← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အပိုင်း (76)

“မင်း လုပ်နိုင်လို့လား၊ ငါ့ကို အပေါ်အရင်တင်ပေးစမ်းပါ”

“အိုး မင်းရဲ့လက်က ချွေးတွေပေနေတယ်၊ ငါ့ရဲ့အမွေးတွေ စိုကုန်ပြီ”

“မင်းတစ်ခုခု ပြောလို့ ရမလား၊ အနေလား”

“ဟယ်လို”

“နည်းနည်း နည်းနည်းကြိုးစားထားဦး”

......

တစ်ဖက်မှ ဆက်တိုက်ထွက်လာသော ငှက်တော၏အသံများကြောင့် ဆုပိုင်၏ နှုတ်ခမ်းများက ကော့ကျနေပြီဖြစ်သည်။

ဒီကောင်က တော်တော်လေး အဆိပ်ပြင်းတယ်။

အံ့အားသင့်မှုအမှတ် နှစ်သန်းကြောင့်သာ မဟုတ်ရင် သူဒီတာဝန်ကို လက်လျော့လိုက်ပြီ။

အဆိပ်ပြင်းလွန်းတယ်။

အချိန်က အထိမခံ ဖြစ်နေတာမဟုတ်လား။ ပြုတ်ကျသွားနိုင်တယ် ဟုတ်ပြီလား။

ခရက်။

ရုတ်တရက် သူကိုင်ထားသည့် လေအေးပေးစက်၏ သံမဏိဘောင်က ခပ်ကြမ်းကြမ်း ရမ်းခါသွားသည်။ အခြားတစ်ဖက်အဆုံးနားမှ သံမဏိ ဝက်အူလှည့်များက ပြုတ်ထွက်သွားပြီး တစ်ဖက်စောင်းသွားသည်။

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး သူ၏ခြေထောက်ကိုသုံးကာ နံရံကိုထိန်းထားရင်း အောက်ပြုတ်မကျအောင် တောင့်ထားရသည်။

ဘန်း။

“ကောင်လေး မင်းငါပြောတာကို ကြားလား”

“ထိန်းထားဦး ငါတို့ မင်းကိုအခုလာကယ်နေပြီ”

လုံခြုံရေးခေါင်းဆောင်က ပြတင်းပေါက်အနားတွင် ကုန်းလျက် အပြင်သို့ထွက်ရင်း တစ်ချက်ကြည့်သည်။ ထိုနားတွင် လေအေးပေးစက်ကို ထိန်းထားပေးရန်အတွက် ဆွဲကိုင်စရာလည်း မရှိချေ။

ဘုန်း။

သူက ပြတင်းပေါက် ဘောင်ပေါ်သို့တက်ပြီး မတ်တပ်ရပ်တော့မည့်အချိန်တွင် သူ၏ အရှေ့ဘက်ရှိ လေအေးပေးစက်က ရုတ်တရက် ခပ်ကြမ်းကြမ်း ခါရမ်းလာပြီး ဘေးတစ်ဖက်သို့ လျှောကျလာသည်။

ခရက်။

သံမဏိဘောင်က ပိုပို၍ပင် ပုံစံပျက်လာပြီး ပျက်ကျတော့မည့် လက္ခဏာ ပြလာကြောင်း မြင်လိုက်ရသည်။

လုံခြုံရေးခေါင်းဆောင်၏ နဖူးတွင် ချွေးများ ပြည့်နှက်လာပြီဖြစ်သည်။ သူက အသက်ပြင်းပြင်းရှူသည်။

“သွား အိပ်ရာခင်းတွေ မြန်မြန်သွားယူပြီး ငါ့အတွက် စည်းပေးစမ်းပါ”

“ခေါင်းဆောင် မီးတပ်ခေါင်းဆောင်က ရောက်လာတော့မှာပါ၊ ငါတို့စောင့်ကြရင် ဘယ်လိုလဲ၊ နောက်ပြီး ဒီနေရာမှာ အကာကွယ်ပစ္စည်းတွေလည်း မရှိဘူးလေ၊ အန္တရာယ်များလွန်းတယ်”

ဘေးဘက်မှ အဖွဲ့ဝင်တစ်ယောက်က လှမ်းပြောသည်။ သူက သူ့ကို ဖြောင်းဖျလိုပုံပေါ်သည်။

“မြန်မြန်သွားစမ်းပါ”

လုံခြုံရေးခေါင်းဆောင်ကလည်း အော်လိုက်သည်။

“အပြင်ဘက်က သံမဏိဘောင်က ပျက်ကျတော့မယ်၊ ငါတို့ထပ်ပြီး စောင့်လို့မရဘူး၊ မီးသတ်ကားရောက်လာတဲ့အခါ သူသေနေလောက်ပြီ”

“ကောင်းပြီ ကောင်းပြီ အိပ်ရာခင်းတွေ မြန်မြန်သွားယူကြ”

လူတိုင်းက လုံခြုံရေးခေါင်းဆောင်ဆီ အိပ်ရာခင်းများကို ချည်လျက် ပေးကြသည်။ သူက ပြတင်းပေါက်ဘောင်ပေါ်မှ ခပ်မြန်မြန် ခုန်ဆင်းလိုက်ပြီး သူ၏ လက်နှစ်ဖက်လုံးဖြင့် ပြတင်းပေါက်ဘောင် အစွန်းနားကို ကိုင်သည်။ ထိုသို့ဖြင့် အောက်ကို လျှောဆင်းသည်။

“ငါ့ရဲ့လက်ကို ဖမ်းဆွဲနိုင်လား”

ဆုပိုင်က မျက်မှောင်ကြုတ်ပြီး မော့ကြည့်သည်။ သူက ခေါင်းသာခါပြသည်။

“ဒါဆိုရင် ငါ့ကို လှမ်းဖမ်းလိုက်”

အောက်ဘက်မှ ငှက်တောက လှောင်ပြောင်သလိုပြောသည်။

“ငါ့ကိုမြန်မြန် လွှတ်ပေးစမ်းပါ၊ အား၊ ငါ့့ကို ဆွဲမဆိတ်နဲ့”

“ကောင်းပြီ နည်းနည်းလောက် ထိန်းထားဦး၊ ငါအောက်နည်းနည်း လျှောဆင်းလာမယ်”

လုံခြုံရေးခေါင်းဆောင်က အံကိုကြိတ်ပြီး ပြတင်းပေါက်ဘောင်ကို ကိုင်ကာ လက်နှစ်ဖက်လုံးကို လွှတ်လိုက်သည်။ ထို့နောက် အိပ်ရာခင်းနှင့်အတူ သူက အောက်သို့ ဆင်းသက်လာသည်။

သူက ဆုပိုင်ကို သိုင်းဖက်လိုက်ပြီးနောက် ခပ်မြန်မြန် လှမ်းအော်သည်။

“ရပြီ မ တင်တော့”

ဘိ။

သို့သော် သူက ထိုသို့ပြောလိုက်သည့်အချိန်တွင် အရှေ့မှ အိပ်ရာခင်းက ပြဲသွားသည့်အသံနှင့်အတူ ချက်ချင်းလွတ်ထွက်သွားသည်။

“ဖာ့ခ်”

ဆုပိုင်က သူ၏ခြေထောက်များကို သုံးပြီး လုံခြုံရေးခေါင်းဆောင်၏ ခါးကို ဖက်ထားလိုက်ရသည်။ ထို့နောက် အသက်ကို အမောတကော ရှူရသည်။

တအား ခက်ခဲလွန်းတယ်။

တစ်ယောက်တည်းနဲ့တောင် တော်တော်လေး လေးနေတာကို ဘာလို့ ၂ယောက်ဖြစ်သွားတာလဲ။

ငါစိုးရိမ်တာက...... ။

ကလစ် ကလစ် ကလစ်။

သူ၏ နားထဲတွင် သံမဏိဘောင်၏ အသံများက တဖြည်းဖြည်းချင်း ပြိုပျက်လာသလိုမျိုး ကျယ်လောင်လာသည်။ ဆုပိုင်က တစ်ချက်ရပ်တန့်လျက် အောက်ဘက်ရှိ လေအိတ်များကို ကြည့်လိုက်သည်။

ကြည့်ရတာ ဖြေရှင်းချက် မရှိတော့ဘူး။ ငါခုန်ချမှပဲ ရတော့မယ်။

သို့ရာတွင် သူ၏ အောက်ဘက်ရှိ လေအိတ်ကလည်း သိပ်မကြီးချေ။ လူတစ်ယောက်စာ ကျော်ကျော်သာ ရှိသည်။ သို့သော် မှန်ကန်သောနေရာကို ကွက်တိ ခုန်ချနိုင်ခြင်းသာ မရှိလျှင်....။

ခရက်။

“တောင့်ထားဦး”

အော်သံတစ်ချက်နှင့်အတူ ဆုပိုင်က သူ၏ခြေထောက်များနှင့်အတူ နံရံကို စောင့်ကန်လိုက်ပြီး အစောင့်ခေါင်းဆောင်နှင့်အတူ အောက်သို့ ခုန်ဆင်းလိုက်သည်။

“အား”

“ငါကြောက်လို့ သေတော့မယ်၊ သံမဏိဘောင်က ပျက်ကျသွားပြီ”

“အောက်ဘက်မှာ လေအေးပေးစက် ရှိနေသေးတယ်လေ၊ အဲဒီပေါ်ကိုတော့ ပြုတ်မကျပါနဲ့”

အောက်ထပ်တွင် ကြည့်နေသော လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်ပြီး ကောင်းကင်မှ ကျလာသောလူများကို ကြည့်သည်။

“ဘယ်လိုတောင် သတ္တိကြီးတဲ့ကောင်လဲ”

ငှက်တောက အရှေ့မှ လူငယ်ကိုကြည့်ပြီး လေးစားသွားမိသည်။

“ပါးစပ်ပိတ်စမ်း”

ဆုပိုင်က ထိုကြက်တူရွေး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖိညှစ်ထားသည်။ အခွင့်အရေးရသောအခါ သူက အပြင်သို့ ပစ်ထုတ်လိုက်သည်။

ဘန်း။

သူတို့နှစ်ယောက်က အောက်ဘက်ရှိ လေအိတ်ခပ်မာမာသို့ ထိသွားသည်။ ဆုပိုင်က မျက်လုံးထဲတွင် ကြယ်လများနှင့်အတူ ကုန်းထလိုက်ပြီး လုံခြုံရေးခေါင်းဆောင်ကိုလည်း ထူသည်။

“မင်းပြုတ်မကျ....”

“အဆင်ပြေရဲ့လား”

နှစ်ယောက်လုံးက တပြိုင်တည်း ပြောလိုက်မိကြသည်။ ထို့နောက် တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ပြီး ရယ်သည်။

ဖြောင်း ဖြောင်း ဖြောင်း။

လူတိုင်းက လက်ခုပ်တီးပေးကြသည်။

“ဝမ်းသာစရာပဲ၊ ဒီလူငယ်လေးက တော်တော်လေးတော်တယ်၊ ခေါင်းဆောင်လည်း တူတူပဲ”

“ဟုတ်သားပဲ ကျေးဇူးတင်ပါတယ်၊ မင်းတို့ကြောင့်သာ မဟုတ်ရင်....ဒီလောင်လီက....”

“နေပါဦး လောင်လီက ဘယ်မှာလဲ၊ လောင်လီက အဆောက်အအုံပေါ်က ခုန်ချမှာမဟုတ်လား၊ ဘယ်လိုဖြစ်ပြီး မင်းတို့၂ကောင်က ခုန်ဆင်းလာတာလဲ”

လူအများက အဆောက်အအုံအမိုးထပ်သို့ ပြန်ကြည့်ကြသည်။ ထိုအချိန်တွင် လောင်လီကို မမြင်ရတော့ချေ။

“အား အား အား ကယ်ကြပါ”

ထိုအချိန်တွင် လှေကားထံမှ အော်သံက ထွက်ပေါ်လာသည်။

လူတိုင်းက လှည့်ကြည့်လိုက်သည်။ ထိုအခါ အပေါ်ပိုင်းဗလာနှင့် လောင်လီက ငှက်တော၏ လည်ပင်းကို ဖိညှစ်ကိုင်ပြီး ခပ်ကြမ်းကြမ်း အော်နေကြောင်း တွေ့လိုက်ရသည်။

“မင်း နေ့တိုင်း အိမ်မှာနေပြီး ဘာလုပ်နေလဲ”

“ငါ့ကို ရှင်းရှင်းလင်းလင်းပြောစမ်းပါ၊ မင်းဒီနေ့ ဒီကိစ္စကိုသာ ရှင်းရှင်းလင်းလင်း မပြောရင် ငါမင်းရဲ့ လည်ပင်းကို ချိုးပသ်မယ်”

“အဟွတ် အဟွတ်”

ငှက်တောက သူ၏သေးငယ်သော မျက်ဝန်းဖြင့် စိုက်ကြည့်ပြီး ဆုပိုင်ရှိရာဘက်သို့ တောင်ပံကို တဖျတ်ဖျတ် ခါနေသည်။

“အလျင်စလို မလုပ်ပါနဲ့”

ဆုပိုင်ကလည်း အပြေးသွားသည်။ သူက ထိုလောင်လီ၏ လက်ဝါးကို လက်နှစ်ဖက်လုံးဖြင့် ညှစ်ကာ ဖြဲလိုက်ရင်း ငှက်တောကို ကယ်ဆယ်လိုက်သည်။ ထို့နောက် ပင့်သက်ရှိုက်ရင်း ပြောသည်။

“အလျင်စလို မလုပ်ပါနဲ့၊ ဒီသနားစရာကောင်းတဲ့ငှက်လေးကို ဘာများမေးနိုင်မှာလဲ”

“ဘာကို သနားစရာကောင်းတဲ့ ငှက်လဲ၊ မင်းဘယ်သူ့ကို ပြောနေတာလဲ”

ငှက်တောက တောင်ပံကို တစ်ချက်ခါရင်း ဆုပိုင်၏ပခုံးကို ရိုက်သည်။ ထို့နောက် ပခုံးပေါ်တွင် တည်တည်ငြိမ်ငြိမ်နေရင်း ခပ်အေးအေး ပြောပြန်သေးသည်။

“လောင်လီ”

ထိုအချိန်တွင် မိန်းမငယ်လေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က အလျင်စလို ပြေးဝင်လာသည်။ လောင်လီ၏ ပုံပန်းသွင်ပြင်ကို မြင်သောအခါ သူမက အော်ငိုကာ အော်သည်။

“ရှင်ဘာလုပ်နေတာလဲ၊ ရှင်ဘာလို့ ကောင်းမွန်တဲ့ဘဝမှာ မနေနိုင်တော့တာလဲ၊ ဘာဖြစ်လို့လဲ”

“အား”

“ရှင်ဘာတွေ ရူးနေတာလဲ၊ အဆောက်အအုံပေါ်ကနေတောင် ခုန်ချသေးတယ်၊ ရှင်အဆောက်အအုံပေါ်က ခုန်ချရင် ကျွန်မတို့က ဘာလုပ်ရမှာလဲ”

“မင်းက ပြောရဲသေးတာလား”

လောင်လီက သူ၏အရှေ့မှ မိန်းမဖြစ်သူကို ကြည့်ပြီး ရှက်ရွံ့ကာ အော်သည်။

“ငါသာ မကြားခဲ့ရင် မင်းကြောင့် အမှောင်ထဲမှာပဲ ရှိနေခဲ့ဦးမှာ”

“ငါမမျှော်လင့်ထားဘူး၊ ငါက နေ့တိုင်း အတတ်နိုင်ဆုံး ကြိုးစားပြီး ကားမောင်းနေခဲ့ရတာ၊ ဒါပေမဲ့ မင်းကတော့ အိမ်မှာ အဲဒီလိုဖြစ်ပျက်နေတယ်”

“ဘာသောက်ပေါက်ကရတွေ လာပြောနေတာလဲ”

သက်လတ်ပိုင်းမိန်းမကြီးကလည်း လောင်လီ၏ပုံစံကို မြင်သောအခါ ကြောင်အသွားသည်။

“ကောင်းပြီ အခုတော့ ငြင်းမနေကြနဲ့တော့”

လုံခြုံရေးခေါင်းဆောင်က ထိုနှစ်ယောက်က်ို လူခွဲကာ မျက်မှောင်ကြုတ်လျက်ပြောသည်။

“ဒါက မင်းတို့ရဲ့ မိသားစုရေးရာ ကိစ္စ၊ မဖြေရှင်းနိုင်ရင် တရားရုံးကိုသာ သွားလိုက်”

“ဘာတွေဖြစ်နေတာလဲ...”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက လောင်လီကို ကြည့်ရင်းအော်သည်။

“ငါဒီနေ့ ဆေးရုံကိုသွားတာ၊ ငါ့ကလေးက နေမကောင်းဘူး၊ ငါတစ်နေ့လုံး ပင်ပန်းပြီး ပြန်ရောက်လာခါစပဲ ရှိသေးတယ်၊ နင်က ဘာလုပ်တာလဲ”

“ဆေးရုံကိုသွားတယ်ဟုတ်လား”

ထိုစကားကို ကြားသောအခါ လောင်လီက သူမကို အံ့အားသင့်သလိုကြည့်သည်။ ထို့နောက် သူ၏သမီးကို ပြန်ငုံ့ကြည့်သည်။ ကလေး၏ နဖူးတွင် အဖျားပလာစတာကပ်ထားကြောင်း မြင်ရသည်။ မျက်နှာကလည်း အနည်းငယ်ဖောင်းနေ၏။

“ပေါက်ကရတွေ ကလေးက ညလယ်မှာတင် အဖျားတက်လာလို့ အရုဏ်မတက်ခင်ကတည်းက ဆေးရုံကို လိုက်ပို့ထားရတာလေ”

လောင်လီ၏ မိန်းမက ကလေးကိုဖက်ရင်း မျက်ရည်များကိုသုတ်ကာပြောသည်။

“ငါက နင်ညကျ စားစရာမရှိမှာစိုးလို့ အပြေးအလွှားပြန်လာပြီး ဟင်းချက်ပေးတာ၊ မမျှော်လင့်ထားဘဲ နင်က ရူးနေတယ်”

“ငါ.......”

လောင်လီက မိန်းမဖြစ်သူကို ကြောင်အစွာကြည့်သည်။ သူက တစ်ခဏခန့်ကြာအောင် ဆွံ့အသွားသည်။

“ငါ အိမ်ရဲ့ တံခါးကနေ အဲဒီဆူညံသံတွေကို ရှင်းရှင်းလင်းလင်း ကြားခဲ့တာပါ”

++++++

အပိုင်း (77)

“ဟူး”

ထိုအခိုက်အတန့်တွင် လူအုပ်ထဲမှ အမျိုးသားတစ်ယောက်က ထွက်လာသည်။ အနောက်မှ ဖက်ရှင်ကျကျ ဝတ်ထားသော အမျိုးသမီးတစ်ယောက်ပါသည်။ သူမက ဆံပင်ရှည်သည်။ သူမက လှောင်လိုက်၏။

“ဟေး နင်တို့ဘာလို့ tvစီးရီးမှာ သရုပ်မဆောင်ကြတာလဲ”

“ဒါက လောင်လီရဲ့ မိသားစုဝင်တွေမဟုတ်လား၊ သူတို့ဘာလုပ်နေကြတာလဲ”

“ယောက်ျားရယ် ဒီမနက်ပိုင်းတင် တစ်စုံတစ်ရာကို ကြားလိုက်သေးတယ် မဟုတ်လား”

“ပေါက်ကရ မပြောနဲ့”

ထိုမိန်းမ၏အမျိုးသားက မျက်မှောင်ကြုတ်ပြီး ခပ်တိုးတိုးနှင့် ဆူသည်။

လောင်လီက ထွက်လာသည့် ဘေးအိမ်မှ လူများကို ကြည့်ပြီး သူ၏မျက်နှာက ရုတ်တရက် ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။ သူက နီရဲသော မျက်လုံးများဖြင့် မိန်းမဖြစ်သူကို ပြန်ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။

“မဖြစ်နိုင်တာ ဒီကိစ္စက မှန်နေတယ်မဟုတ်လား၊ တခြားသူတွေတောင် ကြားတယ်”

“ငါမထင်ထားခဲ့ဘူး၊ လောင်လီရဲ့ ဇနီးက ဒီလိုလူမျိုး ဖြစ်နေတာပဲ”

“ဒါဆိုရင် ဘေးအိမ်က နှစ်ယောက်က....”

အနားရှိ လူတိုင်းက သူတို့ကိုကြည့်ပြီး လေသံတိုးတိုးဖြင့် စပြောကြပြန်သည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ဘာမှန်းမသိဘဲ တခြားသူကို ဒီလိုစွပ်စွဲလို့ ရမလား”

ဆုပိုင်က ဆံပင်ရှည်နှင့်အမျိုးသမီးကို ကြည့်ပြီး ဆူပူလိုက်သည်။

“နင်က ဘာလဲ”

ထိုအမျိုးသမီးက သူမ၏ ဆံပင်ကို တစ်ချက်သပ်သည်။ သူမက မောက်မာထောင်လွှားပုံရ၏။ ထို့နောက် အေးစက်စွာ ရယ်မောလိုက်သည်။ သူမက ဆုပိုင်ကို လျစ်လျူရှုချင်ပုံပေါ်သည်။

“ဘာလဲ နင်ကတော့ လုပ်ရဲတယ်၊ ဒါပေမဲ့ တခြားသူတွေက ထုတ်ပြောလို့ မရဘူး ဟုတ်လား၊ ဟွန့် တော်တော်လေးကို အံ့သြစေတာပဲ၊ ငါတောင်မှ ကြားခဲ့ရသေးတာလေ”

“ကောင်းပြီရှောင်ယင် မပြောနဲ့တော့”

အနားရှိ အမျိုးသားက သူမကို ဆွဲသည်။ ထို့နောက် လောင်လီတို့ကို တောင်းပန်သလိုကြည့်ပြီး လှေကားဘက်သို့ ထွက်သွားရန် ကြံစည်သည်။

ဘန်း။

လောင်လီက သူတို့နှစ်ယောက်၏ ပုံစံကိုကြည့်ပြီး သူ၏ခြေထောက်ကို ခပ်ကြမ်းကြမ်း စောင့်ချလိုက်ကာ ကလေးကို ဆွဲလုသည်။ ထို့နောက် ဇနီးဖြစ်သူကို ခပ်ကြမ်းကြမ်းအော်လိုက်သည်။

“မင်းမှာ ဘာပြောစရာရှိသေးလဲ”

“ဘေးအိမ်တွေတောင် ကြားကြတယ်”

“ငါ ဝူးဝူးဝူးဝူး ငါဘာအမှားများ လုပ်ခဲ့မိလို့လဲ၊ ဒီလိုမျိုး...”

သူက ထိုသို့ပြောပြီး မျက်နှာကို အုပ်ကာ ငိုသည်။

“ငါဘာမှမလုပ်ဘူး”

လောင်လီ၏ မိန်းမဖြစ်သူ၏ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ သူမက ရှေ့ထွက်လာပြီး ရှောင်ယင်ကို ပြန်ဆွဲခေါ်ကာ ဒေါသတကြီးပြောသည်။

“ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါ၊ နင်ဘာကြားလို့လဲ”

“ငါ....ကောင်းပြီ ငါတို့ဒီအကြောင်း ဆက်ပြောစရာမလိုဘူး၊ အခုပဲ တရားရုံးကို သွားမယ်”

“အိုး ဒါဆိုလည်း တရားရုံးကို သွားပြီး ပြောကြတာပေါ့၊ အားလုံးပဲ လူစုခွဲကြတော့”

နောက်ထပ် မိသားစုတစ်စုကပါ ဝင်ပါလာကြောင်း မြင်သောအခါ လုံခြုံရေးခေါင်းဆောင်၏ နဖူးမှ သွေးကြောများကပင် ထောင်တက်လာသည်။

“ဟားဟား”

တစ်ဖက်မှ အမျိုးသမီး၏ နှုတ်ခမ်းပါးများက ကော့တက်သွားသည်။ သူမက ပါးစပ်ကိုအုပ်ပြီး ပြုံးလျက်ပြောသည်။

“ငါအဲဒီအသံတွေကြားတော့ ရှက်တောင်ရှက်သွားမိသေးတယ်၊ နင်တို့တွေ ဘာကြားကြသေးလဲ၊ ဘာလို့ မရှက်ကြတာလဲ၊ ငါ့ဆီကများ သင်ယူထားကြတာလား၊ အသံတွေကတောင် တူနေသေးတယ်”

“ဒါမှမဟုတ် နင်တို့အားလုံး အဲဒီအတိုင်း နားထောင်ချင်ကြလား”

ထို့နောက် သူမ၏ မျက်နှာတွင် လှောင်ပြောင်လိုသော ပုံသဏ္ဍာန်မျိုးဖြင့် စပြောရန်ပြင်ဆင်လိုက်သည်။

သို့သော် ရုတ်တရက် ဆွဲဆောင်မှုရှိလွန်းသော အမျိုးသမီးတစ်ယောက်၏အသံက ထွက်လာ၏။ ထို့နောက် ထိုအမျိုးသမီးကိုယ်တိုင်က မှင်တက်သွားသည်။ အကြောင်းမူကား ထိုအသံက သူမနှင့် တထေရာတည်း တူနေသောကြောင့် ဖြစ်သည်။

........။

လူတိုင်းကလည်း ဆွဲဆောင်မှုပြင်းထန်သော အမျိုးသမီးတစ်ယောက်၏ အမျိုးမျိုးသော အသံနေအသံထားပေါင်းစုံနှင့် ဖြစ်စဥ်ကို ကြားလိုက်ရပြီးနောက် ဆုပိုင်၏ ပခုံးပေါ်မှ ကြက်တူရွေးကို ထူးဆန်းသော မျက်နှာထားမျိုးဖြင့် ကြည့်လိုက်ကြသည်။

“ဝိုး”

လူအုပ်က ပေါက်ကွဲသွားသည်။

တော်တော်လေးကို ကြားလိုက်ရတာနဲ့ တထေရာတည်းတူအောင် ပြန်ပြောနိုင်တာပဲ။

ထိုစကားသံများနှင့်အတူ လူတိုင်း၏ စိတ်ထဲတွင် ပုံရိပ်များက ပေါ်လာသည်။

“ဒါ.... ငါနင့်ကို သတ်မယ်”

ထိုအမျိုးသမီးက ကြောင်သွားသည်။ ပြီးနောက် သူမ၏ လက်ကိုင်အိတ်ကိုယမ်းပြီး ဆုပိုင်ရှိရာဘက်သို့ ပစ်လွှတ်လိုက်သည်။

ဘန်း။

“ဒါက ဘေးအိမ်က နေ့တိုင်းထွက်နေတဲ့ ဆူညံသံတွေပဲလေ၊ ဘာမှားလို့လဲ”

ငှက်တောကလည်း တောင်ပံကို တဖျတ်ဖျတ်ခတ်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူက လူတိုင်း၏ ခေါင်းပေါ်တွင် ပျံဝဲလျက် ဒေါသတကြီးအော်သည်။

“မင်းတို့အိမ်က နေ့တိုင်းကြားနေရတဲ့ အဲဒီဆူညံသံတွေကြောင့်သာ မဟုတ်ရင် ငါက ဘယ်လိုများ တတ်လာပါ့မလဲ”

“ဟွန့်”

“ဝမ်ကော ဝမ်ကောက တအားတော်တာပဲ”

“ဝမ်ကော ငါ့ယောက်ျားက ဒီနေ့ အိမ်မှာမရှိဘူး၊ ဒီည အိမ်ကို လာခဲ့နော်”

“ဝမ်ကော ဝမ်ကော အချိန်က ကုန်နေပြီ၊ မြန်မြန်လေး ဆေးကြောလိုက်ရအောင်”

“အားးးး”

ထိုအမျိုးသမီး၏ မျက်နှာက နီရဲသွားသည်။ သူမက ရူးသွပ်မည့်ပုံပေါ်သည်။

ဘန်း။

သို့သော် ရုတ်တရက် အနောက်ဘက်မှ လက်ကြီးတစ်ဖက်က သူမ၏ ဆံပင်ရှည်ကို စောင့်ဆွဲလိုက်ပြီး မြေပြင်သို့ လဲကျသွားစေသည်။ သူမ၏ ဒေါသထွက်နေသော ခင်ပွန်းကို မြင်သောအခါ ထိုအမျိုးသမီး၏ မျက်နှာက ထိတ်လန့်သွားပုံပေါ်သည်။

“ယောက်ျား ဒါတွေအားလုံးက ဒီငှက်က သောက်ပေါက်ကရ လျှောက်ပြောနေတာ၊ ငါက တစ်နေ့လုံး အိမ်မှာပဲ နေတာပါ၊ ဒါကို ယုံပေးရမယ်နော်”

ဖြန်း။

ထိုသို့ဖြင့် ခပ်ကြမ်းကြမ်းပါးရိုက်သံက ထွက်ပေါ်လာသည်။ ထိုရိုက်ချက်က ထိုမိန်းမကို သတိလစ်သွားလုနီးပါး ပြင်းထန်လွန်းသည်။

“ကောင်းပြီလေ နင်က ငါ့ကို ရိုက်ရဲတယ်ဟုတ်လား”

ထိုအမျိုးသမီးက မြေပြင်က ချက်ချင်း ခုန်ထလိုက်သည်။ သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ ထိုအမျိုးသားနှင့်အတူ စတင်ကာ တိုက်ခိုက်သည်။

“ငါက ယောက်ျားတစ်ယောက်ပဲ ခိုးတာ၊ ဘာမှားလို့လဲ၊ နင်ကမှ မလုပ်နိုင်တာ၊ ဒါတောင်မှ ငါ့ကို တစ်ခုလပ်သာသာဘဝမျိုးဖြစ်အောင် ထားထားသေးတယ်”

“မင်းလိုချင်ရင် အခုပဲ ကွာရှင်းလို့ရတယ်”

“အားအား ငါဒီတိုင်း ဆက်မနေနိုင်တော့ဘူး”

လူတိုင်းကလည်း တိုက်ခိုက်နေကြသော လူနှစ်ယောက်ကို ကြည့်ကာ ဆွံ့အနေကြသည်။ အချို့လူများက လေသံတိုးတိုးနှင့် ဆွေးနွေးကြသည်။

“ငါနားလည်ပြီ၊ လတ်စသတ်တော့ လောင်လီကြားရတယ်ဆိုတဲ့အသံက ဒီကြက်တူရွေးဆီကပဲ”

“ဒီကြက်တူရွေးကို မွေးထားလို့တော့ မရတော့ဘူး၊ တော်တော်လေးကို အဆိပ်ပြင်းတယ်၊ ဘေးအိမ်က မိသားစုကလည်း တော်တော်လေး ပါရမီကြီးတယ်နော်”

“ငါ့ကိုပြောပါဦး၊ ဘေးအိမ်က အခြေအနေကို ဒီကြက်တူရွေးပြန်ပြောတဲ့အတိုင်းဆိုရင် လောင်ဝမ်က ဘယ်သူလဲ၊ ဒီအဆောက်အအုံမှာ မျိုးရိုးနာမည် ဝမ်နဲ့လူ ရှိလို့လား.....”

ပလုံ။

ရုတ်တရက် လောင်လီက ဇနီးဖြစ်သူရှေ့တွင် ဒူးထောက်ချလိုက်သည်။ သူ၏ လက်နှစ်ဖက်လုံးကို မြှောက်ပြီး ကိုယ့်ကိုယ်ကိုယ် ခပ်ကြမ်းကြမ်း ပါးရိုက်သည်။

“ဒါတွေအားလုံးက ငါ့အမှားပါ မိန်းမရယ်၊ ငါမင်းကို သံသယဝင်ခဲ့မိတယ်”

“ငါဒီငှက်ကို ဒီနေ့သတ်မှာ၊ သူ့ကို ဘယ်တော့မှ ထပ်မမွေးတော့ဘူး”

“တကယ်လား”

“ကောင်းပြီကောင်းပြီ ထတော့”

လောင်လီက ကူမပြီး အထခံရသည်။ စုံတွဲနှစ်ယောက်က ပတ်ဝန်းကျင်ရှိလူတိုင်းကို တောင်းပန်ကြောင်းပြောသည်။

“ဒီနေ့ အားလုံးကို ဒုက္ခပေးလိုက်မိပြီ၊ ဒါပေမဲ့ ဒီငှက်တောကတော့ အိမ်မှာ မွေးထားလို့ မဖြစ်ဘူး၊ သူက ဉာဏ်တအားကောင်းလွန်းတယ်၊ စကား ကောင်းကောင်းပြောတတ်တာက အရေးကြီးလွန်းနေတယ်၊ ဒါကြောင့် ဒီလိုကောင်မျိုးရဲ့ လှည့်စားတာကို ခံရနိုင်တယ်”

“လီကော”

ဆုပိုင်က ရုတ်တရက် ခုန်ထွက်လိုက်သည်။ သူက ခေါင်းပေါ်မှ ငှက်တောကို ဆွဲယူလိုက်ပြီး လောင်လီ၏အနားသို့ သွားကာ ပြုံးလျက်ပြောလိုက်သည်။

“ဒီငှက်တောကို ဘာလို့ ငါ့ကို မရောင်းလိုက်တာလဲ”

“ကောင်လေး ငါဒီနေ့ မင်းကို ဒုက္ခပေးလိုက်မိပြီ၊ မင်းကြောင့်သာမဟုတ်ရင် ဖြစ်ရပ်က မယုံနိုင်စရာပဲ”

လောင်လီက အရှေ့မှ လူငယ်၏ ပခုံးကို ပုတ်ပြီး အသက်ပြင်းပြင်းရှူကာပြောသည်။

“မင်းက ဒီကြက်တူရွေးကို ဘာကြည့်ကြိုက်တာလဲ၊ ဒီတိုင်း မင်းကြိုက်ရင် ယူသာယူလိုက်၊ အခုကစပြီး ငါဒီအကောင်ကို ဆက်မမွေးချင်တော့ဘူး၊ တအားကို စိုးရိမ်နေရလိမ့်မယ်”

“အဘိုးကြီးလီ ခင်ဗျားက တော်တော်လေးကို ရက်စက်တာပဲ”

ငှက်တောက ဆုပိုင်၏လက်ထဲတွင် ကိုင်ထားခံရသည်။ သူက တောင်ပံကို တဖျတ်ဖျတ်ခါရင်း ဆက်တိုက်အော်ဟစ်နေသည်။

“ ခင်ဗျား ရုပ်ရှင်တွေ ခိုးကြည့်တာကို ငါမကြားဘူးထင်လို့လား”

“ပါးစပ်ကိုပိတ်”

လောင်လီ၏ မျက်နှာက နီလိုက်ဖြူလိုက် ဖြစ်လာကြောင်း မြင်သောအခါ ဆုပိုင်က အခြားလက်တစ်ဖက်ဖြင့် ထိုငှက်တော၏ နှုတ်သီးကို ဖိထားလိုက်ရသည်။ ထို့နောက် လူတိုင်းကို တောင်းပန်သလို ပြုံးပြလိုက်ပြီး အိတ်ထဲသို့ ထိုးထည့်လိုက်ရသည်။

“ကျေးဇူးအများကြီးတင်ပါတယ် လီကော ၊ ငါအိမ်ပြန်ရောက်ရင် ဒီကောင့်ကို ကောင်းကောင်း လေ့ကျင့်ပေးလိုက်ပါ့မယ်”

လောင်လီက လက်ကို ခပ်မြန်မြန်ရမ်းပြပြီး မိသားစုကိုခေါ်ကာ အပေါ်သို့ ခပ်မြန်မြန် တက်သွားသည်။

သူက ဒီနေရာတွင် ထပ်မနေနိုင်တော့ချေ။ ကြာကြာနေလျှင် ထို အစုတ်အပြတ် ကြက်တူရွေးက တစ်စုံတစ်ရာကို ထုတ်ဖော်ပေလိမ့်မည်။

[သောက်ကျိုးနည်း၊ ဇာတ်ကြောင်းအပြောင်းအလဲကတော့ တော်တော်လေးကို မမျှော်လင့်ထားတဲ့ အခြေအနေမျိုးပဲ၊ ငါမမျှော်လင့်ထားဘူး၊ ဒီကြက်တူရွေးက ဘေးအိမ်က မိသားစုဆီကတောင် သင်ထားတာလား]

[ဒါပေမဲ့ ဒါကို ကြည့်ရုံနဲ့တင် ငါသွေးတွေ ဆူပွက်လာသလိုပဲ၊ လောင်လီကြည့်တဲ့ ဇာတ်လမ်းက ကောင်းလောက်တယ်]

[အပေါ်ထပ်ကလူ မင်းက လူတိုင်းရဲ့စိတ်ကို ထုတ်ပြောလိုက်တာပဲ]

[ဒီလိုငှက်မျိုးက ဘယ်သူက မွေးထားရက်မှာလဲ၊ ဒီလိုကောင်ကို လှောင်မွေးထားရင် သူလျှိုမွေးထားသလိုပဲ ဘာလုပ်လုပ် ပေါ်မှာလေ]

[အပေါ်ကတစ်ယောက် မင်းကို သေတဲ့အထိ ရိုက်သတ်မယ်ဆိုရင်တောင်မှ ဒီလိုကောင်ကို မွေးမှာမဟုတ်ဘူးမလား ]

++++++

အပိုင်း (78)

“တင် ဂုဏ်ယူပါတယ် hostက ငှက်တောအပိုင်းအစ တာဝန်ကို ပြီးမြောက်အောင်မြင်သွားပါပြီ”

“တင် ဂုဏ်ယူပါတယ် hoetက ငှက်တောကို အောင်အောင်မြင်မြင် ကယ်ဆယ်လိုက်နိုင်တဲ့အတွက် ဉာဏ်ရည်၂မှတ်အပို ထပ်ဆောင်းရရှိပါတယ်”

“မူလလောကကို ပြန်လည်သွားရောက်တော့မှာပါ၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကလည်း အလိုအလျောက် ပိတ်သွားပါလိမ့်မယ်”

“တာဝန်တစ်ခု ပြီးဆုံးသွားလို့ အံ့အားသင့်မှုအမှတ် ၈သိန်းခွဲ ရရှိပါတယ်”

“......”

အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်နှင့် ဆုပိုင်က မြေပြင်မှ ထထိုင်လိုက်သည်။ သူက ဘေးဘီကို ခပ်မြန်မြန်ကြည့်သည်။ သူ၏အရှေ့က မည်းမှောင်နေသော အခန်းဖြစ်သည်။ သူ၏လက်ချောင်းကိုပင် မမြင်ရချေ။

“တစ်ယောက်ယောက် ရှိလား”

အော်သံတစ်ချက်နှင့်အတူ ဆုပိုင်က မြေပြင်မှ တဖြည်းဖြည်းထသည်။

ထို့နောက် အိမ်၏ အစွန်းနားသို့ တဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

“ဟစ်”

ရုတ်တရက် သူဟာ အမွှေးပွများပါသည့် တစ်စုံတစ်ရာကို ထိမိသွားသည်။ ဆုပိုင်က မနေနိုင်ဘဲ ကြောင်သွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

“တစ်ယောက်ယောက်ရှိလား”

“ဝူးဝူးဝူး”

အရှေ့မှ ရုန်းကန်သံက ထွက်လာသည်။ ဆုပိုင်က ဂရုတစိုက် စောင့်ကြောင့် ထိုင်ချလိုက်ပြီး လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်။

လတ်စသတ်တော့ လူတစ်ယောက်က အိတ်ထဲထည့်ပြီး အချည်ခံထားရတာပဲ။

သောက်ကျိုးနည်း သူ့ကို ဘယ်သူက ဒီနေရာကို ပို့လိုက်တာလဲ။

သူက အိတ်မှကြိုးကို ဖြည်ပေးသည်။ ဆံပင်ရှည်များနှင့်အတူ ပါးစပ်ထဲသို့ အဝတ်စတစ်ခု ထိုးထည့်ခံထားရသော အမျိုးသမီးတစ်ယောက်က ပေါ်လာ၏။

“အဟွတ်”

ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးနောက် ထိုအမျိုးသမီး၏ အလျင်လိုသောအသံက ထွက်လာသည်။

“ငါ့ရဲ့ကလေးကို ကယ်ပေးပါ၊ သူက ရူးနေတာ”

“သူက ငါ့ရဲ့ကလေးကို သတ်ချင်နေတာ”

“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ငါ့ရဲ့ကလေးကို မသတ်ခိုင်းပါနဲ့၊ ကလေးက ဘာမှမလုပ်ရပါဘူး”

“မစိုးရိမ်ပါနဲ့၊ အလျင်စလို မပြောပါနဲ့၊ ကျေးဇူးပြုပြီး တဖြည်းဖြည်းချင်း ပြောပြပေးပါ”

“ဒါက ဘယ်နေရာလဲ”

ဆုပိုင်က ရှေ့မှ အမျိုးသမီးကို လက်ဝှေ့ရမ်းပြလိုက်ရင်း အလေးအနက်ထားကာ ပြောလာသည်။

ဘာက ကလေးကို သတ်တာလဲ။ နောက်ပြီး ဘယ်လိုကြောင့် ဒီလိုအခြေအနေမျိုးကို ရောက်နေတာလဲ။ နောက်ပြီးသူက ဘာကြောင့် ဒီနေရာမျိုးကို ရောက်နေတာလဲ။

“သူက ငါ့ယောက်ျားလေ၊ သူက ကျန်းမာရေးမကောင်းဘူး၊ ပြင်းထန်လွန်းတဲ့ စိတ်ကျရောဂါကို ခံစားနေရတာ၊ အခု သူ့ကလေးသူ သတ်ချင်နေတယ်”

ရှေ့မှ အမျိုးသမီးက ပင့်သက်ရှိုက်ရင်း ဆက်ပြောသည်။

“ဒါက မြို့စွန်နားက စွန့်ပစ်စက်ရုံလေ၊ သူက ကလေးကို အရှင်လတ်လတ် ရေနှစ်သတ်ချင်နေတာ၊ ကျေးဇူးပြုပြီး ကယ်တင်ပေးပါ လုံခြုံရေးအရာရှိရယ်”

“ရဲဘော် နင်သေချာပေါက် ငါ့ရဲ့ကလေးကို ကယ်ပေးရမယ်နော်၊ နင်နောက်ကျသွားရင် သူသေတော့မှာ”

“ဟစ်”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး စကားပြောရန် ပြင်ဆင်လိုက်သည်။

ဗြိ။

သို့သော် ထိုအချိန်တွင် သူ၏ကျောပိုးအိတ်က ပြဲထွက်သွားသည်။ ထိုသို့ဖြင့် အမွှေးဖွားဖွားနှင့် ငှက်ခေါင်းက ထွက်လာပြီး သူ၏အသံကိုသုံးကာ အော်သည်။

“မစိုးရိမ်ပါနဲ့၊ ဒါက ငါတို့ရဲ့ တာဝန်ပဲ၊ ငါသေချာပေါက် မင်းကို တရားမျှတမှုအပြည့်နဲ့ ကူညီကယ်ဆယ်ပေးမှာပါ”

“ငါတို့အားလုံးက စိတ်ဆန္ဒအပြည့်နဲ့ လုပ်ဆောင်ကြတယ်၊ ငါတို့က အရမ်းကို ကျွမ်းကျင်တဲ့....”

ဆုပိုင်၏ နှုတ်ခမ်းများက ကုတ်ကျသွားသည်။ သူက သူ၏လက်ခုံပေါ်သို့ ထိုငှက်တောကောင်ကို တက်လိုက်စေပြီး နှုတ်သီးကို ခပ်ကြမ်းကြမ်းဆိတ်ကာ ခပ်တိုးတိုးပြောသည်။

“ဒီအိမ်ရဲ့ တံခါးက ဘယ်မှာလဲ၊ ဒီနေရာကနေ မြန်မြန်ထွက်သွားပါတော့”

“ကျေးဇးးအများကြီးတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်”

အမျိုးသမီးက ငိုသည်။

“ဘယ်ဘက်ခြမ်းမှာပါ၊ သူက တံခါးကို ပိတ်ထားလောက်တယ်၊ သူက ကလေးကို ရေနှစ်သတ်တော့မှာ၊ သူပြန်လာရင် ငါ့ကိုသတ်မှာပဲ၊ လုံခြုံရေးအရာရှိကြီးရယ် သူက ရူးနေတာ၊ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး သတိထားပေးပါ၊ သူ့ဆီမှာ မီးဖိုချောင်သုံး ဓားရှိတယ်”

“ကောင်းပါပြီ”

ဆုပိုင်က ခေါင်းကို တဖြည်းဖြည်း လှိမ့်လိုက်သည်။ ထို့နောက် နံရံကို စမ်းကိုင်ရင်း ဘယ်ဘက်ခြမ်းသို့ ရွေ့လိုက်၏။

သူက တံခါးလက်ကိုင်ကို ခပ်မြန်မြန်ထိပြီး ခပ်ကြမ်းကြမ်းတွန်းလိုက်သည်။ သို့သော် အပြင်ဘက်တွင် တစ်စုံတစ်ရာက ပိတ်ဆို့ထားခြင်း ဖြစ်လောက်သည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ သူက အသက်ပြင်းပြင်းရှူပြီး အရှေ့သို့ပြေးကာ စောင့်ကန်လိုက်သည်။

“ထွက်လာတော့”

သူက အဝေးရှိ အမျိုးသမီးကို လှမ်းခေါ်သည်။ ထို့နောက် လရောင်ကို အကူအညီယူပြီး အပြင်ဘက်သို့ ထွက်လိုက်သည်။ ထိုအခါ မြေပြင်မှ ကုန်းထလာသည့် ပိန်ပါးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူမက အလွန်ပိန်သည်။ အရပ်လည်း သိပ်မရှည်ချေ။

ထိုအခန်းထဲမှ ထွက်လာပြီးနောက် ဆုပိုင်က ထိုအမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နေသည့် အမာရွတ်များကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်။

သူမ၏ ခေါင်းအစ ခြေအဆုံး ဒဏ်ရာမရသောနေရာဟူ၍ မရှိချေ။ နေရာတိုင်းတွင် ယောင်ကိုင်းဒဏ်ရာများ ရှိပြီး အညိုအမည်းများ စွဲနေသည်။ အရိုက်ခံထားရသည်မှာ သိသာသည်။

“သူက ကလေးကို ဘယ်နေရာခေါ်သွားလဲဆိုတာ သိလား”

“အဲဒီမှာပါ”

အမျိုးသမီးက အလင်းရောင်ကို ကြောက်နေပုံပေါ်သည်။ သူမက ဦးတည်ရာတစ်ဖက်သို့သာ တုန်ယင်စွာဖြင့် လက်ညှိုးထိုးပြနိုင်သည်။

“ဒါဆိုရင် ဒီနေရာမှာပဲ နေခဲ့၊ မလှုပ်နဲ့နော်၊ တစ်ယောက်ယောက်ကို လွှတ်ပြီး အမြန်ဆန်ဆုံး ကယ်ဆယ်ခိုင်းပါ့မယ်”

ဆုပိုင်က ထိုသို့ပြောပြီး ဖုန်းကိုထုတ်ကာ ဦးတည်ရာဘက်တစ်ခုသို့ ပြေးသွားလိုက်သည်။

ဒီယောက်ျားက သူ့မိန်းမအပေါ်တောင် ဒီလောက်ထိ ရက်စက်တာ ကလေးရဲ့အသက်က ပိုပြီးတော့တောင် အန္တရာယ်ရှိနေနိုင်တယ်။

သူက ဒေါက်တာလီကို ဖုန်းခေါ်လိုက်ပြီးနောက် အခြေအနေကို တင်ပြလိုက်သည်။ ထို့နောက် သူ၏ မိုဘိုင်းဖုန်းမှ တစ်ဆင့် တည်နေရာပြကို သုံးပြီး တိုက်ရိုက်ပို့ပေးလိုက်သည်။ ထိုအခါမှသာ ဆုပိုင်က သတိအပြည့်ကပ်ပြီး မြစ်နားသို့သွားသည်။

မြစ်ရေက အလွန်မြန်ဆန်စွာ စီးဆင်းနေသည်။ ရေစီးနှုန်းသံကပင် အလွန်ကျယ်သေးသည်။

ငွေဖြူရောင် လအလင်းရောင်အောက်တွင် ကျောက်တုံးတံတားတစ်စင်းကို မြင်ရသည်။ အပေါ်တွင် သူ့ကို ကျောပေးထားသည့် ပုံရိပ်တစ်ခု ရှိနေသည်။

ဆုပိုင်က မရပ်တန့်ရဲဘဲ ဆက်ပြေးနေသည်။ ထို့နောက် ပခုံးပေါ်ရှိ ငှက်တောကိုပြောလိုက်၏။

“အသံမထွက်နဲ့၊ မင်းအော်ရင် ငါမင်းရဲ့ခေါင်းက အမွေးကို နှုတ်ပစ်မယ်”

“ငါနားလည်ပါတယ်၊ ကြမ်းတမ်းလိုက်တာ”

ငှက်တောက နှုတ်ခမ်းကို မဲ့ချပြီး ခေါင်းပြန်လှည့်သွားသည်။ ထို့နောက် သူက တစ်စုံတစ်ရာကို ရေရွတ်နေသေးသည်။

ဆုပိုင်က ခြေတစ်လှမ်းချင်းစီလှမ်းပြီး ကျောက်တုံးနားသို့ သွားသည်။ ထိုအခါ တံတားအစွန်းနားတွင် ရပ်နေသော ထိုလူက လက်ထဲတွင် အနှီးထုပ်တစ်ထုပ်ကို ကိုင်ထားကြောင်း တွေ့လိုက်သည်။

“ဟဟ အသက်ရှင်ရတာ ဘာအဓိပ္ပါယ်ရှိလဲ၊ ဘာလို့ ငါတို့ မိသားစုလိုက် မသေရမှာလဲ”

“ဒီတိုင်း သေရုံပဲလေ”

“မလုပ်နဲ့”

ထိုအမျိုးသားက ခုန်ချလုနီးပါး ဖြစ်နေကြောင်း မြင်သောအခါ ဆုပိုင်က ခပ်မြန်မြန် လှမ်းအော်သည်။

“ကလေးက အပြစ်ကင်းပါတယ်၊ မခုန်ချပါနဲ့”

အချိန်က မှောင်နေသည်။ မြစ်ရေစီးနှုန်းကလည်း အလွန်မြန်ဆန်နေ၏။

ဒါကို အနှီးထုပ်ထဲက ကလေးက ရေထဲပြုတ်ကျသွားရင် ဘယ်လိုများ ရှင်သန်နိုင်မှာလဲ။

ထိုအခိုက်အတန့်တွင် ဆုပိုင်က စိုးရိမ်စိတ် ပြင်းထန်လာသည်။

“ဟဟ ဒီကလေးက ငါ့ကလေး၊ ဒါကြောငါဆင်းသွားတဲ့အခါ သူလည်း လိုက်ဆင်းရမှာပေါ့၊ နောက်ပြီး အဲဒီသောက်ရူးမကလည်း ငါနဲ့အတူ လိုက်သေလိမ့်မယ်၊ ငါတို့က တစ်မိသားစုလုံး အချင်းချင်း ချစ်ကြတာလေ၊ အတူသွားသင့်တာပေါ့”

အရှေ့မှ အမျိုးသားက သူ့ကိုလှမ်းကြည့်သည်။ ထိုအမျိုးသား၏ မျက်နှာတွင် ပုံမှန်မဟုတ်သော အပြုံးမျိုးက ရှိနေသည်။ သူက လက်ထဲမှ ကလေးကို ညင်သာစွာ လှုပ်ခါလိုက်သည်။

“သမီးရေ အဖေနဲ့သွားရင် ဘယ်လိုလဲ၊ ဒီမှာ ပျော်စရာတွေ အများကြီးရှိတယ်၊ နောက်ပြီး သမီးဆေးသောက်စရာလည်း မလိုဘူး၊ ပိုက်ဆံရှာစရာလည်း မလိုဘူး၊ ဖိအားတွေလည်း မရှိတော့ဘူး”

“နောက်ပြီး အဖေနဲ့အတူ နေ့တိုင်းနေနိုင်တယ်နော်”

“ဘယ်လိုလဲ ဟင်”

“ဟင်”

ဆုပိုင်က အသက်ပြင်းပြင်းရှူသည်။ ထို့နောက် လက်ကိုဆန့်ထုတ်လိုက်ပြီး တံတားနားသို့ တဖြည်းဖြည်းချင်း သွားသည်။

“အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့၊ နောက်ပြီး မင်းရဲ့ကျန်းမာရေးက.....”

“ဒီနားကို မလာနဲ့”

ရုတ်တရက် အရှေ့မှလူက ကလေးကို ကောင်ကိုင်လိုက်ပြီး ရေဘက်နား ကပ်လိုက်သည်။ ထို့နောက် ဆုပိုင်ကို လှမ်းအော်သည်။

“ငါက ကျန်းမာရေးကောင်းတယ်”

“ငါက ကောင်းတယ်၊ ဘယ်လိုကြောင့်များ ဖျားရမှာလဲ၊ မင်းကဖျားတာ၊ မင်းတို့တစ်မိသားစုလုံးက ကျန်းမာရေးမကောင်းတာ”

“မင်းတို့အားလုဲး သောက်ကျိုးနည်း ရူးနေတာ၊ ငါသေသွားရင် ငါက လွတ်မြောက်သွားမှာ၊ ငါဘယ်တော့မှ မင်းတို့သောက်ကျိုးနည်း ရူးသွပ်နေတာကို မြင်ရတော့မှာ မဟုတ်ဘူး”

“ငါ....”

သူ၏ စိတ်လှုပ်ရှားမှုကို မြင်သောအခါ ဆုပိုင်က ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး ခပ်တိုးတိုးပြောသည်။

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် မင်းက ကျန်းမာရေး ကောင်းပါတယ်၊ ဒါပေမဲ့ ဘာလို့ တံတားပေါ်က အရင်မဆင်းတာလဲ၊ မင်းမြင်တဲ့အတိုင်းပဲ အောက်ကရေက တအားအေးခဲနေတာ၊ ဒီလိုနည်းလမ်းနဲ့သေတာက မကောင်းနိုင်ဘူး”

“ဆုပိုင်”

ရုတ်တရက် အနောက်ဘက်မှ အော်သံထွက်လာသည်။ ဒေါက်တာလျိုက လူတစ်အုပ်နှင့်အတူ ခပ်မြန်မြန်ပြေးလာ၏။

“အား ငါ့ကလေး ငါ့ရဲ့ကလေးကို ပြန်ပေး”

ပိန်ပါးသော အမျိုးသမီးက အရှေ့မှ မြင်ကွင်းကို မြင်လိုက်သောအခါ ရူးသွပ်သွားသလိုနီးပါး အော်ငိုသည်။ သူမက တံတားဆီ အပြေးသွားသည်။

ဆုပိုင်က လက်နှစ်ဖက်လုံးဖြင့် သူ့ကို ခပ်မြန်မြန် တားလိုက်ရသည်။ ထို့နောက် လေသံတိုးတိုးဖြင့် အော်သည်။

“ သူ့ကို မဆွပေးနဲ့၊ သူ့လက်ထဲမှာ ကလေးရှိနေတာမဟုတ်လား၊ သူခုန်လိုက်တာနဲ့ ငါတို့အချိန်မီ တုံ့ပြန်နိုင်မှာမဟုတ်ဘူး၊ နောက်ပြီး အချိန်က တအားမှောင်နေတယ်၊ အရင်ဆုံး သူ့နားကို ရောက်တဲ့အထိ စောင့်ရအောင်”

“တောင့်ထားဦး၊ ငါတို့သူ့ကို ဆွပေးလို့မရဘူး”

ထိုသို့ပြောပြီးနောက် ဆုပိုင်က တံတားနားတွင် ရပ်နေသည့်လူကိုကြည့်ကာ ခပ်တိုးတိုးပြောသည်။

“ဘာလို့ မင်းအရင်ဆုံး မဆင်းလာတာလဲ၊ ငါတို့အားလုံး ဆွေးနွေးလို့ရတယ်လေ၊ ဘာလို့ ငါတို့အရင်ဆင်းပြီး စကားမပြောရမှာလဲ၊ ငါ့ကို ကလေးအရင်ပေးပါလား၊ မင်းအကြာကြီး ချီထားရတာ မညောင်းဘူးလား”

အရှေ့မှလူက စိတ်ကျရောဂါကို ခံစားနေရခြင်း မဟုတ်လျှင်ပင် သူဟာ ဆိုးရွားလွန်းသော စိတ်ရောဂါက်ို ခံစားနေရခြင်း ဖြစ်နိုင်သည်။

ထိုကဲ့သို့သော် လူမျိုးကို သာမန်အခြေအနေမျိုးဖြင့် ဆုံးဖြတ်ချက်ချ၍ မရတော့ပေ။ ထို့ကြောင့် ဆုပိုင်က ရွေးချယ်စရာမရှိဘဲ သူ့ကို နှစ်သိမ့်ပေးရုံသာ တတ်နိုင်လေသည်။

All Chapters