးမားနေရခြင်းမှာသာမန်လေယာဥ်မဟုတ် အာသာသထိပါ မောင်းနှင်နိုင်သော အာသာသလေယာဥ်တစ်စင်းဖြစ်သောကြောင့်ဖြစ်သည်။ ထိုယာဥ်သည် တခြားသော ယာဥ်များထက် အမြန်နှုန်းသည် အဆပေါင်းများစွာ အပြတ်သတ်သာ၏။ထိုလေယာဥ်သည် အာသာသအတွင်းသွားလာရာ၌ အသေးဆုံးယာဥ်အမျိုးစားထဲမှ တစ်စီးဖြစ်သော်လည်း ကြီးမားနေဆဲဖြစ်သည်။ဦးလေးတက်သည် အာသာသယာဥ်သို့သာ စိုက်၍ကြည့်နေမိ၏။ ထိုယာဥ်၌ တပ်ဆင်ထားသော လက်နက်များစွာသည် သူ့အားဆွဲဆောင်နေသကဲ့သို့ပင်ဖြစ်၏။ကြီးမားပြီး လှပသော အသွင်ပြင်နှင့် ကြောက်မက်ဖွယ်ကောင်းသော လက်နက်များ တပ်ဆင်းထားသော ယာဥ်သည် သူ့အား ကောင်းစွာ အန္တရာယ်ပေးနိုင်ကြောင်း ဘိုးဘေးအနေဖြင့် ခံစားမိသည်။အန္တရာယ်များသောကြောင့် မိမိကိုယ်တိုင်လိုက်ပို့မည်ဟူသော သူ၏ဆုံးဖြတ်ချက်ကို မြိုသိပ်ပြီး ငေးကြည့်ယုံသာ တတ်နိုင်၏။ဂျိတ်လည်း ဦးလေးတက်နှင့် ဘိုးဘေးအား နှုတ်ဆက်ပြီးသည်နှင့် လေယာဥ်ပေါ်တက်လိုက်၏။ထိုအခါလေယာဥ်သည် အသံတစ်ချက်မည်ပြီးနောက် အသံထက်မြန်သောအရှိန်ဖြင့် မျိုးနွယ်စုနယ်မြေမှ ထွက်ခွာသွားတော့၏။လေယာဥ်ထွက်ခွာပြီး အချိန်အနည်းငယ်ကြာမှ လေခွင်းသံတို့သည် မြည်ဟီးလာ၏။ထိုအခါမှ ဘိုးဘေးလည်း သူမြင်ရသောအရာကို ယုံကြည်ရန်ကြိုးစားပြီး မြေးဖြစ်သူတက်၏ပခုံးပေါ်သို့လက်တင်ပြီး"ကောင်လေး ငါ့ကို အကုန်ပြောပြစမ်း"....................အလွန်လှပသော တိုင်းပြည်တစ်ခု၏တည်းခိုခန်းစံအိမ်အတွင်း၌ လူတစ်ယောက်သည် အနားယူနေ၏။ထိုလူသည် တခြားသူမဟုတ် ဂျိတ်၏ဖခင်ဖြစ်သူ အာသာပင်ဖြစ်သည်။လက်ရှိအခြေနေ၌ သူသည် ထိခိုက်ဒဏ်ရာ ရရှိထား၏။သူ၏လက်မောင်းသည် များစွာသော ဓားချက်များကြောင့် စုတ်ပျက်နေသည်။ လက်မောင်းသည်သာမဟုတ်ပဲ သူ၏ရင်ဘတ်သည်ပင် နံရိုးများပေါ်နေသည်အထိ မြင်နေရ၏။"ဝုန်း"ထိုဒဏ်ရာများပေါ်သို့ မီးတောက်တစ်ခုက လွှမ်းခြုံသွားသည်။ ထိုသို့လွှမ်းခြုံသွားသည်နှင့် နံရိုးပင်မြင်နေရသော ရင်ဘတ်သည် တဖြေးဖြေးဖြင့် မျက်စိဖြင့်မြင်သာရသောနှုန်းဖြင့် အကောင်းပကတိအတိုင်း ပြန်လည်ကောင်းမွန်လာ၏။ ဒဏ်ရာရထားသော လက်မောင်းကိုလည်း ထိုမီးတောက်က လွှမ်းခြုံထား၏။ မီးတောက်၏လွှမ်းခြုံထားသော ဒဏ်ရာများသည် မည်မျှပင် ဆိုးဝါးပါစေ မူလအတိုင်း ပြန်လည်ကောင်းမွန်လာရပေသည်။"တော်သေးတယ် ဒီမီးတောက်ရှိလို့"အာသာသည် အစိမ်းနုရောင်ရှိသော မီးတောက်လေးအားကြည့်ကာ ရေရွတ်လိုက်၏။ ထိုမီးတောက်လေးသည် အသက်ဓာတ်များပြည့်ဝနေကြောင်း အာသာခံစားမိ၏။ဒဏ်ရာအားလုံးအား ကုသပြီးသောအခါ အာသာသည် ထိုမီးတောက်အား ပြန်လည်သိမ်းဆည်းလိုက်သည်။ထိုမီးတောက်ဖြင့်ကုသမှုကို လူများမြင်သွားပါက တပ်မက်မည်စိုးသောကြောင့် အာသာသည် တည်းခိုခန်းတစ်ခုသွားကာ စံအိမ်တစ်ခုငှားပြီး တစ်ယောက်တည်း ကြိတ်မှိတ်ကုသရခြင်း၏အကြောင်းရင်းလည်းဖြစ်သည်။"အချစ် မင်းဆီကိုယ်လာနေပြီနော်"အာသာသည် တစ်ယောက်တည်းရေရွတ်ပြီး နတ်ဗိမာန်ဟူသော မြို့သို့ ဦးတည်ထွက်ခွာလာ၏။ထိုမြို့သို့ ထွက်ခွာလာသောအကြောင်းရင်းသည် သူ၏ချစ်သူသည် ထိုမြို့၌ရှိသည်ဟု သတင်းရထားသောကြောင့်ဖြစ်သည်။

(432)ဂန်ဒမ်ဖြင့် တိုက်ပြီ

"ဟူး......တော်သေးတာပေါ့"ဂျိတ်သည် မှန်ပြင်အား ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူသည် ဖခင်ဖြစ်သူ၏ တိုက်ပွဲကို ကြည့်ရှု့နေခြင်းလည်းဖြစ်သည်။ သူကြည့်ရှူနေသော မှန်သည် မှော်မှန်ဟုပြောလျှင်လည်း ရ၏။ထိုမှန်သည် လက်ရှိခေါတ်၌ ရှိသော စာသင်ရာ၌သုံးသော ဝှိုက်ဘုတ်(စာသင်သင်ပုန်းအဖြူ) တစ်ချပ်စာမျှ ကြီးမား၏။ဖခင်ဖြစ်သူ မည်သို့အခြေနေရှိသည်ကို သိလိုသောကြောင့် ဂျိတ်မှ ကြည့်ခဲ့သည်လည်းဖြစ်သည သူ၏ဖခင်ဖြစ်သူအာသာသည် နတ်ဗိမာန်သို့ သွားရာ လမ်း၌ ဓားပြတစ်ဖွဲ့ဖြင့် တိုးလေ၏။ထိုဓားပြတစ်ဖွဲ့တွင် ရှစ်ယောက်ပါပြီး နတ်ဘုရားအဆင့်လေးယောက်ပါရှိ၏။ဂရန်းမာစတာအဆင့်က လေးယောက်ဖြစ်သည်။ထိုတစ်ဖွဲ့လုံးအား အာသာသည် တစ်ကိုယ်တည်းရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့လေသည်။အာသာသည် သူ၏တိုက်ခိုက်စွမ်းရည်များနှင့် အစွမ်းထက်သော မီးတောက်များအား အသုံးပြုပြီး ဓားပြအဖွဲ့အား သတ်ဖြတ်ပစ်နိုင်ခဲ့လေသည်။ ထိုတိုက်ပွဲ၌ အာသာသည် သေးငယ်သော ပြတ်ရှရာလောက်သာ ရရှိသောကြောင့် ဂျိတ်အနေဖြင့် သက်ပြင်းချသည်ဖြစ်သည်။ဖခင်ဖြစ်သူသည် မိခင်ဖြစ်သူအား ရှာဖွေရာ၌ တစ်ယောက်တည်းစေလွတ်သည်ဟု ထင်နိုင်သော်လည်း အာသာအနေဖြင့် အသက်ဘေးဖြင့် ကြုံလာသောအခါ ဂျိတ်သည် ချက်ချင်းပင် ကူညီပေးမည်ဖြစ်သည်။ထိုသို့ ကူညီနိုင်ရန်လည်း မှော်မှန်မှ တစ်ဆင့်ကြည့်နေသည်ဖြစ်သည်။ ထိုသို့ကယ်မည့်အကြောင်းရင်းသည် အာသာသည် ဂျိတ်၏ဖခင်ဖြစ်သောကြောင့်ဖြစ်သည်။ နောက်တစ်ချက်ကတော့ လက်ရှိ၌ အာသာသည် ရွေ့လျားနေသော ရတနာသိုက်ကြီး ဖြစ်သည်။သူ၏ကိုယ်၌ ရှိနေသော မီးတောက်များသည် စကြာဝဠာ အနှံ့၌ ရှိနေသာ မကောင်းဆိုးဝါးများအတွက် အလွန်ပင် တပ်မက်ဖွယ်ကောင်းသော ရတနာများဖြစ်သောကြောင့် ဖြစ်သည်။ထိုမီးတောက်များသာ တခြားသူလက်ထဲရောက်သွားပါက ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက် ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။"သူလဲ အဆင်ပြေတယ်ဆိုမှတော့ သမီးလေးဆီသွားတာကောင်းပါတယ်"ဂျိတ်လဲ ဖခင်ဖြစ်သူအား စိတ်ချပြီဖြစ်သောကြောင့် သမီးလေးဆီသာ သွားလိုက်၏။ အယ်မလီလေးသည် ယုန်လေးများဖြင့် ဆော့ကစားနေကြောင်း ဂျိတ်တွေ့လိုက်ရလေ၏။ ယုန်များကလည်း အဖြူရောင် အနီရောင်အပြင် အစိမ်းများပါရှိနေသေး၏။သမီးဖြစ်သူမှာ ယုန်သဘောကျမှန်းသိသောကြောင့် ဂျိတ်မှ များစွာသော ယုန်အမျိုးများစွာကို သမီးလေးအတွက် အတူဆော့ကစားနိုင်စေရန် ရှာပေးထားခြင်းလည်းဖြစ်ပေသည်။"အချစ်..."ဂျိတ်လည်း ခေါ်သံကြားရာ လှည့်ကြည့်သောအခါ အယ်လီနာအား တွေ့လိုက်ရလေသည်။ အယ်လီနာသည် ယခင်ဖြစ်ရပ်ဆိုးပြီးကတည်းက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ယခင်က သူမသည် သိမ်မွေ့ပြီး နူးညံသော မိန်းမသားတစ်ယောက်ဆိုပါက လက်ရှိတွင် ထက်မြက်တက်ကြွပြီး အင်အားပြည့်ရှိကာ တောက်ပသော မိန်းမသားအသွင်ဆောင်၏။သူမ၏ကျင့်ကြံမှုအဆင့်သည်လည်း ဂရန်းမာစတာအဆင့်ထိပင် ရောက်ရှိနေပြီဖြစ်သည်။သူမသည် ဖခင်ဖြစ်သူထံမှ ရရှိလာသော နတ်သူငယ်မျိုးနွယ်စု၏ပါရမီနှင့် ဂျိတ်၏ပြုစုစောင့်ရှောက်မှုတို့ဖြင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ကျင့်ကြံမှုသည် ယခုလိုမြင့်တက်လာခဲ့သည်လည်း ဖြစ်ပေသည်။ယခင်က စိတ်ပျော့အားငယ်သောသူမသည် ယခုအခါ စိတ်သန်မာနေပြီး ယောကျာ်းဖြစ်သူနှင့် သမီးလေးတွက် အရာရာကိုရင်ဆိုင်လိုမည်ဟူသော မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီလည်းဖြစ်သည်။ဂျိတ်လည်း အယ်လီနာအား မိမိအနားခေါ်ကာ ဆော့ကစားနေသော သမီးဖြစ်သူအား ညွှန်ရင်း"တွေ့လား တို့ကလေးလေး တစ်ယောက်တည်း ယုန်လေးတွေနဲ့ကစားနေရှာတာ"အယ်လီနာလည်း ချစ်စရာကောင်းသော သမီးလေး ဆော့နေသည်ကို ကြည့်ပြီး ဂျိတ်ဖက်လှည့်ကာ"အဲ့ဒီတော့ ရှင်ကဘာလုပ်ချင်လို့လဲ""သူပျင်းနေမှာစိုးလို့ နောက်တစ်ယောက်မွေးကြမယ်လေ"ယခင်အယ်လီနာသည် ထိုသို့ပြောပါက ရှက်သွေးဖြာပြီး အဝေးသို့ ရှက်ရမ်းရမ်းကာ ထွက်ပြေးသွားမည်ဖြစ်သည်။ယခုမှ ပြောင်းလဲပြီးဖြစ်သောကြောင့် အယ်လီနာသည် ဂျိတ်အား စိုက်ကြည့်ပြီး"တစ်ယောက်တည်းလား နှစ်ယောက်ဆိုပိုမကောင်းဘူးလား...အို ပြောနေတာကြာပါတယ် အခုပဲ ကြိုးစားလိုက်မယ်လေ"ဂျိတ် "..........."

..................... နှစ်ပတ်ဟူသော အချိန်ကာလသည် ကုန်ဆုံးသွားခဲ့၏။ ဂျိတ်လည်း ထိုကာလအတွင်း၌ သမီးလေးဖြစ်သူအား စားသောက်ဖွယ်ရာများအား ချက်ကြွေးခြင်း၊အတူကစားပေးခြင်းနှင့် မိန်းမဖြစ်သူနှင့် အတူပျော်ရွှင်စွာ အချိန်ကုန်ဆုံးခြင်းကိုသာ လုပ်ဆောင်၏။ထိုသို့ပြုလုပ်ခြင်းသည် ဂျိတ်အတွက် အပျော်ဆုံးအချိန်များပင်ဖြစ်သည်။ ထူးဆန်းသော လူတစ်ယောက်၏ သတိပေးစကားကိုလည်း မမေ့ပေ။လက်ရှိအချိန်၌ ထိုစကားကြောင့် စိုးရိမ်လွန်ပြီး တုန်လှုပ်နေပါက အပိုသာဖြစ်သောကြောင့် လက်ရှိပစ္စုပန်ကိုသာ အာရုံစိုက်ထားသည်လည်းဖြစ်သည်။"အင်း ဒီနေ့က တာနာရှာတို့ တိုက်ခိုက်မဲ့နေ့ပဲ"ဂျိတ်သည် တာနာရှာ၏တိုက်ပွဲအကြောင်းအား သတိရသွားသည်။ တာနာရှာသည် မိမိနှင့် မဆုံတွေ့တုန်းက သူမသည် အလွန်ပင်တိုက်ခိုက်ရေးကောင်းမွန်ပြီး စစ်ဗျူဟာများအား ချမှတ်တတ်သော စစ်သူကြီးဟု နာမည်ကျော်ကြောင်း သိရှိထားသည်ဖြစ်သည်။သူမသည် မိမိနှင့် တွေ့သောကြောင့်သာ ရှုံးခဲ့ရခြင်းဖြစ်ပြီး ယခုလည်း သူမ မည်သို့ တိုက်ခိုက်မည်ကို ဂျိတ်သိရှိလိုသည်။မိမိထံမှ ဂန်ဒမ် ငါးကောင်ယူသွားပြီး မည်သည့်အမျိုးစားများ ယူသွားသည်နှင့် မည်သို့သော ဗျူဟာချပြီး တိုက်ခိုက်မည်ကို သိရှိလိုသည်။ ထို့ကြောင့် ဂျိတ်လည်း မှော်မှန်လေးသွားကာ ကြည့်ရှုလိုက်လေသည်။ထိုသို့ကြည့်လိုက်သည်နှင့် မှန်ပြင်ပေါ်၌ အလွန်ပင် ခန့်ညားထည်ဝါလှသော စက်ရုပ်ကြီး ငါးရုပ်ကို(ဂန်ဒမ်ငါးကောင်)မြင်လိုက်ရ၏။ထိုငါးကောင်သည် မှောင်မဲတောကြီး၏တစ်နေရာ၌ ရောက်ရှိနေပြီဖြစ်သည်။ထိုနေရာသည် တာနာရှာတို့နေသော ဆာဗေ့နယ်မြေ၏မိုင်တစ်ရာအလွန်၌ ရှိ၏။အထက်တန်းဆာဗေ့များအား ကြိုတင်ချုံခိုတိုက်ခိုက်ရန် တာနာရှာဆုံးဖြတ်ထား၏။"သူ တော်တော်လေး ရွေးတတ်တာပဲ"တာနာရှာ ရွေးထားသော ဂန်ဒမ်များကို ကြည့်ပြီး ဂျိတ်ပြုံးမိသည်။သူမသည် GN-002 Gundam Dynames စက်ရုပ်နှစ်ကောင် ၊ Rx-79 (G) Ez-08 Gundam နှစ်ကောင်နှင့် ASW-G-01 Gundam Bael တစ်ကောင် တို့ကို ရွေးချယ်ထားသောကြောင့်ဖြစ်သည်။GN-002 Gundam Dynames စက်ရုပ်သည် အစိမ်းရောင်ကိုယ်ထည်နှင့်အဖြူ ပေါင်းစပ်ထားသော စက်ရုပ်ဖြစ်ပြီး 18.2မီတာ မြင့်၏။၎င်းသည် စနိုက်ပါသေနတ်ကိုင်ဆောင်ပြီး အဝေးပစ်တိုက်ခိုက်ရေးအမျိုးစားဖြစ်သည်။သူ၏ပခုံး၌ရှိသော ဒိုင်းကာအလွှာသည် ၎င်းအားတိုက်ခိုက်သောအခါ ကာကွယ်နိုင်စွမ်းရှိ၏။ တိုက်ပွဲ၌ စနိုက်ပါ တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ရန်သူများအား ကြောက်မက်ဖွယ်စိတ်ခြောက်ချားမှု ပေးစွမ်းနိုင်သော အမျိုးအစားပင်။တာနာရှာကတော့ လွယ်လွယ်ပင် စနိုက်ပါဂန်ဒမ်ဟုခေါ်၏။Rx-79 (G) Ez-8 Gundamကတော့ အရပ်18မီတာမြင့်ပြီး အကြမ်းပတမ်း ခံနိုင်သော အမျိုးစားဖြစ်၏။တခြားသောစက်ရုပ်များထက် ပိုမိုမာကြောပြီး အနီးကပ်တိုက်ပွဲ၌ အားသာ၏။၎င်း၏နောက်ကျောတွင် ဧရာမပုံးကြီးတစ်ပုံးတင်ဆောင်ပြီး တိုက်ပွဲအတွက်လိုအပ်သော လက်နက်ခဲယမ်းများ ထောက်ပံ့ပေးမည်ဖြစ်သည်။ အကြမ်းပတမ်း လည်းခံနိုင်သောကြောင့် တာနာရှာက သူ့အား tankအမာကောင်အနေဖြင့် သုံးမည်ဖြစ်သည်။နောက်ဆုံးတစ်ကောင်သည် ASW-G-0 Gundam Baelဖြစ်ပြီး 18.2မီတာ မြင့်၏။ ပေါ့ပါးသွက်လက်သော အသွင်ဆောင်ပြီး အဝေးပစ်လက်နက်မပါရှိပေ။အဝေးပစ်လက်နက်မပါသော်လည်း အနီးကပ်အတွက် သုံးနိုင်သော ဓားနှစ်လက်ကို ကိုင်ဆောင်မည်ဖြစ်သည်။၎င်း၏ကျောနောက်တွင် အတောင်များပါပြီး အလွန်မြန်ဆန်စွာ သွားလာနိုင်သည်။ တာနာရှာသည် ထိုစက်ရုပ်ကို ကိုယ်တိုင်မောင်းနှင်မည်ဖြစ်ပြီး ကျန်သော လေးရုပ်သည် ဂျိတ်ထံမှ ငှားလာသော မောင်းနှင်သူများကို မောင်းနှင်စေမည်ဖြစ်သည်။တာနာရှာသည် သူမောင်းနှင်မည့်စက်ရုပ်ကို လုပ်ကြံသူဟု အလွယ်တကူပေးထားသည်။တာနာရှာသည် သူ၏လက်ထဲမှ သုံးဖက်မြင်ပုံရိပ်ကို ကြည့်ပြီး ရန်သူဖြစ်သော ဆာဗေ့များသည် မိမိတို့ ဦးတည်လာနေပြီဖြစ်ကြောင်း သိလိုက်၏။"စတော့"တာနာရှာသည် သူ၏ဂန်ဒမ်ထဲဝင်ကာ အမိန့်ပေးလိုက်၏။ထိုအခါ ကျန်နေသော စနိုက်ပါဂန်ဒမ်နှစ်ကောင်နှင့် tankဂန်ဒမ်နှစ်ကောင်၏ မျက်လုံးများသည် လင်းလက်လာပြီး အသက်ဝင်လာသည်။ ထို့နောက် ၎င်းတို့သည် တာနာရှာ၏လမ်းညွှန်မှုအတိုင်း နေရာယူလိုက်ကြပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

All Chapters