← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အပိုင်း(၆၁)

“ဂလု ဂလု ဂလု”

“မထိတ်လန့်နဲ့ မင်း အတည်ငြိမ်ဆုံး နေရမယ်”

ဆုပိုင်၏ ခန္ဓာကိုယ်က မြစ်ထဲမှ ပေါ်ထွက်လာပြီးနောက် ဆက်တိုက်ဆိုသလို အောက်ခြေသို့ ပြန်လည် နစ်မြှပ်သွားသည်။ သူကိုယ်တိုင် ရေကူးနိုင်သော်လည်း အေးစက်aeသော ရေခဲရေအတွင်းတွင် သူ၏ခြေလက်များက ချက်ချင်းဆိုသလို တောင့်ခဲသွားသည်။ ထို့ကြောင့် ရုန်းကန်ရန် မဖြစ်နိုင်ပေ။

မော့ကြည့်လိုက်သောအခါ ယခုလေးတင် ပြုတ်ကျလာသော နေရာကိုပင် မမြင်နိုင်တော့ချေ။

ရေခဲအောက်ရှိ မြစ်ရေက ဆက်တိုက်စီးနေသည်။ ဒါက _ _ _

“ဒီတာဝန်က ဒီလိုနဲ့ ကျရှုံးတော့မှာလား။ ဒါမှမဟုတ် ဒီနေရာမှာပဲ သေရတော့မှာလား”

လူက ဆက်တိုက် ရုန်းကန်ပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်က လေးလံသထက် လေးလံလာကြောင်း ခံစားလိုက်ရသည်။ သူ၏မျက်ခွံကိုပင် မ မ ထားနိုင်တော့ချေ။

အရာအားလုံးက ချက်ချင်းဆိုသလို ဖြစ်သွားခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများကပင် မတုန့်ပြန်နိုင်ခဲ့ကြချေ။ ဆုပိုင်က ရေထဲသို့ ပြုတ်ကျသွားပြီး လူတိုင်း၏ အရှေ့မှ ပျောက်ကွယ်သွားမှသာ ကွန့်မန့်များက ရူးသွပ်သလိုမျိုး ဆက်တိုက် ထွက်ပေါ်လာသည်။

ဖန်သားပြင် တစ်ခုလုံး ကွန့်မန့်များဖြင့် ပြည့်နှက်သွားသည်။

{သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ။ ဒီရေခဲလွှာက တအားမာတာ မဟုတ်လား။ ဘယ်လိုများ ကွဲသွားတာလဲ}

{သွားပြီ အောက်က ရေက ဆက်တိုက်စီးနေတာ။ တင်ဆက်သူကတော့ တောက်လျောက် မျောသွားတော့မှာပဲ။ သူ ဘယ်လိုများ ပြန်တက်နိုင်တော့မှာလဲ}

{သတင်းပို့ အခုချက်ချင်း သတင်းပို့လေ။ ဒီအတိုင်း ဆက်ဖြစ်နေရင် သေသွားလိမ့်မယ်}

{အသုံးမဝင်ဘူး တင်ဆက်သူက ဘယ်နေရာမှာလည်း ဆိုတာကို သိရဲ့လား။ သူက တရုတ်ပြည်မှာတောင် မဟုတ်ဘူး။ ဘယ်လိုများ ဖြစ်နိုင်မှာလဲ}

{မင်း သေချာပေါက် တက်လာရမယ်နော်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှု အခန်းရဲ့ တင်ဆက်သူက အရာအားလုံးကို အမှန်တိုင်း ချပြနေတာ။ သူဟာ တစ်ခုခု ဖြစ်သွားလို့ကတော့_ _ _ဒီလိုဆိုရင်}

{ဝူး ဝူး ဝူး တစ်ယောက်ယောက် မရှိဘူးလား တင်ဆက်သူကို ကယ်ပေးပါ}

…

ကင်မရာမှ တစ်ဆင့် အောက်ဘက်တွင် စီးဆင်းနေသည့် မြစ်ရေကို လူတိုင်းက ကြည့်နေကြသည်။ သူတို့၏ စိတ်က ဗလာပင် ဖြစ်နေကြသည်။ ဆုပိုင်က ထိုသို့ဖြင့် သေသွားမည်ဟု သူတို့လည်း စိတ်ကူးကြည့်၍ပင် မရချေ။

ဒါဆိုရင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ဘယ်လို ဖြစ်သွားမှာလဲ။

ဒါဆိုရင် သူ့ရဲ့နောက်ခံက အသင်းက တိရိစ္ဆာန်တွေကို ဆက်ပြီး မကယ်ဆယ်နိုင်တော့ဘူးလား။

မည်သို့ပင်ဆိုစေ သူတို့က ယခုမှသာ အမှန်တကယ် နားလည်လာသည်။

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုမှ တဆင့် သေရေးရှင်ရေး အန္တရာယ်များကို ကျော်ဖြတ်ရင်း အတိတ်မှ တိရိစ္ဆာန်များအကြောင်း ပြောပြရင်း တိုက်ရိုက်ထုတ်လွှင့်မှု တဆင့် သူတို့ကယ်ဆယ်သော တိရိစ္ဆာန်များအကြောင်းကို ဖော်ပြရင်း တင်ဆက်ပေးနေခဲ့ခြင်း ဖြစ်သည်။

နှစ်ခုကြားမှ ဆက်စပ်မှုကို မည်သူကမှ မသိကြချေ။

သူတို့က ဆက်၍ ရှာဖွေရဲခြင်းလည်း မရှိကြချေ။ မည်သို့ပင်ဆိုစေ ဖန်သားပြင်ပေါ်ရှိ ယင်းမိတ်ဆွေများ အားလုံးက တိရိစ္ဆာန်ကို ချစ်မြတ်နိုးသူများ ဖြစ်နေသည်။

လူသား ဖြစ်တည်မှုတိုင်းကို အကျိုးအမြတ်ပေးနိုင်သည့် တည်ရှိမှု ဖြစ်နေပြီး အချို့သော အမည်မသိရသော ဆက်နွယ်မှုများ ဆိုလျှင်ပင် သူတို့က သဘာဝလျောက်ပင် လစ်လျူရှုထားပေး၍ ရသည်။ မည်သို့ပင်ဆိုစေ တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။

တိရိစ္ဆာန်များကို ပြန်လည်ကယ်ဆယ်နိုင်သမျှ နတ်ဘုရားက လုပ်ဆောင်ပေးခြင်း ဆိုလျှင်ပင် သူတို့က ယုံကြည်ရန် ဆန္ဒရှိသည်။

“အူ “

ထိုအခိုက် တောင့်တင်းနေသာ ကြွက်သားများနှင့် အသဲအသန် ကူးခတ်လာသော ဟာလီက သူ၏ရှေ့တွင် ပေါ်လာသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများကလည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြ၏။

ဒါက _ _ _

မင်းက ဆုပိုင်ကို ကယ်မလို့လား။

“ကလူး ကလူး ကလူး”

ဆုပိုင်၏ အသိစိတ်က တဖြည်းဖြည်းချင်း ဝေဝါးလာပြီ ဖြစ်သည်။ နောက်ဆုံးတော့ ဝမ်းဗိုက်အတွင်းမှ လေကိုပင် ညစ်ထုတ်နေရ၏။

“သွားပြီး တကယ်ပဲ သွားပြီ”

သူ၏လက်မောင်းများက အောက်သို့ ကျသွားသည်။ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း အောက်ခြေသို့ နစ်သွားသည်။

ဘန်း

ရုတ်တရက် သူ၏ခန္ဓာကိုယ်က ရှေ့သို့ တုန်တက်သွားသည်။ ဆုပိုင်က ကြောင်သွားသည်။

သူက နောက်လှည့်လိုက်သောအခါ ဟာလီဟာ သူ၏ကိုယ်ပေါ်မှ ကုတ်အင်္ကျီကို ကိုက်ပြီး ရှေ့ဘက်သို့ ခက်ခက်ခဲခဲ ကူးခတ်နေကြောင်း တွေ့လိုက်ရသည်။

“ဟင်”

61 02

ဆုပိုင်ကလည်း သူ၏ပါးစပ်မှ နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ပြီး လျှာထိပ်ကို ခပ်ကြမ်းကြမ်း ကိုက်လိုက်သည်။

ဟာလီက သူ့ကို လာကယ်တာပဲ။

မင်း သေချာပေါက် အင်အားအပြည့် ရှိနေမှ ရမယ်။ ဒီခွေးက သူ့အသက်ကိုတောင် ရင်းပြီး ကယ်နေတာနော်။

သူက ဟာလီနှင့် သိသည်မှာ နေ့တစ်ဝက်ပင် မကြာသေးချေ။ သို့သော် တစ်ဖက်သူက သူ့အသက်ကို ရင်းပြီး သူ့ကို လာကယ်သည်။ မည်သို့ပင်ဆိုစေ ဆုပိုင် အပေါ်တက်နိုင်ခဲ့လျှင်ပင် ဟာလီက မြစ်ထဲတွင်‌ သေပေလိမ့်မည်။

“ဝူး ဝူး ဝူး”

ဆုပိုင်က မြစ်ရေများကို သူ၏လက်ဖြင့် ဆက်တိုက်ယမ်းရင်း ကူးခတ်လျက် ဟာလီအပေါ်သို့ ရောက်နေသည့် ဖိအားကို လျော့ချနိုင်အောင် ကြိုးစားနေသည်။

“ငါတို့ရောက်ပြီ”

ဆုပိုင်ကလည်း ဟာလီဟာ မောပန်းလောက်ပြီဟု ထင်လိုက်သောအချိန်တွင် သူ့ရှေ့မှ တောက်ပသည့် အလင်းတန်းတစ်တန်းကို တွေ့လိုက်ရသည်။ ဒါက ယခုလေးတင် ကွဲအက်သွားသော ရေခဲခွံ ဖြစ်နိုင်၏။

“ဟူး”

ဆုပိုင်က ခေါင်းကို ရေခဲမှ ဆွဲထုတ်လိုက်ပြီး ပါးစပ်ထဲမှ မြစ်ရေများကို နီရဲနေသော မျက်နှာနှင့် ပန်းထုတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသည်။

လေရှူဖို့က ဒီလောက်ထိ အရေးကြီးတယ်လို့ မထင်မိဘူး။

သူ၏လက်က ရေခဲအစွန်းနားကို လှမ်းကိုင်လိုက်ပြီးနောက် ခက်ခက်ခဲခဲ ကုန်းတက်သည်။

“ဟူး”

“နောက်ဆုံးတော့ အသက်ရှင်ပြီ”

ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချပြီး ခပ်တိုးတိုး ရေရွတ်လျက် ရေခဲပြင်ပေါ် ပက်လက်လှန်လှဲလိုက်သည်။

ဒီနေရာက လူတွေက အရေခွံလဲတဲ့ အရူးသုံးကောင်လို့ ခေါ်တဲ့ အလက်စကားလေ။ လတ်စသတ်တော့ ရှေးခေတ်အချိန်ကတည်းက ဒီစွပ်ဖားလှည်းဆွဲတဲ့ ဒီခွေးတွေက တည်ရှိနေခဲ့တာပဲ။ သူတို့က လူတွေနဲ့ ကျွမ်းဝင်လွန်းရုံတင် မဟုတ်ပဲ လွပ်လွပ်လပ်လပ် ပြုမူနိုင်ကြသေးတယ်။ နောက်ပြီး အရမ်းလည်း ဉာဏ်ကောင်းတယ်။

“ဟာလီ”

ရုတ်တရက် ဆုပိုင်က ချက်ချင်း ထထိုင်သည်။

သူက အရှေ့မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ သူ၏မျက်နှာက ဖြူဖျော့သွားသည်။ သူ၏အရှေ့တွင် ဟာလီက ရှိမနေချေ။ သူက နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။ စွပ်ဖားလှည်းနားတွင် အလန်စကန်အိုကြီး၏ ပုံရိပ်ကိုပင် မမြင်ရချေ။

ဟာလီက ဘယ်မှာလဲ။

ဖြစ်နိုင်တာ

ဆုပိုင်က ရုတ်တရက် ရေခဲဂူ အရှေ့တွင် လှဲချလိုက်ပြီး အားကုန်သုံးကာ အော်သည်။

“ဟာလီ”

မြစ်ရေက ဆက်တိုက်စီးနေသည်။ သို့သော် တုန့်ပြန်မှု မရှိချေ။

“မဟုတ်ဘူး”

ဒီတစ်ကြိမ် တာဝန်က အလက်စကား ဖြစ်သည်။

ဒါဆိုရင် သူ့ကိုကယ်ဖို့ ကြိုးစားရင်း မြစ်ထဲကနေ မျောသွားတာလား။

ဆုပိုင်၏ မျက်လုံးများက သွေးနီရောင်ပြောင်းသွားပြီး သူက ချက်ချင်း ကုန်းအော်သည်။ ထို့နောက် နောက်သို့လှည့်ပြီး စွပ်ဖားလှည်းရှိရာသို့ သွားသည်။

ဒီစွပ်ဖားလှည်းပေါ်မှာတော့ အရမ်းရှည်တဲ့ ကယ်ဆယ်ရေးတုတ် ရှိလိမ့်မယ်။

သေချာပေါက် ရှာတွေ့မှာပါ။

သေချာပေါက် ရှာတွေ့ပါလိမ့်မယ်။

သူဟာ ရှည်လျားသော ထိုတုတ်ကြီးကို သယ်ပြီး ရေခဲပေါက်နားသို့ ပြန်သွားသည်။ ထို့နောက် ထိုနေရာတွင် ဒူးထောက် ထိုင်လိုက်ရင်း ထိုတုတ်အား မြစ်ထဲသို့ ထည့်ကာ ဆက်တိုက်မွှေသည်။

သူဟာ ဟာလီ၏ ခန္ဓာကိုယ်ကို ထိနိုင်အောင် ကြိုးစားသည်။

“ဟူး ဟူး ဟူး”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရူသူများကမူ ဆုပိုင်၏ ဂန္တဝင်ဆန်သည့် အပြုအမူများကို တိတ်တဆိတ်သာ ကြည့်နေကြသည်။

{ဒါဟာ ခွေးလား။ လူသား ဖြစ်တည်မှုတွေနဲ့ အရင်းနှီးဆုံး၊ သစ္စာအရှိဆုံး မိတ်ဆွေတွေဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြာထားတဲ့ အရာလား}

{ငါ ငိုနေမိပြီ_ _ _ သူဟာ တုန့်ဆိုင်းမနေပဲ သူ့ရဲ့သခင်ရဲ့ အသက်အတွက် သူ့ရဲ့အသက်ကို စတေးလိုက်တာပဲ}

{ဝူး ဘာလို့လဲ ဘာကြောင့်လဲ}

…

ဘန်း

စားပွဲကို ဖြတ်ရိုက်သော ခပ်ထိုင်းထိုင်း အသံက ထွက်လာသည်။

ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီးနောက် လူတိုင်းက အစည်းအဝေးပွဲခန်းထဲတွင် စုစည်းကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့ခြင်း ဖြစ်လောက်သည်။ ထို့နောက်_ _ _

အလက်စကန်ကို ကယ်သော ထိုတိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းမှာ အချက်အလက်တိုင်းက စားပွဲပေါ်တွင် ရှိနေပြီ ဖြစ်သည်။

ရှန်းကွမ်းရုံက မျက်မှန်ကို ချွတ်လိုက်ပြီး မျက်ဝန်းထောင့်စွန်းမှ မျက်ရည်များကို သုတ်သည်။ ထို့နောက် သူ၏ရှေ့မှ အလက်စကားပုံကို တုန်ယင်စွာ ကောက်ကိုင်လိုက်သည်။

“ဒါက လူသားဖြစ်တည်မှုတွေရဲ့ မိတ်ဆွေပဲ”

“ခွေးလို့ခေါ်တဲ့ သတ္တဝါပေါ့”

61 03

“သစ္စာရှိတယ်၊ ရဲရင့်တယ်၊ နာခံတယ်_ _ _ ဒီစွပ်ဖားလှည်းဆွဲတဲ့ ခွေးတွေက အနည်းနှင့်အများ လွပ်လွပ်လပ်လပ် နေကြတယ်ဆိုပေမယ့်လည်း အရည်အသွေး ကောင်းကြတာပဲ”

“ငါတို့တွေ_ _ _ _”

“ကြည့်”

ရုတ်တရက် ဘေးဘက်ရှိ မျက်လုံးပြူးကျယ်စွာဖြင့် အော်သည်။ လူတိုင်းက မော့ကြည့်လိုက်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ရေခဲအပေါက်ထဲမှ အမောတကော အသက်ရှူနေသည့် ခေါင်းတစ်ခေါင်းက ပေါ်ထွက်လာသည်။ ထိုခေါင်းက ယခုလေးတင်‌ ပျောက်သွားသော ဟာလီဖြစ်သည်။ သူက ပါးစပ်ထဲတွင် ဆင်စွယ်ဖြူရောင် ဗုဒ္ဓရုပ်ပွားတော် အဆောင်လေးကို ကိုက်ထားသည်။

“ကောင်းပြီ”

ဘန်း ဘန်း ဘန်း

လူတိုင်းက ဆုပိုင်ကို ပြေးဖက်သည့် အလက်စကားကို ကြည့်ရင်း မျက်လုံးက မျက်ရည်များနှင့်အတူ မတ်တပ်ထရပ်လျက် လက်ခုပ်တီးကြသည်။

အရမ်းကို ခံစားရတာပဲ။

သူက ရေအောက်ထဲထိ ဆုပိုင်ကို ပျောက်သွားတဲ့အဆောင်တောင် သွားရှာပေးသေးတယ်။

ပြောရမယ်ဆိုရင် _ _ _

တအား ရူးလွန်းတယ်။ ရူးကြောင်ကြောင် နိုင်လွန်းတယ်။ ဒီလို ရူးသွပ်မှုမျိုးက လူတွေကို ဝမ်းနည်းစေတယ်။

++++++

62 01

အပိုင်း(၆၂)

“သွား သွား သွား”

ဆုပိုင်က သူ၏ခြေထောက်များကို ကွေးရင်း အရှေ့မှ အလင်းရောင်ကို ကြည့်သည်။ သူက ဆက်တိုက်တုန်ယင်သွား၏။

ထိုအချိန်တွင် အပြင်ဘက်က မဲမှောင်သွားလေပြီ။

လေပြင်းတိုက်ခိုက်သော အသံကပင် တဝူးဝူး မြည်သံများ ပေါ်ထွက်နေလေသည်။

အဆုံးသတ်တွင် ဆုပိုင်က ရွေးချယ်စရာ မရှိပဲ လှည့်သွားလိုက်ရသည်။ မြစ်အလယ်မှ ရေခဲက ပါးလွန်းပြီး စွပ်ဖားလှည်း၏ အလေးချိန်ကိုလည်း မခံနိုင်ချေ။ ဟာလီ၏ ဦးဆောင်မှုအောက်တွင် ဆုပိုင်က အဝတ်ကို ခြောက်အောင် လုပ်နိုင်သည့် ဂူတစ်ဂူကို ရှာတွေ့ခဲ့သည်။

အနုတ် ၂၀ ထိ ရောက်နေသော အပူချိန်မျိုးတွင် ဆုပိုင်၏ အဝတ်များက အအေးကြောင့် တောင့်ခဲနေပြီ ဖြစ်သည်။

“ကြည့်ရတာ ငါတို့ ဒီညကို ဒီမှာပဲ အချိန်ဖြုန်းရတော့မယ် ထင်တယ်”

မီးပုံနားတွင် ခွေနေသည့် စွပ်ဖားလှည်းဆွဲခွေးကို ကြည့်နေရင်း ဆုပိုင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ကိုယ်ကို စွပ်ဖားလှည်းပေါ် ပါသည့် စောင်ဖြင့် ခြုံထားသည်။ သို့သော် သက်ရောက်မှု အများကြီး မရှိပါချေ။

“သူ_ _ _ “

ဟာလီက ဆုပိုင်ဟာ တဆတ်ဆတ် တုန်ယင်နေကြောင်း မြင်သောအခါ အသံတိုးတိုးဖြင့် အူသည်။

ရုတ်တရက် စွပ်ဖားလှည်းဆွဲခွေးတိုင်းက ထရပ်လာကြသည်။ သူတို့က ဆုပိုင်၏ဘေးနားသို့ လာပြီး သူတို့၏ နူးညံ့သော အမွှေးများကို ဆုပိုင်နှင့် နီးသောနေရာသို့ ရောက်သည်အထိ ရွှေ့လျက် လှဲလိုက်ကြသည်။

“ဟား ဟား”

ဆုပိုင်က ခပ်တိုးတိုး ရယ်သည်။ ဟာလီ၏လည်ပင်းတွင်သာ ဆွဲပေးလိုက်သည့် ဆင်စွယ်ရောင် အဆောင်လေးကို တစ်ချက်ကြည့်ကြည့်လိုက်ပြီး သူ၏ နဖူးကို ပွတ်သည်။ ထို့နောက် သူ၏ကိုယ်ပေါ် တဖြည်းဖြည်းချင်း မှီလိုက်သည်။

“အများကြီးနွေးသွားပြီ”

အထူးသဖြင့် အလက်စကားကိုယ်၏ အမွှေးများက မတိုချေ။ ဆုပိုင်၏ ခန္ဓာကိုယ် အပူချိန်က သူ၏ကိုယ်ကို ထိလိုက်ရုံဖြင့် ခပ်မြန်မြန် နွေးလာသည်။ ဂူ၏ဝင်ပေါက် အပြင်ဘက်က ပိန်းဖိန့်အောင် မဲမှောင်နေသည်။

အလွန်အေးစက်သော လေပြင်းများက တိုက်ခတ်နေသည်။ သို့သော် စွပ်ဖားလှည်းဆွဲခွေး တစ်အုပ်က သူ့ကို ဗဟိုပြုလျက် ဝိုင်းထားပေးသည်။ ထို့ကြောင့် သူက လေအေးဒဏ်ကိုပင် မခံစားရပေ။

{ငါ တအားကို မနာလို ဖြစ်တာပဲ။ တော်တော်လေးကို မနာလို ဖြစ်နေပြီ။ ကောင်းကင်ပြာ တိရိစ္ဆာန်က ဘယ်အချိန်မှများ ငါတို့မွေးထားလို့ ရမယ့် ခွေးတွေကို ထုတ်ပေးနိုင်မှာလဲ။ ငါတော့ တအားကို မနာလို ဖြစ်နေပြီ}

{ငါ ပိုက်ဆံအားလုံး သုံးရမယ်ဆိုရင်တောင်မှ တစ်ကောင်လောက်တော့ ဝယ်ချင်တယ်။ ငါ့ သမီးလေး ကြီးလာရင် အဖော်ပြုခိုင်းမလို့လေ။ အစောက်အရှောက် နတ်သားလေးလို ဖြစ်မှာပဲ}

{ဟုတ်တယ် ဟုတ်တယ် ဒါက စဉ်းစားကြည့်ချင်စရာပဲ။ မမျှော်လင့်ထားပဲ တိရိစ္ဆာန်တွေက လူသားတွေနဲ့ ဒီလောက်အထိ နီးနီးကပ်ကပ် နေထိုင်နိုင်ကြတယ်။ နောက်ပြီး တင်ဆက်သူတွေကို လေအေးနဲ့ အအေးဒဏ်ကနေတောင် ကာကွယ်ပေးထားသေးတယ်။ တော်တော်လေးကို ခံစားရစေတယ်}

{ပြောမနေနဲ့တော့။ ငါ့ကို ခွေးတစ်ကောင်ပေး။ သူ အိုသွားတဲ့အထိ ငါအတူ မွေးထားမှာပါ။ ငါ လက်တွဲဖော်တောင် မရှာတော့ဘူး}

{ဟား ဟား အပေါ်ထပ်က တစ်ယောက် မင်းရဲ့မိန်းမက ဧည့်ခန်းထဲက ကြက်မွှေး သွားယူနေပြီ ထင်တယ်။ သတိထား}

{သေချာပေါက် အဲ့ဒီလိုပဲ ဖြစ်မှာ။ တင်ဆက်သူ ပြောတာ ကြားဖူးလား။ နောက်ပိုင်း အနာဂတ်မှာ တိရိစ္ဆာန်တွေက ပိုပိုများလာလိမ့်မယ်။ ငါတို့တွေက ခေတ်ကောင်းတစ်ခုကို မှီမှာပါ}

…..

အချိန်က ညဆယ်နာရီ ထိုးနေလေပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ရှိနေတဲ့ မိတ်ဆွေများက နည်းသွားခြင်း မရှိပဲ များသထက်သာ များလာသည်။

ဆုပိုင်က စွပ်ဖားလှည်းဆွဲခွေးများ အကြားထဲတွင် လှဲနေသော မြင်ကွင်းကို ကြည့်ပြီး အားလုံးက မနာလို ဖြစ်နေကြသည်။

လူသားဆန်လွန်းတယ်။

ထိုခွေးများက ဆုပိုင်အား နွေးထွေးပေးအောင် ကူညီပေးကြသည်။ ဒါက _ _ _

စက်ရုပ်ခွေးတွေက ဘယ်လောက်ပဲ ဉာဏ်ရည်မြင့်မြင့် ဒီလို မလုပ်ပေးနိုင်ဘူး။

“အူ”

ရုတ်တရက် ဂူအပြင်ဘက်မှ သားရဲ၏ ဟိန်းသံက ထွက်လာသည်။

ဟာလီ၏အမွှေးများက ချက်ချင်းထောင်သွားလေသည်။ သူက မြေပြင်မှ သတိအပြည့်ကပ်လျက် ရပ်လိုက်ပြီး ဂူပေါက်နားသို့ သတိကြီးစွာပင် တိုးကပ်သွားသည်။

“ဟီး ဟီး ဟီး”

သူ၏ပါးစပ်မှလည်း ဟိန်းသံခပ်တိုးတိုးက ထွက်နေသည်။

ဆုပိုင်က ခေါင်းကိုခါသည်။ သူက မျက်လုံးကို ဖွင့်ပြီး တစ်ချက်ကြည့်သည်။

62 02

ဂူအပြင်ဘက်မှ အစိမ်းရောင် မျက်ဝန်းများကို မြင်သောအခါ ဆုပိုင်က အဝတ်ကို ခပ်မြန်မြန် ဝတ်ပြီး ဓားမြှောင်ကို ကောက်ဆွဲလျက် ဟာလီနောက်မှလိုက်ကာ ဝင်ပေါက်ထံ သွားသည်။

“ဝံပုလွေတွေ”

ဆုပိုင်၏ မျက်နှာထားက ချက်ချင်းလိုလို ပြောင်းလဲသွားသည်။ သူက အရှေ့မှ အကောင်များကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။

“သေစမ်း ငါ နှင်းဝံပုလွေတစ်အုပ်နဲ့ လာတွေ့နေတာပဲ”

ထို့အပြင် ဒါဟာ နှင်းဝံပုလွေအုပ် ဖြစ်သည်။ အုပ်လိုက် ဖြစ်သဖြင့် အဖွဲ့လိုက် ရှိနေခြင်း ဖြစ်သည်။ အပြင်တွင် နှင်းမုန်တိုင်းက သိပ်သည်းလွန်းနေသည်။ ထိုနှင်းဝံပုလွေအုပ်က သိပ်မဆာလောင်နေလျှင် အပြင်ထွက်ကာ အစာရှာလိမ့်မည် မဟုတ်ချေ။

ဒါဆိုရင်_ _ _

ဒီနှင်းဝံပုလွေအုပ်က အရှေ့က သားကောင်ကို အလွယ်တကူ လက်လျော့ပေးမှာ မဟုတ်ဘူး။

“ဟူး”

ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချသည်။ ထို့နောက် ခေါင်းတစ်ခြမ်း ငုံ့ရင်း ဟာလီ၏ အနားသို့ တဖြည်းဖြည်းချင်း သွားသည်။

“ဝူး”

နှင်းဝံပုလွေ အဖွဲ့ခေါင်းဆောင်က အရှေ့တွင် ရပ်လျက် ခမ်းနားထည်ဝါစွာ ဟိန်းလိုက်သည်။ ဝံပုလွေတစ်အုပ်လုံးက ချက်ချင်းလိုလို ဝံပုလွေစု ခွဲလိုက်ရင်း ဂူပေါက်နားသို့ ဝိုင်းလိုက်သည်။

“ဝူး ဝူး ဝူး”

“ဝေါင်း”

“ဟွား”

ဂူထဲမှ စွပ်ဖားလှည်းဆွဲခွေးတိုင်းက ပြေးထွက်လာပြီး မရပ်မနား ဟိန်းလျက် ရန်သူများကို ရင်ဆိုင်ရန် ကြံစည်သည်။

သူ၏အနားမှ ဟာလီက အစွယ်ကို ဖြဲပြီး အရှေ့ဆုံးမှ နှင်းဝံပုလွေခေါင်းဆောင်ကို သုန်မှုန်သော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။

သူ၏တစ်ကိုယ်လုံးရှိ မျက်ဝန်းများက တောင့်တင်းသွားပြီး ဆုပိုင်က အနောက်တွင် ကိုယ်ဖြင့် ကာထားသည်။

“ဝေါင်း”

“ဝင်တော့ အန္တရာယ်များတယ်”

ဆုပိုင်ကို ဟိန်းလိုက်ပြီးနောက် ဟာလီက သူ၏ အခြားသော စွပ်ဖားလှည်းဆွဲခွေးများကို ဂူထဲမှ ဦးဆောင်ခေါ်ထုတ်သွားပြီး ဝံပုလွေများကို ရင်ဆိုင်သည်။

“ဝူး “

နှင်းဝံပုလွေခေါင်းဆောင်ကလည်း ရှည်လျားသော အူသံကြီးကို ပြုသည်။ သူ၏ကျောပြင်တစ်ခုလုံးက ဖောင်းတက်ကာ မြင့်မားသွားပြီးနောက် နှင်းဖြူရောင် လေမြှားများကို မှုတ်ထုတ်သည်။

ဘုန်း

ခပ်ကြမ်းကြမ်း လှမ်းခုန်ပြီးနောက် နှင်းဝံပုလွေခေါင်းဆောင်ဟာ လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နူန်းဖြင့် ခုန်ထွက်လာသည်။

“အာ ဝူး”

စွပ်ဖားလှည်းဆွဲခွေးတိုင်းက ဝံပုလွေများနှင့် တင်းမာသော မျက်နှာထားမျိုးနှင့် မြန်ဆန်သော အရှိန်နူန်းကို သုံးကာ ဝံပုလွေများထံ ခုန်အုပ်သည်။

ထိုအခိုက်တွင် စွပ်ဖားလှည်းဆွဲခွေးများနှင့် ဝံပုလွေများက တိုက်ခိုက်နေကြသည် ဖြစ်သည်။ ဆုပိုင်က ဘေးဘက်တွင် ရပ်ပြီး လက်ထဲတွင် ဓားမြှောင်ကို ကိုင်ထားသည်။ သူက ရှေ့ထွက်ပြီး ကူညီလိုသည်။ သို့သော် အခွင့်အရေးပင် ရှာမရချေ။

“ဗျိ”

ထိုအခိုက် ဘေးဘက်မှ နှင်းဖြူရောင် ပုံရိပ်တစ်ခုက ခုန်ထွက်လာပြီး ဆုပိုင်၏ အမွှေးထူကုတ်ကို ကိုက်သည်။ လက်မောင်းမှ နာကျင်မှုကို ခံစားမိသည့်အခါ ဆုပိုင်က နှင်းဝံပုလွေ လည်ပင်းမှ အမွှေးများကို ခပ်မြန်မြန် ဆွဲပြီး ဝမ်းဗိုက်ကို ကိုင်လိုက်သည်။

“အား”

နှင်းဝံပုလွေက နာကျင်မှုဖြင့် အော်သည်။ သူက ဆုပိုင်၏ လည်သာကုတ်ကို လွှတ်ပေးလိုက်ပြီး ခပ်မြန်မြန် နောက်ဆုတ်သည်။ အပြာရောင် အလင်းတောက်ပနေသည့် မျက်ဝန်းတစ်စုံနှင့် သူက အရှေ့မှ လူသားဖြစ်တည်မှုကို ကြည့်သည်။

“ရွတ်”

ဆုပိုင်က လက်မောင်းမှ ဒဏ်ရာကို ဖိထားလိုက်သည်။ ကံကောင်းစွာဖြင့် အပေါ်တွင် အမွှေးထူကုတ်က ခံနေသည်။ ဝံပုလွေ၏ သွားက အရေပြား အနည်းငယ်ကိုသာ ဖောက်လိုက်နိုင်သည်။ သို့မဟုတ်လျှင် အသွေးအသားတုံးကြီးက ကိုက်ဖဲ့ခံရနိုင်သည်။

သို့ရာတွင် သူ့ရှေ့မှ အခြေအနေကလည်း အလွန်အန္တရာယ်များနေလေသည်။ ဝံပုလွေများနှင့် ယှဉ်သော် စွပ်ဖားလှည်းဆွဲခွေးများက မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်ချေ။

“အော်”

အရှေ့မှ နှင်းဝံပုလွေက ခေါင်းကို မော့ပြီး အူသည်။ သူ၏အမြှီးက တဖြတ်ဖြတ် ခါနေသည်။ သူ၏ဝံပုလွေ လက်သည်းများက မြေကြီးတွင် နှင်းအမှတ်အသားရာများကို ချန်ရစ်ရင်း ခုန်အုပ်ပြန်သည်။

ဘန်း

သို့ရာတွင် လေထဲသို့ ခုန်အုပ်လိုက်သည့် အခိုက်အတန့် ဘေးဘက်မှ နီညိုရောင် ပုံရိပ်တစ်ခုက ချက်ချင်းဝင်လာပြီး နှင်းဝံပုလွေကို ဖိသည်။

ခရက်

ထို့နောက် နံရိုးကျိုးသံများ ထွက်လာသည်။

ဟာလီက နှင်းဝံပုလွေ၏ လည်ပင်းကို ကိုက်ပြီး အခြားသော နှင်းဝံပုလွေများကို အေးစက်စွာကြည့်သည်။

ဘန်း

ထိုနှင်းဝံပုလွေအလောင်းကို ဘေးဘက်သို့ ဆွဲပစ်လိုက်ပြီးနောက ဟာလီက ရှေ့သို့ ခုန်ဝင်လာပြန်ကာ နှင်းဝံပုလွေခေါင်းဆောင်နှင့် နပန်းလုံးပြန်သည်။

သို့ရာတွင် ထိုအခိုက်တွင် စွပ်ဖားလှည်းဆွဲခွေးတိုင်းက နှင်းဝံပုလွေများကို ရင်ဆိုင်နေလေရာ ထိုတိုက်ပွဲတွင် ဝင်မပါနိုင်ချေ။

“ဒါက “

ဆုပိုင်က မယုံကြည်နိုင်သလို ရေရွတ်သည်။

62 03

“မမျှော်လင့်ထားပဲ”

ဟာလီက နှင်းဝံပုလွေခေါင်းဆောင်နဲ့ ထိပ်တိုက်ရင်ဆိုင်နေတယ်။ ဒါပေမယ့် ဟာလီက တအားအိုနေပြီ။ သူက ဘယ်လိုများ ဖြတ်လတ်လွန်းတဲ့ အင်အားကြီးတဲ့ ဝံပုလွေခေါင်းဆောင်ကို ရင်ဆိုင်နိုင်မှာလဲ။

သိပ်မကြာခင် ဟာလီဟာ မောပန်းသွားမည် ဖြစ်ကြောင်းကိုပင် ဆုပိုင်က ပြောနိုင်နေသေးသည်။

သူက အသက်ကိုပင် အမောတကော ရှူနေရသည်။ သူ၏ ခန္ဓာကိုယ်တွင် နှင်းဝံပုလွေခေါင်းဆောင်ကြောင့် ဖြစ်လာသည့် သွေးထွက်ဒဏ်ရာကြီးများ ရှိနေသည်။

အေးစက်သော လေပြင်းအောက်တွင်း စီးကျလာသည့် သွေးများက ခဲကုန်သည်။

“အူ”

နှင်းဝံပုလွေခေါင်းဆောင်၏ ကိုယ်ပေါ်မှ အမွှေးများက ရုတ်ချည်း ထောင်တက်သွားပြီး ရှည်ကြာလွန်းသော အူသံမျိုးကို ပေးသည်။ ထို့နောက် မြန်ဆန်သည့် အရှိန်နူန်းဖြင့် ဟာလီကို ကန်ထုတ်သည်။

ထို့နောက် အနိုင်ရသွားသော ခေါင်းဆောင်တစ်ယောက်လို သူက သူ၏ ခေါင်းကို ဝင့်ကြွားစွာ မြှောက်ရင်း ဟာလီထံ တစ်လှမ်းချင်း လျှောက်သွားသည်။ ဟာလီက ထရန် ရုန်းကန်နေရသည်။

“ဝေါင်း”

ဟာလီက ဟိန်းသည်။ သူက မြေပြင်မှ ခက်ခက်ခဲခဲ ထရန် ကြိုးစားသည်။

“ငါ ဆက်ပြီး မထိန်းနိုင်တော့ဘူး။ ငါ့မှာ စွမ်းအင် မရှိတော့ဘူး”

“အူ”

မြန်မြန်

ဆုပိုင်ကို ကြည့်ကာ အော်လိုက်ပြီးနောက် ဟာလီက နောက်ဆုံးသော အင်အားသုံးကာ ရှေ့မှ နှင်းဝံပုလွေခေါင်းဆောင်ထံ ခုန်ဝင်သွားလိုက်သည်။

++++++

63 01

အပိုင်း(၆၃)

“အူ”

နှင်းဝုံလွေခေါင်းဆောင်က ဟိန်းပြီး သူ၏ထက်ရှသော အစွယ်များကို ဖြဲကာ မာန်ဖြီလျက် တစ်ကိုယ်လုံးရှိ အမွှေးများကို ထောင်တက်သွားသော ပုံစံမျိုးဖြင့် အသင့်ပြင်ထားသည်။ သူ၏မျက်လုံးထဲတွင် ကောက်ကျစ်သော အလင်းက လက်လာသည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးက လေထဲအထက် အလွန်မြင့်သည် အနေအထားထိ ခုန်လိုက်ရင်း လက်သည်းများကို ရှေ့ထုတ်ကာ ဟာလီ၏ နဖူးများကို ခပ်ကြမ်းကြမ်း ကုပ်ဆွဲရန် ကြံစည်သည်။ သူက ချက်ချင်းဆိုသလိုပင် ဟာလီကို အောက်ဘက်ရှိ နှင်းတောထဲသို့ တွန်းလိုက်သည်။

“ဝေါင်း”

သူက သွေးများ ပေကျံနေသည့် ပါးစပ်ကြီးကို ဖြဲလျက် ဟာလီ၏လည်ဂုတ်ကို တိုက်ရိုက်ကိုက်သည်။

ဘန်း

ထိုအခိုက်အတန့်တွင် ဘေးဘက်မှ ပုံရိပ်တစ်ခုက ခပ်မြန်မြန် ခုန်ထွက်လာပြီး သူ၏လက်နှစ်ဖက်ဖြင့်နှင်းဝံပုလွေခေါင်းဆောင်၏ လက်ကို ဖြစ်ညစ်လျက် နှင်းတောထဲသို့ ဆွဲချသည်။

ဟာလီက ထိုအခြေအနေကို မြင်သောအခါ မြေပြင်ပေါ်မှ ထလာရင်း နှင်းဝံပုလွေခေါင်းဆောင်ထံ ခုန်အုပ်လိုက်သည်။

ခရက်ရှ်

ထို့နောက် ဇက်ကြိုးသံထွက်လာပြီး ဆုပိုင်၏ မျက်နှာကို ပူနွေးသည့်သွေးများက စင်လာသည်။

“ဟီး ဟီး ဟီး”

သူနှင့်ဆုပိုင်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဆုပိုင်က သွေးများစိုရွဲနေသည့် နှင်းဝံပုလွေခေါင်းဆောင်ကို လွှတ်ပေးလိုက်သည်။

“အာ ဝူး”

အခြားသော နှင်းဝံပုလွေများကလည်း ဟာလီ၏ပါးစပ်ထဲသို့ ရောက်နေသည့် နှင်းဝံပုလွေခေါင်းဆောင်ကို မြင်သောအခါ ကြောက်လန့်မှုဖြင့် အူကြသည်။ သူတို့၏ အမွှေးများကပင် ထောင်တက်သွားသည်။ သူတို့ဟာ အလွန်လေးစားဖွယ်ကောင်းသည့် ရန်သူကို တွေ့မြင်ရသလိုမျိုး စွပ်ဖားလှည်းခွေးများကိုသာ ဝိုင်းလိုက်ကြသည်။

ခေါင်းဆောင်က သေသွားပြီ။ ဒါဆိုရင် အရှေ့က စွပ်ဖားလှည်းခွေးကို သတ်နိုင်တဲ့သူက ခေါင်းဆောင်သစ်ပဲ။

နှင်းဝံပုလွေများက ဟာလီ၏ ခွန်အားကို ကြောက်သော်လည်း သွေးနီရောင်မျက်ဝန်းတစ်စုံက ပူပြင်းသော အလင်းနှင့် လက်နေသည်။

“သွားရအောင်”

ဆုပိုင်က နှင်းဝံပုလွေခေါင်းဆောင်၏ အလောင်းကို ဆက်တိုက်ဆွဲ၍ ဟာလီနှင့်အတူ ဂူထဲသို့ ဆုတ်သည်။

အရှေ့မှ အခြေအနေကို မြင်သောအခါ သိသာစွာပင် နှင်းဝံပုလွေအုပ်က အလျော့ပေးလိမ့်မည် မဟုတ်ချေ။

နောက်ပြီး_ _ _ ယခုလေးတင် သူ နှင်းဝံပုလွေခေါင်းဆောင်ကို သတ်နိုင်ခဲ့သည်မှာလည်း ဆုပိုင်က ရှေ့ထွက်ခဲ့သောကြောင့် ဖြစ်သည်။

“ဝူး”

မြင့်မားသော အရပ်အမောင်းနှင့် သန်သန်မာမာ နှင်းဝံပုလွေတစ်ကောင်က နောက်တန်းမှ တစ်လှမ်းချင်းစီ ထွက်လာရင်း ဟာလီအား အေးစက်သော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။ ထို့နောက် သူက ဆုပိုင်ကို ကြည့်သည်။ သူက တိုက်ခိုက်သည့် အခွင့်အရေးကို ရှာနေပုံပေါ်သည်။

“ဝုန်း”

ထိုအခိုက်အတန့်တွင် မြေပြင်တစ်ခုလုံးက အနည်းငယ် တုန်သွားသည်။ ဆုပိုင်က ကြောင်ပြီး မော့ကြည့်လိုက်မိသည်။

မှေးမိန်သော ကောင်းကင်တွင် အနက်ရောင် အရိပ်တစ်ခုက ကျဆင်းလာသည်။

ဘန်း

နှင်းလုံးက ဆုပိုင်နှင့် ဝံပုလွေတို့၏ အလယ်သို့ ရောက်သည်။

ဝုန်း

ထိုသို့ဖြင့် ပြင်းထန်စွာ လှုပ်ခါလာသည်။

“ဝူး”

ဟာလီ၏ မျက်ဝန်းက ပြူးကျယ်သွားပြီး စွပ်ဖားလှည်းခွေးများ ရှိရာထံသို့ လှမ်းဟိန်းလိုက်သည်။ ထို့နောက် ဘေးဘက်ရှိ စွပ်ဖားလှည်းကားရှိရာသို့ ခပ်မြန်မြန်သွားသည်။

စွပ်ဖားလှည်းခွေးပေါင်းများစွာကလည်း ဇက်ကြိုးထဲသို့ ခပ်မြန်မြန် ဝင်လိုက်ပြီး ဆုပိုင်ရှိ တက်ကြွစွာဖြင့် ဟိန်းသည်။

“_ _ _ “

ဆုပိုင်က ခေါင်းလှည့်ပြီး မြေပြင်သို့ အပုံလိုက်ကျလာသော နေရာကို ကြည့်ကာ ငြီးငြူလိုက်သည်။ သူ၏ ကျောရိုးက ဆက်တိုက် စိမ့်တက်သွားသည်။ သူက မရပ်တုန့်ရဲပဲ စွပ်ဖားလှည်းရှိရာ ပြေးသည်။

ဝုန်း

63 02

ထိုအခိုက်အတန့်တွင် လေထဲမှ ထွက်လာသည့် ပြင်းထန်လွန်းသော ဟိန်းသံကို ကြားလိုက်ရပြီး ကြီးမားသော နှင်းလုံးကြီးက အပေါ်မှ ဥက္ကာတုံး ကျဆင်းလာလျက် မြေပြင်ကို ထိပြီး နှင်းမြူထုတိမ်စိုင်ကို ထုတ်သည်။

ဝေါင်း

“မြန်မြန်”

ထိုအခြေအနေကို မြင်သောအခါ ဟာလီက ခေါင်းအမြန်လှည့်ပြီး အော်သည်။ သူက အံကိုပင်ကြိတ်ကာ မာန်ဖီနေရင်း ခါးကို မြှောက်ကာ ထက်ရှသော ဓားတစ်လက်လိုမျိုး အပေါက်ရှိရာဘက်သို့ သွားသည်။

ထိုသို့ဖြင့် စွပ်ဖားလှည်းက တဖြည်းဖြည်းချင်း စရွေ့ရင်း ဂူအရှေ့သို့ ခပ်မြန်မြန် ကျော်ဖြတ်လာသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ခပ်မြန်မြန် အကျယ်ချဲ့သွားပြီးနောက် နှင်းများ ဖုံးလွှမ်းနေသည့် တောင်တန်းထိပ်မှ လိမ့်ဆင်းလာသည့် နေရာကို ပြသည်။

{ဒါက တောင်ပေါ်ကနေ နှင်းလုံးတွေ ပြုတ်ကျနေတာပဲ။ တင်ဆက်သူက အချိန်မှီ လှုပ်ရှားနိုင်မှာလား}

{ဘာလို့ ဒီလောက်ထိ နောက်ကျနေတာလဲ။ ဒီနှင်းလုံးတွေ ကျနေတာက ဂူပေါက်တွေ ပိတ်မှာမဟုတ်ဘူး။ စွပ်ဖားလှည်းပေါ် ခုန်တက်ရင်တောင်မှ မလွတ်နိုင်ဘူးလေ}

{တော်တော်လေးကို ကံဆိုးတာပဲ။ နှင်းဝံပုလွေတွေနဲ့ တွေ့တွေ့ချင်းမှာတင် နှင်းမုန်တိုင်းနဲ့ တိုးပြန်တယ်}

{ကြည့်ဦး ဒီအယ်ဖာခွေးက ရှေ့တက်သွားပြီ}

{တင်ဆက်သူ ပြေးတော နှင်းလုံးတွေ ပြုတ်ကျလာပြီ}

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိနေတဲ့ မိတ်ဆွေတိုင်းက ဆုပိုင်အစား ချွေးပျံနေကြသည်။ နှင်းတောင်တန်း တစ်ခုလုံးရှိ နှင်းတိုင်းက ပြိုကျလာတော့မည် ဖြစ်သည်။

မြှပ်သွားသည်နှင့် ရှင်သန်ရန် လမ်းကြောင်း မရှိချေ။

“ဟေး”

ဆုပိုင်ကလည်း အများကြီး ဂရုစိုက်မနေနိုင်ချေ။ သူက အသားကုန် ကုန်းအော်လိုက်သည်။ ခန္ဓာကိုယ်က လေထဲသို့ ခုန်တက်သွား၏။

ဘန်း

သူက စွပ်ဖားလှည်း၏ လက်ကိုင်ကို လက်နှစ်ဖက်လုံးဖြင့် ဆွဲကိုင်လိုက်ပြီး ဟန်ချက်ကို ထိန်းသည်။

“ဟာလီ”

“သွား သွား သွား”

သူက နောက်သို့လှည့်ကြည့်ပြီး အော်သည်။

ဘုန်း

လောက၏ အဆုံးသတ်ရောက်နေသလိုမျိုး မုန်တိုင်းသဖွယ် ဆင်းသက်လာသည့် ထိုနှင်းများက ကောင်းကင်တစ်ခုလုံး ဖွေးနေလေပြီး နေကိုပင် အုပ်ထားသည်။ ဒါဟာ မုန်တိုင်းတစ်ခုလိုမျိုး ဖြစ်နေလျက် အောက်သို့ ဆက်တိုက်ဆင်းသက်လာကာ မြေပြင်တွင် ထိမှန်သည်။ ထို့နောက် အရပ်မျက်နှာအလှည့် လွှင့်စင်သွားသည်။

“မြန်မြန် “

ဆုပိုင်က အရှေ့မှ စွပ်ဖားလှည်းဆွဲခွေးကို အော်သည်။

တောင်ပေါ်မှ နှင်းလုံးများ ကျဆင်းခြင်းကာ လေထုကို ဟိန်းဟောက်စေသည်။ နှင်းနှင့် မြူထုက ဆုပိုင်ကို လွှမ်းခြုံသွားသည်။

သူက အနောက်ဘက်မှ တလိမ့်လိမ့်တက်လာသည့် နှင်းများကိုလည်း မြင်သည်။ ဆုပိုင်က တစ်ချက်ကြည့်သည်။ သူ၏တစ်ကိုယ်လုံးရှိ အမွှေးများက ထောင်တက်ပြီး ပေါက်ကွဲမတတ် ဖြစ်သွားသည်။

ငါ ချက်ချင်း ထွက်ပြေးတာပါ။ ဒါပေမယ့် _ _ _

ဒီတာဝန်က တအား ခက်လွန်းမနေဘူးလား။ သူ ဒီနေ့ မြစ်ထဲမှာလည်း သေမလို ဖြစ်တယ်။ ဝံပုလွေတစ်အုပ်နဲ့ တွေ့ရုံတင် မဟုတ်သေးပဲ တောင်ပေါ်က နှင်းလုံးမုန်တိုင်းနဲ့တောင် စုံသေးတယ်။

“အူ”

ဟာလီက နောက်သို့ကြည့်သည်။ သူ၏ ရင်ဘတ်က တင်းကြပ်လာသည်။ သူ၏ လက်သည်းက နှင်းထုထဲ ထိုးခွဲသွားပြီး ရုတ်တရက် ဦးတည်ရာဘက်သို့ ပြောင်းကာ အရှေ့ဘယ်ဘက်ခြမ်းသို့ ကွေ့လိုက်သည်။

“ဟာလီ”

ဆုပိုင်က အံ့ဩသွားလေသည်။

ထိုသို့ အရှေ့ဘယ်ဘက်ခြမ်းသို့ ကွေ့လိုက်ပြီးနောက် သူတို့ဟာ ကျလာသော နှင်းများနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။

အများဆုံး ဆယ်စက္ကန့် ကြာပြီးလျှင် သူဟာ နှင်းအောက်သို့ ရောက်သွားလောက်လေပြီ။

“ဟာလီ အဲ့ဒီကို ကြည့်”

“ဖာခ့်”

ဆုပိုင်က အေးစက်နေသော လေပြင်းနှင့်အပြိုင် အသားကုန် အော်ဟစ်နေသည်။ သို့သော် ဟာလီကိုမူ မမြင်ရတော့ချေ။ သို့သော် စွပ်ဖားလှည်းတစ်ခုလုံးက တောက်လျောက်ပြန်တက်နေသလို ခံစားနေရသေးသည်။

“ဟုတ်တယ် ဟုတ်တယ် ပြန်တက်နေတာ”

သူက အောက်သို့ ငုံ့ကြည့်သည်။ သူတို့က မက်စောက်လွန်းသော ဆင်ခြေလျှော ချောက်ကမ်းပါးကို ကျော်ကာ ခုန်လိုက်ခြင်း ဖြစ်သည်။

ဘန်း

အောက်သို့ ခပ်ကြမ်းကြမ်း ပြုတ်ကျပြီးနောက် ဆုပိုင်က လွှင့်ထွက်သွားသည်။

“အား”

နှင်းထုကို ထိပြီးနောက် ဆုပိုင်က လိမ့်ထွက်သွားသည်။ လိမ့်ကျနူန်းက အလွန်မြန်သည်။

ဘန်း

63 03

ခပ်အုပ်အုပ် အသံနှင့်အတူ ဆုပိုင်၏ တစ်ကိုယ်လုံးက နာကျင်လာသည်။ သူက နှင်းထုထဲမှ ခက်ခက်ခဲခဲ ကုန်းထလိုက်ရသည်။

သူက နောက်သို့လှည့်ကြည့်လိုက်မိသည်။ မျက်လုံးများက ပြူးထွက်သွားသည်။

“မဟုတ်ဘူး”

“အူ”

ဟာလီက စွပ်ဖားလှည်းခွေးတစ်အုပ်ကို ဦးဆောင်ပြီး ဆုပိုင်ဆီ ရောက်လာသည်။ ထို့နောက် ဆုပိုင်ကို ဖိချရင်း နှင်းထုထဲ မြုပ်ဝင်သွားသည်။

အချိန်အတန်ကြာပြီးနောက်

“အဟွတ် အဟွတ်”

ဆုပိုင်က ပါးစပ်ထဲမှ နှင်းများကို ထွေးထုတ်သည်။ ဟာလီကို ဘေးသို့ တွန်းဖယ်ရင်း မြေပြင်ပေါ်တွင် အမောတကော အသက်ရှူနေရသည်။

ခက်ခဲလိုက်တာ။

ဒါက ဒီအတိုင်း အလက်စကန်းတွေ မဟုတ်ဘူးလား။

ဘာလို့ တာဝန်က ဒီလောက်ထိ ခက်နေတာလဲ။

သူက ထရပ်တော့မည့်အချိန်တွင် စွပ်ဖားလှည်းခွေးများအားလုံးက ကိုယ်မှ နှင်းများ အားလုံးကို ခါထုတ်နေကြောင်း မြင်လိုက်ရသည်။ ထို့နောက် ဆုပိုင်၏ ဘေးနားသို့ လာပြီး လျှာများကို ထုတ်ကာ သူ့၏ပါးကို ယက်သည်။

“ဖယ်”

“လာမယက်နဲ့”

ဆုပိုင်က မြေပြင်မှ ခပ်မြန်မြန် ထပြီး ဟာလီကို အေးစက်စွာ ကြည့်သည်။

“အာ”

သူ့ကို စိုက်ကြည့်နေသည့် ကြီးမားသော မျက်လုံးကြီးများက ယူကျုံးမရ ဖြစ်နေသာ မျက်နှာထားမျိုးနှင့် ဖြစ်သည်။ မည်သို့ပင်ကြည့်ကြည့် တပိုင်နှင့် တူသလို ခံစားလိုက်ရသည်။

ဒီကောင်ကလည်း သရုပ်ဆောင်ကောင်းတယ်။

ဒါပေမယ့်လည်း _ _ _

အဝေးရှိ စွပ်ဖားလှည်းကို ပြန်ကြည့်လိုက်ပြီးနောက် ဆုပိုင်က စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။

ဒါက ကံကောင်းခြင်းပါပဲ။

စွပ်ဖားလှည်းက မကျိုးသွားဘူး။ စွပ်ဖားလှည်းကျိုးသွားရင်တော့ ပျော်စရာ ကောင်းတော့မှာပဲ။

“အားလုံစု သွားမယ်”

ဆုပိုင်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ကိုယ်ပေါ်မှ နှင်းများကို သပ်ချကာ အော်သည်။

“အူ”

“သွားမယ်”

ဟာလီကလည်း သဘောတူသည်။ သူကလည်း ခုန်ထွက်ပြီး စွပ်ဖားလှည်းဆီ အပြေးသွားသည်။

++++++

All Chapters