← Chapters

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အပိုင်း (106)

“မြန်မြန်”

“အစ်မကြီးလျောင်း သူတို့တွေ မိုင်းနယ်မြေကိုတောင်ကျော်ပြီး ဒီနေရာကို မရောက်လာနိုင်ဘူး၊ ဒါကြောင့် သူတို့တွေ ကွေ့ပတ်ပြီး သွားလောက်တယ်၊ ငါတို့တွေ ဒီနေရာကနေ တိုက်ရိုက်ထွက်ပြေးလို့တောင် ရနိုင်သေးတယ်”

အစ်မကြီးလျောင်းက သုန်မှုန်သော မျက်နှာနှင့် အဝေးရှိ တောဘက်သို့ ကြည့်သည်။ ထို့နောက် လေးလံနေသော လေသံမျိုးဖြင့် ပြောလိုက်သည်။

“လူတွေအကုန်တော့ မထွက်သွားလောက်ဘူး၊ နောက်ပြီး သူတို့ရဲ့ လူပမာဏအရမ်းများနေရင် ဘယ်လ်ိုလုပ်မလဲ၊ ဒီလူတွေ ထွက်သွားပြီးတဲ့နောက်မှာ ငါတို့တွေ နန်တုကို လူနည်းနည်းလွှတ်ပြီး ဟွန့် သူတို့ကို ကိစ္စနည်းနည်းလောက် ဖန်တီးပေးရတာပေါ့”

“ဟွန့်”

“ငါတို့ကတောင် တောအုပ်ထဲမှာ ပုန်းအောင်းနေတာ၊ ဒီလူတွေက အင်အား အလုံးအရင်းနဲ့ ဒီနေရာကို လာလိမ့်မယ်လို့တော့ မထင်ဘူး”

“ဟားဟား သေချာပေါက် ဘယ်ဖြစ်နိုင်ပါ့မလဲ”

ဘေးဘက်ခြမ်းမှ သန်သန်မာမာနှင့်လူက အော်ရယ်လိုက်ပြီး အထင်တသေး ဖြစ်နေသော လေသံမျိုးနှင့် ပြောလိုက်သည်။

“သူတို့က ဒီနေရာက အစိုးရနဲ့ မတိုက်ခိုက်ချင်သမျှ အများဆုံး လူအယောက်၃၀လောက်နဲ့ပဲ လာလိမ့်မယ်”

“ဒီနေရာက ငါတို့ရဲ့နေရာ၊ ဒါကြောင့် ဒီမိုင်းတွင်းကနေ ရှောင်ဖို့အတွက်နဲ့ သူတို့တွေ ကွေ့ပတ်ပြီး သွားရမှာပဲ”

“ဟွန့်”

အစ်မကြီးလျောင်းက နှာခေါင်းရှုံ့သည်။ သူမက သေနတ်ကိုင်ထားသော လက်နှင့် အနောက်မှ လူများကို ခပ်မြန်မြန် ထွက်လာရန် အမူအယာပြသည်။ ထို့နောက် ရှေးဦးမူလတောဘက်သို့ ထွက်လာခဲ့သည်။

“လျောင်း....”

ရုတ်တရက် အနောက်ဘက်မှ လက်အောက်ငယ်သားထဲမှ တစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ သို့သော် စကားက တစ်ဝက်သာ ထွက်လာပြီး ပျောက်သွားသည်။

“အစ်မကြီးလျောင်းက နောက်သို့ လှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွားရသည်။ အကြောင်းမူကား ယခုလေးတွင် သူမ၏နောက်တွင် ရပ်နေခဲ့သော လက်အောက်ငယ်သားကို မမြင်ရတော့ချေ။

အရှေ့မှ အရွက်များက အချင်းချင်း ပွတ်တိုက်နေသလိုမျိုး ဆက်တိုက်လှုပ်ခါနေသည်။

အစ်မကြီးလျောင်းကလည်း သူမ၏ လက်ကို မြှောက်လျက် ထိုလှုပ်နေသော နေရာဘက်သို့ တစ်ချက်ပစ်ခတ်လိုက်သည်။ ထို့နောက် နောက်သို့ လှည့်ပြီး နောက်မှလူများကို ကြည့်သည်။

“မြန်မြန်သွားပြီး တစ်ချက်ကြည့်လိုက်”

“ငါ.....”

ခေါင်းတုံးဆံပင်ပေါက်နှင့် လူငယ်က သစ်ပင်အနောက်ဘက်သို့ ကြောက်လန့်မှုအပြည့်နှင့် ကြည့်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများကလည်း မဲ့ကျနေ၏။ သူက လက်ထဲမှသေနတ်ကို သတိထားကာ ကိုင်လျက် အရှေ့သို့ ဂရုစိုက်တိုးသွားလိုက်သည်။

“အား..”

ထို့နောက် အမွေးထူထူနှင့် အရိပ်မည်းမည်းကြီးတစ်ခုက ဖြတ်ပြေးသွားကြောင်းကို မြင်လိုက်ရသည်။ ထိုခေါင်းတုံးနှင့် လူငယ်က စူးရှသော အော်သံကို ထုတ်လွှတ်လိုက်ပြီး သူ၏မျက်နှာတွင် သွေးများနီရဲသွားလေသည်။

“ငါ့ရဲ့မျက်လုံးတွေ ငါ့မျက်လုံးတွေ ကန်းသွားပြီ”

အရှေ့မှ လူငယ်ထံမှ ထွက်လာသည့် အော်သံအရ အစ်မကြီးလျောင်းက သေနတ်ကိုမြှောက်ပြီး သူ့ကို တစ်ချက်ပစ်လိုက်သည်။

သူ၏အလောင်းဘေးနားတွင် ရပ်နေရင်း အနောက်ဘက်မှ အသင်းကို အေးစက်စွာကြည့်သည်။

“မထိတ်လန့်နဲ့ မအော်နဲ့၊ ဒါက ဝရုန်းသုန်းကား ဖြစ်အောင် လုပ်တဲ့လူကို ပေးတဲ့အပြစ်ပဲ”

“သွား မြန်မြန် ဒီနေရာက ထွက်သွားကြ”

သူက ထိုသို့ပြောသည်။ မြေပြင်မှ အလောင်းကို တစ်ချက်မှပင် ပြန်မကြည့်တော့ချေ။ အရှေ့သို့သာ ခပ်မြန်မြန်ထွက်သွားသည်။

“ဟစ်.....ဟစ်”

လူတိုင်းက ထွက်သွားပြီးနောက် ထိုသစ်ပင်၏အောက်သို့ ရွှေမြွေ၏ ကိုယ်ထည်ကြီးက တွဲလောင်းကျလျက် ပေါ်လာလေသည်။

ထို့နောက် အလောင်းတစ်လောင်းက အောက်ဘက်သို့ ဝုန်းခနဲမြည်သံနှင့်အတူ ပြုတ်ကျသွားပြန်သည်။

ရွှေမြွေက အလောင်းပေါ်သို့ ကျော်ဖြတ်ကာ တွားသွားလိုက်ပြီး အဝေးရှိ သစ်ပင်အနောက်သို့ အမြန်ဖြတ်ပြေးကာ ဝင်ပုန်းလိုက်သည်။

“ကွက် ကွက်”

106 02

ခေါင်းပြားတကောကလည်း သူ၏လက်သည်းမှ သွေးများကို အမွေးထဲသို့ တစ်ချက်ဖိသုတ်လိုက်သည်။ ထို့နောက် သူ၏ကြီးမားသော မျက်လုံးလေးနှင့်အတူ ထွက်ပြေးသွားသောသူများကို ကြည့်နေလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သေးသည်။

သူက ရွှေမြွေကို ခပ်မြန်မြန် အချက်ပြလိုက်ရင်း နောက်မှ ပြေးလိုက်ပြန်သည်။

“သောက်ကျိုးနည်း အခုမြင်လိုက်ရတာက ဘာလဲ”

“ဒါက တအားမြန်လွန်းတယ်၊ နောက်ပြီး ရှင်းရှင်းလင်းလင်း မြင်ရဖို့တောင် မဖြစ်နိုင်ဘူးလေ၊ တောထဲမှာ ဒီလိုအရာမျိုးတွေ ဘယ်တုန်းကများ ရှိနေတာလဲ”

“ဟေး ငါ့ကို မခြောက်နဲ့နော်”

သူမ၏ ဘေးမှ လူများ၏ ခပ်တိုးတိုး ရေရွတ်နေသံများကို ကြားသောအခါ အစ်မကြီးလျောင်းက အံကို ကျစ်ကျစ်ပါအောင် ကြိတ်ထားလိုက်သည်။ သူမသည်လည်း အခုမြင်လိုက်သောအခါက ထိုလူငယ်မွေးထားသော တိရိစ္ဆာန်များ ဖြစ်နိုင်ကြောင်း နားလည်လေသည်။ အရင်တစ်ခေါက်က အဲဒီသောက်ကျိုးနည်း အစုတ်ပလုတ်ခွေးလိုပဲ။

ဒါပေမဲ့ သူတို့ရဲ့ လူတွေက ဘယ်လိုကြောင့်များ ဒီလို ကစားစရာတွေလောက်နဲ့ ကြောက်လန့်သွားရမှာလဲ။

“ပြောမနေကြနဲ့တော့၊ အဲဒါဘာမှမဟုတ်ဘူး၊ ဒီအတိုင်း တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ အဲဒီစက်ရုပ်တိရိစ္ဆာန်တွေပဲ၊ နင်တို့တွေ အနီးနားမှာ လှုပ်ရှားသံတွေကို ကြားပြီဆိုတာနဲ့ တုံ့ဆိုင်းမနေဘဲ အဲဒီနေရာကို ပစ်လိုက်တော့”

ထိုသို့ အမိန့်များ ပေးပြီးနောက် အစ်မကြီးလျောင်းက ဘေးဘီကို ဆက်လက်ရှာဖွေသည်။

ရှေးဦးမူလတောထဲတွင် သစ်ပင်များက သိပ်သည်းလွန်းသည်။ နေရောင်ကပင် အောက်သို့ ဖောက်ကျခဲ၏။

ထို့ကြောင့် အတန်ငယ် မှောင်နေသည်ဟု ဆိုရပေမည်။

ထပ်ပေါင်းဆိုရသော် တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်ပြီးသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် ထိုတောထဲတွင် မည်သည့်အသံကိုမှလည်း မကြားနိုင်ပြန်ချေ။

လူတစ်အုပ်က ရှေ့သို့ တဖြည်းဖြည်းချင်းစီ ရွှေ့လျက် လျှောက်သွားနေခဲ့ရင်း အပင်ခြောက်များအပေါ် တက်နင်းမိသောအခါ ကျယ်လောင်သော အသံများက ထွက်လာသည်။

“ဝုတ်”

“အဲဒီမှာ”

ရုတ်တရက် ဘယ်ဘက်ခြမ်းမှ ဟောင်သံက ထွက်လာသည်။ လူတိုင်းကလည်း သူတို့၏ သေနတ်ကို ခပ်မြန်မြန်မြှောက်ပြီး ရူးသွပ်စွာ ပစ်ကြသည်။

“အား...”

အနောက်ဘက်မှ နောက်ထပ်စူးရှသော အော်သံကထွက်ပေါ်လာပြန်သည်။ အစ်မကြီးလျောင်းက ခေါင်းကို ခပ်မြန်မြန် လှည့်ကြည့်လိုက်သောအခါ ထိုလူကို ရစ်ပတ်ထားသည့် ကြီးမားသည့် ရွှေရောင်အမြီးကြီးတစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် သူက ထိုလူကို သယ်ဆောင်လျက် သစ်ပင်နောက်သို့ ခပ်မြန်မြန်ဝင်ပြေးသွားသည်။

“သတ် သတ် သတ်”

“သတ်”

သေနတ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူတို့ရှေ့မှ သစ်ပင်ကပင် အမျိုးမျိုးသော မီးပွားများနှင့် ပေါက်ကွဲနေသေး၏။

အချိန်အတန်ကြာပြီးနောက်..

အစ်မပြီးလျောင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ခြေတစ်လှမ်းချင်းစီ လှမ်းလျက် သစ်ပင်အနောက်ဘက်သို့ သွားကြည့်သည်။

ရုတ်တရက် တစ်ချက်ငုံ့ကြည့်လိုက်သောအခါ နီရဲနေသော မျက်ဝန်းနှင့် အရှေ့ဘက်တွင် လဲကျသေဆုံးနေသည့် အလောင်းတစ်လောင်းကို တွေ့ရသည်။ သို့သော်သူ၏ ကိုယ်ရှိ အရိုးတိုင်းက တစ်စုံတစ်ရာဖြင့် ခြေမွခံလိုက်ရသလိုမျိုး ကျိုးနေလေပြီ။

“ဂလု”

အစ်မကြီးလျောင်းက ဆိုးရွားသော သေဆုံးနည်းနှင့် သေဆုံးသွားသည့် သူမ၏ လူကိုကြည့်သည်။ သူမ၏ လက်နှင့် ခြေထောက်များကပင် တစ်ခဏခန့် အေးစက်သွားသေးသည်။ သူမ၏ နဖူးတွင် ချွေးစေးများကလည်း ပျံလာ၏။

ကြောင်တောင်တောင်နိုင်လွန်းတယ်။

106 03

သောက်ကျိုးနည်း ဘယ်လိုအရာမျိုးကို သူတို့ ကြုံတွေ့နေရတာလဲ။ ဘယ်လိုကြောင့်များ လူ့အရိုးကို ချက်ချင်းလိုလို ချိုးပစ်နိုင်ရတာလဲ။

ထို့အပြင် ဖြတ်သန်းသွားသော အရှိန်နှုန်းကလည်း အလွန့်အလွန် မြန်ဆန်လွန်းနေသေးသည်။ သူတို့ကပင် အချိန်မီမတုံ့ပြန်နိုင်ခဲ့ချေ။

ရုတ်တရက် ခေါင်းအထက်မှ နှာမှုတ်သံလိုမျိုး ထူးဆန်းသော အသံမျိုးက ထွက်လာသည်။ လူတိုင်းက သူတို့၏ သေနတ်ကို ထိတ်လန့်မြှောက်လျက် အပေါ်သို့ချိန်ကာ ကြည့်ကြသည်။ သူတို့အားလုံးက ထိုသစ်ပင်ရှိရာဘက်သို့ ထိတ်လန့်မှုအပြည့်နှင့် ကြည့်ကြသည်။

ခရက်။

ရုတ်တရက် ဘေးဘက်ခြမ်းမှ သွေးများက ပန်းထွက်လာသည်။ အစ်မကြီးလျောင်း၏ မျက်နှာက စိုရွှဲကုန်လေသည်။ သူမက အထိတ်တလန့် လှည့်ကြည့်လိုက်သောအခါ ယခုလေးတင် ဘေးဘက်တွင် ရပ်နေခဲ့သောလူ၏ လည်တိုင်မှ အသားတစ်တုံးက ဆွဲဖြဲခံလိုက်ရကြောင်း တွေ့လိုက်ရသည်။

“ဂလု ဂလု ဒါက မိစ္ဆာပဲ၊ ဒါက မိစ္ဆာပဲ”

လူတိုင်းက ကိုယ့်လည်ပင်းကိုယ်ကိုင်လျက် သေဆုံးသွားသော လူကို ကြည့်လိုက်သည်။ ထိုလူသေက လဲကျသွားသည့်အချိန်တွင် သစ်ပင်နောက် မှီလျက်သားဖြစ်သွားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်နေကြ၏။

“အား....ငါသည်းမခံနိုင်တော့ဘူး၊ ငါ သည်းမခံနိုင်တော့ဘူး”

“ငါတို့ ထွက်မသွားတော့ပါဘူး”

“ငါတို့က နတ်ဆိုးကို စမိတာဖြစ်ရမယ်၊ ငါတို့ နတ်ဆိုးကို စမိတာပဲ၊ သူက သေချာပေါက် ငါတို့ကို သတ်တော့မှာ ၊ ငါတို့သေချာပေါက်...”

“ငါ တရုတ်နိုင်ငံက လူတွေကို သွားရှာမယ်၊ ငါ ထောင် ထောင်ထဲပဲ ဝင်ပါတော့မယ်၊ ငါဒီလိုမျိုးတော့မသေချင်ဘူး”

ထိုလူများက စိတ်ပိုင်းဆိုင်ရာ လွတ်ထွားသွားကြပြီး အော်ဟစ်ကာ ဘေးဘက်သို့ ပြေးကြသည်။

“ပြန်လာခဲ့စမ်း နင်တို့တွေ”

အစ်မကြီးလျောင်းက အော်ဟစ်လိုက်သည်။ သို့သော် ထိုလူများကလည်း လက်ခံရန် ဆန္ဒမရှိကြောင်း မြင်သောအခါ သူမ၏ ပစ္စတိုကိုသာ ကိုင်ပြီး တဖြောင်းဖြောင်းပစ်လ်ိုက်သည်။

ထို့နောက် သုန်မှုန်နေသော မျက်ဝန်းမျိုးဖြင့် ကျန်သောသူများကို ကြည့်သည်။

“ဘယ်သူထွက်သွားချင်သေးလဲ၊ ရှေ့ထွက်ခဲ့”

“ငါပြောမယ် ငါတို့အားလုံးက ခေါင်းမီရင် ခေါင်းဖြတ်၊ ကိုယ်မီရင်ကိုယ်သတ်ရတဲ့ စီးပွားရေးမျိုးကို လုပ်နေတာ၊ အခုလို အခြေအနေမျိုးမှာ တစ်ယောက်ယောက် ထွက်ရဲရင် ငါက သေတဲ့အထိ ပစ်သတ်ရမှာပဲ”

“သွား ရှေ့ဆက်သွား၊ ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်တာနဲ့ လုံခြုံမှာပဲ၊ လာ”

ခပ်ပြတ်ပြတ် အော်သံနှင့်အတူ အစ်မကြီးလျောင်းက အသင်း၏ရှေ့မှ သုန်မှုန်သော မျက်နှာနှင့်ဦးဆောင်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်းချင်းစီလှမ်း၏။

လူတိုင်း ထွက်ခွာသွားပြီးနောက် ဘေးဘက်ခြမ်းရှိ သစ်ပင်နောက်ဘက်မှ ပုံရိပ်ပေါင်းများစွာ ပေါ်လာသည်။

“ကွက် ကွက်”

“ငါတို့အခု ဘယ်လိုလုပ်ကြမလဲ၊ ဒါရိုက်တာကို မစောင့်ဘူးလား”

ခေါင်းပြားတကောက သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို စိတ်လှုပ်ရှားစွာ လျက်သည်။ သူက တခြားသော အပေါင်းအဖော်သုံးယောက်ကိုကြည့်ကာ အော်၏။

“ဟေ့ ဟေ့”

“ဘယ်လိုလဲ နည်းနည်းလောက် ဆော့ကြမလား”

ရွှေမြွေက ပါးပြင်းထောင်ထားရင်း မြွေသတင်းများကို ပို့သည်။

“ဝုတ်”

“ဒီမှာ ဆယ့်သုံးယောက်ကျန်သေးတယ်၊ လိုက်သွားရအောင်၊ ဒါပေမဲ့ နည်းလမ်းတစ်ခုရှာပြီး အဲဒီမိန်းမကို အရင်ကိုင်တွယ်ရမယ်”

ဟာလီက ခေါင်းကို ငုံ့လိုက်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ အနံ့ခံသည်။ ထို့နောက် ခေါင်းကို ရုတ်တရက်မော့လိုက်ရင်း ဟောင်ပြန်သည်။ ထို့နောက် ရှေ့သို့ ခပ်မြန်မြန် ပြေးထွက်သွားသည်။

ရွှေသိမ်းငှက်ကလည်း အောက်ဘက်မှ အကောင်သုံးကောင်ကို ကြည့်ရင်း အထင်တသေး ခေါင်းကိုစောင်းလိုက်သည်။

သူက လေထဲက ခမ်းနားကြီးကျယ်မြင့်မြတ်တဲ့ အရှင်သခင်တစ်ပါး၊ ဒါပေမဲ့ ဒီတောထဲမှာ သူဘာကဏ္ဍကမှ ဝင်မပါနိုင်ဘဲ ဒီအကောင်တွေကို သတင်းပေးရတဲ့ ဘဝအဖြစ် လျော့ကျသွားရတယ်။

မဟုတ်သေးပါဘူး။

ငါလည်း ပြင်းပြင်းထန်ထန်ကြိုးစားပြီး နည်းနည်းတော့ သတ်ဦးမှပါ။

သူက ခေါင်းကို အသာခါလိုက်ရင်း တောင်ပံကို ဖြန့်ကားလျက် သစ်ပင်အဟကြားမှတစ်ဆင့် အတွင်းဘက်သို့ ထိုးဖောက်ဝင်ရောက်သွားလိုက်လေသည်။

++++

107 01

အပိုင်း (107)

“မြန်မြန်”

အစ်မကြီးလျောင်းက မြေပြင်ပေါ်မှ အထိတ်တလန့် ခုန်ထွက်လိုက်ရင်း ဘေးဘီကို ကြည့်ကာ စိတ်ထင်ရာနေရာတိုင်းသို့ လိုက်လံ၍ ပစ်ခတ်သည်။

ထူးဆန်းသော အရာကမူ ဒီမည်းမှောင်နေသည့် တောအထက်တွင် ပျံဝဲနေပုံရသော တစ်စုံတစ်ရာ ဖြစ်သည်။ ထိုကောင်က ရုတ်တရက်တင် လူတစ်ယောက်ကို သုတ်ချီသွားသည်။

ရုတ်တရက် သစ်ပင်ပေါ်မှ အလောင်းတစ်လောင်းက ပြုတ်ကျလာသည်။

သူ၏ခေါင်းထိပ်တွင် လက်သည်းရာလိုမျိုး အပေါက်ကြီးတစ်ပေါက်က ပေါ်နေပြီး နီရဲသော သွေးများက စီးကျနေသည်။

“မဟုတ်ဘူး”

အစ်မကြီးလျောင်းက မြေပြင်ပေါ်သို့ ဆိုးရွားသော သေခြင်းနှင့် လဲကျသေဆုံးသွားသော သူမ၏ လူများကို ကြည့်ရင်း စတင်ကာ ထိတ်လန့်လာပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်လာသည်။

သူမတို့က ပုန်းအောင်းသော နေရာသို့ မရောက်ခင်လေးတင် အပြည့်အဝ ပျက်စီးလုနီးပါးဖြစ်နေသည်။

ပမာဏအနည်းငယ်သာ သေဆုံးခြင်းဆိုလျှင် သူမတို့က ထိုမျှအထိ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သို့သော် အားလုံးနီးပါးက သေဆုံးလျှင်မူ အခြေအနေက မတူတော့ချေ။

“လူတွေ ဘယ်ရောက်သွားလဲ၊ မြန်မြန်ထွက်ခဲ့စမ်း”

“နင်တို့က ဘယ်သူတွေလဲ၊ မြန်မြန်ထွက်ခဲ့”

သစ်ပင်ကို ကျောမှီထားသည့် အစ်မကြီးလျောင်းက အံကိုကြိတ်ရင်း အပေါ်သို့ကြည့်ကာ အော်သည်။

“အစ်မကြီးလျောင်း မြန်မြန်သွားရအောင်”

“ငါထိန်းနိုင်ပါသေးတယ်”

ယခုဆိုလျှင် အမျိုးသားနှစ်ယောက်သာ ကျန်တော့သည်။ ထိုနှစ်ယောက်က အစ်မကြီးလျောင်း၏ အခြေအနေကို ကြည့်ပြီး ခပ်မြန်မြန်ပြောသည်။

“ငါဒီလမ်းကို စပြီးကတည်းက နောက်ဆုတ်ဖို့ ဆန္ဒမရှိခဲ့ဘူး၊ မင်းကတော့ ဆက်ပြီးရှင်သန်သွားပါ”

“ငါဒီကောင်တွေကို ဘယ်လိုနည်းနဲ့မဆို ရအောင်ထိန်းထားပေးမယ်”

“ဟူး..”

အစ်မကြီးလျောင်းက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး အရှေ့မှ လူနှစ်ယောက်ကို ကြည့်ကာ လေးနက်သော လေသံဖြင့်ပြောသည်။

“ကောင်းပြီ”

“ဒီအစ်မလျောင်းကလည်း နင်တို့ကို ဆိုးဆိုးရွားရွားမဆက်ဆံပါဘူး၊ နင်တို့ရဲ့ မိသားစုကို ငါသေချာပေါက် ဂရုစိုက်ပေးမယ်၊ သွားကြစို့”

သူမက အော်ဟစ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ချက်ချင်းပြေးသည်။

“လာစမ်းပါ၊ သရဲလိုမျိုး ဟန်ဆောင်နေတာလား၊ ငါတို့က မင်းကို ကြောက်မယ်လို့ ထင်နေတာလား”

လူသန်မာကြီးက ဘေးသို့ကြည့်ကာအော်သည်။ သူက လက်ထဲတွင် သေနတ်ကို ခပ်တင်းတင်းကိုင်လျက် တံတွေးကိုလည်း ခက်ခက်ခဲခဲ မြိုချနေသေးသည်။

“ရွှား”

ရုတ်တရက် အဝေးရှိ မြက်ခင်းထဲမှ ခပ်တိုးတိုးအသံတစ်ချက်က ထွက်လာသည့်အချိန်တွင် ကျည်ဆန်က အလိုအလျောက် ထွင်းဖောက်သွားသည်။

လူသန်မာကြီးက သစ်ပင်ကို မှီလျက် သူ၏အရှေ့မှ မည်းမှောင်နေသော တောအုပ်ကိုကြည့်ကာ ဒီနေရာတွင် နေခဲ့သည့်အတွက် အနည်းငယ်နောင်တရလာသည်။

ရုတ်တရက် သူ၏လည်တိုင်ကို ချောမွေ့သော တစ်စုံတစ်ရာက လာထိသလို ခံစားလိုက်ရသည်။

ထို့နောက် ခက်ထန်ကြမ်းတမ်းသော ရွှေရောင်အဆင်းရှိသည့် တြိဂံပုံ ခေါင်းတစ်ခေါင်းက ရုတ်တရက် ပေါ်ထွက်လာလေသည်။

“အား....”

“သေစမ်း”

သူက အော်ဟစ်လိုက်ပြီး လက်ထဲမှ သေနတ်ကိုယူကာ ခပ်မြန်မြန် ချိန်ပစ်ရန်ကြိုးစားသည်။

“ဟစ်”

“ဟစ်”

ခက်ထန်ကြမ်းတမ်းသော ထိုသတ္တဝါက သစ်ကိုင်းတစ်ကိုင်းတွင် ပတ်လျက် ခေါင်းကလည်း ကျလာပြီး လျှာကိုထုတ်လျက် နှာမှုတ်သံကို ထုတ်လွှတ်နေခြင်းဖြစ်သည်။ ထိုအခြေအနေက သူ့ကိုတုန်ယင်စေသည်။ ထို့နောက် သူ့ကို အေးစက်စွာကြည့်လိုက်သည်။

“မင်း မင်း..မင်းက ဘာလဲ”

“သေ... သေစမ်း နတ်ဆိုးကောင်”

သူ၏ရင်ထဲမှ ကြောက်လန့်မှုကို ဖိနှိပ်လိုက်ပြီး ထိုလူကြီးက လက်ထဲမှ သေနတ်ကို မြှောက်လိုက်သည်။

ခရက်။

ရုတ်တရက် သူ၏ခြေထောက်ထံမှ နာကျင်မှုနှင့်အတူ ခန္ဓာကိုယ်က မြေပြင်သို့ ဆွဲလှဲခံရသည်။ သူ၏အရှေ့သို့ အနက်ရောင်ပုံရိပ်တစ်ခုက ထွက်ပေါ်လာနေရင်း ကြမ်းတမ်းခက်ထန်သော ပါးစပ်ကြီးကို ဖွင့်လိုက်သည်။

“အား....”

107 02

နောက်ဘက်မှ ထွက်လာသည့် စူးရှသော အော်သံကို ကြားသောအခါ အစ်မကြီးလျောင်းက တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူမက ကြောက်လန့်မှုအပြည့်နှင့်အတူ လှည့်ကြည့်လိုက်သည်။

“ငါ ဒီနေ့ ထွက်မပြေးနိုင်မှာကိုတောင် စိုးရိမ်ရတယ်”

ဒီလောက် ဝေးသေးတယ်။ နောက်ပြီး တရုတ်နိုင်ငံက JDရဲတွေကိုတောင် ရှာမတွေ့သေးဘူး။

သို့သော် သူမ၏ လူတိုင်းက အသတ်ခံလိုက်ရသည်။ ရန်သူ၏ ပုံပန်းသွင်ပြင်အပြည့်အဝကိုပင် မမြင်နိုင်ခဲ့ချေ။

တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။

သောက်ကျိူးနည်း ဒါက ဘာလဲ။ ဘယ်လိုကြောင့်များ....။

သေစေနိုင်သော အငွေ့အသက်ကို ထုတ်လွှတ်သည့် အချိန်တိုင်းလိုလို သစ်ပင်များကသာ လှုပ်သည်။ မြက်များကဟာ လှုပ်၏။ သို့သော် မည်သူ့ကိုမှ မမြင်ရပြန်ပေ။

ဒီလိုအရာမျိုးကို ဘယ်သူကစောင့်ကြပ်ပြီး ကာကွယ်နိုင်မှာလဲ။

“လာစမ်းပါ”

“ငါအစ်မကြီးလျောင်းက နင့်တို့ကို ကြောက်မယ်ထင်နေလား၊ နင်တို့မှာ စွမ်းအင်ရှိရင် လာစမ်းပါ”

အစ်မကြီးလျောင်း၏ ဆံပင်များက စုတ်ပြတ်သတ်နေပြီး မျက်လုံးများကလည်း ဝိုင်းစက်နေပြီး အနောက်ဘက်သို့သာ လှည့်ကြည့်နေသည်။

“လာစမ်းပါ၊ နင်တို့စွမ်းရည်ရှိရင် ထွက်လာခဲ့”

“ထွက်လာခဲ့ ဝူး ဝူး ဝူး”

“ငါ့ကို သတ်နိုင်ရင်သတ်၊ ငါ့ကိုသတ်နိုင်ရင် သတ်လိုက်စမ်းပါ”

သူမ၏ ကျောကို ကျောက်တုံးတစ်ခုနှင့် ကပ်ထားသည်။ အစ်မကြီးလျောင်းက ပစ္စတိုကို ကိုင်လျက် စိတ်လှုပ်ရှားစွာ လှမ်းအော်သည်။

ရုတ်တရက် လေထဲမှ စူးရှသော အော်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် ကြီးမားသော ငှက်ကြီးတစ်ကောင်က အဝေးရှိ သစ်ကိုင်းပေါ်သို့ ဆင်းသက်လိုက်ပြီး အညိုရောင်မျက်ဝန်းတစ်စုံက စနောက်ချင်သလို ပုံစံမျိုးဖြင့် သူမအား ကြည့်လာသည်။

ခရက်။

ထို့နောက် ယခင်တစ်ခေါက်က မြင်ခဲ့ဖူးသော ကြီးမားသော ခွေးကြီးကလည်း အရှေ့ဘက်မှ တဖြည်းဖြည်းချင်းထွက်လာသည်။ ဘယ်ဘက်ခြမ်းတွင်မူ မီးခိုးရောင်အမွေးနှင့် အကောင်တစ်ကောင်ပါသည်။ သို့သော် ထိုအကောင်၏ မျက်ဝန်းများက နီရဲနေပြီး သွေးဆာသော အလင်းမျိုးကို ထုတ်လွှတ်နေ၏။

အခြားတစ်ဖက်ခြမ်းတွင်မူ ရွှေမြွေကြီးက တရွေရွေ့ သွားတွားလျက် လာနေသည်။ သို့သော် သူ၏ ရှည်လျားသော ခန္ဓာကိုယ်ကြီးနှင့် မြန်ဆန်သော အရှိန်နှုန်းကြောင့် အစ်မကြီးလျောင်းနှင့် သိပ်မဝေးတော့ချေ။ သူက ခေါင်းကိုမော့ကာ ပါးပြင်းထောင်လျက် လျှာကိုထုတ်ရင်း ဆက်တိုက်နှာမှုတ်နေလေသည်။

“နင်တို့...”

“နင်တို့က အဲဒီလူငယ်နဲ့အတူ လာတာမဟုတ်လား၊ နင်တို့အားလုံးက သူ့ရဲ့တိရိစ္ဆာန်တွေမဟုတ်လား”

အစ်မကြီးလျောင်းက သူမ၏အရှေ့တွင် ပေါ်လာသော အကောင်လေးကောင်ကို ကြည့်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သို့သော် အသက်ပြင်းပြင်းရှူ၏။

ငါ့မှာ အခွင့်အရေးရှိသေးတယ်။

ငါက နန်တု GPအလဲအလှယ်နေရာတစ်ခုလုံးကို ထိန်းချုပ်ထားတဲ့လူ။ ဒီလိုကောင်တွေ သတ်တာကို ခံရလို့ ဘယ်ဖြစ်မလဲ။

ဟာလီက အရှေ့မှ စုတ်ပြတ်သတ်နေသော ပုံစံနှင့် အမျိုးသမီးကို ကြည့်လိုက်ရင်း တစ်လှမ်းချင်းစီတိုးလာသည်။

“နင်တို့လောက်နဲ့လား”

အစ်မကြီးလျောင်းက ရုတ်တရက် လက်ကိုမြောက်ပြီး မောင်းတံကို တင်လိုက်သည်။

ဝှစ်။

ရုတ်တရက် အနက်ရောင်အရိပ်တစ်ခုက ဖြတ်ပြေးသွားသည်။

“အား....”

ဒိုင်း ဒိုင်း ဒိုင်း။

မောင်းတံတင်ထားပြီး ကြုံသလို ပစ်ခတ်လိုက်သည့် သူမ၏လက်က သွေးသံရဲရဲနှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အစ်မကြီးလျောင်း သူမ၏ ကျိုးသွားသည့် လက်ကောက်ဝတ်ကို ကိုင်ရင်း နာကျင်စွာ အော်ဟစ်နေလေသည်။

ဟာလီက ပျားရည်ခွေးတူဝက်တူကို ကြည့်ပြီး အစ်မကြီးလျောင်းထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။

ဝုတ်။

“လာ သူ့ကိုကြိုးချည်ပြီး တရွတ်တိုက်ဆွဲသွားမယ်”

သူက ရွှေမြွေကို လှမ်းအော်လိုက်သည်။ ထို့နောက် သူ၏ခြေထောက်ကိုမြှောက်ပြီး အစ်မကြီးလျောင်း၏ခေါင်းကို ဆက်တိုက်ဆောင့်နင်းသည်။ ဒီနည်းအားဖြင့် သူမကို သတိလစ်သွားစေလိုက်သည်။

အချိနိအတန်ကြာပြီးနောက်.....။

ရွှေမြွေက အစ်မကြီးလျောင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး ဟာလီ၏ ကိုယ်ပေါ်သို့ အတူတက်သည်။ ထိုသို့ဖြင့် သူတို့က လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ကြသည်။

.......။

“အမှတ်အသားတွေက ဒီမှာပဲ ဟုတ်တယ်”

“ဒီကောင်တွေ ထွက်ပြေးသွားပြီဆိုရင်တော့ ငါတို့ဒုက္ခရောက်တော့မှာပဲ”

“သေစမ်း ငါတို့ခြေတစ်လှမ်းနောက်ကျသွားတယ်”

107 03

“ဆုပိုင် အဲဒီကောင်လေးတွေ ဘယ်မှာလဲ၊ သူတို့တစ်ခုခုတော့ မဖြစ်ပါဘူးနော်၊ ဟုတ်တယ်မလား”

ရွှယ်နင်က အဝေးမှ ထူထဲသော တောအုပ်ကိုကြည့်နေရင်း တည်ငြိမ်သော လေသံမျိုးနှင့်မေးသည်။

“ငါတို့မီမှာပါ၊ အမှတ်အသားတွေက တောထဲထိ တောက်လျှောက်ရောက်နေတာပဲ”

ဆုပိုင်က ဟာလီချန်ထားခဲ့သော အမှတ်အသားကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“မြန်မြန်သွားရအောင်၊ ငါတို့ ဒီနေရာကို ရောက်နေပြီးပြီပဲ DF တွေက ဒီအတိုင်း မလွတ်စေရဘူး”

“ဒီကောင်တွေက လမ်းတောက်လျှောက် အမှတ်အသား လုပ်ထားခဲ့မှာပဲ”

ဟာလီတို့က တိုက်ခိုက်ရာတွင် အားနည်းခြင်းမရှိသော်လည်း တစ်ဖက်ကမူ လက်နက်အပြည့်အဝနှင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ ဒဏ်ရာရထားခဲ့လျှင် တောထဲတွင် ရောက်နေပါက ဒုက္ခများနိုင်သည်။

“ကောင်းပြီ လိုက်ရအောင် “

ရွယ်နင်ကလည်း အော်လိုက်သည်။ လူတစ်အုပ်က တောထဲသို့ ပြေးဝင်လိုက်ကြ၏။

သို့သော် သူတို့က မီတာ ရာဂဏန်းအနည်းငယ်သာ လျှောက်ရသေးသည်။ ဆိုးရွားသော သေဆုံးခြင်းနှင့် သေဆုံးနေသည့် DF အလောင်းတချို့ကို တွေ့လိုက်ရသည်။

“ဟစ်”

လူတိုင်းက ထိုအလောင်းများကို မြင်သောအခါ ပင့်သက်ရှိုက်မိလိုက်သည်။

ဒီအကောင်လေးတွေ ဘယ်လိုလုပ်လိုက်တာလဲ။

အထူးသဖြင့် အရိုးများ ကြိတ်ချေခံထားရသော အလောင်းတစ်လောင်းဆိုလျှင် ပို၍ဆိုးသည်။ ရင်ဘတ်မှ နံရိုးတိုင်းက ကျိုးနေပြီး အရေပြားကိုပင် ဖောက်ကာ အပြင်သို့ ထွက်နေခြင်းက ကြောက်စရာကောင်းလွန်းနေသည်။

“ဒါက ပျားရည်ခွေးတူဝက်တူနဲ့ ရွှေမြွေလုပ်တာပဲ ဖြစ်ရမယ်”

ဆုပိုင်က တစ်ချက်ကြည့်ရင်းပြောသည်။

“ဒါ..ဒါ နင့်...နင့်..နင့်ရဲ့ခန္ဓာကိုယ်ကို အမြဲတမ်း ပတ်ထားလေ့ရှိတဲ့ ရွှေမြွေကို ပြောတာလား၊ သူက ဒီလောက်ထိ အင်အားကြီးတာလား၊ နောက်ပြီး အရိုးတွေကိုတောင် ချိုးနိုင်တယ်ပေါ့”

ရွှယ်နင်က မယုံကြည်နိုင်၍ မေးသည်။

“ဟားဟား ဟုတ်တယ်”

“ရွှေမြွေရဲ့ ကြွက်သားတွေက တင်းကျပ်လိုက်လို့လည်းရတယ်၊ ခပ်မြန်မြန် ရုတ်တရက် တင်းကျပ်လိုက်တဲ့အခါ အရမ်းမာကြောတဲ့ အရာတွေကိုတောင် ပေါက်ထွက်အောင် လုပ်နိုင်တယ်၊ အရိုးမပြောနဲ့ သံမဏိတုံးတွေဆိုရင်တောင် ကျိုးနိုင်တယ်”

“မြန်မြန်လိုက်သွားရအောင်”

ဆုပိုင်က ရယ်သည်။ သူက ရယ်မောနေရင်း တခြားသူများနှင့်အတူ သဲလွန်စများအတိုင်း နောက်မှပြေးလိုက်သွားလေသည်။

+++

108 01

အပိုင်း (108)

“နှစ်ရက်ကြာသွားပြီ၊ ဘာသတင်းမှ မရသေးဘူးလား”

လီရှင်းက စစ်သားတစ်အုပ်ကို ဦးဆောင်၍ နယ်စပ်တွင် စောင့်ကြပ်ကာ အချိန်ကို မကြာခဏဆိုသလို ငုံ့ကြည့်နေရင်း စိုးရိမ်မှုတချို့နှင့် အဝေးမှ ရှေးဦးမူလတောအုပ်ကို လှမ်းကြည့်နေသည်။

နှစ်ရက်အပြည့် ကြာသွားလေပြီ။ သူလွှတ်ထားသော အသင်းဖော်များက ပြန်ထွက်မလာကြသေးပေ။

“ဒါရိုက်တာ မနေ့တစ်နေ့က ဖြစ်ခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုက.... “

“အာ ကျွန်တော် လူခေါ်ပြီး သွားကြည့်ရင် ဘယ်လိုလဲ”

“မရဘူး”

“ခဏလောက် စောင့်လိုက်ဦး”

လီရှင်းက မျက်မှောင်ကြုတ်ပြီး လက်ကိုရမ်းသည်။

သူတို့ကလည်း လွန်ခဲ့သော နှစ်ရက်က ပေါက်ကွဲသံကို ကြားသည်။ ရွှယ်နင်တို့က DFများနှင့် တွေ့နေမည့်အချိန်ကို စိုးရိမ်မိသေးသည်။

ထို့နောက် ထိုခပ်တိုးတိုးပေါက်ကွဲသံက သူတို့၏ အသင်းဖော်များ သယ်လာသော အရာကြောင့်ဖြစ်ခြင်းမဟုတ်ကြောင်း သေချာနေသေးပြန်သည်။ ထို့အပြင် ထိုမျှအထိလည်း အင်အားကြီးမားခြင်း မရှိချေ။ DFများကသာ လုပ်ခြင်းဖြစ်နိုင်သည်။

“ဟစ်....ခဏနေဦး၊ နေ့လည်အထိ စောင့်ကြည့်မယ်၊ နေ့လည်ထိမှ ဘာသတင်းမှ မကြားရင်တော့ အားလုံးပဲ ဝင်ကြတာပေါ့၊ ငါအထက်က လူတွေကို ဆက်သွယ်ပြီး ဟယ်လီကော်ပတာ အထောက်အပံ့ တောင်းခံလိုက်မယ်”

လီရှင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အံကိုကြိတ်လျက် ပြောသည်။

“ဘာမှမဖြစ်ဖို့တော့ မျှော်လင့်ရတာပဲ၊ ငါ့မှာ ခန္ဓာကိုယ်အကောင်းအတိုင်း မကျန်တော့ရင်တောင်မှ ဒီလူတွေကို ရအောင်ဖောက်ခွဲပစ်မယ်”

“ဟင်”

“ဒါရိုက်တာ ကြည့်ပါဦး၊ ဒါက ခေါင်းဆောင်ရွှယ်တို့ မဟုတ်လား”

ရုတ်တရက် အသင်းဖော်တစ်ယောက်က ကားထဲမှ ခပ်မြန်မြန် ခုန်ထွက်လာပြီး တက်ကြွစွာ အော်သည်။ လူတိုင်းကလည်း မော့ကြည့်လိုက်ကြသည်။

“လူအင်အား တော်တော်များသေးတာပဲ၊ ဘုရားရေ ကျေးဇူးတင်ပါတယ်”

“ဒါရိုက်တာ ကြည့်ပါဦး၊ သူတို့ တစ်ယောက်ယောက်ကို ဖမ်းလာသလိုပဲ၊ ဒါက အရင်တစ်ခေါက်က DFမိန်းမမဟုတ်လား”

“ဟားဟားဟား တကယ်အလုပ်ဖြစ်တာပဲ၊ ခေါင်းဆောင်ရွှယ်တို့တွေအားလုံး အောင်မြင်သွားခဲ့တယ်၊ ငါတို့နောက်ဆုံးတော့ DFအဖွဲ့ကို နိုင်ပြီ”

“ကောင်းပြီကောင်းပြီ”

လီရှင်းကိုယ်တိုင်ကလည်း အဝတ်များကို သပ်ရပ်အောင်လုပ်ပြီး တစ်ဖက်မှ လျှောက်လာသည့် လူများကို မျက်လုံးများ မှေးကျဥ်းလျက်ကြည့်သည်။

လူတစ်ယောက်မှ မသေရုံသာ မကသေးလေဘဲ ဒါရိုက်တာဆုပိုင်က ခေါ်သွားသော တိရိစ္ဆာန်လေးကောင်လုံးလည်း ပါလာသည်။

ထိုအခြေအနေကို မြင်သောအခါ လီရှင်း၏ နှလုံးသားထဲမှ ကျောက်တုံးက တဖြည်းဖြည်းချင်း ကျသွားသည်။

အဆင်ပြေရင် ပြီးပါပြီ။ ဘယ်လောက်တောင် တော်တဲ့ သူရဲကောင်းအဖွဲ့လဲ။ သူတို့က ဘာဆုံးရှုံးနစ်နာမှုမှ မရှိဘဲ DFရဲ့ အကြီးဆုံးအဖွဲ့ကို အလဲထိုးနိုင်ခဲ့တယ်။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်တာပဲ။

သူတို့က အတော်ဆုံး စစ်သည်တော်တွေဆိုတဲ့အတိုင်းပါပဲ။

လီရှင်းက တဖြည်းဖြည်းချင်း ချဥ်းကပ်လာသည့် ထိုလူများကို ကြည့်ပြီး ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားလွန်းသော လေသံဖြင့်ပြောသည်။

“ငါမင်းတို့ကို အရမ်းဂုဏ်ယူမိတယ်၊ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်”

“မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ညီအစ်ကိုတို့”

သို့သော် လူတိုင်း၏ မျက်နှာက နီရဲနေသည်။

ယခုလို တစ်ယောက်မှ မသေသော အခြေအနေမျိုးက ရှားပါးလွန်းသည်။ သူတို့၏ ယခင် အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည့် စီမံကိန်းများတွင် ထိုသို့မဖြစ်နိုင်ခဲ့ချေ။

“အား..”

ရွှယ်နင်တို့ကမူ တစ်ယောက်ကိုယ်တစ်ယောက် ရှက်ရွံ့စွာ ကြည့်ရင်း ခေါင်းကိုငုံ့ထားလိုက်ကြသည်။

“ဘာဖြစ်တာလဲ”

လီရှင်းကလည်း ထိုအခြေအနေကို မြင်သောအခါ တစ်စုံတစ်ရာက မူမမှန်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူကိုယ်တိုင်ကလည်း ကြောင်သွား၏။

DF တွေက ထွက်ပြေးနိုင်ခဲ့တာမဟုတ်ဘဲ ဒီDF တစ်ယောက်ကိုပဲ မိလာခဲ့ပြီး ကျန်တဲ့သူတွေက လွတ်သွားတာလား။

“ရှုံးနိမ့်တာက ကိစ္စမရှိဘူး၊ ဘယ်သူမှ မသေတာကတင် တော်တော်လေး အံ့သြစရာ ကောင်းနေပြီ”

ရှက်ရွံ့နေသော မျက်နှာထားဖြစ်နေသည့် အရှေ့မှ အသင်းဖော်တစ်အုပ်ကို မြင်သောအခါ လီရှင်းက ထိုသို့ ရိုးသားစွာ ပြောလိုက်သည်။

“အနည်းဆုံး ငါတို့က ဒီအခြေအနေနဲ့ ရင်းနှီးသွားပြီ....နောက်တစ်ခေါက်ကျရင်တော့ သေချာပေါက် ချေမှုန်းနိုင်မှာပါ”

“ဒါရိုက်တာ DF တွေအားလုံး သေပါပြီ၊ ခေါင်းဆောင်ကိုလည်း ဖမ်းလာနိုင်ခဲ့တာပါ၊ ဒါပေမဲ့....”

ရွှယ်နင်က သူမ၏ ခြေထောက်နားမှ တိရိစ္ဆာန်များကို ကြည့်ရင်း မျက်နှာက နီရဲသွားသည်။

“ဒါရိုက်တာတော့ ယုံမှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့ ငါတို့ DF တွေနဲ့တောင် မတွေ့ခဲ့ရဘူး၊ ငါတို့ရောက်သွားတဲ့အချိန်မှာ ဒီအကောင်လေးတွေက DF တွေအားလုံးကို ကိုင်တွယ်ပြီးသွားပြီ”

“ဟုတ်တယ် ဒါရိုက်တာ ငါတို့က ဒီတိုင်း သွားလာခဲ့ရတာပဲ ရှိတာ၊ တစ်ချက်တောင် မပစ်ခဲ့ရဘူး”

108 02

“ဒါက ပထမဦးဆုံးအကြိမ်ပဲ၊ ဒီလိုအခြေအနေမျိုးနဲ့ ဒီတာဝန်က ပြီးဆုံးသွားခဲ့တယ်၊ ဒါပေမဲ့ ဒါပေမဲ့ လုပ်ဆောင်မှုကတော့ ငါတို့နဲ့ မသက်ဆိုင်ပါဘူး၊ ဒီအကောင်လေးတွေက သူတို့ဘာသာသွားပြီး သူတို့ဘာသာ ဖြေရှင်းခဲ့တာပါ၊ ငါတို့ကို လိုတောင်မလိုခဲ့ပါဘူး”

“တော်တော်လေးတော့ ဆွံ့အချင်စရာပဲ၊ ဒါပေမဲ့ ငါတို့တစ်ဖွဲ့လုံးက ဒီအကောင်လေး လေးကောင်နဲ့တောင် မယှဥ်နိုင်ပါဘူး”

ရွှယ်နင်၏ စကားဆုံးသွားပြီးနောက် အခြားသော အဖွဲ့ဝင်များကလည်း ဝင်ပြောကြသည်။

အချိန်အတန်ကြာပြီးနောက် လီရှင်းက ဆုပိုင်၏ အရှေ့တွင် ရပ်နေသော အကောင်လေးလေးကောင်ကို စိတ်ရှုပ်ထွေးစွာကြည့်သည်။

ဒီအကောင်လေး လေးကောင်က DFက အဖွဲ့ဝင်ပေါင်းများစွာကို သုတ်သင်ခဲ့တယ်။ နောက်ပြီး ခေါင်းဆောင်ကိုတောင် အရှင်ဖမ်းခဲ့သေးတယ် ဟုတ်လား။

ဒါက ချဲ့ကားလွန်းနေသလိုပဲ။

ဒီတစ်ခေါက် ဆုပိုင်ကို ပေးထားသော တာဝန်က DF ၏ အသိုက်ကို ကူရှာပေးရန်သာဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင်.... ။

“ကျေးဇူးအများကြီး တင်ပါတယ်”

လီရှင်းက ဆုပိုင်၏လက်ကို ကိုင်ပြီး မျက်ရည်အပြည့်နှင့် နှုတ်ဆက်သည်။ ထို့နောက် ကျေးဇူးတင်စိတ်အပြည့်နှင့်ပြောသည်။

“ဒီကောင်တွေကြောင့်သာ မဟုတ်ရင် ငါတို့ဒီတစ်ကြိမ်ဆုံးရှုံးနစ်နာမှုက မသေးလောက်ဘူး၊ သူတို့က တကယ်ကို သူရဲကောင်းပါပဲ”

“ငါဒီကိစ္စကို အထက်ကလူတွေကို အမှန်အတိုင်း တင်ပြပေးမှာပါ၊ ဒီလေးကောင်လုံးက တိုက်ပွဲအတွက် လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအားလုံးကိုလည်း မှတ်တမ်းတင်ထားပေးမှာပါ”

“ဟားဟား တကယ်အံ့အားသင့်စရာကောင်းတယ်၊ ဒါက ဟာလီဖြစ်ရမယ်”

လီရှင်းက ဟာလီ၏ နဖူးကို ပွတ်ရင်းပြောသည်။

ထို့နောက် သူက ပျားရည်ခွေးတူဝက်တူကို ကြည့်သည်။ သူက ဆောင့်ကြောင့်ထိုင်လိုက်ရင်း လက်ကိုဆန့်ထုတ်လိုက်သည့်အချိန်တွင်..

ခရက်။

ထက်ရှသော အစွယ်က လေကို ခပ်ကြမ်းကြမ်း ကိုက်ခဲပြသည်။ လီရှင်းက ကြောင်သွားပြီး လက်ကိုရုတ်လျက် ပြုံးကာပြောလိုက်သည်။

“သူ့ရဲ့စိတ်ကတော့ တော်တော်လေး ကြီးတာပဲ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်”

“ဒါဆိုသူက..... ဟစ်”

လီရှင်းက သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း တက်လာမလို ချဥ်းကပ်လာသည့် ရွှေမြွေကို ကြည့်ရင်း ပင့်သက်ရှိုက်လိုက်သည်။

အေးစက်သော ထိုမြွေ၏လျှာက သူ၏ပါးကို တစ်ချက်တို့သည်။ သူ၏တစ်ကိုယ်လုံးကပင် တောင့်တင်းသွားသည်။

“ရှောင်ကျင်း ဆင်းလာခဲ့”

ဆုပိုင်က ပြုံးရယ်ရင်း လီရှင်း၏ ကိုယ်ပေါ်မှ ခွာချသွားသည်။

ထို့နောက် ဆုပိုင်၏ ပခုံးပေါ်တွင် နားနေသော ရွှေသိမ်းငှက်ကို ကြည့်လိုက်သည်။ လီရှင်းကလည်း သွား၍မထိရဲချေ။ သူ၏ ထက်ရှလွန်းသော နှုတ်သီးကို ကြည့်ရုံဖြင့် အနှောင့်အယှက်ပေးသင့်သောသူမဟုတ်ကြောင်း သိနိုင်သည်။

သို့သော်.....ဒီလိုတိရိစ္ဆာန်တွေ ရှိရတာ ကောင်းလိုက်တာ”

လူသားများ မလုပ်နိုင်သော အခြေအနေပေါင်းများစွာကို လုပ်နိုင်စွမ်းရည်ရှိပြီး အားသာချက်ပေါင်း များစွာလည်း ရှိသည်။

သို့ရာတွင် ထိုသို့ လုပ်နိုင်စွမ်းအား ရှိခြင်းကလည်း အရှေ့တွင်ရှိသည့် လူငယ်ကြောင့်ဖြစ်သည်။ ထိုသူ့ကြောင့်သာ မဟုတ်လျှင် သူတို့၏နန်တုက ယခုဆိုလျှင် အတော်ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေလောက်သည်။ မည်သည့်နည်းနှင့်မှ DFအသိုက်ကို ချောမွေ့စွာ ရှာတွေ့ပြီး ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ပို၍ဆိုးသည်မှာ ဤမတော်တဆသတင်းကသာ ပျံ့နှံ့သွားခဲ့လျှင် ပြည်ပနိုင်ငံများကလည်း သေချာပေါက် အံ့အားသင့်သွားလောက်သည်။ တစ်လောကလုံးရှိ DF များက မှင်တက်ကုန်လောက်၏။ ဒီအခြေအနေက သန်းပေါင်းများစွာသော မိသားစုများကို ကယ်တင်ရာရောက်သည်။

“အနာဂတ်မှာ ဒီလိုတိရိစ္ဆာန်တွေရဲ့ အကူအညီကို လိုအပ်တဲ့ ဘယ်အသင်းမဆို ရှိလာခဲ့ရင်....”

လီရှင်းက ထိုအကြောင်းအရာကို အများကြီး မပြောရဲချေ။ ယခုလို DFများ၏ စီမံကိန်းတိုင်းကို ထိုတိရိစ္ဆာန်များကသာ လိုက်ပါခဲ့မည်ဆိုလျှင် တရုတ်တစ်နိုင်ငံလုံးတွင် DFများ ပျောက်ကင်းသွားလောက်သည်။

သူတို့သာ ရှိနေလျှင် အနာဂတ်တွင် သေချာပေါက် အောင်မြင်နိုင်လိမ့်မည်။

“သွားရအောင် သူရဲကောင်းတို့၊ ငါမင်းတို့ကို တခမ်းတနားနဲ့ လိုက်ပါပို့ဆောင်ပေးမယ်”

“ငါမင်းတို့ကို ဒီနေ့ ကောင်းကောင်းကျွေးမယ်၊ ထိပ်တန်းအဆင့် အရည်အသွေးရှိတဲ့ ပရိုတိန်းဓာတ်အပြည့်အဝပါတဲ့ အသားတွေ စားရအောင်၊ ဒီကောင်ငယ်လေးတွေကလည်း သေချာပေါက် ကြိုက်မယ်မဟုတ်လား၊ ဒါက အသားအစစ်လိုပဲလေ”

လီရှင်းက လက်ကိုတစ်ချက်ရမ်းလျက် စိတ်လှုပ်ရှားစွာ အော်သည်။

ဆုပိုင်က ထိုအကောင်ငယ်လေးများကို ခေါ်လျက် သံချပ်ကာယာဥ်ပေါ်သို့ တင်သည်။ ထို့နောက် အင်ဂျင်စက်က ကျယ်လောင်စွာ အော်ဟစ်လေရင်း တရုတ်ပိုင်သော နယ်မြေထဲသို့ ခပ်မြန်မြန် မောင်းနှင်သွားကြသည်။

“များများစားပါဦး…”

ဆုပိုင်က အရှေ့မှ ကောင်ငယ်လေးများ၏ နဖူးကို တစ်ချက်ပုတ်လျက်ပြောလိုက်သည်။

သူက ထိုအကောင်များကို ထိပ်တန်းအဆင့် အသားအတုကျွေးနေခြင်းဖြစ်သည်။ သို့သော် တန်ကြေးကလည်း အလွန်မြင့်သည်။

အရသာက အစစ်အမှန်အသွေးအသားရှိသည့် အသားမျိုးနှင့် ယှဥ်နိုင်၍ မရသည့်တိုင်အောင် ဒီကောင်လေးများအတွက် လိုအပ်သည့် ဓာတ်အပြည့်အဝ ပါဝင်လေသည်။

မည်သို့ပင်ဆိုစေ ယခုလက်ရှိအနေအထားအရ တိရိစ္ဆာန်ရုံမှ အသားစားသူများအတွက် မည့်သည့်စားစရာမှ မထောက်ပံ့ပေးနိုင်သေးချေ။

108 03

ထိုဝက်များကို သတ်ဖြတ်နိုင်ချိန်ကလည်း နောက်နှစ်မှ ဖြစ်နိုင်သေးသည်။

“ကောင်းပြီကောင်းပြီ၊ ရွံရှာသလို လုပ်မနေကြနဲ့၊ အစာခံတာထက်စာရင် ဒါတွေစားတာ တော်ပါသေးတယ်၊ မင်းတို့ အနာဂတ်မှာ ပိုကောင်းတဲ့ အစားအစာတွေ စားရမှာပဲလေ”

ရှေ့မှ အကောင်လေးများ၏ ရွံရှာနေသော မျက်နှားထားများကို မြင်သောအခါ ဆုပိုင်၏ နှုတ်ခမ်းများက ကော့တက်သွားပြီး ပြုံးရယ်လိုက်သည်။

ဒါက တစ်ပေါင်ကို ယွမ်နှစ်ရာကျော်တောင် ပေးရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်တွေကို များများစားခိုင်းရမှာပေါ့။ ဒါမှတန်မှာလေ။

+++++

All Chapters