ပထမဆုံးအကြိမ် ခြွင်းချက်မရှိ အစွမ်းကုန် တိုက်ခိုက်ခြင်း
Vol. 36 Ch. 353
နက်ရှိုင်းသော ပင်လယ်ပြင်အထက်တွင်...
ကျုံးချင်သည် လှေဦး၌ မတ်တတ်ရပ်နေခဲ့၏။
ပင်လယ်လေပြင်းများ တိုက်ခတ်သွားသည်နှင့်အမျှ လေထဲရှိ သွေးနံ့များ ပို၍ပြင်းထန်လာခဲ့သည်။
ကျုံးချင်က နက်ရှိုင်းသော အသံဖြင့် အမိန့်ပေးလိုက်၏။
"ညှို့ငင်ခြင်းသားရဲ ... အရှိန်တင်လိုက်..."
စိတဝိညာဉ်လင်းပိုင် မျိုးနွယ်စုတစ်ခုလုံးက သူ့ကို အစောင့်အရှောက် လိုက်ပါရန် မိုင်ပေါင်း ထောင်ချီ၍ ခရီးသွားခဲ့ရသည်ကို သူ ပြန်တွေးမိသည်။ အကယ်၍ စိတဝိညာဉ်လင်းပိုင် မျိုးနွယ်စုသာ ကြီးမားသော အကျပ်အတည်း တစ်ခုနှင့် အမှန်တကယ် ရင်ဆိုင်နေရပါက သူ လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ချေ။
အခန်းတွင်း၌ ညှို့ငင်ခြင်းသားရဲက ကျုံးချင်၏ အမိန့်ကို ကြားချိန်၌ အချိန်မဆွဲရဲခဲ့ချေ။
"ဟုတ်ကဲ့ပါ သခင်..."
အားကောင်းသော နက်နဲသိမ်မွေ့ချီများ ထည့်သွင်းလိုက်ပြီးနောက် လှေ၏အမြန်နှုန်း သိသိသာသာ တိုးလာခဲ့သည်။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် လှေတစ်ခုလုံးသည် ဒေါသထွက်နေသော နဂါး တစ်ကောင်အလား ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် အလျှင်အမြန် ရှေ့သို့ပြေးထွက်နေခဲ့သည်။
လှေ ရှေ့သို့ဆက်သွားသည်နှင့်အမျှ ပင်လယ်ပြင်ပေါ်တွင် အလောင်းများ ပို၍ထွက်ပေါ်လာခဲ့သည်။
ထိုအရာများအနက် အများစုမှာ စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စု၏ အလောင်းများ ဖြစ်ကြသည်။
ရံဖန်ရံခါတွင် ကျားငါးမန်းမျိုးနွယ်စုမှ အလောင်း အနည်းငယ်လည်း ပါဝင်နေပေ၏။
အလောင်းများသည် တောင်ငယ်လေးများအလား စုပုံနေကာ ပင်လယ်တစ်ဝက်ခန့်ကို အနီရောင်သန်းသွားစေခဲ့သည်။
ထိုအရာက ကျုံးချင်၏စိတ်နှလုံးသားကို နောက်တစ်ကြိမ် လေးလံသွားစေခဲ့သည်။
သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့ကာ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုတွင် အမှန်တကယ်ကို တစ်ခုခု ဖြစ်နေခဲ့လေပြီ။
"ဝုန်း... ဝုန်း... ဝုန်း..."
ထိုအချိန်မှာပင် အဝေးမှ ဧရာမလှိုင်းလုံးကြီးတစ်ခု လှိုင်းထလာပြီး နတ်ဘုရားအလင်းတန်းများ လှုပ်ရှားနေကာ ပြင်းထန်သော တိုက်ခိုက် သတ်ဖြတ်သံများကို ကြားလိုက်ရသည်။
လှေသည် ရှေ့သို့ အနည်းငယ် ဆက်သွားချိန်၌ သူ၏မျက်လုံးထဲသို့ ဝင်လာသည့် အရာမှာ စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စုနှင့် ကျားငါးမန်းမျိုးနွယ်စုတို့ကြားရှိ ပြင်းထန်သောတိုက်ပွဲပင်။
ပင်လယ်ပြင်ပေါ်တွင် မျိုးနွယ်စုနှစ်ခုလုံးမှ မရေမတွက်နိုင်သော ပုံရိပ်များ ရှိနေပြီး အတိအကျ အရေအတွက်ကို ရှင်းလင်းစွာ မသိရလောက်အောင် ထူထပ်စွာ ပြည့်နှက်နေခဲ့သည်။
သို့သော် အနည်းဆုံး သားရဲကောင်ရေ တစ်သိန်းကျော်ရှိမည်ဟု ခန့်မှန်းရပေ၏။
ဤသည်မှာ ပြီးဆုံးရန် လွယ်ကူမည် မဟုတ်သော မျိုးနွယ်စုစစ်ပွဲတစ်ခုပင်။
ကျားငါးမန်းမျိုးနွယ်စုသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ကြောင်း မြင်တွေ့နိုင်သည်။
သူတို့၏မျက်နှာများသည် ရုန့်ရင်းကြမ်းတမ်းနေပြီး တောင်ငယ်လေးတစ်လုံးခန့်ရှိသော သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကို အားကိုးကာ တူညီသောအဆင့်ရှိ စိတ်ဝိညာဉ်လင်းပိုင် နှစ်ကောင် သုံးကောင်ကို ရင်ဆိုင်ရသည့်တိုင် အသာစီး ရနေဆဲပင်။
စစ်မြေပြင်တွင် ထိတ်လန့်ဖွယ် သွေးချီများ လှိုင်းထနေပြီး အမျိုးမျိုးသော နက်နဲသိမ်မွေ့သည့် နည်းစနစ်များကို အဆက်မပြတ် ထုတ်လွှတ်နေကြ၏။
ကောင်းကင်တခွင်လုံး၌ သွေးများပန်းထွက်နေပြီး ကျိုးပဲ့နေသောအရိုးများနှင့် တစ်စစီ ဖြစ်နေသော အသွေးအသားများ ပျံ့လွင့်နေကာ လေဟာနယ်ကိုပင် ဆုတ်ဖြဲနေခဲ့သည်။
မိုင်ထောင်ချီ ကျယ်ဝန်းသော ပင်လယ်ပြင်သည် အသားကြိတ်စက် စစ်မြေပြင်တစ်ခု လုံးလုံးလျားလျား ဖြစ်လာခဲ့လေပြီ။
ဖြာကျလာသော ပေတစ်သောင်းခန့် မြင့်မားသည့် လှိုင်းလုံးများကို ရေ သို့မဟုတ် သွေး ဟုပင် ခွဲခြား၍ မရနိုင်တော့ချေ။
တောင်ငယ်လေးများအလား အလောင်းများသည် ပင်လယ်ပြင်ကို ကုန်းမြေတစ်ခုအဖြစ် ပြောင်းလဲသွားစေလုနီးပါး စုပုံနေပေ၏။
ကျုံးချင်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ အံ့အားသင့်မသွားဘဲ မနေနိုင်ခဲ့ချေ။
အရမ်း အဖြစ်ဆိုးလွန်းတယ်...
သူ တွန့်ဆုတ်မနေဘဲ အထက်သို့ ခုန်တက်ကာ စစ်မြေပြင်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
"ဝုန်း..."
သူ လက်ဝါး တစ်ချက် ရိုက်ချလိုက်ရာ အနီးဆုံး ကျားငါးမန်းသားရဲသည် ထိုရိုက်ချက်ကြောင့် တိုက်ရိုက်လွင့်ထွက်သွားခဲ့သည်။
ထိုသားရဲသည် မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲသွားခဲ့ပေ၏။
သူသည် သွေးမိုးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေပြင်တခွင်သို့ ပက်ဖြန်းသွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် မျိုးနွယ်စုနှစ်ခုလုံး သွေးနီရောင်မျက်လုံးများဖြင့် တိုက်ခိုက်နေကြသည်။
မျိုးနွယ်စုနှစ်ခုကြားရှိ သေရေးရှင်ရေး တိုက်ပွဲ အတွင်းသို့ လူသားတစ်ဦး ခိုးဝင်လာသည်ကို မည်သူမျှ သတိမထားမိခဲ့ကြချေ။
ကျုံးချင်သည် သတ်ဖြတ်ခြင်းနတ်ဘုရား တစ်ပါးနှင့် တူညီနေပေ၏။
သူသည် ကျားငါးမန်းမျိုးနွယ်စုဝင်များကို အဆက်မပြတ် ရိုက်နှက်ကာ သတ်ဖြတ်နေခဲ့သည်။
သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် သူ၏ လက်ဝါးရိုက်ချက် တစ်ချက်ကို မည်သူမျှ တောင့်မခံနိုင်ခဲ့ချေ။
သို့သော် ကျုံးချင် ပါဝင်လာသည့်တိုင် စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စု၏ အခြေအနေမှာ ဆိုးရွားနေဆဲပင်။
ကျားငါးမန်းမျိုးနွယ်စုသည် ဤတစ်ကြိမ်တွင် ကောင်းစွာပြင်ဆင်လာခဲ့ကြောင်း သိသာထင်ရှားသည်။ အရေအတွက်အရ သူတို့သည် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုထက် များစွာ သာလွန်နေခဲ့သည်။
တစ်ဦးချင်းခွန်အားအရ သူတို့သည် စိတ်ဝိညာဥ်လင်းပိုင်များကို ခြေမွှဖျက်ဆီးနိုင်စွမ်း ရှိပေ၏။
ထို့အပြင် ကျုံးချင်က သူ၏တိုက်ခိုက်မှုများကို ထိန်းချုပ်ထားရသည်။
လက်ရှိတွင် နှစ်ဖက်လုံးသည် ရှုပ်ထွေးစွာ တိုက်ခိုက်နေကြပြီး မတော်တဆ ထိခိုက်မှုများကို ရှောင်ရှားရန် သူသည် သူတို့ကို တစ်ကောင်ပြီး တစ်ကောင်သာ ရှင်းလင်းနိုင်သည်။
ဤသည်က အကျိုးသက်ရောက်မှု ရှိသော်လည်း အလုံးစုံအခြေအနေအပေါ် သက်ရောက်မှုအနည်းငယ်သာ ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ မျိုးနွယ်စုနှစ်ခု၏ စစ်မျက်နှာပြင်သည် အလွန်ရှည်လျားပေ၏။
မိုင်ထောင်ချီ ကျယ်ဝန်းသော ပင်လယ်ပြင်က သူတို့၏စစ်မြေပြင် ဖြစ်နေသည်။
ကျုံးချင်က တွေးတောလိုက်သည်။
"မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားလို့ မရဘူး...မျိုးနွယ်စုနှစ်ခုကို ခွဲထုတ်ပစ်ဖို့ နည်းလမ်း ရှာရမယ်... ဒါမှသာ တိုက်ပွဲရဲ့ရလဒ်ကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားကို ငါ ထုတ်လွှတ်နိုင်မယ်..."
သို့သော် ဤအချိန်အခိုက်အတန့်တွင် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုသည် တိုက်ပွဲတွင် လုံးဝနစ်မွန်းနေသဖြင့် ဆက်သွယ်ရန် မဖြစ်နိုင်ချေ။
အရေးကြီးသော အချိန်အခိုက်အတန့်တွင် ကျုံးချင်သည် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုက သူ့ကို ပေးထားသော အရိုးခရာကို သတိရသွားခဲ့သည်။
သူ တွန့်ဆုတ်မနေဘဲ လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ခါလိုက်ရာ ကျောက်စိမ်းဖြူ အရိုးခရာက သူ၏လက်ထဲတွင် ထွက်ပေါ်လာပေ၏။
သို့သော် အရိုးခရာကို မှုတ်ပြီးနောက် ကြည်လင်သောအသံမှာ မျိုးနွယ်စုနှစ်ခု၏ စစ်မြေပြင် ရှေ့တွင် အရေးမပါလှချေ။
လက်ရှိစစ်မြေပြင်သည် လောကကြီးကို တုန်လှုပ်သွားစေသော တိုက်ခိုက်သတ်ဖြတ်သံများဖြင့် ပြည့်နှက်နေပြီး အမျိုးမျိုးသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
အဆုံးမဲ့သွေးချီများ လှိုင်းထနေပြီး ကောင်းကင်ကို ထိုးဖောက်တော့မည့်အလား နတ်ဘုရား အလင်းတန်းများ လှုပ်ရှားနေခဲ့သည်။
ကျုံးချင်က ဇဝေဇဝါဖြင့် တွေးတောလိုက်၏။
"စိတဝိညာဉ်လင်းပိုင် မျိုးနွယ်စုက တုံ့ပြန်နိုင်ပါ့မလား..."
စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုအပေါ် ကျရောက်နေသော ဖိအားများကို လျော့ကျစေရန်နှင့် ကျားငါးမန်းမျိုးနွယ်စုဝင်များကို ပို၍သတ်ဖြတ်ရန် သူ အစွမ်းကုန် ကြိုးစားရုံသာ တတ်နိုင်ပေမည်။
ကျုံးချင် မမျှော်လင့်ထားသည့် အရာမှာ သူ အရိုးခရာကို မှုတ်ပြီးနောက် နာရီဝက်ခန့် အကြာတွင် စိတဝိညာဥ်လင်းပိုင်သားရဲ တစ်ကောင် အမှန်တကယ် ရောက်ရှိလာခြင်းပင်။
စိတဝိညာဥ်လင်းပိုင်သားရဲက ပြောဆိုသည်။
"လူသား... ကျွန်မ အရမ်း စိတ်မကောင်းပါဘူး...စိတဝိညာဉ်လင်းပိုင် မျိုးနွယ်စုက လောလောဆယ် သေရေးရှင်ရေး အကျပ်အတည်း တစ်ခုနဲ့ ရင်ဆိုင်နေရလို့ ကိုယ့်ကိုယ်ကိုယ်တောင် မကူညီနိုင်တာကြောင့် ရှင့်ကို အကူအညီ ပေးနိုင်မှာမဟုတ်ဘူးလို့ ရှင့်ကို ပြောဖို့ မင်းသမီးလေးက ကျွန်မကို အမိန့်ပေးလိုက်တယ်..."
"အခု ဒီပင်လယ်ပြင်နေရာက အရမ်း အန္တရာယ်များတယ်... ရှင် မြန်မြန် ထွက်သွားသင့်တယ်..."
"ဒီမှာ အချိန်ဆွဲမနေဘဲနဲ့ ရှင့်ရဲ့ အသက်ကို အလကား အဆုံးရှုံးမခံပါနဲ့..."
ဤသည်မှာ ကိုးပေမြင့်သော စိတဝိညာဥ်လင်းပိုင်သားရဲတစ်ကောင် ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင် ရှိပေ၏။
သူမ၏အသံသည် အလွန်အမင်း ညှို့ငင်ဖမ်းစားသော်လည်း နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှု တစ်ခုကို ဖော်ပြနေခဲ့သည်။
ထို့ပြင် သူမ၏ခန္ဓာကိုယ်တွင် ထိတ်လန့်ဖွယ် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။
သူမ၏ခန္ဓာကိုယ် တစ်ခြမ်းခန့်ပင် ပြတ်တောက်လုနီးပါး ဖြစ်နေခဲ့ပေ၏။
ထိုသို့ဆိုသည့်တိုင် ကျုံးချင်အပေါ် သူမ၏ သဘောထားမှာ နူးညံ့နေဆဲပင်။
သူ၏ အသက်ကို ကာကွယ်နိုင်ရန်အတွက် ချက်ချင်း ထွက်ခွာရန်ပင် သူ့ကို တိုက်တွန်းခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် ထိုကဲ့သို့ မြင့်မြတ်သည့် စိတ်ထားက ကျုံးချင်ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
သူက အလျှင်အမြန် မေးမြန်းလိုက်၏။
"စိတဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်တွေ အားလုံးကို ငါ့ရဲ့နား စုရုံးလာအောင် လုပ်ဖို့ မင်းမှာ နည်းလမ်းရှိလား..."
စိတ်ဝိညာဥ်လင်းပိုင်သားရဲ သံသယ ဝင်သွားပြီး သူမ၏အသံတွင် ဇဝေဇဝါဖြစ်မှုများ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ တုံ့ပြန်မေးမြန်းသည်။
"လူသား... ရှင် ဘာလုပ်မလို့လဲ..."
ကျုံးချင်က ပြန်ဖြေလိုက်၏။
"ငါ မင်းတို့ကို ကူညီပေးနိုင်တယ်...ဒီစစ်ပွဲကို အနိုင်ရဖို့လေ..."
သူ၏စကားများကို ပို၍ယုံကြည်လာစေရန် ကျုံးချင်က သူ၏အရှိန်အဝါ အနည်းငယ်ကို စိတ်ဝိညာဥ်လင်းပိုင်သားရဲထံသို့ ထုတ်လွှတ်လိုက်သည်။
ကျုံးချင်ထံမှ ကြီးကျယ်ခမ်းနားပြီး ထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစားမိချိန်တွင် စိတ်ဝိညာဥ်လင်းပိုင်သားရဲ၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သွားခဲ့သည်။
သူမက ပြောဆိုလိုက်၏။
"လူသား... ရှင့်ရဲ့မျက်လုံးတွေထဲမှာ ရိုးသားမှုကို ကျွန်တော် မြင်ရတယ်...စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုက ကျားငါးမန်းမျိုးနွယ်စုကို နှင်ထုတ်တဲ့နေရာမှာ ရှင် ကူညီပေးနိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်...ဒါပေမဲ့ ကျွန်မမှာ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုကို စုရုံးဖို့ အခွင့်အာဏာ မရှိပါဘူး...ကျွန်မက မင်းသမီးလေးဆီကို အရင်သတင်းပို့ရပါမယ်...ကျေးဇူးပြုပြီး စောင့်နေပေးပါ..."
သူမသည် စကားပြောဆိုနေစဉ်မှာပင် အလောင်းပုံကြီးထဲသို့ ခုန်ဆင်းသွားခဲ့သည်။
မျိုးနွယ်စုနှစ်ခုကြားရှိ တိုက်ပွဲသည် ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင်သာ မကချေ။ ပင်လယ်အောက်ခြေရှိ အခြေအနေမှာ ရေမျက်နှာပြင်ထက်ပင် ပို၍ဆိုးရွားနေခဲ့သည်။
ထိုအရာက သူမ၏အခြေအနေနှင့် သတင်းစကားကို အမှန်တကယ် ထိရောက်စွာ ပေးပို့နိုင်မည်လောဟု ကျုံးချင်ကို တွေးတောမိစေခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူ လုပ်နိုင်သမျှမှာ သူ စောင့်ဆိုင်းနေစဉ်တွင် ကျားငါးမန်းမျိုးနွယ်စု အဖွဲ့ဝင်များကို ရှင်းလင်းနေရန်သာ ဖြစ်ပေ၏။
ဤသို့ဖြင့် နာရီဝက် ကုန်လွန်သွားပြီးနောက် ကြည်လင်သော သီချင်းသံတစ်သံက ပင်လယ်ပြင်ပေါ်တွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
ထိုအသံ၏ထိုးဖောက်နိုင်စွမ်းမှာ အလွန်အားကောင်းလှသဖြင့် တိုက်ပွဲအသံများကိုပင် လွှမ်းမိုးသွားသည်။
ထိုသီချင်းသံ ထွက်ပေါ်လာသည်နှင့်အမျှ တိုက်ခိုက်နေသော စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်များမှာ အချက်ပြမှုတစ်ခုကို ရရှိလိုက်သည့်အလားပင်။
သူတို့အားလုံးသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ကျုံးချင်ရှိနေသော ဦးတည်ချက်သို့ အလျှင်အမြန် စုရုံးလာကြသည်။
ဤအခြေအနေက ကျုံးချင်ကို အံ့အားသင့်တုန်လှုပ်သွားစေခဲ့သည်။
စိတဝိညာဉ်လင်းပိုင် မျိုးနွယ်စုက သူ့ကို ထိုမျှထိ အကြွင်းမဲ့ ယုံကြည်နေသဖြင့် ယခုအချိန်၌ သူ လှုပ်ရှားရမည့်အလှည့်သို့ ရောက်ရှိလာလေပြီ။
ကျုံးချင်၏ခန္ဓာကိုယ် အလျှင်အမြန် လေထုထဲသို့ မြင့်တက်သွားခဲ့သည်။
ဖရိုဖရဲနတ်ဆိုးပင်လယ်တွင် ပျံသန်းခြင်းကို တားမြစ်ထားသော စည်းမျဉ်းများနှင့် ကန့်သတ်ချက်များ ရှိသော်လည်း ပျံသန်းခြင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း မဆိုလိုချေ။
အနည်းဆုံးတော့ ပေတစ်ရာ အမြင့်တွင် စည်းမျဉ်းများ၏ဖိနှိပ်မှုသည် ကျုံးချင် ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်းတွင် ရှိနေပေ၏။
ကျုံးချင် အထက်သို့ တက်သွားသည်နှင့်အမျှ စိတဝိညာဉ်လင်းပိုင်မျိုးနွယ်စုသည် လမ်းပြ အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသည့်အလား သူ့ထံသို့ စုရုံးလာသည့် အမြန်နှုန်း ပို၍မြန်ဆန်လာခဲ့သည်။
ကျားငါးမန်းမျိုးနွယ်စုက သူတို့၏နောက်မှ အလျှင်အမြန် လိုက်လာခဲ့သည်။
စိတဝိညာဉ်လင်းပိုင်မျိုးနွယ်စု လုံးလုံးလျားလျား ပျက်စီးသွားသည်အထိ သူတို့ မရပ်တန့်ရန် ဆုံးဖြတ်ထားပုံရသည်။
နှစ်ဖက်လုံး ပြေးလွှားနေကြစဉ်၌ ကျုံးချင်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်တန်း ထင်ဟပ်လာပေ၏။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အခုပဲ..."
သူ၏ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အခွင့်အရေးကို အရယူကာ ပထမဆုံးအကြိမ်အဖြစ် သူ၏စွမ်းအားများအားလုံးကို ခြွင်းချက်မရှိ ထုတ်လွှတ်လိုက်သည်။
...