အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
အပိုင်း (82)
ရဲတိုက်ဟောင်းတစ်ခုတွင်....
ခမ်းနားထည်ဝါသော ထမင်းစားစားပွဲကြီးတွင် ဝတ်စုံပြည့်နှင့် လည်သာဖိနပ်များကို စီးထားသော အမျိုးသားတစ်အုပ်က အမျိုးကောင်းသားများ ဟန်ပန်အတိုင်း ထိုင်နေကြသည်။ သူတို့၏ရှေ့တွင်လည်း အစားသောက်ကို ဖြတ်တောက်သည့် ဇွန်းခရင်းအသီးသီး ရှိနေကြသည်။
ရွှေရောင် ဖယောင်းတိုင်က တောက်ပသော အလင်းကို လွှင့်ထုတ်နေသည်။ မီးညွှန့်က တညွှန့်ညွှန့်တောက်လောင်နေ၏။
“ဟဟဟ”
“ငါမင်းတို့အားလုံးကို ဒီနေရာကို လာစေချင်တာက သိပ်မကြာခင်ကမှ အသစ်ဖန်တီးထုတ်လုပ်ထားနိုင်တဲ့ အရသာတစ်မျိုးကို မြည်းစမ်းစေချင်လို့ပဲ၊ ဒီလိုအရသာမျိုးက သြစတေးလျမှာရှိတဲ့ လူတိုင်းနီးပါးကို စွဲမက်စေလိမ့်မယ်”
ချားလ်က လက်ကိုင်ပဝါကို ကောက်ယူပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများကို ကျော့ရှင်းကြည့်ကောင်းစွာ သုတ်သည်။ ထို့နောက် ပြုံးရယ်ကာ လူတိုင်းကို ပြောသည်။
“ငါတို့ရဲ့ အစည်းအရုံးက ဆရာသခင်တွေက ဒီအရသာကို မြည်းစမ်းပြီး သဘောကျနှစ်ခြိုက်တာနဲ့ တိုင်းပြည်ရဲ့နေရာတိုင်းကို ပို့ဆောင်ပေးလို့ရပြီ၊ မိတ်ဆွေတို့၊ ငါတို့ကို ရွှေပြားတွေက စောင့်နေတယ်”
“ဒီကိုလာ”
“ကင်ထားပြီးသား အရသာတွေကို ယူလာခဲ့ပါ”
သူက ထိုသို့ပြောလိုက်ပြီးနောက် ဘေးဘက်ရှိ အစေခံကိုကြည့်သည်။
ထိုအစေခံ၏အနောက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဗန်းများကို သယ်ဆောင်ထားသည့် အစေခံတစ်အုပ်ရှိနေသည်။
ထိုဗန်းများပေါ်တွင် ငွေရောင်ပန်းကန်များဖြင့် ထည့်ထားသော ရွှေအိုရောင်အရသာရှိသော စားသောက်စရာများ ရှိနေသည်။
အရွယ်အစားက သေးသည်။ ယုန်တစ်ကောင်၏ အရွယ်အစားနှင့်တူသည်။
“ဒါက..... သားပိုက်ကောင်နဲ့တော့ တူတယ်၊ ဒါပေမဲ့ အဲဒီလောက်ထိ မကြီးဘူး၊ ယုန်နဲ့ တူလုနီးပါးပဲ၊ ဒါပေမဲ့ အသားက ယုန်သားထက်ပိုပြီး အရသာရှိတယ်”
ချားလ်က ထမင်းစားစားပွဲပေါ်သို့ တင်ထားပြီးသော စားသောက်ဖွယ်ရာများကို ကြည့်ကာပြောသည်။
ထို့နောက်သူက နှုတ်ခမ်းထောင့်စွန်းကို တစ်ချက်သပ်လိုက်ရင်းပြောသည်။
“ငါက ဒါကို အသေးစားယုန်လို့ ပေးထားတယ်”
“ဒါက ငါတို့ ချားလ်ဂိုဏ်းရဲ့ ပထမဦးဆုံး ထုတ်ပြလိုက်တဲ့ ကြွယ်ဝမှုကို ရရှိစေမဲ့ ပစ္စည်းပဲ၊ သြစတေးလျ ကုန်းမြေတစ်ခုလုံးမှာတောင်မှ ငါတို့ကို ကြီးပွားအောင် လုပ်ပေးနိုင်တယ်”
“ဒီကုန်းမြေတစ်ခုလုံးမှာ ဒီလိုသတ္တဝါတွေမှ အများကြီးပဲ၊ အဆုံးအစ မဲ့လောက်အောင်ပဲ၊ တွေးကြည့်စမ်းပါ မိတ်ဆွေတို့၊ ငါတို့ကသာ ဒီလိုတစ်ကောင်စီကို ငွေပြားတစ်ဝက်ဆီနဲ့ ရောင်းမယ်ဆိုရင် ကံကြမ္မာကောင်းတစ်ခုကိုမရနိုင်ဘူးလား”
“ခွက်ချင်းတိုက်ရအောင်”
သူက လက်ထဲတွင် ကိုင်ထားသည့် ဝိုင်နီခွက်ကို မြှောက်လိုက်သည်။ လူတိုင်းကလည်း မတ်တပ်ထရပ်ကာ ကုန်အောင်သောက်ကြသည်။
“လာ စမ်းကြည့်ကြပါဦး”
“ကောင်းပြီ လုံလောက်တယ်၊ တော်တော်လေးကို အရသာရှိတယ်”
“ဟုတ်တယ် ပြောရမယ်ဆိုရင် ဒါက ဖမ်းဖို့လည်း လွယ်တယ်၊ ယုန်ထွက်လာအောင် ပိုလွယ်သေးတယ်”
“ဒါဆိုရင် ငါတို့ ဘာပြောရတော့မှာလဲ၊ မြန်မြန်လေး အမဲလိုက်အသင်းတစ်ဖွဲ့ ဖွဲ့စည်းတော့လေ၊ တစ်ကောင်ချင်းစီတိုင်းက ငွေပြားတစ်ဝက်တန်တယ်၊ တချို့ တောက်လျှောက်လုပ်ရတဲ့ ဖြစ်စဥ်တွေပြီးသွားတဲ့နောက်မှာ ငွေပြားဆယ်ပြားနဲ့ ပြန်ရောင်းလို့ရတယ်၊ အထက်တန်းလွှာအသိုင်းအဝိုင်းက ပုဂ္ဂိုလ်ကြီးတွေအားလုံးက ငွေသုံးဖို့ ဆန္ဒရှိပါလိမ့်မယ်”
လူတိုင်းကလည်း ယုန်သားကင်များကို မြည်းစမ်းကြည့်ရင်း သဘောတကျ ချီးကျူးနေကြသည်။
“ဟုတ်တယ် နေရာအမျိုးမျိုးမှာ အမဲလိုက်အသင်းတွေကို ဆက်တိုက် ဖွဲ့စည်းတည်ထောင်ရမယ်၊ အဲဲဒီထဲမှာ လယ်သမားတွေကိုလည်း ထည့်တွက်ရမယ်၊ ငါတို့က ယုန်လေးတွေကို အမဲလိုက်နိုင်တာနဲ့ သူတို့ကို ကြေးပြားဆယ်ပြားပေးမယ်၊ ဒါဆိုရင် ဒီလယ်သမားတွေက သီးနှံတွေတောင် စိုက်ပျိုးဖို့ မလိုအပ်တော့ဘူး ဟဟဟ”
“ဟားဟားဟား”
ချားလ်က ယုန်သားတစ်တုံးကို ပါးစပ်အပြည့် ကိုက်ဝါးလိုက်ပြီးပြောသည်။
“မိတ်ဆွေတို့ ငါတို့တွေ ကံကြမ္မာကောင်းလေးတစ်ခုကို ပိုင်ဆိုင်ရဖို့ မျှော်လင့်တယ်”
“ကံကြမ္မာကောင်း”
“ကံကောင်းမှုကြီးပါ”
လူတိုင်းက သူတို့၏လက်ထဲတွင် ယုန်သားကိုကိုင်ကာ တညီတညာတည်း အော်ကြသည်။
အထက်တန်းလွှာအသိုင်းအဝိုင်းမှ လူတစ်အုပ်က အမျိုးကောင်းသားများလို ဝတ်ဆင်ရင်း ဆံပင်များကို သေသပ်စွာ ဖြီးထားသည်။ ထိုအချိန်တွင် လူတိုင်းက ပျော်ပျော်ပါးပါးစားသောက်ရင်း ပျော်ရွှင်နေကြလေသည်။
........
“အဟမ်း”
“အဟမ်း”
ဆုပိုင်က မြက်ခင်းပြင်ပေါ်တွင် လှဲနေရင်း အဝေးမှ ချစ်စရာကောင်းသော တိရိစ္ဆာန်ငယ်လေးတစ်အုပ်ကို ကြည့်နေသည်။ သို့သော်သူက အသက်ပင် ပြက်းပြင်းမရှူရဲချေ။ အကြောင်းမူကား ထိုကောင်လေးများက သြစတေးလျ ယုန်များဖြစ်နေသည်။
တစ်ကောင်ချင်းစီတိုင်းက ယုန်နှင့်တူသည်။ တစ်ခုတည်းသော ခြားနားချက်ကမူ သြစတေးလျယုန်၏ နောက်ခြေက ယုန်ထက်ပင် ပို၍ ဖွံ့ဖြိုးသေးသည်။ ထို့ကြောင့် သားပိုက်ကောင်နှင့်ပင် ဆင်သေးသည်။ သူတို့၏ ရှည်လျားသော အမြီးက ဖင်နောက်ဘက်ပိုင်းတွင် ဖြစ်သည်။
ပို၍ဆိုးသည်မှာ ထိုအကောင်များက အဖွဲ့လိုက်နေသည်။ အပြင်ထွက်သည့် အချိန်တိုင်းလိုလို ဆယ်ကောင်မက ပါတတ်သည်။
သြစတေးလျ ယုန်များက ယခုလိုမြက်ခင်းကွင်းပြင်ဒေသမျိုးတွင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေထိုင်နေကြောင်း မြင်လိုက်သောအခါ ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီး မြက်ခင်းပြင်ပေါ်မှ တဖြည်းဖြည်းချင်း လျှောက်ထွက်လိုက်ကာ အဝေးတွင် စားသောက်နေသည့် အကောင်ငယ်လေးတစ်အုပ်ကို လှမ်းကြည့်လိုက်သည်။
ထိုကောင်လေးများက အလွန်စည်းလုံးပြီး သတိကြီးသည်။ သူတို့ စားသောက်ချိန်တိုင်းလိုလို ယုန်တစ်ကောင်က ဘေးဘက်တွင်ထွက်ကာ စောင့်ကြပ်ပေးနေသည်။ ထို့ကြောင့် အန္တရာယ်ကို တွေ့သည်နှင့် ထိုယုန်က လူတစ်ယောက် ချောင်းဟန့်သံလိုအသံမျိုးကို လုပ်ပြီး တစ်ဖွဲ့လုံးကို ထွက်ပြေးနိုင်ရန် သတိပေးပေလိမ့်မည်။
ညဘက်တွင် အိပ်သည့် အချိန်တွင်ပင် ညစောင့်ရန်အတွက် ယုန်တစ်ကောင်ကို ချထားလေ့ ရှိသေးသည်။
သို့သော်...
ဒါပေမဲ့ ဒီချောင်းဟမ့်သံက တအားပြင်းထန်လွန်းတာကြောင့် ဖြစ်လောက်တယ်။ ဒီလိုသတ္တဝါတွေက အရေးပေါ်အခြေအနေကို ကြုံရတာနဲ့ ချောင်းဟမ့်တာပဲသိပြီး ပြေးဖို့မေ့သွားကြတယ်။
ထိုသတ္တဝါနှင့် ပတ်သက်ပြီး ရရှိထားသည့် သတင်းအချက်အလက်များက ဆုပိုင်စိတ်အတွင်းသို့ ဝင်ရောက်လာသည်။ သူ၏နှုတ်ခမ်းများက ကော့တက်သွားသည်။
ဖမ်းရလွယ်လွန်းတယ်။
ဟူးးးး။
သူက မြက်ခင်းပေါ်တွင် ပြန်လှဲလိုက်သည်။ သူ၏ခေါင်းကို လူတစ်ဝက်စာခန့်မြင့်သည့် မြက်ကြားထဲတွင် အုပ်ထားရင်း အဟကြားနေရာမှတစ်ဆင့် အဝေးမှ အကောင်ငယ်လေးများကိုကြည့်သည်။
“ကွိကွိကွိ”
ရုတ်တရက် ယုန်ငယ်လေးနှစ်ကောင်က သူတို့အရှေ့မှ နူးညံ့သော မြက်အတွက် သွားလိုက်ကြသည်။ သူတို့က သူတို့၏ ခေါင်းများကိုမော့ကာ အော်သည်။
ထို့နောက် ခပ်မတ်မတ် ရပ်လိုက်ကြသည်။ သူတို့၏ ရှေ့လက်လေးများကို လက်ဝှေ့သမားကဲ့သို့ ဝှေ့ယမ်းရင်း တစ်ဖက်သူ၏ ရင်ဘတ်ကို ထုရိုက်ရန် ကြိုးစားကြသည်။
[ဒီလောက်သေးငယ်တဲ့ လက်သီးလေးတွေနဲ့ ရင်ဘတ်ကို ထိုးတယ်ဟုတ်လား ၊ ချစ်စရာကောင်းလွန်းလို့ သွေးတောင်ထွက်တော့မယ် ]
[သြစတေးလျယုန်လို့ခေါ်တဲ့ ဒီအကောင်လေးတွေက တော်တော်ချစ်ဖို့ကောင်းတာပဲ၊ ငါသာ တစ်ကောင်မွေးနိုင်မယ်ဆိုရင် တအားချစ်မိမှာပဲ ]
[မရဘူးလို့ ဘယ်သူပြောလဲ၊ တင်ဆက်သူ ဒီတာဝန်က ခက်ခဲလွန်းတယ်လို့ ပြောထားတယ်မဟုတ်လား၊ အခုမြင်ရသလောက်တော့ မခက်ခဲပါဘူး ]
[တင်ဆက်သူကို ထွက်သွားပြီး တိုက်ခိုက်ခိုင်းလိုက်ပါလား]
[လက်သီးထိုး]
[လက်သီးထိုး]
.........
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မိတ်ဆွေများအားလုံးက ဆုပိုင်နှင့်အတူ တိုက်ရိုက်ထုတ်လွှင့်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးသား ဖြစ်သည်။ ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်မှာ သိပ်မကြာသေးသော်လည်း ကြည့်ရှုသူများက နှစ်သိန်းကျော်နေပြီဖြစ်သည်။
ဆုပိုင်ကလည်း စနစ်မှ အံ့အားသင့်မှုအမှတ်များကို ယူပေးသော နည်းလမ်းက တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် တာဝန်များကို လုပ်ဆောင်ရန်ဖြစ်ကြောင်း နားလည်သည်။
တိရိစ္ဆာန်ရုံမှလာသော လူများပေးသည့် အံ့အားသင့်မှုအမှတ်က ရေပုံးထဲမှ ရေစက်များနည်းတူဖြစ်သည်။ နှမြောစရာကောင်းလောက်အောင် နည်းပါးလွန်းသည်။ သို့ရာတွင် တိုက်ရိုက်ထုတ်လွှင့်မှုအဆုံးသတ်တွင် အံ့အားသင့်မှုအမှတ်များကို ရရှိသည့် အချိန်တိုင်းလိုလို မှင်တက်ဖွယ်ကောင်းသည့် ပမာဏကို ရရှိတတ်သည်။ အမြဲတစေ သိန်းကျော်နေလေသည်။
စနစ်က သူ့ကို တိုက်ရိုက်ထုတ်လွှင့်မှုအား သုံးပြီး လူအများအား ထိုတိရိစ္ဆာန်များက အတိတ်တွင် မည်သို့ မျိုးတုန်းပျောက်ကွယ်သွားကြောင်း သိရှိစေရန် ထိုလူများကို သင်ခန်းစာ ပေးခိုင်းနေခြင်းဖြစ်ကြောင်း နားလည်သည်။
သို့ရာတွင် ဒီတာဝန်က အံ့အားသင့်မှုအမှတ် ၂သန်းဖြစ်နေတာ ထင်သလောက် မရိုးရှင်းနိုင်ချေ။
ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုကြည့်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။ ထို့နောက် ခပ်တိုးတိုးပြောသည်။
“ဒီလိုသတ္တဝါမျိုးက သဘာဝရဲ့ ညင်သာမှုကို ရရှိထားကြလို့ သူတို့က ဘာမှမလုပ်နိုင်သလောက်ပဲ၊ ဒီအရှေ့မှာလိုမျိုး တစ်ယောက်ရင်ဘတ်ကို သူတို့ရဲ့ လက်သေးသေးလေးတွေနဲ့ထုနေတဲ့ အကောင်လေး၂ကောင်လိုပေါ့၊ ဒါက သူတို့ရဲ့ ဒေါသတွေကို ဖော်ပြရာ ဖြစ်နေပြီးသား၊ သေစေနိုင်စွမ်းမရှိလောက်အောင် ခြိမ်းခြောက်နိုင်ပေမဲ့လည်း ဒါက သူတို့ရဲ့ အပြုအမူလေ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ချန်ထားရစ်ခဲ့ရင်း ဆုပိုင်က မြက်ခင်းကြားထဲတွင် တွားသွားလိုက်သည်။
မည်သို့ပင်ဆိုစေ သူတို့က ထိုကောင်လေးများကို အရင်ထိထားရပေမည်။
ဆုပိုင်က သူ၏ရှေ့မှ အကောင်ငယ်လေးတစ်အုပ်ကို ဆုံသာဆုံထားသေးသည်။ သို့သော် နောက်ပိုင်း တာဝန်က မည်သည့်အခြေအနေဖြစ်နိုင်ကြောင်း မသိသေးပေ။
သို့ရာတွင် သြစတေးလျယုန်များ မျိုးတုန်းပျောက်ကွယ်သွားခဲ့သည့် ကိစ္စနှင့် ပတ်သက်သည့် အကြောင်းပြချက်ကမူ သူ၏စိတ်ထဲတွင် ရှိနေသည်။
ပြောကြသည်မှာ သြစတေးလျ ကုန်းမြေကြီးတွင် ထိုကဲ့သို့သော သတ္တဝါမျိုးက ပမာဏအများကြီး ရှိခဲ့သည်။ လူသားများ၏ ဆက်တိုက်များပြားလာမှုကြောင့် သူတို့က ထိုယုန်လေးများ၏ အိမ်များကို ဖျက်ဆီးမိသွားသည်။ နောက်ဆုံးအခိုက်အတန့်တွင်မူ ထိုယုန်လေးများက လူသားများ၏ ကောက်ပဲသီးနှံများကို ခိုးခဲ့သည်ဟု ဆိုသည်။ အချိန်တစ်ခုကြာပြီးနောက် ထိုအကောင်ငယ်လေးများက လူသားများ၏ ပိုးကောင်များအဖြစ် သတ်မှတ်ခံရကာ လိုက်လံအမဲလိုက်ခံရရင်း အသတ်ခံလိုက်ရသည်။
ယုန်ငယ်လေးများ၏ အရသာရှိသော အသားများနှင့် ပေါင်းထည့်လိုက်သော် အမဲလိုက်နှုန်းက အလွန်အမင်း ပြင်းထန်ခဲ့သည်။
လူသားများ၏ အလုံးအရင်းဖြင့် အမြစ်ဖြတ်သုတ်သင်သွားမတတ် အမဲလိုက်မှုအောက်တွင် ထိုသတ္တဝါများက ၁၉၈၀တွင် အပြီးအတိုင် မျိုးတုန်းပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှ စတင်ပြီး တစ်လောကလုံးတွင် သြစတေးလျ ယုန်ကဲ့သို့သော ချစ်စရာကောင်းသည့် တိရိစ္ဆာန်လေးများ မရှိတော့ချေ။
“အဟွတ် အဟွတ်”
“အဟမ်း အဟမ်း”
“အဟမ်း အဟမ်း”
ရုတ်တရက် အဝေးတွင် ရပ်နေသော ယုန်လေးက ခပ်မတ်မတ် ထရပ်လိုက်ပြီး ခပ်ကြမ်းကြမ်း ချောင်းဆိုးသည်။
ယုန်ပေါင်းများစွာကလည်း စားသောက်နေရာမှ သတိအပြည့်ကပ်လျက် ခေါင်းကိုမော့ကြည့်ကြပြီး ကြောက်လန့်တကြား ဘေးဘီကိုကြည့်သည်။
“ဝှစ်”
......
ဝှစ်။
ချက်ချင်းဆိုသလိုပင် ဒူးလေးမြားနှင့် ပစ်ခတ်လိုက်သည့် မြားပေါင်းများစွာက ထိုယုန်အုပ်ကို လွှမ်းခြုံသွားလေသည်။
83 01
အပိုင်း (83)
“ကွိကွိ”
ဘန်း။
ဆုပိုင်က သူ၏ရှေ့သို့ ပြုတ်ကျကာ သေဆုံးသွားသော ယုန်လေးကို ကြည့်လိုက်သည်။ ထိုကောင်ငယ်လေးက သူ၏အပြစ်ကင်းစင်သော မျက်ဝန်းတစ်စုံဖြင့် သူ့ကိုကြည့်ရင်း မလှုပ်တော့ချေ။ သူကိုယ်တိုင်ကပင် တောင့်ခဲသွားသည်။
အရာအားလုံးက ရုတ်ချည်းဆန်လွန်းသည်။
စောင့်ကြည့်နေသော ယုန်လေးထံမှ အစောပိုင်း သတိပေးချက်ကို ရရှိချိန်မှ စတင်ပြီး မြားမိုးများ ကျရောက်လာသော အချိန်အထိ စက္ကန့်အနည်းငယ်သာ ကြာသည်။
လူတစ်အုပ်လုံးက မထွက်ပြေးနိုင်သေးခင် အပြည့်အဝ အမဲလိုက်သုတ်သင်ခံလိုက်ရသည်။
ကျန်သော ယုန်ကောင်လေးများကလည်း အထိတ်တလန့် ဖြစ်နေသော ပုံစံမျိုးဖြင့် တစ်ဟွတ်ဟွတ်လုပ်နေကြသည်။
ကြီးမားသော မျက်ဝန်းကြီးတစ်စုံက အဝေးမှ ချဥ်းကပ်လာသော လူတစ်အုပ်ကို ထိတ်လန့်တကြားကြည့်ရင်း ပြေးသည်။
ဘန်း။
ထိုယုန်လေးများက သူ၏လက်ကို ရမ်းပြီးရှေ့မှ လူထွားကြီးကို လက်သီးဖြင့် ထိုးရိုက်ရန် ကြံစည်သည်။
သို့သော် ရှေ့မှလူကမူ သက်ရောက်မှု ခံရပုံမရပေ။
“ဟားဟားဟား ဒီအရူးကောင်တွေက ချောင်းဟမ့်တတ်ပြီး မပြေးနိုင်ဘူးလား”
အမဲလိုက် ယူနီဖောင်းကို ဝတ်ဆင်ထာယသည့် မုတ်ဆိတ်မွေးနှင့်လူကြီးတစ်ယောက်က လက်တစ်ဖက်တွက် ဒူးလေးတစ်လက်ကို သယ်ထားသည်။ တခြားတစ်ဖက်ကမူ ထိုယုန်လေးကို လေထဲမှ ကိုင်မြှောက်၍ ကောက်မလိုက်သည်။
ဗြိ။
သူက သူ၏ခါးမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး လက်ထဲမှယုန်လေး၏ လည်တိုင်ကို တစ်ချက် လှီးဖြတ်လိုက်ကာ သွေးများကို ပန်းထွက်လာစေသည်။
ယုန်လေးက အချိန်တခဏခန့်ကြာအောင် ပြင်းပြင်းထန်ထန် ရုန်းကန်သည်။ ထို့နောက် ခေါင်းက ငိုက်စိုက်ကျသွားသည်။ ကြီးမားသော မျက်ဝန်းကြီးတစ်စုံက အောက်ဘက်ရှိ အလောင်းများကို ကူကယ်ရာမဲ့စွာ ကြည့်သလို ဖြစ်သွားလေသည်။
“ဒီမှာ ၂၁ကောင်ရှိတယ်၊ အားလုံးကို မြန်မြန် သတ်လိုက်ကြစမ်း၊ ဒီနေမြဲ့အကျိုးအမြတ်က တော်တော်လေးကောင်းတယ်၊ နောက်တစ်နေရာ သွားကြရအောင်”
“ဒီအရူးတွေက ရွေ့လျားနေတဲ့ ငွေပြားတွေပဲ”
“ ဟားဟားဟား”
မုတ်ဆိတ်နှင့်လူကြီးက အော်ရယ်သည်။ ထို့နောက် အလောင်းများကို အဝေးတွင်ရှိသည့် သေးငယ်သော ပစ္စည်းတင်ယာဥ်လေးပေါ်သို့ ပစ်တင်လိုက်ကြသည်။ သူက လူတိုင်းကို ကြည့်ကာ လက်ခုပ်တီးကာ စုစည်းရန် ပြောလျက် ကားပေါ်သို့တက်သည်။ ထို့နောက် အဝေးသို့ ထွက်ခွာသွားကြသည်။
ဆုပိုင်က မြေပြင်တွင် လှဲလျက် ပုန်းနေခြင်းဖြစ်သည်။ သူက အနောက်ဘက်မှ ယုန်ကောင်ငယ်လေး၏အလောင်းကို ခပ်မြန်မြန် ဆွဲကိုင်လိုက်ပြီး အံကိုကြိတ်ထားသည်။
ဒီလိုနည်းဖြင့် ယုန်၂၁ကောင်လုံးက အမဲလိုက်ခံရရင်း သတ်ဖြတ်ခံလိုက်ရသည်။
ဆုပိုင်ကိုယ်တိုင်က ရှေ့သို့ပြေးသွားပြီး ထိုလူများကို သင်ခန်းစာပေးချင်သော်လည်း ဒီတာဝန်က သိသာစွာပင် ထိုသို့လုပ်၍ မရနိုင်ချေ။
ယခုလို အမဲလိုက်သည့် ဖြစ်စဥ်မျိုးက နေရာတိုင်းတွင် ဖြစ်ပျက်နေနိုင်သည်။
သူက တစ်နေရာကို တားနိုင်သော်လည်း တခြားသော နေရာတိုင်းကို လိုက်၍ တား၍မရချေ။
83 02
ထို့အပြင် ဖြစ်ပျက်သွားသော အရာအားလုံးက မြန်ဆန်လွန်းသည်။ ဆုပိုင်ပင် တုံ့ပြန်ရန် အချိန်မရှိခဲ့ချေ။
ဟူး။
ဆုပိုင်က အစက်ပြင်းပြင်းရှူပြီး ယုန်ကောင်ငယ်လေး၏ အလောင်းကို မြေပြင်ပေါ်တွင် ပြန်တင်လိုက်သည်။ ရှေ့မှ လူတစ်အုပ်က တဖြည်းဖြည်းချင်း ရွေ့သွားကြောင်း မြင်လိုက်ရသောအခါ ဆုပိုင်က ထရပ်လိုက်သည်။
နောက်ဆုံးနားတွင် မရေမတွက်နိုင်အောင် မြောက်မြားသည့် အလောင်းများတင်ထားသည့် ယာဥ်လေးက ထိုယုန်အလောင်းများကို တစ်နေရာသို့ သယ်ယူပို့ဆောင်ပေးရန် ဖြစ်လောက်ကြောင်း သိလိုက်ရသည်။
“ဖာ့ခ်”
ဆုပိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကျိန်ဆဲသည်။
အံ့အားသင့်မှုအမှတ်၂သန်းနှင့်တာဝန်က ယုန်လေးကို ကယ်တင်ရန်ဖြစ်သည်။ သို့သော် ယုန်တစ်အုပ်လုံးကို ကယ်တင်ရန်နှင့် တူနေသည်။
သို့ရာတွင်....ဒီယုန်တစ်မျိုးလုံးကို သူက ဘယ်လိုများ ကယ်တင်နိုင်မှာလဲ။
ဆုပိုင်က မျက်မှောင်ကြုတ်နေသည်။
“မဟုတ်ဘူး ဒီတာဝန်က ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို မြင်လိုက်ရပြီဆိုတာနဲ့ လျစ်လျူရှုလို့ မရတော့ဘူး၊ အရှေ့က အမဲလိုက်အသင်းကိုလည်း ဆက်ပြီး အမဲလိုက်ခွင့် ပြုလို့မရဘူး”
ထိုအကြောင်းအရာကို တွေးမိပြီးနောက် ဆုပိုင်က မြေပြင်မှ ယုန်လေးကို ကောက်ကိုင်လိုက်ကာ သူ၏ ပခုံးပေါ်တင်သည်။ ထို့နောက် ဒူးလေးတစ်လက်ကို ကောက်ယူလိုက်ပြီး လူအုပ်ထွက်သွားရာဘက်သို့ အပြေးလိုက်လိုက်သည်။
ဘန်း။
တရုတ်နိုင်ငံ တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်း.....။
လူအုပ်ထဲမှ ရှန်းကွမ်းယွမ်က တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်တွင် ပေါ်နေသော မြင်ကွင်းကိုကြည့်ပြီး စားပွဲကို ဖြောင်းခနဲ ရိုက်ချသည်။
ငွေပြားအနည်းငယ်အတွက်နဲ့ တိရိစ္ဆာန်တွေကို ဒီလောက် ရူးရူးသွပ်သွပ် အမဲလိုက်တယ် ဟုတ်လား။
တကယ်ကို ရင်နာစရာပဲ။
အတိတ်က လူသားတွေက ဒီလောက်ထိ ရူးမယ်လို့ မထင်ထားဘူး။
ထိုအကြောင်းအရာကို သူတို့၏ သမိုင်းမှတ်တမ်းထဲတွင်လည်း မှတ်တမ်းတင်ထားသည်။ ရှေးခေတ်ကာလတွင် တိရိစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်ခြင်း မရှိခင်ကာလက သြစတေးလျ ကုန်းမြေဟာ တိရိစ္ဆာန်များ မျိုးတုန်းမှု အဆိုးဆုံးနေရာများထဲမှ တစ်ခုဖြစ်ခဲ့သည်။
ဆယ်စုနှစ် အနည်းငယ်တည်းနှင့် သတ္တဝာမျိုးစိတ် ဆယ်မျိုးကျော်က မြေကမ္ဘာမှ ထာဝရ ပျောက်ကွယ်သွားပြီဖြစ်သည်။
သြစတေးလျပြည်တွင်သာ ရှိတတ်သော တိရိစ္ဆာန်များကလည်း ထူးခြားသော ဝိသေသလက္ခဏာများ ရှိသည်။ ထိုမျိုးစိတ်များကို တခြားသောနေရာများတွင် ရှာဖွေ၍ မရနိုင်ပေ။
သေစမ်း။
ရှန်းကွမ်းယွမ်က အေးစက်စွာအော်သည်။ သူမက ထရပ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ဖန်သားပြင်ကို လက်ညှိုးထိုးကာပြောသည်။
“ဥက္ကဌဆုပိုင်ရဲ့အသင်းက ပုံရိပ်ယောင်အာကာသပြင်ဖန်သားပြင်မှာ ဒီလိုရှုခင်းမျိုးတွေ ပြန်ပေါ်လာအောင် ဘယ်လိုဖန်တီးထားသလဲတော့ မသိပေမဲ့လည်း ဒါက ရမ်းကားလွန်းတာဖြစ်နေပြီ”
“ဒါက ရူးတာပဲ၊ အကျိုးအမြတ်ကိုပဲ သိတဲ့ ဒီလူတစ်အုပ်က သဘာဝရဲ့ ကလဲ့စားချေတာကို ခံရစေခဲ့တဲ့ အဓိက တရားခံတွေပဲ”
“အခွင့်အရေးရှိလို့ ကယ်တင်နိုင်လောက်ပေမဲ့လည်း သဘာဝက ဒီတိရိစ္ဆာန်တွေအားလုံးကို ကာကွယ်ပေးထားတာလေ၊ ဒါကြောင့် ငါတို့ခေတ်ရောက်လာတဲ့အချိန်မှာ ဘာတိရိစ္ဆာန်မှ မရှိတော့ဘူး၊ နောက်ပြီး နှစ်ထောင်ပေါင်းများစွာကြာအောင် ပြန်လည်ကြိုးစားယူရတော့မှာ”
ထိုသို့ပြောပြီးနောက် ရှန်းကွမ်းယွန်က ဘေးဘက်ရှိ လက်ထောက်ကို ကြည့်ပြီး အေးစက်သော လေသံနှင့် အမိန့်ပေးလိုက်သည်။
“ဒီvdကို ကော်ပီကူးပြီး ကျန်တဲ့လူတွေဆီ အားလုံးကို ပို့လိုက်၊ သြစတေးလျအတွက်ကတော့...သူတို့က ငါတို့နဲ့ လာညှိနှိုင်းရင်း ဝက်တွေကို သားဖောက်ခွင့် လိုချင်နေကြတာမဟုတ်လား”
“သူတို့ကို ဒါကို တစ်ချက်ကြည့်ခိုင်းလိုက်ပါ၊ သူတ်ို့က တန်လားဆိုတာကို ကြည့်ခိုင်းလိုက်”
တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဌာနအတွင်းရှိ တိရိစ္ဆာန်များကို စောင့်ရှောက်လေ့လာကာ သုတေသန ပြုနေသော ပါမောက္ခများက ဒေါသထွက်ရုံသာ မကသေးလေဘဲ ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မိတ်ဆွေများအားလုံးကလည်း အလွန်ဒေါသထွက်နေကြသည်။
[ဒါက ရက်စက်လွန်းတယ်၊ အရာရှိတွေကတောင် သတ်ဖြတ်တဲ့အသင်းထဲမှာ ဝင်ပါသေးတယ်၊ အရင်ခေတ်က အစိုးရက ဘယ်လိုလုပ်တာလဲ]
[တိရိစ္ဆာန်တွေကိုတောင် မကာကွယ်နိုင်ရင် သူတို့က ဘာတာဝန်ကိုများ ယူနိုင်မှာလဲ]
[ဒီလူတစ်အုပ်က တော်တော်လေး ရွံဖို့ကောင်းတယ်၊ အဲဒီကုန်တင်ကားပေါ်က အလောင်းတွေကို မြင်လား၊ အနည်းဆုံး ယုန်လေးရဲ့အလောင်း ရာကျော်ရှိတယ်]
[ဒါက ဒီနေ့တင် ဖြစ်ပျက်သွားတာနော်၊ နောက်ပြီး ဒီလိုအသင်းမျိုးတွေက အမြောက်အမြား ရှိနေသေးတယ်၊ ဒီယုန်လေးတွေ မျိုးမတုန်းမှာပဲ ထူးဆန်းနေတော့မှာပေါ့]
[မဟုတ်သေးဘူး၊ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုဆိုပေမဲ့လည်း ငါချက်ချင်းပြေးသွားပြီး ဒီလူတွေကို သတ်ဖို့မစောင့်နိုင်တော့ဘူး]
[ဟုတ်တယ် တော်တော်လေးကို ရက်စက်လွန်းပါတယ်]
........
ဆုပိုင်က အရှေ့မှ အမဲလိုက်အဖွဲ့နှင့် လိုက်မီသွားပြီဖြစ်သည်။
83 03
ရွှေအိုရောင်ဆံပင်နှင့် နိုင်ငံခြားသားများက အနက်ရောင်ဆံပင်နှင့် အဝါရောင်အသားအရည်ကို ပိုင်ဆိုင်သော ဆုပိုင်က ရုတ်တရက် အနောက်ဘက်မှ ပေါ်လာသောအခါ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
သို့ရာတွင် ဆုပိုင်၏ ပခုံးပေါ်မှ သေးငယ်သည့် ယုန်အလောင်းလေးကို မြင်လိုက်သည့်အချိန်တွင်မူ သူတို့က ပြုံးရယ်လိုက်ကြသည်။
“ဟားဟဟား အရှေ့တိုင်းသားက သြစတေးလျကိုလာပြီး ပိုက်ဆံရှာမယ်လို့ မထင်ထားဘူး”
“ကောင်လေး မင်းရဲ့နာမည်က ဘာလဲ”
“မင်း ယုန်တစ်ကောင်ကိုပဲ သတ်နိုင်ခဲ့တာလား၊ ဒီလိုဆိုရင် မင်းအပြန်ခရီးစားရိတ်အတွက်တောင် လောက်ငှမှာမဟုတ်ဘူး”
မုတ်ဆိတ်မွေးနှင့်လူက ဆုပိုင်၏ ငယ်ရွယ်နုနယ်ကာ ကလေးဆန်သေးသော မျက်နှာအမူအယာကို ကြည့်ကာရယ်လိုက်သည်။
“ဘယ်လိုလဲ ငါတို့အဖွဲ့ရဲ့ လုပ်ဆောင်မှုကို မြင်တယ်မဟုတ်လား”
“ဒါက တစ်မနက်ခင်းတင် ရထားတဲ့ ရလဒ်နော်၊ ငါတို့က ဒီယုန်တွေအားလုံးကိုသာ ရောင်းလိုက်မယ်ဆိုရင် လာစမ်းပါ၊ နောက်ထပ် ကုန်တင်ကားတစ်စီးတောင် ထပ်ဝယ်လို့ရတယ်၊ အဲဒီနောက်...”
“ဟူးးး”
ဆုပိုင်က လက်ထဲမှ ဒူးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အလျင်စလိုမလုပ်ရန် ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် နှစ်သိမ့်ပေးနေရသည်။
သူ၏လက်ရှိ အင်အားမျိုးနှင့်ဆိုလျှင် အရှေ့မှ အမဲလိုက်အသင်းတစ်အုပ်ကို သင်ခန်းစာ ပြင်းပြင်းထန်ထန်ပေးနိုင်သည်။ သို့မဟုတ် သတ်ပင် သတ်နိုင်သေးသည်။
သို့သော် ဒါက အကူအညီမဖြစ်ပေ။
သေသွားသော ယုန်လေးများက ပြန်မရှင်နိုင်တော့ချေ။ သူယခု စဥ်းစားဆင်ခြင်ရမည်မှာ ထိုလူများအား ယုန်များကို အမဲမလိုက်အောင် တားမြစ်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်။
“ဟားဟားဟား ကောင်ငယ်လေး မင်းကြည့်ရတာ အသက်သိပ်မကြီးသေးဘူးထင်တယ်”
“ဘယ်လိုလဲ ငါ့ရဲ့ မုတ်ဆိတ်မွေးအိုကြီးအသင်းကို ဝင်ချင်လား၊ မင်းတစ်လရှာနိုင်တာထက် ပိုများတဲ့ တစ်နေ့တာ ဝင်ငွေကို ရစေရမယ်”
မုတ်ဆိတ်မွေးနှင့်လူက ဆုပိုင်ကိုကြည့်ပြီး ပြုံးရယ်သည်။
“တွေးကြည့်စမ်းပါ၊ သိပ်မကြာခင် လယ်သမားတွေဆီက ယုန်တွေကို ပြန်ဝယ်ရဦးမှာ၊ တိုက်တိုက်ဆိုင်ဆိုင် ငါတို့က လူလိုနေတာ၊ မင်းက သွားဝယ်ပေးပြီး အပြန်အလှန်ပို့ဆောင်ပေးတဲ့လူလုပ်ပေးရင် ဘယ်လိုလဲ”
++++
84 01
အပိုင်း (84)
“တန်းစီ”
“အမျိုးသမီးတွေအရင်လာ၊ ကလေးတွေက ရှေ့မှာနေ၊ ယောက်ျားတွေက နောက်ဆုံးကနေ”
“ဟေ့ အဲဒီဝတုတ်ကောင် ဘာလုပ်နေတာလဲ၊ တစ်ယောက်တည်းနဲ့ နှစ်နေရာစာ ယူထားတယ်၊ ယုံချင်ယုံမယုံချင်နေ ငါမင်းအပေါ် တံတွေးထွေးပစ်မယ်”
“ဟေ့ အလှလေး မင်းကြည့်ရတာ လူကြီးမင်း ဖူကာဒါကို တော်တော်လေး သဘောကျတဲ့ပုံပဲ၊ လူကြီးမင်း ဖူကာဒါကိုသိလား”
“ဟေး အလှည့်မကျော်နဲ့ တစ်ယောက်ချင်းစီလာ”
ငှက်တောက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ ဝင်ပေါက်တွင်ရှိသည့် လတ်မှတ်အရောင်းရုံလေးတွင်ရှိသော သတ္ထုတိုင်ပေါ်တွင် ရပ်နေသည်။ သူ၏အရှေ့တွင်လည်း ကြီးမားသော အသံချဲ့စက်ကြီးကို ချထားသေးသည်။ ထိုသို့ဖြင့်သူက အရှေ့မှလူများကို အလေးအနက်ထားကာ အမိန့်ပေးနေလေသည်။
ရပ်ကြည့်နေသော လူတိုင်းကလည်း ရောင်စုံကြက်တူရွေးလေးကို အံ့အားတကြီးဖြစ်နေသော မျက်နှာထားမျိုးဖြင့် ကြည့််ကြသည်။ သူတို့က မယုံကြည်နိုင်ကြချေ။
ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ၏ တိရိစ္ဆာန်များက အစစ်အမှန်များ ဖြစ်ကြသည်။ သူတို့အရှေ့မှ ကြက်တူရွေးဆိုလျှင် လူသားဘာသာစကားကိုပင် ထိုမျှ မှန်ကန်စွာ ပြောနိုင်နေသေးသည်။
မေးခွန်းအသီးသီးနှင့် ထိုလူများက ငှက်တောနားမှ ကျော်ဖြတ်သွားကြသည်။ လူတစ်ယောက်က မေးသည်။
“မင်း သီချင်းဆိုနိုင်လား”
“ပေါက်ကရတွေ ငါက ဘာလို့ မဆိုနိုင်ရမှာလဲ”
ငှက်တော၏နှုတ်သီးက ကွေးတက်သွားသည်။ သူက သူးအရှေ့မှ သက်လတ်ပိုင်းလူကို စူးစိုက်ကြည့်လိုက်ပြီး အထင်တသေးပြောသည်။
“ဘာလဲ မင်းက ငါနဲ့ ဒိတ်လုပ်ချင်လို့လား၊ ကြိုတင်ပြောနော်၊ ငါ့ရဲ့ရုပ်ရည်က ဈေးကြီးတယ်”
“ဖူးးး”
“ဟားဟားဟား”
“ရူးလိုက်တာ”
ထိုစကားကိုကြားသောအခါ လူတစ်အုပ်က အော်ရယ်ကြသည်။
သက်လတ်ပိုင်းလူကလည်း မျက်နှာကို လက်ဖြင့်အုပ်ရင်း တံခါးမှ ခပ်မြန်မြန် ထွက်သွားသည်။ ထိုကြက်တူရွေးက အဆိပ်ပြင်းသည်။ လျှာကလည်း သွက်လွန်း၏။
“ဒါဆိုရင် မင်းသီချင်းဆိုနိုင်တာလား”
နောက်မှ ကပ်လိုက်လာသည့် ငယ်ရွယ်သောအမျိုးသမီးက သူမ၏ နေကာမျက်မှန်ကို ချွတ်လိုက်လျက် ငှက်တောကို မျက်လုံးမှိတ်ပြရင်း ဆော့ကစားချင်သလိုပြုံးသည်။
“ငါက လူတိုင်းအတွက် သီချင်းလိုက်ဆိုပေးနေရမှာလား”
“ဟင်”
ထိုကြက်တူရွေးက အရှေ့မှ အမျိုးသမီးကိုကြည့်ပြီး နောင်တအပြည့်နှင့် ခေါင်းကိုခါသည်။
“တော်တော်လေး သေးတယ်”
“ဘာက သေးတာလဲ”
အမျိုးသမီးက အနည်းငယ် စိတ်ရှုပ်သွားပြီး မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။
“ဘာက သေးရမှာလဲ၊ မသိဘူးလား”
ငှက်တောက တောင်ပံကို တစ်ချက်ခါပြီး အမျိုးသမီး၏ ခေါင်းပေါ်နားသည်။ ထို့နောက် ခေါင်းကိုငုံ့လိုက်ပြီး နှုတ်သီးဖြင့် တစ်စုံတစ်ရာကို ဆွဲကိုက်ယူလိုက်ကာ ပျံသန်းထွက်သွားသည်။
“အား အား”
အမျိူးသမီးက ငှက်တော၏ ပါးစပ်ထဲတွင် ပါသွားသည့်အရာကို ထိတ်လန့်တကြားကြည့်ရင်း ရှက်ရွံ့သော မျက်နှာနှင့် အော်သည်။
“နင်ဘာလုပ်တာလဲ ငှက်စုတ်”
“ထွီ.. “
ငှက်တောက သူ၏ပါးစပ်မှ padလေးကို ထွေးထုတ်လိုက်သည်။ ထိုငှက်တောက သူမကို အထင်သေးသလို ကြည့်သည်။
“တော်တော်လေးတော့ ထူတယ်၊ ဒီလောက်နေပူတဲ့ ရာသီမှာ ဒါကြီးကပ်ထားပြီး အသက်ရှူနိုင်သေးလို့လား”
“ဟွန့်”
အမျိုးသမီးက သူမ၏ ငွေရောင်သွားများကို တစ်ချက်ကြိတ်လိုက်ရင်း မြေပြင်တွင် ကျသွားသည့် ရင်သားကပ် padကို ကောက်ယူလိုက်ကာ တိရိစ္ဆာန်ရုံထဲသို့ ခပ်မြန်မြန် ပြေးဝင်သွားသည်။
84 02
“တစ်ယောက်ပြီးတစ်ယောက် တန်းစီကြ၊ နောက်ပြီး တိရိစ္ဆာန်ရုံထဲမှာ တွေ့ကရာ အစာတွေလိုက်ကျွေးတာမျိုးကို ခွင့်မပြုဘူး၊ နောက်ပြီးအထူးသဖြင့် အဲဒီ ပျားရည်ခွေးတူဝက်တူပဲ၊ သတိထားနော်၊ သူက မင်းတို့ကိုကိုက်မှာ၊ အကိုက်ခံရတော့မှ အော်မနေနဲ့”
ငှက်တောက အသံကို အသားကုန်မြှင့်၍အော်သည်။
ထိုသို့ဖြင့် တိရိစ္ဆာန်ရုံထဲသို့ အစီအစဥ်တကျ ဝင်နေသော လူတစ်ယောက်ပြီးတစ်ယောက်ကို ကြည့်နေရင်း သူက ဘေးဘက်တွင် အသင့်ထားထားသည့် ရေသန့်ခွက်ထဲမှ ရေအနည်းငယ် ငုံ့သောက်လိုက်သည်။
ပင်ပန်းလိုက်တာ။
ဒီသောက်ကျိုးနည်း ဒါရိုက်တာက အသုံးကိုမကျဘူး။
သူက တံခါးမှာနေပြီး အားလုံးကို ကြည့်ကြပ်ပေးနေရတယ်။ ပင်ပန်းလိုက်တာ။
“ဟေး နေဦး”
ရုတ်တရက် ဝတ်စုံပြည့်နှင့် နေကာမျက်မှန်တပ်ထားသည့် နိုင်ငံခြားသားတချို့က သူတို့၏ရှေ့တွင် ပေါ်လာသည်။ ငှက်တောကလည်း တောင်ပံကို ခပ်မြန်မြန်ဖြန့်ပြီး ထိုလူများကိုတားသည်။
“ဟယ်လို မင်းတို့က ဘယ်...”
စမစ်က အရှေ့မှ ငှက်တောကိုကြည့်သည်။ သူ၏မျက်ဝန်းအတွင်း လောဘကြီးသောအလင်းက ဖျတ်ခနဲ လက်သွားသည်။ သူက နေကာမျက်မှန်ကိုချွတ်လျက် ပြုံးလိုက်သည်။
“ဒီနေရာမှာ အစစ်အမှန်တိရိစ္ဆာန်တွေ ရှိတယ်ကြားလို့ ငါတို့က လာကြည့်တာပါ”
“အိုး”
ငှက်တောက ထိုလူများကို ကြည့်ပြီး တောင်ပံကို ယမ်းကာပြောသည်။
“ဒါဆိုလည်း ဝင်သွားလေ”
ထိုလူများကို စိုက်ကြည့်လိုက်ပြီး ငှက်တောက လည်တိုင်ကိုစောင်းကာ ခေါင်းကို အသာခါသည်။
ဒီလောက်ပူနေတဲ့နေမှာ ဒီလူတွေက တအားထူတဲ့အဝတ်တွေကို ဝတ်ထားကြပြီး tvမှာပဲ မြင်ဖူးတဲ့ သတ္ထုသေတ္တာတွေကို သယ်လာတယ်။ ဒီလူတွေက လူဆိုးတွေလား။
“မဟုတ်ဘူး ငါခေါင်းဆောင်ကို ပြောရမယ်”
ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ငှက်တောက တောင်ပံကို ဖြန့်ကာ ခပ်မြန်မြန် ပျံသန်းရင်း တိရိစ္ဆာန်ရုံထဲသို့ ဝင်သွားသည်။
“ခေါင်းဆောင်ဟာလီ”
“ခေါင်းဆောင်ဟာလီ”
သူက ရုံးခန်းတံခါးနားတွင် နားလိုက်သည်။ ထိုအချိန်တွင် ဟာလီက မျက်လုံးကို မှေးကျဥ်းလျက် မြက်ခင်းပြင်ပေါ်တွင် နေပူဆာလှုံနေခြင်းဖြစ်သည်။
“ဒီထဲကို ဝင်လာတဲ့ တချို့လူတွေရဲ့ အနေအထားက မမှန်ဘူး၊ တစ်ချက်သွားကြည့်ချင်လား”
ငှက်တောက ဟာလီ၏ရှေ့တွင် ရပ်လျက် တောင်ပံကို ဖြန့်ကားရင်း ခေါင်းကိုလှမ်းပုတ်သည်။
“အိုး”
ဟာလီက မျက်မှောင်ကြုတ်လိုက်ပြီး ထရပ်လာသည်။ သူက ငှက်တောညွှန်ပြသောနေရာသို့ ကြည့်လိုက်သောအခါ ရွှေအိုရောင်ဆံပင်နှင့် မျက်လုံးပြာများကို ပိုင်ဆိုင်သည့် နိုင်ငံခြားသားတချိုု့ကို မြင်လိုက်ရသည်။ သူတို့က ဝက်ခြံနားတွင် ဝိုင်းလျက် တစ်စုံတစ်ရာကို လက်ညှိုးထိုးကာ ညွှန်ပြနေသည်။
“နားလည်ပြီ”
သူက ခပ်တိုးတိုးဟောင်လိုက်ပြီးနောက် ပျားရည်ခွေးတူဝက်တူ ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။
ကလေးတချို့က လွဲလျှင် ဝက်ခြံနားတွင် လူကြီးနည်းသည်။
အကြောင်းမူကား ထိုအနံ့ကလည်း သိပ်မကောင်းချေ။
ထို့ကြောင့် လူအများစုက ထိုနေရာသို့ မသွားကြချေ။
ဒါကို ဒီလူတွေက အဲဒီနေရာမှာ ဘာလုပ်နေတာလဲ။
တစ်ခုခုတော့ မှားနေပြီ။
တစ်ခုခုတော့ သေချာပေါက်မှားနေပြီ။
“စမစ် ငါတို့ ဘယ်တော့ လှုပ်ရှားမှာလဲ”
အမျိုးသမီးလက်ထောက်က ဘေးနားတွင် ရပ်လျက် လက်မောင်းကိုလှမ်းချိတ်လိုက်ရင်း ခပ်တိုးတိုးပြောသည်။
“နေ့ခင်းဘက်မှာဆိုရင် တိရိစ္ဆာန်ရုံထဲမှာ လူတအားများတယ်၊ ငါတို့ လှုပ်ရှားလိုက်တဲ့အခါ တစ်ခုခုမှားသွားတာနဲ့ ဒုက္ခရောက်လိမ့်မယ်၊ ထွက်ပြေးဖို့တောင် မဖြစ်နိုင်လောက်ဘူး”
“အင်း ငါနားလည်ပြီ”
စမစ်က သွားတစ်ချက်ကြိတ်ရင်းပြောသည်။ သူက တက်တက်ကြွကြွ လှုပ်ရှားနေသော ဝက်များကိုကြည့်ကာ ဆက်ပြောသည်။
“တရုတ်နိုင်ငံရဲ့ ဒီအသင်းက နည်းပညာတော်တော်လေး မြင့်တယ်၊ သူတို့ရဲ့ တိရိစ္ဆာန်တွေက ဉာဏ်လည်း တအားမြင့်တယ်၊ သူတို့ကို အရင်ဆုံးနားလည်အောင် ကြိုးစားကြည့်ရအောင်”
“ငါတို့က ဒီဝက်တွေကို သတ်ရမဲ့အပြင် ကျန်တဲ့တိရိစ္ဆာန်တွေကိုလည်း အရှင်ထားခွင့် ပြုလို့မရဘူး”
“မျိုးစိတ်တစ်ခုကို သုတေသနလုပ်တာကလည်း တအားခက်နေပြီ၊ နောက်ပြီး ဒီနည်းပညာအပြည့်အဝ အောင်မြင်လာဖို့လည်း အချိန်က လိုအပ်နေသေးတယ်၊ တစ်ခါတရံမှာ ကံကောင်းမှုက တအားအရေးကြီးတယ်၊ ဒီတိရိစ္ဆာန်တွေအားလုံးကို သတ်ပြီးတဲ့နောက်မှာ သူတို့က တူညီတဲ့ တိရိစ္ဆာန်တွေကို ထပ်ပြီး ဖန်တီးနိုင်မယ်လို့တော့ မယုံဘူး”
“ဝေါင်း”
ရုတ်တရက် နောက်ဘက်မှ ဟောင်သံထွက်လာသည်။ ထိုအခြေအနေက လူအများကို မှင်တက်သွားစေသည်။ သူတို့က လှည့်ကြည့်လိုက်သောအခါ နောက်ဘက်တွင် ပေါ်လာသည့် ကြီးမားသော သတ္တဝါကြီးကို မြင်လိုက်ရသည်။ ထိုသတ္တဝါက သူတို့ကို ကြည့်နေသည်။
“ဟဟ ဒါက အရှေ့က လမ်းညွှန်မှာပြထားတဲ့ အလာစခန်မာလာမြုဆိုတာ ဖြစ်လိမ့်မယ်”
“သွားရအောင် သူ့ကို အာရုံစိုက်မနေနဲ့၊ ဒီနေရာက တိရိစ္ဆာန်တွေရဲ့ အခြေအနေကို တစ်ချက်လိုက်ကြည့်ကြမယ်”
လေသံတိုးတိုးနှင့်အတူ စမစ်က ဟာလီကို စူးစိုက်ကြည့်ရင်း ဘေးနားမှလူများကို မျောက်ပန်းခြံသို့ ခေါ်သွားသည်။
“ဟူးး”
ဟာလီက တစ်ချက်ဟောင်သည်။ ထွက်သွားသော ပုံရိပ်များကို ကြည့်နေရင်း သူ၏အမူအယာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သုန်မှုန်လာသည်။
ထိုလူများက သာမန်မဟုတ်နိုင်ချေ။ သူတို့ထပ်လုပ်မည့်အရာကို သူက မျက်စိဒေါက်ထောက်ကြည့်နေရန် လိုအပ်သည်။
84 03
ဟာလီက ခေါင်းတစ်ချက်ငြိမ့်ပြီး ပျားရည်ခွေးတူဝက်တူဆီ သွားသည်။
ဒီဝက်တွေက ပျားရည်ခွေးတူဝက်တူရဲ့ ရတနာတွေပဲ။ ဒီကောင်သာ သိသွားရင် သေချာပေါက် ဒီနိုင်ငံခြားသားတွေက ဒုက္ခရောက်မှာပဲ။
ဟွန့်ဟွန့် အဆုံးသတ်ကတော့ ဆိုးရွားမှာပဲ။
“တပိုင်”
မျောက်ဥယျာဥ်ထဲတွင် ရှိသည့် သစ်လုံးအိမ်ထဲတွင် ဘေဘီက တပိုင်ကိုမှီလျက် အောက်ဘက်တွင် ပေါ်လာသည့် နိုင်ငံခြားသားများကို ကြည့်သည်။ သူမက ပြုံးလျက်ပြောသည်။
“သူတို့ရဲ့ဆံပင်က ကြောင်တောင်တောင်နိုင်တယ်နော်၊ အဝါရောင်တွေ၊ သူတို့ရဲ့မျက်လုံးက အပြာရောင် တွေ့လား”
“အူးး”
တပိုင်က အောက်မှလူများကို တစ်ချက်ကြည့်ပြီး အထင်သေးသလိုအော်သည်။
ဒါက ဒီအတိုင်း နိုင်ငံခြားသားတွေပဲ မဟုတ်ဘူးလား။ အဝတ်တွေချွတ်လိုက်တာနဲ့ တူတူပဲမဟုတ်ဘူးလား။
“ဒီနေရာက တည်ဆောက်ပုံတွေက ထူးဆန်းတာပဲ၊ လူတွေကို အနားယူဖို့ သစ်လုံးအိမ်တောင် ပြင်ဆင်ပေးထားသေးတယ်၊ ဒီတော့ ငါတို့ဒီမှာနေလို့ရတာလား”
အမျိုးသမီးလက်ထောက်က သစ်ပင်ပေါ်တွင် ရှိသော သစ်လုံးအိမ်များကိုကြည့်သည်။ ကြည့်ရင်း စမစ်၏ ပခုံးကိုမှီကာ ခပ်တိုးတိုး ပြောသည်။
“ငါပြောသားပဲ၊ ဒီနေရာမှာ ဘာလုံခြုံရေးမှ မရှိဘူး၊ ငါတို့ဒီနေရာမှာ နေပြီး ညဘက်ကျမှ ဒီတိရိစ္ဆာန်တွေကို ထသတ်ရင် မကောင်းဘူးလား၊ ဘယ်သူကမှလည်း သတိထားမိမှာမဟုတ်ဘူးလေ”
“ဟင်”
စမစ်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း သူ၏လက်ထောက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူက အထင်တသေး လှောင်ရယ်ကာ ပြောသည်။
“သစ်ပင်ပေါ်မှာ ဒီည စမ်းကြည့်ကြမလား”
“ဟွန့် တအားဆိုးတာပဲ”
ထိုအမျိုးသမီးလက်ထောက်က သူ့ကို ဒေါသကြီးသလိုကြည့်သည်။ ထို့နောက် သစ်လုံးအိမ်ကို ပြန်ကြည့်ကာ လျှာကို တစ်လစ်လေး ထုတ်လျက် နီရဲသော နှုတ်ခမ်းပါးကို လျက်လိုက်သည်။
++++