← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အပိုင်း (88)

“ဒီနေ့ အစိုးရ ရုံးတော်က ဘာလုပ်မလို့လဲ၊ ဘာလို့ ဒီလောက်အစောပိုင်းကြီးမှာ ကြေညာမှားလဲ၊ လူအများရှေ့မှာ ကြိုးစင်တင်ဖို့ လိုအပ်တဲ့ အပြစ်သားတွေများ ရှိနေလို့လား”

“ငါ ကြားထားတဲ့အတိုင်းဆို အဲဒီလို မဟုတ်လောက်ဘူး၊ ဒါက အခုတလော နာမည်ကြီးနေတဲ့ ရောဂါပိုးသယ်လာတယ်ဆိုတဲ့ ယုန်နဲ့ ပတ်သက်လောက်တယ်”

“ငါအခုတလော အဲဒါကို မစားရဲဘူးလေ၊ ဖမ်းလည်းမဖမ်းရဲဘူး၊ ဒါကို ထပ်စားလိုက်ရင် အရေပြားရောဂါတွေ ဆိုးဆိုးရွားရွား ရသွားခဲ့ရင် ဘယ်လိုလုပ်မလဲ၊ သွေးထွက်တဲ့နည်းလမ်းကို မသုံးချင်ဘူးလေ၊ အဲဒါက တအားနာတယ်”

“ဟေး မင်းသတိထားမိလား၊ ဒီနေ့ လမ်းပေါ်မှာ အရေပြားရောဂါရှိတဲ့ အဲဒီရောဂါသည်တွေအားလုံး ပြတ်သွားတယ်နော်”

“ကောင်းလိုက်တာ၊ ဒီယုန်ကသာ ဘာပိုးမှမရှိရင် အရမ်းကောင်းမှာပဲ၊ ငါ့ရဲ့ကလေးတွေက ဒီယုန်သားကို တအားကြိုက်တာ”

......။

ခမ်းနားသော အဆင့်အတန်းမြင့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် အထက်တန်းလွှာတစ်အုပ်က ကျော့ရှင်းကြည့်ကောင်းသော ဟန််ပန်အမူအယာမျိုးနှင့် လမ်းများပေါ်တွင် လမ်းလျှောက်လျက် အချင်းချင်း စကားပြောနေကြသည်။ သူတို့က အစိုးရ ရုံးဌာနအရှေ့ရှိ မြေကွက်လပ်သို့ သွားနေကြခြင်းဖြစ်သည်။

သာမန်ပြည်သူများကလည်း ထိုနေရာသို့ သိချင်စိတ်ပြင်းပြစွာနှင့် အပြေးအလွှားသွားကြသည်။

ယေဘူယျအားဖြင့် အစိုးရရုံးတော်က ဆိုးယုတ်လွန်းသော ပြစ်မှုအများစုကို ကျူးလွန်ထားသော သူများကို ဖမ်းဆီးပြီးချိန်တွင်ဖြစ်စေ သို့မဟုတ် တချို့သော အမိန့်များကို ထုတ်ပြန်ကြေညာသော အခြေအနေမျိူးတွင်သာ ယခုလိုမျိုး အားလုံးကို စုဝေးလျက် ကြေညာချက်ကို ထုတ်ပြန်တတ်သည်။

သို့သော် ဒီတစ်မြို့လုံးတွင် ထူးခြားသော အဖြစ်အပျက်များ ဖြစ်လေ့ဖြစ်ထ မရှိချေ။

ကိစ္စကြီးဆိုလျှင် ယုန်ရောဂါသာ ဖြစ်လောက်သည်။

သို့ရာတွင် သာမန်လူများအတွက် ထိုတိရိစ္ဆာန်လေးများကိုလည်း ဝယ်စားရန်ပင် ခက်ခဲလွန်းနေသည်။ အကြောင်းမူကား ထိုယုန်များက ဈေးကြီးလွန်းသောကြောင့်ဖြစ်သည်။

ယခုအခါ လမ်းများပေါ်တွင် ရှိသော လူတိုင်းက သူတို့နှင့် မပတ်သက်သော ကိစ္စကို လာကြည့်သည်ဟုပင် ဆို၍ရနေသည်။

မည်သို့ပင်ဆိုစေ ယနေ့ခေတ်အသိုင်းအဝိုင်းတွင် အရေပြားရောဂါဒဏ်ကို ခံစားရမည်ဆိုလျှင် သေမိန့်ထက်ပင် ဆိုးရွားသော နာကျင်မှုကို ခံစားရပေလိမ့်မည်။

ဈေးကြီးသော မြင့်မြတ်သန့်စင်သည့် တော်ဝင်ရေစင်ကိုလည်း သူတို့က ဝယ်ယူနိုင်စွမ်းအား မရှိချေ။ ထို့ကြောင့် ရိုးရှင်းလွန်းသော သွေးထုတ်သည့် နည်းလမ်းကိုသာ အသုံးပြုရပေလိမ့်မည်။

သို့သော် သွေးထုတ်သည့် နည်းလမ်းက ကျရှုံးသွားသည်နှင့် သူတို့ကို အပြစ်သင့်သူများအဖြစ် သတ်မှတ်ပေလိမ့်မည်။ ထိုအခါ သူတို့က မြို့ထဲတွင်ပင် ရှင်သန်နေထိုင်နိုင်တော့မည်မဟုတ်ချေ။

“အားလုံးပဲ မင်္ဂလာပါ”

ရေးက သေသပ်သော အနက်ရောင် ဝတ်စုံပြည့်နှင့် အဖြူရောင် နက်ခ်တိုင်လေးကို တွဲချည်ကာ ဝတ်ဆင်ထားသည်။

သူက စင်မြင့်ပေါ်တွင် ရပ်လျက် အစိမ်းရောင်ကျောက်များဖြင့် အလှဆင်ထားသည့် တုတ်ကောက်ကို မှီလျက် ရှိနေသည်။

သူက အောက်ဘက်တွင် စုစည်းနေသော လူများကို အပြုံးမျက်နှာနှင့် ကြည့်သည်။ အသံကို တစ်ခဏခန့် ရပ်တန့်ပြီးနောက် ကျယ်လောင်စွာ စအော်ပြောသည်။

“ဒီနေ့ ငါလူတိုင်းကို ဒီနေရာမှာ စုခိုင်းလိုက်တာက တစ်စုံတစ်ရာကို ကြေညာချင်လို့ပဲ”

“အခုတလော ဘုရားသခင်ရဲ့ အပြစ်သင့်နေတဲ့လူတွေက မြို့တော်အတွင်းကို ခိုးဝင်ခဲ့ကြတယ်၊ သူတို့က အပြစ်ကို ဘယ်လိုဆပ်ရမလဲဆိုတာကို မတွေးတောရုံတင် မကသေးဘဲ မြင့်မြတ်တဲ့ဘုရားသခင်ရဲ့ ဂုဏ်သရေကိုပေါ်တင် ရန်စခဲ့ကြတယ်”

“ချားလ်ဂိုဏ်းလိုမျိုး မြို့အပြင်ဘက်မှာ ဒုက္ခပေးနေတဲ့ သားရဲကောင်ကို သတ်ဖြတ်ရင်း ပြည်သူတွေကို ကယ်ဆယ်နေတဲ့ အဖွဲ့အစည်းကိုတောင် ဒုက္ခပေးချင်ကြတယ်”

“ဒါက ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ အမူအကျင့်လဲ”

“ချားလ်ဂိုဏ်းက မြို့ပြင်က လယ်သမားတွေအားလုံးအတွက်ကြောင့်နဲ့ ဒီယုန်လေးတွေကို အမဲလိုက်ခဲ့တာ၊ ဒီသောက်ကျိုးနည်း သတ္တဝါကောင်က လယ်သမားတွေ ခက်ခက်ခဲခဲ စိုက်ပျိုးထားရတဲ့ ဒီကောက်ပဲသီးနှံတွေကို ဖျက်ဆီးရုံတင် မကသေးဘဲ လယ်သမားတွေမွေးထားတဲ့ ကြက်တွေ ဘဲတွေကိုလည်း ခိုးသေးတယ်”

“ဒီလိုသတ္တဝါမျိုးကို ဘုရားသခင်က အမုန်းဆုံးပဲ”

“ငါက ထိခိုက်နစ်နာခဲ့ရတဲ့ လယ်သမားတစ်ယောက်ကို စင်ပေါ်ကို ဖိတ်ခေါ်ပြီး လူတိုင်းအတွက် သက်သေပြပေးချင်ပါတယ်”

ထို့နောက် ပိန်ပိန်ပါးပါးလူတစ်ယောက်က တက်လာသည်။ သူက ကြမ်းတမ်းသော ရွက်ဖျင်ထည်ကို ဝတ်ဆင်ထားသည်။ သူက စင်ပေါ်သို့ တုန်ယင်စွာတက်လာရင်း အောက်ဘက်ရှိ လူများကိုကြည့်ကာ အော်ငိုသော လေသံမျိုးဖြင့်ပြောသည်။

“ငါချားလ်ဂိုဏ်းကို ကျေးဇူးတင်ချင်ပါတယ်၊ သူတို့ကြောင့်သာမဟုတ်ရင် ငါတို့ခက်ခက်ခဲခဲ စိုက်ထားနဲ့ ကောက်ပဲသီးနှံတွေအားလုံး ပျက်စီးသွားတော့မှာ၊ ချားလ်ဂိုဏ်းက ငါတို့ကိုကူညီပြီး ဒီပိုးကောင်တွေကို အမဲလိုက်ပေးနေရုံတင် မဟုတ်သေးဘဲ ဒီအကောင်တွေရဲ့ အလောင်းတစ်လောင်းကိုလည်း ကြေးပြားဆယ်ပြားနဲ့ ဝယ်ပါသေးတယ်”

“ဒါက ငါတို့ကို ကယ်ဆယ်ဖို့ ဘုရားသခင်က စေလွှတ်လိုက်တဲ့ လူပါပဲ”

“ဒီလို အပြစ်ဒဏ်သင့်နေတဲ့ သောက်ကျိုးနည်းကောင်တွေက ချားလ်ဂိုဏ်းကို အရှက်ခွဲတာမျိုးကို လက်သင့်မခံနိုင်ဘူး”

88 02

“ယုန်လေးတွေကို အမဲလိုက်နိုင်ဖို့အတွက် ချားလ်ဂိုဏ်းက လူအင်အားအများကြီး ပိုက်ဆံတွေအများကြီး စိုက်ထုတ်ထားရတယ်၊ ကံကောင်းတာက ဒီယုန်လေးတွေကို ရွှေငွေတွေနဲ့ ပြန်လည် လဲလှယ်နိုင်နေတာပဲ၊ ငါတို့က ချားလ်ဂိုဏ်းကို ကျေးဇူးတင်ချင်ပါတယ်၊ သူတ်ို့က ပိုက်ဆံအရှုံးခံပြီး ငါတို့ကို ကူညီပေးနေတာ၊ ငါတို့ကို ကူညီလို့ ဒီသားရဲကောင်တွေကို အမဲလိုက်ပေးနေတာ”

“.....”

ထိုစကားများ ထွက်လာသောအခါ လူတိုင်းက မျက်လုံးပြူးသွားသည်။

လယ်သမားများက စင်ပေါ်သို့ မယုံနိုင်သလိုပင် မျက်နှာထားမျိုးဖြင့် ကြည့်ကြသည်။

“ဆိုတော့ ဒီလိုဖြစ်နေတာကိုး၊ ချားလ်ဂိုဏ်းက မြို့အပြင်က တည်ငြိမ်မှုအတွက်ကြောင့်နဲ့ ဒီကောင်တွေကို ရောင်းနေတာကိုး”

“ဟုတ်တယ် ဟုတ်တယ် ငါက အမဲလိုက်အသင်းမှာ ပါတယ်လေ၊ ချားလ်ဂိုဏ်းက ပေးတဲ့ နေ့စားစားရိတ်က တော်တော်လေးကို မျှတတယ်၊ ဒီယုန်အလောင်းတွေကို ရောင်းချရုံနဲ့ ပိုက်ဆံဘယ်လောက်မှ ရမှာမဟုတ်ဘူး”

“သောက်ကျိုးနည်း အပြစ်ဒဏ်သင့်နေတဲ့အကောင်တွေ၊ သူတို့က ဒီလိုနည်းလမ်းကို သုံးပြီး ဘုရားသခင်က စေလွှတ်လိုက်တဲ့ သံတမန်တွေကို အရှက်ခွဲချင်နေကြတာပဲ၊ သူတို့အားလုံးက ဘောင်ကျော်သွားပြီ”

“ဟုတ်တယ် ဒီအပြစ်ဒဏ်သင့်နေတဲ့သူတွေအားလုံးကို ကြိုးမိန့်ပေးသင့်တယ်”

.......။

ချားလ်ဂိုဏ်းက လူများက လူအုပ်ထဲမှထွက်ကာ စတင်ကာ ဦးဆောင်လာသည်နှင့် လူတိုင်း၏ ဒေါသများက လှုံ့ဆော်ခံရသည်။

ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကြသည်။

သူတို့အားလုံးက အရေပြားရောဂါ ခံစားနေရသော လူတိုင်းကိုပင် သတ်ဖြတ်ချင်နေကြသည်။

“အားလုံးပဲ တိတ်တိတ်နေကြပါ”

ရေးက လူတိုင်းကို တိတ်ဆိတ်ရန် လက်အမူအယာပြပြီး လေးနက်သော လေသံနှင့် ဆက်ပြောသည်။

“ဒါကြောင့် ငါတို့က ဘုရားသခင်ရဲ့ ထွေးပွေ့မှုဆီက လွတ်မြောက်သွားတဲ့လူတွေကို ကိုင်တွယ်သင့်တာ မှန်ပါတယ်၊ ဒါပေမဲ့လည်း ချားလ်လို ခေါင်းဆောင်ကောင်းမျိုးကိုတော့ ချီးကျုးသင့်သေးတယ်”

“ဒီအတွက်ကြောင့် ဒီအစိုးရ ရုံးတော်က ယုန်လေးတွေနဲ့ ပတ်သက်ပြီး အမဲလိုက်ခွင့်တွေအားလုံးကို ချားလ်ဂိုဏ်းကိုပဲ ပေးဖို့ ဆုံးဖြတ်လိုက်တယ်၊ အခုကစတင်ပြီး ချားလ်ဂိုဏ်းကပဲ ယုန်တွေကို ရောင်းချခွင့် ဝယ်ယူခွင့် ရှိတယ်၊ ကိုယ်ကျိုးအတွက် ကုန်သွယ်ရောင်းဝယ်ဖောက်ကားတဲ့ လူတွေကို ရှာတွေ့တာနဲ့ အစိုးရ ရုံးတော်က သူတို့ကို ပြင်းထန်လွန်းတဲ့ အပြစ်ဒဏ်ကို ပေးအပ်မှာပဲ ဖြစ်တယ်”

ဖြောင်းဖြောင်းဖြောင်း။

ထိုစကားကို ကြားသောအခါ အောက်ဘက်ရှိ လူအုပ်တစ်အုပ်လုံးက လက်ခုပ်တီးကြသည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

ချားလ်က ဦးထုတ်ကို ချွတ်လိုက်ပြီး လူအများအား ရိုသေလေးစားစွာဖြင့် ဂါရဝပြုသည်။ ထို့နောက် ထိုလူများကို လေးစားစွာကြည့်ရင်းပြောသည်။

“ငါတို့ချားလ်ဂိုဏ်းက ဒီဒုက္ခပေးလွန်းတဲ့ သားရဲကောင်ကို ဖယ်ရှားသုတ်သင်ဖို့အတွက်နဲ့ အင်အားအများကြီး စိုက်ထုတ်ထားရတယ်၊ အဲဒါတင် မကသေးဘဲ ဒီလိုအကောင်မျိုးကို အမဲလိုက်တဲ့အခါမှာ ငါတို့ရဲ့ အမဲလိုက်အသင်းက ဒဏ်ရာရတာမျိုးတွေတောင်ရှိတယ်”

“ဒါပေမဲ့....”

ချားလ်က မျက်ရည်အပြည့်နှင့် အော်သည်။

“ငါချားလ်က ငယ်ရွယ်စဥ်ကလေးဘဝကတည်းက ဘုရားသခင်ရဲ့ ဆုံးမသွန်သင်မှုတွေကို အမြဲတစေ နားထောင်နေခဲ့တာ၊ မြို့ပြင်ဘက်ကလူတွေကို ကယ်တင်နိုင်ဖို့အတွက် လယ်သမားတွေအားလုံးကို ရှင်သန်နေထိုင်ဖို့ တည်ငြိမ်တဲ့ ဝန်းကျင်တစ်ခု ပေးဖို့အတွက်နဲ့ ဘုရားသခင်က ငါတို့တွေကို ကြီးပွားနဲ့ ဘဝတစ်ခုပေးစွမ်းနိုင်ဖို့အတွက် ငါတို့ရဲ့ချားလ်ဂိုဏ်းက ဘာတန်ကြေးမှ မရဘူးဆိုရင်တောင် ဒီလိုဒုက္ခပေးလွန်းတဲ့ သားရဲကောင်ကို အမဲလိုက်ဦးမှာပါ”

“အခုလိုမျိုး ငါတို့ကို နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ယုန်လေးတွေမှာ ဘာရောဂါမှ မရှိပါဘူး၊ ဒါက ကောလာဟလတွေပါပဲ”

“ငါမေးပါရစေဦး၊ အမဲလိုက်အသင်းရဲ့ နေ့စားစားရိတ်၊ တစ်လစာ လခအားလုံးက မှန်ကန်တယ်မဟုတ်လား၊ အားလုံးလည်း အပြည့်အဝ ရကြတယ်မဟုတ်လား၊ ငါတို့မလိမ်ဘူး”

“နောက်ပြီးဒီအပြစ်ဒဏ်သင့်နေတဲ့လူတွေက ငါတို့ကို ဘာကြောင့်များ ဒုက္ခပေးချင်ရတာလဲ “

“ဝူးဝူးဝူး”

ထိုသို့ပြောပြီးနောက် ချားလ်က ရင်ဘတ်ထဲမှ အဖြူရောင် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ကာ မျက်နှာကိုအုပ်ရင်း ငိုသည်။

“သောက်ကျိုးနည်း အပြစ်ဒဏ်သင့်နေတဲ့ကောင်တွေ၊ ဒီကောင်တွေကို ကြိုးစင်ပေးရမှာ”

88 03

“ဟုတ်တယ် ဝူးဝူးဝူး ယုန်လေးတစ်ကောင်က ရနိုင်တဲ့ အကျိုးအမြတ်က ဘယ်လောက်များမှာလဲ၊ ဒီလူတွေက ဘာလို့ဒီလောက်ထိ ရက်စက်ရတာလဲ”

“ဘုရားသခင်က သူတို့ကို စွန့်ပစ်ထားပြီ၊ နတ်ဘုရားတွေကလည်း သူတို့ကို စွန့်ပစ်ထားပြီးပြီ၊ ဒီလိုလူတွေကို မြို့ထဲက မောင်းထုတ်တာက အကောင်းဆုံးပဲ၊ သူတို့ကို ဒီနေရာမှာမကြိုဆိုသင့်ဘူး”

အောက်ဘက်မှ ဒေါသတကြီးဖြစ်နေသော အသံများကို ကြားသောအခါ ချားလ်နှင့် ရေးက တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။

ဒီနေ့ဗျူဟာက အလွန်အောင်မြင်သွားသည်။

ကောလဟလဖြန့်သောလူများ ထွက်ပေါ်လာလျှင်လည်း အောက်ဘက်ရှိလူများကြောင့် ချက်ချင်းဆိုသလို ဒုက္ခရောက်နိုင်လေသည်။

“အား..”

“ဘာကြောင့်လဲ”

“ဝူးဝူး”

ရုတ်တရက် အဝေးတစ်နေရာရှိ လမ်းထံမှ ရင်ကွဲနာကျမတတ် အော်ဟစ်နေသော အသံများက ထွက်ပေါ်လာသည်။ လူတိုင်းက လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်ဆင်ထားသော လူတစ်ယောက်ကို တွေ့ရသည်။ ထိုလူက အနက်ရောင်ဝတ်ရုံကို ဝတ်လျက် ရှေ့ဆုံးမှ ထွက်လာနေသည်။

အနောက်ဘက်တွင်မူ အရေပြားရောဂါကို ခံစားနေရသည့် မရေမတွက်နိုင်သော အပြစ်ဒဏ်သင့်လူများပါသည်။

တစ်ယောက်ချင်းစီတိုင်းက လက်ထဲတွင် သွေးသံရဲရဲအလောင်းတစ်လောင်းစီကို ပွေ့ထားကြသည်။ သူတို့က လူအုပ်ရှိရာဘက်သို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာနေလေသည်။

++++

89 01

အပိုင်း (89)

“ဘာတွေဖြစ်နေတာလဲ”

“ဘာလို့ လူတွေအများကြီး သေသွားတာလဲ”

“ဟုတ်တယ် ဒါက အပြစ်ဒဏ်သင့်သူတွေမဟုတ်လား၊ သူတို့ ဘယ်လိုများ လာရဲတာလဲ”

သုန်မှုန်သော မျက်နှာများနှင့် ချဥ်းကပ်လာသော သူဖုန်းစားတစ်အုပ်ကို မြင်သောအခါ အားလုံးက စတင်ကာ နောက်ဆုတ်သည်။

ထိုလူများ၏ ကိုယ်တွင် အနည်းနှင့်အများ ဒဏ်ရာများရှိသည်။ အချို့ကဆိုလျှင် ခန္ဓာကိုယ်တွင် ပုပ်နေသော အနာစိမ်းကြီးများပင် ရှိကြလေရာ အနံတဟောင်းဟောင်း ထွက်နေသည်။

“ဒီကိုလာ”

“သူတို့ကိုဖမ်း”

ရေး၏ မျက်နှာထားက ပြောင်းလဲသွားပြီး ဘေးဘက်ရှိ စစ်သည်တော်များကို လှမ်းအော်သည်။

“အပြစ်ဒဏ်သင့်လူတစ်အုပ်က အစိုးရရုံးတော်ကို လာပြီး တိုက်ခိုက်ရဲတယ်၊ မင်းတို့ကို ဒီနေ့ပဲ ကြိုးစင်ပေးရမယ်”

ပြေးဝင်လာသော အစောင့်များကို မြင်သောအခါ ဆုပိုင်က ချက်ချင်းလိုလို အရှိန်ကိုမြှင့်လိုက်ပြီး လက်မောင်းကြားထဲတွင် ပိုက်လာသည့် သစ်သားတုတ်ကိုထုတ်လျက် ရိုက်ချသည်။

“အားးး”

ထိုသို့ဖြင့် သန်မာလွန်းသောလူက မြေပြင်ပေါ်သို့ လဲကျကာ မော့မြောသွားသည်။

“သူတို့နဲ့ တိုက်ခိုက်စမ်း၊ သူတို့က ငါတို့ကိုလူသားတွေလို့တောင် မသတ်မှတ်ဘူး၊ ငါတို့ရဲ့ လူတွေအများကြီးကို သတ်သွားတယ်”

အနောက်ဘက်ရှိ သူဖုန်းစားက လက်ထဲမှအလောင်းကို ပစ်ချလိုက်ပြီး ရူးသွပ်နေသော အော်သံနှင့်အတူ ရှေ့သို့ ပြေးဝင်သွားသည်။

“မြန်မြန် မင်းရဲ့ဂိုဏ်းက အဖွဲ့ဝင်တွေ ဘယ်မှာလဲ၊ လူတွေမြန်မြန် ခေါ်လိုက်လေ”

ရေးက ဝရုန်းသုန်းကား အခြေအနေကို ကြည့်ပြီး ဘေးဘက်ရှိ ချားလ်ကို ပျက်ယွင်းနေသော မျက်နှာထားဖြင့် လှမ်းအော်သည်။

“ကိစ္စတွေအားလုံး ဖြေရှင်းပြီးပြီလို့ ပြောထားတာမဟုတ်ဘူးလား”

“ဒါက ဘာလို့လဲ”

“မင်းသူတို့ကို ကောင်းကောင်းမထိန်းချုပ်နိုင်ရင် မင်းရဲ့စီးပွားရေးကိစ္စကို မပြောနဲ့၊ မင်းတောင်မှ ကြိုးစင်အပေးခံရနိုင်တယ်”

“ငါ....”

ချားလ်က အရှေ့ဘက်ရှိ မြင်ကွင်းကိုကြည့်ပြီး စိတ်က ဗလာဖြစ်သွားသည်။

သူ၏လူအင်အားတိုင်းကို ဒီသူဖုန်းစားများကို မြို့ပြင်သို့ မောင်းထုတ်ရန်အတွက် လွှတ်ထားပြီးသား ဖြစ်သည်။

ဒါဆိုရင် ဒီသူဖုန်းစားတွေက ဘယ်လိုကြောင့် ကျန်နေသေးတာလဲ။

“ငါအခုပဲ လူသွားခေါ်လိုက်မယ်”

ချားလ်က အရှေ့မှ လူကိုတွန်းပြီး စင်ပေါ်မှ အလျင်စလိုပြေးဆင်းသည်။

ဘန်း။

သို့ရာတွင် သူက အောက်သို့ မခုန်ဆင်းနိုင်သေးခင် ထိုလူငယ်က သူ့ဆီခုန်ဝင်လာကြောင်း တွေ့လိုက်ရသည်။

ဆုပိုင်က သူ့ကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ကန်ချသည်။ သူ၏ဆံပင်ကို ဆောင့်ဆွဲပြီး စင်ပေါ်သို့ ပြန်ပစ်တင်၏။

“မင်း....”

ရှေ့မှ နီရဲစိုစွတ်သော မျက်ဝန်းနှင့် လူငယ်ကို မြင်သောအခါ ရေး၏ ကျောတောက်လျှောက် စိမ့်တက်သွားသည်။ သူကပင် မြေပြင်ပေါ်သို့ လဲကျသွား၏။

ဒီလူငယ်က တအားဒေါသထွက်နေတယ်။

သူက လူသတ်နိုင်တယ်။

“ရပ်စမ်း”

ဆုပိုင်က အရှေ့မှ ဝရုန်းသုန်ကား မြင်ကွင်းကို မြင်သောအခါ ဒေါသတကြီး ကုန်းအော်လိုက်သည်။ သူက ချားလ်ကို ပစ်ချပြီးနောက် ရင်ဘတ်ပေါ် စောင့်နင်းထားရင်း အောက်ဘက်ရှိ သူဖုန်းစားများကို ကြည့်ကာပြောသည်။

“လူတိုင်းကို သယ်လာခဲ့”

“အား အား အား ငါနဲ့ ဝေးဝေးနေကြ၊ မင်းက ဖျားနာနေတာ၊ ငါ့ဆီရောဂါကူးသွားလိမ့်မယ်”

“ကျေးဇူးပြုပြီး ညှာတာပေးပါ၊ ဒါတွေအားလုံးက ချားလ်ရဲ့ အမိန့်ပါ”

“ငါ့ကိုသတ်လိုက်ပါ ငါ့ကိုသတ်လိုက်ပါ၊ ငါ့ကို ရောဂါပိုး ကူးသွားပြီ၊ ငါ့ကိုရောဂါပိုးကူးသွားပါပြီ”

ရုတ်တရက် ထိုအဖွဲ့၏ နောက်ဘက်မှ ချားလ်၏ ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားကြသည့် လူသန်မာတစ်အုပ်က စင်မြင့်ပေါ်သို့ ဆောင့်တွန်းတင်ခံရသည်။

“ဂိုဏ်းခေါင်းဆောင်ချားလ်က သူ့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်အတွက် တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ရောဂါပိုးတွေသယ်ဆောင်ထားတဲ့ ယုန်တွေကို လူတိုင်းဆီ ရောင်းချခဲ့တာပါ”

“သူတို့အားလုံးက မျက်မြင်သက်သေတွေပဲ”

“မင်းတို့ရဲ့ မျက်လုံးကိုဖွင့်ပြီး ဘယ်အရာက မှန်လဲဆိုတာကို ကြည့်ကြ”

ဆုပိုင် အထိတ်တလန့်ဖြစ်နေသော အထက်တန်းလွှာများကို အေးစက်သောမျက်ဝန်းဖြင့် ကြည့်ပြီး အေးစက်သောအသံဖြင့် အော်သည်။

89 02

“ဒီသတင်းကို ဖုံးကွယ်ဖို့အတွက် ချားလ်က ဂိုဏ်းက လူတွေကို လွှတ်ပြီး ကျန်းမာရေးမကောင်းတဲ့လူတွေအားလုံးကို လိုက်သတ်ခဲ့ကြတယ်”

“အားလုံးပဲ မျက်လုံးကို ဖွင့် သေချာကြည့်ကြစမ်း၊ လူတွေဘယ်လောက်တောင် သေသွားကြပြီလဲ”

“ဝူးဝူး”

“ပေါက်ကရတွေ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါတို့ရဲ့ယုန်မှာ ဘာရောဂါမှ မရှိဘူး”

ချားလ်က မြေပြင်မှ ထရပ်ရန် ရုန်းကန်သည်။ ဆုပိုင်က လက်ဆန့်ထုတ်ပြီး သူ့ကို အင်္ကျီမှတစ်ဆင့် ဆောင့်ဆွဲလိုက်ကာ အောက်ဘက်ရှိ သူဖုန်းစားကို ခေါင်းတစ်ချက်ညိတ်ပြသည်။

“တကယ်လို့ ဒီယုန်မှာ ဘာရောဂါပိုးမှ မရှိရင် လူတိုင်းရဲ့ရှေ့မှာ မင်းဒီယုန်သားကို စားရဲလား”

ဆုပိုင်က လှောင်ပြုံးနှင့်အတူ အောက်ဘက်မှ သူ့ကို လှမ်းပေးလာသည့် ယုန်သားကိုပေးသည်။

“ဒါက.... “

ချားလ်က အရှေ့မှ တစ်ဝက်ခန့်သာ ကျက်လောက်သေးသည့် ယုန်သားကိုကြည့်သည်။ ထို့နောက် တုံ့ဆ်ိုင်းသွားလေသည်။

သူ၏မျက်ဝန်းက အောက်ဘက်ရှိ ဆိုးရွားသော ပုံစံများနှင့် သူဖုန်းစားများကို ကြည့်သည်။ သူတို့၏ အသားရောင်များက ဖြူဖျော့နေပြီဖြစ်သည်။

သူက ယုန်သားကို စားခဲ့ဖူးသော်လည်း ဒီအရှေ့ရှိ ယုန်သားကမူ ထိုပိုးကို သယ်ထားခြင်း ရှိမရှိ ၁၀၀%အပြည့် မသေချာနိုင်ပေ။

ထို့အပြင် ထိုသူဖုန်းစားများ၏ ကိုယ်ပေါ်မှ ဒဏ်ရာများက ကြောက်စရာကောင်းလွန်းသည်။ အထက်တန်းလွှာတစ်ယောက်အနေနှင့် ထိုကဲ့သို့ အခြေအနေမျိုးကို ပြောင်းလဲသွားရမည်ဆိုလျှင် လူတိုင်၏ ဖယ်ကြဥ်ခြင်းကို ခံရပေလိမ့်မည်။

“မင်းက ဘာလို့မစားရဲတာလဲ”

ဆုပိုင်က လှောင်သည်။

“မဖြစ်နိုင်တာ၊ ဒီယုန်သားမှာ တကယ်ပဲ ပိုးရှိနေတာလား”

“ဟင်း ငါတို့တွေ ဘယ်တော့မှ ဒီလို တိရိစ္ဆာန်မျိုးရဲ့အသားကို စားလို့မဖြစ်တော့ဘူး”

“မုန်းစရာကောင်းလိုက်တာ၊ အရာအားလုံးက အလိမ်အညာတွေဖြစ်နေတာပဲ၊ ဒီဂိုဏ်းခေါင်းဆောင်ချားလ်က ငါတို့ရဲ့ ခန္ဓာကိုယ်ကို အပျော်သဘောထားနေတာလား၊ အရာအားလုံးက အတုအယောင်တွေပဲ၊ ဒီတိရိစ္ဆာန်က ဒုက္ခပေးတဲ့အကောင်မျိုးမှ မဟုတ်တာ”

လူတစ်အုပ်က တုံ့ဆိုင်းနေသော ချားလ်ကိုကြည့်ကာ စတင်ပြီး ဆွေးနွေးကြသည်။

ပလုံ။

ထိုအခိုက်အတန့်တွင် လူတိုင်း၏အရှေ့စင်မြင့်ပေါ်တွင် ရပ်နေသော လယ်သမားက ဒူးထောက်ချလိုက်သည်။ သူက အင်္ကျီလက်မောင်းအတွင်းမှ ရွှေပြားတစ်ပြားကိုထုတ်ပြီး မြေပြင်ပေါ်သို့ ပစ်ချကာ အဝေးရှိ ပလတ်ဖောင်းပေါ်တွင် မတ်တပ်ရပ်နေသော ရုပပုံသဏ္ဍာန်မျိုးနှင့်ရှိနေသည့် ယေရှု၏ရုပ်တုထံသို့ လှမ်း၍ ဂါရဝပြုရင်း အော်ငိုသည်။

“အရှင် ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ၊ ငါက ဖိအားပေးခံရတာပါ၊ ချားလ်ရဲ့ဂိုဏ်းက လူတွေက ငါ့ကို ဖိအားပေးခဲ့တာပါ”

“အရှင် ကျေးဇူးပြုပြီး အရှင့်ရဲ့ယုံကြည့သက်ဝင်သူကို ခွင့်လွှတ်ပေးပါ”

“အား..”

ထို့နောက် ရေးက အသက်ပြင်းပြင်းရှူလိုက်ပြီး မြေပြင်မှ ခုန်ထကာ ဆုပိုင်တို့ရှိရာဘက်သို့ သွားသည်။ ထို့နောက်သူက သူ၏လက်ထဲမှ တုတ်ကောက်ကိုမြှောက်ပြီး ချားလ်၏ခေါင်းကို ခပ်ကြမ်းကြမ်းရိုက်သည်။

“သောက်ကျိုးနည်း မင်းက ငါ့ကိုလှည့်စားရဲတယ်၊ ငါမင်းကို ဒီလောက်ထိ ယုံထားတာကို မင်းက ငါ့ကိုလှည့်စားရဲတယ်ဟုတ်လား”

“သောက်ကျိုးနည်း မင်းရဲ့ဂိုဏ်းက ဒီနေရာက ကန်ထုတ်ခံရသင့်တာ”

“မင်း....”

ချားလ်က သူ့ခေါင်းသူအုပ်ထားသည်။ ထို့နောက် အရှေ့မှ ဒေါသထွက်နေသော ရေးကိုကြည့်ရင်း ဆွံ့အသွားသည်။

တကယ်တော့ သူ့နေရာသူ ထိန်းနိုင်ဖို့အတွက်နဲ့ သူ့ကိုလက်လျှော့လိုက်တာလား။

“ငါမင်းနဲ့ တိုက်ခိုက်မယ်”

ချားလ်က သူ၏လက်နှစ်ဖက်လုံးဖြင့် သူ၏တုတ်ကောက်ကို ပြန်ကိုင်လိုက်ပြီးရေးကို မြေပြင်ပေါ်သို့ ဆွဲလှဲပစ်သည်။ ထို့နောက် သူ၏လက်သီးနှင့် ခြေထောက်များကိုသုံးကာ တစ်ဖက်သူ၏ မျက်နှာ၊ ခန္ဓာကိုယ်များကို ဆက်တိုက်ကန်ကြုတ်ကာ ထိုးသည်။ သူကလည်း အော်ဟစ်နေသေးသည်။

89 03

“မင်းက အမှိုက်ကောင်၊ မင်းက အသုံးမကျတဲ့ကောင်၊ သောက်ကျိုးနည်း လူလိမ်ကောင်၊ မင်းက ချားလ်ဂိုဏ်းက ပိုက်ဆံတွေယူထားပြီးတော့ အခုမှ....”

ဝိုးး။

ထိုစကားထွက်လာသောအခါ အောက်ဘက်ရှိလူတိုင်းက ထိုနှစ်ယောက်ကို ထိတ်လန့်တကြား ကြည့်ကြသည်။

အစိုးရ ရုံးတော်ဌာနမှ ခေါင်းဆောင်ကလည်း ချားလ်ဂိုဏ်းနှင့်ပေါင်းကာ သူတို့ကို လှည့်စားလိမ့်မည်ဟု မထင်ထားကြချေ။

“နှစ်ယောက်လုံးကို ကြိုးစင်တင်လိုက်”

“ဟုတ်တယ် ဟုတ်တယ်၊ သူတို့က နှစ်ယောက်ပေါင်းပြီး ငါတို့ကို လိမ်ညာလှည့်စားကြတယ်၊ ဒီသောက်ကျိုးနည်း အရင်းရှင်တွေ၊ ပိုက်ဆံအတွက်နဲ့ သူတို့က ငါတို့ကို လူလိုကိုမဆက်ဆံဘူး”

“ဟုတ်တယ် အရှင်ကလည်း သူတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး၊ ကြိုးစင်သာတင်လိုက်”

ဆုပိုင်က အောက်ဘက်ရှိ အခြေအနေကိုကြည့်ပြီး စင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်သည်။

ယခုအခါ ချားလ်ဂိုဏ်းက အဆုံးသတ်သွားပြီဖြစ်သည်။

သူက ဒီတစ်ကြိမ်တွင် သြစတေးလျယုန်ကို မျိုးတုံးပျောက်ကွယ်သွားခြင်းမရှိအောင် လုပ်ဆောင်လိုက်နိုင်သော်လည်း လူသားများ၏ လောဘက အဆုံးအစမဲ့သည်။ အနှေးနှင့်အမြန် ဒုတိယမြောက်ချားလ်၊ တတိယမြောက်ချားလ်၊ စတုတ္ထမြောက်ချားလ်က ပေါ်ပေါက်လာလိမ့်မည်။ ထိုကိစ္စက အဆုံးသတ်လိမ့်မည်မဟုတ်ချေ။

တိရိစ္ဆာန်များအားလုံး မျိုးတုံးပျောက်ကွယ်သွားမှ ထိုလူများအားလုံးက အမှားကိုသိပေလိမ့်မည်။

“မကောင်းတော့ဘူး လူကြီးမင်း”

ရုတ်တရက် ပိန်ပိန်ပါးပါး သူဖုန်းစားတစ်ယောက်က အပြေးလာပြီး ဆုပိုင်၏ အရှေ့တွင်ရပ်ကာ အငမ်းမရ အသက်ရှူရင်း အော်ပြောသည်။

“ချားလ်ရဲ့ဂိုဏ်းက ဆရာဝန်တွေက အခု သိုလှောင်အိမ်တစ်ခုလုံးကို အနက်ရောင်ဆီတွေနဲ့လောင်းပြီး သက်သေကိုဖျောက်ဖို့လုပ်နေတယ်”

“ဖာ့ခ်”

ဆုပိုင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သိုလှောင်အိမ်ရှိရာဘက်သို့ အပြေးအလွှားသွားသည်။

အတွင်းတွင် ယုန်လေးများ ထောင်ပေါင်းများစွာ ရှိနေသည်။ သူတို့အားလုံး မီးလောင်ကျွမ်း၍ သေဆုံးသွားသည်နှင့် ဒီတာဝန်ကလည်း ကျရှုံးသွားပေလိမ့်မည်။

++++

90 01

အပိုင်း (90)

“ဘုန်း”

ဘုန်း။

ဘုန်း။

ဘုန်း။

လိမ့်တက်လာသော ထူထဲသိပ်သည်းသည့် မီးခိုးလုံးများနှင့် မီးတောက်များက ကောင်းကင်သို့ ထိုးတက်နေသည်။

ဆုပိုင်က သိုလှောင်အိမ်အဝတွင်ရပ်လျက် မီးများ စွဲလောင်နေပြီဖြစ်သည့် အတွင်းဘက်သို့ စိတ်ဓာတ်ကျစွာ ကြည့်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။

ကျရှုံးသွားပြီ။

မမျှော်လင့်ထားဘဲ ဒီတာဝန်က ကျရှုံးသွားသေးတယ်။

သိုလှောင်အိမ်ထဲတွင် သြစတေးလျယုန်ပေါင်းများစွာ ရှိနေသည်။ တစ်ကောင်ချင်းစီတိုင်းက အသက်တစ်ခုစီဖြစ်သည်။ သို့သော် ထိုကောင်များအားလုံးက အသက်ရှင်လျက် မီးရှို့ခံရတော့မည်ဖြစ်သည်။

[ငါသောက်ကျိုးနည်း မုန်းလိုက်တာ၊ ဒါက ဘယ်လိုလူတွေလဲ၊ တင်ဆက်သူရဲ့ အကြံအစည်က အောင်မြင်နေပြီးသား၊ ဘာလို့ ဒီယုန်တွေကို သတ်မှဖြစ်မှာလဲ]

[အားလုံးက ထောင်ပေါင်းများစွာရှိတယ်နော်]

[ငါသည်းမခံနိုင်တော့ဘူး၊ တအားစိတ်ရှုပ်ဖို့ကောင်းတာပဲ၊ ငါအခုချက်ချင်းသွားပြီး ဒီချားလ်ဂိုဏ်းက လူအားလုံးကို သတ်လ်ိုက်ချင်ပြီ]

[ဟုတ်တယ်၊ ဒီအကောင်လေးတွေက မင်းတို့ကို ဘယ်လိုများရန်စလိုက်လို့ ဒီလောက်ထိ လုပ်ရတာလဲ၊ မရောင်းနိုင်တော့တာနဲ့ပဲ ဒီလိုမျိုး သတ်လိုက်မှ ဖြစ်မှာလား၊ သူတို့ကို လွှတ်ပေးလိုက်လို့မရဘူးလား]

[လူသားတွေက သူတို့ရဲ့ မွေးရပ်မြေ အိမ်တွေကို အရင်သိမ်းယူခဲ့တာ၊ ဘာလို့ သူတို့က ဒီလိုမျိုး မတရားခံရမှဖြစ်မှာလဲ]

[ပြီးသွားပြီ၊ ဒါက တင်ဆက်သူ ကျရှုံးသွားတဲ့ တစ်ခုတည်းသော တာဝန် ဖြစ်သွားလောက်တယ်၊ တိုက်ရိုက်ထုတ်လွှင့်နေတာပဲဆိုပေမဲ့လည်း ငါငိုနေမိတုန်းပဲ]

[ဒါက ငါတို့ကို သတိပေးနေတာ၊ တိရိစ္ဆာန်တွေက ကယ်ဆယ်လို့ရတယ်၊ ငါတို့ကတော့ ဒီကောင်တွေလို သားရဲကောင်တွေအဖြစ် ပြောင်းလဲသွားလို့မရဘူး၊ ဒီကောင်တွေက လူတောင်မဟုတ်တော့ဘူး၊ ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်လေးတွေကို ဝူးဝူးဝူး]

ကွိကွိကွိ။

ကြည့်ပါဦး။

ထိုအကောင်ငယ်လေးများ မီးပင်လယ်ထဲတွင် အော်ဟစ်နေသော မြင်ကွင်းကို မြင်နေရသည့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူတိုင်းက တိတ်ဆိတ်သွားကြသည်။

ထိုတိရိစ္ဆာန်များက ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ သူတို့က ယခုလိုသွေးသံရဲရဲ မြင်ကွင်းမျိုးကိုပင် မမြင်ဖူးကြချေ။ သို့သော် အတွင်းတွင် တိရိစ္ဆာန်ငယ်လေး ထောင်ပေါင်းများစွာက အသက်ရှင်လျက် မီးရှို့ခံနေရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ အနီးကပ်ရိုက်ချက်များကလည်း သေဆုံးသွားခဲ့သည့် အကောင်လေးများ၏ ခန္ဓာကိုယ်အနေအထား မျက်ဝန်းအစသဖြင့် အရာအားလုံးကို ရိုက်ပြနေလေရာ လူတိုင်း၏ နှလုံးသားကို နာကျင်စေလေသည်။

သဘာဝက လူတိုင်းအပိုင်ဖြစ်သည်။ သို့သော် လူသားများကမူ ထိုအကောင်လေးများ၏ အိမ်ကိုသိမ်းယူသေးသည်။ ထို့အပြင် ထိုအကောင်ငယ်လေးများကိုပင် ဖမ်းဆီးပြီး သူတို့၏အသားကိုလည်း စားသည်။

ဘာလို့ ဒီအကောင်တွေက စားပွဲပေါ်က အသားအဖြစ် ပြောင်းလဲရမှ ရမှာလဲ။

ဘန်း။

ရုတ်တရက် သိုလှောင်ရုံတံခါးက လဲကျသွားသည်။

ဆုပိုင်က မော့ကြည့်လိုက်သောအခါ မီးပင်လယ်ထဲတွင် ဝိုင်းနေသည့် ယုန်လေးများကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။

ယုန်လေးတစ်ကောင်ချင်းစီတိုင်းက ခပ်တင်းတင်း မျက်နှာထားမျိုးနှင့် ရှင်သန်နေနိုင်ကြသေးသည်။ ထို့နောက် ရင်နာစေသော မြင်ကွင်းက ပေါ်လာသည်။

အရွယ်ရောက်ပြီးသော ယုန်တစ်ကောင်ချင်းစီတိုင်းက မြေပြင်မှ ယုန်ပေါက်လေးတစ်ကောင်စီကို ကောက်မလိုက်သည်။ ထို့နောက် တဖြည်းဖြည်းချင်း စတင်ကာ နောက်ဆုတ်သည်။ ထို့နောက် အင်အားအပြည့်သုံးကာ သူတို့၏ ခြေထောက်မှ ကြွက်သားများကိုအားစိုက်ထုတ်လိုက်၏။

လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် သူတို့က မီးပင်လယ်ထဲမှ ခုန်လျက် တံခါးဆီ လှမ်း၍ပစ်ကြသည်။

ထိုသို့ဖြင့် အလွန်မြင့်သော အမြင့်မှတစ်ဆင့် ယုန်ပေါက်လေးများကို လှမ်းပစ်လိုက်သည်။

“အဟမ်း”

သူတို့က ချောင်းပြင်းပြင်းထန်ထန်ဆိုးသည်။ ထို့နောက် ယုန်ပေါက်လေးက တံခါးအပြင်ဘက်သို့ လိမ့်လာသည်။

ကွိကွိ။

90 02

ထိုသို့ဖြင့် လေထဲမှတစ်ဆင့် အပြင်ဘက်သို့ ရောက်လာသည်။ သို့သော် ပစ်လိုက်သော အရွယ်ရောက်ပြီးသော ယုန်ကမူ လေထဲမှအောက်သို့ ပြန်ပြုတ်ကျသည်။ သူပြုတ်ကျသောနေရာက မီးများစွဲလောင်နေသော မီးတောက်အတွင်းသို့ ဖြစ်သွားသည်။ ထိုသို့ဖြင့် စူးရှလွန်းသော ငယ်သံပါ အော်ဟစ်သံက ထွက်ပေါ်လာသည်။

“ငါ....”

ဆုပိုင်က ရှေ့သို့တိုးလိုက်သည်။ သူက မြေပြင်သို့ ကျလာသည့် ယုန်ပေါက်လေးကို ကောက်ပွေ့ပြီး လက်မောင်းထဲတွင် ညင်သာစွာ ထွေးပွေ့ထားလိုက်သည်။ သူ၏မျက်လုံးတွင် မျက်ရည်များကလည်း ပြည့်နှက်နေသေး၏။ သူက မီးပင်လယ်ထဲတွင် လဲနေသော ယုန်လေးများကိုကြည့်ကာ ရင်နာသွားသည်။ ယခုလေးတင် ယုန်ပေါက်လေးကို ပစ်လိုက်သော ယုန်ဆိုလျှင် တစ်ကိုယ်လုံး မည်းတူးသွားပြီဖြစ်သည်။ ထိုအရွယ်ရောက်ပြီးသော ယုန်က သေရမည်ကိုမကြောက်ချေ။

ဒါက တိရိစ္ဆာန်တစ်ကောင်နော်။

တစ်ခါတရံမှာ သူတို့က လူသားတွေထက်တောင် ရဲရင့်သေးတယ်။

ဘန်း။

ဘန်း။

ဘန်း။

ထိုသို့ဖြင့် အကောင်ပေါက်လေးများ၏ တစ်ကောင်ပြီးတစ်ကောင်က အပြင်သို့ရောက်လာသည်။ ထိုအကောင်ပေါက်လေးတစ်ကောင်ချင်းစီ အပြင်သို့ ရောက်လာချိန်တိုင်း အရွယ်ရောက်ပြီးသော ယုန်တစ်ကောင်ချင်းစီတိုင်းက စတေးရသည်။ သူတို့က အကောင်ပေါက်လေးများကို ပစ်ပြီးသည်နှင့် မီးပုံထဲသို့ ပြုတ်ကျသွားပြီး မည်းတူးသွားခဲ့သည်။

ဟူးး။

ဆုပိုင်က မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသည်။ ထို့နောက် ပြုတ်ကျသွားသော ယုန်ပေါက်လေးတိုင်းကိုကောက်ကာ သူ၏အနောက်ဘက်တွင်ပါသော အိတ်ထဲသို့ တဖြစည်းဖြည်းချင်းစီထည့်သည်။

ထိုအချိန်တွင် အရှေ့ဘက်ရှိမီးက ပြင်းသထက်ပြင်းလာပြင်းလာမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသော ယုန်တိုင်းက ထပ်မံပြီး မခုန်နိုင်တော့ချေ။ ထိုသို့ဖြင့် ယုန်ပေါက်လေးများက မီးထဲတွင် သေဆုံးကုန်လေသည်။

သို့သော် တချို့သော ယုန်များကလည်း လက်မလျှော့ချင်ကြချေ။ တစ်ကောင်ချင်းစီတိုင်းက တင်းမာသော မျက်နှာထားမျိုးနှင့် ဖြစ်နေကြသည်။ သူတို့က အလှည့်ကျစောင့်လျက် ယုန်ပေါက်တစ်ကောင်ချင်းစီတိုင်းကို ကိုက်ကာ တုံ့ဆိုင်းမနေဘဲ အပြင်သို့ ပစ်လွှတ်ကြသည်။

မီးက အလွန့်အလွန် ပြင်းထန်နေသည့်တိုင်အောင် မျှော်လင့်ချက်မရှိတော့သည့်တိုင်အောင် သူတို့က သူတို့၏ အသက်ကို စတေးပြီး သူတို့၏အဖွဲ့မှ ဆက်ခံသူများကို ရှင်သန်အောင်ကြိုးစားပေးနေကြသေးသည်။

“ဘာလို့ ဘာလို့ ဒီလိုဖြစ်ရတာလဲ”

“လုံးဝကို အံ့သြစရာပဲ၊ ဒါက တကယ်ကို အံ့သြစရာဖြစ်နေပြီ၊ သောက်ကျိုးနည်း ချားလ်ဂိုဏ်း ဘယ်လိုကြောင့်များ ဒီလိုတိရိစ္ဆာန်မျိုးကို နာကျင်အောင် လုပ်ရတာလဲ”

“ဒါက အရှင်က သတိပေးတာဖြစ်လောက်တယ်၊ ငါတို့အားလုံးမှားတယ်၊ ငါတို့အားလုံး မှားနေတာပါ”

နောက်မှ လိုက်လာသော မြို့သားများအားလုံးကလည်း အရှေ့မှ မြင်ကွင်းကို မြင်လိုက်ကြပြီး စိုစွတ်သောမျက်ဝန်းများဖြင့် မြေပြင်သို့ ဒူးထောက်ချလိုက်ကြသည်။

ယခုလောက်ထိ ရင်ကိုထိစေသော မြင်ကံင်းမျိုးကို သူတို့ မမြင်ဖူးကြချေ။

ဒါက သူတို့ကို ဘုရားသခင်က သတိပေးနေတာဖြစ်မယ်။

ဘုန်း။

ထိုအခိုက် သိုလှောင်အိမ်တစ်လုံးက ပြိုကျသွားသည်။ တောက်လောင်သွားသော မီးတောက်များအားလုံးက ကောင်းကင်တစ်ဝက်ကိုပင် ရဲရဲနီသွားစေသည်။

ဆုပိုင်က မီးပင်လယ်၏အရှေ့တွင် တိတ်တဆိတ် ရပ်နေသည်။

ယုန်ထောင်ပေါင်းများစွာက သူတို့၏အသက်ကို စတေးပြီး အကောင်သုံးဆယ်ပင်မပြည့်သည့် ယုန်ပေါက်လေးများကို ရှင်သန်အောင် ပို့လွှတ်ခဲ့ကြသည်။

ကျန်သော အကောင်လေးတိုင်းက သေသွားလေပြီ။ အားလုံးက အပြင်သို့ထွက်နိုင်ရန် မဖြစ်နိုင်ခဲ့ပေ။

ကွိကွိကွိ။

အတွင်းမှထွက်လာသော စူးရှလွန်းသည့် အော်သံများကို ကြားနေရသောအခါ ဆုပိုင်၏ နှလုံးသားက ဓားထက်ထက်ဖြင့် ထိုးနေသလို ခံစားနေရသည်။ တိရိစ္ဆာန်ကိုချစ်သော လူတစ်ယောက်အနေနှင့် ထိုခံစားချက်က ပြင်းထန်လွန်းသည်။

“ဟူး....”

90 03

သူက သက်ပြင်းအရှည်ကြီးကို ချသည်။ ဆုပိုင်က နောက်ကိုလှည့်ပြီး ဒူးထောက်နေကြသည့် လူအုပ်ကိုကြည့်ကာ ခပ်တိုးတိုးပြောသည်။

“ခင်ဗျားတို့ ဒီတိုင်း ဆက်လုပ်နေရင် အနာဂတ်မှာ ပိုပြီးနာကျင်ရတဲ့ တန်ကြေးတွေကိုပဲ ပေးနေရလိမ့်မယ်၊ ခင်ဗျားတို့ရဲ့ အဆုံးသတ်ကလည်း သူတို့ထက် မသာနိုင်ဘူး”

သူက ထိုသို့ပြောပြီး မြေပြင်တွင်စောင့်ကြောင့်ထိုင်ကာ ယုန်ကောင်လေးများကို အသာပွတ်သပ်သည်။ တာဝန်က ပြီးမြောက်သွားလေပြီ။ သို့ရာတွင် ဆုပိုင်က ပျော်ရွှင်မှုကို မခံစားရချေ။ သူ၏နှလုံးသားထဲတွင် ဓားဖြင့် ထိုးမွှေခံထားရသလို နာကျင်မှုကသာ ရှိနေသည်။

[အား....]

[ငါငိုရလို့ သေတော့မယ်၊ ဘယ်လိုကြောင့်များ ဒီလိုအခြေအနေမျိုးက ဖြစ်လာရတာလဲ၊ ဘာလို့ ဒီလိုတွေဖြစ်လာရတာလဲ]

[အရမ်းကို ခံစားရတာပဲ၊ ဒါက တိရိစ္ဆာန်တဲ့လား၊ ဒါက တိရိစ္ဆာန်တွေရဲ့ ပုံစံလား]

[တစ်ခါတရံမှာ လူတွေက တိရိစ္ဆာန်တွေထက်တောင် ဆိုးနေသေးတယ်]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မိတ်ဆွေများက အဖြစ်အပျက်အားလုံးကို မျက်မြင်တွေ့ကြုံလိုက်ရသည်။ သူတို့အားလုံးက ကွန်ပျူတာရှေ့တွင် ထိုင်လျက် အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားကြသည်။

သူတို့၏ နှလုံးသားအတွင်းတွင် ဖော်ပြရန် ခက်ခဲသည့် ခံစားချက်က ပြည့်နှက်လာသည်။

အတိတ်တွင် ထိုသို့ အလားတူသော ကိစ္စပေါင်းများစွာ ဖြစ်ခဲ့သောကြောင့် ဖြစ်လောက်သည်။ ဆုပိုင်က ရေခဲတုံးထိပ်ဖျားမှ တစ်ပိုင်းတစ်စကိုသာ ဖော်ပြခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ထိုအခြေအနေကလည်း လူတိုင်းကို စကားလုံးများထက်သာသည့် သတိပေးမှုအဖြစ် သက်ရောက်မှု ပြင်းထန်သည်။

“တင် ဂုဏ်ယူပါတယ်host၊ hostက သြစတေးလျယုန် အပိုင်းအစတာဝန်ကို ပြီးမြောက်အောင်မြင်သွားပါပြီ”

“တင် ဂုဏ်ယူပါတယ် host၊ hostအနေနဲ့ သြစတေးလျယုန်ကို ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် အရှိန်နှုန်း ၅မှတ် ထပ်မံရရှိသွားပါတယ်”

“စနစ်က hostကို ပြန်လည်ပြီး ပို့ဆောင်တော့မှာပါ၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကလည်း အလိုအလျောက် ပိတ်သွားပါလိမ့်မယ်”

အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။ ဆုပိုင်က ခပ်ထိုင်းထိုင်းဖြစ်နေသေးသည်။ သူက ခေါင်းကိုမော့လျက် ဘေးဘီကို ကြည့်လိုက်သည်။

ဒီတစ်ကြိမ်တွင် သူက ကောင်းကင်ပြာတိရိစ္ဆာန်ရုံသို့ တန်းရောက်သွားသည်။ သူ့နောက် လိုက်ပါလာသော ယုန်လေးများက မြက်ခင်းပြင်ထဲတွင် ခုန်ပေါက်နေကြသည်။

သို့သော်.....

ကောင်းကင်ပြာတိရိစ္ဆာန်ရုံတစ်ခုလုံးတွင် မည်သူမှ ရှိမနေချေ။ တိရိစ္ဆာန်တစ်ကောင်ကိုမှ မမြင်ရချေ။ ခရီးသွားဧည့်သည်တစ်ယောက်မှလည်း ရှိမနေချေ။

ဆုပိုင်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူက သြစတေးလျ ယုန်ပေါက်တစ်ကောင်ကို ကောက်မလိုက်ပြီး လက်မှတ်ရောင်းသောနေရာသို့ သွားလိုက်သည်။

ယခုအခါ ယုန်ပေါက်လေးများကို ရရှိလာပြီဖြစ်သည်။ ထို့ကြောင့် ဘေဘီ၏ ဖျားနာမှုကို ကုသ၍ ရလေပြီ။

သို့သော်....။

ဒီနေ့ ဘာဖြစ်နေတာလဲ။

လက်မှတ်ရောင်းအခန်း၏ တံခါးကိုတွန်းဖွင့်လိုက်သောအခါ အထဲတွင် မည်သူမှ ရှိမနေချေ။ သို့သော် စားပွဲတွင် စာရွက်ဖြူတစ်စောင်က ရှိနေသည်။

ဆုပိုင်က အနားသွားပြီးတစ်ချက်ကောက်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်နှာက ပြောင်းလဲသွားသည်။

“ဘေဘီရဲ့ ကျန်းမာရေးက တော်တော်လေး ဆိုးလာတယ်၊ ငါတောင်းပန်ပါတယ်၊ တိရိစ္ဆာန်ရုံကို ရက်နည်းနည်းလောက်တော့ ပိတ်ထားရလိမ့်မယ်”

“ငါတောင်းပန်ပါတယ်၊ ဒီတစ်ကြိမ်မှာ ဘေဘီက ရှင်သန်နိုင်ပါ့မလားမသေချာဘူး”

“ငါ.....မင်း သေချာပေါက် ငါ့ကိုစောင့်နေရမယ်”

ဆုပိုင်က နီရဲသော မျက်နှာနှင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ထို့နောက် ယုန်ပေါက်လေးကိုဖက်ပြီး တိရိစ္ဆာန်ရုံထဲက ခပ်မြန်မြန် ပြေးထွက်ခဲ့လိုက်သည်။

90 04

“ဒါရိုက်တာ ဆုပိုင် အိုး မင်းပြန်လာပြီလား၊ မြန်မြန်လေးသွားကြည့်ပါဦး၊ အဲဒီကောင်မလေး ငါစိုးရိမ်တာက သူ....”

တံခါးမှ ကန်တင်းပိုင်ရှင်တစ်ယောက်က ဆုပိုင်ပြေးထွက်လာကြောင်း မြင်သောအခါ ခပ်မြန်မြန် အော်ပြောလိုက်သည်။

“တိရိစ္ဆာန်တွေအားလုံးလည်း လိုက်သွားကြတယ်၊ သူတို့အားလုံး ဆေးရုံမှာ”

+++++++

All Chapters