အခန်း (၁၁၈-၁၂၀)
Vol. 8 Ch. 118-120
အပိုင်း (118)
“ဟူး”
ဆုပိုင်က လေပူများကို မှုတ်ထုတ်လိုက်ပြီး လှေငယ်လေးပေါ်တွင် တိတ်တဆိတ်သာ ထိုင်နေသည်။ ထိုလှေငယ်က ပင်လယ်ထဲတွင် မြောနေခြင်း ဖြစ်သည်။ အားလှိုင်းများ၏ သယ်ဆောင်မှုကိုခံလျက် အဝေးရှိ ရေခဲကွင်းသို့ တဖြည်းဖြည်းချင်း ရွေ့နေလေသည်။
ဒီတစ်ကြိမ် စနစ်က လူသားဆန်သည်ဟု စဥ်းစား၍ရသည်။ ပေါ်လာသောနေရာက ပင်လယ်ဖြစ်သည်။ သို့သော် ကံကောင်းသည်မှာ သူဟာလှေငယ်လေးပေါ်တွင် ဖြစ်နေသည်။ သို့မဟုတ်လျှင် မြစ်ထဲသို့ တိုက်ရိုက်ကျသွားခဲ့ပါက.....။
သူ၏အရှေ့မှ ရေခဲတုံးလေးများစွာကို ကြည့်ရင်း ဆုပိုင်က မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကြုတ်နေမိသည်။
ရေခဲအားလုံးနီးပါးက အရည်ပျော်တော့မည်ဖြစ်သည်။ ကျန်သော ရေခဲများကလည်း စတင်ကာ အရည်ပျော်နေသည်။ ရေစပ်များကလည်း စမ်းချောင်းများကဲ့သို့ ပင်လယ်ထဲသို့ စီးဝင်နေသည်။
ဒါက တစ်ချိန်က အာတိတ်တော့ မဟုတ်လောက်ပါဘူး။
သူအချိန်မကူးပြောင်းခင်က အာတိတ်မှ ရေခဲတုံးများက ဆက်တိုက် အရည်ပျော်နေသော်လည်း ယခုလောက်အတိုင်းအတာထိတော့ မဟုတ်သေးချေ။ ဒီနေရာကမူ အလုံးစုံ အရည်ပျော်လုနီးပါးဖြစ်နေသည်။ ဒီနေရာမှ သတ္တဝါများကမူ......။
ဆုပိုင်က မျက်မှောင်ကြုတ်ပြီး ဆက်တွေးသည်။
[ပိုလာဝက်ဝံဟုတ်လား၊ ငါပထမဦးဆုံးအကြိမ် တင်ဆက်သူက ဆက်တိုက် တိုက်ရိုက်ထုတ်လွှင့်တာကို မြင်ဖူးတာပဲ၊ နာမည်ကို နားထောင်ကြည့်ပုံအရ ဒီနေရာက မြောက်ဝင်ရိုးစွန်းလား]
[မဟုတ်နိုင်တာ၊ ငါမြောက်ဝင်ရိုးစွန်းကို တီဗွီမှာ မြင်ဖူးပါတယ်၊ အဲဒီမှာ အဆုံးအစမဲ့တဲ့ ရေခဲပြင်တွေချည်းပဲ၊ နောက်ပြီး ဒီနေရာက ဘာရေခဲပြင်မှ မရှိသလောက်ပဲလေ]
[ငါလည်း အဲဲဒီလိုထင်တယ်၊ ဇာတ်ရံပစ္စည်းအတွက် တာဝန်ယူထားတဲ့အသင်းက ပိုက်ဆံပြတ်သွားလို့လား]
[ပေါက်ကရတွေ တင်ဆက်သူက ဒီလိုမြင်ကွင်းမျိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြင်ဆင်ထားတာပဲဖြစ်ရမယ်]
[ဒီနယ်မြေက မြောက်ဝင်ရိုးစွန်းနဲ့တော့ တူတယ်၊ ဒါပေမဲ့ တော်တော်လေးကို လူသူရှင်းလင်းနေတယ်၊ အပူချိန်ကလည်း တော်တော်လေးမဟုတ်သလိုပဲ]
........။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိနေတဲ့မိတ်ဆွေများက ဆုပိုင်၏အရှေ့ အဝေးတစ်နေရာတွင် မြင်နေရသည့် ချောက်ကမ်းပါးများကိုကြည့်ပြီး သူတို့အားလုံးက ဒီနေရာအား စတင်ကာ ဆွေးနွေးနေကြသည်။
ဆုပိုင်က ကောမန့်ကို ကြည့်လိုက်သည်။ ထို့နောက် ကင်မရာကို အဝေးတစ်နေရာရှိ ရေခဲကွင်းများကို ချိန်လျက်ပြသည်။
“အားလုံးပဲ ခန့်မှန်းတာ မှန်ကန်တယ်၊ ဒီနေရာက အာတိတ်နယ်မြေပဲ”
“ဒါပေမဲ့ ဒီအာတိတ်က အဲဒီရေခဲပြင် အရည်ပျော်သွားပြီးတဲ့နောက်က အာတိတ်ပေါ့၊ ဒီတော့ ခြားနားနေတာလေ”
“တိရိစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်သွားခြင်း မရှိခင်က အအေးဒဏ်ခံနိုင်တဲ့ တိရိစ္ဆာန်တွေက ဒီအာတိတ်နယ်မြေမှာ နေထိုင်ကြတယ်၊ အဲဒီကောင်တွေထဲမှာ ငှက်တွေလည်း ပါတယ်၊ ရေထဲမှာနေတဲ့ကောင်တွေလည်းပါတယ်၊ ကုန်းမြေပေါ်က သတ္တဝါတွေလည်း ပါတယ်”
“ငါမင်းတို့ကို ဒီနေ့ပြမှာက အာတိတ်ရဲ့ အရှင်သခင်လို့ လူသိများတဲ့ ပိုလာဝက်ဝံပဲ၊ သူတို့က တော်တော်လေးကို ခက်ထန်ကြမ်းတမ်းတဲ့ ဝက်ဝံတစ်မျိုးပေါ့”
“ဒါပေမဲ့ သူတို့က ဒီအာတိတ်ရဲ့ ရေခဲပြင်ပေါ်မှာ နေထိုင်ကြတဲ့ သတ္တဝါတွေ၊ အခု အားလုံးမြင်တဲ့အတိုင်းပဲ ရေခဲတွေက အရည်ပျော်နေပြီဆိုတော့ ပိုလာဝက်ဝံတစ်ကောင်ကိုတောင်ရှာဖို့ တော်တော်လေး ခက်နေလောက်တယ်”
ဆုပိုင်က ရိုးသားစွာပြောသည်။
“နောက်ပြီး ဒီနေ့အသိုင်းအဝိုင်းရဲ့ အာတိတ်မှာတောင်မှ ရေခဲပြင်တွေက အရည်ပျော်နေပြီမဟုတ်လား၊ ဒါကြောင့် ဒီနေရာက အဲဒီရေခဲပြင်တွေအားလုံး အရည်ပျော်သွားပြီးတဲ့ အာတိတ်လို့ ပြောလို့ရတယ်”
“အာတိတ်က ရေခဲပြင်တွေ အရည်ပျော်နေတာနဲ့ ပတ်သက်တဲ့ သတင်းတွေက ဆက်တိုက်တက်လာသေးတယ်မဟုတ်လား၊ အဲဒီလိုအရည်ပျော်သွားတာက ပင်လယ်ရေကို မြင့်တက်လာစေပြီး ကုန်းမြေကြီးတစ်ခုလုံးက လူသားတွေနေထိုင်တဲ့ နေရာတွေအထိတောင် ကြီးလာစေနိုင်တယ်”
“ငါတို့တွေ....”
သို့သော် သူ၏စကားက မဆုံးသေးခင် ဆုပိုင်က ရုတ်တရက် တောင့်ခဲသွားသည်။
ဘန်း။
လှေက ကြီးမားသော အရိုးဖြူကြီးနှင့် ထိုးမိသွားသည်။ ချောက်ကမ်းပါးအောက်တွင် သိပ်သည်းလွန်းသော အရိုးဖြူများက ပေါ်လာသည်။ မရေမတွက်နိုင်သော အရိုးများကို မျက်စိတစ်ဆုံး မြင်နေရသည်။
“ဟူး”
ဆုပိုင်က လှေပေါ်မှ တဖြည်းဖြည်းချင်းထွက်လိုက်ရင်း ကျောက်သားပေါ်သို့ တက်သည်။ ထို့နောက် အရိုးများ ခင်းထားသလို ဖြစ်နေသည့် နယ်မြေပေါ် နင်းလျှောက်လိုက်သည်။
သူက တစ်ချက်ငုံ့ကြည့်သည်။ ထိုအရိုးများအားလုံးက ပင်လယ်ဖျံများ၏ အရိုးများဖြစ်နိုင်သည်။
118 02
ဂျွတ် ဂျွတ် ဂျွတ်။
အသာအယာသာ နင်းသော်လည်း အရိုးများက ကွဲအက်သွားသည်။
ထိုအကောင်များက သေသည်မှာ ကြာလောက်လေပြီ။ ဆုပိုင်က ခေါင်းကိုမော့ပြီး တစ်ချက်ကြည့်ကြည့်သည်။ ဆွေးမြည့်နေသော အရိုးအပိုင်းအစများ၏ အရေအတွက်အရ အနည်းဆုံး ပင်လယ်ဖျံထောင်ပေါင်းများစွာ သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်။
တခြားစကားဖြင့် ဆိုရသော် ထောင်ပေါင်းများစွာသော ပင်လယ်ဖျံများက ချောက်ကမ်းပါးအောက် ကျောက်သားနားတွင် သေသွားသည်။
ဒါက .....။
ပင်လယ်ဖျံများက ထိုကဲ့သို့သာ ဖြစ်သည်။
သို့သော် ပင်လယ်ဖျံများကိုစားသော ပိုလာဝက်ဝံများ၏ အခြေအနေများကလည်း မကောင်းနိုင်ပေ။
ဆုပိုင်က ထိုအကြောင်းအရာကို ဆက်မတွေးရဲတော့ပေ။
[ဟစ် ဘယ်လိုကြောင့်များ ဒီလိုဖြစ်သွားတာလဲ]
[တိုက်ခိုက်ခံရလို့ဆိုရင်တောင်မှ ဒီလောက်အများကြီး တစ်ခါတည်း သေစရာမလိုဘူးလို့ ထင်တာပဲ ]
[တော်တော်လေးကို အံ့အားသင့်စရာပဲ၊ လူတွေကိုတောင် တုန်ယင်သွားစေတယ်]
[တင်ဆက်သူ ဒါက ဘယ်လိုတိရိစ္ဆာန်လဲ၊ ဘယ်လိုကြောင့်များ ဒီလောက်အများကြီး သေသွားတာလဲ]
.......။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိနေတဲ့မိတ်ဆွေများက အရှေ့မှ မြင်ကွင်းကိုကြည့်ပြီး စိတ်လွတ်သွားကြသည်။
သူတို့အနေဖြင့် ထိုသတ္တဝါတစ်အုပ်၏ ကံကြမ္မာကိုပင် မတွေးဝံ့တော့ချေ။ သူတို့အားလုံးနီးပါးက သေဆုံးသွားခဲ့ရသည်။
ဆုပိုင်က အရိုးများ ပြည့်နှက်နေသော နေရာ၏အလယ်တွင် ရပ်လျက် အောက်ဘက်ရှိ အရိုးများကို ညွှန်ပြလျက်ပြောလိုက်သည်။
“မင်းတို့မြင်ကြတယ်မဟုတ်လား၊ ဒါက ပင်လယ်ဖျံရဲ့ အရိုးပဲ”
“သူတို့ဘယ်လိုသေသွားလဲဆိုတာလား၊ ဒါကတော့ တစ်ချက်ကြည့်လိုက်ရင် မြင်ရမှာပါ၊ အပေါ်ကို ကြည့်လိုက်၊ ဒီချောက်ကမ်းပါးက ဘယ်လောက်မြင့်လဲ၊ အနည်းဆုံး မီတာ၅၀ပဲ”
“သူတို့အားလုံးက အပေါ်ကခုန်ချလို့ သေသွားတာလေ”
ထိုစကားများ ထွက်လာပြီးပြီးချင်း အားလုံးက ကြောင်သွားသည်။
ဘယ်လိုကြောင့်များ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုန်ချရတာလဲ။ တိရိစ္ဆာန်တွေတောင်မှ ဒီလို မလုပ်သင့်ဘူးလေ။
“ဟားဟား”
ဆုပိုင်က ရယ်သည်။ သူ၏မျက်နှာကမူ ပျက်ယွင်းနေသေးသည်။
“တချို့လူတွေကတော့ မယုံကြည်နိုင်သလို ခံစားရလိမ့်မယ်၊ ဒါပေမဲ့ ဒါက အမှန်ပဲ၊ ဒီပင်လယ်ဖျံတစ်အုပ်က ချောက်မ်းပါးပေါ်ကနေ ခုန်ချပြီး သေသွားကြတာ၊ တခြားစကားနဲ့ ပြောရရင် သူတို့က ပင်လယ်ပြင်ထဲကို တိုက်ရိုက်ခုန်ဆင်းချင်လို့ ချောက်ကမ်းပါးကတစ်ဆင့် ခုန်ချကြတာပဲ”
“အဲဒီနောက် အာတိတ်ရေခဲပြင်တွေက အရည်ပျော်နေတာက အခုလို ဖြစ်သွားစေခဲ့တာပေါ့”
“ပင်လယ်ဖျံတွေက ကမ်းပေါ်တက်ခဲတယ်၊ ဘာလို့လဲဆိုတော့ သူတို့က လှုပ်ရှားတာ တအားနှေးတယ်၊ နောက်ပြီး သူတို့မှာ သဘာဝအန္တရာယ်တွေ တအားများတယ်လေ၊ ဒီတော့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့်သာ မဟုတ်ရင် ကမ်းပေါ်တက်ပြီးတော့ သားပေါက်လေ့မရှိဘူး”
“ဒါပေမဲ့.....”
ဆုပိုင်က အဝေးရှိ လူသူကင်းရှင်းသော နယ်မြေကို ညွှန်ပြသည်။ ထို့နောက် မည်းမှောင်နေသော မျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။
“ကြည့်ပါဦး အဲဒီမှာ ရေခဲတွေ ရှိသေးလို့လား၊ ရေခဲကို မပြောနဲ့ ရေခဲပေါ်က နှင်းတွေကိုတောင် မတွေ့တော့ဘူး”
“ပင်လယ်ရေ မြင့်တက်လာတဲ့အခါ ဘယ်လိုဖြစ်လာမလဲဆိုတာကို တွေးတောလို့တောင် မရဘူး၊ ဒီပင်လယ်ဖျံတစ်အုပ်က ပင်လယ်ရေနဲ့အတူလိုက်ပြီး ချောက်ကမ်းပါးထိပ်ကို တက်လာလိမ့်မယ်၊ အဲဒီနောက် ဒီမှာ သားပေါက်မယ်၊ အကောင်ပေါက်လေးတွေက ရေထဲကို ဆင်းနိုင်တဲ့အချိန်မှ သူတို့က ဒီရေခဲပြင်နဲ့အတူ အောက်ကိုဆင်းသွားကြမှာ”
“ဒါပေမဲ့ ဒီပင်လယ်ဖျံတွေက ဒီလိုမျိုး သေသွားရတယ်၊ သူတို့ရဲ့ အကောင်ရေထဲက သုံးပုံတစ်ပုံလောက်ကတော့ အနည်းဆုံး သေဆုံးသွားကြမှာပဲ”
“နောက်ပြီး ခုန်ချတဲ့အခါ အကောင်ပေါက်လေးတွေရဲ့ သေဆုံးနှုန်းက ပိုများနိုင်တယ်”
“တချို့ ပင်လယ်ဖျံတွေကတော့ ကံကောင်းနိုင်ပါတယ်၊ ချောက်ကမ်းပါးပေါ်က ခုန်ချတယ်၊ ဒါပေမဲ့ မသေသွားခဲ့ဘူး၊ လွတ်မြောက်သွားခဲ့တယ်၊ ဒါပေမဲ့လည်း ရေခဲပြင် မရှိတော့တဲ့အခါ နောက်တစ်နှစ်မှာလည်း တူညီတဲ့ ကံကြမ္မာကို ကြုံတွေ့ရမှာပဲမဟုတ်လား”
“ငါမေးပါရစေဦး၊ မင်းတို့ ပထမအကြိမ်မှာ ကံကောင်းသွားတယ်၊ ဒါဆိုရင် ဒုတိယတစ်ကြိမ် ကံကောင်းနိုင်ပါ့မလား”
118 03
ဆုပိုင်က ပြောရင်း ပို၍ပင် စိတ်အားထက်သန်သထက် ထက်သန်လာသည်။ သူက မျက်လုံးကိုမှိတ်ကာ အသက်ပြင်းပြင်းရှူသည်။ ထို့နောက် ကျိုးသွားသော အရိုးတစ်ခုကို အိတ်ထဲသို့ ထည့်လိုက်သည်။
“တိရိစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်သွားခြင်း မရှိခင်ကဆိုရင် ဒီအာတိတ်တစ်ခုလုံးရဲ့ နေထိုင်မှုဝန်းကျင်ပုံစံက အန္တရာယ်အပြည့် ရှိနေပြီးသား၊ တိရိစ္ဆာန်တွေသာ မျိုးတုန်းမသွားခဲ့ရင် အာတိတ်ထဲက သတ္တဝါတွေက အနှေးနဲ့အမြန် ဒီလိုအရည်ပျော်သွားတဲ့ ရေခဲပြင်ကြောင့် သေရဦးမှာပဲ”
“ဒါက လုံးဝကို ဖြစ်လာမဲ့ ကိစ္စလိုပဲ”
အရိုးများပေါ် တစ်လှမ်းချင်း နင်းလျှောက်ရင်း ချောက်ကမ်းပါး၏ တခြားတစ်ဖက်ခြမ်းသို့ သွားသည်။
လမ်းတောက်လျှောက်တွင် မြောက်များလှစွာသော ပင်လယ်ဖျံပေါက်များ၏ အရိုးများကို မြင်ရရုံသာ မကသေးလေဘဲ ငါးအရိုးများကိုလည်း တွေ့ရသည်။
ရေခဲပြင်က အချိန်မီ မရောက်ရှိလာခဲ့သောကြောင့် ထိုငါးများက ပင်လယ်ထဲသို့ မပြန်နိုင်တော့ဘဲ သေဆုံးသွားရခြင်းဖြစ်သည်။
ဆုပိုင်ကလည်း စနစ်က သူ့အား ယခုလို အရည်ပျော်နေသော မြောက်ဝင်ရိုးစွန်းသို့ ပို့လိုက်မည်ဟု မထင်ထားမိချေ။
ဒါဆိုရင် သူသာ အချိန်ခရီးမသွားခဲ့ရင် မြေကမ္ဘာခေတ်ရဲ့ အနာဂတ်က အခုလိုပဲ ဖြစ်လာဦးမှာလား။
တစ်ချက်ကြည့်ရုံနှင့်တင် ဖြူဖွေးနေသည့် ရေခဲလွှာတစ်ချပ်ကိုပင် မမြင်ရတော့ပေ။
ဆုပိုင်က အချိန်အတန်ကြာ လမ်းလျှောက်နေသည့်တိုင်အောင် သတ္တဝါတစ်ကောင်ကိုမှ မတွေ့ရချေ။
ယခုက ပင်လယ်ပြင်တွင်ဖြစ်သည်။ သို့တိုင်အောင် ငါးတစ်ကောင်ကိုမှ မတွေ့ရချေ။
အာတိတ်တစ်ခုလုံး အရည်ပျော်သွားပြီးနောက် ဒီနေရာဟာ သေဆုံးခြင်းနယ်မြေကြီးအဖြစ် ပြောင်းလဲသွားနိုင်သေးသည်။
ဒါဆိုရင် ဒီလိုအခြေအနေမျိုးမှာ ပိုလာဝက်ဝံတွေကို ရှာတွေ့နိုင်ဦးမှာလား။
+++++
119 01
အပိုင်း (119)
“ဒီကောင်တွေ ဒီနေ့ မလာလောက်ပါဘူးနော် ဟုတ်တယ်မလား”
အနီရဲရဲ အလုပ်ယူနီဖောင်းကို ဝတ်ထားသည့် ဟင်နရီက လက်ထဲမှ အရက်ခွက်ကို ကောက်ကိုင်ရင်း တစ်ငုံတည်းမော့သောက်သည်။
“ငါတို့ နောက်ထပ် တစ်လလောက်နေပြီးရင် ပြန်ရမှာပါ၊ ဒီသောက်ကျိုးနည်းနေရာကို ဘယ်တော့မှ ထပ်မလာချင်ဘူး”
“ဟားဟား ဟင်နရီ ပိုက်ဆံကြောင့်သာမဟုတ်ရင် ဘယ်သူက ဒီနေရာကို လာမှာလဲ”
ဘတ်က ပခုံးကို ဖြန်းခနဲရိုက်ရင်းပြောသည်။
“ငါတို့ ငါတို့ရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်ရမယ်”
“ဒီနေရာက နေထိုင်မှုဝန်းကျင်က တော်တော်လေး ခက်ခဲနေပြီ၊ ပင်လယ်ရေကလည်း နယ်မြေတွေကို လွှမ်းမတတ်ပဲ၊ ငါတို့ကသာ ဒီလောက်ခိုင်မာတဲ့ သံမဏိနံရံကို ဆောက်ထားတာကြောင့်သာ မဟုတ်ရင် အခုအချိန်ထိ အသက်ရှင်ပါဦးမလား”
“အား..”
ဟင်နရီက သက်ပြင်းချသည်။ သူက အသက်ပြင်းပြင်းရှူပြီး စိတ်ရှုပ်ထွေးမှုအပြည့်နှင့်ပြောသည်။
“အရင်ကအတိုင်းသာဆိုရင်တော့ အဆင်ပြေတာပေါ့၊ ရေခဲပြင်က အရည်မပျော်သေးရင်....ငါတို့တွေလည်း အခြေစိုက်စခန်းထဲက ထွက်စရာမလိုဘူး”
“ကောင်းပြီ ဒါက နောက်ဆုံးကျန်တဲ့ ပိုလာဝက်ဝံတွေပဲနေမှာပါ၊ အခုဆိုရင် တစ်ကမ္ဘာလုံးက လူသားတွေကတောင် စားသောက်ဖို့ မလောက်ငှနေတာ ၊ ဒီလိုသတ္တဝါမျိုးတွေကို ဂရုစိုက်နေမှာမဟုတ်ဘူး”
ဘတ်က အနည်းငယ်ပြုံးပြီး ခေါင်းလှည့်ကာ အိပ်ရာပေါ်တွင် တိုက်ရိုက်လှဲချလိုက်သည်။ သိပ်မကြာခင် သူက စဟောက်လေသည်။
“ဟူး”
ဟင်နရီက ပခုံးပေါ်မှ အမာရွတ်ကို ထိတွေ့ကြည့်သည်။ ယခုအချိန်ထိ သူက ကြောက်လန့်မှုကို ခံစားနေရသေးသည်။ ရေခဲပြင်များ အရည်ပျော်သွားကတည်းက ပင်လယ်ရေက နယ်မြေများကို သိမ်းပိုက်လိုက်သည်။ ထို့ကြောင့် အရင်းအမြစ်များကလည်း ပျောက်ကွယ်ကုန်သည်။
သို့ရာတွင် အာတိတ်နေရာတစ်ခုလုံးက သက်ရောက်ခံရသည်တော့ မဟုတ်ချေ။ လူသားများ ရှင်သန်နေထိုင်မှုအတွက် မသင့်လျော်သော ခဲနေသည့် မြေဆီလွှာများ ဖြစ်နေသည့်တိုင်အောင် အာတိတ်တစ်ခုလုံး၏ အောက်ဘက်တွင်လည်း ကြွယ်ဝများပြားသော ဆီတွင်းထွက်ပစ္စည်းများ ရှိနေသေးသည်။
အစိုးရကသာ ဆက်လက်ပြီး မိုင်းတူးမည်ဆိုလျှင် အာတိတ်တစ်ခုလုံးက သိပ်မကြာခင် အပေါက်များ ပြည့်သွားပေလိမ့်မည်။
ရေခဲပြင်အားလုံးက အရည်ပျော်သွားသောအခါ တိရိစ္ဆာန်များက သူတို့၏ အခြေစိုက်စခန်းကို အစားအသောက်ရှားပါးမှုအတွက် ဆက်တိုက်တိုက်ခိုက်လာခဲ့ကြသည်။ သူ၏ပခုံးပေါ်မှ ကုတ်ရာများကလည်း ပိန်ကပ်နေသော ပိုလာဝက်ဝံကြောင့်ဖြစ်သည်။
ကံကောင်းသည်မှာ အခြေစိုက်ခစန်း၏ ဝင်ပေါက်တွင် အစောင့်များ ရှိနေခဲ့သည်။ သို့မဟုတ်လျှင် သူကလည်း ထိုအကောင်များကြောင့် ဆုတ်ဖြဲခံရနိုင်သည်။
“ဟူး တော်တော်လေးကိုတော့ သနားဖို့ ကောင်းပါတယ်၊ ဒါပေမဲ့....”
သက်ပြင်းချသံတစ်ခုနှင့်အတူ ဟင်နရီက အိပ်မောကျသွားသည်။
..........။
“ဟဲ ဟဲ ဟဲ”
ထိုအချိန်တွင် ထိုဆီအခြေစိုက်စခန်းအပြင်ဘက်တွင် ပိုလာဝက်ဝံတစ်ကောင်က အဝေးမှတရွေ့ရွေ့ လျှောက်လာနေသည်။ သူက ခေါင်းကို ငိုက်စိုက်ချထားရင်း ဆာလောင်မှုကို ကျေနပ်စေရန် စားစရာကို လိုက်ရှာနေသည်။
“အူး”
သူ၏နောက်ဘက်တွင် ပိန်ကပ်နေသော ပိုလာဝက်ဝံငယ်လေးလည်းပါသည်။ သူက အရှေ့မှ ပိုလာဝက်ဝံအမနောက်သို့ ခပ်ထိုင်းထိုင်း ပုံသဏ္ဍာန်မျိုးဖြင့် လိုက်လာသည့်အခါ သူက ခေါင်းကို ငုံ့ရင်း မြေပြင်တွင် လိုက်ရှာနေသည်။
ခရက်။
ရုတ်တရက် ထိုပိုလာဝက်ဝံအမက သူမ၏လက်သည်းများကို သုံးပြီး မြေကြီးထဲမှ တစ်စုံတစ်ရာကို တူးထုတ်လိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ပြီး တရှုံ့ရှုံ့ အနံ့ခံကြည့်သည်။ သူမ၏ရှေ့ ရောင်စုံအိတ်ခွံထဲမှ အသားရနံ့ကိုရသည်။
သူက ထိုပလတ်စတစ်အိတ်ကို ပါးစပ်ထဲသို့ ခပ်မြန်မြန် ထိုးထည့်လိုက်ပြီး အကြိမ်အနည်းငယ် ဝါးသည်။ ထို့နောက် ခက်ခက်ခဲခဲ မြိုချသည်။
ဘန်း။
သူက ပိုလာဝက်ဝံလေးကိုလည်း တစ်ချက်ရိုက်လိုက်သည်။ ထိုအကောင်လေးက နို့ဆာနေ၏။ သို့သော် ပိုလာဝက်ဝံအမက အေးစက်စွာသာ ကြည့်လိုက်သည်။ ယခုအချိန်ထိ သူမစားမသောက်ရသည်မှာ နှစ်ရက်ပင် ကြာသွားပြီဖြစ်လေရာ မည်သည့်နို့မှ မထွက်ချေ။ ထို့အပြင် ထိုအကောင်ပေါက်လေးကလည်း ရှင်သန်ရန် ခက်ခဲဦးမည်ဖြစ်သည်။
သူ၏လက်ရှိ အင်အားမျိုးနှင့်ဆိုလျှင် ထိုကလေးကို သယ်ပြီး တခြားနေရာများသို့လည်း မရွှေ့ပြောင်းနိုင်ပေ။
ဝေါင်း။
119 02
ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ထိုပိုလာဝက်ဝံအမက အဝေးမှ သံမဏိစက်ရုံကြီးကို ကြည့်သည်။ ထို့နောက် တံခါးနားသို့ တစ်လှမ်းချင်းစီ ကပ်သွားသည်။
ဒီနေရာမှာ အစာရှိတယ်။
နောက်ဆုံးတစ်ခေါက်က ပိုလာဝက်ဝံပေါင်းများစွာက ဒီနေရာသို့ အပြေးဝင်ရောက်ခဲ့ကြသည်။ သို့သော် အားလုံး အသတ်ခံလိုက်ရသည်။ သို့တိုင်အောင် ......။
သူတို့တွင် အစာမရှိချေ။ ဒီနေရာသို့သာ ပြေးမဝင်လျှင်လည်း ရှင်သန်ရန်မဖြစ်နိုင်တော့ပေ။
အာတိတ် ရေခဲပြင်၏ အခြေအနေတစ်ခုလုံးက ဆိုးရွားနေသည်။ တခြားသော သက်ရှိတိုင်းနီးပါးက ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။
ပင်လယ်ထဲက သတ္တဝါများကလည်း ဒီနေရာသို့ ထပ်မလာတော့ချေ။ ရေခဲပြင်၏ တည်ရှိမှု မရှိတော့သောအခါ သူတို့တွင် စားစရာလည်း မရှိတော့ချေ။
အချိန်အတန်ကြာလာသည့်အခါတွင် ရေခဲပြင်တစ်ခုလုံးမှ တူးထုတ်ရသမျှ အရာအားလုံးကိုလည်း ဝါးမြိုခဲ့ပြီးသားဖြစ်သည်။
သို့သော် အကောင်ပေါက်လေးအတွက်ကြောင့် သူမက တခြားသော ပိုလာဝက်ဝံများနောက်သို့ မလိုက်သွားခဲ့ချေ။
ထိုအကောင်များကမူ သူရူးများဖြစ်သွားသည်။ ပေါ်လာသည်နှင့် နီရဲသော မျက်လုံးများနှင့်အတူ သူတို့၏အကောင်ပေါက်များကို ဝါးမြိုစားသောက်လေ့ရှိသည်။
အရှင်လတ်လတ်ပင် ဝါးမြိုကြသေးသည်။
ထိုသို့ဖြင့် ယခု အာတိတ်ဝန်းကျင်တစ်ခုလုံးက ထိုသို့ဖြစ်နေလေပြီ။
“ဟေး”
ဘန်း။
သူမက သူမ၏လက်သည်းကိုမြှောက်ပြီး ရှေ့မှ သံမဏိဓားကို ခပ်ကြမ်းကြမ်း ရိုက်သည်။ ထိုပိုလာဝက်ဝံအမက ဆက်တိုက်အော်သည်။
သူမက တံခါးကိုဖွင့်ရန် ပြောဆိုနေပုံရသည်။
သူမ၏ ခြေထောက်အောက်တွင် တောက်ပသော အလင်းတန်းများကို မြင်လိုက်ရသည်။ ပိုလာဝက်ဝံအမက ကြောင်အသွားပြီး ခပ်မြန်မြန် အနောက်သို့ဆုတ်သည်။
သူမ သေလို့မရဘူး။ သူသေသွားတာနဲ့ အကောင်ပေါက်လေးက ရှင်သန်နိုင်မှာမဟုတ်ဘူး။
ဝေါင်း။
ဝေါင်း။
ဝေါင်း။
ထိုအခိုက်အတန့်တွင် သေနတ်သံက ထွက်လာသည်။ ထိုအခိုက် အဝေးမှ ပိုလာဝက်ဝံအုပ်၏ ဟိန်းသံက ထွက်ပေါ်လာသည်။
ထိုသို့ဖြင့် ပိန်ကပ်နေသော ပိုလာဝက်ဝံတစ်ကောင်ပြီးတစ်ကောင်က ထွက်လာသည်။ သူတို့၏ မျက်လုံးများက နီရဲနေသည်။
သူတို့က ပိုလာဝက်ဝံအမနောက်မှ အကောင်ပေါက်လေးကို ကြည့်ကြသည်။
သေနတ်သံက ထပ်ထွက်လာသည်။ ပိုလာဝက်ဝံအထီးတစ်ကောင်က ရှေ့ဆုံးက ပြေးနေရာမှ ရုတ်တရက် မြေပြင်သို့ လဲကျသွားသည်။
ထို့နောက်.....။
သူတို့က ကျင့်သားရနေသလိုမျိုး တခြားသော ပိုလာဝက်ဝံများက ရူးသွပ်စွာဖြင့် ခုန်ဝင်လာကြပြီး ထိုအကောင်ပေါ်သို့ ခုန်အုပ်လိုက်ကြကာ စားသောက်သည်။
“အူး”
ပိုလာဝက်ဝံအမက အကောင်ပေါက်လေးကို ပါးစပ်တွင် ကိုက်လိုက်ပြီး အရှေ့မှမြင်ကွင်းကို ကြောက်လန့်တကြားကြည့်သည်။ သူမ၏ အင်အားအားလုံးကိုသုံးပြီး အဝေးသို့ပြေးသည်။
သူတို့က ရူးသွားကြပြီ။ သူတို့က ကိုယ့်မျိုးနွယ်ကိုယ်ပြန်စားနေကြပြီ။
ဝေါင်း။
ပိန်ကပ်နေသော ပိုလာဝက်ဝံအထီးက အခြားတစ်အုပ်၏ ဝါးမြိုခြင်းကို ခပ်မြန်မြန်ခံလိုက်ရသည်။ ထို့နောက် သူတို့က ထွက်ပြေးသွားသော ပိုလာဝက်ဝံအမကိုကြည့်ကာ တညီတညာတည်း အော်လျက်လိုက်လာကြသည်။
ယခုလေးတင် လတ်လတ်ဆတ််ဆတ်အသွေးအသားများကို စားသောက်ထားသော ပိုလာဝက်ဝံများက အပြေးအလွန်မြန်သည်။ ထို့ကြောင့် ပိုလာဝက်ဝံအမကို မီတော့မည်ဖြစ်သည်။
ဝေါင်း။
အော်သံတစ်ချက်နှင့်အတူ ပိုလာဝက်ဝံအမက အကောင်ပေါက်လေးကို ဘေးဘက်သို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူမက နောက်လှည့်ပြီး ခုန်ဝင်လာသည့်အကောင်တစ်အုပ်ကိုကြည့်ကာ ခုန်ဝင်သွားလိုက်သည်။
ဘန်း။
သူမ၏ လက်ဝါးရိုက်ချက်တစ်ချက်နှင့် ရှေ့ဆုံးမှ ပိုလာဝက်ဝံအထီးတစ်ကောင်က မြေပြင်ပေါ်သို့ လဲကျသွားသည်။ ပိုလာဝက်ဝံအမက ခွန်အားအပြည့်နှင့် ပေါက်ကွဲသွားပြီးနောက် ခေါင်းကိုငုံ့ကာ လည်တိုင်ကို ကိုက်ခဲလိုက်သည်။ သွေးများက ပန်းထွက်လာသည်။
သူမက လျှာသပ်ကြည့်သည်။ လတ်ဆတ်သော သွေးအရသာက ပါးစပ်ထဲသို့ စီးဝင်သွားသည်။
သူမအနေဖြင့် ထိုအရသာကို မရသည်မှာ ကြာပြီဖြစ်သည်။ အောက်ဘက်မှ တွန့်လိမ်နေသော ပိုလာဝက်ဝံအထီးကောင်ကို မြင်သောအခါ ပိုလာဝက်ဝံအမကလည်း ရူးသွပ်သော ဝါးမြိုလိုစိတ်ကို တွေးတောလာမိသည်။
မရဘူး အဲဒီလို လုပ်လို့မရဘူး။
ငါဒီအခြေအနေထဲကို ကျရောက်သွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘဲ ဆာလောင်စိတ်နဲ့ အကောင်ပေါက်လေးကို စားမိလိမ့်မယ်။
ဘိ။
ခရက် ခရက်။
ရျွတ်။
အနောက်မှ ပိုလာဝက်ဝံအထီးများက မြေပြင်တွင် လဲသွားသည့်အလောင်းကိုကြည့်သည်။ အထူးသဖြင့် ပန်းထွက်လာသော သွေးများကိုဖြစ်သည်။ သူတို့က မထိန်းထားနိုင်တော့ဘဲ ထိုပိုလာဝက်ဝံအထီးကို ခုန်အုပ်လိုက်ကြသည်။
ဝေါင်း။
စူးရှသော အော်သံနှင့်အတူ ပိုလာဝက်ဝံအမက ခေါင်းကိုလှည့်ပြီး အကောင်ပေါက်လေးကိုခေါ်ကာ အဝေးသို့ပြေးသည်။
119 03
အတိုင်းအတာတစ်ခုအထိ ထွက်ပြေးပြီးနောက် ပိုလာဝက်ဝံအမက ရှေ့မှ မြင်ကွင်းကိုကြည့်သည်။ သူမ၏တစ်ကိုယ်လုံးရှိ အမွေးများက ပေါက်ကွဲသွားသည်။ အကြောင်းမူကား အရှေ့တွင် လူတစ်ယောက်ရှိနေသည်။ ပို၍ဆိုးသည်မှာ အကောင်ပေါက်လေးကလည်း ထိုလူအနားတွင်ဖြစ်သည်။
ဝေါင်း။
အော်သံတစ်ချက်နှင့် ပိုလာဝက်ဝံအမက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါလိုက်ပြီး တဖြည်းဖြည်းချင်း ချဥ်းကပ်သွားလိုက်သည်။
“ဟင်”
ဆုပိုင်က အသံကိုကြားသည်။ သူက မော့ကြည့်လိုက်သည့်အချိန်တွင် မြေပြင်မှ ခပ်မြန်မြန်ထရပ်မိသွားသည်။
သူက ကျောဘက်မှ ဒူးလေးကို ဆွဲထုတ်လိုက်ပြီး ချဥ်းကပ်လာသည့် ပိုလာဝက်ဝံကို ထိတ်လန့်တကြား စိုက်ကြည့်နေလိုက်သည်။
ဒါက အရှေ့က အကောင်ပေါက်လေးရဲ့ အမေဖြစ်လောက်တယ်။ ဒါပေမဲ့......။
ပိန်လွန်းနေတယ်။
+++++
120 01
အပိုင်း (120)
”ဝေါင်း”
သူ့ကို ခုန်အုပ်တော့မည့် ပိုလာဝက်ဝံကို မြင်ရသောအခါ ဆုပိုင်က ခပ်မြန်မြန် နောက်ဆုတ်သည်။
သူက ကျောပိုးအိတ်ထဲတွင် သယ်ဆောင်လာသည့် စားစရာတစ်ခုကို ခပ်မြန်မြန်ထုတ်ပြီး အရှေ့တွင် ချပေးသည်။
ပိုလာဝက်ဝံအမက အလွန်အမင်း ဆာလောင်နေကြောင်းကို မြင်နိုင်သည်။ သိထားရမည်မှာ ပိုလာဝက်ဝံက အသားစားသားရဲကောင်ကြီးဖြစ်သည်။ အရှေ့ရှိအကောင်က တုတ်ချောင်းလိုမျိုး ပိန်ကပ်နေသော်လည်း သူ၏ခန္ဓာကိုယ်လောက်က တောင့်ခံနိုင်သည့် အနေအထားမျိုး မဟုတ်သေးချေ။
[သောက်ကျိုးနည်း ဒါက ပိုလာဝက်ဝံလား၊ ပိန်လွန်းမနေဘူးလား]
[တအား သနားဖို့ကောင်းတာပဲ၊ ပိန်ကပ်ပြီး အရိုးပဲ ကျန်တယ်]
[ရေခဲပြင်အရည်ပျော်သွားတာက ဒီသတ္တဝါအပေါ် ဒီလောက်ထိ သက်ရောက်မှု ကြီးမားသွားတယ်၊ နောက်ပြီး အရမ်းကို.... သူက အရမ်းကို ပိန်လွန်းနေတယ်၊ နောက်ပြီး အကောင်ပေါက်လေးကိုလည်း ပျိုးထောင်နေရသေးတယ်၊ ဘယ်လိုပဲကြည့်ကြည့် ဒီနှစ်ကောင်ရဲ့ အခြေအနေက ဆိုးရွားလွန်းပါတယ်]
[ဟုတ်တယ် ဟုတ်တယ်၊ ဒီကောင်တွေက တအားပိန်တာပဲ၊ တင်ဆက်သူ သူတို့ကို သေချာပေါက် ကယ်ပေးပါ]
[စကားပြောမနေနဲ့တော့၊ တင်ဆက်သူကလည်း အန္တရာယ်ကျနေပြီ၊ ဒါက အသားစားသားရဲနော်၊ သတိသာမထားမိရင် တင်ဆက်သူကို စားသွားမှာပဲ]
[ငါတို့ ဘယ်လိုလုပ်ရလဲ၊ မြန်မြန်လေးပြေးတော့လေ]
........။
လူတိုင်းက တဖြည်းဖြည်းချင်း ချဥ်းကပ်လာသည့် ပိုလာဝက်ဝံကို ကြည့်ပြီး မနေနိုင်ဘဲ ဆုပိုင်အတွက် စိုးရိမ်သွားမိသည်။
သတိသာ မထားမိလျှင် အန္တရာယ်ကျသွားနိုင်သည်။
”အူး”
ထိုအခိုက် အကောင်ပေါက်လေးက ခပ်မတ်မတ် ထရပ်ရင်း မြေပြင်ပေါ် ချထားသော အသားတုတစ်ပိုင်းကို ကိုင်လျက် မိခင်ဖြစ်သူရှေ့တွင် ချပေးသည်။ သူက မျက်လုံးကြီးကို မြှောက်လျက် အဝေးမှ လူသားကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်ပြန်သည်။
ဒီလူသားက အဲဒီလူတွေနဲ့ ခြားနားမဲ့ပုံပဲ။
သူ့ကို နာကျင်အောင်မလုပ်ဘူး။
ပိုလာဝက်ဝံအမကလည်း တရှုံ့ရှုံ့အနံ့ခံသည်။ ထို့နောက် အရှေ့မှ အသားများကို တစ်ကိုက်တည်းနှင့် ဝါးမြိုလိုက်သည်။
ထို့နောက် အပေါ်သို့ မော့ကြည်သည်။ သွေးနီရောင်သန်းနေသော မျက်ဝန်းတစ်စုံက တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည်။
”ဟူး”
ဆုပိုင်က ဒူးလေးနှင့် မြားကို သိမ်းလိုက်ပြီး သက်ပြင်းအရှည်ကြီးကို ချသည်။
သူက သားရဲဘာသာစကားfunctionကို ဖွင့်လိုက်ပြီး ပိုလာဝက်ဝံအမကို ပြုံးပြကာ ပြောလိုက်သည်။
”ငါက ထိခိုက်အောင် မလုပ်ချင်ပါဘူး၊ ဒီမှာ မင်းအတွက် စားစရာတွေရှိတယ်၊ အားလုံးက မင်းအတွက်ပဲ”
ထိုသို့ပြောပြီး သူက ကျောပိုးအိတ်ထဲမှ ပြင်ဆင်ထားသော အသားများကို ထုတ်သည်။
ကံကောင်းသည်မှာ ပိုလာဝက်ဝံများက အသားစားများ ဖြစ်သော်လည်း တစ်ခါတရံတွင် အသီးအရွက်လည်း စားသည်။ အစာက အလွန်ရှားပါးသော အခိုက်အတန့်မျိုးတွင်ဆိုလျှင် သစ်ပင်အမြစ်များကိုပင်စားနိုင်ကြသည်။
ဆုပိုင်က ဘီစကစ်အထုတ်များကိုလည်း ဖွင့်ကာ ချပေးသည်။ အားလုံးကို အရှေ့တွင် သေသပ်စွာ ချပေးလိုက်သည်။
ဂျွတ် ဂျွတ် ဂျွတ်။
ဆုပိုင်ပြောသောစကားကို နားလည်သလိုမျိုး ပိုလာဝက်ဝံအမက မတိုက်ခိုက်လာတော့ပေ။ သူက မြေပြင်တွင် တိုက်ရိုက်လှဲချလိုက်လျက် အစားအသောက်များကို ပါးစပ်ထဲသို့ အသားကုန်ထိုးထည့်သည်။
အချိန်အတန်ကြာပြီးနောက် ဆုပိုင်က ကျောပိုးအိတ်ကို တစ်ချက်ထိကြည့်သည်။
ထို့နောက် သူက နေရာတွင်ပင် တောင့်ခဲသွားလေသည်။
မရှိတော့ဘူး။
120 02
အချိန်တစ်ခုကြာပြီးနောက် ကျောပိုးအိတ်ထဲတွင် စားစရာများအားလုံးက ကုန်သွားသည်။ သို့သော် အရှေ့မှ ပိုလာဝက်ဝံအမကို မြင်သောအခါ သိသာစွာပင် သူမက ဗိုက်မပြည့်သေးလောက်ပေ။ သို့သော် ယခုအချိန်ထိ စနစ်ကလည်း တာဝန်ပြီးမြောက်ကြောင်း မပြောလာသေးပေ။
သို့ရာတွင် ဒီတစ်ကြိမ်တာဝန်က အရှေ့မှ ပိုလာဝက်ဝံနှစ်ကောင်နှင့် ပတ်သက်နေနိုင်သည်။
အောင်အောင်မြင်မြင် ကယ်ဆယ်ရမယ်ဆိုတဲ့ အခြေအနေမျိုးလား။
ဆုပိုင်က မျက်မှောင်ကြုတ်ပြီး ပိုလာဝက်ဝံအမထံ လက်ဖြန့်ပြလိုက်သည်။ သူက ပခုံးတွန့်ပြလိုက်သေး၏။
“ဘာမှမကျန်တော့ဘူး”
ဝေါင်း။
ပိုလာဝက်ဝံအမကလည်း ခပ်တိုးတိုး ညည်းလိုက်သည်။ သူက တွန့်ဆုတ်မှုတချို့နှင့် မြေပြင်ပေါ်မှ အကြွင်းအကျန်များကို ကြည့်ပြီး လက်ဆန့်ထုတ်ကာ လျှာဖြင့်လျက်လိုက်သည်။
ဝေါင်း။
“လူသား ကျေးဇူးတင်ပါတယ်”
ဆုပိုင်က လက်ရမ်းပြတော့မည့်အချိန်တွင် အဝေးမှ အော်သံများကို ကြားရသည်။ သူ၏မျက်လုံးက မှေးကျဥ်းသွားသည်။
ထိုအခိုက် တစ်ကိုယ်လုံး သွေးများပေကျန်နေသည့် ပိုလာဝက်ဝံတစ်အုပ်ကို မြင်လိုက်ရသည်။ သူတို့က အမောတကော အသက်ရှူရင်း တဖြည်းဖြည်းချင်း လှမ်းလာသည်။
သူတို့၏ နီရဲနေသော မျက်လုံးများက မြေပြင်ရှိ ပိုလာဝက်ဝံလေးကို ကြည့်နေသည်။
“မကောင်းတော့ဘူး”
ဆုပိုင်က အော်ဟစ်လိုက်ပြီး ပိုလာဝက်ဝံအမရှေ့သို့ ခုန်ထွက်လိုက်သည်။ သူက ဒူးလေးကို ထုတ်လိုက်ကာ အရှေ့မှ ရူးသွပ်နေသည့် ပိုလာဝက်ဝံအထီးများကို ချိန်ထားသည်။
ဒီတစ်ကြိမ် သူလာတာက ပိုလာဝက်ဝံတွေကို ကယ်ဆယ်ဖို့။ အခုလိုမျိုး ပစ်လိုက်လို့ ဖြစ်ပါ့မလား။
ထို့ကြောင့် သူက တိုက်ရိုက် အမဲလိုက်လိုက်မည်ဆိုလျှင် ရိုးသားစွာပြောရသော် ဆုပိုင်က မလုပ်ချင်ပေ။
နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ အဓိက တရားခံက လူသားများဖြစ်လေသည်။
လူသားများကသာ သူတို့၏ သဘာဝကို ကြာရှည်မဖျက်ဆီးခဲ့လျှင် ဒီဝန်းကျင်က ယခုလို ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။
ဝေါင်း။
အနောက်မှ ပိုလာဝက်ဝံအမက ရုတ်တရက် အော်ဟစ်လိုက်ပြီး ခပ်မတ်မတ် ထရပ်ကာ အစွယ်များကို ဖြဲပြသည်။
ထိုအစားအစာများကို စားသောက်ပြီးနောက် သူမသည်လည်း အင်အားအနည်းငယ် ပြန်ရလာပြီဖြစ်သည်။
သို့ရာတွင် အရှေ့မှ ပိုလာဝက်ဝံအထီးများကလည်း အသွေးအသားများကို စားသောက်ထားကြသည်။ ထို့ကြောင့် သူတို့ကလည်း အင်အားပြန်ရထားလေပြီ။
ခေါင်းဆောင်လာသော ပိုလာဝက်ဝံက ခပ်မတ်မတ် ထရပ်သည်။ ပို၍ဆိုးသည်မှာ သူ၏ ပိန်ကပ်နေသော ခန္ဓာကိုယ်အနေအထားကြောင့် ခပ်မတ်မတ် ထရပ်လိုက်သောအခါ ပို၍ပင် ကြောက်စရာကောင်းသွားသေးသည်။
သူ၏ခန္ဓာကိုယ်က အမွေးများပင်ဖြစ်စေ၊ ပါးစပ်မှ အစွယ်ကပင်ဖြစ်စေ ထင်သလောက် မတောက်ပပြီး မထက်ရှတော့လောက်ချေ။ သို့သော် ထိုအခြေအနေကလည်း ဆုပိုင်ကို ပို၍ ကြောက်လန့်စေသည်။
”ငါတို့ ဘယ်လိုလုပ်မလဲ”
”အနောက်က အကောင်လေးနှစ်ကောင်ကို ကာကွယ်ဖို့အတွက် အရှေ့က ပိုလာဝက်ဝံတွေကို သတ်ရလိမ့်မယ်”
ဆုပိုင်က ရေရွတ်သည်။
ဝေါင်း။
ရုတ်တရက် နောက်ဘက်မှ အော်သံက ထွက်လာသည်။
ပိုလာဝက်ဝံအမက ရှေ့သို့ ရုတ်တရက် ခုန်ထွက်လိုက်သည်။ သူက ရှေ့ဆုံးမှ ပိုလာဝက်ဝံအထီးကို မြေပြင်ပေါ်သို့ ဆွဲလှဲလိုက်သည်။
ခရက်။
သူက ပိုလာဝက်ဝံ၏ ပခုံးအမွေးကို ခပ်ကြမ်းကြမ်း ဆွဲကိုက်လိုက်ကာ ဆုတ်ဖြဲပစ်သည်။
သွေးများက ပန်းထွက်လာသည်။
သို့ရာတွင် သူမသည်လည်း အလားတူပင် နောက်ထပ် ပိုလာဝက်ဝံနှစ်ကောင်၏ ထက်ရှသော အစွယ်များ၏ ကိုက်ခဲခြင်းကို ခံရသည်။
ပိုလာဝက်ဝံအမက ခပ်မြန်မြန် နောက်ဆုတ်သည်။ နောက်ထပ် မြင်လိုက်ရသည့် မြင်ကွင်းက ဆုပိုင်ကို အံ့သြသွားစေသည်။ အကြောင်းမူကား တခြား ပိုလာဝက်ဝံများက ဆက်လက်၍ မတိုးလာတော့ဘဲ မြေပြင်တွင် လဲကျနေသည့် ပိုလာဝက်ဝံအထီးကိုသာ ခုန်အုပ်လိုက်ကြသည်။
”အူး”
ထို့နောက် စူးရှသော အော်သံက ထွက်လာသည်။
120 03
ဆုပိုင်က ပုံပျက်ပန်းပျက်ဖြစ်နေသည့် ပိုလာဝက်ဝံများကို ကြည့်ပြီး ဒီ့ထက်အံ့အားသင့်စရာမရှိတော့ဟု ခံစားလိုက်ရသည်။
ထိုပိုလာဝက်ဝံ၏ဗိုက်က ကွဲထွက်သွားသောအခါ အတွင်းတွင် ရောင်စုံပလတ်စတစ်အိတ်များကို တွေ့ရသည်။
”ဒါက..... ”
ဆုပိုင်ကလည်း ထိုသွေးသံရဲရဲ ပလတ်စတစ်အိတ်များကို ဝါးမြိုစားသောက်နေသည့် အကောင်များကို မြင်သောအခါ သူ၏နှလုံးသားက နာကျင်လူသည်။
ရှင်သန်နေထိုင်ရတဲ့ ဝန်းကျင်က ဒီအတိုင်းအတာကိုတောင် ရောက်သွားပြီလား။
အသားနံ့ရသော ပလတ်စတစ်အိတ်များကိုပင် သူတို့က ဗိုက်ထဲသို့ တိုက်ရိုက်မြိုချလိုက်ကြသည်။ သူတို့က ချက်ချင်း မစွန့်ထုတ်နိုင်လျှင် အနှေးနှင့်အမြန် သေရဦးမည်ဖြစ်သည်။
ထိုပိုလာဝက်ဝံအထီးများက ရူးသွပ်နေကြသည်။
ထိုကြောင့် သူတို့က တုံ့ဆိုင်းမနေဘဲ မျိုးတူကို ပြန်စားကြသည်။ သို့သော် သိပ်မကြာခင် ဆုပိုင်က ထိုပိုလာဝက်ဝံများက နောက်ဆုံးတစ်ကောင်သာ ကျန်သည်အထိ တိုက်ခိုက်ကြမည့် အခြေအနေကို တွေးနိုင်သည်။ သူတို့က မျိုးတူအသွေးအသားများကို စားရင်း နောက်ဆုံးတွင် ငတ်သေရဦးမည်ဖြစ်သည်။
ဘယ်လောက်တောင် ဆိုးရွားတဲ့အခြေအနေလဲ။
သူတို့၏ ကိုယ်ပိုင်မွေးရပ်မြေတွင် ကိုယ်ပိုင်ရှင်သန်နိုင်ရန်အတွက် မျိုးတူများကို အမဲလိုက်နေရသည်။
”သွားရအောင်”
ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး အောက်ဘက်မှ အကောင်ပေါက်လေးကို ခပ်မြန်မြန် ကောက်မလိုက်ကာ ဒဏ်ရာရနေသော ပိုလာဝက်ဝံအမကို ကြည့်သည်။ ထို့နောက် အဝေးသို့ ခပ်မြန်မြန်ပြေး၏။
ဒီနေရာမှာ ဆက်နေလို့မရဘူး။
ဆုပိုင်က ယခုတာဝန်၏ အကြောင်းအရာကို နားလည်လာပြီဖြစ်သည်။
သူက ဒီပိုလာဝက်ဝံ အမေနဲ့သားကို ကယ်တင်ရုံတင်မဟုတ်သေးဘဲ အချိန်တစ်ခုကြာအောင် မွေးမြူထားရလောက်တယ်။
ဒီတာဝန်က အစာကပ်ဘေးကို ဖြေရှင်းပြီးသည်အထိ မကူညီနိုင်သမျှ မပြီးမြောက်လောက်ချေ။
++++