← Chapters

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အပိုင်း (109)

“အားလုံး reportကို ဖတ်ပြီးသွားကြပြီလား”

“အားလုံးပဲ ပြောကြပါဦး၊ မင်းတို့ရဲ့ ထင်မြင်ချက်က ဘာလဲ”

ရုန်လုံဆိုသော တရုတ် general လုံခြုံရေးရုံးမှ အမျိုးသမီးက သေသပ်သော စစ်ယူနီဖောင်းက််ို ဝတ်လျက် သူမ၏ စူးရှသော မျက်ဝန်းဖြင့် အရှေ့မှ လူများကိုကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

အစည်းအဝေးခန်းထဲတွင် ထိုင်နေသောလူတိုင်းက ကဏ္ဍတစ်ခုချင်းစီတိုင်းက ခေါင်းဆောင်များဖြစ်သည်။

သူတို့အားလုံး ယခုလို အတူတကွ ရှိနေပြီး အစည်းအဝေး ထိုင်နေရခြင်းမှာ နန်တုJD ဌာနမှ ပြည်ပတွင် လုပ်ဆောင်ခဲ့သော စီမံကိန်းကြောင့်ဖြစ်သည်။

အယောက်၃၀ ပင်မပါသော ထိုအသင်းက အရှေ့တောင်အာရှတစ်ခုလုံးတွင် သောင်းကျန်းနေသော DFအဖွဲ့အစည်းကို အလဲထိုးနိုင်ခဲ့သည်။

ဒါက ရာစုနှစ်ပေါင်းများစွာအတွင်းတွင်ပင် ဆုလာဘ်အချီးမြှင့်သင့်ဆုံး စီမံကိန်းတစ်ခု ဖြစ်လောက်သည်။

ဒါက DFတိုင်းကို အံ့အားသင့်သွားစေရုံသာ မကသေးလေဘဲ ပတ်ဝန်းကျင်ရှိ တိုင်းပြည်များကပင် သူတို့ဟာ ရှေးဦးမူလတောထဲတွင် ပုန်းအောင်းနေသော ထိုအဖွဲ့ကို အလုံးအရင်းဖြင့် ပိုက်စိပ်တိုက် ရှာဖွေခြင်းမပြုဘဲ မည်သို့ နှိမ်နင်းခဲ့ကြောင်း မေးမြန်းကြသေးသည်။

“ငါမင်းတို့ကိုပြောမယ်”

ဆံပင်ဖြူဖြူနှင့် လူအိုကြီးက သူ၏အကောင်းအတိုင်း ရှိနေသော တခြားလက်မောင်းတစ်ဖက်ဖြင့် မျက်မှန်ကို တစ်ချက်တွန်းတင်လိုက်ရင်း တည်ငြိမ်သော လေသံနှင့်ပြောသည်။

“လီရှင်းရဲ့ reportက အရမ်းကို အသေးစိတ်ကျတယ်၊ အလောင်းတွေရဲ့reportနဲ့ စစ်ကြည့်လိုက်ရင် ဒါက.....ဘေးကနေ ကြည့်နေရသလိုပဲ၊ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေက ငါတို့ရဲ့ ရှေ့တန်းက ရဲဘော်ရဲဘက်တွေကို ဘယ်လိုကာကွယ် ကူညီပေးနိုင်သလဲဆိုတာကို မြင်လိုက်ရတယ်”

“တွေးကြည့်စမ်းပါ၊ ငါတို့ရဲ့ အသင်းတွေကသာ ဒီလိုတိရိစ္ဆာန်မျိုး တစ်ကောင်စီပဲ ရှိနေဦးမယ်ဆိုရင် ငါတို့ရဲ့ ဆုံးရှုံးနစ်နာမှုက အနည်းဆုံးအနေအထားကို လျော့ကျသွားမှာပဲ”

“ရှေးခေတ်ကာလမှာ တိရိစ္ဆာန်တွေပေါင်းပြီး တိုက်ခိုက်တဲ့အခြေအနေမျိုး မရှိခဲ့ဖူးဘူး၊ ဒါက ပေါင်းပြီး တိုက်ခိုက်တာနော်၊ ပြောရရင် အနာဂတ်မှာ ငါတို့ အထူးတလည် အာရုံစိုက်သင့်တဲ့ ဦးတည်ရာဘက်တစ်ခုပဲ”

“တိရိစ္ဆာန်တွေရဲ့ အရေအတွက်က ရှားပါးနေသေးပေမဲ့လည်း ကောင်းကင်ပြာတိရိစ္ဆာန်ရုံက မျိုးစိတ်တစ်ခုစီကို တစ်ကောင်စီပဲ ပိုင်ဆိုင်ထားသေးပေမဲ့လည်း ငါ့ခန့်မှန်းချက်အရ နှစ်အနည်းငယ်လောက် ကြာသွားရင် တိရိစ္ဆာန်တွေရဲ့ အရေအတွက်က ပိုတိုးလာနိုင်တယ်၊ အဲဒီအခါ ငါတို့ရဲ့ အကြံအစည်တွေကို အမြန်ဆုံး အကောင်အထည်ဖော်လို့ ရနိုင်ပြီ”

“အနာဂတ်မှာ အပြစ်သားတွေကိုဖမ်းဆီးဖို့ အချိန်သိပ်မယူရလောက်တော့ဘူး၊ ငါတို့က ဒီတိရိစ္ဆာန်တွေနဲ့ ပူးပေါင်းပြီး စီမံကိန်းတွေကို လုပ်နိုင်တယ်၊ နောက်ပြီး ပူးပေါင်းပြီး တိုက်ခိုက်လို့ရတဲ့ လေ့ကျင့်ရေးတွေကိုလည်း အတူလေ့လာပြီး ဆင်းကြမယ်ဆိုရင် မကောင်းဘူးလား”

ဟူး...။

ထိုစကားကို ကြားပြီးနောက် ရုံလုံက တဖြည်းဖြည်းချင်း ခေါင်းညိတ်ရင်း စိုးရိမ်စိတ်အပြည့်နှင့်ပြောသည်။

“ငါလည်း ဒီအကြောင်းကို တွေးမိပါသေးတယ်၊ ဒီအပြစ်သားတွေကို ဖမ်းတဲ့အခြေအနေမျိုးမှာ တိရိစ္ဆာန်တွေသာ ပါနေရင် ထူးခြားတဲ့ လေ့ကျင့်ရေးတစ်မျိုးကတော့ အမှန်တကယ် လိုအပ်လာပြီ၊ နောက်ပြီး ဆုံးရှုံးမှုကလည်း လျော့နည်းလိမ့်မယ်”

“နောက်ပြီး......”

“နောက်ပြီး ငါ့မှာ မရင့်ကျက်တဲ့ အတွေးအခေါ်တစ်ခုတော့ ရှိတယ်”

တည်ကြည်သော ရုပ်ရည်နှင့် သက်လတ်ပိုင်းလူတစ်ယောက်က မတ်တပ်ထရပ်ရင်း စားပွဲပေါ်မှ အချက်အလက်ဖိုင်ကို ယူကာပြောသည်။

“သူတို့က ငါတို့ကို အပြစ်သားတွေ ဖမ်းမဲ့နေရာမှာ ကူညီပေးနိုင်ရုံတင် မကသေးဘဲ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ လက်ရှိ.လတ်တလော အပြုအမူတွေအရ သူတို့က လူသားတွေကို ကူညီနိုင်စွမ်းအားက မြင့်မားလွန်းတယ်၊ လုံခြုံရေးဌာန၊ JD ရဲတွေအပြင် မီးသတ်ဌာနကသာ တိရိစ္ဆာန်တွေရဲ့ ပူးပေါင်းမှုကို လိုအပ်တယ်”

109 02

“မီးလောင်နေတဲ့အချိန်မှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ပျံသန်းနိုင်တဲ့ အဖွဲ့က မီးသတ်လှေကားတွေထက် ပိုမြန်လိမ့်မယ်၊ ငါတို့အားလုံးလည်း သိထားတဲ့အတိုင်းပဲ၊ မြို့ထဲက လမ်းတွေက ရှုပ်ရှက်ခတ်နေတာ၊ နောက်ပြီး မီးသတ်သမားတွေ အလွယ်တကူ ဝင်လို့မရနိုင်တဲ့ နေရာမျိုးတွေတောင် ရှိနေသေးတယ်”

“ဒီတော့ မီးသတ်သမားတွေတောင် ဝင်လို့မရနိုင်တဲ့ နေရာမျိုးဆိုရင် ငါတို့က တိရိစ္ဆာန်စောင့်ရှောက်ရေး ဌာနရဲ့ ပူးပေါင်းမှုကို လိုအပ်လိမ့်မယ်၊ ဒီတော့ လူတိုင်းက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ တိရိစ္ဆာန်တွေကို ပြန်လည်ရှင်သန်အောင် ကယ်ဆယ်ပေးနေတဲ့ စီမံကိန်းကို အားဖြည့်ကူညီပေးဖို့ လိုအပ်တယ်”

“ငါတို့ကလည်း ငါတို့ရဲ့ ကောင်းမွန်တဲ့ စိတ်ထားကို အမြန်ဆုံး ပြသရမယ်၊ ဘာပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ ဆေးဝါးစနစ်ပဲဖြစ်ဖြစ်၊ သယ်ယူပို့ဆောင်ရေးစနစ်ပဲ ဖြစ်ဖြစ်၊ တိရိစ္ဆာန်တွေကို ကာကွယ်ပေးတဲ့ ဌာနအတွက်ပဲ ဖြစ်ဖြစ်၊ နောက်ပြီး ငါတို့တွေ ဒီတော့ မရေမတွက်နိုင်တဲ့ ဌာနပေါင်းများစွာက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ ပူးပေါင်းချင်နေကြတာ”

“ဟုတ်တယ်”

ရုံလုံကလည်း ခေါင်းညိတ်သည်။ အနားရှိ လက်ထောက်ကို လက်တစ်ချက်ရမ်းပြလိုက်ပြီးနောက် စားပွဲပေါ်သို့ ရောက်လာသော ရိုးရှင်းသည့် သစ်သားဘူးလေးကို တွေ့လိုက်ရသည်။

ဘူးကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သည့်အချိန်တွင် အတွင်းတွင် တောက်ပသည့် သတ္ထုတံဆိပ်ပြား ငါးခုကို မြင်ရသည်။

“ဟစ်”

လူတိုင်းက ပင့်သက်ရှိုက်လိုက်ကြသည်။ ထိုတံဆိပ်များ၏ အဆင့်က မနိမ့်ချေ။ တရုတ်နိုင်ငံအတွက် အကျိုးပြုမှု အများကြီး လုပ်ဆောင်ပေးသောသူများကသာ ထိုဆုကို ရရှိခြင်းဖြစ်သည်။

တရုတ်နိုင်ငံရှိ တံဆိပ်ပြားတစ်ခုချင်းစီတိုင်းက ကိစ္စပေါင်းများစွာတွင် အသုံးဝင်လေသည်။

ဒါက အကျိုးပြုမှု အကြီးမားဆုံး လုပ်ခဲ့ဖူးသော သူများအတွက် နိုင်ငံက ဆုလာဘ်ချီးမြှင့်ခြင်းပဲ ဖြစ်သည်။

စားစရာအတွက်ပဲ ဖြစ်စေ အဝတ်အစားအတွက်ပဲ ဖြစ်စေ နေထိုင်မှုအတွက်ပင်ဖြစ်စေ သယ်ယူပို့ဆောင်ရေးအတွက်ပင်ဖြစ်စေ အထူးတလည် ဆက်ဆံခံရမည်ဖြစ်သည်။

“ဒီတံဆိပ်ပြား ၅ခုလုံးကို ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ချီးမြှင့်မှာပါ၊ ဒါရိုက်တာဆုပိုင်နဲ့ တခြား တိရိစ္ဆာန်လေး လေးကောင်ပေါ့”

ရုံလုံက တံဆိပ်ပြားများကို ကြည့်ပြီး ပြုံးလျက်ပြောသည်။

“ဒီလိုဆိုရင် ငါတို့က အားသာချက် ရရှိသွားပြီ၊ တံဆိပ်ပြား၅ခုက တကယ်တော့ တစ်ခုတည်းလိုပဲ၊ ပြောရရင် ဒါရိုက်တာဆုပိုင်ကပဲ အမှန်တကယ် အသုံးဝင်မှာ၊ ဒီတိရိစ္ဆာန်တွေကတော့ တံဆိပ်ပြားတွေကို လိုက်သုံးနေမှာ မဟုတ်ဘူးလေ”

“နောက်ပြီး...”

ထိုအချိန်တွင် ရုံလုံက စိတ်အေးသွားသလို မျက်နှာမျိုးနှင့် ထပ်ပြောသည်။

“ကြာရှည်စောင့်ကြည့်ထားတဲ့ အချက်အလက်တွေအရ ဒါရိုက်တာဆုပိုင်က မိသားစုနဲ့ တိုင်းပြည်ကို အရမ်းကို ဂရုစိုက်တဲ့ ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ လူတစ်ယောက်ပဲ၊ ဒီလိုလူမျိုးက ငါတို့တရုတ်နိုင်ငံက လူတွေတိုင်းအတွက် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်တယ်”

“ဟုတ်တယ် ဒီတံဆိပ်ပြားတွေကို အမြန်ဆုံး သွားရောက်ပေးကမ်းရမယ်၊ နောက်ပြီး ဒီတစ်ကြိမ်မှာ နန်တုက ကြော်ငြာvdကို ထုတ်လွှတ်တဲ့အခါမှာ ဒီအကြောင်းအရာတွေကို ရိုက်ကူးထားတဲ့ vdကို ထည့်သွင်းရမယ်၊ ဒီနည်းလမ်းက တော်တော်လေး အသုံးဝင်တယ်၊ တခြားတစ်ဖက်မှာ ငါတို့က ဒီတိရိစ္ဆာန်တွေကို ငါတို့ရဲ့ ကောင်းမွန်တဲ့ ဆန္ဒတွေကို ပြသရာလည်း ရောက်သလို တခြားတစ်ဖက်မှာတော့ ဒီအခြေအနေ တစ်ခုလုံးကို အဖြစ်အပျက်တစ်ခုလုံးကို ပြည်သူလူထုကို သိသွားစေပြီး တိရိစ္ဆာန်တွေကို ပိုပြီး လက်ခံလာစေနိုင်တယ်”

“ဒါက ကြာရှည်ကိုင်တွယ်ရမဲ့ ဖြစ်စဥ်တစ်ခုဆိုပေမဲ့လည်း အနှေးနဲ့အမြန်ပေါ့၊ ငါတို့က ဒီတိရိစ္ဆာန်တွေနဲ့ အနီးကပ်ဆုံး ရဲဘော်ရဲဘက်တွေ ဖြစ်လာလိမ့်မယ်”

“ဟုတ်တယ် ငါတို့ လုံခြုံရေးဌာနက တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ စည်းမျဥ်းတစ်ခုကို အရင်ဆုံး ချမှတ်မယ်၊ ဘယ်သူကမှ ဒီတိရိစ္ဆာန်တွေကို ထိခိုက်အောင် လုပ်ခွင့်မရှိဘူး၊ အဆိုးရွားဆုံး ထိခိုက်အောင် လုပ်ခဲ့တဲ့သူတွေက စစ်ခုံရုံးကို အပို့ခံရမယ်၊ သူတို့တွေကို တိရိစ္ဆာန်တစ်အုပ်လို့ မတွေးထားနဲ့၊ ငါတို့နဲ့ အရင်းနှီးဆုံး ရဲဘော်ရဲဘက်တွေလို့ သတ်မှတ်ထား၊ သူတို့က ငါတို့ထက်တောင် လူသားတွေကို အကျိုးပြုနေတာ၊ ဒီတော့ အားလုံးကလည်း ရင့်ကျက်ပြီး ကြီးပျင်းလာဖို့ လိုအပ်တယ်၊ ဒီစည်းမျဥ်းကို အနာဂတ်မှာ ပထမဦးဆုံး အနီရောင်စည်းမျဥ်းအဖြစ် ရှေ့ဆုံးကနေ ရေးထိုးထားလိုက်၊ ဘယ်သူကမှ ဖီဆန်ခွင့်မရှိဘူး”

“အစည်းအဝေး ပြီးဆုံးပြီ”

..........။

109 03

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ..။

“အာ ဒါက အပြစ်သားတွေကို တိုက်ခိုက်တဲ့ သတ္တိရှိတဲ့ ရွှေသိမ်းငှက်လား”

“ဒါက ရွှေမြွေပေါ့၊ မဟုတ်သေးပါဘူး၊ သူက အဲဒီအပြစ်သားတွေရဲ့ အရိုးတွေကိုတောင် ကျိုးအောင် ဆွဲဖြဲပစ်ခဲ့တာတဲ့၊ ခန္ဓာကိုယ်ကလည်း တော်တော်လေးကို တုတ်ခိုင်ပြီး ကြောက်စရာကောင်းတာပဲ၊ ငါထိကြည့်လို့ရလား”

“မလှုပ်နဲ့ ဒီနေရာမှာပဲ ရပ်နေ၊ ငါနဲ့ ငါ့အစ်ကိုကို ဓာတ်ပုံရိုက်ပေးစမ်းပါ၊ ငါပြန်သွားတဲ့အခါ ဧည့််ခန်းထဲမှာ ချိတ်ထားမယ်”

“နောက်ပြီး ဟာလီ၊ သူကတအား ညင်သာတာ၊ သူ့ကိုထိကြည့်ရင်တောင်မှ ဘာမှမလုပ်ဘူး၊ ပါး သမီးလည်း သူ့ကို ဓာတ်ပုံရိုက်ပေးပါဦး”

တပိုင်က မြက်ခင်းထဲတွင် လှဲနေရင်း လူအုပ်၏ အဝိုင်းခံနေရသည့် အနုပညာရှင်များလို အကောင်တစ်အုပ်ကို ကြည့်သည်။ ထိုအကောင်များက ဆက်တိုက်ဓာတ်ပုံအရိုက်ခံနေရသည်။ သူက မနေနိုင်ဘဲ သူ၏လက်သည်းများကို မြေပြင်သို့ ဆက်တိုက်ကုတ်ခြစ်နေမိသည်။

ဘယ်လိုတောင် သည်းမခံနိုင်စရာလဲ။

လုံးဝကို သည်းမခံနိုင်ချင်စရာပဲ။

ငါက နိုင်ငံ့ရတနာ ပန်ဒါကြီးလေ ဟုတ်ပြီလား။ ဒီလူတွေ မေ့များမေ့နေတာလား။

သို့သော်....ဒီပန်ဒါကြီးကလည်း ထိုအကောင်များထက် မနိမ့်ကျပါချေ။

သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်၊ ခက်ထန်ကြမ်းတမ်းတဲ့ အစွယ်တွေနဲ့ ထက်ရှတဲ့ လက်သည်းတွေကို ကြည့်စမ်းပါ။

“ဝူး”

“သောက်ကျိုးနည်း ဒါရိုက်တာ၊ ဒီတစ်ကြိမ်သွားတာ ငါ့ကိုမခေါ်သွားဘူး၊ ငါလည်း သွားချင်တယ်လေ၊ ငါသာသွားမယ်ဆိုရင် ငါလည်း ဒီကောင်တွေလို ကြွားလို့ရတာပေါ့”

သူက ခပ်တိုးတိုးအော်ပြီး ထိုအကောင်များကို အေးစက်စွာ ကြည့်သည်။ ထို့နောက် အဝေးဘက်မှ မျောက်တစ်အုပ်ကိုကြည့်သည်။

ကျစ် ဒီကောင်တစ်အုပ်ပဲ ကောင်းတယ်။ ဘာရည်မှန်းချက်မှ မရှိဘူး။ ငါသူတို့လို ဖြစ်နေလို့မရဘူး။ ဒီကောင်တွေဆိုရင် နေ့တိုင်းလိုလို အသီးတွေဝါးလိုက်၊ လျှောက်ပြေးလိုက်နဲ့ အလုပ်များနေတာ။

ဟွန့်။

ခရက်။

သူက မျှစ်တစ်ချောင်းကို တစ်ချက်ကိုက်လိုက်ပြီးနောက် ငယ်ရွယ်သော ကောင်မလေးများ အဝိုင်းခံထားရသည့် ထိုအကောင်လေးကောင်ကို တစ်ချက်ကြည့်သည်။ ထို့နောက် သူ၏ပါးစပ်ထဲမှ မျှစ်က အရသာမရှိတော့သလို ခံစားလိုက်ရသည်။

မဟုတ်သေးဘူး တပိုင်၊ မင်း မင်းနေရာမင်းထိန်းရမယ်။

ဒါက ဒီအတိုင်း အကျိုးအပဲ့တံဆိပ်ပြားလေးပဲ မဟုတ်ဘူးလား။

မင်းဘာသာ လှုပ်ရှားလိုက်တာနဲ့ စွမ်းရည်မရှိစရာအကြောင်းကို မရှိတော့တာ။

ထိုအကြောင်းအရာကို တွေးမိပြီးနောက် တပိုင်က သူ၏ပူထွက်နေသည့် ဗိုက်ကို တစ်ချက်ရမ်းလိုက်ပြီး မြေပြင်မှ ကုန်းထသည်။ ထို့နောက် ဆုပိုင်၏ရုံးခန်းထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။

နောက်တစ်ကြိမ်ပေါ့။

ကြည့်ရတာ သူ ချစ်စရာကောင်းတယ်ဆိုတဲ့ ဝှက်ဖဲကို ထုတ်သုံးမှ ဖြစ်တော့မယ်ထင်တယ်။

ငါနောက်တစ်ကြိမ် ဒီလိုကိစ္စမျိုး ရှိတဲ့အခါ သေချာပေါက် လိုက်သွားရမယ်။

ဒီလိုတောက်ပတဲ့ အလင်းရောင်ဆိုတာ ငါနဲ့ပဲ သက်ဆိုင်တာ။ ငါကမဟာပန်ဒါကြီးလေ။ ငါ့ကို လာတားရဲတဲ့ကောင်မှန်သမျှ ကိုယ်တုံးလုံးဖြစ်သွားအောင် ဆွဲချွတ်ပစ်မယ်။

++++

အပိုင်း (110)

“ဝူး”

“တံခါးဖွင့်”

“ဝူး”

“မင်းတံခါး မဖွင့်ရင် ငါတံခါးကို ဆက်တိုက်ရိုက်နေမှာနော် အူး အူး”

ဆုပိုင်က ရုံးခန်းထဲတွင် ထိုင်ရင်း စနစ်မှ ဇယားကို ကြည့်နေချိန်ဖြစ်သည်။ ထိုအခါ အပြင်ဘက်မှ အသံများကို ကြား၍ ခပ်မြန်မြန် ထရပ်ကာ တံခါးဖွင့်ရသည်။

ဘန်း။

ခပ်ဝဝ ခန္ဓာကိုယ်ကြီးက လိမ့်ဝင်လာပြီး အရှိန်ဖြင့် သူ့ပေါ်တက်ဖိသည်။

“အဟမ်း ထ မင်းဘာလုပ်တာလဲ”

ဆုပိုင်က မျက်လုံးကိုဖွင့်ပြီး ပန်ဒါကြီးကို ဘေးသို့တွန်းကာ ဆူပူသည်။

“မင်းမှာ လုပ်စရာမရှိဘူးလား”

“ဟေး”

တပိုင်က နာခံချင်ဟန်ဆောင်ပြီး သူ၏နဖူးဖြင့် လိုက်ပွတ်သည်။ သူက ဆုပိုင်၏ ရင်ဘတ်ကို နဖူးဖြင့်ပွတ်နေရင်း မျက်ရည်များဝဲနေသည့် ကြီးမားလုံးဝိုင်းသည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်သည်။ သူက မတရားခံနေရသော ပုံစံမျိုးပေါက်ပြီး သနားစရာကောင်းသည့် အသံမျိုးကိုလည်း လုပ်သေးသည်။ သူက ကလေးများထံမှ သင်ယူထားသည့် ချွဲသောအသံမျိုးကိုလည်း လုပ်သည်။

“ဘာဖြစ်တာလဲ မျှစ်တွေကုန်သွားပြီလား”

ဆုပိုင်က မြေပြင်မှ ကုန်းထလိုက်ရင်း ထိုအကောင်ကြီး၏ နဖူးကိုပွတ်သည်။

“အူး...”

“ငါ နောက်တစ်ကြိမ်မင်း လူဆိုးတွေသွားဖမ်းတဲ့အခါ လိုက်ချင်တယ်၊ မင်းငါ့ကို မခေါ်သွားရင် ငါဒီနေရာကနေ မထွက်သွားဘူး”

“ဟင်”

“မင်းငါနဲ့ သဘောမတူဘူးဆိုရင် ငါ့ကို ရိုင်းစိုင်းတဲ့အတွက် အပြစ်အတင်နဲ့”

ဆုပိုင်က သူ၏ ခါးပတ်နားတွင် တိတ်တဆိတ် ရောက်လာသော လက်သည်းများကို ကြည့်ပြီး သူ၏နှုတ်ခမ်းများက ကော့တက်သွားသည်။

“ကောင်းပြီ ကောင်းပြီ ငါမင်းကိုခေါ်သွားမယ်”

ဆုပိုင်က ထိုကောင်၏နားရွက်ကို အသာဆွဲလျက် ခပ်တိုးတိုးပြောသည်။

“သွား ထွက်သွားရင် တံခါးပိတ်သွား”

“အူး”

တပိုင်က သူ၏ဖင်ကို လိမ်တွန့်လျက် ခေါင်းကို ခွာသည်။ ထို့နောက် ကျေနပ်သော အပြုံးမျိုးဖြင့် ထွက်သွားသည်။

ဟားဟားဟား။

နောက်တစ်ကြိမ် ငါကပဲ အနုပညာရှင်တစ်ယောက်လို ကျော်ကြားမဲ့သူပဲ။ ဟွန့် မင်းတို့အမှိုက်ကောင်တွေ စောင့်ကြည့်နေ။

ပိတ်သွားသော တံခါးကို မြင်သောအခါ ဆုပိုင်က စနစ်မှ အပိုင်းအစလဲလှယ်သော mallကို ဖွင့်လိုက်သည်။

အံ့အားသင့်စရာကို မရှိဘူး။

ဒီတစ်ကြိမ် refreshဖြစ်သမျှကလည်း ပျံသန်းနိုင်သော တိရိစ္ဆာန်အပိုင်းအစများ ဖြစ်နေသေးသည်။ သို့သော် စနစ်ကမူ သူ့အား (2:1)ဆိုသော သုတ်ချီနိုင်စွမ်းရည်ရှိသည့် ငှက်အကောင်ကြီးဆယ်ကောင်ကို ကယ်ဆယ်ခိုင်းသည့် တာဝန်ကို ပေးထားသေးသည်။

လုံလောက်အောင် မခက်ထန်လျှင် သေးငယ်လွန်းနေလျှင် လုယက်သူ သုတ်ချီသူများဖြင့် ခေါ်ဆောင်၍ မရချေ။

သူက မျက်မှောင်ကြုတ်လိုက်ပြီး အံ့အားသင့်မှုအမှတ်များကို ကြည့်သည်။ သူ့တွင် အံ့အားသင့်မှုအမှတ် ၂သိန်း၆သောင်းသာ ရှိသည်။

[တိရိစ္ဆာန်အပိုင်းအစ လဲလှယ်ရေးmall]

သော်သော်အပိုင်းအစ..အံ့အားသင့်မှု အမှတ်တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်။

သရဖူနဂါးအပိုင်းအစ..အံ့အားသင့်မှုအမှတ်တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်။

သုတ်ချီသူအပိုင်းအစ..အံ့အားသင့်မှုအမှတ် တစ်သန်းနဲ့လဲလှယ်နိုင်ပါတယ်။

လင်းတအုပ်..အံ့အားသင့်မှုအမှတ် နှစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ယန်လင်းယုန်အပိုင်းအစ..အံ့အားသင့်မှုအမှတ် တစ်သိန်းခွဲနဲ့ လဲလှယ်နိုင်ပါတယ်။

သစ်တောက်ငှက်အပိုင်းအစ..အံ့အားသင့်မှုအမှတ် တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ဆုပိုင်က အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် လင်းတကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့က သင်္ချိုင်းမှ အလောင်းကောင်များစားသော အကောင်များ ဖြစ်နေကတည်းက ငှက်အုပ်ကြီးများဖြစ်သည်။ သူတို့၏ သားကောင်ကလည်း ကြီးသည်။

ကျန်သောအကောင်လေးများက သူမတတ်နိုင်သော အံ့အားသင့်မှုအမှတ်နှင့် အကောင်များရှိနေ၍ သေးငယ်လွန်းသော အကောင်များသာကျန်သည်။

“စနစ် တာဝန်စတော့”

ဆုပိုင်က ခပ်တိုးတိုးပြောသည်။

“တင် လင်းတအပိုင်းအစတာဝန်က စတင်နေပါပြီ”

“တင် ဒီတာဝန်က မြင့်မားတဲ့ အခြေအနေမျိုးကို တွေ့ရနိုင်လို့ hostအနေနဲ့ အဆင်သင့် ပြင်ထားသင့်ပါတယ်”

“စတင်ပါပြီ”

၁၀ ၉ ၈ ၇.....၁။

ဆုပိုင်က မျက်လုံးကို တဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး ကျောပိုးအိတ်ကို လက်တစ်ဖက်လုံးဖြင့် ကိုင်ထားကာ စနစ်က ပြောင်းလဲသွားမည့်အခြေအနေကို စောင့်နေသည်။

ဘန်း။

သို့ရာတွင် အပြာရောင်အလင်းက လက်လာသည့်အချိန်တွင်ပင် တံခါးက ဝုန်းခနဲပွင့်သွားသည်။

“အူး ဒါရိုက်တာ ငါအခု ပြောဖို့မေ့သွားလို့”

တပိုင်က အပြေးအလွားဝင်လာပြီးနောက် အပြာရောင်အလင်းထဲမှ ဆုပိုင်ကိုကြည့်ကာမျက်နှာထားက ပြောင်းလဲသွားသည်။ သူက ချက်ချင်းပြေးဝင်သွားသည်။

ဘန်း။

မြင်ကွင်းက ပြောင်းသွားသည်။ ဆုပိုင်က နဖူးကို ပွတ်လိုက်ပြီး မြေပြင်မှ ကုန်းထကာ ဘေးဘီကိုကြည့်သည်။

သူက ဒီတစ်ကြိမ်တွင် နှင်းများဖုံးလွှမ်းနေသော တောင်ပေါ်သို့ ရောက်နေသည်။ အမြင့်ကလည်း သိပ်မနိမ့်နိုင်ချေ။ သူက သူ၏ကျောပိုးအိတ်ထဲမှ သေးငယ်သော အောက်စီဂျင်ပုလင်းကို ခပ်မြန်မြန်ထုတ်ဖွင့်လိုက်ရင်း အသက်အနည်းငယ်ရှူသည်။ ထိုအခါမှသာ မူးဝေမှုက ပျောက်ကွယ်သွားသည်။ သူသည်လည်း စိတ်အေးသွားသည်။

ကံကောင်းသည်မှာ သူက လုံလောက်အောင် ပြင်ဆင်လာခဲ့သည်။

ဆုပိုင်က ဒီလုယက်သူ ထိုးသုတ်သူများနှင့် ပတ်သက်သည့် အပိုင်းအစများဟာ သေချာပေါက် မြင့်မားသော နေရာမျိုးနှင့် ပတ်သက်နိုင်ကြောင်း နားလည်သည်။ ထို့ကြောင့် အားလုံးကို ပြင်ဆင်ထားခဲ့သည်။

“နေဦး ခုနက ကြားလိုက်တာ ဘာအသံလဲ”

ဆုပိုင်က ညည်းညူရင်း ဘေးဘီကို ကြည်သည်။

ဘုန်း။

ထိုအခိုက် အပေါ်က တစ်စုံတစ်ရာက သူ့နောက်ဘက်သို့ ဝုန်းခနဲ ပြုတ်ကျလာသည်။ ကျယ်လောင်သော ဆူညံသံက ထွက်လာသည်။

“ဟင်”

သူက နောက်လှည့်ကြည့်လိုက်သောအခါ မြေပြင်တွင် လဲနေသည့် တပိုင်ကို မြင်လိုက်ရသည်။ တပိုင်က မူးဝေနေပုံရသည့်အတွက် ဆုပိုင်ကလည်း မှင်တက်သွားသည်။

ဒီကောင်က ဘယ်လိုပါလာတာလဲ။

သေစမ်း။

အထူးတာဝန်က တခြားသတ္တဝါတွေကိုပါ ခေါ်လို့ရတာလား။

“အူး”

“နာလိုက်တာ နာလို့သေတော့မယ်၊ သောက်ကျိုးနည်း”

တပိုင်က သူ၏နဖူးကို ပွတ်ရင်း နှင်းတောထဲမှ ထထိုင်သည်။ ထို့နောက် ဘေးဘီကို လှည့်ကြည့်လိုက်၏။ သူက မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်သည်။

ထို့နောက် အူးဆိုသောအသံနှင့်အတူ မြေပြင်မှခုန်ထသည်။

ထို့နောက် ဆုပိုင်ကို မြေပြင်ပေါ်သို့ ဖိချလျက် အပေါ်တွင် တက်ထိုင်ကာ စိတ်လှုပ်ရှားစွာအော်သည်။

“ဘာလို့ ဘာလို့ ဒီနေရာမှာ နှင်းတွေလဲ”

“ဒါက အဲဒီတာဝန်မဟုတ်လား၊ လူဆိုးဖမ်းတဲ့ တာဝန်မဟုတ်လား၊ အိုး ငါထင်သားပဲ၊ ငါသိတယ်၊ ငါက တပိုင်လေ၊ ငါနာမည်ကြီးတော့မှာ”

“အောက်ကိုဆင်း”

ဆုပိုင်က နှင်းတောထဲတွင် ပက်လက်လှဲလျက် သူ၏အပေါ်တွင် တက်ထိုင်နေသည့်အကောင်ကို ကူကယ်ရာမဲ့စွာဖြင့် တွန်းချရသည်။

သေစမ်း ငါသိရင် တံခါးကိုအရင်သော့ပိတ်လိုက်ပါတယ်။ ကျန်တဲ့ ဘယ်ကောင်ကိုမဆို ခေါ်လာလို့ရတယ်။ ဒီအပေါ်ကကောင်လိုတော့ အားကိုးလို့မရတဲ့အကောင် ဖြစ်မနေသင့်ဘူး။

ဒီကောင်က သူ့ကိုပြဿနာပဲ ရှာမှာ ဟုတ်ပြီလား။

ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပွင့်သွားသည့် အခိုက်အတန့်တွင် လူတိုင်းက နှင်းများဖုံးလွှမ်းနေသော တောင်တန်းကိုမြင်လိုက်ရပြီး စတင်ကာ မေးမြန်းတော့မည့်အချိန်တွင် ရုတ်တရက်ပြုတ်ကျလာသော တပိုင်ကို တွေ့လိုက်သဖြင့် ကြောင်သွားသည်။

ဒီအကောင်ကို တစ်ခါမှ မမြင်ဖူးဘူး။

[ဘုရားရေ ဒီတစ်ကြိမ်မှာ ပြင်ပအကူအညီပါတယ်ပေါ့၊ ဒါပေမဲ့ ဒီကောင်က တအားဝတယ်၊ သူက ကူညီနိုင်ပါ့မလား]

[အားအားအား မြှားနတ်မောင်က ဒီကောင်မလေးရဲ့ နှလုံးသားကို ထပ်ပြီးထိုးဖောက်သွားပြန်ပြီ၊ ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ကောင်လေးလဲ၊ ညဘက် လက်မောင်းထဲမှာ ပွေ့ဖက်ပြီး အိပ်လိုက်ရင် ဘယ်လောက်တောင် သက်သောင့်သက်သာရှိလိုက်မလဲ]

[ဒါက ပန်ဒါကြီးလေ၊ ငါသူ့ကို ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာ တွေ့ဖူးတယ်၊ တပိုင်က တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး တအားလည်း ပျော်တတ်တာ]

[ဆိုတော့ ဒီကောင်မှာ နာမည်ရှိသေးတယ်ပေါ့၊ မဟာပန်ဒါ နာမည်ပြောင်က တပိုင်ပေါ့လေ၊ ဟင့် တော်တော်လေးကို ဝပြီးချစ်စရာကောင်းတာပဲ]

[အားဟားဟား ဟားဟား တင်ဆက်သူပေါ် ဖိထားပြီး တစ်ခုခုလုပ်ချင်တာတော့ မဟုတ်ပါဘူးနော်]

[ဘာလုပ်မလို့လဲ၊ အလိုလိုက်ခံရတဲ့ကလေးလို ပြုမူနေတာလား]

[ဝင်ဝင်လာချင်းမှာ ဒီလောက်hotတဲ့ မြင်ကွင်းကို မြင်လိုက်ရတာလား၊ ဘာတွေလုပ်ကြမလို့လဲ၊ တင်ဆက်သူနဲ့ ဘာတွေများ လုပ်ကြမလို့လဲ]

.......။

အပြင်ဘက်မှ လူအုပ်က တပိုင်ကို မြင်သောအခါ အလွန်အမင်း သဘောကျသွားကြသည်။ သူ့တွင် အဖြူအမည်းအမွေးများရှိပြီး ချစ်စရာကောင်းသော ခေါင်းလေးလည်း ရှိသည်။ ထို့ကြောင့် မည်သို့ပင်ကြည့်ကြည့် ချစ်စရာကောင်းလွန်းနေသည်။

ပို၍ဆိုးသည်မှာ တပိုင်၏ လက်ရှိအလေးချိန်က လှုပ်ရှားမှုတိုင်းကို လုံးလုံးကြီးဖြစ်နေစေသည်။ ထို့ကြောင့် လူတိုင်းက သူ့ကိုအဆုံးအစမဲ့အောင် ချစ်မိသွားကြသည်။

“အောက်ကိုဆင်း”

ဆုပိုင်က တစ်ဖက်သို့ လှန်လိုက်ရင်း မြေပြင်ပေါ်မှ ကုန်းထသည်။ ထို့နောက် တပိုင်၏ နားရွက်ကို ဆွဲလျက်အော်သည်။

“မင်းအပြင်ကို လိုက်လာပြီးမှတော့ လျှောက်အော်မနေနဲ့၊ အဲဒီလိုမှမဟုတ်ရင်....”

“ငါနားလည်ပါတယ်၊ ငါစည်းမျဥ်းတွေသိတယ်”

တပိုင်က ရယ်ပြီးအပြုံးနှင့်အော်သည်။ ဝက်ဝံက မတ်တပ်ထရပ်လိုက်ပြီး အဝေးသို့ လှမ်းဟိန်းသည်။

“ဝူး”

ရုတ်တရက် ကျယ်လောင်သော ခရာမှုတ်သံကြီးက နှင်းတောင်၏ အောက်ဘက်မှ စတင်ကာ ထွက်ပေါ်လာပြန်သည်။

ဆုပိုင်က တပိုင်၏အနားတွင် ရပ်လျက် မျက်လုံးကို မှေးကျဥ်းကာ ငုံ့ကြည့်သည်။

ထိုအခါ ရာဇဝင်အဝတ်အစားများကို ဝတ်ဆင်ထားသော လူတစ်အုပ်ကို တွေ့လိုက်ရသည်။ ထိုလူတစ်အုပ်က အသင်း၏အလယ်တွင် ထင်ရှားလွန်းနေသည့် ရောင်စုံအခေါင်းတစ်ခုကိုသယ်ရင်း တောင်ပေါ်သို့ တဖြည်းဖြည်းချင်း တက်လာသည်။

အသင်း၏ တစ်ဖက်တစ်ချက်စီတွင်လည်း အနီရင့်ရောင် ဝတ်စုံများ ဝတ်ဆင်ထားသည့် လာမားများကို တွေ့ရသည်။ သူတို့က ထူးဆန်းသော အမျိုးမျိုးသော မှော်တူရိယာများကို ကိုင်လျက် တစ်စုံတစ်ရာကို ရွတ်ဆိုနေကြပုံပေါ်သည်။

“ဟစ်”

ဆုပိုင်က လေအေးများကို ရှူရှိုက်လိုက်သည်။

ဒါက တိဗက်ကို ရောက်လာတာလား။

တိဗက်မှာပဲ ဒီလိုအဝတ်အစားတွေနဲ့ လာမားဘုန်းတော်ကြီးတွေကို တွေ့နိုင်တာလေ။

ဒါပေမဲ့....။

ဘာလို့...ဒီလူတွေက ဘာလုပ်နေတာလဲ။

နှင်းတောင်တန်းပေါ်မှာ အလောင်းကို မြှုပ်နှံဖို့ သယ်လာတာလား။

+++++

အပိုင်း (111)

“ဝူး....”

ခရာမှုတ်သံရှည်ကြီး ထွက်လာပြီးနောက် ဆုပိုင်က အခေါင်းကိုသယ်ကာ နှင်းတောင်ပေါ်သို့ တရွေ့ရွေ့တက်လာသည့် လူတစ်အုပ်ကို စိတ်ရှုပ်ထွေးမှုအပြည့်နှင့် ကြည့်လိုက်သည်။

“နတ်ဘုရားက အထက်မှာ”

“နတ်ဘုရားက အထက်မှာ”

လူတစ်အုပ်က တစ်လှမ်းချင်းစီ လျှောက်လာကြသည်။ ထိုသို့ဖြင့် နှင်းတောင်တန်းပေါ်သို့ ရောက်သထက်ရောက်လာသည်။

“သွားရအောင် “

ဆုပိုင်က တပိုင်၏နဖူးကို တစ်ချက်ပုတ်လျက် ထိုလူအဖွဲ့ရှိရာဘက်သို့ ခပ်မြန်မြန်လျှောက်သွားသည်။

ဒီတာဝန်က ထိုလူများနှင့် ပတ်သက်နေနိုင်သည်။ သို့ရာတွင်.....။

ဆုပိုင်ကလည်း တိဗက်နယ်မြေမှ အခြေအနေများကို ကောင်းကောင်းနားမလည်ချေ။

မည်သို့ပင်ဆိုစေ သူတို့၏ နေထိုင်မှုဘဝပုံစံက ဆုပိုင်တို့နှင့် ခြားနားနေသည်။

“အူး..”

တပိုင်က နှင်းပေါ်သို့ နင်းလျှောက်ရာမှ တိုက်ရိုက်လှိမ့်လိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် ဆုပိုင်နားတွင် ပတ်ခုန်နေသည်။

အချိန်အတန်ကြာပြီးနောက်.....။

ဆုပိုင်က ခပ်ကျယ်ကျယ် စင်မြင့်လေးတစ်ခုနားသို့ ရောက်သွားသည်။ ထိုစင်မြင့်တစ်ခုလုံးကို ကျောက်သားများက လွှမ်းခြုံနေသည်။ သို့သော် မည်သည့် နှင်းမှမရှိချေ။

ဘိ။

ရုတ်တရက် လေထဲမှ အော်သံတစ်သံက ထွက်ပေါ်လာသည်။ ဆုပိုင်က မော့ကြည့်လိုက်သောအခါ ကောင်းကင်တွင် ပျံဝဲနေသည့် ကြီးမားသော အကောင်ကြီးများကို မြင်ရသည်။ ထိုအကောင်များက ပလတ်ဖောင်းပေါ်သို့ စဆင်းလာသည်။

“ဒါက လင်းတလား”

ဆုပိုင်က ကြောင်သွားသည်။

သူ့ကို မိုးကြိုးပစ်လိုက်သလိုမျိုး သူ၏စိတ်က ဗလာဖြစ်သွားသည်။

“ဒါဘာလုပ်တာလဲဆိုတာကို ငါသိပြီ”

ဆုပိုင်က ရေရွတ်သည်။

သူက တိုက်ရိုက်ထုတ်လွှင့်မှုကို သတိရလိုက်သဖြင့် အတွင်းမှလူများကို လှမ်းပြောလိုက်သည်။

“ဒီမှာ စာကြည့်တိုက်မှူးရှိသေးလား၊ တိဗက်နယ်မြေက ကောင်းကင်မြှုပ်နှံခြင်းဆိုတဲ့ ရှေးခေတ်က ဓလေ့ရိုးရာတစ်ခုကို ရှာပေးလို့ရမလား”

“ဒါက အရမ်းအရေးကြီးတယ်၊ နောက်ပြီး ဒီလင်းတအပိုင်းအစ တာဝန်နဲ့လည်း ပတ်သက်နေတာ”

သိထားရမည်မှာ လင်းတများက သဘာဝ(1:56)ဟု ခေါ်ဆိုကြသည်။ လင်းတများက ကြောက်စရာကောင်းသော်လည်း သူတို့ဟာ အလွန်အထီးကျန်သည့် သဘာဝရှိသည်။ သို့သော် ဒီလုယက်သူနှင့် ထိုးသုတ်သူများကမူ ကြီးမားလွန်းသဖြင့် သဘာဝဆိုသောနေရာတွင် အစားထိုးနိုင်စွမ်းမရှိသော ကဏ္ဍမျိုးမှ ပါဝင်သရုပ်ဆောင်နေသည်။

တိရိစ္ဆာန်များ၏ အကြွင်းအကျန်အလောင်းများကို ဝါးမြိုခြင်းက သူ၏ မျိုးရိုးဗီဇပေါင်းများစွာကို လျော့ကျစေနိုင်သည်။

သူတို့က မကြာခဏဆိုသလို တခြားသော တိရိစ္ဆာန်များကို တိုက်ခိုက်လေ့ရှိသော်လည်း အချိန်အများစုအရမူ အလွန်မြင့်မားသော ကောင်းကင်ကြီးများတွင်သာ ပျံသန်းလျက် တိရိစ္ဆာန်တစ်အုပ်နှင့်အတူ လှုပ်ရှားနေကြခြင်းဖြစ်သည်။ လင်းတများက အလွန်စိတ်ရှည်သည်။ တစ်ခါတရံတွင် တိရိစ္ဆာန်အလောင်းများကို သေသွားပြီးကြောင်း သေချာသည်အထိ စောင့်ကြည့်နေတတ်သေး၏။

သူတို့ကလည်း လေထဲတွင် ၂ရက် ၃ရက်ခန့် အတူပျံသန်းနေနိုင်ကြပြီး ထိုတိရိစ္ဆာန် အမှန်တကယ် သေသွားကြောင်း သေချာမှသာ အောက်သို့ ထိုးဆင်းလေ့ရှိကြသည်။

မစားခင်လည်း အရင်ဆုံး စစ်ဆေးကြည့်သေးသည်။ သေချာမှသာ စားတတ်ကြသည်။

သူတို့ကို သဘာဝ၏ ရှင်းလင်းသူများဟု ခေါ်ဆိုရသည့် အဓိက အကြောင်းပြချက်ကမူ လင်းတများက မည်သည့်အစာအကြွင်းအကျန်များကိုမှ မချန်ထားတတ်၍ဖြစ်သည်။ အလောင်းက မည်မျှ ကြီးနေစေကာမူ သဲလွန်စတစ်စပင် အသားတစ်စပင်မကျန်အောင် အပြောင်စားတတ်သည်။

ထိုနည်းလမ်းကလည်း အမျိုးမျိုးသော သဘာဝကပ်ရောဂါများ ဖြစ်ပျက်မှုကို ကာကွယ်နိုင်သည်။

လင်းတပမာဏအများအပြား လျော့ကျသွားခဲ့သော် သိပ်မကြာခင် ယခုလို ကျယ်ပြောသော မြက်ခင်းပြင်ကျယ်ကြီးတွင် အမျိုးမျိုးသော ကပ်ရောဂါများက ဖြစ်ပေါ်လာပေလိမ့်မည်။

[@စာကြည့်တိုက် အခုချက်ချင်း ထွက်လာပြီး အလုပ်လုပ်ပါဦး၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာပဲ ပြေးမနေနဲ့]

[လာပြီ လာပြီ၊ ငါလည်း အခုပဲ သတင်းတွေ သွားရှာနေတာလေ၊ ငါရှာတွေ့ပြီ၊ တင်ဆက်သူ ဒီတာဝန်အတွက် ရွေးထားတဲ့ တိရိစ္ဆာန်က တော်တော်လေး ထူးခြားတယ်၊ တင်ဆက်သူသာမပြောရင် ငါသိမှာတောင် မဟုတ်ဘူး]

[တုန်ယင်သွားပြီ၊ ဒီလင်းတက တအားရက်စက်တယ်]

[ဒီတစ်ကြိမ် hostရွေးထားတဲ့ တိရိစ္ဆာန်တွေက တော်တော်လေး ကြောက်ဖို့ကောင်းတယ်]

[အာ ငါစားနေတာနော် host၊ တကယ်ပဲ အဆင်ပြေရဲ့လား]

........။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ (4:06)တစ်အုပ်က စာကြည့်တိုက်မှူးပို့လာသော စာများကို ကြည့်လိုက်ကြပြီး အံ့အားတကြီး စာရိုက်ပို့ကြသည်။

မည်သို့ပင်ဆိုစေ ရှေးခေတ်ကာလတွင် ယခုလိုမျိုး ဓလေ့ထုံးတမ်းတစ်ခု ရှိနေမည်ဟု မထင်ထားမိချေ။

ဒါက ကြောက်စရာကောင်းလွန်းတယ်။

“အားလုံးပဲ မထိတ်လန့်ကြပါနဲ့၊ လင်းတတွေက အလောင်းတွေကို စားတာကြောင့်နဲ့ သူတို့နဲ့ပတ်သက်ပြီး ဆိုးရွားတဲ့ ထင်မြင်ချက်တွေ မရှိသင့်ဘူး။

ဆုပိုင်က ကောမန့်များကို တစ်ချက်ကြည့်ပြီး သူ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်နိုင်သဖြင့် ခေါင်းညိတ်လိုက်သည်။

“လင်းတတွေက အလောင်းတွေကို စားတယ်၊ သဘာဝရဲ့ အစားထိုးမရနိုင်တဲ့ ကဏ္ဍတစ်ခုမှာ ရှိနေတဲ့ တိရိစ္ဆာန်တွေပဲပေါ့၊ သူတို့က အကျည်းတန်ပေမဲ့လည်း သဘာဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကပ်ရောဂါတွေကို ကာကွယ်တဲ့နေရာမှာ တော်တော်လေးကို သက်ရောက်မှုရှိတဲ့ ရှားပါးတဲ့ တိရိစ္ဆာန်တစ်မျိုးပါ”

“သူတို့က သဘာဝအလျောက် ပုပ်ပွသွားတဲ့ အလောင်းကောင်ကို စားကြတယ်၊ မင်းတို့တွေ တွေးကြည့်စမ်းပါ၊ ဒီလိုဆိုရင် ဖြစ်လာနိုင်တဲ့ ကပ်ရောဂါတွေ ဘယ်လောက်တောင်လျော့ကျသွားနိုင်လဲ”

“နောက်ပြီး ဒီလိုကောင်းကင်မြှုပ်နှံခြင်းဆိုတဲ့ အခြေအနေမျိုးကလည်း ရှိနေသေးတာပဲ”

“ရှေးခေတ်အချိန်ကာလ တရုတ်အစိုးရကတော့ ဒီအခြေအနေကို ကာကွယ်ခဲ့တယ်၊ ဒါကြောင့် တစ်မျိုးနွယ်လုံးက ဒီလိုဓလေ့မျိုးကို အသုံးမပြုကြဘူး”

ဆုပိုင်က တစ်ခဏခန့် ရပ်တန့်ပြီးနောက် ကောင်းကင်ပြာပေါ်သို့ ကင်မရာကို ချိန်ပြသည်။ သူက ပြုံးရယ်ကာပြောဓ။

“အတိတ်မှာ ကောင်းကင်မြှုပ်နှံခြင်းကို ပြုမူလေ့ရှိကြတဲ့သူတွေက အယူကြီးလွန်းတဲ့ လူတွေထဲမှာမှ ရာထူးမြင့် အဆင့်အတန်းမြင့်တဲ့ သူတွေပဲ၊ သူတို့ရဲ့အမြင်မှာ ဘိုးဘေးတွေက နတ်ဘုရားဆီက သတင်းကို သယ်ဆောင်လာပေးတဲ့ သံတမန်တွေလို့ ယူဆကြတယ်၊ ဒါကြောင့် သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့က ကောင်းကင်ဘုံကို ပြန်တက်ရတယ်”

“ဒါကြောင့် ရှေးခေတ်ကာလက ဒီလိုလူမျိုးတွေရဲ့ အမြင်မှာ လင်းတတွေကို စတေးခံငှက်လို့ ခေါ်တယ်၊ စတေးခံငှက်တွေက သူတို့ရဲ့ သေဆုံးသွားခဲ့တဲ့ မြင့်မြတ်တဲ့ ဘိုးဘေးတွေကို ကောင်းကင်ဘုံကို ပြန်လည်ပို့ဆောင်ပေးနိုင်တယ်လို့ ယူဆတယ်”

“ဒါကြောင့် ဒီလူတွေအားလုံးက လင်းတတွေကို ကျေးဇူးတင်ကြတာ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက ဆုပိုင်၏ မိတ်ဆက်ကို နားထောင်နေရင်း အကျည်းတန်သော တိရိစ္ဆာန်များကိုပင် လေးစားမိသွားသည်။

သူတို့က ဒီအတိုင်း လူသားသန့်ရှင်းရေးသမားများနှင့် တူသည်။ သူတို့က အညစ်ညမ်းဆုံးအရာများကို လုပ်ပြီး မကျော်ကြားသော အလုပ်များကို လုပ်ရသော်လည်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေသော သန့်ရှင်းရေးသမားများသာ ရှိသည့် မည်သည့်မြို့မှ သန့်ရှင်းနေမည်မဟုတ်ချေ။

သူတို့သာမရှိလျှင် တစ်မြို့လုံးက ကြည့်၍မကောင်းသော အနေအထားမျိုး ဖြစ်သွားပေလိမ့်မည်။

ဘိ။

ရုတ်တရက် စူးရှသော အော်သံတစ်အုပ်က ထွက်လာသည်။ လင်းတတစ်အုပ်က အပေါ်ဘက်တွင် စတင်ဝိုင်းပတ်ကာ ပျံသန်းနေပြီဖြစ်သည်။

သူတို့၏အကြည့်က တက်လာသော လူတစ်အုပ်ထံသို့ ရောက်သည်။

“ဝူး”

ကျယ်လောင်သော ခရာသံက ထွက်လာပြန်သည်။

လာမားတစ်အုပ်က စင်မြင့်ပေါ်သို့ အရင်ဆုံးတက်ပြီး သူတို့၏ သတ္ထုတူရိယာများကို လှုပ်ခါသည်။

ဝေါင်း။

ဖြူစွတ်နေသော တိဗက်အိမ်စောင့်ခွေးတစ်ကောင်က လာမားအိုကြီးတစ်ယောက် အနောက်ဘက်မှ ခုန်ထွက်လာပြီး ဆုပိုင်၏ ဘေးနားမှ တပိုင်ကိုကြည့်ကာ ဆက်တိုက်ဟောင်နေသည်။

“ဝူး”

ထိုအကောင်၏ ခက်ထန်ကြမ်းတမ်းသော ပုံစံကို မြင်သောအခါ တပိုင်က ဆုပိုင်၏နောက်တွင် ခပ်မြန်မြန်ပုန်းသည်။

“မျိုးနွယ်ခြားတွေ ကျေးဇူးပြုပြီး ဒီစင်ပေါ်က ထွက်သွားပေးပါ၊ ငါတို့က မြင့်မြတ်တဲ့ ကောင်းကင်မြှုပ်နှံခြင်းအခမ်းအနားကို ကျင်းပတော့မှာဖြစ်တယ်၊ ထိတ်လန့်သွားတဲ့ အထွဋ်အမြတ်ငှက်က မင်းတို့ကို မတော်တဆ ထိခိုက်မိအောင် မလုပ်မိစေချင်ရင် ကျေးဇူးပြုပြီး ထွက်သွားကြပါ”

ပြောလိုက်သောသူက လားမားအိုကြီးဖြစ်သည်။ သူက တိဗက်အိမ်စောင့်ခွေး၏ နဖူးကို တစ်ချက်ပုတ်လိုက်သည်။ သူ၏ မျက်ဝန်းက တောက်ပသည်။ သူက ဆုပိုင်ကို တောက်ပသော မျက်ဝန်းဖြင့်ကြည့်ရင်း အပြုံးနှင့် ပြောခြင်းဖြစ်သည်။

“ခွင့်ပြုပါ”

ဆုပိုင်ကလည်း လက်နှစ်ဖက်ပူးကပ်လျက် ဂါရဝတစ်ချက်ပြုလိုက်ပြီး တပိုင်ကိုခေါ်ကာ ခပ်မြန်မြန်နောက်ဆုတ်သည်။

မမျှော်လင့်ထားသည်မှာ ထိုလူအုပ်က သူ့ကိုမောင်းမထုတ်ခဲ့ချေ။ လျှို့ဝှက်ဆန်းကြယ်သော အခမ်းအနားကိုပင် ရပ်ကြည့်ခွင့်ပြုသေးသည်။

သိထားရမည်မှာ တရုတ်တွင် ဒီလိုမြင်ကွင်းမျိုးကို မြင်ရခဲသည်။

“အူး”

“ဖာ့ခ် ငါကြောက်လို့ သေတော့မယ်”

တပိုင်က နှင်းများကဲ့သို့ ဖြူစွတ်နေသော တိဗက်အိမ်စောင့်ခွေးကြီးကိုကြည့်သည်။ ထိုအကောင်ကြီးက ဘေးဘက်တွင် ဆောင့်ကြောင့်ထိုင်နေ၏။ သူက ခပ်တိုးတိုးရေရွတ်လေပြီး ဆုပိုင်၏ ခြေထောက်ကြားသို့သာ ခေါင်းကွယ်ထားလျက် ပုမ်းနေလိုက်တော့သည်။

++++

All Chapters