← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အပိုင်း (73)

“ဒါက ဘာတွေဖြစ်နေတာလဲ”

“မသိဘူးလေ၊ နောက်ပြီး အဲဒီမှာ လုံခြုံရေးရုံးက ယာဥ်တွေအများကြီးတောင်မှ ကာပြီး လိုက်ပါပို့ဆောင်ပေးနေတာကို မြင်ဖူးလား”

“ဒါက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမဟုတ်လား၊ သူတို့က တိရိစ္ဆာန်ရုံပြောင်းနေတာလား”

“နောက်ပြီး အုပ်က တော်တော်များတယ်၊ ဘယ်အချိန်ကများ တိရိစ္ဆာန်တွေက ဒီလောက်ထိ များသွားတာလဲ”

လမ်းသွားလမ်းလာများ အားလုံးက တိရိစ္ဆာန်တစ်အုပ်က သူတို့ရှေ့တွင် ဖြတ်သွားကြောင်း မြင်သောအခါ ရပ်တန့်ကာ ကြည့်ကြသည်။

ပန်ဒါကြီးက သုံးဘီးကို နင်းနေသောကြောင့် အံ့အားသင့်သွားခြင်း မဟုတ်ပေ။ ဘေးဘက်မှ ကြီးမားသော ဆင်ကြီးများကြောင့် ဖြစ်သည်။

အရာအားလုံးဟာ သူတို့အတွက် ထူးဆန်းအံ့သြဖွယ်ကောင်းလွန်းနေသည်။ အထူးသဖြင့် ဟန်တစ်မြို့လုံးအတွက်ဖြစ်သည်။

ဒီမြို့ရှိ လူတိုင်းနီးပါးကလည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံထဲတွင် အစစ်အမှန်တိရိစ္ဆာန်ပေါင်းများစွာ ရှိကြောင်း သိသော်လည်း လတ်တလောတွင် အချို့သော အကြောင်းပြချက်များကြောင့် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ပိတ်ထားသည်။ ထို့ကြောင့် လူအများစုက အစစ်အမှန် တိရိစ္တာန်များ တစ်ကောင်မှကိုပင် မမြင်ရသေးပေ။ မမျှော်လင့်ထားစွာပင် တိရိစ္ဆာန်ရုံအသစ်က ဆောက်လုပ်ပြီးစီးသွားလေပြီ။ ပို၍ဆိုးသည်မှာ လုပ်ဆောင်မှုက မြန်ဆန်လွန်းနေသည်။ အရာအားလုံးကို တည်ဆောက်၍ ပြီးသွားလေပြီ။

“အူး အူး”

တာ့ပိုင်က ဘေးဘက်တစ်ဖက်တစ်ချက်စီတွင် ရပ်နေသည့် ရောင်စုံ စကတ်ရှည်များကို မြင်သောအခါ သူ၏ နှလုံးသားထဲမှ ယားယံစိတ်ကို မထိန်းထားနိုင်တော့ချေ။

ငါတကယ် ရှေ့ထွက်သွားပြီး ဆွဲဖြဲလိုက်ချင်တယ်။

“သွားမယ်”

စုပိုင်ကလည်း ထိုအကောင်က သုံးဘီးကို အဓိက လမ်းမှ ကွေ့ပြီး တစ်ဖက်ခြမ်းရှိ လူအုပ်ထံ တိုးနေကြောင်း မြင်သည်နှင့် ခပ်မြန်မြန် ဆူလိုက်သည်။

လူရှေ့မှာတောင် မင်းက တခြားသူရဲ့စကတ်ကို သွားဖြဲချင်နေသေးတယ်။

ဒီကောင်က.... အဝါရောင်မြစ်ထဲကို ခုန်ဆင်းရင်တောင်မှ မသန့်ရှင်းနိုင်တော့ဘူး။

သူတို့က လီရှန်းတောင်ရှိရာ လမ်းတောက်လျှောက် လျှောက်လာလိုက်ကြသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက နောက်မှကပ်လိုက်လာကြ၏။ လူအများစုက လမ်းဘေးတွင် ကားကိုရပ်လိုက်ပြီး စုပိုင်တို့၏နောက်မှ တရွေ့ရွေ့ လိုက်လာသည်။ သူတို့က တိရိစ္ဆာန်ရုံအသစ်ကို မြင်ဖူးချင်နေကြသည်။

သို့ရာတွင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံ၏ ဝင်ပေါက်ရှိ ဆိုင်ရှင်များကလည်း သူတို့၏ပစ္စည်းများကို သူတို့၏ ကုန်တင်ကားပေါ်သို့ တင်ပြီး နောက်မှ ခပ်ရေးရေး လိုက်လာကြသည်။

ကန်တင်းဆိုင်ပိုင်ရှင်များက လမ်းတစ်ဖက်တစ်ချက်စီတွင် ပြည့်နှက့်နေသော လူအုပ်ကို မြင်သောအခါ သက်ပြင်းချကြသည်။

“ငါတို့ ဒါရိုက်တာစုပိုင်နဲ့ သေချာပေါက် ပူးပေါင်းထားမှ ဖြစ်မယ်၊ ဒီအတိုင်း ဆက်ဖြစ်နေရင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဝင်ပေါက်က ဆိုင်တွေရဲ့ဈေးက တအားမြင့်သွားမှာပဲ”

“လူတွေက များလွန်းတာကိုး”

.......

လူအုပ်က မရေမတွက်နိုင်သော လမ်းပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် အဝေးရှိ လမ်းဆုံလမ်းခွကဲ့သို့ နေရာမျိုးတွင် အသက်ဝင်လွန်းသည့် ရုပ်တုကြီးပေါင်းများစွာကို တွေ့လိုက်ရသည်။

ထိုနေရာတွင် မျှစ်များကို ကိုင်ပြီး တဂျွတ်ဂျွတ် ဝါးစားနေပုံပေါ်သော ပန်ဒါကြီးများလည်း ရှိသည်။ ထို့အပြင် လူတိုင်းကို စူးစိုက်ကြည့်နေသည့် ပျားရည်ခွေးတူဝက်တူလည်း ရှိသည်။ တင်ပျဥ်ခွေချိတ်ထိုင်ရင်း နဖူးကို လက်အုပ်လျက် အဝေးသို့ ငေးနေသော မျောက်တစ်အုပ်လည်း ရှိသည်။

“ဟူး”

စုပိုင်က မြင့်မားလွန်းသော ရုပ်တုကြီးကို ကြည့်ကာ မှင်တက်သွားသည်။

ဒါက အစစ်အမှန် ဆန်လွန်းတယ်။ အစစ်အမှန် တိရိစ္ဆာန်လိုပဲ။

တစ်လမ်းလုံးက တောက်ပသောအစက်အပျောက်များနှင့် ကျောက်စရစ်လမ်းအဖြစ် ပြောင်းလဲသွားသည်။ အမျိုးမျိုးသော အရောင်အသွေးစုံကာ လှပလွန်းသည့် ပန်းပင်များ၊ အပင်များက လမ်းတစ်ဖက်တစ်ချက်စီတွင် စိုက်ပျိုးထားသည်။ ရနံ့ကလည်း မွှေးပျံ့လွန်းနေသည်။

ထိုနားတွင် လျှောက်လိုက်သည်နှင့် သဘာဝနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသည့် ခံစားချက်မျိုးကို ခံစားမိစေမည်ဖြစ်ပြီး လူတိုင်းအား သက်သောင့်သက်သာ ရှိလျက် ပျော်ရွှင်စေသော ခံစားချက်မျိုးက ဝန်းရံလာမည် ဖြစ်သည်။

“အူးဝူး”

တာ့ပိုင်က စိတ်လှုပ်ရှားစွာ အော်သည်။ သူက သုံးဘီးလေးကို ခပ်မြန်မြန်ဆွဲပြီး ရှေ့သို့ ပြေးထွက်သွားသည်။

ဝင်ပေါက်နေရာတွင်....

ကားငါးစီး ဘေးချင်းယှဥ်လျက် ဝင်နိုင်လောက်အောင်ကျယ်သည့် ဂိတ်ကြီးက ရှိနေပြီး အပေါ်ဘက်တွင်လည်း မြောလွင့်နေသော cuttonသကြားလုံးလေးလို တိမ်ဖြူလေးက လွင့်မြောနေသေးသည်။

ထို့အပြင် ပုံသဏ္ဍာန်က ဆက်တိုက်ပြောင်းလဲနေရင်း ကြီးမားသော စကားလုံးကြီးများကို ပြသနေသည်။

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ”

ဘေးတစ်ဖက်တစ်ချက်စီမှ စတင်၍ အလွန်ဝေးကွာသော နေရာအထိ သဘာဝဆန်သော လေထုအခြေအနေ အပြည့်အဝ ပေးစွမ်းထားသည့် ဈေးဆိုင်နေရာများကို အလှဆင်ပေးထားသေးသည်။

“ဘုရားရေ ဒါက တိရိစ္ဆာန်ရုံလား၊ တိရိစ္ဆာန်ရုံကို ဒီလိုဆောက်လို့ရတာလား”

“ဟုတ်တယ် မင်းမြင်လား၊ ဒီဆိုင်တွေအားလုံးက သစ်ခေါင်းပေါက်ပုံစံတွေနဲ့ ဆောက်ထားတာ၊ လူလုပ်တာတောင် မဟုတ်ဘူးနော်၊ သဘာဝ သစ်ပင်ရဲ့ သစ်ခေါင်းပေါက်တွေလိုပဲ”

“အတွင်းကိုကြည့်လိုက်စမ်း၊ သောက်ကျိုးနည်း၊ ဒါက ချဲ့ကားလွန်းရာ ရောက်တယ်မဟုတ်လား၊ လုံးဝကို ရှေးဦးမူလ တောတွင်းကြီးလိုပဲ၊ ဒါက....”

“ဘယ်အချိန်ဖွင့်မှာလဲ၊ ငါတစ်မိသားစုလုံးကို ခေါ်လာပြီးပြရမယ်၊ ဒီနေရာက ကမ္ဘာမြေပေါ်က နတ်ဘုံလိုပဲ”

အနောက်ဘက်မှ လူအုပ်က ဂိတ်ပေါက်သို့ ရောက်လာသည့်အချိန်တွင် သူတို့၏ ကွန်ပြူတာက ရုတ်တရက် shut downဖြစ်သွားသလိုမျိုး ရပ်တန့်သွားပြီးမှ ရုတ်တရက် ဝရုန်းသုန်းကား အော်ဟစ်ကြသည်။

ယခုလို ထူးဆန်းသော ပန်းခြံမျိုးကို မမြင်ဖူးကြချေ။ သဘာဝ ရှုခင်းကြည့်နေရာများကပင် ယခုလောက်အထိ မစစ်မှန်နိုင်ပေ။

မိုးထိုးတက်နေသော သစ်ပင်များ ပြည့်နှက်နေသည့် တောအုပ်အတွင်းတွင် ထူးခြားသော သစ်လုံးအိမ်များက ထင်းထွက်နေသည်။ မရေမတွက်နိုင်သော နွယ်ပင်များကလည်း အောက်သို့ ဆင်းသက်နေသေး၏။ တိရိစ္ဆာန်ရုံတစ်ခုလုံးကို ခပ်ထူထူမြက်များဖြင့် အပြည့်ခြံရံထားသည်။

အထူးတလည် ခင်းကျင်းထားသော လမ်းများလည်း မရှိချေ။ ဆိုလိုသည်မှာ တိရိစ္ဆာန်ရုံတစ်ခုလုံးအနှံ့ စိတ်ကြိုက် သွားလာနိုင်သည်။ ဒီတိရိစ္ဆာန်ရုံက လမ်းများဆောက်လုပ်ရန် မစီစဥ်ထားပေ။

ပြောရမည်ဆိုလျှင် ထိုတိရိစ္ဆာန်ရုံ၏ ပုံစံက မှင်တက်ဖွယ်ကောင်းလွန်းသည်။

“ဟူး”

“လန်းလိုက်တဲ့စနစ်”

စုပိုင်ကလည်း စနစ်ထံမှတစ်ဆင့် ဆောက်လုပ်မှုပုံစံအကြောင်း ကြားထားပြီးသား ဖြစ်သည့်တိုင်အောင် ဆောက်ပြီးသောအခါ ယခုလိုပုံစံမျိုး ဖြစ်နေမည်ဟု မထင်ထားမိချေ။ ဒါက တိရိစ္ဆာန်တစ်ကောင်ချင်းစီအတွက် အထူးသင့်တော်သည့် စံချိန်မီ နေထိုင်မှု ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်းလည်း ဖြစ်သည်။

“ခရိ”

ရုတ်တရက် အရှေ့တံခါးအရှေ့တွင် အပြာရောင် ဖန်သားပြင်အလင်းက လင်းလက်သွားသည်။ ထို့နောက် နည်းပညာမြင့်စွမ်းရည်အပြည့်အဝ ထည့်သုံးထားသော တံခါးက တဖြည်းဖြည်းချင်း ပွင့်သွားသည်။

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ကြိုဆိုပါတယ်”

“ဒီနေရာက မင်းကို သဘာဝအကျဆုံး နေထိုင်မှု ဝန်းကျင်တစ်ခုကို ပေးစွမ်းမှာပါ၊ မင်းစိတ်ကြိုက် ကြိုက်တဲ့သတ္တဝါအမျိုးအစားကို လိုက်ပါကြည့်ရှုနိုင်ပါတယ်”

ထိုသို့ဖြင့် နူးညံ့သော အမျိုးသမီးတစ်ယောက်၏အသံက ထွက်လာသည်။

စုပိုင်က မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ ထို့နောက် တိရိစ္ဆာန်ရုံ၏ ဝင်ပေါက်သို့ တဖြည်းဖြည်းချင်း လျှောက်သွားပြီး နောက်လှည့်ကြည့်ကာ လူတိုင်းကို လက်ရမ်းပြပြီး အော်သည်။

“ဟယ်လို အားလုံးပဲ”

“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ပြန်လည်တည်ဆောက်လို့ ပြီးသွားပြီဖြစ်ပြီး မနက်ဖြန်က စတင်ပြီး တရားဝင် ဖွင့်လှစ်တော့မှာပါ”

“သုံးရက်ဆက်တိုက် လက်မှတ်တွေအားလုံးကို အလကား သတ်မှတ်ထားပေပြီး အားလုံး ဝင်ရောက် ကြည့်ရှုနိုင်မှာပါ”

“မနက်ဖြန်မှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက လူတိုင်းကို လာရောက်ပြီး ပျော်ပါးကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်”

“ဝိုး”

လူတိုင်းက စိတ်လှုပ်ရှားသွားသည်။

မနက်ဖြန်တောင် ဖွင့်မယ်၊ တော်တော်လေးကို မြန်တာပဲ။

နောက်ပြီး သုံးရက်ဆက်တိုက် အလကားတဲ့။

လူများက အရူးမဟုတ်ကြချေ။ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ၏ ပုံစံကို ကြည့်ရုံဖြင့်ပင် အလွန်အမင်း ကျော်ကြားလာနိုင်ကြောင်း နားလည်သည်။ နောက်ပ်ိုင်းဆိုလျှင် လက်မှတ်ရရန် အလွန့်အလွန် ခက်နိုင်၏။ ထို့ကြောင့် သုံးရက်ဆက်တိုက် အလကားရသော နေ့မျိုးတွင် အမိအရ ဖမ်းဆုပ်ထားသင့်သည်။

“ဒါရိုက်တာစုပိုင်ရဲ့အချိန်ကို ဖြုန်းမနေကြနဲ့၊ သူတို့က ဒီနေ့မှ စပြောင်းတာ၊ ဒီတော့ လုပ်စရာတွေ ရှိနေဦးမှာပဲ၊ ပြဿနာ ရှာမနေကြနဲ့၊ မြန်မြန်ပြန်ရအောင်”

“ဟုတ်တယ် ဟုတ်တယ်၊ ဒီတိရိစ္ဆာန်ရုံက အခုကစပြီး ငါတို့ရဲ့ ဟန်ကျိုးမှာ ရှိနေမှာလေ၊ ဒါက ငါတို့ရဲ့ ဂုဏ်ယူရာပဲ”

“သွားရအောင်၊ အခုပြန်ပြီး အိပ်ကြမယ်၊ ငါမနက်၃နာရီကတည်းက ဒီနေရာကိုလာပြီး တန်းစီနေမှာ”

“ငါလည်း အစီအစဥ်ချထားပြီးသား၊ ငါဒီည ကားကို ဒီနေရာမှာ ရပ်ထားလိုက်မယ်၊ မနက်ဖြန်မနက်ရောက်တာနဲ့ အရင်ရောက်လာပြီး တန်းစီမှာပဲ”

.......။

လူတစ်အုပ်က တွန့်ဆုတ်စွာဖြင့် တံခါးမှ ထွက်ခွာသွားကြသည်။ ထိုသို့ဖြင့် ဆိုင်ရှင်များကိုသာ ချန်ထားရစ်ခဲ့သည်။

ကန်တင်းပိုင်ရှင်က အရှေ့မှ ဆိုင်ပုံသဏ္ဍာန်များကို ကြည့်လိုက်ပြီး သူတို့ကားပေါ်တွင်ပါသော ပစ္စည်းများကို စိုးရိမ်စိတ်အပြည့်နှင့် ပြန်ကြည့်သည်။

“ဒါရိုက်တာစုပိုင်၊ ငါတို့က.. ငါတို့က သာမန်ပစ္စည်းလေးတွေပဲ ရောင်းတာပါ၊ ဒီလိုဆိုင်မျိုးမှာ ထည့်သွင်းဖို့က တအားကို....”

သူ၏စကားက မဆုံးလိုက်ချေ။ သို့သော် ထိုအချိန်တွင် ဆိုင်ရှင်တိုင်းကလည်း အရှေ့မှ ဆိုင်များက ချဲ့ကားလွန်းသည်ဟု ထင်သည်။ ထို့အပြင် အလွန်ခမ်းနားလွန်းပြီး ကြေးကမြင့်နိုင်သည်။ ထို့ကြောင့် သူတို့ရောင်းသော ပစ္စည်းများနှင့် လက်ခံနိုင်ခြင်း မရှိချေ။ ဒါက တိရိစ္ဆာန်ရုံ၏ စံချိန်ကို နိမ့်သလို ဖြစ်သွားစေပေလိမ့်မည်။

“hahaha ရပါတယ်”

“ဒီအတိုင်း ဂိတ်နဲ့အနီးဆုံး ဆိုင်တွေကို ရွေးလိုက်ကြလေ၊ ကျွန်တော်တို့ နောက်ရက်အနည်းငယ်လောက်နေရင် စာချုပ်လက်မှတ်ထိုးကြမယ်၊ နောက်ပြီး ငှားရမ်းကြေးက ပထမနှစ်အတွက် အလကားဆိုတဲ့ အတိုင်းပါပဲ”

စုပိုင်က လက်ကိုရမ်းလျက် အပြုံးနှင့် ပြောလိုက်သည်။

“ကလေးတွေ သဘောကျသမျှ ထုတ်ကုန်တွေက အရည်အသွေးမြင့်တာတွေ နိမ့်တာတွေက အရေးမကြီးပါဘူး၊ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ငှားရမ်းကြေးတွေကလည်း အချိန်တစ်ခုကြာတဲ့အထိ မြှင့်ထားဦးမှာမဟုတ်ဘူး၊ ဒီတော့ အားလုံးပဲ အတူကြိုးစားကြရအောင်”

“ကောင်းပြီ အားလုံးပဲ ကြိုးစားကြမယ်”

ဆိုင်ရှင်တိုင်းက ရှက်သွားကြပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အော်ကြသည်။

သူတို့ကလည်း သူတို့ဟာ အိုမင်းနေသော လူအိုကြီးများဖြစ်ကြောင်း မြင်သဖြင့် ဒါရိုက်တာစုဟန်က အထူးတလည် အခွင့်အရေးပေးနေကြောင်း နားလည်ကြသည်။

“ကဲ အားလုံးပဲ ရောက်ပြီ၊ ဒါက ငါတို့ရဲ့အိမ်ပဲ”

စုပိုင်က တိရိစ္ဆာန်ပေါင်းများစွာကို ကြည့်၍ လက်ခုပ်တီးလျက်ပြောလိုက်သည်။ ထို့နောက် အပြုံးနှင့်အတူ တိရိစ္ဆာန်ရုံထဲသို့ လျှောက်ဝင်လိုက်လေသည်။

++++++

အပိုင်း (74)

ညနက်ပိုင်းတွင်....

ကမ်းဘရေ့ စံအိမ်ရပ်ကွက်။

“မား ရှောင်လီဟွားက အိပ်နေတာ ဘယ်လောက်ချိုမြိန်လိုက်သလဲ ကြည့်ပါဦး”

“သူက လှုပ်တောင်မလှုပ်ဘူးနော်၊ သမီး လက်မောင်းထဲမှာ ပွေ့ဖက်ပြီး အိပ်လို့ရလား၊ သမီးမလှုပ်ဘူးလို့ ကတိပေးပါတယ်”

အိပ်ရာပေါ်တွင် အိပ်နေသည့် ဘေဘီက ဘေးဘက်တွင် အိပ်နေသည့် ကြောင်လေးကို ကြည့်သည်။ ထို ရက်ကွန်းကြောင်လေးက သူ၏ မျက်လုံးကြီးများကို တဖြည်းဖြည်းချင်းဖွင့်လျက် ကောင်းကင်ကို ကြည့်သည်။ ထို့နောက် နှုတ်ခမ်းဆူသည်။ ဘေဘီက ပြောသည်။

“သမီးကို ကြည့်နေပြီ၊ သမီးတကယ်မလှုပ်ပါဘူး၊ ဒါပေမဲ့ သူ့ကို မခြေချနိုင်လောက်ဘူး”

“ရပါတယ်”

ကောင်းရဲ့က ပြောသည်။ သူမက ခေါင်းကိုလှည့်ပြီး ကျဆင်းလာသည့် မျက်ရည်များကို သုတ်သည်။ ထို့နောက် ရက်ကွန်းကြောင်လေးကို ခပ်မြန်မြန် ပွေ့ချီလျက် ဘေဘီ၏ ခေါင်းအုံးဘေးနားတွင် တင်ထားပေးလိုက်သည်။ ထ်ို့နောက် ပြုံးလျက်ပြောသည်။

“ဒီလိုဆိုရင် အဆင်ပြေလား”

“ဒီရက်ကွန်းကြောင်လေးက ညဘက်မှာ သမီးနဲ့အတူ ရှိနေမှာ၊ မားကလည်း ရှိနေမှာပဲ၊ အခုတော့ အိပ်တော့နော်”

“ဟုတ်ကဲ့”

ဘေဘီက ထိုကြောင်လေးကို ခက်ခက်ခဲခဲ လှည့်ကာကြည့်လိုက်သည်။ ထို့နောက် ရယ်ကာပြော၏။

“မား ဘာလို့ ငိုနေပြန်ပြီလဲ၊ မငိုပါနဲ့တော့၊ ဘေဘီက မသက်မသာမဖြစ်ပါဘူး၊ ဒီရက်ကွန်းကြောင်လေးကလည်း ဘေဘီ့ကို အဖော်ပြုပေးနေတာလေ၊ ဒါကြောင့် မသက်မသာ မဖြစ်တော့ပါဘူး”

“ဦးလေးစုပိုင် ပြန်လာပြီလားမသိဘူး၊ မား တာ့ပိုင်က သမီးကို လွမ်းနေလောက်လား”

“သမီး တာ့ပိုင်ကို တွေ့ချင်နေပြီ”

“လိမ်လိမ်မာမာနဲ့ အိပ်လိုက်နော်၊ မနက်ဖြန်ကျရင် လိုက်ပို့ပေးမယ် ဟုတ်ပြီလား”

“တကယ်လား”

ထိုစကားကို ကြားသောအခါ ဘေဘီက တအံ့တသြ အော်သည်။ သူမက မျက်လုံးကို ခပ်မြန်မြန်မှိတ်သွား၏။

“ရက်ကွန်းကြောင်လေးရေ၊ ညဘက်မှာ မဟောက်နဲ့နော်”

“အင်းးး”

တဖြည်းဖြည်းချင်း အိပ်ပျော်သွားသော ကလေးကိုမြင်သောအခါ ကောင်းယွဲ့က တံခါးဆီ လမ်းလျှောက်သွားပြီး ညင်သာစွာဖြင့် မီးကိုပိတ်သည်။ ထို့နောက် တံခါးကို ပိတ်လိုက်သည်။

တံခါးက ပိတ်သွားသည်နှင့် သူမက ထိုနေရာတွင် စောင့်ကြောင့်ထိုင်ချလိုက်ကာ အသံမထွက်အောင် ကြိတ်ငိုတော့သည်။

အဖြစ်အပျက်က မြန်လွန်းသည်။ သူမ၏ သမီးဖြစ်သူက ယခင်တစ်ခေါက်မေ့ပြီး သိပ်မကြာခင် အားနည်းသထက် အားနည်းလာသည်။ ယခုအခါ အိပ်ရာထဲမှ ထွက်ရန်ပင် အားနည်းလာပြီဖြစ်သည်။ ခြေထောက်များက စတင်ကာ ခံစားမှု ပျောက်ဆုံးလာသည်။

သူမက သိပ်မကြာခင် အိပ်ရာပေါ် လဲသောအခြေအနေသို့ ပြောင်းလဲသွားနိုင်လေသည်။

ထိုအကြောင်းအရာကို တွေးမိသောအခါ ကောင်းယွဲ့၏ နှလုံးသားက ခပ်ကြမ်းကြမ်း အထိုးခံရသလို နာကျင်လာသည်။

“ဟူး”

သူမက မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး တံခါးနားတွင် ထရပ်လိုက်လေသည်။

သူမက လဲကျသွား၍မရချေ။ ကလေးက မနက်ဖြန် တာ့ပိုင်ကို သွားကြည့်ချင်နေသေးသည်။ ထို့ကြောင့် သူမ၏ဆန္ဒကို ဖြည့်စည်းပေးရပေမည်။

သူမ လှုပ်ရှားနိုင်သော အခြေအနေများက နည်းသထက် နည်းလာပေလိမ့်မည်။ သူမက ကြည့်ချင်တာကို ကြည့်ပြီး ကစားချင်တာကို ကစားနိုင်သမျှ အကောင်းဆုံးကြိုးစားကာ ဖြည့်စည်းပေးရပေမည်။

......

“ဒီတာဝန်အတွက် ဘာမှပြင်ဆင်ဖို့ မလိုအပ်ဘူးမဟုတ်လား”

စုပိုင်က အရှေ့မှ စနစ်ဇယားကို ကြည့်လိုက်ပြီး ကျောပိုးအိတ်ကို ကောက်လွယ်သည်။

“တင် ငှက်တောအပိုင်းအစ တာဝန်က စတင်ပါပြီ”

၁၀ ၉ ၈ ၇ ၆ ၅ ၄ ၃ ၂ ၁။

ဘုန်း။

ရုတ်တရက် အလေးချိန်မဲ့သော ခံစားချက်မျိုးဖြင့် စုပိုင်၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီး သူက မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။ သူ၏ခန္ဓာကိုယ်ကို ခပ်မြန်မြန် ထိန်းလိုက်ရသည်။ ထို့နောက် ခေါင်းမော့ကာ ဘေးဘီကို ကြည့်သည်။ သူဟာ လူစည်ကားသော လမ်းသို့ ရောက်နေခြင်းဖြစ်သည်။

ပတ်ဝန်းကျင်က လူများပြည့်နှက်နေသည်။ အဆုံးအစမဲ့သော ဖြတ်သန်းသူပေါင်းများစွာ ရှိနေသည်။

စုပိုင်က မျက်မှောင်ကြုတ်ပြီး လူအုပ်နောက်မှလိုက်ကာ လျှောက်သွားလိုက်သည်။

“ဟေး မင်းတို့ဘာသွားကြည့်ကြမလို့လဲ”

“မင်းမသိဘူးလား၊ လောင်လီက အဆောက်အအုံပေါ်က ခုန်ချတော့မှာလေ”

စုပိုင်၏ ဘေးနားတွင် ရပ်နေသော လူနှစ်ယောက်က လေသံတိုးတိုးဖြင့် ပြောသည်။

“ဘာ”

သက်လတ်ပိုင်းလူက မျက်မှန်ကို တစ်ချက်တွန်းတင်လိုက်ပြီး မယုံကြည်နိုင်သလိုပြောသည်။

“မနေ့ကတင် ငါတို့အတူ သောက်နေကြသေးတယ်လေ၊ ဘယ်လိုဖြစ်ပြီး ဒီနေ့ ရုတ်တရက် တိုက်ပေါ်ကနေ ခုန်ချတော့မှာလဲ”

“ဒီလိုမလုပ်လို့မှ မဖြစ်တာ၊ ငါကြားတဲ့အတိုင်းဆိုရင် သူ့မိန်းမက တခြားတစ်ယောက်နဲ့ ဖောက်ပြန်လို့တဲ့၊ အိမ်ထဲမှာတင် မိသွားတာ”

“ဟစ်”

နှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် အရှေ့ဘက်ရှိ ရပ်ကွက်သို့ ခပ်မြန်မြန်သွားကြသည်။

စုပိုင်က ထိုအရှေ့မှ လူနှစ်ယောက်ကို စိတ်ရှုပ်ထွေးစွာနှင့် ကြည့်သည်။ ထို့နောက် လက်ကိုဆန့်ထုတ်ပြီး ခေါင်းကိုကုတ်ပြန်သည်။

ဒီတစ်ကြိမ်တာဝန်က ဒါလား။

နောက်ပြီး ဖောက်ပြန်ခံရလို့ အဆောက်အအုံပေါ်က ခုန်ချတာက ငှက်တောနဲ့ ဘာပတ်သက်နေလို့လဲ။

ထိုတစ်ယောက်ကို တွေးမိ၍ စုပိုင်က အရှိန်မြှင့်ပြီး အနောက်မှ ကပ်လိုက်သွားလိုက်သည်။

တစ်ရပ်ကွက်လုံးတွင် လူများအုံနေသည်။ လူတစ်အုပ်က ၇လွှာခေါင်မိုးထပ်တွင် ရပ်နေသည့် လောင်လီကို ကြည့်သည်။ ထို့နောက် အမျိုးမျိုးသော အကြံပေးချက်များနှင့် ဖြောင်းဖျနေကြသည်။

“လောင်လီ အများကြီး တွေးမနေစမ်းပါနဲ့၊ ယောက်ျားအရင့်မာကြီးတစ်ယောက်က ဘာများ နစ်နာစရာရှိလဲ၊ မင်းအခု ခုန်ချလိုက်ရင် အဲဒီကောင်က အခွင့်ကောင်းရသွားမှာမဟုတ်လား”

“အဆိုးဆုံးမှ ကွာရှင်းရုံပေါ်၊ ဘာများအရေးကြီးလို့လဲ”

“လောင်လီ မင်းရဲ့ ညီအစ်ကိုပြောတာကို နားထောင်၊ ဘဝက ဒီလိုပဲ၊ ငါ့ရဲ့အစ်ကိုကလည်း အရင်က ဒီလိုပဲဆိုတာကို မှတ်မိတယ်မဟုတ်လား”

“ဟွန်”

လူတိုင်းက သူ့ကို လှည့်ကြည့်ကြသည်။ မရိတ်ထားသော မုတ်ဆိတ်များနှင့် သက်လတ်ပိုင်းလူက အံကိုကြိတ်ရင်း ခေါင်မိုးထပ်ကိုကြည့်ကာ လှမ်းအော်သည်။

“ညီအစ််ကို သူတောင်မှ အရှက်ရမှာကို မကြောက်ခဲ့ဘူး၊ အရင်ကလည်း ဒီအခြေအနေကို ကြုံခဲ့ရတာပဲမဟုတ်လား၊ ဒါပေမဲ့အခု သူဒီနေရာကို ရောက်နေတယ်မဟုတ်လား”

“ကလေးအကြောင်းကို တွေးကြည့်စမ်းပါ၊ မင်းသေသွားရင် ကလေးက ဘယ်လိုလုပ်မလဲ”

သို့ရာတွင် လူအများကို သူ့ကိုမည်မျှ ဖြောင်းဖျနေစေကာမူ ခေါင်မိုးထပ်တွင် ရပ်နေသော လောင်လီကမူ မလှုပ်ရှားခဲ့ချေ။ သူက အပေါ်ပိုင်းဗလာနှင့်ဖြစ်သည်။ သူက စိတ်ဓာတ်ကျနေသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။

“သွားသွားသွား မြန်မြန်လေး ဖြောင်းဖျရအောင်”

ထိုအချိန်တွင် ကယ်ဆယ်ရေး ယူနီဖောင်းကို ဝတ်ဆင်ထားကြသည့် ကင်းလှည့်သော ရဲတစ်အုပ်က ရောက်ရှိလာပြီဖြစ်သည်။ သူတို့က ရပ်ကွက်၏ ဂိတ်မှ ခပ်မြန်မြန် ပြေးဝင်လာပြီး အကာအကွယ် padများကို သယ်လျက်ရောက်လာသည်။

“ခေါင်းဆောင် အဆောက်အအုံပေါ်က ခုန်ချမဲ့လူက ဒီရပ်ကွက်က နေထိုင်သူတစ်ယောက်ပဲ ၊ သူ့မိန်းမက ဖောက်ပြန်လို့ သူက အဆောက်အအုံပေါ်က ခုန်ချမှာတဲ့”

“သောက်ငရဲ”

လုံခြုံရေးခေါင်းဆောင်က အော်သည်။ ထို့နောက် ခပ်မြန်မြန် ပြန်အော်ပြန်သည်။

“အားလုံးပဲ ဘေးဖယ်ကြပါ၊ လာလာလာ လမ်းကိုမပိတ်ကြနဲ့၊ အသံလည်း မထွက်ကြနဲ့”

“သူနဲ့ ရင်းနှီးနဲ့သူတွေ အပေါ်တက်ပြီး ဖြောင်းဖျပေးနိုင်မလား”

“ငါ....”

စုပိုင်က တစ်စုံတစ်ရာကို သယ်ကာ ခေါင်မိုးထပ်တွင် ရပ်နေသောလူကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများက ကုတ်ကျသွားပြီး လက်ကို ခပ်မြန်မြန်မြှောက်လျက် လုံခြုံရေးခေါင်းဆောင်အနောက်မှလိုက်ကာ အပေါ်သို့တက်လိုက်သည်။

သူလုံးဝ မထင်ထားပေ။

အဆောက်အအုံပေါ်က ခုန်ချမဲ့ လောင်လီက လက်ထဲမှာ ကြက်တူရွေးတစ်ကောင်ကို သယ်ထားတယ်၊ နောက်ပြီး အရောင်အနေအထားအရ သေချာပေါက် ငှက်တောပဲ။

ဒါက တခြားကို စိတ်ရှုပ်ဖို့ ကောယင်းလွန်းတယ်။

[အား ဟ ဟ ဟ ဒီဇာတ်ညွှန်းက တော်တော်လေးကို မှင်တက်စရာပဲ၊ hostက ဒီတစ်ကြိမ် ဒီကြက်တူရွေးကို ဘယ်လိုကယ်မလဲ ကြည့်ရအောင် ]

[အခုလေးတင် ပြောင်းသွားတဲ့ hostရဲ့ အမူအယာကို မြင်လိုက်ကြလား၊ hostကလည်း ဇာတ်ညွှန်းကို ကြိုမသိထားဘူးထင်တယ်]

[မြန်မြန် ဇာတ်ညွှန်းရေးအဖွဲ့အတွက် ညစာအနေနဲ့ ကြက်ခြေထောက်တွေ ထပ်ထည့်ပေးလိုက်ရအောင်၊ ငါဒီဇာတ်ကြောင်းကို ကြိုက်တယ်]

[ဘယ်လိုမျိုး ဒီပုံစံမျိုးကို ရေးလိုက်ရတာလဲ၊ ဘာပဲ ဖြစ်ဖြစ် မိန်းမက ငါ့အပေါ် ဖောက်ပြန်တာက ဟုတ်ပါတယ်၊ ဒါပေမဲ့ ဘာကိစ္စနဲ့ တိုက်ပေါ်က ခုန်ချမဲ့အချိန်မှာ ကြက်တူရွေးကိုပါ သယ်လာရတာလဲ]

[ဟုတ်တယ် ငါလည်း သိချင်နေတာ၊ ကြက်တူရွေးက သူ့မိန်းမ ဖောက်ပြန်တာနဲ့ ဘယ်လိုပတ်သက်နေလို့လဲ ]

.......

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မိတ်ဆွေများက မနေနိုင်ဘဲ အော်ရယ်ကြသည်။

ဒါက တကယ်ကို ထောင်ခြောက်ပဲ။

ကြက်တူရွေးကို မကယ်တင်ခင် ဒီ ဖောက်ပြန်ခံရတဲ့လူကိုလည်း ကယ်ရတော့မှာပဲ။

သို့သော် ထိုကိစ္စက ထိုမျှ မလွယ်ကူပေ။ ထိုလူကို ဖြောင်းဖျရန် ကိစ္စက မလွယ်ကူနိုင်ပေ။

မည်သို့ပင်ဆိုစေ ဖြောင့်မတ်မှန်ကန်သော အရာရှိကပင် ယခုလိုအခြေအနေမျိုးကို တိုင်းရန်ခက်ခဲလေသည်။

ဒီတစ်ကြိမ် စုပိုင်၏ တာဝန်နှင့်ပတ်သက်ပြီး လူတိုင်းက အလွန်ခက်ခဲလွန်းသည်ဟု ခံစားနေရသည်။ ပို၍ဆိုးသည်မှာ သူက လုံခြုံရေးခေါင်းဆောင်ဆီမှ နေရာကောင်း ဝင်ယူသလို ဖြစ်သေးသည့်အပြင် တစ်ဖက်သူကိုလည်း ဖြောင်းချရဦးမည်ဖြစ်သည်။

လုံခြုံရေးခေါင်းဆောင်နောက်မှ လိုက်ပြီးနောက် လူတိုင်းက ခေါင်မိုးထပ်သို့ ရောက်သွားသည်။

“အရမ်းကြီး စိတ်မလှုပ်ရှားနဲ့၊ စိတ်အေးအေးထား၊ ငါတို့က မင်းကို ဖြောင်းဖဖမလို့ပါ၊ မင်းတကယ်လို့ လုပ်ချင်တာရှိရင် ငါတို့အရင်ဆုံး ဆွေးနွေးကြည့်ရအောင်”

လုံခြုံရေးခေါင်းဆောင်က အပေါ်ရောက်သွားသည်နှင့် လက်နှစ်ဖက်လုံးကို ခပ်မြန်မြန် မြှောက်ကာ ဖြန့်လျက် သက်လတ်ပိုင်းလူအား ခပ်တိုးတိုးလှန်းပြောသည်။

“ပြန်ကြည့်ပါဦး၊ ဒါတွေအားလုံးက မင်းရဲ့ မိတ်ဆွေတွေ မဟုတ်လား၊ မင်းသာ ခုန်ချလိုက်ရင် အဲဒီနောက်....”

“ထွီ”

သက်လတ်ပိုင်းလူ၏ စကားက ဆက်ထွက်မလာသေးခင် လူတိုင်းက ခပ်ကြမ်းကြမ်းဆဲရေးသံလိုလို တံတွေးထွေးသံလိုလိုအသံမျိုးကို ကြားလိုက်ရသည်။ ထို့နောက် သူ၏လက်ထဲမှ ကြက်တူရွေးက အမွေးများ ဖွာထွက်လျက် အော်ဟစ်လိုက်သည်။

“အဘိုးကြီးလီ မင်းက သောက်ကျိုးနည်း ယောက်ျားကိုမဟုတ်တာ၊ မင်းမှာစွမ်းရည်ရှိရင် ကလိုက်စမ်းပါ”

++++++

အပိုင်း (75)

“ဟစ်”

ထိုစကားကို ကြားသောအခါ လူတိုင်းက သူတို့၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။

ဒီကြက်တူရွေးက စကားပြောနိုင်တယ်။

နောက်ပြီး ဒီလိုအခြေအနေမျိုးမှာ လောင်လီကို လှုံ့ဆော်ပေးနေတယ်။ ဒါက...... ။

သေချာစွာပင် လောင်လီက နီရဲသော မျက်လုံးများဖြင့် လူတိုင်းကို ခက်ထန်စွာ စိုက်ကြည့်လာသည်။

“အနားကပ်မလာနဲ့၊ ဒါမှမဟုတ်ရင် ငါခုန်ချလိုက်မယ်”

“မင်းမှာ ပန်းတိုင်မရှိဘူးလား”

ရုတ်တရက် ငှက်တောက ခပ်တိုးတိုး ရေရွတ်ပြန်သည်။

“ဖူးဟူးး”

စုပိုင်က မထိန်းထားနိုင်တော့ဘဲ အော်ရယ်လိုက်သည်။ ထိုကြက်တူရွေးက လျှာအလွန်ထက်သည်။ သူက မည်သည့်နေရာက သင်လာမှန်း မသိနိုင်ပေ။ သို့ငေါ် စိတ်ပျက်ဖွယ်ရာ ကောင်းလွန်းနေသည်။

လုံခြုံရေးခေါင်းဆောင်က စုပိုင်ကို ခပ်မာမာကြည့်သည်။ ထို့နောက် ရှေ့သို့ ခပ်မြန်မြန်တက်ပြီး ခပ်တိုးတိုး နှစ်သိမ့်ပြန်သည်။

“မင်းမှာ ကလေးရှိသေးတယ်လေ၊ မင်းကလေးအကြောင်း တွေးရမှာ၊ ဘာပဲဖြစ်ဖြစ် ဒီကလေးက မင်းရဲ့ သွေးသားမဟုတ်လား၊ မင်းဒီလိုခုန်ချလိုက်ရင် အဖေတစ်ယောက်အနေနဲ့ မင်းရဲ့ကလေးကို ဘယ်လိုအခြေအနေမျိုးကို ရင်ဆိုင်ခိုင်းမှာလဲ”

“ဟုတ်တယ် ကလေး”

လောင်လီက ခပ်တိုးတိုး ရေရွတ်သည်။ သူက တစ်စုံတစ်ရာကို မှတ်မိသွားပုံပေါ်သည်။ ထို့နောက် မျက်ရည်အပြည့်နှင့် ရှေ့တိုးလာသည်။

ဟုတ်တယ် သူ့မှာ ကလေးတွေရှိတယ်။ သူဒီလို ထွက်သွားရင်.....ဒါဆိုရင် အဲဒီခွေးမက သူ့ရဲ့ချစ်သူနဲ့အတူ ရှိနေမှာ။ သူမက ကလေးကို ဘယ်လိုများ ဆက်ဆံမှာပါလိမ့်။

“တော်လိုက်တဲ့ခေါင်းဆောင်”

လောင်လီက စိတ်အေးသွားပြီး အောက်သို့ ဆင်းသက်လာမည့် လက္ခဏာပြသောအခါ လူတိုင်းက လုံခြုံရေးခေါင်းဆောင်ကို ချီးကျုးကြသည်။

“လာပါ လာပါ မြန်မြန်လေးဆင်းလာခဲ့၊ ကလေးက ကျောင်းမှာမဟုတ်လား၊ ငါတို့ အကြောင်းမကြားရသေးဘူး၊ ဘာမှမဖြစ်သလိုမျိုး ဆက်ပြီးနေထိုင်သွားရအောင် “

သို့သော် သူ၏စကားက မဆုံးသေးခင် ရှေ့မှ ကြက်တူရွေးက ဆက်ပြောပြန်သည်။

“ဒါက မင်းရဲ့ကလေးမဟုတ်ရင် ဘယ်လိုလုပ်မလဲ”

[အားးး]

[မင်းရဲ့ကလေးမဟုတ်ရင် ဘယ်လိုလုပ်မလဲ ဟုတ်လား၊ ဒါက တအားကို အဆိပ်ပြင်းလွန်းတယ်၊ ဒီကြက်တူရွေးက သောက်ကျိုးနည်း အဆိပ်ရှိနေတာ ]

[သခင်လေးရေ၊ ဒီအဘိုးကြီးလီကို သေခိုင်းနေသလိုပဲ]

[ဘယ်လို မုန်းတီးမှု ရန်ငြှိုးများ ရှိနေလို့လဲ၊ ဒီလောင်လီက ကြက်တူရွေးကို ကောင်းကောင်းမဆက်ဆံလောက်ဘူး၊ အဲဒီလိုမှ မဟုတ်ရင် သူက ဘယ်လိုကြောင့်များ ဒီလိုမျိုး အရှက်ခွဲပြီး သေခိုင်းနေရမှာလဲ]

[ငါလည်း အဲဒီလိုပဲ ထင်တယ်၊ ဒါပေမဲ့ သူက ဘယ်လိုမျိုး နှိပ်စက်ခဲ့သလဲဆိုတာပဲ သိချင်နေတာလေ၊ ငါ့မှာ ဒီလိုမျိုးတစ်ကောင်သာ ရှိနေမယ်ဆိုရင် နှစ်ရက်လောက်နဲ့ နှလုံးရောဂါ ရသွားမှာပဲ]

[လုံခြုံရေးခေါင်းဆောင်.... ငါ့အတွက် ခက်ခဲလွန်းတယ်]

ကင်မရာက စုပိုင်တို့အားလုံးနှင့်အတူ ခေါင်မိုးထပ်တွင် ရှိနေခြင်းဖြစ်သည်။ လောင်လီက အစွန်းနားတွင် ရပ်နေကြောင်းကိုလည်း ပြသနေသေးသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများ၏ လေထုအခြေအနေက တင်းမာနေရာမှ ရုတ်တရက် ထိုငှက်တော၏ စကားကြောင့် ပျော်ပျော်ပါးပါး ဖြစ်သွားကြသည်။

လုံခြုံရေးတပ်အဖွဲ့ကလည်း အံ့အားတကြီး ဖြစ်နေကြသည်။ သူတို့အနေနှင့် ထိုကဲ့သို့သော သတ္တဝါမျိုးက အမှန်တကယ် တည်ရှိနေမည်ဟု မထင်ထားမိကြချေ။

ထိုအကောင်က လူဘာသာစကားကို ပြောနိုင်ရုံသာ မကသေးလေဘဲ ဦးနှောက်ကလည်း အလွန်သွက်သည်။

လောင်လီက ကြောင်သွားသည်။ ထို့နောက် မှင်တက်စွာပြောသည်။

“ဟုတ်သားပဲ အဲဒီကလေးက ငါ့ကလေးမဟုတ်ရင် ဘယ်လိုလုပ်မလဲ”

“အနားမလာကြနဲ့”

လူတိုင်းက သူ့ကို ဝိုင်းလာကြောင်း မြင်သောအခါ သူက အော်ပြန်သည်။

သူက အနောက်သို့ ခပ်မြန်မြန် ဆုတ်သွားပြီး ခေါင်းမိုးထပ်အစွန်းနားသို့ ရောက်သွားသည်။

“ဖာ့ခ် မင်းဘယ်လို သောက်ကျိုးနည်း တိရိစ္ဆာန်မျိုးကို မွေးထားတာလဲ”

လုံခြုံရေးခေါင်းဆောင်က မနေနိုင်ဘဲ ခပ်တိုးတိုး ဆဲရေးလိုက်သည်။

“ငါစမ်းကြည့်မယ်”

စုပိုင်က ရှေ့သို့ တစ်လှမ်းတိုးသည်။ သူက ရှေ့သို့ ရောက်သောအခါ စိတ်လှုပ်ရှားနေသည့် လောင်လီကို ကြည့်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ကြက်တူရွေးရဲ့ အမွေးတွေကို နုတ်လိုက်”

ထိုစကား ထွက်လာပြီးပြီးချင်း လူတိုင်းက စုပိုင်ကို နားမလည်နိုင်သလိုကြည့်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရုတ်တရက်မိတ်ဆွေများအားလုံးကလည်း စိတ်ရှုပ်ထွေးနေကြပြီး စုပိုင်က ထိုလူကို အဆောက်အအုံပေါ်မှ ခုန်မချအောင် ဖြောင်းဖျရမည့်အစား မည်သည့်အတွက်ကြောင့် ကြက်တူရွေးတောင်ပံမှ အမွေးများကို နုတ်ခိုင်းကြောင်း နားမလည်ကြချေ။

ကြက်တူရွေးက အဆိပ်ရှိလွန်းသည်။ အမွေးတချို့ကို နုတ်လိုက်မည်ဆိုလျှင် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော စကားမျိုးကို ပြောလာနိုင်သည်။ ထိုအခါ အလွန်အန္တရာယ်များသွားနိုင်သည်။

“ဂါး”

ထိုစကားကို ကြားသောအခါ ငှက်တောက စုပိုင်ကို ကျဥ်းမြောင်းသော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်လာပြီး ကျိန်ဆဲသည်။

“ကောင်စုတ်လေး ဘယ်နေရာက ရောက်လာတာလဲ၊ ဒီနေရာက ထွက်သွားစမ်း၊ ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကို ဖြတ်ရိုက်မယ်”

“ဘန်း”

ရုတ်တရက် လောင်လီက လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏အမွေးတစ်ချောင်းကို ဆွဲနုတ်သည်။ သူက ရေရွတ်သေး၏။

“သူပြောတာ ဟုတ်တယ်၊ မင်းက ပျံနိုင်တယ်”

“ငါက မင်းကို အကြာကြီးမွေးထားတာ၊ ငါလည်း မင်းကို ခေါ်သွားချင်တယ်၊ ငါသာ မင်းရဲ့တောင်ပံက အမွေးတွေကို နုတ်လိုက်ရင် မင်းပျံနိုင်တော့မှာ မဟုတ်ဘူး”

“အား ကယ်ကြပါ”

“တစ်ယောက်ယောက် မရှိတော့ဘူးလား၊ ကယ်ကြပါ”

ငှက်တောက ကြောင်သွားသည်။ ထို့နောက် ခပ်မြန်မြန် အကူအညီတောင်း၏။ သူက တောင်ပံကို တဖျတ်ဖျတ်ခါပြီးနောက် လောင်လီထံမှ လွတ်မြောက်အောင် ကြိုးစားသည်။

“ဗြိ”

ထိုသို့ဖြင့် ငှက်မွေးတစ်သုတ်က အနုတ်ခံရသည်။ လောင်လီက လေပြင်းမှုတ်လိုက်သောအခါ ထိုငှက်မွေးများက လေထဲတွင် လွင့်သွားသည်။

ငှက်တောက မျက်ရည်မထွက်သော်လည်း ငိုချင်နေပြီဖြစ်သည်။ သူက အရှေ့မှ လူငယ်ကို စိုက်ကြည့်နေသည်။

ဒီကောင်ကြောင့်ပဲ။

ဘာလို့ ကြက်တူရွေးဘဝက ဒီလိုနဲ့ အဆုံးသတ်ရမှာလဲ။

“နေဦး”

ငှက်တောက အသက်ပြင်းပြင်းရှူသည်။ ထို့နောက် လျှာကို ဆန့်ထုတ်ကာ အော်သည်။

“အဘိုးကြီးလီ မင်းတကယ်လို့ ဘဝကောင်းတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ခေါင်းက နည်းနည်းစိမ်းလည်း ဖြစ်ပါတယ်”

“ ဒါ့အပြင် မင်းရဲ့မိန်းမက မင်းကို မဖောက်ပြန်ခဲ့ဘူးလေ”

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါဒီမနက်ပြန်လာတော့ ငါသေသေချာချာကို အဲဒီလို ဆူညံသံမျိုးကို ကြားလိုက်ရတာပါ၊ မှားနိုင်စရာအကြောင်းမရှိဘူး”

လောင်လီက ရှက်သွားသည်။ သူက အလွန်ဒေါသထွက်သွားပုံပေါ်ပြီး ထိုငှက်တောကို ပစ်ထုတ်လိုက်သည်။

“ဖာ့ခ်”

စုပိုင်က အော်လိုက်သည်။ ထို့နောက် ခပ်မြန်မြန် လှမ်း၍ ခုန်ချလိုက်သည်။

သူ၏ တစ်ကိုယ်လုံးက ထိုထပ်ခိုးအမိုးထပ်၏ အစွန်းနားမှတစ်ဆင့် အောက်သို့ လျှောကျသွားပြီး ငှက်တောကို လက်ဖြင့် လှမ်းကိုင်လိုက်သည်။

အိုး အား..။

ရုတ်တရက် စုပိုင်က ခြေထောက်ကို တစ်ချက်ရွေ့လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က အစွန်းမှ တိုက်ရိုက်ပြုတ်ကျသွားသည်။

ဝိုး။

အောက်ဘက်ရှိ လူအုပ်ကလည်း ဝရုန်းသုန်းကား ဖြစ်သွားသည်။ သူတို့က နောက်သို့ ကြောက်လန့်တကြာ ဆုတ်ကြပြီး အမိုးအစွန်းနားတွင် တွဲလောင်းဖြစ်နေသည့် လူငယ်ကိုကြည့်သည်။

“ဘာဖြစ်တာလဲ၊ ဘာလို့ ခုန်ချတာလဲ”

“ရူးနေလား၊ ကြက်တူရွေးကို ဖမ်းချင်တာနဲ့ ခုန်ချရတယ်လား”

“အော်မနေကြနဲ့၊ pad...padတွေမြန်မြန် ပြင်ဆင်ကြ၊ သူက ကျလာတော့မယ်”

လူတစ်အုပ်က ခပ်မြန်မြန် ပြေးလွှားသွားကြပြီး စုပိုင်ကျလာမည့် နေရာအောက်တည့်တည့်တွင် padများကို ပြင်ဆင်ကြသည်။ ထို့နောက် စိုးရိမ်တကြီးအော်သည်။

“လူငယ်လေး မင်းသေချာထိန်းထားနော်၊ အပေါ်ထပ်မှာ လူတွေရှိတယ်မဟုတ်လား၊ ဘာရပ်ကြည့်နေကြတာလဲ၊ မြန်မြန်လေး လူကယ်ကြလေ၊ ဘာတွေစောင့်နေကြတာလဲ”

ထိုအခါမှသာ လုံခြုံရေးအစောင့်က အသိဝင်သွားပြီး ခြောက်ခြားသော မျက်နှာနှင့် အစွန်းနားတွင် လက်တစ်ဖက်တည်းနှင့် တွဲလောင်းကျနေသော လူငယ်ကို ကြည့်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး ရှေ့သို့ လှမ်းသွားသည်။

သူက လောင်လီကို မည်းမှောင်သော မျက်ဝန်းများဖြင့် ကြည့်သည်။

“အခုချက်ချင်း အောက်ကိုဆင်းလာခဲ့၊ မင်းပြဿနာရှာတာ လုံလောက်ပြီမဟုတ်လား”

“ဘာစောင့်နေတာလဲ၊ မြန်မြန်သွားပြီး လူကယ်လေ”

လူတစ်အုပ်က ပြေးထွက်သွားသည်။ ထိုသို့ဖြင့် လောင်လီကို အောက်သို့ ဆွဲချပြီး ဘေးဘက်သို့ တွန်းထုတ်လိုက်သည်။ ထို့နောက် စုပိုင်ထံသွားသည်။

ဘန်း။

ရုတ်တရက် ထိုလက်ဖဝါးက အင်္ဂတေ ကြမ်းခင်းမှ ချော်ထွက်ကာ ပျောက်ကွယ်သွားသည်။

လူတိုင်းက နေရာတွင်ပင် မှင်တက်သွားသည်။

သွားပြီ ကျသွားပြီ။

ဒါက ၇လွှာ။ အောက်ဘက်မှာ ကာကွယ်ရေးpad ရှိနေတယ်ဆိုရင်တောင်မှ မီတာ ၂၀လောက် မြင့်တာမို့ သေချာပေါက် တစ်ခုခုတော့ ဖြစ်သွားမှာပဲ။

“အားးး”

ထိုအခိုက်အတန့်တွင် အောက်ဘက်မှ အော်ဟစ်သံများက ပေါ်ထွက်လာပြီဖြစ်သည်။ ထို့နောက် လုံခြုံရေးခေါင်းဆောင်က ငုံ့ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းကပင် တုန်ယင်သွားသည်။

ဟစ်။

သူက အသက်ပြင်းပြင်းရှူသည်။

အကြောင်းမူကား ၇လွှာမှ ပြုတ်ကျသွားသော လူကငယ်က နောက်ထပ် လက်တစ်ဖက်တည်းနှင့် အလယ်တွင်ရှိသည့် အဲကွန်းကို ဖမ်းကိုင်ထားကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူက လက်တစ်ဖက်တည်းနှင့် တွဲလောင်းဖြစ်နေပြန်သည်။

“မြန်မြန် မြန်မြန် မြန်မြန်၊ မီးသတ်အဖွဲ့ဝင်တွေကို အကြောင်းကြားကြ”

“၇လွှာမှာနေတဲ့သူတွေဆီကို သွားကြည့်ပြီး ကူညီနိုင်တာ ရှိမလား ကြည့်ကြမလား”

လူတစ်အုပ်က ခေါင်မိုးထပ်မှ ခပ်မြန်မြန်ဆင်းသွားကြသည်။ လောင်လီက သူ၏ပါးကို ပွတ်ပြီး မြေပြင်မှ ကုန်းထလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ ရေရွတ်သည်။

“မဖြစ်နိုင်တာ ဒါက ဖောက်ပြန်တာ မဟုတ်ဘူးလား”

“ငါ သောက်ကျိုးနည်း ငှက်တောကို မေးရမယ်”

ထိုသို့ပြောပြီး သူက အောက်ဘက်သို့ ပြေးဆင်းပြန်သည်။

++++++

All Chapters