← Chapters

အကြွင်းမဲ့ ဓား

Vol. 36 Ch. 354

အကြွင်းမဲ့ ဓား

Vol. 36 Ch. 354

ကျုံးချင်၏စွမ်းအားသည် မည်မျှထိ သန်မာအားကောင်းသနည်း....

ရိုးရိုးသားသား ပြောရလျှင် သူကိုယ်တိုင်ပင် ခိုင်မာသော နားလည်သဘောပေါက်မှုတစ်ခု မရှိခဲ့ချေ။

သူ စတင်ကျင့်ကြံကတည်းက သူ ကြုံတွေ့ခဲ့ရသော ပြိုင်ဘက်များမှာ လုံးဝဖိနှိပ်ခံရခြင်း သို့မဟုတ် ချက်ချင်းသတ်ဖြတ်ခံရခြင်းများဖြင့်သာ ကြုံတွေ့ခဲ့ရသည်။

သူ၏စွမ်းအားအပြည့်အဝကို အသုံးပြုရန် ထိုက်တန်သူဟူ၍ မည်သူမျှ မရှိခဲ့ချေ။

သို့သော် ဤအချိန်အခိုက်အတန့်တွင်...

ဤလောကကြီးရှိ ရှားပါးသော ကြင်နာတတ်သည့် မျိုးနွယ်စုတစ်ခုဖြစ်သော စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စုအတွက် ကျုံးချင်သည် သူ၏စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်လွှတ်လိုက်၏။

"ဝုန်း..."

သူ၏ခန္ဓာကိုယ်မှ အတိုင်းအဆ မရှိသော နတ်ဘုရားအလင်းတန်းများ ပွင့်အံ့ထွက်လာခဲ့သည်။

ထိုနတ်ဘုရားအလင်းတန်းများ ပွင့်အံ့ထွက်လာသည်နှင့်အမျှ အမျိုးမျိုးသော ဥပဒေသ စွမ်းအားများ လှုပ်ရှားလာခဲ့သည်။

ထိုဥပဒေသစွမ်းအားများက ယှက်နွှယ်နေပြီး ကျုံးချင်၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေပေ၏။

လေ၏အရိုင်းဆန်မှု မီး၏ပူပြင်းမှု မိုးကြိုး၏ရူးသွပ်မှု မြေကြီး၏လေးလံမှု...

ထိုဥပဒေသ စွမ်းအားများအားလုံး နောက်ဆုံးတွင် ကျုံးချင်၏လက်ထဲရှိ ဓားရှည်ပေါ်သို့ စုစည်းသွားခဲ့သည်။

ထိုအရာမှာ သုညစည်းတံဆိပ်ပင်။

ထိုဓားသည် သခင်၏အလိုဆန္ဒအတိုင်း ပုံစံကို အလိုရှိသကဲ့သို့ ပြောင်းလဲနိုင်သည်။

ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် မိုးကောင်းကင်ယံတွင် မတ်တတ်ရပ်နေပေ၏။

သူသည် ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။

မရေမတွက်နိုင်သော ဥပဒေသစွမ်းအားများက သုညစည်းတံဆိပ်ပေါ်တွင် တိုက်ရိုက်စုစည်းပြီး ယှက်နွှယ်သွားခဲ့သည်။

ဓားကိုယ်ထည်မှာ အဆက်မပြတ် ဆန့်ထွက်လာခဲ့ကာ နောက်ဆုံးတွင် မျက်စိတစ်မှိတ်အတွင်း၌ ကျန်းတစ်ထောင် ထိုးဖောက်ကျော်လွန်သွားသည်။

ဤသည်မှာ မိုးကောင်းကင်တွင် အပေါက်ကြီးတစ်ပေါက်ကို ထွင်းဖောက်တော့မည့်အလားပင်။

ဓားကိုယ်ထည်ပေါ်တွင် စုစည်းနေသော ဖျက်ဆီးခြင်းစွမ်းအားက ကျားငါးမန်းမျိုးနွယ်စု တစ်ခုလုံးကို နက်ရှိုင်းသော စိတ်မသက်မသာဖြစ်မှုတစ်ခုအား ခံစားရစေခဲ့သည်။

ကျုံးချင် မိုးကောင်းကင်သို့ မြင့်တက်သွားသည်နှင့်အမျှ....

ကျားငါးမန်းမျိုးနွယ်စုတစ်ခုလုံးသည် သေးငယ်သော လူသားမျိုးနွယ် ဖြစ်သည့် ကျုံးချင်ကို သတိပြုမိသွားကြသည်။

သို့သော် အစပိုင်းတွင် မည်သူမျှ သူ့ကိုဂရုမစိုက်ခဲ့ကြချေ။

ကျားငါးမန်းမျိုးနွယ်စုသည် ပင်လယ်တပြင်လုံးကို မရေမတွက်နိုင်သော နှစ်များစွာတိုင်အောင် လွှမ်းမိုးထားခဲ့သည်။ ယခုအချိန်သည် သူတို့၏ ကာလကြာရှည် ရန်သူတော်ကြီးဖြစ်သော စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းရန် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်ပေ၏။

တိုက်ပွဲ၏ရလဒ်မှာ ဆုံးဖြတ်ပြီးသား ဖြစ်သဖြင့် သာမန် လူသားမျိုးနွယ်တစ်ဦးက ထိုအရာကို မည်သို့ ပြောင်းလဲနိုင်မည်နည်း....

သို့သော် ကျုံးချင်က ဓားချီတစ်ချက်ထုတ်လွှတ်ရန် ပြင်ဆင်နေသည်ကို မြင်တွေ့ပြီးနောက် သူတို့၏အတွေးများ ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ သေမင်းတမန် ဓားတစ်လက်ပင်။

ထိုဓားချီထံမှ သေမင်း၏ခြိမ်းခြောက်မှုကို သူတို့ ခံစားမိပေ၏။

ကျားငါးမန်းခေါင်းဆောင်၏ သွေးကဲ့သို့ နီမြန်းနေသော မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏လက်အောက်ငယ်သားများကို ဟိန်းဟောက်လိုက်သည်။

"ဘယ်လိုတန်ကြေးပဲ ပေးဆပ်ရပါစေ သူ့ကို တား... သူ့ကို ဓားလွှဲယမ်းခွင့် လုံးဝပေးလို့ မဖြစ်ဘူး..."

သူ၏အမိန့်အရ မရေမတွက်နိုင်သော ကျားငါးမန်းမျိုးနွယ်စုဝင်များသည် စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စုကို လိုက်လံဖမ်းဆီးခြင်းအား လျစ်လျူရှုလိုက်ကြ၏။

ထိုအစား မီးတောက်ဆီသို့ တိုးဝင်သွားသော ပိုးဖလံများအလား သူတို့သည် ကျုံးချင်ထံသို့ ပြေးဝင်သွားကြပြီး ထူထပ်စွာ ပြည့်နှက်နေကာ ပင်လယ်ပြင်ကို လွှမ်းမိုးနေခဲ့သည်။

အချိန်တခဏအတွင်းတွင် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်အားလုံးသည် မရေမတွက်နိုင်သော တောင်များ မြေကြီးထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖုံးကွယ်ကာ အလင်းရောင်ကို ပိတ်ဆို့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ကောင်းကင်ကြီးသည် လုံးလုံးလျားလျား မှောင်မည်းသွားပြီး တစ်စုံတစ်ယောက်သည် သူ၏လက်ကိုပင် မမြင်နိုင်လောက်အောင် မှောင်မည်းနေသော အမှောင်ထုကြီး ဖြစ်သွားခဲ့သည်။

လေဟာနယ်အတွင်း၌ ကြမ်းတမ်းပြီး ရက်စက်ကာ သွေးဆာနေသော အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေပေ၏။

ထိုအရာက လူများကို ငရဲတွင်း ရောက်နေသကဲ့သို့ ခံစားရစေပြီး မျှော်လင့်ချက် ကင်းမဲ့မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အထက်မိုးကောင်းကင်ယံတွင်....

ကျုံးချင်သည် ပြေးဝင်လာသော ကျားငါးမန်းမျိုးနွယ်စုကို ကြည့်လိုက်သော်လည်း ထိတ်လန့်သွားခြင်းမရှိဘဲ ဝမ်းသာသွားခဲ့သည်။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကောင်းတယ်... လာကြ..."

ဝှစ်....

ဤအချိန်အခိုက်အတန့်တွင် သူသည် ဓားရှည်ကို လွှဲယမ်းလိုက်ပြီး အတိုင်းအဆမရှိသော နတ်ဘုရားအလင်းတန်းများကို သယ်ဆောင်ကာ မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားချီတစ်လှိုင်းကို ပေါက်ကွဲထွက်လာစေခဲ့သည်။

ဤသည်မှာ နေနှင့်လတို့ ကျိုးပဲ့ပျက်စီးသွားသည့်အလားပင်။

ကျန်းတစ်ထောင်ရှည်လျားသော ဓားကြီး ကျရောက်လာပြီး ထိတ်လန့်ဖွယ်ဓားချီက မိုင်တစ်သောင်းအကွာထိ ဆန့်တန်းသွားခဲ့သည်။

ထိုဓားချီတစ်ချက်အောက်တွင် မည်သည့်အရာမျှ မတားဆီးနိုင် မည်သည့်အရာမျှ မခုခံနိုင်ဟု ထင်ရပေ၏။

ဓားချီ နှင့် ထိတွေ့မိသော ကျားငါးမန်းမျိုးနွယ်စု၏ပထမလှိုင်းမှာ အလွန်ကံဆိုးသွားခဲ့သည်။

သူတို့ အလွန်ဂုဏ်ယူကြသော သူတို့၏ အစွမ်းထက်သည့် ရုပ်ခန္ဓာကိုယ်နှင့် တခြားသူများအထက်တွင် ရပ်တည်နေသော သူတို့၏ ဧရာမခန္ဓာကိုယ်များသည် စက္ကူဖြင့် ပြုလုပ်ထားသည့်အလား ဆုတ်ဖြဲခြင်းခံလိုက်ရသည်။

ဒုတိယလှိုင်းနှင့် ပတ်သက်၍မူ သူတို့သည် ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့ကာ သူတို့၏နည်းလမ်းများအားလုံးကို အသုံးပြုခဲ့သည့်တိုင် ထိုအရာမှာ လုံးဝအသုံးမဝင်ခဲ့ချေ။

ထို့နောက် တတိယလှိုင်း စတုတ္ထလှိုင်းများ ရောက်လာသည်...

သူတို့ အားလုံး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး သူတို့၏စိတ်ဝိညာဉ်လွင့်စင်ပြီး စိတ်အာရုံကြေမွှပျက်စီးသွားပေ၏။

ဤသို့ဖြင့်....

ဓားရှည်ဆင်းသက်လာပြီး ဓားချီအောက်ရှိ သက်ရှိအားလုံးကို ချေမှုန်းပစ်မည့် အရှိန်အဝါဖြင့် ကျားငါးမန်းမျိုးနွယ်ဝင်များကို ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ကျားငါးမန်းမျိုးနွယ်စု၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော်သည် ဤဓားချီ တစ်ချက်အောက်တွင် သေဆုံးသွားခဲ့ကြသည်။

ထိုသူများအနက် ထိခိုက်ဒဏ်ရာရသူမရှိဘဲ သေဆုံးသူများသာ ရှိခဲ့သည်။

ဓားချီကို တိုက်ရိုက်ရင်ဆိုင်ရသော မည်သူမဆို ဒဏ်ရာရကျန်ခဲ့သူမရှိဘဲ ချက်ချင်းသေဆုံးသွားကြ၏။

ထိတ်လန့်ဖွယ်ဓားချီသည် သောင်းနှင့်ချီသော ကျားငါးမန်းမျိုးနွယ်စုဝင်များကို ချေမှုန်းပစ်ပြီးနောက် ကျန်ရစ်နေသော စွမ်းအားက ပေတစ်သောင်းနက်သော ပင်လယ်ကိုပင် နှစ်ခြမ်းခွဲပစ်လိုက်ပြီး အဆုံးမဲ့ ငလျှင်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ ဥပဒေသများ ဖရိုဖရဲဖြစ်နေပြီး နယ်ပယ်ဖိနှိပ်မှု ရှိနေသည့် ဖရိုဖရဲနတ်ဆိုးပင်လယ်၏ အထူးသဘာဝသာ မရှိခဲ့ပါက...

ဖြစ်နိုင်သည်မှာ ဤဓားချီတစ်ချက်က ပင်လယ်တပြင်လုံးကို တိုက်ရိုက်နှစ်ခြမ်းခွဲပစ်နိုင်လောက်သည်။

ထိုဓားချီ၏ ထိတ်လန့်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားကြောင့် တခြားသူများအားလုံး မှင်တက်သွားကြ၏။

အသက်ရှင်ကျန်ရစ်ခဲ့သော နက်ရှိုင်းသည့် ကျားငါးမန်းသားရဲများသည် သူတို့၏စိတ်နှလုံးသားထဲတွင် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး သူတို့၏မျက်လုံးသူငယ်အိမ်များ သိသိသာသာ ကျဥ်းမြောင်းသွားခဲ့သည်။

"ဒါ... ဒါက တကယ်ပဲ လူတစ်ယောက်ရဲ့စွမ်းအားနဲ့ ထိန်းချုပ်လို့ရတဲ့ စွမ်းအားလား..."

သူတို့၏သွေးများ အေးခဲသွားလုနီးပါးပင်။

အရိုးထိအောင် အေးစိမ့်နေသော အအေးလှိုင်းတစ်လှိုင်းက သူတို့ကို ခေါင်းအစခြေအဆုံး အေးခဲသွားစေခဲ့သည်။

သူတို့သည် အလွန်အမင်း ထိတ်လန့်နေကြ၏။

စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်များအားလုံးထံမှ အောင်ပွဲခံသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ဤဓားချီသည် ကျားငါးမန်းမျိုးနွယ်စုအတွက် မျှော်လင့်ချက် ကင်းမဲ့ခြင်း ဓားတစ်လက် ဖျက်ဆီးခြင်း ဓားတစ်လက် ဖြစ်နိုင်သည်။

သို့သော် သူတို့အတွက်မူ ဤသည်မှာ မျှော်လင့်ချက်နှင့်ကယ်တင်ခြင်း ဓားတစ်လက်ပင်။

ထိုအရာသည် မျှော်လင့်ချက်ကင်းမဲ့မှုများကို ခုတ်ဖြတ်ပြီး အလင်းရောင်နှင့်ငြိမ်းချမ်းရေးကို ယူဆောင်လာပေးသည့် သန့်ရှင်းမြင့်မြတ်သော ဓားတစ်လက် ဖြစ်ပေ၏။

လှေငယ်လေးပေါ်တွင်...

ညှို့ငင်ခြင်းသားရဲက လေဟာနယ်ထဲရှိ ပုံရိပ်ကို ထိတ်လန့်တကြား စိုက်ကြည့်နေခဲ့သည်။

သူ၏မျက်လုံးများ ကြောင်စီစီဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် တုန်ယင်နေခဲ့သည်။

သူ၏နှလုံးသားငယ်လေးသည် အဆက်မပြတ် ခုန်ပေါက်နေပြီး သူ၏အသည်းတစ်ခုလုံးလည်း အဆက်မပြတ် တုန်ယင်နေပေ၏။

သူ၏သခင် အလွန်အစွမ်းထက်ကြောင်း သူ သိထားသည်။

သူသည် သူ၏စိတ်နှလုံးသားထဲတွင် သခင်၏ စွမ်းအားကို အကြိမ်ကြိမ် ခန့်မှန်းခဲ့ဖူးသည်။

သို့သော် သူသည် သခင်၏စွမ်းအားကို အကြိမ်ကြိမ် မြှင့်တင်၍ တွေးတောခဲ့သော်လည်း...

နောက်ဆုံးတွင် သူသည် သခင်၏ စွမ်းအားကို အကြီးအကျယ် အထင်သေးမိဆဲ ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

ဓားချီတစ်ချက်...

ထိုဓားချီက သောင်းနှင့်ချီသော နက်ရှိုင်းသည့် ကျားငါးမန်းအဖွဲ့ဝင်များကို ခွဲခြားမှုမရှိဘဲ ချေမှုန်းပစ်ခဲ့သည်။

ကျင့်ကြံဆင့်နယ်ပယ် မခွဲခြားဘဲ အရွယ်အစားကို မခွဲခြားဘဲ သူတို့အားလုံးကို သုတ်သင်ရှင်းလင်းခဲ့ပေ၏။

ဓားချီတစ်ချက်၏ ကျန်ရစ်နေသော စွမ်းအားကပင် ပင်လယ်တပြင်လုံးကို နှစ်ခြမ်းခွဲလုနီးပါး ဖြစ်သွားစေခဲ့သည်။

ဒါက ဘယ်လို စွမ်းအားမျိုးလဲ....

ဒါက ဘယ်အဆင့် ကျင့်ကြံမှုမျိုးလဲ...

သူ၏ဘဝတစ်သက်တာတွင် ထိုကဲ့သို့ အဆင့်သို့ ဘယ်သောအခါမျှ ရောက်ရှိနိုင်မည် မဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။

"ဟူး..."

ညှို့ငင်ခြင်းသားရဲ၏ရင်ဘတ် လှုပ်ရှားသွားသည်နှင့်အမျှ ကျုံးချင်အား သစ္စာခံရန် ကတိပြုခြင်းမှာ မည်မျှထိ မှန်ကန်သော ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှု ဖြစ်ကြောင်း သူ ပို၍ခံစားမိပေ၏။

တစ်ချိန်တည်းမှာပင် သူသည် ကြောက်ရွံ့မှု အကြွင်းအကျန်များကို မခံစားဘဲ မနေနိုင်ခဲ့ချေ။

ယခင်က သူသည် ဤကဲ့သို့ တည်ရှိမှု၏ရှေ့တွင် ကြွားလုံးထုတ်ပြီး ကြမ်းတမ်းစွာ ပြုမူရဲခဲ့သည်ကို ပြန်တွေးမိသည်။

ယခု ပြန်တွေးကြည့်လျှင် သူ အသက်ရှင်နေသေးခြင်းမှာ အမှန်တကယ်ကို အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ်ပင်။

ဤအချိန်အခိုက်အတန့်တွင် လေဟာနယ်ထဲ၌ မတ်တတ်ရပ်နေသော ကျုံးချင်သည်လည်း သူ၏အစွမ်းကုန် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အရာကိုကြည့်ရင်း အံ့အားသင့်နေခဲ့သည်။

သူ၏ အစွမ်းကုန်ထိုးနှက်ချက်မှာ အလွန်ပေါက်ကွဲအား ကောင်းလိမ့်မည်ဟု သူ ထင်မှတ်ထားပေ၏။

သို့သော် ဤမျှလောက် ပေါက်ကွဲအား ကောင်းလိမ့်မည်ဟု သူ အမှန်တကယ်ကို မျှော်လင့်မထားခဲ့ချေ။

သေဆုံးသွားသော ကျားငါးမန်းမျိုးနွယ်စုများထဲတွင် ဓမ္မသောင်းချီနယ်ပယ် တည်ရှိမှုများ ပါဝင်နေ​သည်။

သို့သော် ထိုသို့ဆိုသည့်တိုင် သူတို့သည် ပေါင်းပင်များအလား ဖရဲသီးများနှင့် ဟင်းသီးဟင်းရွက်များကို ခုတ်ထစ်နေရသည့်အလား သူ့ထံမှ ခုတ်ပိုင်းခြင်းကို ခံခဲ့ရဆဲပင်။

ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် သူ၏ကိုယ်ပိုင်စွမ်းအားနှင့် ပတ်သက်၍ အသိအမြင်အသစ်တစ်ခုကို ရရှိသွားပေ၏။

ထိုနေရာရှိ လူတိုင်းသည် ကျုံးချင်၏ ကောင်းကင်ကို တုန်လှုပ်သွားစေသော ဓားချီ ကြောင့် မှင်တက်သွားခဲ့ကြသည်ဟု ဆိုနိုင်သည်။

ကျုံးချင်ကိုယ်တိုင်ပင်လျှင် ချွင်းချက် မဟုတ်ချေ။

အကယ်၍ ယနေ့ လုပ်ရပ်များသာ ပျံ့နှံ့သွားမည်ဆိုပါက သူသည် ဓားချီတစ်ချက်ဖြင့် နတ်ဘုရားအဖြစ် သတ်မှတ်ခံရမည်မှာ သေချာပေါက်ပင်။

ထိုကိစ္စက လောကကြီးရှိ လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေလိမ့်မည်။

ထို့ပြင် ကျားငါးမန်းမျိုးနွယ်စုနှင့် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုတို့ကြားရှိ အငြင်းပွားမှုသည် ကျုံးချင်၏ဓားချီတစ်ချက်ဖြင့် တိုက်ရိုက်ဖြေရှင်းကို ခံလိုက်ရလေ၏။

ကျုံးချင်၏ဓားချီတစ်ချက်က ကျားငါးမန်း အဖွဲ့ဝင်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ချေမှုန်းပစ်ခဲ့ရာ ကျန်ရှိနေသော သားရဲများသည် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုတစ်ခုလုံးအတွက် ကြောက်စရာ မလိုတော့ချေ။

ထို့နောက် အခြေအနေ ပြောင်းလဲသွားပြီကို သိသွားချိန်၌ ကျားငါးမန်းမျိုးနွယ်စုသည် အချိန်တခဏကြာမျှ ထိတ်လန့်သွားပြီးနောက် ချက်ချင်းထွက်ပြေးသွားကြ၏။

သူတို့တွင် ခုခံရန်သတ္တိ လုံးဝ မရှိတော့ချေ။

စစ်ပွဲသည် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုက အပြည့်အဝ အောင်ပွဲခံခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။

...

All Chapters