အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အပိုင်း (115)
“ဒါက ကျွဲအတွက်ဆေးလေ၊ ဘာများမှားလို့လဲ”
လော့ရှင်းကောက အရှေ့မှ လူငယ်ကို ကြည့်လိုက်ပြီး စုတ်ပြတ်နေသည့် အဝတ်အစားများဖြင့် သူ့ကိုယ်သူ အုပ်ထားကာ ရဲဝင့်စွာပြောသည်။
“ဟားဟား”
ဆုပိုင်က သူ့ကိုကြည့်ပြီး ရယ်သည်။ ထို့နောက် အဝေးမှ တပိုင်ကို လက်ရမ်းပြလိုက်၏။ ထိုအခါ တပိုင်က ရွက်ဖျင်တဲထဲမှ စက်တစ်လုံးကို တရွတ်တိုက်ဆွဲလာကြောင်း တွေ့လိုက်ရသည်။
“ဒါက..... “
လမ်းညွှန် ကျာ့ဟာဆိုသူက အရှေ့မှစက်ကို မြင်သောအခါ မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
“သောက်ကျိုးနည်း လောင်လော့၊ မင်းမှာ ဒီလိုစက် ဘာလို့ရှိနေတာလဲ”
“မင်း တကယ်ကို....”
“ထွက်သွားစမ်း”
“ငါတို့ မင်းတို့ကို မကြိုဆိုဘူး”
ရှိနေကြသော လူတိုင်းက သက်ရှိလူများဖြစ်သည်။ တိဗက််နယ်မြေတွင် အိမ်ထောင်စုတိုင်းလိုလို ထိုတိဗက်နွားလားမျိုးကို မွေးမြူကြသည်။
ထို့ကြောင့် လူတိုင်းကလည်း တစ်ချက်ကြည့်ရုံဖြင့် သူတို့ရှေ့မှ ပစ္စည်းကို သိကြသည်။ ဒါက ကျွဲကို ရေထိုးသော ပစ္စည်းဖြစ်သည်။
သို့ရာတွင် သူတို့၏ တိဗက်နယ်မြေတွင် ကျွဲများက သူတို့ကို အစားအစာပေးသော အထွတ်အမြတ် တိရိစ္ဆာန်ဖြစ်သည်။ ထိုနွားလားများကို မွေးမြူသောအခါ သူတို့၏ ဘဝအခြေအနေက ကောင်းသထက်ကောင်းလာသည်။
သို့သော် သူတို့၏အရှေ့မှ တစ်စုံတစ်ယောက်က ကျွဲကိုရေထိုးသည့် စက်ကို ဝယ်ထားမည်ဟု မထင်ထားမိချေ။
ဒါဟာ ဝယ်သောသူကိုပင် လှည့်စားရန်နည်းလမ်းသာ မဟုတ်သေးချေ။ တချို့သော သူများဆို ကျွဲ၏ကိုယ်ထဲသို့ ရေကို ၂၀၀ kgခန့်အထိ ထိုးတတ်သည်။ အလေးချိန် ချိန်နေသည့် အချိန်တွင်ပင် ကျွဲက နာကျင်လွန်းသဖြင့် ပေါက်ကွဲမတတ် ပြင်းထန်သည့်ဒဏ်ကို ခံစားရလေသည်။
“ငါ....”
လောင်လော့၏ မျက်နှာထားက ပျက်သွားသည်။ သူက အရှေ့မှ ကျာ့ဟာကို ခပ်မြန်မြန်တွန်းလိုက်ပြီး နောက်သို့လှည့်ကာပြေးသည်။
“တပိုင်”
ဆုပိုင်က အော်သည်။
ပန်ဒါကြီးက မြေပြင်တွင် ပျင်းတိပျင်းရွဲ လှဲနေရာမှ ခပ်မြန်မြန် ထလိုက်ပြီး ပါးစပ်ထဲမှ ဝါဂွမ်းသားဘောင်းဘီကို ထွေးထုတ်လိုက်သည်။ ထို့နောက် နောက်မှ ခပ်မြန်မြန်လိုက်၏။
အချိန်အတန်ကြာပြီးနောက်.....။
ရွက်ဖျင်တဲအတွင်းတွင်။
ဆုပိုင်က သူ၏အရှေ့မှ လာမားအိုကြီးကို ကြည့်ပြီး ဘေးဘက်မှ ဆေးဘူးများစွာကို ပြကာ အေးစက်သော လေသံနှင့် ရှင်းပြသည်။
“ဆရာသခင် ဒါတွေက နတ်ငှက်တွေ သေသွားတဲ့ကိစ္စနဲ့ ပတ်သက်တယ်”
“ဒီဆေးရဲ့နာမည်က ဒိုင်ကလိုဖီးနက်တဲ့၊ ကျွဲတွေ နာကျင်မှုကို ခံစားရတဲ့အခါ ကုသတဲ့ အရောင်ကျဆေးပေါ့၊ ဒါပေမဲ့ ဒီဆေးက ပိတ်ပင်ထားတာ ကြာပြီ”
“ငါတို့သိထားတဲ့အတိုင်းပဲ ဒီနတ်ငှက်တွေက တောင်ပေါ်ဒေသတစ်ခွင်အနှံ့ ပျံသန်းသွားလာရင်း အမျိုးမျိုးသော အသေကောင်တွေရဲ့ အလောင်းတွေကို အစာအဖြစ် စားသုံးတယ်”
“ဒါလည်း ဟုတ်တယ်”
ကျာ့ဟာကလည်း ခေါင်းညိတ်သည်။
“ဒါကြောင့် ကျွဲတွေ သေသွားတဲ့အချိန်မှာ ငါတို့က မြှုပ်နှံမနေဘဲနဲ့ တောင်ပေါ်ဒေသမှာ ဒီတိုင်းပစ်ထားတာပေါ့၊ ဒါက နတ်ငှက်တွေကို ကျွေးတာလေ၊ ဒါပေမဲ့ ငါတို့က ကျွဲတွေကို အရောင်ကျဆေးတွေ သုံးလေ့ရှိပါတယ်၊ ဒါပေမဲ့ နတ်ငှက်တွေက အခုလိုမျိုး ဖြစ်သွားတာမျိုးကို မမြင်ဖူးပါဘူး”
“ဒါက ကံကောင်းလို့ပဲ”
ဆုပိုင်က သူတို့ကို ကြည့်ရင်းပြောသည်။
“ငါတို့က အချိန်မီ ရှာတွေ့ခဲ့တယ်၊ အဲဒီနောက် ကံကောင်းတာက ဒီတစ်ကြိမ် ဆေးထိုးခံရတာက နွားလားအဖြူတွေဖြစ်နေတယ်၊ နွားလားအုပ်ကြီးတစ်အုပ်သာ အဲဒီလိုကြီး ဖြစ်နေခဲ့မယ်ဆိုရင် တော်တော်လေး ဒုက္ခများမှာပဲ”
“နတ်ငှက်တွေက အသေပုပ်ကောင်တွေကို စားပြီး သာမန်တိရိစ္ဆာန်တွေက အစာမခြေနိုင်တာတွေကို စားသုံးပေမဲ့ သူတို့မှာ အားနည်းချက်တစ်ခုရှိတယ်၊ ဒါက သူတို့က ဒီဒိုင်ကလိုဖီးနက်ကို အစာမခြေနိုင်ဘူး၊ ဒါကြောင့် အလွန်အကျွံစားသုံးမိလိုက်တာနဲ့ ကျောက်ကပ်က ခပ်မြန်မြန် ပျက်စီးပြီး သေဆုံးရတာပဲ”
“အရေးအကြီးဆုံး ကိစ္စကတော့ ဒီဆေးက ကျွဲရဲ့ ကိုယ်ထဲမှာ အချိန်အကြာကြီး နေနိုင်တယ်”
“ဒီအတွက်ကြောင့်ပဲ မြှုပ်နှံခြင်း နယ်မြေမှာ နတ်ငှက်တွေ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျပြီး သေဆုံးကုန်တာပေါ့၊ သူတို့က ဒီဆေးသုံးထားတဲ့ အဲဒီ တိဗက်နွားလားအဖြူတွေကို စားခဲ့လိမ့်မယ်၊ ဒါကြောင့်ပဲ အဲဒီလို သေသွားတာပဲ၊ အဲဒီနောက်တော့.......”
“ဟူး”
ကောင်းကင်မြှုပ်နှံခြင်း ဆရာသခင်က မျက်လုံးကို မှေးကျဥ်းလိုက်ရင်း အသက်ပြင်းပြင်းရှူသည်။ သူက လက်နှစ်ဖက်ကို ပူးကပ်လျက် ဆုပိုင်ကိုကြည့်ပြီး ဂါရဝပြုသည်။ ထို့နောက် လေးနက်သော လေသံဖြင့်ပြောသည်။
“ကျေးဇူးတင်ပါတယ် ဆုပိုင်”
“ဒီကိစ္စက ငါတို့ တိဗက်နယ်မြေတစ်ခုလုံးရဲ့ တာဝန်ပျက်ကွက်မှုပါပဲ၊ ဒါပေမဲ့ ဒီဆေးကို ပိတ်ပင်ထားတယ်ဆိုကတည်းက ဒီနှစ်ကောင်က ဘယ်နေရာက ရတာလဲ”
“ဒါကြောင့်ပဲ ငါတို့ အတည်ပြုပြီး သေချာကိုင်တွယ်သင့်တာ”
“ဒီဆေးတွေက အာစန်တိုင်းပြည်က ဖြစ်လောက်တယ်၊ ဒါပေမဲ့ ဒီကိစ္စအတွက် ပြည်နယ်အစိုးရကိုလည်း ဆက်သွယ်ရမယ်၊ အထွတ်အမြတ် နတ်ငှက်တွေအတွက် လုံခြုံတဲ့ နေရာတစ်ခု ရှိနေစေဖို့ ဒီဆေးတွေကို ပြင်းပြင်းထန်ထန် တားမြစ်ရမယ်”
ဆုပိုင်က ဘေးဘက်တွင် လှဲနေသော တပိုင်၏ နဖူးကို အသာပွတ်သပ်ရင်း လေးနက်သောလေသံဖြင့် ဆက်ပြောသည်။
“အာစန်တိုင်းပြည်ကလည်း ဒီဆေးကြောင့် ဆိုးရွားတဲ့ အခြေအနေကို ကြုံတွေ့ခံစားရမှာကို စိုးရိမ်မိတယ်”
“ငါတို့ကလည်း ဒီတိုင်း ဆက်ဖြစ်စေလို့မရဘူး”
“ဘယ်လိုရှာဖွေစစ်ဆေးမလဲဆိုတော့ ပြည်နယ်အစိုးရတဲ့ ပူးပေါင်းပြီး လယ်သမားတွေသုံးတဲ့ ဆေးတိုင်းကို လိုက်စစ်ကြရမှာပဲ၊ ဖမ်းမိတာနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်၊ ဒီလိုဆိုရင် သူတို့ကြောက်ရွံ့သွားပါလိမ့်မယ်”
ဆုပိုင်က စကားကို အဆုံးသတ်အောင်ပြောရန် မလိုအပ်ချေ။
မြေကမ္ဘာခေတ်တွင်ဆိုလျှင် အာစန်တိုင်းပြည်က ဆိုးရွားသော အခြေအနေကို ခံစားခဲ့ရရုံတင် မဟုတ်ခဲ့ချေ။
လယ်သမားများက ဈေးပေါမှုကို လောဘကြီးပြီး ယခုလို ပိုးသတ်ဆေးမျိုးကို အသုံးပြုခဲ့သည်။ ထို့ကြောင့် နယ်မြေတစ်ခုလုံးရှိ လင်းတတိုင်းက အလုံးအရင်းဖြင့် သေဆုံးသွားခဲ့သည်။
နောက်ဆုံးတစ်ခေါက်ကဆိုလျှင် ထိုတစ်တိုင်းပြည်လုံးတွင် လင်းတအကောင်ရေ ရာဂဏန်းခန့်သာ ကျန်ရစ်ခဲ့သည်။
သို့သော် ထိုကိစ္စကလည်း ထိုနယ်မြေတစ်ခုလုံး၏ ဇီဝဗေဒ ဝန်းကျင်တစ်ခုလုံးကို လျင်မြန်စွာ ဆိုးရွားပျက်စီးသွားစေခဲ့သည်။
တောထဲတွင် ရှိသည့် အလောင်းအပုပ်ကောင်များကိုစားသော လင်းတများ မရှိတော့သောအခါ လူသားများကလည်း အချိန်မီသွားရောက်ရှင်းလင်းနိုင်ခြင်း မရှိတော့သောအခါ လေလွင့်တိရိစ္ဆာန်များက ထိုအလောင်းကောင်များကို စားသည်။ ထိုသို့ဖြင့် ခွေးရူးပြန်ရောဂါက အလုံးအရင်းဖြင့် ထွက်ပေါ်လာခဲ့သည်။
အတိတ်တွင် အာစန်တိုင်းပြည်တွင် နှစ်တိုင်းလိုလို ခွေးရူးပြန်ရောဂါကြောင့် သေသောလူက သောင်းကျော်ရှိသည်။ ထို့ကြောင့် လောကတစ်ခုလုံးနှင့်ယှဥ်သော် သုံးပုံတစ်ပုံခန့်နီးပါး ဆုံးရှုံးပျက်စီးမှု ရှိနေခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် တရားခံက တစ်ဘူးလျှင် ဒေါ်လာအနည်းငယ်သာ ပေးရသော ထိုဆေးဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအချိန်ကဆိုလျှင် အာစန်တိုင်းပြည်ရှိ လင်းတများက အကောင်ရေသုံးရာပင် မရှိတော့ချေ။ ထိပ်တန်းအဆင့် သားဖောက်သော ဓာတ်ခွဲခန်းများကပင် နောက်ကျသွားခဲ့သည်။
လင်းတများက တစ်နှစ်လျှင် ဥတစ်ဥသာ ဥသည်။ ထို့အပြင် ကြီးပြင်းရန် အချိန်အတန်ကြာ ယူရသေးလေသည်။
ဆုပိုင် ရောက်ရှိလာခြင်း မရှိခင်ကဆိုလျှင် အာစန်တိုင်းပြည်ရှိ လင်းတများ၏ အရေအတွက်က မများပြားလာသေးပေ။ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း နှစ်တိုင်းလိုလို ခွေးရူးပြန်ရောဂါကြောင့် သေဆုံးနေရသေးသည်။
ဒါက ဝမ်းနည်းစရာပဲလို့ပဲ ပြောရမယ်။
သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဓာတုဗေဒ အေးဂျင့်များကို အသုံးပြုခြင်းက လူတို့ဖန်တီးသည့် အချို့သောနေရာများကို ယာယီအားဖြင့် ဖြေရှင်းပေးနိုင်သည့်တိုင်အောင် အနာဂတ်မှ လူများအတွက် ကပ်ဘေးအခြေအနေတစ်ခုကို ပုံမှန်ပြသနေခြင်း ဖြစ်နေသေးသည်။ ထို့အပြင် အပင်များပင်ဖြစ်စေ ဝန်းကျင်ကိုဖြစ်စေ သတ္တဝါတိုင်းကိုဖြစ်စေ သေသေချာချာ တွေးတောလျက် သတိကပ်ကာ စောင့်ကြပ်နေသင့်လေသည်။
“ကောင်းပြီ ငါတို့ အစိုးရကို အမြန်ဆုံး ဆက်သွယ်ပြီး ဒီကိစ္စကို ဆောင်ရွက်လိုက်မယ်”
ကောင်းကင်မြှုပ်နှံခြင်းဆရာသခင်က တလေးတစား ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ ဒီတစ်ကြိမ်မှာ နတ်ငှက်ကို ကုသနိုင်ဖို့ အခွင့်အရေးရှိမလားတော့ မသိဘူး၊ တူညီတဲ့ အကောင်တွေရဲ့ အလောင်းတွေကို ပြန်စားမိသွားရင် အလောင်းတွေပိုများမလာနိုင်ဘူးလား”
“ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် အဆုံးသတ်မဲ့တဲ့ စက်ကွင်းကြီး ဖြစ်နေတော့မှာပဲ”
“ဟူး”
ဆုပိုင်ကလည်း အသက်ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော လေသံဖြင့်ပြောသည်။
“နတ်ငှက်က စားဖို့လာတယ်ဆိုကတည်းက အသေကောင်တွေနဲ့ စောင့်နေရမှာပဲ၊ သူတို့တွေကို ဖမ်းပြီး ကုသနိုင်မယ်ဆိုရင်တော့ အဆင်ပြေမှာပါ၊ ဒါပေမဲ့ ဖမ်းနိုင်ပါမယ်လို့ အာမမခံနိုင်ဘူး၊ ဒါပေမဲ့ ငါကြိုးစားကြည့်ပါမယ်”
“တိုက်တိုက်ဆိုင်ဆိုင် ငါရဲ့နေရာမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သေသွားတဲ့ နွားရှိနေတယ်၊ ငါအခုချက်ချင်း ယူလာခဲ့ပေးမယ်”
ထိုစကားကို ကြားသောအခါ ကျာ့ဟာက ချက်ချင်းထရပ်ပြီး ဆုပိုင်ကို ပြောသည်။
“ဒီနှစ်ယောက်ကို ဘယ်လိုလုပ်မလဲ”
“နတ်ငှက်ကို ပြစ်မှားမိခဲ့တဲ့အတွက် သူတို့ကို ဂူဘုရားကျောင်းကို ပို့ပြီး အပြစ်ပေးသင့်တာ၊ ဒါပေမဲ့ အစိုးရဌာနတွေကိုပဲ ပို့လိုက်ရအောင်”
ကောင်းကင်မြှုပ်နှံခြင်း ဆရာသခင်က လက်ကိုရမ်းလိုက်ပြီးပြောသည်။ သူက မောပန်းသွားပုံပေါ်သည်။
“ဒီနှစ်ယောက်ကို ဘယ်တော့မှ တိဗက်နယ်မြေကို ပြန်ဝင်ခွင့်မပြုဘူး”
လော့ရှင်းကောနှင့် လော့ဖေးတို့ကို ခေါ်ဆောင်သွားစေပြီးနောက် ဆုပိုင်က တဲထဲမှ ထွက်ကာ အထက်ရှိ ကောင်းကင်ဘက်သို့ ကြည့်သည်။ သူက မနေနိုင်ဘဲ သက်ပြင်းချမိသည်။
ဒီတာဝန်က အောင်အောင်မြင်မြင် ပြီးမြောက်သွားပါစေလို့ မျှော်လင့်ရတာပဲ။
သို့မဟုတ်လျှင် တိဗက်နယ်မြေတစ်ခုလုံးက အာစန်တိုင်းပြည်ရှိရာကို နင်းမိပေလိမ့်မည်။
“အူး”
“ကောင်လေး မင်း အဲဒီကောင်ကို နာကျင်အောင် လုပ်ရဲတယ်ဆိုမှတော့ ငါမင်းကို ငါ့ရဲ့ ညီငယ်လေးအဖြစ် အသိအမှတ်ပြုလိုက်မယ်”
ဝက်ဝံကြီးက မြေပြင်တွင် ထိုင်နေရင်း အဝေးရှိ တိဗက်နွားလားဖြူကြီးကို ကြည့်ကာ တိဗက်အိမ်စောင့်ခွေး၏ နဖူးကို အသာပွတ်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်....။
ဆုပိုင်က ကျွဲအုပ်လိုက်သဖြင့် ထွက်ပြေးနေရသော အကောင်နှစ်ကောင်ကို ကြည့်ကာ နှုတ်ခမ်းများ ကွေးသွားလေသည်။
++++
116 01
အပိုင်း (116)
[သက်ရောက်မှုက ဒီလောက်ထိ ကြီးမားသွားမယ်လို့ မထင်ထားဘူး]
[ဟုတ်တယ် ၊ ငါတင်ဆက်သူ ရှင်းပြတာကို နားထောင်နေရင်းနဲ့ တိရိစ္ဆာန်အမျိုးအစား တစ်မျိုးကို ဆုံးရှုံးရတာက ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းတဲ့ အကျိုးဆက်တွေ ရှိစေနိုင်တာကို နားလည်လိုက်တယ်]
[တွေးကြည့်ရုံနဲ့တင် တော်တော်လေး ကြောက်ဖို့ကောင်းနေပြီ၊ ဒီဆေးတစ်ပုလင်းက တိရိစ္ဆာန်ပေါင်းများစွာကိုတောင် ဒီလိုမျိုး သွယ်ဝိုက်ပြီး သတ်နိုင်သေးတယ်၊ နောက်ပြီး လူသားတွေတောင် ပါတယ်]
[ဒါက အကျိုးဆက်အတိုင်း ပြန်ခံရတာ ဖြစ်နေမှာကိုပဲ စိုးရိမ်မိတယ်၊ လောဘနည်းနည်းအတွက်ကြောင့်နဲ့ ဒီလောက်ထိ အကျိုးဆက်က ကြီးမားသွားတယ်၊ ငါတို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သုံးသပ်သင့်တယ်]
[တိရိစ္ဆာန်တွေကို ပြန်လည်ကယ်ဆယ်သွားပြီးတဲ့နောက်မှာ ဒီလိုအခြေအနေမျိုးတွေ ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်]
[တိရိစ္ဆာန်တွေ မျိုးတုန်းသွားပြီးတဲ့နောက် လူသားတွေက ရှင်သန်ဖို့အတွက် ရုန်းကန်လာရတယ်၊ စက်မှုနယ်မြေအသိုင်းအဝိုင်းတိုင်းက ပြိုပျက်လုနီးပါးပဲ၊ သူတို့ကလည်း ဒီဆိုးရွားတဲ့ အကျိုးဆက်ဒဏ်တွေကို ပြန်ခံနေရတာလေ၊ ဒါကြောင့် ဘယ်သူကမှ မရင်းနှီးရဲလောက်ဘူးလို့ ယူဆတယ်]
[တင်ဆက်သူကလည်း ဒီလင်းတတွေကို အောင်အောင်မြင်မြင်နဲ့ ကယ်ဆယ်နိုင်လောက်မှာပါ]
.......။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိနေတဲ့ မိတ်ဆွေများအားလုံးက ဆုပိုင်တို့၏ နောက်မှလိုက်ကာ အဖြူရောင်နွားလားများကို မွေးမြူထားသော နေရာသို့ ရောက်သွားသည်။
အမှန်တရားကို သိပြီးနောက် အားလုံးက တိတ်ဆိတ်နေခဲ့ကြသည်။
တိရိစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်သွားခြင်း မရှိခင်က လူသားများက ယခုလိုအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရမည့် အခိုက်အတန့်ကိုပင် စိုးရိမ်မိသေးသည်။
ကိစ္စပေါင်းများစွာ ယခုလိုနည်းတူ ဖြစ်သွားခဲ့လျှင် သူတို့ကို ဆုံးရှုံးရသည့်အခါ ကိုယ့်အပြစ်ကိုယ်နားလည်ပြီး သုံးသပ်သင့်ပေသည်။ တချို့သော အရာများကို ပြန်လည်ရရှိအောင် ကြိုးစား၍ ရသည်။ တချို့သော အရာများကမူ ထာဝရ ဆုံးရှုံးရတတ်လေသည်။
”အူး”
တပိုင်က သူ၏ဗိုက်ကို အုပ်ထားရင်း ရွက်ဖျင်တဲထဲရှိ စားပွဲလေးကိုမှီကာ ဆက်တိုက်အော်နေသည်။
သဘောကျစရာပဲ။
ငါ့ရဲ့အရသာခံနိုင်စွမ်းအားသာ ပြောင်းလိုက်။ မမျှော်လင့်ထားဘဲ ဒါကတော်တော်လေး စားလို့ကောင်းတယ်။
”ဂလု”
သူက လျှာကိုထုတ်လျက် သူ၏အရှေ့မှ ဖြူဖွေးနေသော နို့အရက်ကို မော့သောက်လိုက်သည်။ တပိုင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားပြီး မြေပြင်ပေါ်သို့ လှဲချလိုက်သည်။
နောက်တစ်ကြိမ်ကျရင် ငါဒီဒါရိုက်တာနဲ့ သေချာပေါက် လိုက်လာဦးမှာပါ။
မမျှော်လင့်ထားဘဲ ဒီလိုတာဝန်တွေလုပ်တာက ဒီလိုကောင်းကောင်းဆက်ဆံခံရနိုင်တာလား။
မျှစ်များက သူအကြိုက်ဆုံး စားစရာဖြစ်နေသေးသော်လည်း....အမဲသားကလည်း အရသာရှိသည်။
”အူး”
”မဟုတ်သေးပါဘူး ငါနည်းနည်းလောက် ထပ်စားနိုင်သေးတယ်”
မြေပြင်ကို အားယူကာ ပြန်လည်ကုန်းထသည့် တပိုင်က ခပ်ယိုင်ယိုင်အနေအထားမျိုးနှင့် သူ၏လက်နှစ်ဖက်ကိုသုံးကာ အရှေ့မှ နံရိုးတစ်ခုကို ကောက်ယူသည်။ ထို့နောက် လျှာကို ထုတ်ပြီး လျက်သည်။
”ပလပ် ပလပ် ပလပ်”
”ဒီလိုအရသာကိုး”
”မင်းစားနိုင်သေးတာလား”
ဆုပိုင်က သူ၏အရှေ့မှ ကောင်ငယ်လေး၏ ပုံစံကို မြင်သောအခါ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လျက် ဆူပူလိုက်မိသည်။
”မင်းရဲ့ဗိုက်ကို ကြည့်ဦး၊ ထိန်းထားနိုင်သေးလို့လား”
ထိုစကားကို ကြားပြီးနောက် တပိုင်က ကြောင်သွားသည်။ ထို့နောက် ဆုပိုင်ကို နားမလည်သလို ကြည့်သည်။ သူက မျက်လုံးက်ိုတစ်ချက် အလုပ်ပေးပြီးနောက် သူ၏ဘေးနားမြေပြင်ပေါ်တွင် လှဲနေသည့် တိဗက်အိမ်စောင့်ခွေးကို မြင်သွားသည်။ သူ၏မျက်ဝန်းက ချက်ချင်းဆိုသလို တောက်ပသွားလေသည်။
”အူး”
”ငါက မစားချင်ပါဘူး၊ ဒီတိုင်း ငါ့ရဲ့ညီငယ်လေးအတွက်လေ”
116 02
သူက ထိုသို့ပြောပြီး ငိုက်မြည်းနေသည့် တိဗက်အိမ်စောင့်ခွေးကို သူ၏ဆီများပေနေသည့် လက်ဖြင့် တစ်ချက်ပုတ်လိုက်သည်။ သူ၏ပါးစပ်ထဲမှ နံရိုး၏ အသားများကို ကိုက်ထားလိုက်ရင်း အရိုးကိုမူ အိမ်စောင့်ခွေးရှေ့သို့ ပစ်ပေးလိုက်သည်။
သူက ကြီးမားလုံးဝိုင်းသည့် မျက်လုံးကြီးကို တစ်ဖျတ်ဖျတ် ခတ်နေရင်း သူအသစ်စက်စက်ရထားသည့် ညီငယ်လေးကို ရင်းနှီးကျွမ်းဝင်သော အမူအယာမျိုးဖြင့် ကြည့်နေလိုက်သည်။
”ဟီးဟီး”
”မင်းဗိုက်မပြည့်သေးဘူးလား၊ ကောင်းပြီလေ၊ နောက်ထပ်တစ်ရိုး ထပ်ပေးရတာပေါ့”
ထိုသို့ပြောပြီး သူက လက်သည်းကို ထပ်ထုတ်ပြန်ကာ နောက်ထပ်ခြေထောက်အရိုးကြီးတစ်ခုကို ယူပြီး စဝါးသည်။
ဆုပိုင်..
”....”
ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ ပါရမီလဲ။ ဒီကောင် အသိစိတ်ဝင်လွန်းနေတာမဟုတ်လား။
ဆုပိုင်ကလည်း စနစ်ထံမှ ကယ်ဆယ်ပြီးသော တိရိစ္ဆာန်တိုင်းက ဉာဏ်ရည်မြင့်မားလွန်းနေကြောင်း သိလိုက်သည်။ သူတို့က လုံးဝကို ပုံမှန်မဟုတ်ချေ။
ထိုအကောင်များ၏ ဉာဏ်ရည်က မြေကမ္ဘာခေတ်တွင် ရှင်သန်နေထိုင်သော အကောင်များထက် အများကြီး ကောင်းမွန်လွန်းနေသည်။
တကယ်လို့ အနာဂတ်မှာ တိရိစ္ဆာန်တွေအများကြီးကို ပြန်လည်ကယ်တင်ပြီးသွားတဲ့အခါ သူတို့အားလုံးက ဒီလောက်ထိ ဉာဏ်ရည်မြင့်နေကြရင် လူသားတွေကတော့ တော်တော်လေးကို ပျော်ရွှင်ရတော့မှာပဲ။
မည်သို့ပင်ဆိုစေ ထိုအကောင်များက အတိတ်မှ တိရိစ္ဆာန်များလောက် ပြောရဆိုရ မလွယ်ချေ။
အနည်းဆုံး သူတို့က ကြမ်းတမ်းခြင်းမရှိကြချေ။ ထိုတိရိစ္ဆာန်များက သူတို့၏ ဦးနှောက်ကို အသုံးပြုနိုင်ကြသည်။
သို့ရာတွင် တိရိစ္ဆာန်ရုံတွင် ပြဿနာတစ်ခု ရှိနေသေးသည်။ ဒါက တပိုင်၊ ပျားရည်ခွေးတူဝက်တူနှင့် ရွှေမြွေကဲ့သို့သော သတ္တဝါမျိုးက တစ်ကောင်တည်းသာ ရှိနေသည်။ ထို့ကြောင့် အနာဂတ်တွင် မျိုးပွားရန် ပြဿနာဖြစ်လာနိုင်သည်။
မည်သို့ပင်ဆိုစေ အပိုင်းအစတာဝန်တစ်ခုချင်းစီတိုင်းက ကယ်ဆယ်ခွင့်တစ်ကြိမ်သာ ရလေသည်။
”တင် host မစိုးရိမ်ပါနဲ့”
ရုတ်တရက် စနစ်၏အသံက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
”မင်းက တိရိစ္ဆာန်ရုံက ဒီတိရိစ္ဆာန်တွေကို သားဖောက်တဲ့တာဝန်ထဲကို ခေါ်သွင်းသွားလို့ရပါတယ်၊ အကောင်ပေါက်လေးတွေ မွေးဖွားလာတဲ့အခါ စနစ်ကလည်း ဒီကောင်လေးတွေကို အလိုအလျောက် တိရိစ္ဆာန်ရုံထဲကို ပို့ဆောင်ပေးမှာပါ”
”ဟင်”
ဆုပိုင်၏ မျက်နှာအမူအယာက ပြောင်းလဲသွားသည်။
ဒီလိုဆိုရင် ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းပြီးသား ဖြစ်သွားပြီ။ ဒါပေမဲ့ ဒီတာဝန်က အနည်းငယ် မခက်နေနိုင်ဘူးလား။
မည်သို့ပင်ဆိုစေ ဆုပိုင်ကလည်း အကြိမ်တိုင်းလိုလို တူညီသော တိရိစ္ဆာန်များနှင့် ကြုံတွေ့ရနိုင်ချေရှိမရှိ မသေချာပေ။
အထူးသဖြင့် ပန်ဒါကြီးဖြစ်သည်။
ဒီကောင်က အထီးဖြစ်ရုံတင်မဟုတ်သေးဘူး။ သူ့ကို မိတ်ရှာပေးဖို့တောင် မလွယ်ဘူး။
အလွယ်ကူဆုံးအကောင်ကမူ ရွှေမြွေဖြစ်နိုင်သည်။
”သေစမ်း ဒါပေမဲ့ ဒါက အမလေ”
ဆုပိုင်က မနေနိုင်ဘဲ သက်ပြင်းချသည်။ သူက ခြေထောက်ကိုမြှောက်လျက် တပိုင်ကို တစ်ချက်ကန်သည်။ ထိုအကောင်က သူ့ကိုလက်ညှိုးထိုးလာသည်။
”ဟ”
တပိုင်က မြေပြင်မှ ကုန်းထရင်း ခေါင်းထိုးပေးလာသည်။
”ငါမင်းကို ပန်ဒါအမလေး ရှာပေးမယ်၊ ဘယ်လိုထင်လဲ”
”ဟေး”
တပိုင်က မျက်လုံးပြူးသွားပြီး မြေပြင်မှ ခုန်ထသည်။
ဘာကိုဆိုလိုတာလဲ။
ဘာကို ဘယ်လိုထင်လဲဆိုတာလဲ။
ပန်ဒါအမဟုတ်လား။
ဒါဆိုရင် သစ်ပင်တွေပေါ်က မရှက်တတ်တဲ့ အဲဒီမျောက်တွေလိုလား။
ဒီလိုဆိုမှတော့.......။
အူ့ သူတအားရှက်တာပဲ။
တပိုင်က သူ၏ဝက်ဝံလက်သည်းကို အမွေးများဖြင့် တစ်ချက်သုတ်လိုက်ပြီး ဆုပိုင်၏ ဘေးနားသို့ ခပ်မြန်မြန်ပြေးလာသည်။ ထို့နောက် အော်သည်။
”ဘယ်အချိန်လဲ၊ ဘယ်တော့လဲ၊ ဘယ်လောက်စောင့်ရဦးမှာလဲ”
116 03
သူက သူ၏ဗိုက်ကို တစ်ချက်ငုံ့ကြည့်ပြီး နာကြည်းသလိုပြောသည်။
”ငါအဲဒီမျောက်တွေ တစ်ချိန်လုံးလှဲနေတာကို မြင်ခဲ့ပါတယ်......”
”ငါ့ရဲ့ဗိုက်က တအားကြီးလွန်းနေတာ၊ အဆင်မပြေမှာတောင် စိုးရိမ်ရတယ်၊ ဝိတ်ချလိုက်ရမလား”
”ဖြန်း”
ဆုပိုင်က ထိုအကောင်၏ခေါင်းကို တစ်ချက်ပိတ်ရိုက်လိုက်ပြီး သူ့နဖူးကို အုပ်ကာပြောသည်။
”ကလေးတွေကတော့ ဉာဏ်ရည်သက်ရောက်မခံရလောက်ပါဘူးနော်”
ပန်ဒါတွေက ဘယ်လိုသားဖောက်တာလဲ။
သူဒါမျိုးကို မမြင်ဖူးဘူး။
........။
နောက်တစ်နေ့မနက်စောစောတွင်။
လူတစ်အုပ်က ထူထဲသော ကောက်ရိုးများ အပြည့်ခင်းထားသည့် အလွန်နက်သောတွင်းထဲတွင် ပုန်းနေကြသည်။ ကောက်ရိုးများ၏ အစွန်းနားတွင် အသေကောင်အနက်ရောင်နွားထီးအလောင်းက ရှိနေသည်။
”မစိုးရိမ်နဲ့၊ နတ်ငှက်က စားသောက်တဲ့အချိန်မှာ အရမ်းသတိကြီးတာ၊ ဒီတော့ စောင့်ဆိုင်းဖို့လိုအပ်တယ်”
ဆုပိုင်ကလည်း သူ၏အရှေ့မှ ကောင်းကင်မြှုပ်နှံခြင်းဆရာသခင်က ခေါ်လာသည့် အကူများကို ကြည့်လိုက်ကာ ခပ်တိုးတိုးပြောသည်။
”ငါတို့ ချက်ချင်းထွက်သွားရင် နတ်ငှက်က ချက်ချင်းပျံတက်သွားနိုင်သေးတယ်၊ အဝေးကို ပျံသွားတဲ့အခါ သူတို့အတွက် ရုန်းကန်ရလိမ့်မယ်”
”ဒါက ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ”
”အချိန်ကျလာတဲ့အခါ ငါတို့က အဝေးဆုံးထိ ရောက်နိုင်တဲ့ ပိုက်ကွန်ကို တိုက်ရ်ိုက် ဆွဲလိုက်မယ်၊ မင်းတို့ထဲက တစ်ယောက်က ဘယ်တစ်ယောက် ညာတစ်ယောက်စီသွားပြီး ကြိုးကိုဆွဲကြ”
ထို့နောက်သူက တပိုင်၏ နဖူးကို ပုတ်သည်။
”အူး”
”ငါနားလည်ပါတယ်”
တပိုင်က သူ၏နဖူးကို ပွတ်ရင်း နာကြည်းမှုအပြည့်ဖြင့် ပြန်ဖြေသည်။
သူက စိတ်အေးသွားသလို သက်ပြင်းချပြီး မြေပြင်တွင်လှဲကာ တဖြည်းဖြည်းချင်း အိပ်သည်။
မနေ့ညက ငါပုံသဏ္ဍာန်တွေအားလုံးကို စဥ်းစားကြည့်ပြီးပြီ။ ငါ့ရဲ့ဗိုက်က တော်တော်လေးကို ပြဿနာဖြစ်နိုင်တယ်။
အဲဒီမျောက်တွေက တစ်ခါတလေဆိုရင် အပေါ်မှာ၊ တစ်ခါတလေဆိုရင် အောက်မှာ။
မဟုတ်သေးပါဘူး။
ငါတပိုင်က ဒီနေ့ကစပြီး ဝိတ်စလျှော့မယ်။
”ဟေး”
ရုတ်တရက် ခေါင်းအထက်မှ ကျယ်လောင်သော စူးရှသည့် အော်သံကို ကြားလိုက်ရသည်။ လူတိုင်းကလည်း မော့ကြည့်လိုက်ကြပြီး ကြောင်အသွားကြသည်။
လင်းတတွေ လာနေပြီ။
ဆုပိုင်က ခေါင်းမော့ကြည့်သည်။ သူက မြက်ခင်းများ၏ အဟကြားမှတစ်ဆင့် အပြင်ဘက်သို့ ကြည့်သည်။
ကောင်းကင်တွင် ပျံသန်းနေသော လင်းတများက များသည်။ သူတို့၏ ပျံသန်းနိုင်သော စွမ်းရည်ကို သုံးသပ်ကြည့်ပုံအရ ထိုလင်းတများက ထိုနေ့က ကောင်းကင်မြှုပ်နှံခြင်း သင်္ချိုင်းတွင် ပါဝင်ခဲ့သည့်အကောင်များ ဖြစ်နိုင်သည်။ သို့သော် အရေအတွက်က အများကြီး နည်းသွားသည်။
ကျန်တဲ့အကောင်တွေ သေသွားမှာကိုတောင် စိုးရိမ်ရတယ်။
”အလျင်စလို မလုပ်ကြနဲ့၊ သူတို့တွေ အောက်ကိုဆင်းလာပြီး စားသောက်နေတဲ့ လမ်းတစ်ဝက်လောက်ရောက်မှ ငါတို့ထွက်ကြမယ်”
ဆုပိုင်က လူတိုင်းကို တည်ငြိမ်သော မျက်နှာထားမျိုးဖြင့် သတိပေးလိုက်သည်။
သူတို့ ဒီတာဝန်ကို အောင်မြင်ခြင်းရှိမရှိက ထိုလင်းတများကို ဖမ်းနိုင်ခြင်း ရှိမရှိဆိုသည့် ကိစ္စအပေါ် မူတည်နေလေသည်။
+++++
117 01
အပိုင်း (117)
”ဘိ”
သူ၏ခေါင်းအထက်မှ ကြားနေရသည့် ဟီးသံများကြောင့် ဆုပိုင်က တဖြည်းဖြည်းချင်းထရပ်လိုက်သည်။ ထို့နောက် ခေါင်းအထက်မှ မြက်ခြောက်များကို ဖယ်သည်။
လင်းတတစ်အုပ်က နွားလားအလောင်းကို ဝိုင်းနေကြပြီး အသွေးအသားများကို ဆုတ်ဖြဲကာ စားနေကြသည်။
”ရှူး”
”ဖြည်းဖြည်းချင်းထွက်”
သူက သူ၏အနောက်မှ အကူအညီလေးယောက်ကို သတိပေးလိုက်သည်။ ဆုပိုင်က သူ၏လက်နှစ်ဖက်ဖြင့် မြက်ခြောက်များကို ဘေးသို့ တွန်းဖယ်လိုက်ရင်း တဖြည်းဖြည်းချင်း ကုန်းထွက်လိုက်သည်။
ဘိ။
လင်းတတစ်ကောင်က အသွေးအသားများပါသည့် တစ်တုံးကို ကောက်ဝါးလိုက်ပြီး လည်တိုင်ကိုမြှောက်ကာ တစ်လုတ်တည်း မြိုချသည်။ သူ၏မျက်လုံးများက တစ်ဖက်သို့ ရောက်သွားသည်။ ရုတ်တရက် သူ၏အမူအယာက တောင့်ခဲသွားသည်။
”ဝူး”
စူးရှသော အော်သံနှင့်အတူ လင်းတပေါင်းများစွာက ခေါင်းကိုမော့ကာ ဘေးဘက်ရှိ တွင်းထဲမှ ကုန်းတက်လာသည့် လူသားကို ကြည့်ကြသည်။
”မဟုတ်ဘူး”
ဆုပိုင်က ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ သူ၏အနောက်ဘက်မှ အော်သံနှင့်အတူ သူက ဘေးဘက်ခြမ်းရှိ ပိုက်ကွန်ရှိရာဘက်သို့ ခပ်မြန်မြန် ပြေးသွားလိုက်သည်။
”ဟူး ဟူး ဟူး ဟူး”
လင်းတတစ်အုပ်ကလည်း တောင်ပံကို ရူးသွပ်စွာ ခတ်ကြရင်း နွားအလောင်းပေါ်နားကြသည်။ ထို့နောက် ဆုပိုင်ရှိရာဘက်သို့ ဆက်တိုက်အော်နေသည်။
သာမန်အခြေအနေမျိုးတွင် လင်းတများက ပြိုင်ဘက်ကင်းသည်ဟု ယူဆရသည့် ပြိုင်ဘက်ကို မတွေ့သမျှ တော်ရုံတန်ရုံ ထပျံလိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူတို့အတွက် အစာရှာရ ခက်လေသည်။
တိဗက်နယ်မြေများတွင် အချိန်က ပိုကောင်းသည်။ အာဖရိကန်ကုန်းမြေတွင်သာဆိုလျှင် သူတို့နှင့်ယှဥ်ပြိုင်မည့် တိရိစ္ဆာန်ပေါင်းများစွာ ရှိနေလောက်သေးသည်။
ဝိုး။
ကြီးမားသော ပိုက်ကွန်ကြီးကို လူပေါင်းများစွာက ရုတ်တရက် ဆောင့်ဆွဲလိုက်သောအခါ လင်းတတိုင်းက ပိုက်ကွန်ထဲတွင် မိသွားသည်။
ရုန်းကန်နေသော လင်းတများကို မြင်သောအခါ ဆုပိုင်၏ မျက်လုံးများက နောက်ဆုံးတွင် တည်ငြိမ်သွားပြီဖြစ်သည်။
ယခုအခါ သူလုပ်ရမည့်တာဝန်က ထိုလင်းတများ၏ ကိုယ်ထဲတွင် ရှိနေသည့် ထိုဆေး၏ ဓာတ်က စံချိန်ကို ကျော်လွန်ခြင်း ရှိမရှိကိုသာ စစ်ဆေးရမည်ဖြစ်သည်။
ထိုအချိန်တွင် တပိုင်က တွင်းထဲမှ လှမ်းအော်နေသည်။
သူ၏လက်သည်းနှစ်ဖက်ကို ဆန့်ထုတ်ရင်း ဖင်ကိုမြှောက်လျက် ရုန်းကန်နေသော်လည်း သူက ထိုတွင်းထဲမှ ရအောင်မတက်နိုင်ချေ။
ဒါက သိပ္ပံနည်းမကျဘူး။
သေစမ်း သူခုန်ချနိုင်တယ်လေ။ ဘာလို့ ပြန်မတက်နိုင်တာလဲ။
”ဝူး ဝူး”
”ဒါရိုက်တာ ဘေဘီ့ကို လာခေါ်ဦး”
သူက တွင်းအပြင်ဘက်တွင် ရပ်နေသည့် ဆုပိုင်ကို လှမ်းအော်သည်။ တပိုင်က သူ၏ ဝက်ဝံလက်နှစ်ဖက်ကို ဆန့်ထုတ်ပေးသည်။
လူသုံးယောက်လောက်က ဝိုင်းကာ သူ့ကို ပွေ့ဖက်ရင်း ဆွဲတင်လိုက်မှသာ တပိုင်က အပြင်ဘက်သို့ ရောက်သွားသည်။
ထို့နောက် လင်းတများကို စမ်းသပ်စစ်ဆေးမှုကို စတင်ရသည်။
”ဝုန်း”
ခေါင်းဆောင်လင်းတက သူ၏ပါးစပ်ကို လှုပ်လျက် ဆုပိုင်ကို ခပ်ကြမ်းကြမ်းလှမ်းဆိတ်၏။
ဘန်း။
သို့သော် ဘေးဘက်တွင် လှဲနေသော တပိုင်က ခပ်မြန်မြန် ခုန်ပြေးထွက်လာပြီး သူ့ကို မြေပြင်ပေါ်သို့ ဖြတ်ရိုက်လိုက်ကာ မေ့သွားစေသည်။
အချိန်အတန်ကြာပြီးနောက်.....။
”ဟူး”
117 02
ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချသည်။ ကိုယ်ထဲတွင် ဆေးအနည်းငယ် ကျန်ရစ်နေသေးသော်လည်း ကံကောင်းစွာဖြင့် မသေနိုင်ပေ။
ထိုလင်းတများအနေဖြင့် ထိုဆေးများအားလုံးကို ပြန်လည်စွန့်ထုတ်ရန် အချိန်တစ်ခု ယူရနိုင်သည်။ သို့ရာတွင် လင်းတများက တောင်ပေါ်ဒေသအတွက် အလွန်အရေးကြီးသည်။ သူက အားလုံးကို ခေါ်သွားခဲ့လျှင် အများကြီး သက်ရောက်မှု ရှိသွားနိုင်သည်။
ဆုပိုင်က အချိန်အတန်ကြာ စဥ်းစားပြီးမှသာ တစ်ကောင်ကိုသာ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ယခု ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင် သားဖောက်သည့် နည်းလမ်းက ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သက်ရောက်မှုအများကြီး မရှိနိုင်ပေ။
အရေးအကြီးဆုံးအချက်ကမူ ကောင်းကင်ပြာတိရိစ္ဆာန်ရုံထဲတွင် တစ်ကောင်ထက်ပိုသော လင်းတများကို ကျွေးစရာ အသေကောင်ပုပ်မရှိနေခြင်းဖြစ်သည်။
ဂရုတစိုက် စဥ်းစားဆင်ခြင်ပြီးနောက် ဆုပိုင်က လင်းတအမတစ်ကောင်ကိုသာ ကြိုးဖြင့်ချည်လိုက်သည်။ ကျန်သောလင်းတများအားလုံးကို လွှတ်ပေးလိုက်၏။
”တင် လင်းတကယ်ဆယ်ရေး အပိုင်းအစတာဝန်က ပြီးမြောက်သွားပါပြီ”
”တင် လင်းတကယ်ဆယ်ရေး အောင်မြင်သွားတဲ့အတွက် အရှိန်နှုန်းတစ်မှတ် ပေါင်းထည့်ပေးလိုက်ပါတယ်”
”စနစ်က hostကို ပြန်လည်ပို့ဆောင်ပါတော့မယ်၊ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ပိတ်လိုက်ပါပြီ”
”အူး”
သူက အောက်သို့ ဆင်းလိုက်သည့် တစ်ခဏတွင် တပိုင်ထံမှ အော်သံကို ကြားရသည်။ ထို့နောက် တပိုင်က ဆုပိုင်ကို မြေပြင်ပေါ်သို့ ပစ်လှဲလိုက်ရင်း အပေါ်တွင် တက်ထိုင်သည်။
”ဖယ်စမ်း”
သူက ထိုအကောင်ကို ခန္ဓာကိုယ်မှ တွန်းဖယ်ချရင်း ထရပ်လိုက်သည်။
ကံကောင်းသည်မှာ သူဟာ တိရိစ္ဆာန်ရုံထဲသို့ ရောက်လာခဲ့သည်။
”ဘိ”
လင်းတကလည်း တောင်ပံကို တဖျတ်ဖျတ်ခါလျက် အဝေးရှိ ကျောက်သားပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ သူ၏ မယဥ်ပါးသော မျက်ဝန်းတစ်စုံက ပန်းခြံထဲရှိ လူများကိုကြည့်သည်။
”ဒီကောင့်ကို စောင့်ကြည့်ထား၊ ငါပြောတာ ကြားလား”
သူက ရွှေသိမ်းငှက်ကို အမိန့်ပေးလိုက်ပြီးနောက် ရုံးခန်းထဲသို့ ဝင်လိုက်သည်။ သူက အနည်းငယ် နွမ်းနယ်နေသည်။
သူအမြန်ဆုံး နားရမယ်။
ဒီတစ်ခေါက်ရတဲ့ အံ့အားသင့်မှုအမှတ်က တော်တော်လေးများတယ်ဆိုတော့ သူညကျရင် နောက်ထပ်တာဝန်တစ်ခုကို ထပ်လုပ်နိုင်လောက်တယ်။
ထို့အပြင် ဒီတစ်ကြိမ်တွင် mallထဲတွင် တခြားသော သားရဲအသစ်များကလည်း ပေါ်လာသည်။ ထို့ကြောင့် သူက အချိန်တစ်ခုကြာသည်အထိ ငှက်များကိုသာ ကိုင်တွယ်ရန် မလိုအပ်တော့ချေ။
ပြောရလျှင် ပျံသန်းနိုင်သော ငှက်များ၏ တာဝန်က အတော်လေးခက်သည်။ သူတို့က ပျံနိုင်သည်။ ဆုပိုင်က မပျံနိုင်ပေ။ သူတို့ကို ကယ်ဆယ်ရန်ပင်ဖြစ်စေ နောက်မှလိုက်သွားရန်ပင်ဖြစ်စေ ခက်ခဲလွန်းနေသေးသည်။
ဆုပိုင်က ရုံးခန်းထဲသို့ ဝင်လိုက်ပြီးသည့်အချိန်တွင်....။
တပိုင်က ရွှေသိမ်းငှက်နှင့် လင်းတကို တစ်ချက်ကြည့်လိုက်သည်။ ထိုနှစ်ကောင်က အချင်းချင်း စကားပြောနေကြသည်။ အထူးသဖြင့် ရွှေသိမ်းငှက်၏ တောင်ပံပေါ်မှ တောက်ပလွန်းသော ရွှေတံဆိပ်ကို မြင်ရချိန်တွင် သူ၏နှုတ်ခမ်းများက အထင်သေးသလို လှောင်ပြုံးပြုံးလိုက်သည်။
ဟွန့် ဘာများ ထူးခြားနေလို့လဲ။
ဒီတိုင်း ဆိုးရွားတဲ့ အနိမ့်စားbrandတစ်ခုပဲ မဟုတ်လား။ အနှေးနဲ့အမြန် ငါ့မှာလည်း အဲဒီလိုတစ်ခု ရလာလိမ့်မယ်။
သူက ဖင်ကိုခါပြီး သူ၏ပန်ဒါဥယျာဥ်သို့ သွားလိုက်သည်။
”ကွိကွိကွိ”
ထိုအခါ မော့ကြည့်လိုက်သောအခါ မျောက်ဘုရင်က မျောက်မလေးနှင့် ဖက်နေကြောင်း မြင်လိုက်ရသည်။
”အူး”
”ဆင်းလာခဲ့ ဆင်းလာခဲ့ ငါမင်းကို ပြောစရာရှိတယ်”
တပိုင်က သူ၏ဝက်ဝံလက်ကို တစ်ချက်ရမ်းလျက် လှမ်းအော်လိုက်သည်။
မျောက်ဘုရင်က တပိုင်ကို တစ်ချက်ကြည့်သည်။ ထို့နောက် ထိုမျောက်မလေးကို ဘေးသို့ဖယ်လိုက်ရင်း အောက်သို့ ခုန်ဆင်းလာသည်။
ဘန်း။
သူက အောက်သို့ဆင်းလိုက်သည့် တစ်ခဏတွင် တပိုင်က သူ၏ဝက်ဝံလက်သည်းကို သုံးပြီး သူ့ကို ထိန်းချုပ်လိုက်သည်။ ထို့နောက် အသံကို တိုးကာပြောသည်။
”နောက်လှည့်ပြီး ကုန်းလိုက်”
”......”
ဘာလုပ်မလို့လဲ။
မျောက်ဘုရင်၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ အထူးသဖြင့် ပန်ဒါကြီး၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို မြင်လိုက်ရချိန်တွင် ဖြစ်သည်။ သူက နောက်လှည့်လိုက်ပြီး ရှက်ရွံ့စွာ ကုန်းလိုက်သည်။
ဘန်း။
ထိုသို့ဖြင့် ဝက်ဝံကြီးက သူ၏ကိုယ်ပေါ် တက်ဖိထိုင်သည်။
ဝေါင်း။
”ဒီဗိုက်က တော်တော်လေးကို ကြီးလွန်းနေတယ်”
117 03
ပန်ဒါဝက်ဝံကြီးက မြေပြင်ပေါ်တွင် ထိုင်နေရင်း မျောက်ဘုရင်၏ခြေထောက်ကို ကိုင်ကာ နောက်သို့ တရွတ်တိုက် ဆွဲခေါ်သည်။
”မြေပြင်မှာ လှဲနေလိုက်၊ ခြေထောက်ကို မြှောက်ထား”
”ကွိ”
”မဟုတ်ဘူး ခေါင်းဆောင်ပိုင် ဘာလုပ်မလို့လဲ”
မျောက်ဘုရင်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။ ထိုထဲတွင် ကြောက်ရွံ့မှုလည်းပါ၏။
ဖြန်း။
သူက နဖူးကို တစ်ချက်ဖြတ်ရိုက်လိုက်သည်။ တပိုင်က ဒေါသတကြီးအော်၏။
”ဘာတွေပေါက်ကရ လာပြောနေတာလဲ၊ ငါလေ့ကျင့်ခန်းလုပ်ဖို့ စဥ်းစားကြည့်တာ”
”အူး”
”ခေါင်းဆောင်ပိုင်က တကယ်ပဲ ဝိတ်ချမလို့လား”
အချိန်အတန်ကြာပြီးနောက် တပိုင်က သစ်ပင်အောက်တွင် တိတ်တဆိတ် ထိုင်နေသည်။ သူက အရှေ့မှ မျှစ်များကို ကြည့်သည်။ ထို့နောက် အတွေးနက်သွားသည်။
ပုံစံမှားနေတာလား။
မဖြစ်နိုင်ဘူး။ မျောက်တွေအားလုံးက ဒီလိုပဲ......။
နောက်ပြီး ဝိတ်ချရမှာက တော်တော်လေးကို ရင်နာဖို့ကောင်းတယ်။
ဂျွတ်။
သူက မျှစ်တစ်ချောင်းကို ယူပြီး တစ်ကိုက်ကိုက်သည်။
ကောင်းပြီ အရင်ဆုံး ဗိုက်ပြည့်အောင် စားထားလိုက်မယ်။ ဗိုက်ပြည့်နေမှ ဝိတ်ချဖို့ အားရှိမှာ။ ဟုတ်ပြီ အရင်ဆုံး ဗိုက်ပြည့်အောင် စားပြီးမှပဲ ဝိတ်ချတာပေါ့။
”ဟင်”
တပိုင်က သူ၏ဗိုက်ပူပူဗိုက်ကို စိုးရိမ်နေချိန်တွင် ဆုပိုင်ကမူ အိပ်ရာတွင် လှဲလျက် အရှေ့မှ စနစ်၏ ဇယားကို ကြည့်ရင်း အံ့အားတကြီး အော်လိုက်မိသည်။
တိရိစ္ဆာန်အပိုင်းအစ mallထဲတွင် အထူးဈေးနှုန်းနှင့် အပိုင်းအစများက ပေါ်လာသည်။ ပို၍ဆိုးသည်မှာ အလွန်အမင်း ရှားပါးသည့် မျိုးတုန်းပျောက်ကွယ်သွားသည့် တိရိစ္ဆာန်ဖြစ်သည်။
အံ့အားသင့်မှုအမှတ်က ထင်သလောက် မနည်းသော်လည်း ဒီတာဝန်ကိုမူ ပြီးမြောက်အောင် လုပ်နိုင်မည်ဆိုလျှင် ပန်းခြံအသစ်တစ်ခုကို ဖွင့်နိုင်ပေလိမ့်မည်။
သို့သော် လက်ရှိအခြေအနေအရ အတော်လေး ခက်နိုင်သည်။
”တင် host ဒီအထူးတိရိစ္ဆာန်အပိုင်းအစ တာဝန်တွေက တော်တော်လေးကို ခက်ခဲတဲ့နေထိုင်မှု ဝန်းကျင်ကို ကြုံတွေ့နေရတဲ့ တိရိစ္ဆာန်တွေနဲ့ ပတ်သက်နေတယ်”
”ဒီတာဝန်ရဲ့ ခက်ခဲမှုက နှစ်ဆဖြစ်သွားတယ်၊ ဒါပေမဲ့ ပြီးမြောက်အောင်မြင်သွားတာနဲ့ စနစ်က အဲဒီတိရိစ္ဆာန်နဲ့ ပတ်သက်တဲ့ ပန်းခြံတစ်ခုကို အလိုအလျောက် တည်ဆောက်ပေးမှာပါ”
ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲတွင် စနစ်မှ အသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
”ကောင်းပြီလေ ပိုလာဝက်ဝံအပိုင်းအစကိုပဲ လဲလှယ်လိုက်တာပေါ့”
++++++