← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း ၁၅၄ ရေခဲသပ်ငှားရမ်းခြင်း

“အဲ့ဒါက ဘယ်လိုလုပ်ပြီး ကွဲနိုင်မှာလဲ။ ကမ်းခြေမှာ သံလှံနဲ့ စမ်းကြည့်တော့ အနည်းဆုံး နှစ်ပေလောက် ထူတယ်။”

“ဒါဆို တော်တော် မာရမယ်။ အဲ့လိုဆိုရင် ဘာလို့ ပစ္စည်းသေတ္တာကို ပြန်ဆွဲထုတ်မှာလဲ။ အဲဒီအတိုင်း ဖွင့်ပြီး ပစ္စည်းတွေပဲ ယူလာရင် ပြီးပြီလေ။ သေတ္တာက အရေးမကြီးဘူး။”

“ဟုတ်သားပဲ။ ငါ ဘာလို့ အဲ့ဒါကို မတွေးမိခဲ့တာလဲ။”

လူတစ်ယောက်က ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ရှောင်းယီသည်လည်း ဤနေရာသို့ရောက်သောအခါ မှင်သက်သွားခဲ့သည်။

“ဟုတ်သားပဲ။ ငါက တကယ်ကို မိုက်မဲတာပဲ။ ပစ္စည်းသေတ္တာကို တစ်စစီဖြုတ်လိုက်ရင် အထဲမှာ ပစ္စည်းတွေလည်း သိပ်ရှိမှာမဟုတ်ဘူး။ ဖွင့်လိုက်ရုံပဲ။”

သူ့စကားမပြီးမီမှာပင် လူတစ်ယောက်က အများသုံးချန်နယ်တွင် ထပ်မံအော်ဟစ်လိုက်ပြန်သည်။

“မဟုတ်ဘူး။ အဲ့ဒါက မဖြစ်နိုင်ဘူး။ ငါ ရေစိုခံတိတ်ကို ဆွဲခွာလိုက်တဲ့အချိန်မှာ ကလစ်ဆိုပြီး သံကြားလိုက်ရတယ်။ အစက ရေခဲအလွှာကွဲတာလို့ ထင်ခဲ့မိတာ။ အနီးကပ် ကြည့်လိုက်တော့ ရေခဲအလွှာမှာ ပြဿနာမရှိဘူး။ ပြီးတော့ ငါ အဖုံးကိုလည်းဖွင့်လိုက်ရော ပင်ဂွင်းတစ်ကောင် ခုန်ထွက်လာတော့တာပဲ။”

“ပင်ဂွင်းလား။ အနက်ရောင်ဝတ်စုံထဲမှာ ဗိုက်ဖြူဖြူနဲ့ ချစ်စရာကောင်းတဲ့ သတ္တဝါလား။”

“ချစ်စရာကောင်းတယ် ဟုတ်လား။ မင်းသာ သူလိုက်ကိုက်တာခံရရင် ချစ်စရာကောင်းတယ်လို့ ထင်တော့မှာမဟုတ်ဘူး။”

“ဟုတ်လို့လား။ နူးညံ့သိမ်မွေ့တဲ့ ပင်ဂွင်းတွေတောင် လူတွေကို တိုက်ခိုက်နေပြီလား။”

“ဒါဆို ပင်ဂွင်း လိုက်ကိုက်တာကနေ မင်း ဘယ်လိုလွတ်ခဲ့တာလဲ။”

“သံလှံက ငါ့ရဲ့တဲဘေးမှာ ရှိတယ်‌လေ။ သံလှံကိုဆွဲယူပြီး လေတောင်တိုးမပေါက်အောင် လွှဲယမ်းပြလိုက်တာ။ ပင်ဂွင်းက ငါ့ကိုတိုက်ခိုက်ဖို့ အခွင့်အရေးမရှိတော့ ရေခဲပေါက်ထဲကနေ ပင်လယ်ထဲခုန်ဆင်းသွားရော။”

“ကြားရတာ အန္တရာယ်များမယ့်ပုံပဲ။ ဒါပေမယ့် ပစ္စည်းသေတ္တာထဲက သက်ရှိသတ္တဝါထွက်လာတာကိုတော့ ပထမဆုံးအကြိမ်ကြားဖူးတာပဲ။”

“ဟုတ်တယ်။ အခုထိ သက်ရှိသတ္တဝါထွက်လာတဲ့သူရှိတယ်လို့ မကြားဖူးသေးဘူး။”

“ခင်ဗျားတို့ ဘာတွေတွေးနေကြတာလဲ။ ပင်ဂွင်းက ပစ္စည်းသေတ္တာထဲက ထွက်လာတာမဟုတ်ဘူးဟ။ ပင်လယ်ထဲက ခုန်ထွက်လာတာ။ ပင်ဂွင်းကို မောင်းထုတ်ပြီးတော့ ငါဒီလိုနဲ့ပဲ လက်မခံနိုင်လို့ ပစ္စည်းသေတ္တာကို ပြန်ကြည့်လိုက်တော့ သေတ္တာအောက်ခြေက ပျက်စီးနေပြီ။ ပစ္စည်းအားလုံး ပျောက်ကွယ်သွားပြီး ပင်လယ်အောက်ကို မြုပ်သွားတာပဲဖြစ်ရမယ်။”

“ဒါဆို ငါတို့ ပစ္စည်းသေတ္တာကို ကမ်းခြေဆီဆွဲမသွားဘဲ အဲဒီမှာပဲ ဖွင့်လိုက်ရင် ပင်လယ်သတ္တဝါတွေက သေတ္တာအောက်ခြေကို ချိုးဖျက်ပြီး ဝင်လာမယ်။ ပြီးရင် အထဲက ပစ္စည်းတွေကို ဖယ်ရှားပစ်မယ်။ ပြီးတော့ ငါတို့ကို အံ့အားသင့်စရာတစ်ခု ပေးလိမ့်မယ်‌ပေါ့။”

“အံ့အားသင့်စရာဟုတ်လား။ ထိတ်လန့်စရာဟ။”

“ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ငါတို့ကို ပစ္စည်းသေတ္တာ အလွယ်တကူ မရစေချင်ဘူးဆိုတာ ရှင်းနေပြီ။”

“အခုမှသိတာလား။ ဒီလောက်ခက်ခဲတာ အခုမှ ပထမဆုံးအကြိမ်လည်း မဟုတ်ဘူး။”

“အားလုံး ပြောကြစမ်းပါ။ ငါတို့က ဒီကမ္ဘာမှာ ဘာလုပ်နေကြရတာလဲ။”

“ကောင်းကင်ဘုံပဲ သိလိမ့်မယ်။”

“သေသင့်တယ်။ ငါ့ကျွန်းကို တိုက်ခိုက်နေပြီ။ ငါဘာလုပ်ရမလဲ။”

“ဒီမေးခွန်းက လုံးဝအဆင့်မမီဘူး။ သေချာပေါက် သူ့ကို ပြန်တိုက်ရမှာပေါ့ဟ။”

“အဲ့ဒါတော့ ငါလည်း သိတာပေါ့။ ဒါပေမယ့် အဲ့ကောင်ကို လုံးဝရှာမတွေ့ရဘူး။ သူက ရေခဲအောက်မှာ ရှိနေတာဟ။”

“ဘာလဲ။ ရေခဲအောက်မှာဟုတ်လား။ ဒါဆို မင်း ရေခဲကိုခွဲပြီး တိုက်ရမယ်လို့ ဆိုလိုနေတာမဟုတ်ဘူးလား။”

“ဟုတ်တယ်။ ငါ ဘာလုပ်ရမလဲ။ ငါ့ရဲ့အုတ်မြစ်ကျောက်တွေ ပျက်စီးတော့မယ်။ အွန်လိုင်းက သူဌေးကြီးတွေ အဖြေပေးဖို့ စောင့်နေပါတယ်။ အရမ်းအရေးတကြီးဖြစ်နေလို့ပါ။”

ရှောင်းယီသည် ထို၏သတင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လဲလှယ်ရေးဈေးကွက်တွင် လဲလှယ်မှုတစ်ခု တင်သွင်းလိုက်လေသည်။

“[ရေခဲသပ်] ၂၀ မိနစ်သုံးခွင့် ၂ - [အုတ်မြစ်ကျောက်] ၁။

မှတ်ချက် - ၂၀ မိနစ် အသုံးပြခွင့်နှစ်ကြိမ်၊ အုတ်မြစ်တစ်ခုနှင့်လဲလှယ်ရမည်။”

“အားလုံးပဲ ကျုပ် ရေခဲသပ်(ပင်းကျွမ်း)သုံးခုကို လဲလှယ်ရေးဈေးကွက်မှာ တင်ထားလိုက်ပါပြီ။ ကိုယ့်ရဲ့အခြေအနေအလိုက် ဝယ်ယူအသုံးပြုနိုင်ပါတယ်။”

ရှောင်းယီက အများသုံးချန်နယ်တွင် ပြောလိုက်သည်။

“ပင်းရဲ့ အနောက်ကဘာလဲ။ ဒီစာလုံးကို ဘယ်လိုအသံထွက်ရမှာလဲ။”

“ကျွမ်းလေ။ အဲ့ဒါက ရေခဲခွဲတဲ့ကိရိယာတစ်မျိုးပဲ။ သူဌေးက တကယ်အံ့သြစရာကောင်းတာပဲ။ ဒါကိုတောင် ရထားတယ်။”

“ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ် အခု သွားငှားလိုက်မယ်။”

“ခဏလေးနေဦး။ ငှားဖို့ဆိုရင် အုတ်မြစ်ကျောက်လိုသေးတယ်။ ဒါဆို ဘာလို့ငှားရမှာလဲ။ ပင်လယ်သတ္တဝါတွေ ဖျက်ဆီးတာလည်း အုတ်မြစ်ကျောက်ပဲလေ။”

“အဲ့ဒါပြောတာပေါ့။”

“မင်းတို့ မျက်လုံးကို ပြူးပြီး သေချာကြည့်လိုက်ကြစမ်း။ မင်းတို့ ရှင်းရှင်းလင်းလင်းမြင်ရရဲ့လား။ သူဌေးရဲ့လဲလှယ်မှုက အသုံးပြုခွင့်နှစ်ကြိမ်ပဲ။ ဆိုလိုတာက အုတ်မြစ်ကျောက်တစ်ခုသုံးပြီး နှစ်ခုကိုကယ်တင်နိုင်တယ်။ နားလည်ကြရဲ့လား။”

“ဟုတ်တယ်။ ဒါ့အပြင် အခု ဘယ်သူကမှ ပင်လယ်သတ္တဝါတွေက အုတ်မြစ်ကျောက်တစ်ခုတည်းကိုပဲ ဖျက်ဆီးပြီး ထွက်သွားမယ်လို့ မပြောဝံ့တော့ဘူး။”

တိလင်းထျန်းရှားသည်လည်း ထိုအရာကိုမြင်ပြီးနောက် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“ဒီယီရန်ပင်းက အဲ့လောက်တောင်စွမ်းအားကြီးနေပြီလား။ သူက လူတိုင်းလိုအပ်နေတဲ့ အရာတွေကို ရနိုင်နေတာပဲ။”

ရှောင်းယီ ချိတ်ဆွဲထားသော ရေခဲသပ်သုံးခုမှာ ချက်ချင်းပင် ငှားရမ်းခံလိုက်ကြရလေသည်။

သူသည် ကျန်သောသုံးခုထဲမှ တစ်ခုကို လီယန်ကို လဲလှယ်ပေးထား၏။ သူမဘက်တွင်လည်း ထိုပစ္စည်းလိုအပ်မည်မှာ သေချာပေသည်။

ကျန်နှစ်ခုကိုမူ အန်ယွဲ့နှင့် ကျန်းယွင်ထျန်းတို့အား ပေးလိုက်သည်။ သို့သော် သူတို့နှစ်ဦးသည် တစ်ပြိုင်တည်း လွှစက်ကို မသုံးရသရွေ့ လွှစက်ကိုသာ အရင်သုံးမည်ဖြစ်သည်။

တစ်စုံတစ်ဦးက လွှစက်ကို အသုံးပြုနေပါက ဤရေခဲသပ်နှစ်ခုက အသုံးဝင်လာမည်ဖြစ်သည်။

ရှောင်းယီ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် အများသုံးချန်နယ်တွင် ထပ်ပြောလိုက်သည်။

“ပစ္စည်းသေတ္တာကို ရေခဲသပ်နဲ့ ခဲတော့မယ်ဆိုရင် အားလုံး ကိုယ်ရပ်နေတဲ့နေရာကို မခွဲမိဖို့ သတိထားပါ။”

“ယီရန်ပင်းသူဌေးကို ကျေးဇူးတင်ပါတယ်။ ယီရန်ပင်းသူဌေးက အရမ်းဂရုစိုက်တတ်တာပဲ။”

“ဟုတ်တယ် ငါတို့နယ်မြေမှာ အရင်က ယီရန်ပင်းလို သူဌေးကြီးမျိုး ဘာလို့မရှိခဲ့တာလဲ။”

“ယီရန်ပင်း ကျွန်မ ရှင့်ကို မျောက်လေးတစ်ကောင် မွေးပေးချင်တယ်။”

“ဒါဆိုရင်တော့ သူဌေးကို အရင်ရှာဖို့ လိုလိမ့်မယ်။”

ရေခဲသပ်များအား ပစ္စည်းသေတ္တာများကို ခွဲထုတ်ရန် အသုံးပြုနိုင်သော်လည်း အသုံးပြုမည့်သူမှာ နည်းပါးလှပေသည်။

အပြင်ဘက်တွင် အလွန်အေးနေသောကြောင့် ပင်လယ်သတ္တဝါများက မိမိတို့နေရာ၏အုတ်မြစ်ကျောက်ကို မဖျက်ဆီးပါက ပြန်တိုက်ခိုက်ရန် ထွက်လာကြမည်မဟုတ်ပေ။

“ဒေါသထွက်စရာပဲ။ ငါ့တစ်ကိုယ်လုံး ချွေးတွေရွှဲနေပြီး ဒါပေမယ့် မချွတ်ရဲဘူး။ ကိုယ်ပေါ်မှာ စေးကပ်နေတာပဲ။”

“ညီအစ်ကို...။ မင်း လူတွေအများကြီးပါတဲ့ လေ့ကျင့်ခန်းတွေ လုပ်နေတာလား။”

“ထွက်သွားစမ်း။ မင်း အချိန်တိုင်း ကားမောင်းဖို့ပဲ တွေးမနေနဲ့။ အခုက နှင်းတွေ အရမ်းကျနေတာ။ ထိမ်းမရသိမ်းမရ မဖြစ်အောင် သတိထား။ ငါက အုတ်မြစ်ကျောက်ကို ကာကွယ်ဖို့ ရေခဲခွဲနေတာဟ။”

“ဒါလည်း တစ်ယောက်တည်း လေ့ကျင့်ခန်း လုပ်နေတာပေါ့။ အဝတ်အစားတွေ အများကြီးနဲ့ လှုပ်ရှားရလွယ်လို့လား။”

“တကယ်ကို မလွယ်ဘူး။ အဲ့ဒါကြောင့်မဟုတ်ရင် ခန့်မှန်းခြေအားဖြင့် ငါ ငါးမိနစ်အတွင်း လုပ်နိုင်လိမ့်မယ်။ ဒါပေမယ့် မိနစ်နှစ်ဆယ်နီးပါး ကြာသွားတယ်။ ငါ အရမ်းပင်ပန်းနေပြီ။”

“ငါးမိနစ်လား။ မင်းကအရမ်းမြန်တာပဲ။”

“ငါ ကြွားနေတာ မဟုတ်ဘူး။ ငါ့ရဲ့ အလုပ်အများဆုံး အချိန်အတွင်းမှာဆို နှစ်မိနစ်တောင် မလိုလောက်ဘူး။”

“ဘာတွေ ပြောနေတာလဲ။ ငါ ဘာလို့ ထူးဆန်းသလို ခံစားနေရတာလဲ။ မင်းက အမြန်ပစ်သမားလား။”

“လူတိုင်း ရူးနေကြပြီလား။ မင်းတို့က ညစ်ညမ်းဟာ‌သတွေချည်း ပြောနေတော့တာပဲ။”

“ဟုတ်တယ်။ ငါတို့ အရမ်းပျင်းနေပြီလေ။ တစ်နေကုန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာပဲနေပြီး အပြင်လည်း မထွက်နိုင်ဘူး။ ထွက်သွားရင်တောင် ကျွန်းတစ်ခုလုံးက စတုရန်းမီတာဒါဇင်အနည်းငယ်ပဲ ရှိတယ်။ လျှောက်ကြည့်စရ ဘာမှမရှိဘူး။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ဂိမ်းခန်းမတစ်လောက်ရှိရင် ကောင်းမှာပဲ။ ငါတို့ စစ်တုရင်တို့၊ မာကျောက်တို့ကစားလို့ရတာပေါ့။”

“ဘာတွေပြောနေတာလဲကွာ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အလကားသက်သက် အဆင့်မြှင့်ပြီး အသက်ရှင်ရပ်တည်ရေးအခက်အခဲတွေကို မတိုးပေးရင်ကိုပဲ ကျေးဇူးတင်ရမယ်။”

‘လူတိုင်း စိတ်ဓာတ် တက်ကြွနေကြပါလား။ အခုအချိန်မှာတောင် ဂိမ်းဆော့ချင်နေကြသေးတယ်။’

လူထု၏ စကားဝိုင်းကိုကြည့်ရင်း ရှောင်းယီ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

ထို့နောက် ဈေးကွက်ကို ပြောင်းလိုက်ပြီး ရေနှင့် အစားအစာများကို ဆက်လက်စာရင်းသွင်းကာ ပစ္စည်းတစ်ခုချင်းစီ၏နောက်တွင် မှတ်ချက်တစ်ခုထည့်လိုက်သည်။

“သတ္တုအပိုင်းအစများနှင့် အဆင့်မြင့်ပစ္စည်းများကို စုဆောင်းနေပါတယ်။ ရှိပါက သီးသန့်စကားပြောဖို့ ဖိတ်ခေါ်ပါတယ်။ စျေးနှုန်းကလည်း ကျေနပ်ဖွယ်ရာဖြစ်စေရပါမယ်။”

နောက်ဆုံးတွင် နယ်မြေတစ်ခုကို ထပ်မံပေါင်းစည်းသွားပြီဖြစ်သည့်အတွက် အသစ်ရောက်လာသူများဆီတွင် သတ္တုအပိုင်းအစကဲ့သို့ ရှားပါးပစ္စည်းများ ရှိနိုင်ပေသည်။

မှတ်ချက်ထည့်ပြီးမကြာမီ ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်တိုင်မှ အသံမြည်လာခဲ့လေသည်။

“ဒီ ဒီ...အမည်မသိသူတစ်ဦးက သီးသန့်စကားပြောခွင့်တောင်းဆိုနေပါသည်။”

အခန်း ၁၅၅ နောက်ဆုံးတော့ ပန်းခြံ ပြည့်သွားပြီ၊ ဇိမ်ခံညစာစားပွဲ

“ဟယ်လို သူဌေး အဆင့်သတ်မှတ်ထားတဲ့ အစားအစာအချို့ လဲလှယ်ချင်ပါတယ်။ [မြေဆီလွှာ] (S အဆင့်) ၆။”

ထိုသီးသန့်ာတိုကို မြင်လိုက်ရသောအခါ ရှောင်းယီက ချက်ချင်းစာပြန်လိုက်လေသည်။

“B အဆင့်ရေချိုငါး ၂ ကီလိုဂရမ်ကို မင်းရဲ့ S အဆင့်မြေဆီလွှာ ၆ ယူနစ်နဲ့ လဲလှယ်မယ်။ အိုကေလား။”

“ဟုတ်ကဲ့။ အခုလဲလို့ရမလား။”

တစ်ဖက်လူသည် မူလက C အဆင့်အစားအစာကိုသာ လဲလှယ်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း ရှောင်းယီက B အဆင့်အစားအစာ ၂ကီလိုဂရမ်ကို တိုက်ရိုက်ပေးလိုက်မည်ဟု မထင်ထားခဲ့ပေ။

ထိုသူသည် အခြားဒေသများမှ ပေါင်းစည်းလာသူဖြစ်ပြီး အဆင့်သတ်မှတ်ထားသော အစားအစာများသည် ခန္ဓာကိုယ်၏ဖွဲ့စည်းမှုကို အလွန်ထင်ရှားစွာ မြှင့်တင်နိုင်သည်ဟု ကြားဖူးသော်လည်း တစ်ခါမျှ မမြင်ဖူးပေ။

“[ရေချိုငါး] (B အဆင့်) ၂ ကီလိုဂရမ် - [မြေဆီလွှာ] (S အဆင့်) ၆။”

ရှောင်းယီသည် ငွေကြေးလဲလှယ်မှုကို စတင်လိုက်၏။

“မင်းက ဒီကို အသစ်ရောက်လာတာဖြစ်ရမယ်။ မင်းမှာ အဆင့်မြင့်ပစ္စည်းတွေရှိရင် ငါ့ဆီ သီးသန့်စာပို့လို့ရတယ်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”

ထိုသူ ပြောလိုက်ပြီး ချက်ချင်းပင် ငွေကြေးလဲလှယ်မှုကို သဘောတူလိုက်သည်။

ရှောင်းယီသည် S အဆင့်မြေဆီလွှာ ၆ ယူနစ်ကို ရရှိပြီးနောက် သူသည် ခြံဝင်းထဲရှိ ပန်းခြံအတွင်း၌ မြေဆီလွှာများကို အပြည့်အဝဖြည့်တင်းနိုင်ခဲ့ပြီး နောက်ထပ် ၁ ယူနစ်ပင် ပိုနေသေး၏။

သူသည် သစ်သားစည်ပိုင်းကြီးတစ်လုံး ထပ်မံထုတ်လုပ်လိုက်ပြီး အပိုကျန်ရှိသော S အဆင့်မြေဆီလွှာကို ထိုသစ်သာစည်ပိုင်းထဲသို့ ထည့်ထားမည်ဖြစ်သည်။

ထို့နောက် ရှောင်းယီသည် S အဆင့်မြေဆီလွှာ ၅ ယူနစ်ဖြင့် ခြံထဲရှိ ဖန်လုံအိမ်ထဲသို့ ဝင်သွားလိုက်တော့သည်။

ဖန်လုံအိမ်အတွင်း၌ ယွမ်နွန်သည် ဝါးတုတ်တစ်ချောင်းကိုင်ကာ တစ်ဖက်လှည့်ပြီး ကန်စွန်းဥအပင်ပေါက်များကို ကောက်ယူနေ၏။

ယွမ်နွန်၏လှုပ်ရှားမှုများကိုမြင်သောအခါ ရှောင်းယီက မေးလိုက်သည်။

“ဦးလေးယွမ် ဘာလုပ်နေတာလဲ။”

ယွမ်နွန်က ပြုံးကာ ရှင်းပြလိုက်သည်။

“ကန်စွန်းပင်တွေရဲ့ ပင်စည်နဲ့အဆစ်တွေမှာ အမြစ်ခွဲတွေ ပေါက်နေပြီလေ။ ရေလုံလောက်ရင် ဒီအမြစ်ခွဲတွေက ရေနဲ့အာဟာရကို အများကြီးစုပ်ယူပြီး နွယ်ပင်တွေလို အလွန်အမင်းကြီးထွားနိုင်တယ်။ ဒါက အဓိကအမြစ်ဖြစ်တဲ့ ကန်စွန်းဥတွေရဲ့ ကြီးထွားမှုကို အထောက်အကူဖြစ်စေတယ်လေ။”

ရှောင်းယီက လက်မ ထောင်ပြလိုက်သည်။

“ဦးလေးက တကယ်ကို ကျွမ်းကျင်ပညာရှင်ပဲ။ အခုအခြေအနေအရ ကျုပ်တို့ ကန်စွန်းဥတွေ စားရဖို့ ဘယ်လောက်ကြာဦးမလဲ။”

“လက်ရှိကြီးထွားနှုန်းအရ နှစ်ရက်လောက်တော့ ကြာနိုင်တယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။

“ကျုပ်တော့ ကန်စွန်းဥမီးဖုတ်အနံ့ကို အခုကတည်းက ရနေပြီ။”

ပြောရင်းနှင့် သူ ယခုလေးတင် ရလိုက်သော S အဆင့်မြေဆီလွှာများကို ပန်းခြံထဲရှိ ဗလာဖြစ်နေသောနေရာများ၌ လိုက်ဖြည့်လိုက်လေသည်။

“မင်း S အဆင့်မြေဆီလွှာတွေ ထပ်ရလာပြန်ပြီလား။”

ယွမ်နွန်သည် မြေဆီလွှာများဖြင့် ပြည့်နှက်သွားသော ပန်းခြံကိုကြည့်ရင်း အံ့အားသင့်သွားစွာ မေးလိုက်၏။

“ဟုတ်တယ်။ ကျုပ် B အဆင့်ရေချိုငါးနဲ့ ၆ ယူနစ်လဲလိုက်တာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အပြင်ဘက်က စည်ပိုင်းထဲမှာ နောက်ထပ်တစ်ယူနစ်ရှိသေးတယ်။”

“အရမ်းကောင်းတယ်။ ဒါဆို သီးနှံတွေကို မျိုးစုံ စိုက်လို့ရပြီ။”

ယွမ်နွန်က ဝမ်းသာအားရ ပြောလိုက်၏။

လက်ရှိအချိန်၌ ရှောင်းယီတွင် S အဆင့်သီးနှံငါးမျိုးရှိပေသည်။ အုန်းပင်၊ ပြောင်း၊ မြက်ခင်း၊ ဝါနှင့် ကန်စွန်းဥတို့ဖြစ်သည်။

အုန်းပင်များအား ဖန်လုံအိမ်တွင် စိုက်ပျိုးရန်မှည အလွန်မြင့်လွန်းပြီး ဝါမျိုးစေ့များကိုလည်း စနစ်သိုလှောင်ခန်းထဲမှ မထုတ်ယူရသေးပေ။

ယွမ်နွန်သည် နွားများ၏အဆင့်ကိုထိန်းသိမ်းရန် စိုက်ပျိုးထားသော မြက်ခင်းအနည်းငယ်အတွက် နေရာသီးသန့်ချန်ခဲ့လိုက်သည်။

ကျန်သည့်တစ်ဝက်ကို ပြောင်းနှင့် တစ်ဝက်၌ ကန်စွန်းဥများ စိုက်ပျိုးထား၏။

ဤအရာများအားလုံးသည် ယွမ်နွမ်၏ စီမံကိန်း လုပ်ဆောင်မှုများဖြစ်ပြီး ရှောင်းယီအနေဖြင့် လိုအပ်ချက်များကို ယွမ်နွမ်နှင့် ပြောဆိုရန်သာ လိုအပ်ပေသည်။

အပြင်ဘက်အပူချိန်မှာ အလွန်လျင်မြန်စွာ ကျဆင်းသွားခဲ့၏။ အပြင်ဘက်တွင် ဖန်လုံအိမ်ရှိသော်လည်း အစားအစာနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် နည်းလမ်းမရှိသောကြောင့် ယွမ်နွန်သည် အချိန်အများစုကို ဖန်လုံအိမ်အတွင်း၌သာ ကုန်ဆုံးခဲ့ရသည်။

“စကားမစပ် ဦးလေးယွမ် ဦးလေးရဲ့မိသားစုအကြောင်း ဘာလို့တစ်ခါမှ မကြားဖူးတာလဲ။”

ရှောင်းယီက မေးလိုက်သည်။

မိမိ၏လက်အောက်ငယ်သားများကို ဘေးကင်းစွာအလုပ်လုပ်စေလိုပါက ၎င်းတို့၏မိသားစုအခြေအနေကိုလည်း အမြဲဂရုစိုက်ရပေမည်။

ယွမ်နွန်က ရုတ်တရက် မှင်သက်သွားပြီး သက်ပြင်းချလိုက်သည်။

“ငါ့ဇနီးက ကွယ်လွန်သွားပြီ။ သားကတော့ နိုင်ငံခြားမှာ။ တစ်နှစ်လုံးကို အကြိမ်အနည်းငယ်ထက်ပိုပြီး ပြန်လာမလာနိုင်ဘူး။ အခုဆိုရင် ရှားလူမျိုးတွေတောင် ဒီလိုမျိုး တကွဲတပြားဖြစ်နေတာ။ သူတို့ဘယ်ရောက်နေလဲဆို ငါလည်းမသိတော့ဘူး...။”

“ကျုပ်တို့နဲ့ နည်မြေတစ်ခုတည်းမှာရှိမလားလို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ မေးကြည့်လို့ရတယ်လေ။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ အချိန်ရရင် မေးကြည့်လိုက်မယ်။”

ထို့နောက် ယွမ်နွန်က ခေါင်းစဉ်ပြောင်းလိုက်လိုက်သည်။

“ငါတို့ကျွန်းကလွဲရင် လူများတဲ့အခြားကျွန်းတွေ ရှိလောက်သေးလား။”

“ရှိသင့်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ အရင်တုန်းက တခြားလူတွေနဲ့ ဘယ်နှစ်ကြိမ်ဆုံဖူးခဲ့သလဲဆိုတာကို ကြည့်ရမယ်။ ကျုပ်ကျွန်းကို သူစိမ်းနှစ်ယောက် ရောက်လာတာ တွေ့ဖူးတယ်။ ဆုဝမ်နဲ့ အန်းရန်တို့ရဲ့ကျွန်းတွေမှာလည်း တွေ့ဖူးတယ်။ ဒီကမ္ဘာမှာ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ကောင်းတဲ့အရာ ဘာတစ်ခုမှမဖြစ်မလာနိုင်ဘူးဆိုပေမယ့် ချွင်းချက်တော့ရှိတာပေါ့။ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မှန်မှန်ကန်ကန်ရှုမြင်ပြီး စိတ်ရင်းမှန်နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ အသက်ရှင်နိုင်သေးတယ်။”

ယွမ်နွန်က ခေါင်းငြိမ့်လိုက်သည်။

မိုးကောင်းကင်မှာ တဖြည်းဖြည်းချင်း မှောင်မဲလာခဲ့သည်။ လီယန်သည် အပြင်ဘက်ရှိ အသစ်ပြန်လည်ဖြစ်ပေါ်လာသော သစ်ပင်နှင့် ကျောက်တုံးများအားလုံးကို ဖြတ်တောက်ပြီး သစ်သားနှင့်ကျောက်တုံးအချို့ရရှိခဲ့သောကြောင့် သူမ၏ကျောက်တုံးအိမ်ထဲတွင် သေးငယ်သောမီးပုံတစ်ခုကို ထွန်းညှိလိုက်လေသည်။

ဤမီးပုံလေးကြောင့် အခန်းတစ်ခုလုံး၏အပူချိန်သည် နည်းနည်းမြင့်တက်လာပြီး အနွေးထည်အင်္ကျီကို နှစ်ထပ်ဝတ်ထားလျှင် လုံလောက်ပြီဖြစ်ကာ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို ကောက်ညှင်းထုပ်ကဲ့သို့ ထုပ်ထားရန် မလိုအပ်တော့ပေ။

ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီ၏စာနှင့် ရေခဲသပ်တို့ကို လီယန် လက်ခံရရှိလိုက်သည်။

“ဒီကောင်လေးမှာ ဘာလို့ အရာအားလုံးရှိနေတာလဲ။ ဒီလောက်များတဲ့သတင်းအချက်အလက်တွေ သိရဖို့ဆိုတာ မလွယ်ကူဘူး “

လီယန် တီးတိုးရေရွတ်လိုက်မိသည်။

သူမ၏ကျွန်းကို တိုက်ခိုက်ခဲ့သော ပင်လယ်သတ္တဝါများသည် မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ပင်လယ်ရေသည် အပြည့်အဝ မခဲသေးသောကြောင့် ရေခဲကို ခွဲထုတ်ရန် မလိုအပ်ခဲ့ပေ။

သို့သော်လည်း မနက်ဖြန်တွင်မူ အသုံးဝင်မည်မှာ သေချာပေသည်။

လီယန်သည် ရေခဲသပ်ကို ဘေးဖယ်ထားလိုက်ပြီးနောက် သူမ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ နောက်တစ်ခါ အသံမြည်လာခဲ့သည်။

“[ကြက်မွှကြော်] (A အဆင့်) ၂၀၀ ဂရမ်၊ [ဝက်ဝံသားကင်] (B အဆင့်) ၂၀၀ ဂရမ်၊ [ပြောင်းဖူးနံရိုးဟင်းချို] (A အဆင့်) ၂၀၀ ဂရမ်၊ [ဟင်းသီးဟင်းရွက်ကြော်] ၂၀၀ ဂရမ်၊ [ထမင်း] ၂၀၀ ဂရမ် - အခမဲ့လဲလှယ်ခြင်း။”

ထိုဇိမ်ခံညစာကို မြင်လိုက်ရသောအခါ လီယန် ထပ်မံ၍ သက်ပြင်းချလိုက်မိ၏။

“ဒါက ငါအိမ်မှာစားခဲ့ဖူးတာတွေထက် ပိုကောင်းတယ်။”

ယခင်ကမ္ဘာတွင် ဤ A နှင့် B အဆင့်အစားအစာများကို မစားနိုင်ခဲ့ပေ။ စားဖူးသမျှ အစားအစာအားလုံးမှာ သာမန်အစားအစာများသာဖြစ်သည်။

“အမေ မဝသေးဘူးဆိုရင် ပြောနော်။ ထပ်ပို့ပေးမယ်။”

ထိုလဲလှယ်မှုနှင့်အတူ အန်းရန်က စာတစ်စောင်ချန်ထားခဲ့လေသည်။

“မင်းက မင်းမေမေကို ဝက်တစ်ကောင်လို့ ထင်နေတာလား။ ဒါတွေကတင် အရမ်းများနေပြီ။”

လီယန်က ပြုံးကာ ပြန်ဖြလိုက်သည်။

“အမေ၊ အမေက အခုမှ ပြန်ပြီးနာလန်ထူခါစရှိသေးတယ်လေ။ အားရှိမယ့်အစားအစာတွေ များများစားသင့်တယ်။”

လီယန်၏အဖြေကို မြင်လိုက်ရသောအခါ အန်းရန်က ပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ကောင်းပါပြီ မင်းတို့လည်း ဒါတွေစားကြတာလား။”

လီယန်က မေးလိုက်သည်။

“ဒါပေါ့။ အမေတစ်ယောက်တည်းအတွက်ပဲလို့ တွေးမနေပါနဲ့။”

အန်းရန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဟားဟား...S အဆင့်အစားအစာ ပိုစားရမယ့် တိုက်ခိုက်ရေးသမား နှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေရဲ့အစားအစာက အတူတူပါပဲ။”

“မင်းတို့မှာ အဆင့်သတ်မှတ်ထားတဲ့အစားအစာတွေ ဘယ်လောက်တောင်ရှိတာလဲ။ ဒီလိုပုံစံမျိုးနဲ့ ခံနိုင်ရည်ရှိပါ့မလား။”

လီယန်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ အန်းရန်က ပြုံးလိုက်၏။

“ဒီအကြောင်း ပြောရမယ်ဆိုရင် မနေ့ညက C အဆင့် ရေချိုငါး နှစ်ထောင်နီးပါးနဲ့ B အဆင့်ရေချိုငါး တစ်ရာကျော်ရခဲ့တယ်လေ။ တစ်ကောင်ကို ၄ ပေါင်ကနေ ၆ပေါင်အထိရှိတယ်။ သမီးတို့ အကုန်စားနိုင်မယ်ထင်လား။”

“ဘာ...။ မနေ့ညကတင်ကို ဒီလောက်အများကြီးရခဲ့တာလား။”

လီယန်က မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်။ လတ်တလောရာသီဥတုက အရမ်းအေးနေလို့လည်းဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် အများစုက သာမန်ရေချိုငါးတွေပဲ။ အများကြီးရှိပေမယ့် ရှောင်းယီက မကြိုက်ဘူးလေ။ အားလုံးကို ရောင်းပစ်ပြီး အခြေခံအရင်းအမြစ်တချို့နဲ့ လဲလိုက်တယ်။”

အန်းရန်က ရှင်းပြလိုက်သည်။

“အို...။ ဈေးကွက်မှာ ရောင်းနေတဲ့ ရေချိုငါးတွေအားလုံးကလည်း ရှောင်းယီပိုင်တာပဲလား။”

သူမ၏စိတ်ထဲတွင် အဖြေရှိသော်လည်း လီယန် မမေးဘဲ မနေနိုင်ခဲ့ပေ။

အခန်း ၁၅၆ လူကြိုက်များလာသော ရေနှင့် အစားအစာများ၊ အရူး

“အင်း...အဲ့ဒါတွေအားလုံးကို ရှောင်းယီက ဈေးကွက်မှာတင်ထားတာလေ။ မေမေ အမြန်စားလိုက်ပါ။ စားပြီးမှ ကောင်းကောင်းစကားပြောကြမယ်။”

အန်းရန်က ပြောလိုက်သည်။

လီယန် ခေါင်းငြိမ့်လိုက်ပြီး စကားပြောဆိုမှုကို အဆုံးသတ်လိုက်လေသည်။

အန်းရန်သည်လည်း မီးဖိုချောင်သို့ ပြန်သွားခဲ့၏။ ရှောင်းယီနှင့် အခြားသူများမှာ စားနှင့်နေကြပြီးဖြစ်ကာ ထမင်းစားရင်းဖြင့် စကားပြောနေကြသည်။

“ဒီနေ့ ပင်လယ်သတ္တဝါတွေ ဘယ်နှစ်ကြိမ်တိုက်ခိုက်ခဲ့လဲ။”

ရှောင်းယီက ထမင်းတစ်လုတ်စားပြီး မေးလိုက်သည်။

“၃၆ ကြိမ်။ မနေ့ကလိုပဲ တိုးမလာဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ထိုအခါ ရှောင်းယီက ခေါင်းငြိမ့်ပြီး ခန်းမှန်းကြည့်လိုက်သည်။

“တိုက်ခိုက်မှုယန္တရားပဲ ပြောင်းသွားတာထင်တယ်။ အခြားဟာတွေတော့ မပြောင်းလဲသေးဘူး။ ဒါပေမယ့် ဒီနေ့ အုတ်မြစ်ကျောက်ရနိုင်ခြေ နည်းနည်းပိုများတယ်။ ၄၅ ခုရခဲ့တယ်။”

“အဲ့လောက်တောက်များတယ်လား။”

လူတိုင်း အံ့ဩသွားခဲ့ကြသည်။

ယနေ့ရခဲ့သော အုတ်မြစ်ကျောက်ပမာဏက လူအများစု၏ ကျွန်းဧရိယာထက်ပင် ပိုများနိုင်ပေသည်။

၄၅ ခုက လုံးဝမနည်းပေ။

“ဟုတ်တယ်။ အဲ့ဒါကြောင့် ဒီအပတ် ပင်လယ်သတ္တဝါတွေ အပြင်းအထန်တိုက်ခိုက်လာမှာကို စိုးရိမ်နေတာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါက ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ငါတို့ကို နောက်ကွယ်က‌နေ သတိပေးနေတာပဲ။”

“ဟုတ်တယ်။ အရမ်းဖြစ်နိုင်ခြေများတယ်။ ရက်သတ္တပတ်တိုင်းရဲ့ နောက်ဆုံးတစ်ရက် နှစ်ရက်လောက်မှာ အုတ်မြစ်ကျောက်ရနိုင်ခြေ မြင့်တက်လာပုံပဲ။ ပင်လယ်ရေက အုတ်မြစ်ကျောက်တွေကို စားသွားမှာမို့လို့ လူတိုင်းက အုတ်မြစ်ကျောက်ပိုရလိမ့်မယ်။”

အန်ယွဲ့က ရှောင်းယီ၏အဆိုကို သဘောတူလိုက်သည်။

အုတ်မြစ်ကျောက် ရနိုင်ခြေ မြင့်တက်လာခြင်းဆိုသည်မှာ ဖျက်ဆီးခံရနိုင်ခြေ ပိုများလာခြင်းကို ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာက ဤမျှလောက်အထိ ကြင်နာတတ်သည့်သူမျိုး မဟုတ်သောကြောင့်ပင်။

လူတိုင်း မျက်မှောင်ကျုံ့သွားခဲ့ကြ၏။

ရှောင်းယီသည် ညစာစားပွဲရှိ လေထုမှာ အနည်းငယ်လေးလံနေသည်ကိုကြည့်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“လူတိုင်းပဲ အဲ့လောက်လည်း စိတ်မပူကြပါနဲ့။ အနည်းဆုံးတော့ အခုအချိန်ထိ ကျုပ်တို့ ကိုင်တွယ်နိုင်ပါသေးတယ်။”

“ဟုတ်တယ်။ အခုအချိန်မှာ လုံခြုံရေးအတွက် အရမ်းစိုးရိမ်စရာမလိုဘူး။ ရှောင်းယီတောင် အခုထိ ဘာမှမလှုပ်ရှားရသေးဘူး။ ကျုပ်တစ်ယောက်တည်းနဲ့တောင် လုပ်နိုင်တယ်။ ဘာကိုကြောက်နေကြတာလဲ။”

ကျန်းယွင်ထျန်းကလည်း ပြုံးပြီး ပြောလိုက်၏။ လူတိုင်း ခေါင်းငြိမ့်လိုက်ကြသည်။

ကျွန်းပေါ်တွင် အစွမ်းအထက်ဆုံးဖြစ်သော ရှောင်းယီပင် မလှုပ်ရှားရသေးပေ။ သူတို့ အမှန်တကယ်ကို အရမ်းစိုးရိမ်စရာမလိုပေ။

ထို့အပြင် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ပင် မကိုင်တွယ်နိုင်သော အရာတစ်ခုဖြစ်လာခဲ့လျှင် လူသားအားလုံး ပျောက်ကွယ်သွားလိမ့်မည်ဟု ခန့်မှန်းရပေသည်။

ရှောင်းယီထက် ပိုကောင်းအောင် ဖွံ့ဖြိုးတိုးတက်နိုင်သော အခြားသူများရှိနိုင်သည်ဆိုသည်ကိုမူ သူတို့ စိတ်ကူးကြည့်၍ပင် မရပေ။

“ညစာစားပြီးရင် လူတိုင်း ဟာသရုပ်ရှင်ကြည့်ပြီး အနားယူကြရအောင်။ အရမ်းတင်းမာမနေကြပါနဲ့။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ။”

လူတိုင်းက တုန့်ပြန်လိုက်ကြ၏။

လူတိုင်း ညစာစားပြီးသွားသောအခါ အန်းရန်နှင့် ဆုဝမ်တို့က ပန်းကန်များကို ဆေးကြောပြီးနောက် ဧည့်ခန်းထဲကို သွားလိုက်ကြလေသည်။

အန်ယွဲ့က အန်းရန်ရောက်လာသည်ကိုမြင်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ဖယ်ပေးလိုက်သည်။ သူသည် အခုနက လီယန်နှင့် စကားပြောနေခြင်းဖြစ်ပြီး ယခု သူတို့နှစ်ယောက်ကို စကားပြောခွင့်ပေးလိုက်ခြင်းဖြစ်ပေသည်။

ထိုအချိန်တွင် ရှောင်းယီက ဟာသရုပ်ရှင်ဟောင်းတစ်ခုကို ရှာပြီး ဖွင့်လိုက်၏။

အန်းရန်သည်မူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဘေးတွင် လီယန်နှင့် တိုးတိုးတိတ်တိတ်စကားပြောနေခဲ့လေသည်။

“ဧည့်ခန်းထဲမှာ အားလုံးဘာလုပ်နေကြတာလဲ။”

လီယန်က အန်းရန်နောက်တွင် လူတွေအများကြီးထိုင်ပြီး အရှေ့ကိုစိုက်ကြည့်နေသည်ကို မြင်သောအခါ စပ်စုလိုက်၏။

“ရုပ်ရှင်ကြည့်နေကြတာလေ။ ဟာသရုပ်ရှင်အဟောင်းတစ်ပုဒ်ပါ။”

အန်းရန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ဟားဟားဟားဟား!”

ထိုအချိန်တွင် ယွမ်နွန်နှင့် အခြားသူများက ရုပ်ရှင်ထဲက ရယ်စရာဇာတ်ကွက်တစ်ခုကိုကြည့်ပြီး အော်ရယ်လိုက်ကြ၏။

လီယန်က အံ့ဩသွားပြီး မေးလိုက်သည်။

“မင်းတို့မှာ တီဗီတွေရှိလည်းသေးတယ်လား။ ပြီးတော့ ရုပ်ရှင်တွေရောလား။”

“ဟုတ်တယ်။ ရှောင်းယီဆောက်ထားတဲ့အိမ်က အခုဆို ကျေးလက်ဗီလာတစ်လုံးလိုပဲ။ အခန်းတိုင်းမှာ တီဗီနဲ့ အခြားသာမန်လျှပ်စစ်ပစ္စည်းတွေရှိတယ်။ ရေချိုးခန်းတွေလည်း သီးသန့်ပါတယ်။”

အန်းရန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ရှောင်းယီက တကယ် အံ့သြစရာကောင်းတာပဲ။”

လီယန်က ထပ်မံ သက်ပြင်းချလိုက်မိလေသည်။

“ဒါပေါ့။”

အန်းရန်က ဂုဏ်ယူစွာပြောလိုက်သည်။

“ဒါပေမယ့် တီဗီက အဲဒီရုပ်ရှင်အဟောင်းတွေပဲ ကြည့်လို့ရတယ်။ အဲ့ဒါတွေကို တီဗီရဲ့မှတ်ဉာဏ်ထဲမှာ သိမ်းထားတာလေ။”

“ရှိရင်ပဲ ကောင်းနေပြီကို အရမ်းတောင်းဆိုနေပြန်ပြီ။”

လီယန်က မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။

“အမေပြောတာ မှန်ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေ အားလုံးက စောင်ပုံထဲမှာ တုန်တုန်ရီရီနေနေကြရတယ်။ ဒါပေမယ့် သမီးတို့ကတော့ အင်္ကျီလေးတစ်ထည်တည်းဝတ်ပြီး ရုပ်ရှင်ကြည့်နေကြတယ်။ သူတို့နဲ့ယှဉ်ရင်တော့ တကယ်ကိုပျော်စရာကောင်းတယ်။”

အန်းရန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် ရုပ်ရှင်အနည်းငယ်ကြည့်ပြီးနောက် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ရေနှင့်အစားအစာများ၏ ရောင်းအားကို စစ်ဆေးကြည့်လိုက်သည်။

“အရမ်းရေပန်းစားနေတုန်းပဲ။”

ရှောင်းယီက တီးတိုးရေရွတ်လိုက်၏။

သူချိတ်ဆွဲထားသော ရေနှင့်အစားအစာများမှာ အားလုံးနီးပါး ကုန်သွားပြီဖြစ်၏။

ငွေကြေးလဲလှယ်မှုကို သဘောတူပြီးနောက် ရှောင်းယီသည် ပစ္စည်းအမြောက်အမြား၊ အကွက်စိပ်ငါးပိုက်ကွန်များ၊ ရေခဲခွဲသပ်များငှားရမ်းခြင်းမှ အုတ်မြစ်ကျောက် ၃၆ ခုကို ရရှိခဲ့လေသည်။

အဓိကစားသုံးသူများမှာ ယခုမှ အသစ်ဝင်ရောက်လာသူများ ဖြစ်ကြသည်။

ရှောင်းယီနှင့် နယ်မြေတစ်ခုတည်းတွင်ရှိသော အသက်ရှင်ကျန်ရစ်သူများသည်မူ ဆောင်းရာသီအတွက် အစားအစာအများအပြားကို ပြင်ဆင်ထားခဲ့ကြပြီးသားဖြစ်ရာ ယခုချိန်ထိ အစားအစာများ မခေါင်းပါးသေးပေ။

သို့သော် အသစ်ရောက်လာသူများမှာမူ မတူညီကြပေ။ သူတို့ အရင်နေခဲ့သည့်နေရာတွင် ရှောင်းယီကဲ့သို့ သူဌေးကြီးမျိုးမရှိခဲ့ပေ။

သူတို့ အရင်နေခဲ့သောနေရာတွင် ရောင်းချသောအစားအစာများရှိလျှင်ပင် ပမာဏမှာ ၁၀ ဂရမ်၊ ၂၀ ဂရမ် ကဲ့သို့ အလွန်နည်းပါးလှပေသည်။

ရှောင်းယီကသာ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ်နှင့် တိုက်ရိုက်ရောင်းချခြင်းဖြစ်၏။

ဈေးနှုန်းကလည်း အရင်ကထက် အများကြီး ပိုသက်သာသည်။ အရင်တုန်းက အလွန်အဖိုးတန်သော အရင်းအမြစ်များဖြင့် ရေနှင့် အစားအစာများကို လဲလှယ်ရပြီး အခုဆိုလျှင် အခြေခံအရင်းအမြစ်များဖြင့်ပင် လဲလှယ်၍ရပေသည်။

ဟုတ်ပါသည်။ ရှောင်းယီနှင့် တူညီသောနယ်မြေရှိ လူများ၏ မျက်လုံးထဲတွင်မူ ရှောင်းယီသည် မသမာသောလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဈေးနှုန်းများကို မြှင့်တင်ထားပြီးသားဖြစ်နေသော်လည်း ဤအသစ်ရောက်လာသူများအတွက်မူ ဈေးနှုန်းမှာ အလွန်သက်သာသည်ဟု ခံစားနေကြရဆဲပင်။

နောက်ထပ် ရေနှင့် အစားအစာအချို့ကို တင်သွင်းလိုက်ပြီးနောက် ရှောင်းယီက အများသုံးချန်နယ်ကို ပြောင်းလိုက်လေသည်။

“နောက်ဆုံးတော့ နားချိန်ရောက်ပြီ။”

“ဘယ်သူက နားလို့ရတယ်လို့ ပြောတာလဲ။ ငါကတော့ ပိုအေးလာတယ်လို့ပဲ ခံစားနေရတယ်။”

“ခံစားရတာမဟုတ်ဘူး။ တကယ်ပဲ ပိုအေးလာတာ။ အနှုတ် ၃၀ ဒီဂရီလောက်ရှိမယ်။”

ရှောင်းယီက စနစ်သတိပေးချက်ကိုကြည့်ပြီးနောက် စနစ်က “အနှုတ် ၃၁.၅ ဒီဂရီစင်တီဂရိတ်” ဟု ပြောလာခဲ့သည်။

“ဟိုင်း အားလုံးပဲ ကျုပ်က ဒီနေရာမှာ လူသစ်တစ်ယောက်ပါ။ ဒီနေ့ ကျုပ် ရေခဲပြင်ပေါ်လမ်းလျှောက်လာရင်း အဲ့ဒီတားမြစ်ချက်ကို ထပ်တွေ့ခဲ့ရတယ်။ ရေခဲနေတဲ့ပင်လယ်ကို မြင်ရပေမယ့် တားမြစ်ချက်ကိုတော့ လုံးဝဖြတ်ပြီး မသွားနိုင်ဘူး။”

“ဟားဟား ဒီစိတ်မနှံ့တဲ့ကောင် ရောက်လာပြန်ပြီ။”

“ဒါက ဘာတွေဖြစ်နေတာလဲ။”

ရှောင်းယီအပါအဝင် အစပိုင်းတွင် အဖွဲ့ထဲ၌ စကားပြောနေသည့် လူတိုင်း စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။

“ဒီအရူးက ငါတို့နဲ့ နယ်မြေတစ်ခုတည်းမှာရှိနေခဲ့တာလေ။ တစ်နေ့လုံး သူက တားမြစ်ချက်ဘေးမှာနေတယ်လို့ပဲ ပြောနေတာ။ စိတ်ကူးယဉ်ဝတ္ထုတွေ အရမ်းဖတ်ပြီး အထီးကျန်တဲ့ဒဏ်ကို မခံနိုင်တော့လို့ ရူးသွားတာထင်တယ်။”

“ငါ ဘာ်နှခါပြောရမလဲ။ ငါ ရူးနေတာမဟုတ်ဘူး။ ငါက တကယ် တားမြစ်ချက်ရဲ့ အစွန်းမှာနေနေရတာ။ ဒီတားမြစ်ချက်က ငါတို့ကို အပြင်မထွက်နိုင်အောင် တားဆီးထားသလို အပြင်ကလူတွေကိုလည်း ဝင်မလာနိုင်အောင် တားဆီးထားတယ်လို့ ခံစားရတယ်။”

“တကယ်ကို ရူးနေတာပဲ။”

“စိတ်မနှံ့တဲ့သူတစ်ယောက်က အခုထိ အသက်ရှင်နေဖို့ ဘယ်လောက်တောင်ကံကောင်းရလိမ့်မလဲ။”

“ယုံချင်ယုံ မယုံချင်နေ။ ဒီလိုမျိုးနယ်မြေတွေကို ဘယ်လိုခွဲထားလဲဆိုတာ မင်းတွေးဖူးလား။”

စိတ်မနှံ့သူက ထပ်ပြောလိုက်သည်။

ထိုမေးခွန်းကို မေးလိုက်သောအခါ လူတိုင်းတိတ်ဆိတ်သွားခဲ့ကြ၏။

သူတို့ကို မည်သို့ခွဲခြားထားသည်ဆိုခြင်းအား ဘယ်သူမှ မသိကြပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသစ်ရောက်လာသူများရှိသည်ဟု အသိပေးတိုင်း လူဦးရေပိုများလာခဲ့ခြင်းဖြစ်သည်။

တကယ့်တည်နေရာနှင့် ပမာဏကိုမူ မသိရပေ။

“တော်လိုက်စမ်းပါ။ မင်းက မင်းသိသလို ပြောနေတာပဲ။”

“ငါ တကယ်မသိဘူး။ ဒါပေမယ့် ဒီတားမြစ်ချက်က လူတိုင်းကို လုံးဝခွဲထားနိုင်တယ်။ အရင် ငါ လှေလှော်သွားတုန်းက ဘယ်လောက်ပဲလှော်လှော် ငါ့ကျွန်းရဲ့အနောက်ဘက် ၁၀၀မီတာထက် ပိုမသွားနိုင်ဘူး။ မင်းတို့က ငါ လှေလှော်ရင်း ရေဝဲနဲ့တွေ့ပြီး အပြင်မထွက်နိုင်ဘူးလို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် ဒီနေ့မင်းတို့ပြောတဲ့အတိုင်း ငါတည့်တည့်လျှောက်သွားတာပဲ။ ငါ့ကျွန်းရဲ့အနောက်ဘက် ၁၀၀မီတာအထိပဲ သွားနိုင်တယ်။ နောက်ထပ် ခြေတစ်လှမ်းမှတောင် အပြင်မထွက်နိုင်ဘူး။”

All Chapters