အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အပိုင်း (79)
“သတိထား”
ရုတ်တရက် လုံခြုံရေးအစောင့်ပေါင်း များစွာက နောက်ဘက်မှ တညီတညာတည်း အော်ကြသည်။ ဆုပိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးတိုင်းကပင် ထောင်တက်သွားသည်။
“ဟဟဟဟ”
“မင်းတို့အားလုံးက ဖျားနေတာ၊ သမီးလေး မင်းအရင်သွားနော်၊ ပါးက သိပ်မကြာခင် လိုက်လာမယ်”
“သွားရအောင်”
အရှေ့ရှိလူက ကလေးကို လေထဲသို့ ပစ်ချလိုက်သည်။
“ငါ့ရဲ့ကလေး”
ပိန်ပါးသော အမျိုးသမီးက စူးရှစွာ အော်ဟစ်သည်။ သူမ၏ တစ်ကိုယ်လုံးက မြေပြင်သို့ ပြိုလဲကျသွားသည်။
“ငါ သောက်ကျိုးနည်း ဖာ့ခ်”
ဆုပိုင်က အော်လိုက်သည်။ သူ၏အရှိန်နှုန်းက အကန့်အသတ်မဲ့သည်အထိ မြောက်တက်သွားပြီး သူဟာ သန်မာသော ခြေလှမ်းများနှင့်အတူ တံတားဆီ ခြေနင်းတက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးကို ဖွင့်လျက် အပြင်သို့ ခုန်ချလိုက်သည်။
“ဆုပိုင်”
ဒေါက်တာလျိုက အသားကုန် ကုန်းအော်သည်။ သူ၏လူများနှင့်အတူ အပြေးအလွှား ထွက်လာသည်။
“အောက်ကိုဆင်း”
သူက ထိုရူးနေသော ကောင်ကို ဆွဲချပြီး လက်သီးဖြင့် တစ်ချက်ထိုးသည်။ ထို့နောက် ဆုပိုင်ခုန်ချသွားသောနေရာကို လှည့်ကြည့်သည်။
သွားပြီ။
အောက်ဘက်က မြစ်ရေက တအားစီစတာ။ နောက်ပြီး မြစ်ကလည်း နက်တယ်။ ပြုတ်ကျသွားတာနဲ့ ကလေးမပြောနဲ့ ဆုပိုင်တောင်မှ......။
ဒီမြစ်က မြို့စွန်နားတွင် တည်ရှိခြင်းဖြစ်သည်။ အနီးနားတွင်လည်း ရွာသားများ၏ သဲမိုင်းများ ရှိနေတတ်သည်။ လူလုပ်သော မြောင်းရွာများကလည်း နေရာတိုင်းတွင် ရှိနေတတ်သည်။ ပြုတ်ကျသွားသည်နှင့် ပြန်တက်နိုင်ရန် မဖြစ်နိုင်ချေ။
ထိုအခိုက်အတန့်တွင် လူတိုင်းက အောက်သို့ ခုန်ဆင်းလိုက်သည့် ဆုပိုင်ကိုကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်သည်.....။ အားလုံးက ချွေးပျံနေကြသည်။
ဘယ်လိုကြောင့်များ ဒီလိုလူမျိုးက ရှိနေရတာလဲ။ ခုန်ချလိုက်ရင်တောင်မှ ကလေးကို ကယ်ဖို့က မဖြစ်နိုင်သေးဘူး။
“ငှက်တော”
ဆုပိုင်က ကလေးကို လက်နှစ်ဖက်လုံးဖြင့် ပွေ့ကိုင်ရင်း လေထဲသို့ ပစ်ပေးလိုက်သည်။ ထို့နောက် ပျံနေသော ငှက်တောကိုကြည့်ကာ ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်၏။ ထိုအကောင်ကလည်း တောင်ပံကို ခပ်ကြမ်းကြမ်းခတ်ပြီး ကလေးဆီ တိုက်ရိုက် ပျံသန်းသွားသည်။
“အမေရေ”
ငှက်တောက အလန့်တကြားအော်သည်။ ထို့နောက် အောက်သို့ ထိုးဆင်းလာပြီး အနှီးထုပ်လေးကို လက်သည်းနှစ်ဖက်လုံးဖြင့် ကောက်ချီလိုက်သည်။ သို့သော် ကလေး၏ အလေးချိန်က ကြက်တူရွေးတစ်ကောင်အတွက် လေးလွန်းသည်။ ထိုသို့ဖြင့် အနှီးက စောင်းသွားပြီး ကလေးက ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ငှက်တောက ပါးစပ်ကိုဖွင့်လျက် လှမ်းအော်လိုက်သည်။
“ဒါ ငါနဲ့မဆိုင်ဘူးနော်”
သို့သော် သူက ခန္ဓာကိုယ်ကို ထိန်းပေးလိုက်သည်။ ထို့ကြောင့် ကလေးက အလွန်နိမ့်လွန်းသော အကွာအဝေးမျိုးဖြင့် လူများရှိရာ နေရာသို့သာ ကျသွားသည်။
“အား ပြုတ်ကျတော့မယ်”
ငှက်တောကလည်း အသားကုန်အော်ဟစ်ရင်း သူ၏ခန္ဓာကိုယ်ကလည်း ဆုပိုင်နှက့်အတူ မြစ်ထဲသို့ ပြုတ်ကျသွားသည်။
ဘန်း။
ဒေါက်တာလျိုက မျက်လုံးပြူးသွားသည်။ သူက ချက်ချင်းလိုလို လက်ကိုဖြန့်လျက် ကလေးကိုယူသည်။ ထို့နောက် ဘေးဘက်ရှိ အသင်းဖော်များထံသို့ ပေးလိုက်ပြီး တံတားပေါ်တွင် လှဲကာ သူ၏မျက်လုံးကို သုံးလျက် မြစ်ထဲတွင် တောက်လျှောက်ရှာသည်။
ခရက်။
ဆက်တိုက်စီးသွားသော မြစ်ထဲတွင် ဆုပိုင်၏ သဲလွန်စမရှိတော့ချေ။ ထို့အပြင် ထိုထူးဆန်းလွန်းသော ကြောင်တောင်တောင်ငှက်ကိုပင် မတွေ့ရတော့ချေ။
“ဆုပိုင် ဆုပိုင်”
“ဆုပိုင်”
သူက အဆုပ်များ ကွဲထွက်မတတ် အသားကုန် ကုန်းအော်လိုက်သည်။ ၂ကြိမ်ဆက်တိုက်အော်ပြီးနောက် မြေပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားသည်။
သွားပြီ။
ဒါရိုက်တာ ဆုပိုင်က အသက်ရှင်နိုင်ပါ့မလား။
“မြန်မြန် မြန်မြန် ရေငုပ်အသင်းကို အကြောင်းကြားကြစမ်း”
“ငါတို့ သုံးမိနစ်အတွင်း သူတို့ကို ဒီကိုအရောက်ခေါ်ရမယ်၊ မြန်မြန်လေး မြစ်ရေစီးအနောက်က်ို လိုက်ပြီး ရှာကြစမ်း၊ ငါတို့တွေ ဒါရိုက်တာဆုပိုင်ကို ရအောင် ကယ်ရမယ်”
သူက ဘေးဘက်ရှိ အသင်းဖော်များကို အသားကုန်ကုန်းအော်သည်။ ဒါရိုက်တာလျိုကိုယ်တိုင်ကလည်း မြေပြင်ပေါ်မှ ကုန်းထပြီး မြစ်တောက်လျှောက် ပြေးလိုက်လာသည်။
မင်းသေချာပေါက် အသက်ရှင်ရမယ်။
“အားအား”
“နင်သေရမှာ ဘာလို့ နင်မသေသွားတာလဲ”
“ဝူးဝူး ငရဲကို သွားစမ်းပါ”
မြေပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားသော အမျိုးသမီးက လုံခြုံရေးအရာရှိ၏ အသားကုန် ခုန်ကာ ကလေးကို ဖမ်းကယ်ဆယ်လိုက်သည့် မြင်ကွင်းကို မြင်ရပြီးနောက် သူမ၏ မျက်လုံးက ပြူးကျယ်သွားသည်။ ထို့နောက် သူမက မြေပြင်မှ ခုန်ထသည်။ ထို့နောက် ဘေးဘက်တွင် ရှိနေသည့်လူထံသို့ ပြေးသွားပြီး သူ၏မျက်နှာကို ကုတ်ဆွဲသည်။
“ဝူး နင်လူတွေဘယ်လောက်ကိုများ ဒုက္ခပေးလိုက်တာလဲ၊ နင့်ရဲ့မိဘတွေကလည်း နင့်ကြောင့် တအားဒေါသထွက်နေတာ၊ နင်ကလေးကိုတောင် ရေနှစ်သတ်ချင်သေးတယ်၊ နင် နင်ငါ့ကိုသေအောင်လည်း ရိုက်သတ်သေးတယ်”
“အား နင်က စိတ်ကျန်းမာရေးမကောင်းရင်လည်း ဆေးရုံကိုသွားလေ၊ ငါ့ရဲ့ကလေးကို လွှတ်ပေးစမ်းပါ”
“ငါတို့ကို ကယ်ဖို့အတွက်နဲ့ သူက ဒီလိုဖြစ်သွားရတယ်”
“ငါ.....”
ထိုအချိန်တွင် ထိုအမျိုးသား၏ မျက်နှာတွင် ကုတ်ခြစ်ရာများကြောင့် သွေးစများ ပေကျံနေပြီဖြစ်သည်။ သူကလည်း မှင်တက်နေသည်။ ထို့ကြောင့် အရှေ့မှ အမျိုးသမီးကိုကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
“ဘာလို့ ဘာလို့ငါက ဒီနေရာကို ရောက်နေတာလဲ၊ နောက်ပြီးကလေးက ကလေးက ဘယ်မှာလဲ”
“ငါ စိတ်ဖောက်သွားပြန်ပြီလား၊ ငါ ဘာလုပ်မိလိုက်တာလဲ”
အမျိုးသားက ဘေးဘက်သို့ လှမ်းကြည့်သည်။ ဘေးဘက်မှ မြစ်ထဲတောက်လျှောက်ဆင်းနေကြသည့် လုံခြုံရေးအရာရှိများကို မြင်သောအခါ သူက ကြောက်လန့်မှုကြောင့် တံတွေးများ မြိုချလိုက်မိသည်။ သူမှတ်မိသွားသည်။
သူ......။
“လူကယ်ရမယ်”
သူက အော်ဟစ်လိုက်ပြီး တံတားပေါ်မှ ရူးသွပ်စွာ ခုန်ချသည်။ ထို့နောက် မြစ်တောက်လျှောက် လိုက်ရှာပြန်သည်။
ဂလု ဂလု ဂလု ဂလု။
ဆုပိုင်က ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ၏ခေါင်းက ရေထဲမှ ထွက်လာသည်။ သူက အသက်ပြင်းပြင်းရှူသည်။ ထို့နောက် ငှက်တောကိုလည်း ရေထဲမှ ဆွဲထုတ်လိုက်သည်။
မြစ်ရေစီးခြင်းက အလွန်မြန်သည်။
သူကပင် ကမ်းပေါ်သို့ တောက်လျှောက် ကူးမသွားနိုင်ပေ။ ထို့ကြောင့် မြစ်၏ အလယ်ဗဟိုနေရာတွင်သာ ဒီတိုင်း မြောသွားရုံသာ တတ်နိုင်သည်။ ထိုနည်းအားဖြင့် မြစ်ရေများနှင့်အတူ ဘေးဘက်သို့ တွန်းပို့ခံရရန် မျှော်လင့်သည်။
“အဟွတ်”
“ငါသေတော့မလို့”
ငှက်တောက ဆုပိုင်၏ ဆံပင်ကို စောင့်ဆွဲရင်း ခေါင်းပေါ်တွင် ရပ်နိုင်အောင် ကြိုးစားသည်။ သူက အသေကောင်လိုမျိုး ပြုမူနေသည်။
“ငါ အသက်ရှူစက်လိုတယ်”
“အသက်ရှူစက်”
“မင်း သောက်ကျိုးနည်းကို လိုတာလား”
ဆုပိုင်က မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။ ဒီငှက်က ဘယ်လိုကြောင့်များ ဒီလောက်ကြောင်တောင်တောင်စကားတွေ အများကြီး တတ်လာတာလဲ။
သို့သော် ဆုပိုင်ကလည်း ငှက်တောက အရေးကြီးသော အခိုက်အတန့်မျိုးတွင် မည်သို့အခြေအနေဖြစ်နေစေကာမူ ကလေးကို ကယ်တင်ပေးနိုင်ခဲ့သည့် အခြေနေကို မမျှော်လင့်ထားမိချေ။ ထိုအကြောင်းပြချက်ကြောင့်လည်း ထိုငှက်ကို ထိန်းသိမ်းထားရန် စိတ်ချရသည်။
သူက စကားအများကြီး ပြောတတ်ပေမဲ့လို့ပေါ့။
“သောက်ကျိုးနည်း မင်းငါ့ကို သေအောင် ကျိန်ဆဲနေပြန်ပြီ”
ငှက်တောကလည်း သူ၏နှုတ်သီးဖြင့် ဆုပိုင်၏ခေါင်းကို တစ်ချက်ဆိတ်လိုက်လေသည်။ ထို့နောက် လျှာကို ထုတ်ပြရင်း ခပ်တိုးတိုးပြောပြန်၏။
“ငါတို့ဘယ်လို မြောသွားတာလဲ”
“အော်မနေနဲ့တော့၊ ခေါင်းပေါ်မှာ ငြိမ်ငြိမ်လေးပဲနေ... ဖတ်”
ရုတ်တရက် ဘေးဘက်မှ လှိုင်းလုံးကြီးက လှိမ့်တက်လာသည်။ ဆုပိုင်၏ ခန္ဓာကိုယ်က အတွင်းသို့ မြုပ်သွားပြန်၏။
သူက ရေအောက်ထဲတွင် ခြေထောက်ကို ငြိမ်အောင်ထိန်းလိုက်သည်။ ထို့နောက် ရေထဲမှ ပြန်ထွက်လာ၏။ ထို့နောက် လက်ဆန့်ထုတ်ပြီး ခေါင်းပေါ်မှငှက်ကို ထိကြည့်သည်။
“လူတွေက ဘယ်မှာလဲ”
ပလုံ ပလုံ။
ရုတ်တရက် ရေထဲမှ ငှက်ခေါင်းက ထွက်လာသည်။ သူက တောင်ပံကို ဆက်တိုက်ခတ်နေသည်။
“သောက်ကျိုးနည်း မင်းက ဘာလဲ၊ မင်းနောက်ကိုလိုက်ရတာ အန္တရာယ်မျာလိုက်တာ”
ဆုပိုင်က ထိုငှက်ကို လက်ဖြင့် လှမ်းဆွဲရင်း ခေါင်းပေါ် ပြန်တင်ပေးလိုက်သည်။ သူကလည်း ရေထဲတွင် ခြေထောက်ကို ငြိမ်အောင်ထိန်းရင်း တဖြည်းဖြည်း ရုန်းကန်လျက် မြစ်ထဲတွင် တောက်လျှောက် စီးနှင်လိုက်ရသည်။ ထို့နောက် တဖြည်းဖြည်းရင်းသာ ရွေ့နိုင်၏။
.........။
“မြန်မြန်”
“မြန်မြန် မင်းတို့ရှာတွေ့ပြီလား”
ဒါရိုက်တာလျိုက နဖူးမှ ချွေးများကို သုတ်သည်။ ထို့နောက် အရှေ့မှ ရေငုတ်အဖွဲ့ကို ကြည့်ရင်း အော်သည်။
“ဒီတိုင်း ဆက်သွားနေမယ်ဆိုရင် မြစ်တစ်ခုလုံးကို ပြောင်းပြန်လှန်ရှာရင်တောင်မှ ဒါရိုက်တာဆုပိုင်ကို ရအောင် ရှာရလိမ့်မယ်”
“ဘာအမှားအယွင်းမှ ရှိလို့ကို မရဘူး”
“ဟုတ်ကဲ့”
တစ်သင်းလုံးကလည်း ရေငုပ်ဝတ်စုံများနှင့်အတူ မြစ်ထဲသို့ ခပ်မြန်မြန် ခုန်ဆင်းကြပြန်သည်။ သူတို့က မြစ်အလယ်သို့ ရောက်သွားကြ၏။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် ဖုန်းက မြည်လာသည်။ ဒါရိုက်တာလျိုက ငုံ့ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဖုန်းကိုဖြေသည်။ ရုတ်တရက် အတွင်းဘက်မှ အော်သံက ထွက်လာသည်။
“သောက်ကျိုးနည်း မင်းဘယ်လိုရှင်သန်နေတာလဲ၊ မင်းရဲ့တာဝန်က လူကယ်ရမှာမဟုတ်ဘူးလား ဟမ်၊ ဆုပိုင်ကို ဒီလောက် ရင်းနှီးခိုင်းအောင် မင်းက ဘာလုပ်နေလဲ အားးးး”
“ကျွမ်းကျင်အဆင့် ကယ်ဆယ်ရေးအစောင့်တွေက ဘာမှမလုပ်ဘဲနဲ့ သူ့ကို ရေထဲကို ခုန်ဆင်းခိုင်းပြီး ကလေးကယ်ခိုင်းသေးတယ်ဟုတ်လား၊ မင်းတို့ မရှက်ဘူးလား”
“မင်းတို့ ဘာနည်းလမ်းကိုပဲ သုံးရသုံးရ ရအောင်ကယ်၊ ငါ့ရဲ့ဖုန်းက ဒီနေရာမှာ တောက်လျှောက်ကို မအားမလပ်ဖြစ်နေတာ၊ အထက်ကလည်း ငါ့ကိုဆက်တိုက် ဖိအားပေးနေတယ်၊ အရုဏ်မတက်ခင် ဆုပိုင်ရဲ့ ဘာသတင်းမှ မရဘူးဆိုရင် မင်းလည်း အသက်ရှင်စရာမလိုတော့ဘူး”
တီ။
သူက စကားမပြောနိုင်သေးခင် ဖုန်းက ချသွားသည်။
ဒါရိုက်တာလျိုက ချွေးများကို သုတ်ပြန်သည်။ ထို့နောက် နောက်တစ်ဖက်လှည့်ပြီး မြစ်ထဲတောက်လျှောက် လိုက်ရှာရပြန်သည်။
နာရီပေါင်းများစွာ ရှာပြီးသည့်တိုင်အောင် ဘာသတင်းမှ မရသေးချေ။ အရုဏ်လည်း တက်တော့မည်ဖြစ်သည်။
“ဟူး..”
ဆက်တိုက်စီးနေသော မြစ်ကိုကြည့်နေရင်း ဒါရိုက်တာလျို၏ မျက်လုံးများကပင် နီရဲလာသည်။
ဒါရိုက်တာဆုပိုင် မင်းအသက်ရှင်နေရမယ်။
အပိုင်း (80)
“ဟေး မင်းဘာလို့ ဒီနေ့ အစောကြီး ရောက်လာတာလဲ”
ကျန်းကျန့်က သူ၏ အလုပ်ဝတ်စုံနှင့်အတူ ပစ္စည်းများကို စစ်နေရင်း အသင်းဖော်များကို အပြုံးနှင့်အတူ ပြောလိုက်သည်။
“ဒီလိုကြားရက်တွေမှာ စောစောလေးစစ်ပြီးရင် စောစောလေး နားလို့ရတယ်မဟုတ်လား၊ ဒါပေမဲ့ ဘာလို့ အစောကြီး လာနေတာလဲ”
“ဒါက ခန္ဒာကိုယ်အတွက် မကောင်းဘူး”
“ပြောမနေပါနဲ့တော့၊ ငါမနေ့က ကောင်းကောင်းမအိပ်ရဘူးလေ၊ ဒါကြောင့် စောစောထွက်လာခဲ့တာ “
“ဒါဆိုလည်း အတူသွားစစ်တာပေါ့၊ ဒီဆည်ကို စစ်ပြီးတာနဲ့ ငါတို့ပြန်ပြီး ခဏလောက် သွားအိပ်လို့ရတယ်”
စုဖုန်းက မျက်မှောင်ကြုတ်ပြီး အင်္ကျီကို ခပ်မြန်မြန်ဝတ်သည်။ ထို့နောက် ပစ္စည်းများကို ယူကာ ထွက်လာခဲ့လိုက်သည်။
သူတို့က ဒီနေရာနားရှိ သေးငယ်သော ဆည်ဌာနလေးတွင် နေထိုင်ခြင်းဖြစ်သည်။ အကြောင်းမူကာ ဟန်ချန်းသည် ရေလွှမ်းမိုးမှု မရှိသည့်တိုင်အောင် ဒီနေရာရှိ မြစ်ရေက မိုးရွာသွန်းသော အခါမျိုးတွင် လျှံလာလေ့ရှိသည်။ နှစ်ဖက်ခြမ်းလုံးပေါ်သို့ တက်လာနိုင်၏။ ထို့ကြောင့် ယခုလို ဆည်ကို တည်ဆောက်ထားခြင်းဖြစ်သည်။
ထိုနှစ်ယောက်၏ တာဝန်ကမူ အလွန်ရိုးရှင်းသည်။ နာရီအနည်းငယ် ကြာချိန်တိုင်းလိုလို အထက်သို့ တက်လာသည့် မြစ်ရေအဆင့်ကို တိုင်းတာရခြင်း ဖြစ်သည်။ ထို့နောက် ဆည်တောက်လျှောက် လမ်းလျှောက်ထွက်လိုက်ကြသည်။
“ဒီနေ့ ရေစီးတာ တော်တော်လေး မြန်နေသလိုပဲ”
ကျန်းကျန့်က အောက်သို့ကြည့်ပြီး စိုးရိမ်တကြီးပြောသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က မိုးရွာထားတယ်လေ၊ ဒါကြောင့် ရေကျလာတာဖြစ်မယ်၊ ၂ရက်လောက်နေရင်တော့ လျော့ကျသွားမှာပါ”
စုဖုန်းက အဝေးသို့ တစ်ချက်ကြည့်သည်။
“ဟမ်”
သူက မျက်လုံးကို ပွတ်သည်။ ထို့နောက် တအံ့တသြ အော်သည်။
“နေဦး အဲဒီမှာ အဝေးက လူလား၊ သစ်ကိုင်းလား၊ ဘာလို့ လူခေါင်းကြီးနဲ့ တူနေတာလဲ”
“ဟစ်”
“လူလား အလောင်းလား”
ကျန်းကျန့်၏ မျက်လုံးများက မှေးကျဥ်းသွားပြီး ကြည့်ကြည့်သည်။ သူ၏မျက်နှာအမူအယာက ပြောင်းလဲသွားသည်။
သူက ဒီနေရာတွင် နေသော်လည်း သူတို့၏အလုပ်က ပေါ့ပေါ့ပါးပါး ရှိသည့်တိုင်အောင် သာမန်လူများ မကြုံနိုင်သည့် အရာမျိုးနှင့်လည်း ကြုံတွေ့နိုင်သည်။ ဥပမာအားဖြင့် အလောင်းများဖြစ်သည်။
လူများကသာ မြစ်ထဲသို့ ခုန်ဆင်းပြီး အပင်များနှင့် ငြိ၍ အောက်ခြေသို့ နစ်သွားခြင်း မရှိလျှင် ဒီနေရာသို့တောက်လျှောက် မြောလာပေလိမ့်မည်။
“ဘယ်လောက်တောင် ကံဆိုးတာလဲ”
ကျန်းကျန့်က ကျိန်ဆဲပြီး အနီးနားမှ အကူပစ္စည်းအခန်းသို့ သွားကာ ကယ်ဆယ်ရေးပစ္စည်းများ သွားရှာသည်။
“ဟေး မြန်မြန်လုပ်ထား ဒါက သက်ရှိလူပဲ”
“ကျန်းကျန့် ပစ္စည်းတွေ မြန်မြန်ယူလာခဲ့၊ ဒီလူက မျောလာပြီ”
သူတို့နှစ်ယောက်က ကယ်ဆယ်ရေး ပစ္စည်းများကို ခပ်မြန်မြန်ယူလျက် ဆည်အနားသို့ သွားသည်။ သူတို့က အဝေးသို့ ဆက်တိုက် မျောနေသည့် လူငယ်လေးကို ပစ္စည်းများဖြင့် လှမ်းဖမ်းရသည်။
“ရေက အခုလေးတင် စီးတာ တော်တော်လေး မြန်သွားတယ်၊ သတိထားမှ ဖြစ်လိမ့်မယ်”
“ဆုပိုင် မင်းမျိုးမစစ်”
ဆုပိုင်၏ ခေါင်းပေါ်ရှိ ငှက်တောက ဆက်တိုက်အော်ပြီး ပြောဆိုနေသည်။
“မင်းငါ့ကို ကမ်းစပ်ပေါ်ကို မပစ်လိုက်ဘူးဆိုရင်တောင်မှ အခုလိုမျိုး ရေထဲကို ခဏခဏနှစ်ပြီး တောင်ပံကို စိုအောင် မလုပ်သင့်ဘူး”
“ဟင် စကားမပြောဘူးလား၊ အ နေလား”
“မင်း မင်းက ဒီလိုလူမျိုးဖြစ်မယ်လို့ မထင်ထားဘူး၊ ငါနောက်ဆုံးတော့ နားလည်ပါပြီ၊ ကြက်တူရွေးဖြစ်ရတဲ့ဘဝက ဆိုးရွားလိုက်တာ”
“တော်ပြီ ဆက်အော်မနေနဲ့တော့”
ဆုပိုင်က လက်ကို ဆန့်ထုတ်ပြီး အပေါ်မှ စိုရွှဲနေသည့် ကြက်တူရွေးကို ယူကာ ရေထဲသို့ ခဏစိမ်သည်။ တောင်ပံများ ရေစိုသွားကြောင်း သေချာမှသာ ခေါင်းပေါ်သို့ ပြန်တင်၏။
“အရှေ့မှာ ဆည်ရှိတယ်၊ ငါတို့ သေချာပေါက် ကယ်ဆယ်ခံရမှာပါ၊ မင်းပေါက်ကရ လျှောက်ပြောနေရင် ငါပြန်ရောက်တာနဲ့ မင်းကို အမွေးရိတ်ပစ်မယ်”
“မင်း.....”
ကြက်တူရွေးက ခေါင်းခါသည်။ သူ၏ အမွေးတောင်များက ရေများစိုစွတ်နေ၍ မပျံနိုင်ချေ။ သူက အသက်ပြင်းပြင်းရှူသည်။
အောက်ကလူက တော်တော်လေးကို ဆိုးယုတ်တဲ့ နတ်ဆိုးကောင်ပဲ။ သူက မာရ်နတ်လိုပဲ။
ဒါက တိရိစ္ဆာန်ရုံပိုင်ရှင်ဆိုတာ ဘယ်သူကများ ယုံမှာတဲ့လဲ။
“ဟူးး”
ဆုပိုင်က ကြီးမားသော သတ္ထုချောင်းကြီးကို လှမ်းကိုင်လိုက်ရင်း ရေပေါ်သို့ တစ်လှမ်းချင်းစီ တက်လိုက်သည်။
သူက ထိုတာတမံနားတွင် လှဲနေလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
ဒီညက တော်တော်လေးကို ထိတ်လန့်သဲဖိုဆန်ခဲ့တယ်။
သူက တာဝန်တွေအများကြီးကို လုပ်ခဲ့လို့ သူ့ရဲ့ ခန္ဓာကိုယ်က အများကြီး တိုးတက်လာခဲ့တာကြောင့်သာ မဟုတ်ရင် သူဒီညမှာတင် တောင့်မခံနိုင်ဘဲ သေသွားလောက်ပြီ။
ဒါပေမဲ့......။
ဘာလို့ ဒါရိုက်တာလျိုတို့က မရောက်သေးတာပါလိမ့်။
“ဆုပိုင်”
ထိုအခိုက်အတန့်တွင် အဝေးမှ ပြင်းထန်သော အရှိန်နှုန်းဖြင့် မောင်းနှင်လာသည့် သံချပ်ကာ ယာဥ်တစ်စီးကို တွေ့လိုက်ရသည်။ ထို့နောက် အနောက်မှ စစ်သားတစ်အုပ်က ဆင်းလာသည်။
“ဒါက ဘယ်လိုတိုက်ပွဲလဲ”
“ငါမသိဘူး၊ သူတို့ကြည့်ရတာ တစ်ယောက်ယောက်ကို ရှာနေတဲ့ပုံပဲ၊ သူတို့ရှာနေတာက....”
ကျန်းကျန့်တို့နှစ်ယောက်က အရှေ့မှ လူအုပ်ကို ကြည့်သည်။ ထို့နောက် လူငယ်ကိုပြန်ကြည့်၏။ အကြောင်းမူကား ထိုယာဥ်က အဝေးတစ်နေရာ ရောက်သွားပြီဖြစ်သည်။
သူတို့ကပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
“ဒီလူငယ်က အကောင်ကြီးကြီးတစ်ယောက်လား”
ဘယ်လောက်ကြီးတဲ့အကောင်မို့လို့ မြစ်ထဲခုန်ချတာလဲ။
“ဆုပိုင်”
“ဟူး ဟူး ဟူး”
ဒါရိုက်တာလျိုက အပြေးအလွှားလာသည်။ ဆုပိုင်ကို မြင်သောအခါ မြေပေါ်သို့ တိုက်ရိုက် လဲပြိုကျသွားပြီး အမောတကော အသက်ရှူနေသည်။
“နောက်တစ်ခါ ဒီလို မိုက်ရူးရဲဆန်ပြီး မလုပ်ပါနဲ့”
“မင်းတစ်ခုခု ဖြစ်သွားရင် ဒီအဘိုးကြီးလျိုက အသက်ရှင်နိုင်မှာမဟုတ်ဘူး”
“အသက်ရှင်ရတာ ဘယ်လောက်ကောင်းလဲ”
ထို့နောက် ဆုပိုင်၏ အနောက်မှ ရောင်စုံအမွေးများပါသည့် ထူးဆန်းသော ငှက်တစ်ကောင်က ခေါင်းထွက်လာပြီး ဒါရိုက်တာလျိုကို ကြည့်ကာ ရယ်သည်။
“ဒါက ဒါက....”
မနေ့ညက အလွန်မှောင်နေသည်။ ထို့ကြောင့် ဒါရိုက်တာလျိုတို့ကလည်း ဆုပိုင်နှင့်အတူ ပါလာသည့် တိရိစ္ဆာန်က မည်သည့်အကောင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရချေ။ ယခုအခါမှသာ ထူးဆန်းသော ငှက်တစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် ထိုအကောင်က လူစကား ပြောနိုင်နေသည်။
“ဒါက ဒါက မှင်စာပဲ”
“ဒါက ဘယ်လိုငှက်လဲ၊ စကားတောင် ပြောနိုင်တယ်”
“စက်ရုပ်ငှက်တွေက ဒီလိုမျိုး မဟုတ်ပါဘူး”
နောက်မှလိုက်လာသည့် စစ်သားတစ်ယောက်က ထိုငှက်တောကို အံ့အားတကြီးကြည့်သည်။
“ဖြန်း”
ဆုပိုင်က သူ၏နဖူးကို တစ်ချက်ရိုက်ရင်း ဒေါသတကြီးပြောသည်။
“စကားကို ကောင်းကောင်းပြောစမ်း၊ မင်းပေါက်ကရ ထပ်ပြောရင် ငါမင်းရဲ့အမွေးကို နုတ်တော့မယ်”
“ဟွန့်”
ထိုငှက်တောက တောင်ပံကို အကြိမ်အနည်းငယ်ခတ်သည်။ ထို့နောက် စလှုပ်ရှားပြီး ဆုပိုင်ပေါ်သို့ ခုန်တက်ပြန်ကာ အရှေ့မှ ဒါရိုက်တာလျိုကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်သည်။ သူက လျှာကိုထုတ်ကာ အော်ပြန်၏။
“မင်း လူကြီးမင်း ဖူကာဒါကို သိလား”
“ဆရာ ဖူကာဒါလား”
ဒါရိုက်တာလျိုက သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်သည်။ ထို့နောက် အရှေ့မှငှက်လေးကို သေချာကြည့်လိုက်၏။
“ဟုတ်တယ် အဲဒီဖူကာဒါပဲ”
ငှက်တောက ခေါင်းကိုစောင်းပြီး အထင်သေးမှုအပြည့်နှင့်ပြောသည်။
“အိုး အူး အူး အူး အ”
“ရတနာပဲ”
“ဖြန်း”
ဆုပိုင်က ထိုအကောင်ကို လက်မောင်းထဲသို့ ဆွဲသွင်းလိုက်ပြီး နှုတ်သီးကို လက်နှစ်ဖက်ဖြင့် ပိတ်ထားရပြန်သည်။
အဆိပ်ပြင်းလိုက်တာ။
ဒီအကောင်က ရှေးခေတ်က ရုပ်ရှင်တွေကိုတောင် ကြည့်ခဲ့တာလား။
နောက်ပြီး ဒီလူတွေက ရှေးခေတ်က ရုပ်ရှင်တွေအကြောင်း သိပါ့မလား။
နောက်ပြီး ဒီငှက်က ရုပ်ရှင်တွေ ဘယ်နှကားတောင် ကြည့်ခဲ့တာလဲ။
နောက်ပြီး ဘယ်လိုများ သင်ထားတာလဲ။
“အား... ဒါက”
ဒါရိုက်တာလျိုက သူ၏ပါးကို တစ်ချက်ပွတ်သည်။ ထို့နောက် မြေပြင်ပေါ်မှ ကုန်းထပြီး ဆုပိုင်၏ ပခုံးကို ပုတ်ကာ ပြုံးလျက် လှမ်းပြောသည်။
“သွားရအောင် ငါမင်းကို အချိန်မီ ပြန်ခေါ်သွားရမယ်”
“အား...”
ရုတ်တရက် အဝေးမှ အမျိုးသမီးတစ်ယောက်၏ စူးရှသော အော်သံနှင့်အတူ အသားမည်းမည်း ပိန်ပိန်ပါးပါး အမျိုးသမီးက ကလေးတစ်ယောက်ကို သယ်ပွေ့လျက် ပြေးလာပြီး နောက်မှ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ပါသည်။
ပလုံ။
နှစ်ယောက်လုံးက ဆုပိုင်၏အရှေ့တွင် ဒူးထောက်ချလိုက်သည်။ အမျိုးသမီးက ငိုသည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ ကလေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်”
“ကလေးသာ သေသွားရင် ဒီပြဿနာက....ငါတို့လည်း အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး”
“ဖြန်း”
သက်လတ်ပိုင်းအရွယ် အမျိုးသားကလည်း သူ့ပါးသူ ခပ်ကြမ်းကြမ်းရိုက်သည်။ သူ၏မျက်လုံးများက နီရဲနေ၏။
“ဒါတွေအားလုံးက ငါ့အမှားပါ၊ ငါ့မှာ ဒီရောဂါ ရှိနေလို့.... ငါဒီတိုင်းပဲ သေသွားသင့်တာ၊ ဒါပေမဲ့ ငါတင်မဟုတ်ဘဲ ငါ့သမီးကပါ သေမလို ဖြစ်သွားသေးတယ်”
“ကျေးဇူးအများကြီး တင်ပါတယ်၊ ငါ့ရဲ့သမီးကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
“ဝူးဝူးဝူးဝူး မင်းအဆင်ပြေကြောင်း မြင်ရမှ ငါတို့လည်း စိတ်အေးနိုင်မှာ၊ မင်းသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါတို့.....”
အရှေ့မှ လူနှစ်ယောက်၏ ပုံစံကိုမြင်သောအခါ ဆုပိုင်က မျက်မှောင်အသာကြုတ်ပြီး ခပ်မြန်မြန် ထူပေးလိုက်သည်။
“အားလုံးပဲ အခြေအနေ ကောင်းကြတယ်မဟုတ်လား၊ ဒါပေမဲ့ ခင်ဗျားရဲ့ ကျန်းမာရေးက အရမ်းကို ပြင်းထန်နေတယ်၊ နောက်ပြီးဒါက စိတ်ကျရောဂါသီးသန့်ပဲဆိုရင်တော့ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကိုလာပြီး စမ်းကြည့်လို့ရပါတယ်”
“ကောင်းပြီကောင်းပြီ မြန်မြန်ပြန်ပြီး ကလေးကို နွေးနွေးထွေးထွေး ထားလိုက်ပါတော့”
အနှီးထုပ်ထဲမှ ကောင်ငယ်လေး၏ မျက်နှာကို တစ်ချက် ထိတွေ့ပြီးနောက် ဆုပိုင်က ထိုနှစ်ယောက်ကို ပြုံးရယ်ကာ ကြည့်လိုက်သည်။ ထို့နောက် နောက်လှည့်လိုက်ပြီး ယာဥ်ပေါ်သို့ တက်လိုက်သည်။
အပိုင်း (81)
နောက်တစ်နေ့မနက် အစောပိုင်းတွင်...
“ဦးလေးဆုပိုင်”
ကောင်းယွဲ့၏ လက်မောင်းအတွင်းမှ ကောင်မလေးကို မြင်သောအခါ ဆုပိုင်က မျက်မှောင်အသာကြုတ်ပြီး အနားသို့ အပြုံးနှင့်အတူ လျှောက်သွားလိုက်သည်။
“ဟီးဟီး”
“ကြည့်ပါဦး ဒီရက်ကွန်းကြောင်လေးက ဘယ်လောက်ထိ နာခံလိမ္မာလိုက်သလဲ”
လက်မောင်းထဲတွင် ထိုးပွေ့ထားသော ကြောင်လေးကို ထုတ်ပြရင်း ဘေဘီက ရယ်သည်။
“တပိုင်က ဘယ်မှာလဲ၊ သမီးကို လွမ်းနေသေးလား”
“ဒါပေါ့”
ဆုပိုင်က ပြုံးရယ်လိုက်ရင်း အဝေးမှ ပြေးလာနေသည့် တပိုင်ကို လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် ခပ်တိုးတိုးပြောသည်။
“ဒီက တိရိစ္ဆာန်လေးတွေအားလုံးက သမီးကို လွမ်းနေကြတာ”
“တကယ်လား”
ဘေဘီက နှုတ်ခမ်းလေးဆူပြီး လက်လေးဆန့်ထုတ်ရင်း တပိုင်ကို လက်ရမ်းနှုတ်ဆက်ချင်သည်။ သို့သော် အချိန်အတန်ကြာပြီးသည့်တိုင်အောင် လက်ကို မမြောက်နိုင်ခဲ့ချေ။
“ဦးလေးဆုပိုင် ဘေဘီက ကျန်းမာရေးမကောင်းဘူး၊ တပိုင်ပေါ် တက်စီးနိုင်တော့မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဘေဘီကလည်း တာ့ပိုင်ကို အရမ်းလွမ်းတဲ့အကြောင်း ပြောပေးလို့ရမလား၊ သူ့ကို ဒေါသမထွက်ပါနဲ့လို့ပြောပေးပါ”
“ဟူးးးး”
ဆုပိုင်က ခါးကိုတစ်ဖက်လှည့်ပြီး အသက်ပြင်းပြင်းရှူသည်။
“ဝူးးးး”
တပိုင်က ရယ်မောရင်း အပြေးလာပြီး သူ့ရှေ့မှ ကောင်မလေးကို ကြည့်သည်။ ထို့နောက် သူ၏လျှာကို ဆက်တိုက်ထုတ်လျက် နှာမှုတ်နေ၏။
“မား သမီးကိုအောက်ကို ချပေးလို့ရမလား”
“မြက်ခင်းပြင်ပေါ် ချလိုက်ပါ၊ အဆင်ပြေပါတယ်”
ဆုပိုင်က ကလေးမလေးကို ပွေ့ချီလိုက်ရင်း အဝေးရှိ မြက်ခင်းပေါ်သို့ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် တိရိစ္ဆာန်ရုံထဲတွင် ခရီးသွားဧည့်သည်ပေါင်းများစွာ ရှိနေသည်။ သို့သော် ဆုပိုင်၏ လက်မောင်းအတွင်းမှ ဘေဘီကို မြင်သောအခါ တိရိစ္ဆာန်လေးများက အပြေးအလွှားရောက်လာကြသည်။
“တပိုင်ရဲ့ ရင်ခွင်ထဲမှာ မှီနေမလား”
ဆုပိုင်က ထိုကလေးကို တပိုင်၏ လက်မောင်းတွင်းသို့ ချပေးလိုက်သည်။ တပိုင်က မြေပြင်တွင် ထိုင်ပေး၏။ ထို့နောက် တစ်ဖက်မှ ရွှေမြွေကြီးကို လာစေလျက် ဘေဘီ၏ ခန္ဓာကိုယ်ကို ထိန်းခိုင်းထားလိုက်သည်။
လူတိုင်းကလည်း အလယ်ဗဟိုနေရာတွင် ရှိနေသော ကောင်မလေးကိုကြည့်ရင်း အံ့အားသင့်နေကြသည်။
“ဒါက ဘေဘီညီမလေးလေ၊ တိရိစ္ဆာန်တွေအားလုံးက သူမရဲ့စကားကို နားထောင်တယ်”
“ငါဒီကလေးကို မတွေ့ရတာကြာပြီ၊ သူနေမကောင်းဘူးလား”
“ဟုတ်တယ် ဖြူဖျော့နေတဲ့ မျက်နှာကို ကြည့်ပါဦး”
လူတစ်အုပ်က မြက်ခင်းနားတွင် ဝိုင်းလျက် တူညီသော အကြောင်းအရာကို ပြောရင်း ကြီးမားသော ပန်ဒါကြီး၏ ရင်ခွင်ထဲတွင် လှဲနေသော ကောင်မလေးကို ကြည့်နေကြသည်။
“ဟူး အစ်မကြီးကောင်းယွဲ့ ဒီကိုလာပါဦး”
ဆုပိုင်က အနောက်ဘက်မှ ကောင်းယွဲ့ကို လှမ်းဆွဲခေါ်ရင်း အဝေးရှိ ကျောက်တုံးခုံစောင်းလေးကို ထိုးပြသည်။ ထို့နောက် ခပ်တိုးတိုးပြော၏။
“ငါ့မှာ ဒီကလေးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းစရာတွေရှိတယ်”
သူတို့နှစ်ယောက်က ထိုနေရာတွင် ထိုင်လိုက်ကြသည်။ ထို့နောက် မြက်ခင်းပြင်နှင့် အလွန်ဝေးကွာသောနေရာတွင် ထိုင်လျက် မြက်ခင်းပြင်ဘက်သို့ မျက်နှာမူကာ ကြည့်နေလိုက်ကြသည်။
“ဝူး ဝူး ဝူး”
ကောင်းယွဲ့၏ မျက်နှာတွင် မျက်ရည်များ စီးကျလာသည်။
“ဆရာဝန်က ဘေဘီ့ရဲ့ ခန္ဓာကိုယ်က အသက်ရှူတဲ့ ကြွက်သားတွေ ကြုံ့သွားဖို့ အချိန်ဘယ်လောက် လိုသေးတယ်လို့ပြောလဲ”
ငှက်တော၏ တာဝန်ပြီးနောက် ဆုပိုင်က အံ့အားသင့်မှုအမှတ် ၂သန်း ရရှိထားပြီးဖြစ်သည်။ ထို့ကြောင့် သြစတေးလျယုန်အပိုင်းအစနှင့် လဲလှယ်နိုင်ပြီဖြစ်သည်။ သို့ရာတွင် သူ၏လက်ရှိ စွမ်းအားမျိုးဖြင့် အံ့အားသင့်မှု အမှတ်တစ်သိန်းနှင့် တာဝန်ကိုပင် လုပ်ရန်အလွန်ခက်ခဲသေးသည်။ ဒီတစ်ကြိမ်တာဝန်ကမူ အံ့အားသင့်မှုအမှတ် ၂သန်း ဖြစ်နေသည်။ ထို့အပြင်ဒါက ပုံစံဆွဲထားသော တာဝန်တစ်ခုလည်း ဖြစ်နေသေးသည်။ ပြောရန်ပင်မလိုလောက်အောင် အလွန့်အလွန် ခက်နေပေလိမ့်မည်။ သို့ရာတွင် ဒီနေ့ ဘေဘီ၏ ပုံပန်းသွင်ပြင်ကိုကြည့်ပြီးနောက် သူကလည်း ထပ်၍မစောင့်နိုင်တော့ကြောင်း နားလည်လိုက်သည်။
“ဒေါက်တာက ပြောတာက ဘေဘီက ထိန်းချုပ်မှုအောက်မှာရှိတယ်၊ ဘေဘီရဲ့ စိတ်အခြေအနေသာ ကောင်းမွန်နေရင် လဝက်လောက်တော့ ထိန်းနိုင်မှာပါတဲ့”
“ဝူးဝူးဝူးဝူး”
ကောင်းယွဲ့က ပြောရင်း မျက်နှာကိုအုပ်ကာ ခါးသည်းစွာ ငိုသည်။
“ဒါက တအားမြန်လွန်းတယ်၊ အစာမြိုချဖို့ ခက်ခဲသွားတာနဲ့ အဲဒီနောက် အသက်ရှူတဲ့ ကြွက်သားတွေက ကြုံ့သွားဖို့ သိပ်မဝေးတော့ဘူးပဲ”
“ဟစ်”
ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး အံကို ကြိတ်ကာ လေးနက်သောလေသံနှင့် ပြောသည်။
“လဝက်အတွင်းတော့ ငါမီနိုင်မှာပါ”
“ငါ့မှာ နည်းလမ်းတစ်ခု ရှိထားပြီးသား၊ ဒါပေမဲ့ ဒီနည်းလမ်းက ခက်တယ်၊ ငါကိုယ်တိုင်ကလည်း လဝက်အတွင်း အောင်မြင်နိုင်ပါမယ်လို့ အာမမခံနိုင်ဘူး”
“ဒါပေမဲ့ ငါအကောင်းဆုံး ကြိုးစားပြီး ကလေးကို ကုပေးနိုင်တဲ့ အဲဒီတိရိစ္ဆာန်ကိုတော့ ရအောင် ကယ်ဆယ်ပေးမှာပါ”
“တကယ်လား”
ကောင်းယွဲ့က ခေါင်းမော့လျက် စိတ်လှုပ်ရှားစွာ မေးသည်။
“ကလေးရဲ့ရောဂါက ပျောက်ကင်းသမျှ ငါဒီတိရိစ္ဆာန်ရုံမှာ တစ်ဘဝလုံး အလုပ်လုပ်ပေးပါ့မယ်၊ ပိုက်ဆံလည်း တစ်ပြားမှ ပေးစရာမလိုပါဘူး၊ ဒီအတိုင်း ဆုပိုင် ကလေးကိုပဲ ကယ်တင်ပေးပါ”
“ကလေးရဲ့အဖေက ကလေးငယ်ငယ်ကတည်းက သေဆုံးသွားခဲ့တာ၊ ငါ့မှာဒီကလေးပဲ ရှိတော့တာပါ၊ ငါ.....”
“မစိုးရိမ်ပါနဲ့၊ ငါသေချာပေါက်ကလေးကို ရအောင် ကုပေးမှာပါ”
ဆုပိုင်က ခိုင်မာစွာ ပြောလိုက်သည်။
“ဝူးဝူးဝူးဝူး ဟားဟားဟားဟား”
အဝေးမှ ကလေးမလေး၏ ရယ်သံက ပျံ့လွင့်လာသည်။ ဆုပိုင်က တစ်ချက်လှည့်ပြီး ပြုံးရယ်လာ၏။
“ငါသေချာပေါက် မင်းကိုကုပေးမှာ”
ငရဲလိုတာဝန်မျိုး ဖြစ်နေရင်တောင်မှ ပြီးမြောက်အောင် လုပ်ပေးမှာပါ။
မင်းက နတ်သမီးလေးပဲ။ တိရိစ္ဆာန်တွေအားလုံးရဲ့ မိတ်ဆွေလည်း ဟုတ်တယ်။ ဖျားနာမှုကြောင့် မရှုံးနိမ့်စေရဘူး။
“ဝူးဝူး”
ဝက်ဝံဖြူကြီးက မြေပြင်တွင် ထိုင်နေပြီး လက်မောင်းထဲတွင် ဘေဘီလေးကို ပွေ့ထားသည်။ သူ၏ ကြီးမားသော ဝက်ဝံလက်နှစ်ဖက်က ကလေးမလေးကို အသာထိန်းကိုင်ပေးထားရင်း အဝေးမှ ပြေးခုန်ဝင်လာချင်နေသည့် အကောင်တစ်အုပ်ကိုလည်း မျက်နှာကိုဖြဲကာ မာန်ဖီနေသေးသည်။
ဘေဘီက ဆိုးဆိုးရွားရွားကို ကျန်းမာရေးမကောင်းတာ သိသာထင်ရှားနေတာပဲ။ ဒီလို ဝရုန်းသုန်းကား ဆော့လိုမဖြစ်ဘူး။
တပိုင်၏ မျက်လုံးများကပင် နီရဲလာသလို လူတိုင်းကပင် မှင်တက်သွားကြသည်။
“တပိုင် တပိုင် အရမ်းမခက်ထန်ပါနဲ့၊ သူတို့ကို လာပြီး ကစားခိုင်းလိုက်ပါ”
ဘေဘီက တပိုင်၏ ရင်ဘတ်ကို ခေါင်းဖိထားရင်း ခပ်တိုးတိုးရယ်လိုက်သည်။
“လိမ္မာပါနော်၊ ဟုတ်ပြီလား ၊ နင်က ကလေးလေးလိုပဲ နေရမယ်လေ၊ မကြမ်းတမ်းပါနဲ့”
“ငါသူတို့ကစားတာ ကြည့်ချင်သေးတယ်”
“တပိုင် ဘေဘီက နင့်ကိုဆက်ပြီးအဖော်မပြုနိုင်တော့ရင် နင်ဘေဘီကို အပြစ်မတင်ရဘူးနော်၊ ဟုတ်ပြီလား၊ ဘေဘီက ကျန်းမာရေးမကောင်းဘူး၊ ဒါပေမဲ့ ဘေဘီက နင့်ကိုအချစ်ဆုံးနော်”
“ဝူးဝူးဝူး”
တပိုင်က သူ၏နဖူးဖြင့် သူမ၏ ခေါင်းလေးကို ဖိထားရင်း တရှုံ့ရှုံ့ငိုကာ ခေါင်းညိတ်နေသည်။
သူက သူ၏ဝက်ဝံလက်ကြီးများကို ဆန့်ထုတ်ရင်း အဝေးမှ အကောင်တစ်အုပ်ကို လက်ရမ်းပြကာ ဆက်ဆော့ခိုင်းလိုက်သည်။
“ဂွက် ဂွက် ဂွက်”
ပျားရည်ခွေးတူဝက်တူကလည်း တပိုင်၏ဘေးနားတွင် လှဲနေသည်။ သူကလည်း ခေါင်းကိုမော့ပြီး ဘေဘီကို မျက်နှာထားအမျိုးမျိုးလုပ်ပြကာ ပျော်စေရန် ဖန်တီးပေးနေသည်။
“အနာဂတ်မှာ မတိုက်ခိုက်ကြနဲ့တော့နော်”
ဘေဘီက သူမ၏ လျှာလေးကိုထုတ်ပြီး ပျားရည်ခွေးတူဝက်တူ၏ နားနားကပ်ကာ ခပ်တိုးတိုး ပြောသည်။
“ဂွက် ဂွက် ဂွက်”
ခေါင်းပြားတာ့ကောကလည်း တည်ငြိမ်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
“ဝူးဝူးဝူး”
ဘေးဘက်တွင် ရပ်နေသော ဆင်ပေါက်လေးကလည်း သူ၏ နှာမောင်းလေးကိုသုံးပြီး သူမကို ညင်သာစွာဖြင့် ခေါင်းကိုပုတ်ပေးနေသည်။ တိရိစ္ဆာန်လေးများ အားလုံးက ဝိုင်းနေကြပြီး ထိုကောင်မလေးကို ပျော်ရွှင်အောင် လုပ်ပေးနေကြသည်။
တစ်ခါတရံတွင် တိရိစ္ဆာန်များက လူများထက်ပင် ပို၍ ခံစားလွယ်သေးသည်။
ကောင်မလေး၏ ဖြူဖျော့သော မျက်နှာ၊ နှုတ်ခမ်းများကို မြင်ရချိန်တွင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်တိုင်းကလည်း အလွန်အမင်း စိတ်ဓာတ်ကျနေကြသည်။
ဒီကောင်မလေးက သူတို့အတွက်တော့ အချိန်အတန်ကြာ တည်ရှိခဲ့တဲ့ မိသားစုဝင်တစ်ယောက်လိုပဲ။
“ဒီရက်တွေမှာ ဘေဘီက တိရိစ္ဆာန်ရုံထဲမှာပဲ နေလို့ရတယ်၊ သစ်လုံးအိမ်ထဲမှာ နေလို့ရတယ်၊ ပိုဆိုးတာက တိရိစ္ဆာန်တွေနဲ့ နီးကပ်တော့ ခံစားချက်ပိုကောင်းတာပေါ့”
“နောက်ပြီးငါ အမြန်ဆုံး ပြန်လာပါ့မယ်”
“ဒီအချိန်အတောတွင်းမှာတော့ ဒီတိရိစ္ဆာန်ရုံကို မင်းတို့အတွက်ပဲ ချန်ထားပေးခဲ့တော့မယ်”
ဆုပိုင်က လေးနက်သော လေသံဖြင့်ပြောပြီး နောက်သို့လှည့်ကာ တိရိစ္ဆာန်ရုံထဲမှ ထွက်သွားသည်။
ဒီတာဝန်က သေးငယ်သော ကိစ္စ မဟုတ်ချေ။ အပြည့်အဝ ပြင်ဆင်ထားရန် လိုအပ်သည်။
အံ့အားသင့်မှုအမှတ် ၂သန်းတန်တဲ့ တာဝန်က ဘယ်လောက်ထိ ခက်ခဲလောက်မလဲ.....။
“ဖာ့ခ် ဝက်တွေက ဘယ်မှာလဲ”
ကောင်းကင်ပြာ တိရိစ္ဆာန်ရုံအဟောင်းတွင် မျက်လုံးပြာ၊ ရွှေအိုရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်က ခြံစည်းရိုးနားတွင် ရပ်နေသည်။ သူမ၏ မျက်နှာက နီရဲနေသည်။ သူမက အော်သည်။
“ငါတို့ ဒီလောက်အဝေးကြီး လာထားရတာ၊ နောက်ပြီး တံခါးကလည်း မဖွင့်ဘူး၊ မမျှော်လင့်ထားဘဲ သူတို့က ရွှေ့သွားတယ်တဲ့လား”
“ချားလ် နင်ဘာသတင်းရသေးလဲ”
“ငါ.....”
နှစ်ဖက်လုံးတွင် ရပ်နေသော အမျိုးသားများက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်နေကြသည်။
“ထားလိုက်တော့”
စမစ်က မြေပြင်ပေါ်တွင် ချထားသည့် ငွေဖြူရောင် သတ္ထု သေတ္တာဘူးလေးကို ကောက်မလိုက်ရင်း လူတိုင်းကို လက်ရမ်းပြသည်။
“သွားပြီး ထပ်စစ်ကြည့်တာပေါ့၊ တိရိစ္ဆာန်ရုံက ဒီမြို့မှာပဲ ရှိလိမ့်မယ်၊ ပိုက်ဆံသာ လုံလောက်အောင် ပေးလိုက်ရင် သတင်းမရစရာ ရှိပါ့မလား”
“သွားရအောင်”
“ငါတို့အနေနဲ့ ဒီမျိုးရိုးဗီဇဆိုင်ရာ ဆေးတွေကို သယ်လာဖို့ တော်တော်လေးကို ပိုက်ဆံအများကြီး အကုန်အကျ ခံထားရတာ၊ ဒီဝက်တွေကို သတ်တဲ့ကိစ္စအပြင် တခြားတိရိစ္ဆာန်တွေအားလုံးကိုလည်း အရှင်ထားလို့မရဘူး”