← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အပိုင်း (94)

“ကန်မယ် ထိုးမယ် ရိုက်မယ်”

“တပိုင် ဖြည်းဖြည်း ဖြည်းဖြည်း ဖြည်းဖြည်း ၊ အရှေ့ကို သတိထားဦးနော်၊ ဟာလီက သိပ်မကြာခင် မီလာတော့မယ်”

ဆုပိုင်က တပိုင်၏ကျောပေါ်တွင် ထိုင်နေသည့် ဘေဘီက အော်ဟစ်ပုံ၊ တပိုင်က ရှေ့မှပြေးပုံ၊ ဟာလီက နောက်မှ လိုက်ဆော့ပုံ မြင်ကွင်းများကို ကြည့်ရင်း ပျော်ရွှင်စွာ ပြုံးရယ်နေသည်။

တစ်ပတ်အတွင်း သက်သာလာသည့် ထိုကောင်မလေးက ဆေးရုံပေါ်မှပင် ဆင်းလာနိုင်ခဲ့သည်။ ထို့နောက်.... ။

ကောင်းကင်ပြာတိရိစ္ဆာန်ရုံက ယခင်အတိုင်း ပြန်လည်တည်ငြိမ်သွားသည်။ နေ့တိုင်းလိုလို မရေမတွက်နိုင်သော ဧည့်သည်များက လာကြသည်။

စီရင်စုအပြင်ဘက်မှ လာလည်ကြသော ဧည့်သည်ပေါင်းများစွာလည်း ရှိသည်။ အများစုကမူ သူတို့၏ကလေးကို ခေါ်လာကြသည်။

ထို့ကြောင့် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှ သစ်တောအိမ်များက အားလုံးကို အပြည့်အဝ မထောက်ပံ့ပေးနိုင်တော့ချေ။ ထို့ကြောင့် နောက်ကျမှ ရောက်လာလျှင် ထိုအိမ်အတွက် ဘိုကင်ရလိမ့်မည်မဟုတ်ချေ။

တိရိစ္ဆာန်လေးများရှိသော တောထဲတွင် တစ်ညတာ အတူနေထိုင်ရခြင်းက ဒီအသိုင်းအဝိုင်းက မည်သူကမှ မတွေ့ကြုံဖူးသည့် အခြေအနေမျိုးလည်းဖြစ်သည်။

ANSရောဂါအတွက် ကုသမှုကလည်း လမ်းကြောင်းပေါ် ရောက်နေသည်။

တရုတ်နိုင်ငံ၏ အဆင့်မြင့် ဆေးစင်တာမှ ထုတ်ပြန်ကြေညာခဲ့သော ဖိုင်ပေါင်းများစွာအရ ကောင်းကင်ပြာတိရိစ္ဆာန်ရုံ၏ ယုန်အရေအတွက်က အကောင်၅ရာမကျော်သမျှ ထိုအာရုံကြောဆေးရည်များကို စစ်ထုတ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

သို့ရာတွင် ထိုယုန်များက ပါရမီရှင်တံဆိပ်အောက်သို့ ရောက်သွားသည်။ သူတို့က အပြင်ဘက်ရှိ အကောင်ကြီးယုန်များနှင့်တူသည်။ တစ်နှစ်လျှင် နှစ်ကြိမ်ခန့်အထိ သားဖောက်နိုင်သည်။ တစ်ကြိမ်သားပေါက်ချိန်တိုင်းလိုလို ၈ကောင်မှဆယ်ကောင်အထိ ပေါက်တတ်လေသည်။

ထို့ကြောင့် နှစ်အနည်းငယ်အတွင်း ယုန်များ၏ အရေအတွက်က လျင်မြန်စွာ တိုးပွားလာပေလိမ့်မည်။

ပို၍ဆိုးသည်မှာ ဘေဘီ့ကို ကယ်ခဲ့သော ယုန်လေးကလည်း ခပ်မြန်မြန် ကြီးပြင်းလာသည်။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင် သူတို့က ခုန်နိုင်သော စွမ်းရည်ကို ထုတ်သုံးရန်လည်း မလိုအပ်ချေ။ ထို့ကြောင့် အရာအားလုံးက လမ်းကြောင်းမှန်ပေါ်တွင် ဖြစ်ပေသည်။

ထို့နောက် ဆုပိုင်ဝမ်းသာနေရသော ကိစ္စကမူ အသစ်စက်စက် refreshဖြစ်သွားသော တိရိစ္ဆာန်အပိုင်းအစများ ဖြစ်သည်။

ဘာကြောင့်မှန်းမသိ ဒီတစ်ကြိမ် စနစ်က ပေးသမျှ တာဝန်တိုင်းက ငှက်များနှင့် ပတ်သက်နေသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိချေ။

ထို့နောက် ငှက်များကို ကယ်ဆယ်ရခြင်းက မြေပေါ်တွင် သွားလာနိုင်သော တိရိစ္ဆာန်များကို ကယ်ဆယ်ရခြင်းထက် ပို၍ခက်ခဲနေသေးသည်။

[တိရိစ္ဆာန်အပိုင်းအစ mall]

တိုက်တန်ငှက်အပိုင်းအစ...အံ့အားသင့်မှုအမှတ် တစ်သန်း။

မိုးကြိုးငှက်အပိုင်းအစ... အံ့အားသင့်မှုအမှတ် တစ်သန်း။

ရွှေသိမ်းငှက်အပိုင်းအစ... အံ့အားသင့်မှုအမှတ် တစ်သိန်းခွဲ

လင်းတအုပ်... အံ့အားသင့်မှုအမှတ်တစ်သန်း

သိမ်းငှက်အပိုင်းအစ... အံ့အားသင့်မှုအမှတ် ၅သောင်း

ငှက်ဝါအပိုင်းအစ...အံ့အားသင့်မှုအမှတ် ၅သောင်း

........။

ဆုပိုင်က စနစ်မှ လဲလှယ်နိုင်သည့် ဇယားကို ကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများက ကုတ်ကျသွားသည်။

အပေါ်ဆုံးမှ ငှက်နှစ်ကောင်ကမူ ရိုးရှင်းစွာဖြင့် လက်ရှိ တိရိစ္ဆာန်ရုံနှင့် မလိုက်ဖက်ချေ။

တိုက်တန်နှင့် မိုးကြိုးငှက်များက ဆင်ထက်ပင် ကြီးသေးသည်။ သူတို့က ခက်ထန်ကြမ်းတမ်းသော ငှက်ရဲများလည်းဖြစ်သည်။ မပျံသန်းနိုင်သော်လည်း သူတို့၏ အပြေးနှုန်းက အရှိန်နှုန်းမြင့် မောင်းနှင်သော ကားထက်ပင် မြန်သေးလေသည်။

ရက်အနည်းငယ်ကြာအောင် ကြိုးစားပြီးနောက် သူက အံ့အားသင့်မှုအမှတ်တစ်သိန်းခြောက်သောင်းကိုသာ ပြန်လည်ရရှိခဲ့သည်။

အချိန်ကြာကြာစဥ်းစားနေပြီးနောက် ဆုပိုင်က ရွှေသိမ်းငှက်ကိုသာ လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသတ္တဝါများထဲတွင် ရွှေသိမ်းငှက်က ပို၍ အဖိုးတန်သည်။ ရွှေသိမ်းငှက် ယဥ်ပါးရန်လည်း လွယ်ကူမြန်ဆန်သေး၏။ သို့ရာတွင် သိန်းငှက်၏ သဘောသဘာဝအရစမ်းသပ်မှုကလည်း စိတ်ဆန္ဒနှင့် ပတ်သက်နေနိုင်သည်။

ရွှေသိမ်းငှက်အပိုင်းအစကို လဲလှယ်ပြီးနောက် စနစ်မှစက်ရုပ်သံက ထွက်ပေါ်လာသည်။

“တင် ဖန်တီးမှုခန်းမတာဝန်က ထွက်ပေါ်လာပါပြီ”

94 02

“hostအနေနဲ့ တစ်လအတွင်းမှာ တိရိစ္ဆာန်မျိုးရိုးဗီဇ ဆယ်မျိုးကျော်ကို ရရှိထားဖို့ လိုအပ်ပါတယ်၊ ဒီတာဝန်ကို ပြီးမြောက်အောင်မြင်တဲ့အခါ ဖန်တီးမှု ခန်းမကနေ ဆုလာဘ်တွေကို ရရှိမှာပါ”

“ဒီတာဝန် ကျရှုံးသွားခဲ့ရင် ခံရမဲ့ အပြစ်ပေးမှုအတွက်ကတော့... ဖန်တီးမှုခန်းမက hostရဲ့ လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ရထားတဲ့ အဆောက်အအုံတွေ တည်ဆောက်ဖို့ အထူးတလည်ပေးအပ်ထားတဲ့..... သံငွေတွေ အားလုံးကို ရုတ်သိမ်းမှာပါ”

“ဟစ်”

“ဖန်တီးမှုခန်းမဟုတ်လား”

ဆုပိုင်က စိတ်အေးသွားသလို အသက်ပြင်းပြင်းရှူသည်။ ဒါက သူ့အသက်ကို ခြိမ်းခြောက်နေတာမဟုတ်လား။

နာမည်အတိုင်းပဲ ဒီဖန်တီးမှုခန်းမထဲကို ထည့်သွင်းရမဲ့ စုဆောင်းလို့ရတဲ့ ပစ္စည်းတွေက လင်းယုန်လို ၊ ဇီးကွက်တို့လို ငှက်အမျိုးအစားတွေလို ယဥ်ပါးလွယ်ပြီး စုဆောင်းမွေးမြူထားလို့ရတဲ့ ငှက်တွေအပြင် ခက်ထန်ကြမ်းတမ်းပြီး ပုံမှန်မဟုတ်တဲ့ ငှက်တွေလည်း ပါတယ်၊။ နောက်ပြီး ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေနဲ့ ငှက်ကြီးတွေတောင် ရှိနေသေးတယ်။

ဆုပိုင် ဒီတစ်ကြိမ်တွင် ရွေးချယ်ထားသော ရွှေရောင်သိမ်းငှက်ကလည်း ဥပမာအနေဖြင့် ကြည့်ရှု၍ရသည်။ ရွှေရောင်သိမ်းငှက်များက ဖန်တီးမှုအကြီးစားဟု ခေါ်နိုင်သည်။ အကြောင်းမူကား သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးက တစ်မီတာပင် ကျော်သည်။ အထူးသဖြင့် တောင်ပံကို ဖြန့်ကားလိုက်ချိန်တွင် နှစ်မီတာ ကျော်သွားနိုင်သည်။ ထိုကဲ့သို့သော ပျံသန်းနိုင်သည့် တိရိစ္ဆာန်၏ သားကောင်က အလွန်ကြီးလေ့ရှိသည်။ ထို့ကြောင့် ဆိတ်နှင့်သမင်များကိုပင် အမဲလိုက်နိုင်ကြသည်။

“ဟူး..”

“ဒီတာဝန်က တော်တော်လေးခက်မှာကို စိုးရိမ်မိတယ်”

ဆုပိုင်က ရေရွတ်ပြီး ရုံးခန်းထဲသို့ဝင်ရန် ကြံစည်လိုက်သည်။

“နေဦး”

ရုတ်တရက် လည်သာဂျာကင်ကို ဝတ်ထားသော သက်လတ်ပိုင်းလူတစ်ယောက်က အဝေးမှ ခပ်မြန်မြန် ပြေးလာသည်။ ဆုပိုင်က သူ့ကိုကြည့်လိုက်ပြီး ကြောင်သွားသည်။

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံတွင် စနစ်တကျ လည်ပတ်နေသော အကြောင်းပြချက်များကြောင့် ဒီနေရာရှိ အပူချိန်က ၂၅° ဝန်းကျင်တွင်သာ ထိန်းသိမ်းထားသည်။ ထို့ကြောင့် အေးလိမ့်မည်မဟုတ်ချေ။

ယခုက ချင်းတုဖြစ်သည်။ လူအများက ခပ်ပါးပါးရှပ်များကိုသာ ဝတ်ဆင်နေကြပြီဖြစ်သည်။

ဒီလူက ဘယ်နေရာက လာတာလဲ။ ဘာလို့ လည်သာဂျာကင်ကို ဝတ်ထားတာလဲ။

“မင်းက ဒါရိုက်တာဆုပိုင်လား”

ပါးရေတွန့်နေသော ထိုလူက သတိအပြည့်ထားလျက်မေးသည်။

သူ၏မျက်နှာတွင် အရေပြားများကိုပင် ဖောက်မြင်နိုင်လောက်အောင် ပိန်ကပ်နေသည်။ သူ၏ ကြမ်းတမ်းသော လက်များအရ သူဟာ အလုပ်ကြမ်းသမားဖြစ်နိုင်သည်။

“ဟုတ်ပါတယ် ခင်ဗျားက ကျုပ်ဆီက ဘာများလိုချင်လို့လဲ”

ဆုပိုင်က ပြုံးလျက်မေးလိုက်သည်။

“ဒါရိုက်တာဆုပိုင် ဖြစ်နေတာကိုး၊ ဒါဆိုရင် ငါတို့ နေရာမှန်ကို ရောက်လာတာပဲ၊ နေပါဦး နေပါဦး”

ရှေ့မှလူက တလေးတစား ဂါရဝပြုလိုက်သည်။ ထို့နောက် ဝင်ပေါက်သို့ ခပ်မြန်မြန် ပြန်သွားပြန်သည်။

ထို့နောက် ဆုပိုင်က သူဟာ သစ်သားတုံးကြီးတစ်တုံးကို တရွတ်တိုက်ဆွဲလျက် လျှောက်လာကြောင်း တွေ့လိုက်ရသည်။

သို့သော် အဝေးမှကြည့်လျှင် သစ်သားတုံးလိုမျိုး ထင်ရသော သစ်သားဘုတ်ပြားကြီးပေါ်တွင် လှဲနေသော ပိန်ပါးသည့် အမျိုးသမီးတစ်ယောက်ကို သယ်လာခြင်းဖြစ်သည်။ သူမက လေထဲသို့သာ ကြောင်အမှင်တက်စွာ စိုက်ကြည့်နေနိုင်သည်။

ဒါက ANSလူနာမဟုတ်လား။

ထိုမေးခွန်းက ဆုပိုင်၏စိတ်တွင် ပေါ်လာသည်။

ယေဘူယျကျကျ ပြောရသော် ထိုသို့မဖြစ်သင့်ပေ။ အဆင့်မြင့်ဆေးစင်တာကလည်း လူနာများအား ကောင်းကင်ပြာတိရိစ္ဆာန်ရုံသို့သွားပြီး သီးသန့်အကူအညီမတောင်းအောင် အမိန့်ထုတ်ထားပြီးသားဖြစ်သည်။

94 03

တခြားတစ်ဖက်တွင် ယုန်ငယ်လေး၏ ရှင်သန်နေထိုင်မှုဝန်းကျင်ကောင်းဖြစ်သလို တခြားတစ်ဖက်တွင် လူနာအတွက်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယခုက ယုန်အကောင်၃၀ပင် မရှိပေ။ တစ်ကောင်ချင်းစီတိုင်းက အလွန့်အလွန် အဖိုးတန်သည်။ ပို၍ဆိုးသည်မှာ ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင် ထိုလူနာများကို ကုသပေးနိုင်သည့် လုံလောက်သော ဆေးဝါးအထောက်ကူပစ္စည်းများ မရှိချေ။

“ခင်ဗျားက ဘာလို့...”

ပလုံ။

မြောင်ထိုက်က ဆုပိုင်ရှေ့တွင် သမီးဖြစ်သူကိုဆွဲလျက် ဒူးထောက်ချလိုက်သည်။ ထို့နောက် လေးစားသော လေသံမျိုးဖြင့်ပြောသည်။

“ဒါရိုက်တာဆုပိုင် ငါချင်းတုရဲ့ဆေးရုံကို ရောက်ခဲ့ပါသေးတယ်၊ ငါတို့တွေ ဒီနေရာကို မလာသင့်ဘူးဆိုတာကိုလည်း သိပါတယ်၊ ဒါပေမဲ့...”

“ဒါပေမဲ့ ငါတို့ ဒီနေရာကို တကယ်ကို ခက်ခက်ခဲခဲနဲ့ လာခဲ့ရတာပါ၊ ငါတို့က တရုတ်ပြည်အရှေ့မြောက်ပိုင်းကပါ၊ နောက်ပြီး ဆေးဝါးက ဈေးကြီးရုံတင်မကသေးဘဲ ငါ့ရဲ့သမီးကလည်း ဆက်လက်ပြီး တောင့်မခံနိုင်လောက်တော့ပါဘူး”

“အာ...”

ဆုပိုင်က အရှေ့မှ သက်လတ်ပိုင်းလူကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ ခေါင်းကို အပြေးခါသည်။

“လက်ရှိ ကုသမှုနည်းလမ်းတွေက မကျွမ်းကျင်သေးဘူး၊ နောက်ပြီးဆေးရုံကလည်း ANS တွေကို ကုသတာက တိရိစ္ဆာန်တွေကို ထိခိုက်စေတယ်ဆိုတာကို ပြောထားပြီးသား၊ တိရိစ္ဆာန်တွေရဲ့ အရေအတွက်က အလုံးအရင်းနဲ့ ကုသဖို့အထိ မလုံလောက်ဘူး”

“မင်း......”

သူက ထိုအရှေ့မှလူကို သဘောတူလိုက်လျှင် နောက်ပိုင်း လူအများက သူတို့၏ လူနာများကို တရွတ်တိုက် ဆွဲကာ တိရိစ္ဆာန်ရုံသို့လာသော် ငြင်းနိုင်တော့မည် မဟုတ်ချေ။ သို့သော် သဘောမတူပြန်လျှင်လည်း.....။

ထိုလူနှစ်ယောက်၏ ပုံပန်းသွင်ပြင်အရ သူတို့၏ ဘဝက အလွန်ခက်ခဲနိုင်သည်။

“ငါ.. ငါဒါကို သိပါတယ် ဒါရိုက်တာဆုပိုင်”

“ဒါပေမဲ့ ငါတို့..”

ကွက် ကွက် ကွက်။

ထိုအခိုက် အဝေးရှိ မြက်ခင်းထဲမှ ယုန်တစ်အုပ်က အပြေးလာသည်။ သူတို့က ခံစားချက်မဲ့စွာ လှဲနေသော ကောင်မလေး၏ အနားတွင် သိချင်စိတ်ပြင်းပြစွာဖြင့် ဝိုင်းလိုက်ကြသည်။

“ကျွိကျွိ”

“ဒါက ရောဂါပဲ၊ ခေါင်းဆောင်တောင်မှ ဒီရောဂါကို ကုသဖို့အတွက်နဲ့ မကနိုင်တော့ဘူးလေ”

“တကယ်လား ဒါဆိုရင် ငါကူညီပေးလို့ရလား”

“ငါလည်း ကူညီပေးလို့ရတယ်၊ ငါလည်း ခေါင်းဆောင်နဲ့တူတူပဲ လုပ်ချင်တယ်၊ အတူတူပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလှပလွန်းတဲ့ ဘေဘီလေးကို လှလှလေး နေစေချင်တယ်လေ”

“ငါနဲ့မတိုက်ခိုက်နဲ့ ၊ ငါ့ရဲ့လက်သီးက မင်းရဲ့ရင်ဘတ်ကို လာထိမှာကို သတိထားနော်၊ ငါသူမကို ကုပေးပြီးရင် တပိုင်က ငါ့ကိုကာကွယ်ပေးလိမ့်မယ်”

ထိုယုန်တစ်အုပ်က စိတ်လှုပ်ရှားစွာပြောနေသောစကားကို နားလည်သည့်ဆုပိုင်က တောင့်ခဲသွားသည်။

နေပါဦး ဒီပုံစံက နည်းနည်းတော့ မဟုတ်သလိုပဲ။

+++

95 01

အပိုင်း (95)

“ဒါဆိုရင် ခင်ဗျားတို့ ဒီမှာနေလေ၊ မြောင်ကျားရဲ့အခြေအနေ ပိုကောင်းလာမဲ့အချိန်မှ ဆက်ပြောကြတာပေါ့၊ နောက်ပြီး ခင်ဗျားလည်း ဒီတိရိစ္ဆာန်ရုံမှာ ကူညီပေးနိုင်ပါတယ်”

“နောက်ပြီးခင်ဗျား ဝက်မွေးနိုင်လား”

“အား..ခင်ဗျားမကူညီပေးနိုင်လောက်ဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဘယ်လိုဝက်မွေးရမလဲဆိုတာကို သင်ပေးနိုင်ပါတယ်”

“ခင်ဗျားကို သင်ပေးလို့ရတယ်၊ ခင်ဗျားတို့ ဒီမှာပဲ နေလိုက်တော့”

ဆုပိုင်က ထိုအဖေနှင့်သမီးကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ဘယ်လိုဖြစ်နိုင်ပါ့မလဲ ဒါ.. ဒါရိုက်တာဆုပိုင်ရယ်၊ ငါတို့ ဒီလောက်ဈေးကြီးတဲ့ ဆေးဖိုးဝါးခတွေလည်း မတတ်နိုင်ပါဘူး၊ ဒါပေမဲ့....”

မြောင်ထိုက်က စိတ်လှုပ်ရှားစွာ ပြောသည်။

“ငါသေချာ ကြိုးစားမှာပါ၊ ငါကောင်းကောင်းမွန်မွန် လေ့လာမှာပါ၊ ဒီဝက်တွေကို ငါ့ရဲ့သမီးကို ဂရုစိုက်သလို ဂရုစိုက်ပေးနိုင်ပါတယ်”

“ကျေးဇူးအများကြီး တင်ပါတယ်”

“ကောင်းပြီ ကောင်းပြီ စောစောသွားအိပ်ပါတော့”

ဆုပိုင်က လက်ကိုရမ်းလျက် အခန်းထဲမှ ထွက်သည်။

သူက တံခါးဝသို့ ထွက်လာသောအခါယုန်လေးတစ်အုပ်က စုနေကြောင်း မြင်လိုက်ရပြန်သည်။ အလယ်မှ ကောင်ငယ်လေးနှစ်ကောင်က အချင်းချင်း ငြင်းခုန်ကာ ထိပ်တိုက်ရင်ဆိုင်မလို လက်သီးထိုးမလိုဖြစ်နေကြသည်။

“ကွိကွိကွိ”

“မင်းက ဒီကုသမှုကို ကူညီခဲ့ပြီးတဲ့နောက်မှာ မကခုန်နိုင်တော့ဘူး၊ ဒီတော့ ငါက ခေါင်းဆောင်ပဲ”

“ကွိကွိ”

“ပေါက်ကရတွေ ငါက ကုသမှုကို အရင်ဆုံး ကူညီခဲ့တဲ့သူ၊ မင်းအရိုက်ခံချင်လို့လား”

ဘန်း။

ဘန်း။

ဘန်း။

အော်သံအနည်းငယ် ထွက်ပြီးနောက် ထို၂ကောင်က သူတို့၏ ခပ်တိုတိုရှေ့လက်လေးများကိုသုံးကာ အချင်းချင်းထိုးနှက်နေကြသည်။

ဘေးဘက်မှ ယုန်တစ်အုပ်က မနာလိုကြီးစွာဖြင့် ထိုနှစ်ကောင်ကို ကြည့်နေကြသည်။ ထိုနှစ်ကောင်က ခေါင်းဆောင်နေရာအတွက် ယှဥ်ပြိုင်နေကြခြင်းဖြစ်သည်။

ငါတကယ်ကို နောင်တရတယ်။ ဒီကုသမှုမှာ သူတို့ကူညီနိုင်မှန်းသာသိရင် ခေါင်းဆောင်နေရာကို ဝင်ယူလိုက်မှာပဲ။

ဒီနေရာက ဘဝက ဒီလောက်ကောင်းလဲ။ ကခုန်တယ်ဆိုတာ ဘာလဲ။ ဘာမှအသုံးမဝင်ဘူး ဟုတ်ပြီလား။

ဟူး....။

ထိုယုန်ပေါက်လေးတစ်အုပ်၏အခြေအနေကို မြင်သောအခါ ဆုပိုင်က ပြုံးလိုက်သည်။

ထိုယုန်လေးများက ကခုန်နိုင်သော စွမ်းရည်မရှိသောကြောင့် အနည်းငယ်နိမ့်ကျသွားမည်ဟု ထင်ခဲ့သည်။ သို့သော် ထိုသို့ ကုသပေးသောသူက ခေါင်းဆောင်ဖြစ်သွားမည်ဟု မထင်ထားမိချေ။

ထိုဘေဘီကြောင့် တိရိစ္ဆာန်ရုံထဲရှိ တိရိစ္ဆာန်တိုင်းက ထိုယုန်ခေါင်းဆောင်ကို ရင်းနှီးဖော်ရွေကြလေသည်။

ထို့ကြောင့် ကျန်သော ယုန်တစ်အုပ်က မနာလိုဖြစ်လွန်းသဖြင့် သေလုနီးပါး ဖြစ်နေကြသည်။

ဘာလို့လဲ။ သူတို့ တစ်ချိန်က နေခဲ့ဖူးတဲ့နေရာမှာ ဒီလိုဆက်ဆံမှုမျိုးကို မခံရဖူးဘူးလေ။

သူတို့က ပိုကြီးသော အကောင်များကို တွေ့သောအခါ အမြဲတစေ ထွက်ပြေးခဲ့ရသည်။

ဒီနေရာကမူ ခြားနားသည်။

ထိုအကောင်များက သူတို့နှင့် ကစားပေးကြသည့်အပြင် အရင်က မဖြစ်နိုင်ခဲ့ဘူးဟု ထင်ရသော အခြေအနေမျိုးကိုပင် လုပ်ပေးကြသည်။

“ဒါက ဆိုးတော့မဆိုးပါဘူး”

ဆုပိုင်က ပြောလိုက်ပြီး နောက်သို့လှည့်ကာ ရုံးခန်းထဲသို့ ဝင်သွားသည်။

အခုက ရွှေသိမ်းငှက်အပိုင်းအစတာဝန်ကို လုပ်ဖို့ ပြင်ဆင်ရမဲ့အချိန်ပဲ။

95 02

အံ့အားသင့်မှု အမှတ်တစ်သိန်းခွဲနှင့်သာ လဲထားသည့် တာဝန်မျိုး ဖြစ်နေသည့်တိုင်အောင် ဆုပိုင်ကမူ ထိုတာဝန်က ခက်ခဲနိုင်သည်ဟု ခံစားရသည်။ အကြောင်းမူကား ပျံသန်းနိုင်သည့် သားရဲကောင် ဖြစ်နေသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒါက လေထဲတွင် ပျံသန်းနိုင်သည်။

ဆုပိုင်က ပြင်ဆင်ပြီးသော ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး အသက်ပြင်းပြင်းရှူသည်။

“စနစ် ရွှေသိမ်းငှက်တာဝန်ကို စတင်ရအောင်”

“တင် တာဝန်က စတင်ပါပြီ”

10 9 8.....ဘုန်း။

ရုတ်တရက် ဆုပိုင်က မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူက အက်ကွဲနေသော ကျောက်သားပုံများကြားမှ မနည်းရုန်းကန်ကာ ထရပ်လိုက်ရသည်။

ထို့နောက် ဘေးဘီကိုကြည့်သည်။ သူက မည်သည့်လမ်းမှ မရှိသော လူသူရှင်းလင်းနေသည့် ချောက်ကမ်းပါးနံဘေးတွင် ရောက်နေခြင်းဖြစ်သည်။

“ဖာ့ခ် ဒါက တအားခက်တယ်လ်ို့ ငါပြောသားပဲ”

ဆုပိုင်က အောက်ဘက်မှ အဆုံးအစမဲ့အောင် နက်လောက်သည့် ချောက်ကမ်းပါးကြီးကိုကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။

ရွှေသိမ်းငှက်တာဝန်က သေချာပေါက် မရိုးရှင်းဘူးလို့ ငါမျှော်လင့်ထားပြီးသား။ ဒါပေမဲ့ ဒီလောက်အထိတော့ မရိုးရှင်းဘဲ ဖြစ်နေမယ်လို့ မထင်ထားမိဘူး။

“ဒါက ရွှေသိမ်းငှက်တွေ အသိုက်ဆောက်တတ်တဲ့ နေရာမျိုးမဟုတ်လား”

ဆုပိုင်က တွေးတောကြည့်သည်။ ထို့နောက် ချောက်ကမ်းပါးပေါ်သို့ ကုတ်တွယ်တက်ရင်း ဘေးဘက်သို့ တရွေ့ရွေ့သွားသည်။

[အချိန်တိုင်း အချိန်တိုင်းလိုလို စိတ်လှုပ်ရှားဖို့ ကောင်းသထက်ကောင်းလာတာပဲ၊ host မင်းက တော်တော်လေး ကျော်ကြားနေပြီ၊ ငါကျောင်းရီထျန်းတောင်မှ အယုံသွင်းခံလိုက်ရတယ် ]

[ဟုတ်တယ် ဟုတ်တယ်၊ ဒါပေမဲ့ ရွှေသိမ်းငှက်ဆိုတာက ဘာလဲ @စာကြည့်တိုက်မှူး ]

[ဒါတော့ ငါလည်း မဖြေပေးနိုင်ဘူး၊ ငါအခု အားလပ်ရက် ယူထားတာ]

[မင်းနည်းနည်းလေးများ အသုံးဝင်တာ မရှိနိုင်ဘူးလား၊ လူတိုင်းက မင်းရဲ့အဖြေကို စောင့်နေကြတာ၊ ဒါတောင်မှ အားလပ်ရက်ယူထားတယ်ဟုတ်လား၊ စိတ်မကောင်း မဖြစ်မိဘူးလား]

[ဟုတ်ပြီ ဟုတ်ပြီ ခွင့်မဲ့ အားလပ်ရက်ယူထားတာ၊ ဟုတ်ပြီလား]

[နေပါဦး ရွှေသိမ်းငှက်ဆိုတော့ ပျံနိုင်တဲ့အကောင်ဖြစ်လောက်တယ် ၊ ဟုတ်တယ်မလား]

.........။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိနေတဲ့ မိတ်ဆွေများက တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ နာမည်ကိုကြည့်ပြီး စတင်ကာ ဆွေးနွေးနေကြသည်။ တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားပြီးနောက် အထူးသဖြင့် ငှက်များနှင့် ပတ်သက်သော သတင်းအချက်အလက်များက လက်တစ်ဆုပ်စာသာရှိသည်။

“ဟားဟားဟား”

ဆုပိုင်က ချောက်ကမ်းပါးနံရံကို မှီလျက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ commentများကိုကြည့်ရင်း ရယ်ကာပြောသည်။

“ဒါက ပျံနိုင်တဲ့ တိရိစ္ဆာန်ပဲ၊ ဒါပေမဲ့ ရွှေသိမ်းငှက်တွေက အကောင်တွေကြီးတော့ သူတို့ရဲ့သားကောင်ကလည်း ကြီးတယ်”

“အရင်တစ်ခေါက် ဆွပ်ဖားလှည်းခွေးတာဝန်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အချိန်အတောတွင်း နှင်းဝံပုလွေတွေကို မှတ်မိသေးတယ်မဟုတ်လား၊ သူတို့က ကြမ်းတမ်းခက်ထန်တဲ့ ဝံပုလွေတွေ၊ တစ်ခါတရံမှာ ဒီရွှေသိမ်းငှက်တွေရဲ့ အစာဖြစ်သွားတတ်တယ်”

“ရှေးခေတ်အချိန်ကာလမှာ ရွှေသိမ်းငှက်တွေက တအားများတယ်၊ နောက်ပြီး ဒီလိုအကောင်မျိုးတွေကို မွေးတဲ့ လူသားတွေကလည်း တအားများတယ်၊ အထူးသဖြင့် အနောက်ပိုင်း တိုင်းပြည်တွေမှာပေါ့၊ အဲဒီအချိန်က ဘယ်သူကပဲ ဈေးဝယ်ထွက်ထွက် သူတို့ရဲ့ လက်မောင်းပေါ်မှာ ရွှေသိမ်းငှက်တစ်ကောင်စီက ရပ်နေလေ့ရှိတယ်”

“ဒါပေမဲ့ အထက်တန်းလွှာတွေက သဘောကျပြီး မွေးမြူကြတဲ့အတွက်ကြောင့် အမဲလိုက်သူတွေက ရွှေသိမ်းငှက်တွေကို ပစ်မှတ်ထားတယ်၊ အဲဒီနောက်ပိုင်း အသားကုန် အမဲလိုက်တာနဲ့ မျိုးတုန်းပျောက်ကွယ်သွားခဲ့တာပဲ”

ဆုပိုင်က လက်နှစ်ဖက်လုံးကို သုံးလျက် ကျောက်သားများကို ကုတ်တွယ်ရင်း ဘေးတိုက်လျှောက်နေရခြင်းဖြစ်သည်။ သူက တစ်လှမ်းချင်းစီ ရှေ့ဆက်သွားနေ၏။

“ရှေးခေတ်အချိန်ကာလမှာ ရွှေသိမ်းငှက်တွေက ယွမ်၇ သောင်းတောင် တန်ကြေးရှိတယ်၊ ဒါတောင် မဝယ်နိုင်တဲ့ အခြေအနေမျိုးနော်”

“နောက်ပြီး ဒီလိုအကောင်မျိုးတွေကို ယဥ်ပါးဖို့ကလည်း တအားခက်တယ်၊ ဒါက လူရဲ့စိတ်ရှည်သီးခံမှုကို စမ်းသပ်စေသလိုပဲ”

95 03

“အဲဒီအချိန်ကဆိုရင် တော်တော်များများက ဒီလိုသိမ်းငှက်တွေကို သဘောကျကြတာ၊ နောက်ပြီး တိရိစ္ဆာန်တွေကို ယဥ်ပါးအောင် လုပ်တဲ့အထဲမှာမှ ရွှေရောင်သိမ်းငှက်တွေကို ယဥ်ပါးအောင်လုပ်တဲ့ ဖြစ်စဥ်ကို သိမ်းငှက်ကို ဆူပွက်အောင်လုပ်တယ်လို့တောင် တင်စားကြသေးတယ်၊ နောက်ပြီး တခြားအလားတူ ပျံသန်းတဲ့ တိရိစ္ဆာန်အများစုကိုလည်း ဒီလိုနည်းလမ်းကိုသုံးပြီး ယဥ်ပါးအောင် လုပ်ကြရတာပေါ့”

“ဒါပေမဲ့ ဒီနည်းလမ်းက တော်တော်လေး ရက်စက်တယ်၊ နောက်ပြီး ရွှေသိမ်းငှက်တွေက မယဥ်ပါးခင်အထိ နေ့ပေါင်းများစွာ ညပေါင်းများစွာ မအိပ်စက်ရဘူး”

ထိုစကား၏ အဆုံးသတ်တွင် ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး တည်ငြိမ်စွာပြောသည်။

“ရွှေသိမ်းငှက်တွေက လူသားတွေရဲ့ အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘူးလေ၊ သူတို့က လေထဲက ဘုရင်တွေ၊ သူတို့က ခြေထောက်ကို ကြိုးချည်ခံထားရသင့်တဲ့ သတ္တဝါတွေ မဟုတ်ဘူး၊ လွတ်လွတ်လပ်လပ်နဲ့ ပျံသန်းရတာကို သဘောကျတဲ့ကောင်တွေ”

ထိုသို့ပြောပြီးနောက် ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ commentများကို တိုက်ရိုက်ပိတ်လိုက်သည်။ အကြောင်းမူကား အရှေ့ဘက်တွင် သေးငယ်သည့် ကျောက်သားစင်မြင့်လေးတစ်ခုလို ပေါ်လာသောကြောင့်ဖြစ်သည်။ ထိုပေါ်တွင် အမျိုးမျိုးသော သစ်ကိုင်းများဖြင့် တည်ဆောက်ထားသည့် ကြီးမားသော ငှက်ကြီး၏ အသိုက်ရှိနေသည်။

ဒါက ရွှေသိမ်းငှက်အသိုက်ပဲ ဖြစ်မယ်။

ဝို့ ဝို့။

ထိုအချိန်တွင် ရွှေသိမ်းငှက် အကောင်ပေါက်လေးနှစ်ကောင်က ခေါင်းလေးကို ဆန့်ထုတ်၍ စူးရှစွာအော်သည်။

ရွှေသိမ်းငှက်အမေအပြင် တခြားသော တစ်စုံတစ်ရာက ချဥ်းကပ်လာသော အနံ့ကို ရသဖြင့် ထိုအကောင်လေးနှစ်ကောင်က သူတို့၏ အမွှေးမပေါက်သေးသော တောင်ပံလေးကို တဖျတ်ဖျတ်ခါလျက် အသိုက်ထဲမှ ခုန်ထွက်ရန် ကြိုးစားနေကြသည်။

“ဟူးး”

ဆုပိုင်က ထို အမွေးမပေါက်သေးသော ကိုယ်တုံးလုံးအကောင်လေးနှစ်ကောင်ကို ကြည့်ပြီး စိတ်အေးသွားသလို သက်ပြင်းချသည်။ ထို့နောက် တဖြည်းဖြည်းချင်း ချဥ်းကပ်သွားလိုက်၏။ ဒီတာဝန်က ထိုအကောင်လေးနှစ်ကောင်နှင့် ပတ်သက်နေလောက်သည်။

သို့ရာတွင်.....။

သူ၏အမွေးများက မပေါက်သေးချေ။ ထို့ကြောင့် ထိုအကောင်လေးနှစ်ကောင်က လသားသာသာ သာရှိလောက်သေးသည်။

“ဟေး”

ဆုပိုင်က အသိုက်ဘေးဘက်ခြမ်းသို့ ဂရုစိုက်ကြည့်ရင်း ထိုကောင်လေးနှစ်ကောင်ပေါ် လက်တင်လိုက်သည်။

အတိတ်က မြေကမ္ဘာခေတ်တွင်ဆိုလျှင် သူက ရွှေသိမ်းငှက်လို အကောင်မျိုးအနားသို့ပင် ချဥ်းကပ်ခွင့် မရရှိနိုင်ချေ။ ယခုလိုမျိုး ရှားပါးလွန်းသော အကောင်ပေါက်လေး ၂ကောင်ကို မြင်တွေ့ရန်ဆိုလျှင် ပို၍ဝေးကွာသေးသည်။

ထိုရွှေသိမ်းငှက်များက အလွန်ကာကွယ်ပေးခံရသည့် သတ္တဝါလေးများဖြစ်သည်။

သူတို့က သူတို့၏ အသိုက်သို့ နောက်ထပ်သတ္တဝါတစ်ကောင်က ချဥ်းကပ်လာကြောင်း သိသည်နှင့် ရေမြေဆုံးသည်အထိ ရန်ငြိုးအပြည့်နှင့် လိုက်သတ်လေ့ရှိသည်။

တစ်ခါတရံတွင် လူတစ်ယောက်တည်းကိုမဆိုထားဘိ လူဆယ်ယောက်ကျော်ဆိုလျှင်ပင် ရွှေသိမ်းငှက်တစ်ကောင်ကို မယှဥ်နိုင်ချေ။

ဘန်း။

ရုတ်တရက် ဆုပိုင်က ထိုအကောင်လေးနှစ်ကောင်၏ နဖူးကို ထိတွေ့မိလိုက်သည့်အချိန်တွင် အဝေးရှိ ကောင်းကင်မှ စူးရှကျယ်လောင်လွန်းသည့် နှာမှုတ်သံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

++++

96 01

အပိုင်း (96)

“ဟူး..”

နှစ်မီတာကျော်ခန့်ကျယ်သည့် ဖြန့်ကားလွန်းသော တောင်ပံကြီးက ကောင်းကင်ရှိ နေအလင်းရောင်ကိုပင် ပိတ်ဆို့ထားသည်။

ရွှေသိမ်းငှက်၏ အေးစက်သော မျက်ဝန်းက သူ၏အသိုက်နားတွင် ပေါ်လာသည့် လူသားကို ကြည့်သည်။

သောက်ကျိုးနည်း လူသား။

သူတို့ သူ့အသိုက်ကို ရှာတွေ့သွားပြန်ပြီ။

ကံကောင်းသည်မှာ သူက အချိန်မီရှာတွေ့ခဲ့သည်။ အနည်းငယ်သာ နောက်ကျသွားခဲ့မည်ဆိုလျှင်အတွင်းမှ အကောင်ငယ်လေးနှစ်ကောင်ကို ထိုသောက်ကျိုးနည်းလူသားက ဖမ်းသွားပေလိမ့်မည်။

သူ၏ အမျိုးသားကိုလည်း ထိုသောက်ကျိူးနည်းလူသားများက ဖမ်းသွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အကောင်ပေါက်လေးနှစ်ကောင်သာ ကျန်သည်။ ထိုနှစ်ကောင်ကို တစ်စုံတရာဖြစ်ခွင့်ပြု၍ မရချေ။

ဘန်း။

သူက အလျင်လိုသော အော်သံမျိုးနှင့်အတူ တောင်ပံများကို တစ်ဖျတ်ဖျတ်ခါပြီး ဆုပိုင်ရှိရာနေရာသို့ လေတိုးသံများကို ချိန်ရွယ်လျက် ဒန်းစိုင်းထိုးဆင်းသွားလိုက်သည်။

“ငါက.... “

ဆုပိုင်က ကြောင်သွားသည်။

သူက ရွှေသိမ်းငှက်မိခင်ဖြစ်သူ၏ ခက်ထန်သောအကြည့်ကို ရင်ဆိုင်ရသောအခါ ကျောက်သားများရှိရာနေရာနောက်တွင် ပုန်းအောင်းရန် အလျင်စလို စရှာသည်။

သို့သော်.....။

ဒီနေရာနားတွင် ပုန်းအောင်းရန် ကျောက်သားများမရှိပေ။

ဘန်း။

ရွှေသိမ်းငှက်ကြီးက သူသယ်လာသည့် မီးခိုးရောင် ဝံပုလွေကို ကျောက်သားပေါ်သို့ ပစ်ချလိုက်သော မြင်ကွင်းကိုလည်း မြင်လိုက်ရသည်။ ထို့နောက်သူ၏ စူးရှသော လက်သည်းကြီးများက ဆုပိုင်ကို ဖမ်းကုတ်ရန် ကြိုးစားလာသည်။

သူက မြေပြင်ပေါ်သို့ ခပ်မြန်မြန်လှဲကာ လှိမ့်ရှောင်လိုက်ရသည်။

သို့သော် သူ၏ ကျောပိုးအိတ်အစွန်းနားကမူ တင်းကျပ်သွားသလို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကပင် လေထဲသို့ စတင်မြောက်တက်သွားသည်။

သေစမ်း ဒါက သိပ္ပံနည်းမကျတော့ဘူး။

သူ၏အရှေ့မှ ထိုရွှေသိမ်းငှက်က kg၁၀၀ ကျော်ခန့်လေးသည့် သူ့ကိုပင် သယ်လျက် လေပေါ်သို့ တက်နိုင်စွမ်းအား ရှိနေခဲ့သည်။

ဆုပိုင်က သူ၏လက်နှစ်ဖက်လုံးဖြင့် ကျောပိုးအိတ်မှ ကြိုးများကို ခပ်မြန်မြန်ဖြည်လိုက်ပြီး ကျောက်သားပေါ်သို့ ခပ်မြန်မြန် လွှင့်ပစ်လိုက်သည်။

ဘန်း။

ကျောပိုးအိတ်တစ်ခုလုံးက ရွှေသိမ်းငှက်၏ လက်သည်းကြောင့် တစ်စစီ မွစာကြဲလျက် ပြဲထွက်သွားသည်။ ထိုသို့ဖြင့် တောထဲတွင် ရှင်သန်ကျင်လည်ရန် ထည့်လာသော ပစ္စည်းများအားလုံးကလည်း ဆုပိုင်၏ အရှေ့ဘက်ရှိ ကျောက်ကမ်းပါးအောက်သို့ တိုက်ရိုက်ထိုးကျသွားလေသည်။

ဘန်း။

သူ၏ ကုတ်ချက်က အရှေ့မှအကောင်ကို ဘာမှမလုပ်လိုက်နိုင်သဖြင့် ထိုရွှေသိမ်းငှက်က သဘောမကျဖြစ်သွားပြီး တစ်ခါထပ်အော်သည်။ ထို့နောက် လေထဲတွင် တစ်ပတ်ပြန်ဝဲလာလျက် ဆုပိုင်ရှိရာဘက်သို့ တစ်ဖန်ပြန်လည်ထိုးဆင်းလာပြန်သည်။

“ရပ်ဦး ဒါက မင်းထင်သလိုမဟုတ်ဘူး”

ဆုပိုင်က တိရိစ္ဆာန်ဘာသာစကား functionကို ခပ်မြန်မြန်သုံးပြီး အရှေ့မှအကောင်နှင့် ညှိနှိုင်းရန် ကြိုးစားသည်။ ဒီနည်းအားဖြင့် ဒေါသအမျက် ထောင်းထောင်းထနေသော ရွှေရောင်သိမ်းငှက်ကို စိတ်အေးအောင် လုပ်နိုင်ရန်မျှော်လင့်သည်။ သို့ရာတွင် သူ၏အရှေ့မှ ထိုအကောင်ကမူ သူ၏ညှိနှိုင်းချက်ကို နားထောင်ချင်စိတ်မရှိဘဲ ပို၍မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ထိုးဆင်းချလာသည်။

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး ဘေးဘက်ခြမ်းရှိ ငယ်ရွယ်သော သိမ်းငှက်ပေါက်လေးများကို ကြည့်ကာ အမြန်ပြန်ပြေးသွားလိုက်သည်။

ထိုအကောင်လေးနှစ်ကောင်ကို ရင်ခွင်ထဲတွင် ပွေ့ထားပြီးနောက် ဆုပိုင်က သူ့ဆီအပြေးလာနေသည့် ရွှေသိမ်းငှက်ကြီးကို စူးရှသော မျက်ဝန်းဖြင့် စိန်ခေါ်သလိုကြည့်လိုက်သည်။

[သေစမ်း hostက မြန်မြန်မသုံးဘူးလား၊ သူက ပြေးလာနေပြီလေ]

[ဒီရွှေသိမ်းငှက်က တော်တော်လေးကို အင်အားကြီးတယ်၊ တင်ဆက်သူကိုတောင် လေပေါ်မြောက်အောင် မလိုက်နိုင်သေးတာ၊ နောက်ပြီး လေကြောင်းတပ်ဖွဲ့ဝင်တစ်ယောက်လိုပဲ ပြိုင်ဘက်ကင်းနေတယ် ]

[အား ငါဒါကို ဆက်မကြည့်နိုင်တော့ဘူး ]

[လက်သည်းတွေက တအားထက်နေတယ်နော် ဟစ်]

96 02

[တင်ဆက်သူက ဘာလုပ်မလို့လဲ၊ သူမြန်မြန် မလှဲချရင် သူ့ရဲ့ အသွေးအသားတွေက စုတ်ဖြဲခံရတော့မှာပေါ့]

[သွားပြီသွားပြီ တင်ဆက်သူက ဒီတစ်ကြိမ် ကျရှုံးသွားပြီ၊ တအားရက်စက်တာပဲ]

.......။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအားလုံးက ဆုပိုင်အစား ချွေးစေးများ ပျံနေကြသည်။ ခက်ထန်ကြမ်းတမ်းသော ရွှေသိမ်းငှက်၏ ပုံပန်းသွင်ပြင်ကို မြင်ခဲ့ရပြီးနောက် အားလုံးက ကြောက်လန့်နေကြလေသည်။

သူ့တွင် အလွန်ထက်ရှသော လက်သည်းကြီးများကို ပိုင်ဆိုင်ထားရုံသာ မကသေးလေဘဲ ထိုလက်သည်းထိပ်တစ်ခုချင်းစီမှ ချိတ်ကောက်လိုမျိုး ကောက်ကွေးနေသော ထက်ရှသည့် လက်သည်းအပိုင်းက အဆုံးသတ်မကောင်းစေနိုင်ချေ။ ထို့အပြင် သူ၏နှုတ်သီးကလည်း လူတစ်ယောက်၏ ဦးနှောက်ကိုပင် ပေါက်အောင်ဖောက်စားနိုင်လောက်သည်။

အထူးသဖြင့် လူတိုင်း၏အရှေ့တွင် ပုံပျက်ပန်းပျက် ပုံသဏ္ဍာန်မျိုးဖြင့် လဲကျသေဆုံးနေသော မီးခိုးရောင်ဝံပုလွေ၏အလောင်းကို မြင်ရချိန်တွင်ဖြစ်သည်။ ထိုသို့ဖြင့် သူတို့၏ အရှေ့မှ ထိုရွှေသိမ်းငှက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်နိုင်လေသည်။

“ငါဘာကိုမှ ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး”

ဆုပိုင်က ကောင်ငယ်လေးနှစ်ကောင်ကို လက်မောင်းထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း ရွှေသိမ်းငှက်ကို ကြည့်ကာအော်သည်။

ဘုန်း။

သူ၏နားထဲတွင် လေတိုးသံက ထွက်လာသည်။ ဆုပိုင်က သူ၏ခေါင်းထိပ်ကိုကျော်ကာ ဖြတ်သန်းသွားသည့် ရွှေသိမ်းငှက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏နဖူးတွင် ချွေးစေးများက စီးကျလာသည်။

သူက သူ၏ရင်ဘတ်ကို ကြောက်လန့်မှုအပြည့်နှင့် ပုတ်လိုက်ရင်း ဘေးဘက်သို့လှည့်ကာ ကောင်းကင်သို့ ပျံတက်သွားသည့် ရွှေသိမ်းငှက်ကိုကြည့်သည်။

ဘန်း။

“သွား နင့်ကို ဒီနေရာက မကြိုဆိုဘူး”

လေထဲမှ အော်သံထွက်လာသည်။

ဆုပိုင်က အကောင်ငယ်လေးနှစ်ကောင်ကို အသိုက်အတွင်းသို့ ခပ်မြန်မြန်ပြန်ချပြီး အနီးနားရှိ ချောက်ကမ်းပါးသို့ အလျင်အမြန်ပြန်ပြေးသည်။

ဘန်း။

ရွှေသိမ်းငှက်က အသိုက်နားသို့ ထိုးဆင်းလာပြီး အရှက်ရဖွယ် ပုံသဏ္ဍာန်မျိုးဖြင့် ထွက်ပြေးသွားသည့် ဆုပိုင်ကို တစ်ချက်ကြည့်သည်။ ထို့နောက် မီးခိုးရောင်ဝံပုလွေ၏ အလောင်း၂ လောင်းကို ယူလာလိုက်သည်။

ဘိ။

သူက သွေးသံရဲရဲ အသားတုံးတစ်တုံးကို ဆုတ်ဖြဲလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ အကောင်ငယ်လေးနှစ်ကောင်၏ ပါးစပ်ထဲသို့ ထိုးသွင်းထည့်ကာ ကျွေးသည်။

အချိန်အတန်ကြာပြီးနောက် ရွှေသိမ်းငှက်က အသိုက်ထဲတွင် လှဲလျက် မျက်လုံးကို မှေးကျဥ်းကာ အိပ်စက်ရန်ကြံစည်သည်။

ခရက်။

ရုတ်တရက် အနီးနားမှ သစ်တုံးများ၏ တက်နင်းခံရသံက ထွက်ပေါ်လာသည်။ ရွှေသိမ်းငှက်က ခေါင်းကို သတိအပြည့်ကပ်ကာ မော့လိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ယခုလေးတင် ထွက်သွားသော လူသားက ပြန်လာပြန်ကြောင်း မြင်လိုက်ရသည်။

“အာ...”

ဆုပိုင်က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ရင်း အောက်ဘက်ရှိ လမ်းကိုပြကာ ပြောသည်။

“အဲဒီမှာ လမ်းမရှိဘူး၊ ငါ ငါဆင်းလို့မရဘူး”

“ဝေးဝေးနေ”

ရွှေစိမ်းငှက်က ရွံရှာသလိုမျိုးကြည့်ပြီး မျက်လုံးကို မှေးကျဥ်းလိုက်ပြန်သည်။

သူ၏အရှေ့မှ လူသားထံတွင် သတ်ဖြတ်လိုစိတ်များကို မခံစားရချေ။ သူနှင့် နီးကပ်ချင်သော ထင်ယောင်ထင်မှားဖြစ်သလို ခံစားချက်မျိုးကိုပင် ရနေသေးသည်။

“ဒါက.....”

ဆုပိုင်က ချောက်ကမ်းပါး ဘေးနားတွင် ထိုင်လိုက်ပြီး အဝေးသို့ လှမ်းကြည့်သည်။

သူ့ရဲ့တာဝန်က ဒါလား။

သူဒီနေရာမှာတော့ ထာဝရ နေလို့မရဘူးလေ။ ဒါမှမဟုတ် သူဒီအကောင်ငယ်လေးနှစ်ကောင်ကို ကြီးပြင်းတဲ့အထိ စောင့်ပေးရမှာလား။

ထိုအကြောင်းအရာကို တွေးမိသော် ဆုပိုင်က နာကျင်သွားသလို ခံစားလိုက်ရသည်။

96 03

ကျောပိုးအိတ်ထဲရှိ အရာအားလုံးကကျကုန်လေပြီ။ ဒီတာဝန်က ဒီအတိုင်း ပြီးဆုံးသွားခဲ့သော် ဒီနေရာတွင် ငတ်သေလောက်သည်။

“ဂလု ဂလု ဂလု”

ရုတ်တရက် အသိုက်ထဲမှ အကောင်ငယ်လေးတစ်ကောင်က ရုန်းကန်ကာ ထွက်လာပြီး သူ၏ အမွေးများမပေါက်သေးသည့် တောင်ပံကို တဖျတ်ဖျတ်ခါကာ ဆုပိုင်ဆီလာသည်။

ဘန်း။

ထို့နောက်မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားသည်။

“ဟားဟား”

ဆုပိုင်က ထိုငှက်ကလေးကို အပြုံးနှင့် ကောက်မလိုက်ပြီး နဖူးကို တစ်ကြိမ်ပွတ်ပေးသည်။ ထို့နောက်ပြန်ထည့်ထားလိုက်သည်။

ရွှေသိမ်းငှက်က တစ်ဖက်မှလူငယ်ကို ထူးဆန်းသလိုကြည့်လိုက်ပြီး အကောင်ငယ်လေးနှစ်ကောင်ကို သူ၏အတောင်များဖြင့် အုပ်ထားလိုက်သည်။

ဆုပိုင်က ဘေးဘက်တွင် ထိုင်ရင်း ဝင်နေသည့် လေကို ကျင်းရိစွာ ကြည့်နေလိုက်သည်။

သိပ်မကြာခင် မှောင်တော့ပေမည်။

ဒီတာဝန်က ဒီနေ့တော့ မပြီးတော့ဘူးထင်တယ်။

သို့သော် ဒါက ချောက်ကမ်းပါးပေါ်တွင်ဖြစ်သည်။ ညအချိန် အပူချိန်က မည်သည့်အခြေအနေရှိနိုင်ကြောင်းလည်း မသိနိုင်သေးချေ။

“ဝူးး...”

ရွှေသိမ်းငှက်ကအော်သည်။ သူက တစ်စုံတစ်ရာကို မှတ်မိသွားပုံရပြီး ထလိုက်ကာ ဆုပိုင်၏ အရှေ့နားသို့ မီးခိုးရောင်ဝံပုလွေ၏ အလောင်းတစ်လောင်းကို ပစ်ပေးလိုက်သည်။ ထို့နောက် သူ၏အသိုက်ထဲသို့ ပြန်ဝင်သွားသည်။

ဘာကိုဆိုလိုတာလဲ။

ငါ့ကို စားစရာပေးတာလား။

ဆုပိုင်က ဆုတ်ဖြဲခံထားရပြီး ဝံပုလွေကောင်ပင် မပေါ်တော့သည့် မီးခိုးရောင် ဝံပုလွေ၏ အလောင်းကိုကြည့်ကာ ငိုချင်သွားသည်။

[Hahahaha hostကတော့ အန္တရာယ်ကျနေပြီလို့ထင်တယ်၊ မမျှော်လင့်ထားဘဲ ဒီလိုပုံစံ ပြောင်းလဲသွားသေးတယ်]

[ရွှေသိမ်းငှက်က တအားလန်းတယ်လို့ မထင်ဘူးလား]

[Haha သူက တင်ဆက်သူရဲ့အရှေ့ကို အလောင်းကို ပစ်ပေးလိုက်တာနော်၊ နားလည်လား]

[ရွှေသိမ်းငှက်....ဘာလဲ စားချင်ရင်စား၊ မစားချင်ရင်လည်း ငါက မင်းကိုလာစားအောင်ဖိအားပေးနေတာလား]

[အပေါ်ကတစ်ယောက် လူသားဆန်စမ်းပါ]

ဆုပိုင်၏ ကူကယ်ရာမဲ့နေသော အကြည့်ကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မိတ်ဆွေများအားလုံးက စတင်ကာ အောင်ပွဲခံနေကြသည်။

အချိန်အတန်ကြာပြီးနောက် ဆုပိုင်က ထိုအလောင်းကိုကြည့်ပြီး ဘာမှမလုပ်နိုင်တော့ချေ။

ခရက်။

ရုတ်တရက် ဘေးဘက်ရှိ ချောက်ကမ်းပါးထံမှလာသော ခပ်ရှရှအသံကို ကြားလိုက်ရသည်။ ထို့နောက် သံမဏိချိတ်ကောက်နှင့် ကြိုးတစ်ကြိုးက ကျောက်သားပေါ်သို့ လာချိတ်သည်။ ထိုကြိုးက အလွန်တင်းသွားသည်။

ဆုပိုင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး ချောက်ကမ်းပါးနားသို့ ခပ်မြန်မြန်သွားကာ ငုံ့ကြည့််သည်။

ထိုအခါ လိမ္မော်ရောင် ပစ္စည်းတင် ကုန်တင်ကားပေါင်းများစွာက တောင်အောက်ခြေတွင် ရပ်ထားကြောင်း တွေ့လိုက်ရသည်။ ဂျင်းဝတ်စုံများကို ဝတ်ဆင်ထားကြသည့် လူသားတစ်အုပ်က အပေါ်ဘက်ရှိ ချောက်ကမ်းပါးပေါ်သို့ မော့ကြည့်နေကြသည်။

တောင်တက်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုလူများက ကြိုးများကို ယူရင်း ချောက်ကမ်းပါးပေါ်သို့ စတက်လာသည်။

တစ်ယောက်ချင်းစီတိုင်းက သူတို့၏ခါးတွင် ပြောင်းလိုသေနတ်ကို သယ်လာကြသည်။

ဆိုတော့ ဒါက တာဝန်ကိုး။

ဆုပိုင်က ညည်းညူလိုက်ရင်း ဘေးဘက်သို့ လှည့်ကာ ရွှေသိမ်းငှက်၏အသိုက်ထံသို့ ပြန်ပြေးသွားလိုက်သည်။

++++

All Chapters