အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အပိုင်း (၆၄)
“ဗြီး ဗြီး ဗြီး”
လျို့ဝှက်သတ္တုအဆောက်အဦး တစ်ခုအတွင်းတွင် ဓာတ်လှေကားတံခါးက တဖြည်းဖြည်းချင်း ပွင့်လာသည်။
အတွင်းတွင် suit နက်ကတိုင်တို့ကို ဝတ်ဆင်ထားပြီး ဆံပင်ကို သေသပ်စွာ ဖြီးလိမ်းထားသော ရွှေအိုရောင် ဆံပင်နှင့် အမျိုးသား တစ်ယောက်က တဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်။ သူ၏မျက်နှာတွင် ယုံကြည်မှုရှိသည့် အပြုံးက ရှိနေသည်။
“လူကြီးမင်း စမစ်”
“အစည်းအဝေးက အဆင်သင့်ပါပဲ။ ဒါရိုက်တာတွေ အားလုံးက စောင့်နေကြပါတယ်”
ဘေးဘက်မှာ အနီရောင်ဆံပင်နှင့် လက်ထောက်က အမြန်လာရောက် နှုတ်ဆက်ပြီး လေးစားစွာ ပြောသည်။
“ကောင်းပြီ”
စမစ်က တဖြည်းဖြည်း ခေါင်းညိတ်လိုက်ပြီး အစည်းအဝေးခန်းထဲသို့ ဝင်သည်။
ရှည်လျားသော ငွေရောင်အစည်းအဝေး စားပွဲကြီး၏ အရှေ့တွင် ဗိုက်ပူပူနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားပေါင်း များစွာက ရပ်နေကြသည်။
လူငယ်နှစ်ယောက် ဝင်လာကြောင်း မြင်သောအခါ ချက်ချင်းလိုလို ထလျက် လက်ခုပ်တီးကြသည်။
“အားလုံးပဲ ကောင်းပြီ ကောင်းပြီ ထိုင်ကြပါ”
စမစ်က လက်ဆန့်ထုတ်လိုက်ရင်း၊ အားလုံးကို ထိုင်ရန် အမူအရာပြရင်း ပြုံးပြသည်။
“ငါတို့ ဒီနေ့ ဒီနေရာကို ရောက်လာရတာက အရေးကြီးတဲ့ သတင်းကို ကြေငြာစရာ ရှိလို့ပဲ။ ငါတို့ရဲ့ UA ကုမ္ပဏီက ဇီဝဗေဒဆိုင်ရာ တိရိစ္ဆာန်တွေ နောက်ဆုံးမျိုးဆက်ကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်လိုက်နိုင်ပြီ။ ကျောက်ဖြစ်ရုပ်ကျွင်းတွေကနေ ယူထုတ်ထားနိုင်ခဲ့တဲ့ မျိုးဗီဇတွေ ပါဝင်တဲ့ နည်းပညာအလျောက် အချိန်အတန်ကြာ ကြိုးစားပြီးခဲ့တဲ့နောက်မှာ ကမ္ဘာ့ ပထမဦးဆုံးသော ဇီဝဗေဒတိရိစ္ဆာန်တွေကို အောင်အောင်မြင်မြင် ပြန်လည် ကယ်တင်နိုင်ခဲ့ပြီ။ ပထမဦးဆုံး တိရိစ္ဆာန်က ပေါ်ပေါက်လာပြီ”
“ဒါပေမယ့်_ _ _ “
စမစ်၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားပြီး ဆက်ပြောသည်။
“ဒီတိရိစ္ဆာန်က စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့တော့ ရှိနေတယ်။ ဒါပေမယ့် စမ်းသပ်မှုတွေအရ ဒီတိရိစ္ဆာန်ရဲ့ ကိုယ်က အသွေးအသားတွေကို စားလို့ရတယ်ဆိုတာကို ပြသနေတယ်။ ဒီလိုနဲ့ လုံးဝကို အောင်မြင်တဲ့ ခေတ်တစ်ခုက ပြန်ရောက်လာတော့မယ်”
“ကုမ္ပဏီရဲ့ ဥပဒေရေးရာ ကိစ္စတွေကို ကိုင်တွယ်တဲ့ ဌာနက အစိုးရဌာနတွေနဲ့ စတင်ညှိနိူင်းဆွေးနွေးနေပြီ။ ငါတို့က ဒီသုတေသန ရလဒ်တွေကို ကြေငြာလိုက်တာနဲ့ တလောကလုံးက အံ့ဩသွားကြလိမ့်မယ်”
“ အဲ့ဒီနောက် _ _ _ ငါတို့က ယေဘုယျ ရွေးကောက်ပွဲကိုတောင် ဝင်ပါနိုင်လောက်တယ်”
“အားလုံးပဲ ငါတို့ ကံကြမ္မာကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အရေးကြီး ရောက်လာပြီ”
စကားပြောပြီးနောက် စမစ်က အောက်ဘက်ရှိလူများကို အပြုံးနှင့် ကြည့်သည်။ သို့သော် သူမျှော်လင့်ထားသလို အောင်ပွဲခံမှုများ မရရှိပေ။
ဘယ်မှာလဲ အဆင်သင့်ပြင်ထားတဲ့ ရှောင်ပိုင်က ဘယ်မှာလဲ။ အခြေအနေက ဘယ်လိုဖြစ်သွားတာလဲ။
ဘာလို့ အရူးကို ကြည့်သလို ကြည့်နေတာလဲ။
ဒါက ပထမဦးဆုံး ပေါ်ထွက်လာတဲ့ အစစ်အမှန် တိရိစ္ဆာန်လေ။ ထုတ်ကုန်က လေးပုံတစ်ပုံလောက်ပဲ အောင်မြင်သေးပြီး တော်တော်လေး ကြောက်စရာကောင်းနေသေးတယ် ဆိုပေမယ့်လည်း ဒါက လုံးဝကို ပြောင်းလဲသွားစေမယ့် ခေတ်ကို လှမ်းဝင်နိုင်မှာ မဟုတ်လား။
“အဟမ်း”
“စမစ်”
ညာဘက်ထောင့်နားတွင် ထိုင်နေသော သက်လတ်ပိုင်းလူက သူ၏ညာဘက်လက်ညိုးပေါ်မှ လက်စွပ်ကို တစ်ချက် သပ်နေရင်း သူ၏ဘယ်ဘက်မှ လက်ထောက်ကို တစ်ချက်ခေါင်းညိတ်ပြကာ ပြောသည်။
“တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ်သတင်းတွေကို ဖတ်ကြည့်လိုက်ပါဦး”
“စမစ် ကျေးဇူးပြုပြီး ဒီဗီဒီယိုကို အရင်ကြည့်ပါ။ အဲ့ဒီနောက် ငါတို့တွေ ရှယ်ယာတွေကို ပြန်ထုတ်ကြမယ့် ကိစ္စကို ဆွေးနွေးကြမယ်လေ”
“ရှယ်ယာတွေကို ပြန်ထုတ်မယ် ဟုတ်လား”
64 02
စမစ်က ဖန်သားပြင်ကို ကြည့်သည်။ ယိုယွင်းအိုဟောင်းနေသော တိရိစ္ဆာန်ရုံအရှေ့တွင် ရပ်နေသည့် အဝါရောင် အသားအရည်နှင့် ပိန်ပိန်ပါးပါး အမျိုးသမီး သတင်းထောက်တစ်ယောက်ကို တွေ့လိုက်ရသည်။ တံခါး၏အရှေ့တွင် ရပ်နေလျက် သူမက စိတ်လှုပ်ရှားသော လေသံမျိုးနှင့် ပြောသည်။
“ဒါက တရုတ်နိုင်ငံ အများပြည်သူ့ သတင်းဌာနကပါ။ ကျွန်မတို့တွေက အခု ချင်းတုရဲ့ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ရောက်နေတာပါ”
“ဒီနေ့က စပြီး ချင်းတုအစိုးရက ချင်းတုမှာရှိတဲ့ ဒီကြီးမားလွန်းတဲ့ တိရိစ္ဆာန်မျိုးပေါင်း များစွာ ရှိလာနိုင်တဲ့ တိရိစ္ဆာန်ရုံကြီးကို တိရိစ္ဆာန်ကာကွယ်ရေး ဌာနလက်အောက်ကို ထည့်သွင်းလိုက်ကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်”
“ဒါပေါ့ ကြည့်ရှုသူမိတ်ဆွေတို့”
“ဒီချင်းတုမှာ ရှိနေတဲ့ လန့်ဒရစ်ဝက်အကောင်နှစ်ဆယ်ကို ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ပြန်လည်ပေါ်ထွက်လာအောင် ကယ်ဆယ်လိုက်နိုင်ပါပြီ။ ဒါ့အပြင် ဝက်မ ၁၉ကောင်နဲ့ ဝက်ထီး၁ကောင် ပါပါတယ်”
“ချင်းတုတက္ကသိုလ်က ဇီဝဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ရဲ့ ဆွေးနွေးဆုံးဖြတ်မှု အပြီးနောက်မှာ အများဆုံး နှစ်တစ်ဝက်လောက်ကြာရင် ဒီလန့်ဒရစ်ဝက်အဖွဲ့က အကောင် ၁၅၀ကျော်အထိ ပွားသွားပါလိမ့်မယ်”
“ဒါက_ _ _ “
ဖန်သားပြင်က ပြောင်းသွားသည်။ စမစ်က ဖန်သားပြင်တွင် ပေါ်လာသည့် တက်တက်ကြွကြွ လှုပ်ရှားနေကြသော အကောင်ပေါက်လေးများကို စိတ်ရှုပ်ထွေးစွာ ကြည့်နေလေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့က ဘိုင်အိုတက်ကနိုလော်ဂျီ အစွန်းဖြတ်တောက်ခြင်း နည်းပညာကို အရမ်းကျွမ်းကျင်တဲ့ ဆရာသခင်တွေကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုလေ။ ဘယ်လိုဖြစ်ပြီး တရုတ်က တပြိုင်တည်းနဲ့ ဒီတိရိစ္ဆာန် အကောင်နှစ်ဆယ်ကိုတောင် သားဖောက်နိုင်မှာလဲ”
စမစ်က စားပွဲကို ဗြောင်းကနဲ ရိုက်သည်။ သူ၏မျက်လုံးက နီရဲသွားသည်။
“လူကြီးမင်း စမစ်”
“ငါတို့က မင်းရဲ့အသင်းကို စိတ်ရင်းနဲ့ ယုံကြည်ပေးခဲ့တာပါ။ ဒါပေမယ့် မင်းရဲ့အသင်းရဲ့ သုတေသန လုပ်ငန်းက တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးနေတယ်။ အခု တရုတ်နိုင်ငံမှာ ဒီလို သတ္တဝါမျိုးကို ပထမဦးဆုံး ကယ်တင်လိုက်နိုင်တဲ့ ဖြစ်ရပ်က ဖြစ်လာပြီ။ ဒီတော့ ဒီနေရာရဲ့ ဆက်လက်ပြီး သုတေသန လုပ်မယ်ဆိုတဲ့ ကိစ္စက အစစ်အမှန် မဆန်တော့ဘူး”
“ဒီတော့ တိရိစ္ဆာန်တွေနဲ့ မပက်သက်တဲ့ ဆွေးနွေးမှုတွေ ပြီးတဲ့နောက်မှာ ဒါရိုက်တာတွေအားလုံးက ပါဝင်ဆုံးဖြတ်ချက် ချလိုက်တယ်။ ငါတို့က UA ဘိုင်အိုတက်ကနိုလော်ဂျီ သုတေသနအဖွဲ့ထဲမှာ သုံးထားသမျှ ငါတို့ရဲ့ ရန်ပုံငွေတိုင်းနဲ့ ရှယ်ယာတိုင်းကို ပြန်ရုတ်သိမ်းမယ်”
သက်လတ်ပိုင်းလူက ထရပ်လိုက်သည်။ သူက ပျက်ယွင်းနေသော မျက်နှာနှင့်လက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် စမစ်၏ ပုခုံးကို ပုတ်ရင်း အခန်းထဲမှ ထွက်သွားသည်။
လူတိုင်း ထွက်သွားပြီးမှသာ ကျယ်လောင်သော အသံက ထွက်လာသည်။
ဘန်း
ခရက်ရှ်
စမစ်က ဘေးဘက်မှ ကုလားထိုင်ကို ကောက်ကိုင်ပြီး အနောက်ဘက်မှ ဖန်သားပြင်ကို ရိုက်သည်။
“သေစမ်း”
“ငါတို့ရဲ့အသင်းမှာ ကမ္ဘာ့အဆင့်မြင့်ဆုံး ဘိုင်အိုတက်ကနိုလော်ဂျီကို ကျွမ်းကျင်တဲ့ ဆရာသခင်တွေ ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် ဒါက အတုအယောင်ပဲ ဖြစ်ရမယ်။ အတုအယောင်ပဲ”
“လူကြီးမင်း စမစ်”
ဘေးဘက်ရှိ အမျိုးသမီးလက်ထောင်က သူ၏ပုခုံးကို ညင်သာစွာ ဖြစ်ညစ်လာပြီး ခပ်တိုးတိုး ပြောသည်။
“ကျွန်မ ဘုတ်ဒါရိုက်တာတွေကို ပြောလိုက်မယ်။ ရှယ်ယာတွေကို ပြန်ထုတ်မယ်ဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ်”
ထိုသို့ပြောပြီးနောက် ထိုအမျိုးသမီး လက်ထောက်၏ နီရဲနေသော နှုတ်ခမ်းက စမစ်၏ နားနားကပ်ပြောသည်။
“ဟ ဟ မဆိုးပါဘူး”
စမစ်၏မျက်ဝန်းက တောက်ပသွားသည်။ သူက ထိုအမျိုးသမီး လက်ထောက်ကို ခုံစောင်းပေါ်သို့ တွန်းလိုက်ရင်း ပြောလိုက်သည်။
“ဘေဘီ တကယ်တော့ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ စီမံလည်ပတ်ပုံကို အစိုးရက ဝင်ပါမှာ မဟုတ်လောက်ဘူး။ အခြားစကားနဲ့ ပြောရရင် ဒီလန့်ဒရစ်ဝက်တွေ ဆိုတာက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှာ မွေးထားတာ”
“သူတို့တွေ ဖျက်ဆီးခံရမှာကို မကြောက်ဘူးလား”
64 03
သူက ထိုသို့ပြောရင်း လက်ကို တဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ထို့နောက် စမစ်က အနားသို့ ကပ်သွားရင်း ထိုအမျိုးသမီးလက်ထောက်ကို တစ်ချက် အသာကပ်နမ်းလိုက်လျက် မျက်လုံးများက မှေးကျင်းသွား၍ ပြောသည်။
“အင်း”
“ကြောင်တောင်တောင်နိုင်တဲ့ တရုတ်တွေ။ စမစ် နင် တကယ်လို့ ဒီဘုတ်ဒါရိုက်တာတွေကို နဂိုအစီအစဉ်တိုင်း ပြန်လိုချင်တယ်ဆိုရင် ဒီဝက်တွေကို ဖျက်ဆီးလိုက်ရုံပဲ။ အဲ့ဒီနောက် သူတို့က နင့်ရဲ့အသင်းကို ဆက်ပြီး ယုံကြည်ဦးမှာ မဟုတ်လား။ ငါကတော့ နင့်ကို ယုံကြည်တယ်။ သေချာပေါက် နင်က သတ္တဝါအသစ်ကို ပြန်လည် ဖွံ့ဖြိုးလာလိမ့်မယ်။ နောက်ပြီး အခုလက်ရှိ သတ္တဝါတစ်ကောင်ကို ဖန်တီးထားနိုင်ပြီ မဟုတ်လား”
“ကောင်းပြီ မပြောနဲ့တော့ လာ_ _ _ “
“အူ”
ဟာလီက သိပ်မဝေးသော နေရာသို့ ကြည့်သည်။ အိမ်မှ အဖိုးကြီးကို မြင်လိုက်ရသဖြင့် စွပ်ဖားလှည်းကို တရွတ်တိုက်ဆွဲရင်း ပျော်ရွှင်စွာ ပြေးထွက်သွားသည်။
“ဟေး ဟာလီ”
မုတ်ဆိတ်ဖြူနှင့် အဖိုးကြီးက ခပ်မြန်မြန် ဆောင့်ကြောင့်ထိုင်ပြီး ဟာလီကို လက်မောင်းထဲသို့ ဆွဲယူကာ ပွေ့ဖက်သည်။ ထို့နောက် နဖူးကို တစ်ချက်ပွတ်ကာ အပြုံးနှင့် ပြောသည်။
“အယ်ဖာခွေးဆိုတဲ့အတိုင်းပဲ မင်း တကယ်ကို ရှာတွေ့တယ်”
“ဟား ဟား ဟား”
ဆုပိုင်ကလည်း စွပ်ဖားလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး အဖိုကြီးအို၏ဘေးသို့ သွားကာ လက်ဆန့်ထုတ်ရင်း ပြောသည်။
“ဟယ်လို ငါက ဆုပိုင်ပါ။ ဒေါ်လေးရူ့က ခင်ဗျားကို ပြန်ခေါ်လာခိုင်းခဲ့တာ။ ဘယ်သူကမှ ဒဏ်ရာမရဘူး မဟုတ်လား”
“အိုး ဘုရားရေ”
“ကျေးဇူးတင်ပါတယ် အရှေ့တိုင်းသားလူငယ်လေး”
ထိုလူအိုကြီးက ဆုပိုင်ကို လက်မောင်းထဲသို့ ဆွဲသွင်းကာ ဖက်ရင်း စိတ်လှုပ်ရှားစွာ ပြောသည်။
“ဘယ်လောက်တောင် ရဲရင့်တဲ့ အရှေ့ပိုင်းသားလဲ။ မင်း လမ်းပေါ်မှ တောင်ပေါ်က ကျဆင်းတဲ့ နှင်းလုံးတွေနဲ့ တွေ့ခဲ့ရတယ် မဟုတ်လား”
“ကျွန်တော်တို့မှာ ဆုံရှုံးနစ်နာမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကတော့ _ _ _ ပြန်သွားချင်တယ်ဆိုရင် ခက်ခဲလောက်တယ်”
“ဟင်”
ဆုပိုင်က အရှေ့မှ အသင်းကို ကြည့်သည်။ မြေပြင်တွင် မရေမတွက်နိုင်သော စွပ်ဖားလှည်းများက လဲနေသည်။ ခွေးများကမူ _ _ _ ဘေးဘက်ရှိ နှင်းထဲတွင် မြှပ်နှံရန် သင်္ချိုင်းလို ဂူသေးသေးလေးများ ပုံနေသည်။
“ဒါက _ _ _ “
ခေါင်းဆောင်လာတဲ့ ခွေးတိုင်းသေကုန်ပြီ။ ငါတို့ကို ဒီနှင်းမုန်တိုင်းတွေကနေ ကျော်ဖြတ်နိုင်ဖို့အတွက်လေ။ သူတို့အားလုံး သေကုန်ကြတာပဲ”
ဆုပိုင်က ထိုနှင်းအုတ်ဂူလေးများကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ခေါင်းဆောင်ခွေးတိုင်းက သေသွားပြီ။ သူတို့သည် မည်သည့်နည်းနှင့်မှ ပြန်ပြီး သွားနိုင်တော့မည် မဟုတ်ချေ။
ထိုစွပ်ဖားလှည်းခွေးတွင် ခေါင်းဆောင်ခွေးများကသာ လမ်းကို သိသည်။ ထို့ကြောင့် အန္တရာယ်တိုင်းကို ကြိုတင်ခန့်မှန်းနိုင်သည်။ ထိုကဲ့သို့သော ခေါင်းဆောင်ခွေးမျိုးကို လေ့ကျင့်ပေးရန်အတွက် အချိန်ကြာကြာ လိုအပ်လေသည်။
ခေါင်းဆောင်ခွေး မရှိပဲ တစ်သင်းလုံးအနေဖြင့် လုံခြုံချောမွေ့စွာ လွတ်မြောက်ရင်း တောင်အောက်သို့ ဆင်းနိုင်တော့မည် မဟုတ်ချေ။
“ဒါဆိုရင် _ _ _ ဒါနဲ့ ဟာလီ ရှိသေးတယ် မဟုတ်လား”
သူက ဟာလီ၏နဖူးကို ပွတ်ပြီး လူတိုင်းကို ပြုံးပြသည်။
“အူ”
ဟာလီက သူ၏နဖူးနှင့် ဆုပိုင်ကို ပွတ်သပ်သည်။ ထို့နောက် ခပ်မြန်မြန် နောက်လှည့်သွားပြီး စွပ်ဖားလှည်းအရှေ့တွင် ရပ်သည်။
လူအုပ်ကြီးကလည်း ပျော်ရွှင်စွာ ပြုံးရယ်ပြီး ဆုပိုင်နှင့် ဟာလီ၏အနားသို့ တိုးကပ်လာသည်။
++++++
65 01
အပိုင်း (၆၅)
“ဆု ကျေးဇူးအများကြီးတင်ပါတယ်”
နွေးထွေးသော အိမ်ထဲတွင် ထိုင်နေရင်း လူအိုကြီးက သူ၏ဖန်ခွက်ကို မြှောက်လျက် အရှေ့ဘက်မှ လူငယ်လေးကို ကြည့်ကာ ကျေးဇူးတင်စိတ်အပြည့်နှင့် ပြောသည်။
“မင်းကြောင့်သာ မဟုတ်ရင် ငါတို့တွေ နှင်းတောင်တန်းထဲမှာ ထာဝရမြှပ်နှံခံရတော့မှာ။ ငါတို့မှာ ခေါင်းဆောင်ခွေးမှ မရှိပဲ”
“ဟ ဟ ဒါတွေအားလုံးက ဟာလီကြောင့်ပဲ။ ငါက လမ်းမသိပါဘူး”
ဆုပိုင်က အရှေ့မှ လူအိုကြီးကို ကြည့်သည်။ ထို့နောက် ရှက်ရွံ့စွာ ခေါင်းကို ကုပ်လိုက်သည်။
“ဟ ဟ နှိမ့်ချမနေပါနဲ့။ ဟာလီက အိုနေပြီလေ။ နောက်ပြီး အခြားသူတွေ ချဉ်းကပ်တာကို တော်တန်ရုံ လက်ခံတာမှ မဟုတ်တာ။ သူသာ မင်းကို အသိအမှတ် မပြုရင် ဘယ်လိုကြောင့်များ အန္တရာယ်ထဲက ကယ်ထုတ်ပေးခဲ့မှာလဲ”
“စွပ်ဖားလှည်း ခွေးတွေက အရမ်းဉာဏ်ကောင်းတာ”
“ဟုတ်တယ်”
ထိုလူအိုကြီးက ဆုပိုင်နှင့် ခွက်ချင်းတိုက်သည်။ ထို့နောက် ပြုံးပြန်သည်။
“လူငယ်လေး မင်း ဟာလီကို ခေါ်သွားချင်လား”
“အာ”
ဆုပိုင်က အော်လိုက်သည်။ သူက လူအိုကြီး၏ မျက်ဝန်းကို တုန့်ဆိုင်းမှု အပြည့်နှင့် ကြည့်သည်။
ဒီနေရာတွင် ခေါင်းဆောင်ခွေး တစ်ကောင်သာ ရှိသည်။ ထိုလူများက နောက်နှစ် နှင်းမုန်တိုင်းကို ပြန်လည် ကြုံဆုံရဦးမည်ဆိုလျှင် ခေါင်းဆောင်ခွေး မရှိတော့သောအခါ အန္တရာယ်ကို ကြုံတွေ့ရလျှင် အကျိုးဆက်က ကြီးမားသွားနိုင်သည်။
သို့ရာတွင် ဒါက သူ၏ တာဝန်ဖြစ်သည်။
ဟာလီက အကယ်ဆယ်ခံရရန် လိုအပ်သည့် အလက်စကန် မာလာမြု့ဖြစ်သည်။
ထိုတစ်ခဏတွင် ဆုပိုင်ဟာ တိတ်ဆိတ်သွားသည်။
တစ်ဖက်တွင် သူဟာ တာဝန်ကို ပြီးမြောက်လိုသည်။ အခြားတစ်ဖက်တွက်မူ ထိုလူများကို အန္တရာယ်ထဲသို့ မရောက်စေချင်ပေ။
“ဟား ဟား တုန့်ဆိုင်းမနေနဲ့”
လူအိုကြီးက အနည်းငယ်မူးနေပုံရသည်။
“ငါက အိုနေပါပြီ။ နှစ်ပေါင်းများစွာ ခူးပြီးတဲ့နောက်မှာ တောင်တန်းက ဆေးပင်တွေက နည်းသထက်နည်းသွားပြီ။ နောက်နှစ်ဆိုရင် ဒီအဖိုးကြီးက တောင်ပေါ် ထပ်မတက်နိုင်တော့ဘူး။ ဒီတော့ စွပ်ဖားလှည်းခွေးတွေ မလိုတော့ပါဘူး”
“အနီးနားဝန်းကျင်က အိမ်နီးချင်းတွေကလည်း နောက်နှစ်မှာ အဲ့ဒီစီးပွားရေး မလုပ်ဖြစ်လောက်တော့ပါဘူး”
“ဆိုတော့”
သူက ပြောနေရင်း ဆုပိုင်၏ လက်ကို တင်းတင်းနှင့်ကိုင်ကာ တည်ငြိမ်သော မျက်နှာနှင့် ပြောသည်။
“မင်း ဟာလီကို ဂရုစိုက်ပေးချင်လား။ သူ မသေခင်အထိ အတတ်နိုင်ဆုံး ဂရုစိုက်ပေးနိုင်တဲ့ အဖော်တစ်ယောက် ဖြစ်ပေးနိုင်လား”
“ကျွန်တော် လုပ်ပေးနိုင်ပါတယ်”
ဆုပိုင်က လေးလံစွာ ခေါင်းညိတ်လိုက်သည်။ သူတို့ အတူရှိသော အချိန်ဟာ တိုတောင်းသော်လည်း ဟာလီဟာ သူ့ကို လမ်းတွင် နှစ်ကြိမ်တောင် ကယ်ခဲ့သည်။ ထိုသို့ စိတ်ထဲတွင် ထိမိပြီး ခံစားရစေသည့် အဖော်မျိုးကို မည်သူကမှ မလိုချင်ပဲ မနေပေ။
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း ပြီးဆုံးသွားသည်။ ဆုပိုင်၏ စနစ်က ဆုပိုင်အား အံ့အားသင့်မှုအမှတ် ရှစ်သိန်းပင် ပေးလိုက်သည်။
ဒါတွေအားလုံးက ဟာလီကြောင့် ဖြစ်သည်။
သူဟာ အိုနေသော်လည်း ဆုပိုင်ကမူ ဟာလီသေဆုံးသည်အထိ ဂရုစိုက်ပေးလိုစိတ် ရှိသည်။
{တင်ဆက်သူ မြန်မြန်လေး သဘောတူလိုက် ဟာလီနဲ့ ခွဲနိုင်လို့လား}
{ဟုတ်တယ် ဟုတ်တယ် ဒီလိုရိုးသားတဲ့ ခွေးမျိုး တစ်ခါမှ မမြင်ဖူးဘူး}
{ကောင်းကင်ပြာ တိရိစ္တာန်ရုံ ဟာလီက အဲ့ဒီမှာ ပေါ်လာတော့မှာပေါ့}
{မသိသေးဘူး မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ ထင်တယ်။ နောက်ပြီး ဟာလီရဲ့ ဆက်ခံသူလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီဘဝမှာ ငါ ရဲ့ပန်းတိုင်က ခွေးမွေးဖို့ပဲ။ ရှိနေတဲ့ မိတ်ဆွေတွေ မြန်မြန်လေး ထောက်ခံကြပါတော့ }
...
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ရှိနေတဲ့ မိတ်ဆွေများ အားလုံးက ဆုပိုင်ထက်ပင် စိတ်လှုပ်ရှားနေကြသည်။
လူတိုင်ကလည်း လမ်းတောက်လျောက်တွင် ဟာလီ၏ လုပ်ဆောင်မှုများကို မြင်ခဲ့ကြလေသည်။
65 02
ရေထဲသို့ မြှပ်သွားခြင်းပင် ဖြစ်စေ၊ သူ့၏ အသက်ကိုရင်းပြီး ကယ်ဆယ်ခဲ့ခြင်းပင် ဖြစ်စေ၊ ဝံပုလွေအုပ်နှင့် တွေ့ခဲ့ချိန်က ဖြစ်စေ အရာအားလုံးက ခံစားရစေသည်။
သူဟာ တောင်မှ ကျဆင်းလာသော နှင်းမုန်တိုင်းလုံးများကို တွေ့ကြုံရသည့် အချိန်တွင်ပင် ဆုံးဖြတ်ချက်ချလျက် လူတိုင်းကို အံ့အားသင့်မှု ပေးစွမ်းနိုင်ခဲ့သည်။
ဒီလောက် သစ္စာရှိတဲ့ မိတ်ဆွေမျိုးကို ဘယ်နေရာမှာ သွားရှာရမလဲ။
“ဝူး”
ဆုပိုင်က တံခါးဝသို့ရောက်လာသောအခါ လက်ကို ဆန့်ထုတ်ပြီး ဟာလီ၏ နဖူးကိုပွတ်သည်။ ထို့နောက် အပြုံးနှင့်အတူ ဖက်လိုက်သည်။
ဆုပိုင်၏ စိတ်အားထက်သန်မှုကို အာရုံခံမိသလိုမျိုး ဟာလီက လျှာကိုထုတ်ပြီး ပါးကိုယက်သည်။
“ဟား ဟား ဟား”
အရှေ့မှ မြင်ကွင်းကို မြင်သောအခါ လူအိုကြီးက နီရဲနေသော မျက်ဝန်းများကို ပွတ်ရင်း ဘေးဘက်မှ ရူ့ကို ခေါင်းညိတ်ပြလိုက်သည်။ သူဟာ အရေးကြီးသော ဆုံးဖြတ်ချက်ကို ချလိုက်ပုံရသည်။
“ဆု ဒါက ဟာလီရဲ့ ဆက်ခံသူတွေပဲ။ သူတို့အားလုံး မင်းလက်ကို အပ်ပါတယ်”
“မင်းက သူတို့ကိုချစ်တဲ့လူလေ။ သူတို့ကသာ မင်းနောက်လိုက်ရင် ဘဝကောင်းကို ပိုင်ဆိုင်ရမှာပါ”
“ဒါက “
ထိုဘူးလေးကို ကြည့်လိုက်သောအခါ အတွင်းတွင် အတူတကွ ကွေးနေကာ လှဲနေသည့် အကောင်ပေါက်လေး သုံးကောင်ရှိနေသည်။ ဆုပိုင်၏စိတ်က ဗလာဖြစ်သွားသည်။
လတ်စသတ်တော့ နောက်ဆုံးတာဝန်က ဒါကို။
အကောင်လေး သုံးကောင်ကို ကြည့်ပါဦး။
တာဝန်ကို ကျော်ဖြတ်ခဲ့သည့် လမ်းတောက်လျောက်တွင် ဆုပိုင်အနေဖြင့် ဟာလီတွင် ထိုမျှ ငယ်ရွယ်သည့် ဆကိခံသူများ ရှိနေမည်ဟု မထင်ထားမိချေ။
“ဟာလီက သန့်စင်လွန်းတဲ့ အလက်စကန်းသွေးပါတယ်။ မင်း သူတို့ကို ကောင်းကောင်းဆက်ဆံဖို့ မျှော်လင့်ပါတယ်”
ဆုပိုင်က တည်ငြိမ်စွာဖြင့် ထိုဘူးကို ယူသည်။ ထို့နောက် ကုတ်အင်္ကျီဖြင့် အုပ်လိုက်၏။
“တင် ဂုဏ်ယူပါတယ်။ အသုံးပြုသူက အလက်စကန်း ကယ်ဆယ်ရေး တာဝန်ကို ပြီးမြောက်သွားပါပြီ”
“ တင် ဂုဏ်ယူပါတယ် အသုံးပြူသူက ပလက်စကန်း မာလာမြု့ကို ကယ်ဆယ်လိုက်နိုင်တဲ့အတွက် အရှိန်နူန်း ၂မှတ် ပေါင်းထည့်ပေးလိုက်ပါတယ်”
“ပြန်လည်ထွက်ခွာနိုင်ပါပြီ”
“တိုက်ရိုက်ထုတ်လွှင့်မှုက ရပ်ဆိုင်းသွားပါလိမ့်မယ်”
...
အရှေ့မှ မြင်ကွင်းကလည်း ပြောင်းလဲသွားသည်။
ဆုပိုင်ဘေးဘီကို လှည့်ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများက ကော့တက်သွားသည်။
ဒါတွေ ဘယ်နေရာကနေ ရောက်လာတာလဲ။
စနစ်က ပြန်ပို့သည့် အချိန်တိုင်းလိုလို တိရိစ္ဆာန်ရုံသို့ မရောက်ပဲ ဟိုနေရာ ဒီနေရာ လျှောက်ရွေ့ကုန်သည်။
ထို့နောက် _ _ _
ဒီတစ်ကြိမ်တွင် အရာအားလုံးက ပြောင်းလဲနေသည်။ အကြောင်းမူကား သူရောက်နေသော နေရာက အုပ်ဆိုင်းနေသော တောတောင်နယ်မြေကြီး ဖြစ်နေသည်။ သူဟာ အကောင်လေး သုံးကောင်ကို ပွေ့ထားသည်။ ဟာလီကမူ ရူခင်းကို စိတ်ဝင်တစား ကြည့်နေ၏။
“ဝူး”
သူက အထင်တသေး အော်လိုက်သည်။ ထို့နောက် ဆုပိုင်၏ ခြေထောက်ကို နဖူးနှင့် ပွတ်လိုက်သည်။
“ဗြိ”
ရုတ်တရက် အဝေးမှ ဘက်စ်ကား မောင်းနှက်လာသံကိုကြားလိုက်ရသည်။ ကားက သူ၏ရှေ့တွင် ရပ်သည်။
“ယွမ် ၁၀ ကောင်ငယ်လေး ကားပေါ်တက်မှာလား။ ဒါက ဒီနေ့ရဲ့ နောက်ဆုံး ဘက်စ်ကားနော်။ မင်း ကားပေါ် မတက်ရင် ကားရှိတော့မှာ မဟုတ်ဘူး”
“ဒါက ဘယ်သွားမှာလဲ”
ဆုပိုင်က မျက်မှောင်ကျုံ့ရင်း လက်မှတ်ရောင်းနေသည့် သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်သည်။ သူမက အသာမည်းသည်။ သိသာစွာပင် ချင်တုမှ လူမဟုတ်ချေ။
“နင်က နန်တုကို သွားမှာ မဟုတ်လား”
“နန်တုဟုတ်လား”
သောက်ကျိုးနည်း
ဆုပိုင်က ကြောင်သွားသည်။ သူဟာ ချင်တုစီရင်စု အပြင်ဘက်သို့ပင် ရောက်သွားသည်။
“ဟူး”
ဆုပိုင်က သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး ဟာလီနှင့်အတူ ကားပေါ်သို့ တက်သည်။
“ဒါက နင့်ရဲ့စက်ရုပ်ခွေး မဟုတ်လား။ ဒီကောင်အတွက်လည်း လက်မှတ်ဝယ်ရမယ်”
“ဒီတော့ အားလုံးပေါင်း ၂၀ပဲ”
65 03
ဆုပိုင်က ပြတင်းပေါက်နားတွင် ထိုင်သည်။ ဟာလီက နောက်ဘက်တွင် ထိုင်၏။ သူဟာ လျှောက်လမ်းနားတွင် ထိုင်ခြင်း ဖြစ်သည်။
ကားတစ်စီးလုံးတွင် လူအများကြီး မရှိချေ။ ထို့ကြောင့် ကားပင် မပြည့်ချေ။ လူတိုင်းက ဟာလီနှင့် ဆုပိုင်ကို သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်ကြသည်။ သို့သော် မေးခွန်းများ မမေးချေ။
အိုဟောင်းနေသော မီနီဘက်စ်လေးက တဖြည်းဖြည်းချင်း စရွေ့သည်။
ဆုပိုင်က ပြတင်းပေါက်ကို ဖွင့်သည်။ သန့်စင်သော လေအးများက ဝင်ရောက်လာသည်။ ဟာလီက ကုလားထိုင်ပေါ်တွင် နာခံစွာ ထိုင်နေပြီး လျှာတစ်လစ် ထုတ်လျက် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်သည်။ သူက စိမ်းစိုနေသော တောင်တန်းများကို မြင်သောအခါ စိတ်လှုပ်ရှားသွားပုံပေါ်သည်။
ဒါက သူ မမြင်ဖူးတဲ့ မြင်ကွင်းမျိုးပဲ။
သူ တစ်ချိန်က နေခဲ့ဖူးတဲ့နေရာမှာဆိုရင် နေရာပများစုက နှင်းတွေ ဖုံးလွှမ်းနေတဲ့တောင်တန်းပဲ။
ယခုလို နေရာမျိုးကို ပထမဦးဆုံးအကြိမ် မြင်ရသောအခါ ဟာလီက ပျော်ရွှင်သွားလေသည်။
ထို့နောက် သူက ဘေးဘက်ရှိ လူကို မှီလိုက်သည်။ ဟာလီက အနည်းငယ် စိတ်အေးသွားသည်။
ထူးဆန်းတဲ့နေရာမှာ ဆိုပေမယ့်လည်း သခင်က ဒီနေရာမှာ ရှိနေသမျှ အိမ်ပါပဲ။
“အဟမ်း”
“ငါတို့အရှေ့မှာ စစ်ဆေးတဲ့နေရာကို ကျော်ဖြတ်ရလိမ့်မယ်။ နင်တို့ အသင့်ပြင်ထားကြနော်”
ထို့နောက် လက်မှတ်ရောင်းသူက ထရပ်ပြီး အားလုံးကို အော်ပြောသည်။
“နင်တို့တွေ အောက်ဆင်းပြီး အစစ်ဆေးခံစရာ မလိုပါဘူး။ ကားထဲမှာပဲ ထိုင်နေ။ ဒါပေမယ့် အိတ်တွေကိုဖွင့်ပြီး အရာအားလုံးကိုပြရလိမ့်မယ်။ မသင့်တာတွေ ပါရင်တော့ ခပ်မြန်မြန် အပ်လိုက်တာ အကောင်းဆုံးပဲ။ အားလုံးရဲ့ အချိန်ကို ဖြုန်းမနေနဲ့”
ဆုပိုင်ကလည်း ဘေးဘက်မှ လူများက သူတို့၏ ကျောပိုးအိတ် အသီးသီးကို ဖွင့်နေကြောင်း မြင်ရသည်။ သိသာစွာပင် သူတို့အနေဖြင့် ပထမဦးဆုံးအကြိမ် ကားစီးဖူးခြင်း မဟုတ်ချေ။
ကလစ်
သို့သော် ကားထဲမှ လူများကို စစ်ဆေးသော သူက စက်ကိရိယာများကို သယ်ဆောင်လာသည့် စစ်သားတစ်အုပ် ဖြစ်နေသည်။ ခေါင်းဆောင်လာသောသူက အမျိုးသမီး စစ်သားဖြစ်သည်။ သူမက သေနတ်ရှည်ကြီးကို သယ်ထားပြီး တဖြည်းဖြည်းချင်း ဆုပိုင်ရှိရာဘက်သို့ လျှောက်လာနေသည်။
++++++
66 01
အပိုင်း(၆၆)
“ဟယ်လို ကျေးဇူးပြုပြီး မှတ်ပုံတင်ကဒ်ကို ပြပြီး ကျောပိုးအိတ်လေးကို ဖွင့်ပေးပါ”
ရွှယ်နင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အရှေ့ရှိ လူငယ်လေးဘေးနားတွင် ရှိနေသော စက်ရုပ်ခွေးကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။
“တဆိတ်လောက်”
“ဟုတ်ကဲ့”
ဆုပိုင်က တစ်ချက်ကြည့်လိုက်သည်။ ကျောပိုးအိတ်သာ ပွင့်သွားသည်။ အထဲရှိ အမျိုးမျိုးသော တောတွင်းရှင်သန်နိုင်ရန် ထည့်ယူလာသည့် ပစ္စည်းအားလုံးက ပေါ်သွားပေလိမ့်မည်။
“ကျေးဇူးပြုပြီး ငါတို့နဲ့အတူ ကားပေါ်မှ လိုက်ဆင်းပေးပါ”
ရွှယ်နင်ကလည်း အခြေအနေကို သတိထားမိပုံ ရပြီး ချက်ချင်းလိုလို ဘေးဘက်တွင် ရပ်ကာ အေးစက်စွာ ပြောသည်။
“လက်နက်တွေ အများကြီး သယ်လာတယ်။ ဒီလူက ဘယ်သူလဲ”
“ဒီကိုလာပါ”
သူက အသင်းဖော်များကို လက်ယမ်းပြလိုက်ရင်း ဆုပိုင်ကို သူတို့၏ ကားရှိရာသို့ ခေါ်သွားသည်။
“အူ”
ဟာလီက အူသည်။ သူ၏အစွယ်ကို ဖြဲပြီး ဆုပိုင်ကို ဆွဲသွားသော သူကို ခက်ထန်စွာ ကြည့်ကာ ခုန်အုပ်ချင်ပုံရသည်။
“ဟာလီ”
ဆုပိုင်က ချက်ချင်းလှည့်ပြီး အော်လိုက်သည်။ ထို့နောက် ထိုကားထဲမှ ထွက်သည်။ ထိုအချိန်တွင် ကားထဲမှ ခေါ်ထုတ်ခံရသောသူက အားလုံးပေါင်း သုံးယောက်ဖြစ်သည်။ အင်္ကျီဗြောင်ကို ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက်လည်း ပါသည်။ သူမက အနည်းငယ် ကြောက်လန့်နေသော မျက်နှာမျိုးနှင့် ဖြစ်သည်။
“ငါတို့တွေ ဘာမှ မယူလာပါဘူး။ သူကတော့ ဓားယူလာတယ်။ ငါတို့ကို ဘာကိစ္စနဲ့ ခေါ်ကြတာလဲ”
“ဟုတ်တယ် ငါတို့ ဘာမှ မယူလာဘူးလေ။ ငါတို့က မြို့ထဲကို သွားပြီး ပစ္စည်းဝယ်ချင်တာ။ ကြည့်ပါဦး ငါ့မှာ ဘာမှ မပါပါဘူး”
အနားရှိ အမျိုးသမီးကလည်း သဘောတူသည်။
“ဝုတ် ဝုတ် ဝုတ် “
ဆုပိုင်၏ ဘေးနားသို့ ဟာလီက သွားကာ ရပ်လိုက်ပြီးနောက် အမျိုးသမီးနှစ်ယောက်ကို ကြည့်ကာ ဟောင်သည်။
“ဟယ်လို ကျေးဇူးပြုပြီး ကျောပိုးအိတ်ထဲက အရာအားလုံးကို ထုတ်ပြီး အစစ်ဆေးခံပါ”
ရွမ်နင်က မြေပြင်ပေါ်ရှိ ခွေးကြီးကို ကြည့်သည်။ သူမက အနည်းငယ် အံ့ဩနေလေသည်။ ထိုခွေးကို မည်သို့ပင်ကြည့်ကြည့် စက်ရုပ်ခွေးနှင့် မတူပေ။
ပို၍ဆိုးသည်မှာ ဒီနေရာဟာ လူရှင်းသည်။ နယ်စပ်နှင့် နီးသောနေရာ ဖြစ်သောကြောင့် သူတို့က ဂရုတစိုက် စစ်ဆေးရလေသည်။
အကြောင်းမူကား လူရိုင်းများစွာက အမျိုးမျိုးသော ရင်းနှီးမှုများကို ပြုလျက် သူတို့၏ တိုင်းပြည်အတွင်းသို့ အမျိုးမျိုးသော DPများကို သယ်လာလေ့ရှိသည်။
သို့ရာတွင် သူတို့အနေဖြင့် အရှေ့မှ လူငယ်နှင့်တူသော အခြေအနေမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“ဘာလို့ ဒီခွေးက ကြောင်တောင်တောင် နိုင်နေတာလဲ”
“ဒီခွေးကိုယ်ထဲမှာ တစ်ခုခု ဖုံးကွယ်ထားတာလား”
“DPကို ဖုံးကွယ်တဲ့ နည်းလမ်းအသစ်လား”
အနားရှိ စစ်သားပေါင်းများစွာက လေသံတိုးတိုးနှင့် ဆွေးနွေးနေကြသည်။ ထိုသို့ဖြင့် တစ်ယောက်က သူ၏သေနတ်ကို မြှောက်ပြီး ဆုပိုင်ကို ချိန်လိုက်ကာ အေးစက်စွာကြည့်သည်။
“ကောင်းပါပြီ”
ဆုပိုင်၏ နှုတ်ခမ်းများက ကော့တက်သွားသည်။ ထို့နောက် သူ၏ကျောပိုးအိတ်ထဲမှာ ကောင်ငယ်လေး သုံးကောင်ကို ငြင်သာစွာ ထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ညင်သာစွာ ချသည်။
“မဟုတ်ဘူး ဒါက အကောင်လေး သုံးကောင်ပဲလား”
ဖြူဖွေးနူးညံ့နေသော အကောင်လေးများကို မြင်သောအခါ ထိုစစ်သားတစ်အုပ်က စိတ်ရှုပ်ထွေးသွားသည်။
ဒါက စက်ရုပ်ခွေး ဖြစ်နိုင်ပါ့မလား။
ရွှယ်နင်ကလည်း ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထိုအကောင်လေးကို တို့ကြည့်သည်။ ထိုအကောင်လေးက မျက်လုံးလေး ဖွင့်လာပြီး သူမ၏လက်ညိုးကို ယက်သည်။ ရွှယ်နင်က ချက်ချင်းဆိုသလို အံ့ဩသွားသည်။
“ဒီသတ္တဝါမှာ ခန္ဓာကိုယ် အပူချိန်ရှိတယ်။ ဒါက အစစ်အမှန်လား”
“ဝိုး”
စစ်သားတိုင်းက အုတ်အုတ်သောင်းနင်း ဖြစ်သွားသည်။ သူတို့က ဘေးဘက်မှ ခွေးကြီးနှင့် အကောင်လေး သုံးကောင်ကို မျက်လုံး ပြူးကျယ်စွာ ကြည့်လိုက်သည်။
ဒါက တကယ့် အစစ်အမှန်ခွေးလား။
“ငါ သိပြီ။ နင်က ဆုပိုင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ ဒါရိုက်တာဆုမဟုတ်လား”
66 02
ထိုအချိန်တွင် ဘေးဘက်ရှိ အမျိုးသမီး စစ်သားတစ်ယောက်က တအံ့တဩအော်ပြီး သူမ၏ ဖုန်းကို ခပ်မြန်မြန် ထုတ်သည်။ ထို့နောက် ဒီနေ့မှ အများပြည်သူသတင်းကို ထုတ်လိုက်ပြီး ဓာတ်ပုံကို ချဲ့ကြည့်လိုက်သည်။ ထို့နောက် ရွှယ်နင်ကို ပြသည်။
“ခေါင်းဆောင် ဒါက ဆုပိုင်ပဲ”
“ဒီနေ့ သတင်းမှာတောင် ပါသွားသေးတယ်လေ။ သူ့ရဲ့ တိရိစ္ဆာန်ရုံမှာ အစစ်အမှန်သားရဲတွေ အပြည့်ပဲ”
“အာ”
ရွှယ်နင်၏ မျက်လုံးက ပြူးသွားသည်။ သူမက သတင်းမှ ဓာတ်ပုံများနှင့် အပြင်ရှိ လူကို နိူင်းယှဉ်ကြည့်လိုက်ပြီးနောက် ထိုလူ ဖြစ်နေကြောင်း သိလိုက်ရသည်။
“ကျွန်မ တောင်းပန်ပါတယ် တောင်းပန်ပါတယ်”
သူမက ဆုပိုင်က ခပ်မြန်မြန် တောင်းပန်သည်။
ထိုလူဟာ အသိုင်းအဝိုင်း တစ်ခုလုံးကို အကျိုးပြုနေသောသူဖြစ်သည်။ သူ့ကြောင့် တိရိစ္ဆာန်များကို ကယ်ဆယ်နိုင်ခြင်း ဖြစ်သည်။
တရုတ်ပြည်သူ့ အစိုးရကပင် သူနှင့် ဆက်ဆံရေး ကောင်းချင်ကြသည်။ သို့သော် ဒီနေရာတွင် လာတွေ့ရမည်ဟု မထင်ထားမိချေ။
“အာ ဒီကောင်လေးတွေကို လောလောလတ်လတ် ကယ်တင်လာခဲ့တဲ့ အကောင်တွေလား”
“သူတို့ တအားချစ်ဖို့ကောင်းတာပဲ”
အမျိုးသမီးပေါင်းများစွာက ဟာလီကို ဝိုင်းပြီး ဆက်တိုက်ပြောနေကြသည်။
“ဘာကိစ္စမှ မရှိတော့ရင် ငါ ကောင်းပေါ်တက်လို့ရပြီလား”
ဆုပိုင်က ညင်သာစွာ ပြုံးသည်။ အကောင်လေး သုံးကောင်ကို ကျောပိုးအိတ်ထဲ ပြန်ထည့်သည်။ ထို့နောက် ကားဆီကို လျှောက်သွားသည်။
“တောင်းပန်ပါတယ်”
ရွှယ်နင်က အလေးပြုနေရင်း ကို့ရိုကားယား ဖြစ်သလို လေသံမျိုးဖြင့် ပြောသည်။
ပြောရလျှင် ထိုသူဟာ တိရိစ္ဆာန်များကို ကယ်တင်ပေးနေသော ဆရာသခင်တစ်ယောက် ဖြစ်သည်။ သူကဲ့သို့ ကြင်နာတတ်သော သူမျိုးကို DPမျိုးကို သယ်လာလိမ့်မည် မဟုတ်ချေ။
“ဘက်စ်ကားပေါ် တက်လို့ရပြီလား။ ဒါက တော်တော်လေး အချိန်ကြာနေပြီ။ နန်တုကို ရောက်တာ နောက်ကျသွားရင် မှောင်သွားလိမ့်မယ်”
အမျိုးသမီးကြီး နှစ်ယောက်က အကြိမ်အနည်းငယ် အထွန့်တက်နေပြီးနောက် ဆုပိုင်နောက်မှ လိုက်ကာ ကားပေါ်တက်သည်။
“ဝုတ်”
ရုတ်တရက် ဟာလီက မီနီဘတ်စ်လေး၏ တံခါးနားတွင် ရပ်လိုက်ရင်း ထိုအမျိုးသမီးနှစ်ယောက်ကို ကြည့်ကာ ခပ်ကြမ်းကြမ်း ဟောင်သည်။
ခက်ထန်ကြမ်းတမ်းသော မျက်နှာထားက အမျိုးသမီးနှစ်ယောက်ကို နေရာတွင်ပင် တောင့်ခဲသွားသည်။
“ဟာလီ ဒီနေရာကိုလာ နာခံလေ”
ဆုပိုင်က နောက်သို့လှည့်ပြီး ထိုအမျိုးသမီးနှစ်ယောက်ကို တောင်းပန်ကာ ဟာလီကို လက်ယမ်းပြောလိုက်သည်။
“ဝုတ်”
“သူတို့နဲ့ ပက်သက်ပြီး တစ်ခုခုတော့ မှားနေတယ်။ သူတို့ဆီမှာ တစ်ခုခု ရှိလောက်တယ်”
ဟာလီက နောက်သို့လှည့်ကာ အူပြန်သည်။
ဆုပိုင်ကလည်း ထိုအမျိုးသမီးနှစ်ယောက်ကို သေချာကြည့်လိုက်မိသည်။ သူတို့၏ မျက်ဝန်းက အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် တည်ငြိမ်ချင် ဟန်ဆောင်လိုက်ရင်း အော်ဟစ်လိုက်၏။
“နင်က အစစ်အမှန် တိရိစ္ဆာန် ဆိုနေရင်တောင်မှ ငါတို့ကို ဒီလို အနိုင်ကျင့်လို့ မရဘူး”
“ဟုတ်တယ် ဟုတ်တယ် ငါတို့က လက်မှတ်ဖိုး ပေးထားပြီးသား။ လာ ကားပေါ်တက်ကြမယ်”
“အားလုံးပဲ တောင်းပန်ပါတယ်”
“ဟာလီ တံခါးနားမှာ နေဦး”
ဆုပိုင်က အေးစက်စွာဖြင့် မီနီဘတ်စ်ပေါ်မှ ခုန်ချသည်။ ထို့နောက် ရွှယ်နင်ကို သွားဆွဲခေါ်ကာ ဘေးဘက်သို့ သွားရင်း ခပ်တိုးတိုး ပြောသည်။
“ဒီမိန်းမနှစ်ယောက်က တစ်ခုခုတော့ မှားနေတယ်။ သူတို့ကို ထပ်ပြီး စစ်ကြည့်သင့်တယ်”
“ဟင်”
ရွှယ်နင်ကလည်း လေသံကို တိုးလိုက်ပြီး အမျိုးသမီး နှစ်ယောက်ကို ကြည့်ကာ မသေချာမရေရာသလို ပြောသည်။
“ဒါပေမယ့် အခုလေးတင် စစ်ပြီးသွားပြီလေ။ ဘာမှမှ မရှိတာ။ ရှင်က ဘယ်လောက်သေချာလဲ”
“တစ်ခုခုတော့ ရှိနေရမယ်။ မမှားနိုင်ဘူး”
ဆုပိုင်က ဟာလီကို ကြည့်ပြီးနောက် ခိုင်မာစွာ ပြောသည်။
ခွေးနှာခေါင်းကို လိမ်လို့မရဘူး။ ဟာလီက ဘယ်လိုအနံ့ခံနိုင်လဲ မသိပေမယ့် ဟာလီက သူ့ကို သတိပေးနေပြီ။ ဆိုလိုတာ ဒီမိန်းမတွေက DPကို သယ်ထားလိမ့်မယ်။
66 03
ထိုအခိုက်အတန့်တွင် အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်က မီနီဘတ်စ်ပေါ်သို့ ခပ်မြန်မြန် ခုန်တက်သွားပြီး ကိုယ်ကို ကုန်းကာ ထိုင်ခုံအောက်မှ ပစ္စတို တစ်လက်ကို ခပ်မြန်မြန် ဆွဲထုတ်လိုက်သည်။ ထို့နောက် ကားခေါင်မိုးကို ပစ်သည်။ သူမက ယခင်ကကဲ့သို့ ရိုးသားခြင်း မရှိတော့ပဲ ခပ်ကြမ်းကြမ်း အော်သည်။
“နောက်ဆုတ်”
“နင်တို့ နောက်မဆုတ်ရင် ငါပစ်မှာ”
ခရက်ရှ် ခရက်ရှ် ခရက်ရှ်
ထိုအခြေအနေကို မြင်သောအခါ စစ်သားတိုင်းက သေနတ်များကို မောင်းတင်လိုက်ရင်း မီနီဘတ်စ်ကားအတွင်းသို့ တင်းမာသော မျက်နှာထားမျိုးဖြင့် ချိန်ထားကြသည်။
“မိုက်ရူးရဲ မဆန်ကြစမ်းပါနဲ့။ မင်းမှာ ပြောစရာ ရှိသေးလား”
ရွှယ်နင်က တင်းမာသော မျက်နှာထားမျိုးနှင့် ပြောသည်။
“ခုခံတာက အသုံးမဝင်ဘူး မင်း _ _ _ “
“ဟွန့် ဘဝင်မြင့်နေတာ”
သူမ၏ ခြေထောက်အောက်မှ မီးဖွားများ လက်လာပြီးနောက် နောက်ထပ်အမျိုးသမီးတစ်ယောက်က ဒါရိုက်ဘာ၏ ခေါင်းတည့်တည့် သေနတ်ဖြင့် ချိန်လိုက်သည်။ သူက အပြင်ဘက်ရှိ စစ်သားများကို ကြည့်ရင်းအော်သည်။
“မောင်း အခု အဲ့ဒီလိုမှ မဟုတ်ရင် ငါ မင်းကို ပစ်သတ်လိုက်မယ်”
“မြန်မြန်”
“မောင်းတော့”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ကားသမားက အထိတ်တလန့်နှင့် ကားကို စတင်ကာ မောင်းရင်း အရှိန်နူန်းကို မြင့်သည်။ ကားက ခပ်မြန်မြန် ထွက်ခွာသွားသည်။
“ခေါင်းဆောင် ငါ့တို့ _ _ _ “
“မြန်မြန် အထက်က လူတွေကို သေနတ်ကိုင်ထားတဲ့ အန္တရာယ်ရှိတဲ့ လူတွေကို ရှာတွေ့တယ်လို့ ချက်ချင်း အကြောင်းကြားလိုက်”
“နောက်ပြီး အကူအညီကို ချက်ချင်း တောင်းခံလိုက်ဦး”
“ဘုန်း”
စစ်တပ်သုံး ယာဉ်တစ်စီးက ဘေးဘက်မှ ချက်ချင်း မောင်းတက်လာသည်။ ကားသမားက လှမ်းအော်သည်။
“ဝင်တော့ ဝင်တော့ အရှေ့မှာ တောင်တန်းတွေ ရှိတယ်”
“ငါတို့က သူတို့ကို လမ်းတစ်ဝက်မှာ ရှာမတွေ့ရင် မျက်ခြေပြတ်သွားလိမ့်မယ် မြန်မြန်လုပ်”
“ဟာလီ ကားပေါ်တက်”
ဆုပိုင်က ကားတံခါးကို အမြန်ဖွင့်ပြီး ဟာလီနှင့်အတူ ကားပေါ်တက်သည်။ ဒါရိုက်ဘာက ကားပေါ်တက်လာသော ကောင်ငယ်လေးကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။
“ညီအစ်ကို ငါတို့က ဆေးသယ်လာတဲ့ လူတွေကို လိုက်ဖမ်းမှာနော်။ မင်းတို့ ဘာလို့ အပြင်လူတစ်ယောက်က အပျော်လိုက်လာတာလဲ”
“မြန်မြန် ငါ့မှာ သူတို့ကို ဖမ်းနိုင်တဲ့ နည်းလမ်းရှိတယ်။ ပိုကြာနေရင် သူတို့ လွတ်သွားလိမ့်မယ်”
ဆုပိုင်က ဟာလီ၏ လည်ပင်းကို သိုင်းဖက်ထားရင်း ကားမောင်းသူကို လှမ်းအော်လိုက်သည်။
++++++