← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အပိုင်း(၇၀)

ဆုပိုင်၏ အရှိန်က အလွန်အမင်း မြန်ဆန်သွားပြီး မြစ်ထံ တိုက်ရိုက်ခုန်ထွက်လိုက်သည်။

“ဟာလီ”

ဟောင်သံတစ်ချက်နှင့် တုန့်ပြန်လာသောအခါ ဟာလီ သူက၏ခြေထောက်ကို မြေပြင်မှ ခုန်ထွက်လိုက်ပြီး သူတို့ကို ရှာတွေ့သွားသည့် ဆေးကုန်သည်တစ်ယောက်ထံ ခုန်အုပ်လိုက်သည်။

“အို့”

သူ၏အဖော်က မြေပြင်သို့ ဆွဲချခံကြောင်း မြင်ရသောအခါ အခြားသော သူတစ်ယောက်ကလည်း သူ၏လှံကို မြှောက်လျက် ဆုပိုင်ကို ထိုးသွင်းရန် ကြံစည်သည်။ သူ၏လက်တွင်လည်း အားအပြည့် ထည့်ထားပြီးသား ဖြစ်သည်။ အနောက်ဘက်မှ ကျယ်လောင်သော ဟိန်းသံလိုလို ဟောင်သံနှင့်အတူ လည်ပင်းက နာကျင်မှုကို ခံစားရသည်။

“အား”

ကျယ်လောင်သော အော်သံက ထွက်ပေါ်လာသည်။ ဟာလီက သူ၏လည်ပင်းမှ အသားတစ်တုံးကို ကောက်ဆွဲလိုက်ပြီး နောက်သို့လှည့်ကာ ထိုလူ၏ လက်ကောက်ဝတ်ကို ကိုက်ဆွဲသည်။

ခရက်

သွေးများက ပန်းထုတ်လာပြီး လှံက ပြုတ်ကျသွားသည်။

ဘန်း

ဆုပိုင်က လက်သီးကို မြှောက်ပြီး သူ့အောက်မှလူ၏ပါးကို ခပ်ကြမ်းကြမ်း ထိုးနှက်သည်။

ထိုလူက လက်ကောက်ဝတ်တွင် အားအများကြီး ထုတ်သုံးထားလျက် ဆုပိုင်ကို ပြန်လည် ထိုးချလိုက်သည်။ ထို့နောက် လှံကို ခပ်မြန်မြန် ကောက်ကိုင်ပြန်သည်။

ဒိုင်း

သေနတ်သံက ထွက်ပေါ်လာသည်။ ဆုပိုင်က ခြောက်ခြားသွားပြီး သူ၏နားနားကပ်လျက် လေပြင်းက ဖြတ်တိုက်လာကြောင်း ခံစားလိုက်ရသည်။ ထိုနားကပင် ပူလောင်သွားသေးသည်။

ဟာလီ

သူက ကြောက်လန့်မှု အပြည့်ဖြင့် အော်သည်။

ထိုသို့အရေးကြီးသော အခိုက်အတံ့တွင် ဟာလီကသာ ခုန်ထွက်လာပြီး သူ့အား ဘေးသို့ ဆွဲမချလိုက်လျှင် ထိုကျည်ဆန်က သူ၏ခေါင်းတည့်တည့် ဖောက်ထွက်သွားလောက်သည်။

ဟာလီက ရူးသွားသလို ဖြစ်သွားသည်။ သူက သူ့အောက်ဘက်မှ ထိုဆေးကုန်သည်ကို ခပ်ကြမ်းကြမ်း ကိုက်ခဲကာ ဆွဲဖြဲနေသည်။ အသွေးအသားများက ပန်းထွက်လာသည်။

“အား”

ထိုလူက စူးရှစွာ အော်သည်။

“မြန်မြန် “

ဆုပိုင်က အော်လိုက်ပြီး ကလေးနှစ်ယောက်လုံးကို လက်နှစ်ဖက်လုံးဖြင့် ကောက်ပွေ့လျက် သစ်ပင်နောက်သို့ ခပ်မြန်မြန် ပြေးသွားသည်။

သူက တံတားပေါ်မှ လူများ အပြင်သို့ ခပ်မြန်မြန် ခြေချလိုက်မည့်အချိန်ကို စိုးရိမ်နေရသည်။ ထိုသို့ ခြေချသည်နှင့် သူတို့က လှမ်း၍ ပစ်ခတ်နိုင်မည် ဖြစ်သည်။ တံတားသာ ခြားနေသော်လည်း ဟာလီနှင့် သူက လက်ရှိပစ်မှတ်များ ဖြစ်နေသေးသည်။

“ဝုတ်”

ဟာလီက တစ်ကိုက်ကိုက်ပြီးနောက် ဆုပိုင်၏ နောက်မှလိုက်လာသည်။

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း

သေနတ်သံက ဆက်တိုက် ကပ်ပါလာသည်။ ဆုပိုင်က ကလေးနှစ်ယောက်ကို အောက်သို့ ခပ်မြန်မြန် ပစ်ချလိုက်ပြီး နောက်ဘက်သို့ ပြန်လှည့်လာသည်။

“ဟာလီ”

သူက ဟာလီကို ကြည့်ပြီး အော်သည်။

“မြန်မြန်”

“ဝုတ်”

ထိုအခိုက်တွင် ဟာလီက နာကျင်မှု အပြည့်ဖြင့် အော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ သွေးမြူများ ပန်းထွက်လာ၏။ ဆုပိုင်၏ မျက်လုံးကပင် ပြူးထွက်သွားသည်။

“မဟုတ်ဘူး”

“ဟာလီ”

ဆုပိုင်၏ မျက်လုံးက နီရဲသွားသည်။ သူက ခုန်ထွက်လိုက်ရင်း မြေပြင်တွင် လှဲနေသည့် ဟာလီကို ဖက်ကာ ခပ်မြန်မြန် နောက်ဆုတ်သည်။

“ဟာလီ ဘယ်နေရာကို ဒဏ်ရာရသွားတာလဲ ဘယ်နေရာကို ဒဏ်ရာရသွားတာလဲ”

“ဝုတ် ဝုတ်”

70 02

ဟာလီ၏ ခန္ဓာကိုယ်ကို လှည့်ကြည့်သောအခါ ဝမ်းဗိုက်နားတွင် သွေးများ စိမ့်ထွက်နေသည့် ကျည်ဆန်ရာတစ်ခုကို တွေ့ရသည်။ သူ၏စိတ်ကပင် ဗလာဖြစ်သွားသည်။

ဘယ်လိုဖြစ်ပြီးတော့လဲ

ဒီနေ့က ဟာလီ သူ့နောက်ကို လိုက်လာသော ပထမဦးဆုံးနေ့လေ ဒါ ဒါကို ဘယ်လိုဖြစ်ပြီးတော့လဲ။

ဒါတွေအားလုံးက သူ့အမှားပါ ဒါတွေအားလုံးက သူ့အမှားပဲ။

“ဟာလီ ထိန်းထားဦး ထိန်းထားဦးနော်”

ဆုပိုင်က သူ၏ပါးကို ဟာလီ၏ခေါင်းနှင့် ဖိထားသည်။ သူ၏မျက်နှာတွင် မျက်ရည်များ ပြည့်နှက်လာ၏။ သူက လေသံတိုးတိုးနှင့် နှစ်သိမ့်ပေးသည်။

“အဆင်ပြေသွားမှာပါ သိပ်မကြာခင် စစ်သားတွေ ရောက်လာလိမ့်မယ်။ သူတို့တွေ ရောက်လာတာနဲ့ မင်းတို့ကို ကယ်တင်လို့ရပြီ”

ဆုပိုင်က အခြေခံအဆင့် တိရိစ္ဆာန်ကုသရေး ဖန်ရှင်တွင် ကျွမ်းကျင်သော်လည်း ဒီနေရာ မည်သည့်ပစ္စည်းမှ မရှိသည့် နေရာမျိုး ဖြစ်နေသည်။ ထို့ကြောင့် ဟာလီအပေါ် ခွဲစိပ်ပေးရန် မသင့်လျော်ပေ။ ပို၍ဆိုးသည်မှာ ကျည်ဆန်က ကိုယ်တွင်း အင်္ဂါထဲသို့သာ ဝင်သွားခဲ့လျှင် သူ့ကို ကယ်ရန် မဖြစ်နိုင်တော့ပေ။

ဟာလီက လျှာကို ထုတ်လျက် ဆုပိုင်၏လက်ဝါးကို ယက်လျက် သူ့အား မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေသည်မှာ သူ၏ပုံရိပ်ကို စိတ်ထဲ စွဲမြဲထားချင်ပုံပေါ်သည်။

သူတို့က နှင်းတောထဲတွင် စွပ်ဖားလှည်းကို အတူစီးခဲ့သည့် ဖြစ်ရပ်ကို တွေးမိသောအခါ ဟာလီ၏နှုတ်ခမ်းများက ကော့တက်သွားသည်။ ထို့နောက် မျက်လုံးက လန်တက်သွားပြီး မေ့မြောသွားသည်။

“ဟာလီ”

“တစ်ယောက်ယောက် မရှိဘူးလား”

ဆုပိုင်က ဟာလီ၏ကိုယ်ကို ဖက်ပြီး အဝေးသို့ အသားကုန်လှမ်းအော်သည်။

“ဒါရိုက်တာ ဆုပိုင် အဲ့ဒီမှာပဲ”

အော်သံတစ်ချက်နှင့် လူများက အပြေးအလွှားလာသည်။

လူတိုင်းက မြစ်နားသို့ ရောက်လာသောအခါ သွေးများ စိုရွှဲနေသည့် ခွေးတစ်ကောင်ကို ဖက်ထားသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

“ဟာလီ ထိန်းထားနော် သူတို့လာနေပြီ”

“တိရိစ္ဆာန်ရုံက ကောင်းကင်အပန်းဖြေစခန်းကိုတောင် မဆောက်ရသေးဘူး။ မင်းက ထွက်သွားလို့ မရဘူးလေ”

“ဟာလီ တိရိစ္ဆာန်မှာ မိတ်ဆွေ အများကြီး ရှိတယ်။ သူတို့အားလုံး အဲ့ဒီမှာစောင့်နေတာ”

လီရှင်းကလည်း မြစ်နားတွင် လဲနေသည့် ဆေးကုန်သည်နှစ်ယောက်၏ ဆိုးရွားသော ပုံပန်းသွင်ပြင်ကို ကြည့်သည်။ ထို့နောက် ကမ်းစပ်တွင် ပြည့်နေသည့် ကျည်ဆန်အခွံ့များကို ကြည့်သည်။ ထို့နောက် ဆုပိုင်၏ရင်ထဲမှ ခွေးကို ကြောက်ရွံ့ရိုသေစွာ ကြည့်လိုက်သည်။

“ဒါက _ _ _ “

“ဒီခွေးတစ်ကောင်တည်းက ဆေးကုန်သည် တစ်အုပ်က ကလေးနှစ်ယောက်ကို ကယ်တင်လိုက်တာလား”

လူတိုင်းက ဆုပိုင်၏ပုံစံကို ကြည့်ပြီး သူ၏စကားများကို နားထောင်လျက် သူတို့၏နှလုံးသားကို အပ်များဖြင့် ထိုးနေသလို ခံစားလိုက်ရသည်။ အမျိုးသမီး စစ်သားပေါင်းများစွာဆိုလျှင် မျက်ရည်များပင် သုတ်နေကြပြီ ဖြစ်သည်။

“မြန်မြန်”

ဆုပိုင်က ဟာလီ၏ကိုယ်ကို ဖက်ပြီး မြေပြင်မှ ထရပ်သည်။ သူက လီရှင်း၏အနားသို့ ပြေးသွားကာ အော်သည်။

“မြို့တော်ကို အမြန်ဆုံးသွားနိုင်မဲ့ နည်းလမ်း မရှိဘူးလား။ ငါ ခွဲစိပ်ခန်းလိုတယ်”

“ဟာလီက ဒီအတိုင်းဆိုရင် လမ်းမှာတင် သေသွားလိမ့်မယ်”

70 03

သူ၏အရှေ့မှ မျက်လုံးများ နီရဲနေသည့် လူငယ်ကို မြင်သောအခါ လီရှင်းကလည်း ခက်ခက်ခဲခဲဖြင့် တံတွေးများကို မြိုချလိုက်သည်။ ထို့‌နောက် ချက်ချင်း အလေးပြုကာ ပြောသည်။

“ကောင်းပါပြီ ငါတို့အခုပဲ အထက်က လူတွေကို ဆက်သွယ်လိုက်မယ်။ သူတို့ကို ဟယ်လီကော်ပတာ လွှတ်ခိုင်းလိမ့်မယ်”

“တောင့်ထားပါဦး”

“မြန်မြန်”

“သွေးတိတ်ဆေး ပါတဲ့သူတွေ ကျေးဇူးပြုပြီး ထုတ်ပေးပါ”

ထိုသို့ဖြင့် စစ်သားတိုင်းက သူတို့၏အိတ်ထဲတွင် ပါသော သွေးတိတ်ဆေးတိုင်းကို ထုတ်ပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့ ဒါက ငါတို့ရဲ့ သူရဲကောင်းပဲ။ ဘယ်လိုနည်းလမ်းကို သုံးရသုံးရ၊ ဘယ်လောက်ပဲ ကုန်ကျ ကုန်ကျ သူ့ကို ဘာမှ မဖြစ်စေရဘူး”

“မစိုးရိမ် ငါ ဂျေဒီဒါရိုက်တာရဲ့ နာမည်နဲ့ ကျိန်ဆိုရဲပါတယ်”

“ဟုတ်တယ် ငါ ဒီဆေးကုန်သွယ်သမားတွေကိုလည်း တရားဥပဒေအရ မျှမျှတတ ကိုင်တွယ်ဖြေရှင်းပေးမှာပါ”

…..

နန်တုစစ်တပ် ဆေးတက္ကသိုလ်

“မြန်မြန်”

ထိုအချိန်တွင် အရေးပေါ်အခန်းထဲတွင် စာရင်းသွင်းရန် စောင့်ဆိုင်းနေသော လူတိုင်းက ဆေးရုံ၏အရှေ့တွင် သိပ်သည်းစွာ ရပ်နေသော ယာဉ်များကို အံ့အားတကြီး ပြောသည်။

“ဘာတွေ ဖြစ်နေတာလဲ”

“ငါ မသိဘူး။ ဘယ်ပုဂ္ဂိုလ်ကြီး ရောက်လာလို့လဲ။ ဘာလို့ စစ်သားတွေ အများကြီးကို လွှတ်လိုက်တာလဲ။ ဆေးရုံကတောင် အပိတ်ခံရမှာကို စိုးရိမ်ရသေးတယ်”

“လုပ်ဦး လုပ်ဦး ကြည့်ဦး ကြည့်ဦး ဘာတွေ ဖြစ်နေတာလဲ”

ထိုသို့ဖြင့် ခပ်မြန်မြန် ပြေးဝင်လာကြသော စစ်သားပေါင်းများစွာ ဒုတိယထပ်သို့ အပြေးတက်သွားသည်။

ဘန်း

သူက ဆေးရုံ၏အရေးပေါ်ဌာနမှ တံခါးကို ဆောင့်တွန်းဖွင့်လိုက်သည်။

ထို့နောက် ကြီးမားသော စားပွဲကြီးကို ဖြောင်းကနဲ ရိုက်ကာ ခပ်မြန်မြန်ပြောသည်။

“ဒါက အထက်ကလာတဲ့ အမြင့်ဆုံး အမိန့်ပဲ။ အခုချက်ချင်း အကောင်းဆုံး ခွဲစိပ်ခန်းကို ပြင်ဆင်။ ရောက်လာမယ့် လူနာက သုံးမိနစ်နေရင် ဒီနေရာကို ချက်ချင်းရောက်လာလိမ့်မယ်။ ဟယ်လီကော်ပရာက တိုက်ရိုက်ဆင်းသက်လာမယ်။ ဟော်လီကော်ပရာက အရေးပေါ်အဆောင်ရှေ့ကို တိုက်ရိုက်ဆင်းသက်လာလိမ့်မယ်”

“အကောင်းဆုံး သူနာပြုတွေကို အသင့်စောင့်ခိုင်းထား”

“အရေးပေါ်ကုတင်ကိုလည်း ချက်ချင်းပြင်။ လူနာကို လက်ခံကြိုဆိုဖို့ အားလုံးကို အသင့်ပြင်ဆင်ထားစေချင်တယ်”

“ချက်ချင်းလုပ်ကြ ချက်ချင်းထလုပ်ကြ”

စားပွဲတွင် ထိုင်နေသော ဆရာဝန်တစ်အုပ်က အရှေ့မှအခြေအနေကို စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။ ထို့နောက် ထိုစစ်သားက ခေါင်းကို ငုံ့ပြီး စားပွဲပေါ်သို့ ရွှေ့ပြောင်းအမိန့်တစ်ခုကို ထုတ်ပေးသည်။ ထို့နောက် အားလုံး၏မျက်လုံးက ပြူးကျယ်သွားသည်။ အမိန့်က နန်တုစစ်နယ်မြေမှ အမြင့်ဆုံး ဗိုလ်ချုပ်၏ တံဆိပ်ဖြစ်သည်။ ထိုလူက ထုတ်လိုက်သော အမိန့်လည်း ဖြစ်နိုင်သည်။

“ကောင်းပါပြီ”

“မြန်မြန် အားလုံးပဲ ခပ်မြန်မြန် လှုပ်ရှားကြ မြန်မြန် ”

“နံပါတ်သုံးအဖွဲ့ကို ချက်ချင်းထွက်ခိုင်း အရေးပေါ်အခန်း အရှေ့မှာ အသင့်စောင့်နေ။ လူနာကို လက်ခံကြိုဆိုဖို့လည်း အသင့်ပြင်ထား။ နောက်ပြီး အထူးလမ်းကြောင်းကနေ လူနာကို ဒုတိယထပ်က အရေးပေါ်ခွဲခန်းထဲကို တိုက်ရိုက်ခေါ်သွင်းလာခဲ့”

ရုတ်တရက် ရုံးခန်းတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားပြီး အလုပ်များသွားကြသည်။ ဆရာဝန်များကလည်း ချက်ချင်းလိုလို လှုပ်ရှားကြသည်။

သူတို့က ယခုလို အရေးပေါ် အခြေအနေမျိုးကို ကိုင်တွယ်ရသည့် အခြေအနေက နည်းပါးသည်။ ထိုသို့ ကိုင်တွယ်ရလျှင် ထို့အပြင် တစ်ဖက်သူကို ဟယ်လီကော်ပရာဖြင့် တိုက်ရိုက်စေလွှတ်ခြင်းဆိုလျှင် ဖြစ်နိုင်ခြင်း နှစ်ခုဖြစ်နိုင်သည်။ တစ်ခုကမူ ထိုလူဟာ လူအများ အသိခံ၍ မဖြစ်နိုင်လောက်အောင် အဆင့်အတန်းမြင့်မားလွန်းသည့် ရာထူးမြင့်မားလွန်းသော ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်နိုင်သည်။ သို့မဟုတ်လျှင်လည်း တိုက်ပွဲနယ်မြေတွင် အကျိုးပြုမူ အများကြီး လုပ်ပေးနိုင်သည့် စစ်သားဖြစ်နိုင်သည်။

သို့ရာတွင် လူနာ၏နောက်ခံကိုမူ ရွေ့ပြောင်းအမိန့်စာတွင် ရေးသားထားခြင်း မရှိချေ။

ထို့ကြောင့် လူတိုင်း၏စိတ်အတွင်း အတွေးတစ်ခုက ဝင်လာသည်။

“သူက ဘယ်သူလဲ”

++++++

အပိုင်း (71)

ဘုန်း။

ဟယ်လီကော်ပတာ၏ လည်နေသော ပန်ကာက တဖြည်းဖြည်းခြင်း ရပ်တန့်သွားပြီးနောက် ဆေးရုံ၏ အရေးပေါ်ဆောင်အရှေ့တွင် ရပ်နေကြသော လူအုပ်က များပြားသထက် များပြားနေပြီဖြစ်သည်။

သူတို့အားလုံးက မျက်လုံးကို ပြူးကျယ်စွာ ဖွင့်လျက် ဟယ်လီကော်ပတာပေါ်မှ ဆင်းသက်လာမည့်လူကို သိချင်နေကြသည်။

“လူနာက ဘယ်မှာလဲ”

“မြန်မြန်”

သူနာပြုပေါင်းများစွာက အရေးပေါ်ကုတင်ကို ခပ်မြန်မြန် တွန်းလာပြီး လေယာဥ်တံခါးဖွင့်မည့်အချိန်ကို စောင့်နေသည်။

သိပ်မကြာခင်အချိန်တွင် မျက်နှာတွင် မျက်ရည်များရွှဲနေသည့် လူငယ်တစ်ယောက်က လက်ထဲတွင် ထူးဆန်းသော သတ္တဝါတစ်ကောင်ကို သယ်လျက် ခုန်ဆင်းလာသည်။

သူနာပြုတစ်အုပ်၏ စိတ်ရှုပ်ထွေးနေသော အကြည့်များအောက်တွင် စုပိုင်က ဟာလီအား အရေးပေါ်ကုတင်သို့ ညင်သာစွာ တင်လိုက်သည်။

“ဒါက လူနာလား”

သူနာပြုခေါင်းဆောင်က စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်သည်။

“မြန်မြန်”

“အရေးပေါ်ခွဲစိတ်ခန်းကို အမြန်ဆုံး မပို့သေးဘူးလား၊ မြန်မြန်လုပ်ကြလေ”

လီရှင်းက ဟယ်လီကော်ပတာပေါ်မှ ခုန်ချလာသည့်အချိန်တွင် လှုပ်ရှားမှုမရှိဘဲ ကြောင်ကာ ရပ်နေကြသည့် သူနာပြုများကို မြင်လိုက်သဖြင့် အော်ဟစ်လိုက်သည်။

“ကောင်းပါပြီ ကောင်းပါပြီ”

စစ်ယူနီဖောင်းနှင့် လီရှင်းကို မြင်သောအခါ သူနာပြုများက ထိုအရေးပေါ်ကုတင်ကို ဒုတိယထပ်ရှိ အရေးပေါ်အခန်းသို့ ခပ်မြန်မြန် တွန်းသွားလိုက်ကြသည်။

“ဒါက ဘာလဲ”

“ဒီလိုမျိုးလာပို့တယ်ဆိုတော့ တိုက်ပွဲကြီးဖြစ်ခဲ့တာကြောင့် ဖြစ်နေသင့်တာမဟုတ်လား”

“ဟုတ်သားပဲ ဘာလို့ ဒါက စက်ရုပ်ခွေးနဲ့တူတယ်လို့ ခံစားနေရတာလဲ၊ သရုပ်ပြတာလား”

“ဖြစ်နိုင်ပါ့မလား၊ တိုက်ပွဲကြီး ဖြစ်ခဲ့မှပဲ ဒီလိုအခြေအနေမျိုးနဲ့ ရောက်လာသင့်တာလေ၊ နောက်ပြီး တိုက်ပွဲက အယောင်ပြ ဖြစ်သင့်လို့လား၊ ဒီလိုဆိုရင် လူပေါင်းများစွာရဲ့ အသက်အန္တရာယ်က နှောင့်နှေးသွားတော့မှာလေ”

“ဆေးရုံကိုလာပြီး ရှုပ်နေတာပဲ၊ သောက်ကျိုးနည်း ဒါက ဘာလဲ”

.....။

အရေးပေါ်ကုတင်ကို ခပ်မြန်မြန် တွန်းသွားကြောင်း မြင်သောအခါ ဘေးဘက်တွင် စောင့်ကြည့်နေသော လူတိုင်းက ဒေါသတကြီး အထွန့်တက်ကြသည်။

ဒုတိယထပ်သို့ လိုက်သွားသော စုပိုင်၏ ပုံရိပ်ကို မြင်မှသာ လီရှင်းက စိတ်အေးသလို သက်ပြင်းချသည်။

ကြည့်ရသည်မှာ တရုတ်စစ်တပ်က စုပိုင်ကို သူထင်ထားသည်ထက် အများကြီး လေးစားပုံပေါ်သည်။ ပို၍ဆိုးသည်မှာ ဟာလီအမည်ရသော ထိုအကောင်၏ တိုက်ခိုက်နိုင်စွမ်းရည်ကိုလည်း သူက အမှန်တကယ် နားလည်လိုက်သည်။

အင်အားကြီးလွန်းတယ်လို့ပဲ ပြောရတော့မယ်။

သူက အရမ်းကို ကြောက်မက်ဖွယ်ကောင်းရုံတင် မကသေးဘဲ ဉာဏ်လည်း တအားကောင်းတယ်။ အရေးအကြီးဆုံး ကိစ္စက....အရမ်းသစ္စာရှိတာပဲ။ စုပိုင်က ဘယ်လိုအမိန့်ကိုပေးပေး ဟာလီက ပြီးမြောက်အောက်လုပ်တယ်။

သူတို့၏ အသင်းတွင် ထိုကဲ့သို့သော ရဲခွေးများသာ ရှိမည်ဆိုလျှင် ထို့နောက်....သူတို့၏ နန်တုဂျေဒီရဲစခန်းတစ်ခုလုံး၏ သေဆုံးနှုန်းက အနိမ့်ဆုံးအထိ ထိုးကျသွားနိုင်သည်။

“ဟူး”

အသက်ပြင်းပြင်းရှူပြီးနောက် လီရှင်းက ဖုန်းကို ခပ်မြန်မြန်ကိုင်ပြီး ဒီနေ့အခြေအနေများကို အထက်ရှိလူများထံ သတင်းပို့လိုက်သည်။

စစ်တပ်ဘက်ကသာ စုပိုင်၏ အခြေအနေကို အထူးတလည် အာရုံစိုက်နေကြခြင်း မဟုတ်ချေ။ အသစ်စက်စက် တည်ထောင်ထားသော တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဌာနကလည်း အထူးတလည် ဖုန်းခေါ်လာပြီး စုပိုင်အဆင်ပြေခြင်း ရှိမရှိ ထိုစစ်ဆေးရုံက ထိုကယ်ဆယ်ပြီးခါစ ခွေးကြီးကို ကုသနိုင်စွမ်းရည်ရှိမရှိ မေးမြန်းသေးသည်။

ဆိုလိုသည်မှာ တရုတ်တစ်ပြည်လုံးက ထိုတိရိစ္ဆာန်ကယ်ဆယ်ရေးကို အဓိက အဖြစ်အပျက်ကြီးတစ်ခုအဖြစ် သတ်မှတ်လက်ခံထားကြသည်။

“ဖေး ဒီစစ်သားတွေအားလုံးကို ငါ လူကောင်းတွေလို့ ထင်နေတာ၊ မမျှော်လင့်ထားဘဲ.....”

“စက်ရုပ်ခွေးတစ်ကောင်အတွက်နဲ့ ငါတို့က ဒီလောက်အကြာကြီး စောင့်နေရတာလား”

“အိုး ဆရာဝန်ပြဖို့တောင် ဒီလောက်ခက်တာ၊ ဒီလို အခွင့်ထူးခံ လူတွေက ရှိနေသေးတယ်”

ဖုန်းချပြီးသည့်အချိန်တွင် ဘေးဘက်ခြမ်းရှိ လူအုပ်ထံမှလာသော စကားသံများကြောင့် လီရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသည်။ ထို့နောက် ထိုလူများနားသို့ တဖြည်းဖြည်းချင်း လျှောက််သွားသည်။

“အားလုံးပဲ တိတ်ကြ”

သူက လက်ကို ဆန့်ထုတ်ပြီး အော်ဟစ်လိုက်သည်။ ထို့ကြောင့် စံချိန်မီ စစ်အလေးပြုသည့် ပုံစံမျိုးနှင့် လူတိုင်းကို တစ်ချက်ကြည့်ကာ အလေးပြုလိုက်သည်။

နှစ်ဖက်လုံးရှိ လူတိုင်းက သူ၏တင်းမာသော မျက်နှာထားကို မြင်သောအခါ အော်ဆဲသံများကို ရပ်တန့်လိုက်ကြသည်။

“ငါက လီရှင်းပဲ၊ နန်တုဂျေဒီရုံးတော်ရဲ့ ဒါရိုက်တာ”

“ဒီနေ့အဖြစ်အပျက်အတွက် မင်းတို့မှာ တခြားထင်မြင်ချက်တွေ ရှိမယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ငါပြောတာကို အရင်နားထောင်ကြ”

လီရှင်းက စကားကိုရပ်သည်။ သူ၏မျက်နှာတွင် ခါးသည်းသော အနေအထားမျိုး ဖြစ်လာသည်။ သူက လေသံတိုးတိုးဖြင့် ပြောသည်။

“ဂျေဒီရဲတွေက ရဲအမျိုးအစားတွေထဲမှာ သေဆုံးနှုန်း အမြင့်ဆုံး၊ မနှစ်ကဆိုရင် ငါတို့ နန်တုဘက်က စစ်သည် ၆၇၅ယောက် သေသွားတယ်”

“ဒီနှစ်မှာဆိုရင် အပြီးသတ် မဆုံးဖြတ်နိုင်သေးပေမဲ့ အခုအချိန်ထိ ၃၂၀အထိ သေဆုံးနေပြီ”

“နောက်ပြီး ဒီနေ့မှာ .... ငါတို့က ဒီလိုနည်းလမ်းကိုသုံးပြီး ဆေးရုံကို ဒီခွေးကို လာပို့ရတဲ့ အကြောင်းပြချက်က ငါတို့ နန်တုဂျေဒီရဲတွေရဲ့ မျှော်လင့်ချက်ဖြစ်နေလို့ပဲ”

“ဒီနေ့ ဒီစွပ်ဖားလှည်းဆွဲတဲ့ခွေး ဟာလီလို့ ခေါ်တဲ့ကောင်က ဆေးကုန်သွယ်သူ၂ယောက်ကို အမဲလိုက်နိုင်ရုံတင် မကသေးဘဲ လူဆယ်ယောက်ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်၊ ဒါက ဓားစာခံတွေနော်”

“နောက်ပြီး နောက်ဆုံးကျန်တဲ့ ကလေးနှစ်ယောက်ကို ကယ်ဖို့အတွက် သူ့ရဲ့အသက်ကို ရင်းလို့ အခုလို အသက်ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်သွားခဲ့တာ”

လူတိုင်းက အနည်းငယ် စိတ်လှုပ်ရှားလာပုံပေါ်သည့် လီရှင်းကိုကြည့်ပြီး တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံးက နန်တုမှ ဖြစ်သည်။ ထို့ကြောင့်နန်တု၏ အခြေအနေကို အကောင်းဆုံး နားလည်သည်။ ဒီပီက နန်တုတွင် အဖြစ်များဆုံး ရာဇဝတ်မှုဖြစ်သည်။

တောင်ပိုင်းတစ်ပြည်လုံးသည် ဖျက်ဆီးခံရသည့် မိသားစု မည်မျှများကြောင်းပင် မသိနိုင်ပေ။ ပြိုလဲသွားသော လျိုမိသားစုမှ ဇနီးနှင့် ကလေးများကလည်း ဒီပီကြောင့်သာ ပြိုကွဲသွားရခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် ထိုစကားကို ကြားသောအခါ လူတိုင်းက ကြောက်ရွံ့ရိုသေသလို ခံစားလိုက်ရသည်။ ဆေးကုန်သည်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရဲသော လူတိုင်းက သူတို့ တောင်ပိုင်းမြို့တော်တစ်ခုလုံး၏ သူရဲကောင်းများ ဖြစ်သည်။

“တိရစ္ဆာန်တွေကို ပြန်လည်ကယ်တင်နိုက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မင်းတို့တွေ ကြားထားမယ်လို့ ငါယုံတယ်၊ နောက်ပြီး ဒီနေ့ ထွက်ပေါ်လာတဲ့ အဲဒီစွပ်ဖားလှည်းဆွဲတဲ့ ခွေးက ပထမဦးဆုံး ကယ်ဆယ်နိုင်ခဲ့တဲ့ ခွေးပဲ”

“တကယ်လို့ ငါတို့ရဲ့ နန်တုဂျေဒီရဲတွေဆီမှာသာ ဒီလိုရဲခွေးအမျိုးအစား ရှိနေမယ်ဆိုရင် ငါတို့ရဲ့ ဆုံးရှုံးမှုနှုန်းက အရင်နှစ်တွေနဲ့ယှဥ်ရင် ဆယ်ပုံတစ်ပုံတောင် မရှိလောက်တော့ဘူး”

“ငါပြောမယ်၊ ငါတို့ ဂျေဒီရဲတွေကလည်း လူသားတွေပါပဲ၊ ငါတို့မှာလည်း မိသားစုတွေရှိတယ်၊ ကလေးတွေရှိတယ်၊ ဒါပေမဲ့ ငါတို့က နန်တုအတွက် ငါတို့ရဲ့ နန်တုကို ဒီပီတွေ ကျူးကျော်လာတဲ့အချိန်မှာ ရှေ့တန်းကနေ ရပ်တည်ပြီး ကိုင်တွယ် ကာကွယ်ပေးလိုစိတ် ရှိခဲ့တယ်၊ ဒါကြောင့် ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ဆေးကုန်သွယ်သူတွေကို ရင်ဆိုင်ရတဲ့အခါ ငါတို့က ကိုယ့်ကိုယ်ကိုယ် စတေးရဲရဲ ကြတာ၊ ဒါပေမဲ့.....”

သူက စကားကို ထိုသို့ ရပ်လိုက်သည်။ လီရှင်း၏ နှာခေါင်းကပင် အနည်းငယ် ယားယံလာ၏။ သူက နှစ်တိုင်းလိုလို သူ၏ ရဲဘော်ရဲဘက်များကို လိုက်ပါပို့ဆောင်ရသည့် အချိန်တိုင်းလိုလို သူ၏ ရဲဘော်ရဲဘက်များ၏ နေရာများက လွတ်လပ်သွားသော အချိန်တိုင်းလိုလို သူ၏ရင်က လေးလံခဲ့ရသည်။

အကြောင်းမူကား ဒီနေ့ ရှိနေသော ထိုရဲဘော်များက နောင်နှစ်တွင် ရှိနိုင်ပါမည်လောဟု မသေချာပေ။

“ကောင်းပြီ ဒေါက်တာလီ၊ ဒါက ငါတို့ရဲ့ အမှားပါ၊ ဒီလိုဖြစ်နေမယ်လို့ ငါတို့ မထင်ထားမိဘူး၊ ဆေးကုန်သည်တွေကြောင့်သာ ဒဏ်ရာရထားခဲ့တာဆိုရင် ဟယ်လီကော်ပတာမပြောနဲ့ ငါတို့အားလုံး လမ်းကနေ ပြေးကြိုရမယ်ဆိုရင်တောင်မှ ကိစ္စမရှိပါဘူး”

“ဟုတ်တယ် ဟုတ်တယ်၊ ငါက အသုံးမကျတဲ့ကောင်ပါ၊ တကယ်ကိုပဲ၊ ငါ့ရဲ့မိသားစုကလည်း ဒီပီကြောင့် ပျက်စီးခဲ့ဖူးပါတယ်”

“ဒေါက်တာလီ ဒီဟာလီလို့ခေါ်တဲ့ခွေးက တကယ်ကို ခွေးကောင်းပါပဲ၊ ငါတို့ နန်တုရဲ့ သူရဲကောင်းပဲ “

“တွေးကြည့်စမ်းပါ ဟေ့ကောင်တို့၊ ဂျေဒီရဲတွေကလည်း လူသားတွေပဲလေ၊ ငါတို့လိုပေါ့ သူတို့မှာလည်း မိသားစုတွေရှိတယ်၊ သူတို့ကို ညတိုင်း ထမင်းအတူစားဖို့ စောင့်နေကြမှာပဲ၊ တွေးကြည့်ကြစမ်းပါ”

“ဒီခွေးတစ်ခုခုဖြစ်လို့မရဘူး၊ ဒီလိုရဲခွေးမျိုးက အနာဂတ်မှာ အရေအတွက်အများကြီး ရှိလာခဲ့မယ်ဆိုရင် ဒီဆေးကုန်သည်တွေက ဘယ်လိုများ ထောင်လွှားနိုင်နေမှာလဲ”

ဦးဆောင်ပြောဆိုသောသူများကမူ တညီတညာတည်း ခေါင်းကိုငုံ့ထားလိုက်ကြသည်။ သူတို့က ရှက်လွန်းသဖြင့် ခေါင်းမဖော်ဝံ့ကြတော့ချေ။

ယခုလေးတင် ပြေးဆင်းလာခဲ့သည့် လူငယ်လေးနှင့် ထိုဟာလီဟု အမည်ရသော တိရိစ္ဆာန်လေးက လူပေါင်းများစွာကို ကယ်တင်ခဲ့မည်ဟု မထင်ထားမိချေ။ သို့သော် သူတို့က ထိုသို့ မေးခွန်းထုတ်ခဲ့ကြသည်။ သူတို့က လူသားပင် မဟုတ်လောက်ပေ။

“အဘိုးလီ မင်းဘာလုပ်တာလဲ”

ဖြန်း။

ထိုအဘိုးကြီးလီဆိုသူက သူ့ကိုယ်သူ ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်သည်။ သူ၏ မျက်နှာက နီရဲသွားသည်။

“ငါက အိုနေလို့ ကိုယ့်ပါးစပ်ကိုယ် မထိန်းလိုက်နိုင်ဘူး၊ ငါအခုပဲ ဒုတိယထပ်ကို ခပ်မြန်မြန် အပြေးသွားလိုက်ပြီး အဲဒီကောင်လေး အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ပြီးတဲ့အချိန်ကို စောင့်လို့ တောင်းပန်ပါ့မယ်”

“အဲဒီလိုမှမဟုတ်ရင် ငါဒီည အိပ်နိုင်တော့မှာမဟုတ်ဘူး၊ ငါတအားကို စိတ်မကောင်းဖြစ်နေပြီ”

“ငါတို့ရဲ့ နန်တုအတွက် ဒီလောက်အဖိုးတန်တဲ့ တိရိစ္ဆာန်က တစ်ကောင်တည်းရှိတာ၊ အခု သူ့ရဲ့အသက်က အန္တရာယ်ရှိနေတယ်၊ ငါတော်တော်လေးကို မသက်မသာ ခံစားနေရပြီ”

သူက ထိုသို့ပြောပြီး အဘိုးကြီးက ဒုတိယထပ်သို့ ခပ်မြန်မြန် အပြေးတက်သွားသည်။

“ဟူး”

သူ၏ရှေ့မှ အရေးပေါ်ဆောင်ထဲသို့ ပြေးဝင်သွားသည့် လူအုပ်ကို မြင်သောအခါ လီရှင်းက အသက်ပြင်းပြင်းရှူပြီး ဆေးရုံအဆောက်အအုံအရှေ့တွင်ရှိသည့် လွှင့်ထူထားသော တောက်ပလွန်းသည့် အနီရဲရဲ အလံကြီးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

ဒီကောင်လေး ဘာမှမဖြစ်ပါစေနဲ့။

မင်းအတွက်ကြောင့် ဒဏ်ရာရတဲ့သူအရေအတွက် လျော့နည်းသွားတယ်။ မင်းအတွက်ကြောင့်ပဲ ဒီအသိုင်းအဝိုင်းတစ်ခုလုံးက ကျန်းမာပြီး ဘဝကောင်းမွန်လာဖို့ပဲ ရှိတယ်။

++++++

အပိုင်း (72)

“ဟင်း”

တာ့ပိုင်က သူ၏ဖင်ကို ထောင်ရင်း ပန်တောင်ဥယျာဥ်ထဲတွင် လှဲနေသည်။ သူ၏ ကျဥ်းမြောင်းလွန်းသော မျက်လုံးလေးများက အမြဲတစေ အဝေးရှိ ဝက်ခြံသို့သာ ရောက်နေသည်။

သူက သစ်သားရုပ်လို စောင့်ကြပ်နေသော ပျားရည်ခွေးတူဝက်တူကို ကြည့်သည်။ ထို့နောက် တာ့ပိုင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။

ဟွန့် ဒီကောင်က အိုနေပြီ။ သူက ဝက်ခြံကို နေ့ရောညပါ စောင့်ကြပ်နေတာ၊ ဗိုက်မဆာဘူးလား။

မဟုတ်ဘူး ။ ငါဒီကောင်ကို ဆွပေးရမယ်။

ထိုအကြောင်းအရာကို တွေးမိပြီး တာ့ပိုင်က မြေပြင်ပေါ်ရှိ မျှစ်တစ်ချောင်းကို ကောက်ယူလိုက်ကာ ကိုက်ဝါးသည်။ ထို့နောက် ဝက်ခြံထဲ တဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

သူကသာ ပျားရည်ခွေးတူဝက်တူကို ထိုဝက်တစ်ကောင်အား သူ့ဘာသာသူ သတ်စေလိုက်မည်ဆိုလျှင် ပန်းခြံမှ ဒါရိုက်တာက သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးပေလိမ့်မည်။

ဂျွတ်။

သူက ဝက်ခြံနားသို့ ရောက်သောအခါ တာ့ပိုင်က မြေပြင်တွင် ထိုင်ချလိုက်သည်။ ထို့နောက် မျှစ်ကြီးကိုဖက်ရင်း ကိုက်စားသည်။ သူ၏ပါးစပ်ထဲတွင် တဂျွတ်ဂျွတ်အသံများက ဆက်တိုက်ထွက်ပေါ်နေသည်။ သူက ပျားရည်ခွေးတူဝက်တူကို ရန်စသလို ကြည့်နေသေးသည်။

ရှလွတ်။

သူက လျှာကြီးကို ထုတ်ပြီး ထိုမျှစ် လျက်ပြန်သည်။

အူးး မင်းဒီလောက်တောင် တောင့်ခံနိုင်တာလား။

“ဂွက် ဂွက် ဂွက်”

ပျားရည်ခွေးတူဝက်တူက မြေပြင်ပေါ် လှဲနေသည်။ သူက မျက်လုံးကျဥ်းလေးများကို အသားကုန်ပြူးထားရင်း အရိုက်ခံရန် လာစောင့်နေသောအကောင်ကို စောင့်ကြည့်လိုက်သည်။

ဟွန့် ခွေးသားရေလောင်းထားတဲ့အကောင်။

အမာရွတ်ကပျောက်သွားတော့ အနာကိုမေ့သွားပြီပေါ့။

ဒီအကောင်က ငါ့ကိုလာပြီး ရန်စနေတာပဲ။

ငါသာ တစ်နေ့လုံး ဗိုက်ဆာနေတာကြောင့်မဟုတ်ရင် ဒီကောင့်ကို ကောင်းကောင်းလေး သမပေးလိုက်ပြီ။

သူက ခေါင်းကို တစ်ချက်ပြန်လှည့်သွားလိုက်သည်။ ပျားရည်ခွေးတူဝက်တူက မျက်လုံးကို တဖြည်းဖြည်းချင်း ပြန်ပိတ်သွား၏။ သူက အရှေ့မှပန်ဒါကြီးကို ဂရုမစိုက်ချင်တော့ပေ။

ရှလွတ် ရှလွတ် ရှလွတ်။

တာ့ပိုင်က မြေကြီးကိုဖက်ပြီး သူ၏ဖင်ကို ထောင်လျက် အရှေ့သို့ ဒရွတ်တိုက် တရွေ့ရွေ့ လျှောက်လာသည်။ ထို့နောက် ဝက်ခြံ၏ တိုင်တစ်တိုင်ကို ကပ်မှီလိုက်ကာ ပျားရည်ခွေးတူဝက်တူ၏ ပုံစံကို ကြည့်သည်။ သူက မနေနိုင်ဘဲ ရယ်လိုက်မိသည်။ ထို့နောက် လျှာကြီးကို အသားကုန်တွန်းထုတ်၍ မြေကြီးကို လျက်ချလိုက်သည်။

ဟွန်း ဟွန်း ဟွန်း မင်းဗိုက်မဆာဘူးလို့ မယုံဘူး။

“ဟင် အွန့် အွန့် အွန့်”

ရုတ်တရက် တအွန့်အွန့်အသံများနှင့်အတူ ခြံစည်းရိုးက ဆူညံသွားသည်။ တာ့ပိုင်က မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။

“အူး အူး”

ဝက်ခေါင်း ဆယ်ခေါင်းကျော်က ရုတ်တရက် ထိုးထွက်လာသည်။

ဂျွတ် ဂျွတ် ဂျွန်။

စက္ကန့်အနည်းငယ်တည်းနှင့် ထိုဝက်များက တာ့ပိုင်၏ လက်မောင်းအတွင်းမှ မျှစ်ကို ခပ်ကြမ်းကြမ်း ကိုက်ဝါးသွားပြီး ဖုတ်ဖတ်ခါကာ ခပ်မြန်မြန် ထွက်ပြေးသွားကြသည်။

အား အား အား အား အား။

ငါတောင် မျှစ်ကို တစ်ကိုက်ပဲ ကိုက်ရသေးတာ။ နောက်ပြီး အချိန်အကြာကြီး လျက်နေတာကို ဒီဝက်တွေက စားသွားတယ်ပေါ့။

တာ့ပိုင်က အော်ဟစ်လိုက်ပြီး ထခုန်သည်။ သူ၏လက်သည်းက ချက်ချင်းအပေါ်ရောက်သွားလေပြီး သူက ဖင်ကိုမြှောက်ရင်း ကုန်းတက်ရန် ကြံစည်သည်။

“တာ့ပိုင်”

ရုတ်တရက် အနောက်မှ အသံထွက်လာသည်။ တာ့ပိုင်က ချက်ချင်းလိုလို ခြံစည်းရိုးမှ ခပ်မြန်မြန် ခုန်ထွက်လိုက်ကာ အနောက်ကို လှည့်ပြီး မြေပြင်ပေါ်တွင် ထိုင်နေသည့် လိမ္မာနာခံသည့် ဝက်ဝံလေးအဖြစ် ပြောင်းလဲလိုက်သည်။ သူက စုပိုင်ကို ရယ်ပြသည်။

“ဝုတ်”

“ဒီခြံစည်းရိုးက တော်တော်မာတယ်”

သို့ရာတွင် စုပိုင်၏ အနောက်မှ ကပ်လိုက်လာသော ပတ်တီးအထပ်ထပ်နှင့် ခွေးကြီးတစ်ကောင်ကို မြင်သောအခါ တာ့ပိုင်က စိတ်ရှုပ်ထွေးသလို မျက်မှောင်ကြုတ်သည်။

ဘယ်က အုံနာကျိုးကန်းကို ပြန်ခေါ်လာတာလဲ။

ဒါက ပျားရည်ခွေးတူဝက်တူရဲ့ အစာလား။

သူက ခပ်မြန်မြန် လျှောက်သွားပြီး စုပိုင်၏ ဘေးနားသို့ရောက်သွားသည်။ တစ်ဖက်သူကို သူ၏နဖူးဖြင့် တစ်ခါပွတ်သပ်လိုက်သေးသည်။ ထို့နောက် ဘေးဘက်သို့ လှည့်ကာ ဟာလီ၏ ဘေးနားသို့ရောက်သွားသည်။ သူက အပေါ်အောက်အဆုံး သေချာကြည့်သည်။

ဒီကောင်က တော်တော်လေးတော့ ကြီးတယ်။ သူနဲ့ ရွယ်တူလောက်ပဲ။

ဟွန့် အနိုင်ယူဖို့ ထိုက်တန်တဲ့ ပြိုင်ဘက်ပါလား။ ဒါပေမဲ့ သူ့ရဲ့အစွယ်တွေက အနည်းဆုံး အဲဒီ ဘာဒေါသစိတ်မှမရှိတဲ့ ဆင်တွေထက်တော့ သာလောက်တယ်။

“ကောင်းပြီ လျှောက်ပြေးမနေနဲ့တော့”

စုပိုင်က အော်သည်။ ထို့နောက် နောက်လှည့်ပြီး ဟာလီကို ရုံးခန်းထဲသို့ ခေါ်သွားသည်။

ခွဲစိတ်ခန်းထဲမှ ထိတ်လန့်သဲဖို ခွဲစိတ်မှုမျိုးကို ကြုံတွေ့ခဲ့ရပြီးနောက် ဟာလီကို နောက်ဆုံးတွင် ကယ်တင်နိုင်ခဲ့သည်။ သို့ရာတွင် အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း ဟာလီက ယခင်ကလောက် ဖျတ်လတ်ခြင်း မရှိလောက်တော့ချေ။ သို့သော် ဟာလီက အိုနေပြီဖြစ်သည်။ သူ့အနေဖြင့် ကောင်းကောင်းအနားယူရန် လိုအပ်သည်။

ထို့အပြင် အလာစခန်အကောင်ပေါက်လေး သုံးကောင် ရှိနေသေးသည်။ ထိုအကောင်ပေါက်လေးများက အနာဂတ်တွင် တိရိစ္ဆာရန်ရုံထဲမှ ကလေးများနှင့်အတူ ကစားဖော်များ ဖြစ်လာနိုင်လေသည်။

“ကြည့်ရတာ တိရိစ္ဆာန်ရုံကို အခုတလော ပိတ်ထားတဲ့ပုံပဲ”

စုပိုင်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး နေပးဆာလှုံနေကြသည့် တိရိစ္ဆာတစ်အုပ်ကိုကြည့်သည်။

ကြည့်ရသည်မှာ ဘေဘီ၏အခြေအနေက သူထင်ထားသည်ထက် ပို၍မြန်မြန် ဆိုးရွားလာပုံပေါ်သည်။ သို့မဟုတ်လျှင် တိရိစ္ဆာန်ရုံသို့ ရောက်နေပေလိမ့်မည်။

“နောက်ဆုံး အံ့အားသင့်မှုအမှတ်၇သိန်းက လိုအပ်နေတုန်းပဲ”

စုပိုင်က စိတ်ထဲမှတစ်ဆင့် စနစ်ကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီးကို ချသည်။

သူက ငှက်တောတာဝန်ကို လုပ်ရဦးပေမည်။

ဒီအခါ အံ့အားသင့်မှုအမှတ် ၇သိန်းရဖို့ မျှော်လင့်တာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ သူတိရိစ္ဆာန်ရုံထဲကနေ တဖြည်းဖြည်းချင်းပဲ ယူရတော့မယ်။

“တင် ဂုဏ်ယူပါတယ် host၊ ပန်းခြံအသစ်က အောင်မြင်စွာနဲ့ တည်ဆောက်လို့ ပြီးသွားပါပြီ၊ hostက အဲဒီကိုသွားပြီး လက်ခံယူနိုင်ပါပြီ”

ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲတွင် စနစ်၏အသံက ထွက်ပေါ်လာသည်။ စုပိုင်က ကြောင်အသွားသည်။ ထို့နောက် သူ၏မျက်နှာတွင် ပျော်ရွှင်သော မျက်နှာထားမျိုးက ပေါ်လာသည်။ လီရှန်းမှ ပန်းခြံအသစ်က နောက်ဆုံးတွင် အောင်မြင်စွာ တည်ဆောက်၍ ပြီးသွားလေပြီ။

ဒါက.....

“ဟူး”

သူက အသက်ပြင်းပြင်းရှူသည်။ စုပိုင်က တိရိစ္ဆာန်တိုင်းကို စုစည်းရန် အော်ခေါ်လိုက်၏။

သူက အပိုစကားပြောရန် မလိုအပ်ချေ။ ဘာကိုမှလည်း သိမ်းစည်းရန် မလိုအပ်ချေ။ သူက ထိုအကောင်များကို ဒီအတိုင်း ထိုနေရာသို့ ရွှေ့သွား၍ ရသည်။

သို့ရာတွင် ခရီးက အတန်ငယ်ဝေးသည်။ ထို့အပြင် ဆင်အုပ်ကလည်း ရှိနေသေးလေရာ ကားဖြင့် ရွှေ့ပြောင်း၍ မရနိုင်ချေ။ ကြည့်ရသည်မှာ လမ်းလျှောက်သွားရတော့ပေမည်။

“ပျားရည်ခွေးတူဝက်တူ”

သူက ပျားရည်ခွေးတူဝက်တူကို လက်ယမ်းလျက် လှမ်းခေါ်လိုက်သည်။ ထို့နောက် အမိန့်ပေး၏။

“ဝက်တွေကို သေချာကြည့်ထား၊ သူတို့ကို လမ်းမှာလျှောက်မပြေးစေနဲ့၊ နားလည်လား”

ပျားရည်ခွေးတူဝက်တူကလည်း ဝက်များကိုသာ အထူးတလည် ဂရုစိုက်သည်။ စုပိုင်ကပင် သတိပေးရန် မလိုအပ်ပေ။

အချိန်အတန်ကြာပြီးနောက်..

စုပိုင်က သုံးဘီးပေါ်တွင် တက်ထိုက်သည်။ ရွှေမြွေကို လက်ထဲတွင် ပိုက်ထား၏။ အရှေ့မှ မောင်းနှင်သူကမူ တာ့ပိုင်ဖြစ်သည်။

တိရိစ္ဆာန်တစ်အုပ်နှင့် သူတို့က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံထဲမှ ထွက်လိုက်ကြသည်။

“ဘိ”

တိရိစ္ဆာန်ရုံထဲမှ ထွက်ခါစသာ ရှိသေးသည့် လမ်းဘေးတွင် ရပ်ထားသော ကားအသီးသီးက ရုတ်တရက် ရပ်တန့်သွားကြပြီး တံခါးများဖွင့်ကာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့က အရှေ့မှ မှင်တက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်သည်။

တိရိစ္ဆာန်တစ်အုပ်ပဲ။

သူတို့က လမ်းပေါ်မှာ ဒီလို ပေါ်တင်လျှောက်ထွက်လာကြတယ်။

ဒါပေမဲ့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံက ဘာလုပ်မလို့လဲ။

အပျော်ထွက်တာလား။

“ဒါရိုက်တာ စုပိုင် ဘယ်သွားမလို့လဲ”

တံခါးဘေးနားတွင် ရှိသည့် သေးငယ်သော ဆိုင်လေး၏ ပိုင်ရှင်က ခေါင်းဆန့်ထွက်လာပြီး အရှေ့မှ ချစ်စရာကောင်းသည့် ကောင်လေးတစ်အုပ်ကိုကြည့်ကာ အပြုံးနှင့် မေးမြန်းလိုက်သည်။

“ဟဟ အစိုးရရဲ့ ပန်းခြံအသစ်က တည်ဆောက်လို့ ပြီးသွားပြီလေ၊ ဒါကြောင့် ပြောင်းရွှေ့တော့မှာ၊ ဒီနေ့ ဒီကောင်တွေကို အဲဒီကို သွားပို့တော့မလို့”

“ပြောင်းမယ်ဟုတ်လား ၊ ဒါဆို ဒီနေရာက တိရိစ္ဆာန်ရုံက မဖွင့်တော့ဘူးလား”

ထိုစကားကို ကြားသောအခါ ထိုကန်တင်းပိုင်ရှင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး ခပ်မြန်မြန် ပြန်မေးသည်။

“ဟုတ်တယ် ပန်းခြံအသစ်က ကြီးတယ်လေ၊ နောက်ပြီး အနာဂတ်မှာ တိရိစ္ဆာန်အသစ်တွေက ပိုပြီးများလာမှာဆိုတော့ ဒီနေရာက ကျဥ်းလွန်းနေတယ်”

“သူဌေး ငါ့ကို သကြားလုံးတွေအားလုံး ယူလာခဲ့ပေးပါ၊ ဒီကောင်လေးတွေကို ပေးရမယ်”

“အိုး သကြားလုံးလား”

“ဘာသကြားလုံးလဲ၊ ငါဒီကောင်လေးတွေကို ဒီတိုင်းပေးလို့ရတယ်၊ ဒါပေမဲ့ အဲဒီကို ပြောင်းမယ်ဆိုရင် တိရိစ္ဆာန်ရုံအသစ်မှာ ဆိုင်များ ရှိနိုင်မလား၊ ငါက.....”

ကန်တင်းပိုင်ရှင်က အနည်းငယ် ပြောရခက်သော မျက်နှာထားမျိိုးနှင့် ဖြစ်သွားသည်။

သူတို့က ကောင်းကင်ပြာတိရိစ္ဆာန်ရုံ၏ စီးပွားရေးအခြေအနေက ကောင်းသထက် ကောင်းလာကြောင်း မြင်သည်။ ထို့ကြောင့် ဒီနေရာသို့ အထူးတလည် ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။ ယခုအခါ တိရိစ္ဆာန်ရုံက ထပ်ပြောင်းသွားသည်။ ကန်တင်းက ပိတ်ရတော့ပေမည်။

“ဟုတ်တယ် သူဌေးတို့လည်း လာနိုင်တယ်လေ၊ တိရိစ္ဆာန်ရုံအသစ်ရဲ့ ကန်တင်းတွေအားလုံးရဲ့ ငှားရမ်းခက ပထမတစ်နှစ်လုံးအတွက် အလကားဖြစ်စေရမယ်၊ ခင်ဗျားတို့ ဒီအတိုင်း အဲဒီနေရာကို ပြောင်းရွှေ့လိုက်၊ နောက်ပြီး ဒီကောင်တွေကလည်း ကျွန်တော်မရှိတဲ့အချိန်ကျရင် ဒီဆိုင်တွေကို လာပြီးတော့ စားနေတာမဟုတ်လား၊ ဒါကြောင့် အင်ဗျားတို့ အဲဒီကို မြန်မြန်သွားပြီး နေရာသွားဦးသင့်တယ်”

“သွားရအောင်”

စုပိုင်က အပြုံးနှင့် နှုတ်ဆက်လိုက်သည်။ ထို့နောက် ထရပ်လိုက်ပြီး တာ့ပိုင်၏ ဖင်ကိုပုတ်သည်။ ထို့နောက် တိရိရစ္ဆာန်ပေါင်းများစွာနှင့်အတူ လီရှန်းထံ ဦးတည်လိုက်ကြသည်။

“ဟာ ဟေ့စစ်သား”

“ဒါရိုက်တာစုပိုင် ဘာပြောသွားတာလဲ၊ ငါတို့က အဲဒီကို ပြောင်းရွှေ့လို့ရတယ်၊ နောက်ပြီး ပထမတစ်နှစ်စာလုံးက အလကားဟုတ်လား”

ဆိုင်ပိုင်ရှင်ပေါင်းများစွာက မျက်လုံးပြူးကျယ်သွားကြသည်။

“ဘယ်လောက်တောင် အကျိုးအမြတ် ရှိလိုက်သလဲ”

ကန်တင်း ဆိုင်ပိုင်ရှင်တစ်ယောက်က သူ၏ ပေါင်ကို ဖြတ်ခနဲရိုက်ကာ စိတ်လှုပ်ရှားစွာ အော်သည်။

“မင်းတို့တွေ ဘာတွေ တုံ့ဆိုင်းနေတာလဲ၊ မြန်မြန်ရွှေ့ကြမယ်လေ၊ ဒါရိုက်တာစုပိုင်က အဲဒီမှာ နေရာတွေရှိတယ်လို့ ပြောသွားတယ်မဟုတ်လား၊ စောစောသွားမယ်ဆို နေရာကောင်းရမှာပဲ၊ နောက်ပြီး ဒီမှာ ဘာတိရိစ္ဆာန်မှ မရှိတော့ဘူး၊ ငါတို့က ဘာကို သွားရောင်းမှာလဲ”

“ဟုတ်တယ် ဟုတ်တယ် ငါအခုပဲ ငါ့သားကိုခေါ်ပြီး ခပ်မြန်မြန် ရွှေ့ခိုင်းမယ်၊ ငါတိရိစ္ဆာန်ရုံက အကောင်လေးတွေနဲ့ ခွဲပြီး မနေနိုင်ပါဘူး”

“မြန်မြန် မြန်မြန် မြန်မြန်လေး မောင်းသွားရအောင်၊ တိရိစ္ဆာန်ရုံနဲ့အတူ ရွှေ့ကြမယ်”

ထိုသို့ဖြင့် တံခါးနားရှိ ဆိုင်ငယ်လေးပေါင်းများစွာက သူတို့၏ ပစ္စည်းများကို ခပ်မြန်မြန်စသိမ်းပြီး စုပိုင်နှင့်အတူ ရွှေ့ပြောင်းရန် ကြံစည်ကြလေသည်။

++++++

All Chapters