← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အပိုင်း (100)

ကျယ်လောင်စူးရှသော သိမ်းငှက်များ၏ အော်သံများက ထွက်ပေါ်လာသည်။ လေထဲထို့ ခုန်တက်ခါနီး သိမ်းငှက်များက ကျည်ဆန်များကြောင့် လန့်ဖျန့်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

ဆုပိုင်ကလည်း ခပ်မြန်မြန် တိုက်ရိုက်ပြန်ပစ်သည်။ သူ့ရှေ့ရှိ လူတိုင်းက တစ်ဖန်ပြန်လည်မောင်းတင်ပြီး တိုက်ခိုက်မည့်အချိန်တွင် သူက ထိုသိမ်းငှက်များကို ကြည့်ကာ အော်လိုက်သည်။

“ထွက်ပြေးတော့”

ထိုအခိုက် သိမ်းငှက်များက အော်ဟစ်လိုက်ပြီး လေထဲသို့ ခပ်မြန်မြန် ခုန်တက်လျက် တံခါးဝတွင် ရပ်နေသော လူများထံ ပြေးသွားကြသည်။

ဗြိ။

“အား ငါ့မျက်လုံးတွေ”

သိမ်းငှက်တစ်ကောင်၏ ထက်ရှသော လက်သည်းက သန်မာသော လူကြီးတစ်ယောက်၏ မျက်နှာကို ချက်ချင်းလိုလို ဆွဲကုတ်လိုက်ပြီး အသွေးအသားပေါင်းများစွာကို မြောက်တက်လာစေသည်။ ထိုသို့ဖြင့် မျက်လုံးကို ချင်းချင်းရဲသွားစေလျက် ကန်းသွားစေသည်။ သွေးများကလည်း စီးကျလာသေးသည်။

ဆုပိုင်က ဒဏ်ရာရရှိထားသည့် သိမ်းငှက်မကို ဖမ်းလျက် သိုလှောင်အိမ်အပြင်ဘက်မှ ငုံ့ကိုင်းကာ ထွက်လာသည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော ရွှေသိမ်းငှက်ပေါင်းများစွာက တံခါးဝနားတွင် အုံနေရင်း အောက်ဘက်မှ လူများကို ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။

သိပ်မကြာခင် စူးရှသော အော်သံများက အသနားခံသံများအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ထိုရွှေသိမ်းငှက်တစ်အုပ်ကမူ မျက်လုံးများ နီရဲနေကြပြီဖြစ်သည်။ သူတို့က ထိုလူများပေါ်သို့ပင် တိုက်ရိုက် တက်ရပ်လိုက်ပြီး သူတို့၏ နှုတ်သီးများကို သုံးကာ အောက်ဘက်ရှိ အသားများကို တိုက်ရိုက်ဆွဲကုတ်နေကြသည်။

[ဖာ့ခ် တော်တော်လေးကို ကြောက်ဖို့ကောင်းတာပဲ၊ ဒီရွှေသိမ်းငှက်တစ်အုပ်ကတော့ အဆုံးသတ်ပြီလို့ ထင်နေတာ၊ မမျှော်လင့်ထားဘဲ..]

[ဒီလူတွေက သူတို့ထိုက်နဲ့ သူတို့ကံပဲလေ၊ သိမ်းငှက်တွေ ဘယ်လောက်တောင် သေဆုံးသွားကြပြီလဲ၊ ဒီတစ်အုပ်ကသာ ကလဲ့စားပြန်ချေခွင့်ရတာ၊ ဒါကြောင့် သူတို့အတွက် နည်းလွန်းနေသေးတယ်]

[တင်ဆက်သူက နောက်ဆုံးတော့ သိမ်းငှက်တွေရဲ့ အကာကွယ်ပေးတာကို ခံလိုက်ရတာပဲ]

[ဟုတ်တယ်၊ နောက်ပြီး သွေးသံရဲရဲ မြင်ကွင်းတွေကို နည်းပညာသုံးပြီး ဝါးထားသေးတယ်၊ ဒါပေမဲ့ ထည့်ထားတဲ့ special effecfတွေက တော်တော်လေးကို မယုံနိုင်စရာကောင်းတယ်၊ တင်ဆက်သူက တော်တော်လေးကို အဆင့်မြင့်တဲ့ နည်းပညာကို သုံးထားတာပဲ]

[တင်ဆက်သူက ဘယ်လိုနည်းနဲ့ ရိုက်ကူးထားလဲ မသိပေမဲ့လည်း ငါတို့ကြည့်ဖူးတဲ့ block basterတွေတိုင်းထက် ပိုပြီးကြမ်းတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် အစစ်အမှန်ဖြစ်နေသလိုပဲ]

......။

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ commentကို ကြည့်လိုက်မိသည့် အခိုက်အတန့်တွင် special effect သုံးထားကြောင်း ထင်နေသည့် လူများ၏ စာများကို တွေ့လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများက တွန့်သွားသည်။

သို့ရာတွင် စနစ်ကလည်း အားလုံးကို ပေါ့ပေါ့ပါးပါး ရှိစေချင်ပုံရသည်။ ထို့ကြောင့် အရက်စက်ဆုံးသော အပိုင်းများကို special effectသုံးခြင်း ၊ အပေါ်မှ ဝါးသွားစေသော နည်းပညာမျိုးတို့ကို သုံးကာ အုပ်ခြင်းတို့ကို ပြုလုပ်ပေးထားသည်။

သို့မဟုတ်လျှင်လည်း ကင်မရာက အဝေးသို့ချိန်ကာ ရိုက်လေ့ရှိသေးသည်။ ထိုနည်းအားဖြင့် အလွန်သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းများကို မမြင်ရပေ။

မြေပြင်တွင် လှုပ်ရှားမှုမဲ့စွာ လဲနေသော ငှက်ဖမ်းသူများကို မြင်သောအခါ ဆုပိုင်က နောက်သို့ လှည့်မကြည့်ဘဲ မြို့ထဲမှ ခပ်မြန်မြန်ပြေးထွက်လိုက်သည်။

ဒီရွှေသိမ်းငှက်၏ သတ်ဖြတ်သည့် မတော်တဆမှုပြီးနောက် ဒီနေရာမှ လူသားများက အာရုံစိုက်မည်လားမသိချေ။ သို့ရာတွင်.....။

ငှက်ဖမ်းသူများက ယခုအတိုင်း ဆက်နေမည်ဆိုလျှင် အနာဂတ်တွင် အနှေးနှင့်အမြန် အလားတူကိစ္စမျိုးက ထပ်ဖြစ်လာပေလိမ့်မည်။

ဆုပိုင်က ဒီကိစ္စတွင် ပါဝင်ခဲ့သည့် ထိုရွှေသိမ်းငှက်တိုင်းကိုကြည့်သည်။ အနာဂတ်တွင် သူတို့ကို ထပ်ဖမ်းမည်ဆိုလျှင်ပင် ယဥ်ပါးရန် အလွန့်အလွန် ခက်သွားပေလိမ့်မည်။

သူတို့၏ လူသားအပေါ် မုန်းတီးမှုက အမြင့်ဆုံးသို့ ရောက်ရှိသွားပြီဖြစ်လေရာ ယဥ်ပါး၍ မရနိုင်တော့ချေ။

“သွားရအောင် အိမ်ပြန်ဖို့ အချိန်ကျပြီ”

ဆုပိုင်က ခပ်တိုးတိုးရေရွတ်လိုက်ရင်း ပခုံးပေါ်တွင် နားနေသည့် ရွှေသိမ်းငှက်မကို ကြည့်သည်။

လူသားများကသာ သူတို့ကို အစစ်အမှန်မိတ်ဆွေကဲ့သို့ ဆက်ဆံမည်ဆိုလျှင် ရွှေသိမ်းငှက်များကလည်း သူနှင့်အတူ ယဥ်ပါးခံရနိုင်သည်။

သို့သော် ထိုသို့လုပ်ရန် ဆန္ဒရှိသော လူများက အလွန်နည်းသည်။

100 02

တိရိစ္ဆာန်များကို ပြသခဲ့သည့် ကြင်နာမှုတိုင်းက အပြန်အလှန်အနေဖြင့် ပြန်လည်ပေးဆောင်ခံရလိမ့်မည်ဖြစ်သည်။

“တင် ဂုဏ်ယူပါတယ် host၊ ရွှေသိမ်းငှက် အပိုင်းအစတာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ”

“တင် ဂုဏ်ယူပါတယ် host၊ ရွှေသိမ်းငှက်ကို အောင်အောင်မြင်မြင်နဲ့.ဘကယ်ဆယ်လိုက်နိုင်ပါပြီ၊ ခွန်အားတစ်မှတ်၊ အရှိန်နှုန်းတစ်မှတ် ရရှိပါတယ်”

“တိုက်ရိုက်ထုတ်လွှင့်မှုက ပြန်လည် ပိတ်သွားပါလိမ့်မယ်၊ တင်ဆက်သူကိုလည်း ပြန်လည်ပို့ဆောင်ပေးနေပါပြီ”

ဆုပိုင်က မြက်ခင်းပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသည်။ သူက မည်သည့်နေရာသို့ ရောက်နေကြောင်းကိုပင် သေချာမသိရသေးချေ။

“ဘုရားရေ လာကြည့်ပါဦး၊ ဒါက ဘယ်သူလဲ”

“ချစ်ရတဲ့ ဒါရိုက်တာဆုပိုင်ရယ်၊ ဒီနေရာမှာ ဘာလို့လာလှဲနေတာလဲ”

“ကျိုးသွားတာလား၊ ဒါမှမဟုတ် ဘေဘီကို သွားခေါ်ပြီး ပွတ်ခိုင်းပေးရမလား”

သူ၏နားအနားမှ ခပ်ကြမ်းကြမ်းအသံနှင့်အတူ ငှက်တောက ဆုပိုင်၏အရှေ့တွင် ခပ်မြန်မြန် လာနားသည်။ ထို့နောက် မတွေ့ရတာကြာသော ဆွေမျိုးကို တွေ့နေရသလိုမျိုး ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်ရင်း သူ့အားကြည့်နေသည်။

“ဒါရိုက်တာ ငါတို့ရဲ့ တိရိစ္ဆာန်ရုံက ကြော်ငြာဖို့ လိုအပ်နေတယ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ငှားလိုက်ရင် ဘယ်လိုလဲ”

“မင်း လူကြီးမင်း ဖူကာဒါကိုလည်း ငှားလို့ရပါတယ် ကျွတ် ကျွတ် ကျွတ်”

ဖြန်း။

ဆုပိုင်က ထိုအကောင်ကို မြေပြင်သို့ ပြုတ်ကျအောင် ဖြတ်ခနဲ ဖြတ်ရိုက်လိုက်သည်။ ထို့နောက် မြေပြင်မှ တဖြည်းဖြည်းချင်း ကုန်းထ၏။

“ဝိုး”

သူ၏ လက်မောင်းထဲမှ သိမ်းငှက်အကောင်ပေါက်လေးနှစ်ကောင်က ခေါင်းပြူထွက်ကာအော်သည်။

“ခေါင်းမူးလိုက်တာ၊ ကြယ်တွေတောင် မြင်လိုက်ရသလိုပဲ”

ငှက်တောက မြေပြင်မှ ထလာသည်။ သူက ခေါင်းကိုခါနေရင်း တစ်ချက်ကြည့်လိုက်သောအခါ ဆုပိုင်၏ လက်မောင်းအတွင်းမှ အမွေးပင်မရှိသည့် အကောင်ငယ်လေးနှစ်ကောင်ကို တွေ့လိုက်ရသဖြင့် အော်ရယ်သည်။

“ရုပ်ဆိုးလိုက်တာ”

“ဒါက ဘာလဲ၊ ဘဲလား၊ ရှက်စရာကောင်းလိုက်တာ၊ အရမ်းရုပ်ဆိုးတယ်”

ပလုံ။

ရုတ်တရက် သူ၏အနောက်ဘက်မှ ပြင်းထန်သည့် အားတစ်ရပ်ကို ခံစားလိုက်ရပြီး သူ့အား ရိုက်ချလိုက်သလို ခံစားချက်မျိုးက ထွက်ပေါ်လာသည်။

ငှက်တောက ပင့်သက်ရှိုက်ရင်း မြေပြင်မှ ထလိုက်သည်။ ရုတ်တရက် ကောင်းကင်က မည်းမှောင်သွားသလို ဖြစ်သွား၏။ ကြီးမားသော သတ္တဝါတစ်ကောင်၏ အရိပ်က သူ့ကို အုပ်လာသည်။

သူက ခေါင်းကို ငုံ့လိုက်သည်။ သို့သော် တစ်ဖက်သူ၏ ထက်ရှလွန်းသော ခြေထောက်တစ်စုံကိုပင် မြင်လိုက်ရ၏။ ထို့နောက် သူ၏ခြေထောက်တစ်စုံကို ပြန်ကြည့်သည်။

ငှက်တောက သူ၏လက်သည်းများကို ခပ်မြန်မြန်လှုပ်ရှားရင်း နောက်သို့ပြန်ဆုတ်လိုက်သည်။

သူက မော့ကြည့်သည်။ ထိုအခါ သူ့ကို ရက်စက်မှုအပြည့်ဖြင့် ကြည့်နေသော မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ငှက်တော၏ ကိုယ်ပေါ်ရှိ အမွေးတိုင်းက ထောင်တက်သွားသည်။

ရက်စက်လိုက်တာ။

သောက်ကျိုးနည်း ဒါက ဘာလဲ။ ကြောက်စရာ ကောင်းလိုက်တာ။

“ဟေး”

“ဘယ်သူ့ကလေးက ရုပ်ဆိုးလိုက်တာလို့ မင်းပြောလိုက်တာလဲ”

သိမ်းငှက်ကြီးက ခေါင်းကိုငုံ့လျက် အရှေ့မှ ရောင်စုံအကောင်ကိုကြည့်ရင်း နှုတ်သီးကို ဖွင့်လျက်မေးလိုက်သည်။

“အား အား အား မားမားလား မား”

ရုတ်တရက် ငှက်တောက သူ၏တောင်ပံကို ခပ်မြန်မြန် ခတ်၍ ထိုသိမ်းငှက်ခြေထောက်ကြီးကို ဖက်ရင်း မရပ်မနား ငိုနေသည်။

“ငါမားကို ရှာနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ အခုတော့ ရှာတွေ့ပြီပဲ”

“ဒါဆို အခုမြင်လိုက်ရတာက ငါ့ရဲ့ ညီအစ်ကိုတွေလား၊ အား.. ငါ ဘယ်လိုဆိုးရွားတဲ့ပါးစပ်ကို ပိုင်ဆိုင်ထားတာလဲ”

ဖြန်း။

သူက ထိုသို့ပြောပြီးခါစသာ ရှိသေးသည်။ သူ၏နဖူးက ခပ်ကြမ်းကြမ်း ဖြတ်ရိုက်ခံရသည်။ ထို့နောက် ဆုပိုင်က စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုးဖြင့် ကြည့်လိုက်သည်။

100 03

ဆုပိုင်က ပေါက်ကရစကားများ ပြောရန် ကျွမ်းကျင်လွန်းသော ထိုငှက်တောကို တစ်ချက်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများကပင် တွန့်သွားသေးသည်။ သူက ထိုကောင်ကို ခပ်မြန်မြန်မပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“ငှက်အသိုက်လုပ်ဖို့ နေရာတစ်ခုရှာ”

သူက ရွှေသိမ်းငှက်အမကို ပြန်ကြည့်သည်။ ဆုပိုင်က ငှက်တောကို လည်တိုင်မှတစ်ဆင့် ပြန်လည်ဖိညှစ်ကာ ကောက်ယူလိုက်ရင်း ပြောလိုက်သည်။

“မင်းတံခါးမှာ စောင့်ကြည့်မနေဘဲ ဒီနေရာကို ဘာလာလုပ်တာလဲ”

“အိုး...”

ထိုကြက်တူရွေးက သူ၏နဖူးကို သူ၏အတောင်နှင့် တစ်ချက် ရိုက်လိုက်ရင်း အဆုပ်များ ကွဲကြေမတတ် ကျယ်လောင်သည့် လေသံဖြင့်အော်သည်။

“မင်းကို လူလာရှာတာလေ၊ စစ်ယူနီဖောင်းနဲ့ လူတစ်အုပ်ပဲ၊ တံခါးဝမှာ ရောက်နေတယ်”

“မင်း ဘာပြစ်မှု ကျူးလွန်ထားတာလဲ ပြော၊ ဘာလို့ ဝက်ခြံထဲမှာ သွားမပုန်းတာလဲ”

“ငါ....”

“ပါးစပ်ပိတ်”

ဆုပိုင်က သူ၏လည်ပင်းကို တစ်ချက်ဖိညှစ်လိုက်သည်။ ထို့နောက် တံခါးဝဆီ ပစ်ပေးလိုက်သည်။

“ဒီကောင်ရဲ့ ပါးစပ်က တော်တော်လေးကို အဆိပ်ပြင်းတာပဲ”

လူတစ်အုပ်က ငါ့ကိုလာရှာတယ် ဟုတ်လား။ စစ်ယူနီဖောင်းဝတ်ထားတဲ့ လူတစ်အုပ်လား။

“ဒါရိုက်တာလျိုလား”

ဆုပိုင်က တစ်ချက်တွေးကြည့်လိုက်သည်။ သူက သူ၏အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ငှက်တောကို ကောက်မလိုက်ကာ အလေးအနက်ထားကာ ပြောသည်။

“သွား ကောင်းယွဲ့ကို ပြောပြီး သူတို့ကို အထဲကို ဖိတ်ခေါ်ထားလိုက်ပါ၊ ငါအဝတ်အစားသွားလဲလိုက်ဦးမယ်၊ ခဏနေမှ မြစ်နားမှာတွေ့တာပေါ့”

သူက ထိုသို့ပြောပြီးနောက် ထိုငှက်တောကို လွှတ်ပေးလိုက်သည်။ ငှက်တောကလည်း တံခါးဝရှိရာဘက်သို့ ခပ်မြန်မြန် ပျံသန်းသွား၏။ ဆုပိုင်ကမူ ရုံးခန်းဘက်သို့ ထွက်လာလိုက်သည်။

တာဝန်က ပြန်လာသောအခါ သူ၏ခန္ဓာကိုယ်ရှိ အဝတ်များက အကောင်းအတိုင်း မရှိတော့ချေ။ ပခုံးပေါ်မှ ဒဏ်ရာကိုလည်း ဆေးထည့်ရန် လိုအပ်နေသေးသည်။

အချိန်အတန်ကြာပြီးနောက်......

ဆုပိုင်က အဝတ်အစားလဲပြီးနောက် မြစ်ကမ်းနံဘေးနားသို့ စလျှောက်သွားသည်။

ထိုနေရာတွင် jd ရဲယူနီဖောင်းနှင့် လူတစ်အုပ်ကို မြင်လိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ဒီလူတွေက နန်တုက လာတာပဲ။

သို့သော် နန်တုမှ လူများက ဒီနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်နေကြောင်း မသိတော့ချေ။

ဖြစ်နိုင်တာက.... အရင်တစ်ခေါက်က ဆေးကုန်သွယ်တဲ့သူတွေနဲ့ ပတ်သက်ပြီး သတင်းရလာလို့လား။

သံသယအပြည့်နှင့်ဆုပိုင်က အပြုံးမျက်နှာနှင့်အတူ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

+++++

101 01

အပိုင်း (101)

မည်းမှောင်နေသော အကျဥ်းထောင်ထဲတွင်..

“ရှောင်ရှောင်း ဘယ်လိုလဲ အဆင်ပြေရဲ့လား ဒဏ်ရာရထားသေးလား”

“ငါအဆင်ပြေပါတယ် ၊ ငါတို့အခု ဘယ်ရောက်နေတာလဲ ဝမ်ကော်”

ပူးကပ်လျက် ကြိုးချည်ခံထားရသော လူနှစ်ယောက်က ပြင်းပြင်းထန်ထန် ရုန်းကန်သည်။

ချလပ်။

ထိုအချိန်တွင် ဘေးဘက်ရှိ သံမဏိတံခါးက ပွင့်သွားပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ဦးဆောင်သည့် လူတချို့က ဝင်လာသည်။ ထိုမိန်းမကြီးက ပြုံးရယ်လျက် ရှိနေသည်။

နောက်မှ လိုက်လာသော လူများက သူမ၏ အနောက်တွင် ကုလားထိုင်ကို ခပ်မြန်မြန် ချပေးကြသည်။ ထိုသို့ဖြင့် သူမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သက်တော်စောင့်များအလား ရပ်နေကြသည်။

အစ်မလျောင်းက စီးကရက်မီးကို တဖြည်းဖြည်းချင်း ညှိလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပြုံးရယ်လျက်ပြောသည်။

“နင်တို့တွေးပြီးကြပြီလား”

“အရင်တစ်ခေါက်က တိရိစ္ဆာန်ကို ခေါ်လာတဲ့ အဲဒီကောင်က ဘယ်သူလဲ၊ ငါသူ့ကို ဘယ်မှာသွားရှာရမလဲ”

သူမက ထိုသို့ပြောလိုက်ပြီးနောက် အစ်မကြီးလျောင်း၏ လေသံက အေးစက်လာသည်။

“ငါ့ရဲ့ ညီအစ်ကိုတွေကိုသတ်တယ်၊ ဒီသွေးကို သွေးနဲ့ပဲ ပြန်ပေးဆပ်ခိုင်းရမယ်”

“သူ့ကို ဘယ်မှာရှာလို့ရလဲ ပြောစမ်း”

ဝမ်ကော်က ခပ်ကြမ်းကြမ်း တံတွေးထွေးထုတ်လိုက်ပြီး သူ၏အရှေ့မှ ဆေးကုန်သည်တစ်အုပ်ကို ကြည့်ကာ အေးစက်စွာ ဆူပူသည်။

“တွေးတောင်မတွေးနဲ့”

“ငါမင်းတို့ကို အများကြီး အချိန်မဖြုန်းဖို့ ပြောချင်တယ်၊ အနှေးနဲ့အမြန် ငါတို့က မင်းတို့ရဲ့ FDဂိုဏ်းကို ရှင်းလင်းပစ်မှာပဲ”

ဘန်း။

အစ်မကြီးလျောင်းက ဘေးဘက်ရှိ လူများကို တစ်ချက်ကြည့်လိုက်သည်။ လူသန်မာကြီးက ချက်ချင်းလိုလို ခုန်ထွက်သွားပြီး ထိုလူ၏ မျက်နှာကို လက်သီးဖြင့် ခပ်ကြမ်းကြမ်းထိုးသည်။

“ပြောစမ်း”

“မင်းရဲ့အဖေကို သွားပြော”

ဝမ်ကော်က အံကို ကြိတ်လိုက်ပြီး အော်သည်။

ဒုန်း ဒုန်း ဒုန်း။

လူသန်မာကြီးက သူ၏မျက်နှာမှ ပန်းထွက်လာသည့် သွေးများကို သုတ်လိုက်ရင်း သူ၏လက်သီးများကို သုံးလျက် အောက်ဘက်မှလူကို ခပ်ကြမ်းကြမ်း ထုကန်ကျောက်သည်။

“ဝမ်ပေါ် ဘယ်လိုလဲဲ၊ ဒီအသုံးမကျတဲ့ သားရဲတစ်အုပ်က..”

“သားရဲဟုတ်လား”

ရှောင်ရှောင်းက ခေါင်းမော့လျက် နီရဲနေသော မျက်လုံးများဖြင့် အရှေ့မှ လူများကိုကြည့်ကာ ကျယ်လောင်စွာအော်သည်။

“အိုး ငါတို့က သားရဲတွေဟုတ်လား”

အစ်မကြီးလျောင်းက လှောင်ရယ်သည်။ ထို့နောက် ဘေးဘက်မှ ပိန်ပါးသော လူငယ်ကို လက်ယမ်းပြလိုက်သည်။

“သွား ငါတို့ရဲ့ လေးစားရတဲ့ JDရဲအရာရှိကို ဆေးလေးထိုးပေးပြီး ခံစားခိုင်းလိုက်ပါဦး”

“ခဏလောက်နေရင် သားရဲဆိုတာက ဘာဆိုတာကို နားလည်သွားလိမ့်မယ်”

“မလုပ်ပါနဲ့”

ဝမ်ပေါ်က ခေါင်းကိုမော့လျက် ဆေစထိုးအပ်ကိုင်လာသည့် လူငယ်ကိုကြည့်သည်။ ထို့နောက် အင်အားကုန်သုံးကာ အပြေးအလွှားသွားပြန်သည်။

“ပြန်လာစမ်း”

နောက်ထပ် လူသန်မာကြီးတစ်ယောက်က သူ၏ဆံပင်ကို ဆောင့်ဆွဲပြီး တရွတ်တိုက် ဆွဲခေါ်သည်။

“သားရဲကောင် မင်းလုပ်ကြည့်စမ်း၊ ငါမင်းကိုသတ်မယ်”

“အနှေးနဲ့အမြန် မင်းတို့ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”

101 02

ရှောင်ရှောင်းက သူမ၏ ကိုယ်ထဲသို့ တဖြည်းဖြည်းချင်း ထိုးသွင်းနေသည့် DPကို ကြည့်ကာ ခပ်တိုးတိုးအော်သည်။

“သူမကို ပေးလိုက်”

အစ်မကြီးလျောင်းက မျက်လုံးများ စတင်ဝါးလာပြီဖြစ်သည့် ရှောင်ရှောင်းကို ကြည့်ပြီး နောက်ပြောင်သလို ပြုံးရယ်သည်။ ထို့နောက် ကုလားထိုင်ကို ပြန်ရွှေ့လိုက်ကာ အေးစက်စွာ ပြောသည်။

“လာ လူနည်းနည်းလောက်ခေါ်ပြီး လာပျော်ပါးလိုက်ပါဦး၊ ငါတို့ရဲ့ JDရဲအရာရှိတွေကို ဂရုစိုက်ပေးရမယ်”

“ဟားဟားဟား”

“ငါအရင်လာမယ် ငါအရင်လာမယ်၊ ငါဒီလို အမျိုးအစားက်ို မစမ်းကြည့်ရသေးဘူး”

“ကျေးဇူးတင်ပါတယ် အစ်မကြီးလျောင်း၊ အတူလာရင် ဘယ်လိုလဲ”

တဖြည်းဖြည်းချင်း ချဥ်းကပ်လာသည့် လူသန်မာတစ်အုပ်ကို မြင်နေရသည့် ဝမ်ပေါ်က ရှောင်ရှောင်းကို မြေပြင်ပေါ်သို့ တွန်းလှဲပစ်လိုက်ပြီး သူမ၏အရှေ့တွင် ရပ်လျက် အဆုပ်များ ကွဲထွက်သည်အထိ အော်သည်။

“ထွက်သွားတော့”

“သူမကို နာကျင်အောင်မလုပ်နဲ့ ထွက်သွားစမ်း”

“သားရဲကောင်တွေ အနားကပ်မလာနဲ့ အနားကပ်မလာနဲ့”

လူသန်မာကြီးက ဝမ်ပေါ်ကို ဘေးဘက်သို့ ဆောင့်ကန်လိုက်ပြီးနောက် အပြုံးနှင့်ပြောသည်။

“အစ်မကြီးလျောင်း ဘာလို့ သူ့ကိုလည်း ဆေးမထိုးပေးလိုက်တာလဲ၊ ငါတို့ vdရိုက်ထားပြီး နန်တုရဲ့ JDဆီ ပြန်ပို့လို့ရတယ်လေ၊ အဲဒီအခါ ဒီလူတွေရဲ့ မျက်နှာအမူအယာက စိတ်လှုပ်ရှားဖို့ ကောင်းနေမှာပဲ”

“ဟွန်း ကောင်မလေး ဘယ်လိုလဲ၊ ဆေးက အလုပ်ဖြစ်တယ်မဟုတ်လား”

“ဒါဆိုရင်လည်း.....”

“ထွက်သွားကြ”

ရှောင်ရှောင်းက ခေါင်းကို ခပ်ကြမ်းကြမ်းခါပြီး တဖြည်းဖြည်းချင်း ခါးပတ်ကြိုးကို ဖြည်နေသည့်လူကို ကြောက်လန့်တကြားကြည့်သည်။ ထို့နောက် အသားကုန်ကုန်းအော်သည်။

သူမ၏ မျက်ဝန်းတွင် မျက်ရည်များက ပြည့်နှက်လာသည်။ ထို့နောက် တစ်ဖက်ခြမ်းတွင် ရှင်လား သေလားမသိရဘဲ လဲနေသော လူကိုကြည့်လိုက်သည်။

“ငါ....”

“ငါက တရုတ်နိုင်ငံရဲ့ JDရဲအရာရှိတစ်ယောက်၊ ငါက ငါ့ရဲ့ မိခင်မြေကို သစ္စာရှိတယ်၊ ငါ့ရဲ့ ပြည်သူတွေအပေါ် သစ္စာရှိတယ်၊ ငါ ငါ့ရဲ့တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီး စတေးခံရမှာကိုလည်း မကြောက်ဘူး၊ ငါ ငါ့က်ိုယ်ငါ JDပေါ် ပုံအပ်ထားတာက သေသွားတဲ့အထိ DF တွေကို ရင်ဆိုင်ဖို့ပဲ”

“မင်းတို့ အမှိုက်ကောင်အသိုင်းအဝိုင်းက အနှေးနဲ့အမြန် ငါ့ရဲ့အသင်းဖော်တွေကလာပြီး တရားမျှတမှု ယူပေးမှာပဲ၊ ငါဒီနေ့ သေသွားခဲ့ရင် မရေမတွက်နိုင်တဲ့ JDရဲတွေက ထပ်လာလိမ့်မယ်”

ဘန်း။

ရှောင်ရှောင်းက ထိုသို့ သစ္စာဆိုသလိုမျိုး ရေရွတ်လိုက်ပြီးနောက် ချက်ချင်းလိုလို ခုန်ထသည်။ သူမက ဘေးဘက်တွင် သတိလစ်လျက် လဲနေသော ဝမ်ကို တစ်ချက်ကြည့်သည်။

“မဟုတ်ဘူး”

ဒိုင်း။

ဘန်း ဘန်း ဘန်း။

သူမက သူမ၏အင်အားအကုန်သုံးပြီး ဘေးဘက်ရှိ နံရံကို ခေါင်းဖြင့် ဆက်တိုက်ဆောင့်သည်။ ခေါင်းက ကွဲထွက်သွားပြီး သွေးများကပင် ပန်းထွက်လာသေးသည်။

ဝမ်ပေါ်က မြေပြင်သို့ လဲကျသွားသော သူ၏အသင်းဖော်များကို ကြည့်သည်။ သူ၏မျက်နှာက နီရဲသွားပြီး အော်ဟစ်လိုက်၏။ သူက မြေပြင်မှ ခုန်ထွက်လိုက်ပြီး အစ်မကြီးလျောင်း၏ အရှေ့သို့ ခုန်ဝင်သွားသည်။

ဒိုင်း။

“သူတို့ရဲ့ အလောင်းတွေကို စစ်ဆေးတဲ့ နေရာနားမှာ ချထားပြီး နန်တုက လူတွေကို ပြလိုက်စမ်းပါ၊ ငါတို့ညီအစ်ကိုတွေသေရတာက အလဟဿ မဖြစ်စေရဘူး”

အစ်မကြီးလျောင်းက သေနတ်ပြောင်းမှ မီးခိုးများကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် ကျော့ရှင်းကြည့်ကောင်းစွာ ထရပ်လိုက်ရင်း ရယ်၏။ ထို့နောက် တစ်ဖန်လှည့်ပြီး အကျဥ်းထောင်ထဲမှ ထွက်သွားသည်။

“ဝူးးး”

101 03

“ရှောင်ရှောင်းက 21နှစ်ပဲ ရှိသေးတယ်၊ သူမနှစ်ကမှ ကောင်လေးနဲ့စပြီး ဒိတ်လုပ်တာ၊ ဒီသတင်းကို ကြားတော့ ရှောင်ရှောင်းရဲ့အဖေက ဒီထိတ်လန့်မှုဒဏ်ကို မခံနိုင်ဘဲ နှလုံးရောဂါနဲ့ အဲဒီနေ့မှာပဲ သေသွားတယ်၊ အမေကတော့ စကားတောင် ဆက်မပြောနိုင်တော့ဘဲ ရူးသွားတယ်”

“ဝမ်ပေါ်ရဲ့မိန်းမကတော့ နှစ်ရက်လုံးနှစ်ညလုံး စကားတောင်မပြောဘူး”

“ငါတို့....”

“ဟင်”

ရွှယ်နင်က အသက်ပြင်းပြင်းရှူသည်။ သူမ၏မျက်ဝန်းထောင့်စွန်းမှ မျက်ရည်များကို သုတ်ပြီး ကျောက်သား ခုံသားလေးပေါ်မှ ထရပ်လိုက်ကာ ဆုပိုင်ကို တည်ငြိမ်စွာ အလေးပြုသည်။

“ဒါရိုက်တာဆုပိုင်”

ဘေးဘက်မှ ဒါရိုက်တာလီရှင်းကလည်း ထရပ်လာသည်။ JDမှ ရဲတိုင်းက နောက်မှ လိုက်ရပ်လာရင်း အလေးပြုကြသည်။

“ငါတို့တွေ...ကျေးဇူးပြုပြီး ငါတို့နဲ့ ဟာလီကို ထည့်ပေးလိုက်ပါ၊ ငါတို့ ဒီနှလုံးသားမဲ့တဲ့ DF တွေကို တစ်သုတ်လုံး ဖြိုလဲပစ်ရမယ်”

ဆုပိုင်၏ မျက်လုံးကလည်း နီရဲနေသည်။ သူကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အသက်ရှူသံ ပုံမှန်ဖြစ်အောင် ထိန်းနေရသည်။

DFများက ထိုမျှအထိ ရက်စက်လွန်းမည်ဟု မထင်ထားမိချေ။

ပို၍ဆိုးသည်မှာ သေသွားခဲ့သော JDအဖွဲ့ဝင်နှစ်ယောက်က သေသည်အထိ သူ၏နောက်ခံကို ထုတ်မပြောသွားချေ။

“သူတို့က တိုင်းပြည်အပြင်ဘက်မှာပဲ၊ ဒါကြောင့် မင်းတို့က ဘယ်လိုကြံစည်ထားလဲ”

ဆုပိုင်က သြရှသော လေသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ် ငါတို့ အထက်က လူတွေနဲ့ ပူးပေါင်းပြီးသား၊ နယ်စပ်အပြင်ဘက်မှာ DFအဖွဲ့က်ို သွားပြီး နှိမ်နင်းရမယ်၊ ဒါပေမဲ့ သူတို့ရှိနေတဲ့နေရာက မူလတောတွင်းပိုင်းဖြစ်နေလို့ တော်တော်လေးကို သိုဝှက်တယ်”

“မြွေကို အထိတ်တလန့် မဖြစ်စေရမဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်လို့ တစ်ဖွဲ့လုံးကိုလည်း စေလွှတ်လို့မရဘူး၊ နောက်ပြီး လေကြောင်းရဲ့ အထောက်အပံ့ကိုလည်း တောင်းဆိုလို့မဖြစ်ဘူး၊ ဒီတော့ အရှက်မရှိစွာနဲ့ပဲ ဒါရိုက်တာဆုပိုင်ကို လာပြီး တောင်းဆိုရတာပါ”

လီရှင်းက မြေပြင်တွင် လှဲနေသည့် ဟာလီကို ကြည့်ပြီး လေးနက်သော လေသံနှင့်ပြောသည်။

“ဒီနေရာက ကယ်ဆယ်ခံထားရတဲ့ တိရိစ္ဆာန်တိုင်းက အရမ်းကို အဖိုးတန်ပြီး အထိခိုက်ခံလို့မရတာကို ငါတို့နားလည်ပါတယ်၊ နန်တုJDရဲ့ ဒါရိုက်တာ တစ်ယောက်က ဟာလီကို ဘာမှမဖြစ်စေရပါဘူးလို့ အာမခံပေးနိုင်ပါတယ်”

သူတို့အားလုံးတွင် ရွေးချယ်စရာမရှိတော့ချေ။

သူက အထက်မှလူများကိုပင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်များထံမှ အကူအညီလိုချင်ကြောင်း ပြောခဲ့သည်။ သို့သော် တရုတ်နိုင်ငံရှိ အမြင့်ဆုံး အာဏာပိုင်ကပင် သေမိန့်ကဲ့သို့ ဖီဆန်၍မရနိုင်သော အမိန့်မျိုးကို ထုတ်ထားသည်။ မည်သည့်အစိုးရ ဌာနကမှ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်များကို ဖိအားပေးခွင့် မရှိချေ။

ယခုလို DFကို ဝိုင်းပြီး ဖိနှိပ်မည့်အခြေအနေမျိုးတွင် သူတို့က တိုင်းပြည်အပြင်ဘက်သို့ပင် ထွက်ရဦးမည်ဖြစ်လေရာ အချိန်မရွေးသေသွားနိုင်သည်။

သို့သော်.....။

ဟာလီ၏ အကူအညီ မရှိဘဲ သူတို့က ထိုလူများ၏ တည်နေရာကိုပင် ရှာနိုင်လိမ့်မည်မဟုတ်ချေ။

ထို့ကြောင့် သူတို့၏ လုပ်ဆောင်မှုက ရှုံးနိမ့်ရန် အလားအလာ အလွန်များနေသည်။

ရှုံးနိမ့်သွားသည်နှင့် နန်တု၏ DFတစ်ဖွဲ့လုံး၏ အခြေအနေက ပို၍ပင် ဆိုးရွားသွားနိုင်လေသည်။

“ဟူး”

ဆုပိုင်က ကျောက်တုံးခုံစောင်းလေးပေါ်မှ ထရပ်လိုက်ပြီး JDရဲတစ်အုပ်ကို လေးနက်စွာ အလေးပြုလိုက်သည်။

ထိုလူများက သူတို့၏အသက်ကိုပင် ရင်းပြီး လူတိုင်း၏ လေးစားမှုကို လက်ခံရရှိရန် ထိုက်တန်လွန်းသော သူများလည်း ဖြစ်ကြသည်။

“ငါသဘောတူတယ်၊ ဟာလီတင်မဟုတ်ဘဲ နောက်ထပ် တခြားတိရိစ္ဆာန်တွေကိုလည်း ငါနဲ့အတူ ခေါ်လာခဲ့မယ်၊ ဒီတစ်ကြိမ်မှာ ငါတို့တွေ ဒီDF တွေကို အကုန်အစင် ဖမ်းကြရအောင်”

++++

102 01

အပိုင်း (102)

“ကျေးဇူးပြုပြီး မိသားစုကို နှုတ်ဆက်စကားပြောကြပါ”

အသုဘဒါရိုက်တာက ခရေပန်းများအုပ်ထားသော အခေါင်း၏အရှေ့တွင် ရပ်လျက် ဝမ်းနည်းသော လေသံနှင့်ပြောသည်။ ထို့နောက် သူက အရှေ့မှ တင်းမာသော မျက်နှာထားနှင့် JDအရာရှိကို ကြည့်လိုက်သည်။

“အလေးပြု”

လီရှင်းက ရှေ့ဆုံးတွင် ရပ်နေသည်။ သူ၏ခါးက ဖြောင့်မတ်နေပြီး အခေါင်းထဲတွင် လဲနေသော သူ၏ရဲဘော်များကို ကြည့်ကာ သူ၏နှာခေါင်းကပင် အနည်းငယ် ကျိန်းစပ်လာသည်။

အလေးပြုပြီးနောက် သူက ရဲဘော်ရဲဘက်များနှင့်အတူ ခပ်မြန်မြန် နောက်ပြန်ဆုတ်သွားသည်။

သူက နန်တုတွင် နေသော နှစ်တိုင်းလိုလို ယခုလို ဖြစ်ရပ်မျိုးကို မကြာခဏဆိုသလို ကြုံတွေ့နေရသည်။

သူ၏ စိတ်ထဲတွင် ဈာပနပွဲများ မတက်ချင်သော စိတ်ကိုပင် ဖိနှိပ်လာရ၏။ သို့သော် ထိုလူများအားလုံးက JDအတွက် အသက်ကို စတေးသွားကြခြင်း ဖြစ်နေသည်။ သူတို့အားလုံးက နန်တုတစ်ခုလုံး၏ သူရဲကောင်းများ ဖြစ်နေသည်။ ထို့ကြောင့် သူထပ်လာရန်လိုသည်။

“ကောင်လေး ဘာလို့ ဒီနေရာမှာ ရပ်နေတာလဲ”

ဆုပိုင်က ဘေးဘက်တွင် ရပ်လျက် သူ၏အရှေ့မှ အကောင်ငယ်လေး၏ ခေါင်းကို အသာပုတ်လိုက်ရင်း ခပ်တိုးတိုးမေးသည်။

ထိုအကောင်ငယ်လေးက သူရောက်လာချိန်ကတည်းက ဒီနားတွင် ရပ်နေခဲ့ခြင်းဖြစ်သည်။ သူက အခေါင်းအလယ်နေရာသို့သာ စိုက်ကြည့်နေရင်း စကားတစ်ခွန်းမှလည်း မဆိုချေ။ သူ၏ လက်ကမူ သူ၏ အင်္ကျီအဝတ်အစွန်းနားလေးများကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ သူ၏ ငယ်ရွယ်သော မျက်နှာတွင် တင်းမာသော မျက်နှာထားကိုလည်း မြင်နိုင်သည်။

“ငါ ငါ့အဖေကို စောင့်ပေးနေတာ”

ရုတ်တရက် အရှေ့မှ ကောင်ငယ်လေးက နောက်လှည့်လာပြီး သူ့ကို ခေါင်းမော့ကာ ကြည့်သည်။ သူ၏မျက်လုံးဝိုင်းကြီးများက ဝေဝါးနေသည်။

.”ဦးလေး၊ ဦးလေးလည်း ငါ့အဖေက်ို လာတွေ့တာမဟုတ်လား”

“မင်းရဲ့အဖေ ဟုတ်လား”

ဆုပိုင်က ရုတ်တရက် အသိဝင်သွားသည်။

ဘာလဲ။

“ငါ့ရဲ့အဖေက တအား အင်အားကြီးတာ၊ သူက ငါက ယောက်ျားတစ်ယောက်ဖြစ်လို့ ဘာတွေပဲ ဖြစ်လာဖြစ်လာ မငိုသင့်ဘူးလို့ ပြောတယ်”

ထိုအကောင်ငယ်လေးက ခေါင်းကို ငုံ့သွားသည်။ သူက သူ့ကိုယ်သူ ပြောနေပုံပေါ်သည်။

“ငါဒီနေ့ မငိုဘူး၊ အမေကလည်း နေမကောင်းဘူး၊ ဒါကြောင့် ဒီနေ့ မလာနိုင်ဘူး”

“ဦးလေး ငါအနာဂတ်မှာ သေချာပေါက် ငါ့ရဲ့အဖေလိုမျိုး အမျိုးကောင်းသားတစ်ယောက် ဖြစ်လာရမယ်၊ ဒါကြောင့် ငါမငိုပါဘူး”

ထိုကောင်ငယ်လေးကို ကြည့်လိုက်သောအခါ နှုတ်ခမ်းပါးကို တင်းတင်းစေ့ရင်း အတတ်နိုင်ဆုံး ကြိုးစားနေရပုံ ပေါ်သည်။ သူ၏အင်အား အားလုံးကို သုံးပြီး မျက်လုံးမှ မျက်ရည်များ မကျလာအောင် ထိန်းထားရ၏။ ဆုပိုင်၏ နှလုံးသားက ရုတ်တရက် တင်းကျပ်သွားသည်။

ထိုကောင်ငယ်လေးက သေသွားသော ဝမ်ပေါ်၏ ခြောက်နှစ်အရွယ်သားဖြစ်သည်။

ဆုပိုင်က တစ်ဖက်သူကို လက်မောင်းထဲတွင် ပွေ့ဖက်ထားရင်း နဖူးကို အသာပုတ်ပေးနေလိုက်သည်။ ထို့နောက် ခပ်တိုးတိုးပြောသည်။

“အင်းမင်းအဖေက သူရဲကောင်းလေ”

“မင်းကလည်း တအားအင်အားကြီးပါတယ်၊ မင်းအနာဂတ်မှာ မင်းရဲ့အဖေလိုမျိုး သေချာပေါက် ဖြစ်လာမှာပါ၊ အမြဲတမ်း ဖြောင့်မတ်မှန်ကန်စွာ ရပ်တည်နေနိုင်တဲ့ အမျိုးသားတစ်ယောက်ပေါ့”

သေစမ်း DF တွေ။ လူမှုအသိုင်းအဝိုင်းအတွက် ကင်ဆာပဲ။

JDရဲအရာရှိတိုင်းကလည်း လူသားများဖြစ်သည်။ သူတို့တွင်လည်း မိသားစုရှိကြသည်။

ထိုလူများက သူတို့၏ အသက်ကို ရင်းပြီး ထိုလူသားမဆန်သည့် DFများကို ကိုင်တွယ်နေခြင်းဖြစ်သည်။ သူတို့က နေ့စဥ်နှင့်အမျှ သူတို့၏အသက်ကို ရင်းနှီးနေရ၏။

“ဟူး...”

ဆုပိုင်က သက်ပြင်းအရှည်ကြီးကို ချသည်။ ထို့နောက် ကောင်ငယ်လေးကို ပွေ့ချီလျက် လော်ဘီထဲမှ ထွက်လာခဲ့လိုက်သည်။

“ဟောင်ဟောင်”

လီရှင်းက ထိုကောင်ငယ်လေးကို လာပွေ့ချီယူသည်။ ထို့နောက် ဆုပိုင်ကို ကြည့်ရင်း လေးလံသော လေသံမျိုးဖြင့် ပြောသည်။

“ငါတို့ ပြည်ပကို ဝင်ရောက်ခွင့် ရထားပြီးပြီ၊ မနက်ဖြန်မနက်ကျရင် တိုက်ရိုက်ထွက်ကြတာပေါ့”

“ဒါပေမဲ့ ဒီစီမံကိန်းမှာ ပါဝင်မဲ့ ပုဂ္ဂိုလ်ရေးရာ အရေအတွက်ကတော့ ထင်သလောက် မများနိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့က တိုင်းပြည်အပြင်ကို ထွက်ခွာသွားမှာလေ၊ နည်းနည်းမတော်တဆ ဖြစ်သွားတဲ့ အမှားအယွင်းကတောင် တခြားအစိုးရရဲ့ တိုက်ခိုက်တာကို ခံရနိုင်တယ်”

102 02

“နောက်ပြီး အဲဒီက လုံခြုံရေးကလည်း တော်တော်လေးကို ဝရုန်းသုန်းကား ဖြစ်နေတာ၊ အနီးနားက ရွာသားတွေက DPကို ကူညီပေးနေကြတဲ့သူတွေပဲ”

“ဒီတော့ ဖမ်းမိဖို့က တအားခက်တယ်”

“အင်း”

ဆုပိုင်က ခေါင်းအသာညိတ်လိုက်သည်။ သူက အရှေ့မှ ကောင်ငယ်လေးကို တစ်ခဏခန့် စနောက်နေပြီးနောက် လီရှင်းတို့၏ အနောက်မှလိုက်ကာ ထိုနေရာမှ ထွက်ခွာခဲ့လိုက်သည်။

“ဟောင်ဟောင်”

ရုတ်တရက် ဖရိုဖရဲဆံပင်နှင့် အမျိုးသမီးတစ်ယောက်က အပြေးရောက်လာသည်။ သူမ၏ မျက်နှာကလည်း ဖြူဖျော့နေ၏။ သူမက ထိုအခန်းတံခါးအဝသို့ ရောက်သောအခါ လီရှင်း၏ လက်ထဲမှ ကောင်ငယ်လေးကို ပွေ့ချီယူသည်။

“မား ငါဒီနေ့မငိုဘူး”

“အင်း အိမ်ပြန်ပြီးတော့ ပါးကို စောင့်ရအောင်၊ ဟုတ်ပြီလား”

“ဟုတ်ပြီ”

ထိုအမျိုးသမီးက တုန်ယင်နေသည်။ သူမက ကလေးကို လက်မောင်းထဲတွင် တင်းတင်းပွေ့ဖက်ထားရင်း လီရှင်းတို့အားလုံးကို တောင်းပန်သည်။ ထို့နောက် နောက်ပြန်လှည့်ကာ အပြင်ဘက်သို့ အပြေးထွက်သွားသည်။ အစမှအဆုံးအထိ သူမက အတွင်းဘက်ခန်းမထဲသို့ မကြည့်သွားခဲ့ချေ။

မကြည့်ချင်၍ မဟုတ်ဘဲ မကြည့်ရက်သောကြောင့်ဖြစ်လောက်သည်။

“အား ဝမ်ပေါ်သေသွားတာက ဒီ၂ယောက်ကို တော်တော်လေးနာကျင်စေမှာပဲ”

“တကယ်လို့ သူတို့သာ ဆန္ဒရှိရင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို လာပြီး ကူညီပေးလို့ရပါတယ်၊ ဒီကလေး ကြီးပြင်းဖို့ အကူအညီလည်း ဖြစ်သလို သူတို့ရဲ့ ဘဝအတွက်လည်း အဆင်ပြေလောက်မယ်ထင်တယ်”

ဆုပိုင်က တစ်ခဏခန့် တွေးတောပြီးနောက် ခပ်တိုးတိုးပြောလိုက်သည်။

တိရိစ္ဆာန်ရုံထဲတွင် တိရိစ္ဆာန်များက များသထက်များလာပြီဖြစ်သည်။ သူနှင့် ကောင်းယွဲ့တို့နှစ်ယောက်က မအားမလပ်ကြချေ။ ယခင်တစ်ခေါက်က ရောက်လာသော ထိုအဖေနှင့် သမီးဖြစ်သူကလည်း တိရိစ္ဆာန်များနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။ ထို့အပြင် မြောင်ထိုက်က ဝက်မွေးရာတွင် အလွန်စိတ်ဝင်စားသည်။ ထို့ကြောင့် အမြဲတစေ ထိုဝက်ခြံထဲတွင်သာ ရှိနေတတ်သည်။

ယခုကာလအတောအတွင်း ထိုဝက်များကလည်း သာမန်မျက်စိဖြင့် မမြင်ရသည့် အရှိန်နှုန်းဖြင့် ကြီးထွားလာသည်။ ဒီတစ်နှစ်ကုန်သွားသည်နှင့် နွေဦးရာသီတွင် သားပေါက်လောက်လေသည်။

“ဒါဆိုရင် ကောင်းတာပေါ့”

လီရှင်းက ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ တုံ့ပြန်သည်။

ဆုပိုင်၏ ကောင်းကင်ပြာတိရိစ္ဆာန်ရုံက စိတ်ကျရောဂါကို ခံစားနေရသော ကလေးငယ်များကို ကုသပေးနိုင်သည်။ အထူးသဖြင့် ချစ်စရာကောင်းသော တိရိစ္ဆာန်လေးများ ရှိသည်။ ထိုအကောင်လေးများကို လူတိုင်း မြင်နေရရုံနှင့် လူတိုင်း၏ စိတ်အခြေအနေကို ကောင်းမွန်စေလေသည်။ အတူတကွ နေထိုင်ရမည်ဆိုလျှင် ခံစားချက် ပိုကောင်းနိုင်သေး၏။

........။

နောက်တစ်ရက်တွင်....။

ဘုန်း။

ဘုန်း။

ဘုန်း။

သံချပ်ကာကြီးများက လေထန်သော တောင်တက်လမ်းတောက်လျှောက် လျင်မြန်စွာ မောင်းနှင်ရင်း နယ်စပ်သို့ ရောက်ရှိသွားကြသည်။

“ဒီတာဝန်မှာ သေချာပေါက် ဂရုစိုက်ကြရမယ်၊ ငါတို့ မင်းတို့ပြန်လာမှာကို ဒီနေရာကနေ စောင့်နေမယ်၊ မင်းတို့ရဲ့ အောင်မြင်မှုကိုလည်း ဂုဏ်ပြုပေးဖို့ အသင့်စောင့်နေမယ်”

လီရှင်းက နယ်စပ်နားတွင် ရပ်လျက် အရှေ့မှ တောက်ပသော ပျောက်ကျားဝတ်စုံကို ဝတ်ထားကြသော စစ်သည်ဆယ်ယောက်ကျော်ကို ကြည့်သည်။ သူက ညာဘက်လက်ကို မြှောက်ပြီး အလေးပြုသည်။ ထို့နောက် ပြောသည်။

“မင်းတို့တွေ ဒါရိုက်တာဆုပိုင်ရဲ့ လုံခြုံရေးကို အာမခံရမယ်”

“လိုအပ်တဲ့အခါ ....သူ့ရဲ့အမိန့်အတိုင်း လိုက်လုပ်”

“ဒီတစ်ကြိမ် လာကူညီပေးတဲ့ တိရိစ္ဆာန်တွေက အရမ်းလုပ်နိုင်စွမ်းအားရှိတယ်၊ ဒီတော့ မင်းတို့သေချာပေါက် အောင်မြင်မှာပါ”

“တာဝန်အောင်မြင်ဖို့ ကတိပေးပါတယ်”

ရွှယ်နင်က ရှေ့ဆုံးတွင် ရပ်လျက် ခါးကိုမတ်ကာ ရင်ကိုကော့ရင်း ကျယ်လောင်စွာ အော်လိုက်သည်။

“ကောင်းပါပြီ”

“သွားကြစို့”

“ဘန်း”

ရွှေသိမ်းငှက်က ဆုပိုင်၏ ပခုံးပေါ်မှတစ်ဆင့် လေထဲသို့ ထိုးတက်လျက် ပျံသန်းသွားပြီး အရှေ့ဘက်မှ သိပ်သည်းသော တောအုပ်များအတွင်းသို့ ဝင်ရောက်သွားသည်။

102 03

ဆုပိုင် ဒီတစ်ခေါက် ခေါ်လာသည့် တိရိစ္ဆာန်များက ဟာလီ၊ ရွှေမြွေ၊ ရွှေသိမ်းငှက်နှင့် ပျားရည်ခွေးတူဝက်တူတို့ ဖြစ်သည်။ ထိုတိရိစ္ဆာန်များက အရွယ်အစား သိပ်မကြီးချေ။ သို့သော် အားလုံးက ခြားနားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။

“သွားရအောင်”

ဆုပိုင်က ရွှေမြွေကို သူ၏ခန္ဓာကိုယ်တွင် ပတ်လိုက်သည်။ ဟာလီက ခေါင်းကို ဆက်တိုက်ငုံ့ထားပြီး အရှေ့တွင် တရှုံ့ရှုံ့အနံ့ခံနေသည်။ ခေါင်းပြားတကောကမူ ခပ်အေးအေးအမူအယာမျိုးနှင့် နောက်ဆုံးမှ ခပ်အေးအေး လိုက်သည်။

သေနတ်ရှည်များကို ကိုင်ဆောင်ထားသည့် ထိုစစ်သားတိုင်းက တောထဲသို့ တစ်လှမ်းချင်းစီ ဝင်ရောက်သည်။

“ဝူး”

တောထဲသို့ဝင်ပြီး သိပ်မကြာခင် ဟာလီက အဝေးတစ်နေရာတွင် ရပ်လျက် ဆုပိုင်ရှိရာဘက်သို့ ပြန်ဟောင်သည်။

“ငါတို့ သဲလွန်စ ရှာတွေ့ပြီ”

ဆုပိုင်က တစ်ချက်အော်လိုက်ပြီး ခပ်မြန်မြန်လိုက်သွားသည်။

“ဒီနေရာမှာပဲ”

ဟာလီ၏ အရှေ့ မြေဆီလွှာထဲတွင် ရှိနေသော ဖျတ်လတ်သည့် ခြေရာကို ကြည့်ရင်း ဆုပိုင်က မျက်မှောင်အသာကြုတ်သည်။

ဒါက ဆေးကုန်သည်တွေရဲ့ သဲလွန်စဖြစ်မှာကို စိုးရိမ်ရတယ်။

ရှေးဦးမူလတောထဲတွင် မည်သည့်တိရိစ္ဆာန်မှ မရှိသော်လည်း သာမန်လူများက ဝင်ရန် မဖြစ်နိုင်ချေ။ မည်သို့ပင်ဆိုစေ အတွင်းရှိလမ်းက ဆိုးသည်။ အနေအထားကလည်း ရှုပ်ထွေးသည်။ ထို့ကြောင့် သတိမထားမိလျှင် ပိတ်မိသွားနိုင်သည်။

“ရှာတွေ့ပြီလား၊ ဒါဆိုရင်.... ဝေးသေးလား”

ရွှယ်နင်က ရှေ့သို့ ခပ်မြန်မြန် ပြေးထွက်သွားသည့် ဟာလီကို ကြည့်ရင်း လေးနက်သော လေသံဖြင့်မေးသည်။

“ဒါက DFရဲ့ သဲလွန်စဖြစ်နိုင်တယ်၊ ဟာလီကတော့ မမှားနိုင်ဘူး၊ ဘယ်လောက်ဝေးလဲဆိုတာအတွက်ကတော့ မသိဘူး၊ အားလုံးပဲ သတိထားကြပါ”

“ခေါင်းပြားတကော ဟာလီရဲ့အနောက်ကလိုက်ပြီး အတူပေါင်းပြီးသွားကြ၊ တစ်ချက်ကြည့်ရအောင်”

ဆုပိုင်က ပျားရည်ခွေးတူဝက်တူကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ကွက် ကွက် ကွက်”

“မစိုးရိမ်နဲ့”

ခေါင်းပြားတကောက အော်ပြီး ဟာလီ၏အနောက်မှ ပြေးလိုက်သွားသည်။

“အားလုံးပဲ ကျည်အပြည့်ဖြည့်ထားကြ၊ ဆေးကုန်သည်တွေရဲ့ သဲလွန်စတွေကို ရှာတွေ့ပြီဆိုတော့ သတိထားကြရမယ်”

“ဆေးကုန်သည်တွေက ခုခံတာနဲ့ တိုက်ရိုက်ကဲ ပစ်သတ်လိုက်တော့၊ ထပ်ခါတလဲလဲ ထပ်ပြောမယ်၊ တိုက်ရိုက်ပစ်သတ်လို့ရတယ်”

ရွှယ်နင်က လူတိုင်းကို ကြည့်ကာ အော်သည်။ ထို့နောက် နောက်မှ လူတစ်အုပ်နှင့်အတူ ပြေးလိုက်သွားသည်။ ရှေ့ဆုံးမှ အကောင်ငယ်လေးနှစ်ကောင်ကမူ ဂရုတစိုက်ဖြင့် ရှေ့ဆက်သွားနေကြလေသည်။

++++

All Chapters