အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
(433)ပြင်းထန်သောတိုက်ပွဲ စပြီ
"ဝိုး တိုက်ကြတော့မယ်"မကြာမီအချိန်အတွင်း၌ တိုက်ခိုက်ကြတော့မည်ဖြစ်သောကြောင့် ဂျိတ်သည် အသေချာစူးစိုက်ကြည့်ရှူနေသည်။တာနာရှာသည် ရန်သူများအား သူယူလာသော ဂန်ဒမ်ငါးကောင်ဖြင့် ရအောင် တိုက်ခိုက်မည်ဟု စိတ်ပိုင်းဖြတ်ထား၏။သူမသည် သူ၏ဂန်ဒမ်အား အသင့်အနေထားပြင်ဆင်ပြီးလျှင် ကျန်သော ဂန်ဒမ်လေးကောင်အား စစ်ဆေးလိုက်၏။စနိုက်ပါဂန်ဒမ်နှစ်ကောင်သည် ၎င်းတို့၏စနိုက်ပါ သေနတ်များအား နေရာချထားပြီး ပစ်ခတ်ရန်အသင့်အနေထားဖြင့်ရှိနေကြပြီး tankဂန်ဒမ်နှစ်ကောင်Ez8ကတော့ အလုပ်ရှူပ်နေဆဲ ဖြစ်သည်။Tankဂန်ဒမ်တစ်ကောင်သည် ၎င်း၏ကျော၌ရှိသော ပုံးမှာ ပစ္စည်းများကို ထုတ်ပြီး တစ်ခုချင်း ဆက်နေ၏။ ၎င်းသည် သူ၏အားကိုးရသော အမြောက်တစ်လက်အဖြစ် ပြောင်းလဲတပ်ဆင်နေခြင်းဖြစ်ပြီး နောက်တစ်ကောင်ကတော့ ဂန်ဒမ်လေးကောင်ထက် ရှေ့ဆုံးသောနေရာကို အသင့်အနေထားဖြင့် ရှိနေပြီး အခြေနေကို စစ်ဆေးကြည့်ရှုနေသည်။ဂန်ဒမ်ငါးကောင်၏ အနေထားအဆင်သင့်ဖြစ်သွားသောအခါ တာနာရှာသည် ဂန်ဒမ်ထဲမှနေ၍ အထက်တန်းဆာဗေ့များ၏အခြေနေကို စစ်ဆေးလိုက်၏။ရန်သူများဖြင့် တိုက်ခိုက်ရမည်ဖြစ်သောကြောင့် တာနာရှာသည် သေးငယ်လှသော ဒရုန်းငယ်လေးများအား တောထဲ၌ လွန်ခဲ့သော နှစ်ရက်ကပင် ဖြန့်ကျက်ထားသည်ဖြစ်သည်။ထိုဒရုန်းများသည် အလွန်သေးငယ်ပြီး ခြင်တစ်ကောင်စာ မျှသာရှိ၏။ထိုဒရုန်းများကို အသုံးပြုပြီး တာနာရှာသည် ရန်သူများကို စစ်ဆေးသည်ဖြစ်သည်။တာနာရှာ၏လုပ်ရပ်သည် အလွန်ပင် အမျှော်မြင်ရှိကြောင်း ဂျိတ်လက်ခံလိုက်သည်။သူမသည် မိမိထံမှ ရနိုင်သော အရာများကို ညစ်ထုတ်ပြီး လက်ရှိတိုက်ပွဲ၌ အသုံးပြုနေသည်ဖြစ်၏။သူမ အသုံးပြုနေသော ဒရုန်းသည် 360ပတ်လည် ကြည့်ရှုနိုင်ရုံသာမက မိမိမြင်သမျှကိုလည်း ပင်မသို့ ပြန်လည်ပို့ဆောင်ပြီး ကြည့်ရှုစေနိုင်သည်။စကင်ဖတ်နိုင်စွမ်းရှိပြီး ရန်သူများ၏အသက်ရှုပုံနှင့် ကိုယ်ခန္ဓာကို ခွဲခြမ်းစိတ်ဖြာပြီး မည်သည့်အဆင့်၌ရှိကြောင်း သိရှိနိုင်သည်။နောက်ပြီး တိုက်ခိုက်ခံရပါက လွတ်မြောက်အောင် အခြေအနေကို ခွဲခြမ်းစိတ်ဖြာတွက်ချက်ပြီး ရှောင်တိမ်းနိုင်စွမ်းရှိသည်။ အားသာသောအချက်ကတော့ ထူးခြားသော လက်နက်တစ်မျိုးပါရှိခြင်းပင်။ ထိုလက်နက်သည် ခြင်များ၏လုပ်ဆောင်ချက်နှင့် တူညီ၏ ခြင်များသွေးစုပ်သကဲ့သို့ ထိုဒရုန်းသည် ဆေးထိုးအပ်သေးစားပါရှိပြီး ဆေးရည်တစ်မျိုးသယ်ဆောင်ထားသည်ဖြစ်သည်။လက်ရှိတွင်ထိုဒရုန်းများကြောင့် လာရောက်တိုက်ခိုက်သော ဆာဗေ့များ၏အင်အားနှင့် ကျင့်ကြံမှုအဆင့်များကို တာနာရှာသည် အသေးစိတ်သိရှိလိုက်ရသည်။လက်ရှိရန်သူအင်အားသည် တစ်ထောင်ရှိ၏။ ထိုတစ်ထောင်သည် သာမန်ထက်ပိုမို ထွားကြိုင်းပြီးအရပ်ရှည်သန်မာကြ၏။အပုဆုံးလူသည်ပင် နှစ်မီတာရှိပြီး ခေါင်းဆောင်ဖြစ်ဟန်တူသောလူသည် လေးမီတာထိရှည်ကြောင်း တွေ့ရသည်။"စိတ်ဝင်စားစရာပဲ"အထက်တန်းဆာဗေ့ဟူသော လူများ၌ ရှေးဟောင်းသွေးမျိုးဆက်ရှိနေမည်ဟု ဂျိတ်မထင်ထားမိပေ။ထိုသွေးမျိုးဆက်အစွမ်းကြောင့် ထိုဆာဗေ့များသည် တာနာရှာတို့၏ မျိုးနွယ်စုမှ လူများထက် သိသိသာသာကြီးထွားသန်မာနေကြသည် ဖြစ်သည်။"တောက် စောက်ကောင်"တာနာရှာသည် ဆဲရေးလိုက်သည်။ ခေါင်းဆောင်ဖြစ်သးဘေး၌ရှိနေသူကတော့ မိမိတို့မျိုးနွယ်စုမှ ရတနာသစ်ပင်အား ခိုးယူသော မိမိနှင့် စေ့စပ်ရန်လာသော လူငယ်သာဖြစ်ပေသည်။ထိုလူငယ်သည် လက်ရှိ၌ ဒိုင်းမွန်းအဆင့်ပင် ရောက်ရှိနေပြီဖြစ်သည်။ သူ၏မောက်မာသော ဟန်က ယခင်ထက်ပင် ပိုဆိုးလာကြောင်း တွေ့ရလေသည်။ရန်သူအယောက်တစ်ထောင်သည် စည်းစနစ်ကျကျ အသေချာတပ်ဖွဲ့ ပြီးလာသည်ဖြစ်ကြောင်းလည်း တာနာရှာတွေ့ရသည်။အရိုးလှံကို စွဲကိုင်လာသော တပ်သားများက အယောက်နှစ်ရာ၊ ကြီးမားသော အရိုးဒိုင်းများကို ကိုင်ဆောင်လာသော တပ်သားကနှစ်ရာ၊ မှော်တုတ်ဟု ယူဆရသော ဖန်သလင်းကိုတပ်ဆင်ထားသော သစ်မြစ်တုတ်ရှည်ကို ကိုင်လာသူက နှစ်ရာ၊ချွန်ထက်သော ဓားအသေးနှစ်လက်ကို ကိုင်ဆောင်ထားသော လူကနှစ်ရာနှင့် ခေါင်းဆောင်အပါဝင် လူထွားကြီးများနှင့် ဆင်စီးနင်းလာသော လူများက နှစ်ရာ စုစုပေါင်းတစ်ထောင်ပင် ဖြစ်သည်။၎င်းတို့စီးနင်းလာသော ဆင်သည်ကြီးမားပြီး မျက်လုံးများသည် အစိမ်းရောင်သန်း၏။ကိုယ်ခန္ဓာသည်လည်း အစိမ်းရောင်ရင့်ရောင်ရှိ၏။ ၎င်းတို့၏ဆင်စွယ်များတွင်လည်း သစ်ပင်ပန်းမန်များ ရစ်ပတ်ထားကို မြင်နိုင်၏။၎င်းတို့သည် ငါးမီတာအထိပင် မြင့်မားပြီး ခွန်အားကြီးမားကြောင်း ကြည့်ရုံဖြင့် သိသာ၏။၎င်းတို့သည် ရိက္ခာဟူ၍ အထူးသီးသန့်အနေဖြင့်သတ်သတ်မှတ်မှတ်ယူလာခြင်းမရှိချေ။ ထိုလူများကို တာနာရှာအနေဖြင့် အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး မည်သို့ တိုက်ခိုက်ရမည်ကို တွေးတောသည်။ထိုစဥ်က အထက်တန်းဆာဗေ့တို့သည် ပေါ့ပေါ့ပါးပါးပင် ချီတက်လာနေကြသည်ဖြစ်သည်။ မိမိတို့အား ထောက်လှမ်းနေကြောင်းလည်း ရိပ်စားမိခြင်းမရှိပေ။"ဆာ့စ် သေချာပါတယ်နော်"ခေါင်းဆောင်ဖြစ်ဟန်တူသော လူကြီးမှ ပြော၏။"သေချာပါတယ် မျိုးနွယ်စုခေါင်းဆောင် ဒီအတိုင်းဆက်သွားရင် အဲ့ဒီမျိုးရိုးနိမ့်ဆာဗေ့မျိုးနွယ်ဆီရောက်ပါတယ်"ဆာ့စ်သည် မောက်မာသော်လည်း ထိုခေါင်းဆောင်ကို တော့ မျက်နှာချိုသွေးပြောပြနေသည်။ထိုအခြေနေကြောင့် ခေါင်းဆောင်ဖြစ်သူသည် ထူးခြားကြောင်း တာနာရှာခံစားမိသည်။ထိုခေါင်းဆောင်သည် အာကိန်းဟုခေါ်ပြီး မာစတာအဆင့်၌ရှိ၏။"ကောင်းပြီ အဲ့ကိုရောက်ရင် ငါတို့အဓိက ရှာဖွေရမှာက အဲ့သစ်ပင်ပဲ"ခေါင်းဆောင်သည် မိမိတို့လက်ရှိတွင် စစ်တိုက်သွားသည်ဖြစ်သော်လည်း စစ်အကြောင်းထည့်မပြောဘဲ သစ်ပင်ရရန်အတွက်သာ ဥိီးစားပေးပြောဆိုနေသည်။သူ၏မျက်စိထဲ၌ စစ်ပွဲသည် အရေးပါသည်ဟု မထင်ထားသည့်အတွက်လည်း ဖြစ်သည်။သူသည် အထက်တန်းဆာဗေ့ထဲ၌ပင် နာမည်ကြီးပြီး နေရာတစ်ခုရရှိထားသူဖြစ်သည်။ယခုလို လိုက်ပါရသည့်အကြောင်း သူ့ထံတွင်ရှိ၏။ထိုအကြောင်းသည် တစ်နေ့၌ ဆာ့စ်သည် ရွေ့ပြောင်းအစီရင်ထဲမှ သေလုမြောပါး ဒဏ်ရာဖြင့် ရောက်ရှိလာချိန်တွင် သူသည် ရွေ့ပြောင်းအစီရင်ကား စစ်ဆေးနေချိန်ဖြစ်သည်။ဂျိတ်၏လက်ပစ်ဗုံးအစွမ်းကြောင့် ဆာ့စ်မှ လွှဲလျှင် ကျန်သောသူများသည် ချက်ချင်းပင် သေဆုံးကြရပြီး ဆာ့စ်သာ ရှင်လျက်ဖြင့် ပြန်လည်ရောက်ရှိလာသော်လည်း သေခါနီးဖြစ်နေသည်ဖြစ်သည်။သူကိုယ်တိုင်ပင် ဆာ့စ်သေတော့မည်ဖြစ်ကြောင်း ထင်ချိန်တွင် မမျှော်လင့်သော အဖြစ်ပျက်ဖြစ်လာခဲ့သည်။ဆာ့စ် ကိုယ်ပေါ်မှ အရာတစ်ခုသည် လင်းလက်သွားပြီး ဆာ့စ်အား အကောင်းပကတိအတိုင်း ပြန်ဖြစ်အောင် ကုသပေးလိုက်သည်။ထိုကုသပေးသော အရာသည် ဆာ့စ်တစ်ယောက် ရတနာသစ်ပင်မှ ခြွေယူထားသော သစ်ရွက်ပင်ဖြစ်သည်။ထိုသို့ အကောင်းပကတိဖြစ်သွားသောကြောင့် ဆာ့စ်အား မေးမြန်းသည်။ဆာ့စ်သည်လည်း မိမိထိခိုက်မှုသည် တာနာရှာလုပ်သည်ဟု ထင်နေသောကြောင့် မိမိရရှိပြီး ကျန်ရစ်လာသော ရတနာသစ်ပင်အကြောင်းရင်းအစုံကို လျှောက်တင်လိုက်သည်။သူ၏အပြောကို မယုံချင်သော်လည်း မိမိရှေ့၌ အကောင်းပကတိဖြစ်သွားသည်ကတစ်ကြောင်းနှင့် ဆာ့စ်၌ကျန်နေသော သစ်ရွက်တစ်ရွက်ကြောင့်လည်းကောင်း တာနာရှာတို့မျိုးနွယ်စုမှ သစ်ပင်အား ရယူရန် အာကိန်း ဆုံးဖြတ်လိုက်သည်။ထို့ကြောင့် သစ်ပင်အားရယူရန်အတွက် မျိုးနွယ်စုမှ ရတနာတွေ့ရှိသော်လည်း မဆက်သ သည့်ဟူသော အချက်ကို အသုံးပြုပြီး ယခုလို တိုက်ခိုက်ရန် လုပ်သည်အထိ ဖြစ်လာသည်ဖြစ်သည်။အာကိန်းသည် လေးမီတာထိ မြင့်ပြီး ကြီးမားသော အရိုးတင်းပုတ်ကြီးကို လက်တစ်ဖက်တည်းဖြင့် ကိုင်ပြီး ပခုံးပေါ် တင်ထမ်းလာ၏။အရွယ်စားကြီးမားသောကြောင့် ဆင်စီးခြင်းမရှိ လမ်းလျှောက်သည်ဖြစ်သည်။သူသည် ပေါ့ပေါ့ပါးပါးလမ်းလျှောက်နေသည်ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်ရှုနေကြောင်း တာနာရှာသတိထားမိသည်။နှစ်မိနစ်အတွင်း၌ တာနာရှာသည် မည်သို့မည်ပုံတိုက်ခိုက်ရမည်ဟူသော ဗျူဟာကို ချမှတ်ပြီးစီးသွားသည်ဖြစ်ရာ စတင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။"စနိုက်ပါသမား သူ့ကိုအရင်သတ်ပါ"တာနာရှာသည် စနိုက်ပါ ဂန်ဒမ်အား ဆာ့စ်ကို အရင်ပစ်ရန် သတင်းပေးလိုက်သည်။"ဟုတ်ပြီ"သတ်းရရှိသည်နှင့် စနိုက်ပါဂန်ဒမ်၏ မျက်လုံးများသည် အရောင်လက်သွားသည်။ ထို့နောက် သူ၏လက်ဖြင့် စနိုက်ပါမောင်းတံကို ဆွဲပြီး ပစ်မှတ်အား ချိန်လိုက်လေသည်။ဂန်ဒမ်၏ကြီးမားသောစနိုက်ပါသည် နက်မှောင် တောက်ပြောင်နေပြီးသွေးဆာနေဟန်ရှိ၏။ စနိုက်ပါ၏ထောက်တိုင်ကိုလည်း မြေပြင်၌ အသေချာ ထောက်ထား၏။ဆာ့စ်အား ချိန်ပြီးသည်နှင့်"ဂျိန်း"မိုးကြိုးကဲ့သို့ မြန်ဆန်ပြီးပြင်းထန်လှသောပစ်ချက်တစ်ချက်သည် သေနတ်ပြောင်းဝမှ ထွက်ခွာသွား၏။"ကျနော်ရှာတွေ့ရင် ခေါင်းဆောင်ကိုပဲ သေချာပေါက်""ရှောင်ဟ"အာကိန်းသည် သူတစ်ကိုယ်လုံးကြက်သီးမွှေးညင်းများထလာသောကြောင့် ချက်ချင်းပင် ရှောင်တိမ်းလိုက်၏။ထိုအခါ စကားပြောနေသော ဆာ့စ်၏ဦးခေါင်းသည် ချက်ချင်းပင် မွစာကြဲ ပေါက်ထွက်ကာ သေဆုံးသွားတော့၏။"ရန်သူတိုက်ခိုက်နေပြီ အသင့်ပြင်"အာကိန်းသည် ချက်ချင်းပင် သူ၏တပ်သားများအား အမိန့်ပေးလိုက်၏။ တာနာရှာသည် ဆာ့စ်အား သတ်ဖြတ်ခြင်းဖြင့် တိုက်ပွဲအဖွင့်စတင်ခဲ့လိုက်ပြီ ဖြစ်သည်။
(434)တိုက်ပွဲ(1)
"ဘာကြီးလဲ"အာကိန်းတစ်ယောက် အနည်းငယ်လန့်ဖြတ်သွားသည်။ အသက်ဘေးနှင့် နီးသော ယခုလိုဖြစ်ရပ်မျိုးမကြုံတွေ့ဖူးသောကြောင့်ဖြစ်သည်။ မိမိအား စကားပြောဆိုနေသော ဆာ့စ်သည် သူ၏တိုက်ခိုက်စွမ်းရည်များပင် မပြရသေးခင် ရန်သူ၏ပစ်ချက်မှုကြောင့် ပထမဆုံး သေဆုံးသူဖြစ်ခဲ့ရပေသည်။ထိုသို့ပစ်ချက်မှုသည် အနည်းဆုံးဆယ်မိုင်ကျော်မှ ဖြစ်နိုင်ကြောင်း အာကိန်း တွက်ချက်မိသော်လည်း မိမိပင် မသိလိုက်အောင် ပစ်သော အမြန်နှုန်းကို အံအားသင့်မိသည်မှာ အမှန်ပင်။သို့သော်လည်း တိုက်ခိုက်လာသောအတွေ့ကြုံများကြောင့် ချက်ချင်းပင် မိမိကိုယ်ကို မိမိပြန်လည်ထိန်းသိမ်းလိုက်ပြီး ဖရိုဖရဲမဖြစ်သွားစေရန် ညွှန်ကြားလိုက်သည်။အာကိန်း၏အမိန့်ပေးသည်နှင့် တပ်ဖွဲ့သည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။"ဒိုင်းသမားတွေ ပစ်ခတ်တာကို ကာကွယ်ကြစမ်း မှော်ဆရာတွေအကာကွယ်ဖန်တီးကြ ကျန်တဲ့သူက မှော်ဆရာတွေကို ကာကွယ်ပေး"အာကိန်း၏ညွှန်ကြားမှုသည် မြန်ဆန်လှ၏။သူတို့လှုပ်ရှားချိန်ကို တာရှာနာအနေဖြင့် မပေးချေ။ ဆက်တိုက်ဆိုသလို ပစ်ခတ်ခိုင်းထား၏။"ဂျိန်း..ဂျိန်း"စနိုက်ပါ ဂန်ဒမ်နှစ်ကောင်သည်လည်း မိမိတို့ယူထားသောနေရာများမှနေ၍ တစ်ချက်ချင်းကို ပစ်ခတ်နေလေသည်။တစ်ချက်ပစ်ပြီးသည်နှင့် နှစ်စက္ကန့်မျှသာ နားပြီး ထပ်မံပစ်ခတ်ပြန်သည်။ထိုသို့ပစ်ချက်များကြောင့် စနိုက်ပါသေနတ်၏ထောက်တိုင်ထားထားသော မြေကြီးများပင် တုန်ခါလွန်း၍ အက်ကွဲကြောင်းများထလာလေသည်။၎င်းတို့၏မျက်စိအောက်၌ အထက်တန်းဆာဗေ့များ၏သွားလာမှုများသည် မိုင်ငါးဆယ်ဝေးကွာနေသော်လည်း ပြတ်သားစွာ မြင်နေရဆဲ ဖြစ်သည်။ထိုသို့သော ပစ်ချက်များကြောင့် ကာထားသော အရိုးဒိုင်းကြီးများမှာ ထုတ်ချင်းပေါက်ပြီး ပျက်စီးကုန်၏။"အား"ဒိုင်းသမားများသည်လည်း စနိုက်ပါဂန်ဒမ်၏ လက်ချက်ကြောင့် သေဆုံးကြရပြန်သည်။ သို့သော်လည်း ၎င်းတို့သည် ကြောက်နေခြင်းမရှိ ကျသွားသော နေရာ၌ အစားထိုးကာ ပြန်လည်ကာကွယ်ကြလေသည်။စွမ်းအင်အသုံးပြုကာ ပစ်ခတ်ချင်းကြောင့် ထိမှန်သော လူများသည် ရှင်သည်ဟူ၍မရှိ သေကြရသည်သာလျှင် ဖြစ်သည်။"ဝေါင်း"ဆင်ကြီးများကလည်း မြည်သံပေးပြီး မြေပြင်ပေါ်သို့ ဆောင့်နင်းချလိုက်၏။ထိုအခါ ဒိုင်းကာများဖြင့် ကာပေးနေသော ဆာဗေ့များ၏ရှေ့၌ ကြီးမားသော မြေကြီးခဲအစိုင်ထာကြီး ထွက်ပေါ်လာပြီး အကာကွယ်အဖြစ်ဖန်တီးလိုက်၏။တစ်ချိန်တည်းမှာပင် မှော်ဆရာများဟုခေါ်သော ဆာဗေ့များလည်း ဂါထာရွတ်ဆိုမှုပြီးသွားသောကြောင့် ဝှေ့ယမ်းလိုက်ရာ မြူခိုးများထလာ၏။"ဒီလိုကိုး"တာနာရှာသည် ရန်သူ၏နည်းဗျူဟာကို နားလည်သွားသည်။ ဆင်များသည် မြေကြီးဓာတ်အစွမ်းပိုင်ဆိုင်ပြီး အကာကွယ်အဖြစ်ဖန်တီးပေးချိန်တွင် မှော်ဆရာများသည် မြူအသွင်ဖန်တီးပေးပြီး မိမိတို့၏တည်နေရာကို ဖုံးကွယ်ပေးလိုက်သည်ဖြစ်သည်။"ဒါဆို ငါလည်း တစ်ကွက်ပြန်ပြပေးရတာပေါ့"ဂန်ဒမ်အတွင်း၌ ရှိသော တာနာရှာသည် ခလုတ်တစ်ချက်နိုပ်လိုက်သည်။ထိုအခါ ထောက်လှမ်းရန်အတွက် စေလွတ်ထားသော ခြင်အသွင်ဒရုန်းများသည် ရန်သူ၏နေရာများသို့ သွားပြီး ဒရုန်းတစ်ခုလျှင် လူတစ်ယောက်ကျ ဆေးထိုးသွင်းလိုက်၏။ဆေးထိုးပြီး ငါးစက္ကန့်ကြာသောအခါ ထိုဆေးများ၏အာနိသင်စတင်ပြသလာလေတော့၏။"ဘာဖြစ်တာလဲ ငါချက္ကရာတွေသုံးမရတော့ဘူး"မှော်ဆရာများ ထိတ်လန့်သွား၏။ ချက္ကရာသုံးမရသောအခါ ၎င်းတို့၏ဂါထာများအလုပ်မဖြစ်တော့သောကြောင့်ဖြစ်သည်။"ဂန်ဒမ်Ez8 မင်းအလုပ်ကို လုပ်တော့"ထိုဂန်ဒမ်နှစ်ကောင်ထဲမှ တစ်ကောင်သည် တာနာရှာ၏သတင်းစကားရသည်နှင့် သူ၏တာဝန်ကို စတင်လိုက်သည်။ထိုEz8ဂန်ဒမ်သည် အစောပိုင်း၌ ပစ္စည်းဆက်နေသော တစ်ကောင်ဖြစ်ပြီး သူဆက်နေသော ပစ္စည်းသည် သူ၏နာမည်ကျော် 180mm အမြောက်ပင် ဖြစ်သည်။ လက်ရှိတွင် ထိုအမြောက်အား ထပ်မံမွမ်းမံထားပြီး အနည်းငယ်ကြီးမားကာ အဖျက်အား ပိုမိုကြမ်းတမ်းနေပြီဖြစ်သည်။"ပစ်မှတ်အတည်ပြုပြီး"ခြင်ဒရုန်းများ၏ဆေးထိုးမှုသည် ကြီးမားသော ပစ်မှတ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဆေးထိုးခံရသော လူများသည် ချက္ကရာသုံးမသည်သာမဟုတ်ပဲ တစ်ကိုယ်လုံး ယားယံလာမည်ဖြစ်သည်။ထို့ပြင် သူတို့၏ကိုယ်အပူချိန်သာ သာမန်ထက် နှစ်ဆမျှ ပိုမိုပူလာမည်ဖြစ်သည်။ထိုသို့ပူလာသောအခါ ez8ဂန်ဒမ်အတွက် အပူရှာဖွေရေးဖြင့် အသုံးပြုရှာဖွေသောအခါ ကြီးမားသော ပစ်မှတ်တည်နေရာကြီးကို ကွက်ကွက်ကွင်းကွင်းပင် မြင်ရတော့၏။ထို့ကြောင့် မိမိကိုင်ထားသော အမြောက်ကြီးအား ပစ်ခတ်ခံရမည့် နေရာကို တွက်ချက်ပြီး အနည်းငယ်မြောက်ကာ"ဝေါ"စနိုက်ပါပစ်သံက မိုးကြိုးပစ်သံဆိုပါက အမြောက်ပစ်သံက မကောင်းဆိုးတစ်ကောင် အော်လိုက်သည့်ပမာပင် ဖြစ်သည်။ထိုအမြောက်ပြောင်းဝမှ ထွက်ပေါ်လာသော မီးခိုးငွေ့များသည် လေထုထဲသို့ ပြန့်နှံလာ၏။ ပစ်ချက်ပြီး စက္ကန့်အနည်းငယ်အကြာ၌ ပစ်မှတ်သတ်မှတ်ထားခြင်းခံရသောနေရာတွင် ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့၏။အာကိန်းသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား ကြည့်လိုက်၏။ထိုပေါက်ကွဲမှုကြောင့် မှော်ဆရာများနှင့် ဆင်ကြီးများသည် အသက်မဲ့သောအလောင်းများအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။၎င်းတို့သည်ခြင်ဒရုန်းများ၏ဆေးအစွမ်းကြောင့် သာမန်လူနှင့် မထူးမခြားနားဖြစ်နေချိန် အမြောက်ကြီး၏ပစ်ချက်ခံရသည့်အခါ ခုခံရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။အရိုးဒိုင်းများအား ကာကွယ်မှုအမြင့်ဆုံးအသက်သွင်းထားသော ဆာဗေ့များကြောင့်သာ မဟုတ်လျှင် အားလုံးသေဆုံးသွားနိုင်ချေရှိ၏။"ကာကွယ်မနေကြနဲ့ တိုက်ကြစမ်း"အာကိန်း၏အော်သံကြီးက ကျယ်လောင်စွာဟိန်းထွက်လာသည်။ ထိုအသံထွက်လာသည်နှင့် အသက်ရှင်ကျန်ရှိနေသော ဆာဗေ့များ ဒေါသထွက်သွားကြပြီး တိုက်ခိုက်ရန် ပြေးသွားကြ၏။၎င်းတို့သည် အာကိန်းညွှန်ပြရာ နေရာသို့ တည့်တည့်ဦးတည်ပြေးသွားကြ၏။ပြေးနေရင်း ၎င်းတို့၏ကိုယ်၌ရှိနေသော ဆေးများကို သောက်သုံးလိုက်ကြသည်။ ထိုအခါ ချာက္ကရာများကို ပြန်လည်အသုံးပြုနိုင်လာကြပြီး မိမိတို့၏ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိသွားသည်။ကျင့်ကြံမှုအဆင့်ပြန်ရသည်နှင့် မြန်ဆန်သော အရှိန်ဖြင့် တိုက်ခိုက်ရန်ပြေးလွှားသွားကြသည်။"ဒီလိုရမယ်ထင်နေလား"စနိုက်ပါဂန်ဒမ်နှစ်ကောင်လည်း မိမိတို့ထံ ပြေးလာသော အထက်တန်းဆာဗေ့များအား တုံ့ဆိုင်းနေခြင်းမရှိ ပစ်ခတ်ပြန်သည်။"ဝုန်း"တစ်ချက်ပစ်တိုင်း ပြေးလာသော ဆာဗေ့များသည် တစ်ယောက်သေစမြဲ ဖြစ်၏။"သေစမ်း"ပြေးနေရင်းပင် မိမိတို့၏တပ်သားများ သေဆုံးနေသောကြောင့် အာကိန်းဒေါသထွက်လာသည်။ ရန်သူပစ်ခတ်သည့် ပေါက်ကွဲမှုကြီးကြောင့် မိမိ၏အင်အားသည် ငါးရာနီးပါးသာ ကျန်ခဲ့ရာမှာ လက်ရှိတွင် ဆက်လက်သေဆုံးနေမှုကြောင့် လေးရာဟူသော ဂဏန်းသို့ ရောက်ရှိတော့မည်ဖြစ်သည်။လက်ရှိ၌ အရိုးဒိုင်းဆာဗေ့ ကိုးဆယ်ကျော်၊ အရိုးလှံသမားရှစ်ဆယ်ကျော်၊ဓားအသေးနှစ်လက်ကိုင်ဆောင်သူ(လုပ်ကြံရေးသမား)တစ်ရာ့ငါးယောက်နှင့် အာကိန်းအပါဝင် အထူးဆာဗေ့ တစ်ရာ့ခုနှစ်ဆယ် သာ ကျန်ရှိတော့သည်ဖြစ်သည်။မှော်ဆရာများနှင့် ဆင်များကတော့ ရှင်သန်သူမရှိ အကုန်လုံး သေဆုံးကြ၏။ ပေါက်ကွဲမှု၏အလည်ဗဟို၌ ရှိနေသည်က လုံးဝသေဆုံးရန်ဖြစ်ပျက်စေခဲ့သည်လည်းဖြစ်သည်။ရှင်သန်သူများသည် သေဆုံးသွားသော မှော်ဆရာများထက် ပိုမိုသန်မာသောကြောင့်ဟုဆိုနိုင်သည်။ ထိုသို့သန်မာသောကြောင့် ခြင်ဒရုန်းများ၏ဆေးရည်အစွမ်းသည် ၎င်းတို့အပေါ်၌ အာနိသင်အပြည့်ဝပြသနိုင်ခြင်းမရှိပေ။နောက်ပြီး ၎င်းတို့သည် ပေါက်ကွဲမှုကျရောက်ရာနေရာနှင့် ဝေးနေသည်ကလည်းပါ၏။"သေစမ်း"အာကိန်းသည် ပြေးနေရင်း အရိုးလှံတစ်ချောင်းကို ကောက်ကိုင်ပြီး ပစ်ခတ်ရာလမ်းကြောင်းသို့ ဦးတည်မှန်းဆကာ အားကုန်သုံးပစ်လိုက်သည်။"ဝုန်း"စနိုက်ပါ၏ပစ်ခတ်မှုထက် မနိမ့်သော အရိုးလှံသည် မြန်ဆန်စွာပင် စနိုက်ပါဂန်ဒမ်ရှိရာသို့ ပျံသန်းသွား၏။အရိုးလှံသည် လမ်းကြောင်း၌ ရှိရှိသမျှသော သစ်ပင်များကိုလည်း ထိုးဖောက်ပြီး ပျံသန်းသွားသည်။"ထန်"ထိုသို့ပစ်ခတ်လိုက်သော အရိုးလှံသည် စနိုက်ပါဂန်ဒမ်၏ ပခုံးထက်၌ရှိသော အကာကွယ်ဒိုင်းဖြင့် ကာကွယ်မှုကြောင့် ဒိုင်းအား ထိကာ ရပ်တန့်သွား၏။"ဒိုင်းအကာကွယ် 20%ကျဆင်း""တော်တော်ပြင်းတာပဲ"ထိုသတိပေးချက်ကြောင့် တာနာရှာ အံ့သြရ၏။အာကိန်း၏ပစ်ချက်တစ်ချက်သည် မိမိတို့ဖက်မှ စနိုက်ပါဂန်ဒမ်၏ ဒိုင်းအကာကွယ်20%ကို လျော့ချပစ်လိုက်သောကြောင့်ဖြစ်သည်။"ကိစ္စမရှိပြီ ဆက်ပြီး ပစ်ခတ်ကြ"မိုင်ငါးဆယ်အကွာဝေးဟူသော အားသာချက်ကို တာနာရှာမှ အသုံးချပြီး ဆက်လက်ပစ်ခတ်ရန် အမိန့်ပေးလိုက်၏။"ဝုန်း"အာကိန်းသည် အရိုးလှံဖြင့်ပစ်ခတ်ပြီးသည်နှင့် သူ၏စစ်မှန်သောအမြန်နှုန်းဖြင့် ပြေးလွှားတော့၏။ သူသည် မာစတာအဆင့်ဖြစ်၍ ပျံသန်းနိုင်သော်လည်း ပြေးရန်သာရွေးချယ်လိုက်သည်။ထူထဲကြီးမားသော သစ်ပင်များရှိရာတောအုပ်ထဲ၌ ပြေးလွှားသည်ပင် ပစ်ခတ်ခံနေရသည်ဖြစ်ရာ ပျံသန်းလိုက်ပါက ရန်သူ၏ပစ်ကွင်းအဖြစ်သတ်မှတ်ခံရပြီး သေဆုံးနိုင်ချေပိုမိုမြင့်မားလာနိုင်သောကြောင့်ဖြစ်သည်။"မာစတာအဆင့် ရန်သူ ပြေးလာကြောင်းတွေ့ရပါသည် အကွာဝေးမိုင်ငါးဆယ်မှ လေးဆယ်ရောက်ရှိ ကြာချိန်တစ်မိနစ်အတွင်း"မာစတာအဆင့်ဖြစ်သောအာကိန်းသည် မြန်ဆန်စွာပင် တာနာရှာတို့ရှိရာသို့ တဖြေးဖြေးချဥ်းကပ်လာ၏။ထိုအခါ စနိုက်ပါဂန်ဒမ်နှစ်ကောင်၏ပစ်မှတ်သည် အာကိန်းထံသို့ ဦးတည်ပစ်ခတ်ကြသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကျန်သော အထက်တန်းဆာဗေ့များအတွက် ရှင်သန်ချိန်ရရှိသွားကြလေသည်။"အကွာဝေး နှစ်ဆယ်....မိုင်တစ်ဆယ်"အာကိန်းနှင့် တာနာရှာတို့၏ အကွာဝေးသည် တဖြေးဖြေးနီးကပ်လာလေတော့၏။"သေစမ်း"အာကိန်းသည် မြန်ဆန်စွာ ပြေးလွှားရင်း ရန်သူဟူယူဆရသော အဖြူရောင်ကို မြင်သောအခါ သူ၏အရိုးတူကြီးဖြင့် အားကုန်ထုတ်သုံးကာ တိုက်ခိုက်လိုက်သည်။"ထန်"သူ၏အရိုးတူကြီးသည် ဒိုင်းကာပေါ်သို့ ကျရောက်သွားသည်။"အင် ဘာကြီးလဲမိမိထက် လေးဆမျှကြီးမားသော ဧရာမအကောင်ကြီးကို တွေ့လိုက်ရသောကြောင့် အာကိန်းတစ်ယောက် မှင်သက်နေမိသည်။ သူသည် တာနာရှာတို့၏ရှေ့တန်းအကာကွယ်ဖြစ်သော 18မီတာရှိသည့်Ez8ဂန်ဒမ်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ရသည်ဖြစ်သည်။
(435)တိုက်ပွဲ (2)
ရှေ့တန်းအကာကွယ်အနေဖြင့် နေရာယူထားသော Ez8ဂန်ဒမ်သည် အာကိန်းအားမြင်သည်နှင့် သူ၏သေနတ်အား ထုတ်ကာပစ်ခတ်၏။ထိုသေနတ်သည် အစောပိုင်း၌ သူ၏နောက်မှ ez8ဂန်ဒမ်ပစ်ခတ်ခဲ့သော 180mm အမြောက်ကြီးနှင့် နှိုင်းယှဥ်ပါက သေးငယ်၏။ "ဒက်....ဒက်....ဒက်"များစွာသော ကျည်ဆံများက အာကိန်းထံပြေးဝင်သွားသည်။ ထိုပစ်ချက်များအား အာကိန်းလည်း မြန်ဆန်စွာပင် ရှောင်တိမ်း၏။ဆက်တိုက်ပစ်ခတ်သောကြောင့် သေနတ်မှ သေနတ်ကျည်ဆံခွံများသည် မြေပြင်ပေါ်သို့ တဖုန်းဖုန်းကျ ကုန်၏။("ဒီကောင်ကြီးကဘာလားဟ")အာကိန်းသည် အတွေးများနေ၏။ မိမိသည် အဆင့်နိမ့်ဆာဗေ့မျိုးနွယ်စုကိုသာ တိုက်ခိုက်ရန်လာသည်ဖြစ်သော်လည်း ယခုလိုလမ်းတစ်ဝက်၌ ကြီးမားသော အမျိုးမည်မသိရသည့် ဧရာမအကောင်ကြီး၏တိုက်ခိုက်မှုကို ခံရမည်ဟု မထင်ထားမိပေ။"ဒီကောင်ကို အရင်ဗျင်းမယ်"အာကိန်းသည် မိမိအားပစ်ခတ်နေသော အရာသည် မည်သည့်အရာဖြစ်ကြောင်းနှင့် အဘယ်ကြောင့် တိုက်ခိုက်နေသည်ကို မေ့ထားပြီး အမှောက်သိပ်ရန် ဆုံးဖြတ်လိုက်သည်။"ဂျိန်း...ဂျိန်း...ဂျိန်းးး"ထိုသေနတ်သံများထပ်ကြားရသော ကြောင့် အာကိန်းသည် ထိုသို့သော ဧရာမအကောင်ကြီးများ ထပ်မံရှိနိုင်ကြောင်း သိရှိလိုက်သည်။ လက်ရှိ၌ အာကိန်းလုပ်နိုင်သောအရာသည် မိမိရှေ့မှ အကောင်ကြီးအား အမှောက်သိပ်ရန်ပင် ဖြစ်သည်။သေနတ်ကျည်ဆံများအား မြန်ဆန်စွာရှောင်တိမ်းပြီး Ez8ဂန်ဒမ်အနားအနီးသို့ မြန်ဆန်စွာ ကပ်ပြီး သူ၏အရိုးတင်းပုတ်ကြီးဖြင့် ရိုက်ခတ်၏။သူ၏ရိုက်ချက်ကိုလည်း Ez8ဂန်ဒမ်သည်လည်း သူ၏ဒိုင်းဖြင့် ကာ၏။"ဝုန်း"ပြင်းထန်သော ရိုက်အားကြောင့် Ez8ဂန်ဒမ်ပင် နောက်သို့ အနည်းငယ် ဆုတ်ခွာလိုက်ရသည်။"ဘာကောင်လဲဟ"တာနာရှာနှင့် အာကိန်းနှစ်ယောက်လုံး ကိုယ်စီရေရွတ်လိုက်ကြသည်။ တာနာရှာရေရွတ်ရခြင်းမှာ အာကိန်း၏တစ်ချက်တည်းသော ရိုက်ချက်သည် Ez8ဂန်ဒမ်၏ဒိုင်းကို 50%တိတိ ဖျက်စီးပစ်သောကြောင့်ဖြစ်သည်။အာကိန်းရေရွတ်ရခြင်းမှာ သူ၏တင်းပုတ်ထိခြင်းခံရသော အကောင်ကြီးသည် မည်သို့မျှ မဖြစ်သွားသောကြောင့်ဖြစ်သည်။"မမှောက်သေးရင် မှောက်အောင်ချမယ်ကွာ"အာကိန်း၏လက်မောင်းကြွက်သားများ တောင့်တင်းလာသလို လက်မောင်းရှိသွေးကြောများလည်း ဖောင်းကြွလာလေသည်။"ကဲကွာ ကဲကွာ"အာကိန်းသည် မိမိရှေ့မှ အကောင်ကြီးသည် မိမိအားပစ်ချက်နေသည့်ကြားမှ ရှောင်တိမ်းကာ အနီးကပ်ပြီး သူ၏အရိုးတင်းပုတ်ကြီးဖြင့် အားပါးတရ တိုက်ခိုက်၏။အာကိန်း၏လေးချက်မြောက်ရောက်သောအခါ Ez8ဂန်ဒမ်အနေဖြငွ သူ၏ဒိုင်းကာကို ပစ်ချလိုက်ပြီး နောက်ထပ်သော သေနတ်တစ်လက်ကို ကိုင်ကာ ထပ်မံပစ်ခတ်သည်။ဒိုင်းကာကို မပစ်ချ၍လည်း မရပေ။ အာကိန်း၏ရိုက်ချက်များကြောင့် ဒိုင်းကာသည် လုံးဝစုတ်ပျက်သွားခဲ့ရပြီဖြစ်သည်။"မအေဘေး"အာကိန်းသည် သေနတ်တစ်လက်ကို ရှောင်နိုင်သော်လည်း သေနတ်နှစ်လက်မှ လာသော ကျည်ဆံများကို မရှောင်နိုင်တော့ပေ။ထိုကျည်များသည် သူ၏ကိုယ်ပေါ်သို့ကျရောက်သောအခါ နာကျင်မှုကိုခံစားလိုက်ရလေသည်။"ဝိုး ဒီလိုလည်းရမယ်လို့ ငါမထင်မိဘူး"ဂျိတ်သည် ထိုမြင်ကွင်းကို ကြည့်ပြီး တွေးမိသည်။ အာကိန်းသည် မာစတာအဆင့်ဖြစ်ပြီး ချာက္ကရာအစွမ်းကိုလက်ရှိအချိန်ထိ ထုတ်သုံးခြင်းမရှိ သူ၏ခွန်အားဖြင့် တင်းပုတ်ကို ကိုင်ကာ တိုက်ခိုက်နေသည်ဖြစ်သည်။ဂန်ဒမ်၏ကျည်ဆံများမှန်သောအခါမှ အာကိန်းသည် သူ၏ချာက္ကရာများကို သူ၏ကိုယ်ခန္ဓာအား အထပ်ထပ်အလွှာများဖြင့် ဖြည့်စီးကာကွယ်ထားကြောင်း တွေ့လိုက်ရလေသည်။သူ၏ချာက္ကရာများအား ကိုယ်ခန္ဓာပေါ်တွင်သာ ကာကွယ်ထားရုံမဟုတ် သွေးကြောများကိုပါအထိ အသေးစိတ်ဖုံးလွှမ်းကာကွယ်ထားသည်ဖြစ်သည်။ ထို့ကြောင့်သာ Ez8ဂန်ဒမ်ပစ်သော သေနတ်ကျည်များသည် သူ့အား နာကျင်ရုံသာ ဖြစ်စေခဲ့သည်ဖြစ်သည်။ မဟုတ်ပါက ထိုကျည်များကြောင့် သွေးထွက်ပြီး ထိခိုက်သွားမည်ဖြစ်သည်။အာကိန်းနှင့် Ez8ဂန်ဒမ် တိုက်ခိုက်နေချိန်၌ ကျန်နေသော အထက်တန်းဆာဗေ့များသည် ကျန်သော ဂန်ဒမ်များကို တိုက်ခိုက်ရန် သွားနေကြသည်ဖြစ်သည်။"သေကြစမ်း"စနိုက်ပါဂန်ဒမ်များသည် ရှေးတန်းနေEz8နှင့် အာကိန်းတိုက်ခိုက်သောအခါ ကျန်သော ဆာဗေ့များထံသို့ ပစ်မှတ်ပြောင်းရွေ့ကာ ပစ်ခတ်ကြပြန်သည်။၎င်းတို့သည် တစ်စက္ကန့်ချက်မှ သုံးစက္ကန့်တစ်ချက်သို့ ပြောင်းလဲပစ်ခတ်လိုက်ကြသည်။ထိုသို့ကြာချိန်ပြောင်းလဲမှုသည် ပစ်ခတ်သော ကျည်၏အမြန်နှုန်းတိုးလာသည့်အပြင် ပြင်းအားပိုမိုပြင်းထန်လာသည်ဖြစ်သည်။အစောပိုင်းပစ်ခတ်မှုများသည် ထိခံရသောလူကို မွစာကျဲစေသည်ဆိုပါက လက်ရှိ ပစ်ခတ်မှုသည် အလောင်းပင် ကျန်မည်မဟုတ်တော့ပေ။ အပိုင်းအစအသေးလေးများအဖြစ် တန်းပြောင်းလဲသွားမည်ဖြစ်သည်။လုပ်ကြံသူဆာဗေ့များသည် ပြေးသောအခါ မိမိတို့၏တည်နေရာကို ဖျောက်နိုင်စွမ်းရှိသည့် အားသာချက်ကို ပိုင်ဆိုင်သော်လည်း ဆေးထိုးထားခြင်းခံရသည့် အကျိုးဆက်ကြောင့် ယခုချိန်၌ စနိုက်ပါဂန်ဒမ်များ၏မျက်စိများ၌ ထင်ထင်ရှားရှားကြီး မြင်ရနေသည်။"ဂျိန်း...ဂျိန်း..."စနိုက်ပါပစ်ခတ်သည်နှင့် တစ်ယောက်သေသော်လည်း ၎င်းတို့သည် ကြောက်ရွံနေခြင်းမရှိသည့်အပြင် ဂန်ဒမ်များအနီးသို့ ရအောင် ပြေးလာကြသည်။"လခွမ်း ဘာကြီးလဲ"အထက်တန်းဆာဗေ့များသည် မိမိတို့မြင်လိုက်ရသောအရာများကြောင့် လန့်ဖြတ်သွားသည်။ မိမိတို့ထက် လေးဆကြီးမားသောအရာများက မိမိတို့အား တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ တွေဝေသွားကြသည်။အဖြူရောင် ez8ဂန်ဒန်တစ်ကောင်နှင့် မြေပြင်ပေါ်၌ အကျနထောက်ထားပြီး ပစ်ခတ်နေဟန်ရှိသော အစိမ်းရောင်အသွင်ရှိ စနိုက်ပါဂန်ဒမ်နှစ်ကောင်ကို တွေ့လိုက်ကြသည်။တစ်ဆက်တည်းမှာပင် မိမိတို့ခေါင်းဆောင် အာကိန်းသည် အဖြူရောင်ဂန်ဒမ်တစ်ကောင်နှင့် တစ်ယောက်ချင်းရင်ဆိုင်နေကြောင်းတွေ့လိုက်ရသည်။"ဂျိန်း"ထိုအသံနှင့်အတူ မိမိတို့ဖက်မှ တစ်ယောက်သေ သွားသည့်အခါမှ သတိပြန်လည်လာပြီး "သတ်ကြစမ်း"လုပ်ကြံသူဆာဗေ့များနှင့် ကျန်သော ဆာဗေ့များသည် စနိုက်ပါဂန်ဒမ်များနှင့် ez8ဂန်ဒမ်များကို တိုက်ခိုက်လိုက်ကြသည်။လုပ်ကြံသူများက သူတို့၏ဓားနှစ်ဖက်မှ ချာက္ကရာများဖြင့် ထုတ်လွှတ်တိုက်ခိုက်လိုက်သလို အရိုးလှံများဖြင့် ပစ်သောသူက ပစ်ခတ်လိုက်ကြသည်။"ထန်"ez8ဂန်ဒမ်သည် သူ၏ဒိုင်းကာဖြင့် ကာကွယ်သလို စနိုက်ပါဂန်ဒမ်နှစ်ကောင်လည်း ၎င်းတို့၏ပခုံးထက်၌ရှိသော ဒိုင်းကာအတောင်များဖြင့် အသာယာပင် ကာကွယ်လိုက်ကြလေသည်။မိမိတို့၏ပစ်ချက်များကို ထိုသို့ကာကွယ်လိုက်သောကြောင့် ဆာဗေ့များသည် ထိုဧရာမအကောင်ကြီးများအား အနီးကပ်တိုက်ခိုက်ရန် ဆုံးဖြတ်ပြီး ပြေးဝင်လာကြသည်။"အချိန်ကောင်းပဲ"ထိုအခိုက်၌ ဆာဗေ့များအတွက် မထင်မှတ်သော အရာဖြစ်ပျက်လာခဲ့လေသည်။ကြီးမားသောအရာတစ်ခုက မိမိတို့ကို ဖြတ်သန်းသွားသည်ဟု ဆာဗေ့များခံစားလိုက်ကြရသည်။ထိုသို့ ခံစားမိပြီး မိမိတို့ကိုယ်ခန္ဓာကို ကြည့်သောအခါ နှစ်ပိုင်းပြတ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။"ဘယ်လိုဖြစ်"ပိုင်းဖြတ်ခြင်းခံရသော ဆာဗေ့များသည် မိမိတို့မည်သည့်အချိန်၌ ပိုင်းဖြတ်ခံရသည်ပင် မသိလိုက်ကြသည်အထိ တစ်ဖက်ရန်သူသည် အင်အားကြီးကြောင်း သိလိုက်ရသည်။ထိုသို့သိလိုက်သည့်အချိန်တွင် အသိနောက်ကျသွားပြီး သေဆုံးကြရသည်ဖြစ်သည်။"မဟုတ်ဘူး "အာကိန်းသည် Ez8ဂန်ဒမ်ဖြင့် တိုက်ခိုက်နေရင်း မိမိတို့အထက်တန်းစားဆာဗေ့များ နှစ်ပိုင်းပြတ်ကာ သေဆုံးသွားကြသည်ကို မြင်လိုက်ရသဖြင့် စိတ်ထိန်းနိုင်ခြင်းမရှိပဲ အော်ဟစ်လိုက်သည်။"ဒီကောင်လား"အာကိန်းသည် Ez8ဂန်ဒမ်ဖြင့် တိုက်ခိုက်ရင်း မိမိဆာဗေ့များသေဆုံးလာလမ်းလျှောက်ကို ကြည့်ရှုရာ နောက်ထပ်သော ဧရာမအကောင်တစ်ကောင်ကို မြင်လိုက်ရသည်။ထိုအကောင်ကြီးသည် အဖြူနှင့်အပြာရောင်ပါရှိပြီး သူ၏လက်နှစ်ဖက်၌ ထက်မြက်လှသောအဝါရောင်ဓားနှစ်လက်ကို ကိုင်ဆောင်ထား၏။ထိုဓားနှစ်လက်၌ သွေးများစွန်းနေကြောင်း မြင်သောအခါ အာကိန်း၏ဒေါသသည် အထွတ်ထိပ်သို့ ရောက်ရှိသွားလေတော့၏။"မင်းတို့ကောင်တွေ ရှေးဟောင်းဆာဗေ့အစွမ်းကို ခံစားကြစမ်း"