← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အပိုင်း (91)

“ဝူး”

တပိုင်က သွေးထွက်မတတ် နီရဲနေသော မျက်ဝန်းမျိုးဖြင့် လူနာခန်းအရှေ့တွင် ရပ်နေသည်။ သူ၏ခန္ဓာကိုယ်ကိုလည်း ဆက်တိုက်လိမ်နေရင်း အတွင်းသို့ တွန်းဖွင့်နိုင်ရန်ကြိုးစားနေသည်။

“တပိုင်”

ကောင်းယွဲ့က တပိုင်၏ ခန္ဓာက်ိုယ်ကို ဖက်ပြီး နောက်သို့ပြန်ဆွဲခေါ်သည်။

လူနာခန်းထဲတွင် မျက်ရည်အပြည့်နှင့် လှဲနေသော ဘေဘီ့က်ိုမြင်သောအခါ သူမသည်လည်း မနေနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဘေဘီက ဒီမနက်ခင်းမှာတင် ကိုမာဝင်သွားပြီး ယခုအချိန်ထိ ပြန်နိုးမလာသေးချေ။ ထို့နောက် ဆုပိုင်ကလည်း ပြန်မရောက်သေးချေ။ ထို့ကြောင့် သူတို့သည်လည်း တတ်နိုင်တာမရှိတော့ချေ။

လူနာခန်းတံခါးက တွန်းဖွင့်ခံရသည်။

အဖြူရောင်ကုတ်ကို ဝတ်ထားသည့် ပါမောက္ခချွီက တင်းမာသော မျက်နှာထားဖြင့် လျှောက်ထွက်လာသည်။ အခန်းအပြင်ဘက်တွင် စောင့်ကြောင့်ထိုင်ကာ စောင့်နေကြသည့် တိရိစ္ဆာန်တစ်အုပ်ကို မြင်သောအခါ သူက ခေါင်းကိုအသာ ခါယမ်းလိုက်သည်။

“ပါမောက္ခချွီ အခြေအနေက ဘယ်လိုလဲ”

ကောင်းယွဲ့က မြေပြင်မှ ခပ်မြန်မြန်ခုန်ထရင်း သူရှိရာဘက်သို့ အပြေးသွားကာ မျက်ရည်များကို သုတ်လျက်မေးသည်။

“နိုးလာပြီလား”

“ဘေဘီ သူက အဆင်ပြေပါတယ်”

“အိုး”

ပါမောက္ခချွီက အသားကုန်ရှိုက်ငိုနေသော ကောင်းယွဲ့ကိုကြည့်ပြီး သက်ပြင်းချသည်။

“ငါလည်း ဒီလောက်မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ရောဂါက ဆိုးဆိုးရွားရွား တိုးတက်သွားမယ်လို့ မထင်ထားဘူး၊ ငါအခုပဲ စစ်ကြည့်ပြီးသွားပြီ၊ ယေဘူယျကျကျ ပြောရရင် ဒီကောင်မလေးက အခုအသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားကြုံ့လာတဲ့ ဝေဒနာကို စပြီးခံစားနေရတာ၊ ဒါပေမဲ့.... “

ထိုအချိန်တွင် ပါမောက္ခချွီက အံကြိတ်လိုက်ရင်း လေးနက်သောလေသံဖြင့်ပြောသည်။

“အမည်မသိရတဲ့ အကြောင်းပြချက်ကြောင့် သူမရဲ့ ကြုံ့လာတဲ့ ကြွက်သားတွေက အရမ်းကိုမြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ဆိုးရွားလာတာဆိုတော့ နည်းလမ်းတစ်ခုနဲ့ပဲ သူမရဲ့အသက်ကို ထိန်းချုပ်ထားလို့ရတော့မယ်”

“ဒါက သူမရဲ့ လည်မျိုကို ဖွင့်ပြီး လည်ချောင်းပိုက်ထည့်လို့ အသက်ဆက်ရှင်နိုင်အောင် ကြိုးစားတာပဲ “

“အဲဒီလိုမှမဟုတ်ရင်တော့ ဒီနေ့တောင်ကျော်ဖို့ ခက်လိမ့်မယ်”

“မဖြစ်နိုင်တာ ပါမောက္ခချွီ၊ ဒါမဖြစ်နိုင်ဘူးမဟုတ်လား”

ထိုစကားကို ကြားသောအခါ ကောင်းယွဲ့၏ မျက်လုံးများက မည်းမှောင်ကျသွားပြီး မြေပြင်ပေါ်တွင် ပုံလျက်သားလေး လဲကျသွားသည်။ သူမ၏ မျက်နှာတွင် မျက်ရည်များက စိုရွဲနေ၏။

“ဝူးဝူးဝူး”

“ဘာကြောင့်လဲ”

ပါမောက္ခချွီကလည်း အသက်ပြင်းပြင်းရှူသည်။ သူက အနားသို့လျှောက်သွားပြီး တဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။

“ငါတို့ရဲ့ ဆေးရုံကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တကယ်ကို ကူကယ်ရာမဲ့ရပါတယ်”

“ဒါပေမဲ့....ANSက ကုသလို့မရတဲ့ ရောဂါပဲ၊ ငါလည်း ဒီကလေးမလေးကို တော်တော်လေး ချစ်ပါတယ်၊ ဒါပေမဲ့...”

သူက မျက်ဝန်းထောင့်စွန်းမှ မျက်ရည်များကို သုတ်လိုက်ရင်း တည်ငြိမ်သော လေသံမျိုးဖြင့် ဆက်ပြောသည်။

“ဒါပေမဲ့ ကလေးမလေးကို လည်ချောင်းပိုက်ထည့်မထည့်ဆိုတဲ့ ကိစ္စကို အမြန်ဆုံး ဆုံးဖြတ်ရလိမ့်မယ်၊ လည်ချောင်းပိုက်ထည့်လိုက်ရင် သူမရဲ့ အသက်ကို ဆွဲဆန့်ထားနိုင်တယ်၊ ဒါပေမဲ့ တအားနာကျင်ရလိမ့်မယ်”

ပါမောက္ခချွီက နာမည်ကြီး ပညာရှင်တစ်ယောက်ဖြစ်သည်။ သူကလည်း ANSရောဂါ ခံစားနေရသော လူနာပေါင်းများစွာကို ကြုံခဲ့ဖူးသည်။

ရိုးသားစွာ ဆိုရသော် ထိုကဲ့သို့သော လူမျိုးများအနေနှင့် အသက်တစ်ရက် ဆက်ရှင်ရလေလေ ပို၍နာကျင်ရလေလေဖြစ်သည်။ ဒါက သူတို့ကို နှိပ်စက်နေသည်နှင့်တူသည်။ သူတို့က မလှုပ်နိုင်သော အနေအထားမျိုး အချင်းချင်း တူညီနေလျှင်ပင် ANSများက ပို၍သာ ရက်စက်သည့် နာကျင်မှုကို ခံစားရသည်။

တခြားသူများနှင့် စကားပြောဆက်သွယ်၍လည်း မရချေ။ မျက်လုံးကလွှဲပြီး မည်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းကမှ မလှုပ်နိုင်ခြင်းက အလွန်အမင်း ဆိုးရွားလေသည်။

ဒါက ဖုတ်ကောင်လိုပဲ။

ထိုအကြောင်းပြချက်ကြောင့်ပဲ သူက ကောင်းယွဲ့ကို ရွေးချယ်ခိုင်းခြင်းဖြစ်သည်။ အကြောင်းမူကား ယခုလိုအခြေအနေ ဖြစ်သွားခြင်းထက် လက်လျှော့လိုသည့် လူများရှိနေသည်။

ဒါက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရုံတင်မဟုတ်ဘဲ မိသားစုနဲ့ မိတ်ဆွေတွေကိုပါ နှိပ်စက်တာဖြစ်နေပြီ။

ဘယ်လိုလူက ကိုယ်နဲ့ အနီးစပ်ဆုံး လူတစ်ယောက်က အလောင်းကောင်လိုမျိုး ရှင်သန်နေရတာကို ကြည့်ချင်နေမှာလဲ။

“ကျွန်မ...”

ဘယ်လိုလုပ်ရမလဲ။

ကောင်းယွဲ့က ဆေးရုံလျှောက်လမ်းရှိ နံရံကို ထိုင်းမှိုင်းသော မျက်လုံးများဖြင့် မှီရင်း ခပ်တိုးတိုးရေရွတ်နေသည်။

“ဝူးး”

တပိုင်က အော်ပြီး ဆေးရုံခန်းထဲသို့ ခပ်မြန်မြန်ပြေးဝင်သည်။

အနောက်မှ ရွှေမြွေ၊ မျောက်ဘုရင်၊ ပျားရည်ခွေးတူဝက်တူနှင့် ငှက်တောတို့က နောက်မှလိုက်သွားသည်။ ဆင်ပေါက်လေးကမူ ဒီနေရာသို့ တက်လာရန် ကြီးလွန်းသဖြင့် မဝင်သွားခဲ့ချေ။ သို့သော် တခြားသော တိရိစ္ဆာန်များက ဝင်သွားခဲ့သည်။

“ဝူး....”

91 02

ဆေးရုံခုတင်ပေါ်တွင် အမူအယာမဲ့စွာ လဲနေသော ဘေဘီ့ကို မြင်ရသည့်အချိန်တွင် ဝက်ဝံကြီးက မြေပြင်ပေါ်တွင် ထိုင်ချပြီး သူ့လက်သည်းလေးများကိုသုံး၍ သွားဆန့်ထုတ်လျက် သူမကို ထိရန် ကြိုးစားသည်။

“တ....တ တပိုင်”

ရုတ်တရက် ဘေဘီက မျက်လုံးဖွင့်လာသည်။ ထို့နောက်မျက်ဝန်းကြီးတစ်စုံဖြင့် ရှေ့မှတပိုင်ကို ကြည့်ပြီး လက်ကိုမြှောက်ရန် ကြိုးစားသည်။ သို့သော်....။

“ဝူး”

တပိုင်ကလည်း ကြောင်အသွားသည်။ သူက ခပ်မြန်မြန်ထလိုက်ပြီး သူ၏လက်လေးဖြင့် ဆေးရုံခုတင်ပေါ် လှမ်းတင်လိုက်သည်။

“ငါ တပိုင်....ငါ ငါနင်နဲ့အတူ ကြယ်တွေကြည့်ပေးနိုင်တော့မှာ မဟုတ်ဘူး”

“သူတို့ကပြောတယ် ဘေဘီက ကျန်းမာရေးမကောင်းဘူးတဲ့”

“ဘေဘီ အကြာကြီး အိပ်ရမယ်ထင်တယ်၊ ဒါပေမဲ့ ဒေါသမထွက်နဲ့နော်”

“ဘေဘီ”

ကောင်းယွဲ့က မျက်ရည်များကို သုတ်ပြီး အကောင်းဆုံးကြိုးစားလျက် ပြုံးနိုင်ရန် ကြိုးစားသည်။ ထို့နောက် အခန်းထဲသို့ ဝင်သွားသည်။

“သမီး စကားအများကြီး မပြောနိုင်ဘူး၊ ဒီတိုင်း လှဲနေလိုက်နော်၊ တပိုင်က သမီးနဲ့အတူ နေနေလိမ့်မယ်၊ ဟုတ်ပြီလား”

ကောင်းယွဲ့က ကလေးမလေး၏ နဖူးကို အသာထိတွေ့သည်။ ကောင်းယွဲ့၏ နှလုံးသားက ဖိညှစ်ဆုပ်ကိုင်ထားသလို ခံစားနေရသည်။

သူမက အပြင်ဘက်တွင် အချိန်အကြာကြီး တွေးတောပြီးလေပြီ။ သူမကိုယ်သူမ အတတ်နိုင်ဆုံး ကြိုးစားပြီး အယုံသွင်းလိုသေးသည်။ သို့သော် အထဲသို့ ဝင်လိုက်သည့် တစ်ခဏတွင် လက်ရှိ ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်....

ဒီလောက် ချစ်စရာကောင်းပြီး တက်ကြွတဲ့ ကောင်မလေးက ဆေးရုံခုတင်မှာပဲ တောက်လျှောက်လှဲနေရမယ်၊ စက်တွေရဲ့ အကူအညီနဲ့ တောက်လျှောက် အသက်ကို ထိန်းထားရမယ်ဆိုရင် ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းလိုက်မလဲ။

“ဒါရိုက်တာ ဆုပိုင်က ဘယ်မှာလဲ၊ ဘာလို့ပြန်မလာသေးတာလဲ”

ရွက်တိုင်ပေါ်မှ ငှက်တောက မနေနိုင်ဘဲ မေးလိုက်သည်။

“ဒါရိုက်တာ ဆုပိုင်က နည်းလမ်းရှိတယ်လို့ ပြောသွားတယ်မဟုတ်လား”

“ဝူး”

တပိုင်က ရုတ်တရက် ခပ်ကြမ်းကြမ်း ခေါင်းလှည့်ပစ်လိုက်သည်။ သူက ခေါင်းကိုလှည့်ပြီးနောက် နီရဲနေသော မျက်လုံးများဖြင့် တံခါးဘက်သို့ လှည့်ကြည့်သည်။

ဟုတ်တယ်။

ဒါရိုက်တာက ဖြေရှင်းချက် ရှာမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ သူက ဒီဘေဘီကို ကုသဖို့ နည်းလမ်းတစ်ခုတော့ ရှိမှာပဲ။

ဘေဘီ၏ နဖူးကို သူ၏နဖူးဖြင့် အသာပွတ်သပ်နေပြီးနောက် တပိုင်က ခပ်မြန်မြန်နောက်လှည့်ကာ အခန်းထဲမှ ပြေးထွက်သွားသည်။

သူဒါရိုက်တာ ဆုပိုင်ကို သွားရှာရမယ်။ ဒါဆိုရင် နည်းလမ်းတစ်ခုတော့ ရှိမှာပါ။

“ဟူး ဟူး ဟူး”

ဆုပိုင်က လှေကားပေါ်သို့ အသားကုန် ပြေးလွှားလာရသဖြင့် အမောတကော အသက်ရှူနေသည်။ သူ၏လက်မောင်းထဲတွင်လည်း ယုန်လေးကို ကျစ်ကျစ်ပါအောင် ဖက်ထားသေးသည်။ သူက အပေါ်မှအချက်များကို ကြည့်လိုက်သည်။ နောက်ဆုံးသုံးထပ်သို့ ဆက်တက်ရဦးပေမည်။

“မြန်မြန်”

အော်သံတစ်ချက်နှင့်အတူ ဆုပိုင်က ခြေသုံးလှမ်းတည်းနှင့် ခပ်မြန်မြန် ပြေးတက်ပြန်သည်။

“ဝူး”

ရုတ်တရက် အပေါ်မှ အော်သံတစ်သံ ထွက်လာသည်။

တပိုင်က စိတ်လှုပ်ရှားစွာ ပြေးဆင်းလာသည်။ သူ့ကိုမြင်သည်နှင့် ဆုပိုင်၏ အင်္ကျီအစကို ဆွဲဖြဲလျက် အသံတိုးတိုးနှင့်အော်သည်။

“ဘေဘီက သိပ်မကြာခင်သေတော့မှာ”

“သူတို့ကပြောတယ် နည်းလမ်းတစ်ခုသာ မတွေးနိုင်ဘူးဆိုရင် စိုးရိမ်တာက... “

“ကောင်းပြီ ကောင်းပြီ”

ဆုပိုင်က အမောတကော အသက်ရှူသည်။ ထို့နောက် ပန်ဒါကြီး၏ နဖူးကို အသာပွတ်လိုက်၏။

“မစိုးရိမ်နဲ့ ဟုတ်ပြီလား၊ ငါတို့မှာဖြေရှင်းချက် ရှိထားပြီးသား၊ ဘေဘီက သေချာပေါက် အဆင်ပြေလိမ့်မယ်၊ မစိုးရိမ်နဲ့”

သူက ထိုသို့ပြောပြီး ခပ်မြန်မြန်ပြေးတက်သွားသည်။

ဆေးရုံခန်းရှေ့သို့ ရောက်သောအခါ တပိုင်က တံခါးခေါက်သည်။ ထို့နောက် ခုန်ဝင်လိုက်သည်။

“ဟူး”

ဆုပိုင်က တံခါးဝတွင် ရပ်လျက် ဆေးရုံခုတင်ပေါ်တွင် ဖြူဖျော့သော မျက်နှာနှင့်လှဲကာ မျက်လုံးကြီးများဖြင့် ကြည့်နေသော ဘေဘီ့ကိုကြည့်သည်။ ထို့နောက် သက်ပြင်းရှည်ကြီးကို ချသည်။ နောက်ဆုံးတော့ မီသေးတယ်။

“ဘေဘီ နာနာခံခံပဲနေနော်၊ ဦးလေးဆုပိုင်က သေချာပေါက်ကယ်ပေးမယ်”

ဆုပိုင်က ဆေးရုံခုတင်ဘေးနားသို့သွားပြီး ကလေးမလေး၏ နဖူးကို အသာပွတ်သပ်သည်။ ထို့နောက် ခပ်တိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။

“တစ်ရေးအိပ်လိုက်၊ အိပ်ပြီးသွားလို့ သမီးပြန်နိုးလာတဲ့အခါ တပိုင်ကိုလည်း စီးလို့ရမယ်၊ တခြားသူတွေကလည်း သမီးနဲ့အတူ ဆော့ပေးလိမ့်မယ်၊ ဟုတ်ပြီလား”

“တကယ်လား ဦးလေး၊ ဦးလေးဘေဘီ့ကို မလိမ်ပါဘူးနော်”

“မလိမ်ဘူး တကယ်ပြောတာ၊ တကယ်လို့ သမီးမယုံရင် လက်သန်းချိတ်ကြမလား”

ကလေးမလေး၏ သေးငယ်သော လက်ကလေးကိုယူပြီး လက်သန်းချင်းချိတ်လျက် ကတိပေးလိုက်သည်။

“ဒီလို လက်သန်းချိတ်ပြီး ကတိပေးလိုက်ပြီဆိုတော့ နှစ်တစ်ရာကြာတဲ့အထိ ပြောင်းလဲတော့မှာမဟုတ်ဘူး”

“ကောင်းပြီ လိမ္မာနော်၊ ဦးလေးက အခုပဲ ဆရာဝန်သွားရှာလိုက်မယ်”

++++

92 01

အပိုင်း (92)

“မဟုတ်ဘူး ဘယ်လိုဖြစ်နိုင်မှာလဲ”

ပါမောက္ခချွီက အရှေ့မှ လူငယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လျက် ဆူပူသည်။

“ဒီကလေးမလေးက သေခါနီးအခြေအနေရောက်နေပြီဆိုတာကို မသိဘူးလား၊ သတိမထားမိတာနဲ့ သူမက သေသွားနိုင်တယ်”

“ပိုဆိုးတာက ဒီရောဂါအဆင့်က ဘာဆေးနဲ့မှ ကုသလို့မရတဲ့ ထိပ်တန်းရောဂါဆယ်မျိုးထဲမှာတောင် ပါနေသေးတယ်၊ ဘယ်လိုကြောင့်များ နည်းလမ်းက ရှိမှာလဲ”

“ငါသဘောမတူဘူး၊ ဒါက ရင်းနှီးလွန်းရာကျတယ်”

ရှေ့မှ လူငယ်က ANSရောဂါပိုင်ရှင်ကောင်မလေးကို ကုသနိုင်သည်ဟု ပြောသည်။ ဒါက ပေါက်ကရစကားသာ ဖြစ်ပေလိမ့်မည်။

တစ်လောကလုံးတွင် မရေမတွက်နိုင်သော သိပ္ပံပညာရှင်၊ သုတေသနပညာရှင်ပေါင်းများစွာက ပူးပေါင်းလျက် ထိုရောဂါ၏ ကုသနည်းကို ရှာဖွေခဲ့သည်။ သို့သော် မည်သည့်တိုးတက်မှုမှ ရှိမလာခဲ့ချေ။

ဒါကို မင်းလို တိရိစ္ဆာန်ရုံတစ်ခုရဲ့ ဒါရိုက်တာတစ်ယောက်က....ဆေးဝန်ထမ်းတောင် မဟုတ်တဲ့ လူတစ်ယောက်က ဘာများလုပ်နိုင်မှာလဲ။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး အေးစက်သော လေသံဖြင့်ပြောသည်။

“ဒီဆေးရုံမှာ ဒီ့ထက်ပိုကောင်းတဲ့ ကုသနည်း ရှိလို့လား”

“မဟုတ်ဘူး မရှိဘူးမဟုတ်လား”

“ဒါဆိုရင် ဒီကလေးက လည်ချောင်းကိုဖောက်ပြီး စက်အကူနဲ့ပဲ မှီခိုနေထိုင်တာကို စောင့်ကြည့်နေနိုင်လို့လား၊ ဒီပုံစံမျိုးနဲ့ အသက်ကို ထိန်းထားမယ်၊ ဒါက လူနာကို နှိပ်စက်ရာ မရောက်ဘူးလား”

“ပါမောက္ခချွီ ငါနောက်နေတာ မဟုတ်ဘူး၊ ငါဒီကလေးကို သေချာပေါက် ကုပေးနိုင်တယ်...”

“မင်းက..”

ပါမောက္ခချွီက အရှေ့မှ စိတ်လှုပ်ရှားနေသော ဆုပိုင်ကို ကြည့်ပြီး တစ်ခဏခန့်ကြာအောင် ပြောစရာစကား မရှိတော့ချေ။

ဟုတ်တယ်။

ဒီဆေးရုံအနေနဲ့ ပိုကောင်းတဲ့ ကုသနည်းလမ်းလည်း မသိသလို ပိုကောင်းတဲ့ ဆေးတွေကိုလည်း မထောက်ပံ့ပေးနိုင်ဘူး။

ထိုရောဂါက လက်ရှိ မည်သည့်ဆေးနှင့်မှ ထိန်းချုပ်၍ မရနိုင်သော ရောဂါမျိုးလည်းဖြစ်သည်။

သို့သော်..။

“ပါမောက္ခချွီ ဒီကလေးကို ကယ်တင်ဖို့က အရမ်းကို အရေးကြီးနေတယ်”

“အူး...”

ရုတ်တရက် ရုံးခန်းတံခါးက ခပ်ကြမ်းကြမ်း ဆောင့်ဖွင့်ခံရသည်။ ကြီးမားသော ပန်ဒါကြီးက ခက်ထန်သော မျက်နှာဖြင့် အပြေးအလွှားဝင်လာပြီး ဆုပိုင်ကို အစွယ်များ ဖြဲလျက်ကြည့်သည်။

“သူ...”

“တပိုင် ထွက်သွား”

ဆုပိုင်က ထိုအခြေအနေကို မြင်သောအခါ လှမ်းအော်လိုက်သည်။

“ပါမောက္ခချွီ ခင်ဗျား ကျွန်တော့်အတွက် ခွဲခန်းကိုပဲ ပြင်ဆင်ပေးဖို့ လိုအပ်တယ်၊ တစ်နာရီဆိုရင် လုံလောက်ပြီ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ဒီကောင်မလေးဘေဘီက တိရိစ္ဆာန်ရုံအတွက်လည်း ပိုပြီးတောင် အရေးကြီးသေးတယ်”

“တိရိစ္ဆာန်တွေအားလုံးက သူမနဲ့ ဆက်ဆံရေးကောင်းနေရုံတင် မကဘဲ ငါတို့က တအားကို ရင်းနှီးကြတယ်”

ဟစ်။

ပါမောက္ခချွီက အသက်ပြင်းပြင်းရှူပြီး တဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။ ထို့နောက် လေးလံသော လေသံဖြင့်ပြောသည်။

“ငါသဘောတူပါတယ်၊ ဒါပေမဲ့ သူမကို ကုသဖို့အတွက် ကောင်းယွဲ့နဲ့ အဲဒီကောင်မလေးကိုယ်တိုင်က လက်ခံမှဖြစ်လိမ့်မယ်၊ မင်းဒီတိုင်း လျှောက်လုပ်လို့မရဘူး”

“မစိုးရိမ်ပါနဲ့ ကောင်းယွဲ့နဲ့ ပေါင်ပေါင်းက သဘောတူထားပြီးသား”

ဆုပိုင်က ခပ်မြန်မြန် ပြန်ဖြေသည်။

ထို့နောက် သူက လက်မောင်းထဲတွင် ပွေ့ဖက်ထားသည့် ယုန်ပေါက်လေးကို တစ်ချက်ထုတ်ယူပြီး ရုံးခန်းထဲမှ ခပ်မြန်မြန်ပြေးထွက်သွားကာ ခွဲခန်းရှိရာသို့ သွားသည်။

92 02

စနစ်က ပေးသော နည်းလမ်းက ယုန်လေး၏ ခန္ဓာကိုယ်အတွင်းတွင် သွေးကြောများကို ထိန်းချုပ်နိုင်သည့် အရည်ဂလင်းတစ်မျိုးကို စစ်ထုတ်ရခြင်းဖြစ်သည်။ ထိုနည်းပညာက လက်ရှိနည်းပညာဖြင့် လုပ်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ဆုပိုင်က ရွေးချယ်စရာမရှိဘဲ ခွဲခန်းကိုငှားရမ်းလျက် ယုန်ထဲမှသွေးကို စစ်ထုတ်ဟန် ဆောင်ရပေလိမ့်မည်။

မည်သို့ပင်ဆိုစေ သူက ရုတ်တရက် ဆေးပုလင်းကြီးတစ်ခုကို ထုတ်ပြလိုက်လျှင် ခြောက်ခြားစရာကောင်းသွားပေလိမ့်မည်။

ပို၍ဆိုးသည်မှာ ဆုပိုင်အနေနှင့်လည်း စနစ်က ထိုအရည်ကို မည်သည့်နည်းလမ်းကိုသုံးကာ စစ်ထုတ်မည်ဖြစ်ကြောင်း မသိနိုင်သေးချေ။ ထို့အပြင် သွေးကြောများ၏ လှုပ်ရှားမှုကိုလည်း ထိန်းချုပ်ရန် လိုအပ်နေသေးသည်။

“မင်းတို့ဝင်လာဖို့မလိုဘူး၊ ငါတစ်ယောက်တည်းလုပ်မယ်”

ဆုပိုင်က အနောက်ဘက်မှ သူနာပြုများကို ပြောလိုက်သည်။ ထို့နောက် ခွဲခန်းထဲသို့ တစ်ယောက်တည်းဝင်သွားလိုက်သည်။

“လိမ္မာနော်”

ဆုပိုင်က ထိုသြစတေးလျယုန်လေးကို ခွဲခန်းစားပွဲပေါ်သို့ တင်လိုက်ပြီး ကောင်လေး၏နဖူးကို အသာပွတ်သပ်ပေးသည်။

“စနစ် စတော့”

“host ဒီယုန်လေးရဲ့ကိုယ်ထဲက ဒီအာရုံကြောအရည်က စစ်ထုတ်လိုက်တာနဲ့ ဒီသတ္တဝါလေးအနေနဲ့ အရမ်းမြင့်တဲ့အရှိန်အထိ ခုန်နိုင်စွမ်းရည်ကို ထာဝရ ပျောက်ဆုံးသွားမှာပါ၊ စစ်ထုတ်မှာသေချာပါပြီလား”

“စစ်ထုတ်”

ဆုပိုင်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ANSရောဂါကိုသာ ကုသနိုင်မည်ဆိုလျှင် ကယ်ဆယ်ပေးသော တိရိစ္ဆာန်တိုင်းက တိုင်းပြည်တိုင်းတွင် နိုင်ငံ့ရတနာ ဖြစ်လာပေလိမ့်မည်။

နောက်ပြီး သူက ခုန်နိုင်တဲ့ စွမ်းရည် ဆုံးရှုံးသွားတယ်ဆိုပေမဲ့လည်း..

“ငါအနာဂတ်မှာ မင်းတို့ကို ကောင်းကောင်းကျွေးမွေးမှာပါ”

ဆုပိုင်က ခပ်တိုးတိုးရေရွတ်ပြီး အံကိုကြိတ်သည်။

ဘိ ဘိ ဘိ။

သူ၏အရှေ့ရှိမြူထုက ယုန်လေး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက်တွင် အတွင်းဘက်မှ နာကျင်သောအော်သံက ထွက်လာသည်။

ဆုပိုင်က ခေါင်းကို တွန့်ဆုတ်စွာ လွှဲလိုက်သည်။

တစ်ခဏခန့် ကြာပြီးနောက် ခွဲစိတ်စားပွဲပေါ်တွင် ဖောက်ထွင်းမြင်ရအောင်ကြည်လင်သည့် အရည်ပုလင်းလေးက ရှိနေပြီဖြစ်သည်။

ထို့နောက် ထိုယုန်လေးက ဆုပိုင်ကို မျက်လုံးကြီးများဖြင့် တိတ်တဆိတ် ကြည့်လာသည်။

ဆုပိုင်က ယုန်လေးကို ခပ်မြန်မြန်ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်မှ ပုလင်းလေးနှင့် ဆေးထိုးအပ်ကိုကောက်ယူကာ ဘေဘီ၏အခန်းထဲသို့ သွားသည်။

“ဘာပြဿနာမှ မရှိဘူးလား”

ပါမောက္ခချွီက လက်ထဲမှ ဆေးထိုးအပ်ကိုကြည့်သည်။ ထို့နောက် ဆုပိုင်ကို ပြန်ကြည့်ပြီး အတည်ပြုရန်မေးသည်။

“မရှိဘူး”

“ကောင်းပြီလေ၊ ဒါဆိုရင် လူနာရဲ့ကိုယ်ထဲက အာရုံကြောတွေရဲ့ လှုပ်ရှားမှုနဲ့ အခြေအနေအားလုံးကို သိရအောင် မော်နီတာတွေ ကိရိယာတွေအားလုံးကို ဖွင့်ထား၊ တစ်ချိန်လုံး စောင့်ကြည့်ကြမယ်”

သူက အနောက်ဘက်ရှိ လက်ထောက်ကို အမိန့်ပေးလိုက်ပြီးနောက် ထိုဆေးရည်အား ဘေဘီ၏ ခန္ဓာကိုယ်အတွင်းသို့ လက်မှတစ်ဆင့် ထည့်သွင်းလေသည်။

“ပါမောက္ခ ကြည့်ပါဦး”

သိပ်မကြာခင် ဘေးဘက်ရှိလက်ထောက်က တအံ့တသြအော်သည်။

ပါမောက္ခချွီက ခေါင်းကိုလှည့်ကာ ကြည့်လိုက်သည်။

ထိုအခါ ဖန်သားပြင်တွင် ၊ ဘေဘီ၏ အာရုံကြောလှုပ်ရှားမှုကို ကိုယ်စားပြုသော လိုင်းကြောင်းက တဖြည်းဖြည်းချင်း မြင့်တက်လာကြောင်း မြင်လိုက်ရသည်။

ဆိုလိုသည်မှာ သူမ၏ခန္ဓာကိုယ်အတွင်းတွင်ရှိသော ကြွက်သားများကို ထိန်းချုပ်ပေးသည့် ထိုအာရုံကြောလှုပ်ရှားမှုများအားလုံးက တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

“ဒါက “

ပါမောက္ခချွီက မျက်လုံးပြူးကျယ်သွားသည်။ ထို့နောက် ဆုပိုင်ကို လှည့်ကြည့်သည်။

“မင်း...ဒါက ဆေးပညာဆိုင်ရာမှင်တက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပဲ၊ တကယ်ကို ဖြစ်ရပ်ထူးပဲ”

92 03

“ငါ တရုတ်နိုင်ငံရဲ့ ANSရောဂါကို ခံစားနေရတဲ့လူနာသန်းကျော်ရဲ့ ကိုယ်စား....ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါက လူသန်းပေါင်းများစွာကို ကယ်တင်နိုင်တဲ့ အခြေအနေပဲ”

ထိုသို့ပြောပြီး ပါမောက္ခချွီက ဆုပိုင်ကို လေးနက်စွာ ဂါရဝပြုသည်။

ဆေးရုံအခန်းထဲတွင်ရှိနေသော ဆေးပညာဝန်ထမ်းတိုင်းကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် စိတ်လှုပ်ရှားနေကြသည်။

သူတို့ကလည်း ANSရောဂါကို ခံစားရချိန်တွင် မည်သည့်ကုသနည်းမှ မရှိသဖြင့် ဆေးထိုးကာ ဘဝကိုအဆုံးခံသည့် လူနာပေါင်းများစွာကို မြင်ခဲ့ရသည်။

ထိုသို့ သေရေးရှင်ရေးအခြေအနေဖြင့် အခွဲခံရချိန်တိုင်းလိုလို အားလုံးက ကူကယ်ရာမဲ့နေကြရလေသည်။

သို့သော် ယခုမူ သူတို့အရှေ့တွင်ရှိသော ဒါရိုက်တာဆုပိုင်က ထိုရောဂါကို ကုသပေးနိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့လာသည်။

သို့သော်....။

“ဒီတိရိစ္ဆာန်ရဲ့ကိုယ်ထဲက ဒီအာရုံကြောအရည်ဂလင်းကို စစ်ထုတ်လိုက်ရင် ဒီတိရိစ္ဆာန်အတွက် အခြေအနေ ကောင်းရဲ့လား”

ပါမောက္ခချွီက ပြဿနာကို သတိထားမိသွားသည်။ တိရိစ္ဆာန်များက အဖိုးတန်လွန်းသေးသည်။

ထိုအရည်များကို စစ်ထုတ်လိုက်ခြင်းက တိရိစ္ဆာန်များကို သေစေနိုင်ခဲ့လျှင် ANSက သာမန်မိသားစုများအတွက် မတတ်နိုင်လောက်ချေ။

“အခက်အခဲ နည်းနည်းတော့ ရှိတယ်၊ ဒီလိုအရည်ဂလင်းကို ထုတ်ပြီးသွားတဲ့နောက်မှာ ဒီယုန်လေးက အမြင့်ကြီးထိ ခုန်နိုင်တော့မှာမဟုတ်ဘူး၊ နောက်ပြီး ဒီတိရိစ္ဆာန်တွေက ဆက်ပြီးဖွံ့ဖြိုးသွားမှာလေ၊ ဒီတော့ မျိုးပွားဖို့ကလည်း အချိန်လိုတယ်၊ ဒီအတောတွင်းမှာတော့ ဒီနည်းလမ်းကို တိုက်ရိုက်ထုတ်သုံးလို့ မရသေးပါဘူး”

ဆုပိုင်က အမှန်အတိုင်းပြောလိုက်သည်။

“ခုန်နိုင်တဲ့စွမ်းရည်ကို ဆုံးရှုံးရမယ်ဟုတ်လား”

ပါမောက္ခချွီက အံ့သြသွားသည်။ ထိုကဲ့သို့သော တိရိစ္ဆာန်မျိုးအတွက် မခုန်နိုင်ခြင်းကလည်း ပြင်းထန်လေသည်။

“ဒါပေမဲ့ ကံကောင်းတာက ဒီယုန်လေးတွေက အခုတိရိစ္ဆာန်ရုံမှာပဲ ဆက်လက်ပြီး နေထိုင်တော့မှာဖြစ်လို့ လိုက်ဖမ်းခံရတဲ့ အခြေအနေမျိုးကို မကြုံတွေ့ရနိုင်ဘူး၊ ဒီအတွက်ကြောင့် ကောင်းကင်ပြာတိရိစ္ဆာန်ရုံက ခုန်နိုင်တဲ့စွမ်းရည်မရှိတော့တဲ့ ဆုံးရှုံးမှုမျိုးကို ခံနိုင်ပါတယ်”

ဆုပိုင်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောသည်။

“ဒါပေမဲ့ ဒီယုန်လေးတွေက တော်တော်လေးကို မြန်မြန်ဆန်ဆန် မျိုးပွားတတ်တယ်၊ ပမာဏတအားများလာတာနဲ့ အနာဂတ်မှာ သူတို့ကို တောထဲမှာလွှတ်ပေးထားလိုက်တော့မျာပါ၊ အဲဒီအချိန်ရောက်လာတဲ့အခါ ဒီယုန်လေးတွေရဲ့ အာရုံကြောအရည်ဂလင်းကို သေချာပေါက် ဆေးရုံကို လှူဒါန်းပါ့မယ်”

“ငါနားလည်ပါတယ်”

ပါမောက္ခချွီက တည်ငြိမ်စွာပြောသည်။

“ငါမင်းကို အမှန်အတိုင်း ပြောပြမယ်၊ ငါဒီကိစ္စကို တရုတ်နိုင်ငံရဲ့ အဆင့်မြင့် ဆေးစီမံခန့်ခွဲမှုစင်တာကို တင်ပြရလိမ့်မယ်”

“ဒီလို ကုသလို့မရနိုင်တဲ့ ရောဂါကို ကုသနိုင်တဲ့နည်းလမ်းရှာတွေ့လိုက်တဲ့အခါ ဒီယုန်လိုသတ္တဝါတွေကို အရမ်းကို တန်ဖိုးထားပြီး စောင့်ရှောက်ပေးဖို့ လိုအပ်လာတယ်၊ ငါတို့ကလည်း သူတို့ကို အရမ်းကိုကောင်းမွန်တဲ့ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်နိုင်တဲ့ ဝန်းကျင်တစ်ခုကို ပေးစွမ်းမှာပါ”

“နောက်ပြီး သူတို့တွေက လူသားတွေအပိုင်ပါပဲ၊ နောက်ပြီး ANS ဝေဒနါရှင်တိုင်းရဲ့ ကျေးဇူးရှင်တွေလည်း ဟုတ်တယ်”

++++++

93 01

အပိုင်း (93)

“အမှန်အတိုင်း ပြောနေတာလား”

အသက်တစ်ရာနီးပါး ကြီးရင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံ၏ ဆေးစင်တာမှ ဒင်းလင်းက အရှေ့မှ ပါမောက္ခချွီကို စိတ်လှုပ်ရှားစွာကြည့်သည်။

“ရှောင်ချွီ ဒါက ဟာသမဟုတ်ဘူးနော်၊ ANSကို ကုသနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာကိုဆိုလိုလဲဆိုတာကို နားလည်တယ်မဟုတ်လား”

“တရုတ်တစ်တိုင်းပြည်လုံးက လူနာတွေ ဘယ်လောက်များများ ဒီရောဂါကို ခံစားနေရသလဲဆိုတာကို နားလည်တယ်မဟုတ်လား၊ နောက်ပြီး ဒီသတင်းပြန့်သွားတဲ့အခါ ချင်စီရင်စုမပြောနဲ့ တစ်တိုင်းပြည်လုံး နောက်ပြီး တစ်လောက လုံးက လူနာတွေက ရောက်လာကြလိမ့်မယ်”

“ဆရာ အမှန်ပါ၊ အသက်ခြောက်နှစ်တောင်မပြည့်သေးတဲ့ အဲဒီလူနာက အခု ဆေးရုံခုတင်ပေါ်မှာထိုင်ပြီး လှုပ်ရှားနိုင်နေပါပြီ၊ ဒါတောင်မှ နှစ်ရက်ပဲ အားမွေးလိုက်ရတာပါ”

ပါမောက္ခချွီကလည်း အရှေ့မှ ဆရာဖြစ်သူကိုကြည့်ရင်း လေးစားစွာပြောသည်။

“ဟူး..”

ဒင်းလင်းက တဖြည်းဖြည်းချင်း သက်ပြင်းရှိုက်ထုတ်လိုက်သည်။ ထို့နောက် မျက်လုံးကို မှိတ်ပြီး စိတ်လှုပ်ရှားမှုကို ငြိမ်အောင်ထိန်းနေသည်။

သူက သူ၏အရှေ့မှ သူယုံကြည်အားကိုးရသည့် ကျောင်းသားကို တောက်ပသော မျက်ဝန်းမျိုးဖြင့် စိုက်ကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောသည်။

“ငါတို့ရဲ့ အမြင့်ဆုံးဆေးစင်တာက ဒါရိုက်တာဆုပိုင်ရဲ့ တိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေအကြောင်းကို သိထားပြီးသား၊ ဒီတိရိစ္ဆာန်တွေက မျိုးတုန်းပျောက်ကွယ်သွားပြီးတဲ့နောက်မှာ တိရိစ္ဆာန်တွေရဲ့ အကူအညီနဲ့ ကုသလို့ရတဲ့ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ မရှိတော့တဲ့အတွက်ကြောင့် ဒုက္ခပေါင်းများစွာကို ကူကယ်ရာမဲ့နေခဲ့ရတယ်၊ ဒါက နှစ်တွေဘယ်လောက်တောင် ကြာပြီလဲ”

“ဒါပေမဲ့ အဲဒီလူငယ်က တကယ်စကားပြောကောင်းတယ်၊ တိရိစ္ဆာန်လေးတွေက လူသားဖြစ်တည်မှုရဲ့ မိတ်ဆွေတဲ့လေ၊ သဘာဝအားဖြင့် တိရိစ္ဆာန်တွေက ငါတို့နဲ့ အဆင့်အတန်းတူပါတယ်တဲ့”

“အဆင့်မြင့် ဆေးစင်တာရဲ့ နာမည်အောက်မှာ ငါအထက်လူကြီးတွေကို အကြံပြုချက်တွေ တင်ပြလိုက်မယ်”

“ဒီယုန်လေးလို့ခေါ်တဲ့ တိရိစ္ဆာန်က တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး ကာကွယ်စောင့်ရှောက်ခံရမဲ့ တိရိစ္ဆာန်စာရင်း ဝင်ရမယ်၊ ဒီယုန်လေးတစ်ကောင်ချင်းစီတိုင်းက ကယ်ဆယ်ခံရဖို့ စောင့်မျှော်နေတဲ့ မိသားစုတစ်ခုချင်းစီကို ကိုယ်စားပြုတယ်”

“အနာဂတ်မှာ ပမာဏအများကြီး ပေါ်လာတဲ့အခါ နောက်ပြီး တခြားမျိုးစိတ်တွေ ပေါ်လာတဲ့အခါ ကုသမှုကို အထောက်အကူပြုနိုင်တဲ့ တိရိစ္ဆာန်တွေက ပိုပြီးများပြားလာဦးမှာပဲ၊ ဒါကြောင့် လူသားတွေအတွက်ကြောင့်နဲ့ ဒီတိရိစ္ဆာန်တွေကိုလည်း ဒုက္ခရောက်စေလို့မဖြစ်ဘူး”

“ငါတို့တွေ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို အတင်းဖိအားပေးပြီး ဆုံးဖြတ်ချက်ချခိုင်းလို့မရဘူး”

“ဆရာ ဒါရိုက်တာဆုပိုင်က သူ့ရဲ့ထင်မြင်ချက်ကို ဖော်ပြပြီးပါပြီ”

ပါမောက္ခချွီက ထိုင်ခုံပေါ်မှ ထရပ်လျက် လေးနက်သောလေသံဖြင့်ပြောသည်။

“ဒါရိုက်တာဆုပိုင်က ဒီယုန်လေးတွေက အရမ်းကို ရင်းနှီးကျွမ်းဝင်လွယ်တဲ့ တက်တက်ကြွကြွနေတဲ့ သတ္တဝါလေးတွေလို့ ပြောပါတယ်၊ ဒါပေမဲ့ ဒီလိုကုသပေးလိုက်ရတဲ့အတွက်ကြောင့် သူတို့ရဲ့ ခုန်ုနိုင်တဲ့စွမ်းရည် ဆုံးရှုံးသွားတယ်၊ ဒါပေမဲ့ ကံကောင်းတာက သူတို့က တိရိစ္ဆာန်ရုံထဲမှာ နေထိုင်ကြလို့ အများကြီး မသက်ရောက်သွားပါဘူး၊ ဒါပေမဲ့လည်း အရေအတွက် များပြားလာဖို့အတွက်က အချိန်လိုပါတယ်”

“တိရိစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေတွေ၊ ကောင်းကင်ပြာတိရိစ္ဆာန်ရုံတစ်ခုလုံးက ဒီရောဂါ ပျောက်ကင်းသွားစေဖို့နဲ့ လူနာတွေအားလုံးကို ကူညီပြီး ကယ်တင်ပေးဖို့ ဆန္ဒရှိတယ်၊ ဒါကြောင့် တိရိစ္ဆာန်တွေရဲ့ ရှင်သန်ရေးကိုသာ သက်ရောက်မှုမရှိသမျှ သူတို့က ပူးပေါင်းပေးမှာပါ”

“ကောင်းပြီကောင်းပြီ “

လင်းယွမ်ကလည်း အချိန်အတန်ကြာအောင် ခံစားချက်များကို ထိန်းညှိနေရလေသည်။

93 02

သိထားရမည်မှာ ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင်ရှိသော တိရိစ္ဆာန်တိုင်းက တရုတ်ပြည်၏ ရတနာများဖြစ်သည်။ သူတို့ကသာ အနည်းငယ်သော ထိခိုက်မှုကို ခံစားရမည်ဆိုလျှင် လူကယ်နိုင်လျှင်ပင် အများအမြင်ဒဏ်ကို ရပ်တည်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်......။

“ဒါရိုက်တာဆုပိုင်က ဖြောင့်မတ်မှန်ကန်မှုကို ကောင်းကောင်းနားလည်တယ်၊ သူက သူ့ရဲ့ တိရိစ္ဆာန်တွေကို ဒုက္ခရောက်စေမှာမဟုတ်ဘူး၊ ဒါပေမဲ့လည်း ငါတို့က အများကြီး တောင်းဆိုနေလို့မရဘူး၊ အတိတ်က တိရိစ္ဆာန်တွေ မျိူးတုန်းပျောက်ကွယ်သွားခဲ့တဲ့ ဖြစ်ရပ်က သက်ရှိဥပမာပဲ”

“တိရိစ္ဆာန်ရုံရဲ့ ဆန္ဒအတိုင်းပဲ အရာအားလုံးက်ို လုပ်ဆောင်ရမယ်၊ လုံးဝ တွန်းအားပေးလို့မရဘူး”

.......။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း.....။

လေးလံသော နှင်းများက သူ၏ ငှက်မွေးတောင်များကဲ့သို့ ပြတင်းပေါက်အပြင်ဘက်တွင ကျဆင်းနေသည်။

ပူနွေးသော အိပ်ရာပေါ်တွင် လှဲနေသည့် မြောင်ကျားက ပြတင်းပေါက်အပြင်ဘက်သို့ သူမ၏ လုံးဝိုင်းကြီးမားသော်လည်း ခပ်ထိုင်းထိုင်းဖြစ်နေသည့် မျက်ဝန်းမျိုးဖြင့် ကြည့်ရှာသည်။

ဒီဘန်ဂလို တစ်ခုလုံးက ချဥ်စုတ်စုတ်အနံ့များဖြင့် ပြည့်နှက်နေသည်။ သူမက ANSရောဂါကို သုံးနှစ်ကြာ ဆက်တိုက်ခံစားခဲ့ရသည်။

ဒုတိယမြောက် နှစ်ကတည်းက ဒီအခန်းထဲတွင်သာ လှဲနေရသည်။ နှစ်နှစ်ကြာအောင် မလှုပ်ရှားနိုင်ခဲ့ချေ။

မြင်နိုင်သမျှ ရှုခင်းကလည်း ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းများသာလျှင် ဖြစ်သည်။ မျက်လုံးကို ဖွင့်လိုက်သော် ဒီရှုခင်းကိုသာ မြင်နေရသည်။

သစ်ရွက်များထဲမှ အညှောင့်ပေါက်မှုက စတင်လာသည်။ ထို့နောက် တဖြည်းဖြည်းချင်း ဝါသွားသည်။ ထို့နောက် လေတွင်လွင့်သွားသည်။ နောက်ပိုင်းနှင်းကျသည်အထိ.....။

ပြတင်းပေါက်အပြင်ဘက်ရှိ အရာအားလုံးက ဖြူဖွေးလာသည်။ အစိမ်းရောင်များကိုပင် မမြင်ရတော့ချေ။

ဒါက ငါ့ရဲ့ ဘဝအတိုင်းပဲ။

အသက်ရှင်နေရတာက အဓိပ္ပါယ်မရှိဘူး။ တစ်မိသားစုလုံးကို ဆွဲချနေသလိုပဲ။

နှမြောစရာကောင်းတာက သေချင်ရင်တောင် မသေနိုင်တာပဲ။

သူ့ရဲ့စိတ်က ကျောင်းတက်နေချိန်အရွယ်ကို ပြန်ရောက်သွားသည်။ ထိုအချိန်ကဆိုလျှင် သူမက ကစားကွင်းထဲတွင် လွတ်လွတ်လပ်လပ် လျှောက်ကစားနိုင်ခဲ့သည်။ ထိုစဥ်က ဝမ်းမြောက်စရာကောင်းလွန်းသည့် ဖြစ်ရပ်များ ဖြစ်ခဲ့သည်။

“ဟူး ဟူး ဟူး”

အေးစက်သော လေပြင်းက ဟိန်းဟောက်ရင်း နှင်းမှုန်များကို လွင့်စင်စေသည်။

နွမ်းလျနေသော ပုံစံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဟောင်းနွမ်းနေသော ဂွမ်းသားဂျာကင်ကို ဝတ်ဆင်လျက် ဝင်လာသည်။

“ကျားကျား ပါးက ဒီနေ့ စောစောပြန်လာတယ်နော်၊ ပါး သိပ်မကြာခင် အိမ်ကိုသန့်ရှင်းရေးလုပ်ပေးမယ်၊ မီးဖိုကိုလည်း ပြင်ဆင်ထားပြီးသား၊ အခန်းက နွေးသေးရဲ့လား၊ ပါး ထင်းတွေ ထပ်ထည့်ပေးမယ်”

မြောက်ထိုက်က အခန်းထဲတွင် လှဲနေသော မြောင်ကျားကို ကြည့်သည်။ သမီးဖြစ်သူက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေပြီး မျက်ဝန်းထဲတွက် စိတ်ဓာတ်ကျမှုများကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ခေါင်းကိုငါငုံ့လိုက်ပြီး မီးဖိုကိုသာ စတင်ကာ ရှင်းလင်းရေးလုပ်နေလိုက်သည်။

“ပါးဒီနေ့ သတင်းကောင်းကြားခဲ့ရတယ်၊ ဒါက သမီးရဲ့ ချမ်းသာမှုနဲ့ ပတ်သက်တယ်”

“ချင်းတုမှာ သမီးနဲ့ရောဂါတူတဲ့ ကောင်မလေးက ပျောက်ကင်းသွားပြီတဲ့”

“ပါး သမီးကိုခေါ်ပြီး အဲဒီကို တစ်ချက်သွားကြည့်ချင်တယ်”

93 03

မြောင်ထိုက်၏ အသံက ဘေးဘက်မှ ထွက်လာသည်။ ထိုအသံကို နားထောင်နေရင်း မြောင်ကျားက မျက်လုံးကိုသာ အကြည့်လွှဲရင်း သူ့ကို တဖြည်းဖြည်းချင်း မော့ကြည့်လာသည်။

ဒါက ထပ်ပြီး အလိမ်အညာပဲ ဖြစ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ ၂နှစ်လုံးလုံး မရေမတွက်နိုင်တဲ့ မျှော်လင့်ချက်တွေက အက်ကွဲသွားခဲ့ပြီးပြီ။ မြောင်ကျားကပင် ထုံထိုင်းနေပြီဖြစ်သည်။

အရှေ့မှ အမျိုးသားက အိမ်ကို ရောင်းချခဲ့ရုံသာ မကသေးလေဘဲ ကားကိုလည်း ရောင်းခဲ့ရသည်။ တတ်နိုင်သမျှ အရာအားလုံးကိုလည်း ရောင်းခဲ့သည်။ သို့သော် သူမကို မကုပေးနိုင်သေးချေ။

ဒါတွေအားလုံးက အလိမ်အညာတွေ။

“ကောင်းပါပြီ အင်း”

ကြွက်သားများက ကြုံ့သွားပြီး မလှုပ်ရှားနိုင်အောင် အကြောသေမတတ်ဖြစ်လာသော အခိုက်အတန့်မျိုးတွင် မြောင်ကျားအနေဖြင့် တစ်ဆို့နေသလို အသံမျိုးကိုသာ ထုတ်နိုင်တော့သည်။

“ဟားဟား သမီးမစိုးရိမ်ပါနဲ့၊ ပါးက ပိုက်ဆံချေးထားပါတယ်၊ ဘာပဲဖြစ်ဖြစ် အဲဒီကိုတစ်ချက်သွားပြီး ကြည့်ကြတာပေါ့၊ အခု ဆေးတွေက အဆင့်မြင့်နေပြီဆိုတော့ သမီးရဲ့အခြေအနေကိုထိန်းချုပ်ဖို့ နည်းလမ်းတော့ရှိမှာပါ”

“ပါး...ပါးက ဘာမှမတောင်းဆိုပါဘူး၊ ဒီတိုင်း သမီးသာ သက်သာမယ်ဆိုရင် ပါးအနေနဲ့ ဘာကိုပဲ လုပ်ရလုပ်ရ ဆန္ဒရှိပါတယ်”

မြောင်ထိုက်က မီးဖိုကို ပြန်တင်လိုက်သည်။ ထို့နောက် ဘေးဘက်စားပွဲပေါ်မှ ဟင်းနုနယ်ရွက်အစည်းလိုက်ကို စတင်ကာ ကြိုးဖြည်ပြီး ကိုင်တွယ်သည်။

“သမီး ဒီနေ့ ပါးတို့ ဟင်းနုနယ်အရွက်ကြော်ကို ခပ်ပြစ်ပြစ်အနှစ်ကလေးလုပ်ပြီး စားကြမလား”

“ပါးသမီးရဲ့ ပြွန်ထဲကို ထည့်ပေးမယ်၊ တဖြည်းဖြည်းချင်း အစာခြေကြည့်နော်”

မြောင်ကျားက သူ့ကိုကြည့်သည်။ သူက မျက်ဝန်းထောင့်စွန်းတွင် မျက်ရည်များ စီးကျလာလေသည်။

တစ်ရက်ပြီးတစ်ရက် တစ်နေ့ပြီးတစ်နေ့။

သူမက အိပ်ရာပေါ်တွင် လှဲနေပြီး မလှုပ်ရှားနိုင်တော့ကတည်းက ဖခင်ဖြစ်သူက နေ့တိုင်းလ်ိုလို အရုဏ်မတက်ခင်ကတည်းက အလုပ်ထွက်လုပ်ရသည်။ နေ့လည်ကျလျှင် ပြန်လာပြီး သူမကို စားသောက်ရန် ပြင်ဆင်ပေးရသည်။ သူမက စားပင်မစားနိုင်တော့ချေ။ ထို့နောက် မြောင်ထိုက်အနေဖြင့် စားသောက်ရန်ပင် အချိန်မရှိတော့ဘဲ ဆောက်လုပ်ရေးဆိုက်သို့ အပြေးပြန်သွားရပြန်သည်။

အတိတ်မှာသာဆိုရင် ဒီလိုဖြစ်ရပ်မျိုးက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

သူမမှာသာ ဒီလိုရောဂါကြီး ရှိမနေခဲ့ရင် သူမရဲ့အဖေက ဘာလို့ဒီလိုမျိုး ဖြစ်နေရမှာလဲ။

အချိန်အတန်ကြာပြီးနောက် မြောင်ထိုက်က သမီးဖြစ်သူကို စောင်အပြည့်ခြုံပေးလိုက်ကာ စားပွဲပေါ်မှ ပူနွေးနေသည့် ပေါက်စီတစ်လုံးကို ကောက်ယူပြီး အိတ်ထဲသို့ ထိုးထည့်ကာပြောသည်။

“ပါးသွားတော့မယ်နော်၊ ဒီည စောစောပြန်လာတော့မယ်”

“ပါးကိုစောင့်မနေနဲ့နော်၊ ဒါပေမဲ့ ပါးမနက်ဖြန်ကျရင် သမီးကို အဲဒီကို ခေါ်သွားပေးမယ်”

ထိုသို့ပြောပြီးနောက် သူက ခပ်နွမ်းနွမ်းကုတ်တစ်ထည်ကို ကောက်ယူလိုက်ပြီး တံခါးကိုဖွင့်ကာ အပြင်ဘက်သို့ ထွက်သွားသည်။

ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်မည်ဆိုလျှင် လည်တိုင်ကိုကြုံ့လျက် ဝေးသထက်ဝေးသွားသော ဖခင်ဖြစ်သူကို မြင်နိုင်မည်ဖြစ်သည်။ မြောင်ကျားက နာကျင်မှုအပြည့်နှင့် မျက်လုံးကို မှိတ်လိုက်မိသည်။

သူမသည်လည်း ဒီအခြေအနေမျိုးကို ဆက်လက်ပြီး မကြုံတွေ့လိုတော့ချေ။ အရာအားလုံးက အလိမ်အညာများသာဖြစ်သည်။ သူမက စကားပြောနိုင်သော အချိန်တွင်ကတည်းက တစ်ခါတည်းဆေးထိုးပြီး အဆုံးသတ်ရန် နည်းလမ်းကို ရွေးချယ်ခဲ့မည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။

ဒါဆိုရင် ငါ့အဖေလည်း ဒီလောက်ကြီးတဲ့ အပြစ်ဒဏ်ကို ခံစားနေစရာ မလိုတော့ဘူး။ သူက အသက်၅၀ပဲ ရှိသေးတယ်။ ဒါပေမဲ့ အခု တစ်ခေါင်းလုံး ဖြူဖွေးနေပြီ။

လွန်ခဲ့သော ၂နှစ်အတွင်း ကြီးသထက်ကြီးလာသော အရေးကြောင်းများအရ သူဟာ အသက်၇၀အရွယ် လူအိုကြီးကဲ့သို့ပင် ထင်ရသည်။

သူမကသာ ထိုအချိန်ကတည်းက တိုက်ရိုက်သေသွားခဲ့မည်ဆိုလျှင် မိခင်ဖြစ်သူကလည်း စောစောသေလိမ့်မည်မဟုတ်ချေ။

သူမ၏ဖခင်က ယခုလိုအခြေအနေမျိုးဖြင့်လည်း ပြောင်းလဲသွားလိမ့်မည်မဟုတ်ချေ။ ထို့အပြင် သူမကလည်း ယခုလို လူသားမဆန်သည့် နှိက်စက်မှုပေးလွန်းသော ရောဂါဒဏ်ကို ခံစားရလိမ့်မည်မဟုတ်ချေ။

ငါတကယ်ကို ပျောက်သွားဖို့ ဆန္ဒရှိပါတယ်။

ဒါမှမဟုတ် သေသွားမယ်ဆိုရင်လည်း ရတယ်။ ဒီအတိုင်း ငါ့အဖေကို ဆက်ပြီး ဒုက္ခမပေးချင်တော့ဘူး။

++++

All Chapters