← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း ၁၅၁ အကွက်စိပ်ငါးဖမ်းပိုက်

“ဟုတ်တယ်။ အမေက သူမသေခင် ညီမလေးကို တွေ့အောင်ရှာဖို့ မပြောထားခဲ့ရင် ငါ ဒီလောက်ထိတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။”

“ဒါဆို မင်း ညီမလေးကိုရှာတွေ့ပြီလား။”

“မတွေ့သေးဘူး။ နယ်မြေနှစ်ခု ပေါင်းစည်းပြီးကတည်းက ရှာဖွေရေးကြေညာစာတွေ ဆက်တိုက်တင်နေပေမယ့် တုန့်ပြန်တဲ့သူမရှိဘူး။”

“စိတ်မကောင်းစရာပဲ...။ တုန့်ပြန်မှုမရှိဘူးဆိုတာကိုက အကောင်းဆုံးတုန့်ပြန်မှုပါပဲ။”

“သေစမ်း...။ ကျုပ်လည်း အာတိတ်ပုစွန်တွေနဲ့ ကြုံနေရပြီထင်တယ်။ ဒုတိယအုတ်မြစ်ကျောက်တစ်ခု ပျက်စီးသွားပြီ။ @ယီရန်ပင်း ကျုပ် သူဌေးရဲ့ငါးဖမ်းပိုက်ကို ငှားချင်တယ်။”

သို့သော်လည်း ရှောင်းယီသည် သူ၏အလိုအလျောက်ငါးဖမ်းပိုက်က မနေ့က ပင်လယ်ငါး ၂၀၀၀ ကျော်ဖမ်းမိခဲဲ့ပြီး အတည်မပြုရသေးကြောင်း သတိရသွားသောကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထွက်သွားပြီဖြစ်သည်။

ခြံဝင်းထဲမှ ထွက်လာသောအခါ အန်းယွဲ့က ဂိုဒေါင်ရှေ့တွင် ပင်လယ်ငါးများကို စုပုံထားပြီးပြီဖြစ်သည်။

ရှောင်းယီ အနည်းငယ် ကြည့်လိုက်သောအခါ အားလုံးက C အဆင့် ပင်လယ်ငါးများဖြစ်ပြီး B အဆင့်ငါးများလည်း အများအပြား ပါဝင်နေလေသည်။

သူသည် B အဆင့် ပင်လယ်ငါးများကို ရွေးထုတ်ကာ သီးသန့်ဘေးဖယ်ထားလိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့သွား၍ ဆုဝမ်ကို ပြောလိုက်သည်။

“ငါ အပြင်က ငါးတွေကို နှစ်ပိုင်းခွဲထားတယ်။ နည်းတဲ့အပိုင်းက B အဆင့်၊ ကျန်တာတွေက C အဆင့်တွေပဲ။ မှားမသွားစေနဲ့နော်။”

“ဟုတ်ပြီ။”

ဆုဝမ်က ပြန်ဖြေလိုက်၏။

သူတို့တွင် သီးသန့်မီးဖိုချောင်ရှိသောကြောင့် အန်းရန်နှင့် ဆုဝမ်တို့ နှစ်ယောက်စလုံးသည် ငါးများကို မီးဖိုချောင်ထဲတွင်သာ ကိုင်တွယ်လိုက်ကြ၏။

ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးသံကို ကြားလိုက်ရသောကြောင့် ရှောင်းယီ သွားကြည့်လိုက်လေသည်။ အကွက်စိပ်ငါးဖမ်းပိုက် ငှားရန်လိုအပ်နေသောသူတစ်ယောက်ကို တွေ့လိုက်ရသောအခါ သူအံ့ဩသွားခဲ့ရလေသည်။

“ကျွန်းတွေအားလုံးကို အာတိတ်ပုစွန်တွေ တိုက်ခိုက်နေတာလား။”

ရှောင်းယီက သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်ပြီး ငါးဖမ်းပိုက်ကို ဈေးကွက်တွင် ချိတ်ဆွဲလိုက်လေသည်။

“[ငါးဖမ်းပိုက် (အကွက် ၃ စင်တီမီတာ)] တစ်နာရီအသုံးပြုခွင့် ၁ - [အုတ်မြစ်ကျောက်] ၁။”

ထိုလဲလှယ်မှုကို ချိတ်ဆွဲပြီးနောက် အများသုံးချန်နယ်၌ သတင်းတစ်ခုတင်လိုက်သည်။

“ငါးဖမ်းပိုက်ကို ဈေးကွက်ထဲမှာ ချိတ်ဆွဲထားပြီးပါပြီ။ လိုအပ်ရင် ကိုယ်တိုင် သွားငှားလိုက်ပါ။”

“သူဌေးကြီး နောက်ဆုံးရောက်လာပြီပဲ။ ကျုပ်ရဲ့အုတ်မြစ်ကျောက်နှစ်ခုတောင် ပျက်စီးသွားပြီဗျ။”

“ကျုပ်ဆီမှာလည်း ပုစွန်တွေ ပေါ်လာနေပြီ။ ငါးဖမ်းပိုက်သုံးနေတဲ့သူ မြန်မြန်ပြီးအောင်လုပ်ပေးကြပါဦး။ အခုချိန်မှာ အချိန်က အသက်ပဲ။”

“ဒီမှာလည်း ပေါ်လာနေပြီဟ။”

တိလင်းထျန်းရှားသည် အများသုံးချန်နယ်ရှိ စကားဝိုင်းကိုမြင်သောအခါ ချက်ချင်းပင် သူ၏လက်အောက်ငယ်သားကို အမိန့်ပေးလိုက်တော့လေသည်။

“ချင်းလုံ အခုချက်ချင်း အကွက်စိပ်ငါးဖမ်းပိုက်အသစ်လုပ်ပြီး ဈေးကွက်ထဲမှာချိတ်လိုက်။ အဲ့ဒီယီရန်ပင်းနဲ့ ဈေးတူအောင်ထားလိုက်။”

“ဟုတ်ကဲ့။”

တိလင်းချင်းလုံက ပြန်ဖြေလိုက်သည်။

“အုတ်မြစ်ကျောက်တွေကို သူတစ်ယောက်တည်း မောင်ပိုင်စီးခွင့်မပေးနိုင်ဘူး။”

တိလင်းထန်းရှား အေးစက်စွာ ပြောလိုက်သည်။

ရှောင်းယီက ကျွန်းကြီးလေလေ ပိုမိုရိတ်သိမ်းနိုင်လေဟူသည့် လျို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြီးကတည်းက သူသည် ရှောင်းယီနှင့် ယှဉ်ပြိုင်နေခဲ့ခြင်းဖြစ်သည်။

သူ ယခင်က မသိခဲ့သော်လည်း ယခုသိသွားပြီဖြစ်ရာ သူ့ကျွန်းသည် ရှောင်းယီ၏ကျွန်းကို မကြာခင် ကျော်တက်သွားမည်ဟု ယုံကြည်ပေသည်။

မကြာခင်မှာပင် ဈေးကွက်၌ အကွက်စိပ်ငါးဖမ်းပိုက်အသစ်များ အများအပြား ပေါ်ထွက်လာခဲ့တော့လေသည်။

ရှောင်းယီက ထိုအရာများကို တစ်ချက်ကြည့်လိုက်ပြီး ရေရွတ်လိုက်၏။

“လူတွေများလာရင် လုပ်ငန်းကိုင်ငန်းတွေလည်း ပိုများလာတာပဲ။”

အဘယ်ကြောင့်ဆိုသော် ထိုအသစ်ပေါ်လာသော လဲလှယ်မှုများကို တိလင်းချင်းလုံက တည်ဆောက်ပေးခဲ့သောကြောင့်ပင်။ သူတို့အဖွဲ့က လူပိုများသောကြောင့် အကွက်စိပ်ငါးဖမ်းပိုက်များအဖြစ် ပေါင်းစပ်ရန် ပုံမှန်ငါးဖမ်းပိုက်များအား အလွယ်တကူ ရှာဖွေနိုင်ပေသည်။

သို့သော် ရှောင်းယီက သူတို့ကို သိပ်ဂရုမစိုက်ပေ။

မင်းမှာ စွမ်းရည်ရှိနေသ၍ မင်းလိုက်လုပ်နိုင်တယ်။ ငါ့မှာ ကန့်ကွက်စရာမရှိဘူး။

အများသုံးချန်နယ်တွင် လူပိုများလာသည်နှင့်အမျှ အာတိတ်ပုစွန်များနှင့် ကြုံရကြောင်း သတင်းပို့သူများလည်း ပိုမိုများပြားလာခဲ့ပြီး အကွက်စိပ်ငါးဖမ်းပိုက်များ ပိုမိုလိုအပ်လာခဲ့သည်။

“အကွက်စိပ်ငါးဖမ်းပိုက် ရောင်းတဲ့ သူဌေးကြီးတစ်ယောက်မှ မရှိတော့ဘူးလား။ ကျုပ်ဆီမှာလည်း တိုက်ခိုက်ခံနေရပြီ။ ဈေးကွက်ထဲမှာလည်း မရှိတော့ဘူး။”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

“ဒါဆိုရင်တော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ အခြားသူသုံးပြီးမှပဲ ငှားလို့ရလိမ့်မယ်။”

“အာတိတ်ပုစွန်က ဖမ်းရတာ အရမ်းမြန်တယ်။ တစ်နာရီလုံတောင် မလိုပါဘူး။ မင်းတို့အဆင်ပြေသွားပြီဆိုရင် မြန်မြန်ပြန်ပေးကြပါ။”

“အဲ့လိုတော့ပြောလို့မရဘူးလေ။ ငါက တစ်နာရီစာ အုတ်မြစ်ကျောက်ပေးပြီး ငှားထားရတာ၊ ဘာလို့စောစောပြန်ပေးရမှာလဲ။ စောစောပြန်ပေးရင်တောင် သူဌေးကြီးတွေက ငါ့ကို အုတ်မြစ်ကျောက် တစ်ဝက်ပြန်ပေးမှာမဟုတ်ဘူး။”

“မင်း ဒီလိုစကားမျိုး ဘယ်လိုတောင်ပြောနိုင်ရတာလဲကွ။ အုတ်မြစ်ကျောက်တစ်ဝက်အတွက် သူများကျွန်းပျက်စီးသွားတာကို ထိုင်ကြည့်နေမှာလား။”

“ဟေ့ မင်းစကားကို ငါမကြိုက်ဘူး။ သူတို့ကျွန်းပျက်စီးသွားတာကို ငါကထိုင်ကြည့်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါက မြင်နိုင်လို့လား။”

တကယ်တမ်းတွင်မူ တစ်ချို့လူများသည် ငါးဖမ်းပိုက်များကို ငှားရမ်းပြီး တစ်နာရီပြည့်အောင် ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲထားခဲ့ကြ၏။

လူအများစုသည်မူ သူတို့ကျွန်းကိုတိုက်ခိုက်လာသော အာတိတ်ပုစွန်များကို ဖြေရှင်းပြီးနောက် အချိန်မီပြန်ပေးခဲ့ကြသည်။

သို့သော်လည်း လူများ အလွန်များပြားလွန်းသောကြောင့် တစ်ချို့ အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများသည် အုတ်မြစ်ကျောက် နှစ်ခုထက်ပို၍ ပျက်စီးပြီးမှသာ ငါးဖမ်းပိုက်ကို ငှားရမ်း၍ ရခဲ့ကြလေသည်။

အချိန်က ဖြည်းဖြည်းချင်း မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့ပြီး အပြင်ဘက်ရှိ အပူချိန်သည်လည်း မြင့်တက်လာရမည်အစား ပိုမိုအေးစိမ့်လာခဲ့လေသည်။

“ပြင်ပအပူချိန် အနှုတ် ၂၀ ဒီဂရီဆဲစီးယပ်။”

စနစ်၏ သတိပေးချက်ကိုကြည့်ပြီး ရှောင်းယီ အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့၏။ ဤအပူချိန်က အောက်ဆုံးမျဉ်းအထိ ရောက်လာနေသည်ကိုလည်း သူ အံ့ဩနေခဲ့သည်။

“နေ့လည်စာ အဆင်သင့်ဖြစ်ပြီ။”

ဆုဝမ်က လာပြောလာခဲ့သည်။ ရှောင်းယီ ခေါင်းငြိမ့်ပြီး သူမနှင့်အတူ မီးဖိုချောင်ထဲသို့ လိုက်ဝင်သွားခဲ့၏။

အန်းယွဲ့နှင့် ယွမ်နွန်တို့မှာ ထမင်းစားပွဲတွင် ထိုင်နေကြပြီးဖြစ်သည်။ ကျန်းယွင်ထျန်းသည်လည်း အပြင်မှ အလျင်အမြန် ဝင်လာခဲ့ပြီး ဝမ်ချိုင်ကမူ သူ့ကိုယ်ပေါ်က နှင်းများကို ခါချနေခဲ့သည်။

ထို့နောက် ကျန်းယွင်ထျန်းသည် သူ၏ ကိုယ်ကျပ်ဝတ်စုံကိုချွတ်ပြီး ဘေးတွင် ချိတ်လိုက်၏။

“ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုနှုန်းက ထပ်တိုးလာသေးလား။”

ရှောင်းယီက မေးလိုက်သည်။ ကျန်းယွင်ထျန်းက အနည်းငယ်တုန်ယင်နေပြီး ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“ငါတို့ကျွန်းရဲ့နယ်မြေက ထပ်မချဲ့ရသေးဘူးလေ။ တိုက်ခိုက်မှုနှုန်းက ဘယ်လိုလုပ်ပြီးတိုးလာမှာလဲ။”

“ဒီမနက် အများသုံးချန်နယ်မှာ လူတွေပြောနေကြတာ ငါ တွေ့ခဲ့တယ်။ ပင်လယ်သတ္တဝါတွေက အုတ်မြစ်ကျောင်တစ်ခုကို ဖျက်ဆီးပြီးသွားရင် မထွက်သွားဘဲ ဆက်ပြီး ဖျက်ဆီးနေကြတယ်။ ဒီကမ္ဘာရဲ့ ပင်လယ်သတ္တဝါတိုက်ခိုက်မှုစနစ်ကို ပြန်ပြင်ဆင်လိုက်မှာကို ငါ နည်းနည်းစိုးရိမ်မိတယ်။”

“အာ...အဲ့လိုမျိုးလည်း ရှိသေးတာလား။

ကျန်းယွင်ထျန်းက မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။

“သူတို့က လူတိုင်းကို လှုပ်ရှားစေချင်နေတာလား။”

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ဖြစ်နိုင်ခြေအရမ်းများတယ်။ အဲ့ဒါကြောင့် အေးနေပေမယ့်လည်း ပင်ဘယ်သတ္တဝါတွေ တိုက်ခိုက်တာက များပြားလာတာပေါ့။ လူတွေက အိမ်ထဲမှာပဲ အချိန်ပြည့်နေလို့မရဘူး။”

“ဒီကမ္ဘာက ကိုင်တွယ်ဖြေရှင်းဖို့ တကယ်ကို ပိုပိုပြီး ခက်ခဲလာပြီပဲ။”

ယွမ်နွန် သက်ပြင်းချလိုက်၏။

“ရှောင်းယီ လီယန် ဒီအကြောင်းကိုသိရဲ့လား။”

အန်းယွဲ့ အလျင်အမြန် မေးလိုက်သည်။

“ကျုပ်သိပြီးတာနဲ့ အန်တီ့ကို ပြောပြပြီးပါပြီ။ နေ့လည်စာရော ပို့ပေးပြီးပြီလား။”

ရှောင်းယီက ပြန်မေးလိုက်သည်။

“ပို့ပြီးပြီ”

အန်းယွဲ့က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။

“ဒါဆို စားကြရအောင်။”

ရှောင်းယီက ပြောလိုက်၏။

ယနေ့အတွက် နေ့လည်စာသည် ရစ်ငှက်ကြော်၊ ပုစွန်ကြော်၊ ခရမ်းချဉ်သီးကြက်ဥကြော်၊ ဟင်းသီးဟင်းရွက်၊ ငါးဟင်းရည်နှင့် ထမင်းတို့ဖြစ်သည်။

ဖြူစင်သန့်ရှင်းနေသော အာတိတ်ပုစွန်များကိုကြည့်ပြီး ရှောင်းယီက ပြောလိုက်သည်။

“ဆော့နဲ့ ဗနီဂါမပါတာ နှမြောစရာပဲ။”

“ဒီပုစွန်က ဘာမှမပါဘဲနဲ့လည်း အရသာရှိတယ်။ အရမ်းမတောင်းဆိုနဲ့။”

ယွမ်နွန် ရယ်မောကာ ပြောလိုက်သည်။

“ကျုပ်က အကျင့်ဖြစ်နေလို့ပါ။ ပုစွန်ကို ပဲငံပြာရည်နဲ့ကြော်စားတာက အကောင်းဆုံးပဲ။ ကြော်ထားကိုတောင်မှ ပဲငံပြာရည်တို့ ဗနီဂါတို့လို တစ်ခုခုထဲ နှစ်စားတာက ကျုပ်ရဲ့အကျင့်ပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

“အဲ့ဒါတွေကို နွေဦးရောက်လို့ ငါတို့ရဲ့ အခြေခံအစားအစာတွေ လုံလောက်သွားမှ လုပ်လို့ရမှာ။”

ယွမ်နွန်က ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြီး ထမင်းအိုးဆီသွားကာ နောက်ထပ် ထပ်ထည့်ရန်ကြံလိုက်စဉ် ရုတ်တရက် အပြင်ဘက်မှ အရေးပေါ်သတိပေးသံတစ်ခုကို ကြားလိုက်ရလေသည်။

“ဒီဒီဒီ!”

အခန်း ၁၅၃ ရေခဲသပ်နှင့် ရွှမ်းယွမ်ဓား၊ ပြဿနာအသစ်များ ပေါ်လာခြင်း

“နောက်ဆုံးတော့ လက်နက်ကောင်းတစ်ခု ရလာပြီကွ။”

ရှောင်းယီ မနေနိုင်ဘဲ အော်ဟစ်လိုက်မိ၏။

ရှောင်းယီသည် နောက်‌ဆုံးထုတ်လုပ်မှုပုံစံမှာ မည်သည့်အရာဖြစ်သည်ကို လုံးဝမသိသော်လည်း ထုတ်လုပ်မှုပုံစံခြောက်ခုကို ထုတ်လုပ်နိုင်ခဲ့သည်။

“အခုချိန်မှာ ဘာကိစ္စမှမရှိသေးဘူးဆိုတော့ ရွှမ်းယွမ်ဓားအတွက် လိုအပ်တဲ့အရင်းအမြစ်တွေကို အရင်ကြည့်ရအောင်။”

“[ရွှမ်းယွမ်ဓားထုတ်လုပ်မှုပုံစံ]: ကြေး ၁၊ သံဖြူ ၁၊ ခဲ ၁၊ သံ ၁၊ သွပ် ၁။”

ယခင်က သူ တစ်ခါမျှမရခဲ့ဖူးသော သတ္တုများကိုကြည့်ရင်း ရှောင်းယီသည် ယခင်က သတ္တုပြားများ လုံလောက်အောင် စုဆောင်းထားမိခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုပင် ကျေးဇူးတင်မိသွားသည်။

မည်သည့်သတ္တုအမျိုးအစားကိုမဆို သတ္တုပြားနှင့် အစားထိုး၍ရပေသည်။

ထို့နောက် ရှောင်းယီသည် ထုတ်လုပ်မှုပုံစံသုံးခုကို သိမ်းဆည်းလိုက်ပြီး လယ်ကွင်းဆီသို့ လျှောက်သွားလိုက်၏။

“ဝုတ် ဝုတ်!”

ဤတစ်ခါတွင်လည်း ဝမ်ချိုင်က ပြေးလာပြီး ရှောင်းယီဆီကို နှစ်ချက်ဟောင်ကာ မြို့ရိုးအပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။

“ပြဿနာတစ်ခုခု ကြုံနေရပြန်တာလား။”

ရှောင်းယီ မျက်မှောင်ကျုံ့လိုက်မိသည်။

“ခဏနေဦး။ ငါ အရင် ပစ္စည်းတစ်ခုပြန်ပို့လိုက်ဦးမယ်။”

ရှောင်းယီ ဧည့်ခန်းဆီသို့ လျှောက်သွားသောအခါ အန်းယွဲ့က လီယန်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် စကားပြောနေသည်ကို တွေ့လိုက်ရလေသည်။

“အတော်ပဲ။ ဦးလေး ဒါကိုထုတ်လုပ်ပြီး အန်တီဆီကို ပို့ပေးလိုက်ပါဦး။ ကျုပ် အခုလေးတင် ဖွင့်လာတာ။”

ရှောင်းယီသည် ကျောက်တုံးအိမ်ထုတ်လုပ်မှုပုံစံကို အန်းယွဲ့ဆီသို့ ပစ်ပေးပြီး ပြောလိုက်သည်။

အန်းယွဲ့သည် ကျောက်တုံးအိမ်ထုတ်လုပ်မှုပုံစံကိုယူပြီး မျက်လုံးများတောက်ပလာကာ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ကျောက်တုံးအိမ်တစ်လုံးကို ထုတ်လုပ်လိုက်တော့သည်။

“ရှောင်းယီ ဘာလို့ဒီလောက်အလျင်စလိုဖြစ်နေတာလဲ။ ပြဿနာတစ်ခုခု ကြုံနေရတာလား။”

လီယန်က မေးလိုက်သည်။

“ဒီအပတ်အစမှာ လူတိုင်းရှေ့ကိုရောက်ဖို့ ရုန်းကန်ကြနေရတယ်လေ။ အခုက ကျန်းယွင်ထျန်း ပြဿနာတက်နေတာဖြစ်မယ်။”

အန်းယွဲ့က ခန့်မှန်းလိုက်သည်။

“ဒါဆို ရှင်သွားပြီးကူညီပေးလိုက်လေ။”

လီယန်က တိုက်တွန်း၏။

“ကောင်းပြီ ဒါကမင်းအတွက်ပဲ။”

အန်းယွဲ့က ပြန်ပြောလိုက်သည်။

“[ကျောက်တုံးအိမ်] ၁ - အခမဲ့လဲလှယ်ခြင်း။”

“အိမ်တစ်လုံးပဲ။”

လီယန် အံ့အားသင့်ကာ အော်ဟစ်လိုက်၏။

“အရင်က သစ်သားအိမ်အသေးနှစ်လုံးနဲ့ ကျောက်တုံးအိမ်တစ်လုံးရှိခဲ့တာ။ ရှောင်းယီက ရောင်းပစ်လိုက်တယ်လေ။ ဒါကိုတော့ ခုနလေးကမှ ရလိုက်တာ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“နောက်မှ စကားပြောကြတာပေါ့။ ငါ ဘာဖြစ်နေလဲဆိုတာ သွားကြည့်လိုက်ဦးမယ်။”

“အင်း”

လီယန်သည် လဲလှယ်မှုကို သဘောတူလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သိုလှောင်ခန်းထဲမှ ကျောက်တုံးအိမ်ကိုထုတ်ယူကာ သူမရွက်ဖျင်တဲပေါ်မှ အုပ်မိုးလိုက်လေသည်။

ထို့နောက် အပြင်ဘက်က လေအေးများ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ လီယန် သူမ၏ ကိုယ်ကျပ်ဝတ်စုံကို ချွတ်ကြည့်လိုက်၏။ အပြင်ဘက်တွင် အေးနေဆဲဖြစ်သော်လည်း ဂျာကင်အင်္ကျီနှင့် မွေ့ယာများရှိသောကြောင့် လက်ခံ၍ရသေးသည်။

“အိမ်ထဲမှာက အပြင်ထက်ပိုနွေးတာပဲ။”

လီယန် စိတ်လှုပ်ရှားသွားခဲ့သည်။

ကိုယ်ကျပ်စုံဝတ်ပြီး ရွက်ဖျင်တဲထဲကထွက်လာသောအခါ သူမကိုယ်သူမ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော အိမ်တစ်လုံးထဲတွင် တွေ့လိုက်ရလေသည်။

“ကျောက်ကိုသုံးထားတာဆိုတော့ အိမ်ထဲမှာမီးဖိုလို့ရလောက်မလား။ ဒါဆိုရင် ပိုနွေးလောက်တယ်။”

လီယန်သည် ထိုသို့တွေးလိုက်ပြီးနောက် ရှောင်းယီတို့ဆီမှ မီးခြစ်ငှားရန် စီစဉ်လိုက်လေသည်။

ယခင်က လီယန်သည် ဈေးကွက်တွင် အရင်းအမြစ်များဖြင့် မီးခြစ် သို့မဟုတ် လောင်စာများကို ငှားရမ်းခဲ့ဖူးသည်။

ယခင်ညှိထားခဲ့သော မီးသည်လည်း သူမနာမကျန်းဖြစ်နေစဉ်၌ ငြိမ်းသွားခဲ့ပြီဖြစ်သည်။

ရှောင်းယီ ကျန်းယွင်ထျန်းရှိရာဆီသို့ ဖုတ်ပူမီးတိုက် ပြေးသွားလိုက်၏။ အဝေးကတည်းကပင် ကျန်းယွင်ထျန်းသည် ကမ်းခြေတွင် လဲလျောင်းလျက်ရှိပြီး လက်ထဲကဓားမြှောင်ဖြင့် ရေခဲများအား ထိုးခွဲနေသည်ကို မြင်နေရပြီဖြစ်သည်။

“ဘာဖြစ်တာလဲ”

ရှောင်းယီ ရှေ့တက်ကာ မေးလိုက်၏။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ကျွန်းကိုတိုက်ခိုက်ခံနေရတယ်လို့သတိပေးခဲ့တယ်။ ဒီနေရာရာမှာပဲ။ ဒါပေမယ့် ရေခဲတွေက ငါ့ရဲ့တိုက်ခိုက်မှုကိုပိတ်ဆို့ထားတယ်။”

ကျန်းယွင်ထျန်က ပြန်ဖြေလိုက်သည်။

“ဝမ်ချိုင် လွှစက်ယူလာခဲ့ အခုချက်ချင်း။”

ရှောင်းယီက ပြောလိုက်၏။

ဝမ်ချိုင်သည် အလျင်အမြန် ပြေးထွက်သွားပြီး မကြာမီ လွှစက်နှင့်အတူ ပြန်ပြေးလာခဲ့သည်။

ဘမ်းးး!

လွှစက်သည် သူ၏အလုပ်ကို စတင်လိုက်ပြီး ရေခဲစများ လေထဲသို့ လွင့်စင်သွားခဲ့သည်။

မကြာခင်မှာပင် ရေခဲလွှာမှာ ကွဲအက်သွားပြီး အောက်ဘက်၌ သာမန်ပင်လယ်ငါးတစ်ကောင်ရှိနေခဲ့လေသည်။ ကျန်းယွင်ထျန်းသည် သူ၏လက်ထဲရှိ သံလှံဖြင့် ၎င်းကို ချက်ချင်း ထိုးစိုက်လိုက်တော့သည်။

ဖောက်!

ပစ်မှတ်ကို ထိမှန်သွားခဲ့၏။

“ဒီပင်လယ်သတ္တဝါတွေကို ဖြေရှင်းဖို့က အခုအခက်အခဲမရှိတော့ဘူး။ အခက်အခဲဆုံးအပိုင်းက သူတို့ကိုရှာဖို့ ရေခဲတွေကိုဘယ်လိုဖြတ်ရမလဲဆိုတာပဲ။”

ကျန်းယွင်ထျန်းက ပင်လယ်ငါးကို ရေထဲကနေထုတ်ယူပြီး ပြောလိုက်သည်။

ရှောင်းယီသည် ခန္ဓာကိုယ်တွန့်လိမ်နေဆဲဖြစ်သော ပင်လယ်ငါးကိုကြည့်ရင်း ပြန်ပြောလိုက်သည်။

“မင်း ဒီလွှစက်ကို ယူသွားသင့်တယ်။”

“ဟုတ်တယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဒီလွှစက်သာ မရှိရင် မင်းကျွန်းရဲ့အုတ်မြစ်ကျောက်တွေ ပျက်စီးတာကိုပဲ ထိုင်ကြည့်နေရတော့မှာပဲ။”

“ဟုတ်တယ်။ အဲ့ဒါက တကယ်ကို ပိုပိုပြီး ဒုက္ခပေးလာနေပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

“မင်းအရင်ဆုံး လွှစက်နဲ့ ဖြေရှင်းထားလိုက်ပါ။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ရှောင်းယီသည် သူ့အခန်းထဲသို့ ပြန်သွားပြီး ကျွန်းအထိမ်းအမှတ်တိုင်၏ ထုတ်လုပ်မှုအင်တာဖေ့စ်ကို ပြောင်းကာ သံ ၁၊ ကြေး ၁၊ သတ္တုပြား ၃ တို့ကိုသုံးပြီး ရွှမ်းယွမ်ဓားကို ထုတ်လုပ်လိုက်တော့သည်။

ရွှမ်းယွမ်ဓားကို ထုတ်ယူလိုက်သောအခါ သူ၏လက်ထဲတွင် ရွှေရောင်ဓားကြီးတစ်ချောင်း ပေါ်ထွက်လာပြီး အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။

ဓားအိမ်ထဲကဓားကို ဆွဲထုတ်လိုက်သောအခါ ဓားသွားမှ အေးစက်သောအလင်းများ ရောင်ပြန်ဟပ်နေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် ထက်ရှသောဓားချီတစ်ခု သူ၏မျက်နှာဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။

ဓား၏တစ်ဖက်ခြမ်းတွင် နေ၊လ၊ကြယ် အမှတ်အသားများ ထွင်းထုထားပြီး အခြားတစ်ဖက်တွင် တောင်တန်း၊ မြစ်နှင့် အပင်များကို ရေးထွင်းထားသည်။ ဓားလက်ကိုင်၌လည်း လျှို့ဝှက်ဆန်းကြယ်သော စကားလုံးများ ထွင်းထားလေသည်။

ရှောင်းယီ လက်ဖြင့်ကိုင်ကြည့်လိုက်သောအခါ တရှဲရှဲမြည်သံများထွက်ပေါ်ဘာပြီး ချောမွေ့မှုမရှိသောကြောင့် ချော်ထွက်သွားမည်ကို လုံးဝစိတ်ပူစရာမလိုပေ။

“ရွှမ်းယွမ်ဓား (S အဆင့်): ရှေးဟောင်းနတ်ဓား၊ ရှားမင်းဆက် ဟွမ်းတိရွှမ်းယွမ် အသုံးပြုခဲ့သောဓားဖြစ်ပြီး ဓားကိုယ်ထည်တွင် နေ၊လ၊ကြယ်များ၊ တောင်တန်းများ၊ မြစ်များနှင့် သစ်ပင်များ ရေးထွင်းထားသည်။ လက်ကိုင်တွင် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးနည်းလမ်းများ ရေးထွင်းထားသည်။ ထိုဓားကိုကိုင်ထားလျှင် ရာသီဥတုကောင်းမွန်ခြင်း၊ သီးနှံများ ဖြစ်ထွန်းခြင်စ၊ တိရစ္ဆာန်များ ပေါများခြင်း၊ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နိုင်သည်ဟု ဒဏ္ဍာရီများက ဆိုကြသည်။”

“ဒါတွေအားလုံးက ဒဏ္ဍာရီလာပုံပြင်တွေပဲ မဟုတ်ဘူးလား။”

ရှောင်းယီသည် စနစ်၏သတိပေးချက်ကိုကြည့်ရင်း တိတ်တဆိတ် တွေးတောမိလိုက်၏။

“စနစ်သတိပေးချက်တွေ မယုံနိုင်လောက်အောင်ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။”

ထို့နောက် သူသည် ရွှမ်းယွမ်ဓားကိုဘေးချထားလိုက်ပြီး ရေခဲသပ်ထုတ်လုပ်မှုပုံစံကို ကြည့်လိုက်တော့လေသည်။

“ဒါကဘာများလဲ ထုတ်လုပ်ကြည့်လိုက်ရအောင်။”

ရှောင်းယီက တီးတိုးရေရွတ်လိုက်သည်။

“[ရေခဲသပ်ထုတ်လုပ်မှုပုံစံ]: သံ ၁၊ ကြေး ၁၊ သွပ် ၁၊ ခရိုမီယမ် ၁၊ ပလပ်စတစ် ၁။”

“ဘယ်လိုငရဲလဲကွာ။ ဘာလို့ ငါ အရင်က တစ်ခါမှမမြင်ဖူးတဲ့ သတ္တုနှစ်မျိုးကို သုံးနေရတာလဲ။”

ရှောင်းယီ အချင့်မရဲ ဖြစ်သွားခဲ့၏။

“တစ်ခုအရင်ထုတ်ပြီး ဘာလဲဆိုတာ ကြည့်လိုက်မယ်။”

ဤသို့ဖြင့် သူသည် သတ္တုပြား ၂ ယူနစ်နှင့် အခြေခံအရင်းအမြစ်များကို အသုံးပြုပြီး ရေခဲသပ်ကို ထုတ်လုပ်လိုက်လေသည်။

ထို့နောက် မီတာတစ်ဝက်ခန့် ရှည်လျားပြီး တစ်ဖက်တွင် ပလပ်စတစ်လက်ကိုင်ပါပြီး တစ်ဖက်မှာ သုံးထောင့်ချွန်ဖြစ်နေသော သတ္တုတုတ်တစ်ချောင်းကို သူ တွေ့လိုက်ရသည်။

“ရေခဲသပ်: ရေခဲဖောက်ရာတွင် အသုံပြသောကိရိယာ။ ဦးခေါင်းသည် သုံးထောင့်ပုံစံဖြစ်ပြီး သံမဏိဖြင့် ပြုလုပ်ထားသည်။ သံချေးတက်ခြင်းကို ခံနိုင်ရည်မြင့်မားပြီး အကြမ်းခံသည်။ ချွန်ထက်ပြီး အသုံးပြုရလွယ်ကူသည်။ တစ်ပေထူသောရေခဲလွှာကို တစ်မိနစ်အတွင်းဖောက်ထွင်းနိုင်သည်။”

စနစ်၏သတိပေးချက်ကို မြင်သောအခါ ရှောင်းယီ၏မျက်လုံးများ တောက်ပသွားခဲ့သည်။

ပစ္စည်းကောင်းပဲ။

ဒီအချိန်မှာ ဒီလိုပစ္စည်းမျိုးကို လိုနေတာ။

ရှောင်းယီ လေ့လာကြည့်လိုက်သောအခါ အလျားအားလုံးကိုလည်း ညှိ၍ရကြောင်း သိလိုက်ရလေသည်။

“ဒါဆို ဒါတွေအကုန်လုံး ထုတ်လုပ်လိုက်မယ်။ ငှားစားလို့ရတာပေါ့။”

ရှောင်းယီ တီးတိုးရေရွတ်လိုက်ပြီး ကျန်ရှိသောရေခဲသပ် ငါးခုကိုလည်း ထုတ်လုပ်လိုက်လေသည်။

ဤသို့ဖြင့် ရှောင်းယီသည် အများသုံးချန်နယ်ကို ပြောင်းလိုက်၏။

“အား ပင်လယ်ရေက တကယ်ခဲသွားပြီ။”

“တကယ်လား။ ငါဆို အပြင်တောင်မထွက်ရဲတော့ဘူး။ မင်းတို့အရမ်းတော်တာပဲ။ အပြင်တောင် ထွက်ပြီး လျှောက်ရဲတယ်ဆိုတော့လေ။”

“အပေါ်ကတစ်ယောက် ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုတွေကို လျစ်လျူရှုလိုက်တာလား။”

“ဂရုစိုက်ချင်ပေမယ့် ကျုပ်မှာ စွမ်းအားမရှိတော့ဘူး။ ကျုပ် တကယ်အပြင်မထွက်နိုင်ဘူး။ ငါ့မှာ အနွေးထည်အင်္ကျီတစ်ထည်နဲ့ စောက်တစ်ခုပဲရှိတယ်။”

“အိုး...မင်း အာတိတ်ပုစွန်တွေနဲ့ မတွေ့ပါစေနဲ့လို့ပဲ ငါဆုတောင်းပေးပါတယ်။ မဟုတ်ရင် သေရုံပဲရှိလိမ့်မယ်။”

“ဒါက အရမ်းကလိမ်ကကျစ်ကျတာပဲ။ ပစ္စည်းသေတ္တာတွေက ရေခဲထဲမှာ နစ်နေတာ။ ရေခဲပေါ်ကနေ ပစ္စည်းသေတ္တာတွေကို ဆွဲယူချင်လိုက်တာ။”

“အမ် မင်းက ရေခဲပေါ်မှာ လမ်းလျှောက်ရဲတယ်ပေါ့။ ရေခဲကွဲပြီး ပင်လယ်ထဲပြုတ်ကျသွားမှာ မကြောက်ဘူးလား။”

All Chapters