အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အပိုင်း (85)
“ဟူး”
တပိုင်က အိပ်ပျော်နေသော ကလေးမလေးကိုကြည့်ပြီး နောက်သို့ တစ်ဖက်ပြန်လှည့်ကာ သစ်တောအိမ်ထဲမှ ထွက်သည်။ သူက ဘေးဘက်တွင် ချထားသည့် သစ်သားလှေကားလေးမှတစ်ဆင့် အောက်ဘက်သို့ တဖြည်းဖြည်းချင်းဆင်းလျက် မျောက်ဥယျာဥ်ထဲမှထွက်သည်။
“အိုး”
ရုတ်တရက် အဝေးရှိ သစ်လုံးအိမ်ထဲမှ အမျိုးသမီးတစ်ယောက်၏ အမြင့်သံက ထွက်လာသည်။
တပိုင်က မျက်မှောင်ကြုတ်ပြီး တစ်ချက်ကြည့်သည်။
အရှေ့ဘက်ရှိ သစ်လုံးအိမ်ထဲမှ သစ်ကိုင်းများကလည်း ဆက်တိုက် လှုပ်ခါနေကြောင်း မြင်ရသည်။ သစ်ရွက်များကပင် အောက်သို့ ပြုတ်ကျလာ၏။
“ဝူး ဝူး”
သူက အော်သံတိုးတိုးနှင့်အတူ ခေါင်းကိုပြန်လှည့်ပြီး သစ်ပင်ဆီသို့ လျှောက်သွားလိုက်သည်။
သောက်ကျိုးနည်း ဒီလူတွေက ဘယ်သူတွေလဲ။ ညသန်းခေါင်ကြီးမှာ မအိပ်ဘဲ ဘာလုပ်နေကြတာလဲ။
ဘေဘီသာ နိုးသွားရင် ဒီကောင်တွေကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ထားလိုက်။
“ကွက် ကွက်”
သူက မျောက်ဥယျာဥ်ထဲမှ ထွက်လိုက်သည့် အချိန်တွင်ပင် ဘေးဘက်မှပုံရိပ်တချို့က ခုန်ထွက်လာပြီး သူ့ကိုကြောင်သွားစေသည်။
“ဝုတ်”
“မင်း သောက်ကျိုးနည်း ချေးစားထားတာလား၊ သောက်ကျိုးနည်း ငါ့ကို လန့်အောင်လာလုပ်နေတယ်”
မြေပြင်ပေါ်တွင် ဖင်ထိုင်လျက် လဲကျသွားသည့် တပိုင်က သူ၏ရင်ဘတ်ကို ပုတ်ရင်းအော်သည်။
“ခေါင်းဆောင်ပိုင်”
ဟာလီ၏ ခေါင်းပေါ်က ငှက်တောက လှမ်းပြောသည်။
“ဒီညရောက်လာတဲ့ နိုင်ငံခြားသားတွေက တစ်ခုခုတော့ မှားနေတယ်၊ သူတို့က အဲဒီ ဝက်တွေကို ကိုင်တွယ်ဖို့ဖြစ်လိမ့်မယ်”
“ဒီမှာနေပြီး သူတို့ဆင်းလာတဲ့အချိန်ထိ စောင့်ရအောင်”
တပိုင်က မျက်မှောင်ကြုတ်ပြီး အရှေ့မှ တည်ကြည်သော မျက်နှာထားများနှင့် အကောင်များကိုကြည့်ကာ နှုတ်ခမ်းများက ကော့တက်သွားသည်။
ဝက်တွေက သူနဲ့ဘာဆိုင်လဲ။
ငါက ဝက်သားမှမစားတာ။
“ကွက် ကွက် ကွက်”
“ဘာလဲ မင်းက မလုပ်ချင်ဘူးလား၊ အရေခွံလျော့နေပြန်ပြီလား”
အတင့်ရဲသော မျက်နှာထားကို မြင်လိုက်ရသည့် ပျားရည်ခွေးတူဝက်တူကလည်း ဒေါသတကြီးဖြစ်သွားပြီး သူ၏လက်သည်းကို ဆန့်ထုတ်လျက် ကုန်ခြစ်ရန် ကြံစည်သည်။
“ဝူးဝူး”
“ဟေး ငါက ဆန္ဒမရှိဘူးလို့ ဘယ်သူပြောလဲ၊ ငါက ဆန္ဒအရှိဆုံး”
ထိုအခြေအနေကိုမြင်သောအခါ တပိုင်က ခပ်မြန်မြန်ခေါင်းညိတ်သည်။
ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့၊ နောက်ပြီး အကြီးဆုံးအစ်ကိုကြီးတစ်ယောက်အနေနဲ့ တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တိုင်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးသင့်တာကို သူနားလည်ပါတယ်။ နောက်ပြီး ဒီလိုကာကွယ်ပေးရတာကလည်း သူ့အရှေ့က သူ့ကိုစူးစိုက်ကြည့်နေတဲ့ ဒီအရူးနဲ့ ဘာမှမသက်ဆိုင်ဘူး။
သူက သူ့ကိုယ်သူ အကြောင်းအရာတစ်ခု ပေးလိုက်ကာ စိတ်ပြောင်းစေပြီးနောက် အနီးနားရှိ သစ်ပင်ပေါ်ရှိ လူများကို ကြည့်ကာ သိုဝှက်စွာ ပုန်းလိုက်လေသည်။
အချိန်အတန်ကြာပြီးနောက်......
အမှောင်ထဲတွင် သစ်လုံးအိမ်ထဲမှ ခိုးကြောင်ခိုးဝှက် ပုံရိပ်လေးခုက ဆင်းသက်လာသည်။
“အချစ် အချစ်က အခုလေးတင်...”
အမျိုးသမီးလက်ထောက်၏ မျက်နှာက နီရဲသွားသည်။ သူမ၏ မျက်နှာတွင် ကျေနပ်သော မျက်နှာထားမျိုးက ပေါ်နေ၏။ သူမက စမစ်၏လက်မောင်းကို ဆွဲဖက်ရင်း ခပ်တိုးတိုး ပြောသည်။
“ခဏလောက်နေရင် တာဝန်တွေအားလုံး ပြီးသွားတဲ့အခါ ပုံစံအသစ်တွေ စမ်းကြည့်ကြမလား”
“ကောင်းပြီလေ လာ အလုပ်ကိစ္စကို အရင်သွားလုပ်ရအောင်”
စမစ်၏ မျက်လုံးများက ပူပြင်းလာသည်။ သူက သိပ်မကြာခင်ဖြစ်ပျက်လာမည့် ကိစ္စများကို တွေးကြည့်ရုံဖြင့် မျက်နှာထားက ပြောင်းလဲလာသည်။ သို့သော်သူက မျက်နှာအမူအယာကို ခပ်မြန်မြန် ပြောင်းလဲလိုက်ရင်း ပြောလိုက်သည်။
“မျိုးရိုးဗီဇဆေးတွေကို ဒီနေရာမှာတင်ဖွင့်ပြီး ဝက်ခြံထဲကို တိုက်ရိုက်ဖြန်းလိုက်မယ်၊ သူတို့ရဲ့ ကိုယ်ထဲကို တိုက်ရိုက် ထိုးသွင်းစရာ မလိုဘူး”
“တိုက်ရိုက် ဆေးထိုးသွင်းလိုက်တာက သူတို့ကို မြန်မြန်သေစေနိုင်တယ်၊ ငါတို့တောင် တုံ့ပြန်ဖို့ အချိန်ရှိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ သူတို့က တဖြည်းဖြည်းချင်း ရှူရှိုက်မိတယ်ဆိုရင်တော့ သဲလွန်စတွေ ကျန်တော့မှာမဟုတ်ဘူး”
“ကောင်းပြီ လှုပ်ရှားကြတာပေါ့”
ထိုလူများက မြေပြင်တွင် စောင့်ကြောင့်ထိုင်လိုက်ကြသည်။ ထို့နောက် သူတို့၏ လက်ထဲတွင် သယ်လာသည့် သတ္ထုသေတ္တာကြီးကို ဖွင့်လိုက်ပြီး အတွင်းမှ အစိမ်းရင့်ရောင်အရည်များပါသည့် ပုလင်းကို ထုတ်ယူလိုက်သည်။
စမစ်က လေးနက်သော လေသံမျိုးဖြင့်ပြောသည်။
“ငါက ဝက်ခြံနားကို သွားမယ်၊ မင်းက ဆင်မြစ်ကမ်းနံဘေးနားကို တစ်ယောက်တည်းသွား၊ မင်းက သူတို့ရဲ့ မြစ်ထဲကို အဲဒီအရည်တွေပဲ လောင်းထည့်ဖို့ လိုတယ်၊ ဒီတိရိစ္ဆာန်တွေက သေချာပေါက် ရှူရှိုက်မိမှာပဲ”
“မင်းကတော့ ပန်ဒါပန်းခြံကိုသွား”
နောက်ဆုံး သူက အနောက်ဘက်မှ အမျိုးသမီးလက်ထောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ အမိန့်ပေးသည်။
“မင်းက သွား...အမ် လူက ဘယ်မှာလဲ”
ရုတ်တရက် အနောက်ဘက်မှ အမျိုးသမီးလက်ထောက်က ပျောက်သွားလေသည်။ ထိုသို့ဖြင့် စမစ်၏နဖူးတွင် ချွေးစေးများက ရွှဲလာပြီဖြစ်သည်။
“အားလီ”
သူက အကြိမ်အနည်းငယ် လေသံတိုးတိုးနှင့် အော်ခေါ်ကြည့်သည်။ သို့သော် တုံ့ပြန်မှုကို မရပေ။
“ဒါက ....”
စမစ်၏ လက်များက စတင်ကာ တုန်ယင်လာသည်။
သူတို့ကို ရှာတွေ့သွားပြီလား။
မဖြစ်နိုင်ဘူး။
သူတို့ ဒီတစ်နေ့လုံး တိရိစ္ဆာန်ရုံထဲမှာ လိုက်ကြည့်ထားပြီးပြီ။ တိရိစ္ဆာန်ရုံတစ်ခုလုံးမှာ တံခါးက လက်မှတ်ရောင်းတဲ့ အဲဒီမိန်းမအပြင် သစ်လုံးအိမ်ထဲက ကျန်းမာရေးမကောင်းတဲ့ အဲဒီကောင်မလေးပဲ ရှိတာ။ ပန်းခြံတစ်ခုလုံး ဘယ်သူမှ မရှိဘူး။
ဒါဆိုရင် သူတို့ကို ဘယ်လိုတွေ့မှာလဲ။
“အင်း အင်း အွမ်း”
အမျိုးသမီးလက်ထောက်အားလီကိုမူ လေထဲတွင် တွဲလောင်းအဆွဲခံထားရသည်။ သူမ၏ ပါးစပ်ကို စိုစိုစွတ်စွတ်နှင့် ချော်ထွက်နေသည့် အေးစက်သော ခန္ဓာကိုယ်တစ်ခုက ပတ်ထားသည်။ သူမက အသံလည်း မထွက်နိုင်ပေ။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်တြိဂံပုံ မျက်နှာတစ်ခုက အရှေ့ဘက်တွင် ပေါ်လာသည်။
“ဟစ် ဟစ်”
သူမအရှေ့ရှိ အညိုရောင် မြွေကိုယ်ထည်ကြီးကို မြင်သောအခါ အားလီကလည်း သူမ၏ခြေထောက်တောက်လျှောက် စီးကျသွားသော နွေးထွေးသော ခံစားချက်ကို ရလိုက်သည်။ ထို့နောက် မျက်လုံးလှန်ကာ မေ့လဲသွားသည်။
ရွှေမြွေက တစ်ဖက်နားတွင် စောင့်ကြောင့်ထိုင်နေသည့် မိတ်ဆွေများကို ကြည့်လိုက်ပြီး သစ်လုံးအိမ်ထဲသို့ သူမကို တိတ်တဆိတ် သယ်သွားပေးလိုက်သည်။
“စမစ် ဒါဆိုရင် ငါတို့...... “
အခြားသော နှစ်ယောက်ကလည်း တင်းမာသော မျက်နှာထားမျိုးဖြင့် မေးမြန်းလာသည်။
“ငါတို့ ဒီအခြေအနေထိ ရောက်ရှိနေမှတော့ ရှာတွေ့တွေ့ မတွေ့တွေ့....”
“မလှုပ်နဲ့”
ရုတ်တရက် သူ၏ခေါင်းနောက်ဘက်ခြမ်းကို အေးစက်သော ခပ်မာမာအရာတစ်ခုက ဖိလာသည်။ ထို့နောက် အနောက်ဘက်ခြမ်းမှ ကျယ်လောင်သော အော်သံက ထွက်လာသည်။
“သူ့ကို အသေရိုက်သတ်လိုက်”
“ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို လာပြီး ဘယ်လိုတောင် ပြဿနာ ရှာရဲတာလဲ၊ သူ့ကိုဖမ်းစမ်း”
“သေနတ်ပါတစ်ချက်ပစ်ပြီး သစ်ပင်အောက်မှာ မြှုပ်လိုက်၊ ဘယ်သူမှမသိဘူး”
“ဒါလည်းဟုတ်တာပဲ”
“ကောင်းပြီ လုံခြုံရေးအစောင့်ဆီကိုပဲ လွှတ်ထားပေးရအောင်၊ ကစားရတာက ပျော်စရာအကောင်းဆုံးပဲလေ၊ ဒီလိုဆိုရင် ဘောနပ်စ်တွေဘာတွေ ရချင်ရမှာပေါ့”
“မဟုတ်ဘူး ငါကတော့ ဒီရွှေရောင်ဆံပင်နဲ့ အမျိုးသားက အရေပြားပါးပြီး အသားအရည်နူးညံ့တယ်လို့ ထင်တယ်၊ ငါသူ့ကို နည်းနည်းလောက် အရင်ပျော်ပါးလိုက်ရမလား”
“ကောင်းပြီလေ ငါတို့အတူပျော်ပါးကြရင် ဘယ်လိုလဲ”
“......”
ဆူညံသံ ဆယ်သံထက်မနည်း ထွက်လာပြီး အမျိုးမျိုးသော သြရှသော အသံမိားက ကပ်ပါလာသည်။ စမစ်က နေရာတွင်ပင် တောင့်ခဲသွားသည်။ သူက လက်ကို တဖြည်းဖြည်းချင်း မြောက်လိုက်သောအခါ သူ၏လက်ထဲတွင် ကိုင်ထားသည့် အစိမ်းရင့်ရောင်အရည်များပါသော ပုလင်းက မြေပြင်ပေါ်သို့ ဝုန်းခနဲအသံနှင့်အတူ ပြုတ်ကျသွားသည်။
“ငါတို့က မင်းတို့ထင်သလို မဟုတ်ပါဘူး၊ ငါတို့က... “
ဘန်းဘန်းဘန်း။
ထူထဲသော အနက်ရောင်ဆင်နှာမောင်း တစ်ခုက သစ်သားတုံးတစ်တုံးကို လိမ်ကိုင်ထားရင်း အရှေ့မှလူများ၏ ခေါင်းကို တဘုန်းဘုန်း ရိုက်ချလိုက်သည်။ သူက နဖူးကို ခပ်ကြမ်းကြမ်း ပြန်ရိုက်ပြန်ကာ တိုက်ရိုက်ပင် မေ့မြောသွားစေလိုက်သည်။
“ဟားဟားဟား ဘယ်လိုလဲ”
“ငါဒီနေ့ဖျော်ဖြေတာ ကောင်းတယ်မဟုတ်လား၊ ဒီကောင်တွေကြောက်လွန်းလို့ သေးတောင်ထွက်တော့မယ်”
ဆင်ခေါင်းပေါ်မှ ငှက်တောက မြေပြင်တွင် လဲနေသည့် လူများကိုကြည့်ရင်း အော်ရယ်သည်။
“ငါတို့တွေ သူတို့ကို ဘယ်လိုကိုင်တွယ်ကြမလဲ၊ လုံခြုံရေးဌာနကို ပို့လိုက်ကြမလား”
“ဒီလူတွေက ဆရာဖူကာဒါက ဘယ်သူမှန်းတောင် မသိလောက်ဘူး”
အနည်းငယ်ဆွေးနွေးပြီးနောက် တိရိစ္ဆာန်များအားလုံးက ထိုလူလေးယောက်ကို လုံခြုံရေးဌာနသို့ တရွတ်တိုက် ဆွဲခေါ်သွားလိုက်ကြသည်။
“ဝူး ဝုတ်”
ထို့နောက် ဟာလီကလည်း ဟောင်သည်။ သူက ကြိုးတစ်ချောင်းသွားရှာပြီး ရှေ့ဆုံးမှ လျှောက်သည်။ တပိုင်က တိရိစ္ဆာန်တစ်အုပ်နှင့် နောက်မှလိုက်ပါလာသည်။ ထိုသို့ဖြင့် လူလေးယောက်ကို မြေပြင်တွင် တရွတ်တိုက်ဆွဲလျက် တိရိစ္ဆာန်ရုံအပေါက်သို့ ပြေးသွားကြသည်။
............။
“လာစမ်းပါ”
“ငါတို့က ယုန်တွေဝယ်တယ်၊ တစ်ကောင်ကို ကြေးပြားဆယ်ပြားပေးတယ်”
“အားလုံးပဲ မင်းတို့အိမ်က ဖမ်းမိလာတဲ့ ယုန်တွေကို ထုတ်လိုက်ကြပါ၊ အသေကောင်တွေက ဆယ်ပြားတန်တယ်၊ အရှင်တွေကတော့ ပြားနှစ်ဆယ်ပဲ”
ဟူသာ့ဟန်က ရွာ၏ဝင်ပေါက်တွင် ရပ်လျက်အသံကို အသားကုန်မြှင့်ကာ အော်သည်။
သိပ်မကြာခင် စုတ်ပြတ်သတ်နေသော ဝတ်စုံများကို ဝတ်ဆင်ထားသော ရွာသားတစ်အုပ်က ရုန်းကန်နေသော ယုန်များကို သယ်လျက် အပြေးလာကြသည်။
ဆုပိုင်တို့၏ အရှေ့တွင်ရပ်ပြီးနောက် သူတို့က ခေါင်းကိုမော့သည်။ ဟူသာ့ဟန်က ဆုပိုင်၏ရှေ့တွင်ရပ်လျက် ယုန်များကို နားရွက်မှ ကောက်ဆွဲရင်း ကားပေါ်တွင် ရှိသည့် ကြီးမားသည့် သတ္ထုလှောင်အိမ်ကြီးထဲသို့ ပစ်ထည့်သည်။
“ကွိကွိကွိ”
အထိတ်တလန့်ဖြစ်နေသော ယုန်များကို မြင်သောအခါ ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်သည်။
သူက သတ္ထုလှောင်အိမ်ထဲသို့ ရောက်သွားချိန်တွင် သူ၏လက်ညှိုးလေးကို ဆန့်လျက် အတွင်းတွင် ခပ်တိုးတိုးအော်နေသည့် အကောင်လေး၏ နဖူးကို တွေ့ထိလိုက်သည်။
“ဟူး”
သူက အသက်ပြင်းပြင်းရှူသည်။ ဆုပိုင်က တစ်ဖက်သို့လှည့်ပြီး စိတ်လှုပ်ရှားနေသော လူများကို ကြည့်သည်။ သူက ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
ကြေးပြားဆယ်ပြားအတွက်နဲ့ အသက်ရှင်လျက် အသတ်ခံရမဲ့ မျိုးစိတ်တစ်ခုဖြစ်ပြီး မျိုးတုန်းပျောက်ကွယ်ရတော့မယ်။
“မဟုတ်သေးဘူး၊ ငါဒီလူတွေကို ဒီတိုင်းလှုပ်ရှားခွင့်ပြုလို့မရဘူး”
ဆုပိုင်က အော်သည်။ သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသော ခံစားချက်က ထင်ဟပ်လာသည်။
ကိစ္စက အနည်းငယ် ဂရုစိုက်ရပြီး ထိန်းချုပ်မှုအောက်ကို ရောက်ရန် လိုအပ်နေသည့်တိုင်အောင် သူ့အနေနှင့် ထိုအကြံကိုသာ သုံးရတော့ပေမည်။
++++++
86 01
အပိုင်း (86)
“ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ အခုတလော အော်ဒါမှာတာတွေက နည်းသထက် နည်းလာတာလဲ၊ နောက်ပြီး ငါတို့ဆီမှာ ယုန်တွေရဲ့ အရေအတွက်က များသထက် များနေပြီ၊ နောက်ပြီး ငါတို့ငှားရမ်းထားတဲ့ အဖွဲ့အစည်းက လူတွေရဲ့ နေ့စဥ် အသုံးဆောင်စားရိတ်ကလည်း တအားကြီးတယ်”
“ဘာတွေဖြစ်နေလဲဆိုတာကို မြန်မြန်သွားပြီး စစ်ကြည့်လိုက်စမ်း”
ချားလ်က ရတနာတပ်ကာ အလှဆင်ထားသည့် တုတ်ကောက်ကို ကိုင်လျက် ကြီးမားသည့် ဒိုလာအိမ်ကြီး၏ တံခါးရှေ့တွင် ရပ်နေရင်း အတွင်းထဲတွင် ခုန်ပေါက်နေသည့် ယုန်များကိုကြည့်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ရင်း ဘေးဘက်မှ အစေခံများကို စတင်ကာ ဆူပူပြန်သည်။
ဒီနှစ်ရက်မှ စတင်ပြီး အော်ဒါများက နည်းသထက် နည်းလာသည်။ သို့သော် ပြည်တွင်းမှ ဝယ်ယူမှုများကလည်း ပြဇာတ်ဆန်ဆန် ထိုးကျလာလေသည်။
အချို့သော အော်ဒါများဆိုရင် ပစ္စည်းကို ပြန်ပို့လာကြသည်။
သူတို့က ဒီယုန်လေးနှင့် ပတ်သက်သည့် လုပ်ငန်းတွင် အများကြီး မြှုပ်နှံထားရသည်။
“ချားလ် သတင်းဆိုးပဲ”
ထိုအချိန်တွင် ဗိုက်ပူပူနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အပြေးအလွှားလာပြီး အငမ်းမရ အသက်ရှူရင်းပြောသည်။
“ဒီနေ့ ယုန်အလောင်းတွေအားလုံးကို ပြန်ပို့လာတယ်”
“ငါတို့ ဒီယုန်တွေကို ဆက်ပြီး သတ်နေလို့မရဘူး၊ ရာသီဥတုက တအားပူလာတာ၊ ဒီတော့ သိုလှောင်ထားဖို့က မဖြစ်နိုင်ဘူး၊ ငါတို့ဒီယုန်တွေကို မရောင်းနိုင်တာနဲ့ အလဟဿ ဖြစ်ကုန်လိမ့်မယ်”
ဘုန်း။
ချားလ်က သူ၏တုတ်ကောက်ကို မြေပြင်ပေါ်သို့ ထိုးလိုက်ရင်း အံကိုကြိတ်ကာ ပြောသည်။
“သွား အခုချိန်ကစပြီး ယုန်အရှင်တွေပဲ ဝယ်၊ ငါတို့ အသေတွေ ထပ်မလိုချင်တော့ဘူး”
“နောက်ပြီးအမဲလိုက်အသင်းကိုလည်း ပြောလိုက်၊ အရှင်ပဲ ရအောင်ဖမ်းခိုင်း”
“အခုတလော ယုန်လေးတွေရဲ့ အရေအတွက်က နည်းသထက် နည်းလာတယ်၊ နောက်ပြီး သူတို့ကို ဖမ်းဖို့ကလည်း တအားခက်လာပြီ၊ စောင့်ကြည့်ရအောင်၊ ဘာတွေဖြစ်တာလဲဆိုတာ ပြန်သွားပြီး မေးမြန်းရဦးမယ်၊ နောက်ပြီး ဘယ်လိုကြောင့် ပစ္စည်းတွေပြန်ပို့တဲ့ ဝယ်သူတွေက ဒီလောက်များနေရတာလဲ”
“သူဌေး”
ရုတ်တရက် လက်ထောက်တစ်ယောက်က အချိန်အတန်ကြာ တုံ့ဆိုင်းသွားသည်။ ထို့နောက် ခပ်တိုးတိုးပြောလိုက်သည်။
“ကျွန်တော် ဒီနေ့ လမ်းပေါ်ကနေ ကြားလာတဲ့ ကောလာဟလတော့ ရှိတယ်၊ ဟုတ်မဟုတ်တော့ မသိဘူး”
“ဘာကောလာဟလလဲ”
ချားလ်က သူ့ကို ခက်ထန်စွာ စိုက်ကြည့်ပြီး ဒေါသတကြီးအော်သည်။
“ဒါက ဒီလိုပါ....ဒီနေ့ လမ်းပေါ်မှာ အရေပြားရောဂါ ခံစားနေရတဲ့ လူတွေအများကြီး ပေါ်လာတယ်၊ သူတို့က ပြောတာက.... သူတို့ အခုလို ဖြစ်လာတာက ဒီယုန်သားကို စားလို့တဲ့”
“ဒါက “
“ဘာ”
ချားလ်၏ မျက်လုံးက ပြူးကျယ်သွားပြီး ခပ်ကြမ်းကြမ်းအော်သည်။
“ပေါက်ကရတွေ သောက်ကျိုးနည်း အမှိုက်ကောင် ၊ ဒါက ပြိုင်ဘက်တွေက လုပ်တာပဲ ဖြစ်လိမ့်မယ်၊ သွား လူတွေလျှို့ဝှက်လွှတ်ပြီး တရားခံကို ရအောင်ရှာခိုင်းစမ်း၊ နောက်ပြီး အဲဒီလူနာတွေကိုလည်း ထိန်းချုပ်ခိုင်းလိုက်”
“လိုအပ်ရင်.....”
ချားလ်က ထိုသို့ပြောပြီး သူ၏လက်ဝါးကို ဓားပုံသဏ္ဍာန်မျိုးဖြင့် လည်ပင်းကို လှီးဟန်ပြသည်။
“ဟုတ်ကဲ့”
အစေခံက ခပ်မြန်မြန်ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။
........။
“လာ ဒါက မင်းအတွက်ပဲ”
“မနက်ဖြန် မြို့ရဲ့ အနောက်ဘက်ခြမ်းကို သွားပြီး သတင်းကိုဆက်ဖြန့်လိုက်”
အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် ဆုပိုင်က သူ၏အင်္ကျီအိတ်ကပ်အတွင်းမှ ကြေးပြား လက်တစ်ဆုပ်စာကို ထုတ်ပြီး အရှေ့မှလူများကို ခွဲဝေပေးသည်။ ထို့နောက် လေးနက်သော လေသံဖြင့် ဆက်ပြောသည်။
“လူတွေထပ်ရှာလိုက်၊ မင်းတို့နဲ့တူတဲ့ ရောဂါမျိုးကို ခံစားနေရတဲ့ လူတွေရှိရင် သူတို့အားလုံးကို ဒီအတိုင်းပြောခိုင်း”
“အရေအတွက်က အကန့်အသတ်မရှိဘူး”
86 02
“တကယ်လို့.....အရေပြားရောဂါကြောင့် သေသွားတဲ့လူတွေ ရှိနေရင်တောင်မှ အဲဒီအလောင်းကိုဆွဲပြီး လူတွေအုံနေတဲ့ လမ်းပေါ်တင်ပြီး ကိုင်တွယ်လိုက်၊ အဲဒီအချိန်ကျရင် ငါက ရွှေပြားတစ်ပြားစီပေးမယ်”
“အရှင် အရှင်က ငါတို့ကို ကူညီဖို့ ကောင်းကင်ဘုံက ဆင်းသက်လာတာပဲ”
“ငါတို့ရဲ့နေရာမှာ ငါတို့လို ဖျားနာနေတဲ့လူတွေ အများကြီးပဲ၊ ငါအခုချက်ချင်းပြန်ပြီး ဒီလူတွေအားလုံးကို ခေါ်လာလိုက်မယ်”
“လူတွေလည်း အကျိုးအမြတ်ရမယ်ဆိုရင် ကောင်းတာပေါ့”
သူ၏အရှေ့မှ စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသော လူတစ်အုပ်က မြေပြင်တွင် ဒူးထောက်လျက် ဆုပိုင်အား ဆက်တိုက် ဂါရဝပြုနေကြသည်။
ထိုလူများက ဒီမြို့မှ သူဖုန်းစားများဖြစ်သည်။ ထိုလူများဟာ အတိုင်းအတာတစ်ခုအထိ ကျန်းမာရေးမကောင်းကြပေ။ မမျှော်လင့်ထားစွာပင် တစ်ရက်တွင် သူတို့အရှေ့သို့ လူတစ်ယောက်က ရောက်လာပြီး ထိုသို့ ငှားရမ်းလာလေသည်။
သူတို့က ဘာအလုပ်မှ လုပ်ရန်မလိုအပ်ချေ။ ဒီအတိုင်း လူထူထပ်သော နေရာတွင်ထိုင်ကာ မရပ်မနား ငိုရုံသာ လိုအပ်သည်။
ယခုတလော ရောင်းအားအကောင်းဆုံးဖြစ်နေသည့် သေးငယ်သော တိရိစ္ဆာန်လေးက ရောဂါပိုးကို သယ်ဆောင်ထားသည်ဆိုသော အကြောင်းအရာကို ထပ်ခါတလဲလဲ ပြော၍ ငိုရန်သာ လိုအပ်သည်။
သူတို့အားလုံးက ထိုအကောင်လေးကို စား၍ ယခုလို ကျန်းမာရေးမကောင်းဖြစ်လာသည်ဟု ဆိုရပေမည်။ ပို၍ဆိုးသည်မှာ ထိုလူက ပေးသော ကြေးက အလွန်မြင့်သည်။ လူတစ်ယောက်ကို တစ်ရက်လျှင် ငွေပြား၅ပြားပေးသည်။ ထို့ကြောင့် သူတို့ ဘယ်သောအခါမှ မမျှော်လင့်ရဲသည့် တန်ကြေးလည်း ဖြစ်လေသည်။
ဒီနေ့ခေတ်အရဆိုလျှင် ထိုတန်ကြေးက ရွှေတစ်ပြားနှင့်ပင် အချိုးကျနေလေပြီ။
ထိုအကောင်ငယ်လေးက ရောဂါပိုး သယ်မသယ်ဆိုသော ကိစ္စအတွက်ကမူ သူတို့က ဂရုမစိုက်သင့်ချေ။
ထိုယုန်တစ်ကောင်ကို ငွေပြားဆယ်ပြားစီနှင့် ရောင်းသည်။ အထက်တန်းလွှာများကသာ တတ်နိုင်ကြပြီး သူတို့ကဲ့သို့ လူမျိုးက မကြည့်နိုင်ကြပေ။
“ဟူး”
ပြန်ထွက်သွားသော သူဖုန်းစားတစ်အုပ်ကို မြင်သောအခါ ဆုပိုင်က သက်ပြင်းအရှည်ကြီးကို ချသည်။
မြို့အုပ်တွင် တစ်ရက်လုံးနီးပါး ပတ်လျှောက်ပြီးနောက် ဆုပိုင်က သူနေသောနေရာ၏ အခြေအနေကို အကြမ်းဖျင်း နားလည်လာသည်။ ဒီခေတ်က ဆေးပညာ ထွန်းကားခြင်းမရှိသည့် ခေတ်ဖြစ်သည်။
သြစတေးလျဘက်တွင် ဝရုန်းသုန်းကားအခြေအနေနှင့် လျင်မြန်စွာ ဖွံ့ဖြိုးလာမှုများကလည်း ရှိသည်။ သို့သော် ဖွံ့ဖြိုးသောဘက်က ခြားနားနေသည်။
အခုရောက်နေသော ခေတ်ကာလတွင် အနောက်ပိုင်းတိုင်းပြည်များ တောက်လျှောက် မည်သည့်နေရာမှ ဖျားနာမှုများကို ကောင်းကောင်းမကုသနိုင်ကြချေ။ ဒီရောဂါများကိုလည်း ကောင်းကောင်းမကိုင်တွယ်နိုင်ကြချေ။ အကျော်ကြားဆုံးနည်းက သွေးထုတ်ခြင်းဖြစ်သည်။
မည်သည့်ရောဂါကို ခံစားနေရစေကာမူ စိုးရိမ်ရန် မလိုအပ်ချေ။ ဒီအတိုင်း သွေးများကို ပြွန်သုံးသော နည်းလမ်းတစ်မျိုးဖြင့် စစ်ထုတ်လိုက်ရုံဖြင့် ရောဂါပျောက်ကွယ်သွားမည်ဟု ဆိုကြသည်။
သူ၏အရှေ့တွင် ရှိခဲ့သော ထိုသူဖုန်းစားများအားလုံးက ပိန်ကပ်နေကြသည်။ သိသာစွာပင် သူတို့က သွေးအများကြီး ကုန်ခမ်းထားပုံပေါ်သည်။ သို့သော် သူတို့ခံစားနေရသည့် ရောဂါက မပျောက်သွားခဲ့ချေ။ အထက်တန်းလွှာများ၏ အမြင်တွင် ထိုလူများအားလုံးက ဘုရားသခင်၏ အပြစ်သင့်နေသူများ ဖြစ်သည်။ သွေးထုတ်ခြင်းကပင် သူတို့ကို မကုနိုင်ခဲ့သည်မှာလည်း ဘုရားသခင်က သူတို့ကို အပြစ်ပေးချင်သောကြောင့်ဟု ယူဆထားကြသည်။
ထိုသို့ဖြင့် ဒါက ဆုပိုင်၏ အကြံ ဖြစ်လာသည်။
တစ်မြို့လုံးတွင် ရှိသော ကျန်းမာရေးမကောင်းသော လူများက မြို့အတွင်းလှည့်လည်လျက် အုံကြွမှုတစ်မျိုးကို ပြုလုပ်၍ရသည်။ လူများကို ယုန်သားများမစားအောင် ဖြောင်းဖျ၍လည်း ရသည်။ ထိုသတ္တဝါတွင် သေစေနိုင်သည့် ရောဂါပိုးများ ပါသည်။ ထိုလူများအားလုံးက မျက်မြင်တွေ့ကြုံကြရပေလိမ့်မည်။
ထိုသို့ဖြင့် ယုန်များကို အလုံးအရင်းဖြင့် သတ်ဖြတ်ရန် ကြိုးစားနေခဲ့သည့် ထိုလူများကလည်း သေချာပေါက် အရှိန်လျှော့ချရပေလိမ့်မည်။
မည်သူမှ မဝယ်လျှင် ရောင်း၍လည်း မရနိုင်တော့ချေ။ ဒါက မှန်ကန်လွန်းသည့် အမှန်တရားပဲ ဖြစ်သည်။
ဆုပိုင်ကလည်း ယုန်လေးတိုင်းကို ကယ်တင်နိုင်ရန် မမျှော်လင့်ထားချေ။ ဒါက မဖြစ်နိုင်လွန်းသော အိပ်မက်ပဲ ဖြစ်သည်။
သဘာဝ အသာအရင်းမြစ်မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သောအနေနှင့်.....သူကိုယ်တိုင်လည်း လူသားများဖြစ်လေရာ တစ်ဖက်က မုဆိုးဖြစ်ပြီး တစ်ဖက်က သားကောင်ဖြစ်ကြောင်းကိုလည်း နားလည်သည်။
ယခုလိုမျိုး တိရိစ္ဆာန်များကို အလုံးအရင်းဖြင့် အမျိုးပြုတ်အောင် ဖျက်ဆီးသော တိုင်းပြည်မျိုးတွင်သာ ထိုကဲ့သို့သော အခြေအနေမျိုးကို အသုံးပြုသင့်သည်။
ဆုပိုင်ကိုယ်တိုင်ကလည်း ထိုယုန်လေး၏ ကိစ္စများကို အဓိက ချုပ်ကိုင်ထားသော ဂိုဏ်းက ချားလ်ဂိုဏ်းဖြစ်ကြောင်း သိနေပြီးသားဖြစ်သည်။
သတင်းကို ၂ရက်ခန့် ဆက်တိုက်ဖြန့်ပြီးနောက် ထိုယုန်လေးများ၏ အလောင်းကို ဝယ်ယူမှုများ မရှိတော့ချေ။ ထို့ကြောင့် ဆုပိုင်က စိတ်အေးသွားသလို သက်ပြင်းအရှည်ကြီးကို ချနိုင်သည်။
86 03
ထိုသို့ဆိုလျှင် တောတွင်းတွင် အလုံးအရင်းသတ်ဖြတ်ခြင်းက အများကြီး လျော့ကျသွားလောက်သည်။ သို့သော် ယုန်များကို အောင်အောင်မြင်မြင် ကယ်ဆယ်လိုလျှင် အများအမြင်ကို အလွန်အင်အားပါလွန်းသော အရှိန်နှုန်းဖြင့် ပြောင်းလဲရန် လိုအပ်သည်။ ထို့အပြင် သိုလှောင်အိမ်ထဲတွင် ဖမ်းထားသော ယုန်တိုင်းကိုလည်း လွှတ်ပေးရဦးပေမည်။
ခန့်မှန်းခြေများအရ ထိုထဲတွင် ယုန်ပေါင်းအကောင်ထောင်ပေါင်းများစွာ ရှိနေနိုင်သည်။
“ဟူး”
သူက အတွေးများကို ရှင်းလင်းပြီးနောက် သူ့ကိုယ်သူ ဝတ်ရုံဖြင့် အုပ်လျက် ခေါင်းကိုငုံ့ရင်း မည်းမှောင်သော လမ်းကြားထဲမှ ထွက်သည်။
“ရပ်စမ်း”
ရုတ်တရက် မုတ်ဆိတ်မွေးဖြင့် လူထွားကြီးပေါင်းများစွာက သူ၏ရှေ့တွင် ပေါ်လာသည်။ လက်ထဲတွင် ခပ်ထူထူတုတ်များကို ကိုင်ထားကြပြီး သူ့အား သုန်မှုန်သော မျက်ဝန်းမျိုးဖြင့် စိုက်ကြည့်နေကြသည်။
“ဒီလူပဲ သူက သတင်းဖြန့်တဲ့ သူဖုန်းစားတွေကို ပိုက်ဆံပေးနေတာ”
“လာစမ်းပါ”
“သခင်က အမိန့်ထုတ်ထားပြီးသား၊ သူ့ကို ချက်ချင်းသတ်ရမယ်”
ထိုလူသန်မာကြီးပေါင်းများစွာက အပြေးအလွှား ခုန်ဝင်လာကြသည်။ ဆုပိုင်က တစ်ချက်လှည့်ပြီး ထွက်ပြေး၏။
ယခုအခါ မြို့ထဲတွင်ဖြစ်သည်။ သူက ထိုအရင်းရှင်များနှင့် ပြိုင်ဘက်မဖြစ်နိုင်ပေ။
သူ့အကြောင်းပေါ်သွားသည်နှင့် တစ်မြို့လုံးရှိ လုံခြုံရေးအရာရှိများအားလုံးက သူ့ကိုလာဖမ်းကြပေလိမ့်မည်။
ဆုပိုင်က ခပ်မြန်မြန် ထွက်ပြေးသွားကြောင်း မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိနေသော မိတ်ဆွေများအားလုံးက သူ့အစား ချွေးပျံသွားကြသည်။
[ဒီလူတွေက တကယ်အသုံးမကျတဲ့ကောင်တွေ၊ တင်ဆက်သူက နောက်ဆုံးတော့ ဒီယုန်လေးတွေကို ကယ်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုကို ရှာတွေ့လိုက်တယ်၊ ဒါပေမဲ့ မမျှော်လင့်ထားဘဲ နှုတ်ပိတ်ချင်နေသေးတယ်]
[ဟုတ်တယ် တကယ်ကိုပဲ၊ ဒီအရင်းရှင်တွေက ဆိုးရွားလိုက်တာ၊ သူတို့က အကျိုးအမြတ်အတွက်နဲ့ လူသတ်ဖို့ မတုံ့ဆိုင်းကြဘူး]
[လာစမ်းပါ တင်ဆက်သူ၊ မင်းဒီကောင်တွေကို လုံးဝ ဖမ်းခွင့်ပြုလို့မရဘူး၊ အဲဒီလိုမှမဟုတ်ရင် အကောင်လေးတွေက အဆုံးသတ်သွားလိမ့်မယ်]
[အားး ငါဒေါသထွက်လို့ သေတော့မယ်၊ ဘယ်လိုကြောင့်များ ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်လေးတွေကို ဒုက္ခပေးချင်တဲ့ ကောင်တွေက ရှိနေရတာလဲ]
[သူတို့လုံးဝအဖမ်းခံရလို့မရဘူး၊ နှစ်ရက်လောက်ဆက်ပြီး တောင့်ခံထားလိုက်နိုင်တာနဲ့ တင်ဆက်သူရဲ့အကြံက အောင်မြင်သွားမှာပဲ ]
[လာစမ်းပါ]
++++
87 01
အပိုင်း (87)
“ဘန်း”
ဆုပိုင်က တစ်ဖက်သို့ ခပ်ကြမ်းကြမ်း ပြန်လှည့်လိုက်သည်။ အကြောင်းမူကား သူက တစ်စုံတစ်ရာကို ခံစားမိလိုက်၍ ဖြစ်သည်။ ထိုအချိန်တွင်ပင် လေတိုးသံနှင့်အတူ သစ်သားတုတ်တစ်ချောင်းက သူ၏နားနားမှကပ်လျက် ကျော်ဖြတ်သွားသည်။
သို့သော် ထိုသို့ ကျော်ဖြတ်သွားသော သစ်သားချောင်းကို သူက လက်တစ်ဖက်ဖြင့် ကောင်ကိုင်လိုက်ပြီး အရှေ့မှ မုတ်ဆိတ်နှင့်လူကို စောင့်ဆွဲလိုက်သည်။
ခရက်။
သူက လက်ထဲသို့ အင်အားကို ထည့်သွင်းစိုက်ထုတ်လိုက်သောအခါ သူ၏ လက်ကောက်ဝတ်နီးပါးခန့်ထူသော သစ်သားတုတ်ကြီးက ဆုပိုင်၏ လက်ထဲတွင်ပင် ကျိုးသွားသည်။
“ထွက်သွား”
အရှေ့မှ ကြောက်လန့်နေသော လူများကိုကြည့်ရင်း ဆုပိုင်က အေးစက်စွာ အော်လိုက်သည်။
“သေချင်နေတာပဲ”
ထိုအစေခံများက အသက်ပြင်းပြင်းရှူကြပြီး အော်သည်။ ထို့နောက် တစ်ဖန်ပြန်လည် ပြေးဝင်လာပြန်၏။
“အားးး”
သူက အရှေ့ဆုံးမှ လူသန်မာကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။ ချက်ချင်းလိုလို သွေးများက ပန်းထွက်လာ၏။ စူးရှသော အော်သံကို ကြားသောအခါ ဆုပိုင်က သိုးအုပ်ထဲရောက်နေသော ကျားတစ်ကောင်ကဲ့သို့ လက်သီးချက်အနည်းငယ်တည်းနှင့် အစေခံတိုင်းကို မြေပြင်တွင် မှောက်သိပ်လိုက်သည်။
[ဝူး တင်ဆက်သူက ဒီလောက်အားကြီးတာလား]
[အရိုးတွေတောင် ကျိုးအောင် ထိုးလိုက်သလိုပဲ၊ ဒါက တအားအားပြင်းလွန်းတယ်]
[ငါ့ရဲ့ စစ်တပ်ထဲကို ရောက်နေပြီးတဲ့ အတွေ့အကြုံတွေအရ တင်ဆက်သူက အနည်းဆုံး တော်တော်လေးကို အင်အားကြီးလွန်းလို့ သာမန်နပန်းသမားတွေထက်တောင် သာနေလောက်တယ်]
[ဒီလူတွေက ဒီနေရာကိုလာပြီး အလဟဿ ဒုက္ခခံနေသလိုပဲ၊ ယှဥ်ကိုမယှဥ်နိုင်ဘူး]
[ဒါက ဂိုဏ်းကလူတွေပဲ ဖြစ်ရမယ်၊ သူတို့က ပိုက်ဆံရှာဖို့ တအားရူးသွပ်နေတာလေ ]
.......
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိနေတဲ့ မိတ်ဆွေများကလည်း ဆုပိုင်က လက်သီးချက် သုံးချက်၊ ကန်ချက်နှစ်ချက်လောက်နှင့် လူတိုင်းကို မြေပြင်သို့ လှဲလိမ့်လိုက်ကြောင်း မြင်သောအခါ တအံ့တသြ အော်ဟစ်ကြသည်။
ပုံမှန်အားဖြင့် ဆုပိုင်က ပိန်သည်။ သို့သော် ထိုမျှပိန်သော ခန္ဓာကိုယ်အောက်တွင် ပြင်းထန်လွန်းသော စွမ်းအားများက ဖောက်ခွဲမတတ် ပြည့်နှက်နေမည်ဟု မထင်ထားကြချေ။
လူသန်မာကြီး တစ်ယောက်ချင်းစီတိုင်းက အလွန်အမင်း ခက်ထန်ပုံပေါ်သည်။ မမျှော်လင့်ထားစွာပင် ဆုပိုင်၏လက်သို့ ရောက်သောအခါ မည်သူကမှ တစ်မိနစ်ပင် မတောင့်ခံနိုင်ကြချေ။
“ဟူးး”
ဆုပိုင်က မည်းမှောင်သော လမ်းကြားလေးတွင် ရပ်လျက် မြေပြင်တွင် လဲနေသော လူများကို ဝေဝါးနေသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။ ထို့နောက် ရှေ့သို့ တစ်လှမ်းတိုး၏။
ဘန်း။
သူက မုတ်ဆိတ်နှင့် လူကြီး၏ ရင်ဘတ်ကို စောင့်နင်းလျက် အေးစက်စွာပြောလိုက်သည်။
“ပြန်ပြီး မင်းတို့ဂိုဏ်းက အဲဒီကောင်ကိုပြောလိုက်၊ ဒီလိုဆိုးယုတ်တဲ့ နည်းလမ်းတွေ ထပ်သုံးရဲရင် မင်းတို့ သေချာပေါက် အဆုံးသတ်မကောင်းစေရဘူး”
“ထွက်သွား”
သူက အရှေ့မှလူကို ကန်ထုတ်သည်။ ဆုပိုင်၏ ခန္ဓာကိုယ်က လမ်းကြားအတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
ယခုအခါ ချားလ်၏ဂိုဏ်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို စတင်လာပြီဖြစ်သည့်အလျောက် အများအမြင်ကို ခပ်မြန်မြန်ပြောင်းလဲရန် လိုအပ်လာသည်။
သို့မဟုတ်လျှင် ထိုလူများက သူဖုန်းစားများအားလုံးကို ထိန်းချုပ်လိုက်သည်နှင့် အကြံအစည်တစ်ခုလုံးက ကျရှုံးသွားပေလိမ့်မည်။
......။
“သေစမ်း”
ချားလ်က ထမင်းစားပွဲတွင် ထိုင်နေရင်း စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ကိုင်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် ခက်ထန်သော မျက်နှာထားနှင့် အော်ဟစ်လိုက်သေးသည်။
“မင်းတို့က အမှိုက်တွေလား”
“လူတွေဒီလောက် အများကြီးသွားပြီး လူတစ်ယောက်တည်းကိုတောင် မကိုင်တွယ်နိုင်ဘူးလား”
“မင်းတို့အများကြီးကို ပျိုးထောင်ထားတာ ဘာသောက်သုံးကျလဲ”
“ဥက္ကဌ”
မုတ်ဆိတ်နှင့်လူက လက်မောင်းတွင် ပတ်တီးနှင့်ဖြစ်သည်။ သူ၏မျက်နှာတွင်လည်း ယောင်ကိုင်းနေသော ဒဏ်ရာပေါင်းများစွာ ရှိနေသည်။ သူက ပြောသည်။
“ဒီကလေးက တော်တော်လေး အားကြီးတယ်၊ ငါတို့တွေတောင် သူ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး၊ သူ့ကို ယှဥ်နိုင်ဖို့မပြောနဲ့၊ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ ငါတို့မှာ လက်နက်တွေမရှိသမျှ....”
“ဖာ့ခ်”
87 02
ချားလ်က ပန်းကန်ပြားကို ကောက်ကိုင်ပြီး သူ့ကိုပစ်ပေါက်ကာ ခပ်ကြမ်းကြမ်းအော်သည်။
“ငါတို့သာ လက်နက်တွေသုံးလိုက်ရင် အစိုးရက ရှာတွေ့သွားတာနဲ့ ငါတို့ဘာဖြစ်မယ်ထင်လဲ”
“ဒီစီးပွားရေးကို စောင့်ကြည့်နေတဲ့သူတွေ ဘယ်လောက်များလိုက်သလဲ ဟမ်၊ အစိုးရဘက်က လူတွေက မနာလိုမဖြစ်ဘူးလို့ မင်းတို့ယုံကြည်လား”
“ငါတို့မိသွားတာနဲ့ လွတ်လမ်းရှိပါဦးမလား”
သူက ထိုသို့ပြောလိုက်သည်။ ချားလ်က ထိုင်ခုံမှ ခပ်ကြမ်းကြမ်း ထရပ်လိုက်သည်။ သူ၏မျက်နှာက သုန်မှုန်နေ၏။ ထို့နောက် ထိုလျှောက်လမ်းတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်ပြန်သည်။
“မဟုတ်ဘူး”
“ငါတို့ ဒီတိုင်းသွားလို့မရတော့ဘူး၊ ဒီကောင်ကို ဘာမှလုပ်လို့မရဘူးဆိုကတည်းက ...သွား မင်းအဲဒီသူဖုန်းစားတွေကို သွားရှာ”
ချားလ်က ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး နီရဲသော မျက်လုံးများနှင့် သူ့ကိုစိုက်ကြည့်နေသည့် မုတ်ဆိတ်မွေးနှင့် လူကိုကြည့်လိုက်သည်။ ထို့နောက် ဆိုးယုတ်သော လေသံမျိုးဖြင့်ပြောလိုက်သည်။
“အစိုးရဘက်က လူတွေအတွက်ကတော့ သူတို့တွေက ဒီသူဖုန်းစားတွေ သေတာရှင်တာကို ဂရုစိုက်နေမှာမဟုတ်ဘူး၊ ဒီလူတွေအားလုံးက ဘုရားသခင်ရဲ့ ပြစ်ဒဏ်သင့်နေတဲ့အကောင်တွေ၊ ဒီတော့ အနှေးနဲ့အမြန်သေရမှာပဲ”
“မင်းတို့က ဒီသူဖုန်းစားတွေကို မြို့အပြင်ကို ခိုးပြီး ခေါ်ထုတ်သွားလိုက်၊ အဲဒီနောက် အားလုံးကိုဖြေရှင်းလိုက်”
“မင်းတို့ လျှို့ဝှက်လုပ်ရမယ်၊ ငါဒီအစီအစဥ်နဲ့ ပတ်သက်ပြီး ဘာသတင်းကိုမှ ပြန်မကြားချင်ဘူး၊ နောက်ပြီး အဲဒီကောင်က ဘာအလုပ်လုပ်တာလဲ”
“ဖြစ်နိုင်ရင်တော့ မင်းတို့အဲဒီအကောင်ကို အကောင်းဆုံးစောင့်ကြည့်ထားသင့်တယ်”
“ဟူး”
သူက သက်ပြင်းရှည်ကြီးကို ချသည်။ ချားလ်က သူ၏ကော်လံမှ နက်ခ်တိုင်ကို တစ်ချက်ချိန်ညှိလိုက်သည်။ သူ၏အမူအယာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။ သူက ကျော့ရှင်းကြည့်ကောင်းစွာပြောသည်။
“ငါ အစိုးရဌာနဘက်က ခေါင်းဆောင်ကို သွားတွေ့လိုက်မယ်၊ လိုအပ်ရင်....ငါတို့ ဒီသောက်ကျိုးနည်း လောက်ကောင်တွေကို ငါတို့ရဲ့အကျိုးအမြတ် တစ်စိတ်တစ်ပိုင်း ပေးလိုက်ရုံပေါ့”
“သွား မြန်မြန်သွား”
“ဟုတ်ကဲ့”
မုတ်ဆိတ်နှင့်လူက ထိတ်လန့်သွားသည်။ သူက ထော့နဲ့ထော့နဲ့ဖြစ်နေသော ခြေထောက်ကို အင်အားစိုက်ထုတ်၍ ခပ်မြန်မြန် ထွက်ခွာသွားသည်။
မြို့ထဲတွင် နေ့တိုင်းလိုလို သူဖုန်းစားမည်မျှ သေဆုံးနေကြောင်း မည်သူမှမသိပေ။ မည်သူကမှလည်း ဂရုစိုက်မနေပေ။
သို့သော် ချားလ်အနေနှင့် ထုတ်ပေးရမည့် အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကြောင့် ရင်နာနေသည်။
ပြောရမည်ဆိုလျှင် ဒီယုန်စီးပွားရေးတစ်ခုလုံးကို သူတို့ကသာ ကိုင်ချုပ်ထားသည်။ ထိုအရာ ပြိုကျသွားသည်နှင့်....
ချားလ်က ဒီဂိုဏ်းမှ ဥက္ကဌဖြစ်သည့်အလျောက် သူက လျော်ကြေးငွေကို တတ်နိုင်လိမ့်မည်မဟုတ်ချေ။
ထို့နောက်......။
ထိုညတွင် တစ်မြို့လုံး၏ လမ်းတိုင်းပေါ်တွင် ရှိသမျှ သူဖုန်းစားတိုင်းအား အပြောင်ရှင်းရသည်။ ထိုထဲတွင် လူအိုကြီးများ၊ အမျိုးသမီးများ၊ ကလေးများ အားနည်းသောသူများ အားလုံးပင်ပါသည်။ မည်သူကမှလည်း အညှာအတာပေးခြင်း မခံရဘဲ အားလုံးက ပျောက်ကွယ်သွားကြ၏။ အရှင်းရှင်များက ရူးသွပ်သွားသည်။ မည်သူ့ကိုမှ မညှာတာပေးခဲ့ချေ။
.......။
နန်းတော်တမျှ ခမ်းနားလွန်းသော လော်ဘီတစ်ခုတွင် ချားလ်က စားပွဲပေါ်သို့ သစ်သားဘူးလေးကို တရိုတသေ တင်လိုက်ပြီး အရှေ့တွင်ထိုင်နေသည့် လူအိုကြီးကို အပြုံးမျက်နှာနှင့်ကြည့်သည်။
“လူကြီးမင်းရေး”
“ဒါက ဒီအတိုင်း ကြင်နာမှုလေးပါ၊ ကျေးဇူးပြုပြီး ငါတို့ရဲ့ ချားလ်ဂိုဏ်းကို ကူညီလို့ မနက်ဖြန်မှာ တရားဝင်အမိန့်စာကို ထုတ်ပေးပါလား၊ ငါတို့ရဲ့ ဒီယုန်တွေက ဘာရောဂါပိုးမှ မသယ်ဆောင်ထားကြောင်း အတည်ပြုပေးနိုင်မလား”
“ဒီလိုဆိုရင် ချားလ်ဂိုဏ်းက သေချာပေါက် ကျေးဇူးတင်နေမှာပါ”
“အိုး”
ရေးက ရွှေကုလားထိုင်ပေါ်သို့ နောက်မှီချလိုက်ပြီး မီးခိုးအကွင်းလိုက်လေးကို တဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ကာ စီးကရက်ဖင်စီးခံကို စားပွဲပေါ်သို့ ပြန်ချသည်။ သူက စားပွဲပေါ်မှဘူးကို တဖြည်းဖြည်းချင်း ပြန်ရွှေ့ပေး၏။
သူ၏နှုတ်ခမ်းထောင့်စွန်းများကလည်း ကော့တက်သွားသည်။ သူက အထက်သေးသလိုမျိုးဖြင့်ပြော၏။
87 03
“ချားလ်ဂိုဏ်းက ခေါင်းဆောင်၊ ဒီယုန်လေးတွေကို စမ်းသပ်ရသေးတာတောင် မဟုတ်ဘူး၊ အခုတလော လူအများစုကလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောဆိုအုံကြွနေကြတာမဟုတ်လား”
“ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်မှာကို စိုးရိမ်ရတယ်”
“ဒါက.... “
ချားလ်၏ မျက်နှာက ပြောင်းလဲသွားသည်။ သူက ထိုမြေခွေးအိုကြီးကို စိတ်ထဲတွင် ကျိန်ဆဲပြီး ရယ်လိုက်၏။
“ဒီယုန်လေးတွေက သေချာပေါက် ဘာရောဂါပိုးမှ မသယ်ထားပါဘူး၊ ဒါတွေအားလုံးက ကောလာဟလတွေကို လိုက်ဖြန့်နေတဲ့ သူဖုန်းစားတွေပါပဲ၊ အရှင်ရေး ချားလ်ဂိုဏ်းအတွက် သေချာပေါက် ဆုံးဖြတ်ချက်ချပေးပါ”
“ငါတို့အားလုံးက ဘုရားသခင်ရဲ့လူတွေ၊ ငယ်စဥ်ကတည်းက ဖခင်က သင်ကြားထားခဲ့ပြီးသား”
“ငါတို့က ဘယ်လိုကြောင့်များ ဘုရားသခင်ရဲ့ အပြစ်ဒဏ်သင့်နေတဲ့လူတွေကြောင့် အနှောင့်အယှက်ဖြစ်ခံရမှာလဲ”
သူက ထိုသို့ပြောလိုက်ပြီး အံကိုကြိတ်ကာ လေသံကိုတိုးလျက် အနားကပ်သွားရင်း ပြောလိုက်သည်။
“ငါတို့ရဲ့ ချားလ်ဂိုဏ်းက နှစ်တိုင်းလိုလို အစိုးရ ရုံးဌာနကို ဒီယုန်စီးပွားရေးက ယာယီအကျိုးအမြတ် ၂၀%ကို လှူဒါန်းမှာပါ”
“ဟားဟ”
ရေးက ခပ်မတ်မတ်ထိုင်သည်။ သူက အရှေ့မှချားလ်ကို လက်ညှိုးထိုးပြရင်း ရယ်သည်။
“ချားလ် မင်းဒီစီးပွားရေးမှာ ကြိုးကိုင်ချင်ရင် အစိုးရရုံးဌာနရဲ့အကူအညီမရှိရင် တအားခက်ခဲသွားမှာပဲ၊ တခြားနေရာတွေက မင်းကို တုပပြီး ဒီယုန်တွေကို အမဲလိုက်နိုင်သေးတယ်”
“ဒါပေမဲ့ အခုတလော အစိုးရရုံးဌာနကလည်း တော်တော်လေး ခက်ခဲလာတယ်၊ မြို့ထဲက လမ်းတိုင်းက ပြင်ဆင်မှုတွေလည်း လိုအပ်လာတယ်၊ တကယ်လို့ မင်းရဲ့ ချားလ်ဂိုဏ်းကသာ နှစ်တိုင်းလိုလို ၃၀% လောက် သုံးဖို့ ဆန္ဒရှိမယ်ဆိုရင်...”
“ဒါဆိုရင် ရုံးတော်ဘက်ကလည်း အတတ်နိုင်ဆုံးကူညီလို့ မင်းပြောတဲ့အတိုင်း ဘုရားသခင်ရဲ့ ချစ်မြတ်နိုးခြင်းခံရတဲ့လူသားတွေဖြစ်အောင် ထောက်ပံ့ပေးရမှာပေါ့”
“ကောင်းပြီ”
ချားလ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ရွှေဒင်းဂါးများပါသော ဘူးကို ရှေ့သို့ ပြန်တိုးပေးရင်း ပြောလိုက်သည်။
“ဒါဆိုရင် မနက်ဖြန်မနက်.....”
“မနက်ဖြန်မနက်မှာ ငါတို့ရဲ့ အစိုးရရုံးတော်က အမဲလိုက်ဖို့ ကမ်းလှမ်းရင်း ယုန်လေးတွေကို သတ်ခိုင်းတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြို့လည်မှာ ဆွေးနွေးမယ်၊ မင်းတို့ရဲ့ ချားလ်ဂိုဏ်းကတော့ ဒီလယ်သမားတွေကို ဒုက္ခပေးတဲ့ အဖျက်ပိုးကောင်တွေလို ယုန်တွေကို အမဲလိုက်ခွင့်ရှိတဲ့ တစ်ခုတည်းသောအဖွဲ့အစည်း ဖြစ်စေရမယ်”
“ဒီသူဖုန်းစားတွေကတော့ ဟားဟား မင်းဉာဏ်သုံးလေ”
“ဟားဟား ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်းရေး “
ချားလ်က အပြုံးနှင့် ထရပ်ပြီး မျက်မှန်ကို ပင့်တင်သည်။
ဘန်း။
နှစ်ယောက်လုံးက ရယ်မောနေရင်း ဝိုင်ခွက်ကို အပြည့်သောက်လိုက်ကာ တညီတညာတည်းအော်သည်။
“ဘုရားသခင်က ငါတို့နဲ့အတူ ရှိပါသေးတယ်”
++++++