← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အပိုင်း(၆၇)

ကလင် ကလင်

ကလင် ကလင်

ကလင် ကလင်

ဖုန်းက ခပ်မြန်မြန် မြည်သွားသည်။ နန်တုဂျေဒီ အမိန့်ပေးစင်တာက ဖုန်းကို ခပ်မြန်မြန်ကိုင်ပြီး လျင်မြန်စွာ ပြောလာသည်။

“ဟယ်လို ဒါက နန်တုဂျေဒီ အမိန့်ပေးစင်တာကပါ။ ကျေးဇူးပြုလို့ _ _ _”

“အခု ဆက်နေတာက ယန်ပြန်းဟိုက်ဝေး စစ်ဆေးမဲ့ နေရာကပါ။ ဒီနေရာက နန်တုမှာ ရှိတယ်။ ငါတို့တွေ အခု ဆေးရောင်းဝယ်သူ နှစ်ယောက်ကို တွေ့လိုက်တယ်။ သူတို့တွေမှာ သေနတ်ပါတယ်။ အခု မီနီဘတ်စ်ကို ဝင်စီးပြီး နန်တုဘက်ကို ထွက်ပြေးသွားတယ်။ ဒါကြောင့် အမိန့်ပေး စင်တာကို အထောက်အပံ့ တောင်းခံတာပါ”

“ထပ်ပြောပါမယ်။ အပြစ်သားတွေ ဖြစ်တဲ့ ဒီအမျိုးသမီး နှစ်ယောက်က လမ်းတစ်ဝက်မှာ ကားကို စွန့်ပစ်ပြီး တောင်တန်းဘက်ကို ကျော်ဖြတ်ထွက်ပြေးလို့ နယ်စပ်ဘက်ကို သွားနိုင်တယ်။ ဒါကြောင့် အမိန့်ပေးစင်တာကို အမြန်ဆုံး အမိန့်ပေးဖို့ အကူအညီ တောင်းဆိုပါတယ်”

တစ်ဖက်က ဖုန်းကို ခပ်မြန်မြန် ချသွားသည်။ အော်ပရေတာက တစ်ခဏခန့် ကြောင်အသွားပြီးနောက် ချက်ချင်းဆိုသလို ခုန်ထကာ တာဝန်ကျရုံးခန်းသို့ အပြေးသွားသည်။

သိပ်မကြာခင် နန်တုဂျေဒီစင်တာ တစ်ခုလုံးက လှုပ်ရှားသည်။ လက်နက်အပြည့်အဝ တပ်ဆင်ထားသော လူအပြည့်ပါသည့် ကားပေါင်းများစွာက မောင်းနှင်သွားသည်။

“ဆက်သွား ဒီပြစ်မှု ကျူးလွန်တဲ့သူတွေက တော်တော်လေး ရက်စက်ကြမ်းကြုတ်တဲ့ လူတွေ။ သူတို့လက်ထဲမှာ ဓားစာခံ ဆယ်ယောက်ပါတယ်။ ဒီတော့ အလျင်စလို မလုပ်ကြနဲ့။ ဓားစာခံတွေရဲ့ အသက်ကို အရင်ဦးစားပေးရမယ်”

လီရှင်းက ရှေ့ဆုံးတွင် မောင်းနှင်နေသည့် ကားထဲတွင် ဖြစ်သည်။ သူက ဝါကီတော်ကီကို ကိုင်ထားရင်း တင်းမာသော မျက်နှာထားနှင့် ဆက်တိုက် အမိန့်ပေးနေသည်။

ထိုဆေးရောင်းဝယ်သူများက အလွန်အမင်း ကြမ်းကြုတ်သော ဖြစ်တည်မှုများ ဖြစ်သည်။ သူတို့ကို အများကြီး တွန်းအားပေးလိုက်သည်နှင့် ချက်ချင်းလိုလို နံရံမှ ခုန်ကျော်သွားသေးသည်။ ထို့နောက် ကားထဲရှိ ဓားစာခံများက သေရပေလိမ့်မည်။

သို့ရာတွင် _ _ _

တောင်ပိုင်းမြို့တော် တစ်ဝက်နီးပါး သိပ်သည်းသော တောများနှင့် ဘေးချင်းကပ်လျက် ရှိနေသည်။ တောများကလည်း နယ်စပ်နားတွင် ရှိနေသညိ။ တစ်ဝက်ကို တရုတ်က ပိုင်ပြီး တစ်ဝက်ကို အခြားသော တိုင်းပြည်တစ်ပြည်က ပိုင်ဆိုင်သည်။

ထိုဆေးကုန်သွယ်သော သူများက တောကို ကျော်ဖြတ်ပြီး အခြားတိုင်းပြည်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့က လိုက်ဖမ်းရန် မဖြစ်နိုင်တော့ချေ။

အမိန့်မရှိပဲ လက်နက်အပြည့်အဝ တပ်ဆင်ပြီး အခြားတိုင်းပြည်ထဲသို့ ဝင်ရောက်သောအခါ ခက်ခဲသည့် ပြဿနာဖြင့် ကြုံတွေ့ရပေလိမ့်မည်။

ကိစ္စကိုတောင် ကောင်းမွန်စွာ မကိုင်တွယ်နိုင်လျှင်တောင် တိုင်းပြည်နှစ်ခုက ညှိနိူင်း၍ မရသော အနေအထားမျိုးအထိ ပြောင်းလဲသွားနိုင်သည်။

ထိုအခြေအနေကို တွေးမိသော် လီရှင်းက ပို၍ မျက်မှောင်ကြုတ်မိသည်။

“သောက်ကျိုးနည်း ဆေးကုန်သည်တွေ”

သူက ခပ်တိုးတိုး ကျိန်ဆဲသည်။

သူတို့၏ နန်တုရှိ ဂျေဒီတစ်ခုလုံးက အလွန် ရှည်လျား ကျယ်ပြောသည်။ သို့သော် နေ့တိုင်းလိုလို ထိုဆေးကုန်သည်တိုင်းကိုသာ ရင်ဆိုင်နေရသည်။ ထို့ကြောင့် ထိုလူများဟာ မည်မျှ ရက်စက်ကြမ်းတမ်းကြောင်း သာမာန်လူများထက် ပို၍ နားလည်သည်။

နန်တုဂျေဒီဌာနက တရုတ်တပြည်လုံးတွင် သေဆုံးမှု အမြင့်ဆုံးလဲ ဖြစ်သည်။ ယခုလို စီမံကိန်းတစ်ခုကိုကိုင်တွယ်ရသည့် အချိန်တိုင်းလိုလို ထိုလူများက သူတို့၏ ဂျေဒီအဆောက်အဦးထဲသို့ ပေါက်ကွဲနိုင်သည့် ပစ္စည်းများ ပစ်ထည့်ခြင်းကလည်း မကြာခဏ ဆိုသလို ရှိသည်။ ယခုလို လိုက်ဖမ်းရသော အခြေအနေတိုင်းလိုလို သူတိူ့၏ ရဲဘော်ရဲဖက် တစ်ယောက်ပြီးတစ်ယောက် သေဆုံးရသည်။

ဓားစာခံတွေကိုတော့ အောင်အောင်မြင်မြင် ကယ်တင်နိုင်ပါစေလို့ မျှော်လင့်တာပဲ။

“အားလုံးပဲ အာရုံစိုက်ထားကြ။ ငါ ဆက်ပြောမယ် ဒီဆေးကုန်သည် နှစ်ယောက်က တော်တော်လေးကို ရက်စက်တယ်။ လက်ထဲမှာ သေနတ်တွေလည်း ပါတယ်။ ဓားစာခံတွေရဲ့ လုံခြုံရေးကို သေချာအောင် အဓိက ဦးစားပေးရမယ်။ နောက်ပြီး မင်းတို့လုံခြုံရေးကိုလည်း ဦးစားပေးရမယ်။ နားလည်လား”

“ကျေးဇူးပြုပြီး သွားတဲ့အရေအတွက်အတိုင်း ပြန်လာခဲ့ကြပါ”

67 02

လီရှင်းက မသက်မသာ ဖြစ်နေသည်။ သူက ထိုစကားကို အင်တာကွန်မှ တဆင့် ထပ်ခါတလဲလဲ ပြောပြီး အခြားသော လူတိုင်းကို အမိန့်ပေးနေခဲ့သည်။

ထိုသို့ဖြင့် ဂျေဒီ စစ်သား ဆယ်ယောက်ကျော်စီ ပါဝင်သည့် ယာဉ်ငါးစီးက ထွက်ခွာသွားပြီး လေထန်တောင်တက်လမ်းတောက်လျောက် ခပ်ကြမ်းကြမ်း မောင်းနှင်သွားသည်။

အနည်းငယ်သော နှောင်းနှေးကြန့်ကြာမှုက ထိုဓားစာခံများကို ဒုက္ခအကြီးအကျယ် ရောက်စေနိုင်သည်။ ထိုဆေးကုန်သွယ်သူတိုင်းကလည်း နယ်စပ်နှင့် နီးသထက် နီးသွားနိုင်သည်။

ယခုက အချိန်နှင့် တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။ ထိုဆေးကုန်သွယ်သူများကသာ နယ်စပ်ကို အောင်‌အောင်မြင်မြင် ကျော်ဖြတ်သွားခဲ့လျှင် _ _ _

လီရှင်း၏ နားလည်သဘောပေါက်မှုအရ ထိုနှစ်ယောက်က ဓားစာခံ အားလုံးကို သတိပေလိမ့်မည်။

ဆေးကုန်သည်တိုင်းက လူသားဆန်စိတ် မရှိသည့် အပြစ်သားများ ဖြစ်သည်။ သူတို့ ညှာ‌တာပေးရသည်ဆိုသော စိတ်ကိုပင် နားလည်ပုံ မရပေ။

ဝုန်း

ထိုသို့ဖြင့် ကျယ်လောင်သော အင်ဂျင်သံနှင့် ယာဉ်များက ဟိန်းဟောက်နေသော သားရဲကောင်များကဲ့သို့ ရှေ့သို့ ရူးသွပ်စွာ ခုန်ပေါက်လျက် တောင်တက်လမ်းပေါ် အပြင်းနှင်နေသည်။

_ _ _

“နင် လိုက်လို့မရဘူး။ ဒီဆေးကုန်သည်လူတွေက အရမ်းကို အန္တရာယ်များပြီး လူသားမဆန်ကြဘူး။ တစ်ခုခု ဖြစ်သွားခဲ့ရင် _ _ _”

“ ငါ ငါ့အပေါ်က လူတွေကို ရှင်းပြနိုင်မှာ မဟုတ်ဘူး”

ရွှယ်နင်က ကားထဲတွင် ထိုင်နေပြီး နောက်မှ လူငယ်ကို ကြည့်ကာ သတိပေးသည်။

“ဝုတ်”

ဟာလီက သူမကို တစ်ချက်ကြည့်ပြီး အထင်သေးကာ ခေါင်းပြန်လှည့်သွားလျက် ဆုပိုင်၏ ပုခုံးကို မှီသည်။ ထို့နောက် တစ်ဖက်ခြမ်းတွင် ရှိနေသော ပြတင်းပေါက် အပြင်ဘက်ရှိ လှပသော ရှုခင်းများကိုသာ ငေးနေလိုက်သည်။

“ငါသိပါတယ်။ ဒီလူတွေက ဘယ်လောက်ရက်စက်လဲ ဆိုတာကို နားလည်တယ်။ ဒါပေမယ့် မင်းတို့ ဒီလူတွေကို ရှာနိုင်လား”

“ဒီလောက်ကြီးတဲ့ တောထဲမှာ သူတို့ကို ရှာဖို့ ပိုက်ကွန်ကြီး ထုတ်ပြီး လိုက်ဖမ်းနေလို့ မရဘူးလေ”

“ ခပ်ပြတ်ပြတ် ပြောရမယ်ဆိုရင် မင်းတို့ ရှာလို့မဆုံးနိုင်သေးသင်မှာ သူတို့က အခြားတိုင်းပြည်ထဲကို ရောက်နေလောက်ပြီ”

ဆုပိုင်က မျက်မှောင်ကြုတ်လျက် ပြန်ဖြေလိုက်သည်။

သူကလည်း သူ၏အရှေ့မှ ထိုအမျိုးသမီး ခေါင်းဆောင်က သူ့ကို ထိုသို့ ပြောနေရသည့် စိတ်ရင်းကို နားလည်သည်။ သို့သော် ထိုဆေးကုန်သွယ်သူများက လူသား ဖြစ်တည်မှုတိုင်း၏ ဘုံရန်သူ ဖြစ်သည်။

ပို၍ဆိုးသည်မှာ ထိုကောက်ကျစ်သော အမျိုးသမီးနှစ်ယောက်ကို ဟာလီက ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုဆေးကုန်သွယ်သူ နှစ်ယောက်ကိုသာ ဒီလိုအခြေအနေမျိုးတွင် လွတ်မြောက်ခွင့် ပြုလိုက်လျှင် သူတိူ့ သယ်လာသော DPက မိသားစုပေါင်း များစွာကို ဖျက်ဆီးနိုင်သည်။ သို့မဟုတ် မရေမတွက်နိုင်သော မိသားစုများစွာကို ဖျက်ဆီးနိုင်လောက်သည်။

DPက ကြောက်စရာ ကောင်းလွန်းသည်။

ထိုအတွက်ကြောင့်လည်း ဆုပိုင်က အတူဖမ်းပြီး ကူညီပေးလိုခြင်း ဖြစ်သည်။

ဟာလီ၏ တည်ရှိမှုနှင့်ဆိုလျှင် သူ၏အနံ့ခံနိုင်စွမ်းရည်မှတဆင့် မြစ်သာ ခြားနေပစေ DPသယ်ထား‌ေသာ ထိုအမျိုးသမီး နှစ်ယောက်ကို ခြေရာခံနိုင်ပေလိမ့်မည်။

“နင် _ _ _”

“ကောင်းပြီလေ”

“ဒါပေမယ့် နင် ငါတို့ရဲ့ ကာကွယ်မှုအောက်မှာပဲ နေရမယ်။ ငါတို့မြင်ကွင်းက မပျောက်စေနဲ့”

ရွှယ်နင်က ဆုပိုင်ကို အချိန်ကြာကြာ စိုက်ကြည့်ပြီးနောက် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နှစ်ယောက်၏ နောက်ခံက ပေါ်သွားလေပြီ။ သို့သော် ထိုသို့ ပေါ်သွားခြင်းက ထိုခွေးကြီးကြောင့် ဖြစ်သည်။

သူတို့ကလည်း ကျောင်းတွင် သင်ခဲ့ဖူးသည်။ ရှေးခတ်အချိန်ကာလဆိုလျှင် ရဲခွေးဆိုသော အမျိုးအစား တစ်မျိုးရှိခဲ့သည်။ အထူးသဖြင့် သူတို့ကဲ့သို့ ဂျေဒီရဲများက ထိုရဲများကို လိုအပ်သည်။

67 03

အနံ့ခံရုံဖြင့် DPသို့မဟုတ် DP မီးခိုးရနံ့ကို သယ်ဆောင်ထားသော လူကို ရှာနိုင်ပေလိမ့်မည်။

ထိုကဲ့သို့သော ရဲခွေးများနှင့်သာဆိုလျှင် သူတို့၏ ထိုအပြစ်သားများကို ခြေရာခံကောက်ကာ လိုက်ဖမ်းနိုင်စွမ်းရည်က အများကြီး တိုးတက်သွားပေလိမ့်မည်။

သို့သော် နမြောစရာကောင်းသည်မှာ ရှေးခတ်ကာလကတည်းက တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီး အရာအားလုံးက ခြားနားသွားခဲ့သည်။

သူတို့က အသင်းက အခုလို ကြာကြာအထိနာခဲ့ရခြင်းဟာလည်း ထိုသို့ ခြေရာခံကောက်နိုင်သည့် အင်အားပြင်းသော နည်းလမ်းမျိုး မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဒီအသင်းဟာ မကြာခဏဆိုသလို ထိုဆေးကုန်သွယ်သူများ၏ ကျူးကျော်တိုက်ခိုက်မှုကို ဆက်တိုက်ခံနေရသည်။

“ကြည့်ဦး”

ရုတ်တရက် အရှေ့မှ ကားမောင်းသူက တအံ့တဩ ထအော်သည်။ သူက စတီယာတိုင်ကို လှည့်ထွက်လိုက်ပြီး ရွှံ့နွံ့များ ပြည့်နှက်နေသည့် လမ်းတောက်လျှောက် ကွေ့လျက် လေထန်သော တောင်တက်လမ်းဘေးသို့ ဆင်းချလိုက်သည်။

အဝေးမှကြည့်လျှင် တောအစွန်နားတွင် ရှိသည့် သစ်ပင်အောက်တွင် ရပ်ထားသော မီနီဘတ်စ်အဟောင်းကို တွေ့ရမည် ဖြစ်သည်။

“ကားထဲက မြန်မြန်ထွက်။ ချုံခိုတိုက်ခိုက်မှာကို သတိထားဦး”

ရွှယ်နင်က ကားတံခါးကို ဖွင့်ပြီး သေနတ်ကို တစ်ခါတည်း မောင်းတင်လိုက်ကာ မီနီဘတ်စ်ထံ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

“အထဲမှာ တစ်ယောက်ယောက် ရှိလား”

“ခုခံတာ အသုံးမဝင်ဘူး။ အညံ့ခံတာက နင်တို့ရဲ့ တစ်ခုတည်းသော လွတ်လမ်းပဲ”

ဟာလီက ဆုပိုင်နောက်မှ လိုက်လာသည်။ သူက နှာခေါင်းကို တရှုံ့ရှုံ့လုပ်ပြီး အကြိမ်အနည်းငယ် အနံ့ခံသည်။ သူ၏မျက်နှာထားက အနည်းငယ် ဒေါသထွက်သွားပုံပေါ်သည်။ သူက မီနီဘတ်စ်ကို ကြည့်ပြီး ဟောင်သည်။

ထို့နောက် ရှေ့သို့ ပြေးထွက်သွားသည်။

“ဟာလီ”

ဆုပိုင်က အမြန်လိုက်သည်။

ကားတံခါးကို ဖွင့်ပြီးနောက် ဆုပိုင်က ကားမောင်းသူ နေရာတွင် ဆိုးရွားသော သေဆုံးခြင်းနှင့် အဆုံးသတ်သွားသည့် လူကို တွေ့လိုက်ရသည်။ လူက နေရာတွင်ပင် တောင့်ခဲသွားသေးသည်။ သူ၏မျက်ခုံးကြားတွင် ဟောင်းလောင်းပေါက် ဖြစ်စေသည့် ကျည်ဆန်ရာက ရှိနေသည်။

“ဖာ့ခ်”

ဆုပိုင်က ဘေးဘက်ရှိ ထိုင်ခုံနောက်ဘက်ခြမ်းသို့ ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်ပြီး လေသံတိုးတိုးနှင့် ကျိန်ဆဲသည်။

သူကလည်း ထိုအမျိုးသမီးကြီးနှစ်ယောက်က သူမျှော်လင့်သည်အထိ ရက်စက်မည်ဟု မထင်ထားမိချေ။ မည်သို့ပင်စေ ဒီကားမောင်းသူက သူတို့ကို မည်သည့်ခြိမ်းခြောက်မှုမှ မပေးနိုင်ချေ။ သို့သော် တုန့်ဆိုင်းမနေပဲ ပစ်သတ်ခဲ့ကြသည်။

“အမှိုက်တွေ”

သူက နောက်သို့လှည့်ပြီး ဟာလီကို ကားထဲမှ ဆွဲခေါ်ကြသည်။ ထို့နားတွင် ရပ်နေသည့် စစ်သားတိုင်း၏ မျက်နှာက ဝမ်းနည်းမှု၊ ဒေါသများနှင့် ပြည့်နေကြသည်။

“ဟာလီ ငါတို့ ဒီနှစ်ကောင်ကို ရအောင် ဖမ်းရမယ်။ ဒါက မင်းရဲ့တာဝန် ဖြစ်သွားပြီ”

ဆုပိုင်က ဟာလီ၏လက်ပင်းကို ဖက်ပြီးနောက် နားနားကပ်ကာ ခပ်တိုးတိုး ပြောသည်။ ထို့နောက် ခေါင်းကို ပွတ်သပ်ပေးသည်။

“ဝုတ်”

“မစိုးရိမ်နဲ့”

ဟာလီက ဟောင်သည်။ ထို့နောက် ခေါင်းကိုငုံ့ပြီး တရှုံ့ရှုံ့ အနံ့ခံသည်။ ထို့နောက် တောထဲကို ကြည့်ကာ အမြှီးကို နှံ့လျက် ပြေးထွက်သွားသည်။

“ငါ့နောက်ကို လိုက်ခဲ့။ ငါတို့ နေရာရှာတွေ့ပြီ”

တောထဲသို့ ဝင်ပြေးသွားသည့် ဟာလီကို ကြည့်ပြီးနောက် ဆုပိုင်က အော်ဟစ်လိုက်ကာ နောက်မှ ခပ်မြန်မြန်လိုက်သည်။

++++++

68 01

အပိုင်း (၆၈)

“မြန်မြန်”

ရွှယ်နင်က အထောက်အပံ့ရောက်လာလျှင် အဆက်အသွယ် ရရန်အတွက် စစ်သားများကို ချန်ထားရစ်ပြီးနောက် သူမ၏လူများကို ဦးဆောင်ကာ ဆုပိုင်၏ နောက်မှလိုက်ကာ တောထဲသို့ ဝင်ပြေးသွားသည်။

လမ်းတောက်လျှောက်ရှိ အဝေးရှိ ကြီးမားသော ခွေးကြီးက ခေါင်းကို ဆက်တိုက်ငုံ့ပြီး မြေပြင်ပေါ်သို့ တရှုံ့ရှုံ့ အနံခံလျက် အမျိုးမျိုးသော ချုံပုတ်များကို ကျော်ဖြတ်သွားနေခဲ့သည်။

ထိုဆေးကုန်သွယ်သူ နှစ်ယောက်က ယခုလို ပစ်မှုမျိုးကို ကျူးလွန်သည့် ပထမဦးဆုံးအကြိမ် မဟုတ်နိုင်ပေ။ သူက ဒီလမ်းကြောင်းနှင့် ရင်းနှီးကျွမ်းဝင်လွန်းနေခဲ့သည်။ ထို့အပြင် ဓားစာခံ အများကြီးကို ခေါ်လာသည့်တိုင်အောင် ထိုမျှ မြန်ဆန်လွန်းနေခဲ့သည်။

ပို၍ဆိုးသည်မှာ သူတို့၏ ဦးတည်ရာက တဖြောင့်တည်း မဟုတ်ချေ။ တစ်ခါတစ်ရံတွင် ဘယ်ဘက်သို့ ကွေ့သည်။ တစ်ခါတစ်ရံတွင် ဉာာဘက်သို့ ကွေ့သွားသည်။

ထိုတိရိစ္ဆာန်၏ အကူအညီကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် ထိုဆေးကုန်သည်နှစ်ယောက်၏ ထွက်ပြေးရာလမ်းကြောင်း သဲလွန်စကိုပင် ရှာရန်ပင် မဖြစ်နိုင်ချေ။

ထိုအကြောင်းအရာကို တွေးမိသောအခါ ရွှယ်နင်က ဟာလီကို မနာလိုမှုများနှင့် ကြည့်လိုက်သည်။ ဖြစ်နိုင်လျှင် _ _ _ သူတို့တွေက ထိုကဲ့သို့သော ပါတနာမျိုး ရှိနေပါက ဆေးကုန်သွယ်သူပေါင်း များစွာကို အိပ်မက်ဆိုး မက်သည်အထိ ခြိမ်းခြောက်ကိုင်တွယ်နိုင်စေလိမ့်မည်။ ဒါက ဒုက္ခရောက်ခဲ့ရသော မိသားစုပေါင်းများစွာကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ကယ်ဆယ်ခြင်း ဖြစ်သည်။

“သူ_ _ _ “

ရုတ်တရက် ဟာလီက ရှေ့တွင် ရပ်တန့်သွားသည်။ သူက နောက်ကိုလှည့်ပြီး ခပ်တိုးတိုး ဟောင်သည်။

ဆုပိုင်က ခပ်မြန်မြန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက်ကို ဆန့်တန်းကာ စစ်သားများကို အမူအရာပြလျက် ဆောင့်ကြောင့်ထိုင်စေသည်။

“အရှေ့မှာ တစ်ယောက်ယောက် ရှိတယ်။ ဟာလီက အမူအရာပြနေတယ်”

ရွှယ်နင်က ခေါင်းကို လေးလံစွာ ညိတ်လိုက်သည်။ ထို့နောက် လက်ထဲမှ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အရှေ့သို့ တဖြည်းဖြည်းချင်း ဆုတ်သွားသည်။ ထိုသို့ဖြင့် ရှေ့ဘက်သို့ ရွှေ့၏။ ထို့နောက် သစ်ပင်ကြီးတစ်ပင်ကို ရှာတွေ့လိုက်သည်။

ရွှယ်နင်၏ မျက်လုံးက မှေးကျင်းသွားသည်။ နောက်မှ လူတိုင်းကို အမူအရာပြသည်။

လူတစ်အုပ်လုံးက ဘေးသို့လှည့်လိုက်သောအခါ သစ်ပင်ခြေရင်းတွင် ထိုင်နေသည့် ဆံပင်ဖြူဖြူနှင့် အဖွားကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ မျက်လုံးများက လုံးဝိုင်းသည်။ လက်များကလည်း ဘေးဘက်သို့ အားနည်းစွာ ကျနေ၏။ သို့သော် သူမ၏ရင်ဘတ်တွင် ထက်ရှသော ဓားတစ်လက်က ထိုးဖောက်ဝင်ရောက်နေပြီး သွေးများက ဆက်တိုက်စီးကျနေသည်။ အတော်များများကပင် ခြောက်နေလေပြီ။ ထို့ကြောင့် သူမ သေဆုံးနေလေပြီ။

သို့သော် _ _ _

လူတိုင်းကို ဒေါသထွက်စေသော ကိစ္စက ထိုသွေးများဖြင့် ရေးထားသော သစ်ပင်ပင်စည်ရှိ စာများဖြစ်သည်။

“ငါတို့နောက်ကို ထပ်လိုက်ရင် အားလုံးသေရမယ်။ နောက်တစ်ခေါက်ဆိုရင် ဒီအဖွားကြီးရဲ့ မြေးပဲ”

ဆုပိုင်က သစ်ပင်ပေါ်မှ မောက်မာလွန်းသော သွေးစာသားများကို မြင်သောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး အံကိုလည်း ဆက်တိုက် ကြိတ်နေမိသည်။

မုန်းတီးဖို့ ကောင်းလိုက်တာ။

ဒီဆေးကုန်သည် နှစ်ယောက်က နှလုံးသားမဲ့လွန်းတယ်။ အိုမင်းသူ၊ အားနည်းသူ၊ ငယ်ရွယ်တဲ့ ကလေးတွေကိုတောင် မညှာတာပေးဘူး။

“ငါတို့ အချိန်ထပ်ဖြုန်းလို့ မရဘူး။ ဒီနှစ်ယောက်က ငါတို့လက်မှီလာမလား ဆိုတာကို မသိနိုင်လို့ သိပ်မကြာခင် အဲ့ဒီကလေးကို သတ်လိုက်မှာ စိုးရိမ်ရတယ်”

ဆုပိုင်က ရွှယ်နင်ကို ကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။

“ငါတို့ လွှတ်ပေးလို့ မရဘူး သူတို့ကို သေချာပေါက် ရအောင် ဖမ်းရမယ်”

“ဟာလီ လိုက်တော့”

ခပ်တိုးတိုးဟောင်သံနှင့်အတူ ဆုပိုင်က သူ၏ခါးထံမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး နောက်မှ လိုက်ရန် ကြံစည်သည်။

68 02

သို့ရာတွင် လက်တစ်စုံက သူ့ကို ခပ်မြန်မြန် ဖမ်းဆုပ်လိုက်သည်။ ငုံံ့ကြည့်လိုက်သောအခါ သူ့ကို ကမ်းပေးနေသည့် ပစ္စတိုတစ်လက်ကို တွေ့လိုက်ရသည်။ ဆုပိုင်က တည်ငြိမ်စွာ ခေါင်းညိတ်ရင်း ယူလိုက်သည်။

“မြန်မြန်”

ရွှယ်နင်က အေးစက်သော မျက်နှာထားနှင့် အော်သည်။ ထို့နောက် ရှေ့မှ ထွက်သွားပြီး ဟာလီ၏ နောက်သို့လိုက်သည်။ ဆုပိုင်၏ဒေါသကို ခံစားမိပုံရသည့် ဟာလီကလည်း ခပ်ကြမ်းကြမ်း ပြေးသည်။ ထိုသို့ဖြင့် ဟောင်သံအနည်းငယ်ကိုသာ ချန်ထားရစ်ခဲ့သည်။

_ _ _

ဝုန်း

ခရက်

“ဒါရိုက်တာ”

လီရှင်းက ဦးဆောင်လာပြီး ကားထဲမှ ခုန်ချလာသည်။ လက်ထဲတွင် သေနတ်က အသင့်ပြင်ထားသည်။ သူက မီနီဘတ်စ်ထဲမှ ကားမောင်းသူ၏အလောင်းကို ကြည့်ပြီး သက်ပြင်းချသည်။

“အားလုံးပဲ လူစုခွဲကြ။ သုံးယောက်တစ်ဖွဲ့စီ ခွဲပြီး လိုက်ရှာကြမယ်”

“ဒီဂိုဏ်းစတားတွေက ဒီလောက်မြန်မြန် ကျော်ဖြတ်သွားနိုင်တယ်ဆိုတော့ အတွေ့အကြုံနဲ့ အခွင့်အရေးသာ ရရင်၊ ဓားစာခံနဲ့ လုံခြုံရေးကတော့ သေချာရင် ဒီလူတွေ အားလုံးကို သတ်လိုက်တော့”

“သွားရအောင်”

“ဒါရိုက်တာ ခဏနေပါဦး”

“ခေါင်းဆောင်ရွှယ်နင်က ဒီဆေးကုန်သည်နှစ်ယောက်ရဲ့ သဲလွန်စတွေကို ရှာတွေ့လို့ အသင်းဖော်တွေနဲ့ လိုက်သွားပါပြီ။ လမ်းကြောင်းမှာလည်း ကျွန်တော်တို့တွေ လိုက်လာနိုင်အောင် အထူးအမှတ်အသားတွေ ချန်ထားပေးခဲ့ပါတယ်”

လီရှင်းက ကြောင်သွားသည်။ သူက အနားရှိ စစ်သားကို ဆွဲခေါ်လိုက်ပြီး သုန်မှုန်သော မျက်နှာမျိုးဖြင့် ကြည့်ကာ ပြောသည်။

“ဒီလောက်ကြီးတဲ့ တောကြီးထဲမှာ ဒီဆေးကုန်သည်တွေရဲ့ သဲလွန်စတွေကို အလွယ်တကူ ရှာတွေ့နိုင်ဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာဆုနဲ့ တွေ့ခဲ့တာ။ သူက သူနဲ့အတူ ခွေးကို ခေါ်လာတယ်။ ဒီ‌ခွေးက တော်တော်လေး အင်အားကြီးတယ်။ သူကပဲ ဒီဆေးကုန်သည် နှစ်ယောက်ကို ရှာတွေ့ခဲ့တာ။ အာ ဟုတ်သားပဲ ဒီနှစ်ယောက်ရဲ့ သဲလွန်စကိုလည်း သူပဲ ရှာတွေ့တာလေ”

ဘေးဘက်ရှိ စစ်သားက ခပ်မြန်မြန် တုန့်ပြန်သည်။

“ခွေး နောက်ပြီး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ ဟုတ်လား”

“ဟစ်”

လီရှင်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက ဒီနာမည်ကို ကြားဖူးသည်။ သူက အခုတလောတင် အထက်မှ လူများက ရဲခွေးများကို အသုံးပြုနိုင်သည့် ဖြစ်နိုင်သည့်အကြောင်း ဆွေးနွေးခဲ့သေးသည်။

ဒါတွေအားလုံးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနှင့် ဆိုင်သည်။ သို့သော် _ _ _

“ပေါက်ကရတွေ ပြောမနေနဲ့တော့”

လီရှင်းက ဒေါသတကြီး အော်သည်။ သူက လက်ကို ခပ်မြန်မြန် ယမ်းပြီး လူတိုင်းကို ခပ်မြန်မြန် ဝင်ခိုင်းသည်။

“အဖွဲ့အစည်းတိုင်း သေချာ အာရုံစိုက်ထားကြ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာဆုပိုင်ရဲ့ လုံခြုံရေးက ထိပ်တန်းဦးစားပေးပဲ။ အဆင်ပြေရင် အဲ့ဒီခွေးရဲ့ လုံခြုံရေးကိုပါ အဓိက ဦးစားပေးရမယ်။ ဒါက အနာဂတ်မှာ ငါတို့တွေ ရဲခွေးကို အသုံးပြုနိုင်စေမယ့် မျှော်လင့်ချက်ပဲ”

တစ်ခုခု ဖြစ်စေလို့ မရဘူး။

အထက်မှ ဌာနများက ဆွေးနွေးရုံသာ ရှိသေးသည်။ သို့သော် ရဲခွေးများ ဝင်ပါလာသည်နှင့် သူတို့ ထိခိုက်ဒဏ်ရာရမှု မရှိနိုင်တော့ကြောင်း အားလုံးကလည်း နားလည်သည်။ သို့ရာတွင် _ _ _

ဒါပေမယ့် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက သဘောတူမတူတော့ မသေချာဘူး။

ပြောရမည်ဆိုလျှင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ကောင်းကောင်းချည်နှောင်ထားရန် အလို့ငှာ ချင်တုအစိုးရက လီရှန်းတစ်တောင်လုံးကိုပင် ပေးရန် သဘောတူထားသည်။ ဆောက်လုပ်ရေးများအတွက် ရန်ပုံငွေပင် ထောက်ပံ့ပေးဦးမည် ဖြစ်သည်။ ထို့အပြင် သွားရေးလာရေး အဆင်ပြေနိုင်ရန်အတွက်အပြင် အမျိုးမျိုးသော အခြေအနေများကိုပင် ထောက်ပံ့ပေးရန် ဆန္ဒရှိနေသည်။

ထိုကိစ္စများ အားလုံးက တိရိစ္ဆာန်များကို ကယ်ဆယ်နိုင်မှုနှင့် ဆက်စပ်နေသည်။

ဒါရိုက်တာ ဆုပိုင်က ဘာမှဖြစ်၍ မရချေ။ တစ်စုံတစ်ရာသာ ဖြစ်ပျက်သွားခဲ့လျှင်

“မြန်မြန်”

အော်သံနှင့်အတူ လီရှင်းက ရှေ့မှ ပြေးထွက်သည်။ နောက်မှ အခြားသူများကလည်း ပြေးလိုက်သွားကြ၏။

“ဒါရိုက်တာ ဒီမှာ အလောင်းရှိတယ်။ သစ်ပင်ပေါ်မှာလည်း စာတွေရှိတယ်”

အနည်းငယ် လမ်းလျှောက်ပြီးနောက် စစ်သားက သစ်ပင်ခြေရင်းတွင် လဲနေသည့် အဖွားကြီး အလောင်းကို ကြည့်ပြီး နီရဲနေသော မျက်လုံးမျိုးဖြင့် ပြောလာသည်။

“အလောင်း ပြန်သယ်ဖို့ လူတစ်ယောက် ထားခဲ့”

လီရှင်းက စိတ်အေးသွားသလို သက်ပြင်းချသည်။ ထို့နောက် တောထဲသို့ ကြည့်သည်။

68 03

“ဒီနေရာက နယ်စပ်နဲ့ သိပ်မဝေးတော့ဘူး။ ဒါပေမယ့်_ _ _ ကြည့်ရတာ သူတို့လိုက်တဲ့ လမ်းကြောင်းက မှန်နေတဲ့ပုံပဲ။ သူတို့က ဆေးကုန်သည်တွေရဲ့ ထွက်ပြေးတဲ့လမ်းကြောင်းနောက်ကနေ ကွက်တိလိုက်နိုင်ခဲ့တယ်”

သို့ရာတွင် ထိုနှစ်ယောက်က သူတို့ ထင်ထားသည်ထက် ရက်စက်နိုင်သည်။ ထိုလူဟာ သာမာန် အောက်ပိုင်းမှ လူများ မဖြစ်နိုင်ချေ။ ခေါင်းဆောင်များပင် ဖြစ်နေနိုင်၏။

လီရှင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အော်သည်။

“အားလုံးပဲ မင်းတို့သေနတ်တွေကို မောင်းတင်ထားပြီး ပြေးကြတော့”

သူက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်နိုင်ခြေကို တွေးမိသွားသည်။

ဆေးကုန်သွယ်သူ နှစ်ယောက်ကသာ ခေါင်းဆောင်များ ဖြစ်နေခဲ့လျှင် တစ်ဖက်နယ်စပ်နားတွင် သူတို့ကို ကူညီပေးရန် အသင့်စောင့်နေသည့် တပ်ကူများရှိနေနိုင်သည်။

ရွှယ်နင်၏ အဖွဲ့က လူဆယ့်ငါးယောက်ပင် မရှိချေ။ ထို့ကြောင့် သူတို့၏ ဆုံးရှုံးမှုက ကြီးမားပေလိမ့်မည်။

အိမ်နီးချင်း တိုင်းပြည်ကလည်း တရုတ်လောက် လုံခြုံရေး မကောင်းမွန်ချေ။ ဆေးကုန်သည် လူပေါင်းများစွာက သူတို့က၏ လက်ထဲတွင် လေးလံသော လက်နက်များ ရှိနေနိုင်သည်။

“ဟူး”

သူက အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် လေပူကို မှုတ်ထုတ်၏။ လီရှင်းက လက်နှစ်ဖက်လုံးဖြင့် သေနတ်ကို ကိုင်ပြီး အသင့်ပြင်သော အနေအထားမျိုး ပြောင်းလျက် ခပ်မြန်မြန် ပြေးထွက်သွားသည်။

“ဒိုင်း ဒိုင်း ဒိုင်း”

ရုတ်တရက် အဝေးမှ ပြင်းထန်သည့် သေနတ်သံက ထွက်ပေါ်လာသည်။ လီရှင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

အမိန့်ပေး စင်တာအရ ထိုဆေးကုန်သွယ်သူ နှစ်ယောက်က လက်နက်ကြီးများကို မသယ်လာခဲ့ကြပေ။ သို့သော် ယခုမြည်နေသော အသံများအရ _ _ _

ရွှယ်နင်ရဲ့အသင်းဘက်က ပစ်တာ ဖြစ်ပါစေလို့ မျှော်လင့်ရတာပေါ့။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ _ _ _ဒါဆိုရင်တော့ နယ်စပ်ရဲ့ တုန့်ပြန်မှုကိုပဲ စောင့်ကြည့်ရတော့မယ်”

“အရှိန်မြင့်”

“မြန်မြန်”

“အဲ့ဒီနေရာကို ရောက်တာနဲ့ ချက်ချင်း လက်နက်တွေကို အသင့်ပြင်ပြီး ရွှယ်နင်ရဲ့ အသင်းနဲ့ အစားထိုးကြစမ်း။ ဓားစာခံတွေကိုတော့ မထိခိုက်စေနဲ့”

“အားလုံးပဲ သတိထားကြပါ”

လီရှင်းက အော်သည်။ သူက သေနတ်ကို ခပ်ကြမ်းကြမ်း ကိုင်ထားရင်း တည်ငြိမ်သော မျက်နှာထားနှင့် အရှေ့သို့ ပြေးထွက်သွားသည့် အဖွဲ့ကို ကြည့်သည်။ ထို့နောက် သူကလည်း အနောက်မှ ဒုန်းဆိုင်း ပြေးလိုက်သွားလိုက်သည်။

++++++

69 01

အပိုင်း(၆၉)

“ဟာလီ ပြန်လာခဲ့”

ဆုပိုင်က အော်သည်။ ထို့နောက် ဟာလီကို မြေပြင်ပေါ်သို့ ခုန်ချရန် ပစ်ထည့်လိုက်ပြီး သူကလည်း သစ်ပင်ကြီးနားသို့ လိမ့်ရှောင်လိုက်သည်။

ဒိုင်း ဒိုင်း ဒိုင်း

သိပ်သည်းသော ကျည်ဆန်များက ဟာလီ ယခုလေးတင် ရပ်နေသည့် မြေပြင်ပေါ် ရူးသွပ်စွာ ကျဆင်းလာသည်။ ထိုသို့ဖြင့် မြက်များအားလုံးကို လွှင့်စင်သွားစေသည်။

ဆုပိုင်က ဟာလီကို ဖက်ထားပြီး သူ၏ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးနေသည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိကြောင်း မြင်ရမှသာ စိတ်အေးသလို သက်ပြင်းချသည်။

သူတို့က ထိုလုယက်သူ နှစ်ယောက်ကို မှီလုနီးပါး ဖြစ်နေကြောင်း မြင်လိုက်ရသည့် အခိုက်အတန့်တွင် နယ်စပ်ဘက်မှ အပြေးဝင်လာသော ထိုဆေးကုန်သွယ်သူ တစ်အုပ်နှင့် ဆုံရလိမ့်မည်ဟု မထင်ထားမိချေ။ ထိုသို့ဖြင့် ခပ်ကြမ်းကြမ်း ပစ်ခတ်ကြရင်း ယခုလိုမျိုး ပိတ်ဆို့ခံထားရသည်။

“အား ကယ်ကြပါ”

“ငါ့ကို မသတ်ပါနဲ့”

“ငါ့ကို မသတ်ပါနဲ့”

အဖမ်းဆီးခံထားရသူများက လက်ကို ဆက်တိုက်မြှောက်ပြီး ဆက်တိုက် အော်ဟစ်နေကြသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ထိုလူ၏ခေါင်းနောက်တွင် သေနတ်ဖြင့် ချိန်ထားသည်။ ထို့နောက် ရယ်ကာ အဝေးတွင် ရှိသော စစ်သားများထံ လှမ်းပြောသည်။

“နောက်ဆုတ်ကြ”

“အဲ့ဒီလိုမှ မဟုတ်ရင် ငါ ဒီကောင်မကို ပစ်သတ်လိုက်မယ်”

“နောက်ဆုတ်ကြစမ်း”

သူက ထိုလူ၏လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ကိုင်သည်။ ထို့နောက် ဘေးဘက်ရှိ လူများကို မျက်လုံးမှိတ်ပြသည်။ သူတို့ တစ်ဖွဲ့လုံးက နယ်စပ်သို့ ခပ်မြန်မြန် ဆုတ်ကြသည်။

ဝုတ်

ဟာလီက ဆုပိုင်၏လက်မောင်းအတွင်းမှ ခုန်ပြေးထွက်ပြီး အနားရှိ တောဘက်သို့ ဝင်ပြေးသွားသည်။ ထိုသို့ဖြင့် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နူန်းဖြင့် ရွှေ့လျားသည်။

“ဟာလီ”

ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်က အံကို ကြိတ်လိုက်ပြီး ကျော်ပိုးအိတ်ကို သစ်ပင်နောက်တွင် ထားခဲ့လိုက်သည်။ သူကိုယ်တိုင်ကမူ ဟာလီ၏နောက်သို့ ပြေးလိုက်သွားသည်။

“အစ်မလျောင် သူတို့ကို သတ်လိုက်ပါ”

“ဒီနေရာက မြန်မြန် ထပ်သွားရမယ်။ အဲ့ဒီလိုမှ မဟုတ်ရင် သူတို့ရဲ့ တပ်ကူတွေ ရောက်လာတော့မယ်”

လှံကိုင်ထားသည့် ငယ်ရွယ်သော ကောင်လေးက အဝေးမှ စစ်သားများကို တင်းမာသော မျက်နှာထားမျိုးနှင့် ကြည့်ပြီး ပြောသည်။

“မရဘူးလေ”

“ငါတို့ မဖြစ်လို့မှ မဟုတ်ရင် လူတွေ အများကြီးကို လိုက်သတ်နေလို့ မရဘူး။ အဲ့ဒီလိုမှ မဟုတ်ရင် အလုံးအရင်းနဲ့ အမဲလိုက်ခံရတဲ့အခါ ပြည်ပကို ထွက်ပြေးရင်တောင်မှ လွတ်နိုင်တော့မှာ မဟုတ်ဘူး”

“အဓိက က နယ်စပ်ကို အောင်အောင်မြင်မြင် ဖြတ်သွားနိုင်ဖို့ပဲ”

အစ်မလျောင် အမည်ရသော လူက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမက မျက်လုံးကို မှေးကျင်းလိုက်ပြီး ဦးနှောက်ကို အလုပ်ပေးသည်။ ထို့နောက် ဩရှသော လေသံဖြင့် ပြောသည်။

“ဒီမှာ ဓားစာခံတွေ တအားများတယ်။ ဒီဟာတွေကို ခေါ်ပြီး ပြေးနေရတာက ဒုက္ခများနေတာ။ နည်းနည်းလောက် လွှတ်ပေးလိုက်။ ကလေးနှစ်ယောက်ကိုပဲ ထားခဲ့ရအောင်”

“ဟွန့် တရုတ်စစ်သားတွေက သူတို့ရဲ့ ဓားစာခံတွေရဲ့ အသက်ကိုပဲ အဓိက ဦးစားပေးမှာ။ သူတို့ကိုယ် သူတို့ စတေးရဦးမယ် ဆိုရင်တောင်မှ လက်သင့်ခံကြဦးမှာ”

“ကလေးနှစ်ယောက်ဆိုရင် ပိုဆိုးတာပေါ့”

“ကောင်းပြီ”

လူငယ်က လက်ကို ယမ်းလိုက်ပြီး အခြားသော ဓားစာခံများကို ဆောင့်ဆွဲကာ ထူရင်း တွန်းထုတ်သည်။

“ရှေ့ကိုသွား နောက်ပြန် မလှည့်ကြည့်နဲ့။ နောက်လှည့်တာနဲ့ ငါ ပစ်သတ်လိုက်မယ်”

သူက ခပ်ကြမ်းကြမ်း အော်သည်။

“ဝူး ကယ်ကြပါ ကယ်ကြပါ”

“မပစ်ပါနဲ့ မပစ်ပါနဲ့”

“ကယ်ကြပါ”

ဓားစာခံများက တုန်ယင်သွားကြသည်။ ထို့နောက် ရွှယ်နင်တို့ ရှိရာဘက်သို့ တဖြည်းဖြည်းချင်း လျှောက်သွားကြသည်။

“ခေါင်းဆောင် ဒီအတိုင်း သွားလို့ မဖြစ်တော့ဘူး။ သူတို့က ကလေးနှစ်ယောက်ကို ဓားစာခံအဖြစ် ခေါ်ထားတာ။ အဲ့ဒီနောက် ကျည်ဆံရှေ့မှာ ပိတ်နေတဲ့ ဒီလူတွေလည်း ရှိနေသေးတယ်။ ငါတို့ တိုက်ခိုက်လို့ မရတော့ဘူး”

“ဟစ်”

ရွှယ်နင်က အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် အံကိုကြိတ်ကာ အော်သည်။

“အရင်ဆုံး ဓားစာခံတွေကိုပဲ အာရုံစိုက်ထားကြမယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်ပြီး ကယ်ရမယ်”

69 02

တစ်ခြားနည်းလမ်းများ မရှိတော့ပေ။ ထိုလူများဟာ အပြစ်ကင်းပြီး ဆေးကုန်သည် တစ်အုပ်၏ ခက်ထန်သော ရုပ်ရည်များကြောင့် သူကသာ ပစ်ရဲလျှင် တစ်ဖက်ကလည်း အရှေ့မှ လူများကို အရင်ဆုံး ပစ်သတ်ပေလိမ့်မည်။ ဓားစာခံများက မရှင်သန်နိုင်ခင် သူတို့ကလည်း စိတ်အေးနိုင်တော့မည် မဟုတ်ချေ။

“မလှုပ်နဲ့”

ရုတ်တရက် လီရှင်းက အဝေးမှ စစ်သားတစ်အုပ်နှင့်အတူ ရောက်လာသည်။ အရှေ့မှ မြင်ကွင်းကို မြင်သောအခါ စစ်သားတိုင်းက သေနတ်ကို အသင့် မြှောက်ပြီး အဝေးသို့ ချိန်သည်။

“နောက်ဆုတ်”

“သေနတ်တွေကို ချ။ အဲ့ဒီလိုမှ မဟုတ်ရင် ငါတို့ ပစ်လိုက်မယ်”

မျက်နှာနီနှင့် လူက လှမ်းအော်သည်။ သူက ရှေ့မှ ကောင်ငယ်လေးကို ကိုင်ပြီး နောက်ဆုတ်သွားသည်။

“အစ်မလျောင် သူတို့ရဲ့ တပ်ကူတွေ ရောက်လာပြီ။ ငါတို့ ခပ်မြန်မြန် ဆုတ်ရမယ်။ နောက်ကျသွားရင် ငါတို့ထွက်နိုင်မှာ မဟုတ်တော့ဘူး”

စူးရှသော အော်သံနှင့် အစ်မလျောင်က ငယ်ရွယ်သော ကောင်မလေးကို တရွတ်တိုက်ဆွဲပြီး ခပ်မြန်မြန် ထွက်ပြေးသည်။

“ဒါရိုက်တာ”

ရွှယ်နင်က အလေးပြုပြီး လီရှင်းကို သတင်းပို့သည်။

“ကလေးနှစ်ယောက်ကလွဲပြီး _ _ _ အခြားနှစ်ယောက်တော့ သေသွားတယ်။ ကျန်တဲ့လူတွေကတော့ ကယ်ဆယ်ပြီးပါပြီ”

“ဒါပေမယ့် ဒီဆေးကုန်သည်တွေက တအားကို ရက်စက်လွန်းတယ်။ သူတို့တွေ_ _ _”

“မစိုးရိမ်နဲ့”

လီရှင်းက လက်ကာပြသည်။ ထို့နောက် ခပ်မြန်မြန် မေးသည်။

“ဒါရိုက်တာ ဆုပိုင်က ဘယ်မှာလဲ။ သူ့ခွေးက ဘယ်မှာလဲ”

“သူတို့ အဲ့ဒီမှာ လှဲနေတာ ဟင် ဘယ်ရောက်သွားလဲ”

ရွှယ်နင်က အဝေးရှိ သစ်ပင်ကို လက်ညိုးထိုးသည်။ နောက်ဆုံးတွင် သူဟာ မှင်သက်သွားရသည်။ အကြောင်းမူကာ ထိုနေရာတွင် ဆုပိုင်တို့ကို မတွေ့ရတော့ပေ။

“ပေါက်ကရတွေ”

“သာမာန်လူတစ်ယောက်က ဒီလို အန္တရာယ်များတဲ့ ပွဲမှာ ဝင်ပါနိုင်မှာလဲ”

လီရှင်းက အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် သူ့ကို ဆူပူပြီး အနောက်ဘက်သို့ လက်ယမ်းပြကာ ပြောသည်။

“အားလုံးပဲ လူစုခွဲကြစမ်း။ လူနည်းနည်း ချန်နေခဲ့ပြီး ဓားစာခံတွေကို ခွဲထုတ်သွား။ ငါတို့တွေ ဒီဆေးကုန်သည်တွေနောက် လိုက်သွားမယ်။ နောက်ပြီး ဘယ်လိုနည်းလမ်းကို သုံးရ သုံးရ ဆုပိုင်ကို ရအောင် ပြန်ခေါ်ရမယ်”

“နောက်ပြီး အမှားအယွင်း ရှိလို့ကို မရဘူး။ ဒီဆေးကုန်သည်ကို လွတ်သွားမယ် ဆိုရင်တောင်မှ ဆုပိုင်ကို ရအောင်ကယ်ရမယ် နားလည်လား”

“ဟုတ်ကဲ့”

စစ်သားတိုင်းက သူတို့၏ ရိုင်ဖယ်များကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကြပြီး တောထဲသို့ လူစုခွဲကာ ထွက်သွားကြသည်။ ထိုသို့ဖြင့် ဆေးကုန်သည်များကို စလိုက်သည်။

_ _ _

ရှူး

ဆုပိုင်က ဟာလီ၏ လည်ပင်းကို ဖက်ထားပြီး ပါးစပ်ကို အုပ်ရင်း ခပ်တိုးတိုး ပြောသည်။

“သိပ်မဝေးတာ သေချာလား”

ဟာလီက သူ၏မျက်လုံးကြီးများဖြင့် အဝေးကို ကြည့်ပြီး နာခံစွာ ခေါင်းညိတ်သည်။

“ဒါဆိုရင် ပတ်သွားရအောင်။ ဒီနေရာမှာ လူတအားများတယ်။ ငါတို့တွေ ကလေးကို အရင် ကယ်ရမယ် ဆိုတာကို နားလည်တယ် မဟုတ်လား”

ဆုပိုင်က မြေပြင်တွင် တွားသွားလျက် တောထဲတွင် ဟာလီနှင့်အတူ ဖြတ်သန်းနေသည်။

ထိုဆေးကုန်သည်များကလည်း ဆုပိုင်နှင့် ဟာလီက သူတို့၏နောက်သို့ ဘေးဘက်မှ ကပ်လျက် လိုက်မည်ဟု မထင်ထားလောက်ချေ။

စွပ်ဖားလှည်းဆွဲခွေး၏ အနံ့ခံ အာရုံနိုင်စွမ်းရည်၊ အကင်းပါးမှုနှင့်ဆိုလျှင် လမ်းပျောက်ရန် မဖြစ်နိုင်ချေ။ သို့ရာတွင် _ _ _

ထိုဆေးကုန်သည်တစ်အုပ်တွင် ဓားစာခံ ကလေးနှစ်ယောက် ရှိနေသည်။ သူတို့၏ လက်ထဲတွင် လက်နက်များလည်း ရှိနေသည်။ ထို့ကြောင့် ဆုပိုင်က ချက်ချင်း အလောတကြီး မဝင်သွားရဲပေ။

သို့ရာတွင် အလက်စကန်း မာလာမြု့၏ တာဝန်ပြီးနောက် သူ၏အရှိန်နူန်းကလည်း ၂မှတ်တိုးမြှင့်သွားသည်။ ယခုအခါ သူပြေးသော အရှိန်နူန်းသည် ယခင်ထက် အများကြီး မြန်ဆန်သွားသည်။

ယခုလေးတင် ဆုပိုင်က လုံလောက်အောင် မြန်ဆန်သည့် အရှိန်နူန်းဖြင့်သာ သိပ်သည်းသော ကျည်ဆန်များကို ရှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒါက ကံကောင်းမှုနှင့် တိုက်ဆိုင်လောက်သည်။

သူသာ အပစ်ခံလိုက်ရရင်_ _ _

သူလည်း ဒီလိုနေရာမှာ ဒီလိုမျိုးနဲ့ မသေချင်ပါဘူး။

“ဝူး”

“အား”

ဆုပိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ထိုဆေးကုန်သည်များထံသို့ စရွှေ့သည်။

ထိုအချိန်တွင် သူတို့ဟာ နယ်စပ်အစွန်နားသို့ ရောက်နှင့်နေပြီ ဖြစ်သည်။ ဆုပိုင်က နယ်စပ်နေရာအဖြစ် သတ်မှတ်ထားသော ဝန်းကျင်ကိုပင် လှမ်းမြင်နိုင်လေသည်။

သူတို့က သိပ်မဝေးသော နေရာမှ မြစ်ကို ကျော်ဖြတ်လိုက်နိုင်သည်နှင့် ထိုတစ်အုပ်က တရုတ်ပြည်မှ လွတ်မြောက်သွားနိုင်သည်။

“ဟင် သတိထား”

69 03

ဆုပိုင်က ရုတ်တရက် ကြောင်သွားပြီး ဘေးဘက်သို့ ခပ်မြန်မြန် ခေါင်းငုံ့ရှောင်လိုက်သည်။

အဝေးရှိမြစ်နားတွင် ထိုဆေးကုန်သည် တစ်အုပ်က ရပ်တန့်သွားကြသည်။ သူတို့၏အရှေ့မှ လူတစ်ယောက်သာ ကျော်ဖြတ်သွားလာနိုင်သည့် တံတားငယ်လေးကို ဖြတ်ကူးနေကြသည်။

ဆုပိုင်ကလည်း အရှေ့ဆုံးမှ လျှောက်နေသောသူက မိန်းမကြီးနှစ်ယောက်ဖြစ်ကြောင်း မြင်နိုင်သည်။ နောက်ဆုံးတွင်မူ ကောင်မလေးနှစ်ယောက် ဖြစ်သည်။

“ဟူး”

“ဟာလီ”

“ဒါက အခွင့်အရေးပဲ”

ဆုပိုင်က လက်ဆန့်ထုတ်ပြီး ဟာလီ၏မေးစေ့ကို ပွတ်သည်။ ထို့နောက် ညင်သာစွာဖြင့် ကုပ်ခြစ်လိုက်ကာ ခပ်တိုးတိုး ပြောသည်။

“မင်းက ဘယ်ဘက်က တစ်ယောက်ကို ကိုင်တွယ်၊ ငါက ညာဘက်က တစ်ယောက်ကို တိုက်ခိုက်မယ်”

“ကောင်းပြီ”

ဟာလီ၏မျက်လုံးက မှေးကျင်းသွားပြီး ခေါင်းညိတ်ကာ ဟောင်သည်။

ထိုတံတားလေးက အလွန်ရှည်သည်။ ဆေးကုန်သည်များက တစ်ယောက်ချင်းစီ လျှောက်နေရ၏။ ဒါက ရွှေရောင် အခွင့်အရေးကြီးဖြစ်သည်။ ထိုတံတားပေါ်တွင် ထိုအဖွဲ့က ပြန်လည်မတိုက်ခိုက်နိုင်ပေ။

နောက်ဆုံးတွင်လည်း လူနှစ်ယောက်သာ ရှိသည်။

ထိုကလေးနှစ်ယောက်ကို ပြန်ကယ်ဆယ်ပြီး ထိုအမျိုးသမီးနှစ်ယောက် တစ်ဖက်သို့ ခြေမချနိုင်ခင် လုပ်ဆောင်နိုင်သမျှ ထိုဆေးကုန်သည်အဖွဲ့များက သူတို့၏ ဓားစာခံများကို မထိန်းသိမ်းထားနိုင်တော့ချေ။ ထို့အပြင် ဓားစာခံများ မရှိတော့သောအခါ သူတို့ကို အသက်အန္တရာယ် ဂရုစိုက်စရာ မလိုအပ်ပဲ တိုက်ရိုက် ပစ်ခတ်တိုက်ခိုက်နိုင်သည်။

“ကြိုးစားရအောင်”

ဆုပိုင်က အော်သည်။ ထို့နောက် မြေပြင်မှ တဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး အရှေ့သို့ ရုတ်ချည်း ခုန်ပြေးထွက်လိုက်သည်။

++++++

All Chapters