← Chapters

ငါ မင်းကို ကျေးဇူးတင်ရမယ်

Vol. 36 Ch. 351

ငါ မင်းကို ကျေးဇူးတင်ရမယ်

Vol. 36 Ch. 351

လျှူယန်က ရှင်းရှင်းလင်းလင်း မကြားလိုက်ရသဖြင့် မေးမြန်းလိုက်၏။

"မင်း ဘာပြောလိုက်တာလဲ..."

အမှန်အားဖြင့် သူ ကြားလိုက်ရသော်လည်း သိပ်မယုံရဲခဲ့ချေ။

သူက ပြောဆိုသည်။

"ငါတို့က ညီအစ်ကိုတွေလေ... မင်း ငါ့ကို လိမ်ပြောစရာ မလိုပါဘူး...ပြီးတော့ မင်းက အင်မော်တယ်တစ်ယောက်ဖြစ်ဖို့ကို ကျင့်ကြံဖို့တောင် သွားခဲ့သေးတယ်ပေါ့..."

"နောက်တစ်ခုကရော... မင်းက မင်းရဲ့ ညီအစ်ကိုအတွက် ကောင်းကင်ဧကရာဇ်နဲ့ အပြန်အလှန် စကားပြောခဲ့တယ်လို့တောင် ပြောမလို့လား..."

သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် စကားတစ်ခွန်းကိုပင် မယုံကြည်သည့် အခြေအနေမျိုး ဖြစ်နေပေ၏။

ထိုအရာက ကျုံးချင်ကို ဆွံ့အသွားစေခဲ့သည်။

သူ အမှန်တရားကို ပြောချိန်တွင် မည်သူမျှ မည်သည်ကြောင့် မယုံကြည်ကြသနည်း ..

သူ ရှင်းပြရန် ပျင်းရိနေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ယောက်ယောက်က သူ့ကို ယုံကြည်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

လျှူယန်က ဆက်ပြောလိုက်၏။

"ကောင်းပြီလေ... ငါတို့ ညီအစ်ကိုတွေ ပြန်ဆုံရတာ ရှားပါတယ်...ဒီအကြောင်းကို ငါတို့ နောက်မှ ပြန်ပြောလို့ ရပါတယ်... ဒီညတော့ ငါတို့ မမူးမချင်း မရပ်ဘူး..."

လျှူယန်အတွက်မူ သူတို့ နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ တစ်လခန့်သာ ရှိသေးပုံရသည်။

သို့သော် ကျုံးချင်အတွက်မူ ထိုအရာမှာ ရေတွက်၍ မရနိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။

ထို့နောက် သူတို့နှစ်ယောက်သည် ပျော်ရွှင်မှုဘားထဲသို့ ဝင်သွားခဲ့ကြ၏။

သူတို့သည် စားပွဲတစ်လုံး၌ ဝင်ထိုင်ပြီး ဘီယာ သုံးဖာနှင့် သစ်သီးတစ်ပန်းကန်ကို မှာယူလိုက်ကြသည်

လျှူယန်က ဖာတစ်ခုကို ဖွင့်လိုက်ပြီး ကျုံးချင်နှင့်အတူ ပုလင်းတစ်လုံးကို ဖောက်သောက်လိုက်ကာ ပြောဆိုသည်။

"စကားတွေ အများကြီး မပြောနဲ့တော့ ညီအစ်ကို... တစ်ခွက်လောက် သောက်ရအောင်..."

သူသည် တခြားကမ္ဘာတွင် ကောင်းမွန်သော အရက်များစွာကို မြည်းစမ်းခဲ့ဖူးသော်လည်း....

ကျုံးချင်သည် ထိုဘီယာ၏ အရသာကို လွန်စွာလွမ်းဆွတ်နေခဲ့သည်။

ပုလင်း တစ်လုံး ကုန်သွားပြီးနောက် ထိုအရသာကို စကားတစ်ခွန်းတည်းဖြင့်သာ ဖော်ပြနိုင်သည်။

သူ၏ အူထဲအထိ အေးမြပြီး လန်းဆန်းသွားသည်။

ယခုအချိန်တွင် ဘား၌ လူများဖြင့် စည်ကားနေပေ၏။

တလက်လက် တောက်ပနေသော မီးရောင်များက အိပ်မက်ဆန်ပြီး မှုန်ဝါးသော အငွေ့အသက်ကို ပေးစွမ်းနေခဲ့သည်။

လူတစ်စုက စင်မြင့်၏ရှေ့တွင် ပျော်ရွှင်စွာ ကခုန်နေကြပြီး အကောင်းဆုံးအချိန်များကို ပိုင်ဆိုင်ထားကြသည်။

လူအများအပြားသည် ဘားများသို့ အရက်သောက်ရန် သက်သက်သာ မဟုတ်ဘဲ ထိုဆူညံပြီး သက်ဝင်လှုပ်ရှားနေသော အခြေအနေအတွက် လာရောက်ကြခြင်းဖြစ်သည်။

သေချာသည်မှာ လူငယ်အမျိုးသားများနှင့် အမျိုးသမီးများ တစ်ဦးနှင့်တစ်ဦး အရက်ငဲ့ပေးနေကြသည်လည်း ရှိပေ၏။

သူတို့က အရက်ငဲ့ပေးနေကြခြင်းလော...

ထိုသို့ မဟုတ်ချေ။

သူတို့သည် တစ်ဦး၏ခန္ဓာကိုယ်ကို ကျန်တစ်ဦးက တပ်မက်နေကြခြင်း ဖြစ်သည်။

ဘားကို ယိုယွင်းပျက်စီးမှုသုခဘုံဟုလည်း ခေါ်ဆိုကြခြင်းမှာ အကြောင်းပြချက်မရှိ မဟုတ်ချေ။

ကျုံးချင်ကို အချိန်အတော်ကြာ မတွေ့ခဲ့ရသော လျှူယန်က အလွန်ပျော်ရွှင်နေပုံရသည်။

သူသည် နေမင်းကြီးအောက်ရှိ အရာအားလုံးအကြောင်းကို ရည်ရွယ်ချက်မရှိဘဲ ပြောဆိုနေခဲ့၏။

နောက်ဆုံးတွင် ခေါင်းစဉ်မှာ ကမ္ဘာ့ဖလားသို့ ရောက်ရှိသွားခဲ့သည်။

လျှူယန်က မေးမြန်းသည်။

"ညီအစ်ကို... ဒီနှစ် ကမ္ဘာ့ဖလားက စတော့မယ်...ဘယ်လိုလဲ... အရင်နှစ်တွေကလို လောင်းကြေးထပ်ချင်သေးလား...ပြီးခဲ့တဲ့နှစ်က ခရစ္စတီယာနို ရော်နယ်ဒိုက ကွင်းထဲမှာ လွှမ်းမိုးထားနိုင်ခဲ့ပြီးတော့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ငါတို့နှစ်ယောက် အမြတ်အစွန်းတွေ အများကြီး ရခဲ့တာကို ငါ မှတ်မိသေးတယ်..."

"ဒီနှစ်ရော... ငါတို့ ခရစ္စတီယာနို ရော်နယ်ဒိုအပေါ် ဆက်ပြီးလောင်းကြေးထပ်ကြမလား..."

လျှူယန်က စကားပြောပြီးနောက် သူ၏ ထင်မြင်ချက်ကို မေးမြန်းရန် ကျုံးချင်အား မျှော်လင့်ချက်များဖြင့် ကြည့်လိုက်၏။

ထိုအချိန်အခိုက်အတန့်တွင် ကျုံးချင်၏ အမူအယာ တောင့်တင်းသွားခဲ့သည်။

ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း အတွေးများ လွင့်မျောသွားခဲ့သည်။

သူသည် သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မလိုလားစွာ ကြည့်ရှုနေခဲ့ပြီး ခါးသက်သက် ရယ်မောခြင်းမပြုဘဲ မနေနိုင်ခဲ့ချေ။

သူက တီးတိုးရေရွတ်လိုက်သည်။

"တကယ်ပဲ...ဒါပေမဲ့ ဒီအရာတွေ အားလုံးကသာ အစစ်အမှန် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်တောင် အံ့အားသင့်စရာ ကောင်းလိုက်မလဲ..."

လျှူယန်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

"ညီအစ်ကို... မင်း ဘာဖြစ်နေတာလဲ...ဘာက အစစ်အမှန်ဖြစ်ပြီး ဘာက အတုလဲ... မင်း ထင်ယောင်ထင်မှားတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်..."

ကျုံးချင်က သူ့ကို လျစ်လျူရှုလိုက်သည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မိုးကောင်းကင်ဆီသို့ကြည့်ကာ နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်၏။

"ဟန်ဆောင်နေတာ ရပ်လိုက်တော့... ထွက်လာခဲ့စမ်း..."

လျှူယန် လုံးလုံးလျားလျား ထိတ်လန့်သွားပြီး သူက ပြောဆိုလိုက်၏။

"ညီအစ်ကို... ငါ့ကို မခြောက်ပါနဲ့...မင်း ကယောင်ချောက်ချား ဖြစ်နေတာများလား..."

ကျုံးချင်က ပတ်ဝန်းကျင်ကို မလိုလားစွာဖြင့် နောက်တစ်ကြိမ် ကြည့်ရှုလိုက်သည်။

သူသည် ထိုနေရာရှိ အရာအားလုံးကို လွမ်းဆွတ်နေခဲ့သည်။ သူ၏ မိဘများ ဆွေမျိုးများနှင့် သူငယ်ချင်းများကိုလည်း လွမ်းဆွတ်နေခဲ့ပေ၏။

သို့သော် အတုဆိုသည်မှာ အတုသာ ဖြစ်ကြောင်း သူ သိထားသည်။ သူ မည်မျှပင် တောင့်တနေပါစေ ထိုအရာမှာ အစစ်အမှန် ဖြစ်မလာနိုင်ချေ။

သူက သက်ပြင်းရှည်ကြီး တစ်ခု ချလိုက်သည်။

နောက်ဆုံးတွင် သူ၏အကြည့်က စားပွဲပေါ်ရှိ သစ်သီးလှီးဓားပေါ်သို့ ကျရောက်သွားခဲ့သည်။

ကျုံးချင်က ပြောဆိုသည်။

"ဒီလှပတဲ့အိပ်မက်ကနေ ရုန်းထွက်ရမယ့် အချိန် ရောက်ပြီ..."

သူ စကားပြောဆိုနေစဉ်မှာပင် ဓားကို ကောက်ယူကာ သူ၏ရင်ဘတ်ကို တိုက်ရိုက် ထိုးစိုက်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း သွေးများ နေရာအနှံ့အပြားသို့ ပန်းထွက်သွားခဲ့သည်။

ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာကာ....

လျှူယန်က ကျုံးချင်ကို တွဲထူရန် အလျင်အမြန် ရှေ့သို့တက်လာခဲ့ပြီး သူ၏မျက်နှာ ဖြူရော်နေကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူက အော်ဟစ်လိုက်၏။

"ညီအစ်ကို... မင်း ဘယ်လိုလုပ်ပြီး ဒီလို မိုက်မဲတဲ့ အလုပ်မျိုးကို လုပ်ရတာလဲ...တကယ်လို့ မင်းသာ ဒီလို ထွက်သွားရင် မင်းရဲ့ သန်းရာချီတဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်သူက အမွေဆက်ခံမှာလဲ..."

ဘဝမှာ အနာကျင်ရဆုံး အရာက လူသေသွားပြီး ပိုက်ဆံ မသုံးရသေးတာပဲ...တောင့်ခံထား... မင်း တောင့်ခံထားရမယ်..."

သူသည် အရေးပေါ် ဝန်ဆောင်မှုများအတွက် 120 သို့ တုန်ယင်စွာဖြင့် ဖုန်းခေါ်ဆိုလိုက်၏။

သို့သော် ကျုံးချင်သည် သူ မည်သည့်အရာ ပြောနေသည်ကို မကြားနိုင်တော့ချေ။

လေးလံထိုင်းမှိုင်းသော ခံစားချက်တစ်ခု သူ့အပေါ် လွှမ်းခြုံလာသည်ကိုသာ သူ ခံစားလိုက်ရသည်။

မူးဝေမှုများကြားတွင် သူ၏မျက်စိရှေ့ရှိ အရာအားလုံးသည် ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ စတင်၍ ပြိုကွဲလာခဲ့ပေ၏။

သူ ခေါင်းခါယမ်းလိုက်ကာ သူ၏ခန္ဓာကိုယ် အတွင်းရှိ သက်သောင့်သက်သာ မရှိမှုများကိုအတင်းအကျပ် ဖယ်ရှားလိုက်သည်။

သူ အာရုံစိုက်၍ ကြည့်လိုက်ရာ လျှူယန် မရှိသည့်အပြင် ဘားလည်း မရှိတော့ချေ။ သူသည် ယခုအချိန်တွင် သမုဒ္ဒရာထဲတွင် ရောက်နေခဲ့လေပြီ။

သူ၏ခန္ဓာကိုယ် အဆက်မပြတ် နစ်မြုပ်နေပြီး ရေမျက်နှာပြင်မှ မည်မျှထိ ဝေးကွာနေသည်ကို သူ မသိခဲ့ချေ။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး လုံးလုံးလျားလျား မှောင်မည်းနေသည်။

ထို့ပြင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဆွဲဆောင်မှု ရှိစွာ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးက တွယ်ကပ်နေခဲ့သည်။

သူတို့၏မျက်လုံးများ ဆုံတွေ့သွားချိန်တွင် အမျိုးသမီးသည် သိသိသာသာ ထိတ်လန့်သွားပေ၏။

ထို့နောက် သူမက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

"နင်... နင်က ငါ့ရဲ့ ပုံရိပ်ယောင် ထဲမှာ ဖမ်းမိနေတာကို... နင် ဘယ်လိုလုပ်ပြီး နိုးလာရတာလဲ..."

ကျုံးချင်က အမျိုးသမီး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။

ထို့နောက် သူက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။

"ငါ အထင်မမှားဘူးဆိုရင် မင်းက ငါ ဘာတွေးနေလဲ ဘာကို မျှော်လင့်နေလဲ ဆိုတာကို မြင်နိုင်တယ် မဟုတ်လား...ပြီးတော့ အဲ့ဒါကို အသုံးပြုပြီး ငါတောင်မှ အစစ်အမှန်နဲ့ ပုံရိပ်ယောင် ကို မခွဲခြားနိုင်တဲ့ လောကတစ်ခုကို ဖန်တီးခဲ့တယ်..."

"မင်းရဲ့ နည်းလမ်းတွေက မဆိုးဘူးလို့ ငါ ပြောရမယ်..."

"ကံမကောင်းစွာနဲ့ပဲ ၂၀၂၂ ခုနှစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ချန်ပီယံဆု မရခဲ့ဘူး... အဲဒါက သူ နိုင်စေချင်တဲ့ ငါ့ရဲ့ဆန္ဒ သက်သက်ပဲ..."

"ဒါ့ပြင် ကမ္ဘာ့ဖလားက တစ်နှစ်တစ်ကြိမ် ကျင်းပတာ မဟုတ်ဘဲ လေးနှစ်တစ်ကြိမ် ကျင်းပတာလေ..."

ထိုစကားကို ကြားချိန်တွင် အမျိုးသမီး၏ မျက်နှာ အလွန်အမင်း ပျက်ယွင်းသွားခဲ့သည်။

သူမ၏ကျရှုံးခဲ့ဖူးခြင်း မရှိသော ပုံရိပ်ယောင်နယ်မြေသည် ဤမျှထိ သေးငယ်သော အသေးစိတ် အချက်အလက် နှစ်ခုကြောင့် ရှုံးနိမ့်သွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။

သို့သော် သူမ၏ပုံရိပ်ယောင်နယ်မြေ ပေါ်ပေါက်သွားခဲ့သော်လည်း သူမသည် ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိခဲ့ချေ။

ထိုအစား သူမ၏ပုံရိပ် လှုပ်ရှားသွားပြီး မီးကဲ့သို့ နီရဲနေသော ပုံရိပ်တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ အမှန်တကယ်ကို ဟော်လင်းအာ၏ ပုံပန်းသွင်ပြင်ပင်။

သူမက သက်ပြင်းတစ်ချက်ကို ရှူထုတ်လိုက်ပြီး သူမ၏မျက်လုံးများ၌ ဆွဲဆောင်မှုများ အပြည့်ရှိနေကာ ကျုံးချင်ပေါ်တွင် လှဲလျောင်းရင်း ပြောဆိုလိုက်၏။

"အချစ်လေး... ငါက နင့်ရဲ့နှလုံးသားထဲက လှပတဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေရုံ သက်သက်ပါ... နင်က ငါ့ကို ထိခိုက်အောင် လုပ်ရက်လို့လား..."

ဤမြင်ကွင်းက ကျုံးချင်၏ ဒေါသကို တိုက်ရိုက် မီးမွှေးပေးလိုက်သည်။

သူ၏မျက်နှာ ချက်ချင်းဆိုသလိုပင် အေးစက်တင်းမာသွားခဲ့သည်။

သူက ပြောဆိုလိုက်​၏။

"ပြောရမယ်ဆိုရင် မင်းက ငါ့ဘဝရဲ့ လှပတဲ့ အိပ်မက် တစ်ခုကို အကောင်အထည် ဖော်ဖို့ ကူညီပေးခဲ့တာပဲ... ဒါကြောင့် မင်းမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေရင်တောင် မင်းနဲ့ ငါ ငြင်းခုံချင်မှာ မဟုတ်ဘူး...ငါ မင်းကို ကျေးဇူးတင်ပါတယ်လို့တောင် ပြောချင် ပြောမိမှာ..."

"ဒါပေမဲ့ မင်းက ဒီလောက် အတိုင်းအတာအထိ မလိုအပ်ဘဲ လုံးလုံးလျားလျား မလုပ်သင့်ခဲ့ဘူး..."

ကျုံးချင်က လက်ကို မြှောက်ကာ သူမကို ရိုက်နှက်လိုက်သည်။

ထို့နောက် သူက ဆဲရေးလိုက်သည်။

"မင်းလို သောက်ရေးမပါတဲ့ကောင်ကတော့... ပြောင်းလဲစရာ လူတွေ အများကြီးထဲမှာမှ မင်းက ဒီမိန်းမရဲ့အသွင်ကို ပြောင်းရတယ်လို့..."

အမျိုးသမီးသည် ရိုက်နှက်ခံလိုက်ရပြီး လွင့်ထွက်သွားကာ သူမ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ယိုစီးထွက်လာခဲ့သည်။

သူမ၏ခေါင်း မူးဝေနေခဲ့ကာ ထိုထိုးနှက်ချက်ကြောင့် သူမ မှင်တက်သွားခဲ့သည်။

အချိန်အတော်ကြာပြီးမှသာ သူမသည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပေ၏။

သူမက ကျုံးချင်ကို မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်သည်။

ဤအမျိုးသားသည် ဤမျှထိ ရက်စက်ပြီး နှလုံးသား ကင်းမဲ့လိမ့်မည်ဟု သူမ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ချေ။

သူနှင့် နက်ရှိုင်းသော အပြန်အလှန် ဆက်ဆံမှု ရှိဖူးသည့် တစ်ဦးတည်းသော အမျိုးသမီးကို ရင်ဆိုင်ရချိန်တွင် သူသည် အမှန်တကယ်ကို ထိုမျှထိ သနားကြင်နာမှု ကင်းမဲ့နိုင်သည်။

သူမ၏မျက်လုံးများတွင် နာကြည်းမှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

ယနေ့တွင် သူမသည် သူမ၏ခြေထောက်ကို သူမကိုယ်တိုင် အမှန်တကယ် ကျောက်တုံးဖြင့် ထုလိုက်မိခြင်းပင်။

သူမ၏ခွန်အားကို မြှင့်တင်ရန် သူ၏အနှစ်သာရကို ဝါးမျိုနိုင်လိမ့်မည်ဟု သူမ မူလက ထင်မှတ်ထားခဲ့သည်။

မမျှော်လင့်ဘဲ သူမ အားထားရကာ ကျရှုံးဖူးခြင်း မရှိသည့် ပုံရိပ်ယောင်နယ်မြေသည် ကျိုးပဲ့သွားရုံသာမက အကြောင်းမဲ့သက်သက်လည်း ရိုက်နှက်ခံခဲ့ရသည်။

ထိုအရာမှာ အမှန်တကယ်ကို သူမအတွက် ကြီးမားသော အရှက်ရမှုတစ်ခုပင်။

ကျုံးချင်က အော်ဟစ်လိုက်သည်။

"သေစမ်း..."

သို့သော် သူမ ဘာတွေးနေသည်ကို ကျုံးချင် ဂရုမစိုက်ခဲ့ချေ။

သူက သူ၏လက်ကို ဆန့်တန်းလိုက်ရာ တောင်ကြီး တစ်လုံးအလား လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအသွင်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး အမျိုးသမီးထံသို့ တန်းတန်းမတ်မတ် ပျံ့လွင့်သွားပေ၏။

ထိတ်လန့်ဖွယ်စွမ်းအားကို ခံစားလိုက်ရချိန်တွင် အမျိုးသမီး၏မျက်နှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူမက အော်ဟစ်လိုက်၏။

"နင် ငါ့ကို စောင့်နေလိုက်... ဒီအတွက် ငါ တစ်နေ့နေ့မှာ သေချာပေါက် လက်စားချေမယ်..."

သူမ စကားပြောဆိုနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်မှာ လျှပ်ပြက်သကဲ့သို့ လှုပ်ရှားသွားခဲ့သည်။

သူမက အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

သို့သော် ကျုံးချင်က သူမကို မည်သည်ကြောင့် လွတ်မြောက်ခွင့် ပြုမည်နည်း...

သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ခြင်းနှင့်အတူ သူသည် သူမ၏နောက်သို့ လိုက်သွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ထိုအမျိုးသမီး၏သရုပ်မှန်ကို သူ ရှင်းလင်းစွာ အသိအမှတ်ပြုလိုက်ပြီးဖြစ်ပေ၏။

သူမသည် ပုံရိပ်ယောင်နည်းစနစ်များကို ကျွမ်းကျင်ပြီး ပုံသဏ္ဍာန်များကို အလိုရှိသကဲ့သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။

ဤစွမ်းရည်မျိုးရှိသူမှာ ရှေးဟောင်းစာပေများတွင် မှတ်တမ်းတင်ထားသော ရေနေအိပ်မက်ဆိုးပင်။

ရေနေအိပ်မက်ဆိုး၏စွမ်းအားသည် အလွန်မကြီးမားသော်လည်း သူမ၏ ပုံရိပ်ယောင် နည်းစနစ်များကမူ အလွန်ပြဿနာများပြီး ခေါင်းကိုက်စရာ ကောင်းလှသည်။

သူမသည် ပင်လယ်ရေပြင်၏ အုပ်စိုးသူတစ်ဦးဖြစ်လုနီးပါးပင်။

သို့သော် ကျုံးချင်အတွက်မူ...

သူ့ကို လှည့်စားရန် ဟော်လင်းအာ၏အသွင်သို့ ပြောင်းရဲခြင်းမှာ သူမ၏အသက်ကို မည်သို့ တန်ဖိုးထားရမည်ကို သူမ အမှန်တကယ် မသိခြင်းသာ ဖြစ်ပေ၏။

သူ၏ ဘဝတွင် သူ အမုန်းဆုံး အမျိုးသမီးမှာ ထိုအမျိုးသမီး ဖြစ်ကြောင်း သူမ မသိခဲ့သလော...

အိပ်မက်ဆိုးသားရဲတစ်ကောင်ကို မဆိုထားနှင့် ယနေ့ ကောင်းကင်ဧကရာဇ်ကိုယ်တိုင် လာရောက်ခဲ့မည်ဆိုလျှင်ပင် သူသည် သူမနှင့် သေသည်အထိ တိုက်ခိုက်ပေမည်။

"ဝုန်း..."

ကျုံးချင်၏ဒေါသက အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းကာ သူ၏အရှိန်အဝါသည် ပင်လယ်သမုဒ္ဒရာတစ်ခုလုံးကို လှုပ်ခတ်သွားစေပုံရသည်။

တစ်ချိန်တည်းမှာပင် သူ၏ကောင်းကင်ဘုံ မျက်လုံး ပွင့်လာပြီး ရေနေအိပ်မက်ဆိုး၏ပုံရိပ်ကို ချိတ်ပိတ်လိုက်၏။

ရေနေအိမ်မက်ဆိုး အလွန်ထိတ်လန့်သွားခဲ့ကာ သူမ၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားခဲ့သည်။

သူမ အသည်းအသန် ထွက်ပြေးခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမသည် ကျုံးချင်၏ ခြေလှမ်းများကို နှောင့်နှေးစေရန် မျှော်လင့်ချက်ဖြင့် ပုံရိပ်ယောင်များကို အဆက်မပြတ် ဖန်တီးနေခဲ့သည်။

ကံမကောင်းစွာဖြင့် သူ၏အကာအကွယ်များကို အသင့်ပြင်ထားပြီး သူ၏ ကောင်းကင်ဘုံ မျက်လုံးကိုလည်း အသက်သွင်းထားပြီး ဖြစ်သဖြင့် ကျုံးချင်က သူမ၏မကောင်းဆိုးဝါး လှည့်ကွက်များဖြင့် မည်သည်ကြောင့် လှည့်စားခံရနိုင်မည်နည်း။

အချိန် ၁၅ မိနစ်ကျော်လေး အတွင်းမှာပင် ကျုံးချင်နှင့်သူမကြား အကွာအဝေးမှာ သုံးပေထက်ပင် လျော့နည်းသွားခဲ့လေပြီ။

သူက နောက်ထပ် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိတ်လန့်ဖွယ် ဥပဒေသစွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်တော့မည့် အစစ်အမှန် နဂါး တစ်ကောင်အလား လှုပ်ရှားသွားသည်။

ထိုစွမ်းအားသည် ပင်လယ်ရေမျက်နှာပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပေ၏။

"မလုပ်နဲ့..."

ရေနေအိပ်မက်ဆိုးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ထိုလက်ဝါး ရိုက်ချက်၏ ထိတ်လန့်ဖွယ်စွမ်းအားများသည် သူမ တောင့်ခံနိုင်သော အရာ မဟုတ်ကြောင်း သူမ ခံစားမိသည်။

ဤအချိန်အခိုက်အတန့်တွင် သူမသည် လုံးလုံးလျားလျား မျှော်လင့်ချက် ကင်းမဲ့နေပေ၏။

အကယ်၍ ကောင်းကင်ကြီးကသာ သူမကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမည်ဆိုလျှင်...

သူမသည် ကျုံးချင်ကို ရန်စရန် လုံးလုံးလျားလျား လာရောက်မည် မဟုတ်ချေ။

ကံမကောင်းစွာဖြင့် ဤလောကတွင် နောင်တရခြင်းအတွက် ဆေးမရှိချေ။

အဆုံးမဲ့နောင်တများနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသော ရေနေအိပ်မက်ဆိုး၏မျက်လုံးများအောက်တွင် ထိတ်လန့်ဖွယ် ဥပဒေသစွမ်းအားက သူမ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ဆုတ်ဖြဲလိုက်ပြီး အမှုန်အမွှားများအဖြစ်သို့ ခြေမွှဖျက်ဆီးလိုက်၏။

လူများ ကြောက်ရွံ့စွာဖြင့် ပြောဆိုလေ့ရှိသော မျိုးဆက်တစ်ခု၏ အုပ်စိုးသူဖြစ်သည့် ရေနေအိပ်မက်ဆိုးမှာ ကျုံးချင်၏ လက်ဝါးဖြင့် ဖျက်ဆီးခံလိုက်ရသည်။

သူမ၏ စိတ်ဝိညာဉ်လွင့်စင်ပြီး စိတ်အာရုံကြေမွှ သွားကာ အရိုးအစနပင် မကျန်တော့ချေ။

...

All Chapters