← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အပိုင်း (112)

“ပလန်ခေါင်းဆောင်ရဲ့ အလောင်းကို သယ်လာခဲ့ပါ”

လာမားအိုကြီး၏ မျက်လုံးများက အနည်းငယ်ကျဥ်းမြောင်းသွားပြီး သူ၏လက်ထဲတွင် ကိုင်ထားသည့် မှော်ခေါင်းလောင်းကို ခါသည်။

ရောင်စုံဝတ်စုံများကို ဝတ်ဆင်ထားသည့် လူသန်မာကြီးများက သူတို့၏ ခေါင်းဆောင်၏အလောင်းကို အခေါင်းထဲမှ လေးစားစွာ သယ်ထုတ်လျက် ကျောက်သားပေါ်တွင် တင်ပျဥ်ချိတ်လျက် ထိုင်နေသော လာမားအိုကြီး၏ အရှေ့ဘက်သို့ ချပေးသည်။

“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်မြတ်ဘုရား”

“ခေါင်းဆောင်က သေဆုံးသွားသည့်အချိန်အထိ ယုံကြည်သက်ဝင်သူတစ်ယောက်ရဲ့နှလုံးသားနဲ့ အမြဲတစေ စုဆောင်းခဲ့တဲ့ လူကောင်းတစ်ယောက်ပါ၊ သူလဲကျသွားတဲ့အချိန်မှာတောင်မှ အောင်မြင်ခမ်းနားမှုကို ပိုင်ဆိုင်နေတုန်းပါပဲ”

“သွားရအောင်”

“သံတမန်ကို ကောင်းကင်ဘုံသို့ ပြန်လည်ပို့ဆောင်ပေးပါ”

လာမားအိုကြီးက တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက တောက်ပသော ခရမ်းရောင်စိမ်များ စီခြယ်ထားသည့် ငွေရောင်ဓားလေးကို ထုတ်လိုက်သည်။

သူက တင်းမာသော မျက်နှာထားနှင့် သူ၏အရှေ့မှ ကလန်ခေါင်းဆောင်၏အဝတ်များကို ဖွင့်ခွဲလိုက်သည်။

ဘိ။

ထက်ရှသော ဓားသွားက အလောင်း၏ ရင်ဘတ်ထဲသို့ တဖြည်းဖြည်းချင်း စိုက်ဝင်သွားပြီး နီရဲသော သွေးများကို ပန်းထွက်လာစေသည်။

သူက လက်ဝါးကို ဆန့်ထုတ်လျက် ကလန်ခေါင်းဆောင်၏ ရင်ဘတ်ထဲသို့ လှည့်သွင်းလိုက်ရင်း သွေးများစွန်းထင်းနေသည့် နှလုံးတစ်ခုကို ဆွဲထုတ်ယူကာ ဘေးဘက်တွင် ချထားသည်။

ထိုအရာကို ဆုပိုင်က မြင်လိုက်ရသည်။

အနောက်မှ လူတိုင်းကလည်း မြေပြင်တွင် ဒူးးထောက်လိုက်ကြပြီး သူနားမလည်သော လေသံတိုးတိုးနှင့် တစ်စုံတစ်ရာကို ရွတ်ဆိုနေကြသည်။

ထို့နောက်......

ကောင်းကင်တွင် ပျံဝဲနေသော လင်းတများက အောက်ဘက်မှ ပြည်သူများကို မြင်သောအခါ တောင်ပံကို တဖျတ်ဖျတ်ခတ်လျက် လျင်မြန်စွာ ထိုးဆင်းလာကြပြီး ကြောက်မက်ဖွယ်ကောင်းသော အော်သံများကို လုပ်ကြသည်။

ထိုအခိုက်အတန့်တွင် သူတို့ဟာ နတ်ငှက်အဖြစ် အစစ်အမှန်ပြောင်းလဲသွားပုံပေါ်သည်။

“ဟူး”

ဆုပိုင်က ရှေ့မှ သွေးများစွန်းထင်းလွန်းသော မြင်ကွင်းကိုကြည့်ပြီး အသက်ပြင်းပြင်း ရှူမိသည်။

အထူးသဖြင့် လာမားအိုကြီး၏ မျက်နှာပေါ်မှ လေးနက်သောအကြည့်က မည်သို့ပင်ကြည့်ကြည့် ကျောချမ်းဖွယ်ကောင်းသည်။

“ဟိဟိဟိ”

တပိုင်ကမူ ဘေးဘက်တွင် ဆောင့်ကြောင့်ထိုင်နေရင်း သူ၏ခေါင်းကို ဝက်ဝံလက်နှစ်ဖက်ဖြင့် အုပ်ထားသည်။ သူက ကျယ်လောင်စွာအော်နေ၏။

ဆုပိုင်က ထိုကောင်၏နဖူးကို အသာပွတ်ပေးနေရင်း အချိန်အတန်ကြာ တိတ်ဆိတ်နေလိုက်သည်။

ဒါဟာ အတန်ငယ် ရက်စက်သော်လည်း တိဗက်နယ်မြေအတွက်မူ သူတို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဓလေ့ထုံးတမ်းတစ်ခုလည်း ဖြစ်နေသေးသည်။ ဒီနေရာတွင် နေထိုင်သူများက သေဆုံးသွားပြီးနောက် ယခုလို အထူးသီးသန့် သဂြိုလ်မှုမျိုးကို ခံစားရန်မလွယ်ကူပေ။

ပို၍ဆိုးသည်မှာ ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုစနစ်က အဖြစ်အပျက်တစ်ခုလုံးကို မပြထားခဲ့ချေ။ လာမားအိုကြီးက ကလန်ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ဓားဖြင့် လှီးဖြတ်သည့် မြင်ကွင်းကိုမူ လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသေးသည်။ နောက်ပိုင်းမြင်ကွင်းကိုမူ ဝါးထားလိုက်သည်။

[ဒါက တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ လက်စသတ်တော့ တိဗက်နယ်မြေမှာ ဒီလိုရှေးဟောင်းဓလေ့မျိုးက ရှိနေတာပဲ]

[ငါ စာကြည့်တိုက်ထဲမှာ အချက်အလက်တွေ သွားစစ်ကြည့်ပြီးပြီ၊ ကောင်းကင်မြှုပ်နှံမှုတင် မဟုတ်သေးဘူး ၊ ရေမြှုပ်နှံမှုတွေလည်း ရှိနေသေးတယ်၊ ဒီလိုထူးဆန်းတဲ့ သဂြိုဟ်မှုအများစုက အနည်းနဲ့အများ တိရိစ္ဆာန်တွေနဲ့ ပတ်သက်နေတာပဲ၊ ရေမြှုပ်နှံမှုဆိုလည်း အတူတူပဲ၊ အလောင်းကို ရေထဲကို ပစ်ချလိုက်တယ်၊ ထူးဆန်းတဲ့ ငါးတစ်မျိုးက လာစားတယ်၊ ဒါပေမဲ့ တိရိစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ဒီအမွေဆက်ခံမှုတွေ အားလုံးက ဖြတ်တောက်ခံလိုက်ရတာပဲ]

[တော်တော်လေးကို သွေးသံရဲရဲနိုင်ပေမဲ့လည်း ဘာလို့ ငါစိတ်အေးသွားပြီး ပျော်သွားမိတာလဲ]

[အပေါ်ထပ်ကတစ်ယောက် မင်း အဖျားရှိမရှိ သွားပြကြည့်ပါဦး]

[ငါတော့ အန်ချင်နေပြီ]

[ပြောမနေနဲ့တော့၊ ဖြတ်တောက်တဲ့အပိုင်းက ပြီးတော့မယ်၊ လင်းတတွေ ဆင်းလာတော့မှာလား]

.......

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ (4:9)မိတ်ဆွေများက ယခုလို ထူးဆန်းသော ဓလေ့ထုံးတမ်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အထူးသဖြင့် အလောင်းများကို လင်းတများ စားမည်ဟု တွေးလိုက်သည့်အချိန်တွင် ခံစားချက်များက ရှုပ်ထွေးသွားကြသည်။

အခြားတစ်ဖက်တွင် ဒီလိုအပြုအမူက အတော်လေး ရက်စက်သည်။သို့သော် ဒါက တခြားသူ၏ ယဥ်ကျေးမှုထုံးစံ ဖြစ်နေသေးပြန်သည်။ တိတိကျကျဆိုရသော် အဆင့်အတန်းမြင့်လွန်းသော လူများကသာ အလွန်အထက်တန်းဆန်သည့် သဂြိုလ်မှုမျိုးကို ကြုံရခြင်းဖြစ်သည်။

သာမန်လူများက ဒီလိုခံယူချင်လျှင်ပင် မဖြစ်နိုင်ချေ။

“ထတော့”

“အပြစ်တွေ ပြည့်နှက်နေတဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးသွားပြီ၊ အထွဋ်အမြတ်ငှက် ခေါင်းဆောင်ကို ကောင်းကင်ဘုံကို ပို့ဆောင်လိမ့်မယ်”

နှစ်နာရီနီးပါးခန့် ကြာပြီးနောက် လာမားအိုကြီးက လေသံတိုးတိုးဖြင့် တစ်စုံတစ်ရာကို ရေရွတ်သည်။ ထို့နောက် ဓားကို ဘေးဘက်သို့ ထားလိုက်သည်။

သူ၏အရှေ့တွင်မူ သေသပ်စွာ ဖြတ်ပိုင်းခံထားရသော အလောင်း၏ အသားများရှိနေသည်။

ဝေါင်း။

အဖြူရောင် တိဗက်အိမ်စောင့်ခွေးက ကျယ်လောင်စွာဟောင်လျက် လာမားအိုကြီး၏ ဘေးဘက်သို့ ပြေးသွားပြီး လက်တင်အဖြစ် ခစားသည်။

လာမားအိုပြီးက မတ်တပ်ထရပ်လိုက်ပြီး လူတိုင်းကိုကြည့်သည်။

တုံ တိ တုံ တိ တုံ တိ တုံ။

သူက အသက်ပြင်းပြင်းရှူပြီး လက်ထဲမှ မှော်ခေါင်းလောင်းလေးကို ခါပြန်သည်။

ထို့နောက် စကားတစ်ခွန်းမှ မဆိုတော့ဘဲ လမ်းတောက်လျှောက် ခပ်မြန်မြန် လျှောက်သွားရန် တခြားတစ်ဖက်ခြမ်းပေါ်ရှိ ကျောက်သားများထံသွားသည်။

ထိုအခြေအနေကို မြင်သောအခါ ဆုပိုင်ကလည်း တပိုင်ကိုဆွဲလျက် ခပ်မြန်မြန်လိုက်သည်။

အခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုလူများက ထိုခေါင်းဆောင်၏ အလောင်းကို လင်းတများ စားပြီးသွားမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်လောက်သည်။

ယခုအချိန်ထိ ဆုပိုင်၏ လက်နှင့် ခြေထောက်များက အေးစက်နေသေးသည်။

တပိုင်၏ အခြေအနေက ပို၍ဆိုးသေးသည်။

အထူးသဖြင့် လာမားအိုကြီးက သူ့ကို ကြည့်လာကြောင်း မြင်လိုက်ရသည့်အချိန်တွင် ခန္ဓာကိုယ်ရှိ အမွေးများက တောင့်တင်းသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ခွေးကြီးကြောင့်သာ မဟုတ်လျှင် တပိုင်က ဆုပိုင်ကို တရွတ်တိုက်ဆွဲလျက် တောင်အောက်သို့ ပြေးသွားလောက်လေပြီ။

ဒီတစ်အုပ်က ကြောက်စရာကောင်းလွန်းတယ်။

ပျားရည်ခွေးတူဝက်တူထက်တောင် ရက်စက်သေးတယ်။

အရင်တစ်ခေါက်က တာဝန်ကလည်း ဒီလိုပဲလား။

“ဝူး”

“ငါဘယ်တော့မှ မင်းနောက်ကို မလိုက်တော့ဘူး”

အော်သံတိုးတိုးနှင့်အတူ တပိုင်က သူ၏နဖူးကို အုပ်လျက် ဆုပိုင်၏ခြေထောက်နားတွင် လှဲနေသည်။

ကောင်းကင်မှ လင်းတများကလည်း စောင့်ဆိုင်း၍နေရသည်မှာ စိတ်မရှည်တော့ပုံရသည်။

လူတိုင်းထွက်သွားသည်နှင့် သူတို့က အော်ဟစ်ကြပြီးတောင်ပံများကို ဖြန့်ကားလျက် လေထဲတွင် လျင်မြန်စွာဖြင့် ဝိုင်းပတ်ကြသည်။

“နတ်ငှက်တွေ လာပြီ”

လာမားအိုကြီးက ရေရွတ်သည်။

လူတိုင်းက ထိုစကားကို ကြားသောအခါ သူတို့၏ ခန္ဓာကိုယ်က တုန်ယင်သွားကြပြီး မြေပြင်ပေါ်သို့ (6:44)ကြသည်။

သူက ခေါင်းမော့လျက် စူးရှသော မျက်ဝန်းမျိုးဖြင့် အောက်သို့ ဆင်းသက်လာမည့် လင်းတကိုကြည့်သည်။

ဘန်း။

လင်းတက သူ၏၂မီတာခန့်ရှည်သော အတောင်ကို ဖြန့်ကားလိုက်ရင်း ကျောက်စင်မြင့်လေးပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လာသည်။

သူက သတိကြီးလွန်းသည်ဟု ဆိုရမည်ဖြစ်သည်။

ဂရုတစိုက်ဖြင့် တစ်လှမ်းချင်းစီလှမ်းရင်း မြေပြင်ပေါ်ရှိ အသားများရှိရာ အလောင်းနားသို့ ရောက်လာသည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်က အဝေးရှိ လူသားများထံသို့သာ ရောက်နေသည်။ ထို့နောက် ခေါင်းကိုငုံ့ပြီး အသားတစ်တုံးကိုယူသည်။

“ဂလု”

ဆုပိုင်က လင်းတကြီးက လည်တိုင်ကိုမြှောက်လျက် အသားတုံးကြီးကို တစ်လုတ်တည်းနှင့် ဝါးမြိုလိုက်သော မြင်ကွင်းကို မြင်လိုက်ရသည်။

“ဟူး”

ထိုအခိုက်အတန့်တွင် ဘေးဘက်ရှိ လာမားအိုကြီးက သက်ပြင်းရှည်ကြီးကို ချသည်။ သူ၏မျက်မှောင်ကလည်း ပြေလျော့သွားသည်။

“ခေါင်းဆောင် နောက်ဆုံးတော့ ကောင်းကင်ဘုံကို တက်လှမ်းနိုင်ပြီ၊ သူ၏ဝိညာဉ်က သန့်စင်သွားပြီ”

ဆုပိုင်က တစ်ဖက်သူဟာ လက်အုပ်ချီလျက် မျက်လုံးကိုမှိတ်ကာ တင်းမာသော မျက်နှာထားနှင့် တစ်စုံတစ်ရာကို စုဆောင်းနေကြောင်း မြင်လိုက်ရသည်။

သူက မြေပြင်တွင် ဒူးထောက်နေသော လူများကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူများကလည်း လင်းတက ပထမဦးဆုံးအသားကို စားလိုက်သည့်အချိန်တွင် မြေပြင်နှင့် နဖူးကို တိုက်လိုက်ကြသည်။

“ဟူး”

အသက်ပြင်းပြင်းရှူပြီးနောက် ဆုပိုင်ကလည်း နောက်မှလိုက်ကာ အဝေးရှိ အလောင်းကို ရိုသေစွာဖြင့် ဂါရဝပြုလိုက်သည်။

ဘန်းဘန်းဘန်း။

သူတို့၏ အပေါင်းအဖော်များက အသွေးအသားများကို ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ဝါးမြိုလိုက်ကြောင်း မြင်လိုက်သောအခါ တခြားသောလင်းတများကလည်း ထိုးဆင်းလာကြသည်။ သူတို့က အလွန်မြန်ဆန်သည့် နှုန်းဖြင့် ထိုးဆင်းလာကြ၏။

လင်းတအကောင်၂၀ ကျော်ခန့်က အလောင်းကိုဝိုင်းလျက် အသားများကိုစားကြသည်။

သူတို့က အချင်းချင်း တိုက်ခိုက်ပြီး တစ်ယောက်ကိုယ်တစ်ယောက် ဆုတ်ဖြဲကြသေးသည်။

ခေါင်းဆောင်အိုကြီး၏ အရိုးနားတွင် ဝိုင်းနေသည့် လင်းတအချို့လည်း ရှိသည်။ သူတို့က ကျန်သောအသွေးအသားများကို တဖြည်းဖြည်းချင်း ဆုတ်ဖြဲလျက် ဝါးမြိုကြသည်။

“အူး”

“ငါသည်းမခံနိုင်တော့ဘူး၊ ဒါက ဘယ်လိုမကောင်းဆိုးဝါးလဲ”

တပိုင်က သူ၏မျက်လုံးကို အုပ်ပြီး အဟကြားမှ ချောင်းကြည့်ရာက ကြောက်လန့်တကြား မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား ကျသွားသည်။

ကြောက်စရာပဲ။

ဒါက အရူးတစ်အုပ်မဟုတ်လား။ ဘာလို့ သူ့လိုပဲ အရွက်မစားတာလဲ။

“ဟေး”

ထိုအခိုက်အတန့်တွင် ထောင့်စွန်းနားတွင် ရပ်နေသော လင်းတတစ်ကောင်က ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ခန္ဓာကိုယ်က စတင်ကာ တွန့်လိမ်သွား၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဆုပိုင်ကလည်း လင်းတ၏မျက်လုံးများက လုံးဝိုင်းသွားလျက် ချက်ချင်းလိုလို သေဆုံးသွားကြောင်း တွေ့လိုက်သည်။

ဒါက...... ။

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဘယ်လိုဖြစ်ပြီး ကောင်းကင်ဘုံက ကလန်ခေါင်းဆောင်ကို လက်မခံတာလဲ”

လာမားအိုကြီးက သေဆုံးသွားသည့် လင်းတကိုကြည့်သည်။ သူ၏အမူအယာက ချက်ချင်းလိုလို ပြောင်းလဲသွားလေပြီး ထိုင်းမှိုင်းသော လေသံမျိုးဖြင့် ရေရွတ်လိုက်လေသည်။

+++++

အပိုင်း (113)

“မဖြစ်နိုင်ဘူး၊ ခေါင်းဆောင်က သူ့တစ်ဘဝလုံး ငါတို့အတွက် မြှုပ်နှံထားပြီး ရွပ်ရွပ်ချွံချွံလုပ်ကိုင်ခဲ့တာ၊ သူက ဘယ်လိုကြောင့်များ ကျိန်စာမိနိုင်ပါ့မလဲ”

“ငါမယုံကြည်နိုင်ဘူး”

“နတ်ငှက်သေဆုံးတာက သေချာပေါက် ကျိန်စာပဲ၊ ဒါက နတ်ဘုရားတွေရဲ့ အပြစ်ဒဏ်ပဲ”

.......။

မြေပြင်တွင် ဒူးထောက်နေသော အဖွဲ့ဝင်များကလည်း သေဆုံးသွားသော လင်းတကို ကြောက်လန့်တကြား ကြည့်ကြသည်။သူတို့၏မျက်နှာတွင် မယုံကြည်နိုင်မှုက ထင်ဟပ်နေသည်။

လူတိုင်းကလည်း ဘေးဘက်ရှိ လာမားအိုကြီးကို ခပ်မြန်မြန် လှည့်ကြည့်ကြသည်။

ဝုတ်။

မသက်မသာဖြစ်သော ခံစားချက်မျိုးကို ရလိုက်သည့် အဖြူရောင်တိဗက်အိမ်စောင့်ခွေးကလည်း ဟောင်လိုက်ရင်း မြေပြင်မှ ခပ်မြန်မြန်ထသည်။

သူ၏အစွယ်များက ဖြဲလျက် အမွေးများက ထောင်တက်လာရင်း အရှေ့မှ လူတိုင်းကိုကြည့်သည်။

ဘန်းဘန်း။

ရုတ်တရက် ဆုပိုင်က စကားပြောတော့မည့်အချိန်တွင် .......

လင်းတပေါင်းများစွာက စင်မြင့်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြသည်။ သူတို့ကလည်း ပထမတစ်ကောင်နှင့် တူသည်။ မျက်လုံးလုံးဝိုင်းလျက် ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး သေသွားကြလေသည်။

“ဒါက.....”

“ဒါက”

ထိုလာမားအိုကြီး၏ လက်ထဲရှိ ခေါင်းလောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် ဆက်တိုက်လှိမ့်လျက် ဘေးဘက်ရှိ ချောက်ကမ်းပါးအောက်သို့ ကျသွားသည်။

သူ၏တစ်ကိုယ်လုံးက ပျော့ခွေကျသွားသည်။

“ဒါက အပြစ်ဒဏ်ပဲ၊ နတ်ဘုရားက အပြစ်ဒဏ်ခတ်လိုက်တာ”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး ငိုနေကြသော လူတစ်အုပ်ကိုကြည့်ကာ လေသံတိုးတိုးဖြင့်ပြောသည်။

“ဒီလင်းတတွေနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်နေတာပဲ နေမှာပါ၊ မထိတ်လန့်ကြပါနဲ့”

သူတို့က ဒီတိုင်းသေဆုံးသွားလျှင်လည်း အများအားဖြင့် အသက်ကြီးရင့်ခြင်းသဘောဖြင့် သေဆုံးခြင်း ဖြစ်နိုင်သေးသည်။ သို့သော် ယခုလို တစ်ကောင်ပြီးတစ်ကောင် သေဆုံးခြင်းကမူ ပုံမှန်မဟုတ်တော့ချေ။ ထို့အပြင် တစ်ချိန်တည်း ဖြစ်သွားခြင်း ဖြစ်နေသည်။

ရုတ်တရက် တိဗက်အိမ်စောင့်ခွေးက ဟောင်လိုက်သည့်အချိန်တွင် လင်းတပေါင်းများစွာက ကောင်းကင်သို့ ပျံတက်သွားသည်။

ထို့နောက် ပျံတက်ပြီးခါစရှိသေးသည့် လင်းတနှစ်ကောင်က ထပ်မံပြုတ်ကျလာသည်။

“တပိုင်”

ဆုပိုင်က ပန်ဒါကြီး၏ နဖူးကို အသာပုတ်လိုက်ပြီး ကျောက်သားပေါ်မှ ခပ်မြန်မြန်ပြေးဆင်းကာ လင်းတအလောင်းရှိရာဘက်သို့ ပြေးသည်။

“အူး”

တပိုင်က ရပ်တန့်သွားသည်။ သူက တုံ့ဆိုင်းနေပြီး နောက်မှလိုက်၏။

“ဘာလို့ အဆိပ်မိတဲ့ပုံစံ ဖြစ်နေတာလဲ”

ဆုပိုင်က လင်းတအလောင်းလေးနားတွင် ရပ်လျက် သူ၏လက်ဖြင့် ခေါင်းကို မကြည့်ရင်း ဂရုတစိုက် လေ့လာကြည့်သည်။

ထိုလင်းတ၏ မျက်နှာအမူအယာက အလွန်အမင်း နာကျင်နေပုံပေါ်သည်။ လည်တိုင်ရှိ အရေပြားများက အပြာရောင်ပင် သန်းနေသေးသည်။ ဒါက သေချာပေါက် အဆိပ်မိသော လက္ခဏာဖြစ်သည်။

ကလန်ခေါင်းဆောင်ရဲ့ အလောင်းက အဆိပ်မိနေတာလား။

သူ၏စိတ်ထဲ ထိုအတွေးက ဝင်လာသည်။ သို့သော် ချက်ချင်းလိုလို ငြင်းပယ်လိုက်သည်။

ထို့သို့မဖြစ်နိုင်ချေ။ တိဗက်လူမျိုးများ၏ အမြင်တွင် လင်းတများဟာ အထွတ်အမြတ်ငှက်များဖြစ်သည်။ ထို့ကြောင့် လင်းတပေါင်းများစွာက ကလန်ခေါင်းဆောင်၏ အသွေးအသားများကို စားသောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် သေသွားသော ပမာဏက အနည်းငယ်သာ ရှိသည်။

ဆုပိုင်က တဖြည်းဖြည်းချင်း ကျောပိုးအိတ်ထဲမှ ဓားမြောင်ကိုထုတ်ပြီး အသက်ပြင်းပြင်းရှူသည်။ ထို့နောက် အရှေ့မှ လင်းတအလောင်းကို ပက်လက်ဖြစ်အောင် လှန်လိုက်သည်။

သူက သူ၏လက်ကိုသုံးပြီး ဝမ်းဗိုက်ကို ဖွင့်ကြည့်သည်။ ရုတ်တရက် နံဟောင်သော အနံ့က ထွက်လာသည်။

လင်းတ၏ ဝမ်းဗိုက်တစ်ခုလုံးထဲတွင် သူဝါးမြိုပြီးခါစ လတ်ဆတ်သော အသွေးအသားများအပြင် မည်းတူးနေသည့် ကြိတ်ခြေထားသော ပုပ်ပွနေသည့်အသားများ ရှိနေသည်။

“ဝေါ့”

တပိုင်က ထိုအခြေအနေကို ကြည့်ပြီး မူးဝေသွားသည်။ သူက နောက်သို့ ပြန်လှည့်ပြီး ဘေးဘက်တွင် အန်နေသည်။

ရွံစရာကောင်းလိုက်တာ။

ငါအနာဂတ်မှာ ဒီဒါရိုက်တာနောက်ကို ထပ်လိုက်မိရင် ငါ့ကိုယ်ငါ ဝက်လို့ပဲ ခေါ်တော့မယ်။

ရင်ထဲမှ အော်ဟစ်သံနှင့်အတူ တပိုင်က ခေါင်းကို ခပ်မြန်မြန်ပြန်လှည့်ပြီး ဘေးဘက်သို့ ကြည့်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ရင်ဘတ်ကို နိမ့်ချည်မြင့်ချည် အသက်ရှူနေသည်။

ဝုတ်။

ထိုအခိုက်အတန့်တွင် သားရဲတစ်ကောင်၏ ဟိန်းသံက ထွက်ပေါ်လာသည်။ ဆုပိုင်က မော့ကြည့်လိုက်သောအခါ လူတိုင်းက မတ်တပ်ထရပ်လျက် သူ့ပေါ်ကို ဒေါသတကြီး ကြည့်နေကြောင်း တွေ့လိုက်ရသည်။

လာမားအိုကြီး၏ ခြေထောက်နားမှ တိဗက်အိမ်စောင့်ခွေးက သူ၏ သွေးများစိုရွှဲနေသည့် ပါးစပ်ကြီးကို ဖြဲလျက် ခပ်မြန်မြန် ပြေးလာသည်။

“မင်းက နတ်ငှက်ကို ထိခိုက်အောင် လုပ်ရဲတယ်၊ သူ့ကိုသတ်”

“နတ်ငှက်ကို မရိုမသေ ပြုမူတဲ့အတွက် မင်းကိုအပြစ်ပေးရမယ်”

“ဟုတ်တယ် နတ်ဘုရားက ပို့လွှတ်လိုက်တဲ့ ကျိန်စာက ဒီမျိုးနွယ်ခြားနဲ့ ပတ်သက်နေတာပဲ ဖြစ်ရမယ်”

ထိုလူတစ်အုပ်က နီရဲသော မျက်လုံးများဖြင့် ကြည့်ကြသည်။

သူတို့က အော်ဟစ်ကာ ဆူပူသည်။

“တပိုင်”

ဆုပိုင်က သူ့ဆီပြေးလာသည့် တိဗက်အိမ်စောင့်ခွေးကို ကြည့်ပြီး ဘေးဘက်ရှိ ပန်ဒါကြီး၏နဖူးကို အသာပုတ်လိုက်ကာ အော်သည်။

“အူး”

ငါမလုပ်နိုင်ဘူးနော်။ ငါက လုပ်နိုင်လို့လား။

တပိုင်က ခက်ထန်ကြမ်းတမ်းသော တိဗက်အိမ်စောင့်ခွေး၏ ပုံစံကိုကြည့်ပြီး တုန်ယင်သွားသည်။

“ဝုတ်”

အဖြူရောင် တိဗက်အိမ်စောင့်ခွေးက ရုတ်တရက်ခုန်ပြီး မြေပြင်ရှိ တပိုင်ကို ခုန်အုပ်လိုက်သည်။ ထို့နောက် တပိုင်၏ ရင်ဘတ်ပေါ် တက်နင်းပြီး အောက်သို့ အထင်တသေးဖြစ်နေသော မျက်နှာထားမျိုးဖြင့် ငုံ့ကြည့်ကာ ဆုပိုင်ထံ တစ်လှမ်းချင်းစီ လှမ်းလာခဲ့သည်။

“မျှစ်တစ်လစာ”

ဆုပိုင်က လက်ထဲတွင် ဓားမြောင်ကို ကိုင်ထားပြီး တဖြည်းဖြည်းချင်း နောက်ဆုတ်နေသည်။ သူက အံကိုကြိတ်ရင်း အော်လိုက်သည်။

“ဟဲ ဟဲ ဟဲ”

တိဗက်အိမ်စောင့်ခွေး၏ ထက်ရှသော အစွယ်များက ထင်းထွက်လာသည်။ သွားရည်များကလည်း မြေပြင်သို့ ဆက်တိုက်ကျနေသေး၏။ သူ၏အမွေးများက ထောင်တက်လာရင်း ခပ်တိုးတိုး ဟောင်သည်။

ဝေါင်း။

သူက ဟောင်ပြီးနောက် သူ၏ လက်ဖဝါးကို ဖိလိုက်လျက် နေရာမှတင် စတင်ကာ ခုန်ထွက်သည်။

ရုတ်တရက် အမြီးဘက်မှ ပြင်းထန်သော အားတစ်ရပ်က ရောက်လာလေပြီး သူ့ကို နောက်သို့ ခပ်ကြမ်းကြမ်း ဆောင့်ဆွဲသည်။

မြေပြင်အမာနှင့် ခပ်ကြမ်းကြမ်း ထုရိုက်ခံရသောအခါ တိဗက်အိမ်စောင့်ခွေးက ဒေါသတကြီး ခေါင်းကိုလှည့်ကြည့်သည်။

ထိုအခါ ယခုလေးတင် နောက်တွင် ကျန်ခဲ့သော တိရိစ္ဆာန်အကောင်က ခက်ထန်သော မျက်နှာထားမျိုးနှင့် ဝက်ဝံလက်သည်းကို ဖြဲကာ အမြီးကို လာဆွဲကြောင်း တွေ့လိုက်ရသည်။

“ဝုတ်”

“အမှိုက်ကောင် မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီလား”

သူက ဟောင်လိုက်သည်။ သွေးသံရဲရဲ ပါးစပ်ကြီးကို ဟလျက် လှမ်းကိုက်သည်။

“အူး”

တပိုင်၏ မျက်နှာက သုန်မှုန်သွားသည်။ သူက သူ၏ဝက်ဝံလက်သည်းကို ချက်ချင်းပြန်ရုတ်လိုက်ပြီး တိဗက်အိမ်စောင့်ခွေး၏ နဖူးကို ဖြတ်ရိုက်သည်။ ထို့နောက် တစ်ဖက်သူကို မြေပြင်ပေါ်သို့ လှဲချပစ်လိုက်သည်။

သူက ကိုယ်ပေါ်သို့ ချက်ချင်းခုန်ထွက်လျက် တက်ထိုင်လိုက်သည်။

မည်းနက်နေသော ဝက်ဝံလက်သည်းနှစ်ဖက်က တိဗက်အိမ်စောင့်ခွေး၏ ပါးဘယ်တစ်ချက် ညာတစ်ချက်ကို ဆက်တိုက်ရိုက်သည်။

“သောက်ကျိုးနည်း မျှစ်တစ်လစာ ဟုတ်လား”

“ငါ့ကို အနိုင်ကျင့်ရတာကို စွဲလမ်းနေတာပဲ ဟမ်၊ မဟုတ်ဘူးလား”

“ငါ့ကို သဲလွန်စ နည်းနည်းသာ ပေးမယ်ဆိုရင် ပန်ဒါကြီးက ဘယ်လောက်အင်အားကြီးသလဲဆိုတာကို ပြသပေးရမှာပေါ့”

“ဒီဝါးတွေကို မြင်လား ဟမ်၊ တစ်ချက်ကိုက်လိုက်ရင် ဘယ်လောက်နာမလဲဆိုတာကို မသိဘူးလား”

“ကောင်းပြီ ကောင်းပြီ”

ဆုပိုင်က မျက်လုံးလန်လျက် သတိလစ်သွားသော တိဗက်အိမ်စောင့်ခွေးကို ကြည့်ပြီး ရူးသွပ်နေသော တပိုင်၏ နဖူးကို သွားပုတ်ရသည်။

တပိုင်ကို တိဗက်အိမ်စောင့်ခွေးပေါ်မှ လက်နှစ်ဖက်လုံးဖြင့် သယ်ကာ ပွေ့ချီချပြီးနောက် အဝေးမှ တဖြည်းဖြည်းချင်း လျှောက်လာသော လာမားအိုကြီးကိုကြည့်ကာ လေးလံသော လေသံဖြင့်ပြောသည်။

“ဒါက ခင်ဗျားတို့ ထင်သလိုမဟုတ်ဘူး၊ ဒီအထွတ်အမြတ်ငှက်တွေက အဆိပ်မိပြီး သေတာ”

“သူတို့ ဒီနေရာကို မလာခင်မှာ အဆိပ်ပါတဲ့ အစားအစာတစ်ခုကို စားမိကြလို့ အဆိပ်မိပြီး သေသွားခဲ့တာပဲ”

“နောက်ပြီး ငါတို့က ပျံသန်းသွားတဲ့ နတ်ငှက်တွေကို အမြန်ဆုံး ရှာဖွေရမယ်၊ အဲဒီလိုမှမဟုတ်ရင် အလုံးအရင်းနဲ့ သေဆုံးမှုတွေ ရှိလာနိုင်တယ်”

“လူစိမ်း”

လာမားအိုကြီးက မြေပြင်မှ တိဗက်အိမ်စောင့်ခွေးကို ကြည့်ရင်း အေးစက်စွာပြောသည်။

“သူတို့က အဆိပ်မိတယ်လို့ မင်းဘယ်လောက်သေချာလဲ”

“အထွတ်အမြတ်ငှက်တွေက ဒီလိုတစ်ခါမှ မသေဖူးဘူး၊ ဒါက နတ်ဘုရားက အပြစ်ပေးတာပဲ”

“ဟားဟား”

ဆုပိုင်က အရှေ့မှ လူအိုကြီးကို ကြည့်သည်။ လာမားက အထင်တသေး ပြုံးနေသည်။ သူက မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း မြေပြင်တွင် ရှိသည့် ထိုလင်းတ၏ ဗိုက်ထဲမှ စားစရာများကို ပြသည်။

အမွေးလုံးတစ်ခုကို ဆွဲထုတ်ပြီးနောက် သူကပြောသည်။

“ကြည့် ဒါကို ရင်းနှီးတယ်လို့ မထင်ဘူးလား”

လာမားအိုကြီးက ငုံ့ကြည့်ပြီး အံ့အားသင့်သွားသည်။

သူက ခေါင်းကို ခပ်မြန်မြန်ငုံ့လိုက်ပြီး သူ၏အရှေ့မှ ထိုအဖြူရောင်အမွေးတစ်ခုကို ကောက်ယူလိုက်သည်။ ထို့နောက် နှာခေါင်းနားကပ်ကာ အနံ့ခံသည်။

“ဒါက အဖြူရောင် နွားလား လား”

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ အဖြူရောင် နွားလားအတွက်က....မဖြစ်နိုင်ဘူး”

တိဗက်အိုကြီး၏ စကားကို ကြားသောအခါ အနောက်မှ လူများက ခပ်မြန်မြန်စုစည်းလာကြပြီး လင်းတ၏ ဗိုက်ထဲမှ အမွေးများကို ကောက်ယူကြည့်ကြသည်။

“ဒါက အဖြူရောင်နွားလားပဲ”

“အထွတ်အမြတ်ငှက်က အဖြူရောင်နွားလားရဲ့အလောင်းကို စားခဲ့တာလား”

“ဒီလိုမျိုး အဖြူရောင်နွားလားတွေက တအားနည်းတယ်၊ ကန္တာရမြက်ခင်းပြင်ကျယ်မှာပဲ တွေ့နိုင်တာ”

“လေးစားရတဲ့ မျိုးနွယ်ခြားလူစိမ်း၊ ငါတို့ဒါကို ဘယ်လိုလုပ်ရမလဲ မသိဘူး၊ တကယ်လို့ မင်း ငါတို့ကို ကူညီပြီး ဒီအထွတ်အမြတ်ငှက်တွေကို သေစေရတဲ့ အကြောင်းပြချက်ကို ရှာပေးနိုင်မယ်ဆိုရင် ငါတို့ရှာပါးတွေကလည်း မင်းကို ထာဝရ ကျေးဇူးတင်နေမှာပါ”

လာမားအိုကြီးက ဆုပိုင်၏ ရှေ့တွင် ရပ်လျက် မြေပြင်တွင် ဒူးထောက်လိုက်ကာ လေးစားစွာ ပြောလေသည်။

+++++

အပိုင်း (114)

မြက်ခင်းလွင်ပြင်ဒေသ။

“ဒီနေ့ နောက်ထပ် ကျွဲတစ်ကောင်သေပြန်ပြီ”

“ငါတို့ ဒီတိုင်း ဆက်လုပ်နေရင် ငါတို့ရဲ့အသက်ကိုတောင် ဆုံးရှုံးရမှာကို စိုးရိမ်မိတယ်”

အမိုးပါသော လှည်းအတွင်းတွင် ထိုင်နေသည့် တူဖြစ်သူကိုကြည့်ရင်း လော့ရှင်းကောက လက်ထဲမှ စီးကရက်ကို ဖိခြေလျက် သက်ပြင်းချကာ အထွန့်တက်သည်။ သူက ကျယ်လောင်သောအသံနှင့်ပြောသည်။

“ငါဒီတိုင်း အံ့သြမိရုံပါ၊ ဘာလို့ ဒီနှစ်မှာ ငါတို့မွေးတဲ့ ကျွဲတိုင်းက အခုလိုပဲ နာမကျန်းဖြစ်ကုန်ကြတာလဲ”

“ငါတို့ ဆေးတွေ ဘယ်လောက်များများဝယ်ရဦးမှာလဲ”

“ဦးလေး သူတို့ထဲမှာ ဆေးတွေအများကြီး မကျန်တော့ဘူး၊ ဒီဆေးတွေက အပိတ်ခံထားရတယ်၊ ဈေးက မကြီးဘူးဆိုပေမဲ့ အာစန်းကနေတောင် ဝယ်ရဦးမှာ”

လုဖေးက မျက်မှောင်ကြုတ်ရင်း ပြောပြသည်။

“ပိုဆိုးတာက ဒီဆေးကိုလည်း အာစန်းက ပိတ်ထားတာပဲ၊ ဒီတော့ ဝယ်ဖို့က ခက်သထက်ခက်လာပြီ”

“သေစမ်း”

လော့ရှင်းကောက ရေနွေးကြမ်းတစ်ငုံသောက်ရင်း ကျိန်ဆဲသည်။

“ဘာလို့ ဒီဒိုင်ကလိုဖီးနက်ကို ဖမ်းထားရတာလဲ၊ ဒါက ဈေးလည်းပေါတယ်၊ နောက်ပြီး ကျွဲတွေရဲ့ နာကျင်မှုနဲ့ အရောင်ကျတာတွေအတွက်လည်း အရမ်းကောင်းတာပဲ၊ ငါတကယ်ကို နားမလည်နိုင်ဘူး၊ ဒီလူတွေရူးနေတာလား၊ သူတို့ပိုက်ဆံမရှာချင်ကြဘူးလား”

“ဒါက “

လုဖေးက ဦးလေးဖြစ်သူကို မျက်မှောင်ကြုတ်လျက် အမူအယာကို ကြည့်ပြီး မနေနိုင်ပဲ ခပ်တိုးတိုး ပြောလိုက်သည်။

“ငါဒီဆေးရောင်းတဲ့သူတွေဆီက ကြားထားတဲ့အတိုင်းဆိုရင် တာဝန်(1:40)တစ်ခုလုံးမှာ ခွေးရိုင်းတွေအများကြီး သေကုန်တယ်တဲ့၊ နောက်ပြီး လင်းတတွေနဲ့လည်း ပတ်သက်နေသေးတယ်”

“ပြောကြတာက လင်းတတွေက ဒီကျွဲသေကောင်တွေကိုစားပြီး အလားတူ ကျောက်ကပ်ပျက်စီးတဲ့ရောဂါကို ခံစားရတဲ့ပုံပဲ၊ သူတို့ပြောတဲ့အတိုင်းဆို တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်၊ တစ်နှစ်အတွင်းမှာ သူတို့ရဲ့ ပိုင်နက်နယ်မြေထဲက လင်းတအကောင်ရေ ရာကျော်လောက်ပဲ ကျန်တော့တယ်”

“ဒီအတွက်ကြောင့်ပဲ ဒီဆေးကိုbanတာလေ၊ ရှာတွေ့တာနဲ့ ထောင်ကျမယ်တဲ့”

“ဘာ”

လော့ရှင်းကောက သူ၏မျက်နှာကို ပွတ်သည်။ သူက မုတ်ဆိတ်မွေးကို တစ်ချက်သပ်ရင်း အော်လိုက်သည်။

“ဒါတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ၊ အသုံးမကျတဲ့ နတ်ငှက်လား ဘာလား၊ ငါက သူတို့စားဖို့ ကျွဲသေကောင်တွေပေးတာ ဘာများမှားလို့လဲ”

“တစ်ချိန်လုံး အမှိုက်စားနေတဲ့ ကောင်တွေက မသေမှပဲ ထူးဆန်းနေမှာ”

“ဒီရက်အတွင်းမှာ ရာသီဥတုက ပိုပြီး အေးလာပြန်ပြီ၊ မြန်မြန်သွားပြီး ကျွဲတွေကို နောက်ထပ် ရေနည်းနည်းလောက် ထပ်ထိုးလိုက်ဦး”

ထိုသို့ပြောပြီးနောက် လော့ရှင်းကော၏ မျက်လုံးက သုန်မှုန်သွားသည်။

“ငါတို့တွေ ဒီကိစ္စပြီးတဲ့အထိ စောင့်ရမယ်၊ အဲဒီနောက် ကျွဲကို ရောင်းလိုက်မယ်၊ နောက်ပိုင်းလည်း ကျွဲတွေ ထပ်မွေးမနေတော့ဘူး၊ သောက်ကျိုးနည်းတွေ”

“ဒီရက်ပိုင်းတွေမှာ ပိုက်ဆံရှာဖို့ တော်တော်လေးခက်လာတယ်၊ တချို့သားရဲတွေအတွက်နဲ့ ငါတို့လူတွေရဲ့အသက်က အရေးမကြီးတော့ဘူး”

“ငါတခြားဆေးကို ပြောင်းသုံးပြန်ရင်လည်း ရလဒ်က နှေးပြီး ဈေးကကြီးတဲ့အပြင် ဘာအကျိုးအမြတ်မှတောင် မရနိုင်တော့ဘူး”

“အား မင်းကျွဲသွားရောင်းတဲ့အခါ ရေထိုးသွားဖို့ မမေ့နဲ့ဦး၊ ဒီတစ်ကြိမ်မှာ ကျွဲရဲ့ကိုယ်ထဲကို ရေ၅၀kgလောက် ထည့်ထိုးသွားလိုက်၊ ဘာပဲဖြစ်ဖြစ် ဒီကျွဲက ရောင်းမှာပဲလေ၊ ငါတို့ဆီမှာလည်း နေမှာမှမဟုတ်တာ၊ ကိစ္စမရှိဘူး”

“အား”

ထိုစကားကို ကြားသောအခါ လုဖေး၏မျက်နှာက ပျက်ယွင်းသွားသည်။

“ဦးလေး ကျွဲတွေကို ဒီလိုလုပ်ပြီး ရောင်းတာက တော်တော်လေးဆိုးတယ်နော်၊ တစ်ယောက်ယောက်တွေ့သွားခဲ့ရင် ငါတို့...”

“ပေါက်ကရတွေ ပြောမနေနဲ့”

လော့ရှင်းကောက သူ၏နောက်ဘက်ရှိ စားပွဲကို ဖြန်းခနဲရိုက်ပြီး ကျိန်ဆဲသည်။

“မင်းက ရူးနေတာ၊ အရောင်ကျဆေးနည်းနည်းလောက် ကြိုတိုက်ထားပြီးမှ ခဏစောင့်ပြီး ရေထိုးလိုက်၊ အဲဒီအခါ ကျွဲက ဘာခံစားချက်မှ ရှိတော့မှာမဟုတ်ဘူး၊ အလေးချိန်တဲ့ အချိန်ထိ တောင့််ခံနိုင်ရင်ပြီးတာပဲ”

“ကောင်းပါပြီ”

“နောက်ကျနေပြီ ၊ သွား ကျွဲကို သွားပြန်ခေါ်လာခဲ့”

သူက အရှေ့ဘက်မှ ရေခွက်ကို ယူပြီး နွားနို့အရက်ကို တစ်ငုံတည်းနှင့် ကုန်အောင်သောက်လိုက်သည်။ လော့ရှင်းကောက သူ၏ကုတ်အင်္ကျီကို ဝတ်လျက် လှည်းအမိုးလိုက်ကာကို ဖွင့်ကာ အပြင်ဘက်သို့ ထွက်လိုက်သည်။

“ဒီလိုလုပ်ရင် တစ်ခုခုတော့ ပြန်ခံရမှာပဲ”

အနောက်မှ လုဖေးက လေသံခပ်တိုးတိုးဖြင့်ပြောပြီး အနောက်မှလိုက်ထွက်လိုက်သည်။

......။

“လောင်လော့ကပဲ တိဗက်နွားလားအဖြူတွေကို မွေးတာလေ”

ဆုပိုင်က လာမားအိုကြီးနှင့် တခြားသော ကလန်ခေါင်းဆောင် အဖွဲ့ဝင်များနှင့်အတူ ဂျစ်ကားထဲတွင် ထိုင်နေသည်။

တပိုင်နှင့် တိဗက်အိမ်စောင့်ခွေးကလည်း အမိုးပေါ်တွင် လှဲနေလေသည်။

အရှေ့မှ လမ်းညွှန်၏ မိတ်ဆက်ပေးသော စကားများကို နားထောင်ပြီး လူတိုင်းက ခေါင်းညိတ်နေကြသည်။ သားဖောက်သောနေရာက တစ်နေရာတည်းသာ ရှိလျှင် စစ်ဆေးရန် လွယ်ကူသွားပေမည်။

သို့ရာတွင် ဆုပိုင်ကလည်း လင်းတများကို ရှာရန် အလွန်ခက်ခဲနိုင်ကြောင်း နားလည်နေသည်။ အလွန်ကံကောင်းနေခြင်းမရှိသမျှ ကျယ်ပြောသော နှင်းတောထဲမှ အမဲသားစားတတ်သည့် လင်းတတချို့ကို ရှာဖွေရခြင်းက အရူးတစ်ယောက်၏ ရှေ့ပြေးကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ပို၍ဆိုးသည်မှာ လင်းတအများစုက သေသွားပြီဖြစ်သည်။ ပို၍များပြားသော လင်းတများသာ သေသွားခဲ့လျှင် သူတို့က တူညီသော အကောင်များ၏ အလောင်းများကို ပြန်စားမိလျှင်......။

“ဒီနှစ်ယောက်က နာမည်တော့မကောင်းဘူး၊ သူတို့တွေက သူတို့မွေးထားတဲ့ ကျွဲတွေအပေါ်လည်း အရမ်းရက်စက်တာ၊ အချိန်တိုင်းလိုလို ကြာပွတ်နဲ့ ရိုက်နေတာပဲ၊ ဒါပေမဲ့ ငါကြားထားတဲ့အတိုင်းဆို သူတို့က ဒီကျွဲကို ရောင်းတော့မှာ”

လမ်းညွှန်က ဒီနယ်သားဖြစ်သည်။ ဒီအနီးနားရှိ ကြီးမားသော တိဗက်နွားလယ်သမားတစ်ယောက်လည်း ဖြစ်သည်။

“ဒီတိဗက်နွားအဖြူက ရှားပါးတယ်ဆိုပေမဲ့လည်း မွေးဖို့တအားခက်တယ်၊ နောက်ပြီး ရောင်တတ်တဲ့ ရောဂါတွေဖြစ်ဖို့လည်း တအားလွယ်တာ၊ ဒါကြောင့် ငါအစပိုင်းမှာ လောင်လုံ့ကို သတိပေးခဲ့ပါသေးတယ်၊ အဆုံးမှာတော့ ဆေးဖိုးနဲ့တင် ပိုက်ဆံပြန်ကြေမှာမဟုတ်ဘူးလေ”

“ဒါပေမဲ့ သူက သူ့မှာနည်းလမ်းရှိတယ်လို့ပြောတယ်၊ ဒါကြောင့် မကြောက်ဘူးတဲ့လေ”

“ဟင်”

ဆုပိုင်က ထိုစကားကို ကြားသောအခါ ကြောင်တောင်တောင်ဖြစ်သွားသည်။

လောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့သည့် ဖြစ်ရပ်တစ်ခုကပင် သူ၏စိတ်အတွင်းထဲ ဝင်လာခဲ့သည်။ အကြောင်းပြချက်ကသာ ထိုကိစ္စဖြစ်နေခဲ့လျှင် မတော်တဆမှု မဟုတ်နိုင်တော့ချေ။ ဒါက တိဗက်တာဝန်တစ်ခုလုံး၏ ဝန်းကျင်ဒေသကို ဖျက်ဆီးနိုင်နေသေးသည်။

ကျွီ။

ဂျစ်ကားက လူသူရှင်းလင်းသော မြက်ခင်းလွင်ပြင်တစ်နေရာ၏ အရှေ့ဘက်သို့ ရပ်တန့်သွားသည်။

လမ်းပြက ကားထဲမှအရင်ထွက်လိုက်ပြီး အဝေးတစ်နေရာမှ လူနှစ်ယောက်ကို လက်ရမ်းနှုတ်ဆက်သည်။

“လောင်လော့ “

“ဟေးဒါက ကျာ့ဟာမဟုတ်လား၊ မင်းငါ့ရဲ့နေရာကို လညဖို့ ဘယ်လိုများအားသွားတာလဲ”

အသားမည်းမည်း ပိန်ပိန်ပါးပါး သက်လက်ပိုင်းလူတစ်ယောက်က လက်ထဲမှ ပစ္စည်းများကို ချလျက် အနားသို့ ပြုံးရင်းလျှောက်လာသည်။

“မင်းကို တွေ့ချင်တဲ့သူတွေရှိလို့ ရောက်လာတာလေ၊ ဒါက ဘုရားကျောင်းက ကောင်းကင်မြှုပ်နှံခြင်းဆရာသခင်ပဲ၊ သူက မင်းကိုမေးစရာရှိလို့တဲ့”

ထိုစကားကို ကြားပြီးနောက် လောင်လော့က မျက်မှောင်ကြုတ်လိုက်ကာ ရှေ့မှ လာမားအိုကြီးကို ကြည့်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူပြောသော စကားကိုလည်း ရှင်းရှင်းလင်းလင်း ကြားခဲ့သေးသည်။ သူတို့ပေးသောဆေးက လင်းတများကို သတ်နိုင်သည်။

ပို၍ဆိုးသည်မှာ ကောင်းကင်မြှုပ်နှံခြင်း ဆရာသခင်က တိဗက်နယ်မြေတွင်ဆိုလျှင် အဆင့်အတန်း အလွန်မြင့်သည်။ သာမန်လူများအနေနှင့် သူ့ကိုတွေ့ရန်မဆိုထားဘိ ကိုယ်တိုင်ကိုယ်ကျ လာရောက်ရန်ပင် ခက်ခဲသေးသည်။ ထိုကိစ္စက လင်းတများနှင့် ပတ်သက်နေနိုင်၏။

လောင်လော့ကစိတ်ထဲတွင် တွေးရင်း သတိအပြည့်ကပ်ကာ ပြုံးလျက်ပြောလိုက်သည်။

“ဆရာသခင်က ဘာများမေးချင်တာရှိလို့လဲ”

“ငါတို့က ဒီအတိုင်း ကျွဲတွေမွေးဖို့ပဲ ကြိုးစားနေတာပါ၊ ဘုရားကျောင်းကိုလည်း တစ်ခါမှ မရောက်ဖူးပါဘူး”

“ဟေး ဘာလုပ်တာလဲ”

ထိုအချိန်တွင် ထိုလာမားအိုကြီး၏ ဘေးနားမှ လူငယ်လေးတစ်ယောက်က သူတို့နေသော တဲထဲသို့ တိုက်ရိုက်ဝင်သွားကြောင်း မြင်လိုက်သဖြင့် လောင်လော့ကလည်း အနားသို့ ခပ်မြန်မြန်သွားခေါ်ရန် ကြံစည်လိုက်သည်။

“အူး”

ရုတ်တရက် အနောက်ဘက်မှ ကြီးမားသော ပန်ဒါကြီးတစ်ကောင်က ခုန်ထွက်လာပြီး သူ့ကိုမြေပြင်သို့ တွန်းလှဲသည်။ လက်သည်းတစ်စုံကလည်း ကျွမ်းကျင်စွာဖြင့် သူ၏ခါးပတ်ထံ ရောက်လာသည်။

ဘိ။

ထို့နောက် လော့ရှင်းကောက မှင်တက်သွားသည်။ လေအေးက ကြက်ပေါက်လေးကို တဝှီးဝှီးဖြတ်တိုက်လာသလို တစ်ကိုယ်လုံးက တုန်ယင်သွားလေသည်။

သောက်ကျိုးနည်း ဒါက ဘာလဲ။

သူက အင်္ကျီ၅ထပ် ဝတ်ထားသည်။ အောက်ခံနှင့်ဆိုလျှင် ၆ထပ်ဖြစ်သည်။

ဒါကို တစ်သုတ်တည်းနဲ့ ဖြဲလိုက်တာလား။

“ဝုတ်”

တပိုင်၏ ကျွမ်းကျင်သော ပုံစံကို မြင်သောအခါ တိဗက်အိမ်စောင့်ခွေးကလည်း တဝုတ်ဝုတ်ဟောင်ရင်း လော့ရှင်းကောပေါ် ခုန်တက်ကာ မြေပြင်တွင် ဖိထားသည်။

ဗြိ ဗြိ ဗြိ။

တစ်ခါတည်းနှင့် လော့ရှင်းကော၏ကုတ်က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။

“မင်းတို့ ဘာလုပ်တာလဲ”

လော့ရှင်းကောက ဒေါသတကြီးအော်သည်။ မြေပြင်မှ ပျက်ယွင်းနေသော မျက်နှာနှင့် ထရပ်သည်။ ထို့နောက် ရှေ့မှလူကို အော်ကာပြော၏။

“ငါက ဒီတိုင်း ကျွဲတွေပဲ မွေးတာပါ၊ ဘာစည်းမျဥ်းကိုမှလည်း မဖောက်ဘူး၊ မင်းတို့က ဘာလုပ်တာလဲ”

“ဒါနဲ့လေ”

ရုတ်တရက် နောက်ဘက်မှ ဒေါသတကြီးအော်သံက ထွက်လာသည်။ ထို့နောက် သူ၏အရှေ့သို့ ဆေးတစ်ဘူးကို ပစ်ချလာသည်။

“ဒါဆိုရင် လုံလောက်သလားလို့ သိချင်မိတယ်”

++++

All Chapters