← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အပိုင်း (103)

“ဟဲ ဟဲ ဟဲ ဟဲ”

ဟာလီက ရှေ့ဘက်မှ ကွင်းပြင်ကို ကြည့်ရင်း အမောတကောအသက်ရှူနေသည်။ ပျားရည်ခွေးတူဝက်တူက ရှေ့သို့ အလောတကြီး ပြေးသွားမည့်အချိန်တွင် သူက လက်တစ်ဖက်ဖြင့် ခပ်မြန်မြန်မြေပြင်တွင် ဖိထားလိုက်သည်။

“ဝုတ်”

“ဒီနေရာက အန္တရာယ်များတယ်၊ အဲဒီကို မသွားနဲ့”

“ကွက်”

“ငါ ငါကလား”

ပျားရည်ခွေးတူဝက်တူက သူ၏လက်ကို ထုတ်ပြီး သူ့နဖူးသူ ခါးသည်းစွာဖြင့် ဖိလိုက်ကာ ကျဥ်းမြောင်းသော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။

သူက စိတ်ရှုပ်နေသော်လည်း သူ့ဘေးက ခွေးကြီးကမူ အန္တရာယ်ကို ခန့်မှန်းရာတွင် တိကျလွန်းသည်။

ပို၍ဆိုးသည်မှာ ထိုကောင်က ထိုအသေကောင်ပန်ဒါနှင့် ခြားနားသည်။ ထိုအသေကောင် ပန်ဒါကမူ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်သည်။ ထို့ကြောင့် သူက ရိုက်နှက်ထားရုံဖြင့် ရက်အနည်းငယ်လောက် လိမ္မာနေစေနိုင်သည်။ သို့ရာတွင် ဟာလီကမူ ခြားနား၏။ ထိုအကောင်က ပုံမှန်အားဖြင့် သဘောထားကြီးသော လူအိုကြီးတစ်ယောက်နှင့် တူသည်။ သို့သော် ဒေါသထွက်သွားသည်နှင့် တား၍မရနိုင်တော့ချေ။

ယခင်တစ်ခေါက်ကဆိုလျှင် သူက တိရိစ္ဆာန်ရုံထဲတွင် တပိုင်၏နောက်သို့ တစ်ညလုံး ပြေးလိုက်ခဲ့သေးသည်။ ဒါရိုက်တာ ဆုပိုင်ကသာ မလာခဲ့လျှင် တပိုင်က မောပြီး သေသွားလောက်သည်။

အင်း။

ငါသူနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ရဲဘူး။

ခေါင်းပြားတပေါင်းက တစ်ချက်ညည်းလိုက်ပြီး ခေါင်းကိုလှဲကာ မြေပြင်တွင် လှဲအိပ်နေလိုက်သည်။ သူက နောက်မှလူများ မီလာမည့်အချိန်ကိုသာ စောင့်၏။

“ဒါက.... “

ဆုပိုင်က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အရှေ့ဘက်မှ ကွင်းပြင်ကို ကြည့်သည်။ ထို့နောက် ဟာလီကို စိတ်ရှုပ်ထွေးစွာကြည့်သည်။

“ဝုတ်”

“ဒီနေရာက အန္တရာယ်များတယ်၊ အရမ်းအန္တရာယ်များတယ်”

ဟာလီက အရှေ့မှ ကွင်းပြင်ကို ကြည့်ပြီး သုန်မှုန်သော မျက်နှာထားဖြင့် ဟောင်သည်။

သူ၏ စွပ်ဖားလှည်းခွေး၏ မသိစိတ်အရ ရှေ့မှ ကွင်းပြင်ကို အလွန်အမင်း ဆန့်ကျင်ချင်နေသည်။ ထိုနေရာသို့ပင် မသွားလိုပေ။ ဒါက သူတို့၏ အသက်ကို ခြိမ်းခြောက်နိုင်သော တစ်စုံတစ်ရာရှိနေသည်။

“တော်တော်လေး ဒုက္ခများတာပဲ”

ဆုပိုင်က ညည်းလိုက်သည်။ သူက ဘေးသို့လှည့်ပြီး နောက်မှရောက်လာသည့် ရွှယ်နင်ကို ကြည့်ကာ အလေးအနက်ထားပြီးပြောသည်။

“ဟာလီက အရှေ့ဘက်က တော်တော်လေးကို အန္တရာယ်များတယ်လို့ ခန့်မှန်းနေတယ်၊ နောက်ပြီး ဆေးကုန်သည်ရဲ့ ခြေရာက ဒီနေရာမှာတင် ပျောက်သွားတာဆိုတော့ နောက်ပြီး သူတို့ရဲ့ အနံ့ကလည်း ဒီနေရာမှာတင် ပျောက်သွားတယ်”

“ဒါက.... ဒီလမ်းအပြင် အဲဒီကို သွားချင်ရင် ကွေ့ပတ်သွားမှပဲ ဖြစ်လိမ့်မယ်”

“ဟုတ်တယ် ငါတို့ တစ်ရက်လုံးနီးပါး လမ်းလျှောက်ရလောက်တယ်၊ နောက်ပြီး ဒီနေရာက ဒီတိုင်း ဟင်းလင်းပြင်ကြီးလေ၊ အန္တရာယ်တစ်ခုခု တွေ့တဲ့အခါ DF တွေက ချုံခိုတိုက်ခိုက်ရင်တောင်မှ တောတွင်းနေရာလည်း မဟုတ်တော့ ပုန်းစရာနေရာမရှိဘူး”

“နောက်ပြီး ဟာလီကလည်း အကြောင်းပြချက်မရှိ လုပ်နေတာမျိုး မဟုတ်ဘူး၊ ဒီနေရာက ဖြတ်သန်းသွားဖို့ မလွယ်ကူလောက်ဘူး၊ တကယ်လို့ DF တွေရဲ့ ခြေရာက ဒီနေရာက ပျောက်သွားတာဆိုရင် သူတို့က ဒီနေရာမှာ ရှိနေလို့ပဲ”

စစ်သားတစ်အုပ်ပါ ရောက်လာကြသည်။ အားလုံးက ရှေ့ဘက်မှ စိမ်းလန်းစိုပြည်သော မြက်ခင်းများ၊ အစိမ်းရောင်အပင်လေးများဖြင့် ခြံရံထားသည့် ကွင်းပြင်ကို ကြည့်နေရင်း စတင်ကာ ဆွေးနွေးကြသည်။

“ဟူး..”

ဆုပိုင်က ဟာလီ၏ နဖူးကို တစ်ချက်ပွတ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ ခပ်တိုးတိုးပြောသည်။

“ဒီနေရာက ဘယ်လောက်အန္တရာယ်များလဲ”

“ဝုတ်”

ဟာလီက နောက်သို့ တစ်ချက်လှည့်ပြီး ဆုပိုင်၏ ပေါင်ကို သူ၏ခေါင်းဖြင့် ပွတ်သည်။ သူက ခပ်တိုးတိုး ညည်းပြနေသေးသည်။

“ငါ့အထင် တော်တော်လေးကို အန္တရာယ်များတယ်၊ ဒီနေရာကို ဖြတ်သွားတဲ့အခါ ငါစိုးရိမ်တာက....”

ဆုပိုင်က မတ်တပ်ထရပ်လိုက်ပြီး နှစ်ဖက်လုံးကို ကြည့်သည်။ ဘေးတစ်ဖက်တစ်ချပ်စီတိုင်းတွင် မိုးထိုးတက်နေသော တောင်ထိပ်ကြီးများ ဖြစ်သည်။ ထိုနေရာသို့ သွားချင်လျှင် အနည်းဆုံး တစ်ရက်ခန့် အချိန်ကုန်ပေလိမ့်မည်။ သူတို့သယ်လာသော ရိက္ခာခြောက်များက သုံးရက်ခန့်သာ လောက်သည်။ ထို့ကြောင့် သူတို့က တောထဲတွင် DFများနှင့် လွန်ဆွဲခဲ့သော် ခုခံရသည့် အနေအထားသို့ ရောက်သွားနိုင်သည်။ ပို၍ဆိုးသည်မှာ မူလတောတွင်း၏ ယခုလိုအနေအထား၏ မြေမျက်နှာသွင်ပြင် ပုံစံအရ အတော်လေး ထူးဆန်းနေသည်။ ရှေ့ဘက်ရှိ မီတာ၁၀၀ ဝန်းကျင်ခန့်က မြက်ခင်းလွင်ပြင်ဖြစ်သည်။ ကျန်သော နေရာတိုင်းက သိပ်သည်းသော ရှေးဦးမူလတောကြီး ဖြစ်နေသည်။

“ကွက် ကွက် ကွက်”

“ငါစမ်းကြည့်မယ်”

103 02

ပျားရည်ခွေးတူဝက်တူက ရုတ်တရက် မြေပြင်မှ ခုန်ထွက်လိုက်ပြီး အော်သည်။ ထို့နောက်သူက မြက်ခင်းထဲသို့ ခပ်မြန်မြန်ပြေးသွားသည်။

“ပျားရည်ခွေးတူဝက်တူ ပြန်လာခဲ့စမ်း”

ဆုပိုင်က ထိုအခြေအနေကို မြင်သောအခါ လှမ်းအော်သည်။ သူကလည်း နောက်မှလိုက်ဖမ်းလ််ိုသည်။ သို့သော် သူက ရှေ့သို့ ဆက်လိုက်သည့် အခိုက်အတန့်တွင် ဟာလီက သူ၏ ဘောင်းဘီခြေထောက်ကို ခပ်ကြမ်းကြမ်း ကိုက်ရင်း နောက်သို့ ပြန်ဆွဲသည်။

“ကွက် ကွက် ကွက်”

ထိုအချိန်တွင် ပျားရည်ခွေးတူဝက်တူက တစ်ဖက်ခြမ်းသို့ ရောက်သွားပြီဖြစ်သည်။ သူက မားမတ်စွာ ရပ်လျက် တစ်ဖက်မှလူများကို လှမ်းအော်သည်။

“ဖြတ်သန်းသွားနိုင်တာလား”

ဆုပိုင်က မျက်မှောင်ကြုတ်ရင်း ရွှယ်နင်ကို ကြည့်သည်။

ဒါက တော်တော်လေး ကို့ယို့ကားယား နိုင်တယ်။

ဟာလီ၏ ခန့်မှန်းမှုကလည်း မမှားနိုင်ချေ။

တိရိစ္ဆာန်များက. အလိုအလျောက်ပင် အန္တရာယ်များကို အာရုံခံနိုင်စွမ်း ရှိကြသည်။ သဘာဝ ကပ်ဘေးဖြစ်စေ လူလုပ်ကပ်ဘေးဖြစ်စေ သူတို့က တိကျသည်။ တိရိစ္ဆာန်များ၏ တုံ့ပြန်မှုက လူသားများထက် ပိုမြင့်သည်။ ပို၍ဆိုးသည်မှာ ဟာလီက စွပ်ဖားလှည်းဆွဲ ခွေးဖြစ်ပြီး သာမန်သတ္တဝါများထက်ပင် အန္တရာယ်ကို အာရုံခံနိုင်တတ်သေးသည်။

တစ်ခဏခန့်ကြာပြီး လူတိုင်းက တိတ်ဆိတ်သွားသည်။

“အူး ဝုတ်”

“ငါ အဲဒီကို သွားပြီး တစ်ချက်ကြည့်ကြည့်မယ်”

ဟာလီက အော်ပြီး ရှေ့သို့ ထွက်ရန်ကြံစည်သည်။

“နေဦး”

ထိုအချိန်တွင် အနောက်ဘက်မှ ငယ်ရွယ်သော JDရဲဝန်ထမ်းတစ်ယောက်က သူ၏သေနတ်ကြီးကို ခပ်မြန်မြန် နောက်ဘက်သို့ ပို့လျက် ရှေ့ဘက်သို့ ထွက်လာသည်။

“ငါတို့က ဟာလီကို သုံးပြီး DF တွေကို အနံ့ကတစ်ဆင့် ရှာရဦးမယ်၊ ဒီတော့ သူတစ်ခုခု ဖြစ်သွားလို့မရဘူး”

“ငါသွားမယ်”

“ရှောင်းလျို ပြန်လာခဲ့၊ ငါပဲ သွားမယ်”

“ငါသွားမယ်”

ထိုသို့ဖြင့် အနောက်မှ စစ်သားတစ်အုပ်က ထိုအခြေအနေကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး သွားရန် ကြံစည်ကြသည်။

“ကောင်းပြီ ငြင်းမနေနဲ့တော့”

“ခေါင်းများတကောက ဖြတ်သန်းသွားတဲ့အခါ အခြေအနေ ကောင်းနေတာကို မမြင်ဘူးလား၊ ငါသူသွားတဲ့ လမ်းကြောင်းကို မှတ်မိပါတယ်၊ အဆင်ပြေမှာပါ၊ ငါဒီအတိုင်း အဲဒီလမ်းကြောင်းအတိုင်းပဲ သွားမယ်၊ မင်းတို့တွေက ဘယ်သူကများ လမ်းကြောင်းကို မှတ်မိသေးလို့လဲ”

ရှောင်းလျိုက လူတိုင်းက်ိုကြည့်ပြီး ရှက်ရွံ့စွာပြုံးလျက်ပြောသည်။

“ကောင်းပြီ ငြင်းမနေနဲ့တော့ ဟုတ်ပြီလား၊ ငါက အကျိုးအမြတ်ဝင်ယူမှာကို ကြောက်လို့လား”

“ဒီတိုင်းပဲ ငါသွားလိုက်မယ်”

“ခေါင်းဆောင် မင်းတို့တွေ ငါ့ရဲ့ခြေလှမ်းနောက်က လိုက်ခဲ့ကြ”

ထိုသို့ပြောပြီးနောက် ရှောင်းလျိုက အသက်ပြင်းပြင်းရှူသည်။ ထို့နောက် ခြေလှမ်းတစ်လှမ်း လှမ်းသည်။ ထိုသို့ဖြင့် တောက်လျှောက်လှမ်းလျက် သွားလေသည်။

“ဟင်.....ဘယ်ဘက်ကို တစ်လှမ်း...”

ရှောင်းလျိုက ခြေတစ်လှမ်းလှမ်းသော အချိန်တိုင်းလိုလို သူ၏ခြေထောက်ဖြင့် မြေပြင်အောက်သို့ ဖိချသည်။ ဒီနည်းအားဖြင့် ခြေရာကို ခပ်နက်နက် ကျန်ရစ်စေမည်ဖြစ်သည်။

“အား..”

လျှောက်ထွက်သွားသော လူငယ်ကို မြင်သောအခါ ဆုပိုင်က သက်ပြင်းကို ချသည်။ သူက လူတိုင်းကို ခေါ်ကာ ပတ်သွားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ မည်သို့ပင်ဆိုစေ စစ်သားများဖြစ်စေ၊ တိရိစ္ဆာန်များဖြစ်စေ မည်သူ့ကိုမှ သူက မဆုံးရှုံးလိုပေ။

ထို့အပြင် ဒီနေရာက အတော်လေး ကြောင်တောင်တောင်နိုင်သည်။

ဟာလီကလည်း အစမှ အဆုံးအထိ သူ၏ အသက်ငယ်ရရှိနိုင်ရန် ဆက်တိုက်အော်နေသည်။ သို့သော် ခေါင်းပြားတကောကမူ ဘာမှမဖြစ်သလိုမျိုး ဖြတ်သန်းသွားနိုင်သေးသည်။

“ရှောင်းလျို သတိထားရမယ်နော်”

ရွှယ်နင်က အဝေးမှ သတိအပြည့်ကပ်လျက် လျှောက်နေသော ပုံရိပ်ကိုကြည့်ပြီး လှမ်းအော်သည်။

“နားလည်ပါတယ် ခေါင်းဆောင်”

ရှောင်းလျိုက တစ်ဖက်သို့ လှည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူက နဖူးမှ ချွေးများကို သုတ်လိုက်၏။

သူက ခပ်ဝေးဝေးသို့ လျှောက်ပြီးသည်အထိ မည်သည့်အန္တရာယ်ကိုမှ မတွေ့သေးသော်လည်း အမည်မသိရသော အခြေအနေက ကြောက်လန့်စရာအကောင်းဆုံး ဖြစ်နေသည်။

ခရက်။

ရုတ်တရက် သူက ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။ သူက အောက်ဘက်ရှိ တစ်စုံတစ်ရာကို ခပ်ကြမ်းကြမ်း ဖိနင်းမိသွား၏။ သူက တစ်ချက် မော့ကြည့်လိုက်သောအခါ သူ၏အရှေ့မှာ အကွာအဝေးက တစ်ဝက်ပင် မကျန်ရစ်တော့ချေ။ ထို့ကြောင့် သူက စိတ်အေးသွားသလိုမျိုး သက်ပြင်းချလိုက်သည်။

ကြည့်ရတာ ဟာလီ ခန့်မှန်းတာ မှားသွားတာ ဖြစ်လောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်အဝေးကြီး လျှောက်လာခဲ့ပြီးတာတောင် ဘာအန္တရာယ်မှ မတွေ့သေးဘူးလေ။

“အင်း”

“ဘာပဲဖြစ်ဖြစ် ဟာလီကိုတော့ အပြစ်တင်လို့မရဘူး၊ ဒီနေရာက DFရဲ အပိုင်ပဲလေ၊ ဒီတော့ သတိထားတာက အကောင်းဆုံးပဲ”

103 03

ရှောင်းလျိုက ခပ်တ်ိုးတိုး ရေရွတ်လိုက်ပြီး ခေါင်းကို ငုံ့လျက် ခေါင်းပြားတကော ခြေရာကို စရှာသည်။

“ညာဘက် အရှေ့နား”

နောက်ထပ်တစ်လှမ်း။

ကလစ်။

“ဟင်”

ရုတ်တရက် သူ၏အမူအယာက တောင့်တင်းသွားသည်။ သူမြေပြင်သို့ နင်းထားသည့် ခြေထောက်အောက်ဘက်ပိုင်းက တခြားအခြေအနေများနှင့် ခြားနားနေပုံပေါ်သည်။

ထိုအောက်ဘက်တွင် တစ်စုံတစ်ရာကို မြှုပ်ထားပုံပေါ်သည်။ မြေပြင်ကပင် အနည်းငယ် ခပ်တောင့်တောင့် ဖြစ်နေသည်။

ဂလု။

ရုတ်တရက် ရှောင်းလျိုက တစ်စုံတစ်ရာကို သိလိုက်သည်။

သို့ရာတွင် ထိုဖြစ်နိုင်ချေက အလွန်နည်းသည်။ မည်သို့ပင်ဆိုစေ ထိုသို့ အလုံးအရင်းဖြင့် ဖျက်ဆီးသော လက်နက်မျိုးက စစ်တပ်အတွက်သာ ထောက်ပံ့ထားခြင်းဖြစ်သည်။ ဒီလို ဆေးကုန်သည်တစ်အုပ်လောက်က ဒီလိုလက်နက်မျိုးကို မပိုင်ဆိုင်သင့်ချေ။

သူက တံတွေးအပြည့် မြိုချလိုက်သည်။ ရှောင်းလျိုက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ခြေထောက်ကို ထိုနေရာနှင့် အနည်းငယ်ဝေးအောင် ရွှေ့ကြည့်ရင်း အောက်ဘက်သို့ မြင်ရရန် ကြိုးစားကြည့်လိုက်သည်။

++++

104 01

အပိုင်း (104)

ခရက်။

သူ၏ခြေထောက်အောက်မှ မြေပြင်ကို လက်နှင့်တူးသော သူ၏လက်များက တုန်ယင်နေသည်။ သူ၏အရှေ့မှ အနက်ရောင်မိုင်းကို မြင်သောအခါ ရှောင်းလျို၏ တစ်ကိုယ်လုံး ချွေးများရွှဲသွားသည်။

သူက မြေမိုင်းကို တက်နင်းမိတာပဲ။

ထိုဆေးကုန်သည်တစ်ဖွဲ့က ဒီနေရာတွင် ထိုမြေမိုင်းများကိုပင် ချထားခဲ့ကြသည်။

.......။

ဒါက... ။

တစ်တော့ တစ်တော့ တစ်တော့.....။

ထိုတစ်ခဏတွင် အချိန်ကပင် ရပ်တန့်သွားပြီဟု ထင်ရသည်။ သူ၏ပါးပြင်တောက်လျှောက် ချွေးများ စီးကျသွားသည်။

“ငါ..... ငါဒီနေရာမှာ သေတော့မှာ”

ရှောင်းလျိုက ထိုသ်ို့ ရေရွတ်ရင်း စိတ်က ဗလာဖြစ်သွားသည်။

“ဟူး... ဟူး....ဟူး...ဟူး”

သူ၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းနေရသည်။

သူဘွဲ့ယူခါစ အချိန်ကို မှတ်မိသေးသည်။ သူက နန်တုမှ JD ရဲအဖြစ် ရွေးချယ်ခဲ့သည်။ ထိုအခါ သူ၏ဆရာတိုင်းက သူ့ကို လေးနက်စွာ ဂါရဝ ပြုခဲ့ကြသည်။

ထို့နောက် သူစတင် အလုပ်လုပ်ပြီးနောက်ပိုင်း အဓိက အန္တရာယ်များကို မတွေ့ခဲ့ရသေးချေ။ သို့သော် ပထမဦးဆုံးအကြိမ်အနေနှင့် စတင်ရင်ဆိုင်ရသည့် အခြေအနေမျိုးတွင် ဒီလိုနေရာတွင် သေဆုံးရမည်ဟု မထင်ထားမိချေ။

“ရှောင်းလျိုက ဘာဖြစ်တာလဲ၊ ဘာလို့ အဲဒီနေရာမှာ ဆောင့်ကြောင့်ထိုင်နေတာလဲ”

“ဟုတ်သားပဲ၊ ဒီကလေးက အခုလေးတင် လမ်းလျှောက်တာ ကောင်းနေတာပဲကို ဘာဖြစ်တာလဲ”

“သူ အန္တရာယ်တွေ့မိတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်လား”

မြေကွက်လပ် အစွန်းနားမှ လူတိုင်းက ရှောင်းလျိုကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ရှောင်းလျိုက သူတို့ကို ကျောပေးရင်း ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်လိုက်ကြောင်း မြင်သောအခါ အားလုံးက စိတ်ရှုပ်ထွေးစွာ မေးကြသည်။

“မကောင်းတော့ဘူး”

ရုတ်တရက် ရွှယ်နင်က သူမပါးစပ်သူမ အုပ်လိုက်ပြီး တအံ့တသြ အော်သည်။ သူမ၏ ခန္ဓာကိုယ်ကပင် တုန်သွားသည်။

မဖြစ်နိုင်လောက်ပါဘူး။

မဖြစ်သင့်လောက်ပါဘူး။

“ရှောင်းလျို”

သူမက အဝေးသို့ လှမ်းအော်သည်။ ရွှယ်နင်၏အသံကပင် တုန်နေသည်။

“နင် နင်ပြဿနာမရှိပါဘူးနော်”

“ခေါင်းဆောင်”

တစ်ဖက်က သူ့ကို ပြန်ဖြေသည်။ ရှောင်းလျိုက ပုံမှန်မြင်နေကျ ရှက်ရွံ့သော အပြုံးမျိုးနှင့် ပြုံးပြသည်။ သို့သော် သူ၏ နီရဲနေသော မျက်ဝန်းများအရ အန္တရာယ်ကို တွေ့နေပြီဖြစ်ကြောင်း ဖော်ပြသည်။

“ရှောင်းလျို ဘာဖြစ်တာလဲ”

“ဟုတ်တယ် မြန်မြန်ပြောစမ်း”

“ငါတို့ အခုလာခေါ်မယ်၊ မလှုပ်နဲ့”

ထိုသို့ပြောပြီးနောက် စစ်သားတစ်ယောက်က ချက်ချင်းလိုလို ရှေ့ထွက်ရန်ကြံစည်သည်။

“မလာနဲ့”

ရှောင်းလျို၏ မျက်လုံးက ပြူးသွားပြီး စိတ်လှုပ်ရှားစွာ အော်သည်။

“ငါ ငါဒီနေရာမှာ နယ်မြေမိုင်းကို နင်းထားမိတာ၊ ဒီနေရာကို မလာကြနဲ့”

“မင်းတို့တွေ ပတ်ပြီး သွားကြပါတော့၊ ငါထိန်းထားနိုင်သေးတယ်၊ ဒါပေါက်သွားတာနဲ့ ဆေးကုန်သည်တွေက နိုးသွားလိမ့်မယ်၊ ဒါကြောင့် မြန်မြန်သွားပါ၊ ငါထိန်းထားနိုင်တုန်း မြန်မြန်သွားကြပါ”

“နယ်မြေမိုင်း ဟုတ်လား”

ဆုပိုင်၏ မျက်လုံးက မှေးကျဥ်းသွားသည်။ သူက ခေါင်းကို တစ်ချက်ငုံ့ပြီး ဟာလီကို ကြည့်သည်။ သူ၏မျက်နှာက အလွန်အမင်း ပျက်ယွင်းသွားသည်။

ထိုဆေးကုန်သည်တစ်အုပ်က ဒီတောထဲတွင်ပင် နယ်မြေမိုင်းများကို ချထားရဲလောက်အောင် ယုတ်မာလွန်းသည်။

ဒါက သတိပေးရုံတင် မဟုတ်ဘူး။ တက်နင်းမိတဲ့လူတွေရဲ့ အသက်ကို အလေးအနက်မထားတာ သိသာနေတာပဲ။ နောက်ပြီး ဒီတောထဲကို လူအနည်းစုလောက်ပဲ လာဖြစ်တယ်ဆိုပေမဲ့ မတော်တဆလာပြီး ဒီမိုင်းတွေကို တက်နင်းမိသွားတဲ့အခါ အကျိုးဆက်က ဆိုးရွားသွားတော့မှာပေါ့။

“ခေါင်းဆောင်”

အဝေးမှ ရှောင်းလျိုက အသားကုန်အော်သည်။

“ငါ့ကို စိုးရိမ်မနေပါနဲ့၊ ဒီတိုင်းပဲ ထွက်သွားကြပါ”

104 02

“ဒီနေရာမှာ မြှုပ်ထားတဲ့ မိုင်းက တစ်ခုတည်း မဟုတ်လောက်ဘူး၊ ငါ့ကိုတော့ လက်လျှော့လိုက်ပါတော့”

“မဟုတ်ဘူး ရှောင်းလျို ထိန်းထား၊ ငါတို့ သေချာပေါက် ရအောင်ကယ်မယ်”

ရွှယ်နင်က မျက်ရည်အပြည့်နှင့် လှမ်းအော်သည်။

“မဟုတ်ဘူး”

ရှောင်းလျိုက မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လျက် နီရဲသော မျက်ဝန်းတစ်စုံကို ဝင့်ကာ အသက်ပြင်းပြင်းရှူသည်။ ထို့နောက် အပြုံးနှင့်ပြောသည်။

“ဒါက ငါတို့ရဲ့ တာဝန်ပဲ ခေါင်းဆောင်”

“ငါ နောင်တ မရပါဘူး၊ ငါ ကိုယ့်ဘာသာကိုယ် ရွေးချယ်ခဲ့တာပဲ၊ မင်းတို့အားလုံးရဲ့ လုံခြုံရေးအတွက် ဒီလိုရွေးချယ်ခဲ့တာ တန်တယ်”

“နောက်ပြီး ဒီ DFတစ်အုပ်ကို သေချာပေါက် ကိုင်တွယ်ဖြေရှင်းပြီး ငါတို့အတွက် တရားမျှတမှု ယူပေးရမယ်၊ သူတို့ကို အောင်အောင်မြင်မြင်နဲ့ ဖမ်းယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

“ဟားဟား”

ရှောင်းလျိုက မျက်ရည်များကို သုတ်ပြီး တဖြည်းဖြည်းချင်း ထရပ်သည်။ သူက ကျောကို မတ်လိုက်ရင်း ညာဘက်လက်ကို မြှောက်ကာ တည်ငြိမ်လေးနက်စွာ အလေးပြုလိုက်သည်။

“ငါက JD ရဲတစ်ယောက်၊ ဒါက ငါတို့ရဲ့တာဝန်ပဲ”

“သွားမယ်”

“ငါ အဖေ့ကို အရှက်ရအောင် မလုပ်ခဲ့ပါဘူးလို့ အမေ့ကို ပြောပေးကြပါ”

“အား သောက်ကျိုးနည်း DF”

“ရှောင်းလျို ထိန်းထား၊ ငါဒါရိုက်တာကို အခုချက်ချင်း ဆက်သွယ်ပြီး ဗုံးဖြုတ်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေကို လွှတ်ခိုင်းလိုက်မယ်”

“ဟုတ်တယ် ညီအစ်ကို၊ မင်း မင်းဘာမှမဖြစ်စေရပါဘူး၊ ငါမင်းရဲ့ လက်ထပ်မင်္ဂလာဝိုင်ကို သောက်ဖို့စောင့်နေတာလေ”

အစွန်နားမှာ ထိုစစ်သားက ရှောင်းလျိုကို နီရဲသော မျက်လုံးများဖြင့် ကြည့်သည်။ သူကိုယ်တိုင်ကလည်း ငိုနေသည်။

လွန်ခဲ့သော နှစ်ရက်ခန့်ကတင် သူတို့က ရဲဘော်ရဲဘက်နှစ်ယောက်ကို စတေးခဲ့ရသည်။ ရက်အနည်းငယ် ကြာပြီးနောက် ဒီနေ့....။

သူတို့၏ အသင်းဖော်က သူတို့၏ ရှေ့တင် သေသွားမည့်အခြေအနေကို ရပ်ကြည့်မနေနိုင်ပေ။

သူတို့ဒါကို ဘယ်လိုလက်ခံရမှာလဲ။

နောက်ပြီး ဒါပေါက်ကွဲသွားတာနဲ့ တာဝန်က ကျရှုံးသွားပြီ။

စတေးရတဲ့ဒီရဲဘော်က အလကားဖြစ်သွားလိမ့်မယ်။ နောက်ပြီး ဒီဆေးကုန်သွယ်တွေကိုလည်း ဖမ်းမိမှာမဟုတ်ဘူး။ ဒါဆိုရင်......။

“သွားကြတော့”

ရှောင်းလျိုက အော်သည်။ သူက အသားကုန်အော်ပြီး နောက်ဘက်သို့ လှည့်ကာ တရှုံ့ရှုံ့ငိုနေသည်။

“အလေးပြု”

ရွှယ်နင်က သူမ၏ မျက်ရည်များကို သုတ်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။

လူတိုင်းက သိပ်မဝေးသောနေရာမှ လူငယ်ကို နီရဲသော မျက်လုံးများဖြင့် ကြည့်ကြသည်။ ထိုလူငယ်နှင့် အလုပ်စလုပ်သည်မှာ တစ်နှစ်ပင် မကြာသေးချေ။ သူတို့ထွက်သွားသည်နှင့် ရှောင်းလျိုက သေဆုံးခြင်း၏ ခြိမ်းခြောက်မှုကို တစ်ယောက်တည်း တောင့်ခံရတော့မည်ဖြစ်သည်။

နောက်ဆုံးအခိုက်အတန့်တွင်ပင် စကားပြောဖော်မရှိချေ။

ဒါတွေအားလုံးက.... ။

“ကောင်းပြီ ကွေ့ပတ်ပြီး သွားကြတာပေါ့”

ရွှယ်နင်က အေးစက်စွာ အော်လိုက်ပြီး သုန်မှုန်သော လေသံနှင့်ပြောသည်။

“အားလုံးပဲ အမိန့်ကို နာခံကြ၊ DF တွေကို အမြန်ဆုံး အမြစ်ဖြတ်သုတ်သင်ပြီးတာနဲ့ ငါတို့ ဒါရိုက်တာက်ို ဆက်သွယ်ပြီး ရှောင်းလျိုကို လာကယ်ခိုင်းလို့ရသေးတယ်”

“နင်တို့ မတွေးကြဘူးလား၊ ရှောင်းလျိုရဲ့ ကြိုးစားအားထုတ်မှုတွေကို နင်တို့ အလဟဿ ဖြစ်စေချင်နေတာလား”

“သွားကြမယ်”

လူတိုင်းက တိတ်ဆိတ်နေသည်။ သူတို့က ခေါင်းကိုမော့ပြီး ရှောင်းလျို၏ ကျောပြင်က်ို လေးလံစွာ စိုက်ကြည့်လိုက်ကြသည်။ ထို့နောက် နောက်သို့ တစ်ဖန်ပြန်လှည့်ကာ အဝေးရှိ တောထဲသို့ ကွေ့ပတ်ဝင်ရန် ကြံစည်လိုက်ကြသည်။

နယ်မြေမိုင်းကို နင်းထားမိတဲ့ လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို တွေးကြည့်ဖို့တောင် ခက်ခဲလွန်းတယ်။

နောက်ပြီး သူတို့က အမိန့်နဲ့လာကြတာ။

104 03

တရုတ်နိုင်ငံမှ ဗုံးဖြုတ်ပေးနိုင်သော ကျွမ်းကျင်ပညာရှင်များက ဒီနေရာသို့ ရောက်ရန် အချိန်လိုသည်။ ထို့အပြင် သူတို့ ဒီနေရာသို့ လာသည့်လမ်းကြောင်းက ရှုပ်ထွေးလွန်းနေသေးလေရာ လမ်းပြလည်း မရှိသည့် အခြေအနေမျိုးတွင် ဒီနေရာကို ရှာရန် မဖြစ်နိုင်ပေ။

လူတိုင်းကလည်း သူတို့ သူတို့ထွက်ခွာသွားသည်နှင့် ရှောင်းလျိုကို ဘယ်သောအခါမှ ပြန်မြင်ရခြင်း မရှိနိုင်သည့် အခြေအနေကို နားလည်နေကြသည်။

“ဝူး ဝူး ဝူး”

“ငါတို့ သေချာပေါက် အောင်မြင်ရမယ်”

“သွားကြမယ်”

ရှောင်းလျိုက မြေပြင်တွင် ဆောင့်ကြောင့်ပြန်ထိုင်လိုက်ရင်း မျက်လုံးကို အားနည်းစွာ မှိတ်လိုက်သည်။ အနောက်ဘက်မှ ရဲဘော်များ၏ နှုတ်ဆက်သံကို ကြားသောအခါ သူ၏မျက်ရည်များက ဆက်တိုက်စီးကျလာသည်။ သူ၏အဝတ်ကပင် စိုရွှဲသွား၏။

“မား ပါး သား ...သား မားတို့ကို ဂုဏ်ယူအောင် လုပ်မပေးနိုင်တော့မှာ စိုးရိမ်မိတယ်”

ရှောင်းလျိုက ခပ်တိုးတိုးရေရွတ်ရင်း အံကိုကြိတ်ထားသည်။

JD ရဲအရာရှိတစ်ယောက်အနေနှင့် သူက ထို ယူနီဖောင်းကို ဝတ်ပြီးချိန်ကတည်းက စတေးရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဒါက သူတို့၏ တာဝန်ဖြစ်ပြီး သူတို့၏ ရွေးချယ်မှုလည်း ဖြစ်သင့်သည်။ ဒါက တခြားသောသူများ တည်ငြိမ် ငြိမ်းချမ်းသော ဘဝကို နေထိုင်ရရန်ဖြစ်သည်။

“မလှုပ်နဲ့”

ရုတ်တရက် အနောက်ဘက်မှ အော်သံထွက်လာသည်။ ရှောင်းလျိုက တစ်ချက်လှည့်ကြည့်လိုက်သည်။

ဒါရိုက်တာဆုပိုင်က ဘေးဘက်ခြမ်းမှ ကျောက်တုံးကြီးကို တက်တက်ကြွကြွ ရွှေ့နေကြောင်း မြင်လိုက်ရသောအခါ သူက နားမလည်နိုင်အောင်ဖြစ်သွားသည်။ ထို့နောက် သူ့အား ရိုးသားသော မျက်ဝန်းမျိုးဖြင့် ကြည့်လျက် ပြောလာသေးသည်။

“မလှုပ်နဲ့ ငါတို့မင်းကို ကယ်ဆယ်ဖို့ နည်းလမ်းရှိတယ်”

“ရွှေသိမ်းငှက်”

သူက လေထဲသို့ လှမ်းအော်လိုက်သည်။ ရွှေသိမ်းငှက်က လေထဲတွင် ပြန်အော်ရင်း လျင်မြန်စွာ ထိုးဆင်းလာသည်။

“ငါအလောင်းအစားပဲ လုပ်ရတော့မယ်၊ ဆေးကုန်သည်တွေ ချထားခဲ့တဲ့ နယ်မြေမိုင်းက လူသတ်ရုံလောက်အတွက်ပဲ၊ ဒါပေမဲ့ သိပ်ပြီး အင်အားမကြီးလောက်ဘူး၊ ဒါကြောင့် ပေါက်ကွဲနိုင်တဲ့ ဝန်းကျင်က လျော့နိုင်တယ်”

“တုံ့ပြန်တဲ့ အရှိန်နှုန်းက တအားကြီး မမြန်ဆန်လောက်ဘူး၊ ဒီတော့ တကယ်လို့ ရှောင်းလျိုကသာ ချက်ချင်း ဖယ်လိုက်ပြီးပြီးချင်း အဝေးကို ရောက်သွားမယ်ဆိုရင် ကယ်ဆယ်ခံရနိုင်ချေ တအားမြင့်တယ်”

“ဒါပေမဲ့ ဒီလိုပေါက်ကွဲသွားတာက DF တွေကို အချက်ပြလိုက်သလို ဖြစ်သွားမှာပဲ”

ဆုပိုင်က ဘေးဘက်ခြမ်းရှိ စစ်သားများကို ကြည့်ရင်း မည်းမှောင်နေသော မျက်နှာထားနှင့် အခြေအနေကို ရှင်းပြပေးလိုက်သည်။

++++

105 01

အပိုင်း (105)

“ဒါက အန္တရာယ်များလွန်းတယ်၊ မရဘူး”

ရွှယ်နင်က ဆုပိုင်၏ အကြံပေးချက်ကို ကြားသောအခါ ချက်ချင်းခေါင်းခါသည်။

သူမကလည်း ရွှေသိမ်းငှက်ကို ကျောက်တုံးတစ်တုံးယူပြီး ရှောင်းလျို၏ နေရာတွင် အစားထိုးထားချင်သည်။ သို့သော် ဒါက ခက်ခဲလွန်းသည်။ အောင်မြင်ရန်လည်း မဖြစ်နိုင်ပေ။

နယ်မြေမိုင်း၏ တည်ဆောက်ပုံက အလွန်ရှုပ်ထွေးသည်။ သီအိုရီအရ နယ်မြေမိုင်းတွင်းပေါ်သို့ တစ်ချက်တည်းတူသော အားတစ်ခုကို ဖိထားနိုင်လျှင် ထိုသူ၏နေရာကို အစားထို၍ရသည်။ သို့သော် ထိုသို့လုပ်ရန်အတွက် ဗုံးဖယ်ရှားသည့် ကျွမ်းကျင် ပညာရှင်များထံမှ အသေးစိတ်ကျသည့် တွက်ချက်မှုများကို လိုအပ်သေးသည်။

သူတို့က အစောတလျင် လုပ်လျှင်လည်း အောင်မြင်ဖို့အခွင့်အရေး မရှိနိုင်ချေ။

ထည့်ပြောရန် မလိုအပ်လောက်အောင် နယ်မြေမိုင်းတွင်းများ ပေါက်ကွဲသွားသည်နှင့် ရှောင်းလျိုက သေရုံသာမကသေးလေဘဲ ရွှေသိမ်းငှက်လည်း သေနိုင်သည်။

“ဒီနည်းလမ်းက တအားခက်ခဲပြီး မဖြစ်နိုင်သလောက်ပဲ၊ ငါရွှေသိမ်းငှက်ကို မရင်းခိုင်းနိုင်ဘူး”

ရွှယ်နင်က ဆုပိုင်ကို ကြည့်ပြီး အံကြိတ်သံနှင့် ပြောသည်။

“ဟူး”

ဆုပိုင်က ရွှေသိမ်းငှက်ကို လက်တစ်ချက်ယမ်းပြလိုက်ပြီး ကျောပိုးအိတ်ထဲမှ ကြိုးကိုထုတ်ကာ အရှေ့မှကျောက်တုံးနှင့် စချည်သည်။

“နင် ဆုပိုင် နင်ဒီလိုလုပ်လို့မရဘူးနော်”

“ရှောင်းလျိုက ငါတို့ရဲ့ အသင်းဖော်၊ ငါတို့လည်း သူ့ကို ကယ်ချင်တာပဲ၊ ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့မှ မအောင်မြင်နိုင်တာ”

ရွှယ်နင်က စိတ်ဆုံးဖြတ်ပြီး ကိုယ့်ကိစ္စကိုယ်သာ လုပ်နေသည့် ဆုပိုင်ကိုကြည့်ရင်း ဆက်ပြောသည်။

“သေချာပေါက် အောင်မြင်လိမ့်မယ်”

ဆုပိုင်က ခေါင်းကိုမော့ပြီး တည်ငြိမ်စွာပြောသည်။

“လာစမ်းပါ၊ နားလည်တယ်မဟုတ်လား”

ကြိုးချည်ပြီးနောက် ဆုပိုင်က ရွှေသိမ်းငှက်၏ နဖူးကို အသာပုတ်လိုက်ရင်း ခပ်တိုးတိုးပြောသည်။

ဘန်း။

ရွှေသိမ်းငှက်ကလည်း အော်သည်။ သူက တောင်ပံကို တဖြည်းဖြည်းချင်း ခတ်လိုက်ပြီး ကျောက်တုံးကို ကောက်ချီလျက် ရှင်းလင်းသော ကွင်းပြင်ဘက်သို့ ချသွားသည်။

“ဒါက.....”

ရှောင်းလျိုကလည်း သူ့ဆီခပ်မြန်မြန် ပျံသန်းရောက်ရှိလာသော သိမ်းငှက်ကြီးကိုကြည့်ပြီး နေရာတွင်ပင် တောင့်ခဲသွားလေသည်။

“မဟုတ်သေးဘူး၊ ဒါက အန္တရာယ်များလွန်းတယ်၊ ရွှေသိမ်းငှက်တစ်ခုခုဖြစ်သွားခဲ့ရင် ငါ ငါသေသွားရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်တော့မှာမဟုတ်ဘူး”

သူက ဒါရိုက်တာဆုပိုင်ရှိရာဘက်သို့ လှမ်းအော်သည်။ ရှောင်းလျိုကလည်း လက်အမူအယာပြပြီး သိမ်းငှက်ကို ခပ်မြန်မြန် နောက်ဆုတ်ခိုင်းသည်။

“အမိန့်ကိုနာခံ”

ဆုပိုင်က သူ့ကိုယ်သူ စိတ်အေးအောင် ထိန်းလိုက်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် လှမ်းပြောသည်။

“ရွှေသိမ်းငှက်က အဖိုးတန်ယုံတင်မကသေးဘဲ မင်းကလည်း အဖိုးတန်တယ်၊ လူတိုင်းက အဖိုးတန်တယ်”

“ငါမင်းကို သေချာပေါက် ရအောင်ကယ်မယ်၊ မင်းရဲ့ အဝတ်တွေကို ကြိုးနဲ့သေချာချည်လိုက်၊ နောက်ပြီး မြဲမြဲကိုင်ထား၊ အချိန်ကျရင် ရွှေသိမ်ငှက်က စပျံလိမ့်မယ်”

“သေချာပေါက် အောင်မြင်လိမ့်မယ်”

ဆုပိုင်က နောက်ဆုံးစကားကို လေသံတိုးတိုးဖြင့်သာ ပြောသည်။

သူကိုယ်တိုင်လည်း အပြည့်အဝမသေချာပေ။ သို့သော် အရှေ့မှ လူငယ်၏ လုပ်ဆောင်မှုကို ကြည့်နေရင်းနှင့် သူက လျစ်လျူမရှုနိုင်တော့ချေ။ ပို၍ဆိုးသည်မှာ ရွှေသိမ်းငှက်၏ ခွန်အားက ရက်အနည်းငယ် ကုစားပြီးနောက် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးသား ဖြစ်သည်။

နယ်မြေမိုင်းတွင်းက ပေါက်ကွဲလျှင်ပင် ဆုပိုင်အနေနှင့် ရွှေသိမ်းငှက်ကလည်း သူ၏ပြင်းထန်သည့် အရှိန်နှုန်းကို ဆက်တိုက်သုံးလျက် အဝေးသို့ ချက်ချင်းပျံသန်းနိုင်မည်ဟု ယုံကြည်သည်။ ရှောင်းလျိုကလည်း သေချာပေါက် ပေါက်ကွဲမှု ဝန်းကျင်အတွင်းမှ လွတ်ထွက်သွားပေလိမ့်မည်။

“ဟူး....ဟူး.....ဟူး...ဟူး”

105 02

သူ၏အရှေ့တွင် ကြီးမားသော ကျောက်တုံးကြီးနှင့်အတူ ရောက်နေသည့် သိမ်းငှက်ကြီးက တောင်ပံကို တဖျတ်ဖျတ်ခတ်လျက် အောက်သို့ နိမ့်သထက် နိမ့်ဆင်းပေးလာကြောင်း မြင်သောအခါ ရှောင်းလျိုက မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသည်။ ထို့နောက် အံကို ကြိတ်လိုက်သည်။

ဒါရိုက်တာ ဆုပိုင်ကတောင် သူ့ကို ကယ်တင်ဖို့အတွက်နဲ့ ဒီလောက်ထိ တန်ကြေးပေးဆပ်ချင်နေမှတော့ ဘာပဲဖြစ်လာဖြစ်လာ သူ ဒီရွှေသိမ်းငှက်ကို အမှားအယွင်း ပြုလို့မရဘူး။

“နယ်မြေမိုင်းထဲက အသံထွက်တာနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ဖြစ်သွားရင်တောင်မှ မင်းကို တစ်ခုမှ ဖြစ်ခွင့်မပြုဘူး”

ရှောင်းလျိုက ရှေ့မှ ရွှေသိမ်းငှက်ကို ကြည့်ကာ အော်လိုက်သည်။ ထို့နောက် တဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်၏။

သူက ကျောက်တုံးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားရင်း ခြေထောက်ကို တဖြည်းဖြည်းချင်းစီ ကြွသည်။

“သေချာပေါက် အောင်မြင်ရမယ်”

“သေချာပေါက် အောင်မြင်မှာပါ၊ သေချာပေါက်ပဲ အောင်မြင်မှာ”

“ဒါက လုံးဝ ပေါက်မှာမဟုတ်ဘူး၊ လုံးဝမပေါက်ဘူး”

တစ်ဖက်မှ လူတိုင်းကလည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ရှောင်းလျိုကို ပြင်းပြစွာ ကြည့်နေကြသည်။

ရွှေသိမ်းငှက်က ရှောင်းလျို၏ ပခုံးပေါ် သူ၏လက်သည်းကြီးများ တင်ထားပြီးသား ဖြစ်သည်။ တစ်ခုခု ဖြစ်လာသည်နှင့် သူက ချက်ချင်း ပျံသန်းသွားမည်ဖြစ်သည်။

သိမ်းငှက်၏ ထိုလက်သည်းကြီးများက သူ၏ ပခုံးပေါ်ရှိ အဝတ်များကို ခပ်တင်းတင်း ဖိကုတ်လိုက်သည်။ ရွှေသိမ်းငှက်၏ တောင်ပံကလည်း တဖြည်းဖြည်းချင်း စပြန့်သွားပြီဖြစ်သည်။

ထို့နောက် တဖြည်းဖြည်းချင်း ခတ်လာသည်။

ခရက်။

ဘန်း။

ရှောင်းလျိုက ကျောက်တုံးကို အောက်သို့ ဖိချလိုက်ပြီး ခြေထောက်ကို ဆက်တိုက်မြှောက်သည်။

ဘိ။

ရုတ်တရက် ကျောက်တုံးအောက်ဘက်ထံမှ စက်ရုပ်သံက ထွက်ပေါ်လာသည်။

“သွားစို့”

အော်သံတစ်ချက်နှင့်အတူ ရှောင်းလျိုက လေထဲသို့ ခုန်တက်သည်။ သို့သော် သူ၏ နားအတွင်း လေတိုးသံများကို ကျယ်လောင်စွာ ကြားလိုက်ရပြီးနောက် ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်သွားလေသည်။

ဘုန်း။

ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ မီးတောက်များက လေထဲသို့ ထိုးတက်သွား၏။ ကျောက်တုံးအပိုင်းအစပေါင်း များစွာက အရပ်မျက်နှာအနှံ့ လွင့်စင်သွားလေသည်။

“မဟုတ်ဘူး”

လူတိုင်းကလည်း မီးတောက်၏ လွှမ်းခြုံခံထားရသည့် ပုံရိပ်နှစ်ခုကို ကြည့်ပြီး အသားကုန်အော်ဟစ်ကြသည်။

ကျရှုံးသွားပြီ။

ဘယ်လိုကြောင့်များ ကျရှုံးရတာလဲ။

ဘန်း။

ရုတ်တရက် ထိုမီးတောက်ထဲမှ ရွှေသိမ်းငှက်၏ စူးရှသော အော်သံက ထွက်ပေါ်လာသည်။ ထို့နောက် ရွှေသိမ်းငှက်၏ ခန္ဓာကိုယ်က လေထဲသို့ တဖြည်းဖြည်းချင်း မြောက်တက်လာသည်။ သူက ဆုပိုင်ရှိရာဘက်သို့ လာနေသည်။

သူက ကျယ်လောင်စူးရှသော အသံကို အော်ဟစ်ရင်း တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေသည့် ရှောင်းလျိုကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ရွှေသိမ်းငှက်က မျက်မှောင်တစ်ချက်ကြုတ်ရင်း သူ၏ ကိုယ်ပေါ်မှ လောင်ကျွမ်းသော အမွေးများကိုကြည့်ကာ ခေါင်းကို ဆွံ့အစွာ ခါသည်။ ထို့နောက် သူက လေထဲသို့ ပျံတက်သွား၏။

လူတိုင်းက ရှောင်းလျို၏ အနားတွင် ဝိုင်းလျက် ဒဏ်ရာများကို စစ်ကြည့်ကြသည်။ အချိန်အတန်ကြာပြီးနောက်...။

“ဟူး....”

105 03

ဆုပိုင်ကလည်း သက်ပြင်းအရှည်ကြီးကို ချမိသည်။ ကံကောင်းသည်မှာ ဒဏ်ရာများက မပြင်းထန်ပေ။ ပေါက်ကွဲမှု ဖြစ်ပျက်သောအခါ ရွှေသိမ်းငှက်က မိုင်းပေါက်ကွဲနိုင်သည့် အတိုင်းအတာအပြင်ဘက်သို့ ချက်ချင်းခုန်ထွက်သွားခဲ့ပုံပေါ်သည်။ သို့မဟုတ်လျှင် အန္တရာယ်အလွန်များနိုင်သည်။

“ကြည့်ရတာ ငါတို့ ပတ်သွားရတော့မယ်၊ DF တွေက ဆူညံသံကို ကြားမှာပဲ၊ ဒါကြောင့် သူတို့လွတ်သွားတာနဲ့ ငါတို့ လုပ်ဆောင်ထားသမျှက အလဟဿ ဖြစ်သွားပြီ”

ရွှယ်နင်က တင်းမာသော မျက်နှာထားဖြင့် ပြောသည်။

“ငါတို့ ရှောင်းလျိုကို သယ်ထုတ်သွားဖို့ လူတစ်ယောက်ချန်ထားခဲ့မယ်”

“ငါတို့ ချက်ချင်း ထွက်သွားရမယ်”

“ကောင်းပြီ”

ဆုပိုင်က မြေပြင်တွင် လှဲအိပ်နေသည့် ဟာလီနှင့် ပျားရည်ခွေးတူဝက်တူကို ကြည့်လိုက်ပြီး သူ၏မျက်လုံးက မှေးကျဥ်းသွားသည်။ သူက ပြောလိုက်သည်။

“DF တွေက အလန့်တကြား ဖြစ်သွားမှာပဲ၊ ငါတို့က ကွေ့ပတ်သွားရင်း ဒီကောင်တွေကို ကိုင်တွယ်မယ်၊ ဒါပေမဲ့ မင်းတို့ကတော့ အဲဒီကို အရင်သွားပြီး ငါတို့အတွက် လမ်းဖောက်ပေးထားနှင့်”

ဆုပိုင်က လက်ခုပ်တစ်ချက်တီးလိုက်ရင်း ထိုအကောင်သုံးကောင်ကို ညွှန်ကြားချက် ပေးလိုက်သည်။

“အူး”

“ဝုတ်”

ဟာလီက တစ်ချက်ဟောင်သည်။ သူက ရွှေမြွေကို ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်စေလျက် ရှေ့သို့ ခုန်ထွက်သွားသည်။

“ငါတို့လည်း သွားရအောင်”

ဆုပိုင်က ထွက်သွားခဲ့သော ကောင်ငယ်လေးများကို တစ်ချက်ကြည့်သည်။ ထို့နောက် တခြားသော စစ်သားများနှင့်အတူ ရှေးဦးမူလတောထဲသို့ ဝင်လိုက်သည်။

........။

“ဟေး”

“ဘာသံလဲ”

အစ်မကြီးလျောင်းက ထိုင်ခုံပေါ်မှ ချက်ချင်းထထိုင်လာရင်း အခန်းအပြင်ဘက်သို့ သုန်မှုန်သော မျက်နှာနှင့် လှမ်းအော်သည်။

“ဒီကိုလာစမ်း”

“အပြင်က ဘာသံလဲ၊ နယ်မြေမိုင်းက ပေါက်သွားတာလား”

သန်မာသော လူတစ်ယောက်က ခပ်မြန်မြန်အပြေးလာသည်။ သူက အသက်ကိုပင် ကောင်းကောင်းမရှူနိုင်သေးဘဲ အမောတကောပြောသည်။

“အစ်မကြီးလျောင်း မိုင်း မိုင်းတစ်ခု ပေါက်သွားတာဖြစ်မယ်”

“ဟွန့်”

သူမက အေးစက်စွာ နှာခေါင်းရှုံ့သည်။ အစ်မကြီးလျောင်းဆိုသူက ကုလားထိုင်ပေါ်မှ ထရပ်လိုက်ရင်း ခါးကြားထဲမှ ပစ္စတိုကို ထုတ်လိုက်သည်။

“အားလုံးပဲ အတူစုစည်းကြ၊ နင်တို့ရဲ့ ပစ္စည်းတွေကို ယူပြီး ဒုတိယမြောက် ဆုံမှတ်နေရာကို ခပ်မြန်မြန်ရွှေ့၊ တရုတ်နိုင်ငံ ရဲ့JD တွေက သိပ်မကြာခင် ရောက်လာလိမ့်မယ်”

“နင်တို့ ဘာမှယူမနေနဲ့၊ ရှုပ်တယ်၊ မြန်မြန်သာ လုပ်ကြ”

လူသန်မာကြီးတစ်ယောက်က ခပ်မြန်မြန် ထွက်သွားသည်။ အစ်မကြီးလျောင်းက သူမ၏ ဖိနပ်ကို ခပ်မြန်မြန်စီးပြီး ပြေးထွက်သည်။

ဒီတောဝန်းကျင်ရှိ ရွာသားတိုင်းက သူတို့၏ ကိုယ်စား ပိုက်ဆံကောက်ပေးရာတွင် တာဝန်ယူသည်။ ထို့အပြင် ဒီနေရာသို့လည်း ခြေမချကြချေ။

သူတို့နေသော တိုင်းပြည်ကလည်း အင်အားအများကြီးသုံးပြီး အပင်ပန်းခံ ဝိုင်းလျက် ဖိနှိပ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဖြစ်နိုင်ချေက တရုတ်နိုင်ငံမှသာ ဖြစ်လောက်သည်။

သို့ရာတွင်.....။

တောထဲတွင်လည်း ပုန်းစရာ နေရာပေါင်းများစွာရှိသည်။ သို့သော် သူတို့ဘက်မှ လူတစ်ယောက် ဆုံးရှုံးသွားရသော် ထိုလူများ၏အစားကို ပြန်ရရန် မလွယ်ကူတော့ချေ။ ထို့အပြင် သူတို့ဘက်က လူအင်အားကို တော်ရုံတန်ရုံ လက်ခံ၍ မရပေ။ သူလျှိုများ ပါနိုင်ချေကလည်း ရှိသေးသည်။

“ဟွန့် အရင်တစ်ခေါက် ပေးထားတဲ့ သင်ခန်းစာက မလုံလောက်သေးဘူးပဲ”

“နန်တု ကောင်းပြီ ဒီတစ်ကြိမ် သေမဲ့လူက. နှစ်ယောက်မကစေရဘူး”

အစ်မကြီးလျောင်းက သူမ၏ ပစ္စတိုကို သုန်မှုန်သော မျက်နှာနှင့်အတူ ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ ထို့နောက် ပြင်ဆင်နေသော လူအဖွဲ့သို့ တစ်ချက်ကြည့်လိုက်ပြီး လက်ကိုရမ်းလိုက်သည်။ ထို့နောက် သူမကိုယ်တိုင်ကလည်း တောဘက်သို့ ခပ်မြန်မြန် ပြေးထွက်လိုက်လေသည်။

+++

All Chapters